Consort of the crazy prince(မ...

Av LeiLa4535582

55K 4K 211

historical ကိုမှ ရိပေါ်strongဖြစ်တဲ့typeလေးပါနော် {idol imageထိခိုက်လိုစိတ်မရှိပါဘူး} historical ကိုမွ ရိေပၚs... Mer

Part-1(ဘယ်ကိုရောက်နေပါလိမ့်)
Part-2(လုပ်ငန်းစမယ်)
Part-3(မိဖုရားကြီးကထင်သလောက်လည်းမဆိုးပါဘူး)
Part-4(ဖူးစာရှင်ကတော့ဘယ်နေလဲမသိဘူး ယောကျာ်းတော့ရသွားပြီ)
Part_5(ကြင်ယာတော်ကြိုဆိုပွဲ)
Part_7(ရင်တုန်လှိုင်းလေးတဖြတ်)
Part-8(it's me)
Part-9(ရှောင်းရှောင်း)
Part-10(အရိပ်တပ်သား)
Part-11(ဂလု.. *တံတွေးမြိုချသံ*)
Part-12(မိဖုရားယဲ့ရဲ့အချစ်တော်လေးရိပေါ်)
Part-13(စားဖိုမှူးလေး)
Part-14(အကြံအစည်ကောင်းလေးတစ်ခု)
Part-15(မင်းသားရှောင်းရဲ့နိုင်ကွက်)
Part-16(မင်းသားရှောင်းကချစ်ဖို့ကောင်းတုန်းပဲ)
Part-17(ဒုတိယအကြိမ်)
Part-18(ထင်မှတ်မထားသည့်အစီအစဥ်)
Part-19(လူပျိုဖြန်းလေး)
Part-20(သဝန်တိုမှု)
Part-21(ချစ်တယ်)
Part-22(ရှောင်းကခွေးကြောက်သည်တဲ့)
Part-23(ဝမ်ငါးစုတ်)
Part-24(ချစ်တယ်)
Part-25(မင်းသားရှောင်းရဲ့အချစ်ကလေး)
Part-26(စွဲဆောင်လွန်းသော)
Part-27(လမင်းကြီးကလှတယ်မဟုတ်လား)
Part-28(တောင်းပန်ပါတယ်)
Part-29(မျက်ရည်တွေကသုတ်မနိုင်စွာ)
Part-30(အစီအစဥ်စမည်)
Part-31(မင်းကြီးရှောင်း)
Part-32(နေဝင်ချိန်လေးက လှလိုက်တာ)
Part-33(ပြန်လည်ရောက်ရှိ)
Part-34(နစ်နာမှုလေးတစ်ခု)
Part-35(End)
Extra Part
For next Fiction(Attention Please)

Part_5(မင်းသားရှောင်းကိုကာကွယ်ရမယ်)

1.6K 132 2
Av LeiLa4535582

Unicode

မနက်ခင်းနေရောင်ခြည်နဲ့အတူ လန်းဆန်းစွာနိုးလာတဲ့ရိပေါ်တစ်ယောက် မျက်လုံးမဖွင့်ပဲဘေးနေရာသို့လက်ဖြင့်စမ်းကြည့်မိတော့ ဘာမှမရှိပဲကွက်လပ်ကြီး

သူအိပ်ယာမှထထိုင်ကာ ဘေးပတ်ဝန်းကျင်ကိုကြည့်မိတော့ဘယ်သူမှမရှိ
အိပ်ချင်မူးတူးဖြင့် ဖွာလှံကျဲနေတဲ့ဆံပင်အားလက်ဖြင့်သပ်ချလို့ကြိုးနဲ့ဖြစ်သလိုစည်းလိုက်သည်

"ကြင်ယာတော်နိုးလာပြီပဲ ကျနော်မျိုးမျက်နှာသစ်ရေပြင်ထားပြီးပါပြီ"
ဗန်းတစ်ခုကိုင်ကာဝင်လာတဲ့ကျိရန်ရဲ့စကားကိုသူခေါင်းငြိမ့်ပြလို့ အိပ်ယာမှထကာ ရေချိုးဆောင်ထဲဝင်ရန်ပြင်မိတော့ မင်းသားရှောင်းမှအဆောင်ထဲသို့ခုန်ဆွခုန်ဆွဝင်လာတာကြောင့် ရပ်ကြည့်နေလိုက်မိသည်
သူ့ကိုမြင်တော့နှုတ်ခမ်းဆူလို့

"ဝမ်ဝမ်ကတအားအိပ်ပုပ်ကြီးတာပဲ ခုမှထတယ် ပြီးတော့လည်းညကငါ့ကိုတအားဖက်ထားတာအသက်ရှူတောင်ကြပ်တယ်"
မင်းသားရှောင်းရဲ့အပြောအားဘာမှမတုံ့ပြန်ပဲနှာခေါင်းသာရှုံ့လိုက်သည်
'ဟွန့် ငါကပဲသူ့ဖက်အိပ်ရတယ်ရှိသေး အံ့သြ'

ရေချိုးဆောင်ထဲတွင်မျက်နှာသစ်လို့ ရေပါတစ်ခါတည်းချိုးလိုက်တာကြောင့်လူကအလ်ိုလိုလန်းဆန်းသွားရသည်
ရေစိုနေတဲ့ဆံပင်အားအထက်တစ်ဝက်သာစုစည်းထားတာကြောင့်ဖရိုဖရဲဖြစ်နေတာတော့အမှန် နဖူးပေါ်တွင်စည်းထားသည့်နဖူးစည်းလေးကတော့ကြင်ယာတော်အမှတ်အသားတစ်ခုပေါ့
ရေချိုးဆောင်မှထွက်လာတော့ မင်းသားရှောင်းမှမျက်နှာကြီးရှုံ့မဲ့ကာတစ်ခုခုကိုကြိတ်မှိတ်စားနေတာကိုတွေ့တာကြောင့်အနားသွားကာ

"ဘာတွေစားနေတာလဲမင်းသားရှောင်း"
သူမေးလိုက်တော့မျက်နှာကြီးရှုံ့မဲ့လို့သူ့အားကြည့်လာကာ

"ရေထမင်းပေါ့"
ထမင်းရည်လိုလိုဆန်ပြုတ်လိုလို ထမင်းနဲ့ရေပါတဲ့ပန်းကန်အားကြည့်လို့ငိုမဲ့မဲ့ပြန်ဖြေလာသည်
သူမင်းသားရှောင်းဘေးဝင်ထိုင်လိုက်ကာ ဘေးမှာရပ်နေတဲ့ကျိရန်ကိုကြည့်လိုက်တော့

"ခုနကမင်းသားအတွက်မနက်စာဆိုပြီးအစေခံတစ်ယောက်ကလာပို့သွားတာပါကြင်ယာတော်
ကုန်အောင်စားပါလို့လဲပြောလိုက်ပါတဲ့"
ရိပေါ် မင်းသားရှောင်းလက်ထဲမှဇွန်းအားယူကာ ထမင်းရည်အားသောက်ကြည့်လိုက်တော့
တကယ်ကိုထမင်းနဲ့ရေတွေ

"ဝမ်ဝမ် သူတို့ကငါ့ကိုဆိုဒါကြီးပဲကျွေးတာ ပြီးတော့မကုန်ရင်လည်းအပြစ်ပေးသေးတယ် ငါကကျင်းလင်ယူလာပေးတဲ့ဖက်ထုပ်လိုမျိုးအရသာရှိတဲ့ဟာတွေပဲစားချင်တာပါဆို အဲ့အရူးမကြီးပေါ့ ငါ့ကိုဒါပဲကျွေးတာ"
အခြေအနေကတော်တော်ကိုဆိုးနေတာပဲ
သူသက်ပြင်းအသာချလို့

"ကျိရန် ဒါတွေကိုသွန်ပစ်လိုက်"

"အမ်"
သူ့စကားကိုကျိရန်မှတစ်ခဏမျှကြောင်သွားဟန်
သို့ပေမဲ့ချက်ချင်းပင်ထမင်းပန်းကန်အားယူသွားမယ်လုပ်တော့

"ခဏ ခဏ ကြင်ယာတော်ဒါမစားရင်မင်းသားကဘာစားရမှာလဲ"
ကျင်းလင်မှမင်းသားရှောင်းအားစိတ်ပူနေဟန် ထမင်းပန်းကန်အားသွန်ပစ်ဖို့ရာတွန့်ဆုတ်နေပုံ

"ကျင်းလင် မင်းသားရှောင်းကိုဒီထဲကမထွက်စေနဲ့ ငါပြန်လာခဲ့မယ် ကျိရန်အဲ့တာတွေကိုသွားသွန်ပစ် ဘယ်သူမှမမြင်စေနဲ့"

"ဟုတ်ကဲ့ကြင်ယာတော်"
ကျိရန်မှသူပြောပြီးသည်နှင့်ချက်ချင်းထွက်သွားသည်
ကျင်းလင်ကိုစိတ်မပူစေရန်ပခုံးတစ်ချက်ပုတ်လို့သူထွက်လာလိုက်သည်

ကျင်းလင်မင်းသားရှောင်းကိုသနားမိသည်
သူနဲ့မင်းသားရှောင်းကငယ်ငယ်တည်းကခင်ခဲ့ကြတာ မင်းသားရှောင်းဒီလိုဖြစ်သွားတဲ့အချိန်သူလုံးဝမယုံနိုင်ခဲ့ သူဟာကျန်းအိမ်တော်ရဲ့သခင်လေးတစ်ယောက် ကျန်းစစ်သူကြီးရဲ့မျိုးဆက် ဒါပေမဲ့သူဒီမှာလာပြီးမင်းသားရှောင်းရဲ့အထိန်းတော်လုပ်နေခဲ့တယ်ဆိုတာက သေချာပေါက်မင်းသားရှောင်းအခုလိုဖြစ်ရတဲ့အကြောင်းအရင်းကိုစုံစမ်းနိုင်ဖို့
မင်းသားမှာသူတစ်ယောက်ပဲရှိတာ မင်းသားရှောင်းကိုသူကာကွယ်ရမည်
သူတတ်နိုင်သလောက်ကိုကာကွယ်သွားမှာ

...

ရိပေါ် ခြေထောက်ကိုစက်တပ်ထားသလိုခြေလှမ်းကျဲကြီးဖြင့်လျှောက်လာခဲ့သည်
မနက်ခင်းတွင်သူ့အလုပ်ကိုယ့်အလုပ်မအားကြသည့်နန်းတွင်းသူတွေထဲမှတစ်ချို့ကတော့သူ့အားကွက်ကြည့်ကွက်ကြည့်ဖြင့်
သူဂရုမစိုက်ပါပဲ လျှောက်လာခဲ့တာ သူ့ခြေလှမ်းတွေကိုရပ်လိုက်မိတဲ့နေရာက

[မီးဖိုဆောင်]

သူဝင်လိုက်တော့ အဆောင်တစ်ခုလုံးငြိမ်သက်သွားသည် အကြောင်းက
အဆောင်မှာရှိတဲ့အစေခံတွေကသူတို့လုပ်လက်စအလုပ်ကိုရပ်ကာသူ့အားကြောင်ကြည့်နေကြတာကြောင့်
သူခပ်တည်တည်ပဲဝင်လိုက်ကာ

"မီးဖိုဆောင်ရဲ့အကြီးအကဲဘယ်သူလဲ"
သူ့အသံဟာတိတ်ဆိတ်နေတဲ့မီးဖိုဆောင်ထဲမှာပဲ့တင်ထပ်ငသွားသလိုကျယ်လောင်သွားသည်
သူ့အသံဆုံးသည်နှင့်လူအုပ်ကြားထဲမှအသံတစ်သံထွက်လာခဲ့သည်

"ကျမပါ"
ကနွဲ့ကလျဖြင့်လျှောက်လာသည့်မိန်းကလေးတစ်ယောက် သူ့အားမထီမဲ့မြင်ပြုကာ

"ဘယ်သူများလဲလို့ မင်းသားရူး.. အဲ့.. မင်းသားရှောင်းရဲ့ကြင်ယာတော်လေးပဲ"
သူ့အားခေါင်းစခြေဆုံးရွံရှာသည့်အကြည့်ဖြင့်ကြည့်ကာ

"ဘာရပ်လုပ်နေကြတာလဲ ကိုယ့်အလုပ်ကိုယ်လုပ် ကြလေ အရေးမပါတာကိုရပ်ကြည့်မနေကြနဲ့"
ရိပေါ်မဲ့ပြုံးလေးနှုတ်ခမ်းထက်သို့တခဏချိတ်ဆွဲသွားရကာ ရှေ့မှမိန်းကလေးအားမျက်နှာသေဖြင့်သာစိုက်ကြည့်ပေးနေလိုက်သည်
ဝမ်ရိပေါ်ကိုဒီမိန်းကလေးကဘယ်အစားများထင်နေပါလိမ့်

"ဒါနဲ့ဘာလိုချင်လို့လဲ"
လက်နှစ်ဖက်ပိုက်လို့သူ့လုပ်စာထိုင်စားနေတဲ့ရုပ်နဲ့မေးလာတဲ့မိန်းကလေးအား သူခါးအနည်းငယ်ကိုင်းလို့နှစ်ကိုယ်ကြားရုံစကားပြောလိုက်တော့ မိန်းကလေးမှပြာယာခတ်သွားတော့သည်
သူမျက်ခုံးတစ်ဖက်ပင့်လို့

"အခုထိဘာလုပ်ရမယ်မသိသေးဘူးလား"

သူ့စကားဆုံးတာနဲ့ထိုမိန်းကလေးမှသူ့​အားခါးကျိုးမတတ်ခေါင်းငုံ့ကာတောင်းပန်လာတော့သည်
"တောင်းပန်ပါတယ် ကျမမသိလို့ပြောမိတာပါ ကြင်ယာတော်ခွင့်လွှတ်ပေးပါ"

ဝမ်ရိပေါ်ကသိပ်ပြီးတော့လည်းသဘောထားသေးသိမ်တတ်သည့်သူမဟုတ်တာကြောင့်
"အင်းမ်ခွင့်လွှတ်ပေးလိုက်ပါ့မယ် ဒါမဲ့မင်းရှေ့လျှောက်တော့နည်းနည်းပင်ပန်းလိမ့်မယ်"

သူပြောပြီးတာနဲ့ထိုမိန်းကလေးအားကျော်လို့ မီးဖိုဆောင်တွင်းရှိလူတွေဆီအကြည့်ပို့လိုက်ကာ

"အားလုံးပဲ ငါ့အမိန့်ကိုမင်းတို့နာခံရမယ် ဘာလို့ဆို မယ်မယ်ကြီးအတွက်အစားအသောက်ပြင်ဆင်တဲ့နေ့တွေမှာ ဒီမီးဖိုဆောင်ကိုငါကြီးကြပ်မှာမလို့"
တစ်ယောက်တစ်ပေါက်ထွက်လာတဲ့စကားသံတွေကိုသူလျစ်လျုရှုလို့ ရှေ့မှမိန်းကလေးထံအကြည့်ပြန်ပို့ကာ

"မင်းရော ကြားလား"

"ဟုတ် ဟုတ်ကဲ့ပါကြင်ယာတော်"
ခုနကနဲ့မတူလေသံတစ်မျိုးပြောင်းသွားတဲ့မိန်းကလေးကမယ်မယ်ကြီးကိုတော့ကြောက်သား
မယ်မယ်ကြီးရဲ့နာမည်ကိုအလွဲသုံးစားလုပ်တာတော့မဟုတ် ခနပဲယူသုံးတာ

"အခု ငါ ထမင်းနှစ်ပန်းကန် အသားဟင်းနှစ်ခွက်အပြင် တခြားဟင်းတွေကိုလည်းနှစ်ပန်းကန်ဆီလိုချင်တယ်"

"ဟို ကြင်ယာတော်ကတစ်ယောက်တည်းကို ဘာလ်ု့နှစ်ပန်းကန်ဆီ... "
ပြောတဲ့အတိုင်းမလုပ်ပဲလျှာလာရှည်နေတဲ့မိန်းကလေးအား မျက်နှာသေဖြင့်စိုက်ကြည့်လိုက်ကာ

"ငါကအဲ့တာတွေအထိပါမင်းကိုလိုက်ရှင်းပြနေရအုံးမှာလား"

"မလိုပါဘူး ကျမ အခုချက်ချင်းပြင်ပေးပါ့မယ်"
သူမိဖုရားကြီးနဲ့ပက်သတ်ပြီးသတိရမိတာကြောင့်
ရှေ့မှထွက်သွားတော့မယ့်မိန်းကလေးအားတားလိုက်ကာ

"ခန မနက်ဖြန် ငါဖက်ထုပ်လုပ်ဖို့အတွက်ပါဝင်ပစ္စည်းတွေစုံနေတာကိုလိုချင်တယ် ဖက်ထုပ်ဘယ်လိုလုပ်ရလဲမင်းသိမှာပါ ​အကူငါးယောက်လောက်လဲပြင်ဆင်ထားအုံး ပြီးတော့ငါ့အဆောင်ကိုမနက်စာ နေ့လည်စာ ညစာ အမြဲနှစ်ယောက်စာလာပို့"

"ဟုတ် ဟုတ်ကဲ့ကြင်ယာတော်"
ထွက်သွားတော့မဲ့မိန်းကလေးအားပေါက်ကရတွေလျှောက်ထင်နေမှာစိုးတာကြောင့်

"နေအုံး"

"ဟုတ်ကဲ့"

"ငါနဲ့ငါ့ကိုယ်ရံတော်အတွက်ပါပေါင်းပြီးထမင်းကိုနှစ်ယောက်စာတောင်းလိုက်တာ အိမ်ရှေ့စံမိဖုရားမေးရင်မင်းမဖြေတတ်မှာစိုးလို့"
ရှေ့မှမိန်းကလေး ခေါင်းငုံ့သွားကာအဖြေပြန်မလာတော့
ဟွန့် ဝမ်ရိပေါ်ကိုလာပြီး
စကားတွေကဘယ်ကနေဘယ်ရောက်မယ်ဆိုတာကြိုသိပြီးသား

"သွားတော့"

"ဟုတ်ကဲ့"

...

"ဝမ်ဝမ်ကလည်းကြာလိုက်တာ ငါဗိုက်ဆာနေပါပြီဆို"

"ခနလေးသည်းခံလိုက်ပါမင်းသားရယ် ကြင်ယာတော်ပြန်လာတော့မှာပါ"
ခုနကဟာကိုမပစ်ခိုင်းဘဲအစာပြေစားခိုင်းထားလိုက်ရမှာ

"ကြင်ယာတော်"
ကျိိရန်ကြင်ယာတော်လက်ထဲမှထမင်းဗန်းအားလက်လွှဲယူလိုက်သည်

"ကျိရန် သူတို့လက်ထဲကဗန်းတွေကိုပါအဆောင်ထဲသယ်ခဲ့ သူတို့ကိုအဲ့ကနေကိုမရွေ့စေနဲ့ ငါ့အဆောင်ထဲမိန်းမပျိုဝင်တာမကြိုက်ဘူးဆိုတာမင်းသိတယ်မလား အကုန်မင်းပဲသယ်ခဲ့"
ပြောပြီး အဆောင်ထဲသို့တည်တည်ငြိမ်ငြိမ်ဝင်သွားတဲ့ကြင်ယာတော်ကတမင်နောက်မှမိန်းကလေးသုံးယောက်ကြားအောင်ပြောသွားပုံပင် ထို့ကြောင့်သူလည်းရုပ်တည်ဖြင့်

"မင်းတို့ဒီမှာပဲစောင့်နေကြ ငါပြန်ထွက်လာခဲ့မယ်"

ရိပေါ် မင်းသားရှောင်းရှိနေတာကိုအစေခံတွေသိသွားမှာစိုးတာကြောင့်တမင်ပြောခဲ့ခြင်း
မင်းသားရှောင်းကိုထမင်းကုန်အောင်စားမစားစစ်ဆေးပြီးကြင်ယာတော်ကသူ့အဆောင်သူပြန်ခိုင်းလိုက်ပြီ ဟူ၍ကျိရန်ကနေတစ်ဆင့်သူသတင်းလွှင့်ထားလိုက်တာကြောင့်
မင်းသားရှောင်းသူ့အဆောင်ထဲမှာရှိနေတာကိုဘယ်သူမှသိလို့မဖြစ် သိရင်ပြသနာတက်မည်

"ဝမ်ဝမ် ပြန်လာပြီလား ငါဗိုက်တအားဆာနေတာ"
သူ့အနားပြေးလာလို့သူ့လက်အနားစလေးကိုကိုင်ကာပြောလာသည့်မင်းသားရှောင်းအား
ရိပေါ်လက်ညိုးကိုနှုတ်ခမ်းနားကပ်လိုက်လို့

"ရှူး တိတ်တိတ်နေ"
မင်းသားရှောင်းမှဘာမှမပြောတော့ပဲငြိမ်သွားကာ ရိပေါ်အ..ကျီစလေးကိုဆွဲလို့ထမင်းပွဲဆီသို့လိုက်ပါလာသည်
ဒီလိုကြတော့လည်းမင်းသားရှောင်းကရူးနေတဲ့ပုံမပေါ်ပြန်ဘူး
သူနဲ့အတူထိုင်လို့ကျိရန်လာချပေးတဲ့ဟင်းတွေကိုကြည့်ကာ မျက်လုံးအရောင်တောက်နေတဲ့မင်းသားရှောင်းက ပါးစပ်ကနေတော့အသံမထွက်ပေမဲ့ လက်နှစ်ဖက်ကလက်ခုပ်တီးလို့အရမ်းကိုပျော်နေသယောင်

"ကြင်ယာတော် သူတို့ကိုပြန်လွှတ်လိုက်ပါပြီ"
ကျိရန်အပြောကိုခေါင်းငြိမ့်ပြလို့

"မင်းသားရှောင်း ဒါတွေအကုန်လုံးကမင်းသားရှောင်းအတွက်"
သူ့အပြောကိုမယုံနိုင်သည့်မျက်လုံးများဖြင့်

"တကယ်လားဟင်"

"တကယ်ပေါ့ အခုကစပြီးမင်းသားရှောင်းမကြိုက်တဲ့ရေထမင်းကိုစားစရာမလိုတော့ဘူး
နေ့တိုင်းမင်းသားရှောင်းကိုအခုလိုအရသာရှိတဲ့ဟင်းနဲ့ထမင်းတွေပဲကျွေးတော့မှာ"

"ဟီး ဝမ်ဝမ်အကောင်းဆုံး"
ဟုဆိုကာ သူ့လက်မောင်းပေါ်ခေါင်းမှီလို့ပြောနေတဲ့မင်းသားရှောင်းကလိုချင်တာရသွားတဲ့ကလေးတစ်ယောက်နှယ်

"ဒါပေမဲ့ မင်းသားရှောင်းဒီလိုအရသာရှိတာတွေစားရတာကို တခြားသူတွေလုံးဝသိလို့မဖြစ်ဘူးနော် မဟုတ်ရင်မင်းသားရှောင်းအရသာရှိတာတွေစားရတော့မှာမဟုတ်ဘူး"

"ဝမ်ဝမ်စိတ်ချ ငါဘယ်သူ့ကိုမှမပြောဘူး ငါ့ကိုအပြစ်ပေးရင်တောင်ငါမပြောဘူး"
ရိပေါ်မင်းသားရှောင်းအားပြုံးပြလိုက်ကာ ရှေကဟင်းခွက်ထဲမှအသားတုံးအားယူလို့မင်းသားရှောင်းရဲ့ပန်းကန်ထဲထည့်ပေးလိုက်သည်

"စား"

"အင်း"

"ကောင်းလား"

"အင်းကောင်းတယ် ဝမ်ဝမ်လည်းစား အာ.."
ဟူ၍အသားတုံးအားခွံ့ကျွေးလာတာကြောင့်
ယောင်တောင်တောင်ဖြင့်သာပါးစပ်ဟပေးလိုက်သည်
သူတို့အားကြည့်ကာ ကျိရန်နဲ့ကျင်းလင်တို့နှစ်ယောက်ပြုံးစိစိဖြင့်အပြင်ထွက်သွားကြတာကြောင့် ရိပေါ်တွေးမိလိုက်သည်
'ငါအဲ့လောက်တောင်ရီစရာကောင်းနေလို့လား'

...

"အမတော် ဟိုအရူးကိုထိမ်းမြှားပေးလိုက်တဲ့ကြင်ယာတော်ကဘာလို့ယောကျာ်းလေးတစ်ယောက်ဖြစ်သွားရတာလဲ ရွင်းလည်းမသိရပါလား"
သူမရဲ့နန်းဆောင်ထဲသို့အလောတကြီးဝင်လာတဲ့သူမရဲ့ယောင်းမတော်အား မိန်ဟွားတည်တည်ငြိမ်ငြိမ်ဖြင့်သာ

"ယဲ့ရွင်း ဘယ်လောက်ပဲရူးနေပါစေ ဖိုနဲ့မအတူထားရင် အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းငြိမှာပဲ အဲ့အတွက်နောက်ဆက်တွဲပြသနာတွေဖြစ်မလာရအောင် ယောကျာ်းလေးကြင်ယာတော်တင်မြောက်လိုက်ရတာ ပြီးတော့အဲ့ကလေးကလည်း အမတော်ယုံကြည်စိတ်ချရတဲ့သူမလို့ ယဲ့ရွင်းစိတ်ပူစရာမလိုဘူး"
သူမအပြောအားယဲ့ရွင်းမှခေါင်းတငြိမ့်ငြိမ့်ဖြင့်

"အမတော်ယုံကြည်တယ်ဆိုရင် ယဲ့ရွင်းဘာမှပြောစရာမရှိပါဘူး အဲ့အရူးပြန်ကောင်းလာတဲ့တစ်နေ့ ပစ္စည်းရှိတဲ့နေရာမေးပြီး သိရတာနဲ့ပြည်သူတွေရှေ့မှာအရှက်တကွဲသေရအောင်လုပ်အုံးမှာ"
အမုန်းတရားတို့ပြည့်နှက်နေတဲ့အကြည့်များဖြင့်ပြောလာတဲ့ယဲ့ရွင်းအားသူမဘာမှပြန်မပြောမိ ကံကြမ္မာရဲ့အလိုအတိုင်းပဲပေါ့

.....

#Ella
နောက်ကျသွားတယ်အဂျစ်တို့ရေ sryပါ
နည်းနည်းလည်းတိုသွားတယ်နော်
မနက်ဖန်မှထပ်တင်ပေးပါ့မယ်ရှင့်

Zawgyi





ရေချိုးဆောင်ထဲတွင်မျက်နှာသစ်လို့ ရေပါတစ်ခါတည်းချိုးလိုက်တာကြောင့်လူကအလိုလိုလန်းဆန်းသွားရသည်


"ရေထမင်းပေါ့"


သူသက်ပြင်းအသာချလို့


"အမ်"



"ဟုတ်ကဲ့ကြင်ယာတော်"


...


[မီးဖိုဆောင်]



"ကျမပါ"









"မင်းရော ကြားလား"








"နေအုံး"

"ဟုတ်ကဲ့"


"သွားတော့"

"ဟုတ်ကဲ့"

...



"ကြင်ယာတော်"
ကျိရန်ကြင်ယာတော်လက်ထဲမှထမင်းဗန်းအားလက်လွှဲယူလိုက်သည်





"ရှူး တိတ်တိတ်နေ"



"တကယ်လားဟင်"





"စား"

"အင်း"

"ကောင်းလား"


...




.....

#Ella

Fortsätt läs

Du kommer också att gilla

581K 21.1K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
1.3M 52K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
1.1M 61.8K 38
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
6.1K 587 8
ဧကရာဇ်​၏တစ်ပွင့်တည်းသောပန်းကလေး