တချောက်ချောက်မြည်နေသော တိုင်ကပ်နာရီထံမှအချက်ပေးသံနှင့်အတူ ဧည့်ခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။ အချိန်အားဖြင့်ည၁၂နာရီကျော်ကျော်။ အိမ်အပြင်ဘက်၌ တိတ်ဆိတ်ကာ ပတ်၀န်းကျင်တစ်ခုလုံး အပ်ကျသံတောင်
မကြားရ။ ထိုစဉ် ခြံထဲသို့ စူးခရဲ၀င်လာသည့်
ကားမီးရောင်တစ်ခု။
“ပြန်လာပါစေအုံး ဒင်း ငါနဲ့တွေ့မယ်”
ဆူဆူပုပ်ပုပ် မျက်နှာလေးကို ဂိတ်ဆုံးထိ ဆွဲမြင့်ကာဆိုဖာအလည်၌ ထိုင်လိုက်သည်မှာ မိန့်မိန့်ကြီး။လက်နှစ်ဖက်ကိုပိုက်ထားကာ အိမ်တံခါးကို စိုက်ကြည့်နေသည်မှာ ကြောက်စရာ။ အကြည့်တွေထဲမီးလျှံလေးတွေ ကြီးစိုးနေပြီး တစ်ပတ်လုံး မကျေနပ်ခဲ့တဲ့စာမျက်နှာတွေအတွက် ဒီညကတော့မီးကုန်ယမ်းကုန်ကို ပေါက်ကွဲပစ်တော့မှာ။
နာရီသံက တချောက်ချောက်၊ ဝါကျင့်ကျင့်မီးရောင်အောက်က ထိုင်နေတဲ့ကောင်လေးရဲ့အကြည့်စူးစူး။တံခါးဆွဲဖွင့်မယ့်လူရဲ့ ဘ၀ကတော့ မတွေးရဲစရာ။
ခဏကြာတော့ ကားစက်သံရပ်သွားသည်။ အိမ်ထဲကို ၀င်လာတော့မည်ထင်။ တွေးနေစဉ်မှာပဲ ပွင့်ဟလာတဲ့ အိမ်တံခါးနဲ့အတူ......လေးလေးပင်ပင်အသံ။
“ခလိန်း......”
မူးရူးကွဲပြဲနေသော ပုံစံဟာ ငါတို့ရဲ့ဆရာ၀န်ကြီးလို့ပြောရင် နည်းနည်းမှယုံချင်စရာမကောင်းနေ။အမြဲတမ်း သပ်သပ်ရပ်ရပ်၀တ်စားတတ်တဲ့သူက ဒီညရဲ့မြင်ကွင်းမှာတော့ ဖရိုဖရဲ။
နက်ကတိုင်မှာလည်းတင်းတင်းရင်းရင်းမရှိနေ။ ခြောက်ပေအကွာကတောင် နှာဖျားထဲတိုး၀င်လာတဲ့ ယမကာအနံ့တွေက ညတိုင်းလိုလို ရနေခဲ့တာ တစ်ပတ်လောက်ရှိပြီ။
ဒါတင်ဘယ်ကမလဲ။ တဖြည်းဖြည်းနဲ့ လွဲချော်လာတဲ့Key pointတွေလည်း ရှိသေးတယ်။ အချိန်မှန်မှန်အိမ်မပြန်လာဘူး။ Weekendတွေဆို ကောင်လေးတစ်
ယောက်နဲ့ partyတွေပေးတယ်။
ကြားရက်တွေဆိုအဖြူကောင်မတွေနဲ့ ခဏခဏမြင်ရတယ်။
“ဒီနေ့ရော ဘာတွေကီးချော်လာပြန်ပြီလဲ ဦးဂျွန်”
ခေါ်သံသည် ဖိန်းဖိန်းရှိန်းရှိန်း။ မတ်တပ်ရပ်နေရင်းအမူးပြေသွားခဲ့တာ ခေါ်သံအဆုံး ပျော့ခွေချင်လာတဲ့ဒူးနှစ်ဖက်က သက်သေပဲ။
“ကိုယ် ဒီနေ့...”
“ဘာလဲ Austinဆိုတဲ့ ကောင်လေးနဲ့ ထက်ပြီးသောက်ခဲ့ပြန်ပြီလား ပြန်လာတိုင်း Austin Austin နဲ့ဘာတွေလဲ ခင်ဗျားတို့က”
“ခလိန်း.....မဟုတ်ဘူး"
“မူးနေရင် စကားမပြောနဲ့
ဘာခလိန်းလဲ !!”
ရပ်ကွက်ထဲ ဆူညံဆူညံ အသံတွေကြားလိုက်ရင်ပြေးမကြည့်နဲ့။ သူတို့အိမ်ပဲ။ ည၁၂နာရီအထိ မီးလင်းနေမယ်။ ဆရာ၀န်ကြီးရဲ့ကားလေး၀င်လာတဲ့အခါစကားတွေများကြမယ်။ ၁နာရီထိုးရင်တော့တိတ်ဆိတ်သွားပြီး အိပ်ခန်းတစ်ခုထဲ ညံကုန်တဲ့အသံတွေရှိတာတော့ မပြောပြတော့ဘူး။
အရာအားလုံးဟာ ချစ်နေခြင်းရဲ့အစပဲ။
ချစ်နေပေမယ့်လည်း ညှိမရတဲ့အခါ
နားလည်မှုလေးတွေ ကီးလွဲသွားတဲ့အခါ
တစ်ညလုံး ဒိုင်ခံချော့ခဲ့ကြတာ ချွေးစက်တွေကြားသူသူငါငါ ချစ်ခြင်းတွေပြိုင်ကြရင်
Australia ဆိုတာ ဘယ်အရပ်ကမှန်းတောင်
သူတို့ မသိကြတော့ဘူး။
“ပြောလေ ဟမ် ပြောလေ”
“ခလိန်းပဲ မူးနေရင်ပြောနဲ့ဆို”
“ Weekend တွေဆို မအားရတာနဲ့
ပါတီပေးရတာနဲ့ သွားသောက်ရတာနဲ့
သိပ်ကိုလွတ်လပ်နေတယ်ပေါ့လေ
ဟုတ်လား ”
“ဟုတ်ပါဘူး"
“အဲ့လောက်ထိ လွတ်လပ်နေရင် ဘာလို့
ယူထားသေးလဲ တစ်နေ့တစ်နေ့ အိမ်အလုပ်လည်းလုပ်ရ ဟင်းလည်းချက်ရ ဆေးခန်းလည်းထိုင်ရနဲ့”
“ဘယ်သူမှလည်းမခိုင်းဘဲနဲ့”
“ဒီကြားထဲ ကလေးတွေခေါ်လာရင်လည်း
အငြိမ်မနေဘူး လက်တွေကယားယားပြီး
နားကြပ်တွေကိုဆော့တာ”
“အသစ်ပြန်၀ယ်ပေးပါတယ် သူတို့မိဘတွေက”
“နောက်ပြီး ပြီးခဲ့တဲ့လက Melbourne ဘက်ကိုခရီးသွားမယ်လို့ပြောတာ မအားသေးဘူး
ဘာပြုတယ် ညာပြုတယ်နဲ့ သူကျ ပါတီတက်ရတာနဲ့ သောက်ရတာနဲ့ကျွန်တော် ခင်ဗျားနဲ့မနေဘူး ကွာမယ်အခုချက်ချင်းကွာရှင်းမယ်!”
“ဟေ့ရောင်ရေ အဲ့လိုမလုပ်ပါနဲ့”
“ဘာ”
“ဟေ့ရောင်ရေ.....ငါ့ကိုခွင့်လွှတ်ပေးလေ
ငါ....ငါ အိပ်ချင်နေပြီ လို့”
မူးမူးနဲ့ဘာတွေပြောမှန်းမသိတဲ့ ဆရာ၀န်ကြီးကိုစာရေးသူလည်းမနိုင်တော့ပါ ။ အပိုင်ရထားတဲ့လမင်းလေးကတော့ နားထင်ကို လက်ညိုးနဲ့ထောက်ကာ သူ့လူကြီးကို ကြည့်နေရုံပဲတတ်နိုင်တော့လေသည်။
#####
“ခေါင်းတွေကိုက်လိုက်တာ....”
အိပ်ယာနိုးနိုးချင်းခံစားရတဲ့ ခံစားချက်က
သိပ်ပြီးတော့အဆင်မပြေနေ။ တဆစ်ဆစ်ကိုက်နေတဲ့ ဦးနှောက်တွေနဲ့အတူ သွေးကြောတွေကရုန်းထွက်တော့မည့်အတိုင်း ဒုက္ခတွေပေးနေသည်။
ထိုစဉ် အိပ်ယာဘေး၌ ထောင်ထားသော calendar ကိုယူကြည့်လိုက်သည့်အခါ Feeling တွေ မှိုတက်သွားခဲ့ရသည်။
“ဘယ့်နှယ်.... Monday လဲကွာ”
တစ်ပတ်မှာ ခုနှစ်ရက်လုံး သူဖြတ်သန်းခဲ့ပေမယ့်Monday တွေရောက်ရင်မပျော်ပါ။ အပျော်ဆုံးကတော့ Friday ဆိုပေမယ့် အိမ်သားလေးနဲ့အဆင်ပြေနေရင် ခုနှစ်ရက်လုံးကတော့ နေပျော်ပါသည်။
“ကလေးလေး....”
အိပ်ယာဘေးကိုကြည့်မိတော့ ကလေးလေးမရှိ။ညက အမူးလွန်ပြီး ဘာတွေလုပ်ခဲ့လဲမသိ။ အသိစိတ်ပျောက်တဲ့အထိ သောက်ခဲ့မိလို့ သေချာတာတစ်ခုက မနေ့ညက အခြေအနေက ဆိုးဝါးနေမှာပဲ။
အိပ်အခင်းတွေကို အစအဆုံး စမ်းကြည့်လိုက်သည်။ စိုစိစိအထိအတွေ့မရှိနေ။ ကုတင်အောက်၌ပုံနေမလားလို့ ကြည့်လိုက်ပေမယ့် ဘာအ၀တ်အစားမှမမြင်ရသည့်အခါ ညက သိပ်မကဲဖြစ်လို့ စိတ်ပါထက်တိုသွားခဲ့သည်။
“ညကျကွာ....ဖြစ်လိုက်ရမှာ”
အားမလို အားမရဖြင့် စောင်ပုံထဲမှထွက်ကာဆံပင်များကိုထိုးဖွရင်း ရေချိုးခန်းထဲ၀င်လာခဲ့သည်။ မနက်ခင်းတိုင်းနားထောင်နေကျ
Seven သီချင်းကို အကျယ်ဆုံးဖွင့်ထားလိုက်
သည်။
“ Monday Tuesday Wednesday Thursday Friday....
Saturday ဟာ သွားတိုက်ဆေးကုန်နေတယ်”
“Baby!! သွားတိုက်ဆေးကုန်နေတယ်!!!!”
ရေချိုးခန်းထဲမှ လှမ်းအော်သည့်အခါ အိမ်သားလေးထံမှ အကြောင်းပြန်သံမကြားရ။ မျက်ခုံးနှစ်ဖက်တွန့်ချိုးသွားသည်။ အောက်ပိုင်းကိုသဘက်တစ်ထည်ပတ်ကာ အခန်းထဲမှထွက်လာခဲ့သည်။
“အချစ်ရေ.....လမင်းလေးရေ"
“......”
လှေကားထစ်အတိုင်းဆင်းလာတော့ မြင်လိုက်ရပါပြီ။ ဧည့်ခန်းက ဆိုဖာမှာ ဆူဆူပုပ်ပုပ်ကြီးထိုင်ကာရုပ်ရှင်ကြည့်နေတဲ့သူ။ တီတီတာတာချွဲဖို့အတွက်ဘေးနားကိုလှစ်ခနဲပြေး၀င်သွားတော့......။
“အနားမကပ်နဲ့ အရက်စော်နံတယ်”
“ဟာ"
“ဘာဟာလဲ တစ်ညလုံးကောင်းကောင်းမအိပ်ဘူးလူကို နှိပ်စက်တယ်။ မနေဘူး ပြန်မယ်။အတူတူ မနေနိုင်ဘူး ”
“ကလေးလေး"
“အခုမှကလေးလေး လာမလုပ်နဲ့။
ညဆိုလည်းနောက်ကျတယ် အရက်တွေပါသောက်လာတယ် လူပေါင်းမှားတာလို့ပြောလည်းလက်မခံဘူး ပစ်လည်းပစ်ထားတယ်။
ပြောတော့ ချစ်တယ်တဲ့ တစ်နေ့ကိုအာဘွားသုံးခါပြည့်အောင်တောင် မပေးဘူး တစ်နေ့တစ်နေ့ကျက်သရေမရှိတဲ့အရည်တွေပဲသောက်သောက်လာတယ် ဟင့်အင်း ဦးဂျွန်ကိုမုန်းတယ် သွား!!”
ငိုချင်ရဲ့လက်တို့လေးက ပြောပြီးတာဖြင့်ငိုချလေသည်။ ငိုသံတွေကြားရင် ပြာယာခတ်တတ်တဲ့ဦးဂျွန်တစ်ယောက် သဘက်တစ်ထည်ပတ်ကာပြာယာခတ်တော့သည်။
“ဟ ကလေးလေး မငိုရဘူးလေ
ဦးဂျွန်မှားပါတယ် ဦးဂျွန်အမှားပါနော်
တောင်းပန်ပါတယ် တောင်းပန်ပါတယ်
မငိုပါနဲ့ မငိုလိုက်ပါနဲ့”
“အဲ့ Austin ဆိုတဲ့ကောင်လေးနဲ့မပတ်သက်နဲ့လို့ပြောထားလဲ မရမှမရတာ.... ”
လမင်းလေးသည် Austin ဆိုသည့်ကောင်လေးနှင့်ပေါင်းသင်းနေသည့်အပေါ် မကျေနပ်သည်ထင်။လပိုင်းလောက်ကမှပြောင်းလာလို့ ခင်မင်မိသည့်အပြင် စိတ်ရောဂါဆရာ၀န်သူငယ်ချင်းတစ်ယောက်
ရဲ့ patient ဖြစ်နေလို့ ခင်မိရုံလေးကို။
“နောက်သူနဲ့မပေါင်းတော့ဘူး ဟုတ်ပြီလား
မငိုတော့မငိုပါနဲ့ကွာ ငိုရင် ဒီနေရာလေးကနာလို့”
လက်ညိုးလေးဖြင့် ရင်ဘတ်ထွားထွားကြီးထံထိုးပြလာပုံဟာ အူတွေအသည်းတွေယားစရာ။ဆရာ၀န်ကြီးချွဲပြလိုက်ရင်များ လမင်းလေးဟာနေစရာကိုမရှိတော့။ ဆက်ပြီးများငိုနေလိုက်ရင် နူတ်ခမ်းလေးစူကာ သူပါလိုက်ငိုတော့မည့်အနေအထားတွေ။
အိမ်ထောင်သက်တွေကြာလာတော့လည်းဒါတွေဟာရိုးသွားတာမဟုတ်ဘဲ နေ့တိုင်းနေ့တိုင်း အသစ်အသစ်တွေ ဖြစ်နေခဲ့တာ။ သူဟာ စာမျက်နှာတိုင်းအခုထိအလွတ်မရသေး။ Key point တွေလည်း
အခုထိချော်နေတုန်း။
“ပြီးရော မငိုတော့ဘူး
ဦးဂျွန်လည်း ငိုနဲ့”
ငိုသံများစွတ်ကာ မပီတပီအသံလေးထွက်သွားတော့ဆရာ၀န်ကြီးအသဲယားသွားသည်ထင်။ ပါးတစ်ဖက်ကို မချင့်မရဲလေးဆွဲလာသည်။ နှာတံတစ်ခုလုံးနစ်ဝင်သည်အထိနမ်းပြလိုက်တော့ မနက်ခင်းဟာကြားနေကျ Good morning ဆိုတာတွေထက်ပိုပြီး
အသာယာဆုံးဖြစ်သွားခဲ့တယ်။
“ ဒါဆို Key တည့်ပြီးပြီနော် ခဏလောက်
ဖက်ထားမယ် ရမလားဟင်”
ခေါင်းတဆက်ဆက်ငြိမ့်ပြလိုက်သည့်အခါ ဆရာ၀န်ကြီးသည် သူ၏ ဖွံ့ဖွံ့ထွားထွားရင်အုပ်ကြီးထဲခေါင်းလုံးလုံးလေးကိုထည့်လိုက်သည်။ အပေါ်ပိုင်းဗလာကျင်းနေသူမို့ နီးစပ်ရာ စောင်အပါးလေးကိုဆွဲကာ
ခြုံလိုက်ရသေးသည်။
“ Austin အကြောင်းမသိသေးလို့ပါ
တကယ်တော့ သူက သနားစရာအကောင်းဆုံးကောင်လေးတစ်ယောက်ပဲ ကလေးရဲ့”
“ဘာလို့သနားစရာကောင်းတာလဲ”
“ Austinက Broken family ကနေလာခဲ့တာသူ့မှာလည်း အားနည်းချက်တွေအများကြီး။အဆိုးဝါးဆုံးအားနည်းချက်က သူ့မှာစိတ်ရောဂါရှိတယ် လူတစ်ယောက်အတွက်နဲ့ လူတစ်ယောက်ကိုတောင် သွေးတွေစွန်းထင်းခဲ့ဖူးတယ်။အခုတော့ သူအများကြီးလိမ်မာနေပါပြီ”
“ဒီလိုကျ သနားစရာကြီးနော် ”
“အင်း။ သူ့ဘ၀ကသနားစရာ
ဒါပေမယ့် သူ့ကိုသနားစရာလို့မြင်တာကို
သူမုန်းတယ် ပြောလို့မရဘူး”
“အခုသူဘယ်မှာလဲဟင် သူနေရောကောင်းပြီလား။သူကတစ်ယောက်ထဲလားဟင်"
လူတိုင်းအပေါ် သနားတတ်တဲ့ ကလေးလေးကAustin အကြောင်းကြားပြီးသည်နှင့်တစ်ပြိုင်နက်နေရပ်လိပ်စာကိုမေးလာသည်။ စိတ်ထားကောင်းတဲ့ချစ်မ၀လေးဟာ ဘ၀ရဲ့ဘယ်အစိတ်အပိုင်းမဆိုတစ်ဖက်သားအပေါ် စေတနာအပြည့်အ၀။
“အခုတော့ New York ကိုပြန်သွားပြီ
မနေ့ညက နောက်ဆုံးဆုံတာလေ။
အရင်ကထက်အများကြီး ပျော်လာပြီဆိုတဲ့
အကြောင်းနဲ့ သူ့မှာအခုချစ်ရမယ့်လူရှိနေပြီဆိုတဲ့အကြောင်းကိုလာပြောပြသွားတာ ”
“သူကချစ်သူရှိတာလား”
“ဟုတ်တယ်။ သူကချစ်သူနဲ့
အခုဆိုNew Yorkမှာ ပျော်နေလောက်ပြီ
Wedding ကျ ဖိတ်လိုက်မယ်လို့တောင်
ဦးဂျွန်ကိုပြောခဲ့သေးတယ် ”
“အဲ့ကျတူတူသွားမယ်နော် ဦးဂျွန်
ကျွန်တော့်ကိုပါခေါ်ပါနော်"
“ခေါ်မှာပေါ့ အခုတော့ ဦးဂျွန်ခေါ်တဲ့နောက်ကိုအရင်လိုက်ခဲ့နော် "
“ဘယ်ကို....ဟာ ဦးဂျွန်"
ခါးအောက်ပိုင်းမှ ကျွမ်းကျင်စွာထမ်းတင်လိုက်သည့်အခါ အဖိုးကြီးသည်အရင်လိုပဲဆိုတာကိုနားလည်လိုက်ရသည်။ ခက်တာကလည်း တော်ရုံဆိုမငြင်းဖြစ်တော့ အခုလည်း ညှိစရာမလိုဘဲရောက်သွားပြန်တဲ့
အပြာရောင်စာမျက်နှာတွေ.......။
The End🤎🤎
#####
“ Monday Tuesday Wednesday Thursday Friday....
“......”
The End🤎🤎