(Unicode)
"ကိုကို အလုပ်သွားပြီနော်"
"ဘိုင့်ဘိုင် ကိုကို၊ စောစောပြန်လာခဲ့"
သူ့ကိုကိုရဲ့ကား မြင်ကွင်းထဲကပျောက်မှသာ Baekhyun ကအိမ်ထဲပြန်ဝင်သွားသလို Chanyeol ကလည်း သူ့Hyunလေးကိုမမြင်ရတော့မှသာ နောက်ကြည့်မှန်ကနေအကြည့်ခွါသည်။
ဥက္ကဌ Byun ဆုံးပြီးရှစ်လအတွင်းမှာ ပြောင်းလဲသွားတာတွေတော့ အနည်းအကျဉ်းရှိသည်။PB group ၏ဥက္ကဌဖြစ်သူ Chanyeol ကအရင်ကထက်ပိုပြီး အောင်မြင်ကျော်ကြားလာသလို သူလုပ်သမျှလုပ်ငန်းတွေဟာလည်း အရှုံးဆိုတာမရှိပေ။ဒုဥက္ကဌ Park ကတော့အရင်လိုပင် သူမဖြစ်မနေပါဝင်ရမည့် ကိစ္စတွေရှိမှသာ ကုမ္ပဏီကိုသွားပြီး ကျန်တဲ့အချိန်တွေကိုတော့ အိမ်မှာသာနားနားနေနေကုန်ဆုံးသည်။ထက်မြတ်တဲ့သားတစ်ယောက်ကိုပိုင်ဆိုင်ထားတော့လည်း သူနားနေဖို့လုံလောက်ပါသည်။
Baekhyun နှင့် ဥက္ကဌ Byun တို့နေခဲ့တဲ့အိမ်ကြီးကိုတော့ Chanyeol ကဒီအတိုင်းသာပိတ်ထားပြီး တစ်ပတ်တစ်ခါအိမ်သန့်ရှင်းရေးလုပ်ဖို့ လူလွှတ်ပေးသည်။Baekhyun တို့သားအဖနှစ်ယောက်ရဲ့အမှတ်တရတွေအများကြီးရှိနေတဲ့ ထိုအိမ်ကို အမွေရထားသူက Baekhyun ပဲဖြစ်ပြီး Chanyeol ကတော့မပျက်ယွင်းအောင်စောင့်ရှောက်ပေးရုံသာ။
PB group ကိုပူးပေါင်းကာစက ဒုဥက္ကဌ Park ဟာကုမ္ပဏီကိုအသွားအလာစိပ်သည်မို့ ကုမ္ပဏီကိုအမြဲလိုလိုလာတက်သည့် Dojin နှင့်အတော်လေးရင်းနှီးနေပြီဖြစ်သည်။နှစ်ဖက်စလုံးက အကျိုးကိုလိုလားကြသည့်လူတွေမို့ အပင်ပေါက်အောင်ရေလောင်းကြသည့်နေရာမှာအတော်လေး ကျွမ်းကျင်ကြပါသည်။ဒီအတောအတွင်း Minjun ကလည်း Chanyeol မကြည်ဖြူသည့်ကြားထဲမှပင် Park အိမ်တော်ကို သူအားရင်အားသလိုဝင်ထွက်နေတတ်သည်။များသောအားဖြင့် Chanyeol အိမ်မှာမရှိတဲ့အချိန်တွေဖြစ်သည်။တစ်ခါတစ်လေ Chanyeol နဲ့ထိပ်တိုက်တွေ့တဲ့အခါ "မင်းမှာအလုပ်မရှိဘူးလား" ဟု Chanyeol မေးတိုင်း "ကျွန်တော်က ငယ်သေးတော့အလုပ်လုပ်ရမယ့်အရွယ်မဟုတ်ဘူး" ဟု Minjun ကပြန်ဖြေလေ့ရှိသည်။Minjun နှင့်ပတ်သတ်ပြီး အဖေဖြစ်သူက အတော်လေးဖြောင်းဖျထားတဲ့အခါ Chanyeol လည်းစိတ်ကိုမနည်းလျော့ထားရပါသည်။
အားလုံးထဲမှာ အပြောင်းလဲဆုံးက Baekhyun လို့ဆိုရပေမည်။Baekhyun ကတစ်နေ့တစ်ခြားစကားတွေပိုပိုတတ်လာပြီး ဦးနှောက်ရဲ့အလုပ်လုပ်ပုံကလည်း အတော်လေးမြန်နေသည်။တဖြည်းဖြည်း ဥာဏ်ရည်ပြည့်လာတာနှင့်အမျှ ဂျစ်တူးလေးဖြစ်လာပြီး လူလည်ကလည်းကျတတ်သလို ရစ်လည်းရစ်တတ်သေးသည်။Park အိမ်တော်မှာဆိုရင် အဒေါ်ကြီးတို့လင်မယားက Baekhyun ရဲ့သားကောင်တွေပင်။Baekhyun ကအဒေါ်ကြီးတို့လင်မယားကို အမြဲလိုလိုစနောက်တတ်ပြီး ဂျီလည်းကျတတ်သေးသည်။စကားကိုလည်း ကလေးဥာဏ်လေးဖြင့်မလိမ့်တပတ်ပြောတတ်သေးသည်။အဒေါ်ကြီးတို့ပြီးရင် Baekhyun ရဲ့ဒဏ်ကိုအများဆုံးခံရတာက Minjun ပင်။Baekhyun ကသူ့ကိုမခင်ချင်တော့ Minjun က Baekhyun ဖြစ်ချင်သမျှကို အလိုလိုက်အကြိုက်ဆောင်ပြီးပေါင်းသင်းပေးရသည်။ဒါတောင် Baekhyun ကခပ်ချေချေပင်။
Park အိမ်တော်မှာ Baekhyun ပြားပြားဝပ်တာဆိုလို့ Park သားအဖသာရှိသည်။ဒုဥက္ကဌ Park ဟာအရင်ကတည်းက သူ့ဘာသာဖာသိဖာသာနေတာဆိုတော့ Baekhyun ကရှိန်သည်။ယောက္ခမဖြစ်သူက Baekhyun ကိုအခေါ်အပြောရှိပေမယ့်လည်း အကျွမ်းတဝင်မနေတာမို့ Baekhyun ကလည်း ယောက္ခမဖြစ်သူရဲ့အရိပ်အကဲကြည့်ပြီးနေတတ်ပါသည်။သူ့ကိုကို Chanyeol ကိုကျတော့ အရမ်းတွေရင်းနှီးကျွမ်းဝင်မှုရှိပါသော်လည်း ဘယ်သောအခါမှဂျီမကျဘဲ သူ့ကိုကိုစကားတစ်ခွန်းဆိုတစ်ခွန်းပင်။လူလည်လေး Baekhyun ကသူ့ကိုကိုရဲ့အရှေ့မှာတော့ တကယ်ကို မခုတ်တတ်တဲ့ကြောင်လေးလို လိမ္မာလွန်းပါသည်။လိမ္မာလွန်းတဲ့ Baekhyun ကို သူ့ကိုကိုကလည်း အသည်းတယားယားဖြင့် မြတ်မြတ်နိုးနိုးချစ်သည်။Baekhyun ကသူ့နဲ့မသိတဲ့တခြားသူစိမ်းတွေအပေါ်ဆို အတော်လေးချေတတ်ပါသည်။အနည်းငယ်ရင်းနှီးသွားရင်တော့လည်း အဲ့လူတွေ Baekhyun ရဲ့ဂျစ်တူးဒဏ်ကိုခံနိုင်ဖို့သာ ပြင်ထားကြရပေမည်။
:
"ဥက္ကဌ ဒါက လက်မှတ်ထိုးရမယ့်စာရွက်စာတမ်းတွေပါ"
"အင်း၊ ဒါနဲ့ ဘူချွန်းဘက်က project စနေပြီမလား"
"ဟုတ်ကဲ့၊ သုံးရက်လောက်ရှိသွားပါပြီ"
Chanyeol ခေါင်းတညိမ့်ညိမ့်ဖြင့် အတွင်းရေးမှူးမလေး လက်ထဲက ဖိုင်တွဲတွေကိုယူလိုက်သည်။
"သွားလို့ရပြီ၊ နာရီဝက်လောက်နေမှပြန်လာခဲ့"
"ဟုတ်ကဲ့ပါရှင့်"
အတွင်းရေးမှူးမလေးထွက်သွားတော့မှ ဖိုင်တွဲကိုဘေးအသာတွန်းလိုက်ပြီး Laptop အားဖွင့်လိုက်သည်။ထို့နောက် လက်ဝတ်ရတနာပေါင်းမျိုးစုံကို ပုံတင်ပြသထားသည့် website ထဲမှာ Chanyeol ရဲ့အာရုံတွေကိုနစ်မြှုပ်လိုက်ပါသည်။
Hyunလေးရဲ့မွေးနေ့က နောက်လေးရက်နေရင် ရောက်တော့မှာမို့ လက်ဆောင်ပေးရန်အတွက် လက်ဝတ်ရတနာတချို့ကိုကြည့်နေတာဖြစ်သည်။သို့ပေမယ့်လည်း အချိန်ဆယ့်ငါးမိနစ်လောက်ကြာတဲ့အထိ Chanyeol လိုချင်တဲ့ရိုးရိုးရှင်းရှင်းဖြင့် အမြင်ဆန်းမယ့်ဒီဇိုင်းပုံစံကိုမတွေ့ရသေးပါ။Chanyeol ကပလက်တီနမ်ဆွဲကြိုးလေးတစ်ကုံးလက်ဆောင်ပေးချင်တာဖြစ်သည်။ဆွဲကြိုးဆိုတော့ ဝတ်ထားလိုက်ရင်သူ့နေရာနဲ့သူရှိနေပြီး တကူးတကထိန်းသိမ်းနေစရာလည်းမလိုတော့ဘူးပေါ့။
နောက်ဆုံးတော့လည်း လိုချင်တာကို ရှာမတွေ့တော့မယ့်အတူတူတော့ ကိုယ်တိုင်ပဲဒီဇိုင်းအပ်ရန် Chanyeol ဆုံးဖြတ်လိုက်သည်။အဲ့ဒါက ပိုပြီးတော့ လေးနက်မှုကိုခံစားရစေမှာပင်။
ဖုန်းနံပါတ်တွေကို ရိုက်နှိပ်လိုက်ပြီးဖုန်းခေါ်လိုက်သည်။
"ဟဲလို"
"..........."
"ကျွန်တော် ဆွဲကြိုးဒီဇိုင်းအပ်ချင်လို့ပါ"
".............."
"နောက်သုံးရက်လောက်နေရင်လိုချင်ပါတယ်၊ တကယ်လို့အဆင်ပြေမယ်ဆိုရင် ဒီနေ့လယ်ခင်း ဆိုင်ကိုလာခဲ့ပါ့မယ်"
".............."
"ကောင်းပါပြီ"
ဖုန်းချပြီးတာနဲ့ ပြောင်စာရွက်တစ်ရွက်နှင့်ဘောပင်တစ်ချောင်းကိုင်ကာ စိတ်ထဲရှိတဲ့ဒီဇိုင်းကိုချဆွဲရန်ပြင်လိုက်သည်။သို့ပေမယ့်လည်း ဘေးနားမှာတွန်းထားတဲ့ လက်မှတ်ထိုးရမယ့်ဖိုင်က မျက်လုံးထဲရောက်လာတာမို့ လက်မှတ်ကိုမြန်မြန်သွက်သွက်လေး အရင်ထိုးရန်ပြင်လိုက်ရပါသည်။
.................................................................................
"တစ်ပြီးရင် တစ်ဆယ် လာတာလေ"
"မဟုတ်ဘူးလေ ကလေးလေးရဲ့၊ တစ်ပြီးတော့ နှစ်"
"ဟုတ်ပါဘူး တစ်ဆယ်ပါ"
"မဟုတ်သေးပါဘူး"
"ဟုတ်ပါတယ်၊ တစ်ပြီးတော့ တစ်ရယ် ဆယ်ရယ် တစ်ဆယ် နော်"
သူမှန်တယ်ထင်နေတဲ့ရုပ်ကလေးက လက်ကလေးပိုက်လို့ ခပ်တည်တည်ပင်။
"ဒါဆိုရင် တစ်ဆယ်ပြီးတော့ရော"
"တစ်ဆယ်ပြီးတော့ ဆယ့်တစ်ပေါ့၊ ဦးဦးက ဒါလေးတောင် သိဘူးလား"
"ဟေ၊ ဟုတ်ပြီ၊ ဒါဆိုရင် ဆယ့်တစ်ပြီးတော့ ဆယ့်နှစ် ဆယ့်သုံး ဆယ့်လေး....ဟုတ်တယ်မလား အဲ့လိုမလား"
"ဟုတ်တယ်လေ၊ တော်တယ်"
လက်မတောင်အဆစ်အနေနဲ့ထောင်ပြသေးသည်။
"ဟုတ်ပြီ ဒါဆို ဆယ့်ကိုးပြီးတော့ရော"
"ကိုးဆယ်ပေါ့"
"ဟေ!"
"ဟုတ်တယ်လေ၊ ဆယ့်ကိုးပြီးတော့ ကိုးဆယ်လေ"
ဦးလေးကြီးတစ်ယောက် ခေါင်းခြောက်နေရလေပြီ။
"ဒါဆို နှစ်ဆယ်တွေ သုံးဆယ်တွေ လေးဆယ်တွေကရော ဘယ်ရောက်သွားတာလဲ"
"အဲ့ဒါ Hyunမသိဘူးလေ၊ ဦးဦးသိလို့လား"
ရှင်းပြနေရင်လည်း လည်နေမှာဆိုတာကြောင့် ဦးလေးကြီးနှုတ်ပိတ်လျှက် ခေါင်းသာခါပြလိုက်တော့သည်။Baekhyun ကအတူတူပုန်းတမ်းကစားမယ်ဆိုပြီး တစ်ကနေတစ်ဆယ်အတွင်းရေကာ သူလိုက်မယ်ဟုဆိုတာကြောင့် ဦးလေးကြီးပုန်းဖို့ပြင်ရုံရှိသေး တစ်ပြီးတစ်ဆယ်တန်းရောက်သွားတဲ့ Baekhyun ကြောင့်ပုန်းတောင်မပုန်းလိုက်ရဘဲ မိသွားခဲ့သည်။ထို့ကြောင့် ဂဏန်းတွေအကြောင်းပြောပြီးတိုင်ပတ်နေကြတာဖြစ်သည်။
"ကလေးလေး ဂဏန်းရေတာတွေကို သေချာလေးသင်ရဦးမယ်"
"ဘာလို့လဲ၊ ချက်စားဖို့လားဟင်"
"ဟေ!"
"ကိုကိုချက်ပေးမှာပေါ့၊ ကိုကိုကနော် ခွံတောင်ခွါပေးဦးမှာ၊ Hyunက..သင်စရာလိုဘူးရယ်"
"ဟေ အောင်မလေးကွာ!"
ဦးလေးကြီးတစ်ယောက် သူ့နှဖူးသူသာရိုက်မိပါတော့သည်။
:
"ကလေးလေး ငါးမစားချင်ရင် ကြက်သားနဲ့စားလေ"
".............."
"ဒါဆို ကင်မ်ချီဟင်းရည်လေးရော၊ ကလေးလေးအကြိုက် သိပ်မစပ်ဘူးရယ်"
"..............."
နှုတ်ခမ်းလေးကို အရှေ့တစ်ထွာလောက်ထော်ထားပြီး ထမင်းစားခုံမှာ လက်ပိုက်ကာထိုင်နေသည့် Baekhyun ကဘာစကားမှပြန်မပြောတာမို့ အဒေါ်ကြီးခေါင်းခြောက်နေရလေပြီ။အဆော့မက်နေတဲ့ Baekhyun ကိုနေ့လယ်စာစားရန်မနည်းခေါ်လိုက်ရပေမယ့်လည်း မစားတာမို့ ဘာလုပ်လို့လုပ်ရမှန်းမသိတော့။နေ့လယ်စာစားချိန်လည်းကျော်တော့မည်ပင်။
"ကလေးလေး အဲ့လိုကြီးမနေဘဲ ဘာစားချင်လဲပြောလိုက်၊ ဒေါ်ဒေါ်မြန်မြန်လေးလုပ်ပေးမယ်လေ"
"ပဲခေါက်ဆွဲ"
မေးလိုက်တော့ ချက်ချင်းပြန်ဖြေလာသည်က ပဲခေါက်ဆွဲတဲ့လေ။
"ကလေးလေးရယ် ခေါက်ဆွဲက ဗိုက်တွေပွပြီး ရင်ပြည့်ရင်ဘယ်လိုလုပ်မလဲကွဲ့"
"Hyunက စားချင်တာကို"
"ပဲခေါက်ဆွဲက လုပ်ရင်ကြာဦးမှာကွဲ့၊ ညနေမှလုပ်ကျွေးမယ်လေ အခုထမင်းနဲ့ဟင်းလေးစားလိုက်ပါလား"
"............."
"ကလေးလေးက အဲ့လိုမဆိုးရဘူးလေကွယ်"
"ဒေါ်ဒေါ်..ဒေါ်ဒေါ်က Hyunကိုငြိုငြင်တာလား"
"ဟေ ဒီစကားဘယ်ကတတ်တုန်း၊ မဟုတ်ရပါဘူးကွယ်၊ ကလေးလေး အဆာလွန်မှာစိုးလို့ပြောနေတာပါ"
"Hyunက စောင့်နိုင်ပါတယ်"
မျက်လုံးလေးပေကလပ်ပေကလပ်လုပ်ပြပြီးပြောလာသူလေးကြောင့် အဒေါ်ကြီးတစ်ယောက် ချက်ချင်းပင် ပဲခေါက်ဆွဲလုပ်ပေးချင်စိတ်ပေါက်သွားပေမယ့်လည်း မဖြစ်သေးပါ။ဒီကလေးဗိုက်က မအီမသာဖြစ်တတ်လွန်းလို့လေ။
"ကလေးလေးရယ်..."
ထပ်ဖြောင်းဖျဖို့ အဒေါ်ကြီးစကားစလိုက်တဲ့အချိန်မှာပဲ
"Baekhyun လေးထမင်းစားနေတာလား"
"ရှင်! ဟုတ်ကဲ့ သူဌေး"
ရုတ်တရပ်ပင် ထမင်းစားခန်းထဲဝင်လာသည့် ဒုဥက္ကဌ Park ကြောင့် အဒေါ်ကြီး ကပြာကယာဖြစ်သွားသလို Baekhyun ကလည်းခပ်ဝေးဝေးရောက်နေတဲ့ထမင်းပန်းကန်လေးကိုသူ့အနားရောက်အောင်လှမ်းဆွဲလိုက်သည်။
"သူဌေးရော စားတော့မလားရှင့်"
"အင်း စားတာပေါ့၊ ထမင်းပြင်လိုက် အဒေါ်ကြီး"
"ဟုတ်ကဲ့"
ဒုဥက္ကဌ Park ကိုထမင်းခူးပေးနေသည့် အဒေါ်ကြီးရဲ့မျက်လုံးတွေက Baekhyun ဆီရောက်သွားတော့ ဟင်းတွေထည့်ကာ ထမင်းကိုငြိမ်ငြိမ်လေးထိုင်စားနေပြီဖြစ်တဲ့ Baekhyun ကိုမြင်လိုက်ရတာမို့ အသည်းတယားယားဖြင့်ခေါင်းခါရယ်လိုက်မိသည်။ဒီကလေး ယောက္ခမလုပ်သူကိုတော့ တော်တော်ကြောက်ကြောက်။
"Baekhyunလေး စားကောင်းလား"
"ဟုတ်ကဲ့"
"အေးအေး များများစား"
"ဦးလေး Park ရောပဲ"
"အေးပါ အေးပါ"
ဒုဥက္ကဌ Park အား Baekhyun ကစကားလေးတွေ ခပ်တိုးတိုးပြန်ပြောရင်း ထမင်းကိုသာအာရုံစိုက်စားနေပါသည်။ခုနက အဒေါ်ကြီးကို ဂျီကျနေတာ သူလေးမဟုတ်တဲ့အတိုင်းပင်။
.................................................................................
"Chanyeol"
"ဪ Dojin"
အပြင်သွားရန် အခန်းထဲကထွက်ဖို့ပြင်ရုံရှိသေး အခန်းအရှေ့မှာ Dojin နှင့်တွေ့သည်။
"ကျွန်တော့်ဆီလာတာလား"
"ဟော Chanyeol ဆီမလာလို့ ဘယ်သူ့ဆီလာရမလဲ"
Chanyeol ခေါင်းတညိမ့်ညိမ့်သာလုပ်လိုက်သည်။တစ်ခါတစ်လေတော့လည်း Dojin ရဲ့အပြုအမူတွေကို ရင့်ကျက်နေပြီဖြစ်တဲ့ Chanyeol နားလည်ပေမယ့် တစ်ဖက်ကပေါ်တင်ကြီးထုတ်ပြမလာတဲ့အခါ အတိအကျကြီးကောက်ချက်ချဖို့ကခက်နေသည်။
"နေ့လယ်စာသွားစားမလို့လား Chanyeol၊ အတူတူသွားစားရအောင်လေ"
"အာ ကျွန်တော် ကန်တင်းမှာစားပြီးပြီ Dojin ရဲ့၊ အခုကသွားစရာလေးရှိလို့"
"ဟုတ်လား၊ ကိုယ်က တစ်ယောက်တည်းပျင်းနေတာနဲ့ Chanyeol နဲ့အတူနေ့လယ်စာစားရအောင်လာခဲ့တာ၊ ဒါနဲ့ဘယ်သွားမှာလဲ"
ရင်းနှီးသင့်သလောက်လည်းရင်းနှီးနေပြီမို့ အခုလိုမေးမြန်းလာခြင်းအပေါ် Chanyeol စိတ်ထဲထားမနေတော့ပါ။
"နောက်လေးရက်နေရင် Hyunလေးမွေးနေ့ရှိတယ်လေ၊ အဲ့ဒါလက်ဆောင်ပေးချင်လို့ ဆိုင်မှာ ပလက်တီနမ်ဆွဲကြိုးလေးသွားအပ်မလို့"
"ဪ..Chanyeol ကိုယ်တိုင်ဒီဇိုင်းဆွဲတာလား"
"ဟုတ်တယ် Dojin"
ထိုအခါ Dojin ကအသာပြုံးလိုက်ပြီး
"လိုက်ခဲ့လို့ရမလား"
"Dojin နေ့လည်စာမစားရသေးဘူးမလား"
"အဲ့နားက ဆိုင်တစ်ဆိုင်ဆိုင်မှာစားလိုက်လည်း ရတာပဲဟာ၊ Chanyeol အဖော်လုပ်ပေးပေါ့"
"ကိုယ့်ကားကိုယ်မောင်းကြမှာမလား၊ လာလေ သွားကြရအောင်"
အရှေ့ကနေ ခပ်သွက်သွက်ထွက်သွားသည့် ကျောပြင်ကျယ်ကြီးရဲ့အနောက်ကို Dojin သာသာယာယာပဲလိုက်သွားလိုက်ပါသည်။
PB group နှင့် M group ၏ဥက္ကဌနှစ်ယောက် ယှဉ်တွဲလျှောက်လာသည့်အခါ ကုမ္ပဏီမှလူတော်တော်များများရဲ့အကြည့်တွေက သူတို့ဆီမသိမသာရောက်ရောက်လာကြသည်။ဒါဟာ Chanyeol ဆီ Dojin ရောက်လာတိုင်း ဖြစ်နေကြကိစ္စပင်။ယုန်ထင်ကြောင်ထင်စကားတွေ အခုအချိန်ထိ Chanyeol ရဲ့နားထဲရောက်မလာသေးတာမို့ထားလိုက်ပါတော့။
အကုန်လုံးကို Chanyeol မာန်ပါပါဖြင့်တစ်ချက်ဝေ့ဝဲကြည့်လိုက်မှသာ ကိုယ့်အလုပ်ကိုယ် ကပြာကယာဖြင့်ပြန်လုပ်ကြသည်။လူတွေက သိပ်ခက်ကြပါသည်။
:
"Chanyeol တစ်ခုခုသောက်လေ"
"Americano တစ်ခွက်"
မကောင်းတတ်၍ Dojin နေ့လည်စာစားဖို့ကို Chanyeol အရင်လိုက်ပေးလိုက်သည်။လက်ကနာရီကိုကြည့်တော့ ၁၂ခွဲသာရှိပါသေးသည်။
"အချိန်ကြည့်နေတာက အချိန်မရှိလို့လား Chanyeol"
"နေ့လယ်ခင်းလာမယ်လို့ ဆိုင်ကိုပြောထားတော့ နေ့လယ်မကျော်ရင်ကောင်းတာပေါ့"
"အာ ကိုယ်ထမင်းစားတာအဲ့လောက်မကြာပါဘူး"
"မဟုတ်တာ အေးဆေးစားပါ၊ ဆိုင်ကဒီပတ်ဝန်းကျင်မှာပဲဟာ"
Chanyeol ရဲ့စကားကို Dojin ကခပ်ပြုံးပြုံးဖြင့်တုန့်ပြန်ပြီး ရေတစ်ငုံမော့သောက်လိုက်သည်။ထို့နောက်မှ Chanyeol ကိုကြည့်လာပြီး
"ဒါနဲ့ Baekhyun ကတော်တော်လေးတတ်နေပြီဆို၊ အဟင်း! အန်ကယ် Park ပြောပြတာပါ"
"ဪ..အင်း အလည်လေးဖြစ်နေပြီလေ၊ ညညဆို ဖုန်းတစ်လုံးနဲ့လိုင်းတောင်သုံးတတ်နေပြီ"
"ဟုတ်လား"
"များသောအားဖြင့် video အတိုလေးတွေကြည့်တာပေါ့၊ screen time များလို့ ကျွန်တော်မနည်းချော့ပြောထားရတယ်"
Chanyeol ကရယ်ရယ်မောမောဖြင့်ပြောတော့ Dojin ကလည်းပြုံးပြုံးလေးနားထောင်သည်။
"ဟိုတစ်ခေါက် Chanyeol တို့အိမ်ကို ကိုယ်လာတုန်းကတောင် အဲ့လောက်မတတ်သေးဘူးနော်"
"ဟုတ်တယ် Hyunလေးက ဥာဏ်ရည်ဖွံ့ဖြိုးတာအရမ်းမြန်နေတယ်၊ နောက်ဆို သာမာန်လူကောင်းလေးဖြစ်တော့မှာ"
"ဝမ်းသာပါတယ်"
"ကျေးဇူးပဲ Dojin"
:
"ကောင်းကောင်းသုံးဆောင်ကြပါဗျ"
မိနစ်ပိုင်းလောက်စကားစမြည်ပြောနေကြရင်း အစားအသောက်တွေရောက်လာတာမို့ စကားစပြတ်သွားကြသည်။
ခဏအကြာမှာတော့ steak ကိုအတုံးလေးတွေလှီးဖြတ်ပြီးသွားတဲ့ Dojin က Chanyeol ကိုကြည့်ပြီးစကားစပြန်ပါသည်။
"ဒါနဲ့ Chanyeol တို့အိမ်မှာ အိမ်အကူထပ်လိုလို့ဆို"
"ဗျာ"
"အန်ကယ် Park ပြောတာပါ"
"မဖြစ်မနေလိုတယ်ရယ်လို့လည်းမဟုတ်ပါဘူး၊ အိမ်မှာရှိတဲ့ ဒေါ်ကြီးက Hyunလေးကိုကြည့်ရတော့ နောက်တစ်ယောက်ထပ်ခေါ်ပေးမယ်ပြောတာကို အဆင်ပြေပါတယ်တဲ့လေ၊ ကျွန်တော်ကလည်း အိမ်ကိုအခုမှလူစိမ်းရောက်လာမှာမကြိုက်တော့ မလိုတော့ဘူးလို့ပြောလို့ရပါတယ်၊ ဒါနဲ့ ဘာလို့မေးတာလဲ Dojin"
"လိုတယ်ဆို ကိုယ်ရှာပေးနိုင်တယ်လို့ပြောမလို့ပါ"
"အာ ကျေးဇူးပဲ Dojin၊ မလိုတော့ပါဘူး"
ထိုအခါ Dojin ကခေါင်းတညိမ့်ညိမ့်ဖြင့် နေ့လယ်စာစစားသည်။
ကာရံထားသည့်မှန်ကနေတစ်ဆင့် အပြင်ဘက်ကိုကြည့်ရင်း Americano ကိုဇိမ်ရှိရှိဖြင့်သောက်နေသည့် Chanyeol ကသူ့ကိုငေးစိုက်ကြည့်ရင်း နေ့လယ်စာကိုအရသာရှိရှိစားနေသည့် Dojin ကိုသတိမထားမိလိုက်ပါပေ။
ထိုနေ့က ကိုယ်တိုင်ဆွဲထားသည့် ပလက်တီနမ်ဆွဲကြိုးဒီဇိုင်းကိုပြပြီး ဆိုင်မှာသေချာအပ်နေသည့် Chanyeol အား Dojin ကမျက်စိမျက်နှာပျက်ဖြင့်ကြည့်နေခဲ့ပါသည်။
.................................................................................
"ကလေးလေး မျက်မှန်တပ်မယ်လေ"
"..............."
"မျက်မှန်တပ်ပြီးကြည့်ရမယ်လေ မဟုတ်ရင် မျက်စိတွေနာမှာပေါ့"
"................."
အဒေါ်ကြီးရဲ့စကားကိုအာရုံမထားစွာပင် Baekhyun ကTVကိုသာတစိုက်မတ်မတ်ကြည့်နေသည်။TV screen ပေါ်မှာတော့ ကြောင်ကကြွက်ကိုပြေးလိုက်နေသည်မှာအသည်းအသန်ပင်။
Screen time များလွန်းတဲ့ Baekhyun အတွက် Chanyeol ကဖုန်းကြည့်မျက်မှန်ဝယ်ပေးထားတာဖြစ်သည်။TVကြည့်ရင်ဖြစ်ဖြစ် ဖုန်းကြည့်ရင်ဖြစ်ဖြစ် အမြဲတပ်ရမယ်လို့လည်းမှာထားသည်။သူ့ကိုကိုစကားဆို တသွေမတိမ်းနားထောင်တဲ့ Baekhyun ကသူ့ကိုကိုအရှေ့မှာဆို ခေါင်းလေးကို ပုတ်သင်ညိုရှုံးအောင်ညိမ့်ပြပေမယ့် နောက်ကွယ်မှာတော့ မျက်မှန်တပ်ဖို့ကိုအမြဲငြင်းဆန်လေ့ရှိသည်။အဒေါ်ကြီးပဲမောရပါသည်။
"မျက်မှန်မတပ်ရင် Chanyeol လေးလာရင် ဒေါ်ဒေါ်ကပြောပြမှာနော်၊ ကလေးလေးမျက်မှန်မတပ်ဘူးဆိုပြီးတော့"
".............."
"ကလေးလေးရယ် ဒေါ်ဒေါ်အနောက်မှာ ဟင်းအိုးတွေကြည့်ရဦးမယ်ကွဲ့"
"................"
"ကလေးလေး"
တီ! တီ! တီ!
"ဟော Chanyeolလေး ပြန်လာပြီထင်တယ်၊ အို့! ကလေးလေး"
ကားဟွန်းတီးသံကြားတာနဲ့ ချက်ချင်းဆိုသလို အဒေါ်ကြီးလက်ထဲက မျက်မှန်ကိုယူကာ တပ်လိုက်တဲ့ Baekhyun။ထို့နောက် အဒေါ်ကြီးကို မချိုမချဉ်ပြုံးပြပြီး အိမ်ရှေ့ကိုပြေးထွက်သွားပါသည်။
:
"ကိုကို"
"Hyunလေး"
ကားပေါ်ကဆင်းဆင်းချင်းပဲ သူ့ကိုပြေးဖက်လာသည့် Hyunလေးကို Chanyeol လည်းပြန်လည်ဖက်တွယ်လိုက်သည်။
"ကိုကို Hyunချောလား"
Chanyeol ကိုမော့ကြည့်ရင်း မျက်နှာပေါ်ကမျက်မှန်အဝိုင်းလေးကို ပင့်တင့်ပြကာမေးလာသည်မို့ သဘောတကျပြုံးလိုက်မိသည်။
"ချောပါ့ဗျာ ချောပါ့၊ ကိုကို့Hyunလေးက အချောဆုံး"
"ဟီးး Hyunသိသားပဲ"
လိပ်ကလေးကိုခါးလေးကနေပွေ့ဖက်ရင်းသာ Chanyeol အိမ်ထဲကိုဝင်ခဲ့လိုက်သည်။ထို့နောက် အပေါ်ထပ်ကို တစ်ခါတည်းတက်ခဲ့ကြပါသည်။
အခန်းထဲရောက်တာနဲ့ Hyunလေးကိုအိပ်ရာပေါ်မှာ ပက်လက်လှဲစေလိုက်ပြီး Chanyeol အပေါ်ကနေအုပ်မိုးကာ တစ်နေ့တာအလွမ်းတွေကို ဖြေဖျောက်ရန်ပြင်လိုက်သည်။
"အင့်! ကိုကို Hyunမောမှာ"
"အတူတူမောကြမယ်လေ၊ ခဏလေးပဲကွာ နော်"
"ဟင့်အင်း! ကြာမှာ"
"အဲ့ဒါဆိုလည်း ခဏကြာကြာလေးပဲကွာ"
"အွန့်!"
တားမြစ်နေတဲ့နှုတ်ခမ်းပါးလေးကို အလျင်စလိုဖိကပ်လိုက်ပြီး မျက်မှန်အဝိုင်းလေးကိုလည်း Chanyeol အသာအယာချွတ်ပေးလိုက်သည်။
အပေါ်နှုတ်ခမ်းလေးကိုတစ်လှည့် အောက်နှုတ်ခမ်းလေးကိုတစ်လှည့်ဖြင့် အကြိမ်ကြိမ်စုပ်ယူရင်း နူးနူးညံ့ညံ့ပြုမူနေသည့် Chanyeol ရဲ့အနမ်းတွေဟာညင်သာလွန်းပါသည်။Hyunလေးကလည်း မျက်လုံးလေးစုံမှိတ်ပြီး Chanyeol ရဲ့လည်တိုင်ကိုခပ်တင်းတင်းဖက်ကာ Chanyeol ပုံသွင်းသည့်အတိုင်း နှုတ်ခမ်းလေးကိုလှုပ်ရှားပေးသည်။
မွေ့ရာပေါ်လက်နှစ်ဖက်ထောက်ထားသည့် Chanyeol ကတစ်ဖက်ကိုပြန်ရုတ်လိုက်ပြီး Hyunလေးရဲ့ခါးသိမ်သိမ်တစ်ဖက်ပေါ်မှာ နေရာချလိုက်သည်။ထို့နောက် ခါးလေးကိုအသာအယာဖိညှစ်လိုက်ပြီး အနမ်းတွေကိုအရှိန်မြှင့်လိုက်ပါသည်။
"အွန်းး ကို..ကို"
အနမ်းတွေအရှိန်မြင့်လာတာနှင့်အမျှ Hyunလေးဆီကလည်း အသံသေးသေးလေးတွေထွက်လာသည်။ဒီနှုတ်ခမ်းပါးရဲရဲလေးကို နမ်းနေရင်းနှင့်ပင် Chanyeol မတင်းတိမ်နိုင်ပါ။အကြိမ်ကြိမ်ပိုတိုးလို့နမ်းရှိုက်ချင်ပြီး ခဏခဏလည်းနမ်းချင်သည်။မိုချီလုံးလေးလို အိစက်နူးညံ့နေပြီး ကိုက်ဖဲ့ပစ်ချင်စရာကောင်းလှပါသည်။Hyunလေးနာသွားမှာစိုးလို့သာ မနည်းစိတ်ထိန်းထားရသည်။
"အင့်! ကိုကို တော်.."
မိနစ်ပိုင်းလောက်နမ်းရှိုက်အပြီးမှာတော့ ရင်ဘက်ကိုလက်ဖနောင့်လေးဖြင့်တွန်းလာပြီမို့ Chanyeol ရဲ့စိတ်ဆန္ဒတွေကို ချွန်းအုပ်လိုက်ရတော့သည်။
"ပြွတ်စ်! အင်း တော်ပြီနော် ကိုကိုမနမ်းတော့ဘူး"
"အွန်း"
မျက်ရည်လေးတွေဝဲပြီး ခေါင်းလေးညိမ့်ပြလာပုံက အသည်းယားစဖွယ်။သူ့လက်ချက်ကြောင့် စိုစွတ်နေတဲ့ နှုတ်ခမ်းပါးရဲရဲလေးကို Chanyeol အကြည့်အမြန်လွှဲလိုက်ပြီး မွေ့ရာပေါ်မှာသေချာကျကျနနထိုင်လိုက်သည်။ထို့နောက် Hyunလေးကိုလည်း ခါးလေးကနေဆွဲပွေ့ထူပြီး သူ့ပေါင်ပေါ်မှာဘေးတစောင်းလေးထိုင်စေလိုက်ပါသည်။
"ပြောပါဦး၊ ကိုကိုမလာခင်တုန်းက Hyunလေး ဘာကားကြည့်နေတာလဲ"
"ကြောင်နဲ့ကြွက်"
"ဟုတ်လား၊ ကြည့်ပြီးသားတွေမဟုတ်ဘူးလား"
"Hyunကြိုက်တယ်လေ"
ချက်ချင်းဆိုသလို နှုတ်ခမ်းလေးထော်ပြီးပြန်ပြောလာတာမို့ နှဖူးလေးကိုတစ်ချက်လောက်ငုံ့နမ်းလိုက်သည်။
"ဒီနေ့ရော ဘယ်လိုလဲ၊ Hyunလေးလိမ်လိမ်မာမာနေတယ်မလား"
"Hyunကလေ...."
လက်ဖဝါးလေးထောင်ပြီး ပြောလာတာကြောင့် Chanyeol ခေါင်းညိမ့်ပြလိုက်ပြီး
"ဟုတ်ပြီ ပြောပါဦး"
"ဦးဦးနဲ့ဆော့တယ်၊ တူပုန်းတမ်းရယ် ပြေးလိုက်တမ်းရယ် ရုပ်တွေနဲ့လည်းဆော့တယ်"
"နောက်ပြီးတော့ရော"
"ပြီးတော့ ဦးလေး Park နဲ့တူထမင်းစားတယ်၊ အိပ်လည်းအိပ်သေးတယ်၊ ပြီးတော့ ကာတွန်းကားကြည့်တာ"
လက်ချောင်းလေးတွေချိုးပြီး တစ်ချက်ချင်းပြောလာတဲ့ Hyunလေးကြောင့် Chanyeol သဘောတကျပြုံးမိသည်။
"ဟုတ်ပြီကွာ၊ လိမ္မာလိုက်တာ ကိုကို့Hyunလေးက၊ လိမ္မာတဲ့ကလေးလေးကို ကိုကိုကဆုချရမှာပေါ့"
"ဟင် ဆုလား၊ ဘာလဲဟင်"
"မွ! မွ! မွ! ရွှတ်! ပြွတ်စ်!"
"ကိုကို"
"အနမ်းဆုလေ"
မျက်နှာနုနုတစ်ပြင်လုံးကို စိတ်တိုင်းကျနမ်းရင်း Chanyeol ပြောလိုက်တော့ Hyunလေးက သူ့ရင်ခွင်ထဲအလျင်စလိုဖြင့် ခေါင်းလေးတိုးဝင်လာပါသည်။သူလေး သဘောကျသွားတာ။
ထိုသို့ဖြင့် နာရီဝက်တစ်နာရီနီးပါးလောက် Hyunလေးနှင့်အတူ ကလူကြည်စယ်ပြီးမှသာ နှစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ဖို့ Chanyeol ပြင်လိုက်ပါတော့သည်။
.............Hyunလေးနဲ့အတူရှိရတဲ့အချိန်တိုင်းက သုခပါ၊ Hyunလေးရဲ့အငွေ့အသက်လေးတွေနဲ့ ဝေးနေရတဲ့အချိန်တိုင်းကတော့ ဒုက္ခပေါ့...........
.................................................................................
(ဆက်ရန်)
(၂၀.၆.၂၀၂၃)
တစ်ကိုယ်ရည်သန့်ရှင်းရေးသမားတွေအတွက် so sad😞
(Zawgyi)
"ကိုကို အလုပ္သြားၿပီေနာ္"
"ဘိုင့္ဘိုင္ ကိုကို၊ ေစာေစာျပန္လာခဲ့"
သူ႔ကိုကိုရဲ့ကား ျမင္ကြင္းထဲကေပ်ာက္မွသာ Baekhyun ကအိမ္ထဲျပန္ဝင္သြားသလို Chanyeol ကလည္း သူ႔Hyunေလးကိုမျမင္ရေတာ့မွသာ ေနာက္ၾကည့္မွန္ကေနအၾကည့္ခြါသည္။
ဥကၠဌ Byun ဆုံးၿပီးရွစ္လအတြင္းမွာ ေျပာင္းလဲသြားတာေတြေတာ့ အနည္းအက်ဥ္းရွိသည္။PB group ၏ဥကၠဌျဖစ္သူ Chanyeol ကအရင္ကထက္ပိုၿပီး ေအာင္ျမင္ေက်ာ္ၾကားလာသလို သူလုပ္သမၽွလုပ္ငန္းေတြဟာလည္း အရွုံးဆိုတာမရွိေပ။ဒုဥကၠဌ Park ကေတာ့အရင္လိုပင္ သူမျဖစ္မေနပါဝင္ရမည့္ ကိစၥေတြရွိမွသာ ကုမၸဏီကိုသြားၿပီး က်န္တဲ့အခ်ိန္ေတြကိုေတာ့ အိမ္မွာသာနားနားေနေနကုန္ဆုံးသည္။ထက္ျမတ္တဲ့သားတစ္ေယာက္ကိုပိုင္ဆိုင္ထားေတာ့လည္း သူနားေနဖို႔လုံေလာက္ပါသည္။
Baekhyun ႏွင့္ ဥကၠဌ Byun တို႔ေနခဲ့တဲ့အိမ္ႀကီးကိုေတာ့ Chanyeol ကဒီအတိုင္းသာပိတ္ထားၿပီး တစ္ပတ္တစ္ခါအိမ္သန့္ရွင္းေရးလုပ္ဖို႔ လူလႊတ္ေပးသည္။Baekhyun တို႔သားအဖႏွစ္ေယာက္ရဲ့အမွတ္တရေတြအမ်ားႀကီးရွိေနတဲ့ ထိုအိမ္ကို အေမြရထားသူက Baekhyun ပဲျဖစ္ၿပီး Chanyeol ကေတာ့မပ်က္ယြင္းေအာင္ေစာင့္ေရွာက္ေပး႐ုံသာ။
PB group ကိုပူးေပါင္းကာစက ဒုဥကၠဌ Park ဟာကုမၸဏီကိုအသြားအလာစိပ္သည္မို႔ ကုမၸဏီကိုအျမဲလိုလိုလာတက္သည့္ Dojin ႏွင့္အေတာ္ေလးရင္းႏွီးေနၿပီျဖစ္သည္။ႏွစ္ဖက္စလုံးက အက်ိဳးကိုလိုလားၾကသည့္လူေတြမို႔ အပင္ေပါက္ေအာင္ေရေလာင္းၾကသည့္ေနရာမွာအေတာ္ေလး ကၽြမ္းက်င္ၾကပါသည္။ဒီအေတာအတြင္း Minjun ကလည္း Chanyeol မၾကည္ျဖဴသည့္ၾကားထဲမွပင္ Park အိမ္ေတာ္ကို သူအားရင္အားသလိုဝင္ထြက္ေနတတ္သည္။မ်ားေသာအားျဖင့္ Chanyeol အိမ္မွာမရွိတဲ့အခ်ိန္ေတြျဖစ္သည္။တစ္ခါတစ္ေလ Chanyeol နဲ႔ထိပ္တိုက္ေတြ႕တဲ့အခါ "မင္းမွာအလုပ္မရွိဘူးလား" ဟု Chanyeol ေမးတိုင္း "ကၽြန္ေတာ္က ငယ္ေသးေတာ့အလုပ္လုပ္ရမယ့္အရြယ္မဟုတ္ဘူး" ဟု Minjun ကျပန္ေျဖေလ့ရွိသည္။Minjun ႏွင့္ပတ္သတ္ၿပီး အေဖျဖစ္သူက အေတာ္ေလးေျဖာင္းဖ်ထားတဲ့အခါ Chanyeol လည္းစိတ္ကိုမနည္းေလ်ာ့ထားရပါသည္။
အားလုံးထဲမွာ အေျပာင္းလဲဆုံးက Baekhyun လို႔ဆိုရေပမည္။Baekhyun ကတစ္ေန႔တစ္ျခားစကားေတြပိုပိုတတ္လာၿပီး ဦးေႏွာက္ရဲ့အလုပ္လုပ္ပုံကလည္း အေတာ္ေလးျမန္ေနသည္။တျဖည္းျဖည္း ဥာဏ္ရည္ျပည့္လာတာႏွင့္အမၽွ ဂ်စ္တူးေလးျဖစ္လာၿပီး လူလည္ကလည္းက်တတ္သလို ရစ္လည္းရစ္တတ္ေသးသည္။Park အိမ္ေတာ္မွာဆိုရင္ အေဒၚႀကီးတို႔လင္မယားက Baekhyun ရဲ့သားေကာင္ေတြပင္။Baekhyun ကအေဒၚႀကီးတို႔လင္မယားကို အျမဲလိုလိုစေနာက္တတ္ၿပီး ဂ်ီလည္းက်တတ္ေသးသည္။စကားကိုလည္း ကေလးဥာဏ္ေလးျဖင့္မလိမ့္တပတ္ေျပာတတ္ေသးသည္။အေဒၚႀကီးတို႔ၿပီးရင္ Baekhyun ရဲ့ဒဏ္ကိုအမ်ားဆုံးခံရတာက Minjun ပင္။Baekhyun ကသူ႔ကိုမခင္ခ်င္ေတာ့ Minjun က Baekhyun ျဖစ္ခ်င္သမၽွကို အလိုလိုက္အႀကိဳက္ေဆာင္ၿပီးေပါင္းသင္းေပးရသည္။ဒါေတာင္ Baekhyun ကခပ္ေခ်ေခ်ပင္။
Park အိမ္ေတာ္မွာ Baekhyun ျပားျပားဝပ္တာဆိုလို႔ Park သားအဖသာရွိသည္။ဒုဥကၠဌ Park ဟာအရင္ကတည္းက သူ႔ဘာသာဖာသိဖာသာေနတာဆိုေတာ့ Baekhyun ကရွိန္သည္။ေယာကၡမျဖစ္သူက Baekhyun ကိုအေခၚအေျပာရွိေပမယ့္လည္း အကၽြမ္းတဝင္မေနတာမို႔ Baekhyun ကလည္း ေယာကၡမျဖစ္သူရဲ့အရိပ္အကဲၾကည့္ၿပီးေနတတ္ပါသည္။သူ႔ကိုကို Chanyeol ကိုက်ေတာ့ အရမ္းေတြရင္းႏွီးကၽြမ္းဝင္မွုရွိပါေသာ္လည္း ဘယ္ေသာအခါမွဂ်ီမက်ဘဲ သူ႔ကိုကိုစကားတစ္ခြန္းဆိုတစ္ခြန္းပင္။လူလည္ေလး Baekhyun ကသူ႔ကိုကိုရဲ့အေရွ႕မွာေတာ့ တကယ္ကို မခုတ္တတ္တဲ့ေၾကာင္ေလးလို လိမၼာလြန္းပါသည္။လိမၼာလြန္းတဲ့ Baekhyun ကို သူ႔ကိုကိုကလည္း အသည္းတယားယားျဖင့္ ျမတ္ျမတ္နိုးနိုးခ်စ္သည္။Baekhyun ကသူ႔နဲ႔မသိတဲ့တျခားသူစိမ္းေတြအေပၚဆို အေတာ္ေလးေခ်တတ္ပါသည္။အနည္းငယ္ရင္းႏွီးသြားရင္ေတာ့လည္း အဲ့လူေတြ Baekhyun ရဲ့ဂ်စ္တူးဒဏ္ကိုခံနိုင္ဖို႔သာ ျပင္ထားၾကရေပမည္။
:
"ဥကၠဌ ဒါက လက္မွတ္ထိုးရမယ့္စာရြက္စာတမ္းေတြပါ"
"အင္း၊ ဒါနဲ႔ ဘူခၽြန္းဘက္က project စေနၿပီမလား"
"ဟုတ္ကဲ့၊ သုံးရက္ေလာက္ရွိသြားပါၿပီ"
Chanyeol ေခါင္းတညိမ့္ညိမ့္ျဖင့္ အတြင္းေရးမွူးမေလး လက္ထဲက ဖိုင္တြဲေတြကိုယူလိုက္သည္။
"သြားလို႔ရၿပီ၊ နာရီဝက္ေလာက္ေနမွျပန္လာခဲ့"
"ဟုတ္ကဲ့ပါရွင့္"
အတြင္းေရးမွူးမေလးထြက္သြားေတာ့မွ ဖိုင္တြဲကိုေဘးအသာတြန္းလိုက္ၿပီး Laptop အားဖြင့္လိုက္သည္။ထို႔ေနာက္ လက္ဝတ္ရတနာေပါင္းမ်ိဳးစုံကို ပုံတင္ျပသထားသည့္ website ထဲမွာ Chanyeol ရဲ့အာ႐ုံေတြကိုနစ္ျမႇုပ္လိုက္ပါသည္။
Hyunေလးရဲ့ေမြးေန႔က ေနာက္ေလးရက္ေနရင္ ေရာက္ေတာ့မွာမို႔ လက္ေဆာင္ေပးရန္အတြက္ လက္ဝတ္ရတနာတခ်ိဳ႕ကိုၾကည့္ေနတာျဖစ္သည္။သို႔ေပမယ့္လည္း အခ်ိန္ဆယ့္ငါးမိနစ္ေလာက္ၾကာတဲ့အထိ Chanyeol လိုခ်င္တဲ့ရိုးရိုးရွင္းရွင္းျဖင့္ အျမင္ဆန္းမယ့္ဒီဇိုင္းပုံစံကိုမေတြ႕ရေသးပါ။Chanyeol ကပလက္တီနမ္ဆြဲႀကိဳးေလးတစ္ကုံးလက္ေဆာင္ေပးခ်င္တာျဖစ္သည္။ဆြဲႀကိဳးဆိုေတာ့ ဝတ္ထားလိုက္ရင္သူ႔ေနရာနဲ႔သူရွိေနၿပီး တကူးတကထိန္းသိမ္းေနစရာလည္းမလိုေတာ့ဘူးေပါ့။
ေနာက္ဆုံးေတာ့လည္း လိုခ်င္တာကို ရွာမေတြ႕ေတာ့မယ့္အတူတူေတာ့ ကိုယ္တိုင္ပဲဒီဇိုင္းအပ္ရန္ Chanyeol ဆုံးျဖတ္လိုက္သည္။အဲ့ဒါက ပိုၿပီးေတာ့ ေလးနက္မွုကိုခံစားရေစမွာပင္။
ဖုန္းနံပါတ္ေတြကို ရိုက္ႏွိပ္လိုက္ၿပီးဖုန္းေခၚလိုက္သည္။
"ဟဲလို"
"..........."
"ကၽြန္ေတာ္ ဆြဲႀကိဳးဒီဇိုင္းအပ္ခ်င္လို႔ပါ"
".............."
"ေနာက္သုံးရက္ေလာက္ေနရင္လိုခ်င္ပါတယ္၊ တကယ္လို႔အဆင္ေျပမယ္ဆိုရင္ ဒီေန႔လယ္ခင္း ဆိုင္ကိုလာခဲ့ပါ့မယ္"
".............."
"ေကာင္းပါၿပီ"
ဖုန္းခ်ၿပီးတာနဲ႔ ေျပာင္စာရြက္တစ္ရြက္ႏွင့္ေဘာပင္တစ္ေခ်ာင္းကိုင္ကာ စိတ္ထဲရွိတဲ့ဒီဇိုင္းကိုခ်ဆြဲရန္ျပင္လိုက္သည္။သို႔ေပမယ့္လည္း ေဘးနားမွာတြန္းထားတဲ့ လက္မွတ္ထိုးရမယ့္ဖိုင္က မ်က္လုံးထဲေရာက္လာတာမို႔ လက္မွတ္ကိုျမန္ျမန္သြက္သြက္ေလး အရင္ထိုးရန္ျပင္လိုက္ရပါသည္။
.................................................................................
"တစ္ၿပီးရင္ တစ္ဆယ္ လာတာေလ"
"မဟုတ္ဘူးေလ ကေလးေလးရဲ့၊ တစ္ၿပီးေတာ့ ႏွစ္"
"ဟုတ္ပါဘူး တစ္ဆယ္ပါ"
"မဟုတ္ေသးပါဘူး"
"ဟုတ္ပါတယ္၊ တစ္ၿပီးေတာ့ တစ္ရယ္ ဆယ္ရယ္ တစ္ဆယ္ ေနာ္"
သူမွန္တယ္ထင္ေနတဲ့႐ုပ္ကေလးက လက္ကေလးပိုက္လို႔ ခပ္တည္တည္ပင္။
"ဒါဆိုရင္ တစ္ဆယ္ၿပီးေတာ့ေရာ"
"တစ္ဆယ္ၿပီးေတာ့ ဆယ့္တစ္ေပါ့၊ ဦးဦးက ဒါေလးေတာင္ သိဘူးလား"
"ေဟ၊ ဟုတ္ၿပီ၊ ဒါဆိုရင္ ဆယ့္တစ္ၿပီးေတာ့ ဆယ့္ႏွစ္ ဆယ့္သုံး ဆယ့္ေလး....ဟုတ္တယ္မလား အဲ့လိုမလား"
"ဟုတ္တယ္ေလ၊ ေတာ္တယ္"
လက္မေတာင္အဆစ္အေနနဲ႔ေထာင္ျပေသးသည္။
"ဟုတ္ၿပီ ဒါဆို ဆယ့္ကိုးၿပီးေတာ့ေရာ"
"ကိုးဆယ္ေပါ့"
"ေဟ!"
"ဟုတ္တယ္ေလ၊ ဆယ့္ကိုးၿပီးေတာ့ ကိုးဆယ္ေလ"
ဦးေလးႀကီးတစ္ေယာက္ ေခါင္းေျခာက္ေနရေလၿပီ။
"ဒါဆို ႏွစ္ဆယ္ေတြ သုံးဆယ္ေတြ ေလးဆယ္ေတြကေရာ ဘယ္ေရာက္သြားတာလဲ"
"အဲ့ဒါ Hyunမသိဘူးေလ၊ ဦးဦးသိလို႔လား"
ရွင္းျပေနရင္လည္း လည္ေနမွာဆိုတာေၾကာင့္ ဦးေလးႀကီးႏွုတ္ပိတ္လၽွက္ ေခါင္းသာခါျပလိုက္ေတာ့သည္။Baekhyun ကအတူတူပုန္းတမ္းကစားမယ္ဆိုၿပီး တစ္ကေနတစ္ဆယ္အတြင္းေရကာ သူလိုက္မယ္ဟုဆိုတာေၾကာင့္ ဦးေလးႀကီးပုန္းဖို႔ျပင္႐ုံရွိေသး တစ္ၿပီးတစ္ဆယ္တန္းေရာက္သြားတဲ့ Baekhyun ေၾကာင့္ပုန္းေတာင္မပုန္းလိုက္ရဘဲ မိသြားခဲ့သည္။ထို႔ေၾကာင့္ ဂဏန္းေတြအေၾကာင္းေျပာၿပီးတိုင္ပတ္ေနၾကတာျဖစ္သည္။
"ကေလးေလး ဂဏန္းေရတာေတြကို ေသခ်ာေလးသင္ရဦးမယ္"
"ဘာလို႔လဲ၊ ခ်က္စားဖို႔လားဟင္"
"ေဟ!"
"ကိုကိုခ်က္ေပးမွာေပါ့၊ ကိုကိုကေနာ္ ခြံေတာင္ခြါေပးဦးမွာ၊ Hyunက..သင္စရာလိုဘူးရယ္"
"ေဟ ေအာင္မေလးကြာ!"
ဦးေလးႀကီးတစ္ေယာက္ သူ႔ႏွဖူးသူသာရိုက္မိပါေတာ့သည္။
:
"ကေလးေလး ငါးမစားခ်င္ရင္ ၾကက္သားနဲ႔စားေလ"
".............."
"ဒါဆို ကင္မ္ခ်ီဟင္းရည္ေလးေရာ၊ ကေလးေလးအႀကိဳက္ သိပ္မစပ္ဘူးရယ္"
"..............."
ႏွုတ္ခမ္းေလးကို အေရွ႕တစ္ထြာေလာက္ေထာ္ထားၿပီး ထမင္းစားခုံမွာ လက္ပိုက္ကာထိုင္ေနသည့္ Baekhyun ကဘာစကားမွျပန္မေျပာတာမို႔ အေဒၚႀကီးေခါင္းေျခာက္ေနရေလၿပီ။အေဆာ့မက္ေနတဲ့ Baekhyun ကိုေန႔လယ္စာစားရန္မနည္းေခၚလိုက္ရေပမယ့္လည္း မစားတာမို႔ ဘာလုပ္လို႔လုပ္ရမွန္းမသိေတာ့။ေန႔လယ္စာစားခ်ိန္လည္းေက်ာ္ေတာ့မည္ပင္။
"ကေလးေလး အဲ့လိုႀကီးမေနဘဲ ဘာစားခ်င္လဲေျပာလိုက္၊ ေဒၚေဒၚျမန္ျမန္ေလးလုပ္ေပးမယ္ေလ"
"ပဲေခါက္ဆြဲ"
ေမးလိုက္ေတာ့ ခ်က္ခ်င္းျပန္ေျဖလာသည္က ပဲေခါက္ဆြဲတဲ့ေလ။
"ကေလးေလးရယ္ ေခါက္ဆြဲက ဗိုက္ေတြပြၿပီး ရင္ျပည့္ရင္ဘယ္လိုလုပ္မလဲကြဲ႕"
"Hyunက စားခ်င္တာကို"
"ပဲေခါက္ဆြဲက လုပ္ရင္ၾကာဦးမွာကြဲ႕၊ ညေနမွလုပ္ေကၽြးမယ္ေလ အခုထမင္းနဲ႔ဟင္းေလးစားလိုက္ပါလား"
"............."
"ကေလးေလးက အဲ့လိုမဆိုးရဘူးေလကြယ္"
"ေဒၚေဒၚ..ေဒၚေဒၚက Hyunကိုၿငိဳျငင္တာလား"
"ေဟ ဒီစကားဘယ္ကတတ္တုန္း၊ မဟုတ္ရပါဘူးကြယ္၊ ကေလးေလး အဆာလြန္မွာစိုးလို႔ေျပာေနတာပါ"
"Hyunက ေစာင့္နိုင္ပါတယ္"
မ်က္လုံးေလးေပကလပ္ေပကလပ္လုပ္ျပၿပီးေျပာလာသူေလးေၾကာင့္ အေဒၚႀကီးတစ္ေယာက္ ခ်က္ခ်င္းပင္ ပဲေခါက္ဆြဲလုပ္ေပးခ်င္စိတ္ေပါက္သြားေပမယ့္လည္း မျဖစ္ေသးပါ။ဒီကေလးဗိုက္က မအီမသာျဖစ္တတ္လြန္းလို႔ေလ။
"ကေလးေလးရယ္..."
ထပ္ေျဖာင္းဖ်ဖို႔ အေဒၚႀကီးစကားစလိုက္တဲ့အခ်ိန္မွာပဲ
"Baekhyun ေလးထမင္းစားေနတာလား"
"ရွင္! ဟုတ္ကဲ့ သူေဌး"
႐ုတ္တရပ္ပင္ ထမင္းစားခန္းထဲဝင္လာသည့္ ဒုဥကၠဌ Park ေၾကာင့္ အေဒၚႀကီး ကျပာကယာျဖစ္သြားသလို Baekhyun ကလည္းခပ္ေဝးေဝးေရာက္ေနတဲ့ထမင္းပန္းကန္ေလးကိုသူ႔အနားေရာက္ေအာင္လွမ္းဆြဲလိုက္သည္။
"သူေဌးေရာ စားေတာ့မလားရွင့္"
"အင္း စားတာေပါ့၊ ထမင္းျပင္လိုက္ အေဒၚႀကီး"
"ဟုတ္ကဲ့"
ဒုဥကၠဌ Park ကိုထမင္းခူးေပးေနသည့္ အေဒၚႀကီးရဲ့မ်က္လုံးေတြက Baekhyun ဆီေရာက္သြားေတာ့ ဟင္းေတြထည့္ကာ ထမင္းကိုၿငိမ္ၿငိမ္ေလးထိုင္စားေနၿပီျဖစ္တဲ့ Baekhyun ကိုျမင္လိုက္ရတာမို႔ အသည္းတယားယားျဖင့္ေခါင္းခါရယ္လိုက္မိသည္။ဒီကေလး ေယာကၡမလုပ္သူကိုေတာ့ ေတာ္ေတာ္ေၾကာက္ေၾကာက္။
"Baekhyunေလး စားေကာင္းလား"
"ဟုတ္ကဲ့"
"ေအးေအး မ်ားမ်ားစား"
"ဦးေလး Park ေရာပဲ"
"ေအးပါ ေအးပါ"
ဒုဥကၠဌ Park အား Baekhyun ကစကားေလးေတြ ခပ္တိုးတိုးျပန္ေျပာရင္း ထမင္းကိုသာအာ႐ုံစိုက္စားေနပါသည္။ခုနက အေဒၚႀကီးကို ဂ်ီက်ေနတာ သူေလးမဟုတ္တဲ့အတိုင္းပင္။
.................................................................................
"Chanyeol"
"ဪ Dojin"
အျပင္သြားရန္ အခန္းထဲကထြက္ဖို႔ျပင္႐ုံရွိေသး အခန္းအေရွ႕မွာ Dojin ႏွင့္ေတြ႕သည္။
"ကၽြန္ေတာ့္ဆီလာတာလား"
"ေဟာ Chanyeol ဆီမလာလို႔ ဘယ္သူ႔ဆီလာရမလဲ"
Chanyeol ေခါင္းတညိမ့္ညိမ့္သာလုပ္လိုက္သည္။တစ္ခါတစ္ေလေတာ့လည္း Dojin ရဲ့အျပဳအမူေတြကို ရင့္က်က္ေနၿပီျဖစ္တဲ့ Chanyeol နားလည္ေပမယ့္ တစ္ဖက္ကေပၚတင္ႀကီးထုတ္ျပမလာတဲ့အခါ အတိအက်ႀကီးေကာက္ခ်က္ခ်ဖို႔ကခက္ေနသည္။
"ေန႔လယ္စာသြားစားမလို႔လား Chanyeol၊ အတူတူသြားစားရေအာင္ေလ"
"အာ ကၽြန္ေတာ္ ကန္တင္းမွာစားၿပီးၿပီ Dojin ရဲ့၊ အခုကသြားစရာေလးရွိလို႔"
"ဟုတ္လား၊ ကိုယ္က တစ္ေယာက္တည္းပ်င္းေနတာနဲ႔ Chanyeol နဲ႔အတူေန႔လယ္စာစားရေအာင္လာခဲ့တာ၊ ဒါနဲ႔ဘယ္သြားမွာလဲ"
ရင္းႏွီးသင့္သေလာက္လည္းရင္းႏွီးေနၿပီမို႔ အခုလိုေမးျမန္းလာျခင္းအေပၚ Chanyeol စိတ္ထဲထားမေနေတာ့ပါ။
"ေနာက္ေလးရက္ေနရင္ Hyunေလးေမြးေန႔ရွိတယ္ေလ၊ အဲ့ဒါလက္ေဆာင္ေပးခ်င္လို႔ ဆိုင္မွာ ပလက္တီနမ္ဆြဲႀကိဳးေလးသြားအပ္မလို႔"
"ဪ..Chanyeol ကိုယ္တိုင္ဒီဇိုင္းဆြဲတာလား"
"ဟုတ္တယ္ Dojin"
ထိုအခါ Dojin ကအသာျပဳံးလိုက္ၿပီး
"လိုက္ခဲ့လို႔ရမလား"
"Dojin ေန႔လည္စာမစားရေသးဘူးမလား"
"အဲ့နားက ဆိုင္တစ္ဆိုင္ဆိုင္မွာစားလိုက္လည္း ရတာပဲဟာ၊ Chanyeol အေဖာ္လုပ္ေပးေပါ့"
"ကိုယ့္ကားကိုယ္ေမာင္းၾကမွာမလား၊ လာေလ သြားၾကရေအာင္"
အေရွ႕ကေန ခပ္သြက္သြက္ထြက္သြားသည့္ ေက်ာျပင္က်ယ္ႀကီးရဲ့အေနာက္ကို Dojin သာသာယာယာပဲလိုက္သြားလိုက္ပါသည္။
PB group ႏွင့္ M group ၏ဥကၠဌႏွစ္ေယာက္ ယွဥ္တြဲေလၽွာက္လာသည့္အခါ ကုမၸဏီမွလူေတာ္ေတာ္မ်ားမ်ားရဲ့အၾကည့္ေတြက သူတို႔ဆီမသိမသာေရာက္ေရာက္လာၾကသည္။ဒါဟာ Chanyeol ဆီ Dojin ေရာက္လာတိုင္း ျဖစ္ေနၾကကိစၥပင္။ယုန္ထင္ေၾကာင္ထင္စကားေတြ အခုအခ်ိန္ထိ Chanyeol ရဲ့နားထဲေရာက္မလာေသးတာမို႔ထားလိုက္ပါေတာ့။
အကုန္လုံးကို Chanyeol မာန္ပါပါျဖင့္တစ္ခ်က္ေဝ့ဝဲၾကည့္လိုက္မွသာ ကိုယ့္အလုပ္ကိုယ္ ကျပာကယာျဖင့္ျပန္လုပ္ၾကသည္။လူေတြက သိပ္ခက္ၾကပါသည္။
:
"Chanyeol တစ္ခုခုေသာက္ေလ"
"Americano တစ္ခြက္"
မေကာင္းတတ္၍ Dojin ေန႔လည္စာစားဖို႔ကို Chanyeol အရင္လိုက္ေပးလိုက္သည္။လက္ကနာရီကိုၾကည့္ေတာ့ ၁၂ခြဲသာရွိပါေသးသည္။
"အခ်ိန္ၾကည့္ေနတာက အခ်ိန္မရွိလို႔လား Chanyeol"
"ေန႔လယ္ခင္းလာမယ္လို႔ ဆိုင္ကိုေျပာထားေတာ့ ေန႔လယ္မေက်ာ္ရင္ေကာင္းတာေပါ့"
"အာ ကိုယ္ထမင္းစားတာအဲ့ေလာက္မၾကာပါဘူး"
"မဟုတ္တာ ေအးေဆးစားပါ၊ ဆိုင္ကဒီပတ္ဝန္းက်င္မွာပဲဟာ"
Chanyeol ရဲ့စကားကို Dojin ကခပ္ျပဳံးျပဳံးျဖင့္တုန့္ျပန္ၿပီး ေရတစ္ငုံေမာ့ေသာက္လိုက္သည္။ထို႔ေနာက္မွ Chanyeol ကိုၾကည့္လာၿပီး
"ဒါနဲ႔ Baekhyun ကေတာ္ေတာ္ေလးတတ္ေနၿပီဆို၊ အဟင္း! အန္ကယ္ Park ေျပာျပတာပါ"
"ဪ..အင္း အလည္ေလးျဖစ္ေနၿပီေလ၊ ညညဆို ဖုန္းတစ္လုံးနဲ႔လိုင္းေတာင္သုံးတတ္ေနၿပီ"
"ဟုတ္လား"
"မ်ားေသာအားျဖင့္ video အတိုေလးေတြၾကည့္တာေပါ့၊ screen time မ်ားလို႔ ကၽြန္ေတာ္မနည္းေခ်ာ့ေျပာထားရတယ္"
Chanyeol ကရယ္ရယ္ေမာေမာျဖင့္ေျပာေတာ့ Dojin ကလည္းျပဳံးျပဳံးေလးနားေထာင္သည္။
"ဟိုတစ္ေခါက္ Chanyeol တို႔အိမ္ကို ကိုယ္လာတုန္းကေတာင္ အဲ့ေလာက္မတတ္ေသးဘူးေနာ္"
"ဟုတ္တယ္ Hyunေလးက ဥာဏ္ရည္ဖြံ႕ၿဖိဳးတာအရမ္းျမန္ေနတယ္၊ ေနာက္ဆို သာမာန္လူေကာင္းေလးျဖစ္ေတာ့မွာ"
"ဝမ္းသာပါတယ္"
"ေက်းဇူးပဲ Dojin"
:
"ေကာင္းေကာင္းသုံးေဆာင္ၾကပါဗ်"
မိနစ္ပိုင္းေလာက္စကားစျမည္ေျပာေနၾကရင္း အစားအေသာက္ေတြေရာက္လာတာမို႔ စကားစျပတ္သြားၾကသည္။
ခဏအၾကာမွာေတာ့ steak ကိုအတုံးေလးေတြလွီးျဖတ္ၿပီးသြားတဲ့ Dojin က Chanyeol ကိုၾကည့္ၿပီးစကားစျပန္ပါသည္။
"ဒါနဲ႔ Chanyeol တို႔အိမ္မွာ အိမ္အကူထပ္လိုလို႔ဆို"
"ဗ်ာ"
"အန္ကယ္ Park ေျပာတာပါ"
"မျဖစ္မေနလိုတယ္ရယ္လို႔လည္းမဟုတ္ပါဘူး၊ အိမ္မွာရွိတဲ့ ေဒၚႀကီးက Hyunေလးကိုၾကည့္ရေတာ့ ေနာက္တစ္ေယာက္ထပ္ေခၚေပးမယ္ေျပာတာကို အဆင္ေျပပါတယ္တဲ့ေလ၊ ကၽြန္ေတာ္ကလည္း အိမ္ကိုအခုမွလူစိမ္းေရာက္လာမွာမႀကိဳက္ေတာ့ မလိုေတာ့ဘူးလို႔ေျပာလို႔ရပါတယ္၊ ဒါနဲ႔ ဘာလို႔ေမးတာလဲ Dojin"
"လိုတယ္ဆို ကိုယ္ရွာေပးနိုင္တယ္လို႔ေျပာမလို႔ပါ"
"အာ ေက်းဇူးပဲ Dojin၊ မလိုေတာ့ပါဘူး"
ထိုအခါ Dojin ကေခါင္းတညိမ့္ညိမ့္ျဖင့္ ေန႔လယ္စာစစားသည္။
ကာရံထားသည့္မွန္ကေနတစ္ဆင့္ အျပင္ဘက္ကိုၾကည့္ရင္း Americano ကိုဇိမ္ရွိရွိျဖင့္ေသာက္ေနသည့္ Chanyeol ကသူ႔ကိုေငးစိုက္ၾကည့္ရင္း ေန႔လယ္စာကိုအရသာရွိရွိစားေနသည့္ Dojin ကိုသတိမထားမိလိုက္ပါေပ။
ထိုေန႔က ကိုယ္တိုင္ဆြဲထားသည့္ ပလက္တီနမ္ဆြဲႀကိဳးဒီဇိုင္းကိုျပၿပီး ဆိုင္မွာေသခ်ာအပ္ေနသည့္ Chanyeol အား Dojin ကမ်က္စိမ်က္ႏွာပ်က္ျဖင့္ၾကည့္ေနခဲ့ပါသည္။
.................................................................................
"ကေလးေလး မ်က္မွန္တပ္မယ္ေလ"
"..............."
"မ်က္မွန္တပ္ၿပီးၾကည့္ရမယ္ေလ မဟုတ္ရင္ မ်က္စိေတြနာမွာေပါ့"
"................."
အေဒၚႀကီးရဲ့စကားကိုအာ႐ုံမထားစြာပင္ Baekhyun ကTVကိုသာတစိုက္မတ္မတ္ၾကည့္ေနသည္။TV screen ေပၚမွာေတာ့ ေၾကာင္ကႂကြက္ကိုေျပးလိုက္ေနသည္မွာအသည္းအသန္ပင္။
Screen time မ်ားလြန္းတဲ့ Baekhyun အတြက္ Chanyeol ကဖုန္းၾကည့္မ်က္မွန္ဝယ္ေပးထားတာျဖစ္သည္။TVၾကည့္ရင္ျဖစ္ျဖစ္ ဖုန္းၾကည့္ရင္ျဖစ္ျဖစ္ အျမဲတပ္ရမယ္လို႔လည္းမွာထားသည္။သူ႔ကိုကိုစကားဆို တေသြမတိမ္းနားေထာင္တဲ့ Baekhyun ကသူ႔ကိုကိုအေရွ႕မွာဆို ေခါင္းေလးကို ပုတ္သင္ညိဳရွုံးေအာင္ညိမ့္ျပေပမယ့္ ေနာက္ကြယ္မွာေတာ့ မ်က္မွန္တပ္ဖို႔ကိုအျမဲျငင္းဆန္ေလ့ရွိသည္။အေဒၚႀကီးပဲေမာရပါသည္။
"မ်က္မွန္မတပ္ရင္ Chanyeol ေလးလာရင္ ေဒၚေဒၚကေျပာျပမွာေနာ္၊ ကေလးေလးမ်က္မွန္မတပ္ဘူးဆိုၿပီးေတာ့"
".............."
"ကေလးေလးရယ္ ေဒၚေဒၚအေနာက္မွာ ဟင္းအိုးေတြၾကည့္ရဦးမယ္ကြဲ႕"
"................"
"ကေလးေလး"
တီ! တီ! တီ!
"ေဟာ Chanyeolေလး ျပန္လာၿပီထင္တယ္၊ အို႔! ကေလးေလး"
ကားဟြန္းတီးသံၾကားတာနဲ႔ ခ်က္ခ်င္းဆိုသလို အေဒၚႀကီးလက္ထဲက မ်က္မွန္ကိုယူကာ တပ္လိုက္တဲ့ Baekhyun။ထို႔ေနာက္ အေဒၚႀကီးကို မခ်ိဳမခ်ဥ္ျပဳံးျပၿပီး အိမ္ေရွ႕ကိုေျပးထြက္သြားပါသည္။
:
"ကိုကို"
"Hyunေလး"
ကားေပၚကဆင္းဆင္းခ်င္းပဲ သူ႔ကိုေျပးဖက္လာသည့္ Hyunေလးကို Chanyeol လည္းျပန္လည္ဖက္တြယ္လိုက္သည္။
"ကိုကို Hyunေခ်ာလား"
Chanyeol ကိုေမာ့ၾကည့္ရင္း မ်က္ႏွာေပၚကမ်က္မွန္အဝိုင္းေလးကို ပင့္တင့္ျပကာေမးလာသည္မို႔ သေဘာတက်ျပဳံးလိုက္မိသည္။
"ေခ်ာပါ့ဗ်ာ ေခ်ာပါ့၊ ကိုကို႔Hyunေလးက အေခ်ာဆုံး"
"ဟီးး Hyunသိသားပဲ"
လိပ္ကေလးကိုခါးေလးကေနေပြ႕ဖက္ရင္းသာ Chanyeol အိမ္ထဲကိုဝင္ခဲ့လိုက္သည္။ထို႔ေနာက္ အေပၚထပ္ကို တစ္ခါတည္းတက္ခဲ့ၾကပါသည္။
အခန္းထဲေရာက္တာနဲ႔ Hyunေလးကိုအိပ္ရာေပၚမွာ ပက္လက္လွဲေစလိုက္ၿပီး Chanyeol အေပၚကေနအုပ္မိုးကာ တစ္ေန႔တာအလြမ္းေတြကို ေျဖေဖ်ာက္ရန္ျပင္လိုက္သည္။
"အင့္! ကိုကို Hyunေမာမွာ"
"အတူတူေမာၾကမယ္ေလ၊ ခဏေလးပဲကြာ ေနာ္"
"ဟင့္အင္း! ၾကာမွာ"
"အဲ့ဒါဆိုလည္း ခဏၾကာၾကာေလးပဲကြာ"
"အြန့္!"
တားျမစ္ေနတဲ့ႏွုတ္ခမ္းပါးေလးကို အလ်င္စလိုဖိကပ္လိုက္ၿပီး မ်က္မွန္အဝိုင္းေလးကိုလည္း Chanyeol အသာအယာခၽြတ္ေပးလိုက္သည္။
အေပၚႏွုတ္ခမ္းေလးကိုတစ္လွည့္ ေအာက္ႏွုတ္ခမ္းေလးကိုတစ္လွည့္ျဖင့္ အႀကိမ္ႀကိမ္စုပ္ယူရင္း ႏူးႏူးညံ့ညံ့ျပဳမူေနသည့္ Chanyeol ရဲ့အနမ္းေတြဟာညင္သာလြန္းပါသည္။Hyunေလးကလည္း မ်က္လုံးေလးစုံမွိတ္ၿပီး Chanyeol ရဲ့လည္တိုင္ကိုခပ္တင္းတင္းဖက္ကာ Chanyeol ပုံသြင္းသည့္အတိုင္း ႏွုတ္ခမ္းေလးကိုလွုပ္ရွားေပးသည္။
ေမြ႕ရာေပၚလက္ႏွစ္ဖက္ေထာက္ထားသည့္ Chanyeol ကတစ္ဖက္ကိုျပန္႐ုတ္လိုက္ၿပီး Hyunေလးရဲ့ခါးသိမ္သိမ္တစ္ဖက္ေပၚမွာ ေနရာခ်လိုက္သည္။ထို႔ေနာက္ ခါးေလးကိုအသာအယာဖိညႇစ္လိုက္ၿပီး အနမ္းေတြကိုအရွိန္ျမႇင့္လိုက္ပါသည္။
"အြန္းး ကို..ကို"
အနမ္းေတြအရွိန္ျမင့္လာတာႏွင့္အမၽွ Hyunေလးဆီကလည္း အသံေသးေသးေလးေတြထြက္လာသည္။ဒီႏွုတ္ခမ္းပါးရဲရဲေလးကို နမ္းေနရင္းႏွင့္ပင္ Chanyeol မတင္းတိမ္နိုင္ပါ။အႀကိမ္ႀကိမ္ပိုတိုးလို႔နမ္းရွိုက္ခ်င္ၿပီး ခဏခဏလည္းနမ္းခ်င္သည္။မိုခ်ီလုံးေလးလို အိစက္ႏူးညံ့ေနၿပီး ကိုက္ဖဲ့ပစ္ခ်င္စရာေကာင္းလွပါသည္။Hyunေလးနာသြားမွာစိုးလို႔သာ မနည္းစိတ္ထိန္းထားရသည္။
"အင့္! ကိုကို ေတာ္.."
မိနစ္ပိုင္းေလာက္နမ္းရွိုက္အၿပီးမွာေတာ့ ရင္ဘက္ကိုလက္ဖေနာင့္ေလးျဖင့္တြန္းလာၿပီမို႔ Chanyeol ရဲ့စိတ္ဆႏၵေတြကို ခၽြန္းအုပ္လိုက္ရေတာ့သည္။
"ႁပြတ္စ္! အင္း ေတာ္ၿပီေနာ္ ကိုကိုမနမ္းေတာ့ဘူး"
"အြန္း"
မ်က္ရည္ေလးေတြဝဲၿပီး ေခါင္းေလးညိမ့္ျပလာပုံက အသည္းယားစဖြယ္။သူ႔လက္ခ်က္ေၾကာင့္ စိုစြတ္ေနတဲ့ ႏွုတ္ခမ္းပါးရဲရဲေလးကို Chanyeol အၾကည့္အျမန္လႊဲလိုက္ၿပီး ေမြ႕ရာေပၚမွာေသခ်ာက်က်နနထိုင္လိုက္သည္။ထို႔ေနာက္ Hyunေလးကိုလည္း ခါးေလးကေနဆြဲေပြ႕ထူၿပီး သူ႔ေပါင္ေပၚမွာေဘးတေစာင္းေလးထိုင္ေစလိုက္ပါသည္။
"ေျပာပါဦး၊ ကိုကိုမလာခင္တုန္းက Hyunေလး ဘာကားၾကည့္ေနတာလဲ"
"ေၾကာင္နဲ႔ႂကြက္"
"ဟုတ္လား၊ ၾကည့္ၿပီးသားေတြမဟုတ္ဘူးလား"
"Hyunႀကိဳက္တယ္ေလ"
ခ်က္ခ်င္းဆိုသလို ႏွုတ္ခမ္းေလးေထာ္ၿပီးျပန္ေျပာလာတာမို႔ ႏွဖူးေလးကိုတစ္ခ်က္ေလာက္ငုံ႔နမ္းလိုက္သည္။
"ဒီေန႔ေရာ ဘယ္လိုလဲ၊ Hyunေလးလိမ္လိမ္မာမာေနတယ္မလား"
"Hyunကေလ...."
လက္ဖဝါးေလးေထာင္ၿပီး ေျပာလာတာေၾကာင့္ Chanyeol ေခါင္းညိမ့္ျပလိုက္ၿပီး
"ဟုတ္ၿပီ ေျပာပါဦး"
"ဦးဦးနဲ႔ေဆာ့တယ္၊ တူပုန္းတမ္းရယ္ ေျပးလိုက္တမ္းရယ္ ႐ုပ္ေတြနဲ႔လည္းေဆာ့တယ္"
"ေနာက္ၿပီးေတာ့ေရာ"
"ၿပီးေတာ့ ဦးေလး Park နဲ႔တူထမင္းစားတယ္၊ အိပ္လည္းအိပ္ေသးတယ္၊ ၿပီးေတာ့ ကာတြန္းကားၾကည့္တာ"
လက္ေခ်ာင္းေလးေတြခ်ိဳးၿပီး တစ္ခ်က္ခ်င္းေျပာလာတဲ့ Hyunေလးေၾကာင့္ Chanyeol သေဘာတက်ျပဳံးမိသည္။
"ဟုတ္ၿပီကြာ၊ လိမၼာလိုက္တာ ကိုကို႔Hyunေလးက၊ လိမၼာတဲ့ကေလးေလးကို ကိုကိုကဆုခ်ရမွာေပါ့"
"ဟင္ ဆုလား၊ ဘာလဲဟင္"
"မြ! မြ! မြ! ရႊတ္! ႁပြတ္စ္!"
"ကိုကို"
"အနမ္းဆုေလ"
မ်က္ႏွာႏုႏုတစ္ျပင္လုံးကို စိတ္တိုင္းက်နမ္းရင္း Chanyeol ေျပာလိုက္ေတာ့ Hyunေလးက သူ႔ရင္ခြင္ထဲအလ်င္စလိုျဖင့္ ေခါင္းေလးတိုးဝင္လာပါသည္။သူေလး သေဘာက်သြားတာ။
ထိုသို႔ျဖင့္ နာရီဝက္တစ္နာရီနီးပါးေလာက္ Hyunေလးႏွင့္အတူ ကလူၾကည္စယ္ၿပီးမွသာ ႏွစ္ကိုယ္ရည္သန့္ရွင္းေရးလုပ္ဖို႔ Chanyeol ျပင္လိုက္ပါေတာ့သည္။
.............Hyunေလးနဲ႔အတူရွိရတဲ့အခ်ိန္တိုင္းက သုခပါ၊ Hyunေလးရဲ့အေငြ႕အသက္ေလးေတြနဲ႔ ေဝးေနရတဲ့အခ်ိန္တိုင္းကေတာ့ ဒုကၡေပါ့...........
.................................................................................
(ဆက္ရန္)
(၂၀.၆.၂၀၂၃)
တစ္ကိုယ္ရည္သန့္ရွင္းေရးသမားေတြအတြက္ so sad😞