ညဉ့်နက်နေချိန်မို့ အိပ်ခန်းထဲတွင် ထွန်းထားသော မီးအိမ်မှ အလင်းရောင် ဝါကျင်ကျင်က အခန်းတစ်ခုလုံးအား လုံလောက်အောင် အလင်းပေးလို့နေသည်။
ထို အဝါရောင်အလင်းက အိပ်ခန်းပတ်၀န်းကျင်အား ကဗျာဆန်သွားစေသလို ဂျယ်ယွန်း၏ မျက်နှာလေးအား ပိုပြီး နူးညံ့သိမ်မွေ့သွားစေသယောင်။
အိပ်ခန်းထဲရှိ ကုတင်ပေါ်တွင် နှစ်ဦးသားပူးကပ်ပွေ့ဖက်လျက်ထိုင်နေရင်း ဆောင်းဟွန်းမှာ သူ့ရင်ခွင်ထဲက ကောင်ငယ်လေးအား အကြည့်မလွှဲနိုင်။
ဆောင်းဟွန်းရင်ခွင်ထဲမှနေ၍ သူ့အား ချစ်စဖွယ်လေးပြုံးလျက် မော့ကြည့်လို့နေသည့်ကောင်လေးမှာ အသည်းယားစဖွယ်ကောင်းလှသည်။
ဆောင်းဟွန်းမှာတော့ဖြင့် ထိုသို့သောချစ်စရာလေးအား မချစ်ဘဲနဲ့ကိုမနေနိုင်ေချ။
ချစ်စဖွယ်ကောင်ငယ်လေးမှာ ဆောင်းဟွန်းလက်မောင်းများထဲပွေ့ဖက်ခံရင်း ဆောင်းဟွန်းဘက်မှီယိုင်လျက် ထိုင်နေသည်ကိုတွေးမိတိုင်း သူ့ခမျာ အိပ်မက်မက်နေသကဲ့သို့ခံစားနေရသည်။
သို့သော် ဤမျှလောက်ချိုမြိန်နေတဲ့ အိပ်မက်လေးမှာ လှပလွန်းေနသဖြင့် ဆောင်းဟွန်းမှာ ဤသည်ကို အိပ်မက်မဖြစ်စေချင်ပေ။
*မဖြစ်တော့ဘူး အိပ်မက်လား လက်တွေ့လား သိအောင်လုပ်ကြည့်မှဖြစ်တော့မယ်*
ထိုသို့တွေးလျက်နှင့် ဆောင်းဟွန်းက ဂျယ်ယွန်းမျက်နှာအနားသို့ ခေါင်းငုံ့လိုက်ပြီး နဖူးပေါ်သို့ နွေးထွေးသည့်အနမ်းတစ်ပွင့်ပေးလိုက်သည်။
ဂျယ်ယွန်းမျက်၀န်းလေးများက အနည်းငယ်ဝိုင်းစက်သွားသော်လည်း ချက်ချင်းပင် မျက်လုံးစွန်းလေးတွေကော့တက်သွားပုံမှာ ပျော်ရွှင်နေသော ခွေးပေါက်ကလေးကဲ့သို့ပင်။
မင်းသားမှာလဲ ထိုမျှလောက်နှင့် ကျေနပ်အားရနိုင်ခြင်းမရှိသေးဘဲ ဂျယ်ယွန်း၏ မျက်နှာတစ်ပြင်လုံး အနမ်းမိုးများ အားပါးတရ သွန်းဖြိုးလို့နေသည်။
ဂျယ်ယွန်း၏ နဖူးထက်မှ အမှတ်အသားလေး၊ ပန်းရောင်သန်းနေတဲ့ပါးပြင်ကလေးများ၊မျက်ခွံမို့မို့ကလေးနှင့် တဖျတ်ဖျတ်ခတ်နေသော မျက်တောင်ဖျားကလေးတွေ၊နှာေခါင်းထိပ်ကလေးနှင့် မေးဖျားလေး အစရှိသဖြင့် ဂျယ်ယွန်းမျက်နှာလေးတစ်ခုလုံး နေရာမလပ်စေရအောင် ဆောင်းဟွန်းက တဖွဖွနမ်းသည်။
လိပ်ပြာလေးတွေက ပန်းပွင့်ကေလးများပေါ်တွင် ခဏတာလာနားသကဲ့သို့ နွေးထွေးသော နှုတ်ခမ်းတစ်စုံက သူ့မျက်နှာ အနှံ့ထိတွေ့လို့နေသည့်အခါ ဂျယ်ယွန်း၏ ရင်ခုန်သံတွေ ပရမ်းပတာဖြစ်လာပြီး ထိုလိပ်ပြာကလေးတွေက သူ့ရင်ဘတ်ထဲတွင် ပျံသန်းနေသကဲ့သို့ ရင်တလှပ်လှပ်ဖြစ်နေရသည်။
သို့သော်လည်း ရင်ခုန်ဖွယ် အနမ်းများေကြာင့် သူ့ရင်ထဲတွင် အကြိုက်ဆုံးပျားရည်ကို တစ်အိုးလုံးစားလိုက်ရသကဲ့သို့ ချိုမြိန်လို့နေပြီး သဘောကျနေမိသည်။
ဂျယ်ယွန်းက ဆောင်းဟွန်း၏ အနမ်းများကို သဘောကျသည်။
ဆောင်းဟွန်းကိုတော့ ပိုသဘောကျသည်။
သူတို့၏ အခြေအနေအဆင့်အတန်းများက ကွာခြားနေသော်လည်း သူဂရုမစိုက်ချင်တော့ဘဲ ဆောင်းဟွန်းကိုသာ ယုံချင်မိသည်။
နောက်ဆုံးမှာတော့ ထိုသူဟာ ဂျယ်ယွန်း၏ဘ၀နှစ်ခုစာတွင် ပထမဆုံးသော ချစ်ရသူဖြစ်သည်လေ။
ဆောင်းဟွန်းအကြောင်းကို သူသေချာမသိရသေးသော်လည်း ထူးထူးဆန်းဆန်း ရင်းနှီးလို့နေပြီး သူ့အား လက်လွှတ်အဆုံးရှုံးမခံချင်သလို ခံစားနေရသည်။
မာနကြီးပြီး သွေးအေးရက်စက်သောတတ်ိယမင်းသားမှာလဲ ဂျယ်ယွန်းမျက်နှာအနှံ့သို့ ခွေးပေါက်လေးတစ်ကောင်က တရှုံ့ရှုံ့အနံ့ခံနေသကဲ့သို့ တရွှတ်ရွှတ်နမ်းလို့ပြီးတဲ့နောက်ကျေနပ်သွားလေသည်။
ဤသည်မှာ လက်တွေ့ဖြစ်သည်။
သူ့ရတနာလေးက သူ့အပိုင်လေးဖြစ်သွားခဲ့ပြီ။
ဆောင်းဟွန်း၏စိတ်၀ိညာဥ်အထိ ကျေနပ်မှုများပြည့်လို့နေပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းများမှာ အပေါ်သို့မကော့တက်ဘဲမနေနိုင်ဟန် ကွေးညွတ်လို့နေသည်။
မင်းသား၏ ရှားရှားပါးပါးအပြုံးကြောင့် ဒူးထောက်ခစားချင်စရာတော်၀င်ဆန်ပြီးေချာေမာသည့်မျက်နှာထက်တွင် ပါးချိုင့်ေသးေသးေလး ဖြစ်ပေါ်လာသည်။
ဂျယ်ယွန်းမှာ သူ၏ အသစ်စက်စက်ချစ်ရသူကို ရှက်ရှက်နှင့်ခိုးကြည့်လိုက်သည်။
ချောမောလွန်းသည့် မင်းသားက နတ်ဆိုးဆန်ဆန် ပြုံးတုံ့တုံ့လုပ်နေသည့်ပုံဟာ ဂျယ်ယွန်းကို ဖမ်းစားသွားပြီးနောက် သူကလေးခမျာ မျက်တောင်ခတ်ဖို့ပင်မေ့သွားဟန်ပင်။
*ဟင်းး အရှင့်သားက အရမ်းချောတာပဲ
ဒီလိုအရမ်းချောတဲ့သူက ငါလက်ထပ်ရမဲ့ခင်ပွန်းလောင်းဆိုတာ ယုံေတာင်မယုံနိုင်ဘူး*
သူ့အား ပါးစပ်အဟောင်းသားလေးနဲ့ ငေးနေတဲ့ ကောင်ကလေးကြောင့် ဆောင်းဟွန်းအပြုံးတွေ နက်ရှိုင်းသွားသည်။
သူက သဘောတကျ ရယ်လိုက်ရင်း ဂျယ်ယွန်း၏ နှာခေါင်းထိပ်လေးအား ဖိညှစ်ကာ စနောက်လိုက်သည်။
"အသေးလေး ကြည့်လို့မ၀သေးဘူးလား"
"..."
ဂျယ်ယွန်းမှာ ပြန်မဖြေပေ။
မဟုတ်ပါ။ ပြန်မဖြေနိုင်ပေ ဟုဆိုရလျှင် ပိုမှန်ပေလိမ့်မည်။
အရှင့်သား၏ ပါးချိုင့်လေးမှာ သူတစ်ဦးတည်းတောင်မှ အကြည့်မလွှဲနိုင်စရာဖြစ်ေနရပြီကို သဘောကျစွာ ပြုံးရယ်လိုက်လျှင် နောက်ထပ် ထွက်ပေါ်လာသော သွားစွယ်ဖြူဖြူလေးတွေပါ ထပ်ပေါင်းလိုက်သည့်အခါ ပြုစားခံလိုက်ရတော့မလိုပင်။
မင်းသား၏ ချောမောမှုကြောင့်ဆွဲဆောင်ခံလိုက်ရသောဂျယ်ယွန်းမှာ စကားကိုပြန်မဖြေနိုင်ေသးဘဲ မျက်လုံးကလေး ပြူးလျက် နှုတ်ခမ်းလေးတွေက ပွင့်ဟရင်း ကြောင်ကြည့်နေလေသည်။
ဆောင်းဟွန်းက ပြုံးလိုက်ကာ ခေါင်းကိုခါယမ်းရင်း သတိလွတ်နေသော ဂျယ်ယွန်းအား သတိ၀င်အောင်လုပ်ပေးလိုက်သည်။
နောက်ထပ် နှစ်စက္ကန့်အကြာ၌ ဂျယ်ယွန်း၏ ဟနေသော နှုတ်ခမ်းနှစ်လွှာအကြားသို့ ဆောင်းဟွန်း၏ လျှာက တိုး၀င်လာချိန်တွင်တော့ ဂျယ်ယွန်းတစ်ယောက်မှာ သတိမ၀င်သေးလဲ၀င်ရတော့မည်ပင်။
သူ့ခမျာ ဆောင်းဟွန်း၏ ရုတ်တရက်ဆန်သော လုပ်ရပ်ကြောင့် မျက်လုံးလေးပြူးကာ အံ့အားသင့်သွားသော်လည်း ငြင်းဆန်ရန်တော့နောက်ကျလို့သွားခဲ့ပြီ။
ဆောင်းဟွန်း၏ လက်များက သူ၏ လည်ပင်းအနားတွင်ထိန်းကိုင်လို့ထားရင် လူတစ်ကိုယ်လုံးမှာလဲ သူ့ဘက်ယိုင်နေတာကြောင့်ဂျယ်ယွန်းမှာ အနောက်လန်ကျတော့မည်ကိုပင်စိုးရိမ်သွားရသည်။
သို့သော် ဆောင်းဟွန်းက ပွေ့ဖက်ရင်း ထိန်းထားတာမို့ ဂျယ်ယွန်းစိုးရိမ်နေသည့်အတိုင်း သူနောက်လန်မကျသွားခဲ့ပေ။
ဤသို့ဖြင့် မထူးဆန်းစွာနှင့်ပဲ ဂျယ်ယွန်းတစ်ယောက်မှာ အချိန်အတော်ကြာအောင် ဆောင်းဟွန်းရဲ့ အနမ်းပညာတွေသင်ပြပေးတာခံလိုက်ရလေသည်။
အစက ကိုက်ဖို့ပဲတတ်တဲ့သူက ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီး အနမ်းကျွမ်းကျင်သွားရတာလဲဆိုတာ ဂျယ်ယွန်းဖြင့်စဉ်းတောင်မစဉ်းစားနိုင်တော့ပါ။
သို့သော် ထိုအချက်အပြင် တခြားအရာတွေကိုလဲ ဆောင်းဟွန်း၏အနမ်းများကြောင့် ဗလာကျင်းသွားသော ဂျယ်ယွန်း ဦးနှောက်လေးမှာ မစဉ်းစားနိုင်တော့တာအမှန်ပင်။
ယစ်မူးရီဝေဖွယ် အနမ်းဖလှယ်ပွဲလေးပြီးသွားသည့်နောက်တွင်တော့
ဂျယ်ယွန်းမှာ သူ့နှုတ်ခမ်းတွေပေါက်ပြဲထုံကျင်နေသည်ကိုပင်ခံစားနေရသည်။
*ဘာကို သီတင်းအမှားတွေပါလဲ အရှင့်သားက ကောလဟလတွေထဲကအတိုင်း လူမဟုတ်ဘူး သားရဲကြီးပဲ တစ်ကယ်သားရဲကြီး!*
ဂျယ်ယွန်းထိုသို့ပြောသည်မှာလဲမလွန်ရှာပေ။
သူ့ခမျာ ချစ်သူဖြစ်ကာစ နာရီအနည်းငယ်မျှသာရှိသေးသော်လည်း မသေရုံတမယ် အနမ်းခံလိုက်ရသည်မဟုတ်ပါလား။
ဂျယ်ယွန်းမှာ စိတ်ထဲကနေသာ ဆူပူနေသော်လည်း အပြင်ပန်းတွင်တော့ သူ့မှာ အမောတကော အသက်လုရှုရနေသည်။
ထို့နောက် သူ့ကိုပြုံးပြုံးကြီးကြည့်နေသော အရှင့်သားကိုမြင်သောအခါ အရမ်းရှက်သွားတာကြောင့် ဆောင်းဟွန်းရင်ခွင်ထဲေပြး၀င်ကာ ပူကျစ်နေသော သူ့မျက်နှာကိုဖွက်ထားလိုက်ေတာ့သည်။
ဂျယ်ယွန်းမှာ မည်မျှရှက်နေသည်မသိချေ။
မျက်နှာလေးသာမက နားရွက်ဖျားလေးတွေပါမကျန် နီရဲနေကာ ဆောင်းဟွန်းရင်ခွင်ထဲ ပုန်းခိုလို့နေသည်။
ဆောင်းဟွန်းမှာ အပျော်တွေပြည့်နေလျက်နှင့် ဂျယ်ယွန်းကို ပြန်လည်ပွေ့ဖက်ထားလိုက်ရင်း မေးလိုက်သည်။
"ကိုယ့်တော့်ကလေးက ရှက်နေတာလား"
ရင်ခွင်ထဲက ဂျယ်ယွန်းမှာ ခေါင်းမထောင်လာဘဲ တွင်းထဲမှာ ပုန်းအောင်းနေသော ယုန်ကလေးကဲ့သို့ နားလေးများကိုသာစွင့်ထားလေသည်။
"တော်ပါတော့ အရှင့်သားရယ် ကျွန်တော့်ကို တမင်ရှက်အောင်လုပ်နေတာလား"
ဆောင်းဟွန်းကမူ ဂျယ်ယွန်း၏မေးဖျားလေးကို သူ့လက်ချောင်းများဖြင့် ပင့်မလျက် သူ့ကိုမော့ကြည့်စေလိုက်သည်။
ဂျယ်ယွန်းခေါင်းမော့လိုက်သည့်အခါ သူ့ကို ပြုံးစစစိုက်ကြည့်နေသောဆောင်းဟွန်းက သူ၏နားနားကိုကပ်ပြီး တီးတိုးပြောလိုက်သည်။
"ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ကိုယ်က အနာဂတ်မှာ ဒီထက် ပိုပြီးဆိုးလာမှာဆိုတော့ အခုထဲက ကျင့်သားရအောင်လုပ်ထားမှဖြစ်မယ်ေလ ယွန်းကေလးရဲ့"
ထိုသို့ပြောပြီးနောက် ဆောင်းဟွန်းမှာ ဂျယ်ယွန်းနားရွက်ဖျားများကိုပါ လမ်းကြုံနမ်းသွားသေးသဖြင့် ဂျယ်ယွန်းနားရွက်ဖျားလေးတွေမှာ မီးပွားလေးတွေတောက်လာသလားမှတ်မှားရလောက်အောင် ပူလောင်သွားလေသည်။
သူက ဆောင်းဟွန်း၏ ရင်ဘတ်ကို ခပ်ဖွဖွရိုက်ကာ မျက်စောင်းလှလှလေးထိုးပစ်လိုက်သည်။
"လျှောက်မပြောနေနဲ့ အရှင့်သားနော်!"
ဆောင်းဟွန်းမှာတော့ အသည်းယားစဖွယ်မျက်စောင်းနှင့် ထိုအေပြာလေးေတွကြောင့် အူမြူးစွာရယ်ရင်း ဂျယ်ယွန်းကိုပွေ့ဖက်ကာ အိပ်ယာထဲလှိမ့်ချပစ်လိုက်သည်။
ထိုအခါ အရွယ်ရောက်ပြီးသား လူငယ်လေးနှစ်ဦးသားမှာ အိပ်ယာထက်သို့လုံးထွေးလျက်ပြုတ်ကျသွားတော့လေသည်။
ဂျယ်ယွန်းမှာ ရုတ်တရက်မို့ လန့်သွားပြီး သူ့ကိုပွေ့ဖက်ထားသော ဆောင်းဟွန်းအားကြည့်လိုက်သည်။
"အရှင့်သား ဘာလုပ်တာလဲ"
ဆောင်းဟွန်းမှာမူ လက်တစ်ဖက်က ဂျယ်ယွန်း၏ ခါးကိုပွေ့ဖက်လျက် နောက်လက်တစ်ဖက်က ဂျယ်ယွန်း၏ ခေါင်းလေးကို ပင့်မလျက် သူ့လက်မောင်းပေါ်ခေါင်းအုံးဖို့တင်ပေးလိုက်သည်။
"အိပ်တော့ နောက်ကျနေပြီ"
တစ်ဖက်လူ၏ လက်မောင်းပေါ်ခေါင်းအုံးလျက် ထိုသူရင်ခွင်ထဲတွင် မြုပ်နေအောင်ဖက်ထားခြင်းခံနေရင်းနှင့်ပင် ဂျယ်ယွန်းက နှုတ်ခမ်းလေးဆူကာ တီးတိုးရေရွတ်လိုက်သည်။
"ဟွန့် သူ့ကြောင့် ရင်ခုန်ရလွန်းလို့ကို ဘယ်လိုလုပ်အိပ်လို့ပျော်မှာလဲ"
သိုင်းပညာရှင်ဖြစ်သူဆောင်းဟွန်းမှာ ထိုနှုတ်ခမ်းလှုပ်ရုံရေရွတ်သံလေးကိုကြားလိုက်သဖြင့် ပြုံးရယ်ကာ ဂျယ်ယွန်းနဖူးထက်က အမှတ်လေးကို အနမ်းပေးလိုက်ပြီး ကျောပြင်လေးကို ခပ်ဖွဖွပုတ်ကာသိပ်လိုက်သည်။
ဂျယ်ယွန်းမှာ အစက မိမိကိုယ်ကို အိပ်မပျော်လောက်ဘူးလို့ထင်ထားသော်လည်း ရေထဲလဲ ပြုတ်ကျထားသေးကာ ဒီနေ့ညတွင် ကြုံတွေ့လိုက်သမျှက သူ့အား အနည်းငယ်နွမ်းနယ်သွားစေသဖြင့် မကြာခင် အိပ်ငိုက်လာလေသည်။
ဆောင်းဟွန်း၏ ကိုယ်မှာ သူ၏စိတ်နေစိတ်ထားလို အေးစက်မနေဘဲ နွေးထွေးကာ သူ၏ရင်ခွင်မှာလဲ သက်တောင့်သက်သာ ရှိလွန်းလှသဖြင့် ပွေ့ဖက်ခံထားရသော ဂျယ်ယွန်းမှာ ချက်ချင်းဆိုသလို အိပ်မက်ကမ္ဘာသို့ အလည်ရောက်သွားတော့လေသည်။
အိပ်မက်ထဲတွင် ဂျယ်ယွန်းမှာ သူ အရင်ဘ၀က ကောက်ယူမွေးစားခဲ့သော ခွေးပေါက်ကလေးကို ပြန်တွေ့ခဲ့ရေကြာင်းအိပ်မက်မက်လေသည်။
ထိုခွေးပေါက်ကလေးက ဂျယ်ယွန်းအပေါ်သို့ ခုန်တက်လာရင်း သူ့အကျင့်အတိုင်း အမြိီးဖွာဖွာေလးကို လှုပ်ယမ်းရင်း ဂျယ်ယွန်း၏မျက်နှာအား တရှုံ့ရှုံ့နမ်းလျက် အားမရသေးဟန်ဖြင့် လျှာဖြင့်ပင်လျက်လိုက်သေးသည်။
သို့သော် ထိုအချိန်တွင် ပါပီပေါက်ကလေးမှာ အကြီးကြီးဖြစ်သွားတာကြောင့် ဂျယ်ယွန်း၏ကိုယ်ပေါ်ဖိမိနေကာ သူ့ခမျာ အသက်ရှုပင်ကြပ်လာရသလိုခံစားနေရသည်။
ထိုပါပီအကြီးကြီးမှာ သူ၏ တစ်ကိုယ်လုံးဖြင့် ဂျယ်ယွန်းကိုဖိကာ အုပ်မိုးထားလျက် ဂျယ်ယွန်း၏ မျက်နှာအား တရှုံ့ရှုံ့နမ်းနေပြန်သည်။
ထိုမျှမကသေးဘဲ သူ့ခွေးပေါက်အကြီးကြီးက ဂျယ်ယွန်း၏ နှုတ်ခမ်းတွေကိုပါ ကိုက်ခဲကာ ငုံထွေးနေသည်ကိုပင် ဂျယ်ယွန်းမှာ အိပ်မက်မက်လိုက်သေးသည်။
အိပ်မက်ပင်ဆိုသော်ငြား သူ့နှုတ်ခမ်းတွေနာလာပြီး အမှန်တကယ် အသက်ရှုကြပ်ခြင်းကိုခံစားရတာမို့ မသိစိတ်ကနေတွန်းထုတ်ဖို့လုပ်လိုက်သော်လည်း ထိုပါပီကြီးမှာ ဂျယ်ယွန်းအား မျက်၀န်းနက်ကလေးများဖြင့် သနားစဖွယ်ကြည့်နေသဖြင့် ဂျယ်ယွန်းမှာ မလုပ်ရက်ရှာတော့ပေ။
ဂျယ်ယွန်း၏အိပ်မက်မှာ အတော်လေးထူးဆန်းနေသော်လည်း သူက အပြည့်အ၀မနိုးသွားဘဲ မျက်ခုံးတန်းလေးများသာ စုကြုံလို့နေသည်။
ဆောင်းဟွန်းမှာ ကောင်လေးနိုးသွားမည်စိုးသဖြင့် နှမျောတသစွာဖြင့် ခိုးနမ်းနေတာကိုရပ်တန့်ကာ အနောက်ဆုတ်လိုက်တော့သည်။
တတိယမင်းသားမှာ ကျေနပ်စွာဖြင့် လျှာသပ်လျက် အရှက်မရှိတွေးနေခဲ့သည်။
*တမင်ရည်ရွယ်ပြီး ခိုးနမ်းတာမဟုတ်ရပါဘူး
ဂျယ်ယွန်းက နှုတ်ခမ်းလေးဟပြီး အိပ်နေတာ ချစ်စရာကောင်းနေလို့ စိတ်မထိန်းနိုင်ရုံပါ
မရည်ရွယ်ပဲလုပ်မိတာမို့ ငါကအပြစ်ကင်းပါတယ် ဟုတ်တယ်မလား*
ထိုအကြောင်းေတွကိုမသိခဲ့သော ဂျယ်ယွန်းမှာတော့ ပါပီအကြီးကြီး၏လက်မှ လွတ်သွားသဖြင့် ပျော်ရွှင်စွာဖြင့် အောင်ပွဲခံကာ ကြက်ပေါင်အကြီးကြီးကိုက်နေသည့်အိပ်မက်ကို ဆက်မက်နေတော့သည်။
အတွင်းအားလေ့ကျင့်ထားတာကြောင့် ဆောင်းဟွန်းမှာ ညဘက်အိပ်ေရးပျက်လဲဘာမှမဖြစ်သဖြင့် သူ့လက်မောင်းကို ခေါင်းအုံးအိပ်နေသော ဂျယ်ယွန်းကိုသာ ငေးကြည့်နေမိဆဲပင်။
ဤသို့နှင့် အာရုံတက်ချိန်လောက်အရောက်တွင် သူ၏ အနွေးဓာတ်အရင်းမြစ်ပျောက်ဆုံးသွားသဖြင့် ဂျယ်ယွန်းမှာ စိတ်မသက်မသာနှင့် နိုးသွားလေသည်။
သူက မျက်လုံးလေးကို လက်နှစ်ဖက်ဖြင့်ပွတ်ကာ ထထိုင်လိုက်ရင်း
၀တ်ရုံကို ပြင်၀တ်နေတဲ့ အရပ်ရှည်ရှည် လူသားအားကြည့်လိုက်သည်။
ဆောင်းဟွန်းက သူ၏လှုပ်ရှားမှုကြောင့် ဂျယ်ယွန်းနိုးသွားတယ်ဟု ထင်သွားကာ အပြစ်မကင်းစွာနှင့် ကုတင်ဘေးတွင်ထိုင်လိုက်ရင်း ဂျယ်ယွန်းပြန်အိပ်ရန်ခိုင်းလိုက်သည်။
"နည်းနည်းစောသေးတယ် ပြန်အိပ်လိုက်ဦးနော်"
ဂျယ်ယွန်းမှာ ရုတ်တရက်ကြီး ခွဲရမှာကိုတွန့်ဆုတ်လို့နေပြီး ချန်ထားခံခဲ့ရတဲ့ သနားစရာခွေးပေါက်ကလေးကဲ့သို့ ဆောင်းဟွန်းအားကြည့်လို့်နေသည်။
"သွားတော့မှာလားဟင်"
ဆောင်းဟွန်းမှာပျော်ရွှင်သွားရသလို တစ်ဖက်တွင်လဲရင်နာသွားရသဖြင့် ပွေ့ဖက်ရင်းချော့လိုက်သည်။
"မနက်လင်းနေပြီလေ ကိုယ်အခုမသွားရင် သူများတွေမြင်ကုန်လို့ မင်းရဲ့ဂုဏ်သီတင်း ထိခိုက်သွားလိမ့်မယ်
ကိုယ်မကြာခင် ခမည်းတော်ကို လက်ထပ်ခွင့်ကြေညာခိုင်းမှာမို့ နောက်ဆိုရင် မခွဲရတော့ပါဘူးကွာ
အခုတော့ လိမ်မာနော် ကိုယ့်တော်ကလေးလေး"
ဂျယ်ယွန်းမှာဆောင်းဟွန်း၏လည်တိုင်တွင် ခေါင်းမှီရင်း သူ့ခေါင်းလေးဖြင့် ပွတ်သပ်လို့နေသည်။
ဂျယ်ယွန်းက ပုံမှန်ဆိုလျှင် တည်ငြိမ်သော ကိုယ်ရည်ကိုယ်သွေးရှိသူဖြစ်သော်လည်း ဘယ်သူသိမှာလဲ သူချစ်ရသူနှင့်ဆို အချွဲကလေးဖြစ်လို့သွားမည်ဆိုတာကို။
သူက နှစ်တစ်ထောင်ကျော်အကြာတွင် ပထမဦးဆုံးချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ရခြင်းကြောင့်လားမသိသော်ငြား စေးကပ်သော ကောက်ညှင်းမုန့်လုံးလေးလို ပြုမူလို့နေသည်။
ဂျယ်ယွန်းက ခွေးပေါက်လေးကဲ့သို့ ပွတ်သပ်နေပြီး သူ၏ဆံပင်တွေရှုပ်ပွကုန်မှ "အင်း"ဟု ဖြေဆိုကာ ဆောင်းဟွန်းအားလက်လွှတ်ပေးလိုက်သည်။
ဆောင်းဟွန်းမှာလဲ ဂျယ်ယွန်း၏ နဖူးအားအနမ်းပေးလျက် ဂျယ်ယွန်းကိုပြန်လည်အိပ်စက်ခိုင်းလိုက်ပြီး တစ်ကိုယ်လုံးကိုနွေးေနအောင် စောင်ဖြင့် လွှမ်းခြုံပေးပြီးမှ လေးလံစွာထွက်ခွာသွားလေသည်။
ကုတင်ပေါ်မှ အဖြူရောင်ပိုးတုံးလုံးလေးအားကြည့်ရင်း တွန့်ဆုတ်စွာနှင့် သူ့အိမ်တော်သို့ ပြန်သွားတော့သည်။
ဂျယ်ယွန်းတစ်ယောက် မနက်နိုးထလာသောအခါ ချက်ချင်းအိပ်ယာမထနိုင်ဘဲ ကုတင်ပေါ်လှဲလျောင်းရင်း မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်နေမိသည်။
အဖြစ်အပျက်များမှာ မယုံနိုင်စရာကောင်းနေပြီး မည်မျှပင်အိပ်မက်ဆန်နေသည်ဆိုသော်လည်း အိပ်မက်မဟုတ်မှန်း ဂျယ်ယွန်း အသေအချာသိလေသည်။
သူသည် မနေ့က ချစ်သူတစ်ယောက်ရခဲ့ပြီဖြစ်သည်။
နှစ်တစ်ထောင်ကျော်အောင်စောင့်စားပြီးနောက် သူချစ်ရသူကို ရှာတွေ့ခဲ့ပြီဖြစ်သည်။
ကြည်နူးမှုက ဂျယ်ယွန်းနှလုံးသားအတွင်းပျံ့နှံ့သွားပြီးနောက် မနေ့က သူ၏ ပထမဆုံးအနမ်းအကြောင်းကိုပြန်တွေးမိပြီး ရှက်သွေးဖြာသွားလေသည်။
သူက တစ်ကိုယ်လုံးလုံအောင် စောင်ခေါင်းမြီးခြုံလိုက်ပြီး ညည်းညူလိုက်သည်။
"မသိဘူး ဘာမှမတွေးနဲ့တော့ ရှက်တယ်"
ပါးစပ်ကသာရှက်တယ်ဆိုေနသော်လည်း ဂျယ်ယွန်း၏ နှုတ်ခမ်းထောင့်စွန်းတွေကတော့ အလွန်အမင်းကွေးညွတ်နေကာ သူ့အားသစ္စာဖောက်လျက်ရှိသည်။
နို့ထိန်းမေမေက သူ၏သခင်လေးကို လာနှိုးသောအခါတွင် စောင်ပုံထဲ၌မြုပ်နေသော သခင်လေးဖြစ်သူကိုသာတွေ့လိုက်ရသည်။
ထို့နောက်ပုံမှန်မဟုတ်ဘဲ မျက်နှာတွေနီရဲကာ နှုတ်ခမ်းတွေလဲသွေးစို့နေသော သခင်လေးကြောင့် နို့ထိန်းမေမေမှာ ဂျယ်ယွန်းနေမကောင်းဖြစ်နေသည်ဟုထင်ကာ ထိတ်လန့်သွားတော့သည်။
သူနေမကောင်းဖြစ်နေသည်ဟုထင်ကာ ရင်ဘတ်ကိုဖိရင်း ပြာယာခတ်နေသော အထိန်းတော်ကြောင့် ဂျယ်ယွန်းမှာ ရှက်ကိုးရှက်ကန်းနှင့် ချောင်းဟန့်ရင်း သူဘာမှမဖြစ်ကြောင်း မနည်းဖြောင်းဖြယူရေတာ့လေသည်။
ဂျယ်ယွန်း၏ နှုတ်ခမ်းများက အခြေအနေဆိုးအောင်ယောင်ယမ်းကာပေါက်နေသဖြင့် နို့ထိန်းမေမေ၏ စကားအတိုင်း ဆီေမွှးတချို့လူးလိုက်ကာမှ သူ၏နားသက်သာရာရသွားလေသည်။
ဂျယ်ယွန်းက မနက်စာစားရင်း ဆောင်းဟွန်းကို သတိရမိနေသော်လည်း မြန်မြန်ခေါင်းယမ်းကာ အတွေးများကိုလက်စသတ်လိုက်သည်။
သူက ထုံးစံအတိုင်း ခြံ၀န်းထဲက အပင်များကို စူးစမ်းခြင်း၊ စာဖတ်ခြင်းနှင့် လုပ်စရာရှိတာကို လုပ်နေသော်လည်း အချစ်မှာ ပျော်၀င်နေသူမို့ သူ၏ရွှင်လန်းေနေသာမျက်နှာထားမှာ သတိမထားမိဘဲမနေနိုင်အောင်ပင်။
အထိန်းတော်များမှာ တက်ကြွနေသော သူတို့သခင်လေးအား ကြည့်နေမိကြပြီး ဘာကြောင့်မှန်းမသိသော်လည်း သခင်လေးပြုံးနေရင်ကိုပင် သူမတို့လည်း ပျော်ရွှင်မိတာကြောင့် ပြုံးကာ ကြည့်နေမိကြသည်။
သည်လိုနှင့် တနေ့ကုန်သွားပြီးနောက်လူခြေတိတ်ချိန်တွင် မင်းသား၃ဆောင်းဟွန်းတစ်ယောက်မှာ ဂျယ်ယွန်းခြံ၀င်း၌ပေါ်လာပြန်သည်။
ထိုမျှသာမကသေးဘဲ နောက်ရက်များ၌လည်း ဆောင်းဟွန်းက ဂျယ်ယွန်းထံသို့ ညတိုင်းလိုလို လာတွေ့လေ့ရှိသည်။
အရိပ်နက်တပ်သားေတွဆိုလျှင် သူတို့ ခေါင်းဆောင်ဖြစ်သူက ညဘက်ဆိုပျောက်ပျောက်သွားတတ်ပြီး မနက်ကျမှ ကျေနပ်ပီတိဖြာနေတဲ့ ရုပ်နဲ့ ပြန်ပြန်ပေါ်လာတတ်သဖြင့် သင်္ကာမကင်းဖြစ်လို့နေကြသည်။
ဂျယ်ယွန်း၏ အထိန်းတော်တွေမှာလဲ ထိုနည်း၎င်းပါပင်။
သူမတို့သခင်ေလးက ပြောင်းလဲနေသည်ဟုထင်နေကြသော်လည်း ဘယ်အရာကပြောင်းလဲနေမှန်းတော့အတိအကျမသိကြပေ။
မင်းသား၃မှာတော့ *ဂျယ်ယွန်းအိပ်နေချိန်တွင် မည်သည့်အန္တရာယ်မှမကျရောက်အောင် ကာကွယ်ပေးနေတာ* ဟုသည့် ဆင်ခြေကိုသုံးပြီး ညတိုင်းလိုလိုလာနေတော့သည်။
ဂျယ်ယွန်းမှာထိုသည်ကိုမယုံသော်လည်း ဆောင်းဟွန်းရင်ခွင်ထဲတွင် အိပ်ရသည်မှာ တော်တော်လေး ဇိမ်ရှိလှသဖြင့် ဘာမှမပြောပေ။
ဆောင်းဟွန်း၏ စကားအတိုင်း သူ၏ညဘက်တွေမှာ မည်သည့်အန္တာရယ်မှမကျရောက်ပေမဲ့ ပြဿနာတစ်ခုတော့ရှိနေသည်။
ထိုပြဿနာကတော့ မနက်နိုးလာလျှင် ဂျယ်ယွန်း ခန္ဓာကိုယ်၌ ခြင်ကိုက်ရာတွေအမြောက်အများ ရှိနေသည့်အချက်ပင်။
သူက ဆောင်းဟွန်းကို ထိုအကြောင်းညည်းညူသောအခါ တစ်ဖက်လူက သူ့အား အမာရွတ်မကျန်စေသည့် ဆေးဘူး ပေးလာပြီး နောက်နေ့တွင် ခြင်ကိုက်ရာများက သိသိသာသာလျော့သွားသော်လည်း အသစ်တွေရှိနေဆဲပင်။
ဂျယ်ယွန်းမှာ ဤအရာများမှာ တကယ်ပဲခြင်မှပြုလုပ်နိုင်သည်လားဟု သံသယဖြစ်မိနေသော်လည်း သူ့ခမျာ သေချာမသိနိုင်တာကြောင့် ထိုအကြောင်းကို လက်လျှော့လိုက်ရသည်။
*ဒီလောက်ခြင်ကိုက်ဖုလေးက ဘာဖြစ်လဲ
ငါ့ကို ကာကွယ်ပေးမဲ့ အရှင့်သားတစ်ယောက်လုံးအနားမှာရှိနေတာပဲလေ*
ဂျယ်ယွန်းမှာ ထိုသို့တွေးရင်း အရမ်းကို ပျော်ရွှင်သွားပြီး သူ၏အကျင့်အတိုင်း သူ့ကိုပွေ့ဖက်ပြီး နံဘေးတွင်လှဲလျောင်းနေသော ဆောင်းဟွန်းရင်ဘတ်ထဲတွင် ခေါင်းတိုးဝှေ့၍ ပွတ်သတ်နေလေသည်။
မင်းသားမှာတော့ ထိုကောင်ငယ်လေး ပြုလုပ်သမျှ အပြုအမူတိုင်းဟာ သူ့အား ဆွဲဆောင်နေသဖြင့် ကူကယ်ရာမဲ့လို့နေသည်။
ထိုကလေး ကျေနပ်စေရန် ခဏမျှဆော့ခွင့်ပေးလိုက်ပြီးနောက် လှုပ်ယမ်းနေသော နဖူးလေးကိုလက်ဖြင့် ဖွဖွကာလိုက်သည်။
"တော်ပြီေလ နဖူးလေးနာနေတော့မယ်"
ဒီကမ္ဘာမှကောတွေ၏ အသားအရည်က နူးညံ့နေလွန်းသဖြင့် အနည်းငယ် ထိခိုက်ရုံမျှနှင့် ဒဏ်ရာဖြစ်တတ်သည်။
ယခုလဲ ဂျယ်ယွန်း၏ ဆောင်းဟွန်း၏ ရင်အုပ်မာတောင့်တောင့်ကို နဖူးဖြင့် ပွတ်ထားတာမို့ သူ၏ နဖူးက နီရဲလို့နေပြီဖြစ်သည်။
ဂျယ်ယွန်းက ကစားချင်တာကို ဆက်ပြီး ကစားခွင့်မရတာကြောင့် စိတ်ကောက်သွားတဲ့ ကလေးငယ်လေးလို နှုတ်ခမ်းဆူရင်း သူ့ချစ်သူကိုမော့ကြည့်လိုက်သည်။
"မနာပါဘူး နည်းနည်းလေး နီသွားတာပဲရှိတယ်"
"ခဏနေရင် နာလာတော့မှာေလ အခုတောင်နီရဲနေပြီကို
ကိုယ်ဥုံဖွလုပ်ပေးမယ်နော်"
ထိုသို့ဆိုကာ နီရဲနေသော နဖူးပေါ် နှုတ်ခမ်းဖြင့် အသာထိကပ်လျက် တဖွဖွနမ်းရင်း ဥုံဖွလုပ်ပေးနေသည့်အရှင့်သားကြောင့် ဂျယ်ယွန်းမှာ ပြုံးပြုံးလေးဖြင့် မျက်လုံးလေးမှိတ်ထားရင်း ငြိမ်ခံနေရုံသာတတ်နိုင်တော့သည်။
ချစ်သူရည်စားမရှိဘဲ တစ်ဦးတည်းအကြာကြီးရှိနေသော တစ်ကိုယ်တော်များအဖို့ ချစ်သူေလးရတာနှင့် တခြားသူများထက် ပိုဆိုးေနတော့သည်မှာ အမှန်ပင်ဖြစ်တော့သည်။
မယုံလျှင် ဂျယ်ယွန်းနှင့်ဆောင်းဟွန်းတို့ကိုသာ ကြည့်ကြပါလော့။
ထိုနှစ်ဦးသားဟာ တွဲတာ ဘယ်လောက်မှမကြာသေးသော်လည်း မင်းသားက သဲသဲ၊ ကြင်ယာတော်လောင်းလျာက ကဲကဲနှင့် အလွန်အမင်းလိုက်ဖက်ညီသော သဲသဲကဲကဲ လက်တွဲဖော်များ ဖြစ်လို့နေကြပြီလေ။
တတိုင်းတပြည်လုံးအဖို့တော့ အနာဂတ်မှာ သူတို့နှစ်ဦး ကြဲမဲ့ ခွေးစာစတုဒီသာများအတွက် ရင်လေးဖွယ်ပင်။
နှစ်ဦးသားမှာ ညစဉ်ညတိုင်း ထိုကဲ့သို့ နွေးထွေးစွာ ပွေ့ဖက်လို့ထားရင်း ဆောင်းရာသီ၏ အအေးဒဏ်မှာ ချစ်သူနှစ်ဦးအတွက် မထိရောက်တော့သလိုပင်။
ဂျယ်ယွန်းမှာ ဆောင်းဟွန်း၏လက်မောင်းကိုခေါင်းအုံးလျက် ရင်ဘတ်အား လက်ညှိုးလေးဖြင့်ထိုးကာ ဆော့ကစားနေရင်း ပြောလိုက်လေသည်။
"ကျွန်တော်က အင်ပါယာတက္ကသိုလ်ကို၀င်ခွင့်ရချင်တာဗျာ
ဟို ဦးလေးလုပ်သူအကောင်းစားကြီးက အိမ်ထဲကအိမ်ပြင်တောင်ပေးမထွက်ဘူး သိလား"
သူက နှုတ်ခမ်းလေးဆူလျက် မတရားခံရမှုအား ဆောင်းဟွန်းထံ တိုင်ကြားလို့နေသည်မှာ ချစ်ချင်စဖွယ်အတိ။
ကောင်လေးမှာ ဖြူဖြူစင်စင် ဆော့ကစားေနခြင်းသာဖြစ်ပြီး သူပြုလုပ်တတ်သည့် အပြုအမူတချို့မှာ မြှူဆွယ်ဖျားယောင်းဟန်ပေါက်နေမှန်း သိပုံမရသောကြောင့် ဆောင်းဟွန်းခမျာ အသက်ကိုပြင်းပြင်းရှုကာ မိမိကိုယ်ကို အတင်းအကြပ်ထိန်းချုပ်လိုက်ရသည်။
"သူက ဘာမို့လို့ ယွန်းလေးကို ပိတ်ပင်ရဲတာလဲ
ကိုယ်တော့် ကလေးလေး ဖြစ်ချင်တာ မှန်သမျှ ဖြစ်ခွင့်ရရမှာပေါ့
စိတ်မပူနဲ့နော်"
ဂျယ်ယွန်းက မျှော်လင့်စောင့်စားနေတဲ့ မျက်၀န်းတောက်တောက်လေးတွေနှင့်မော့ကာကြည့်လိုက်သည်။
"တကယ်ကြီးလား အရှင့်သားအတွက် အခက်မခဲမဖြစ်ဘူးလား"
"အခက်အခဲဖြစ်စရာလား ကိုယ်က အင်ပါယာရဲ့မင်းသားဖြစ်ပြီး မင်းက မင်းသားရဲ့ ကြင်ယာတော်ဖြစ်လာမှာလေ
အင်ပါယာ တစ်ခုလုံးမှာ ဘယ်သူကများ တတိယမင်းသားကိုတားရဲတဲ့လူရှိပါ့မလဲ"
ဂျယ်ယွန်းက ဆောင်းဟွန်း၏ မောက်မာနေသော ဟန်ပန်ကို သဘောကျစွာဖြင့် ခိုးခိုးခစ်ခစ်ရယ်လေသည်။
"ဟုတ်တယ် ကျွန်တော့်ချစ်သူကသာ အတော်ဆုံးပဲ"
"အဲ့ဒါဆိုရင် ဆုချမှာလား ကိုယ့်ကို"
ဂျယ်ယွန်းက မျက်တောင်လေးခတ်လျက် မေးလိုက်သည်။
"ဘာဆုလဲ ကျွန်တော်တတ်နိုင်တာမှအများကြီးမရှိတာ"
ဆောင်းဟွန်းက မျက်လုံးများ မှိတ်ကျသည်အထိ ပြုံးလျက် သူ၏ နှုတ်ခမ်းထက်သို့ လက်ညှိုးဖြင့် ညွှန်ပြလေသည်။
ဂျယ်ယွန်းမှာလဲ ရှက်ဝဲဝဲလေးပြုံးလျက် မျက်လုံးစုံမှိတ်ကာ ဆောင်းဟွန်းနှုတ်ခမ်းပေါ်သို့ အနမ်းပေးရင်း ဆုချလိုက်တော့သည်။
ရေမျက်နှာပြင်ထက် ဝဲကြွေကျလာတဲ့ ပန်းပွင့်ပွင့်ချပ်ကလေးလိုမျိုး နူးညံ့သိမ်မွေ့ေနလျက် အသာယာဆုံးထိတွေ့သွားသည့် အနမ်းက
ဆောင်းဟွန်း နှလုံးသားအား အရည်ပျော်ကျမတတ်ဖြစ်သွားစေသည်။
သူကဂျယ်ယွန်းတစ်ကိုယ်လုံးအား သူ့ဘက်သို့ဆွဲယူလိုက်ပြီး အရုပ်ကလေးတစ်ခုလို အသည်းယားစွာ ဖြစ်ညှစ်နေမိတော့သည်။
ဂျယ်ယွန်းမှာ အတင်းအကြပ်အဖက်ခံနေရသဖြင့် အသက်ရှုပင်ကြပ်လာပြီး ဆောင်းဟွန်းလက်မောင်းအား ပုတ်လိုက်သည်။
"အရှင့်သား လွှတ်ပါဦး ဒီမှာ အသက်ရှုကြပ်ကုန်ပြီ"
ဆောင်းဟွန်းမှာ ချက်ချင်းလွှတ်ပေးရင်းတောင်းပန်ရှာသည်။
"တောင်းပန်ပါတယ် ကိုယ် စိတ်မထိန်းနိုင်လို့"
ဂျယ်ယွန်းကတော့ စိတ်ဆိုးဟန်ဆောင်ကာ မျက်စောင်းထိုးရင်း မျက်လုံးများမှိတ်လိုက်ပြီး ချစ်သူ့ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်စက်ပစ်လိုက်တော့သည်။
...
နောက်တစ်နေ့မနက်ရောက်တဲ့အခါ ဆောင်းဟွန်းက ထုံးစံအတိုင်း ပြတင်းပေါက်မှ တဆင့် ဘယ်သူမှမမြင်အောင် ပြန်သွားတော့သည်။
သို့သော် မင်းသားမှာ ဒီတစ်ခါတွင် သူ၏အိမ်တော်ကို မပြန်ဘဲ ရွှေနန်းတော်ရှိရာသို့ ဦးတည်လိုက်လေသည်။
သူ၏ ဖခင် ဘုရင်ကြီးခမျာမှာတော့ နံနက်ခင်း ညီလာခံ ပြီးဆုံးသွားချိန်၌ နံနက်စာစားမည်ကြံ၍ သူ၏ ခန်းမဆောင်တွင် ထိုင်လိုက်သော်လည်း မျက်ခုံးတွေ တလှုပ်လှုပ်ဖြစ်နေတာကြောင့် ဘုရင်ကြီး ရတတ်မအေးဖြစ်သွားရှာသည်။
*ဒီနေ့မနက် ညီလာခံလဲ ကောင်းကောင်းပြီးသွားပါတယ် တိုင်းရေးပြည်ရေးကလဲ အခုတလောစိုးရိမ်စရာမရှိသေးပါဘူး
ဘာကြောင့်များ မျက်ခုံးတွေလှုပ်နေရလဲမသိတော့ဘူး*
သူက သူ၏သလွန်တော်တွင် ထိုင်နားနေရင်း အပါးတော်မြဲကုန်းကုန်းအား မိန့်လိုက်သည်။
"ဆုန်းချီ ကိုယ်တော့်မျက်ခုံးတွေ လှုပ်ေနတယ်
စိုးရိမ်စရာကိစ္စများဖြစ်လာလေမလား စိတ်ပူမိတယ်"
အပါးတော်မြဲကုန်းကုန်းက ဒူးထောက်လျက် အမြန်လျှောက်တင်ရှာသည်။
"အရှင့်ရဲ့ဘုန်းတော်ကြောင့် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး စိုးရိမ်တော်မမူပါနဲ့ဗျာ
ဘုရင်မင်းမြတ်က ညဉ့်နက်သန်းခေါင်ထိ စာလွှာပေလိပ်တွေဖတ်နေတာကြောင့် အိပ်ရေးပျက်တာများနေလို့ဖြစ်ပါလိမ့်မယ်
ဒီကျွန်ကို သနားရင် အရှင့်ရဲ့ ရွှေနဂါး ခန္ဓာကိုယ်ကို ဂရုစိုက်တော်မူပါ"
"ဆုန်းချီရယ် မင်းရဲ့ ပုံပြင်အဟောင်းကြီးက စလာပြန်ပြီလား
နားငြီးတာမို့ ကိုယ်တော်လဲ မစိုးရိမ်တော့ဘူး မင်းလဲ ပါးစပ်ပိတ်"
အပါးတော်မြဲကြီးခမျာ ဘုရင်မင်းမြတ်၏ ကျန်းမာရေးကိုစိုးရိမ်နေရှာသေးသော်လည်း ဘုရင့်အမိန့်ကို မလွန်ဆန်ရဲသဖြင့် ပါးစပ်ပိတ်နေရရှာသည်။
ထိုသို့ အစေခံနှင့် သခင် နှစ်ဦးသား ပြဇာတ် ကနေစဉ် မျက်နှာကျက်ပေါ်မှ မည်းမည်းအရာကြီးတစ်ခု အရှိန်ဖြင့် ပြုတ်ကျလာသဖြင့် အခန်းထဲရှိလူတိုင်း လန့်သွားကြလေသည်။
အသည်းငယ်သော အပါးတော်မြဲကုန်းကုန်းမှာ စီကနဲနေအောင်အော်ဟစ်လိုက်ပြီး ဘုရင်မင်းမြတ်၏ ရွှေနဂါး နှလုံးသားမှာလဲ လည်ချောင်းက ပြန်ထွက်မတတ် ထိတ်လန့်သွားရှာသည်။
သက်တော်စောင့် ကိုယ်ရံတော် နှစ်ဦးမှာတော့ တုံ့ပြန်မှုအမြန်ဆုံးဖြစ်ပြီး သူတို့၏ဓားများကို ဆွဲထုတ်ကာ ဘုရင်ကြီးရှေ့တွင်တောင်ကြီးနှစ်လုံးပမာပိတ်ဆို့ကာကွယ်လိုက်ကြလေသည်။
သက်တော်စောင့်များမှာ ပြုတ်ကျလာတဲ့ မိုးကျရွှေကိုယ်ကို သတ်ဖြတ်လိုစိတ်များဖြင့် ကြည့်လိုက်သော်လည်း ခဏအကြာတွင် သူတို့၏ နှုတ်ခမ်းများမှာ စိတ်ပျက်လက်ပျက်ဖြင့် မဲ့သွားကာ ဘုရင်ကြီးရှေ့မှာ ဖယ်ပေးလိုက်ကြသည်။
ဘုရင်ကြီးမှာ သက်တော်စောင့်များ၏ နောက်မှ ကြည့်လိုက်သောအခါ ဒီတစ်ခါလဲ လုပ်ကြံသတ်ဖြတ်သူမဟုတ်ဘဲ သူ၏ ချစ်လှစွာသော ရိုက်နှက်ချင်စရာ သားတော်မောင်လေးဖြစ်နေမှန်းသိသွားလေသည်။
ဘုရင်ကြီးက အပါးတော်မြဲကုန်းကုန်းအား အသံတိတ် လှမ်းကြည့်ရင်း မျက်လုံးချင်းစကားပြောလိုက်သည်။
*ဆုန်းချီရေ ငါကိုယ်တော် မျက်ခုံးလှုပ်နေရတဲ့ အကြောင်းရင်းကို သိပြီထင်တယ်*
အပါးတော်မြဲက ဘုရင်ကြီးအား ပြန်ကြည့်ကာ စိတ်ထဲကနေဆိုလိုက်သည်။
*အရှင့်ရဲ့ ဉာဏ်ပညာအမြော်အမြင်နှင့်ပြည့်စုံမှုကြောင့် မိန့်ဆိုသမျှဟာ မှန်ကန်ကြောင်းပါ ဘုရား*
ဘုရင်ကြီးမှ သူ့အရှေ့ဘက်မှ ပုံစံကိုကထောင့်မကျိုးသည့် အချစ်ဆုံးသားအား ကြည့်လိုက်ရင်း သွေးပင် တရိပ်ရိပ်တိုးလာသလိုလို။
သူက သူ့သားအား လက်ညှိုးငေါက်ငေါက်ထိုးလျက်
"မင်း! နန်းတော်ကို အခစား၀င်ရင် လူလိုလာလို့မရဘူးလား
တခါလာလဲ သရဲလိုလို သဘက်လိုလိုနဲ့ ဟိုချောင်ဒီချောင်ကနေပေါ်ပေါ်လာတာ မငြီးငွေ့နိုင်သေးဘူးလား"
ဘုရင်ကြီးနှင့် ခြားနားစွာ ဆောင်းဟွန်းကတော့ အေးဆေးစွာနှင့် လက်ဖက်ရည်ကို ငှဲ့သောက်ရင်း ပြောရှာသည်။
"အခစား၀င်တယ်လို့ ဘယ်သူပြောလို့လဲ
ကျွန်တော်က အကြွေးလာတောင်းတာ"
ဘုရင်ကြီးမှာ သူ၏နောက်စေ့ကို အုပ်ကိုင်လိုက်တာကြောင့် အပါးတော်မြဲကြီးခမျာ ဘုရင်ကြီးအား ထိန်းကိုင်ရင်း လျှောက်တင်ရရှာသည်။
"စိတ်ကိုလျှော့တော်မူပါ ဘုရား ဒါတွေအားလုံးဟာ လောကဓံရဲ့လှည့်ကွက်တွေပါ"
ဘုရင်ကြီးက သူ့စိတ်သူ ပြန်ဖြေလျှော့လို့မပြီးခင် ဆောင်းဟွန်းက မနားတမ်း တိုက်ခိုက်ပြန်တယ်
"ဟိုတခါပြောထားတဲ့ကျောက်စိမ်းနှစ်တုံးလေ အဲ့ဒါတွေ လာယူတာ ခမည်းတော် ဘယ်မှာသိမ်းထားလဲ မြန်မြန်လေးထုတ်ပေးတော့
ဉာဏ်များမယ်တော့ မကြံနဲနော် တိုင်းပြည်ပြည့်ရှင်က ကိုယ့်သားကိုတောင် ကတိမတည်တဲ့သူဆိုတာ လူတွေအားလုံးသိကုန်မယ်"
ဘုရင်ကြီးမှာ တရှူးရှုးတရှဲရှဲဒေါသတွေထွက်လျက် အပါးတော်မြဲကုန်းကုန်းကိုမေးလိုက်သည်။
"ဆုန်းချီ ဒီဂုတ်ေသွးစုပ်တတ်တဲ့နတ်ဆိုးကောင်က တကယ်ပဲ ငါမွေးထားတဲ့ ငါ့သားတဲ့လား"
"အရှင့်ကိုလျှောက်တင်ပါတယ် တတိယမင်းသားက တကယ်ပဲ အရှင်နဲ့ ကြင်ယာတော်ဂျန်တို့ရဲ့ ရင်နှစ်သည်းချာ တစ်ဦးတည်း
ေသာသားလေးဖြစ်ကြောင်းပါ"
ဘုရင်ကြီးမှာ ကြင်ယာတော်ဂျန်ဆိုသည့် အသံကြားသောအခါ သူ၏စိတ်က အလုံးစုံငြိမ်သက်သွားတော့သည်။
သူက ပတ်ခ်ဆောင်းဟွန်း၏ တုတ်နဲ့ထိုးဖို့ပဲတတ်တဲ့ အပြောလေးတွေကို မခံစားနိုင်သော်လည်း ထိုသားမှာ ချစ်ရသူ ကိုယ်တိုင် သူ့အား လက်ဆောင်ပေးခဲ့သော သူတို့နှစ်ဦး၏သွေးသားလေးဖြစ်နေတာကြောင့် အမြင်ကပ်စရာကောင်းသော သားေတာ်ေမာင်ကို အချစ်ပိုနေရစမြဲပင်။
ဘုရင်ကြီးက သက်ပြင်းချလျက် လက်ယမ်းပြကာ အမိန့်ပေးလိုက်သည်။
"ဆုန်းချီ သွား သွား ကိုယ်တော့် ဘဏ္ဏာတိုက်ထဲက ရေခဲဖန်သားကျောက်စိမ်းဖြူနှစ်တုံးကို အမြန်ဆုံးသွားယူလာခဲ့
ပြီးရင် သူ့မြန်မြန်ေပးပြီး မြန်မြန်ပြန်လွှတ်လိုက်တော့"
အပါးတော်မြဲမှာ ဘုရင့်အမိန့်အတိုင်း လက်အောက်ငယ်သားတွေကိုခိုင်းစေလိုက်ချိန်တွင် လက်ဖက်ရည်ကိုအရသာခံနေသော မင်းသားမှာ သူ၏ ရွှေချထားသင့်သော နှုတ်တော်လေးကို တဖန်ဖွင့်ဟလို့လာပြန်သည်။
"နောက်တစ်ခုရှိသေးတယ်"
ဒီတစ်ခါတော့ ဘုရင်ကြီး တုန်လှုပ်လို့နေလေပြီ။
*အစောက မျက်ခုံး တဆတ်ဆတ်လှုပ်နေတာ အလကားမဟုတ်ဘူးပဲ*
"ဘာလဲ ပြောစရာရှိတာ မြန်မြန်ပြော ငါ နှလုံးရောဂါရတော့မယ် မင်းကြောင့်"
"ခမည်းတော်က နှလုံးရောဂါမရနိုင်ပါဘူး ဒီလောက်အသံအကျယ်ကြီးနဲ့ အော်နိုင်နေသေးတာကို"
"မင်းမပြောချင်ရင်လဲ ပြန်လိုက်ပါတော့ တောင်းပန်ပါတယ်"
"ပြောမှာပါ ခမည်းတော်ရဲ့ တော်၀င်တံဆိပ်တုံး ခဏငှားလို့ပြောမလို့"
ဘုရင်ကြီးအပြင် အခန်းထဲရှိ အမှုတော်ထမ်းတိုင်းဟာ သူတို့ကြားလိုက်ရတာေကြာင့် ထိတ်လန့်လို့သွားတော့သည်
"ငါ့သား မင်း လာနောက်နေတာလား
တော်၀င်တံဆိပ်တုံးနဲ့ ဘာလုပ်ဖို့တုန်း
မင်းက ငါ့ထီးနန်းကိုဆက်ခံတော့မလို့လား"
"ပေါက်ပေါက်ရှာရှာဗျာ
ကျွန်တော်က ရူးနေလို့ ဘုရင်လုပ်ရမှာလား"
"မင်း!! ဘုရင်လုပ်နေတဲ့ ငါက အရူးကြီးလို့ ကျိန်ဆဲနေတာလား"
"မဟုတ်ပါဘူး တခြားကိစ္စသုံးစရာရှ်ိလို့
ဒီလိုလေ ကျွန်တော့်အချစ်လေးက တက္ကသိုလ်တက်ချင်နေတာ ဟိုအမတ်က ပေးမတက်လို့ ဘုရင့်အမိန့်နဲ့သွားပြီးဖြဲခြောက်ပြမလို့"
အကြောင်းရင်းက်ိုသိတဲ့အခါ ဘုရင်ကြီးနှုတ်ခမ်းတွေတွန့်ကုန်ပြီး ကဲလွန်းတဲ့ သူ့သားကိုမျက်ဖြူလှန်ပြမိမတတ်ပင်။
"မင်းဟာက လွန်လွန်းပါတယ်ကွာ
မင်းသားဖြစ်ပြီး အာဏာအလွဲသုံးစားလုပ်နေတာလား"
"လုပ်တော့လဲလုပ်တယ်ပေါ့ ကျွန်တော့်ကလေးက ပိုအရေးကြီးတယ် တံဆိပ်တုံး မြန်မြန်ပေးပါ အမတ်အိမ်တော်ကိုသွားရဦးမယ်"
ဘုရင်ကြီးမှာ ပတ်ခ်ဆောင်းဟွန်းနှင့် ပြိုင်ပြောတိုင်း ဘယ်တုန်းကမှ နိုင်ရိုး ထုံးစံမရှိတာကြောင့် မြန်မြန်ပြန်လေ အေးလေဆိုသည့်ထုံး နှလုံးမူကာ သူ၏ တော်၀င်တံဆိပ်ကို ထုတ်ပေးလိုက်တော့သည်။
မင်းသားက ကျေနပ်စွာဖြင့် သူပြင်ဆင်ထားသော အမိန့်စာတွင် တံဆိပ်တုံးထုရင်း ပြန်ပေးလိုက်ပြီး နှုတ်ဆက်လိုက်သည်။
"သွားလိုက်ဦးမယ် ကျွန်တော်က မကြာခင်လက်ထပ်တော့မှာဆိုတော့ တန်ဖိုးကြီးလက်ဖွဲ့ပစ္စည်းများများလေး ပြင်ဆင်ထားပေးပါဦး ခမည်းတော်"
ဘုရင်ကြီးက သူ့စကားကြောင့် လဲကျလုမတတ် ဒေါသထွက်ကျန်ရစ်ခဲ့သော်လည်း မင်းသားကတော့ လေချွန်လျက် ဘယ်နေရာက ပြန်ထွက်လို့ထွက်သွားမှန်း ဘယ်သူမှမသိရှာပေ။
{ဆက်ရန်}
(ပြဇာတ်ငယ်လေး)
ကြင်ယာတော်ဂျယ်ယွန်း : ကျွန်တော့်ချစ်သူကတော်လိုက်တာ ကျွန်တော် ခဏခဏ ခြင်တွေအများကြီးအကိုက်ခံနေရတဲ့ ပြဿနာလေး ကူပြီးဖြေရှင်းပေးပါဦး
မင်းသားဆောင်းဟွန်း : *နှာခေါင်းထိပ်ကိုပွတ်လျက်* အဟမ်း ဒါက ဒီလိုရှိတယ် အမတ်မင်းအိမ်တော်က ပတ်၀န်းကျင်က မသန့်ရှင်းလို့ ခြင်တွေများနေတာ ပြဿနာကိုဖြေရှင်းဖို့ဆိုရင် ကိုယ်တော်နဲ့ အမြန်ဆုံးလက်ထပ်ပြီး ကိုယ်တော့်အိမ်ေတာ်ကို အမြန်ဆုံးပြောင်းလာခဲ့လိုက်ရင် အဆင်ပြေသွားလိမ့်မယ်
ကြင်ယာတော်ဂျယ်ယွန်း : ဝိုး ဟုတ်သားပဲနော် တကယ်ကို ကျွန်တော့်ချစ်သူက အတော်ဆုံးပဲ \(°o°)/
ဘုရင်ကြီးနဲ့လူတိုင်း : ပါးစပ်ပိတ်ထားဖို့ပဲရွေးချယ်ပါရစေ *မျက်လုံးလှန်လျက်*