Second life ( အချို့သောချစ်ခြ...
By moetharchel
120K 9.5K 1.4K
Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။ More
Intro
EP - 1
EP - 2
EP - 3
EP - 4
EP - 5
EP - 6
EP - 7
EP - 8
EP - 9
EP- 10
EP - 11
EP - 12
EP - 13
EP - 14
EP - 15
EP - 16
EP - 17
EP - 18
EP - 19
EP - 20
EP - 21
Attention please!!
EP - 22
EP - 23
EP - 24
EP - 25
EP - 26
EP - 27
EP - 28
EP - 29
EP - 30
EP - 31
EP - 32
EP - 33
Sorry for update
EP - 34
EP - 35
EP - 36
EP - 37
EP - 39
EP - 40
EP - 41
EP - 42
EP - 43
EP - 44
EP - 45
EP - 46
EP - 47
EP - 48
hello
EP - 49
EP - 38
1.6K 173 34
By moetharchel
Unicode
ရုတ်တရက်ပခုံးကိုလာထိတဲ့အတွေ့ကြောင့်ကုတင်ကိုမှီထိုင်ရင်းဖိမှိတ်ထားမိသည့်မျက်ဝန်းများကိုဖွင့်ကြည့်မိတော့ကိုက်ခဲနေတဲ့ခေါင်းကပို၍ပင်ကိုက်ခဲလာလေသလို။
"ရော့……"
မျက်စိရှေ့ရောက်လာတဲ့ဆေးနဲ့ရေကြောင့်ယောင်နနနှင့်မော့ကြည့်မိတော့စူပုတ်ပုတ်မျက်နှာထားနှင့်လာစိုက်ကြည့်နေတဲ့ဒေါက်တာ။ ခုနကမှပြောချင်ရာပြောပြီးထွက်သွားတဲ့သူကအခုကျဆေးလာတိုက်နေပြန်တယ်တဲ့။
နေပါအုံး ရန်ဖြစ်ထားတာကငါးမိနစ်တောင်မရှိသေးတဲ့အခြေအနေကြီးကိုလေ……။
"သောက်မှာလားမသောက်ဘူးလား……မသောက်ရင်ကိုယ်ခွံ့တိုက်မှာနော်……"
"ခင်ဗျားစိတ်ရောမှန်ပါတယ်နော်……"
တမင်ရွဲ့ကာမေးလိုက်တော့ပိုစူပုတ်သွားတဲ့မျက်နှာလေးနဲ့အတူသဝဏ့်လက်တစ်ဖက်ကိုအတင်းဆွဲယူကာဆေးကိုထည့်ပေးလာသည်။
သဘောကတော့ သောက်ရမယ်ပေါ့လေ။
"မသောက်ဘူး……သေရင်သေပါစေပစ်ထားလိုက်……"
ပြောပြောဆိုဆိုနှင့်ဆေးကိုလွှင့်ပစ်လိုက်တဲ့ကောင်လေးကြောင့်ထည်ဝါသက်ပြင်းချမိသည်။ လက်ထဲကရေခွက်ကိုစားပွဲပေါ်အသာတင်ပြီးသူနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင်ဆောင့်ကြောင့်ထိုင်ချလိုက်တော့ဘုဘောက်မျက်နှာပေးဖြင့်စွေကြည့်လာတဲ့အကြည့်တစ်ချက်။
"ကိုယ့်ကိုစိတ်ဆိုးနေတာလား……"
"မဆိုးဘူး…ဆိုးတော့ရော ကျွန်တော်ကဘာအသုံးဝင်မှာလဲ……သွားပါ ခင်ဗျားရဲ့ပညာတတ်တွေနဲ့ပဲသွားနေစမ်းပါ……"
ပြောဆိုကာမျက်နှာလွှဲသွားသည့်ကောင်လေးကြောင့်လက်နှစ်ဖက်နှင့်ကောင်လေးမျက်နှာကိုအုပ်ကိုင်ကာအကြည့်ချင်းဆုံစေလိုက်သည်။ ပါးလျလျနှုတ်ခမ်းလေးကိုဦးတည်ကာကြည့်မိတော့တွန့်ချိုးသွားတဲ့မျက်ခုံးတွေကဘဝင်မကျသည့်ပုံ။ စိတ်ဆိုးနေသည့်ကောင်လေးရဲ့ပုံစံကတကယ့်ကိုအသည်းယားစရာဖြစ်လာတာမို့နှုတ်ခမ်းလေးကိုဆွဲစုပ်နမ်းပစ်လိုက်တော့တုံ့ပြန်မှုမရှိပေမယ့်ငြိမ်သက်နေပေးပြန်တယ်။
"ကိုယ့်နှလုံးသားထဲမှာမင်းပဲရှိတာပါ……"
"မယုံဘူး……"
ဆတ်ခနဲလက်ကိုပုတ်ထုတ်လိုက်တဲ့ကလေးကြောင့်ထည်ဝါအနည်းငယ်ပြုံးမိသည်။ ဘယ်လောက်ပဲလူကြီးဆန်ပါတယ်ပြောပြော ၊ ဘယ်လောက်ပဲပြောင်းလဲသွားပြီပဲဆိုဆို ဒီကလေးကအခုအချိန်အထိတစ်ချို့သောချစ်စရာအမူအကျင့်လေးတွေရှိနေဆဲပါပဲ။
"ယုံအောင်ကိုကိုကဘယ်လိုသက်သေပြရမလဲဟင်……"
ဆောင့်ကြောင့်ထိုင်ထားရာကနေဒူးထောက်ချကာမျက်တောက်လေးပတြ်ခတ်ပုတ်ခတ်လုပ်ရင်းပြောလိုက်တော့ကြောင်အမ်းအမ်းမျက်နှာပေးလေးနှင့်ပြန်ကြည့်လာတဲ့ကျွန်တော့်ကလေးလေးရယ်ပါ။
"ကိုကိုခုနကပြောလိုက်မိတာတွေကစိတ်ထဲရှိလို့မဟုတ်ပါဘူး……ကိုကို့ကလေးလေးကကိုကို့ကိုအရွဲ့တိုက်ချင်တာနဲ့ပေါက်ကရတွေလျှောက်လုပ်ထားတော့…ကိုကိုကစိုးရိမ်လို့စကားတွေမှားပြောမိခဲ့တာပါ……"
တမင်ကိုကိုကိုချည်းထပ်နေအောင်ပြောချလိုက်တော့ဖြူဥနေတဲ့ကောင်လေးရဲ့အသားအရည်မှာမှရဲတွတ်လာတဲ့နာရွက်ဖျားလေးတွေ။ ဘာမှပြန်မပြောဘဲပြူးကြောင်ကြောင်လေးစိုက်ကြည့်နေသေးတာကြောင့်စိတ်သာမထိန်းထားလျှင်အခုချက်ချင်းပင်ဆွဲဖက်နမ်းပစ်မိတော့မည်။
"ကိုကိုတောင်းပန်ပါတယ်နော်……ခွင့်လွှတ်တယ်မဟုတ်လားဟင်……"
မျက်နှာကိုအနားပိုတိုးကပ်ကာပြောလိုက်တော့ကောင်လေးရဲ့မျက်ဝန်းတွေကထည်ဝါ့နှုတ်ခမ်းဆီဒိုင်းခနဲ။ ရီဝေဝေငေးကြည့်နေတဲ့အကြည့်တွေကအနမ်းတစ်ပွင့်ကိုလိုအပ်နေလောက်မှန်းနားလည်ပေမယ့်မသိချင်ယောင်သာဆောင်ထားလိုက်သည်။
ဒီကောင်လေးဘက်ကသာစနမ်းပါစေ……။
"ကိုကို့ကလေးလေးရေ……"
အသံကိုဆွဲငင်ကာခေါ်လိုက်တော့ကောင်လေးလည်စိကအထက်အောက်တစ်ချက်လှုပ်ရှားသွားတာမြင်လိုက်ရသည်။ ထို့နောက်ချက်ချင်းဆိုသလိုမတ်တပ်ထရပ်လိုက်တဲ့ကောင်လေးကဖြူဖျော့ဖျော့ယိုင်နဲ့နဲ့ပင်။
"ဘယ်သူကကိုကို့ကလေးလဲ……ဒီမှာကလေးမရှိဘူး…ခင်ဗျားနဲ့ကျွန်တော်ကရောဘာဆိုင်လို့လဲ……"
ကလေးများစိတ်ကောက်နေသလိုပြောချင်ရာပြောပြီးယိုင်တိယိုင်တိုင်နှင့်အခန်းထဲကနေထွက်သွားတဲ့ကောင်လေးကြောင့်ထည်ဝါသက်ပြင်းချမိရပြန်ပါသည်။ ချစ်သူရည်းစားဘဝမှာစိတ်ဆိုးစိတ်ကောက်ရန်ဖြစ်တာတွေရှိတယ်ဆိုပေမယ့်လို့ကောင်လေးကိုသူ့ကိုယ်သူထိခိုက်အောင်လုပ်တာမျိုးတော့ထည်ဝါလက်မခံပါ။ ဘယ်လောက်ပဲစိတ်ဆိုးနေပါစေ ၊ အဆုံးအထိပြောရရင်ထည်ဝါ့အသားကိုနာကျင်စေတာဆိုရင်တောက်လက်ခံပေးနေအုံးမှာပဲ။
ဒါပေမယ့်သူ့ကိုယ်သူတော့ထိခိုက်အောင်လုပ်ခွင့်မပေးနိုင်ဘူး။
ဘယ်သူကမှမင်းကိုနာကျင်အောင်လုပ်ခွင့်မပေးနိုင်ဘူးကလေး……မင်းကိုယ်တိုင်အပါအဝင်ပေါ့……။
_____________________________________________
ဒေါက်တာ့ကိုပါးစပ်ထဲရှိရာသာပြောချပြီးခြံထဲကထိုင်ခုံတစ်ခုမှာသာလာထိုက်နေလိုက်သည်။ မိုးရွာထားလို့စိုစွတ်စွတ်ဖြစ်နေတဲ့မြက်ခင်းပြင်ပေါ်ကဒန်းလေးကဒီနေ့မှပိုလင်းထင်းနေတဲ့မီးရောင်တွေကြောင့်ထင်ပါရဲ့။ ပန်းခြံထဲကromaticsဆန်တဲ့နေရာလေးလိုလိုဘာလိုလိုပင်။
တကယ်တော့ဒေါက်တာခုနကလာချော့ကတည်းကကိုသဝဏ့်စိတ်ကပြေနေပြီးသားပါ။ ဒါပေမယ့်လည်းဒေါက်တာ့ကိုနည်းနည်းတော့ဆိုးပြချင်သည်။ တစ်ခါလောက်တော့ကျွန်တော့်ဘက်ကအလျော့ပေးလို့မဟုတ်ဘဲ ၊  တစ်ဖက်လူကဆွဲထားပေးလို့မြဲတဲ့တည်ဆောက်မှုမျိုးရဖူးချင်သေးတယ်။ တစ်ခါလောက်လေးပဲဖြစ်ဖြစ်ကျွန်တော့်ကိုအလျှော့ပေးတာမျိုးလေးလိုချင်မိရုံပါ။
"ထိုင်မယ်နော်……"
ရုတ်တရက်ကြားလိုက်ရတဲ့စကားသံသဲ့သဲ့ကြောင့်အသံလာရာကြည့်မိတော့ဂစ်တာတစ်လက်ကိုပ်ုက်ရင်းခပ်လှမ်းလှမ်းကကျောက်တုံးပေါ်မှာလာထိုင်နေတဲ့ဒေါက်တာ။ လူကဖြင့်ထိုင်ပြီးနေပြီကိုမေးနေသေးတာကြောင့်သဝဏ်ခေါင်းအသာခါလိုက်မိသည်။ ထို့နောက်ဘာစကားမျှမဆိုဘဲတိတ်ဆိတ်သွားတဲ့ပတ်ဝန်းမှာဒေါက်တာ့ရဲ့ဂစ်တာကြိုးညှိသံကပျံ့လွင့်လို့။
ခဏအကြာမှာထွက်ပေါ်လာတဲ့သံစဉ်တစ်ချို့ကြောင့်မျက်နှာလွှဲထားမိပေမယ့်နားစွင့်ထားမိသည်။
ဒီဒေါက်တာကတော့…ဘာတွေအရူးထချင်နေတာလဲ……။
' ပန်းပွင့်ရှိမှ…အနံ့ရတာမဟုတ်ဘူး……
ဖူးသည့်ငုံ ထုံသည့်တစ်ပွင့်
နမ်းခွင့်တစ်ရှိုက်ရခိုက်မှာ…
ထာဝရအမြဲတည်……
နှလုံးသားမှာစွဲမြဲစွာထုံရစ်……
ဆွတ်ပျံ့နေ ချစ်သူသိစေ…… '
သဝဏ့်အကြိုက်သီချင်းဖြစ်တာကြောင့်တစ်ချက်လှမ်းကြည့်မိတော့ ဒေါက်တာကပြုံးပြရင်းမျက်စိတစ်ဖက်ပါမှိတ်ပြလာသည်။
ခင်ဗျားလုပ်နေပုံကကောင်မလေးတစ်ယောက်ကိုချော့သလိုဖြစ်နေပြီခင်ဗျားရဲ့……။
' တွေ့ခွင့်ရမှ…မင်းမျက်နှာလဝန်း……
ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့်
မင်းမရှိလည်းစွဲမြဲစွာ…ဘယ်လောက်ဝေးနေ
မော့ကြည့်ရင်မိုးကောင်းကင်အလိုရှိ……
တွေ့လို့နေ ချစ်သူသိစေ…… ' 
သီချင်းဆိုရင်းသဝဏ်ထိုင်နေတဲ့ဒန်းဆီလျှောက်လာတာမို့မသိမသာနေရာဖယ်ပေးလိုက်မိတော့ဘေးမှာဝင်ထိုင်လာသည့်ဒေါက်တာ။ ခပ်ဖွဖွပြုံးလိုက်မိတဲ့အပြုံးကိုအသည်းအသန်လိုက်ငေးနေတဲ့ဒေါက်တာ့ပုံစံကမသိရင်အခုမှရည်းစားထားဖူးတဲ့ဆယ်ကျော်သက်လေးလိုလို။
' ဖွင့်ဟပြောမှ……ကြားတတ်တာမဟုတ်ဘူး……
စီးဆင်းတဲ့စိမ့်စမ်းရေ
ကျေးငှက်တို့တီးတိုးသံ ချိုသာစွာကြားရင်
မင်းစကားသံစွဲမြဲစွာကျန်ရစ်
ကြားလို့နေချစ်သူသိစေ…… '
မျက်ဝန်းကိုသာစူးစိုက်ကြည့်လာတဲ့အကြည့်တွေကြားသဝဏ့်စိတ်ကပါညှို့ယူခံလိုက်ရသလိုနှင့်ဒေါက်တာ့မျက်နှာအစိတ်အပိုင်းတစ်ခုစီကိုသာခပ်ငေးငေးကြည့်နေမိသည်။ အချိုးကျပြီးကြည့်ကောင်းတဲ့မျက်နှာထားနဲ့ဒေါက်တာစဝ်ထည်ဝါကမိန်းကလေးဘယ်နှလောက်ကိုခါချငြင်းထုတ်ခဲ့ပြီးပြီလဲလေ……။
"ဆက်ငေးချင်သေးရင်လည်း အိမ်ထဲရောက်မှငေူပါလားကလေး……"
သဝဏ်ဒေါက်တာ့ကိုငေးနေမိတာဘယ်လောက်ကြာလို့ကြာသွားမှန်းမသိ ၊ ဒေါက်တာ့ဆီကစကားသံကြားမှသာသတိဝင်မိတော့သီချင်းပြီးလို့ဒေါက်တာကပင်ခပ်ပြုံးပြုံးနှင့်လာစိုက်ကြည့်နေသေးသည်။
"ချစ်တယ်ကောင်လေး……ပြီးတော့ ကိုယ်တောင်းပန်ပါတယ်…ကိုယ်ခုနကအရမ်းစိတ်ပူသွားလို့ပြောမိသွားတာပါကွာ ကလေးကခွင့်လွှတ်ပေးနိုင်မလားဟင်……"
သူ့ကိုယ်သူအပြစ်ရှိသလိုပုံစံနှင့်ခေါင်းလေးငုံ့ရင်းမဝံ့မရဲလေးတောင်းပန်နေတဲ့ဒေါက်တာ့နှုတ်ခမ်းတွေကိုဆွဲငုံစုပ်ရင်းနမ်းရှိုက်မိတော့ဒေါက်တာကလဘ်းအလိုက်တသင့်တုံ့ပြန်ပေးလာသည်။ နှုတ်ခမ်းနှစ်လွှာကိုအထက်အောက်တစ်လှည့်စီဆွဲစုပ်နမ်းလိုက်ပြီးလျှာဖျားနှင့်ပါတိုးဝင်ရစ်ပတ်မိချိန်ချိုမြိန်တဲ့နှုတ်ခမ်းလေးကတကယ့်ကိုရူးသွားစေဖို့လုံလောက်နေပြန်ပါ၏။
ဒေါက်တာ့ရဲ့ပန်းဆီရောင်နှုတ်ခမ်းပါးလေးကိုအလွတ်ပေးကာမျက်နှာလေးကိုပြန်ငေးကြည့်မိတော့ထုံးစံအတိုင်းပြုံးပြလာပြန်တယ်။ အညိုထျော့ရောင်shirtအင်္ကျီကိုမှကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားတဲ့ဒေါက်တာကသိပ်ကsmartကျလွန်းနေပြန်တာကြောင့်
"အပြင်ထွက်ရင်တခြားလူတွေဝိုင်းမကြည့်ဘူးလား……"
"အကြည့်မခံစေချင်ရင်ကိုယ့်ကိုဖွက်ထားလေကလေးရဲ့……"
ရယ်သံနှောကာပြောဆိုလာသည့်စကားသံအဆုံးနှုတ်ခမ်းသားကိုလည်တိုင်ဆီဖိကပ်မိတော့အလိုက်သိလွန်းတဲ့ဒေါက်တာကခေါင်းအသာမော့ထားပေးလာပြန်သည်။ လည်တိုင်တစ်လျှောက်လုံးစုန်ချည်ဆန်ချည်နမ်းရှိုက်ရင်းတတိယမြောက်ကြယ်သီးကိုဖြုတ်လိုက်တော့ရက်ဘတ်သားဖွေးနုနုကလှစ်ခနဲ။
"ကျွန်တော်နည်းနည်းအေးလာသလိုပဲ……"
"ဟမ်……"
နားမလည်သလိုမျက်ဝန်းတစ်စုံနှင့်စိုက်ကြည့်လာတဲ့ဒေါက်တာ့ကိုအပြုံးတစ်ချက်နှင့်သာတုံ့ပြန်ရင်း စတုတ္ထမြောက်ကြယ်သီးကိုပါဖြုတ်ပစ်လိုက်တော့ဖြူဖွေးနေသည့်ရင်ဘတ်သားတွေကပို၍ထင်ရှားလာသည်။ လက်လျှိုဝင်ကာကျောပြင်ကိုပွတ်သပ်ရင်းဒေါက်တာ့ရင်ခွင်ထဲမှီချလိုက်တော့ရှူရှိုက်မိလိုက်တဲ့ကိုယ်သင်းရနံ့သင်းသင်းကတစ်မျိုးဆွဲဆောင်မှုရှိနေပြန်တာပင်။
"ကောင်လေး……"
ရင်ဘတ်အနှံ့လိုက်နမ်းရှိုက်နေတာမို့မနေတတ်စွာခေါ်ဝေါ်မိတော့မှရပ်တန့်သွားတဲ့ကောင်လေး။ ရင်ခွင်ထဲကနေမျက်ဝန်းချင်းပြန်ဆုံကြည့်လာတာမို့ကိုယ့်မှာရင်ခုန်မိရပြန်သည်။
"ကျွန်တော်ကချမ်းလို့အနွေးဓါတ်ယူနေတာလေ……ဘာလဲ မပေးချင်ဘူးလား……"
"အဲ့ဒီ့လိုမဟုတ်ပါဘူး……ဒါပေမယ့် ကိုယ်…အ……"
စကားတောင်ဆုံးအောင်မပြောရသေး ၊ ညှပ်ရိုးတစ်ဝိုက်ကိုဖိကိုက်လိုက်သည့်ကောင်လေးကြောင့်ကိုယ့်စကားတောင်ဘယ်ရောက်လို့ရောက်သွားမှန်းမသိအောင်မေ့သွားရတော့သည်။
"အဟမ်း……ကျွန်တော်အိပ်ချင်လာလို့ အိပ်တော့မယ်……Goodnight ဒေါက်တာ……"
"အစောကြီးရှိ……"
နှဖူးကိုတစ်ချက်ဖိနမ်းပြီးပြုံးစိစိနှင့်ထွက်သွားသည့်ကောင်လေးကြောင့်ထည်ဝါလည်းဂစ်တာကိုကောက်ယူကာကိုယ့်အခန်းဆီကိုယ်ပြန်လာခဲ့လိုက်သည်။ ထုံးစံအတိုင်းအခန်းထောင့်မှာဂစ်တာကိုထောင်ထားလိုက်ပြီးဘာရယ်မဟုတ်မှန်ရှေ့ကကိုယ့်ပုံရိပ်ဆီအကြည့်ရောက်မိတော့လန့်ဖျန့်သွားမိသည့်ကိုယ့်စိတ်ကိုမနည်းထိန်းကာမအော်မိအောင်ပါထိန်းလိုက်ရသေးသည်။
လည်ပင်းကစလို့ကြယ်သီးဖြုတ်ထားသည့်အနားအထိနီရဲနေတဲ့markingရာတွေကမသိရင်တစ်မျိုးအတွေးပေါက်သွားစေနိုင်တဲ့အထိပင်။
"ဒီကောင်လေးကတော့……လွှတ်ထားပေးလိုက်တာနဲ့ကို……အား!! ချစ်လိုက်တာကွာ……"
#################################
အပြောစောသွားတဲ့သူတွေအတွက်ခွေးစာပါဗျ။ အခုအချိန်မှာဆိုရင်တော့ နောက်တစ်ပိုင်းစောင့်ကြည့်မယ့်အဖွဲ့ကတော်တော်လေးပျော်နေလောက်ပါပြီ။
Zawgyi
"ရော့……"
"မယုံဘူး……"
ဆောင့်ကြောင့်ထိုင်ထားရာကနေဒူးထောက်ချကာမျက်တောက်လေးပတ်ြခတ်ပုတ်ခတ်လုပ်ရင်းပြောလိုက်တော့ကြောင်အမ်းအမ်းမျက်နှာပေးလေးနှင့်ပြန်ကြည့်လာတဲ့ကျွန်တော့်ကလေးလေးရယ်ပါ။
"ကိုကို့ကလေးလေးရေ……"
_____________________________________________
"ထိုင်မယ်နော်……"
ထာဝရအမြဲတည်……
"ဟမ်……"
"ကောင်လေး……"
"အစောကြီးရှိ……"
#################################
Continue Reading
You'll Also Like
120K 308 25
here are some of my horny thoughts as a trans man with a pussy. snap if you wanna sext ;)
250K 3.4K 7
18+ viewers discretion is advised! NSFW CONTENT! You see Eren getting locked up in the cell and you always looked up to him . You decide to help him...
190K 6.9K 13
2 tom dylogii ,,Agony"
175K 15.7K 30
"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို...