In Love With An Old Mafia(Com...

Autorstwa seinyadanawin

155K 9.6K 1.3K

****** Start Date-Mar.31.2023 End Date-Nov.17.2023 ***** Więcej

Intro
Part-1
Part-2
Part-3
part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31+32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
The End
Characters' Art
New Fiction Promote

Part-10+11

3.8K 274 49
Autorstwa seinyadanawin

ပြင်ဦးလွင်မြို့ရှိ လမ်းအသွယ်သွယ်များအားဖြတ်သန်း၍ နောက်ဆုံးတော့အဖြူရောင်နှစ်ထပ်အိမ်ကလေးရှိရာသို့ ကားလေးဟာတရွေ့ရွေ့။

"ဒီအိမ်လား"

"ဟုတ်တယ် လေးငယ်"

အဖြူရောင်တထပ်အိမ်ကလေးအားကြည့်ရင်း စိုင်း အေးချမ်းမှုသေးသေးလေးအား ခံစားလိုက်ရသည်။
အိမ်ကလေးအား ခြံစည်းရိုးအဖြူလေးများနှင့်ကာရံထားပြီး အိမ်ဝင်းထဲတွင်ပန်းပင်လေးများကိုလည်းပျိုးထားသေးသည်။

ပန်းပင်ကလေးများကြားထဲတွင်တော့ အဖြူရောင်ဒန်းလေးတစ်ခုရှိ၍ အိမ်ပိုင်ရှင်မှာအဖြူရောင်ကိုနှစ်သက်ပုံပေါ်သည်။

"မင်းက အဖြူရောင်သိပ်ကြိုက်တာပဲလား"

"အမှန်က ဒီဇိုင်းက သူငယ်ချင်းဆွဲပေးတာရယ်။ အရောင်ကိုရွေးတော့ ထွေထွေထူးထူးကြီးလုပ်မနေချင်တော့တာနဲ့ အေးချမ်းတာလေးပဲရွေးလိုက်တာ။
လေးလေးငယ်ကောဘယ်လိုထင်လဲ"

"အင်း လှတယ်"

"ကျွန်တော် တော်တယ်ဟုတ်"

"တော်တယ်"

သက်ပိုင်၏အပြောကို စိုင့်က
ခေါင်းငြိမ့်ကာထောက်ခံလိုက်တော့ သက်ပိုင်က အားပါတရနှင့် ကျေနပ်စွာပြုံးသည်။သက်ပိုင်၏ပုံစံမှာ ကလေးလေးတစ်ယောက်ကသူ့မိဘက သူ့ကိုချီးကျူးလိုက်တဲ့အခါဖြစ်သွားတဲ့ ပုံမျိုးပင်။
တကယ့်ကိုကလေးပေါက်စ အလား။

နှစ်ယောက်သား အထုပ်အပိုးတွေချအပြီးတွင်တော့ ပိတ်ချင်းမြှောင်၌ဝယ်လာခဲ့သည့် ဝိုင်များအားထုတ်၍သောက်ကြလေတော့သည်။

ဝရံတာရှိ တံခါးပေါက်မှ ဝင်လာသောလရောင်က အခန်းထဲသို့ဖျော့တော့တော့နှင့်ကျရောက်နေလျက်။
လေပြေတချက်ဝှေ့တိုက်သွားသည်နှင့် ပင်ပန်းနွမ်းနယ်မှုတို့ဟာ ယင်းလေပြေတို့ကြားရောယှက်ကာပါသွားသလိုလို။

မပြင်းမရှနှင့် ချိုမြမြဝိုင်တို့ဟာ လည်ချောင်းထဲသို့စီးဆင်းလာခိုက် ခန္ဓာကိုယ်ဟာအနည်းငယ်မြူးကြွလာသလိုလို။

ဝိုင်ကိုအရသာခံသောက်ရင်း ကောင်းကင်ကြီးအားကြည့်မိတော့ လမင်းကြီးနှင့်အတူကြယ်ရောင်စုံတို့ဟာ တလက်လက်နှင့်။

"လေးလေးငယ် အချစ်ဆိုတာကို
ပေးဆပ်ခြင်းလို့ထင်လား၊ရယူခြင်းလို့ထင်လားဟင်"

"အချစ်ဆိုတာက ကိုယ်ကကြီးပဲမပေးရသလို ကိုယ်ကကြီးပဲလည်းယူနေလို့မရဘူးလေ ပေါက်စရ။
အပေးအယူဆိုတာရှိစမြဲပဲမဟုတ်လား"

လေးလေးငယ်က သူ့ကိုပြုံးနေတဲ့မျက်ဝန်းတွေနဲ့တည်ငြိမ်စွာကြည့်သည်။
အမြဲငေးချင်မိတဲ့ မျက်ဝန်းလေး။

"လေးလေးငယ်ပြောတာမှန်တယ်"

"ဘာလို့မေးတာလဲ"

"ဒီတိုင်း..."

ထိုအခါ သူ့ကိုလေးလေးငယ်က ဘာမှမပြောပဲ ငြိမ်ကာကြည့်နေသည်။
ပြီးနောက်မှာ အရှေ့သို့တဖြည်းဖြည်းပြန်လှည့်သွား၍ ကောင်းကင်ပြန်လည်ကြည့်နေပြန်လေ၏။

"လေးလေးငယ်သိလား။
ကျွန်တော့်မှာအိမ်မက်တစ်ခုရှိတယ်...
တနေ့နေ့ကျရင် ဒီအိမ်လေးမှာ ကျွန်တော်ချစ်ရတဲ့သူနဲ့ အတူတူနေမယ်။ခွေးလေးတစ်ကောင်နဲ့ ကလေးလေးတစ်ယောက်ကိုမွေးစားမယ်။
သူတို့ကိုအတူကြီးပြင်းခိုင်းမယ်...။
ခြံဝင်းလေးထဲမှာ သူတို့ကစားနေတဲ့အချိန်ကျ ကျွန်တော်တို့ကဘေးကနေကြည့်နေမယ်။
ကျွန်တော်တို့မိသားစုလေးကအရမ်းကိုပျော်စရာကောင်းနေလိမ့်မယ်"

စိုင်း သူ့ကိုပြောနေတာမဟုတ်မှန်းသိသော်လည်း သက်ပိုင်ရဲ့ "ကျွန်တော်တို့" ဆိုတဲ့ မသေချာတဲ့စကားအသွားအလာတို့မှာ နှလုံးသားဟာအနည်းငယ်လှုပ်ခတ်သွားရသည်။

မဖြစ်နိုင်မှန်းသိပေမဲ့ သူဟာဒီကလေးငယ်အပေါ်ကို မေတ္တာတို့ဟာသွန်ဖိတ်ကျလုဆဲဆဲ။

တနေ့ကျ ဒီကလေးငယ်မှာ လှပတဲ့မိန်းမတစ်ယောက်ရှိလာလိမ့်မယ်။သူမက သူ့(သက်ပိုင်)ကို သက်ပိုင်အသေးလေးတစ်ယောက်မွေးပေးလိမ့်မယ်။သူတို့မိသားစုဘဝလေးကသိပ်ကိုပျော်စရာကောင်းနေမှာဆိုတာ စဥ်းစားကြည့်လိုက်ရုံနဲ့တင်ပြောရဲပါ၏။

သို့ပေမဲ့ ဤကဲ့သို့စဥ်းစားမိလိုက်တဲ့အချိန်မှာ ယင်းအတွေးတို့ကြောင့်နှလုံးသားဟာ ဆုပ်နယ်ခံလိုက်ရသလို။

စိုင်း ​အားတင်းကာအနည်းငယ်ပြုံးလိုက်ရင်း သက်ပိုင်ထံသို့လှည့်ကာမေးခွန်းတစ်ခုအားမေးလိုက်သည်။

"မင်းက ကလေးကိုမွေးစားမယ်ဆိုတာဘာအဓိပ္ပါယ်တုန်း မင်းမိန်းမကမင်းကိုမင်းနဲ့တူတဲ့ကလေးလေးတစ်ယောက်မွေးပေးမှာပေါ့"

"လေးလေးငယ် မသိပါဘူးဗျာ"

သက်ပိုင်က ထိုကဲ့သို့ပြောရင်း
ခပ်ရေးရေးပြုံးသည်။

"လေးလေးငယ် ကချင်လား"

"ဟမ်?"

"ကပွဲတွေမှာဆို ဝိုင်သောက်ရင်းကကြတာမလား ကျွန်တော်တို့ကော မကသင့်ဘူးလား"

"ကလေးကလားနဲ့"ဟု ပြောလိုက်ပေမဲ့နောက်ဆုံးတွင်တော့ သကောင့်သားလေး၏ စကားအတိုင်း အတူက လိုက်ရပါ၏။

ဖုန်းထဲမှ သံစဥ် ငြိမ့်ငြိမ့်လေးကအခန်းငယ်လေးထဲ၌ ပျံ့လွှင့်နေ၍ ပေါက်စနှင့်သူ၏လက် တဖက်ဟာအချင်းချင်းယှက်နွယ်ကာဆုပ်ကိုင်ထားကြသည်။
သူ၏ကျန်လက်တစ်ဖက်မှာ သက်ပိုင်၏ပုခုံးပေါ်၌ဖြစ်၍ သက်ပိုင်၏ကျန်လက်တစ်ဖက်ဟာတော့ သူ၏ခါးပေါ်၌ဖြစ်သည်။

"လေးလေးငယ်က 'က' တာတော်တာပဲ၊ကျွန်တော့်ခြေထောက်ကိုတက်နင်းမိမယ်တောင်ထင်နေတာ"

"မင်းကတက်နင်းခံချင်လို့လား"

"လေးလေးငယ် တက်နင်းချင်ရင် ကျွန်တော်မငြင်းပါဘူးဗျာ"

ပေါက်စက ထိုကဲ့သို့ပြောရင်း သူ၏နဖူးနှင့် စိုင်း၏နဖူးအားခပ်ဖွဖွလေး လာတိုက်သည်။

"ဘာတုန်း"

"ဒီတိုင်း ငြိမ်ငြိမ်လေးနေပေးပါဗျာ"

သာယာငြိမ့်ညောင်းလှသော သံစဥ်လေးများကြား၌ ခပ်တိုးတိုးနှလုံးခုန်သံလေးများဟာ စီးချက်ညီစွာ ထွက်ပေါ်နေခဲ့၏...။

တစ်နာရီ ကြာအပြီးတွင်တော့ဝိုင်တစ်ပုလင်းလည်းကုန်ပြီဖြစ်သလို ပေါက်စတစ်ယောက်လည်း သူ၏ပုခုံးပေါ်မှာမှီကာအိပ်ပျော်နေပြီဖြစ်၏။

ကရတာမောသွားသည်ကြောင့်လား ဝိုင်အသောက်လွန်သွားသည်ကြောင့်လားတော့ မသိ...
သက်ပိုင်မှာ နှစ်ခြိုက်စွာပင်အိပ်ပျော်နေဟန်။

ခပ်သင်းသင်းခေါင်းလျှော်ရည်အနံ့နှင့်အတူ ပြင်းရှရှဝိုင်းအနံ့ဟာလည်း ရောနှောနေကာဖြင့် သူ၏နှာခေါင်းဝသို့လာရောက် ကျီစယ် နေကြလျက်။
ဆံပင်လေးများကြား နှာခေါင်းလေးတိုးဝှေ့ကာ မသိမသာနမ်းရှိုက်လိုက်ရင်း စိုင်း ပြုံးရုံမျှသာပြုံးမိသည်။

စပြီး က' ကတည်းက သူ၏လက်ကိုကိုင်ထားသည်မှာ အိပ်ပျော်သွားသည်အထိတိုင်အောင် သက်ပိုင်ဆိုသောအနှီကောင်လေးငယ်မှာ
မလွှတ်တမ်းဆုပ်ကိုင် ထားဆဲ။
သို့သော် ယင်းလက်အား စိုင်းပြန်လည်ရုပ်မသိမ်းဖြစ်သလို ခွါချခြင်းတို့ကိုလည်းမပြုလုပ်ခဲ့ပါချေ။

စိုင်း ပုခုံးထက်၌ အိပ်ပျော်နေသောကောင်လေးငယ်အားကြည့်ရင်း
ခပ်တိုးတိုးလေးပြောမိသည်။

"ကိုယ်နဲ့မဆိုင်တဲ့အရာကို မပိုင်ချင်ရဘူးတဲ့ ပေါက်စရ"

အချစ်ဆိုတာက
ဆန်းကြယ်လိုက်ပုံများ။
ဘယ်​နေရာမှာဘယ်လိုတွေ့ရမလဲ ဘယ်သူမှမခန့်မှန်းနိုင်သလို ဘယ်သူ့ကိုချစ်မိသွားမယ်ဆိုတာကိုလည်း မသိနိုင်ဘူး။

သေချာသည် တစ်ခုကတော့ ချစ်မိသွားခဲ့လျှင် ထိုသူဟာမည်သည့်လူမျိုးပင်ဖြစ်နေပါစေ ဆက်ချစ်နေမည့် ဦးမည်သာ။
ဒီလူဟာ ယောက်ျား၊မိန်းမရယ်လို့မရှိ၊လူဆိုး၊လူကောင်းရယ်လို့မရှိပဲ ဤလူဖြစ်နေလို့ဆိုတဲ့
အကြောင်းပြချက်ကလေးထွက်ပေါ်လို့လာတယ်။

အချစ်ဟာ လူတစ်ယောက်ရဲ့ခံယူချက်တွေကို ပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့အချက်အတိုင်း
ကိုယ်လိုချင်တာ ဘယ်လိုလူမျိုးလဲဆိုတာထက်
ကိုယ်ချစ်မိတဲ့
ဒီလူဟာ ဘယ်လိုလူမျိုးလဲဆိုပြီးဖြစ်လာတယ်။

"ငါမင်းကို ချစ်မိသွားခဲ့မယ်လို့ တစ်ခါမှမထင်မှတ်ထားခဲ့တာအမှန်ပဲ အသက်...အံ့သြစရာမကောင်းဘူးလားဟင်"

ညကောင်းကင်ဟာ ကြယ်ရောင်စုံနှင့်ပြည့်နှက်နေခဲ့သည့်အပြင်
လမင်းကြီးဆီမှ လရောင်ခပ်ဖျော့ဖျော့ဟာ ​ဖြာကျလျက်။

အဖြူအိမ်လေး၏ ဝရံတာထက်တွင်တော့ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ထားခဲ့ကြသည့်အမျိုးသားနှစ်ယောက်ရှိခဲ့ပြီး
ယင်းအမျိုးသား နှစ်ယောက်၏
ချစ်ခြင်းကံကြမ္မာဟာလည်း အလွန်ပင်ဆန်းကြယ်ကြောင်း လမင်းကြီးဟာ
ကျွန်မအား
ခပ်တိုးတိုးပြောပြခဲ့ပါ၏။

******

"အဲ့တာ ကိုးနာရီပန်းတွေမလား အန်တီ"

ရောင်စုံပန်းအိုးလေးတအိုး အားလက်ညှိုးထိုး၍ မေးလိုက်ခြင်းပင်။

"ဟုတ်တယ် ကလေး
အဲ့တာကိုးနာရီပန်းတွေ"

"ကျွန်တော့်ကို အဲ့တာလေးတအိုးပေးပါဗျ၊ဘယ်လောက်လဲမသိဘူးနော်"

"***0 ကလေး၊လက်ဆောင်ပေးမလို့လား"

"ဟုတ်တယ်ခဗျ"

ပန်းဆိုင်အန်တီကြီးက သူမ၏ပါးချိုင့်ခွက်များပေါ်အောင် ဖော်ရွေစွာပြုံးပြသည်။ထို့နောက် ပန်းအိုးလေးအား အိတ်အလှလေးတစ်လုံးနှင့် သေချာစွာထည့်ပေးပြီး သက်ပိုင်အားကမ်းပေးလာသည်။

ထိုအချိန်တွင်လေးလေးငယ်က သူတို့အနားသို့ရောက်လာလေ၏။

"ဘာတွေဝယ်နေတာလဲ ပေါက်စ"

"ကိုးနာရီပန်း"

"ဘာလုပ်မလို့လဲ"

"ပေးစရာလူရှိလို့"

"အော်"

"တံတားပေါ်တက်တော့မလား လေးလေးငယ်"

သူ၏ အမေးကိုလေးလေးငယ်က ခေါင်းငြိမ့်ကာဖြေဆိုသည်။

ယခု သူတို့နှစ်ယောက် ဦးပိန်ကိုရောက်ရှိနေတာဖြစ်၍ တံတား
ထိပ်ပေါ်၌ စျေးဆိုင်အချို့ဟာ စီစီရီရီ။
ကလေးကစားစရာအရုပ်များလည်းရောင်းနေကြသလို
အနက်ရောင်အစေ့သေးသေးလေးများဖြင့် ပြုလုပ်ထားသည့်လက်မှုပစ္စည်းအချို့ကို ရောင်းချနေသည်ကိုမြင်တွေ့ရပေမည်။

ယင်းအစေ့ကလေးများ၏နာမည်ကိုတော့ သက်ပိုင်မေ့လျော့သွားပြီပင်။

"လေးလေးငယ်"

"ဘာတုန်း"

"အဆုံးထိလျှောက်ချင်လား"

"မင်းလျှောက်ချင်လား"

"ဟုတ်"

"ဒါဆို လျှောက်မယ်လေ"

သက်ပိုင် ကလေးတစ်ယောက်လိုပြုံးလိုက်ရင်း လေးလေးငယ်၏ဘေးကပ်ရပ်တွင် အတူလိုက်လျှောက်လိုက်သည်။

"တံတားအရှည်ကဘယ်လောက်လဲ"

"1.2ကီလိုမီတာ၊0.75မိုင်
အသွားအပြန်ဆိုရင် 1.5မိုင်ပေါ့။
ပေနဲ့ဆို 3967ပေ။
လေးလေးငယ် ကိုဒီအကြောင်းပြောပြရမလား"

"ပြောပြ နားထောင်မယ်"

"အမ်...ဦးပိန်တံတားက ကမ္ဘာပေါ်က ကျွန်းသားနဲ့ဆောက်လုပ်ထားတဲ့တံတားတွေထဲမှာ အရှည်ဆုံးတံတားလေ။သူက အမရပူရထဲက တောင်းသမန်အင်းဆိုတာကို ဖြတ်ပြီးအမရပူရမြို့ဟောင်းနဲ့ ရတနာပုံတက္ကသိုလ်ကို ဆက်သွယ်ပြီး 1849ခုနှစ်မှာစပြီး ဆောက်တာ 1851ခုနှစ်မှာမှ ဆောက်လို့ပြီးသွားတာလေ။
ဘာလို့ ဦးပိန်တံတားလို့ခေါ်လဲ လေးလေးငယ်သိလား"

"မသိဘူး"

"ဒီတံတားကိုဆောက်တဲ့သူနာမည်က ဦးပိန်မို့လို့တဲ့၊သူက မြို့စာရေးလေ၊ ဆောက်တာသူတစ်ယောက်တည်းတော့မဟုတ်ဘူး အစက သူနဲ့အတူသူ့ဆရာ မွတ်ဆလင် ဘိုင်ဆပ်ဆိုတဲ့သူနဲ့အတူဆောက်တာ။သမိုင်းတောင်ရှိသေးတယ်။ ဒါပေမဲ့မပြောပြတော့ဘူးနော် ရတယ်မလား"

"ရတယ် ....
ဒီတံတားတွေက တော်တော်ခံတာပဲကျွံတာတွေမဖြစ်ဘူးလား"

"အင်း သူတို့ကမကျွံအောင် မြေကြီးထဲမှာ လူတစ်ရပ်ကျော်ကျော်စိုက်ထားတာတဲ့
ကျွန်တော့်ကို ဒေသခံတစ်ယောက်ပြောဖူးတာကို ပြောပြမယ်။ကျွန်တော်လည်းအရင်ကအဲ့တာကိုအရမ်းသိချင်တာ။
သူပြောတာက လက်တစ်လံလောက်ကို တိုင်ကိုကန့်လန့်ထိုးပြီး ကြက်ခြေခတ်ပုံစံ ဆောက်ထားတာဆိုလား။ အသေးစိတ်တော့မမှတ်မိတော့ဘူးရယ် မှတ်မိတာလေးပြောပြတာ"

"မင်းပြောသွားတာ အတော့်ကိုစုံနေပါပြီ ပေါက်စရာ"

"ဟဲဟဲ..ဒါနဲ့လေးလေးငယ်
ဒီမှာဓာတ်ပုံရိုက်ရင်ရှယ်ပဲ၊လေးလေးငယ်ရိုက်ချင်လား ကျွန်တော်ရိုက်ပေးမယ်လေ"

သက်ပိုင် ပြောရင်းဆိုရင်း ဖုန်းကိုထုတ်ကာ လေးလေးငယ်စီသို့ချိန်လိုက်သည်။
ထိုအခါလေးလေးငယ်က သူ့လက်ထဲက ဖုန်းကိုယူ၍ သူ့အား လေးလေးငယ်ဘေးသို့ဆွဲခေါ်လိုက်လေသည်။

"အတူတူရိုက်ရအောင်"

ထိုကဲ့သို့ပြောရင်း နံဘေးရှိ ကလေးမလေးတစ်ယောက်အား သူတို့ကိုဓာတ်ပုံရိုက်ပေးရန်အကူအညီတောင်းလိုက်လေသည်။

ထိုအခါယင်းက​လေးမလေးက အနေအထားမျိုးစုံနဲ့ Photographer စတင်လုပ်လေတော့၏။

"ဦးလေးတို့နှစ်ယောက်က သိပ်ချောတာပဲ အများကြီးတောင်ချိန်စရာမလိုလိုက်ဘူး။ ဒီမှာကြည့်လိုက်
သောက်ရမ်းမိုက်တယ်မလား"

ကလေးမလေးက သူမ ရိုက်ထားတဲ့ဓာတ်ပုံတွေကိုပြရင်း ဂုဏ်ယူစွာပြောလေသည်။ထိုအခါ သူ၏လေးလေးငယ်က ပြုံးကာ ခေါင်းငြိမ့်ရင်း ထိုကလေးမလေးအား ငါးထောင်တန်တရွက်ထုတ်ကာ မုန့်ဖိုးအဖြစ်
ပေးလိုက်သေးသည်။

"လေးလေးငယ် သဘောကျလား"

"အင်း သဘောကျတယ်"

"ကျွန်တော် ဇရပ်မှာခဏသွားနားကြမလား ဒီမှာနေပူသလားလို့၊ခဏနေဆို
နေအေးတော့မှာ အဲ့ကျမှပြန်လျှောက်ကြရအောင်လေ။တော်ကြာအပူရှပ်နေဦးမယ်"

"မင်းသဘော"

ဇရပ်မှာ ခဏနားကြရင်း ရေခဲမုန့်ပင်ထိုင်စားလိုက်ကြသေးသည်။ထို့နောက်
နေအေးသွားသည့်အခါတွင်တော့
လမ်းလျှောက်ခြင်းအားပြန်လည် လုပ်ဆောင်လိုက်ကြတော့သည်။

တံတား၏အဆုံးကိုရောက်ချိန်တွင် နေပင်ဝင်စပြုနေပြီပင်။

"လေးလေးငယ်သိလား"

"ဘာကိုလဲ"

"လူအချို့ကပြောတယ်။
ကျွန်တော်တို့
တစ်ယောက်ယောက်
နဲ့အတူဦးပိန်တံတားအဆုံးထိလျှောက်တဲ့အခါကျ အဲ့လူနဲ့ဖူးစာဆုံတယ်တဲ့
အချို့ကျတော့လည်း အဲ့လူနဲ့ တသက်လုံးအတူနေသွားရတယ်တဲ့။
ယုံတမ်းလား အမှန်တကယ်လားတော့ ကျွန်တော်လည်းမသိဘူးရယ်"

"ဟုတ်လား"

"ဟုတ်တယ်..
ပြီးတော့ကျွန်တော့်မှာ လေးလေးငယ်ကိုဝန်ခံစရာရှိတယ်"

သက်ပိုင်ထိုစကားအား ထွက်လာခိုက် သူ့ကိုယ်ပြန်လည်းပါးရိုက်ချင်လိုက်မိသည်။ သူတကယ်ကြီးပြောလိုက်တာပဲ...။

"ဟမ် ဘာကိုလဲ"

သက်ပိုင် သူ၏လက်ထဲ၌ကိုင်ဆောင်ထားသော ပန်းအိုးထည့်ထားသည့်အိတ်ကလေးအား လေးလေးငယ်စီသို့တုန်တုန်ရီရီကမ်းပေးလိုက်သည်။

"ငါ့အတွက်လား"

"ဟုတ်..ဟုတ်ပါတယ်"

အခုချိန်မှာ သက်ပိုင်၏ခြေထောက်များဟာ အားပင်မရှိတော့ပဲခွေယိုင်ချင်သလိုဖြစ်နေ၏။
နှလုံးသားမှာအခုန်လွန်ချက်က အပြင်ကိုပင်ထွက်ကျတော့မည့်အလား။

ကြောက်စိတ်နှင့် စိတ်လှုပ်ရှားမှုတို့ကရောယှက်သွားသည့်အခါ၌
သက်ပိုင် တကိုယ်လုံးဟာတုန်ရီလာကာငကြောက်တစ်ယောက်လိုဖြစ်နေတော့၏။

"ကျွန်တော်....ကျွန်တော်"

"အမ် မင်းကဘာဖြစ်လဲ"

သက်ပိုင်၏အာခေါင်တို့မှာ စေးကပ်နေသလိုခံစားနေရ၍ စကားတစ်လုံးမျှလည်းထွက်မလာနိုင်အောင်ဖြစ်နေသည်။
အခုချိန်ရေဆယ်ခွက်လောက် သောက်လိုက်ရင်တောင် သူအာခြောက်သည်မှာပြေသွားပါ့မလားလေ။

သို့သော် နောက်ဆုံးတွင်တော့ အားတင်းကာတုန်ရီစွာပြောလိုက်သည်က...

"လေး..လေးငယ်ကို ချစ်တယ်"

ထိုအခါလေးလေးငယ်က ကြောင်တောင်တောင်နှင့်ပြန်ပြောလာသည့်စကား ကား'

"အမ်..ငါလည်းမင်းကိုချစ်ပါတယ်"

"အဲ့လိုသဘောနဲ့မဟုတ်ပဲ......ကျွန်တော်လေးလေးငယ်ကိုမေတ္တာသက်ဝင်နေတယ်လို့ပြောတာပါ...."

လေးလေးငယ်၏ မျက်ဝန်းတို့မှာ တုန်လှုပ်သွားဟန်။
သူမှားသွားကြောင်း သိပေမဲ့ နောက်ပြန်လှည့်လို့မှမရတော့ပဲမလား။

ရလဒ်ကဘာပဲဖြစ်ဖြစ် သူလက်ခံရမည်လေ။

လေးလေးငယ်က သူ့ကိုတွေဝေငေးမောစွာကြည့်ရင်း ပြောလာသည်။

"သက်ပိုင်....."

"ဗျာ"

"ငါမင်းကို တူငယ်တစ်ယောက်လိုပဲ သဘောထားခဲ့တာ.."

ထိုစကားကိုကြားတော့ သက်ပိုင်၏မျက်ဝန်းကအနည်းငယ်ကျယ်သွားသည်။ဒီအကြောင်းအရာကိုတွေးထားပြီးပြီဖြစ်ပေမဲ့လည်း တကယ်တမ်းကျ...သူ့အတွက် လက်မခံနိုင်စရာဖြစ်တုန်းပါပဲ။

"ကျွန်တော်သိပါတယ်"

"ငါမင်းကို ချစ်သူတစ်ယောက် မမြင်နိုင်တဲ့အတွက် တောင်းပန်ပါတယ်"

"မဟုတ်တာ....ကျွန်တော်ကမှ တောင်းပန်သင့်တဲ့သူပါ...လေးလေးငယ်အပေါ်ကို မရိုးသားခဲ့လို့"

လေးလေးငယ်က သူ့ရဲ့ခေါင်းကိုအသာထိလာသည်။ထို့နောက် ခပ်ရေးရေးပြုံးရင်း လက်နှင့် နဖူးပေါ်သို့ကျနေသည့်ဆံပင်အချို့ကို အသာအယာသပ်တင်ပေး၏။

"ငါ့ထက်ကောင်းတဲ့သူကိုရှာ အသက်"

"......"

"ဒီကိစ္စကို မဖြစ်ခဲ့သလိုသဘောထားပေးမယ်...အရင်လို ဆက်ဆံရေးနဲ့ပဲဆက်ရှိကြတာပေါ့"

သက်ပိုင်၏ မျက်ဝန်းထဲမှ မျက်ရည်တို့ဟာပါးပြင်ထဲသို့ အသွင်သွင်စည်းကျလာခဲ့သည်။

သို့သော်လည်း လေးလေးငယ်၏ကမ်းလှမ်းချက်ကိုသူခေါင်းငြိမ့်ခဲ့ပါ၏။

"ဟုတ်ကဲ့ပါ လေးလေးငယ်"

ဘာကြောင့်လဲလို့မေးရင်တော့ လေးလေးငယ်နဲ့မဝေးချင်လို့ဟူ၍ ပြန်လည်ဖြေဆိုမိလိမ့်မည်ပင်။

"ငါအရင်သွားနှင့်မယ် ပေါက်စ၊မင်းစိတ်ငြိမ်သွားမှလိုက်လာခဲ့ပေါ့"

လေးလေးငယ်က ထိုကဲ့သို့ပြောရင်း
သူ့အားကျောခိုင်းကာတံတားပေါ်သို့  ပြန်လည် လှည့်ပြန်သွားခဲ့၏။

သက်ပိုင် လေးလေးငယ်၏ကျောပြင်ကိုကြည့်ရင်း နှလုံးသားထဲမှဆူးနစ်နေမှုကို ခံစားလိုက်ရသည်။

အဖြေကိုသိနှင့်ပြီးသားပေမဲ့လို့ နည်းနည်းလေးတော့ မျှော်လင့်ချက်​လေးထားခဲ့မိတာ။
ဒါပေမဲ့ ဒါတွေအကုန်လုံးကသူ့ရဲ့စိတ်ကူးယဥ်မှုသက်သက်သာ။

အချို့သော အမှန်တရားက နာကျင်ရပေမဲ့လို့ လက်ခံရမည်ပင်။

လေးလေးငယ်အနားမှာသာ ရှိနေခွင့်ရမယ်ဆိုရင် ဘယ်လိုဖြစ်တည်မှုမျိုးနဲ့ဖြစ်ဖြစ်ကျွန်တော်နေနိုင်ပါတယ်။
အဓိက ကလေးလေးငယ် ကျွန်တော့်ကိုထားမသွားဖို့ပဲ မဟုတ်လား။

လေးလေးငယ်သိထားဖို့က
ပိုင်ဆိုင်ခွင့်မရသည်ပဲဖြစ်စေ၊
နီးစပ်ခွင့်မရရင်ပဲဖြစ်စေ၊
ကျွန်တော်ဆိုတဲ့လူသားဟာ အမြဲတမ်းလေးလေးငယ်အတွက်ဆိုတာကိုပါပဲ။

ကိုးနာရီ ပန်းလေးတွေရဲ့ အဓိပ္ပါယ်က
"ကိုယ့်မှာ ဝန်ခံစရာတစ်ခုရှိတယ်
အဲ့တာက ကိုယ်မင်းကိုချစ်တယ်"တဲ့လေ။

***

နေလုံးကြီးဟာလည်း ဝင်နေပြီ
ဦးပိန်တံတားပေါ်၌ လူအသွားအလာများကြားထဲ၌ အမျိုးသားနှစ်ယောက်၏ဝမ်းနည်းစရာမြင်ကွင်းဟာ ပန်းချီကားတချပ်လို။

နီးစပ်ချင်သောသူတစ်ဦးနဲ့ စည်းခြားလိုက်သော သူတစ်ယောက်။
သူတို့ရဲ့ကံတရားကိုမည်သူကများ သိနိုင်မှာတဲ့လဲလေ။

*********

Alexander AN
May.6.2023

အပိုင်းကခွဲမရလို့ နှစ်ပိုင်းပေါင်းရေးလိုက်တာပါဗျ။

**********

ျပင္ဦးလြင္ၿမိဳ႕႐ွိ လမ္းအသြယ္သြယ္မ်ားအားျဖတ္သန္း၍ ေနာက္ဆုံးေတာ့အျဖဴေရာင္ႏွစ္ထပ္အိမ္ကေလး႐ွိရာသို႔ ကားေလးဟာတေ႐ြ႕ေ႐ြ႕။

"ဒီအိမ္လား"

"ဟုတ္တယ္ ေလးငယ္"

အျဖဴေရာင္တထပ္အိမ္ကေလးအားၾကည့္ရင္း စိုင္း ေအးခ်မ္းမႈေသးေသးေလးအား ခံစားလိုက္ရသည္။
အိမ္ကေလးအား ျခံစည္း႐ိုးအျဖဴေလးမ်ားႏွင့္ကာရံထားၿပီး အိမ္ဝင္းထဲတြင္ပန္းပင္ေလးမ်ားကိုလည္းပ်ိဳးထားေသးသည္။

ပန္းပင္ကေလးမ်ားၾကားထဲတြင္ေတာ့ အျဖဴေရာင္ဒန္းေလးတစ္ခု႐ွိ၍ အိမ္ပိုင္႐ွင္မွာအျဖဴေရာင္ကိုႏွစ္သက္ပုံေပၚသည္။

"မင္းက အျဖဴေရာင္သိပ္ႀကိဳက္တာပဲလား"

"အမွန္က ဒီဇိုင္းက သူငယ္ခ်င္းဆြဲေပးတာရယ္။ အေရာင္ကိုေ႐ြးေတာ့ ေထြေထြထူးထူးႀကီးလုပ္မေနခ်င္ေတာ့တာနဲ႔ ေအးခ်မ္းတာေလးပဲေ႐ြးလိုက္တာ။
ေလးေလးငယ္ေကာဘယ္လိုထင္လဲ"

"အင္း လွတယ္"

"ကြၽန္ေတာ္ ေတာ္တယ္ဟုတ္"

"ေတာ္တယ္"

သက္ပိုင္၏အေျပာကို စိုင့္က
ေခါင္းၿငိမ့္ကာေထာက္ခံလိုက္ေတာ့ သက္ပိုင္က အားပါတရႏွင့္ ေက်နပ္စြာျပဳံးသည္။သက္ပိုင္၏ပုံစံမွာ ကေလးေလးတစ္ေယာက္ကသူ႕မိဘက သူ႕ကိုခ်ီးက်ဴးလိုက္တဲ့အခါျဖစ္သြားတဲ့ ပုံမ်ိဳးပင္။
တကယ့္ကိုကေလးေပါက္စ အလား။

ႏွစ္ေယာက္သား အထုပ္အပိုးေတြခ်အၿပီးတြင္ေတာ့ ပိတ္ခ်င္းေျမႇာင္၌ဝယ္လာခဲ့သည့္ ဝိုင္မ်ားအားထုတ္၍ေသာက္ၾကေလေတာ့သည္။

ဝရံတာ႐ွိ တံခါးေပါက္မွ ဝင္လာေသာလေရာင္က အခန္းထဲသို႔ေဖ်ာ့ေတာ့ေတာ့ႏွင့္က်ေရာက္ေနလ်က္။
ေလေျပတခ်က္ေဝွ႔တိုက္သြားသည္ႏွင့္ ပင္ပန္းႏြမ္းနယ္မႈတို႔ဟာ ယင္းေလေျပတို႔ၾကားေရာယွက္ကာပါသြားသလိုလို။

မျပင္းမ႐ွႏွင့္ ခ်ိဳျမျမဝိုင္တို႔ဟာ လည္ေခ်ာင္းထဲသို႔စီးဆင္းလာခိုက္ ခႏၶာကိုယ္ဟာအနည္းငယ္ျမဴးႂကြလာသလိုလို။

ဝိုင္ကိုအရသာခံေသာက္ရင္း ေကာင္းကင္ႀကီးအားၾကည့္မိေတာ့ လမင္းႀကီးႏွင့္အတူၾကယ္ေရာင္စုံတို႔ဟာ တလက္လက္ႏွင့္။

"ေလးေလးငယ္ အခ်စ္ဆိုတာကို
ေပးဆပ္ျခင္းလို႔ထင္လား၊ရယူျခင္းလို႔ထင္လားဟင္"

"အခ်စ္ဆိုတာက ကိုယ္ကႀကီးပဲမေပးရသလို ကိုယ္ကႀကီးပဲလည္းယူေနလို႔မရဘူးေလ ေပါက္စရ။
အေပးအယူဆိုတာ႐ွိစၿမဲပဲမဟုတ္လား"

ေလးေလးငယ္က သူ႕ကိုျပဳံးေနတဲ့မ်က္ဝန္းေတြနဲ႔တည္ၿငိမ္စြာၾကည့္သည္။
အၿမဲေငးခ်င္မိတဲ့ မ်က္ဝန္းေလး။

"ေလးေလးငယ္ေျပာတာမွန္တယ္"

"ဘာလို႔ေမးတာလဲ"

"ဒီတိုင္း..."

ထိုအခါ သူ႕ကိုေလးေလးငယ္က ဘာမွမေျပာပဲ ၿငိမ္ကာၾကည့္ေနသည္။
ၿပီးေနာက္မွာ အေ႐ွ႕သို႔တျဖည္းျဖည္းျပန္လွည့္သြား၍ ေကာင္းကင္ျပန္လည္ၾကည့္ေနျပန္ေလ၏။

"ေလးေလးငယ္သိလား။
ကြၽန္ေတာ္႕မွာအိမ္မက္တစ္ခု႐ွိတယ္...
တေန႔ေန႔က်ရင္ ဒီအိမ္ေလးမွာ ကြၽန္ေတာ္ခ်စ္ရတဲ့သူနဲ႔ အတူတူေနမယ္။ေခြးေလးတစ္ေကာင္နဲ႔ ကေလးေလးတစ္ေယာက္ကိုေမြးစားမယ္။
သူတို႔ကိုအတူႀကီးျပင္းခိုင္းမယ္...။
ျခံဝင္းေလးထဲမွာ သူတို႔ကစားေနတဲ့အခ်ိန္က် ကြၽန္ေတာ္တို႔ကေဘးကေနၾကည့္ေနမယ္။
ကြၽန္ေတာ္တို႔မိသားစုေလးကအရမ္းကိုေပ်ာ္စရာေကာင္းေနလိမ့္မယ္"

စိုင္း သူ႕ကိုေျပာေနတာမဟုတ္မွန္းသိေသာ္လည္း သက္ပိုင္ရဲ႕ "ကြၽန္ေတာ္တို႔" ဆိုတဲ့ မေသခ်ာတဲ့စကားအသြားအလာတို႔မွာ ႏွလုံးသားဟာအနည္းငယ္လႈပ္ခတ္သြားရသည္။

မျဖစ္ႏိုင္မွန္းသိေပမဲ့ သူဟာဒီကေလးငယ္အေပၚကို ေမတၱာတို႔ဟာသြန္ဖိတ္က်လုဆဲဆဲ။

တေန႔က် ဒီကေလးငယ္မွာ လွပတဲ့မိန္းမတစ္ေယာက္႐ွိလာလိမ့္မယ္။သူမက သူ႕(သက္ပိုင္)ကို သက္ပိုင္အေသးေလးတစ္ေယာက္ေမြးေပးလိမ့္မယ္။သူတို႔မိသားစုဘဝေလးကသိပ္ကိုေပ်ာ္စရာေကာင္းေနမွာဆိုတာ စဥ္းစားၾကည့္လိုက္႐ုံနဲ႔တင္ေျပာရဲပါ၏။

သို႔ေပမဲ့ ဤကဲ့သို႔စဥ္းစားမိလိုက္တဲ့အခ်ိန္မွာ ယင္းအေတြးတို႔ေၾကာင့္ႏွလုံးသားဟာ ဆုပ္နယ္ခံလိုက္ရသလို။

စိုင္း ​အားတင္းကာအနည္းငယ္ျပဳံးလိုက္ရင္း သက္ပိုင္ထံသို႔လွည့္ကာေမးခြန္းတစ္ခုအားေမးလိုက္သည္။

"မင္းက ကေလးကိုေမြးစားမယ္ဆိုတာဘာအဓိပၸါယ္တုန္း မင္းမိန္းမကမင္းကိုမင္းနဲ႔တူတဲ့ကေလးေလးတစ္ေယာက္ေမြးေပးမွာေပါ့"

"ေလးေလးငယ္ မသိပါဘူးဗ်ာ"

သက္ပိုင္က ထိုကဲ့သို႔ေျပာရင္း
ခပ္ေရးေရးျပဳံးသည္။

"ေလးေလးငယ္ ကခ်င္လား"

"ဟမ္?"

"ကပြဲေတြမွာဆို ဝိုင္ေသာက္ရင္းကၾကတာမလား ကြၽန္ေတာ္တို႔ေကာ မကသင့္ဘူးလား"

"ကေလးကလားနဲ႔"ဟု ေျပာလိုက္ေပမဲ့ေနာက္ဆုံးတြင္ေတာ့ သေကာင့္သားေလး၏ စကားအတိုင္း အတူက လိုက္ရပါ၏။

ဖုန္းထဲမွ သံစဥ္ ၿငိမ့္ၿငိမ့္ေလးကအခန္းငယ္ေလးထဲ၌ ပ်ံ႕လႊင့္ေန၍ ေပါက္စႏွင့္သူ၏လက္ တဖက္ဟာအခ်င္းခ်င္းယွက္ႏြယ္ကာဆုပ္ကိုင္ထားၾကသည္။
သူ၏က်န္လက္တစ္ဖက္မွာ သက္ပိုင္၏ပုခုံးေပၚ၌ျဖစ္၍ သက္ပိုင္၏က်န္လက္တစ္ဖက္ဟာေတာ့ သူ၏ခါးေပၚ၌ျဖစ္သည္။

"ေလးေလးငယ္က 'က' တာေတာ္တာပဲ၊ကြၽန္ေတာ္႕ေျခေထာက္ကိုတက္နင္းမိမယ္ေတာင္ထင္ေနတာ"

"မင္းကတက္နင္းခံခ်င္လို႔လား"

"ေလးေလးငယ္ တက္နင္းခ်င္ရင္ ကြၽန္ေတာ္မျငင္းပါဘူးဗ်ာ"

ေပါက္စက ထိုကဲ့သို႔ေျပာရင္း သူ၏နဖူးႏွင့္ စိုင္း၏နဖူးအားခပ္ဖြဖြေလး လာတိုက္သည္။

"ဘာတုန္း"

"ဒီတိုင္း ၿငိမ္ၿငိမ္ေလးေနေပးပါဗ်ာ"

သာယာၿငိမ့္ေညာင္းလွေသာ သံစဥ္ေလးမ်ားၾကား၌ ခပ္တိုးတိုးႏွလုံးခုန္သံေလးမ်ားဟာ စီးခ်က္ညီစြာ ထြက္ေပၚေနခဲ့၏...။

တစ္နာရီ ၾကာအၿပီးတြင္ေတာ့ဝိုင္တစ္ပုလင္းလည္းကုန္ၿပီျဖစ္သလို ေပါက္စတစ္ေယာက္လည္း သူ၏ပုခုံးေပၚမွာမွီကာအိပ္ေပ်ာ္ေနၿပီျဖစ္၏။

ကရတာေမာသြားသည္ေၾကာင့္လား ဝိုင္အေသာက္လြန္သြားသည္ေၾကာင့္လားေတာ့ မသိ...
သက္ပိုင္မွာ ႏွစ္ၿခိဳက္စြာပင္အိပ္ေပ်ာ္ေနဟန္။

ခပ္သင္းသင္းေခါင္းေလွ်ာ္ရည္အနံ႔ႏွင့္အတူ ျပင္း႐ွ႐ွဝိုင္းအနံ႔ဟာလည္း ေရာေႏွာေနကာျဖင့္ သူ၏ႏွာေခါင္းဝသို႔လာေရာက္ က်ီစယ္ ေနၾကလ်က္။
ဆံပင္ေလးမ်ားၾကား ႏွာေခါင္းေလးတိုးေဝွ႔ကာ မသိမသာနမ္း႐ိႈက္လိုက္ရင္း စိုင္း ျပဳံး႐ုံမွ်သာျပဳံးမိသည္။

စၿပီး က' ကတည္းက သူ၏လက္ကိုကိုင္ထားသည္မွာ အိပ္ေပ်ာ္သြားသည္အထိတိုင္ေအာင္ သက္ပိုင္ဆိုေသာအႏွီေကာင္ေလးငယ္မွာ
မလႊတ္တမ္းဆုပ္ကိုင္ ထားဆဲ။
သို႔ေသာ္ ယင္းလက္အား စိုင္းျပန္လည္႐ုပ္မသိမ္းျဖစ္သလို ခြါခ်ျခင္းတို႔ကိုလည္းမျပဳလုပ္ခဲ့ပါေခ်။

စိုင္း ပုခုံးထက္၌ အိပ္ေပ်ာ္ေနေသာေကာင္ေလးငယ္အားၾကည့္ရင္း
ခပ္တိုးတိုးေလးေျပာမိသည္။

"ကိုယ္နဲ႔မဆိုင္တဲ့အရာကို မပိုင္ခ်င္ရဘူးတဲ့ ေပါက္စရ"

အခ်စ္ဆိုတာက
ဆန္းၾကယ္လိုက္ပုံမ်ား။
ဘယ္​ေနရာမွာဘယ္လိုေတြ႕ရမလဲ ဘယ္သူမွမခန္႔မွန္းႏိုင္သလို ဘယ္သူ႕ကိုခ်စ္မိသြားမယ္ဆိုတာကိုလည္း မသိႏိုင္ဘူး။

ေသခ်ာသည္ တစ္ခုကေတာ့ ခ်စ္မိသြားခဲ့လွ်င္ ထိုသူဟာမည္သည့္လူမ်ိဳးပင္ျဖစ္ေနပါေစ ဆက္ခ်စ္ေနမည့္ ဦးမည္သာ။
ဒီလူဟာ ေယာက်္ား၊မိန္းမရယ္လို႔မ႐ွိ၊လူဆိုး၊လူေကာင္းရယ္လို႔မ႐ွိပဲ ဤလူျဖစ္ေနလို႔ဆိုတဲ့
အေၾကာင္းျပခ်က္ကေလးထြက္ေပၚလို႔လာတယ္။

အခ်စ္ဟာ လူတစ္ေယာက္ရဲ႕ခံယူခ်က္ေတြကို ေျပာင္းလဲပစ္ႏိုင္တယ္ဆိုတဲ့အခ်က္အတိုင္း
ကိုယ္လိုခ်င္တာ ဘယ္လိုလူမ်ိဳးလဲဆိုတာထက္
ကိုယ္ခ်စ္မိတဲ့
ဒီလူဟာ ဘယ္လိုလူမ်ိဳးလဲဆိုၿပီးျဖစ္လာတယ္။

"ငါမင္းကို ခ်စ္မိသြားခဲ့မယ္လို႔ တစ္ခါမွမထင္မွတ္ထားခဲ့တာအမွန္ပဲ အသက္...အံ့ၾသစရာမေကာင္းဘူးလားဟင္"

ညေကာင္းကင္ဟာ ၾကယ္ေရာင္စုံႏွင့္ျပည့္ႏွက္ေနခဲ့သည့္အျပင္
လမင္းႀကီးဆီမွ လေရာင္ခပ္ေဖ်ာ့ေဖ်ာ့ဟာ ​ျဖာက်လ်က္။

အျဖဴအိမ္ေလး၏ ဝရံတာထက္တြင္ေတာ့ တစ္ေယာက္လက္ကို တစ္ေယာက္ဆုပ္ကိုင္ထားခဲ့ၾကသည့္အမ်ိဳးသားႏွစ္ေယာက္႐ွိခဲ့ၿပီး
ယင္းအမ်ိဳးသား ႏွစ္ေယာက္၏
ခ်စ္ျခင္းကံၾကမၼာဟာလည္း အလြန္ပင္ဆန္းၾကယ္ေၾကာင္း လမင္းႀကီးဟာ
ကြၽန္မအား
ခပ္တိုးတိုးေျပာျပခဲ့ပါ၏။

******

"အဲ့တာ ကိုးနာရီပန္းေတြမလား အန္တီ"

ေရာင္စုံပန္းအိုးေလးတအိုး အားလက္ညိႇဳးထိုး၍ ေမးလိုက္ျခင္းပင္။

"ဟုတ္တယ္ ကေလး
အဲ့တာကိုးနာရီပန္းေတြ"

"ကြၽန္ေတာ္႕ကို အဲ့တာေလးတအိုးေပးပါဗ်၊ဘယ္ေလာက္လဲမသိဘူးေနာ္"

"***0 ကေလး၊လက္ေဆာင္ေပးမလို႔လား"

"ဟုတ္တယ္ခဗ်"

ပန္းဆိုင္အန္တီႀကီးက သူမ၏ပါးခ်ိဳင့္ခြက္မ်ားေပၚေအာင္ ေဖာ္ေ႐ြစြာျပဳံးျပသည္။ထို႔ေနာက္ ပန္းအိုးေလးအား အိတ္အလွေလးတစ္လုံးႏွင့္ ေသခ်ာစြာထည့္ေပးၿပီး သက္ပိုင္အားကမ္းေပးလာသည္။

ထိုအခ်ိန္တြင္ေလးေလးငယ္က သူတို႔အနားသို႔ေရာက္လာေလ၏။

"ဘာေတြဝယ္ေနတာလဲ ေပါက္စ"

"ကိုးနာရီပန္း"

"ဘာလုပ္မလို႔လဲ"

"ေပးစရာလူ႐ွိလို႔"

"ေအာ္"

"တံတားေပၚတက္ေတာ့မလား ေလးေလးငယ္"

သူ၏ အေမးကိုေလးေလးငယ္က ေခါင္းၿငိမ့္ကာေျဖဆိုသည္။

ယခု သူတို႔ႏွစ္ေယာက္ ဦးပိန္ကိုေရာက္႐ွိေနတာျဖစ္၍ တံတား
ထိပ္ေပၚ၌ ေစ်းဆိုင္အခ်ိဳ႕ဟာ စီစီရီရီ။
ကေလးကစားစရာအ႐ုပ္မ်ားလည္းေရာင္းေနၾကသလို
အနက္ေရာင္အေစ့ေသးေသးေလးမ်ားျဖင့္ ျပဳလုပ္ထားသည့္လက္မႈပစၥည္းအခ်ိဳ႕ကို ေရာင္းခ်ေနသည္ကိုျမင္ေတြ႕ရေပမည္။

ယင္းအေစ့ကေလးမ်ား၏နာမည္ကိုေတာ့ သက္ပိုင္ေမ့ေလ်ာ့သြားၿပီပင္။

"ေလးေလးငယ္"

"ဘာတုန္း"

"အဆုံးထိေလွ်ာက္ခ်င္လား"

"မင္းေလွ်ာက္ခ်င္လား"

"ဟုတ္"

"ဒါဆို ေလွ်ာက္မယ္ေလ"

သက္ပိုင္ ကေလးတစ္ေယာက္လိုျပဳံးလိုက္ရင္း ေလးေလးငယ္၏ေဘးကပ္ရပ္တြင္ အတူလိုက္ေလွ်ာက္လိုက္သည္။

"တံတားအ႐ွည္ကဘယ္ေလာက္လဲ"

"1.2ကီလိုမီတာ၊0.75မိုင္
အသြားအျပန္ဆိုရင္ 1.5မိုင္ေပါ့။
ေပနဲ႔ဆို 3967ေပ။
ေလးေလးငယ္ ကိုဒီအေၾကာင္းေျပာျပရမလား"

"ေျပာျပ နားေထာင္မယ္"

"အမ္...ဦးပိန္တံတားက ကမ႓ာေပၚက ကြၽန္းသားနဲ႔ေဆာက္လုပ္ထားတဲ့တံတားေတြထဲမွာ အ႐ွည္ဆုံးတံတားေလ။သူက အမရပူရထဲက ေတာင္းသမန္အင္းဆိုတာကို ျဖတ္ၿပီးအမရပူရၿမိဳ႕ေဟာင္းနဲ႔ ရတနာပုံတကၠသိုလ္ကို ဆက္သြယ္ၿပီး 1849ခုႏွစ္မွာစၿပီး ေဆာက္တာ 1851ခုႏွစ္မွာမွ ေဆာက္လို႔ၿပီးသြားတာေလ။
ဘာလို႔ ဦးပိန္တံတားလို႔ေခၚလဲ ေလးေလးငယ္သိလား"

"မသိဘူး"

"ဒီတံတားကိုေဆာက္တဲ့သူနာမည္က ဦးပိန္မို႔လို႔တဲ့၊သူက ၿမိဳ႕စာေရးေလ၊ ေဆာက္တာသူတစ္ေယာက္တည္းေတာ့မဟုတ္ဘူး အစက သူနဲ႔အတူသူ႕ဆရာ မြတ္ဆလင္ ဘိုင္ဆပ္ဆိုတဲ့သူနဲ႔အတူေဆာက္တာ။သမိုင္းေတာင္႐ွိေသးတယ္။ ဒါေပမဲ့မေျပာျပေတာ့ဘူးေနာ္ ရတယ္မလား"

"ရတယ္ ....
ဒီတံတားေတြက ေတာ္ေတာ္ခံတာပဲကြၽံတာေတြမျဖစ္ဘူးလား"

"အင္း သူတို႔ကမကြၽံေအာင္ ေျမႀကီးထဲမွာ လူတစ္ရပ္ေက်ာ္ေက်ာ္စိုက္ထားတာတဲ့
ကြၽန္ေတာ္႕ကို ေဒသခံတစ္ေယာက္ေျပာဖူးတာကို ေျပာျပမယ္။ကြၽန္ေတာ္လည္းအရင္ကအဲ့တာကိုအရမ္းသိခ်င္တာ။
သူေျပာတာက လက္တစ္လံေလာက္ကို တိုင္ကိုကန္႔လန္႔ထိုးၿပီး ၾကက္ေျခခတ္ပုံစံ ေဆာက္ထားတာဆိုလား။ အေသးစိတ္ေတာ့မမွတ္မိေတာ့ဘူးရယ္ မွတ္မိတာေလးေျပာျပတာ"

"မင္းေျပာသြားတာ အေတာ္႕ကိုစုံေနပါၿပီ ေပါက္စရာ"

"ဟဲဟဲ..ဒါနဲ႔ေလးေလးငယ္
ဒီမွာဓာတ္ပုံ႐ိုက္ရင္႐ွယ္ပဲ၊ေလးေလးငယ္႐ိုက္ခ်င္လား ကြၽန္ေတာ္႐ိုက္ေပးမယ္ေလ"

သက္ပိုင္ ေျပာရင္းဆိုရင္း ဖုန္းကိုထုတ္ကာ ေလးေလးငယ္စီသို႔ခ်ိန္လိုက္သည္။
ထိုအခါေလးေလးငယ္က သူ႕လက္ထဲက ဖုန္းကိုယူ၍ သူ႕အား ေလးေလးငယ္ေဘးသို႔ဆြဲေခၚလိုက္ေလသည္။

"အတူတူ႐ိုက္ရေအာင္"

ထိုကဲ့သို႔ေျပာရင္း နံေဘး႐ွိ ကေလးမေလးတစ္ေယာက္အား သူတို႔ကိုဓာတ္ပုံ႐ိုက္ေပးရန္အကူအညီေတာင္းလိုက္ေလသည္။

ထိုအခါယင္းက​ေလးမေလးက အေနအထားမ်ိဳးစုံနဲ႔ Photographer စတင္လုပ္ေလေတာ့၏။

"ဦးေလးတို႔ႏွစ္ေယာက္က သိပ္ေခ်ာတာပဲ အမ်ားႀကီးေတာင္ခ်ိန္စရာမလိုလိုက္ဘူး။ ဒီမွာၾကည့္လိုက္
ေသာက္ရမ္းမိုက္တယ္မလား"

ကေလးမေလးက သူမ ႐ိုက္ထားတဲ့ဓာတ္ပုံေတြကိုျပရင္း ဂုဏ္ယူစြာေျပာေလသည္။ထိုအခါ သူ၏ေလးေလးငယ္က ျပဳံးကာ ေခါင္းၿငိမ့္ရင္း ထိုကေလးမေလးအား ငါးေထာင္တန္တ႐ြက္ထုတ္ကာ မုန္႔ဖိုးအျဖစ္
ေပးလိုက္ေသးသည္။

"ေလးေလးငယ္ သေဘာက်လား"

"အင္း သေဘာက်တယ္"

"ကြၽန္ေတာ္ ဇရပ္မွာခဏသြားနားၾကမလား ဒီမွာေနပူသလားလို႔၊ခဏေနဆို
ေနေအးေတာ့မွာ အဲ့က်မွျပန္ေလွ်ာက္ၾကရေအာင္ေလ။ေတာ္ၾကာအပူ႐ွပ္ေနဦးမယ္"

"မင္းသေဘာ"

ဇရပ္မွာ ခဏနားၾကရင္း ေရခဲမုန္႔ပင္ထိုင္စားလိုက္ၾကေသးသည္။ထို႔ေနာက္
ေနေအးသြားသည့္အခါတြင္ေတာ့
လမ္းေလွ်ာက္ျခင္းအားျပန္လည္ လုပ္ေဆာင္လိုက္ၾကေတာ့သည္။

တံတား၏အဆုံးကိုေရာက္ခ်ိန္တြင္ ေနပင္ဝင္စျပဳေနၿပီပင္။

"ေလးေလးငယ္သိလား"

"ဘာကိုလဲ"

"လူအခ်ိဳ႕ကေျပာတယ္။
ကြၽန္ေတာ္တို႔
တစ္ေယာက္ေယာက္
နဲ႔အတူဦးပိန္တံတားအဆုံးထိေလွ်ာက္တဲ့အခါက် အဲ့လူနဲ႔ဖူးစာဆုံတယ္တဲ့
အခ်ိဳ႕က်ေတာ့လည္း အဲ့လူနဲ႔ တသက္လုံးအတူေနသြားရတယ္တဲ့။
ယုံတမ္းလား အမွန္တကယ္လားေတာ့ ကြၽန္ေတာ္လည္းမသိဘူးရယ္"

"ဟုတ္လား"

"ဟုတ္တယ္..
ၿပီးေတာ့ကြၽန္ေတာ္႕မွာ ေလးေလးငယ္ကိုဝန္ခံစရာ႐ွိတယ္"

သက္ပိုင္ထိုစကားအား ထြက္လာခိုက္ သူ႕ကိုယ္ျပန္လည္းပါး႐ိုက္ခ်င္လိုက္မိသည္။ သူတကယ္ႀကီးေျပာလိုက္တာပဲ...။

"ဟမ္ ဘာကိုလဲ"

သက္ပိုင္ သူ၏လက္ထဲ၌ကိုင္ေဆာင္ထားေသာ ပန္းအိုးထည့္ထားသည့္အိတ္ကေလးအား ေလးေလးငယ္စီသို႔တုန္တုန္ရီရီကမ္းေပးလိုက္သည္။

"ငါ့အတြက္လား"

"ဟုတ္..ဟုတ္ပါတယ္"

အခုခ်ိန္မွာ သက္ပိုင္၏ေျခေထာက္မ်ားဟာ အားပင္မ႐ွိေတာ့ပဲေခြယိုင္ခ်င္သလိုျဖစ္ေန၏။
ႏွလုံးသားမွာအခုန္လြန္ခ်က္က အျပင္ကိုပင္ထြက္က်ေတာ့မည့္အလား။

ေၾကာက္စိတ္ႏွင့္ စိတ္လႈပ္႐ွားမႈတို႔ကေရာယွက္သြားသည့္အခါ၌
သက္ပိုင္ တကိုယ္လုံးဟာတုန္ရီလာကာငေၾကာက္တစ္ေယာက္လိုျဖစ္ေနေတာ့၏။

"ကြၽန္ေတာ္....ကြၽန္ေတာ္"

"အမ္ မင္းကဘာျဖစ္လဲ"

သက္ပိုင္၏အာေခါင္တို႔မွာ ေစးကပ္ေနသလိုခံစားေနရ၍ စကားတစ္လုံးမွ်လည္းထြက္မလာႏိုင္ေအာင္ျဖစ္ေနသည္။
အခုခ်ိန္ေရဆယ္ခြက္ေလာက္ ေသာက္လိုက္ရင္ေတာင္ သူအာေျခာက္သည္မွာေျပသြားပါ့မလားေလ။

သို႔ေသာ္ ေနာက္ဆုံးတြင္ေတာ့ အားတင္းကာတုန္ရီစြာေျပာလိုက္သည္က...

"ေလး..ေလးငယ္ကို ခ်စ္တယ္"

ထိုအခါေလးေလးငယ္က ေၾကာင္ေတာင္ေတာင္ႏွင့္ျပန္ေျပာလာသည့္စကား ကား'

"အမ္..ငါလည္းမင္းကိုခ်စ္ပါတယ္"

"အဲ့လိုသေဘာနဲ႔မဟုတ္ပဲ......ကြၽန္ေတာ္ေလးေလးငယ္ကိုေမတၱာသက္ဝင္ေနတယ္လို႔ေျပာတာပါ...."

ေလးေလးငယ္၏ မ်က္ဝန္းတို႔မွာ တုန္လႈပ္သြားဟန္။
သူမွားသြားေၾကာင္း သိေပမဲ့ ေနာက္ျပန္လွည့္လို႔မွမရေတာ့ပဲမလား။

ရလဒ္ကဘာပဲျဖစ္ျဖစ္ သူလက္ခံရမည္ေလ။

ေလးေလးငယ္က သူ႕ကိုေတြေဝေငးေမာစြာၾကည့္ရင္း ေျပာလာသည္။

"သက္ပိုင္....."

"ဗ်ာ"

"ငါမင္းကို တူငယ္တစ္ေယာက္လိုပဲ သေဘာထားခဲ့တာ.."

ထိုစကားကိုၾကားေတာ့ သက္ပိုင္၏မ်က္ဝန္းကအနည္းငယ္က်ယ္သြားသည္။ဒီအေၾကာင္းအရာကိုေတြးထားၿပီးၿပီျဖစ္ေပမဲ့လည္း တကယ္တမ္းက်...သူ႕အတြက္ လက္မခံႏိုင္စရာျဖစ္တုန္းပါပဲ။

"ကြၽန္ေတာ္သိပါတယ္"

"ငါမင္းကို ခ်စ္သူတစ္ေယာက္ မျမင္ႏိုင္တဲ့အတြက္ ေတာင္းပန္ပါတယ္"

"မဟုတ္တာ....ကြၽန္ေတာ္ကမွ ေတာင္းပန္သင့္တဲ့သူပါ...ေလးေလးငယ္အေပၚကို မ႐ိုးသားခဲ့လို႔"

ေလးေလးငယ္က သူ႕ရဲ႕ေခါင္းကိုအသာထိလာသည္။ထို႔ေနာက္ ခပ္ေရးေရးျပဳံးရင္း လက္ႏွင့္ နဖူးေပၚသို႔က်ေနသည့္ဆံပင္အခ်ိဳ႕ကို အသာအယာသပ္တင္ေပး၏။

"ငါ့ထက္ေကာင္းတဲ့သူကို႐ွာ အသက္"

"......"

"ဒီကိစၥကို မျဖစ္ခဲ့သလိုသေဘာထားေပးမယ္...အရင္လို ဆက္ဆံေရးနဲ႔ပဲဆက္႐ွိၾကတာေပါ့"

သက္ပိုင္၏ မ်က္ဝန္းထဲမွ မ်က္ရည္တို႔ဟာပါးျပင္ထဲသို႔ အသြင္သြင္စည္းက်လာခဲ့သည္။

သို႔ေသာ္လည္း ေလးေလးငယ္၏ကမ္းလွမ္းခ်က္ကိုသူေခါင္းၿငိမ့္ခဲ့ပါ၏။

"ဟုတ္ကဲ့ပါ ေလးေလးငယ္"

ဘာေၾကာင့္လဲလို႔ေမးရင္ေတာ့ ေလးေလးငယ္နဲ႔မေဝးခ်င္လို႔ဟူ၍ ျပန္လည္ေျဖဆိုမိလိမ့္မည္ပင္။

"ငါအရင္သြားႏွင့္မယ္ ေပါက္စ၊မင္းစိတ္ၿငိမ္သြားမွလိုက္လာခဲ့ေပါ့"

ေလးေလးငယ္က ထိုကဲ့သို႔ေျပာရင္း
သူ႕အားေက်ာခိုင္းကာတံတားေပၚသို႔  ျပန္လည္ လွည့္ျပန္သြားခဲ့၏။

သက္ပိုင္ ေလးေလးငယ္၏ေက်ာျပင္ကိုၾကည့္ရင္း ႏွလုံးသားထဲမွဆူးနစ္ေနမႈကို ခံစားလိုက္ရသည္။

အေျဖကိုသိႏွင့္ၿပီးသားေပမဲ့လို႔ နည္းနည္းေလးေတာ့ ေမွ်ာ္လင့္ခ်က္​ေလးထားခဲ့မိတာ။
ဒါေပမဲ့ ဒါေတြအကုန္လုံးကသူ႕ရဲ႕စိတ္ကူးယဥ္မႈသက္သက္သာ။

အခ်ိဳ႕ေသာ အမွန္တရားက နာက်င္ရေပမဲ့လို႔ လက္ခံရမည္ပင္။

ေလးေလးငယ္အနားမွာသာ ႐ွိေနခြင့္ရမယ္ဆိုရင္ ဘယ္လိုျဖစ္တည္မႈမ်ိဳးနဲ႔ျဖစ္ျဖစ္ကြၽန္ေတာ္ေနႏိုင္ပါတယ္။
အဓိက ကေလးေလးငယ္ ကြၽန္ေတာ္႕ကိုထားမသြားဖို႔ပဲ မဟုတ္လား။

ေလးေလးငယ္သိထားဖို႔က
ပိုင္ဆိုင္ခြင့္မရသည္ပဲျဖစ္ေစ၊
နီးစပ္ခြင့္မရရင္ပဲျဖစ္ေစ၊
ကြၽန္ေတာ္ဆိုတဲ့လူသားဟာ အၿမဲတမ္းေလးေလးငယ္အတြက္ဆိုတာကိုပါပဲ။

ကိုးနာရီ ပန္းေလးေတြရဲ႕ အဓိပၸါယ္က
"ကိုယ့္မွာ ဝန္ခံစရာတစ္ခု႐ွိတယ္
အဲ့တာက ကိုယ္မင္းကိုခ်စ္တယ္"တဲ့ေလ။

***

ေနလုံးႀကီးဟာလည္း ဝင္ေနၿပီ
ဦးပိန္တံတားေပၚ၌ လူအသြားအလာမ်ားၾကားထဲ၌ အမ်ိဳးသားႏွစ္ေယာက္၏ဝမ္းနည္းစရာျမင္ကြင္းဟာ ပန္းခ်ီကားတခ်ပ္လို။

နီးစပ္ခ်င္ေသာသူတစ္ဦးနဲ႔ စည္းျခားလိုက္ေသာ သူတစ္ေယာက္။
သူတို႔ရဲ႕ကံတရားကိုမည္သူကမ်ား သိႏိုင္မွာတဲ့လဲေလ။

*********

Alexander AN
May.6.2023

အပိုင္းကခြဲမရလို႔ ႏွစ္ပိုင္းေပါင္းေရးလိုက္တာပါဗ်။

**********

Czytaj Dalej

To Też Polubisz

1.1M 27.9K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.7M 95.1K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.6M 97.6K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3M 192K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...