အခန်း ၁၄၉
ညနေခင်းတွင် ဖေးရှီက ယဲ့ကျန်းထံ နောက်နေ့နန်းတော်သို့ အခစားဝင်လျှင် ဝတ်သွားရန်အတွက် အဝတ်အစား အသစ်တစ်စုံကို ပို့ပေးလာသည်။
"အမေ ဒီအရောင်က တောက်လွန်းမနေဘူးလား"
ယဲ့ကျန်းက သူမ၏အရှေ့ အိပ်ရာပေါ်တွင် ဖြန့်ခင်းထားသော ကြော့ရှင်းကြည့်ကောင်းသည့် ပန်းရောင်ဝတ်စုံကို ကြည့်လိုက်သည်။ နန်းတော်သို့ သွားလျှင် မည်သည့်ဝတ်စုံကို ဝတ်သင့်ကြောင်း စဉ်းစား၍ မရသေးသော်လည်း ထိုဝတ်စုံကို ဝတ်ဆင်ခြင်းက အကြံကောင်း မဟုတ်မှန်း သိနေသည်။
ဖေးရှီက သဘောမကျသလို ကြည့်လာသည်။
"သမီးက ငယ်သေးတယ်။ ငယ်ရွယ်ချိန်မှာ ဒီလို ဝတ်စုံလှလှလေးတွေ တုံ့ဆိုင်းမနေဘဲ ဝတ်သင့်တယ်။ အမေတို့ အရွယ်ရောက်ရင် ဝတ်ဖို့က မဖြစ်နိုင်ဘူး"
သို့တိုင်အောင် ယဲ့ကျန်းက ခေါင်းကို ခါသည်။
"သမီးကတော့ ဒီတစ်စုံက ပိုကောင်းမယ်လို့ ထင်တယ်"
သူမက ဖြုန်းတီးလွန်းသော လှပသည့် ပန်းရောင်ဝတ်စုံ၏ ဘေးနားတွင် ချထားသည့် ပန်းစည်းပုံစံလေးများ တွဲလောင်းကျနေဟန် ထိုးထားသော လှပရိုးရှင်းသည့် အပြာရောင်ဝတ်စုံလေးကို လက်ညှိုးထိုးပြလိုက်သည်။ အရောင်က သဘာဝဆန်ပြီး ဖျော့တော့သည်။ ထို့ကြောင့် သူမလိုချင်သည်နှင့် ကွက်တိကျလေသည်။
"ဒါပေမဲ့ အချစ်လေး ဒါက ရိုးရှင်းလွန်းမနေဘူးလား"
ဖေးရှီက မျက်မှောင်ကြုတ်ကာ ပြောသည်။
"ဝမ်ဖေးက သဘောမကျရင် ဘယ်လို လုပ်မလဲ"
"အမေ သမီးအထင်တော့ ပန်းရောင်ဝတ်စုံက အရမ်းလှပေမဲ့ နန်းတော်ထဲကို အခစားဝင်တဲ့လူတစ်ယောက် မသင့်တော်ဘူး။ ပွဲလမ်းသဘင်တွေ ရှိမှ သမီးဝတ်လိုက်ပါ့မယ်"
ယဲ့ကျန်းက ဖေးရှီလက်မောင်းကို သိုင်းဖက်လိုက်သည်။
သူမတွင်လည်း အကြောင်းပြချက် ရှိသည်။ သူမကသာ ထိုဝတ်စုံကို ဝတ်ပြီး နန်းတော်ထဲသို့ ဝင်သွားလိုက်လျှင် လုဝူရွှမ်းက တမင်ထင်းထွက်နေအောင် ပြင်ဆင်လာသည်ဟု ထင်သွားပေလိမ့်မည်။ ထိုမိန်းမ၏ မနာလိုကြီးစိတ်က အထင်သေး၍ မရမှန်း သူမက ကောင်းကောင်း နားလည်ထားသည်။
ပြောရလျှင် မနက်ဖြန် မသွားခင် သူမ၏မျက်နှာပေါ် လိမ်းခြယ်သွားရန် အပင်တစ်မျိုး၏ အရည်များကို ဖော်စပ်ထားသင့်သေးသည်။ ထိုအရာနှင့်ဆိုလျှင်.. ယဲ့ကျန်း၏ ခေါင်းအတွင်း အကြံအစည်းတစ်ခု ရလာသည်။ ဖြစ်နိုင်သည်မှာ ဆွဲဆောင်မှု လျော့ပါးသွားအောင် တစ်စုံတစ်ရာ လုပ်သွားသင့်လေသည်။
ဖျောင်းဖျခံရပြီးနောက်တွင် ဖေးရှီက ယဲ့ကျန်းကို ဖိအားမပေးတော့ချေ။ မည်သို့ပင် ဆိုစေ သမီးဖြစ်သူကိုလည်း လုဝူရွှမ်းနည်းတူ နန်းတော်အတွင်း ဝင်ရောက်မည်အား မဖြစ်စေလိုပေ။ ဒီအတိုင်း လုယောင်ယောင်ကို ကောင်းမွန်ပြီး ရိုးသားနှိမ့်ချသည့် မိသားစုမှ ခင်ပွန်းကောင်းတစ်ယောက်နှင့်သာ အတူတကွ ရှိစေလိုပြီး ပျော်ရွှင်သော ရိုးရှင်းသည့် ဘဝကို ပိုင်ဆိုင်စေလိုသည်။
"ဒါဆိုရင်လည်း ထားလိုက်ပါ"
သူမက ရယ်သည်။ အာ.. ငါ့သမီးက ဒီလို အကြံကောင်းတွေ ရှိလာမယ်လို့ မထင်ထားမိဘူး။
ယဲ့ကျန်က ဖေးရှီဟု ပခုံးပေါ် လုယောင်ယောင် လုပ်နေကျကဲ့သို့ မှီချလိုက်ကာ ပြောသည်။
"သမီးက အရွယ်ရောက်လာပြီလေ"
ဖေးရှီက ယောင်ယောင်၏ ပါးလေးကို လက်မလက်ညှိုးတို့ဖြင့် ညှစ်လိုက်ပြီးနောက် အပိုစကားမဆိုဘဲ ပြုံးရယ်နေတော့သည်။
နောက်တစ်နေ့နံနက် နေမင်းက မိုးကုပ်စက်ဝိုင်းအတွင်းမှ စတင်ထွက်ပြူလာချိန်တွင် ယဲ့ကျန်းက စံအိမ်ထဲမှ စထွက်ပြီဖြစ်သည်။ အသက်ရှုလိုက်ချိန်တိုင်း လေအေးများ တိုက်ခတ်နေခြင်းက နာကျင်ဖွယ်ကောင်းသည့် ခံစားချက် ဖြစ်သည်။ သူမက စံအိမ်၏ ကျောက်တုံးလှေကားထစ်များအနက် တစ်ခုပေါ်တွင် ရပ်နေပြီး တိတ်ဆိတ်ငြိမ်သက်သည့် နေရာ၏ ခံစားချက်ကို ကျင့်သားရအောင် လုပ်နေသည်။
အချိန်တစ်ခု ကြာပြီးနောက်တွင် သူမက လက်များကို ဆန့်ထုတ်လိုက်ကာ အချိန်အနည်းငယ်ကြာ ခုန်ပေါက်ဟန် လုပ်နေသည်။ ဒီနည်းအားဖြင့် ဖြတ်သွားဖြတ်လာများ၏ အမြင်တွင် ထူးဆန်းနေလောက်သော လက်သီးသိုင်းတစ်မျိုးကို လေ့ကျင့်လိုက်သည်။
နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ယောက် အနေနှင့် ထိုသို့လေ့ကျင့်မှု ပြုလုပ်ခြင်းက ထူးဆန်းသည်ဟု ခံစားရဖွယ်ရှိသည်။ ထိုကဲ့သို့သော လေ့ကျင့်ကွက်များကို သူမကဲ့သို့သော မိန်းကလေးတစ်ယောက်က မလုပ်သင့်ပေ။ သို့ရာတွင် သူမ၏ဖခင်က ငယ်စဉ်တည်းက လေ့ကျင့်ခိုင်းခဲ့သည်။ ဒါက အခြားလူများ သိုင်းလေ့ကျင့်ခြင်းနှင့်တူသည်။ အကြိမ်အနည်းငယ် လုပ်ပြီးနောက်တွင် ယဲ့ကျန်းက မောပန်းနွမ်းနယ်သွားတော့သည်။။
သို့ရာတွင် ဒါက သူမ၏ ကျန်းမာရေးအတွက် အထောက်အကူပြုသည်။ လုယောင်ယောင်က ငယ်ရွယ်စဉ်ကတည်းက မကြာခဏ ဖျားနာတတ်သောကြောင့် သူမ၏ ခန္ဓာကိုယ်က အလွန်အမင်း အားနည်းလွန်းလှလေသည်။ သူမတွင် လင်းချွမ်ရှိသော်လည်း ယဲ့ကျန်းအနေနှင့် ဒီအမြွှာညီမ၏ ခန္ဓာကိုယ်ကို ဂရုစိုက်ထားသင့်သည်ဟု ယူဆသည်။
အရှေ့ဘက်ကောင်းကင်သို့ နေ့မင်းက ထင်ရှားတောက်ပစွာ ထွက်ပေါ်လာချိန်တွင် ယဲ့ကျန်းဟာလည်း ချွေးပါးပါး စိုရွှဲနေပြီဖြစ်သည်။ သူမက ဖေးရှီ မနေ့က ပြင်ဆင်ပေးထားသော ဝတ်စုံကို လဲဝတ်ရန်အတွက် အဆောင်သို့ ပြန်သည်။ ထို့နောက် သိုက်မေ့၏အကူအညီဖြင့် ပြင်ဆင်တော့သည်။
သဘောတူထားသည့်အတိုင်း သူမဟာ မဲနယ်ရောင်ပန်းပွင့်ငယ်လေးများကို အောက်ခြေတွင် လခြမ်းနှင့် ရေကန်ငယ်သဖွယ် ထိုးထားသော လှပသည့် ဝါဂွမ်းသား ဝတ်စုံကို ဝတ်ဆင်ခြင်း ဖြစ်သည်။ ထိုဝါဂွမ်းသားပျော့ ဝတ်စုံက ရိုးရှင်း ကြည့်ကောင်းကာ လှပသည်။ ပန်းရောင်ဝတ်စုံကဲ့သို့ တောက်ပလှပနေခြင်း မရှိသည့်တိုင် သူမ၏ ပုလဲလို အသားအရေကို မီးမောင်းထိုးပြနေသလို ကြော့ရှင်း ကြည့်ကောင်းမှုကို ထင်ရှားစွာ ထွက်ပေါ်လာနေစေသေးသည်။
မှန်ရှေ့တွင် မတ်တပ်ရပ်ပြီးနောက် ယဲ့ကျန်းက ဖြူဖွေးကာ အပြစ်အနာအဆာ ကင်းမဲ့သော မျက်နှာကို ကြည့်သည်။ သူမ၏မျက်ဝန်းအတွင်း စဉ်းလဲသော အလင်းများ လက်လာပြီးနောက် မနေ့ညက ကြိုတင်ပြင်ဆင်ထားသည့် ပုလင်းတစ်ခုကို ထုတ်လိုက်သည်။
သက်ပြင်းချပြီးနောက်တွင် ဖေးရှီက သူမကို ဆေးစာအုပ်ပေးကာ သင်ယူခိုင်းခဲ့သည့်အတွက် ကျေးဇူးတင်မိသွားသည်။ တချို့သော အပင်များက ကုသနိုင်စွမ်း ရှိသည့် သက်ရောက်မှုရှိသလို အချို့သော အပင်များကမူ အရေပြားကို ပြောင်းပြန်ဆိုးကျိုးဖြစ်စေနိုင်စွမ်း ရှိသည်။ သူမက သခင်မကြီးလု၏ ရှေ့သို့ ရောက်သောအခါ လူတိုင်းနီးပါးက နှလုံးရောဂါ ရမတတ် ဖြစ်သွားသည်။
"ယောင်ယောင်.. မျက်နှာက အနီစက်တွေက ဘယ်လို ဖြစ်တာလဲ"
သခင်မကြီးလုက ထိတ်လန့်တကြား အသည်းအသန်မေးလာသည်။
...
Zawgyi
အခန္း ၁၄၉
ညေနခင္းတြင္ ေဖးရွီက ယဲ့က်န္းထံ ေနာက္ေန႔နန္းေတာ္သို႔ အခစားဝင္လွ်င္ ဝတ္သြားရန္အတြက္ အဝတ္အစား အသစ္တစ္စုံကို ပို႔ေပးလာသည္။
"အေမ ဒီအေရာင္က ေတာက္လြန္းမေနဘူးလား"
ယဲ့က်န္းက သူမ၏အေရွ႕ အိပ္ရာေပၚတြင္ ျဖန႔္ခင္းထားေသာ ေၾကာ့ရွင္းၾကည့္ေကာင္းသည့္ ပန္းေရာင္ဝတ္စုံကို ၾကည့္လိုက္သည္။ နန္းေတာ္သို႔ သြားလွ်င္ မည္သည့္ဝတ္စုံကို ဝတ္သင့္ေၾကာင္း စဥ္းစား၍ မရေသးေသာ္လည္း ထိုဝတ္စုံကို ဝတ္ဆင္ျခင္းက အႀကံေကာင္း မဟုတ္မွန္း သိေနသည္။
ေဖးရွီက သေဘာမက်သလို ၾကည့္လာသည္။
"သမီးက ငယ္ေသးတယ္။ ငယ္႐ြယ္ခ်ိန္မွာ ဒီလို ဝတ္စုံလွလွေလးေတြ တုံ႔ဆိုင္းမေနဘဲ ဝတ္သင့္တယ္။ အေမတို႔ အ႐ြယ္ေရာက္ရင္ ဝတ္ဖို႔က မျဖစ္ႏိုင္ဘူး"
သို႔တိုင္ေအာင္ ယဲ့က်န္းက ေခါင္းကို ခါသည္။
"သမီးကေတာ့ ဒီတစ္စုံက ပိုေကာင္းမယ္လို႔ ထင္တယ္"
သူမက ျဖဳန္းတီးလြန္းေသာ လွပသည့္ ပန္းေရာင္ဝတ္စုံ၏ ေဘးနားတြင္ ခ်ထားသည့္ ပန္းစည္းပုံစံေလးမ်ား တြဲေလာင္းက်ေနဟန္ ထိုးထားေသာ လွပ႐ိုးရွင္းသည့္ အျပာေရာင္ဝတ္စုံေလးကို လက္ညႇိဳးထိုးျပလိုက္သည္။ အေရာင္က သဘာဝဆန္ၿပီး ေဖ်ာ့ေတာ့သည္။ ထို႔ေၾကာင့္ သူမလိုခ်င္သည္ႏွင့္ ကြက္တိက်ေလသည္။
"ဒါေပမဲ့ အခ်စ္ေလး ဒါက ႐ိုးရွင္းလြန္းမေနဘူးလား"
ေဖးရွီက မ်က္ေမွာင္ၾကဳတ္ကာ ေျပာသည္။
"ဝမ္ေဖးက သေဘာမက်ရင္ ဘယ္လို လုပ္မလဲ"
"အေမ သမီးအထင္ေတာ့ ပန္းေရာင္ဝတ္စုံက အရမ္းလွေပမဲ့ နန္းေတာ္ထဲကို အခစားဝင္တဲ့လူတစ္ေယာက္ မသင့္ေတာ္ဘူး။ ပြဲလမ္းသဘင္ေတြ ရွိမွ သမီးဝတ္လိုက္ပါ့မယ္"
ယဲ့က်န္းက ေဖးရွီလက္ေမာင္းကို သိုင္းဖက္လိုက္သည္။
သူမတြင္လည္း အေၾကာင္းျပခ်က္ ရွိသည္။ သူမကသာ ထိုဝတ္စုံကို ဝတ္ၿပီး နန္းေတာ္ထဲသို႔ ဝင္သြားလိုက္လွ်င္ လုဝူ႐ႊမ္းက တမင္ထင္းထြက္ေနေအာင္ ျပင္ဆင္လာသည္ဟု ထင္သြားေပလိမ့္မည္။ ထိုမိန္းမ၏ မနာလိုႀကီးစိတ္က အထင္ေသး၍ မရမွန္း သူမက ေကာင္းေကာင္း နားလည္ထားသည္။
ေျပာရလွ်င္ မနက္ျဖန္ မသြားခင္ သူမ၏မ်က္ႏွာေပၚ လိမ္းျခယ္သြားရန္ အပင္တစ္မ်ိဳး၏ အရည္မ်ားကို ေဖာ္စပ္ထားသင့္ေသးသည္။ ထိုအရာႏွင့္ဆိုလွ်င္.. ယဲ့က်န္း၏ ေခါင္းအတြင္း အႀကံအစည္းတစ္ခု ရလာသည္။ ျဖစ္ႏိုင္သည္မွာ ဆြဲေဆာင္မႈ ေလ်ာ့ပါးသြားေအာင္ တစ္စုံတစ္ရာ လုပ္သြားသင့္ေလသည္။
ေဖ်ာင္းဖ်ခံရၿပီးေနာက္တြင္ ေဖးရွီက ယဲ့က်န္းကို ဖိအားမေပးေတာ့ေခ်။ မည္သို႔ပင္ ဆိုေစ သမီးျဖစ္သူကိုလည္း လုဝူ႐ႊမ္းနည္းတူ နန္းေတာ္အတြင္း ဝင္ေရာက္မည္အား မျဖစ္ေစလိုေပ။ ဒီအတိုင္း လုေယာင္ေယာင္ကို ေကာင္းမြန္ၿပီး ႐ိုးသားႏွိမ့္ခ်သည့္ မိသားစုမွ ခင္ပြန္းေကာင္းတစ္ေယာက္ႏွင့္သာ အတူတကြ ရွိေစလိုၿပီး ေပ်ာ္႐ႊင္ေသာ ႐ိုးရွင္းသည့္ ဘဝကို ပိုင္ဆိုင္ေစလိုသည္။
"ဒါဆိုရင္လည္း ထားလိုက္ပါ"
သူမက ရယ္သည္။ အာ.. ငါ့သမီးက ဒီလို အႀကံေကာင္းေတြ ရွိလာမယ္လို႔ မထင္ထားမိဘူး။
ယဲ့က်န္က ေဖးရွီဟု ပခုံးေပၚ လုေယာင္ေယာင္ လုပ္ေနက်ကဲ့သို႔ မွီခ်လိုက္ကာ ေျပာသည္။
"သမီးက အ႐ြယ္ေရာက္လာၿပီေလ"
ေဖးရွီက ေယာင္ေယာင္၏ ပါးေလးကို လက္မလက္ညႇိဳးတို႔ျဖင့္ ညႇစ္လိုက္ၿပီးေနာက္ အပိုစကားမဆိုဘဲ ၿပဳံးရယ္ေနေတာ့သည္။
ေနာက္တစ္ေန႔နံနက္ ေနမင္းက မိုးကုပ္စက္ဝိုင္းအတြင္းမွ စတင္ထြက္ျပဴလာခ်ိန္တြင္ ယဲ့က်န္းက စံအိမ္ထဲမွ စထြက္ၿပီျဖစ္သည္။ အသက္ရႈလိုက္ခ်ိန္တိုင္း ေလေအးမ်ား တိုက္ခတ္ေနျခင္းက နာက်င္ဖြယ္ေကာင္းသည့္ ခံစားခ်က္ ျဖစ္သည္။ သူမက စံအိမ္၏ ေက်ာက္တုံးေလွကားထစ္မ်ားအနက္ တစ္ခုေပၚတြင္ ရပ္ေနၿပီး တိတ္ဆိတ္ၿငိမ္သက္သည့္ ေနရာ၏ ခံစားခ်က္ကို က်င့္သားရေအာင္ လုပ္ေနသည္။
အခ်ိန္တစ္ခု ၾကာၿပီးေနာက္တြင္ သူမက လက္မ်ားကို ဆန႔္ထုတ္လိုက္ကာ အခ်ိန္အနည္းငယ္ၾကာ ခုန္ေပါက္ဟန္ လုပ္ေနသည္။ ဒီနည္းအားျဖင့္ ျဖတ္သြားျဖတ္လာမ်ား၏ အျမင္တြင္ ထူးဆန္းေနေလာက္ေသာ လက္သီးသိုင္းတစ္မ်ိဳးကို ေလ့က်င့္လိုက္သည္။
ႏူးညံ့သိမ္ေမြ႕ေသာ အမ်ိဳးသမီးတစ္ေယာက္ အေနႏွင့္ ထိုသို႔ေလ့က်င့္မႈ ျပဳလုပ္ျခင္းက ထူးဆန္းသည္ဟု ခံစားရဖြယ္ရွိသည္။ ထိုကဲ့သို႔ေသာ ေလ့က်င့္ကြက္မ်ားကို သူမကဲ့သို႔ေသာ မိန္းကေလးတစ္ေယာက္က မလုပ္သင့္ေပ။ သို႔ရာတြင္ သူမ၏ဖခင္က ငယ္စဥ္တည္းက ေလ့က်င့္ခိုင္းခဲ့သည္။ ဒါက အျခားလူမ်ား သိုင္းေလ့က်င့္ျခင္းႏွင့္တူသည္။ အႀကိမ္အနည္းငယ္ လုပ္ၿပီးေနာက္တြင္ ယဲ့က်န္းက ေမာပန္းႏြမ္းနယ္သြားေတာ့သည္။။
သို႔ရာတြင္ ဒါက သူမ၏ က်န္းမာေရးအတြက္ အေထာက္အကူျပဳသည္။ လုေယာင္ေယာင္က ငယ္႐ြယ္စဥ္ကတည္းက မၾကာခဏ ဖ်ားနာတတ္ေသာေၾကာင့္ သူမ၏ ခႏၶာကိုယ္က အလြန္အမင္း အားနည္းလြန္းလွေလသည္။ သူမတြင္ လင္းခြၽမ္ရွိေသာ္လည္း ယဲ့က်န္းအေနႏွင့္ ဒီအႁမႊာညီမ၏ ခႏၶာကိုယ္ကို ဂ႐ုစိုက္ထားသင့္သည္ဟု ယူဆသည္။
အေရွ႕ဘက္ေကာင္းကင္သို႔ ေန႔မင္းက ထင္ရွားေတာက္ပစြာ ထြက္ေပၚလာခ်ိန္တြင္ ယဲ့က်န္းဟာလည္း ေခြၽးပါးပါး စို႐ႊဲေနၿပီျဖစ္သည္။ သူမက ေဖးရွီ မေန႔က ျပင္ဆင္ေပးထားေသာ ဝတ္စုံကို လဲဝတ္ရန္အတြက္ အေဆာင္သို႔ ျပန္သည္။ ထို႔ေနာက္ သိုက္ေမ့၏အကူအညီျဖင့္ ျပင္ဆင္ေတာ့သည္။
သေဘာတူထားသည့္အတိုင္း သူမဟာ မဲနယ္ေရာင္ပန္းပြင့္ငယ္ေလးမ်ားကို ေအာက္ေျခတြင္ လျခမ္းႏွင့္ ေရကန္ငယ္သဖြယ္ ထိုးထားေသာ လွပသည့္ ဝါဂြမ္းသား ဝတ္စုံကို ဝတ္ဆင္ျခင္း ျဖစ္သည္။ ထိုဝါဂြမ္းသားေပ်ာ့ ဝတ္စုံက ႐ိုးရွင္း ၾကည့္ေကာင္းကာ လွပသည္။ ပန္းေရာင္ဝတ္စုံကဲ့သို႔ ေတာက္ပလွပေနျခင္း မရွိသည့္တိုင္ သူမ၏ ပုလဲလို အသားအေရကို မီးေမာင္းထိုးျပေနသလို ေၾကာ့ရွင္း ၾကည့္ေကာင္းမႈကို ထင္ရွားစြာ ထြက္ေပၚလာေနေစေသးသည္။
မွန္ေရွ႕တြင္ မတ္တပ္ရပ္ၿပီးေနာက္ ယဲ့က်န္းက ျဖဴေဖြးကာ အျပစ္အနာအဆာ ကင္းမဲ့ေသာ မ်က္ႏွာကို ၾကည့္သည္။ သူမ၏မ်က္ဝန္းအတြင္း စဥ္းလဲေသာ အလင္းမ်ား လက္လာၿပီးေနာက္ မေန႔ညက ႀကိဳတင္ျပင္ဆင္ထားသည့္ ပုလင္းတစ္ခုကို ထုတ္လိုက္သည္။
သက္ျပင္းခ်ၿပီးေနာက္တြင္ ေဖးရွီက သူမကို ေဆးစာအုပ္ေပးကာ သင္ယူခိုင္းခဲ့သည့္အတြက္ ေက်းဇူးတင္မိသြားသည္။ တခ်ိဳ႕ေသာ အပင္မ်ားက ကုသႏိုင္စြမ္း ရွိသည့္ သက္ေရာက္မႈရွိသလို အခ်ိဳ႕ေသာ အပင္မ်ားကမူ အေရျပားကို ေျပာင္းျပန္ဆိုးက်ိဳးျဖစ္ေစႏိုင္စြမ္း ရွိသည္။ သူမက သခင္မႀကီးလု၏ ေရွ႕သို႔ ေရာက္ေသာအခါ လူတိုင္းနီးပါးက ႏွလုံးေရာဂါ ရမတတ္ ျဖစ္သြားသည္။
"ေယာင္ေယာင္.. မ်က္ႏွာက အနီစက္ေတြက ဘယ္လို ျဖစ္တာလဲ"
သခင္မႀကီးလုက ထိတ္လန႔္တၾကား အသည္းအသန္ေမးလာသည္။
...