164 01
အပိုင်း ၁၆၄
"အရှင်မင်းကြီး ဒီအရာရှိရဲ့သမီးက တပည့်အဆင့်ပဲ ရှိသေးတာပါ။ မနက်ဖြန်မှာ ဆေးဝါးအကယ်ဒမီကျောင်းတော်ကို တရားဝင် ဝင်ရောက်မှာပါ"
မင်းသားငယ်ကို ကုဖို့ ဟုတ်လား။ သူ လာနောက်နေတာလား။
"ဒါက အလုပ်မဖြစ်ဘူးဆိုရင် မင်းအနေနဲ့ ဆေးဝါးအကယ်ဒမီကို သွားဖို့ မလိုတော့ဘူး"
မော့ရုန်ကျန်း၏ နှုတ်ခမ်းထောင့်စွန်းများက ကော့တက်ကာ ပြုံးလျက် ယဲ့ကျန်း၏ မျက်ဝန်းများကို စိုက်ကြည့်လာသည်။ ယဲ့ကျန်း၏ မျက်ဝန်းထဲတွင် ဒေါသများရှိကြောင်း သူက မြင်နေရသည်။
သူပေါ်လာကတည်းက ထိုမိန်းကလေးက ခေါင်းကိုသာ ဆက်တိုက်ငုံ့ထားပြီး သူ့ကို ကြည့်ပင် မကြည့်ရဲခဲ့ချေ။ သူကသာ သူမအား မမြင်ဖူးလျှင် သူမက ကြောက်လန့်ပြီး ရှက်နေသည်ဟု ထင်မိလောက်သည်။
ဒါပေမဲ့ ဘာလို့ ဒီမိန်းကလေးဆီမှာ သူ့ကို အထင်အမြင်သေးပြီး ရွံ့ရှာမုန်းတီးတဲ့ ခံစားချက်မျိုး ရှိနေတယ်လို့ ခံစားချက်မျိုး ရှိနေတာလဲ။
ယခု သူ၏ ရက်စက်သော စကားများကြောင့် သူမက သူ့အား မော့ကြည့်လာသည်။ ထိုသို့ဖြင့် မျက်နှာတစ်ခုလုံးက ပေါ်လာတော့သည်။
သူမ၏ကြည်လင်တောက်ပသော အနက်ရောင်မျက်ဝန်းများတွင် ဒေါသများနှင့် စိတ်ရှုပ်ထွေးမှုများ နားမလည်မှုများက ပြည့်နှက်နေသည်။ ဒီနေ့ သူမ၏မျက်ဝန်းများက ထိုမျှ တောက်ပကာ ခံစားချက်အပြည့် ဖော်ပြနိုင်ကြောင်း သူ့အနေနှင့် ပထမဆုံးအကြိမ် ရှာတွေ့လိုက်ရသည်။
"ဘာလဲ။ ကျန်းက မင်းကို အနိုင်ကျင့်တယ်လို့ ထင်လား"
သူမက ဘာမှမပြောသော်လည်း သူမ၏မျက်ဝန်းအရ သူက ခံစားချက်ကို နားလည်နိုင်သည်။ မော့ရုန်ကျန်းဟာလည်း ထိုမျက်ဝန်းမှတစ်ဆင့် သူမပြောလိုသော စကားများကို ပြန်ပြောနိုင်လေသည်။
ဒါက တကယ်စိတ်ဝင်စားဖို့ ကောင်းတယ်။
ယဲ့ကျန်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီးနောက်တွင် သင့်တော်သော အပြုံးမျိုး ပြုံးပြလာကာ သူ၏လှောင်သောစကားကို ဖြေသည်။
"ဧကရာဇ်က ကောင်းကင်ဘုံရဲ့သားတော်ပါ။ ဒီလို အားနည်းတဲ့ မိန်းမတစ်ယောက်ကို ဘယ်လိုများ အနိုင်ကျင့်နိုင်ပါ့မလဲ။ ဒီလိုအရာမျိုးကို လူဖျင်းတွေကပဲ လုပ်တာပါ"
မော့ရုန်ကျန်းက မျက်ခုံးပင့်လိုက်ကာ ပြောသည်။
"ဆိုတော့ မင်းက ကျန်းကို လူဖျင်းလို့ ပြောတာပေါ့"
"ဒီသခင်မလေးက အဲဒီလို မပြောမိပါဘူး"
ယဲ့ကျန်းက ခေါင်းကိုမော့ပြီး တည်ငြိမ်စွာ ဖြေသည်။
"မင်းရဲ့စိတ်ထဲမှာ အဲဒီလိုတွေးနေခဲ့တာ မဟုတ်လား"
မော့ရုန်ကျန်းက လေသံတိုးတိုးဖြင့် မေးသည်။ သူက ရုတ်တရက် ရေပူစမ်းအတွင်းတွင် သူမကို ဆုံခဲ့ချိန်က အဖြစ်အပျက်များကို ပြန်သတိရသွားသည်။ ထိုမိန်းကလေး၏ ကြော့ရှင်းကြည့်ကောင်းပြီး လှပသော ခန္ဓာကိုယ်က ရေသူမလို ရေထဲမှ ပေါ်ထွက်လာဟန်ကို ပြန်တွေးမိသွားသည့်အခါ သူ၏မျက်လုံးများက မှေးကျဉ်းသွားပြီး ယဲ့ကျန်းကို တွေးတွေးဆဆ ကြည့်သည်။
ယဲ့ကျန်းဟာလည်း ကြောက်လန့်မှု မရှိဘဲ သူ့ကို ကြည့်လျက် ပြောလိုက်သည်။
"ဧကရာဇ်က တခြားလူတွေ ဘာတွေးသလဲဆိုတာကို ဂရုစိုက်တာပါလား"
ဘယ်လောက်တောင် ရိုးရှင်းလိုက်တဲ့ စကားဝှက်လဲ။
မော့ရုန်ကျန်းမှာ ဒီလိုအရှက်မရှိတဲ့ ဘက်ခြမ်း ရှိမယ်လို့ ငါ မထင်ထားဘူး။
164 02
မော့ရုန်ကျန်းကလည်း ယဲ့ကျန်း၏ သူ့ထံ မူတည်နေသော ဒေါသကို ခံစားမိသည့်အခါ ရယ်တော့သည်။
"ကျန်းက မင်းကို မင်းသားငယ်ကို ကုသခိုင်းတာနဲ့ပဲ မင်းက အခုလို ဒေါသကြီးနေပြီလား"
"ဒီသခင်မလေးက အတွန့်မတက်ရဲပါဘူး"
ဧကရာဇ်ရဲ့ရှေ့မှာ အတွန့်တက်တယ်လို့ ငါ ဝန်ခံလိုက်ရင် ငါရူးနေလို့ပဲ။
"မင်းက ဝန်ကြီးလုလင်ကျစ်ရဲ့ ခြေထောက်ဒဏ်ရာကို အချိန်တိုအတွင်းမှာ ပျောက်ကင်းအောင် ကုသနိုင်တယ် ဆိုကတည်းက မင်းသားငယ်ရဲ့ရောဂါကိုလည်း ကုသနိုင်မယ်လို့ ယုံကြည်တယ်"
မော့ရုန်ကျန်းက ဤတစ်ကြိမ်တွင် လေးနက်သော လေသံဖြင့် ပြောလာသည်။
"မလုပ်နိုင်ခဲ့ရင် ဘာဖြစ်မှာပါလဲ"
"ဒီလိုဆိုရင် ကျန်းက မင်းကို အပြစ်ပေးမှာပေါ့"
မော့ရုန်ကျန်းကလည်း ချက်ချင်း ပြန်ဖြေသည်။ ဒါက သူ၏နဂိုထောင်လွှားသော အာဏာရှင်အမူအရာ ပြန်ဖြစ်သွားလေသည်။
သူက သူမအား စိန်ခေါ်နေသည်မှာ သံသယဝင်ရန်ပင် မလိုချေ။ ယဲ့ကျန်းက သူမယခင်သိထားသော မော့ရုန်ကျန်းက ဤတစ်ယောက်ပင် ဟုတ်ပါရဲ့လားဟု တွေးတောမိသွားသည်။ သူက သူမကဲ့သို့ အမျိုးသမီးတစ်ယောက်ကို ထိုမျှ အနိုင်ကျင့်လိမ့်မည်ဟု မထင်ခဲ့မိဖူးချေ။
"ဘာလဲ မင်းက လက်မခံနိုင်ဘူးလား"
သူ၏အရှေ့ရှိ ထိုမိန်းကလေးက ဒေါသများကြောင့် မျက်နှာက နီရဲလာသည့်တိုင် စကားတစ်ခွန်းမျှ မဆိုဘဲ တင်းခံထားသေးသည်။ သူမက ခေါင်းကိုသာ ငုံ့ပြီး အသနားခံလာလျှင် သူက သူမကို ဆက်စရန် စိတ်မဝင်စားလောက်တော့ချေ။ သို့သော် ကိစ္စက ထိုသို့ ဖြစ်မလာခဲ့ချေ။ သူမက သူ့အား ခေါင်းမာစွာသာ ကြည့်ပြီး မည်သည့်အဖြေကိုမျှ ပေးမလာချေ။
သူမက ဦးညွှတ်ရန် ငြင်းဆန်ခြင်းကို သူက မြင်နေရလေလေ သူက သူမ၏အကန့်အသတ်ကို စမ်းသပ်ချင်လာလေလေ ဖြစ်လာသည်။
ယဲ့ကျန်းက သည်းခံပြီး ပြုံးလိုက်သည်။
"အရှင်မင်းကြီးက လေးစားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒီအရာရှိရဲ့သမီးက အကောင်းဆုံးကြိုးစားပြီး မင်းသားငယ်ကို ကုသပါမယ်"
သူမက တကယ်သဘောတူလိုက်တာလား။ မော့ရုန်ကျန်း၏ နှုတ်ခမ်းပါးများကပင် ခပ်တင်းတင်း စေ့ကပ်သွားတော့သည်။
သူက သူမအား ချန်းတဲ့တောင်စံအိမ်တွင် ဆုံခဲ့ချိန်က သူမဟာ သူ၏အာရုံကို တမင်ဆွဲဆောင်ရန် ကြိုးစားခဲ့သည်ဟု ထင်ခဲ့သည်။ နောက်မှသာလျှင် သူမက တခြားသော အမျိုးသမီးများကဲ့သို့ သူနှင့်တွေ့ဆုံရန် ထောင်ချောက်ဆင်သောလူမျိုး မဟုတ်ကြောင်း သိခဲ့ရသည်။ ထို့အစား လုယောင်ယောင်က ရည်ရွယ်ချက်ရှိရှိပင် သူက ကပ်ရောဂါကြီးတစ်ခုလို တမင်ရှောင်ရှားနေခဲ့သည်။ သံသယဝင်ရန် မလိုလောက်အောင် သူမက လုဝူရွှမ်းနှင့် မတူဘဲ ကွာခြားသည်။
မော့ရုန်ကျန်းအနေနှင့်လည်း သူက မည်သည့်အတွက်ကြောင့် လုယောင်ယောင်ကိုသာ မြင်နေကြောင်း မပြောနိုင်ချေ။ ဒါက သူမ၏လှပသော ရုပ်ရည်ကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ် သူမ၏ နာမည်က ယောင်ယောင် ပါနေသောကြောင့်လည်း ဖြစ်နိုင်သည်။ သို့ရာတွင် သူကောင်းကောင်း သိနေသည်မှာ လက်ရှိတွင် လုဝူရွှမ်းဟာ အဆင့်မြင့်ရာထူးရှိသော တော်ဝင်ကိုယ်လုပ်တော် တစ်ယောက် ဖြစ်နေသေးပြီး သူဟာ နန်းတော်ထဲသို့ နောက်ထပ် လုမျိုးရိုးအမည်ရှိသော အမျိုးသမီးတစ်ယောက်ကို ထပ်ခေါ်၍ မသင့်ချေ။
ဒါပေမဲ့ လုယောင်ယောင်က သူ မျှော်လင့်ထားတာကို ကျော်လွန်နေတဲ့ပုံပဲ။ လုယောင်ယောင်က ဆေးဝါးအကယ်ဒမီသို့ ဝင်ခွင့်ရခဲ့သည်။ အမျိုးသမီးအကယ်ဒမီ၏ စည်းမျဉ်းများအတိုင်း နန်းတော်က နှစ်တိုင်းလိုလို တော်ဝင်နန်းတော်ထဲသို့ တော်ဝင်သမားတော်အဖြစ် ခေါ်ဆောင်ရန် ဆေးဝါးအကယ်ဒမီက လူနှစ်ယောက်စီ ရွေးချယ်ရသည်။
သူမက အနာဂတ်မှာ နန်းတော်ထဲကို ဝင်ဖို့ ဆန္ဒရှိတာလား။ ထိုသို့ တွေးမိသည့်အခါ မော့ရုန်ကျန်းက သူက ထိုသို့အများကြီး လိုက်တွေးနေမိသည့်အတွက် ထူးဆန်းသည်ဟု ခံစားသွားရပြန်သည်။
ဘာလို့ သူကလည်း ဂရုစိုက်နေရတာလဲ။
သူ၏မယ်တော်မှ လွဲလျှင် သူ တောအုပ်ထဲတွင် ငယ်စဉ်က အမြင်ကွယ်နေချိန်တွင် ထိုမိန်းကလေးတစ်ယောက်တည်းနှင့်သာ ဆုံခဲ့ဖူးသည်။ သူမဟု ထင်ခဲ့သော လုဝူရွှမ်းမှလွဲပြီး သူက မည်သည့်အမျိုးသမီးကိုမှ ဂရုမစိုက်ခဲ့ဖူးသလို မည်သူ့ကိုမှလည်း မကြည့်ခဲ့ဖူးချေ။ လုဝူရွှမ်းကသာ နောက်ခံကို မလိမ်ညာခဲ့လျှင် သူမကလည်း နန်းတော်ကို ရောက်ရှိခဲ့လိမ့်မည် မဟုတ်ချေ။
Telegram မှာ အပိုင်း ၄၄၉အထိ ရောက်ပါပြီနော်။
Zawgyi
164 01
အပိုင္း ၁၆၄
"အရွင္မင္းႀကီး ဒီအရာရွိရဲ႕သမီးက တပည့္အဆင့္ပဲ ရွိေသးတာပါ။ မနက္ျဖန္မွာ ေဆးဝါးအကယ္ဒမီေက်ာင္းေတာ္ကို တရားဝင္ ဝင္ေရာက္မွာပါ"
မင္းသားငယ္ကို ကုဖို႔ ဟုတ္လား။ သူ လာေနာက္ေနတာလား။
"ဒါက အလုပ္မျဖစ္ဘူးဆိုရင္ မင္းအေနနဲ႔ ေဆးဝါးအကယ္ဒမီကို သြားဖို႔ မလိုေတာ့ဘူး"
ေမာ့႐ုန္က်န္း၏ ႏႈတ္ခမ္းေထာင့္စြန္းမ်ားက ေကာ့တက္ကာ ၿပဳံးလ်က္ ယဲ့က်န္း၏ မ်က္ဝန္းမ်ားကို စိုက္ၾကည့္လာသည္။ ယဲ့က်န္း၏ မ်က္ဝန္းထဲတြင္ ေဒါသမ်ားရွိေၾကာင္း သူက ျမင္ေနရသည္။
သူေပၚလာကတည္းက ထိုမိန္းကေလးက ေခါင္းကိုသာ ဆက္တိုက္ငုံ႔ထားၿပီး သူ႔ကို ၾကည့္ပင္ မၾကည့္ရဲခဲ့ေခ်။ သူကသာ သူမအား မျမင္ဖူးလွ်င္ သူမက ေၾကာက္လန႔္ၿပီး ရွက္ေနသည္ဟု ထင္မိေလာက္သည္။
ဒါေပမဲ့ ဘာလို႔ ဒီမိန္းကေလးဆီမွာ သူ႔ကို အထင္အျမင္ေသးၿပီး ႐ြံ႕ရွာမုန္းတီးတဲ့ ခံစားခ်က္မ်ိဳး ရွိေနတယ္လို႔ ခံစားခ်က္မ်ိဳး ရွိေနတာလဲ။
ယခု သူ၏ ရက္စက္ေသာ စကားမ်ားေၾကာင့္ သူမက သူ႔အား ေမာ့ၾကည့္လာသည္။ ထိုသို႔ျဖင့္ မ်က္ႏွာတစ္ခုလုံးက ေပၚလာေတာ့သည္။
သူမ၏ၾကည္လင္ေတာက္ပေသာ အနက္ေရာင္မ်က္ဝန္းမ်ားတြင္ ေဒါသမ်ားႏွင့္ စိတ္ရႈပ္ေထြးမႈမ်ား နားမလည္မႈမ်ားက ျပည့္ႏွက္ေနသည္။ ဒီေန႔ သူမ၏မ်က္ဝန္းမ်ားက ထိုမွ် ေတာက္ပကာ ခံစားခ်က္အျပည့္ ေဖာ္ျပႏိုင္ေၾကာင္း သူ႔အေနႏွင့္ ပထမဆုံးအႀကိမ္ ရွာေတြ႕လိုက္ရသည္။
"ဘာလဲ။ က်န္းက မင္းကို အႏိုင္က်င့္တယ္လို႔ ထင္လား"
သူမက ဘာမွမေျပာေသာ္လည္း သူမ၏မ်က္ဝန္းအရ သူက ခံစားခ်က္ကို နားလည္ႏိုင္သည္။ ေမာ့႐ုန္က်န္းဟာလည္း ထိုမ်က္ဝန္းမွတစ္ဆင့္ သူမေျပာလိုေသာ စကားမ်ားကို ျပန္ေျပာႏိုင္ေလသည္။
ဒါက တကယ္စိတ္ဝင္စားဖို႔ ေကာင္းတယ္။
ယဲ့က်န္း၏ မ်က္ႏွာအမူအရာက ေျပာင္းလဲသြားၿပီးေနာက္တြင္ သင့္ေတာ္ေသာ အၿပဳံးမ်ိဳး ၿပဳံးျပလာကာ သူ၏ေလွာင္ေသာစကားကို ေျဖသည္။
"ဧကရာဇ္က ေကာင္းကင္ဘုံရဲ႕သားေတာ္ပါ။ ဒီလို အားနည္းတဲ့ မိန္းမတစ္ေယာက္ကို ဘယ္လိုမ်ား အႏိုင္က်င့္ႏိုင္ပါ့မလဲ။ ဒီလိုအရာမ်ိဳးကို လူဖ်င္းေတြကပဲ လုပ္တာပါ"
ေမာ့႐ုန္က်န္းက မ်က္ခုံးပင့္လိုက္ကာ ေျပာသည္။
"ဆိုေတာ့ မင္းက က်န္းကို လူဖ်င္းလို႔ ေျပာတာေပါ့"
"ဒီသခင္မေလးက အဲဒီလို မေျပာမိပါဘူး"
ယဲ့က်န္းက ေခါင္းကိုေမာ့ၿပီး တည္ၿငိမ္စြာ ေျဖသည္။
"မင္းရဲ႕စိတ္ထဲမွာ အဲဒီလိုေတြးေနခဲ့တာ မဟုတ္လား"
ေမာ့႐ုန္က်န္းက ေလသံတိုးတိုးျဖင့္ ေမးသည္။ သူက ႐ုတ္တရက္ ေရပူစမ္းအတြင္းတြင္ သူမကို ဆုံခဲ့ခ်ိန္က အျဖစ္အပ်က္မ်ားကို ျပန္သတိရသြားသည္။ ထိုမိန္းကေလး၏ ေၾကာ့ရွင္းၾကည့္ေကာင္းၿပီး လွပေသာ ခႏၶာကိုယ္က ေရသူမလို ေရထဲမွ ေပၚထြက္လာဟန္ကို ျပန္ေတြးမိသြားသည့္အခါ သူ၏မ်က္လုံးမ်ားက ေမွးက်ဥ္းသြားၿပီး ယဲ့က်န္းကို ေတြးေတြးဆဆ ၾကည့္သည္။
ယဲ့က်န္းဟာလည္း ေၾကာက္လန႔္မႈ မရွိဘဲ သူ႔ကို ၾကည့္လ်က္ ေျပာလိုက္သည္။
"ဧကရာဇ္က တျခားလူေတြ ဘာေတြးသလဲဆိုတာကို ဂ႐ုစိုက္တာပါလား"
ဘယ္ေလာက္ေတာင္ ႐ိုးရွင္းလိုက္တဲ့ စကားဝွက္လဲ။
ေမာ့႐ုန္က်န္းမွာ ဒီလိုအရွက္မရွိတဲ့ ဘက္ျခမ္း ရွိမယ္လို႔ ငါ မထင္ထားဘူး။
164 02
ေမာ့႐ုန္က်န္းကလည္း ယဲ့က်န္း၏ သူ႔ထံ မူတည္ေနေသာ ေဒါသကို ခံစားမိသည့္အခါ ရယ္ေတာ့သည္။
"က်န္းက မင္းကို မင္းသားငယ္ကို ကုသခိုင္းတာနဲ႔ပဲ မင္းက အခုလို ေဒါသႀကီးေနၿပီလား"
"ဒီသခင္မေလးက အတြန႔္မတက္ရဲပါဘူး"
ဧကရာဇ္ရဲ႕ေရွ႕မွာ အတြန႔္တက္တယ္လို႔ ငါ ဝန္ခံလိုက္ရင္ ငါ႐ူးေနလို႔ပဲ။
"မင္းက ဝန္ႀကီးလုလင္က်စ္ရဲ႕ ေျခေထာက္ဒဏ္ရာကို အခ်ိန္တိုအတြင္းမွာ ေပ်ာက္ကင္းေအာင္ ကုသႏိုင္တယ္ ဆိုကတည္းက မင္းသားငယ္ရဲ႕ေရာဂါကိုလည္း ကုသႏိုင္မယ္လို႔ ယုံၾကည္တယ္"
ေမာ့႐ုန္က်န္းက ဤတစ္ႀကိမ္တြင္ ေလးနက္ေသာ ေလသံျဖင့္ ေျပာလာသည္။
"မလုပ္ႏိုင္ခဲ့ရင္ ဘာျဖစ္မွာပါလဲ"
"ဒီလိုဆိုရင္ က်န္းက မင္းကို အျပစ္ေပးမွာေပါ့"
ေမာ့႐ုန္က်န္းကလည္း ခ်က္ခ်င္း ျပန္ေျဖသည္။ ဒါက သူ၏နဂိုေထာင္လႊားေသာ အာဏာရွင္အမူအရာ ျပန္ျဖစ္သြားေလသည္။
သူက သူမအား စိန္ေခၚေနသည္မွာ သံသယဝင္ရန္ပင္ မလိုေခ်။ ယဲ့က်န္းက သူမယခင္သိထားေသာ ေမာ့႐ုန္က်န္းက ဤတစ္ေယာက္ပင္ ဟုတ္ပါရဲ႕လားဟု ေတြးေတာမိသြားသည္။ သူက သူမကဲ့သို႔ အမ်ိဳးသမီးတစ္ေယာက္ကို ထိုမွ် အႏိုင္က်င့္လိမ့္မည္ဟု မထင္ခဲ့မိဖူးေခ်။
"ဘာလဲ မင္းက လက္မခံႏိုင္ဘူးလား"
သူ၏အေရွ႕ရွိ ထိုမိန္းကေလးက ေဒါသမ်ားေၾကာင့္ မ်က္ႏွာက နီရဲလာသည့္တိုင္ စကားတစ္ခြန္းမွ် မဆိုဘဲ တင္းခံထားေသးသည္။ သူမက ေခါင္းကိုသာ ငုံ႔ၿပီး အသနားခံလာလွ်င္ သူက သူမကို ဆက္စရန္ စိတ္မဝင္စားေလာက္ေတာ့ေခ်။ သို႔ေသာ္ ကိစၥက ထိုသို႔ ျဖစ္မလာခဲ့ေခ်။ သူမက သူ႔အား ေခါင္းမာစြာသာ ၾကည့္ၿပီး မည္သည့္အေျဖကိုမွ် ေပးမလာေခ်။
သူမက ဦးၫႊတ္ရန္ ျငင္းဆန္ျခင္းကို သူက ျမင္ေနရေလေလ သူက သူမ၏အကန႔္အသတ္ကို စမ္းသပ္ခ်င္လာေလေလ ျဖစ္လာသည္။
ယဲ့က်န္းက သည္းခံၿပီး ၿပဳံးလိုက္သည္။
"အရွင္မင္းႀကီးက ေလးစားေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီး တင္ပါတယ္။ ဒီအရာရွိရဲ႕သမီးက အေကာင္းဆုံးႀကိဳးစားၿပီး မင္းသားငယ္ကို ကုသပါမယ္"
သူမက တကယ္သေဘာတူလိုက္တာလား။ ေမာ့႐ုန္က်န္း၏ ႏႈတ္ခမ္းပါးမ်ားကပင္ ခပ္တင္းတင္း ေစ့ကပ္သြားေတာ့သည္။
သူက သူမအား ခ်န္းတဲ့ေတာင္စံအိမ္တြင္ ဆုံခဲ့ခ်ိန္က သူမဟာ သူ၏အာ႐ုံကို တမင္ဆြဲေဆာင္ရန္ ႀကိဳးစားခဲ့သည္ဟု ထင္ခဲ့သည္။ ေနာက္မွသာလွ်င္ သူမက တျခားေသာ အမ်ိဳးသမီးမ်ားကဲ့သို႔ သူႏွင့္ေတြ႕ဆုံရန္ ေထာင္ေခ်ာက္ဆင္ေသာလူမ်ိဳး မဟုတ္ေၾကာင္း သိခဲ့ရသည္။ ထို႔အစား လုေယာင္ေယာင္က ရည္႐ြယ္ခ်က္ရွိရွိပင္ သူက ကပ္ေရာဂါႀကီးတစ္ခုလို တမင္ေရွာင္ရွားေနခဲ့သည္။ သံသယဝင္ရန္ မလိုေလာက္ေအာင္ သူမက လုဝူ႐ႊမ္းႏွင့္ မတူဘဲ ကြာျခားသည္။
ေမာ့႐ုန္က်န္းအေနႏွင့္လည္း သူက မည္သည့္အတြက္ေၾကာင့္ လုေယာင္ေယာင္ကိုသာ ျမင္ေနေၾကာင္း မေျပာႏိုင္ေခ်။ ဒါက သူမ၏လွပေသာ ႐ုပ္ရည္ေၾကာင့္ ျဖစ္ႏိုင္သည္။ သို႔မဟုတ္ သူမ၏ နာမည္က ေယာင္ေယာင္ ပါေနေသာေၾကာင့္လည္း ျဖစ္ႏိုင္သည္။ သို႔ရာတြင္ သူေကာင္းေကာင္း သိေနသည္မွာ လက္ရွိတြင္ လုဝူ႐ႊမ္းဟာ အဆင့္ျမင့္ရာထူးရွိေသာ ေတာ္ဝင္ကိုယ္လုပ္ေတာ္ တစ္ေယာက္ ျဖစ္ေနေသးၿပီး သူဟာ နန္းေတာ္ထဲသို႔ ေနာက္ထပ္ လုမ်ိဳး႐ိုးအမည္ရွိေသာ အမ်ိဳးသမီးတစ္ေယာက္ကို ထပ္ေခၚ၍ မသင့္ေခ်။
ဒါေပမဲ့ လုေယာင္ေယာင္က သူ ေမွ်ာ္လင့္ထားတာကို ေက်ာ္လြန္ေနတဲ့ပုံပဲ။ လုေယာင္ေယာင္က ေဆးဝါးအကယ္ဒမီသို႔ ဝင္ခြင့္ရခဲ့သည္။ အမ်ိဳးသမီးအကယ္ဒမီ၏ စည္းမ်ဥ္းမ်ားအတိုင္း နန္းေတာ္က ႏွစ္တိုင္းလိုလို ေတာ္ဝင္နန္းေတာ္ထဲသို႔ ေတာ္ဝင္သမားေတာ္အျဖစ္ ေခၚေဆာင္ရန္ ေဆးဝါးအကယ္ဒမီက လူႏွစ္ေယာက္စီ ေ႐ြးခ်ယ္ရသည္။
သူမက အနာဂတ္မွာ နန္းေတာ္ထဲကို ဝင္ဖို႔ ဆႏၵရွိတာလား။ ထိုသို႔ ေတြးမိသည့္အခါ ေမာ့႐ုန္က်န္းက သူက ထိုသို႔အမ်ားႀကီး လိုက္ေတြးေနမိသည့္အတြက္ ထူးဆန္းသည္ဟု ခံစားသြားရျပန္သည္။
ဘာလို႔ သူကလည္း ဂ႐ုစိုက္ေနရတာလဲ။
သူ၏မယ္ေတာ္မွ လြဲလွ်င္ သူ ေတာအုပ္ထဲတြင္ ငယ္စဥ္က အျမင္ကြယ္ေနခ်ိန္တြင္ ထိုမိန္းကေလးတစ္ေယာက္တည္းႏွင့္သာ ဆုံခဲ့ဖူးသည္။ သူမဟု ထင္ခဲ့ေသာ လုဝူ႐ႊမ္းမွလြဲၿပီး သူက မည္သည့္အမ်ိဳးသမီးကိုမွ ဂ႐ုမစိုက္ခဲ့ဖူးသလို မည္သူ႔ကိုမွလည္း မၾကည့္ခဲ့ဖူးေခ်။ လုဝူ႐ႊမ္းကသာ ေနာက္ခံကို မလိမ္ညာခဲ့လွ်င္ သူမကလည္း နန္းေတာ္ကို ေရာက္ရွိခဲ့လိမ့္မည္ မဟုတ္ေခ်။
Telegram မွာ အပိုင္း ၄၄၉အထိ ေရာက္ပါၿပီေနာ္။