အပိုင်း (၄၉.၃) နောက်ဆုံးတော့ ရပြီ (၃)
နင်မုန့်က သူက သူမကို ပြောနေခြင်း ဖြစ်ကြောင်း သိလိုက်သည်။
"နင်က ဘယ်လိုလုပ်မလဲ၊ ကျောက်စာတိုင်က ကွဲအက်သွားပြီ၊ ငါတို့ မြန်မြန် ထွက်မသွားသင့်ဘူးလား"
ထိုရွာသားများ မည်သည့်နေရာသို့ ထွက်သွားကြောင်း သူတို့က မမြင်နိုင်တော့ချေ။ အကြောင်းမူကား သဲလွန်စများ မရှိအောင် ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။
ကျောက်စာတိုင် တစ်ခုချင်းစီတိုင်းက ဝိညာဉ်လိုလို အရာမျိုးက ထွက်လာရန် ကြိုးစားနေသည်။ အလွန်ပင်နှေးကွေးလွန်းနေသးသည့်တိုင်အောင် သူတို့အပြည့်အဝလွတ်မြောက်သွားရန် အချိန်သိပ်မလိုကြောင်း သိနိုင်သည်။ သို့ရာတွင် လျိုရွှမ်းကမူ မမြင်နိုင်သဖြင့် တစ်စုံတစ်ရာက မှားယွင်းနေကြောင်းကိုသာ ခံစားမိနိုင်သည်။
"စီနီယာအစ်မ၊ စီနီယာအစ်မ ဘာကို မြင်နေရလို့လဲ၊ သရဲတွေ ထွက်လာတာလား"
သူမက နောက်ဆုံးအချက်ကိုသာ အဓိကအာရုံစိုက်သည်။
နင်မုန့်၏ ပတ်ဝန်းကျင်မှလေ၏ တိုက်ခတ်မှုက အေးစိမ့်သည်ထက် အေးစိမ့်လာပြီး သူမ၏ ခန္ဓာကိုယ်အတွင်းသို့ပင် ဝင်တိုးရန် ကြိုးစားကာ အရိုးထဲသို့ စိမ့်ဝင်လာနေသည်။
ရှီချီက လှည့်ကြည့်ပြီး အလေးအနက်ထားကာ ညွှန်ကြားသည်။
"အထဲကိုဝင် "
ထို့နောက် သူက ကျောက်စာတိုင်များ၏ အလယ်ဗဟိုနေရာသို့ သွားပြီး လျင်မြန်စွာဖြင့် ရေးဆွဲတော့သည်။ နင်မုန့်က အမြင်စူးရှသဖြင့် သူ၏ လက်ချောင်းထိပ်များမှာ အမှုန့်များ ကျသွားကြောင်း မြင်လိုက်ရသည်။ သူက အဆောင်လက်ဖွဲ့ဆွဲနေခြင်းနှင့် တူသည်။
သူ၏ လှုပ်ရှားမှုနှင့်အတူ အပြင်သို့ ထွက်တော့မည့် စိတ်ဝိညာဉ်လိုအရာမျိုးများက လှုပ်ရှားမှုအလွန့်အလွန် နှေးကွေးသွားပြီး နောက်ပြန်ဆွဲထားခံရသလို ဖြစ်သွားကြသည်။ မြူထုက ထွက်နေသေးသော်လည်း အရှိန်က သိသိသာသာ လျော့ကျသွားသည်။
အနက်ရောင်လေထုက အကာအကွယ်အလွှာအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး ရှီချီ၏ ကိုယ်ကို ထိတွေ့ရန် ကြိုးစားသောအခါ ပြင်းထန်စွာ ဆွဲဖြဲခံရသည်။ သူ၏ ပတ်ဝန်းကျင်က ငြိမ်းချမ်းသောနယ်မြေတစ်ခုအဖြစ် သတ်မှတ်ခံလိုက်ရသလို ဖြစ်သွားသည်။ အနက်ရောင်လေထုပင် ဖြစ်စေ၊ လိမ်တွန့်နေသော ဝိညာဉ်များပင်ဖြစ်စေ အနားသို့ မကပ်ရဲကြချေ။ သူက ဆက်လက်ပြီးဆွဲနေသည့်အချိန်တွင် အနက်ရောင်အမှုန့်များက အောက်သို့ ကျသည်ထက် ကျနေပြီး အရှိန်ကလည်း ပို၍ နှေးသည်ထက် နှေးသွားစေသည်။
နင်မုန့်က ခါးမတ်လိုက်ပြီးနောက်တွင် လျိုရွှမ်းကို အထဲသို့ ခေါ်သွားကာ ပြောလိုက်သည်။
"လျိုရွှမ်း နင့်ရဲ့ မျက်နှာဖုံးကို သွားရှာရအောင်"
လျိုရွှမ်းက ဝေတိဝေဝါးဖြင့် ခေါင်းညိတ်ပြလာသည်။
ဘုရားကျောင်းက အလွန်မှောင်ကာ အေးစက်နေသည်။ ထို့ကြောင့် ဖုန်းမီးအကူညီအဖြင့်သာ လျိုရွှမ်းနှင့် နင်မုန့်တို့က ဆက်ရှာရသည်။
ဘုရားကျောင်း၏ တစ်ဝက်က ဖျက်ဆီးခံထားရပြီးသားဖြစ်သည့်အတွက် အခြားတစ်ဝက်ကသာ အကောင်းတိုင်းကျန်ရစ်ပြီး ထိုတစ်ဝက်ကလည်း ယခင်လူများက ကခုန်သွားခဲ့သည့် အဓိကခန်းမတစ်ခု ဖြစ်နေခဲ့ပြန်သည်။ မြေပြင်တွင်လည်း သွေးများက ကျန်နေရစ်သေးပြီး မျက်လုံးထဲ ကိုးလို့ကန့်လန့်ဖြစ်နေသည်။
လျိုရွှမ်းက နင်မုန့်၏ဘေး ညာဘက်ခြမ်းတွင် ပြင်းပြင်းထန်ထန် ရှာဖွေနေသည်။ မည်သို့ပင်ဆိုစေ ၎င်းက သူမ၏ အသက်နှင့်ဆက်စပ်နေသည်။
ထိုဘုရားကျောင်းက သိပ်မကြီးသောကြောင့် မိနစ်အနည်းငယ်အတွင်း ရှာ၍ ပြီးသွားသည်။ နင်မုန့်က တဖက်ခြမ်းမှ ပြိုကျနေသော ဘက်သို့ ကြည့်လိုက်သည်။ သို့ရာတွင် လျိုရွှမ်းကမူ ကြောက်လန့်ပြီး တုန့်ဆိုင်းနေသည်။ သူမက တိုးလျသော လေသံဖြင့် သတိပေးလာသည်။
"စီနီယာအစ်မ၊ ကျွန်မတို့ အခြားတစ်ဖက်မှာ ဘာရှိမှန်းမသိသေးဘူးလေ "
တကယ်လို့ အဲ့ဒီကနေ တစ်ခုခု ထွက်လာခဲ့ရင်ရော ...
နင်မုန့်ကမူ မည်သည့်နေရာက သတ္တိများ ရောက်လာသည်မသိ သတ္တိရှိလာသည်။ ရှီချီက အပြင်တွင် ရှိနေသေးသဖြင့် သူမက လေးလံသောလေသံဖြင့် ပြောလိုက်သည်။
"နင် မလုပ်ချင်ရင်လည်း ထားလိုက်တော့ "
လျိုရွှမ်းက စိတ်ပြောင်းသွားသည်။
"ကျွန်မ လုပ်မယ်၊ ကျွန်မ ဆန္ဒရှိပါတယ် "
မည်သို့ပင် ဆိုစေကာမူ သူမ၏ မျက်နှာဖုံးက ရှာမတွေ့သေးလေရာ ထိုနေရာတွင် ရှာဖွေရန် လိုအပ်သည်။
လူနှစ်ယောက်က စတင်ပြီး အပျက်အစီးပုံကို ရှင်းလင်းကြပြီး အထဲသို့ ဝင်သထက် ဝင်သွားကြသည်။ ထိုအခိုက် အချိန်အတန်ကြာ ကုန်လွန်သွားပြီ ဖြစ်သည်။
လျိုရွှမ်းက အတွင်းတွင် ရှာဖွေခြင်းကို လက်လျော့လိုက်ချင်သည်။ သို့သော် သူမ၏ မျက်နှာရှိ မျက်နှာဖုံးနှင့်အတူ ရွာသားများက မျက်နှာဖုံးကို ဆွဲဖြဲပြီး မျက်နှာအရေခွံကပါ ကပ်ပါသွားသည်ကို ပြန်တွေးလိုက်မိပြီး သူမကသာ ထိုသို့ လုပ်ရလျှင် ဆိုသော အခြေအနေကို တွေးမိကာ မနှောင့်နှေးရဲတော့ဘဲ အလျင်အမြန် ဆက်ရှာတော့သည်။
သူတို့က ထိုသို့ အသားကုန် ရှာဖွေလုပ်ကိုင်နေခဲ့ကြပြီး ကြီးမားသော ကျောက်တုံးကြီးတစ်တုံးကို မရွှေ့လိုက်ပြီးနောက်တွင် အောက်တွင် ရှိသည့်ပစ္စည်းတစ်ခုကို မြင်လိုက်ရသည်။
နင်မုန့်က နောက်ဆုံးတွင် ဓားမြှောင်ကို ရှာတွေ့သွားသည်။
လက်စသတ်တော့ အပျက်စီးပုံရဲ့ အောက်မှာ ရှိနေတာကိုး။ ရှာမတွေ့တာ မအံ့ဩတော့ပါဘူး။
မျက်နှာဖုံးကလည်း အတွင်းပိုင်းတွင် ရှိနေပြန်သည်။ အပေါ်ရှိ သင်္ကေတများကလည်း နည်းသည်။ လျိုရွှမ်းက အစပိုင်းတွင် ဝတ်ဆင်ခဲ့သော ပုံစံနှင့် အလွန်တူလေသည်။ သို့သော် အချိန်ကြာလေလေ သင်္ကေတများက ပေါ်လာခြင်း ဖြစ်လောက်သည်။
လျိုရွှမ်းကလည်း မျက်နှာဖုံးကို မြင်မှသာ စိတ်အေးသွားသည်။
"ဒါက ကျွန်မ နေ့တိုင်းမြင်နေတဲ့ ပုံစံပဲ၊ တဖြည်းဖြည်းချင်း ဒီလိုသင်္ကေတတွေများသထက်များလာပြီး မျက်နှာတစ်ခုလုံးအပြည့်ဖြစ်သွားတာ "
မျက်နှာဖုံး၏ မျက်ခုံးကြားထဲတွင် ဓားမြှောင်တစ်ချောင်းက စိုက်ဝင်နေသည်။ ဓားမြှောင်က ပါးစပ်ဖြင့် အကိုက်ခံလိုက်ရသလိုမျိုး တစ်ဝက်က ပြုတ်ကျလုမတတ်ဖြစ်နေသော်လည်း ပြုတ်ကျမလာခဲ့ချေ။ အထဲတွင် မြဲမြံစွာဖြင့် စိုက်ဝင်နေခဲ့သည်။
နင်မုန့်၏ အကြည့်က အပေါ်ပိုင်းတွင်သာ ရှိနေသည်။ သူမအနေဖြင့် ဝတ္ထုထဲက ပြောထားသည့်အတိုင်းသာဆိုလျှင် တစ်စုံတစ်ယောက်က ဓားမြှောင်ကို ယူသွားခဲ့သည်မှာ သေချာသည်။ မျက်နှာဖုံးနှင့် ဓားမြှောင်ကို အတူကိုင်တွယ်နိုင်သည် ဆိုကတည်းက ထိုလူက အင်အားကြီးလောက်ပေမည်။
ဒါက အဲ့ဒီကျွမ်းကျင် ပညာရှင်က အစပိုင်းမှာ မျက်နှာဖုံးထဲကို သရဲကို ပိတ်လှောင်ထားခဲ့တာများလား။
စနစ်ကလည်း သူမ၏ သံသယကို အာရုံခံမိသဖြင့် ချက်ချင်းလိုလို ရှင်းပြပေးကာ သံသယကို ဖယ်ရှားပေးသည်။
"ဒါက သူ ဖိနှိပ်ထားတဲ့ပုံစံမဟုတ်ဘူး၊ မတော်တဆဖြစ်သွားရုံပဲ၊ ဒီမျက်နှာဖုံးက တကယ်တော့ ကြားခံပစ္စည်းတစ်ခုပဲ၊ အပြင်က ကျောက်သား ကျောက်စာတိုင်တွေကမှ တကယ်ဖိနှိပ်ထားတဲ့ စည်းတံဆိပ်ပဲ"
နင်မုန့်၏ မျက်ဝန်းက တောက်ပသွားသည်။
"ဒါဆိုရင် ငါ ဆွဲထုတ်လိုက်ရင် အဆင်ပြေမယ်မဟုတ်လား"
စနစ်ကလည်း တုန့်ပြန်သည်။
"ဒါပေ့ါ မင်းဆွဲထုတ်ပြီး တိုက်ခိုက်လို့လည်း ရတယ်"
ထိုစကားက နင်မုန့်ကို ပျော်ရွှင်သွားစေသည်။ သူမက အသုံးဝင်သော ပစ္စည်းကို နောက်ဆုံးတွင် ရှာတွေ့လေပြီ။
သူမက ဓားမြှောင်ကို ဆွဲထုတ်ကြည့်ရန် ကြိုးစားသော်လည်း အချိန်ပြည့်ပြုတ်ကျသွားနိုင်သည်ဟု ထင်ရသည့် ထိုဓားမြှောင်က အနည်းငယ်ပင် ရွေ့မလာခဲ့ချေ။ ရှီချီက အပြင်တွင် ရှိနေသေးသည်။ သူက ဝင်္ကာကို ပြင်ဆင်နေကတည်းက သူမက သွားနှောင့်ယှက်၍ မဖြစ်ချေ။
အတန်ငယ်တွေးတောပြီးနောက် သူမက လျိုရွှမ်းကို ကြည့်လိုက်သည်။
"လာ ငါတို့အတူ ဆွဲထုတ်ရအောင်"
လျိုရွှမ်းက အတန်ငယ် တုန့်ဆိုင်းသွားသည်။
"စီနီယာအစ်မ၊ ညီမတို့ဖယ်လိုက်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
နင်မုန့်က ခေါင်းခါသည်။
"အချိန်တစ်ခုကြာတဲ့အထိတော့ ဘာမှဖြစ်ဦးမှာမဟုတ်ဘူး၊ ငါတို့တွေ သူတို့ပူဇော်ပွဲလုပ်နေတာကိုလည်း နှောင့်ယှက်လိုက်ပြီး ရှီချီကလည်း အခုစည်းတံဆိပ်ကို ပြန်ပြင်နေပြီလေ၊ သူလာနိုင်ဦးမှာမဟုတ်ဘူး "
စနစ်၏ စကားက အမြဲတစေမှန်ကန်သည်။ သို့ရာတွင် ဝတ္ထုထဲတွင် တစ်စုံတစ်ယောက်က ဓားမြှောင်ကို ယူသွားခဲ့သည်။ ထိုလူက အကောင်းအတိုင်း ပြန်ထွက်သွားခဲ့ကတည်းက ကြီးကြီးမားမားကိစ္စ ဖြစ်မလာဟု ဆိုလို၍ ရလေသည်။
သူမက တုန့်ဆိုင်းနေကြောင်း မြင်သောအခါ ဆက်ပြောလိုက်သည်။
"ငါတို့က နင့်ရဲ့မျက်နှာဖုံးကိုလည်း ဆွဲချွတ်ရမှာပဲ"
လျိုရွှမ်းက ထိုအခါမှသာ သိမ်းသွင်း၍ ရသွားပြီး မျက်နှာဖုံးကို ကိုင်လာသည်။ သူမ၏ လက်မှ အေးစက်မှုကို ခံစားရသည်။
နှစ်ယောက်က အားအင်သုံးကာ တိုက်ခိုက်ရသော ကစားပွဲတစ်ခုကို ကစားနေသကဲ့သို့ ထင်ရသည်။
နင်မုန့်က သူမ၏ အင်အားတိုင်းကို သိသည့်တိုင်အောင် အနည်းငယ်သာ အပြင်သို့ထွက်လာသည်။ သူမ ဒေါသတကြီး ဖနောင့်ဆောင့်လုနီးပါး ဖြစ်သွားသည်။
အချိန်အတန်ကြာ ပင်ပန်းနွမ်းနယ်သွားကြပြီးနောက်တွင် နှစ်ယောက်က အောင်မြင်အောင် မဆွဲထုတ်နိုင်သေးချေ။ သူတို့က အားအင်အလွန်သုံးလိုက်ပြီးကြလေပြီ။ ထို့ကြောင့် တစ်ယောက်ကိုတစ်ယောက်မှီကာ ဘေးနားတွင် နားနေရသည်။
အချိန်တစ်ခုကြာပြီးနောက် နင်မုန့်က ပြန်အော်သည်။
"နင့်ရဲ့မျက်နှာကို ကြည့်ကြည့်ပါဦး၊ မျက်နှာဖုံးကို မြင်ရသေးလား"
လျိုရွှမ်းက မှန်ကို ထုတ်ကြည့်ပြီးနောက် အနက်ရောင်မျက်နှာဖုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အပြင်ဘက်က မျက်နှာဖုံးနှင့် တထေရာတည်း တူညီသည်။ သူမက ခါးသည်းစွာ ပြောသည်။
"ရှိသေးတယ်"
သူမက ရက်အနည်းငယ်ခန့်က ကိုယ့်ဓာတ်ပုံကိုကြည့်ခဲ့သောကြောင့်သာ မဟုတ်လျှင် သူမရုပ်သွင်အစစ်အမှန်ကို မေ့နေလောက်ပြီဖြစ်သည်။
နင်မုန့်က သက်ပြင်းချပြီး နှစ်သိမ့်ပေးသည်။
"နင် အချိန်တစ်ခုပဲ စောင့်ဖို့လိုအပ်မှာပါ"
လျိုရွှမ်းကလည်း ခေါင်းညိတ်ပြီးနောက် သဘောတူကြောင်း ပြန်ပြောလိုက်သည်။
နှစ်ယောက်က ဓားမြှောင်နှင့် မျက်နှာဖုံးကို ပြန်ခွဲကြပြန်သည်။ အချိန်တစ်ခုကြာပြီးနောက်တွင် ဓားမြှောင်က မျက်နှာဖုံးကြားမှ ကျွတ်ထွက်လာခဲ့ပြီး သေးငယ်သော အစိတ်အပိုင်းကသာ ကျန်ရစ်ခဲ့တော့သည်။
နင်မုန့်ကလည်း ချက်ချင်းလိုလို အားအင်ပြည့်သွားသလိုမျိုး သူမ၏အင်အားတိုင်းကို ပြန်ဆင့်ခေါ်လိုက်သည်။
အဆုံးတွင် ပမာဏ အနည်းငယ်သာ ကျန်တော့သောအခါ နှစ်ယောက်လုံးက အင်အားများများစားစား သုံးစရာမလိုတော့ဘဲ ဆွဲခွာ၍ ရသွားပြီး မျက်နှာဖုံးကလည်း အောက်သို့ ပြုတ်ကျသွားသည်။ မျက်နှာဖုံးပေါ်ရှိ သင်္ကေတများကလည်း ချက်ချင်း ပျောက်ကွယ်သွားကာ အမဲရောင် ဗြောင်ဖြစ်သွားသည်။
မျက်လုံးနှစ်လုံးနေရာက အမဲရောင်အပေါက်များဖြစ်နေသေးပြီး အတန်ငယ် ကျောချမ်းစရာကောင်းသည်။
နင်မုန့်က တံတွေးမြိုချလိုက်ပြီးနောက် ဓားမြှောင်ကို လှမ်းကိုင်လိုက်သည်။ သူမက နောက်ဆုံးတွင် အောင်မြင်သွားလေပြီ။ သို့ရာတွင် သူမက သတိမထားမိဘဲ သူမ၏လက်က အနည်းငယ် ဓားသွားဖြင့် အနည်းငယ်ရှသွားသည်။
"ဟစ်"
သူမက လေအေးကို ရှူရှိုက်လိုက်မိသည်။
လျိုရွှမ်းက အသံကို ကြားသော်လည်း မှောင်မဲလွန်းနေသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရသဖြင့် ခပ်မြန်မြန်မေးလိုက်သည်။
"စီနီယာအစ်မ အဆင်ပြေရဲ့လား၊ ထိခိုက်မိသွားတာလား"
ဘာမှတော့မဖြစ်လောက်ပါဘူးနော်။ တကယ်လို့ တစ်ခုခုဖြစ်သွားရင် ငါတို့တော့ သေပြီ။
နင်မုန့်က ဓားမြှောင်ကို ဘယ်ဘက်လက်ဖြင့် ပြောင်းကိုင်လိုက်သည့်အချိန်တွင် ညာဘက်လက် လက်ညှိုးတွင် မျှော်လင့်ထားသည့်အတိုင်း ဒဏ်ရာရှိနေသည်ကို မြင်လိုက်ရသည်။ ကံကောင်းစွာဖြင့် သွေးထွက်မများပေ။
မြေပြင်ပေါ်ရှိ မျက်နှာဖုံးကလည်း အလယ်တွင် အနည်းငယ် ကွဲရာရှိနေသည်။
လျိုရွှမ်းက ဘေးဘက်သို့ လာပြီးမေးသည်။
"စီနီယာအစ်မ ဘာဖြစ်တာလဲ"
နင်မုန့်က သွေးကို အင်္ကျီအဝတ်ဖြင့် သုတ်လိုက်သည်။ သူမ၏လက်ညှိုးပေါ်ရှိ ဒဏ်ရာက မကြီးသော်လည်း နာသေးသည်။ အနည်းငယ်လည်း အေးစက်သလို ခံစားနေရသေးသည့်တိုင်အောင် နာကျင်မှုကို သူမဘာသာ တောင့်ခံထားလိုက်သည်။
သူမက ဘာမှမဖြစ်သလိုမျိုး ပြန်တုန့်ပြန်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ မျက်နှာဖုံးကို နင်လည်း ယူလာခဲ့လိုက်၊ ငါတို့ ဒါကို အသုံးပြုရလိမ့်မယ်"
သို့သော် လျိုရွှမ်း၏ မျက်နှာမှ မျက်နှာဖုံးကို မည်သို့ ဆွဲခွာရမည်မှန်း သူတို့လည်း မသိသေးချေ။
လျှိုရွှမ်းကလည်း ဆက်မမေးတော့ဘဲ မျက်နှာဖုံးကို ကောက်ကိုင်လိုက်သည်။ သူမက လျှို့ဝှက်စွာဖြင့် မှန်ကိုထုတ်ကာ သူမ၏ မျက်နှာကို စစ်ဆေးကြည့်လိုက်ပြီးနောက်တွင် ကြောင်အသွားသည်။
ငါ ငါ့မျက်နှာငါ ပြန်မြင်ရပြီ။
...
ဖရဲစေ့တွေလား ဟမ့်။
ငါ အနာဂတ်မှာ အများကြီး ဝယ်ပေးမယ်။
ရှီချီရဲ့ လျှို့ဝှက်ဒဏ္ဍာရီ
###
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Zawgyi
အပိုင္း (၄၉.၃) ေနာက္ဆုံးေတာ့ ရၿပီ (၃)
နင္မုန႔္က သူက သူမကို ေျပာေနျခင္း ျဖစ္ေၾကာင္း သိလိုက္သည္။
"နင္က ဘယ္လိုလုပ္မလဲ၊ ေက်ာက္စာတိုင္က ကြဲအက္သြားၿပီ၊ ငါတို႔ ျမန္ျမန္ ထြက္မသြားသင့္ဘူးလား"
ထို႐ြာသားမ်ား မည္သည့္ေနရာသို႔ ထြက္သြားေၾကာင္း သူတို႔က မျမင္ႏိုင္ေတာ့ေခ်။ အေၾကာင္းမူကား သဲလြန္စမ်ား မရွိေအာင္ ေပ်ာက္ကြယ္သြားေသာေၾကာင့္ ျဖစ္သည္။
ေက်ာက္စာတိုင္ တစ္ခုခ်င္းစီတိုင္းက ဝိညာဥ္လိုလို အရာမ်ိဳးက ထြက္လာရန္ ႀကိဳးစားေနသည္။ အလြန္ပင္ေႏွးေကြးလြန္းေနသးသည့္တိုင္ေအာင္ သူတို႔အျပည့္အဝလြတ္ေျမာက္သြားရန္ အခ်ိန္သိပ္မလိုေၾကာင္း သိႏိုင္သည္။ သို႔ရာတြင္ လ်ိဳ႐ႊမ္းကမူ မျမင္ႏိုင္သျဖင့္ တစ္စုံတစ္ရာက မွားယြင္းေနေၾကာင္းကိုသာ ခံစားမိႏိုင္သည္။
"စီနီယာအစ္မ၊ စီနီယာအစ္မ ဘာကို ျမင္ေနရလို႔လဲ၊ သရဲေတြ ထြက္လာတာလား"
သူမက ေနာက္ဆုံးအခ်က္ကိုသာ အဓိကအာ႐ုံစိုက္သည္။
နင္မုန႔္၏ ပတ္ဝန္းက်င္မွေလ၏ တိုက္ခတ္မႈက ေအးစိမ့္သည္ထက္ ေအးစိမ့္လာၿပီး သူမ၏ ခႏၶာကိုယ္အတြင္းသို႔ပင္ ဝင္တိုးရန္ ႀကိဳးစားကာ အ႐ိုးထဲသို႔ စိမ့္ဝင္လာေနသည္။
ရွီခ်ီက လွည့္ၾကည့္ၿပီး အေလးအနက္ထားကာ ၫႊန္ၾကားသည္။
"အထဲကိုဝင္ "
ထို႔ေနာက္ သူက ေက်ာက္စာတိုင္မ်ား၏ အလယ္ဗဟိုေနရာသို႔ သြားၿပီး လ်င္ျမန္စြာျဖင့္ ေရးဆြဲေတာ့သည္။ နင္မုန႔္က အျမင္စူးရွသျဖင့္ သူ၏ လက္ေခ်ာင္းထိပ္မ်ားမွာ အမႈန႔္မ်ား က်သြားေၾကာင္း ျမင္လိုက္ရသည္။ သူက အေဆာင္လက္ဖြဲ႕ဆြဲေနျခင္းႏွင့္ တူသည္။
သူ၏ လႈပ္ရွားမႈႏွင့္အတူ အျပင္သို႔ ထြက္ေတာ့မည့္ စိတ္ဝိညာဥ္လိုအရာမ်ိဳးမ်ားက လႈပ္ရွားမႈအလြန႔္အလြန္ ေႏွးေကြးသြားၿပီး ေနာက္ျပန္ဆြဲထားခံရသလို ျဖစ္သြားၾကသည္။ ျမဴထုက ထြက္ေနေသးေသာ္လည္း အရွိန္က သိသိသာသာ ေလ်ာ့က်သြားသည္။
အနက္ေရာင္ေလထုက အကာအကြယ္အလႊာအျဖစ္ လ်င္ျမန္စြာ ေျပာင္းလဲသြားၿပီး ရွီခ်ီ၏ ကိုယ္ကို ထိေတြ႕ရန္ ႀကိဳးစားေသာအခါ ျပင္းထန္စြာ ဆြဲၿဖဲခံရသည္။ သူ၏ ပတ္ဝန္းက်င္က ၿငိမ္းခ်မ္းေသာနယ္ေျမတစ္ခုအျဖစ္ သတ္မွတ္ခံလိုက္ရသလို ျဖစ္သြားသည္။ အနက္ေရာင္ေလထုပင္ ျဖစ္ေစ၊ လိမ္တြန႔္ေနေသာ ဝိညာဥ္မ်ားပင္ျဖစ္ေစ အနားသို႔ မကပ္ရဲၾကေခ်။ သူက ဆက္လက္ၿပီးဆြဲေနသည့္အခ်ိန္တြင္ အနက္ေရာင္အမႈန႔္မ်ားက ေအာက္သို႔ က်သည္ထက္ က်ေနၿပီး အရွိန္ကလည္း ပို၍ ေႏွးသည္ထက္ ေႏွးသြားေစသည္။
နင္မုန႔္က ခါးမတ္လိုက္ၿပီးေနာက္တြင္ လ်ိဳ႐ႊမ္းကို အထဲသို႔ ေခၚသြားကာ ေျပာလိုက္သည္။
"လ်ိဳ႐ႊမ္း နင့္ရဲ႕ မ်က္ႏွာဖုံးကို သြားရွာရေအာင္"
လ်ိဳ႐ႊမ္းက ေဝတိေဝဝါးျဖင့္ ေခါင္းညိတ္ျပလာသည္။
ဘုရားေက်ာင္းက အလြန္ေမွာင္ကာ ေအးစက္ေနသည္။ ထို႔ေၾကာင့္ ဖုန္းမီးအကူညီအျဖင့္သာ လ်ိဳ႐ႊမ္းႏွင့္ နင္မုန႔္တို႔က ဆက္ရွာရသည္။
ဘုရားေက်ာင္း၏ တစ္ဝက္က ဖ်က္ဆီးခံထားရၿပီးသားျဖစ္သည့္အတြက္ အျခားတစ္ဝက္ကသာ အေကာင္းတိုင္းက်န္ရစ္ၿပီး ထိုတစ္ဝက္ကလည္း ယခင္လူမ်ားက ကခုန္သြားခဲ့သည့္ အဓိကခန္းမတစ္ခု ျဖစ္ေနခဲ့ျပန္သည္။ ေျမျပင္တြင္လည္း ေသြးမ်ားက က်န္ေနရစ္ေသးၿပီး မ်က္လုံးထဲ ကိုးလို႔ကန႔္လန႔္ျဖစ္ေနသည္။
လ်ိဳ႐ႊမ္းက နင္မုန႔္၏ေဘး ညာဘက္ျခမ္းတြင္ ျပင္းျပင္းထန္ထန္ ရွာေဖြေနသည္။ မည္သို႔ပင္ဆိုေစ ၎က သူမ၏ အသက္ႏွင့္ဆက္စပ္ေနသည္။
ထိုဘုရားေက်ာင္းက သိပ္မႀကီးေသာေၾကာင့္ မိနစ္အနည္းငယ္အတြင္း ရွာ၍ ၿပီးသြားသည္။ နင္မုန႔္က တဖက္ျခမ္းမွ ၿပိဳက်ေနေသာ ဘက္သို႔ ၾကည့္လိုက္သည္။ သို႔ရာတြင္ လ်ိဳ႐ႊမ္းကမူ ေၾကာက္လန႔္ၿပီး တုန႔္ဆိုင္းေနသည္။ သူမက တိုးလ်ေသာ ေလသံျဖင့္ သတိေပးလာသည္။
"စီနီယာအစ္မ၊ ကြၽန္မတို႔ အျခားတစ္ဖက္မွာ ဘာရွိမွန္းမသိေသးဘူးေလ "
တကယ္လို႔ အဲ့ဒီကေန တစ္ခုခု ထြက္လာခဲ့ရင္ေရာ ...
နင္မုန႔္ကမူ မည္သည့္ေနရာက သတၱိမ်ား ေရာက္လာသည္မသိ သတၱိရွိလာသည္။ ရွီခ်ီက အျပင္တြင္ ရွိေနေသးသျဖင့္ သူမက ေလးလံေသာေလသံျဖင့္ ေျပာလိုက္သည္။
"နင္ မလုပ္ခ်င္ရင္လည္း ထားလိုက္ေတာ့ "
လ်ိဳ႐ႊမ္းက စိတ္ေျပာင္းသြားသည္။
"ကြၽန္မ လုပ္မယ္၊ ကြၽန္မ ဆႏၵရွိပါတယ္ "
မည္သို႔ပင္ ဆိုေစကာမူ သူမ၏ မ်က္ႏွာဖုံးက ရွာမေတြ႕ေသးေလရာ ထိုေနရာတြင္ ရွာေဖြရန္ လိုအပ္သည္။
လူႏွစ္ေယာက္က စတင္ၿပီး အပ်က္အစီးပုံကို ရွင္းလင္းၾကၿပီး အထဲသို႔ ဝင္သထက္ ဝင္သြားၾကသည္။ ထိုအခိုက္ အခ်ိန္အတန္ၾကာ ကုန္လြန္သြားၿပီ ျဖစ္သည္။
လ်ိဳ႐ႊမ္းက အတြင္းတြင္ ရွာေဖြျခင္းကို လက္ေလ်ာ့လိုက္ခ်င္သည္။ သို႔ေသာ္ သူမ၏ မ်က္ႏွာရွိ မ်က္ႏွာဖုံးႏွင့္အတူ ႐ြာသားမ်ားက မ်က္ႏွာဖုံးကို ဆြဲၿဖဲၿပီး မ်က္ႏွာအေရခြံကပါ ကပ္ပါသြားသည္ကို ျပန္ေတြးလိုက္မိၿပီး သူမကသာ ထိုသို႔ လုပ္ရလွ်င္ ဆိုေသာ အေျခအေနကို ေတြးမိကာ မေႏွာင့္ေႏွးရဲေတာ့ဘဲ အလ်င္အျမန္ ဆက္ရွာေတာ့သည္။
သူတို႔က ထိုသို႔ အသားကုန္ ရွာေဖြလုပ္ကိုင္ေနခဲ့ၾကၿပီး ႀကီးမားေသာ ေက်ာက္တုံးႀကီးတစ္တုံးကို မေ႐ႊ႕လိုက္ၿပီးေနာက္တြင္ ေအာက္တြင္ ရွိသည့္ပစၥည္းတစ္ခုကို ျမင္လိုက္ရသည္။
နင္မုန႔္က ေနာက္ဆုံးတြင္ ဓားေျမႇာင္ကို ရွာေတြ႕သြားသည္။
လက္စသတ္ေတာ့ အပ်က္စီးပုံရဲ႕ ေအာက္မွာ ရွိေနတာကိုး။ ရွာမေတြ႕တာ မအံ့ဩေတာ့ပါဘူး။
မ်က္ႏွာဖုံးကလည္း အတြင္းပိုင္းတြင္ ရွိေနျပန္သည္။ အေပၚရွိ သေကၤတမ်ားကလည္း နည္းသည္။ လ်ိဳ႐ႊမ္းက အစပိုင္းတြင္ ဝတ္ဆင္ခဲ့ေသာ ပုံစံႏွင့္ အလြန္တူေလသည္။ သို႔ေသာ္ အခ်ိန္ၾကာေလေလ သေကၤတမ်ားက ေပၚလာျခင္း ျဖစ္ေလာက္သည္။
လ်ိဳ႐ႊမ္းကလည္း မ်က္ႏွာဖုံးကို ျမင္မွသာ စိတ္ေအးသြားသည္။
"ဒါက ကြၽန္မ ေန႔တိုင္းျမင္ေနတဲ့ ပုံစံပဲ၊ တျဖည္းျဖည္းခ်င္း ဒီလိုသေကၤတေတြမ်ားသထက္မ်ားလာၿပီး မ်က္ႏွာတစ္ခုလုံးအျပည့္ျဖစ္သြားတာ "
မ်က္ႏွာဖုံး၏ မ်က္ခုံးၾကားထဲတြင္ ဓားေျမႇာင္တစ္ေခ်ာင္းက စိုက္ဝင္ေနသည္။ ဓားေျမႇာင္က ပါးစပ္ျဖင့္ အကိုက္ခံလိုက္ရသလိုမ်ိဳး တစ္ဝက္က ျပဳတ္က်လုမတတ္ျဖစ္ေနေသာ္လည္း ျပဳတ္က်မလာခဲ့ေခ်။ အထဲတြင္ ၿမဲၿမံစြာျဖင့္ စိုက္ဝင္ေနခဲ့သည္။
နင္မုန႔္၏ အၾကည့္က အေပၚပိုင္းတြင္သာ ရွိေနသည္။ သူမအေနျဖင့္ ဝတၳဳထဲက ေျပာထားသည့္အတိုင္းသာဆိုလွ်င္ တစ္စုံတစ္ေယာက္က ဓားေျမႇာင္ကို ယူသြားခဲ့သည္မွာ ေသခ်ာသည္။ မ်က္ႏွာဖုံးႏွင့္ ဓားေျမႇာင္ကို အတူကိုင္တြယ္ႏိုင္သည္ ဆိုကတည္းက ထိုလူက အင္အားႀကီးေလာက္ေပမည္။
ဒါက အဲ့ဒီကြၽမ္းက်င္ ပညာရွင္က အစပိုင္းမွာ မ်က္ႏွာဖုံးထဲကို သရဲကို ပိတ္ေလွာင္ထားခဲ့တာမ်ားလား။
စနစ္ကလည္း သူမ၏ သံသယကို အာ႐ုံခံမိသျဖင့္ ခ်က္ခ်င္းလိုလို ရွင္းျပေပးကာ သံသယကို ဖယ္ရွားေပးသည္။
"ဒါက သူ ဖိႏွိပ္ထားတဲ့ပုံစံမဟုတ္ဘူး၊ မေတာ္တဆျဖစ္သြား႐ုံပဲ၊ ဒီမ်က္ႏွာဖုံးက တကယ္ေတာ့ ၾကားခံပစၥည္းတစ္ခုပဲ၊ အျပင္က ေက်ာက္သား ေက်ာက္စာတိုင္ေတြကမွ တကယ္ဖိႏွိပ္ထားတဲ့ စည္းတံဆိပ္ပဲ"
နင္မုန႔္၏ မ်က္ဝန္းက ေတာက္ပသြားသည္။
"ဒါဆိုရင္ ငါ ဆြဲထုတ္လိုက္ရင္ အဆင္ေျပမယ္မဟုတ္လား"
စနစ္ကလည္း တုန႔္ျပန္သည္။
"ဒါေပ့ါ မင္းဆြဲထုတ္ၿပီး တိုက္ခိုက္လို႔လည္း ရတယ္"
ထိုစကားက နင္မုန႔္ကို ေပ်ာ္႐ႊင္သြားေစသည္။ သူမက အသုံးဝင္ေသာ ပစၥည္းကို ေနာက္ဆုံးတြင္ ရွာေတြ႕ေလၿပီ။
သူမက ဓားေျမႇာင္ကို ဆြဲထုတ္ၾကည့္ရန္ ႀကိဳးစားေသာ္လည္း အခ်ိန္ျပည့္ျပဳတ္က်သြားႏိုင္သည္ဟု ထင္ရသည့္ ထိုဓားေျမႇာင္က အနည္းငယ္ပင္ ေ႐ြ႕မလာခဲ့ေခ်။ ရွီခ်ီက အျပင္တြင္ ရွိေနေသးသည္။ သူက ဝကၤာကို ျပင္ဆင္ေနကတည္းက သူမက သြားေႏွာင့္ယွက္၍ မျဖစ္ေခ်။
အတန္ငယ္ေတြးေတာၿပီးေနာက္ သူမက လ်ိဳ႐ႊမ္းကို ၾကည့္လိုက္သည္။
"လာ ငါတို႔အတူ ဆြဲထုတ္ရေအာင္"
လ်ိဳ႐ႊမ္းက အတန္ငယ္ တုန႔္ဆိုင္းသြားသည္။
"စီနီယာအစ္မ၊ ညီမတို႔ဖယ္လိုက္လို႔ တစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ"
နင္မုန႔္က ေခါင္းခါသည္။
"အခ်ိန္တစ္ခုၾကာတဲ့အထိေတာ့ ဘာမွျဖစ္ဦးမွာမဟုတ္ဘူး၊ ငါတို႔ေတြ သူတို႔ပူေဇာ္ပြဲလုပ္ေနတာကိုလည္း ေႏွာင့္ယွက္လိုက္ၿပီး ရွီခ်ီကလည္း အခုစည္းတံဆိပ္ကို ျပန္ျပင္ေနၿပီေလ၊ သူလာႏိုင္ဦးမွာမဟုတ္ဘူး "
စနစ္၏ စကားက အၿမဲတေစမွန္ကန္သည္။ သို႔ရာတြင္ ဝတၳဳထဲတြင္ တစ္စုံတစ္ေယာက္က ဓားေျမႇာင္ကို ယူသြားခဲ့သည္။ ထိုလူက အေကာင္းအတိုင္း ျပန္ထြက္သြားခဲ့ကတည္းက ႀကီးႀကီးမားမားကိစၥ ျဖစ္မလာဟု ဆိုလို၍ ရေလသည္။
သူမက တုန႔္ဆိုင္းေနေၾကာင္း ျမင္ေသာအခါ ဆက္ေျပာလိုက္သည္။
"ငါတို႔က နင့္ရဲ႕မ်က္ႏွာဖုံးကိုလည္း ဆြဲခြၽတ္ရမွာပဲ"
လ်ိဳ႐ႊမ္းက ထိုအခါမွသာ သိမ္းသြင္း၍ ရသြားၿပီး မ်က္ႏွာဖုံးကို ကိုင္လာသည္။ သူမ၏ လက္မွ ေအးစက္မႈကို ခံစားရသည္။
ႏွစ္ေယာက္က အားအင္သုံးကာ တိုက္ခိုက္ရေသာ ကစားပြဲတစ္ခုကို ကစားေနသကဲ့သို႔ ထင္ရသည္။
နင္မုန႔္က သူမ၏ အင္အားတိုင္းကို သိသည့္တိုင္ေအာင္ အနည္းငယ္သာ အျပင္သို႔ထြက္လာသည္။ သူမ ေဒါသတႀကီး ဖေနာင့္ေဆာင့္လုနီးပါး ျဖစ္သြားသည္။
အခ်ိန္အတန္ၾကာ ပင္ပန္းႏြမ္းနယ္သြားၾကၿပီးေနာက္တြင္ ႏွစ္ေယာက္က ေအာင္ျမင္ေအာင္ မဆြဲထုတ္ႏိုင္ေသးေခ်။ သူတို႔က အားအင္အလြန္သုံးလိုက္ၿပီးၾကေလၿပီ။ ထို႔ေၾကာင့္ တစ္ေယာက္ကိုတစ္ေယာက္မွီကာ ေဘးနားတြင္ နားေနရသည္။
အခ်ိန္တစ္ခုၾကာၿပီးေနာက္ နင္မုန႔္က ျပန္ေအာ္သည္။
"နင့္ရဲ႕မ်က္ႏွာကို ၾကည့္ၾကည့္ပါဦး၊ မ်က္ႏွာဖုံးကို ျမင္ရေသးလား"
လ်ိဳ႐ႊမ္းက မွန္ကို ထုတ္ၾကည့္ၿပီးေနာက္ အနက္ေရာင္မ်က္ႏွာဖုံးကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္။ အျပင္ဘက္က မ်က္ႏွာဖုံးႏွင့္ တေထရာတည္း တူညီသည္။ သူမက ခါးသည္းစြာ ေျပာသည္။
"ရွိေသးတယ္"
သူမက ရက္အနည္းငယ္ခန႔္က ကိုယ့္ဓာတ္ပုံကိုၾကည့္ခဲ့ေသာေၾကာင့္သာ မဟုတ္လွ်င္ သူမ႐ုပ္သြင္အစစ္အမွန္ကို ေမ့ေနေလာက္ၿပီျဖစ္သည္။
နင္မုန႔္က သက္ျပင္းခ်ၿပီး ႏွစ္သိမ့္ေပးသည္။
"နင္ အခ်ိန္တစ္ခုပဲ ေစာင့္ဖို႔လိုအပ္မွာပါ"
လ်ိဳ႐ႊမ္းကလည္း ေခါင္းညိတ္ၿပီးေနာက္ သေဘာတူေၾကာင္း ျပန္ေျပာလိုက္သည္။
ႏွစ္ေယာက္က ဓားေျမႇာင္ႏွင့္ မ်က္ႏွာဖုံးကို ျပန္ခြဲၾကျပန္သည္။ အခ်ိန္တစ္ခုၾကာၿပီးေနာက္တြင္ ဓားေျမႇာင္က မ်က္ႏွာဖုံးၾကားမွ ကြၽတ္ထြက္လာခဲ့ၿပီး ေသးငယ္ေသာ အစိတ္အပိုင္းကသာ က်န္ရစ္ခဲ့ေတာ့သည္။
နင္မုန႔္ကလည္း ခ်က္ခ်င္းလိုလို အားအင္ျပည့္သြားသလိုမ်ိဳး သူမ၏အင္အားတိုင္းကို ျပန္ဆင့္ေခၚလိုက္သည္။
အဆုံးတြင္ ပမာဏ အနည္းငယ္သာ က်န္ေတာ့ေသာအခါ ႏွစ္ေယာက္လုံးက အင္အားမ်ားမ်ားစားစား သုံးစရာမလိုေတာ့ဘဲ ဆြဲခြာ၍ ရသြားၿပီး မ်က္ႏွာဖုံးကလည္း ေအာက္သို႔ ျပဳတ္က်သြားသည္။ မ်က္ႏွာဖုံးေပၚရွိ သေကၤတမ်ားကလည္း ခ်က္ခ်င္း ေပ်ာက္ကြယ္သြားကာ အမဲေရာင္ ေျဗာင္ျဖစ္သြားသည္။
မ်က္လုံးႏွစ္လုံးေနရာက အမဲေရာင္အေပါက္မ်ားျဖစ္ေနေသးၿပီး အတန္ငယ္ ေက်ာခ်မ္းစရာေကာင္းသည္။
နင္မုန႔္က တံေတြးၿမိဳခ်လိုက္ၿပီးေနာက္ ဓားေျမႇာင္ကို လွမ္းကိုင္လိုက္သည္။ သူမက ေနာက္ဆုံးတြင္ ေအာင္ျမင္သြားေလၿပီ။ သို႔ရာတြင္ သူမက သတိမထားမိဘဲ သူမ၏လက္က အနည္းငယ္ ဓားသြားျဖင့္ အနည္းငယ္ရွသြားသည္။
"ဟစ္"
သူမက ေလေအးကို ရႉရႈိက္လိုက္မိသည္။
လ်ိဳ႐ႊမ္းက အသံကို ၾကားေသာ္လည္း ေမွာင္မဲလြန္းေနေသာေၾကာင့္ ရွင္းရွင္းလင္းလင္း မျမင္ရသျဖင့္ ခပ္ျမန္ျမန္ေမးလိုက္သည္။
"စီနီယာအစ္မ အဆင္ေျပရဲ႕လား၊ ထိခိုက္မိသြားတာလား"
ဘာမွေတာ့မျဖစ္ေလာက္ပါဘူးေနာ္။ တကယ္လို႔ တစ္ခုခုျဖစ္သြားရင္ ငါတို႔ေတာ့ ေသၿပီ။
နင္မုန႔္က ဓားေျမႇာင္ကို ဘယ္ဘက္လက္ျဖင့္ ေျပာင္းကိုင္လိုက္သည့္အခ်ိန္တြင္ ညာဘက္လက္ လက္ညႇိဳးတြင္ ေမွ်ာ္လင့္ထားသည့္အတိုင္း ဒဏ္ရာရွိေနသည္ကို ျမင္လိုက္ရသည္။ ကံေကာင္းစြာျဖင့္ ေသြးထြက္မမ်ားေပ။
ေျမျပင္ေပၚရွိ မ်က္ႏွာဖုံးကလည္း အလယ္တြင္ အနည္းငယ္ ကြဲရာရွိေနသည္။
လ်ိဳ႐ႊမ္းက ေဘးဘက္သို႔ လာၿပီးေမးသည္။
"စီနီယာအစ္မ ဘာျဖစ္တာလဲ"
နင္မုန႔္က ေသြးကို အက်ႌအဝတ္ျဖင့္ သုတ္လိုက္သည္။ သူမ၏လက္ညႇိဳးေပၚရွိ ဒဏ္ရာက မႀကီးေသာ္လည္း နာေသးသည္။ အနည္းငယ္လည္း ေအးစက္သလို ခံစားေနရေသးသည့္တိုင္ေအာင္ နာက်င္မႈကို သူမဘာသာ ေတာင့္ခံထားလိုက္သည္။
သူမက ဘာမွမျဖစ္သလိုမ်ိဳး ျပန္တုန႔္ျပန္လိုက္သည္။
"ဘာမွမျဖစ္ပါဘူး၊ မ်က္ႏွာဖုံးကို နင္လည္း ယူလာခဲ့လိုက္၊ ငါတို႔ ဒါကို အသုံးျပဳရလိမ့္မယ္"
သို႔ေသာ္ လ်ိဳ႐ႊမ္း၏ မ်က္ႏွာမွ မ်က္ႏွာဖုံးကို မည္သို႔ ဆြဲခြာရမည္မွန္း သူတို႔လည္း မသိေသးေခ်။
လွ်ိဳ႐ႊမ္းကလည္း ဆက္မေမးေတာ့ဘဲ မ်က္ႏွာဖုံးကို ေကာက္ကိုင္လိုက္သည္။ သူမက လွ်ိဳ႕ဝွက္စြာျဖင့္ မွန္ကိုထုတ္ကာ သူမ၏ မ်က္ႏွာကို စစ္ေဆးၾကည့္လိုက္ၿပီးေနာက္တြင္ ေၾကာင္အသြားသည္။
ငါ ငါ့မ်က္ႏွာငါ ျပန္ျမင္ရၿပီ။
...
ဖရဲေစ့ေတြလား ဟမ့္။
ငါ အနာဂတ္မွာ အမ်ားႀကီး ဝယ္ေပးမယ္။
ရွီခ်ီရဲ႕ လွ်ိဳ႕ဝွက္ဒ႑ာရီ
###
Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။