"အရှင့်သားဒီနေ့နေမကောင်းဘူးဆိုပြီးအကြောင်းပြလိုက်ရအောင်ပါကျွန်တော်မျိုးစိတ်ပူတယ်"
ကုန်းကုန်းပန်ဒိုရာခြေထောက်ကိုဆွဲဖက်ထားပြီးငိုတော့မတတ်ဖြစ်နေရှာသည်။
"အဲ့လိုလုပ်လိုက်ရင်ဒီမင်းသားကိုငကြောက်လို့ထင်သွားမှာပေါ့"
"ဒါပေမယ့်အရှင့်သား..."
"ဘာမှထပ်မကြားချင်တော့ဘူးတော်ပြီ!"
အပျိုတော်တစ်စုကအရောင်လွှင့်နေပုံရသည့်ဝတ်စုံကိုသူ့ကိုယ်ပေါ်ချုံပေးလာတာကြောင့်ပန်ဒိုရာမျက်မှောင်ကျုံ့လိုက်ပြီး
"ဒါကသူတောင်းစားတွေဝတ်တဲ့ဝတ်ရုံကြီးမလား!"
"ဒါ..ဒါကအရှင့်သားနေ့တိုင်းဝတ်လေ့ရှိတဲ့ဝတ်တဲ့ဝတ်ရုံတော်တွေပါ"
"မလိုချင်ဘူးအနီရောင်တောက်တာလေးယူခဲ့!"
"အရှင့်သားအမိန့်ပေးနေတာမကြားဘူးလားဒီငေးတိငေးကြောင်တွေနဲ့တော့!"
ကုန်းကုန်းရဲ့အော်ဟစ်သံကြားမှအပျိုတော်တွေကပြေးလွှားကာအနီရောင်တောက်နေသောဝတ်ရုံကိုယူလာပေးကြသည်။
အသားဖြူဖြူပေါ်မှာအနီရောင်ဝတ်ရုံလေးတင်လိုက်တော့ပန်ဒိုရာကကောင်းကင်သို့ဆန်တက်နေသည့်မသေးမျိုးတစ်ပါးလိုမျိုးတောက်ပနေတော့သည်။
"အိုကေ!အခုအရမ်းအဆင်ပြေသွားပြီ"
"အို..အိုကေ,ကဘယ်ဘာသာစကားများလဲအရှင့်သားကျွန်တော်မျိုးမကြားဖူးဘူးလို့ထင်မိလို့ပါ"
"အိုကေလား!အဲ့တာကအနောက်တိုင်းဘာသာစကားပါ"
ကုန်းကုန်းတင်မကအပျိုတော်လေးတွေကပါသူ့ကိုမျက်လုံးပြူးပြီးကြည့်ကုန်ကြသည်။
"အရှင့်သားကအနောက်တိုင်းစကားကိုဘယ်..ဘယ်လိုသိ..သိ!"
ကုန်းကုန်းမှာအံ့သြမှုကြောင့်စကားပင်ဆုံးအောင်မပြောနိုင်တော့။အနောက်တိုင်းဘာသာစကားဆိုတာသူတို့လူမျိုးတွေနားလည်နိုင်ဖို့ခက်ခဲလွန်းသည်။ပညာသင်သားများနှင့်ပညာရှင်တွေကပင်အနောက်တိုင်းစကားကိုတတ်မြောက်နိုင်စွမ်းမရှိကျ။အရှင့်သားက...။
ပန်ဒိုရာ,ကုန်းကုန်းကိုမျက်လုံးတစ်ဖက်မှိတ်ပြကာနုတ်ခမ်းပေါ်လက်ညိုးတင်လိုက်တော့ကုန်းကုန်းကအလုံးစုံနားလည်သွာသလိုခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်ပြလာပြီးအပျိုတော်တွေဘက်လှည့်ကာနုတ်ပိတ်ထားဖို့တစ်မျိုးပြီးတစ်မျိုးချိန်းခြောက်တော့သည်။
အပျိုတော်တွေကကြောက်လန့်တကြားဖြစ်နေတာကြောင့်မတ်မတ်ပင်မရပ်နိုင်ကြတော့။
"တော်ပါတော့ကုန်းကုန်းရယ်ကျွန်တော်အနောက်တိုင်းဘာသာစကားတတ်တာကလျို့ဝှက်ထားစရာမလိုပါဘူးကျွန်တော်နားငြီးလာလို့ကုန်းကုန်းကိုတိတ်တိတ်နေဖို့အချက်ပြတာပါ"
ကုန်းကုန်းမှာမျက်နှာကြီးနီရဲသွားတော့သည်။အပျိုတော်တွေကကြောက်စိတ်ပြေသွားသလိုမျိုးမတ်တပ်ရပ်နိုင်လာကြပေမယ့်ဒီလျှို့ဝှက်ချက်ကိုဒီတစ်သက်ထုတ်ပြောဝံ့မှာမဟုတ်တော့။
ပန်ဒိုရာ,ရှေ့ကျနေသောသူ့ဆံပင်တွေကိုအနောက်လှန်တင်ခိုင်းလိုက်ပြီးလှပတဲ့မျက်နှာကိုဖော်ထုတ်လိုက်သည်။ခါးထိရှည်လျားဖြောင့်စင်းနေသောဆံပင်များကြောင့်ပန်ဒိုရာစိတ်ရှုပ်မိပေမယ့်ညှပ်ပြစ်လို့လဲမရ။အပျိုတော်တွေကအိမ်ရှေ့စံရဲ့ချောမောလွန်းတဲ့မျက်နှာလေးကိုမြင်ပြီးပါးတွေနီရဲသွားကြတော့သည်။
'အိမ်ရှေ့စံကဘယ်တော့ကိုယ်လုပ်တော်ရွေးမှာလဲ'
ကုန်းကုန်းမှာသူ့ရဲ့အရှင့်သားကိုအံ့သြရလွန်းလို့အသက်ရူပင်ရပ်တန့်တော့မလိုခံစားနေရသည်။ထားလိုက်ပါတော့လေသူတို့အရှင့်သားကပြောင်းလဲချင်တယ်ဆိုရင်သူကအဲ့တာကိုလက်ခံနိုင်ရမှာပေါ့။
ဖိတ်ကြားထားတဲ့နေရာသို့ရောက်တော့လူတွေပင်အတော်စုံနေပြီဖြစ်သည်။နေရာလွတ်ဆိုလို့ဘုရင်ကြီးနေရာနှင့်သူ့ရဲ့နေရာသာကျန်တော့သည်။သူဝင်လာတော့အားလုံးရရဲ့မျက်လုံးတွေကသူ့ဆီရောက်လာပြီးအံ့သြတစ်ကြီးဖြစ်ကုန်ကြသည်။
"ဒါ..ဒါကဘယ်အိမ်တော်ရဲ့သခင်လေးလဲ!"
"မသေမျိုးတစ်ပါးလူ့ပြည်ကိုကြွလာတာများလား"
"အရှင့်သားရဲ့ကုန်းကုန်းကဘာလို့!"
ကုန်းကုန်းကိုမြင်မှလူတွေကသဘောပေါက်သွားကာရွံ့ရှာသွားကြပြီးနေရာမှထကာဝတ်ကျေတန်းကြေအရိုအသေးပေးလာကြသည်။ပန်ဒိုရာမှာသူတို့ကိုအာရုံစိုက်ဖို့အချိန်ရှိမနေ။သူ့ရှေ့ချထားသောသေရည်အကောင်းစားကိုကြည့်ပြီးမျက်လုံးတွေဝင်းလက်သွားသည်။မော်ဒန်ခေတ်မှာဆိုအသက်မပြည့်သေးလို့မသောက်ရဘူးဘာညာနှင့်ကန့်သတ်ချက်တွေသိပ်များသည်။ဒီနေရာမှာတော့ယောကျ်ားတစ်ယောက်ဖြစ်တာနှင့်အခွင့်အရေးတွေကအလိုအလျောက်ရပြီးသားပင်။
အရက်ကိုစိမ်ခံသောက်နေရင်းအရန်ဇာတ်ကောင်လေးယောက်ကိုချောင်းကြည့်လိုက်တော့ဖခင်စစ်သူကြီးများရဲ့ဘေးမှာဘေးမှာရိုရိုကျိုးကျိုးလေးထိုင်နေကြပြီးသူ့ဘက်ကိုတော့စိတ်ပျက်သလိုအကြည့်များဖြင့်တစ်ချစ်တစ်ချက်ကြည့်လာကြသည်။
'သောက်ကျိုးနည်း,ရင်ခုန်ချင်စရာမရှိတဲ့အခွက်တွေနဲ့များလာချေနေသေးတယ်'
နောက်ဆုံးတော့ဘုရင်ကြီးကြွချီလာတာကြောင့်အားလုံးကမတ်တပ်ထရပ်ကာသက်တော်ရာကျော်ရှည်ဖို့ဝိုင်းဆုတောင်းပေးကြရသည်။ဘုရင်ကြီးရဲ့နောက်မှာတော့မိဖုရားခေါင်ကြီးနှင့်လူတွေချစ်သောမင်းသမီးလေးကသိမ်မွေ့စွာလိုက်ပါလာသည်။
အချိန်ကျရောက်လာသည်နှင့်တိုက်ခိုက်ရေးစင်ပေါ်သို့မျက်နှာမှာကန့်လန့်ဖြတ်ဓါးဒဏ်ရာနှင့်လူကတက်လာပြီးပန်ဒိုရာဘက်ကိုစူးစူးဝါးဝါးကြည့်လာသည်။ဘုရင်ကြီးမှာတည်ငြိမ်ယောင်ဆောင်နေသော်လည်းရင်ထဲမှာတော့အတော်ပင်ထိတ်လန့်နေသည်။
အရှင့်သားရဲ့ဓါးနှင့်မျက်နှာကိုကန့်လန့်ဖြတ်ခုတ်ချခံလိုက်ရသူမှာအရှေ့စစ်သူကြီး၏လက်အောက်ကစစ်မှူးကြီးဖြစ်သည်။သူ့ရဲ့ပညာတွေကပြိုင်ဖက်ကင်းလွန်းတာကြောင့်အရှေ့စစ်သူကြီးကအလွန်ပစားပေးထားသူဖြစ်သည်။လွန်ခဲ့သောရက်အနည်းငယ်ကဖြစ်ရပ်ကိုစစ်မှူးကမတော်တဆဟုသာသေချာပေါက်တွေးထားပြီးသူရဲ့ဂုဏ်သိက္ခါကိုပြန်ဆယ်ချင်သည့်အတွက်အရှင့်သားနှင့်ပြန်လည်တိုက်ခိုက်ချင်တာကြောင့်သူ့ရဲ့ဆရာအရှေ့စစ်သူကြီးထံတစ်ဂျီဂျီလုပ်တော့သည်။သူ့ရဲ့လက်အောက်ငယ်သားဖြစ်နေပြီးသူ့ရဲ့ဂုဏ်သိက္ခါကိုပါထိခိုက်နိုင်တာကြောင့်အရှေ့စစ်သူကြီးကဘုရင်ကြီးထံလျှောက်တင်လိုက်သည်။
ဘုရင်ကြီးမှာဘယ်နည်းနှင့်မှသဘောမတူချင်ပေမယ့်အရှေ့စစ်သူကြီးနှင့်ရန်သူဖြစ်သွားလျှင်အိမ်ရှေ့စံရှေ့ရေးအတွက်မကောင်းနိုင်တာကတစ်ကြောင်း၊အိမ်ရှေ့စံကအရမ်းတွေတက်ကြွနေတာကတစ်ကြောင်းဖြင့်စိတ်မပါစွာလိုက်ခံလိုက်ရတော့သည်။
စစ်သူကြီးလေးယောက်ကအသေးစားတိုက်ပွဲကိုစိတ်မဝင်စားတာကြောင့်သေရည်ကိုသာဖိသောက်နေကြပေမယ့်တိုက်ပွဲကိုကိုယ်တွေ့မြင်ဖူးထားတဲ့သားဖြစ်သူတွေကတော့မျက်တောင်ပင်မခတ်နိုင်ပဲတစ်စိုက်မတ်မတ်ကြည့်နေကြသည်။ထို့နေကမတော်တဆပဲလားတကယ်အစစ်တိုက်နိုင်တာလားဆိုတာသူတို့တကယ်သိချင်လှသည်။
ပန်ဒိုရာကသေရည်ပုလင်းကိုကိုင်ကာအနည်းငယ်ယိုင်တိယိုင်တိုင်ဖြင့်ကွင်းထဲဆင်းလာတော့လူတွေကမသိမသာဝိုင်းနှာခေါင်းရှုံကြသည်။မနေ့ကပဲလူတောမတိုးတဲ့လူကဒီနေတော့လူရမ်းကားဖြစ်နေပြန်သတဲ့။ဒါကသူတို့အိမ်ရှေ့စံတဲ့လား။
"အရှင့်သားကဒီလောက်လှမှန်းမသိခဲ့ဘူးဘာလို့ဒီလောက်အလှတွေပြင်ထားတာလဲကျွန်တော်မျိုးကိုမြူဆွယ်အသနားခံမလို့လား"
"ဒီမလာခင်ကငါမင်းကိုငြင်ငြင်သာသာအသက်ထွက်စေမယ်လို့ဆုံးဖြတ်ခဲ့တာအခုတော့မရတော့ဘူးပဲငါမင့်ရဲ့လျှာကိုအရှင်လတ်လတ်ဖြတ်ပြစ်မယ်"
ထိုလူမှာအံကြိတ်လိုက်ပြီး
"ဒါဆိုအရှင့်သားစ,တိုက်ပါ"
စစ်မှူးကြီးကဓါးကိုအသင့်အနေအထားကိုင်ထားပြီးအိမ်ရှေ့စံဝင်လာသည်နှင့်နှစ်ခြမ်းဖြဲလိုက်ဖို့အသင့်ပြင်ထားလိုက်သည်။
အိမ်ရှေ့စံကအရက်မော့သောက်နေလို့သူနှာခေါင်းရှုံလိုက်တုန်းတစ်စုံတစ်ခုကသူ့ခေါင်းတည့်တည့်ပြုတ်ကျလာတာကြောင့်အသံနက်ကြီးဖြင့်အော်ဟစ်လိုက်မိပြီးအနည်းငယ်မူးဝေးသွားတော့သည်။သူ့ရဲ့ခေါင်းကြည်လာချိန်မှာတော့အိမ်ရှေ့စံကယိုင်တိယိုင်တိုင်နှင့်သူ့ကိုကြည့်နေဆဲပင်။ခုနကသူ့ခေါင်းကိုပြုတ်ကျလာတာကအိမ်ရှေ့စံသောက်နေသောအရက်ပုလင်း....။
ထိုအခါမှာငေးကြောင်နေသောလူများမှာသတိဝင်လာပြီးစစ်သူကြီးလေးယောက်မှာလည်းမျက်တောင်ပင်မခတ်နိုင်တော့။
'သူကဘယ်လိုလုပ်အမြင့်ကြီးခုန်ပြီးပုလင်းကိုခေါင်းတည့်တည့်ပေါက်ချလိုက်နိုင်တာလဲဒါကလျှို့ဝှက်အတွင်းအားထုတ်နည်းများလား'
စစ်မှူးမှာတစ်ရှက်ကနှစ်ရှက်ဖြစ်လာတာကြောင့်ဒေါသတကြီးဓါးနှင့်ပြေးထိုးလိုက်တော့သူ့ရှေ့ကလူကဖြတ်ကနဲပျောက်ကွယ်တာကြောင့်,ကြောင်တောင်တောင်နှင့်လိုက်ရှာလိုက်တော့သူ့ရဲ့နောက်ကျောဘက်တစ်လံအကွာမှာရပ်နေပြီးယိုင်တိုင်တိုင်ဖြစ်နေဆဲပင်။
သူတင်မဟုတ်ဘေးမှကြည့်နေသူများပင်အိမ်ရှေ့စံနေရာပြောင်းသည်ကိုမနည်းလိုက်ကြည့်နေရသည်။
အကြိမ်ပေါင်းများစွာဓါးနှင့်ပြေးထိုးပြီးနောက်မှာတော့စစ်မှူးကြီးဟာအတော်ပင်ပန်းနေလေပြီ။
ဘုရင်ကြီးကပျော်ရွှင်နေတာကိုဖုံးကွယ်ရင်းသမ်းဝေလိုက်ကာ
"သားတော်တိုက်ပွဲကိုမြန်မြန်အဆုံးသတ်ပြီးပြန်အိပ်ဖို့လုပ်ပါတော့ငယ်ငယ်ရွယ်ရွယ်မှာစောစောအိပ်မှအရပ်ရှည်လာလိမ့်မယ်"
အိမ်ရှေ့စံဟာဘုရင်ကြီးဘက်လှည့်ကာအရိုအသေပြုလိုက်ပြီးထိုလူဓါးနှင့်ပြေးထိုးတာကိုငြိမ်ခံနေလိုက်သည်။လူတွေအကုန်လုံးကအိမ်ရှေ့စံဓါးထိုးခံလိုက်ရပြီထင်လိုက်ပေမယ့်စစ်မှူးရဲ့ဓါးဟာလေပေါ်မြှောက်လျှက်သားရှိနေပြီးမျက်လုံးပြူးကာနောက်ပြန်လဲကျသေဆုံးသွားတော့သည်။ထိုလူရဲ့ဗိုက်ကဓါးမြှောင်ဖြင့်ကန့်လန့်ဖြတ်ခံလိုက်ရတာကြောင့်ကလီစာတစ်ချို့ကထွက်ကျနေပြီးသွေးများကလည်းရေအိုင်ငယ်သဖွယ်ဖြစ်နေတော့သည်။
"ဟွန့်ငါကအရှင်လတ်လတ်လျှာဖြတ်ချင်တာကိုသေသွားပြီ"
ကလေးတစ်ယောက်လိုမကျေမနပ်ရေရွတ်နေတဲ့အိမ်ရှေ့စံကြောင့်ဝါရင့်စစ်သားကြီးများပင်ကျက်သီးတွေတစ်ဖြန်းဖြန်းထလာသည်။
"ကုန်းကုန်းရေ..ကုန်းကုန်း!"
ကုန်းကုန်းမှာငေးကြောင်နေရာမှသတိဝင်လာပြီးအိမ်ရှေ့စံဆီချက်ချင်းပြေးလာခဲ့သည်။
"ကုန်းပိုးပေး!"
ကုန်းကုန်းမှာမသင့်တော်မှန်းသိပေမယ့်ဘုရင်ကြီးရဲ့ခေါင်းငြိမ့်ပြမှုကြောင့်ကျောပိုးသွားဖို့သာရွေးချယ်လိုက်ရတော့သည်။
အိမ်ရှေ့စံမရှိတော့ပေမယ့်ပွဲကြည့်ပရိတ်သတ်များဟာမလှုပ်ရှားဝံ့ပဲငြိမ်သက်နေခဲ့ကြသည်။
______________________________________
614❤️
______________________________________