မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

Od ma_roses_are_blue

86.2K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... Více

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၇၇)

371 67 3
Od ma_roses_are_blue

လုရှန်၏ရဲတိုက်ဆီ သူမဦးတည်လိုက်သည် သူမအဝေးရောက်နေစဉ် မြောက်ဘက်နယ်မြေက ‌ပိုအေးလာပြီး နှင်းတွေအပုံလိုက်ဖြစ်လာလေသည် ဒါကြောင့် သူမ ဒီနေရာကနေထွက်လာကထက် လမ်းက ပိုကြမ်းလေသည် သို့သော်လည်း သူမရှေ့ဆက်သွားနိုင်ရတာက ကားလစ်နဲ့ အက်စတယ်လာတို့ကျေးဇူးကြောင့်ဖြစ်သည်

အိမ်ရှေ့စံမင်းသားအာဏာကြောင့် ကားလစ်က သူမတို့အား အကြံခိုင်ဆုံး စွတ်ဖားနဲ့ အင်ပါယာ၌ အကြမ်းခံနိုင်ဆုံး မြေခွေးတို့ကို ပေးလေသည် အက်စတယ်လာက ညတိုင်း သူမခန္ဓာကိုယ်ထဲ စုပုံလာသော မောပန်းနွမ်းနယ်မှုကိုဖြေလျော့ဖို့ နတ်ဘုရား စွမ်းအားကို သွင်းပေးလေသည် ညဘက်၌ နှင်းမုန်တိုင်း တိုးတတ်လာတာကြောင့် ရွက်ဖျင်တဲ စိုက်ပြီး ခဏတဖြုတ် အနားယူလေသည်

မီးပုံရှေ့မှာ လက်ထဲ၌ စွပ်ပြုတ်ပူပူတစ်ချို့နှင့် ထိုင်နေကြသည် သူမဘေးမှာ အက်စတယ်လာနှင့် ကားလစ်တို့ ရှိနေလေသည် အက်စတယ်လာက စိတ်ပူတဲ့မျက်နှာနှင့်
"ရှင့်မျက်နှာက တကယ်ကို ထိခိုက်နေပြီ နေးရား ကျွန်မက ရှင့်ရဲ့ အပြင်ပိုင်းကြံခိုင်အားကိုပဲ အကြိမ်ပေါင်းများစွာ ထိန်းသိမ်းပေးနိုင်တာ ဒီလိုကြမ်းတမ်းတဲ့လမ်းကို လုံး၀မနားပဲ ရက်ပေါင်းများစွာသွားတော့ ရှင့် ခန္ဓာကိုယ်ကို အလွန်အမင်း သုံးနေတာ ကျွန်မတို့ အနီးအနားက ရွာတစ်ရွာရောက်ရင် ခဏရက်ပြီး ဘာလို့ တစ်ရက်မနားရမှာလဲ"

သူမကခေါင်းကိုခါလေသည် ထိုအရာတွက် သူမမှာအချိန်မရှိပေ လုရှန်ဆီ ဖြစ်နိုင်ရင် မြန်မြန်ရောက်သွားချင်သည် အက်စတယ်လာ သက်ပြင်းလေးတစ်ချက်ချပြီး သူမကိုကြည့်လေသည် ပြီးနောက် သူမလက်ကိုကိုင်ကာ နတ်ဘုရားစွမ်းအားကို ကိုင်လေသည် ခဏကြာတော့ အနွေးဓာတ်လေးက သူမလက်ချောင်းတွေကတဆင့် ၀င်လာသည်

နေမကောင်းဖြစ်တဲ့သူကို ကုသချိန်တွင် သုံးတဲ့ စွမ်းအား ကြီးကျယ်တဲ့ပမာဏမျိုးတော့ မသုံးပေ လဲမကျ သွားရုံလောက် ပမာဏ အနည်းငယ်သာသုံးလေသည် ဒီပမာဏနည်းနည်းကလဲ သူမအတွက် အ‌ေတာ်အထောက်အကူဖြစ်‌သည် အေးခဲနေတဲ့ သူမခန္ဓာကိုယ်ထဲ အနွေးဓာတ်ကိုခံစားရတော့ လုရှန်ကိုတွေးလိုက်မိသည်

သူမက သူမသူငယ်ချင်း၏အနွေးဓာတ်အကာအကွယ်အောက်မှာရှိနေစဉ် သူကတော့ ဘေးမှာ ဘယ်သူမှမရှိပဲ အဖြူရောင် ဥယျာဉ်ထဲ၌ တစ်ယောက်ထဲ ပိတ်မိနေလေသည်

အက်စတယ်လာပြောသလို လုရှန် ပိတ်မိနေတဲ့ အတားအဆီးက နတ်ဆိုးစွမ်းအားကိုဖိနှိပ်ရင်း လူတွေကို ကုသပေးတဲ့စွမ်းအားရှိသည် လုရှန် အတားအဆီးထဲ ငြိမ်ငြိမ်နေပါက ဗိုက်ဆာသလိုခံစားရမှာမဟုတ်သလို အေးတာလဲ ခံစားရမှာမဟုတ်ပေ ဒါကြောင့် သူမ ဒီအကြောင်းနဲ့ပတ်သတ်ပြီး စိတ်ပူစရာမလိုပေ သို့သော်လည်း လုရှန်အကြောင်းတွေးလိုက်တာနဲ့ သူမ ရူးသွားမလို ခံစားရသည်

'ဒီလိုနေရာမျိုးမှာ အတားအဆီးလုပ်ဖို့ ငါ ဘာလို့ အကြံပေးခဲ့မိတာလဲ အတားအဆီးကို သူ့အိပ်ခန်း လုပ်ခဲ့ရင် ကောင်းသား အရသာရှိတဲ့မုန့်တွေနဲ့ စာအုပ်တွေ သူရဲ့ အမွေးဖွာ အိပ်ရာ‌ပေါ်မှာသာ ရှိနေရင် လုရှန်လဲ stressတော့ လျော့သွားမှာပဲ'

စိတ်ပူနေသလိုမျက်နှာနှင့် နှုတ်ခမ်းကိုကိုက်ရင်း ကားလစ်ကို ကြည့်လိုက်သည်

ကားလစ်က အက်စတယ်လာအပေါ် အရှက်မရှိ လှည့်ကွက်တွေသုံးနေလေသည်

"အက်စတယ်လာ ကိုယ်လဲ အေးတာပဲလေ"

"ရှင့် နွေးသွားအောင် ကျွန်မ စွမ်းအားကို သုံးစေချင်တာလား"

"ကိုယ်ပြောချင်တာက မင်းရဲ့ စွမ်းအားကို မသုံးစေချင်ဘူး မင်းကို ဒုက္ခမပေးချင်ဘူး"

ထို့နောက် အက်စတယ်လာကို လက်နှစ်ဖက်နှင့် သူ့ဆီ ဆွဲလိုက်ပြီး လက်မောင်းတွေထဲ သူမအား တင်းကြပ်စွာဖက်လိုက်သည်

"ကိုယ်က ဒါမျိုးလုပ်ချင်တာ"

"ကား ကားလစ်!"

.... what the... သူလုပ်တာတော့ ဟုတ်နေတာပဲ

သူမှာ အချိန်ရှိရင် ဒီလိုမျိုးတွေ လုပ်တာကြောင့် သူမကဝော့ာ ထူးပြီး မအံဩပေ

"အရှင်မင်းသား"

"ဘာလဲ"

"ကျွန်မမှာမေးခွန်းတစ်ခုရှိတယ် တကယ်လို့ ရှင့်တကယ်ချစ်တဲ့ ဒီအမျိုးသမီးက ရှင့်ကိုမကြိုက်ဘူးပြောပြီး ရှင့်ကို တနေရာရာမှာ ဖမ်းချုပ်ထားရင်... ရှင် သူမကို အဲ့ကိစ္စကြောင့် မုန်းမှာလား"

အက်စတယ်လာက သူမဘာကိုပြောချင်တယ်ဆိုတာကို သိ‌ပြီး 'မဖြစ်ဘူး'ပြောသလို ခေါင်းခါပေမဲ့ ကားလစ်ကတော့ သဲလွန်စမရပေ

"သိသာမနေဘူးလား?"

...... ရှင်က တအား သဘောထားသေးသိမ်တာပဲ

သူမစိတ်ထဲ ငိုရှိုက်သံတစ်ခုထွက်လိုက်ပြီး ခေါင်းကို ဒူးခေါင်းကြားထဲ နှစ်ထားသည် ဟုတ်တယ် ဒါကမှ သဘာ၀ကျမှာ သူက အနည်းငယ်စွဲလန်းနေသလိုပြုမူနေတာကြောင့် လုရှန်ကို အလွန်ခက်ထန်စွာ ဆက်ဆံခဲ့သူက သူမ‌တစ်ယောက်ထဲသာဖြစ်သည် ထို့ကြောင့် လုရှန် သူမကိုစိတ်ဆိုးတာ သဘာ၀ကျလေသည်

သူမကို သူမြင်တဲ့အချိန်ကျရင် သူတော့ မီးတောက်တစ်ခုလို စိတ်ဆိုးနေမှာပဲ သူမအပေါ် အချစ်အမုန်းရောနေတဲ့ နှလုံးသားနဲ့ သူမကိုသတ်ဖို့အပြေးအလွှားလုပ်တော့မှာပင် သူက အခု yandere mode၀င်နေစဉ်ပင်

'ဒါက ဘာအရေးကြီးမှာလဲ'

သူ့လက်ထဲမှာတော့ သူမ မသေချင်တာ သေချာပေါက်ပင် သို့သော်လည်း သူမက စွန့်စားမှု နည်းနည်းတော့ ‌ယူအုမ်းမှာဖြစ်သည် သူ့ကို ထပ်မရှောင်တော့ဖို့ ဆုံးဖြတ်ထားလေသည် လက်သီးဆုတ်ပြီး အဝေးကိုလှမ်းကြည့်လိုက်သည်

လုရှန်ရဲ့ရဲတိုင်ရှိရာ နေရာသို့

* * *

သုံးရက်ကြာပြီနောက် လုရှန်ရဲ့ရဲတိုက်စီ သူတို့နောက်ဆုံးတော့ ရောက်ရှိလေသည် အဖြူရောင်နှင်းကွင်းပြင်ထဲ တည်ရှိနေတဲ့ ရဲတိုက်က တိတ်ဆိတ်နေလေသည်
အက်စတယ်လာကပြောလေသည်

"ကျွန်မ လုရှန်ကို စည်း၀င်းထဲမှာ ဖမ်းချုပ်ထားတာ လူတိုင်း သတိထားကြပါ ကျွန်မတို့က အဲ့ကထဲက ဒီကိုလာတဲ့ ပထမဆုံးလူတွေဖြစ်နိုင်တယ်"

တည်ငြိမ်နေတဲ့ သူမနှလုံးသားက တစ်ကြိမ်ထပ်ပြီး တုန်လာလေသည် ရဲတိုက်ထဲ အမြန်၀င်သွားလိုက်သည် သူမလုရှန်ကိုထားခဲ့တုန်းကလို အချိန်ကရပ်နေတဲ့ပုံစံ အရာအားလုံး အတူတူပင်ဖြစ်သည်

မတည်ငြိမ်သောအသက်ရှုသံများနှင့် သူမပြေးသွားလိုက်ပြီး ရပ်တန့်သွားလေသည် အဖြူရောင်အလင်းထဲ မျက်လုံး‌တွေပိတ်ထားတဲ့ လုရှန်ရှိနေလေသည် သူကိုမြင်လိုက်တဲ့အချိန်မှာ သူမစိတ်တွေ ဖြူဖျော့သွားလေသည်

'မဖြစ်နိုင်တာ...'

သူတစ်ခုခုများဖြစ်နေသလို စိတ်ပူရင်း သူဆီ သတိထားပြီး သူမချဉ်းကပ်လိုက်သည် ပြီးတော့ တုန်ရီစွာနှင့် သူမပါးစပ်ကိုဖွင့်လိုက်သည်

"လုရှန်?"

အလွန်စိတ်ပူသလို သူမအသံတွေတုန်နေလေသည် သူမအသံက အလွန်တိုးညှင်းပြီး ဖျော့တော့နေလေသည်

သို့ပါသော်လည်း သူမျက်လုံးတွေဖြေးဖြေးဖွင့်လိုက်သည်

မင်းသားကိုစောင့်ဆိုင်းနေတဲ့ မင်းသမီးတစ်ပါးလို ဒါမှမဟုတ် မင်းသားငယ်ကို စောင့်ဆိုင်းနေတဲ့ နှင်းဆီပန်းတစ်ပွင့်လိုပင်

မျက်တောင်ရှည်တွေကြား အနီရောင်မျက်၀န်းတွေပေါ်လာတဲ့အခိုက် သူမ တံတွေးမြိုချမိသွားသည်

သူစိတ်ဆိုးနေမလား

သူ၀မ်းနည်းနေမလား

သူငိုနေလား

ဒါပေမဲ့...

လုရှန် သူမရှိရာကို မျက်လုံးတွေကျယ်ကျယ်ဖွင့်ပြီး သိပ်မကြာလိုက်ပဲ ပျော်ရွှင်စွာပြုံးလေသည်

တအားပျော်ဝာာပဲ

"နေးရား"

"....."

သူတို့ပျော်ရွှင်ခဲ့တဲ့ အဲ့တုန်းကနေ့ရက်တွေလို သူ၏ချိုမြမြအသံက သူမအသက်ရှုနေတာ‌ကို ယူဆောင်သွားသလို သူမဘယ်လိုခံစားနေရတယ်ဆိုတာမသိဘဲ လုရှန်က အပြစ်ကင်းမဲ့စွာ ဆက်ပြောလေသည်

"ကိုယ် မင်းကို သတိရနေဝာာ"

"....."

ဒါက...သူ့ကိုစွန့်ပစ်သွားတဲ့ သူမကို သူပထမဆုံးပြောတဲ့အရာပင်

'ငါ မငိုသင့်ဘူး...'

သူ့ကို အခုလို စွန့်ပစ်သွားသူက သူမဖြစ်သည် ဒါကြောင့် ဒီလိုအခြေအနေကနေ မျက်ရည်တွေနဲ့ move on မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်သည်

သူ့ကို ရိုးရိုးသားသားတောင်းပန်ပြီး သူတို့အနာဂတ်ကို တူတူဆုံးဖြတ်ရမယ်

ဒါပေမဲ့ သူမ မသိလိုက်ခင်မှာ မျက်ရည်တွေက မျက်လုံးတွေထဲ ဖွဲ့တည်လာခဲ့သည်

သူမ ဘယ်လိုလုပ်မငိုပဲနေနိုင်မှာလဲ

သူမကို သန့်စင်စွာ အလွန်ချစ်တဲ့ သူအရှေ့မှာ

လုရှန်မျက်လုံးတွေက သူမကိုကြည့်ပြီး ပြူးကျယ်လာကာ လက်ကိုထုတ်လာခဲ့သည် အက်စတယ်လာ အတားအဆီးကိုလွှတ်လိုက်ချိန်မှာ သူလက်တွေက သူမမျက်နှာဆီရောက်နေပြီဖြစ်သည်

သူမယုံနိုင်သလို သူလက်တွေက အနည်းငယ်တုန်ရီနေသည် မျက်ရည်တွေကို သူလက်တွေနဲ့သုတ်ပစ်လိုက်ပြီး တိုးတိုးလေးပြောလေသည်

"မငိုပါနဲ့ နေးရား"

"မင်းငိုရင် ကိုယ့်ရင်တွေ နာရတယ်"

"...ရှင်က အရူးတစ်ယောက်ပဲ"

သူမရှေ့ကိုတိုးသွားပြီး သူ၏သန်မာတဲ့ခန္ဓာကိုယ်အား သူမလက်မောင်းတွေနဲ့‌ ပွေ့ဖက်လိုက်သည် သူက သူမကို ပျော်ရွှင်သောမျက်နှာနှင့် ပွေ့ဖက်လိုက်သည် သူမမျက်နှာကို သူပခုံးတွေပေါ် မှီလိုက်ပြီး တိုးတိုးလေးပြောလေသည်

"ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မ ရှင့်ကိုကြောက်တုန်းပဲ ကျွန်မ ကောင်းကောင်းလုပ်နိုင်မလားတောင် မသေချာဘူး ဒါပေမဲ့ ကျွန်မကြိုးစားကြည့်ချင်သေးတယ်"

...ရှင့်ကို ရိုးရိုးသားသား ချစ်ဖို့ ကြိုးစားမယ်

သူမလုရှန်ကိုကြည့်လိုက်ပြီး
"ရှင် ကျွန်မကို အခွင့်အရေးတစ်ခုလောက် ပေးမလား"

သူမကြည့်နေမိတဲ့ အနီရောင်မျက်၀န်းတွေက တွန့်တောင်မသွားပေ သူမရဲ့ဆုံးဖြတ်ချက်အပေါ် အံဩမသွားသလို စိတ်ဖိစီးမသွားသလို မခံစားရပေ လုရှန်က အပြစ်ကင်းတဲ့ပုံစံနှင့် ခေါင်းကိုစောင်းပြီး ပြောလေသည်

"မင်းဘာပြောတာလဲဆိုတာ ကိုယ်မသိဘူး ကိုယ်က..."

လုရှန် သူမလက်ကိုနမ်းပြီးပြောလေသည်

"ကိုယ် မင်းကိုသဘောကျတယ် အများကြီးကို"

"...... "

"ကိုယ် မင်းနဲ့ ထာ၀ရအတူရှိချင်တယ်"

သူက ပြောင်းလဲမသွားခဲ့ပေ

သူက သူမကိုသာ ကလေးတယောက်လို သန့်စင်စွာ ချစ်နေဆဲဖြစ်ပြီး အနီရောင်မျက်၀န်းတွေက ရူးသွပ်မှုအပြည့်နဲ့ ဖြစ်နေသည်

ဒါပေမဲ့လည်း အဆင်ပြေပါတယ်

သူမက သူ့ကို အခုလိုမျိုး ချစ်သွားဖို့ဆုံးဖြတ်ခဲ့တာကြောင့်ပင်

လုရှန်၏မျက်နှာကိုကိုင်လိုက်ပြီး သူ့ကို သူမဆီသို့ ဆွဲလိုက်လေသည် မကြာခင်မှာ နူးညံပြီး အေးစက်တဲ့နှုတ်ခမ်းတွေက သူမနှုတ်ခမ်းတွေကို ထိတွေ့သွားလေသည်

မင်းသမီးရဲ့ မင်းသားလေးကို ကယ်တင်မှုက အခုတင် စတင်လေပြီ
* * *

အက်စတယ်လာနဲ့ ကားလစ်ကို ရဲတိုက်က ထွက်ခွာကြဖို့ သူမပြောလိုက်သည် အက်စတယ်လာကစိတ်ပူစွာနှင့် ခေါင်းခါလေသည်

"လုရှန်က အခုချိန်မှာ ပုံမှန်အခြေအနေမဟုတ်ဘူး ကျွန်မတို့ လုရှန်နဲ့နေးရားချည်းပဲထားပြီး ထွက်မသွားနိုင်ဘူး"

"အဆင်ပြေပါတယ် ဘယ်သူမှမရှိရင် သူက ကျွန်မအတွက် ကမ္ဘာပေါ်မှာ အလုံခြုံဆုံး ဖြစ်လိမ့်မယ်"

"ဒါပေမဲ့"

အက်စတယ်လာက သူမကို စိတ်ပူနေသောမျက်၀န်းတွေနှင့်ကြည့်ပြီး တောက်ပနေတဲ့အရာတစ်ခု ထုတ်လေသည် ရွာခေါင်းဆောင်ဆီကနေရလာတဲ့ ငွေလည်ဆွဲဖြစ်သည်

"အနည်းဆုံး‌ေတာ့ ဒါလေးကိုတော့ရှင်ယူထားလိုက်ပါ လုရှန် အကြမ်းဖက်အဖြစ်ပြောင်းသွားရင် ဒါလေးက မစ်နေးရားကို ကူညီပေးလိမ့်မယ်"

ဒီလည်ဆွဲက နတ်ဆိုးစွမ်းအားကို သန့်စင်ပေးနိုင်တဲ့ တန်ဖိုးကြီး အထွတ်အမြတ်ရတနာတစ်ခုဖြစ်ကြောင့် အက်စတယ်လာရှာဖွေသိရှိခဲ့သည် ဒါပေမဲ့ ဒါက လုရှန်အတွက် သန့်စင်ပေးမဲ့အရာတစ်ခုမဟုတ်ပေ

ဒါက သူ့၏ လွတ်လပ်မှုကို တားဆီးပြီး ပိတ်ပင်မဲ့ အရာတစ်ခုဖြစ်ပြီး နတ်ဆိုးပုံသဏ္ဍာန်ကို ထွက်ပေါ်လာစေရန် ဖိအားပေးသည့် လက်နက်တစ်ခုဖြစ်သည်

သူမခေါင်းခါကာ အက်စတယ်လာဆီလည်ဆွဲကို ပြန်ပေးလိုက်သည် အက်စတယ်လာက သူမကို ရှုပ်ထွေးသလိုကြည့်ကာ သက်ပြင်းချလေသည်

"အိုခေ ဒါက ရှင်ရွေးချယ်တဲ့ လမ်းဆိုရင် မစ်နေးရား"

အက်စတယ်လာက သူမဆီချဉ်းကပ်လာပြီး သူမနဖူးကိုနမ်းလေသည်

"နတ်ဘုရား ကောင်းချီးပေးပါစေ ကျွန်မရဲ့ အလွန်ချစ်ရတဲ့ သူငယ်ချင်းလေး"

အက်စတယ်လာ၏ကောင်းချီးကိုကြားပြီး သူမပြုံးမိလေသည်

အက်စတယ်လာနှုတ်ဆက်ပြီးနောက် ကားလစ်အလှည့်ဖြစ်လေသည် သူက သူမဆီ နက်ပြာရောင်ရတနာတစ်ခုကမ်း‌လေသည်

သူမမြင်လိုက်တဲ့အခါ မျက်လုံးပြူးမိသည်

"ဒါက..."

"ဒါက တော်၀င်မိသားစုအတွင်း လက်ဆင့်ကမ်းလာတဲ့ ရတနာတစ်ခုပါ မင်း ရတနာကို ချိုးလိုက်ရင် နန်း‌ေတာ်ထဲကကျောက်စွမ်းအားက လင်းလာလိမ့်မယ် ပြီးရင် ငါတို့ကို မင်းရဲ့အရေးပေါ်အခြေအနေကို သတိပေးလိမ့်မယ် မင်း ကာဒီယမ်ဆီကလွတ်မြောက်ချင်ရင် ဒါကိုသုံးလိုက် ငါ တော်၀င်စစ်သည်တွေအားလုံးကို ခေါ်လာခဲ့မယ်"

ဒါပေမဲ့ တော်၀င်စစ်သည် ထောင်ပေါင်း ရာချီခေါ်လာရင်တောင် လုရှန်အတွက်က အသုံးမ၀င်ဖူးမလား?

သူမထင်တာက အက်စတယ်လာတစ်ယောက်နဲ့တင်လုံလောက်ပြီဖြစ်သည်

ထိုစကားကို ထုတ်မပြောမိဖို့ သူမကိုယ်သူမ ထိန်းချုပ်လိုက်သည်

သူမကို ဒီလိုအဖိုးတန်ရတနာ ပေးတဲ့ ကားလစ်ရဲ့ဆန္ဒအတွက် ကျေးဇူးတင်မိရုံသာ

သူမလက်သီးကို ကြစ်ကြစ်စုတ်လိုက်သည်

ကားလစ်က မျက်လုံးကို ကျဉ်းမြောင်းရင်း သူမကို 'မင်းဘာလုပ်နေတာလဲ' ဟု ပြောနေသလိုအကြည့်နှင့် သူ့လက်သီးကို သူမလို လုပ်လိုက်လေသည်

သူမလက်သီးကို သူ့လက်သီးနဲ့တိုက်ရင် ပြောလိုက်သည်
(လက်သီးစုပ်ခြင်းတိုက်တာ)
"ကျေးဇူးတင်ပါတယ် ကျွန်မပြောထားတဲ့ကိစ္စကို ဂရုစိုက်ပေးအုမ်း"

"ဟမ့် အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားကို အလုပ်ပိုအောင် လုပ်ရတာကို မင်းက ကြိုက်တဲ့ပုံပဲ"

"သူငယ်ချင်းဆိုတာဘာအတွက်လဲ"

သူမပြောတာကိုဝောာ့ သူ မငြင်းပေ

အခုက တကယ်နှုတ်ဆက်ရတော့မည်

သူမသာ နည်းနည်းလေးလောက် အချိန်ဆွဲမိပါက လုရှန် သူမကို ရှာဖို့လိုက်လာမည်ဖြစ်သည် သူမဘာကြောင့် အထဲကိုမ၀င်ရဝာာလဲ မေးရင်းပင်

လူနှစ်ယောက်ကို လက်‌ဝေ့ယမ်းပြလိုက်သည်

"အိမ်ကို အန္တရာယ်ကင်းကင်းနဲ့ပြန်ရောက်ပါစေ မကြာခင် မြို့တော်ကို လုရှန်နဲ့ ကျွန်မပြန်လာခဲ့မယ်"

ထိုနှစ်ယောက်ထွက်ခွာသွားပြီးနောက် သူမ ရဲတိုက်ထဲ မြန်မြန်၀င်သွားလိုက်သည် သူမ၏အစီအစဉ်က ထိုကဲ့သို့ပင် လုရှန်ရဲ့လက်ရှိအခြေအနေက အတင်းအဓမ္မ ဖယ်ရှားလို့မရပေ အဲ့အစား သူကို နည်းနည်းချင်းစီ ပြုပြင်ပေးဖို့ ဆုံးဖြတ်လိုက်သည်

Operation: yandere ဒုတိယဇာတ်လိုက်ကို ထိန်းကြောင်းခြင်း

ဒါက ဖြစ်နိုင်ပါ့မလား?

ထိုအရာအပေါ် လောင်းကစားလုပ်ဖို့ ဆုံးဖြတ်လိုက်သည်

အင်ပါယာရဲ့ သမိုင်းထဲမှာ အတော်ဆုံးထိန်းကြောင်းသူ ဒေါက်တာ ကန်က ထိုစကားများ ချန်ထားခဲ့သည်

'‌ဒီကမ္ဘာမှာ ဆိုးတဲ့ တိရစ္ဆာန်ဆိုတာမရှိဘူး'

ဘယ်လောက်ပဲ ရက်စက်တဲ့ တိရစ္ဆာန်ဖြစ်ပါစေ စိတ်ရှည်ရှည်နဲ့ ထိန်းကြောင်းပေးပါက လူတွေနဲ့ သဟဇာတဖြစ်စွာ နေနိုင်မည်ဖြစ်သည်

(နောက်ဆုံးတော့ ပြန်တွေ့ကြပါ‌ပြီ😭❤️)

Pokračovat ve čtení

Mohlo by se ti líbit

237K 27.2K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
2.1M 162K 36
No descriptions here
913K 68.4K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" Start Date -27.7.2022 End Date...
136K 15.2K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...