In Love With An Old Mafia(Com...
Da seinyadanawin
155K 9.6K 1.3K
****** Start Date-Mar.31.2023 End Date-Nov.17.2023 ***** Altro
Intro
Part-1
Part-2
Part-3
part-4
Part-5
Part-7
Part-8
Part-9
Part-10+11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31+32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
The End
Characters' Art
New Fiction Promote
Part-6
4.2K 302 41
Da seinyadanawin
"အန်ကယ်"
သင်းရတနာ အခေါ်ကိုစိုင်းစာအုပ်ဖတ်နေတာကနေ အကြည့်မလွဲပဲခေါင်းတချင်ငြိမ့်ပြကာ "အေး"ဟုထူးလိုက်သည်။
"ကယ်လေး လင်းသန့်ကိုအခုတလောလည်းမတွေ့ဖြစ်ဘူးနော်။အန်ကယ့်ကိုဖုန်းမဆက်ဘူးလား"
"မင်း ကယ်လေးငါ့ကိုဖုန်းဆက်တာ ဘယ်နှကြိမ်တွေ့ဖူးလို့လဲ"
ဟုတ်လည်းဟုတ်ပါသည်။လင်းသန့်ကတော်ရုံတန်ရုံဆို ဖုန်းသိပ်မဆက်တတ်။အရေးကြီးမှသာ ဖုန်းဆက်တတ်သည်။ပုံမှန်ကတော့ တပတ်နှစ်ကြိမ်အိမ်လာလည်ပြီး ပြောစရာရှိတာပြောသွားသည်။
သို့သော် အခုတလော အိမ်ကိုမလာတာ2ပတ်ရှိသွားပြီဖြစ်သည့်အပြင်
ဖုန်းလည်းတချက်မှမဆက်သောကြောင့် တူမတော်က မေးခြင်းဖြစ်ပါလိမ့်မည်။
"ဒါနဲ့အန်ကယ် ဘာစာအုပ်ဖတ်နေတာ...
စာအုပ်ဖတ်ရတာမကြိုက်ဘူးထင်နေတာ"
"သက်ပိုင်ရေးထားတဲ့ဟာ.."
စိုင်းထိုကဲ့သို့ဖြေတော့ သင်းရတနာက သိသားပဲဆိုသောပုံစံနှင့် နှာခေါင်းရှုံ့သည်။
"အင်းပေါ့ အန်ကယ့်ရဲ့ပေါက်စလေးရဲ့စာအုပ်ပဲ ဖတ်ရမှာပေါ့နော်"
သင်းရတနာ၏ စကားကြောင့်စိုင်းမျက်မှောင်ကြုပ်ကာကြည့်လိုက်တော့ ကလေးမ က ဇက်ကလေးပုဝင်သွားသည်။
"ဒါနဲ့ အန်ကယ်စက် လည်းမလာသေးဘူးနော်"
"အေး"
ထိုအချိန်မှာပဲ စိုင်း၏လက်ကိုင်ဖုန်းမှ အသံမြည်လာပြီး ဘယ်သူလဲကြည့်လိုက်တော့ ညီဖြစ်သူ စိုင်းအောင်လင်းသန့်။
အသက်တွေလည်းရှည်ပါဦးမယ်။
"အေးလင်းသန့်"
*........*
"ဟမ် ချစ်သူရသွားတယ်?မင်းဘာကိုဆိုလိုတာလဲ?"
*........*
"အဲ့တာဆို အိမ်ရောက်မှ ဆွေးနွေးကြတာပေါ့..အေးအေး"
စိုင်း ဖုန်းချအပြီးမှာတော့ သင်းရတနာအားတချက်လှည့်ကြည့်လိုက်သည်။
တူမတော်ကလည်း ဘာဖြစ်ကုန်တာလဲဆိုတဲ့ပုံစံနဲ့ ပြူးတူးပြဲတဲ။
"ဘာတဲ့လဲ ကယ်လေး
ကဘာပြောတာလဲ...ချစ်သူ?ဘယ်ကချစ်သူလဲ..သူ့ချစ်သူက အန်ကယ်စက်မဟုတ်လား"
"မသိဘူး...သူကတော့ စက်လင်းလျှံမဟုတ်ဘူးပြောတာပဲ..သူခဏနေရောက်မယ်တဲ့အဲ့တော့မှ မင်းဘာသာမေးလိုက်တော့"
စိုင်းက တည်ငြိမ်နေပါသော်လည်း သင်းရတနာကတော့ မတည်ငြိမ်နိုင်ပါ။
သူမ၏ ပုံစံကခေါင်းရှုပ်နေဟန်ရှိပြီး စပ်စုလိုစိတ်ကလည်းပြင်းပြနေသည်။
စိုင်းပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်တော့ ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိသည့်
စက်လင်းလျှံကအထုပ်အပိုးများနှင့် အံကြိတ်ကာ ထိုနေရာ၌
ရပ်နေပြီး ကြမ်းပြင်ကိုစိုက်ကြည့်နေလျက်ရှိသည်။
" မင်းတို့တကယ်ကြီးလမ်းခွဲလိုက်ကြတာလား စက်လင်းလျှံ"
"....ဟုတ်ပါတယ် Boss"
"အခုကိစ္စကိုရော မင်းသိလား"
စိုင်း ဆိုဖာပေါ်မှာထိုင်ရင်းနှင့်ပဲ တံခါးပေါက်အနားရှိ စက်လင်းလျှံအားမေးလိုက်သည်။
စက်လင်းလျှံကလည်း ထိုနေရာမှ တုတ်တုတ်မျှမလှုပ်ပဲစိုင်းမေးသည်ကိုသာပြန်လည်ဖြေကြားနေခဲ့သည်။
သင်းရတနာကတော့ အခြေအနေကိုရိပ်စားမိ၍ ငြိမ်ငြိမ်ကလေးသာဝင်မပါပဲသူတို့နှစ်ဦးပြောနေသည်ကိုသာ
ဘေးမှနားထောင်နေသည်။
"မသိပါဘူး...ပြီးတော့ ကျွန်တော့်ကိစ္စလည်းမဟုတ်ပါဘူး၊လင်းသန့်နဲ့ကျွန်တော်ကဘာမှပတ်သတ်မှုမရှိတော့လို့ပါ"
စိုင်းအစကတည်းက ဒီလိုဖြစ်လာမယ်မှန်းရိပ်မိပါသည်။
ဒါကြောင့်လည်း သိပ်မအံ့သြမိတာဖြစ်ပါလိမ့်မည်။ထို့အပြင် အဲ့တာကသူနှင့်ဆိုင်သော ကိစ္စရပ်မဟုတ်ပဲသူဝင်ပါရမည့် အရာလည်းမဟုတ်ပေ။
ကာယကံရှင်နှစ်ယောက်သာလျှင် ဆုံးဖြတ်ရမှာဖြစ်ပြီး ကာယကံရှင်နှစ်ယောက်နှင့်သာသက်ဆိုင်နေလေသည်။
စက်လင်းလျှံ အထုပ်အပိုးများအား မီးဖိုချောင်ထဲသို့ ယူလာခဲ့လိုက်၍ ဟင်းစချက်ရန်ပြင်ဆင်လိုက်သည်။
အစက ရက်အနည်းငယ်နေရင် လင်းသန့် သူ့စီကိုပြန်လာလိမ့်မယ်ထင်ထားခဲ့ပါသော်လည်း နှစ်ပတ်ကြာသည်ထိတိုင်အောင်သူ့မျက်လုံးရှေ့မှာ အရိပ်ပင်ပေါ်မလာခဲ့ချေ။
ထို့အပြင်Bossရဲ့တိုက်ခန်းကို
ရောက်ရောက်ချင်းကြားသိလိုက်ရသည်က လင်းသန့်ကချစ်သူရနေပြီတဲ့လေ...။
သူမဟုတ်တဲ့အခြားတစ်ယောက်။
တကယ်ပဲ ဒီကောင်လေးကသူ့ကိုလက်လျှော့လိုက်ပြီလား။
အရင်ကတည်းက လင်းသန့်သူ့ကိုလက်လျှော့လိုက်ဖို့ မျှော်လင့်ခဲ့တာဖြစ်သည်။သို့သော် တကယ်တမ်းလက်လျှော့လိုက်ပြီဟု တွေးလိုက်မိတော့လည်း အမည်မသိခံစားချက်တစ်ခုက အလိုမကျမှုနှင့်အတူ ဝင်ရောက်လာ၏။
ဒါဟာ သူ့မာနထိခိုက်သည်ဟုတွေးမိသောကြောင့်ဖြစ်ပါလိမ့်မည်။
ဒီကောင်လေးအတွက် အချိန်တွေဘယ်လောက်တောင်သုံးပေးခဲ့ရသလဲ။
နေ့တိုင်း နားပူနားဆာလာလုပ်တတ်
သည့်ကောင်လေးမရှိတော့ သူ့ဘဝကြီးက အရင်ကထက်ပိုမိုအေးချမ်းလာခဲ့သည်ကိုတော့ဝန်ခံရမည်။
ဒီလိုခံစားချက်မျိုးကို သူအရင်ကတည်းကဘလိုလားတောင်းတ ခဲ့တာမဟုတ်လားလေ။
တဖက်တွင် စိတ်အေးသက်သာမှုကိုခံစားရသော်လည်း တစ်ဖက်တွင်တော့လင်းသန့်အားမကျေမနပ်ဖြစ်နေသည့် ခံစားချက်တစ်စုံတစ်ရာကဝင်ရောက်လာခဲ့သည်။
သူ့ကို တနှစ်နီးပါးလောက် လိုက်(ပိုး)ခဲ့ပြီးမှ အခုကျသူနှင့်လမ်းခွဲတာ တစ်လပင်မပြည့်သေး ချစ်သူတစ်ယောက်ထပ်ရသွားပြီတဲ့လေ။
ဒီလိုကိစ္စက သူ့မာနကိုမထိခိုက်စေဘူးလားလေ။
သူနှင့်မတွဲခင် လင်းသန့်က ရည်းစားရှုပ်သောကောင်လေးဖြစ်ပြီး
ဂျစ်ကန်ကန်ကလေးဖြစ်ကာ တကယ့်ကို အလိိုလိုက်ခံထားရသည့်သူဌေးသားလေးနှယ်။
သူနှင့်တွဲသည့်အချိန်တွင်တော့ ရည်းစားလည်းထပ်မရှုပ်တော့သလို ကလပ်တက်ခြင်းဘားသွားခြင်းကိုပင် ရှောင်ကျဥ်ခဲ့သည်။
မိန်းကလေးများနှင့်လည်း အလုပ်ကိစ္စမှလွဲလို့စကားပြောခြင်းမရှိခဲ့သဖြင့်
အကျင့်တွေကိုပြင်လို့ရပြီလို့ သူထင်ခဲ့တာဖြစ်သည်။
အခုအချိန်တွင်တော့ သူထင်ထားသည်မှာအမှားကြီးမှားသွားမှန်းသိလိုက်ရတော့သည်။
"ဟက်! ဒီလူကဒီလူပါပဲ"
စက်လင်းလျှံ တကိုယ်တည်းကြားရန်သာရည်ရွတ်လိုက်သည်။
ထိုအချိန်မှာပဲ တံခါးဖွင့်သံနှင့်အတူ သူ၏ရည်းစားဟောင်းဖြစ်သူလေးက
တိုက်ခန်းထဲသို့
ဝင်လာ၏။
လင်းသန့်က သူ့ကိုတွေ့တော့ ပြုံးရုံမျှပြုံးပြသည်။သို့သော် စက်လင်းလျှံကတော့မသိချင်ယောင်ဆောင်ကာ ဟင်းချက်နေသည်ကိုသာပြန်လည်အာရုံစိုက်နေလိုက်၏။
"လာပြီလား လင်းသန့်"
Boss၏ အသံက ဧည့်ခန်းဘက်မှထွက်ပေါ်လာ၏။
"ကိုကြီး...sryဗျာ ကျွန်တော်အလုပ်မအားလို့"
"ထားတော့ ဟိုကိစ္စအရင်ပြောရအောင်"
"အာ..ဟုတ်သား...
ကျွန်တော် ချစ်သူရနေပြီ ကိုကြီး။
အရင်တစ်ခေါက်က Blind dateသွားတွေ့သေးတယ်လေ သိတယ်မလား"
လင်းသန့် ကုတ်အားချွတ်လိုက်ရင်း ကိုကြီး၏ မျက်နှာချင်းဆိုင် ဆိုဖာပေါ်၌ဝင်ရောက်ထိုင်လို​က်သည်။
"အင်း သိတယ်"
"အဲ့က မိန်းကလေးလေ၊
အဆင်ပြေတာနဲ့ ခဏလောက်တွေ့ကြည့်လိုက်တာ အဲ့လိုနဲ့တွဲဖြစ်သွားတယ်ပြောရမလား။
ကိုကြီး xxx groupကိုသိတယ်မဟုတ်လား"
"အွန်း"
"သူက အဲ့ကုမ္ပဏီကCeoရဲ့သမီးလေ၊နာမည်က နှင်းရတီစိုးတဲ့၊ ကျွန်တော့်ထက် 1နှစ်ကြီးတယ်"
"မင်းထက် တနှစ်ကြီးတာဆိုတော့ 26ပေါ့"
"ဟုတ်တယ် ကိုကြီး"
မမှားပါ။ လင်းသန့်၏အသက်က အခုမှ 25နှစ်သာလျှင်ရှိသေးသည်။
သူနှင့် ကိုကြီးနှင့်က 12လောက်ကိုအသက်ကွာလေသည်။
မေမေက အသက်21နှစ်၌ ကိုကြီးကိုမွေးခဲ့ပြီး 33နှစ်မှာတော့ လင်းသန့်ကိုမွေးခဲ့သည်။
အခု မေမေ၏အသက်က 58နှစ်ပင်။
သူနှင့် ကိုစက်နှင့်ကတော့ 5နှစ်ကွာလေသည်။
သင်းရတနာကတော့ သူ့ထက်5နှစ်ငယ်၍ အခုမှအသက်20ပင်ရှိသေးသည်။
သူနှင့်ကိုကြီးက အသက်12လောက်ကွာသည်ဟု လူအများအားပြောလျှင်တော့ယုံကြည်မည်မထင်။ကိုကြီးက 37နှစ်လို့မထင်ရအောင် သိပ်နုသည်ကို။
ကဲထားပါတော့လေ...။
"လင်းသန့် မင်းသူ့ကိုတကယ်ချစ်တာလား"
"ချစ်တဲ့အထိမရောက်သေးပေမဲ့ သဘောကျတာကတော့သေချာပါတယ်...ဖြည်းဖြည်းချင်းကြိုးစားကြည့်သွားမှာပါ..ဘယ်သူကပြောနိုင်မှာလဲ ချစ်ရင်ချစ်မိသွားနိုင်တာပဲလေ"
လင်းသန့်နှင့် Bossတို့၏စကားဝိုင်းအား စက်လင်းလျှံ မီးဖိုချောင်ထဲမှ အတိုင်းသားကြားနေရသည်။
လက်ထဲမှ မီးဖိုချောင်သုံးဓားအား တင်းတင်းကိုင်ထားမိသည်မှာ လက်ရှိအကျောစိမ်းတို့ပင် ထောင်နေလျက်။
ဖြည်းဖြည်းချင်း ကြိုးစားကြည့်မှာတဲ့လား...။
စိုင်းအောင်လင်းသန့်!!
"ကယ်လေး"
စကားပြောနေသည်ကိုဝင်မပြောပဲ ဘေးမှာငြိမ်ငြိမ်လေးနားထောင်နေသော သင်းရတနာစီမှပထမဆုံးအနေဖြင့် အသံထွက်လာသည်။
"ဟင်"
"သမီးနဲ့ စကားခဏပြောရအောင်"
သင်းရတနာက ပြောပြောဆိုဆိုနှင့် ဝရံတာဘက်သို့ ထသွားသည်။ထိုအခါ လင်းသန့်ကလည်းမလိုက်၍မဖြစ်။
ဝရံတာကိုလည်းရောက်ရော သင်းရတနာ၏ခြေလှမ်းတို့က ရပ်သွား၍ ညကောင်းကင်အား မော့ကြည့်လေသည်။
"ကယ်လေး ဆုံးဖြတ်ပြီးပြီပေါ့နော်"
"ဘာကိုဆိုလိုတာလဲ"
"အန်ကယ်စက်..."
ထိုနာမ်စားအားကြားလိုက်ရသည့်အခါတွင်တော့ လင်းသန့်၏မျက်လုံးထဲ၌ခံစားချက်တစ်ခုကဖြတ်သန်းသွားသည်။
ထို့နောက် သူက ပုံမှန်လေသံနှင့်ပြန်ပြောလေသည်။လေသံဟာ မပျော့လွန်းမမာလွန်းသော်လည်း နာကျင်မှုအချို့ကတော့ရောနှောနေသည်ကို သင်းရတနာခံစားမိ၏။
"သူအရင် ငါ့ကိုဒီလိုအခြေအနေရောက်အောင်တွန်းပို့ခဲ့တာ ရတနာ....။
ကယ်လေး
သူ့ကိုသိပ်ချစ်ခဲ့တယ်...ဒါဆိုသူကရော ငါ့ကိုပြန်ချစ်ခဲ့သလား..."
"........"
"ငါ မင်းအန်ကယ်စက်အနားကို ခဏခဏပြန်လာခဲ့ပါတယ်။သူကလည်းမတွန်းထုတ်ပေမဲ့လို့ ငါ့ကို
သူ့အနားမှာရှိမနေစေချင်ခဲ့တာတော့
သိခဲ့တယ်။ဒါကြောင့် ထွက်သွားပေးလိုက်ရုံပါ....
သူ့ကိုလည်း အနှောင့်အယှက်မပေးချင်တော့သလို ငါလည်း ဆက်မဆွဲထားနိုင်တော့ဘူး"
သင်းရတနာက သူ့ကိုပြုံးပြသည်။
ထို့နောက် သူမပြောသည်က
"ကယ်လေး ပျော်မယ်ထင်ရာကိုလုပ်ပါ"တဲ့လေ။
ထို့နောက်တွင်တော့ လင်းသန့်လူတိုင်းကိုနှုတ်ဆက်၍ ကုမ္ပဏီသို့ပြန်ရန်
ဆင်းလာခဲ့တော့သည်။
တိုက်ခန်းအောက်ကိုရောက်သည့်အခါတွင်တော့ အနောက်မှအော်ခေါ်သံကိုကြားလိုက်ရ၍ လှည့်ကြည့်လိုက်တော့...ကိုစက်။
"ကိုစက်"
"ဒီမှာ...Bossက မင်းကိုပေးခိုင်းလိုက်လို့"
သူ၏လက်ထဲသို့ ရောက်လာသောထမင်းဗူးလေးအားကြည့်ရင်း လင်းသန့်တချက်ရယ်လိုက်မိသည်။
ဒီတခါလည်း Bossကြောင့်ပဲလား။
"ကျေးဇူး"
"အင်း ဒါလာပေးတာ သွားတော့မယ်"
ထိုကဲ့သို့ ပြောပြီးလှည့်ထွက်ရန်ပြင်နေ
သော ကိုစက်၏ ကျောပြင်ကိုကြည့်ရင်း လင်းသန့် မေးခွန်းတစ်ခုအားမေးလိုက်မိသည်။
"ကျွန်တော် ကိုစက်ကို တစ်ခု​မေးပါရစေ...
ကိုစက် ကျွန်တော့်ကိုချစ်တယ်လို့ပြောခဲ့ဖူးတာတွေက စိတ်ရင်းနဲ့လားဟင်"
ကိုစက်က သူ့ကိုပြန်လှည့်ကြည့်သည်။မျက်လုံးကအသက်မဝင်သလို အကြည့်တို့ဟာလည်း ဗလာသက်သက်။
တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးတို့ကိုစိုက်ကြည့်ရင်း လင်းသန့်၏နှလုံးခုန်သံတို့ဟာမြင့်တက်လျက်။
ထို့နောက် ကိုစက်၏အဖြေထွက်ပေါ်လာချိန်မှာတော့ သူ၏မျှော်လင့်ချက်တို့ဟာ အချည်းနှီးသာဖြစ်ကြောင်းလင်းသန့်သိလိုက်ရလေသည်။
ကိုစက်၏အဖြေဟာတော့...
"အခုချိန်မှာ ဒါတွေက အသုံးဝင်သေးလို့လား လင်းသန့်"တဲ့လေ။
အသုံးဝင်တာပေါ့ဗျာ....ကျွန်တော်နှလုံးသားနဲ့ရင်းပြီး မေးခဲ့တဲ့မေးခွန်းမို့လို့ ကျွန်တော်မျှော်လင့်ချက်တွေကိုပုံအောပြီး အရဲစွန့်ပြီးမေးခဲ့တဲ့မေးခွန်းမို့လို့ အသုံးဝင်တာထက်ကိုပိုတာပေါ့
ကိုစက်ရာ။
"ဟက်!ကျွန်တော်တကယ်ပဲ ဘာတွေမျှော်လင့်နေခဲ့မိတာလဲ"
"အဲ့တာ ငါကမှပြောရမဲ့စကားပါ...
မင်းကိုပြောင်းလဲသွားပြီထင်ခဲ့တာ..ဒါပေမဲ့ ငါ့အချိန်တွေကုန်တာပဲအဖတ်တင်တယ်။ငါနားမလည်နိုင်ဘူး ငါ့ရဲ့အဖိုးတန်လှတဲ့အချိန်တွေကို မင်းအပေါ်မှာဘာလို့ဖြုန်းခဲ့မိလဲဆိုတာကိုပဲ...."
"ကိုစက် တကယ်ပဲအဲ့လိုတွေးခဲ့တာလားဟင်...ကျွန်တော်ကတော့အဲ့လိုဘယ်တုန်းကမှမတွေးခဲ့ဖူးဘူးဗျ။
ကိုစက်အတွက်ဆို
ကျွန်တော့်ရဲ့အရာအားလုံးပါ ပေးဆပ်နိုင်ခဲ့တဲ့အထိ ချစ်ခဲ့တာ..။
ကိုစက်ကသာ ပါးစပ်ဖျားနဲ့တင်ချစ်တယ်လို့ပြောခဲ့တာ ကျွန်တော်ကရော?ကျွန်တော်ပြောခဲ့တဲ့ ချစ်တယ်ဆိုတာက တစ်ဘဝလုံးစာအတွက်ဗျ...
အဲ့တာကို ကိုစက်သိရဲ့လား?"
စက်လင်းလျှံ လင်းသန့်ကို မျက်မှောင်ကြုပ်ရင်း အနှောင့်အယှက်ဖြစ်စွာကြည့်လိုက်သည်။
သူ(လင်းသန့်)
တစ်ယောက်လည်းဆုံးရှုံးခဲ့တာမှမဟုတ်ပဲ...ဘာလို့ အရာအားလုံးက စက်လင်းလျှံ၏အပြစ်လိုမျိုးလာပြောနေရပါသလဲ။
လင်းသန့်သာအစကတည်းကသူ့ကိုမချင်းကပ်ခဲ့ရင်ဒီလိုကိစ္စမျိုးကဖြစ်လာစရာအကြောင်းမရှိ။
ဒီလိုတွေဖြစ်အောင်လုပ်ခဲ့တာက လင်းသန့်ကိုယ်တိုင်သာလျှင်။
"ဒါဆို မင်းကောသိလား?
မင်းက ငါ့အတွက်သိပ်ကိုစိတ်အနှောင့်အယှက်ဖြစ်စေခဲ့တာကိုလေ။
ခဏခဏငါ့အနားမှာ ရစ်သီရစ်သီလုပ်နေတာကိုလည်းမကြိုက်သလို
ငါ့အနားကနေလည်းမင်းကိုထွက်သွားစေချင်တယ်။မင်းငါ့အတွက်တော့
ဒီတိုင်း အရေးမပါတဲ့သူတစ်ယောက်သာသာပဲ။
ပြီးတော့ ဘာကိစ္စငါ့အပြစ်လိုပဲလာပြောနေရတာလဲ။မင်းကြောင့်ငါဆုံးရှုံးသွားတာတွေကိုရောမင်းတွေးကြည့်ဖူးလား။မင်းသာအစကတည်းက ငါ့ကိုမချင်းကပ်ခဲ့ရင်ဒီလိုဖြစ်စရာအကြောင်းမရှိဘူး လင်းသန့်။မင်းကပဲနစ်နာသလိုလာပြောမနေနဲ့"
ထိုစကားများကိုကြားရအပြီးတွင်တော့ လင်းသန့်၏နှလုံးသားအားဆွဲနှုတ်ခံရသလိုမျိုး ခံစားလိုက်ရသည်။
သူ့အပြစ်တဲ့လေ...သူသာမချဥ်းကပ်ခဲ့ရင်။ဟုတ်တာပေါ့အကုန် သူ့အပြစ်ပဲ။သူဘာလို့ ကိုစက်ကိုမှချစ်မိသွားခဲ့ရတာလဲ။ဘာလို့ချဥ်းကပ်ခဲ့ရတာလဲ။အကုန်သူ့အမှား...သူကပဲမှားခဲ့တဲ့သူ။
စက်လင်းလျှံ သူ့အရှေ့မှငိုင်ကျသွားသော ကောင်လေးအားကြည့်ရင်း သူပြောတာလွန်သွားကြောင်း သိလိုက်ရသည်။သို့သော် ဒါဟာသိပ်ကိုနောက်ကျသွားချေပြီ..သူပြောနှင့်ပြီးသွားပြီလေ။
လင်းသန့်ဟာ သူ့ကိုမျက်ရည်များစွာနှင့်ဝမ်းနည်းပူဆွေးကာစိုက်ကြည့်နေခဲ့သည်။
ထို့နောက် တိုးဖျော့သော
အသံနှင့်
"ကျွန်တော် တောင်းပန်ပါတယ်ကိုစက်...ကျွန်တော့်အမှားပါ"
ထိုစကားကိုကြားလိုက်ရချိန်တွင် သက်လင်းလျှံ၏ခန္ဓာကိုယ်ဟာတောင့်တင်းသွားခဲ့သည်။
ထိုအချိန်တွင်သူသိလိုက်ရသည်က ဒါဟာအဆုံးသတ်ပင်။
"ကျွန်တော့်ကြောင့် ကိုစက်ဘာတွေဆုံးရှုံးခဲ့ရသလဲ မသိပေမဲ့ ကိုစက်ပြောပါကျွန်တော်အကုန်ပြန်ပေးပါ့မယ်"
"မလိုပါဘူး....
မင်းလည်း ငါ့ကိုဘာမှပြန်ပေးစရာမလိုသလို ငါ့မှာလည်း မင်းတောင်းဆိုတာကိုပြန်ပေးဖို့ မရှိဘူး"
"ကျွန်တော် ဘာကိုမှတောင်းဆိုမှာမဟုတ်ပါဘူး"
"ငါပြောချင်တာက မင်းနဲ့ငါကဒီမှာတင်ပြီးပြီ လင်းသန့်။မင်းလည်းငါ့အရှေ့ပေါ်မလာနဲ့ ငါလည်းမင်းအရှေ့ကိုရောက်မလာဘူး"
စက်လင်းလျှံအံအားတင်းတင်းကြိတ်လျက် ထိုစကားများအားပြောနေခိုက် ဘယ်ဘက်ရင်အုံ၏တစ်နေရာမှာ နာကျင်မှုအသေးလေးအားခံစားလိုက်ရသည်။တစ်ခုခုက လစ်ဟာသွားသကဲ့သို့ဆုံးရှုံးသွားသကဲ့သို့။
သို့သော်သူဟာဘာများတတ်နိုင်မှာတဲ့လဲ နောက်ပြန်လှည့်ဖို့လမ်းလည်းမရှိတော့ပြီမလား။
"..ဖြစ်စေရပါမယ်။ ကိုစက်အရှေ့ပေါ်မလာအောင်ကျွန်တော်နေမှာပါ။ရှေ့လျှောက် ကိုကြီးဆီကိုလည်းမလာတော့တာမို့ ကိုစက်စိတ်ချပါ"
"အင်း ပျော်ရွှင်ပါစေ"
"ကိုစက်ကောပါပဲ"
လင်းသန့် လှည့်ထွက်သွားသော ကိုစက်၏ကျောပြင်အား တွေဝေစွာငေးမောနေမိသည်။
သူတို့နှစ်ယောက်ဟာ ရိုးစင်းစွာပဲတွေ့ဆုံခဲ့သည်။
တွေ့ဆုံမှုဟာ သာမန်ဖြစ်သော်ငှား
ခွဲခွာခြင်းဟာတော့ ဆိုးဝါးခဲ့ပါ၏။
ပြတ်သွားတဲ့ ကြိုးတစ်ချောင်းကို
ကျွန်တော်ဟာလည်း ပြန်မဆက်နိုင်တော့သလို
ထိုသူဟာလည်း ပြန်
ဆက်ဖို့မကြိုးစားခဲ့ပါချေ။
ပြန်နီးဖို့လည်း မဖြစ်နိုင်တော့သလို
အကြောင်းပြချက်တွေလည်းမရှိတော့ချေ။
ဒီဘဝ ဒီမျှ~
******
Alexender AN(Ah Nyo)
Apr.23.2023
ဒီတပိုင်း သက်ပိုင်လေးမပါသွားဘူးTwT
******
"အန်ကယ်"
"သက်ပိုင်ရေးထားတဲ့ဟာ.."
"အေး"
"အေးလင်းသန့်"
*........*
*........*
"ဘာတဲ့လဲ ကယ်လေး
"....ဟုတ်ပါတယ် Boss"
ဘေးမှနားထောင်နေသည်။
ဂျစ်ကန်ကန်ကလေးဖြစ်ကာ တကယ့်ကို အလိုလိုက်ခံထားရသည့်သူဌေးသားလေးနှယ်။
"ဟက်! ဒီလူကဒီလူပါပဲ"
တိုက်ခန်းထဲသို့
ဝင်လာ၏။
"လာပြီလား လင်းသန့်"
"အာ..ဟုတ်သား...
"အင်း သိတယ်"
"အဲ့က မိန်းကလေးလေ၊
"အွန်း"
"ဟုတ်တယ် ကိုကြီး"
ကဲထားပါတော့လေ...။
စိုင်းအောင်လင်းသန့်!!
"ကယ်လေး"
"ဟင်"
"ဘာကိုဆိုလိုတာလဲ"
"အန်ကယ်စက်..."
ကယ်လေး
"........"
ဆင်းလာခဲ့တော့သည်။
"ကိုစက်"
"ကျေးဇူး"
ကိုစက်၏အဖြေဟာတော့...
ကိုစက်ရာ။
ကိုစက်အတွက်ဆို
သူ(လင်းသန့်)
"ဒါဆို မင်းကောသိလား?
အသံနှင့်
"မလိုပါဘူး....
"အင်း ပျော်ရွှင်ပါစေ"
"ကိုစက်ကောပါပဲ"
ထိုသူဟာလည်း ပြန်
ဒီဘဝ ဒီမျှ~
******
Alexender AN(Ah Nyo)
Apr.23.2023
******
Continua a leggere
Ti piacerà anche
312K 25.3K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...
1.8M 140K 63
"ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြား အလွှာပါးပါးလေးကိုဖြတ်ကျော်ခါနီးမှာမှ ငါမောင့်ကိုစွန့်လွှတ်တတ်ဖို့ သင်ယူနိုင်ခဲ့တယ်၊ လူတွေက သံသရာမှာ ရေစက်ရယ်၊ဝဋ်ကြွေး...
3M 193K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
380K 36.5K 32
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...