Light on me

Galing kay Chochoyaminhlaing

42K 3.2K 74

ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်လာရင် မည်သူနဲ့မျှစစ်မဖြစ်လို🤍 Higit pa

Intro 1
Intro 2
1:1
2:2
3:3
4:4
5:5
6:6
7:7
9:9
10:10(❣)
11:11
12:12
13:13
14:14
15:15
16:16
17:17
18:18
Hi
19:19
20:20
21:21
💭
22:22
23:23
24:24
25:25
26:26
The end

8:8

1.2K 118 0
Galing kay Chochoyaminhlaing

''စိတ်ဆိုးပြေပီ အာ့ကြောင့်ဆက်လိုက်မလာနဲ့နော်''

မနက်ကျောင်းရောက်ထဲက မျှော်လင့်ခဲ့ရတဲ့ စကားတစ်ခွန်းကြားခဲ့ပေမယ့်လည်း Park Jiminကတော့ သူ့ကိုတစ်နေ့လုံး အတွေ့မခံခဲ့ပါ။

စာမေးပွဲ အကြောင်းပြကာ နောက်နေ့တွင်လည်း Park Jiminက အရှောင်ကောင်းနေဆဲဖြစ်သည်။
ဒီနေ့သူ့ကိုအလျော်ပေးဖို့ကျောင်းစောစောလာခဲ့ပေမယ့် Park Jimin ကနေမကောင်း၍ခွင့်ယူထားသည်တဲ့။တကယ်ပါ အကြိမ်ကြိမ်လွဲလို့ကောင်းနေတုန်း။

နောက်ဆုံးတော့ သူစောင့်ကြိုနေတဲ့ ပန်းပွင့်လေးက ကျောင်းသိူ့လွင့်လာပါတော့သည်။
ပါဝါမျက်မှန်လေးနှင့်ထိုသူသည် တက္ကသိုလ်တစ်ခုလုံးတွင် အရမ်းအလှဆုံးဟု Jeonက သတ်မှတ်လိုက်တယ်ဆို ခင်များတို့ရော လက်ခံလိုက်မှာလား။လက်ခံသင့်ပါတယ် Park Jiminက သိပ်လှ သိပ်မွှေးလွန်းတဲ့ ပန်းကလေးတစ်ပွင့်နှယ်။

''Jimin ကျွန်တော်စောင့်နေတာ ပေးစရာရှိလို့''

''ကိုယ်အခု အတန်းချိန်ရှိသေးတယ် ညနေပြန်ရင်ဆုံမယ်လေ ''

''ဟုတ်ကဲ့''

''ဒါနဲ့ စာမေးပွဲ ဖြေနိုင်လား''

''ကျွန်တော်ပါဗျ ဖြေနိုင်တယ် အာ့ဆို see you နော် ညနေ ကျွန်တော်စောင့်နေမယ်''

''သွားပြီ တာ့တာ ''

လက်ကလေးပြကာ နှုတ်ဆက်သွားသော သူသည် ဒီနေ့ဝယ် ပိုတတ်ကြွနေသယောင်။
Jeonလည်း Chal Yu နဲ့တွေ့ရမည်မို့ အတန်းဆောင်ထဲဝင်လာခဲ့သည်။ထုံးစံအတိုင်းသူမက အပြုံးလှလှလေးပြုံးကာသူ့အားကြိုဆိုနေဆဲ။
အနောက်ဘက်တန်းက ပုပ်သိုးသိုး မျက်နှာပေးနဲ့ကောင်လေးတစ်ယောက်ကတော့ သူ့အား အခုထိအစာမကြေနိုင်သေးပါ။

''Chal ''

''ကို ဒီညနေ ကျောင်းပြန်ရင် Chal အိမ် လိုက်ပို့ပါလား ကားမပါလာလို့''

''Chal ညနေကိုယ် ချိန်းထားတာရှိလို့ သူငယ်ချင်း နဲ့ ပီးတော့ ကိုယ်လည်းကားမပါဘူးလေ''

''ဟုတ်လား''

''ကိုယ် Taxi ခပေးလိုက်မယ်လေ Chal အဲ့ကားနဲ့ပြန်ပေါ့''

''ရတယ် ရတယ် Chalသူငယ်ချင်းနဲ့ပြန်လိုက်မယ်''

''Ok ပါဗျာ''

>>>>>>>>>>>>>>>>>>>>>♥

ညနေကျောင်းဆင်းတော့သူ ကားပါကင်တွင် Park Jimin ကို စောင့်နေလိုက်သည်။
သူ့အတွက်ပေးမည့် လက်ဆောင်လေးကို အမှီပြုရင်းပေါ့။
တစ်ကျောင်းလုံးနီးပါး အိမ်ပြန်တာ ကုန်ခါနီးမှ လိပ်လိုခြေလှမ်းနှင့် နှစ်ယောက်သား ခပ်ဝေးဝေးမှလျှောက်လာသည်ကို မြင်နေရသည်။
Park Jiminဆိုတဲ့လူက အမြဲလှုပ်စိလှုပ်စိ။

''Jung Kook မတွေ့ရတာတောင်ကြာပီနော်''

Hoseokက အရင်စနှုတ်ဆက်သည်။

''မတွေ့ချင်တာဆို ပိုမှန်မယ်နော်''

သူက ခနဲ့သလိုလေသံဖြင့်။ တစ်ယောက်သောသူကတော့ မျက်မှောင်ကျုံ့ရင်းကြည့်လာသည်။

''Jiminကို ကျွန်တော် ပေးစရာရှိလို့''

''ဘာလဲ''

''နည်းတယ်များတယ်သဘောမထားပါနဲ့နော်''

''လေရှည်တယ် ဘာလဲ ပေး''

လက်ကလေးဖြန့်ကာ သူ့ရှေ့ထိုးပေးလာသည်။
သူလည်းလက်ထဲမှ အရာလေးတစ်ခုအား Jimin လက်ဖဝါးလေးပေါ်တင်ပေးလိုက်သည်။ပီးတော့ သူ့ရဲ့ နောက်ပါး ဆီက အနက်ရောင်ကားလေးကို လက်ဖြင့် ပုတ်ပြလိုက်သည်။

''မယူချင်ဘူး ရော့''

''မလုပ်ပါနဲ့ ကျွန်တော့်ကြောင့် Jimin ကားလေး ပျက်ဆီးရတာ အတာကြောင့်မို့ ကျွန်တော့် ကားလေး ပြန်အစားပေးတာပါ ကားအသစ်မဟုတ်လို့ ကျွန်တော်ကတောင်စိတ်မကောင်းဖြစ်နေတာ''

မျက်လွှာကိုချက်ချင်းချကာ ပြောလာသူက တကယ့် ကလီကမာကောင်စုတ်လေး။

''ရတယ် ငါနောက်လ အသစ်ဝယ်မှာ မလိုဘူး ရော့''

''စိတ်မကောင်းဖြစ်အောင်မလုပ်ပါနဲ့နော် ဒါလေး လက်ခံပေးပါနော် တောင်းပန်ပါတယ် ''

''လက်ခံပေးလိုက်ပါJiminရယ် အသစ်လည်းမဟုတ်ပဲ အားနာမနေပါနဲ့''

Hoseokကလည်းဘေးမှကူပြောရှာသည်။Jiminလည်းခေါင်းညိတ်လိုက်သည်။ပြီးတော့ခပ်ယဲ့ယဲ့လေးပြုံးပြသည်။သိရဲ့လားဒီလိုအခိုက်အတံ့ဟာကမ္ဘာပေါ်မှာ အလှဆုံးဆိုတာ။

"ဒါနဲ့မင်းက ဘာနဲ့ပြန်မှာလဲ''

''လိုက်ပို့ပေါ့ ဗျ''

''ကိုယ်တို့လည်း City Mark ဝင်စရာရှိသေးတယ် အချိန်ရလား Jiminလည်း ခေါ်မှာမလား သူ့ကို''

''ခေါ်မှရမှာပေါ့ Hoseokက သူနဲ့သွားလိုက် ကိုယ်နောက်ကလိုက်လာခဲ့မယ်''

''အင်း အင်း''

Jiminနဲ့လိုက်ချင်သူကတော့ မျက်နှာလေးစူပုတ်ကာ Hoseokနောက် ပါသွားရှာသည်။ Jiminပြုံးမိသည်။ထိုကောင်လေးက သူတို့နှစ်ယောက်ကို ဘယ်လိုလုပ်ပီး လာခင်တွယ်နေပါလိမ့်။

Jeon လက်ဆောင် ပေးသော ကားနက်ပေါ်သို့ Jiminရောက်တော့ မွှေးပျံ့နေတဲ့ ရနံ့တစ်ချို့ကို ရင်းရင်းနှီးနှီးခံစားမိသည်။ဒါJeon သူ့အနားရောက်တဲ့အခါရတဲ့ ရနံ့ပင်။ မသိမသာလေး ရှူရှိုက်မိသည်။သိစိတ်ထဲမှာJeonကို လန့်နေပေမယ့်မသိစိတ်ထဲကတော့Jeonရနံ့ကိုသိပ်ကြိုက်နေမိခဲ့သည်။Jeonလက်ဆောင်ပေးတဲ့ကားကိုလည်းသိပ်ကြိုက်သည်။ သေသေချာချာစီးမှာပါJeon။

Park Jiminသည် မနက်ရော ညပါ Hoseokကားနှင့် အမြဲလိုက်ပါလာတတ်သူမို့ မကျေမနပ်ဖြစ်ကာ သူစီးလာတဲ့ကားကို လက်ဆောင်အဖြစ် တမင်ပေးလိုက်ခြင်းပင်။

>>>>>>>>>>>>>>>♥

ခြံထဲသို့ တစ်ခါမှ မမြင်ဖူးသော ကားအကောင်းစားတစ်စီးသည်ဝင်ရောက်လာသည်။Jiminဧည့်သည်များလား။စပ်စုချင်သောစိတ်အပြည့်ဖြင့်အိမ်ရှေ့ဝမှာတံမြတ်စည်းလှည်းသယောင်ယောင်လုပ်နေလိုက်သည်။ကားလေးက Jiminရပ်နေကျနေရာမှာ ရပ်လိုက်ကာ ကားတံခါးပွင့်လာသည်။

''ဟင် Jimin ကားအသစ်ဝယ်ခဲ့တာလား ''

''မဟုတ်ဘူး Hyungရဲ့ ကူးငယ်က လက်ဆောင်ပေးလိုက်တာ''

''အဲ့ဒါယူခဲ့ရလားကွယ်''

''မယူခဲ့လို့မှမဖြစ်ပဲ''

''ပြောတော့ သူ့ကိုမုန်းတယ်ဆို သူပေးတဲ့လက်ဆောင်ကျယူရလား''

''လက်ဆောင်ဆိုတာ မုန်းတဲ့သူပေးလည်းယူရတယ်တဲ့ Jiminက ကူးငယ်ကို မမုန်းမိသေးပါဘူး ''

Jiminက အိတ်လေးဆွဲကာ အပေါ်ထပ်သို့တက်သွားတော့သည်။Jiminရဲ့ မျက်ဝန်း Jiminရဲ့အပြောတွေထဲမှာ ခံစားချက် တစ်ချို့တစ်ဝက်ပါနေကြောင်း သူသိပါသည်။
အရင်လိုတုန်လှုပ်မှူတွေမရှိတော့ရင် Hyung ကလေးငယ်ပျော်ဖို့မျှော်လင့်မိပါတယ် ကလေးရယ်...။

ရေမိုးချိုးသန့်စင်ကာ စာကြည့်ခန်းအတွင်းသို့ဝင်လာခဲ့သည်။စာဖတ်ဟန်ပြုကာမှ တစ်ယောက်သောသူရဲ့ အပြုံးတစ်ခုက လှစ်ခနဲဝင်လာသည်။
ကူးငယ်ရဲ့အပြုံးငယ်ပင်။
ကူးငယ်က ချောတဲ့အထဲပါသည်ကို သူရိပ်မိပါသည်။ပြီးတော့ ကူးငယ်က သိပ်ဆိုးကြောင်းလည်း သိပ်သိသည်။ကောင်မလေး ထည်လဲတွဲနေတာကလည်း ကူးငယ်ရဲ့ဓလေ့တစ်ခုလို။အမြဲတမ်းရန်လိုနေတဲ့ကူးငယ်က သူနဲ့Hoseokရှေ့ရောက်ရင် အပြစ်ကင်းတဲ့ ကလေးငယ်လေးလို။အမှန်တကယ်လည်းကူးငယ်က ဆယ်ကျော်သက်ကလေးလေးသာရှိပါသေးသည်။သူနဲ့ကူးငယ်ကနှစ်နှစ်သာကွာသည်မို့ ကူးငယ်က အခုမှ ၁၉နှစ်သာသာ သာရှိနေပါလိမ့်မည်။ ဘာကြောင့်ဒီလိုငယ်ငယ်လေးနဲ့ဆိုးရတာလဲဟုသူမတွေးပဲသိသည်။ကြီးကျယ်ခန်းနားတဲ့အသိုင်းအဝိုင်းတစ်ခုကဆင်းသက်လာသူမို့ ဒီလောက်လေးတော့ ကူးငယ်ဆိူးသင့်ပါသည်။ဒါက သူ့ရဲ့ ပထမဆုံး လူဆိူးတစ်ယောက်အပေါ် ဆိုးသင့်ပါသည် ဟူ၍မှတ်ချက်တစ်ခုချလိုက်ခြင်းပင်ဖြစ်သည်။

>>>>>>>>>>>>>>>>>>>>♥

''လာပါဦး ကိုယ်တော်ချော''

အိမ်ထဲခြေလှမ်းပြင်လိုက်စဥ် မကြားဖူးတာ ကြားပြီဖြစ်သော မာမီ့အသံကိုကြားလိုက်ရသည်။ဧည့်ခန်းထဲမှာ မိန့်မိန့်ကြီးနေသော သူသည် တကယ်သူ့မာမီပင်။ ဘယ်လိုလုပ်အကြောင်းမကြားပဲ ပြန်ရောက်လာပါလိမ့်။ပြီးတော့ မာမီ့ဘေးနားတွင် ဟိုဘက်အိမ်က စိတ်ကောက်နေသော ကောင်လေးလည်းရောက်နေသည်။နှစ်ယောက်လုံးက သူ့ကိုကြည့်ကာ ပြုံးပြနေသည်။

''မာမီ အကြောင်းတောင်မကြားဖူးနော်''

အချွဲလေးသည် မာမီ့ရင််ခွင်ထဲ ပြေးဝင်ကာ အချစ်ခံနေတော့သည်။

''Suprise လေ ကူးငယ်''

''ကြည့်ပါဦး ကူးမာမီက ချောလာလိုက်တာ''

''မာမီ့ကူးလေးက ပိုချောလာတာပါကွယ်''

''မာမီနော် ကူးကိုမကြိုခိုင်းပဲ Taeကို ကြိုခိုင်းတာမလား ဒါကြောင့် Taeက အစောကြီးပြန်သွားတာ''

သူမကြိုရ၍ဘေးကမုန့်စားနေသောTaeကိုအပြစ်တင်သံနှင့်ဆိုလာသည်။Taeကသူ့စကားကြောင့်မုန့်စားနေရာမှကြည့်လာသည်။

''ဘာလဲ ငါမကြိုပါဘူး ငါအိမ်အပြန်စောရောက်တာလည်းမဟုတ်ဘူး ပုံမှန်ပဲ မင်းသာ မင်းကောင်မလေးတွေနောက် ပါပါသွားနေလို့ အမြဲနောက်ကျနေတာလေ''

''မင်းနော် မာမီ့ရှေ့မှာ ငါ့မှာဘာကောင်မလေးမှာမရှိဘူး နော် မာမီနော် ကူးက ခုမှကလေးပဲရှိသေးတာ''

ပြောင်လိမ်နေတဲ့ငနဲကိုဆက်မကြည့်တော့ပဲ အန်တီဝယ်လာသောမုန့်ကိုသာဆက်စားနေလိုက်တော့သည်။တစ်ခါတစ်လေသူ့ရဲ့Jeonကဒီလိုလည်းငလိမ်လေးလုပ်တတ်သေးသည်။ချွဲနေပုံသည်လည်းတကယ်ကလေးလေးလိုပါပဲ။Jeonဟာ ကြည့်ရင်းကြည့်ရင်း မက်မောရင်း မက်မောရင်းနဲ့ပင် နစ်မွန်းဖွယ်ရာ လူသားပါပဲ။
ကိုယ်ရုန်းမထွက်ပါရစေနဲ့တော့နော်....။

''Tae စားပြီးရင် ငါ့အခန်းထဲလာခဲ့ဦးတိုင်ပင်စရာရှိတယ် မာမီ သားအခန်းထဲ အဝတ်သွားလဲဦးမယ်နော်''

''ဟုတ်ပါပီ သွားသွား''

Jeonသူ့အခန်းကိုသွားတော့မှ အန်တီက သူ့ကိုကြည့်လာသည်။

''Tae Tae ကူးငယ်က ကားနဲ့ကျောင်းမသွားဘူးလား သူပြန်လာတာ ကားစက်သံ အန်တီမကြားမိဘူး''

''သွားပါတယ် အန်တီရဲ့ သူ့ကားတွေက ဟိုးဘက်ခြမ်းမှာ စုထားထားတာမို့ မကြားမိတာပါ ကျွန်တော်အပေါ်လိုက်သွားဦးမယ်နော်''

အန်တီ့ကိုစကားလမ်းကြောင်းလွှဲကာ Jeonဆီသို့လာခဲ့သည်။ဒီကောင်လေးတိုင်ပင်ချင်ပါတယ်ဆိုသိပ်ကြောက်ရသည်။သူ့အသည်းနာစရာတွေချည်း တိုင်ပင်နေကျမို့ပါ....။

''Tae ငါ လူတစ်ယောက်ကို ဖွင့်ပြောတော့မယ်''

အခန်းတံခါးဖွင့်ဖွင့်ချင်းကြားလိုက်ရတဲ့စကားကြောင့် သူ့ခြေလှမ်းတို့နောက်တစ်လှမ်းဆုတ်မိရဲ့သား။မျှော်လင့်ထားသလို အသည်းနာစရာဖြစ်ပေမယ့်လည်း သူတစ်ခါလေးမှ အခြေနေကို ထိန်းထားနိုင်ခြင်းရှိမနေခဲ့။တော်သေးတာပေါ့ Jeonဟာ တစ်ဖက်လှည့်နေသည်မို့။

''Tae ကိုယ်ပြောတာ ကြားလား''

''ကြားပါတယ် ဒါနဲ့ မင်းက ဘယ်သူ့ကိုဖွင့်ပြောမှာလဲ''

''ဘယ်သူလို့ထင်လဲ''

''ငါကဘယ်သိပါ့မလဲ''

''Park Jiminကိုပြောမှာ Tae သိလား Jiminကို မြင်မြင်ချင်းမှာပဲ ငါတစ်ခါမှ မသိခဲ့ဖူးတဲ့ခံစားချက်တွေရနေခဲ့တာ ငါသဘောကျတယ်Tae''

''သဘောကျရုံလေးနဲ့တော့ဖွင့်မပြောသင့်သေးပါဘူး''

''ငါ စောင့်ရဦးမှာလား''

''မင်းသူ့ကိုချစ်လာတာသေချာတဲ့အထိစောင့်ဖို့လိုတယ် Park Jiminက မိန်းကလေးမဟုတ်ဘူးလေ ပြီးတော့ သူ့ဆီက ဘာအ​ဖြေပဲထွက်ထွက် မင်းလက်ခံနိုင်အောင်လည်းကြိုးစားရဦးမှာ''

Taeက သူ့အတွက် ညှင်သာစွာ အဖြေပေးနေခဲသည်။ခပ်အေးအေးစကားပြောနေပုံပေါက်ရင်Taeသူ့ကိုစိတ်ဆိုးမနေတော့တာသိပါသည်။
Taeကသူ့အတွက်တကယ်အကောင်းဆုံးလေးပါပဲ။

''အင်း ငါကြိုးစားကြည့်တာပေါ့ ငါသိတာကလေ ငါသူ့ကို အတော်လေး သဘောကျတာပဲ''

''အင်းပါ အာ့ဆို ငါပြန်တော့မယ် မှောင်နေပြီမို့''

သူJeonကိုထားခဲ့ကာ ထွက်လာခဲ့သည်။ လှေကားကိုတက်လာစဥ်ကခြေလှမ်းတို့နှင့်မတူတော့ပဲ အတင်းကြီးလုပ်ကာဆင်းနေရသလို ခြေလှမ်းတို့က ရွေ့မလာခဲ့။
ရင်ထဲမှာတဆစ်ဆစ်။
အရင်ကလည်းရင်နာဖူးပါသည်။အသဲကွဲဖူးပါသည်။သိူ့ပေမယ့် အခုက ပိုတင်းကျပ်စွာ ခံစားနေရသလို။လှုပ်လို့မရတော့တဲ့​ခြေထောက်တွေကို အပြစ်တင်စွာ လှေကားထိပ်မှာတင်ပဲ သူလုံးဝပြိုလဲသွားတော့သည်။ပါးပြင်ပေါ်ဝယ်လည်း နွေးသော အရာတစ်ချို့စီးဆင်းသွားတော့သည်။အားပျော့တဲ့သူ့ကိုယ်သူလည်းသိပ်မုန်းလှသည်။ပြီးတော့သိပ်လှတဲ့ကောင်လေးကိုလည်းအရမ်းမုန်းပါသည်။

Park Jimin ရယ် Jeon ကို မချစ်လိုက်ပါနဲ့....။

25.7.2023🤍

အတတ်နိုင်ဆုံးရေးသားထားပါသည်ရှင့်

Commentလေးတွေ ရေးသွားပေးပါနော်

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

571K 8.7K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
438K 11.5K 62
❝spencer, all this week you've been holding my hands. what about your germ thing?❞ ❝you were more important.❞ hazel finley is a liar. but she's a da...
1.9M 86.3K 194
"Oppa", she called. "Yes, princess", seven voices replied back. It's a book about pure sibling bond. I don't own anything except the storyline.
152K 5.5K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...