Unicode
၃ရက်တာ အလွမ်းဆိုပေမယ့် ၃နှစ်လောက်ကြာသလိုပဲ။ Saint ညနေ တရားစခန်းက ထွက်မှာမို့ Perth သွားကြိုရန် အလုပ်တွေ လက်စမြန်မြန်သတ်ပြီး ထွက်လာ၏။ နောက်ကျမှာ စိုးရိမ်နေပေမယ့် Perthစောစောရောက်နှင့်နေသည်။ သိပ်ကြာကြာ မစောင့်လိုက်ရပဲ Saintက အထုတ်လေးတစ်ထုတ်ဆွဲပြီး ထွက်လာသည်။
သူနဲ့အတူတူ တရားစခန်းဝင်သည့်သူများကို နှုတ်ဆက်ပြီး Perthကားရှိရာဘက်သို့ ထွက်လာခဲ့၏။ Saintက ဖော်ရွေပြီး အပေါင်းအသင်းဆန့်သူဆိုတော့ ရောက်ရာနေရာမှာ မိတ်ဆွေဖွဲ့နိုင်သည်။ ချစ်စရာကောင်းတဲ့ ရုပ်ရည်လေးနဲ့ စိတ်ထားလေးကြောင့်လည်း လူချစ်လူခင်ပေါ၏။ Perth စိတ်မချတာလည်း ဒါတွေ။
"အရမ်းပျော်လာလား"
"ဒါပေါ့ စိတ်ကို ပေါ့ပါး လန်းဆန်းသွားတာပဲ"
ကားထဲဝင်ထိုင်ပြီး ခါးပတ်ပတ်ဖို့ ပြင်နေတဲ့ Saintကို Perth ဆွဲဖက်လိုက်သည်။
"တအားလွမ်းနေခဲ့တာ"
Perth တော်ရုံနဲ့ မလွှတ်ပေးပဲ တင်းတင်းကြပ်ကြပ်ဖက်ထား၏။ ရေချိုးလာလို့ထင်သည် ကိုယ်သင်းနံ့လေးက သာမန်ထက် ပိုမွှေးကြိုင်နေ၏။
"လွှတ်ဦး"
Saint လွှတ်ခိုင်းတော့ Perthအသာတကြည်လွှတ်ပေးလိုက်သည်။ Perthက Saintမျက်နှာလေးကို လက်လေးနှစ်ဖက်နဲ့ တယုတယကိုင်လိုက်၏။
"ခေါ်သွားစရာ တစ်နေရာရှိတယ်"
"ဘယ်လဲ"
"လိုက်ခဲ့ရင်သိမှာပေါ့... မွ"
Saint နှုတ်ခမ်းကို ဖြတ်ခနဲ နမ်းလိုက်ပြီး ကားစက်နှိုးကာ ထွက်လာခဲ့သည်။
နွေရာသီဆိုတော့ ညနေစောင်းနေတာတောင် အလင်းရောင်က မပျောက်သေးပေ။ Perthခေါ်လာတာက နာမည်ကြီး စားသောက်ဆိုင်တစ်ခု။ ကြီးကျယ်ခမ်းနားလွန်းပြီး privateဆန်သည်။
Perth လက်ဆွဲခေါ်ရာနောက်ကို Saint လိုက်လာခဲ့၏။ အခန်းတွေအများကြီးကို ကျော်ဖြတ်ပြီး အခန်းတစ်ခုကို ရောက်တော့ သူတို့ကို တံခါးဖွင့်ပေးသည်။ အထဲဝင်ဖို့လုပ်နေတဲ့ Perthကို Saint လှမ်းဆွဲလိုက်၏။ Perthက သူ့ကိုကြည့်နေတဲ့ Saintအား မျက်ခုံးလေးပင့်ပြီး မေးသည်။
"ဘာလို့ လာတာလဲ"
Saintအခုချိန်ထိ ဒီကိုဘာလို့လာမှန်းမသိသေး။ ရိုးရိုး ညစာစားဖို့လား၊ တစ်ခုခုရှိလို့လား။
"လာပါ သိရမှာပေါ့"
Perth Saintလက်ကို ဆွဲပြီး အထဲထိဝင်သွားတော့ အထဲမှာတွေ့လိုက်ရတာက Perthအဖေနဲ့ အမျိုးသမီးတစ်ယောက်။ ထိုအမျိုးသမီးက Perthနဲ့ဆင်သည်။ မဟုတ်မှ လွဲရော
"သားရောက်ပြီ ပါပါးနဲ့မာမား"
Saint ထင်တဲ့အတိုင်းပဲ။ Saint လူတွေနဲ့တွေ့တာနဲ့ လက်အုပ်လေးချီကာ နှုတ်ဆက်လိုက်သည်။ Perthအဖေနဲ့က ရင်းနှီးပေမယ့် အမေဖြစ်သူနဲ့ကတော့ ဒါပထမဦးဆုံးအကြိမ်တွေ့တာ။
"မင်္ဂလာပါဗျ"
"ထိုင်ကြလေ"
"ဘာလို့ ကြိုမပြောတာလဲ... ကိုယ့်ပုံစံကိုလည်း ကြည့်ဦး"
"ဘာလို့လဲ ချောပြီးသားကို"
Saintက အဝတ်အစားကို ဂရုစိုက်သည်။ အဝတ်အစားဆိုတာ ကိုယ်သွားမယ့်နေရာကလူကို ရိုသေလေးစားသမှု ပြတဲ့ ပြယုဂ်ပဲ။ သူငယ်ချင်းအချင်းလည်ပတ်ဖို့က ပေါ့ပေါ့ပါးပါး ဝတ်လို့ရပေမယ့် လူကြီးသူမတွေနဲ့တွေ့ဖို့၊ စီးပွားရေးတွဲလုပ်နေတဲ့ မိတ်ဆွေတွေနဲ့ တွေ့ဖို့ကတော့ ပေါ့ပေါ့ပါးပါး ဝတ်သွားလို့မှမရတာ။ သူငယ်ချင်းနဲ့ အလည်အပတ်တောင် ဘယ်သူက အိမ်နေရင်း အစုတ်နဲ့သွားလို့လဲ။ ဒါကြောင့် တစ်ဖက်လူနဲ့ တွေ့ရမယ့်အကြောင်းလေးနက်လေ အဝတ်အစားကို လေးလေးနက်နက်စီစဉ်ရလေပဲ။
အခုလည်း Saintဝတ်ထားတဲ့ T-shirtနဲ့ ဘောင်းဘီရှည်က ပေါ့ပါးနေပေမယ့် ပေါ့ပျက်နေတာတော့မဟုတ်။ Perthမိဘတွေဆိုတဲ့ လေးနက်တဲ့ အကြောင်းအရာကသာ သူ့ကို အတွေးများစေတာ။ Perthတောင် ပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီကို ကြယ်သီး ရင်ဘက်အထိဖြုတ်ပြီး ဂျင်းဘောင်းဘီနဲ့ ဝတ်ထားသေးတာပဲ။
ထိုင်ခုံမှာ Saint ရိုရိုကျိုးကျိုးလေး ထိုင်လိုက်သည်။ Perth ဒီကို ဘာလို့ခေါ်လာလည်းမသိ။ Saintက ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ဆိုပေမယ့်လည်း အခုလိုကျ အနေရခက်နေသေးသည်။ ဒါက သူတို့ရဲ့ မိသားစု ညစာစားပွဲလား။ Saintက အပိုလူတစ်ယောက်လိုဖြစ်နေမလား။
Saintအတွေးတွေကို သိနေလားထင်ရလောက်စွာ Perthက Saintလက်လေးကို ဆုတ်ကိုင်လိုက်သည်။
"ပါပါးနဲ့မာမားကို ပြောစရာရှိတယ်"
"ဘာလဲ"
"ကျွန်တော်တို့ နှစ်ယောက်တွဲနေပြီ"
Saint မျက်လုံးလေးများ ပြူးဝိုင်းသွားပြီး Perthကို လှည့်ကြည့်လိုက်သည်။ တကယ်ကြီး မိဘတွေကို ဖွင့်ပြောလိုက်တာလား။ တိုင်တောင်မတိုင်ပင်ပဲနဲ့လေ။
"Perth... ဘာလို့ ကိုယ့်ကို"
"ပြောနေရင် အစ်ကို ငြင်းနေမှာစိုးလို့"
ဘယ်လို ထင်တိုင်းကြဲနေတာလဲ ဒီကလေး။ Saintကသာ အံ့ဩနေပေမယ့် Perthမိဘတွေက ပြုံးပြီး ထမင်းဆက်စားနေသည်။ သူတို့က မအံ့ဩဘူးလား။
"ပါပါးနဲ့ မာမားက သိပြီးသားဆိုပေမယ့် ဒီနေ့က တရားဝင် မိတ်ဆက်ပေးတာ"
Saint လက်တွေက သိသိသာသာအေးစက်လာပြီး မျက်နှာလေးတွေလည်းရဲလာသည်။
"မကြောက်နဲ့ ကျွန်တော် တစ်ယောက်လုံးရှိတယ်"
Saint ခေါင်းသာညှိမ့်ပြလိုက်သည်။ ကြောက်တယ်ဆိုတာထက် Saint စိတ်လှုပ်ရှားနေတာ။ နောက်တစ်ခုက Perthက သူ့ကို မိဘတွေနဲ့ မိတ်ဆက်ပေးရလောက်တဲ့အထိ အရေးပေးမယ်လို့ မထင်ထားခဲ့တာ။ ဒီအတိုင်း စိတ်သာယာလို့ တွဲခဲ့တယ်ပဲ ထင်ခဲ့တာ။ ဒီပုံအတိုင်းဆို ကြိုတင်ပြီးတောင် Saintအကြောင်း မိဘတွေကို ကြိုပြောထားပုံတောင်ရသည်။
Perthမိဘတွေက ထမင်းစားရင်း ဟိုဟိုဒီဒီပြောကာ သက်သောင့်သက်သာဖြစ်အောင် ဆက်ဆံသည်။ Perthကတော့ ဟင်းတွေကို Saint ပန်းကန်ထဲ ထည့်ထည့်ပေးတာ တောင်လိုပုံလို့။ ထပ်မထည့်ဖို့ Saint မနည်းတားရသည်။
"သားက Saintကို လိုက်ပို့ပေးမှာ မဟုတ်လား... ပါပါးနဲ့မာမားပြန်လိုက်မယ်"
"ဟုတ်... ဂရုစိုက်ကြဦး"
"Saint"
"ဗျာ"
"ဒီကောင်လေးကို အပ်တယ်နော်"
"ဟုတ်... ဟုတ်ကဲ့"
Saintက အရိုအသေပေးပြီး လက်အုပ်ချီကာ ဦးညွှတ်ပေမယ့် Perthအဖေက Saintကို ရင်ချင်းအပ် ဖက်ပြီး ကျောလေးကို အသာအယာပွတ်ပေးပြန်၏။
"ကဲကဲ သွားကြတော့ မိုးချုပ်ဦးမယ်... လမ်းတွေက ပိတ်နေတာ"
"ဟုတ်"
"မာမားတို့ သွားပြီနော်... သား အိမ်ရောက်ရင် ဖုန်းဆက်ဦး"
Perthအမေကပါ Saint ပခုံးလေးကို ဆုတ်ကိုင်လိုက်ပြီး နှုတ်ဆက်တာကြောင့် Saint လက်အုပ်ချီပြီး အရိုအသေပေးကာ ပြန်နှုတ်ဆက်လိုက်၏။
Perthက မိဘတွေနဲ့အတူနေတာတော့မဟုတ်ဘူး။ အခုလည်း Saintကို ပြန်ပို့ပြီးရင် အိမ်ပြန်ချင်မှပြန်မှာပါ။ Saint အိမ်မှာ အိပ်ဖြစ်ရင်လည်း သူအိပ်ဖြစ်သွားမှာပေါ့။
………………………………………....
အခြေအနေက Perth Tanaponတစ်ယောက် Saint Suppapong အိပ်ယာပေါ်မှာ အေးအေးဆေးဆေး ဒူးနှံ့ပြီး လှဲအိပ်လို့ရတဲ့အခြေအနေဖြစ်နေပြီ။ အပိုထပ်ဆောင်းအနေနဲ့ အိပ်ယာပိုင်ရှင်ကိုပါ ရင်ခွင်ထဲ ဆွဲထည့်ထားနိုင်သည်။
"ဘာလို့ မပြောမဆိုနဲ့ မိဘတွေနဲ့ တွေ့ပေးတာလဲ"
Saintဘက်က စမေးလိုက်တော့ Saintလက်ချောင်းလေးတွေကို Perthဆွဲကိုင်ဆော့ကစားနေပြီး ပြန်ဖြေသည်။
"တွေ့သင့်တယ် ထင်လို့လေ"
"အဲ့လိုအတည်ကြီးဆိုတော့..."
"ဟာ ဘာလဲ လူကို play boyထင်နေတာလား"
"အဲ့လိုမဟုတ်ပါဘူး မင်းက ငယ်သေးတော့..."
Saint စကားတစ်ဝက်မှာတင် တစ်ကိုယ်လုံး ဆွဲလှည့်ခံလိုက်ရပြီး Perthနဲ့ မျက်နှာချင်းဆိုင် ဖြစ်သွား၏။
"ဘယ်အချိန်အထိ ငယ်သေးတယ်ဆိုပြီး အထင်သေးနေမှာလဲ"
"အထင်သေးတာမဟုတ်... အွန့်!"
ပြွတ်!
Saint နှုတ်ခမ်းကို အားနဲ့ စုပ်ယူပြီး ပြန်ခွာလိုက်ပြီးမှ ထပ်နမ်းဖို့လုပ်တော့
"ခဏ... ခဏလေး စကားလေးတော့ ဆုံးအောင် ပြောခွင့်ပေးပါ"
"ပြောမြန်မြန်... တအားနမ်းချင်နေပြီ"
"အထင်သေးတာမဟုတ်ပါဘူး... မင်းက လူငယ်ဆိုတော့ စိတ်ကစား..."
"အစ်ကိုက အဖိုးကြီးလား... ၃နှစ်လေး ကွာတာကို လူကြီးကြီလိုနဲ့"
"ကိုယ်က အဘက်ဘက်ကို စဉ်းစားပြီးပြောတာ"
"ကျွန်တော်က မစဉ်းစားဘူးထင်လို့လား"
"မင်းက တဇွတ်ထိုးတွေ လုပ်တာကိုး"
"ဘာလုပ်လို့လဲ"
"ကိုယ် တရားစခန်းဝင်တဲ့ ၃ရက်ကို မင်းမှာ ချစ်သူရှိနေပါပြီလို့လည်း အင်တာဗျူးတွေ ဖြေထားတယ်... ချစ်သူက ယောက်ျားလေးပါလို့လည်း ပြောထားတယ်... လူတိုင်းမှတ်မိနေတဲ့ ကားကြီးနဲ့လည်း ကိုယ့်ကို လာကြိုရတာရော... မိဘတွေနဲ့ မပြောမဆို မိတ်ဆက်ပေးတာရော"
"အင်တာဗျူးကဘည်း သူတို့မေးလို့ အမှန်အတိုင်းဖြေတာလေ... ကိုယ်ပိုင်ကားကလည်း အဲ့တစ်စီးပဲရှိတဲ့ဟာကို... မိဘတွေနဲ့ကလည်း ပိုသေချာသွားအောင် တရားဝင်သဘောမျိုး"
"ကိုယ့်ကို ဘာမှ မတိုင်ပင်ဘူးလေ အဲ့ဒါဇွတ်တရွတ်ပေါ့"
"ဟုတ်ပါပြီ ထားပါတော့! အရင်ဆုံးနမ်း..."
"ပြောလို့မပြီးသေးဘူး... ကိုယ်ဘယ်လောက်လန့်သွားလဲသိလား မပြောမဆို လူကြီးတွေရှေ့ခေါ်သွားပြီးတော့"
"ဟာ အဲ့လိုကြေးဆို ကျွန်တော်က ပိုလန့်ရမှာလေ... အစ်ကို့အမေနဲ့အမျိုးတွေတုန်းက ရုတ်တရတ်ကြီး"
"မတူဘူးလေ အဲ့ဒါ မင်းတဇွတ်ထိုးလုပ်လို့"
"အခုလည်း အရမ်းထိုးချင်နေပြီ ဘယ်လိုလုပ်မလဲ"
"အာ့... ဟာ့... ယားတယ်... အား ဟားဟားဟား"
Saintကို ကလိထိုးပြီး ကော့ပြန်လန်နေအောင် ရုန်းတော့မှ လွှတ်ပေး၏။ ပြီးတော့ အခုနတည်းက အသဲတယားယားဖြစ်နေသည့် နှုတ်ခမ်းဖူးလေးကို ငုံစုပ်လိုက်သည်။
ဒီထက်ပိုတဲ့အချစ်တွေရော ကဗ္ဗည်းထိုးပေးရဦးမလား!
………………………………………....
Next Part's target fund 30,000!
Zawgyi
၃ရက္တာ အလြမ္းဆိုေပမယ့္ ၃ႏွစ္ေလာက္ၾကာသလိုပဲ။ Saint ညေန တရားစခန္းက ထြက္မွာမို႔ Perth သြားႀကိဳရန္ အလုပ္ေတြ လက္စျမန္ျမန္သတ္ၿပီး ထြက္လာ၏။ ေနာက္က်မွာ စိုးရိမ္ေနေပမယ့္ Perthေစာေစာေရာက္ႏွင့္ေနသည္။ သိပ္ၾကာၾကာ မေစာင့္လိုက္ရပဲ Saintက အထုတ္ေလးတစ္ထုတ္ဆြဲၿပီး ထြက္လာသည္။
သူနဲ႕အတူတူ တရားစခန္းဝင္သည့္သူမ်ားကို ႏႈတ္ဆက္ၿပီး Perthကားရွိရာဘက္သို႔ ထြက္လာခဲ့၏။ Saintက ေဖာ္ေ႐ြၿပီး အေပါင္းအသင္းဆန့္သူဆိုေတာ့ ေရာက္ရာေနရာမွာ မိတ္ေဆြဖြဲ႕နိုင္သည္။ ခ်စ္စရာေကာင္းတဲ့ ႐ုပ္ရည္ေလးနဲ႕ စိတ္ထားေလးေၾကာင့္လည္း လူခ်စ္လူခင္ေပါ၏။ Perth စိတ္မခ်တာလည္း ဒါေတြ။
"အရမ္းေပ်ာ္လာလား"
"ဒါေပါ့ စိတ္ကို ေပါ့ပါး လန္းဆန္းသြားတာပဲ"
ကားထဲဝင္ထိုင္ၿပီး ခါးပတ္ပတ္ဖို႔ ျပင္ေနတဲ့ Saintကို Perth ဆြဲဖက္လိုက္သည္။
"တအားလြမ္းေနခဲ့တာ"
Perth ေတာ္႐ုံနဲ႕ မလႊတ္ေပးပဲ တင္းတင္းၾကပ္ၾကပ္ဖက္ထား၏။ ေရခ်ိဳးလာလို႔ထင္သည္ ကိုယ္သင္းနံ႕ေလးက သာမန္ထက္ ပိုေမႊးႀကိဳင္ေန၏။
"လႊတ္ဦး"
Saint လႊတ္ခိုင္းေတာ့ Perthအသာတၾကည္လႊတ္ေပးလိုက္သည္။ Perthက Saintမ်က္ႏွာေလးကို လက္ေလးႏွစ္ဖက္နဲ႕ တယုတယကိုင္လိုက္၏။
"ေခၚသြားစရာ တစ္ေနရာရွိတယ္"
"ဘယ္လဲ"
"လိုက္ခဲ့ရင္သိမွာေပါ့... မြ"
Saint ႏႈတ္ခမ္းကို ျဖတ္ခနဲ နမ္းလိုက္ၿပီး ကားစက္ႏွိုးကာ ထြက္လာခဲ့သည္။
ႏြေရာသီဆိုေတာ့ ညေနေစာင္းေနတာေတာင္ အလင္းေရာင္က မေပ်ာက္ေသးေပ။ Perthေခၚလာတာက နာမည္ႀကီး စားေသာက္ဆိုင္တစ္ခု။ ႀကီးက်ယ္ခမ္းနားလြန္းၿပီး privateဆန္သည္။
Perth လက္ဆြဲေခၚရာေနာက္ကို Saint လိုက္လာခဲ့၏။ အခန္းေတြအမ်ားႀကီးကို ေက်ာ္ျဖတ္ၿပီး အခန္းတစ္ခုကို ေရာက္ေတာ့ သူတို႔ကို တံခါးဖြင့္ေပးသည္။ အထဲဝင္ဖို႔လုပ္ေနတဲ့ Perthကို Saint လွမ္းဆြဲလိုက္၏။ Perthက သူ႕ကိုၾကည့္ေနတဲ့ Saintအား မ်က္ခုံးေလးပင့္ၿပီး ေမးသည္။
"ဘာလို႔ လာတာလဲ"
Saintအခုခ်ိန္ထိ ဒီကိုဘာလို႔လာမွန္းမသိေသး။ ရိုးရိုး ညစာစားဖို႔လား၊ တစ္ခုခုရွိလို႔လား။
"လာပါ သိရမွာေပါ့"
Perth Saintလက္ကို ဆြဲၿပီး အထဲထိဝင္သြားေတာ့ အထဲမွာေတြ႕လိုက္ရတာက Perthအေဖနဲ႕ အမ်ိဳးသမီးတစ္ေယာက္။ ထိုအမ်ိဳးသမီးက Perthနဲ႕ဆင္သည္။ မဟုတ္မွ လြဲေရာ
"သားေရာက္ၿပီ ပါပါးနဲ႕မာမား"
Saint ထင္တဲ့အတိုင္းပဲ။ Saint လူေတြနဲ႕ေတြ႕တာနဲ႕ လက္အုပ္ေလးခ်ီကာ ႏႈတ္ဆက္လိုက္သည္။ Perthအေဖနဲ႕က ရင္းႏွီးေပမယ့္ အေမျဖစ္သူနဲ႕ကေတာ့ ဒါပထမဦးဆုံးအႀကိမ္ေတြ႕တာ။
"မဂၤလာပါဗ်"
"ထိုင္ၾကေလ"
"ဘာလို႔ ႀကိဳမေျပာတာလဲ... ကိုယ့္ပုံစံကိုလည္း ၾကည့္ဦး"
"ဘာလို႔လဲ ေခ်ာၿပီးသားကို"
Saintက အဝတ္အစားကို ဂ႐ုစိုက္သည္။ အဝတ္အစားဆိုတာ ကိုယ္သြားမယ့္ေနရာကလူကို ရိုေသေလးစားသမႈ ျပတဲ့ ျပယုဂ္ပဲ။ သူငယ္ခ်င္းအခ်င္းလည္ပတ္ဖို႔က ေပါ့ေပါ့ပါးပါး ဝတ္လို႔ရေပမယ့္ လူႀကီးသူမေတြနဲ႕ေတြ႕ဖို႔၊ စီးပြားေရးတြဲလုပ္ေနတဲ့ မိတ္ေဆြေတြနဲ႕ ေတြ႕ဖို႔ကေတာ့ ေပါ့ေပါ့ပါးပါး ဝတ္သြားလို႔မွမရတာ။ သူငယ္ခ်င္းနဲ႕ အလည္အပတ္ေတာင္ ဘယ္သူက အိမ္ေနရင္း အစုတ္နဲ႕သြားလို႔လဲ။ ဒါေၾကာင့္ တစ္ဖက္လူနဲ႕ ေတြ႕ရမယ့္အေၾကာင္းေလးနက္ေလ အဝတ္အစားကို ေလးေလးနက္နက္စီစဥ္ရေလပဲ။
အခုလည္း Saintဝတ္ထားတဲ့ T-shirtနဲ႕ ေဘာင္းဘီရွည္က ေပါ့ပါးေနေပမယ့္ ေပါ့ပ်က္ေနတာေတာ့မဟုတ္။ Perthမိဘေတြဆိုတဲ့ ေလးနက္တဲ့ အေၾကာင္းအရာကသာ သူ႕ကို အေတြးမ်ားေစတာ။ Perthေတာင္ ေပါ့ေပါ့ပါးပါး ရွပ္အကၤ်ီကို ၾကယ္သီး ရင္ဘက္အထိျဖဳတ္ၿပီး ဂ်င္းေဘာင္းဘီနဲ႕ ဝတ္ထားေသးတာပဲ။
ထိုင္ခုံမွာ Saint ရိုရိုက်ိဳးက်ိဳးေလး ထိုင္လိုက္သည္။ Perth ဒီကို ဘာလို႔ေခၚလာလည္းမသိ။ Saintက ေပါင္းသင္းဆက္ဆံေရးေကာင္းတယ္ဆိုေပမယ့္လည္း အခုလိုက် အေနရခက္ေနေသးသည္။ ဒါက သူတို႔ရဲ႕ မိသားစု ညစာစားပြဲလား။ Saintက အပိုလူတစ္ေယာက္လိုျဖစ္ေနမလား။
Saintအေတြးေတြကို သိေနလားထင္ရေလာက္စြာ Perthက Saintလက္ေလးကို ဆုတ္ကိုင္လိုက္သည္။
"ပါပါးနဲ႕မာမားကို ေျပာစရာရွိတယ္"
"ဘာလဲ"
"ကြၽန္ေတာ္တို႔ ႏွစ္ေယာက္တြဲေနၿပီ"
Saint မ်က္လုံးေလးမ်ား ျပဴးဝိုင္းသြားၿပီး Perthကို လွည့္ၾကည့္လိုက္သည္။ တကယ္ႀကီး မိဘေတြကို ဖြင့္ေျပာလိုက္တာလား။ တိုင္ေတာင္မတိုင္ပင္ပဲနဲ႕ေလ။
"Perth... ဘာလို႔ ကိုယ့္ကို"
"ေျပာေနရင္ အစ္ကို ျငင္းေနမွာစိုးလို႔"
ဘယ္လို ထင္တိုင္းႀကဲေနတာလဲ ဒီကေလး။ Saintကသာ အံ့ဩေနေပမယ့္ Perthမိဘေတြက ၿပဳံးၿပီး ထမင္းဆက္စားေနသည္။ သူတို႔က မအံ့ဩဘူးလား။
"ပါပါးနဲ႕ မာမားက သိၿပီးသားဆိုေပမယ့္ ဒီေန႕က တရားဝင္ မိတ္ဆက္ေပးတာ"
Saint လက္ေတြက သိသိသာသာေအးစက္လာၿပီး မ်က္ႏွာေလးေတြလည္းရဲလာသည္။
"မေၾကာက္နဲ႕ ကြၽန္ေတာ္ တစ္ေယာက္လုံးရွိတယ္"
Saint ေခါင္းသာညွိမ့္ျပလိုက္သည္။ ေၾကာက္တယ္ဆိုတာထက္ Saint စိတ္လႈပ္ရွားေနတာ။ ေနာက္တစ္ခုက Perthက သူ႕ကို မိဘေတြနဲ႕ မိတ္ဆက္ေပးရေလာက္တဲ့အထိ အေရးေပးမယ္လို႔ မထင္ထားခဲ့တာ။ ဒီအတိုင္း စိတ္သာယာလို႔ တြဲခဲ့တယ္ပဲ ထင္ခဲ့တာ။ ဒီပုံအတိုင္းဆို ႀကိဳတင္ၿပီးေတာင္ Saintအေၾကာင္း မိဘေတြကို ႀကိဳေျပာထားပုံေတာင္ရသည္။
Perthမိဘေတြက ထမင္းစားရင္း ဟိုဟိုဒီဒီေျပာကာ သက္ေသာင့္သက္သာျဖစ္ေအာင္ ဆက္ဆံသည္။ Perthကေတာ့ ဟင္းေတြကို Saint ပန္းကန္ထဲ ထည့္ထည့္ေပးတာ ေတာင္လိုပုံလို႔။ ထပ္မထည့္ဖို႔ Saint မနည္းတားရသည္။
"သားက Saintကို လိုက္ပို႔ေပးမွာ မဟုတ္လား... ပါပါးနဲ႕မာမားျပန္လိုက္မယ္"
"ဟုတ္... ဂ႐ုစိုက္ၾကဦး"
"Saint"
"ဗ်ာ"
"ဒီေကာင္ေလးကို အပ္တယ္ေနာ္"
"ဟုတ္... ဟုတ္ကဲ့"
Saintက အရိုအေသေပးၿပီး လက္အုပ္ခ်ီကာ ဦးၫႊတ္ေပမယ့္ Perthအေဖက Saintကို ရင္ခ်င္းအပ္ ဖက္ၿပီး ေက်ာေလးကို အသာအယာပြတ္ေပးျပန္၏။
"ကဲကဲ သြားၾကေတာ့ မိုးခ်ဳပ္ဦးမယ္... လမ္းေတြက ပိတ္ေနတာ"
"ဟုတ္"
"မာမားတို႔ သြားၿပီေနာ္... သား အိမ္ေရာက္ရင္ ဖုန္းဆက္ဦး"
Perthအေမကပါ Saint ပခုံးေလးကို ဆုတ္ကိုင္လိုက္ၿပီး ႏႈတ္ဆက္တာေၾကာင့္ Saint လက္အုပ္ခ်ီၿပီး အရိုအေသေပးကာ ျပန္ႏႈတ္ဆက္လိုက္၏။
Perthက မိဘေတြနဲ႕အတူေနတာေတာ့မဟုတ္ဘူး။ အခုလည္း Saintကို ျပန္ပို႔ၿပီးရင္ အိမ္ျပန္ခ်င္မွျပန္မွာပါ။ Saint အိမ္မွာ အိပ္ျဖစ္ရင္လည္း သူအိပ္ျဖစ္သြားမွာေပါ့။
....
အေျခအေနက Perth Tanaponတစ္ေယာက္ Saint Suppapong အိပ္ယာေပၚမွာ ေအးေအးေဆးေဆး ဒူးႏွံ႕ၿပီး လွဲအိပ္လို႔ရတဲ့အေျခအေနျဖစ္ေနၿပီ။ အပိုထပ္ေဆာင္းအေနနဲ႕ အိပ္ယာပိုင္ရွင္ကိုပါ ရင္ခြင္ထဲ ဆြဲထည့္ထားနိုင္သည္။
"ဘာလို႔ မေျပာမဆိုနဲ႕ မိဘေတြနဲ႕ ေတြ႕ေပးတာလဲ"
Saintဘက္က စေမးလိုက္ေတာ့ Saintလက္ေခ်ာင္းေလးေတြကို Perthဆြဲကိုင္ေဆာ့ကစားေနၿပီး ျပန္ေျဖသည္။
"ေတြ႕သင့္တယ္ ထင္လို႔ေလ"
"အဲ့လိုအတည္ႀကီးဆိုေတာ့..."
"ဟာ ဘာလဲ လူကို play boyထင္ေနတာလား"
"အဲ့လိုမဟုတ္ပါဘူး မင္းက ငယ္ေသးေတာ့..."
Saint စကားတစ္ဝက္မွာတင္ တစ္ကိုယ္လုံး ဆြဲလွည့္ခံလိုက္ရၿပီး Perthနဲ႕ မ်က္ႏွာခ်င္းဆိုင္ ျဖစ္သြား၏။
"ဘယ္အခ်ိန္အထိ ငယ္ေသးတယ္ဆိုၿပီး အထင္ေသးေနမွာလဲ"
"အထင္ေသးတာမဟုတ္... အြန့္!"
ႁပြတ္!
Saint ႏႈတ္ခမ္းကို အားနဲ႕ စုပ္ယူၿပီး ျပန္ခြာလိုက္ၿပီးမွ ထပ္နမ္းဖို႔လုပ္ေတာ့
"ခဏ... ခဏေလး စကားေလးေတာ့ ဆုံးေအာင္ ေျပာခြင့္ေပးပါ"
"ေျပာျမန္ျမန္... တအားနမ္းခ်င္ေနၿပီ"
"အထင္ေသးတာမဟုတ္ပါဘူး... မင္းက လူငယ္ဆိုေတာ့ စိတ္ကစား..."
"အစ္ကိုက အဖိုးႀကီးလား... ၃ႏွစ္ေလး ကြာတာကို လူႀကီးႀကီလိုနဲ႕"
"ကိုယ္က အဘက္ဘက္ကို စဥ္းစားၿပီးေျပာတာ"
"ကြၽန္ေတာ္က မစဥ္းစားဘူးထင္လို႔လား"
"မင္းက တဇြတ္ထိုးေတြ လုပ္တာကိုး"
"ဘာလုပ္လို႔လဲ"
"ကိုယ္ တရားစခန္းဝင္တဲ့ ၃ရက္ကို မင္းမွာ ခ်စ္သူရွိေနပါၿပီလို႔လည္း အင္တာဗ်ဴးေတြ ေျဖထားတယ္... ခ်စ္သူက ေယာက္်ားေလးပါလို႔လည္း ေျပာထားတယ္... လူတိုင္းမွတ္မိေနတဲ့ ကားႀကီးနဲ႕လည္း ကိုယ့္ကို လာႀကိဳရတာေရာ... မိဘေတြနဲ႕ မေျပာမဆို မိတ္ဆက္ေပးတာေရာ"
"အင္တာဗ်ဴးကဘည္း သူတို႔ေမးလို႔ အမွန္အတိုင္းေျဖတာေလ... ကိုယ္ပိုင္ကားကလည္း အဲ့တစ္စီးပဲရွိတဲ့ဟာကို... မိဘေတြနဲ႕ကလည္း ပိုေသခ်ာသြားေအာင္ တရားဝင္သေဘာမ်ိဳး"
"ကိုယ့္ကို ဘာမွ မတိုင္ပင္ဘူးေလ အဲ့ဒါဇြတ္တ႐ြတ္ေပါ့"
"ဟုတ္ပါၿပီ ထားပါေတာ့! အရင္ဆုံးနမ္း..."
"ေျပာလို႔မၿပီးေသးဘူး... ကိုယ္ဘယ္ေလာက္လန့္သြားလဲသိလား မေျပာမဆို လူႀကီးေတြေရွ႕ေခၚသြားၿပီးေတာ့"
"ဟာ အဲ့လိုေၾကးဆို ကြၽန္ေတာ္က ပိုလန့္ရမွာေလ... အစ္ကို႔အေမနဲ႕အမ်ိဳးေတြတုန္းက ႐ုတ္တရတ္ႀကီး"
"မတူဘူးေလ အဲ့ဒါ မင္းတဇြတ္ထိုးလုပ္လို႔"
"အခုလည္း အရမ္းထိုးခ်င္ေနၿပီ ဘယ္လိုလုပ္မလဲ"
"အာ့... ဟာ့... ယားတယ္... အား ဟားဟားဟား"
Saintကို ကလိထိုးၿပီး ေကာ့ျပန္လန္ေနေအာင္ ႐ုန္းေတာ့မွ လႊတ္ေပး၏။ ၿပီးေတာ့ အခုနတည္းက အသဲတယားယားျဖစ္ေနသည့္ ႏႈတ္ခမ္းဖူးေလးကို ငုံစုပ္လိုက္သည္။
ဒီထက္ပိုတဲ့အခ်စ္ေတြေရာ ကဗၺည္းထိုးေပးရဦးမလား!
....
Next Part's target fund 30,000!