ကူးပြောင်းလာပြီးနောက် ဘော့စ်က...

Від empty432

73K 11.3K 253

Title: After Transmigrating, the Bosses Begged Me To Plant Land Author: Come seven months Translator: Empty မ... Більше

မိတ်ဆက်
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အခန်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း (၁၄)
အခန်း(၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
Paid Gp
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄) (က)
အခန်း (၂၄) (ခ)
အခန်း (၂၄)(ဂ)
အခန်း (၂၄)(ဃ)
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇) (က)
အခန်း (၂၇) (ခ)
အခန်း (၂၈)
အခန်း(၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
Promotion 🎉🎉🎉
အခန်း (၃၅)
အခန်း (၃၆)
အခန်း (၃၇)
အခန်း (၃၈)
အခန်း(၃၉)
အခန်း ၄၀ (က)
အခန်း (၄၀) (ခ)
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း ၄၄ (က)
အခန်း (၄၄)(ခ)

အခန်း (၃၄)

1.2K 202 0
Від empty432

Title: After Transmigrating, the Bosses Begged Me To Plant Land
Author: Come seven months
Translator: Empty

အခန်း (၃၄)

တာဝန်ခံက သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။ “မင်း အခု အမှာ တစ်သောင်းလို့ ပြောလိုက်တာလား “

သူက လောကကြီးကို မမြင်ဖူးသလိုမျိုး ခံစားနေရသည်မှာ အံ့ဩစရာမရှိပေ။ သူတို့၏ ပို့ဆောင်ရေးနေရာက မြို့တော်မှ တကယ်ပဲ ဝေးကွာပေသည်။ သူတို့က နေ့တိုင်း အမှာ ရာဂဏန်းလောက်ကိုသာ ပို့နိုင်ခဲ့လျှင် အဆင်ပြေနေပြီဖြစ်သည်။

ယနေ့ လောင်တုက ပို့ဆောင်ရေးလမ်းကြောင်း တစ်သောင်းပို့ခဲ့ပြီး ရုံးရှိ ပို့ဆောင်ရေးသမားအားလုံးနီးပါးက သူ့ကို ထုတ်ပိုးရန် ကူညီခဲ့ကြသည်။

ရလဒ်အနေဖြင့် လောင်တုက မနက်ဖြန်တွင် ပို့ရန် အမှာတစ်သောင်းရှိမည်ဟု ပြောလာခဲ့သည်။ သူက ဘယ်လိုလုပ် မအံ့ဩဘဲ နေနိုင်မည်နည်း။ “မင်း သေချာလား “

လောင်တု။ “ငါလည်း ဒီနေ့ ထပ်ခါထပ်ခါ မေးခဲ့တာ “

“ဖောက်သည်ပို့ချင်တဲ့ပစ္စည်းက ဘာလဲ “ သူက အလွန်အင်အားကြီးသည့် ရှင်းယွမ်ရှန်မှ ဖောက်သည်ကို မကြားဖူးခဲ့ချေ။

“အဲဒါ မက်မွန်သီးတွေပဲတော့ မဟုတ်ဘူးမလား “ လောင်တုက သေချာမမေးခဲ့ရချေ။

“သူမရဲ့စီးပွားရေးက အရမ်းကောင်းတာလား “ တစ်နေ့လျှင် အမှာတစ်သောင်း ရှိလိမ့်မည်ဟု တာဝန်ခံက တကယ်ပဲ မမျှော်လင့်ခဲ့ပေ။ ဒါက ဘယ်လိုအယူအဆမျိုးလဲ။

လောင်တုက သူ့ခေါင်းကို ခါလိုက်သည်။ ယင်းက ပစ္စည်းရောက်ငွေချေစနစ်ဖြစ်သည်က လွဲလို့ သူက အတိအကျ မသိချေ။

တာဝန်ခံက အချိန်အတော်ကြာ တွေးဆနေခဲ့သည်။ “ဒီတိုင်းဆိုရင် မင်း မနက်ဖြန်ကျ မနက်စောစော သွားတွေ့ရမယ်၊ ဒါက တကယ်ပဲ အမှာတစ်သောင်းဆိုရင် ငါတို့အားလုံး ကူညီပေးမယ် “

မလုံလောက်လျှင် သူက အနီးအနားရှိရုံးခွဲများမှ ဝန်ထမ်းများအားလုံးကို ခေါ်နိုင်ပေသည်။

    …

မနက် ၅နာရီတွင် ရင်းနှီးနေသည့် စက်ပိုင်းဆိုင်ရာအသံက တာဝန်ကို စတင်ထုတ်ပြန်လာခဲ့သည်။

“ကျေးဇူးပြု၍ ၁၉နာရီအတွင်း မတူညီတဲ့ အသီးဆယ်မျိုးကို ထုတ်လုပ်ပါ “

ရှန်းထင်ရွှမ်းက ထထိုင်လိုက်ပြီး ကြီးမားသည့် မေးခွန်းသင်္ကေတများ သူမ၏ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

“ထပ်ပြောပါဦး၊ နောက်တစ်ခေါက် ထပ်ပြောဦး “

“ကျေးဇူးပြု၍ ၁၈နာရီ ၅၉မိနစ်အတွင်း မတူညီတဲ့ အသီးဆယ်မျိုးကို စိုက်ပျိုးပါ၊ မစ်ရှင်ပြီးမြောက်ပါက ဝိညာဉ်သွေးကြော ၁၈% ကို ပြန်လည်ရရှိပါမည် “

“မဟုတ်ဘူး၊ မစ်ရှင်က ဘယ်လိုလုပ် ပြောင်းသွားတာလဲ “ သို့သော် ဤတာဝန်က လူတစ်သိန်းကို အသီးများစားခိုင်းခြင်းထက် ပိုပြီးလွယ်ကူပုံရသည်ဟု ခံစားရပေသည်။

စနစ်။ “တာဝန်က တစ်ခုတည်း မဟုတ်ဘူး၊ မပြောင်းလဲဘူး “

ရှန်းထင်ရွှမ်း။ “ဒါဆို တာဝန်က မနက်ဖြန်ကျရင် ပြောင်းနိုင်လား “

စနစ်။ “ဟုတ်တယ် “

ဒါဆို မနက်ဖြန် လူတစ်သောင်းမဲဖောက်စရာ မလိုတော့သည့်ပုံပင်။ မည်သို့ပင်ဆိုစေကာမူ စူပါမောအတွက် အသီးကတ်တီ ခြောက်ထောင်နှင့် ဩဂုတ်လဖရဲသီး နှစ်သောင်းပို့ပေးရန် ရှိနေဆဲဖြစ်သည်။ ဤအကြောင်းကို တွေးမိပြီးနောက် ရှန်းထင်ရွှမ်းက ပိုခံစားလို့ကောင်းလာခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ် သူမက စနစ်ကို မျက်လုံးထဲတွင် ကြည့်လို့အဆင်ပြေသည်ဟု ခံစားလိုက်ရသည်။

ရှန်းထင်ရွှမ်းက အိပ်ရာထလိုက်ပြီး အသီးများကို ခူးလိုက်သည်။ စူပါမောအတွက် အသီးများက လက်ဝယ်ရှိထားရန် လိုအပ်ပေသည်။ အဆုံးတွင် ဤအရာက လက်မှတ်ထိုးထားသည့် သဘောတူစာချုပ်တစ်ခုဖြစ်သည်။

သူမက ဂျင်ဆင်းဝိညာဉ်ဖြစ်နေလျှင်တောင် ရှန်းထင်ရွှမ်းက ယုံကြည်စိတ်ချနိုင်ရပေမည်။

    ...

သူမက တောင်အောက်သို့ ဆင်းလာသောအခါ လောင်တုနှင့် ရှောင်ဖုန်းတို့ နှစ်ယောက်စလုံးက ဤနေရာတွင် ရှိနေသည်ကို သူမက တွေ့လိုက်ရသည်။

“ကျွန်မ ခုထိ အသီးတွေ မခူးရသေးဘူး၊ နောက်ပြီးကျမှ ရှင့်အတွက် ခူးပေးရမယ် “ ရှန်းထင်ရွှမ်းက လောင်တုကို ပြောလိုက်သည်။

လောင်တုက တဖန် အတည်ပြုလိုက်သည်။ “အဲဒါက အမှာ တစ်သောင်းဟုတ်တယ်မလား “

“အမ်း “

လောင်တုက တဖန် မေးလိုက်ပြန်သည်။ “ဒါဆို မနက်ဖြန်ရော အမှာအများကြီး ပို့ဦးမှာလား “

ရှန်းထင်ရွှမ်း။ “အများဆုံး ဆယ်ခုလောက်ပါပဲ “ တိုက်ရိုက်ထုတ်လွှင့်မှုရှိ မဲဖောက်မှုများက သာမန်ပင်ဖြစ်သည်။ ထို့ကြောင့် သာမန်အားဖြင့် မဲဖောက်ပေးရန် လူဆယ်ယောက်က အကောင်းဆုံးဖြစ်သည်။

ထိုအရာကို ကြားပြီး လောင်တုနှင့် ရှောင်ဖုန်းက သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်ကြသည်။ နောက်တစ်ခါ အမှာတစ်သောင်းဆိုပါက ယင်းက အလွန် ကြောက်စရာကောင်းပေလိမ့်မည်။

ရှန်းထင်ရွှမ်းက စူပါမောသို့ ပစ္စည်းများ လွှဲပေးလိုက်ပြီး မက်မွန်သီးများကို ခူးရန် သွားလိုက်သည်။ ၎င်းတို့ကို လောင်တုအား ပေးလိုက်ပြီးနောက် ရှောင်ဖုန်းက ထိုနေရာတွင် ရှိနေဆဲဖြစ်ကြောင်း သူမက တွေ့လိုက်ရသည်။

လောင်တုက သူ၏ ပြင်ပတာဝန်ခံကို ပြန်သည့်လမ်းတွင် အစီရင်ခံလိုက်ပြီး ဤဌာနခွဲ၏ တာဝန်ခံကလည်း အမှာတစ်သောင်းအတွက် အကူအညီတောင်းရန် အလုပ်ရှုပ်နေခဲ့သည်။

ရှန်းထင်ရွှမ်း။ “ဘာကိစ္စရှိလို့လဲ “

ရှောင်ဖုန်းက ရှန်းထင်ရွှမ်း အဆင်ပြေနေပုံရသည်ကို မြင်လိုက်ပြီး ပြောလိုက်သည်။ “မင်း Weibo က ပို့စ်တွေ ဖတ်ပြီးပြီလား “

ရှန်းထင်ရွှမ်း။ “ဟင့်အင်း “ နေ့စဉ် တာဝန်ပြီးမြောက်ရန် သူမက တိုက်ရိုက်ထုတ်လွှင့်မှုကို ထုတ်လွှင့်ခြင်း၊ ကြည့်ရှုခြင်းတို့ဖြင့် အလုပ်ရှုပ်နေခဲ့သည်။ Weibo အတွက်မူ သူမက ၎င်းကို ကြည့်ရန် တကယ်ပဲ အချိန်မရှိခဲ့ပေ။

ရှောင်ဖုန်းက ရှန်းထင်ရွှမ်းကို Weibo ပေါ်ရှိ အရာများကို အတိုချုပ်ပြီး ရှင်းပြလိုက်သည် အင်တာနက်အသုံးပြုသူများက သူမကို ဆိုးရွားစွာ ဆူပူနေသည့်အကြောင်းအရာကိုတော့ တမင်သက်သက် ချန်ထားခဲ့လိုက်သည်။

ရှန်းထင်ရွှမ်းက အနည်းငယ် ဆွံ့အသွားခဲ့သည်။ “ငါက သူတို့အချက်အလက်တွေနဲ့ ဘာလုပ်ရမှာလဲ “

“မင်းရဲ့မဲဖောက်ပေးတဲ့ နည်းလမ်းက အရမ်းထူးခြားနေလို့လေ “

ရှန်းထင်ရွှမ်းက ရှောင်ဖုန်း၏ ပါဝင်ပတ်သက်မှုကို ကြားလိုက်ပြီး ၎င်းအကြောင်းကို ဂရုတစိုက် တွေးတောလိုက်သည်။ သူမက တာဝန်ပြီးမြောက်ရန်အတွက် ထိုကဲ့သို့ လူအမြောက်အများကို မဲဖောက်ပေးခြင်းက မှားယွင်းသွားပေသည်။

“ဒါဆို အကောင်းဆုံးဖြေရှင်းနည်းက အွန်လိုင်းစတိုးဆိုင် ဖွင့်ပြီး အင်တာနက်အသုံးပြုသူတွေကို သူတို့ကိုယ်တိုင် ဝယ်ခိုင်းရမှာလား “

ဤအကြံပြုချက်က ယခင်က ရှောင်ဖုန်း ပြောပြခဲ့ခြင်းဖြစ်သည်။ သို့သော် ရှန်းထင်ရွှမ်းက ငြင်းပယ်ခဲ့သည်။ ယခု ၎င်းက တကယ်ပဲ ကောင်းမွန်သည့်ရွေးချယ်မှုတစ်ခု ဖြစ်ပုံရပေသည်။ စနစ်က လူများ အသီးစားရန် ဤကဲ့သို့ပမာဏအတွက် တာဝန်တစ်ခုကို မည်သည့်အချိန်တွင် နောက်တစ်ခါ ထုတ်ပြန်လိမ့်မည်မှန်း သူမမသိပေ။

ရှောင်ဖုန်းက ခေါင်းညိတ်လိုက်သည်။

ရှန်းထင်ရွှမ်းက စတင်တွေးတောလိုက်သည်။ သူက အွန်လိုင်းစတိုးဆိုင်တစ်ခု ဖွင့်မည်ဆိုပါက စနစ်က လူများကို ပိုပြီးစားသုံးစေဖို့ လိုအပ်လာခဲ့လျှင် သူမက နေ့တိုင်းတွင် အသီးများ ပိုရောင်းရပေလိမ့်မည်။ စနစ်က ထုတ်ပြန်လာသည့် တာဝန်က ယနေ့လို အသီးပင်အမျိုးမျိုးကို စိုက်ပျိုးခြင်းကဲ့သို့ တူညီနေလျှင် သူမက မရောင်းဘဲ သို့မဟုတ် အနည်းငယ်ပဲ ရောင်းရပေလိမ့်မည်။

“ကောင်းပြီ၊ ကျွန်မ ဒီည အဲဒါကို လေ့လာလိုက်မယ် “

ရှောင်ဖုန်းက အံ့အားသင့်သွားခဲ့သည်။ ရှန်းထင်ရွှမ်းက အွန်လိုင်းစတိုးဆိုင်တစ်ခုဖွင့်ရန် တွန့်ဆုတ်နေခဲ့ဖူးသော်လည်း ယနေ့ သူမက သိပ်မကြာခင် သဘောတူလိုက်သည်လား။

“ဒါဆို တစ်ကြိမ်ကို ရောင်းလို့ရတဲ့ ပမာဏက ဘယ်လောက်လဲ “

ရှန်းထင်ရွှမ်းက သူမခေါင်းကို ခါလိုက်သည်။

“ သောင်းနဲ့ချီရောင်းဖို့တော့ မဖြစ်နိုင်ဘူး “ အရေအတွက်အတိအကျက စနစ်မှ ထုတ်ပြန်သည့် တာဝန်များပေါ်တွင် မူတည်နေပေသည်။

ရှောင်ဖုန်းက နားလည်ပေသည်။ ရှန်းထင်ရွှမ်းက သူမ၏ခံစားချက်ပေါ်တွင် မူတည်ပြီး ရောင်းချပေသည်။

“ငါ နောက်ကျမှ မင်းကို စတိုးဆိုင်ဖွင့်တဲ့ လမ်းညွှန်ရေးပေးမယ်၊ မင်း အဲဒီလမ်းညွှန်ချက်အတိုင်း အွန်လိုင်းစတိုးဆိုင်တစ်ခု ဖွင့်လို့ရတယ် “ ရှောင်ဖုန်းလည်း ဓာတ်ပုံရောင်းခဲ့တုန်းက အွန်လိုင်းစတိုးဆိုင်တစ်ခု ဖွင့်ခဲ့ပေသည်။ ၎င်းက ယခုထိ ဖွင့်ထားဆဲဖြစ်သည်။ သူက ဓာတ်ပုံဆရာအလုပ်တချို့ကိုလည်း တစ်ခါတစ်ရံ ရရှိခဲ့ကြောင်း သတိရသွားခဲ့သည်။ 

ရှန်းထင်ရွှမ်းက အိုခေဟု လက်ဟန်လုပ်ပြလိုက်သည်။

ရှန်းထင်ရွှမ်းက တာဝန်ပြီးမြောက်ရန် အလျင်လိုနေသောကြောင့် ရှောင်ဖုန်းနှင့် ပြောပြီးသည်နှင့် တောင်ပေါ်သို့ ပြန်သွားခဲ့သည်။

    ...

ရှောင်ဖုန်းကလည်း ရှင်းယွမ်ရှန်မှ ပြန်လှည့်လာခဲ့သည်။ သူက လွန်ခဲ့သည့်ညက အင်တာနက်အသုံးပြုသူများနှင့် စကားများခဲ့စဉ်က သူ့စိတ်ထဲတွင် ခိုင်မာသည့် အကြံတစ်ခုတောင် ရှိနေခဲ့သည်။

ယနေ့ သူက ရှန်းထင်ရွှမ်းနှင့် စကားပြောပြီးနောက် ရှောင်ဖုန်းက ယင်းအကြံကို ပိုသေချာသွားခဲ့ပြီး သူက ရှင်းယွမ်ရှန်တွင် ပို့ဆောင်ရေးဆိုင်တစ်ခု ဖွင့်ရန် ဆုံးဖြတ်လိုက်သည်။

ရှန်းထင်ရွှမ်းက အွန်လိုင်းစတိုးဆိုင်တစ်ခုဖွင့်ချင်ခဲ့သောကြောင့် ၎င်းကို ပို့ဆောင်ရမည် ဖြစ်သည်။ သူမက ဘာမှမရောင်းရသည့်နေ့တွင် ရှောင်ဖုန်းက ရွာသားများကို သူတို့၏ထုပ်ပိုးမှုများဖြင့် ကူညီရပေလိမ့်မည်။ သူမ ရောင်းရသည့်နေ့တွင် သူက ရှန်းထင်ရွှမ်းအတွက် အသီးများကို ပို့ဆောင်ပေးမည်ဖြစ်သည်။ အရမ်းများလွန်းလျှင် ရွာသားများထဲမှ အကူများကို စုဆောင်းနိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ပို့ဆောင်ရေးလုပ်ငန်းက သူ၏ အဓိက လုပ်ငန်းမဟုတ်ချေ။

ဤအကြောင်းကို တွေးနေရင်း ရှောင်ဖုန်းက သူ့အိပ်ခန်းထဲသို့ လျှောက်သွားလိုက်ပြီး အွန်လိုင်းစတိုးဆိုင်တစ်ခုဖွင့်ခြင်း၏ လုပ်ငန်းစဉ်ကို အရင်ဆုံံး ချရေးလိုက်ကာ စာဖိုင်တစ်ခုတင်လိုက်ပြီး ရှန်းထင်ရွှမ်းဆီသို့ ပို့လိုက်သည်။

ပြီးနောက် ရှောင်ဖုန်းက ထလိုက်ပြီး မြို့တော် Bသို့ ကားမောင်းသွားခဲ့ကာ ပို့ဆောင်ရေးလုပ်ပိုင်ခွင့်တစ်ခုကို ချိတ်ဆက်ရန် ရှာဖွေလိုက်သည်။

    ……

ရှန်းထင်ရွှမ်းက တောင်ပေါ်ရှိ အသီးများအကြောင်း စဉ်းစားရင်း တောင်ပေါ်သို့ တက်လာခဲ့သည်။ လက်ရှိတွင် ရှင်းယွမ်ရှန်မှ အသီးများက ဆီးသီး၊ မက်မွန်သီး၊ ဖရဲသီးများနှင့် ဩဂုတ်လဖရဲသီးများမှလွဲ၍ တခြား အမျိုးအစားမရှိပေ။

အမှန်တော့ သူမက တခြားအသီးများကို စိုက်ပျိုးခဲ့သည်။ သို့သော် စနစ်က ၎င်းတို့ကို ထည့်မတွက်ခဲ့ချေ။ တာဝန်မှပေးသည့် စကားလုံးက “ထုတ်ကုန်” ဖြစ်ပြီး ဆိုလိုသည်မှာ အထွက်တိုးပြီးသား အသီးများကို အောင်မြင်စွာ ထုတ်လုပ်ခြင်းဟု စဉ်းစားနိုင်ပေသည်။

ရှန်းထင်ရွှမ်းက တောင်ပေါ်တွင် စိုက်ပျိုးသောအခါ မတူညီသည့် မျိုးစေ့ပေါင်းများစွာကို စိုက်ပျိုးခဲ့သည်။ သို့သော် သူမက ရေလောင်းရန် ဝိညာဉ်စွမ်းအင်ကို ရွေးချယ်ပြီး အသုံးပြုခဲ့သည်။

ရှန်းထင်ရွှမ်းက အသီးမျိုးစေ့အမြောက်အများကို ကြဲထားခဲ့သည်။

သူမက အရင်ဆုံး ခြံဝင်းအပြင်ဘက်သို့ သွားလိုက်သည်။ ဤနေရာတွင် သူမက စပျစ်သီးမျိုးစေ့များကို ကြဲလိုက်သည်။ ထိုအချိန်၌ သူမက မျိုးစေ့များဘေးတွင် ရိုးရှင်းသည့် စင်တစ်ခုကို ဆောက်ရန် သစ်သားကို အသုံံးပြုလိုက်သည်။

သူမက ယခု ဝိညာဉ်စွမ်းအင်ကို လောင်းထည့်ချင်သောကြောင့် ရှန်းထင်ရွှမ်းက စင်ကို ယခင်ကထက် ပိုကြီးလာအောင် ကြိမ်ပေါင်းများစွာ ထပ်ချဲ့လိုက်သည်။

သူမက စပျစ်ပင်ပေါက်များကို ဝိညာဉ်စွမ်းအင်ဖြင့် စတင်ရေလောင်းလိုက်သည်။

မြေဆီလွှာထဲရှိ အပင်ပေါက်များက စင်အောက်ခြေမှ စတင်တွယ်တက်လာခဲ့ပြီး ခဏကြာပြီးနောက် စင်တစ်ခုလုံးကို စပျစ်နွယ်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

အစိမ်းရောင်အသီးများက ၎င်းတို့ပေါ်တွင် စတင်သီးလာခဲ့ပြီး ဤအသီးများက တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ တစ်စုံတစ်ယောက်က စပျစ်သီးရင့်မှည့်သည့် ဖြစ်စဉ်ကို အရှိန်မြှင့်တင်လိုက်သကဲ့သို့ အရောင်က အစိမ်းရောင်မှ ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အသီးများ ထွက်လာပြီးနောက် ရှန်းထင်ရွှမ်းက ၎င်းတို့ကို ရေဆက်မလောင်းတော့ပေ။

ဤအချိန်တွင် တာဝန်က တစ်ဝက်ပြီးမြောက်သွားပြီဖြစ်ပြီး ဝိညာဉ်စွမ်းအင်၏ ၃၀% ကို သုံးစွဲခဲ့ပြီးဖြစ်သည်။

ယင်းက ယခင်ကထက် ဝိညာဉ်စွမ်းအင် ပိုများသော်လည်း ရှန်းထင်ရွှမ်းက ဤစပျစ်ပျိုးပင်ပေါက်အားလုံးကို ရေလောင်းလိုက်သည်။

ရှန်းထင်ရွှမ်းက တောင်အနောက်ဘက်တွင် ပေါင်းပင်များ ရှင်းလင်းနေစဉ် သူမ တွေ့ခဲ့ဖူးသည့် ပျိုးပင်ပေါက်လေးရှိသည့်နေရာသို့ပြေးသွားလိုက်သည်။

ယင်းက မွန်ဂိုလီးယား ဘယ်ရီသီးပျိုးပင်တစ်ပင် ဖြစ်သည်။

မွန်ဂိုလီးယားဘယ်ရီသီးက အရိုင်းသီးတစ်မျိုးဖြစ်ပြီး စပျစ်မျိုးနွယ်လောက် မကြီးသောကြောင့် စပျစ်အသေးဟုလည်း ခေါ်ပေသည်။

ရှန်းထင်ရွှမ်းက ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းလိုက်သည်။ မွန်ဂိုလီးယား ဘယ်ရီသီးပင်ပေါက်လေးက သေးငယ်သည့် အပင်လေးမှ တဖြည်းဖြည်း ကြီးထွားလာသည်ကို သူမက မြင်လိုက်ရသည်။ ထို့နောက် အနီရောင်အသီးများဖြင့် အရွယ်ရောက်သည့်အပင်တစ်ပင် ဖြစ်လာခဲ့သည်။

မွန်ဂိုလီးယားဘယ်ရီသီး၏ အရောင်က စပျစ်သီးများနှင့် ကွဲပြားပေသည်။ မွန်ဂိုလီးယားဘယ်ရီသီးက အနီရောင်ဖြစ်ပြီး ချိုချဉ်အရသာဖြင့် အနည်းငယ်ဆေးဖက်ဝင်ပေသည်။ သာမန်လူများက ဤအသီးမျိုးကို အသုံးမပြုကြချေ။

သို့သော် တစ်ခါအသုံးပြုပြီးသည်နှင့် ၎င်းကို အလွန်ကြိုက်နှစ်သက်သွားပေလိမ့်မည်။ ယင်းက ခရုခေါက်ဆွဲနှင့် တူညီပေသည်။

ဤအသီးနှစ်မျိုးကို ရေလောင်းပြီးနောက် ရှန်းထင်ရွှမ်းက သူမ၏ ဝိညာဉ်စွမ်းအင်တစ်ဝက်ကို သုံးစွဲခဲ့ပြီးဖြစ်သည်။

တာဝန်ပြီးမြောက်ရန်အတွက် ရှန်းထင်ရွှမ်းက တခြားအသီးလေးမျိုးအကြောင်း တွေးနေခဲ့သည်။ သူမက ကီဝီ၊ တောကြက်မောက်သီး၊ သခွားမွှေးနှင့် တရုတ်ဘယ်ရီပင်များကို ရေလောင်းခဲ့သည်။

သို့သော်လည်း ကီဝီနှင့် တောကြက်မောက်သီးပင်ကို ရေလောင်းခဲ့ပြီးနောက် ရှန်းထင်ရွှမ်း၏ ဝိညာဉ်စွမ်းအင်က ယာယီကုန်ခမ်းသွားခဲ့သည်။

သူမက တောင်ပေါ်သို့ ပြန်သွားခဲ့ပြီး မျိုးစေ့များကို စိုက်ပျိုးရန် မြေကြီးကို ထယ်ထိုးလိုက်ကာ သခွားမွှေးနှင့် တရုတ်ဘယ်ရီပင်များကို ရေသွားမလောင်းခင် ဝိညာဉ်စွမ်းအင်များ ပြည့်သွားသည့်တိုင် စောင့်နေခဲ့သည်။

အနီရင့်ရောင် တရုတ်ဘယ်ရီသီးများက ကြီးထွားလာသောအခါ စနစ်၏ထုတ်ပြန်သံက ထွက်ပေါ်လာခဲ့သည်။

“၁၈ ခုမြောက် မစ်ရှင်ကို ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါတယ်၊ ဆုတစ်ခုရရှိပါသည်၊ ဝိညာဉ်သွေးကြောများ၏ ၁၈% ကို ပြန်လည်ရရှိပါသည် “

    ...

  သုံးစွဲထားခဲ့သည့် ဝိညာဉ်စွမ်းအင်များက ခဏအတွင်း ပြန်လည်ပြည့်သွားခဲ့သည်။ တစ်ကြိမ်စီတွင် ဝိညာဉ်စွမ်းအင် ၁% သာ ပြန်လည်ရရှိခဲ့သော်လည်း သူမခန္ဓာကိုယ်ရှိ ပြောင်းလဲမှုများက သိသာထင်ရှားပေသည်။

ယခု ဝိညာဉ်စွမ်းအင် ၁၈% ဖြင့် ရှန်းထင်ရွှမ်းက အလွန်ပေါ့ပါးနေသလို ခံစားနေရပေသည်။

ရှန်းထင်ရွှမ်းက ဖုန်းပေါ်ရှိ အချိန်ကို တစ်ချက်ကြည့်လိုက်ရာ ညနေ ၅နာရီ ၁၀မိနစ်ခန့် ရှိပြီဖြစ်သည်။

သူမက တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်ပြီး လင့်ခ်ကို မျှဝေလိုက်သည်။

လူများစွာက မကြာမီ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ရောက်လာခဲ့ကြသည်။

ရှန်းထင်ရွှမ်းက သူတို့ကို နှုတ်ဆက်လိုက်ပြီး တရုတ်ဘယ်ရီသီးတစ်လုံးကို ခူးလိုက်သည်။

“ဒါက ဒီနေ့ရဲ့ အသီးပါ၊ တရုတ်ဘယ်ရီသီးပါ “

ရှန်းထင်ရွှမ်းက လက်နှစ်ဖက်ပေါ်တွင် ဘယ်ရီသီးအား ထည့်ထားသည်ကို ဖုန်းမျက်နှာပြင်ကို ဖြတ်၍ မြင်နိုင်ပေသည်။ ယင်းက ပင်ပေါင်ဘောလုံးတစ်လုံး၏ အရွယ်အစားနီးပါး ရှိပေသည်။

[ဒီဘယ်ရီသီးက အရမ်းကြီးတာပဲ။]

[အရောင်ကလည်း အရမ်းကောင်းတယ်။ ငါ အရမ်းစားချင်နေပြီ။]

[ငါရောပဲ။]

[အားးးးးးး။ ငါ့သွားရည်တွေ ကျနေပြီ။]

    ......

ရှန်းထင်ရွှမ်းက တစ်ကိုက်ကိုက်လိုက်သည်။ အရသာက ချိုပြီး အနည်းငယ် ချဉ်ကာ အလွန်လတ်ဆတ်ပေသည်။

များစွာသော အင်တာနက် အသုံးပြုသူများက အောက်တွင် မှတ်ချက်များရေးလာကြသည်။

[တရုတ်ဘယ်ရီသီးတွေက ရေငတ်ပြေတယ်လို့ပြောကြတယ်။ ငါ အခု ရေအရမ်းငတ်နေတာ။ ငါ့ကို ကယ်ဖို့ ဘယ်ရီသီးတစ်လုံး အရမ်းလိုအပ်နေပြီ။]

[ကိုယ်ဝန်ဆောင်အမျိုးသမီးက ပြောတယ်။ ဘာလို့ ငါ့ကို ဒါတွေ ကြည့်ခွင့်ပြုနေတာလဲတဲ့။]

[စကားပြောနေတာ ရပ်လိုက်ကြ။ ငါ ခုပဲ မိန်ထွမ်ကနေ တရုတ်ဘယ်ရီသီး နှစ်ကတ်တီ မှာခဲ့တာ။]  (TN: မိန်ထွမ်သည် ဖျော်ဖြေရေး၊ စားသောက်ကုန်၊ ပို့ဆောင်ရေး၊ ခရီးသွားခြင်းနှင့် တခြားဝန်ဆောင်မှုများပါဝင်သည့် ဒေသတွင်းလူသုံးကုန်များနှင့် လက်လီရောင်းချခြင်း ဝန်ဆောင်မှုများအတွက် စျေးဝယ်ပလက်ဖောင်းတစ်ခု ဖြစ်သည်။)

[အစ်မလေး။ ရှင် စျေးဆိုင်တစ်ခုဖွင့်ဖို့ တကယ်ပဲ မစဉ်းစားသေးဘူးလား။ ကျွန်မ အသီးတွေ ဝယ်မှာပါ။]

    ...

ဒါပေါ့။ တစ်ယောက်ယောက်ကတော့ ယနေ့မှတ်ချက်များကို  ဝေဖန်နေဆဲပင်။

[မမေ့ကြနဲ့နော်။ ဒီဘလော့ဂါက လူလိမ်တစ်ယောက်ပဲ။]

[ဒီဘလော့ဂါက ကိုယ်ရေးအချက်အလက်တွေ စုဆောင်းပြီး ရောင်းစားနေတာ။]

    ...

ရှန်းထင်ရွှမ်းက တရုတ်ဘယ်ရီသီးတစ်လုံးကို စားပြီးသွားပြီး နောက်ထပ်အသီး အလုံးနှစ်ဆယ်ကို ခူးလိုက်သည်။

သူမက ခြံဝင်းဆီသို့ လမ်းလျှောက်လာရင်း ပြောလိုက်သည်။

"ငါ ဒီနေ့ လူတိုင်းအတွက် ဟင်းတစ်ပွဲချက်ပေးမယ် "

ခြံဝင်းထဲသို့ လမ်းလျှောက်လာခဲ့သည်။ အင်တာနက်အသုံးပြုသူများက ရှန်းထင်ရွှမ်း၏ အိမ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။

[ခြံဝင်းက အကျယ်ကြီးပဲ။]

[ခြံထဲက ဥယျာဉ်ကို ကြည့်ပြီး ငါအရမ်းသဘောကျနေပြီ။]

[ငါ အနီးကပ်ကြည့်လိုက်တာ။ လက်စသတ်တော့ အဲဒါတွေက ပန်းတွေမဟုတ်ဘဲ ဟင်းသီးဟင်းရွက်တွေ ဖြစ်နေတာလား။]

[မဟုတ်လောက်ပါဘူး။]

[ဟားဟားဟား။ ငါ့အစ်မလေးက ကောင်းမွန်တဲ့ ဘဝမှာ နေနေတာပဲ။]

    ...

အင်တာနက်အသုံးပြုသူတစ်ယောက် ပြောလိုက်သည့်စကားကို အတည်ပြုလိုက်သကဲ့သို့ ရှန်းထင်ရွှမ်းက ကြက်သွန်မြိတ်များကို လက်အပြည့်ကောက်လိုက်ပြီး ချင်းတချို့ကို တူးလိုက်သည်။

[ဒီချင်းတွေက အရမ်းကြီးတာပဲ။]

[တကယ်တော့ အစ်မလေးက အပင်စိုက်တာတွေအကုန်လုံးမှာ တော်နေတာပဲ။]

[ကျောင်းက အလုပ်အတန်းက ငါတို့ကို ကြက်သွန်မြိတ်တွေ စိုက်ခိုင်းတာ။ ဒါပေမဲ့ ကိုယ့်လူတို့ရေ ငါစိုက်တာ အကုန်သေကုန်တာပဲဟ။ အဲဒီကစပြီး ငါကြက်သွန်မြိတ်ကို မကြိုက်တော့တာပဲ။]

    ...

ရှန်းထင်ရွှမ်းက ဖုန်းထားရန် နေရာတစ်ခုကို ရှာလိုက်ပြီး ဝက်လက်များကို ချက်ပြုတ်ရန် စတင်လိုက်သည်။

သူမက ဝက်လက်များကို မနေ့က ဝယ်ခဲ့ခြင်းဖြစ်သည်။ မူလက ၎င်းကို ဝိုင်နီရောက်ပြီးမှ စားချင်ခဲ့သည်။

သို့သော် မနက်ပိုင်းတွင် တာဝန်ကို လက်ခံပြီးနောက် ရှန်းထင်ရွှမ်းက ဝက်လက်များကို ယနေ့ စားရန် စီစဉ်လိုက်သည်။ ထို့ကြောင့် သူမက မနက်စောစောကတည်းက ဝက်လက်များကို ရေထဲတွင် စိမ်ထားခဲ့သည်။

ကြက်သွန်မြိတ်နှင့် ချင်းများကို ဆေးကြောပြီးနောက် ကြက်သွန်မြိတ်များကို လှီးဖြတ်လိုက်ကာ ချင်းများကို ပါးပါးလှီးလိုက်ပြီး ဘေးတွင် ချထားလိုက်သည်။

ဝက်လက်များကို ဆေးကြောပြီးနောက် အိုးတစ်အိုးထဲတွင် ထည့်လိုက်သည်။ ရှန်းထင်ရွှမ်းက ရေတချို့ခပ်ထည့်လိုက်ပြီး ဝက်လက်များကို ရေမြုပ်မမြုပ် သေချာအောင် လုပ်လိုက်သည်။

သူမက မဖြတ်ရသေးသည့် တချို့ ကြက်သွန်မြိတ်များကို လုံးချေလိုက်ပြီး လှီးဖြတ်ထားသည့် ချင်းများနှင့်အတူ အိုးထဲသို့ ထည့်လိုက်သည်။ နောက်ဆုံးတွင် ဟင်းချက်ဝိုင်တချို့ကို လောင်းထည့်လိုက်သည်။

    -----

စာရေးသူမှာ ပြောစရာ ရှိနေပါတယ်။

အားချီ။ မင်း အံ့ဩသွားလား။ တာဝန်က ထပ်ပြောင်းသွားပြန်ပြီ။

စနစ်။ မင်း ဘာလို့ ငါ့လမ်းကြောင်းကို ခိုးနေတာလဲ…။

...

Title: After Transmigrating, the Bosses Begged Me To Plant Land
Author: Come seven months
Translator: Empty

အခန္း (၃၄)

တာဝန္ခံက သူ႕နဖူးမွ ေခြၽးမ်ားကို သုတ္လိုက္သည္။ မင္း အခု အမွာ တစ္ေသာင္းလို႔ ေျပာလိုက္တာလား

သူက ေလာကႀကီးကို မျမင္ဖူးသလိုမ်ိဳး ခံစားေနရသည္မွာ အံ့ဩစရာမရွိေပ။ သူတို႔၏ ပို႔ေဆာင္ေရးေနရာက ၿမိဳ႕ေတာ္မွ တကယ္ပဲ ေဝးကြာေပသည္။ သူတို႔က ေန႕တိုင္း အမွာ ရာဂဏန္းေလာက္ကိုသာ ပို႔နိုင္ခဲ့လွ်င္ အဆင္ေျပေနၿပီျဖစ္သည္။

ယေန႕ ေလာင္တုက ပို႔ေဆာင္ေရးလမ္းေၾကာင္း တစ္ေသာင္းပို႔ခဲ့ၿပီး ႐ုံးရွိ ပို႔ေဆာင္ေရးသမားအားလုံးနီးပါးက သူ႕ကို ထုတ္ပိုးရန္ ကူညီခဲ့ၾကသည္။

ရလဒ္အေနျဖင့္ ေလာင္တုက မနက္ျဖန္တြင္ ပို႔ရန္ အမွာတစ္ေသာင္းရွိမည္ဟု ေျပာလာခဲ့သည္။ သူက ဘယ္လိုလုပ္ မအံ့ဩဘဲ ေနနိုင္မည္နည္း။ မင္း ေသခ်ာလား

ေလာင္တု။ ငါလည္း ဒီေန႕ ထပ္ခါထပ္ခါ ေမးခဲ့တာ

ေဖာက္သည္ပို႔ခ်င္တဲ့ပစၥည္းက ဘာလဲ  သူက အလြန္အင္အားႀကီးသည့္ ရွင္းယြမ္ရွန္မွ ေဖာက္သည္ကို မၾကားဖူးခဲ့ေခ်။

အဲဒါ မက္မြန္သီးေတြပဲေတာ့ မဟုတ္ဘူးမလား  ေလာင္တုက ေသခ်ာမေမးခဲ့ရေခ်။

သူမရဲ႕စီးပြားေရးက အရမ္းေကာင္းတာလား  တစ္ေန႕လွ်င္ အမွာတစ္ေသာင္း ရွိလိမ့္မည္ဟု တာဝန္ခံက တကယ္ပဲ မေမွ်ာ္လင့္ခဲ့ေပ။ ဒါက ဘယ္လိုအယူအဆမ်ိဳးလဲ။

ေလာင္တုက သူ႕ေခါင္းကို ခါလိုက္သည္။ ယင္းက ပစၥည္းေရာက္ေငြေခ်စနစ္ျဖစ္သည္က လြဲလို႔ သူက အတိအက် မသိေခ်။

တာဝန္ခံက အခ်ိန္အေတာ္ၾကာ ေတြးဆေနခဲ့သည္။ ဒီတိုင္းဆိုရင္ မင္း မနက္ျဖန္က် မနက္ေစာေစာ သြားေတြ႕ရမယ္၊ ဒါက တကယ္ပဲ အမွာတစ္ေသာင္းဆိုရင္ ငါတို႔အားလုံး ကူညီေပးမယ္

မလုံေလာက္လွ်င္ သူက အနီးအနားရွိ႐ုံးခြဲမ်ားမွ ဝန္ထမ္းမ်ားအားလုံးကို ေခၚနိုင္ေပသည္။

   

မနက္ ၅နာရီတြင္ ရင္းႏွီးေနသည့္ စက္ပိုင္းဆိုင္ရာအသံက တာဝန္ကို စတင္ထုတ္ျပန္လာခဲ့သည္။

ေက်းဇူးျပဳ၍ ၁၉နာရီအတြင္း မတူညီတဲ့ အသီးဆယ္မ်ိဳးကို ထုတ္လုပ္ပါ

ရွန္းထင္႐ႊမ္းက ထထိုင္လိုက္ၿပီး ႀကီးမားသည့္ ေမးခြန္းသေကၤတမ်ား သူမ၏ေခါင္းထဲတြင္ ေပၚလာခဲ့သည္။

ထပ္ေျပာပါဦး၊ ေနာက္တစ္ေခါက္ ထပ္ေျပာဦး

ေက်းဇူးျပဳ၍ ၁၈နာရီ ၅၉မိနစ္အတြင္း မတူညီတဲ့ အသီးဆယ္မ်ိဳးကို စိုက္ပ်ိဳးပါ၊ မစ္ရွင္ၿပီးေျမာက္ပါက ဝိညာဥ္ေသြးေၾကာ ၁၈% ကို ျပန္လည္ရရွိပါမည္

မဟုတ္ဘူး၊ မစ္ရွင္က ဘယ္လိုလုပ္ ေျပာင္းသြားတာလဲ  သို႔ေသာ္ ဤတာဝန္က လူတစ္သိန္းကို အသီးမ်ားစားခိုင္းျခင္းထက္ ပိုၿပီးလြယ္ကူပုံရသည္ဟု ခံစားရေပသည္။

စနစ္။ တာဝန္က တစ္ခုတည္း မဟုတ္ဘူး၊ မေျပာင္းလဲဘူး

ရွန္းထင္႐ႊမ္း။ ဒါဆို တာဝန္က မနက္ျဖန္က်ရင္ ေျပာင္းနိုင္လား

စနစ္။ ဟုတ္တယ္

ဒါဆို မနက္ျဖန္ လူတစ္ေသာင္းမဲေဖာက္စရာ မလိုေတာ့သည့္ပုံပင္။ မည္သို႔ပင္ဆိုေစကာမူ စူပါေမာအတြက္ အသီးကတ္တီ ေျခာက္ေထာင္ႏွင့္ ဩဂုတ္လဖရဲသီး ႏွစ္ေသာင္းပို႔ေပးရန္ ရွိေနဆဲျဖစ္သည္။ ဤအေၾကာင္းကို ေတြးမိၿပီးေနာက္ ရွန္းထင္႐ႊမ္းက ပိုခံစားလို႔ေကာင္းလာခဲ့သည္။

ပထမဆုံးအႀကိမ္အျဖစ္ သူမက စနစ္ကို မ်က္လုံးထဲတြင္ ၾကည့္လို႔အဆင္ေျပသည္ဟု ခံစားလိုက္ရသည္။

ရွန္းထင္႐ႊမ္းက အိပ္ရာထလိုက္ၿပီး အသီးမ်ားကို ခူးလိုက္သည္။ စူပါေမာအတြက္ အသီးမ်ားက လက္ဝယ္ရွိထားရန္ လိုအပ္ေပသည္။ အဆုံးတြင္ ဤအရာက လက္မွတ္ထိုးထားသည့္ သေဘာတူစာခ်ဳပ္တစ္ခုျဖစ္သည္။

သူမက ဂ်င္ဆင္းဝိညာဥ္ျဖစ္ေနလွ်င္ေတာင္ ရွန္းထင္႐ႊမ္းက ယုံၾကည္စိတ္ခ်နိဳင္ရေပမည္။

    ...

သူမက ေတာင္ေအာက္သို႔ ဆင္းလာေသာအခါ ေလာင္တုႏွင့္ ေရွာင္ဖုန္းတို႔ ႏွစ္ေယာက္စလုံးက ဤေနရာတြင္ ရွိေနသည္ကို သူမက ေတြ႕လိုက္ရသည္။

ကြၽန္မ ခုထိ အသီးေတြ မခူးရေသးဘူး၊ ေနာက္ၿပီးက်မွ ရွင့္အတြက္ ခူးေပးရမယ္  ရွန္းထင္႐ႊမ္းက ေလာင္တုကို ေျပာလိုက္သည္။

ေလာင္တုက တဖန္ အတည္ျပဳလိုက္သည္။ အဲဒါက အမွာ တစ္ေသာင္းဟုတ္တယ္မလား

အမ္း

ေလာင္တုက တဖန္ ေမးလိုက္ျပန္သည္။ ဒါဆို မနက္ျဖန္ေရာ အမွာအမ်ားႀကီး ပို႔ဦးမွာလား

ရွန္းထင္႐ႊမ္း။ အမ်ားဆုံး ဆယ္ခုေလာက္ပါပဲ  တိုက္ရိုက္ထုတ္လႊင့္မႈရွိ မဲေဖာက္မႈမ်ားက သာမန္ပင္ျဖစ္သည္။ ထို႔ေၾကာင့္ သာမန္အားျဖင့္ မဲေဖာက္ေပးရန္ လူဆယ္ေယာက္က အေကာင္းဆုံးျဖစ္သည္။

ထိုအရာကို ၾကားၿပီး ေလာင္တုႏွင့္ ေရွာင္ဖုန္းက သက္သာရာရစြာ သက္ျပင္းတစ္ခ်က္ ခ်လိဳက္ၾကသည္။ ေနာက္တစ္ခါ အမွာတစ္ေသာင္းဆိုပါက ယင္းက အလြန္ ေၾကာက္စရာေကာင္းေပလိမ့္မည္။

ရွန္းထင္႐ႊမ္းက စူပါေမာသို႔ ပစၥည္းမ်ား လႊဲေပးလိုက္ၿပီး မက္မြန္သီးမ်ားကို ခူးရန္ သြားလိုက္သည္။ ၎တို႔ကို ေလာင္တုအား ေပးလိုက္ၿပီးေနာက္ ေရွာင္ဖုန္းက ထိုေနရာတြင္ ရွိေနဆဲျဖစ္ေၾကာင္း သူမက ေတြ႕လိုက္ရသည္။

ေလာင္တုက သူ၏ ျပင္ပတာဝန္ခံကို ျပန္သည့္လမ္းတြင္ အစီရင္ခံလိုက္ၿပီး ဤဌာနခြဲ၏ တာဝန္ခံကလည္း အမွာတစ္ေသာင္းအတြက္ အကူအညီေတာင္းရန္ အလုပ္ရႈပ္ေနခဲ့သည္။

ရွန္းထင္႐ႊမ္း။ ဘာကိစၥရွိလို႔လဲ

ေရွာင္ဖုန္းက ရွန္းထင္႐ႊမ္း အဆင္ေျပေနပုံရသည္ကို ျမင္လိုက္ၿပီး ေျပာလိုက္သည္။ မင္း Weibo က ပို႔စ္ေတြ ဖတ္ၿပီးၿပီလား

ရွန္းထင္႐ႊမ္း။ ဟင့္အင္း  ေန႕စဥ္ တာဝန္ၿပီးေျမာက္ရန္ သူမက တိုက္ရိုက္ထုတ္လႊင့္မႈကို ထုတ္လႊင့္ျခင္း၊ ၾကည့္ရႈျခင္းတို႔ျဖင့္ အလုပ္ရႈပ္ေနခဲ့သည္။ Weibo အတြက္မူ သူမက ၎ကို ၾကည့္ရန္ တကယ္ပဲ အခ်ိန္မရွိခဲ့ေပ။

ေရွာင္ဖုန္းက ရွန္းထင္႐ႊမ္းကို Weibo ေပၚရွိ အရာမ်ားကို အတိုခ်ဳပ္ၿပီး ရွင္းျပလိုက္သည္ အင္တာနက္အသုံးျပဳသူမ်ားက သူမကို ဆိုး႐ြားစြာ ဆူပူေနသည့္အေၾကာင္းအရာကိုေတာ့ တမင္သက္သက္ ခ်န္ထားခဲ့လိုက္သည္။

ရွန္းထင္႐ႊမ္းက အနည္းငယ္ ဆြံ႕အသြားခဲ့သည္။ ငါက သူတို႔အခ်က္အလက္ေတြနဲ႕ ဘာလုပ္ရမွာလဲ

မင္းရဲ႕မဲေဖာက္ေပးတဲ့ နည္းလမ္းက အရမ္းထူးျခားေနလို႔ေလ

ရွန္းထင္႐ႊမ္းက ေရွာင္ဖုန္း၏ ပါဝင္ပတ္သက္မႈကို ၾကားလိုက္ၿပီး ၎အေၾကာင္းကို ဂ႐ုတစိုက္ ေတြးေတာလိုက္သည္။ သူမက တာဝန္ၿပီးေျမာက္ရန္အတြက္ ထိုကဲ့သို႔ လူအေျမာက္အမ်ားကို မဲေဖာက္ေပးျခင္းက မွားယြင္းသြားေပသည္။

ဒါဆို အေကာင္းဆုံးေျဖရွင္းနည္းက အြန္လိုင္းစတိုးဆိုင္ ဖြင့္ၿပီး အင္တာနက္အသုံးျပဳသူေတြကို သူတို႔ကိုယ္တိုင္ ဝယ္ခိုင္းရမွာလား

ဤအႀကံျပဳခ်က္က ယခင္က ေရွာင္ဖုန္း ေျပာျပခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ ရွန္းထင္႐ႊမ္းက ျငင္းပယ္ခဲ့သည္။ ယခု ၎က တကယ္ပဲ ေကာင္းမြန္သည့္ေ႐ြးခ်ယ္မႈတစ္ခု ျဖစ္ပုံရေပသည္။ စနစ္က လူမ်ား အသီးစားရန္ ဤကဲ့သို႔ပမာဏအတြက္ တာဝန္တစ္ခုကို မည္သည့္အခ်ိန္တြင္ ေနာက္တစ္ခါ ထုတ္ျပန္လိမ့္မည္မွန္း သူမမသိေပ။

ေရွာင္ဖုန္းက ေခါင္းညိတ္လိုက္သည္။

ရွန္းထင္႐ႊမ္းက စတင္ေတြးေတာလိုက္သည္။ သူက အြန္လိုင္းစတိုးဆိုင္တစ္ခု ဖြင့္မည္ဆိုပါက စနစ္က လူမ်ားကို ပိုၿပီးစားသုံးေစဖို႔ လိုအပ္လာခဲ့လွ်င္ သူမက ေန႕တိုင္းတြင္ အသီးမ်ား ပိုေရာင္းရေပလိမ့္မည္။ စနစ္က ထုတ္ျပန္လာသည့္ တာဝန္က ယေန႕လို အသီးပင္အမ်ိဳးမ်ိဳးကို စိုက္ပ်ိဳးျခင္းကဲ့သို႔ တူညီေနလွ်င္ သူမက မေရာင္းဘဲ သို႔မဟုတ္ အနည္းငယ္ပဲ ေရာင္းရေပလိမ့္မည္။

ေကာင္းၿပီ၊ ကြၽန္မ ဒီည အဲဒါကို ေလ့လာလိုက္မယ္

ေရွာင္ဖုန္းက အံ့အားသင့္သြားခဲ့သည္။ ရွန္းထင္႐ႊမ္းက အြန္လိုင္းစတိုးဆိုင္တစ္ခုဖြင့္ရန္ တြန႔္ဆုတ္ေနခဲ့ဖူးေသာ္လည္း ယေန႕ သူမက သိပ္မၾကာခင္ သေဘာတူလိုက္သည္လား။

ဒါဆို တစ္ႀကိမ္ကို ေရာင္းလို႔ရတဲ့ ပမာဏက ဘယ္ေလာက္လဲ

ရွန္းထင္႐ႊမ္းက သူမေခါင္းကို ခါလိုက္သည္။

ေသာင္းနဲ႕ခ်ီေရာင္းဖို႔ေတာ့ မျဖစ္နိုင္ဘူး  အေရအတြက္အတိအက်က စနစ္မွ ထုတ္ျပန္သည့္ တာဝန္မ်ားေပၚတြင္ မူတည္ေနေပသည္။

ေရွာင္ဖုန္းက နားလည္ေပသည္။ ရွန္းထင္႐ႊမ္းက သူမ၏ခံစားခ်က္ေပၚတြင္ မူတည္ၿပီး ေရာင္းခ်ေပသည္။

ငါ ေနာက္က်မွ မင္းကို စတိုးဆိုင္ဖြင့္တဲ့ လမ္းၫႊန္ေရးေပးမယ္၊ မင္း အဲဒီလမ္းၫႊန္ခ်က္အတိုင္း အြန္လိုင္းစတိုးဆိုင္တစ္ခု ဖြင့္လို႔ရတယ္  ေရွာင္ဖုန္းလည္း ဓာတ္ပုံေရာင္းခဲ့တုန္းက အြန္လိုင္းစတိုးဆိုင္တစ္ခု ဖြင့္ခဲ့ေပသည္။ ၎က ယခုထိ ဖြင့္ထားဆဲျဖစ္သည္။ သူက ဓာတ္ပုံဆရာအလုပ္တခ်ိဳ႕ကိုလည္း တစ္ခါတစ္ရံ ရရွိခဲ့ေၾကာင္း သတိရသြားခဲ့သည္။ 

ရွန္းထင္႐ႊမ္းက အိုေခဟု လက္ဟန္လုပ္ျပလိုက္သည္။

ရွန္းထင္႐ႊမ္းက တာဝန္ၿပီးေျမာက္ရန္ အလ်င္လိုေနေသာေၾကာင့္ ေရွာင္ဖုန္းႏွင့္ ေျပာၿပီးသည္ႏွင့္ ေတာင္ေပၚသို႔ ျပန္သြားခဲ့သည္။

    ...

ေရွာင္ဖုန္းကလည္း ရွင္းယြမ္ရွန္မွ ျပန္လွည့္လာခဲ့သည္။ သူက လြန္ခဲ့သည့္ညက အင္တာနက္အသုံးျပဳသူမ်ားႏွင့္ စကားမ်ားခဲ့စဥ္က သူ႕စိတ္ထဲတြင္ ခိုင္မာသည့္ အႀကံတစ္ခုေတာင္ ရွိေနခဲ့သည္။

ယေန႕ သူက ရွန္းထင္႐ႊမ္းႏွင့္ စကားေျပာၿပီးေနာက္ ေရွာင္ဖုန္းက ယင္းအႀကံကို ပိုေသခ်ာသြားခဲ့ၿပီး သူက ရွင္းယြမ္ရွန္တြင္ ပို႔ေဆာင္ေရးဆိုင္တစ္ခု ဖြင့္ရန္ ဆုံးျဖတ္လိုက္သည္။

ရွန္းထင္႐ႊမ္းက အြန္လိုင္းစတိုးဆိုင္တစ္ခုဖြင့္ခ်င္ခဲ့ေသာေၾကာင့္ ၎ကို ပို႔ေဆာင္ရမည္ ျဖစ္သည္။ သူမက ဘာမွမေရာင္းရသည့္ေန႕တြင္ ေရွာင္ဖုန္းက ႐ြာသားမ်ားကို သူတို႔၏ထုပ္ပိုးမႈမ်ားျဖင့္ ကူညီရေပလိမ့္မည္။ သူမ ေရာင္းရသည့္ေန႕တြင္ သူက ရွန္းထင္႐ႊမ္းအတြက္ အသီးမ်ားကို ပို႔ေဆာင္ေပးမည္ျဖစ္သည္။ အရမ္းမ်ားလြန္းလွ်င္ ႐ြာသားမ်ားထဲမွ အကူမ်ားကို စုေဆာင္းနိုင္ေပသည္။

မည္သို႔ပင္ဆိုေစကာမူ ပို႔ေဆာင္ေရးလုပ္ငန္းက သူ၏ အဓိက လုပ္ငန္းမဟုတ္ေခ်။

ဤအေၾကာင္းကို ေတြးေနရင္း ေရွာင္ဖုန္းက သူ႕အိပ္ခန္းထဲသို႔ ေလွ်ာက္သြားလိုက္ၿပီး အြန္လိုင္းစတိုးဆိုင္တစ္ခုဖြင့္ျခင္း၏ လုပ္ငန္းစဥ္ကို အရင္ဆုံံး ခ်ေရးလိုက္ကာ စာဖိုင္တစ္ခုတင္လိုက္ၿပီး ရွန္းထင္႐ႊမ္းဆီသို႔ ပို႔လိုက္သည္။

ၿပီးေနာက္ ေရွာင္ဖုန္းက ထလိုက္ၿပီး ၿမိဳ႕ေတာ္ Bသို႔ ကားေမာင္းသြားခဲ့ကာ ပို႔ေဆာင္ေရးလုပ္ပိုင္ခြင့္တစ္ခုကို ခ်ိတ္ဆက္ရန္ ရွာေဖြလိုက္သည္။

   

ရွန္းထင္႐ႊမ္းက ေတာင္ေပၚရွိ အသီးမ်ားအေၾကာင္း စဥ္းစားရင္း ေတာင္ေပၚသို႔ တက္လာခဲ့သည္။ လက္ရွိတြင္ ရွင္းယြမ္ရွန္မွ အသီးမ်ားက ဆီးသီး၊ မက္မြန္သီး၊ ဖရဲသီးမ်ားႏွင့္ ဩဂုတ္လဖရဲသီးမ်ားမွလြဲ၍ တျခား အမ်ိဳးအစားမရွိေပ။

အမွန္ေတာ့ သူမက တျခားအသီးမ်ားကို စိုက္ပ်ိဳးခဲ့သည္။ သို႔ေသာ္ စနစ္က ၎တို႔ကို ထည့္မတြက္ခဲ့ေခ်။ တာဝန္မွေပးသည့္ စကားလုံးက ထုတ္ကုန္ ျဖစ္ၿပီး ဆိုလိုသည္မွာ အထြက္တိုးၿပီးသား အသီးမ်ားကို ေအာင္ျမင္စြာ ထုတ္လုပ္ျခင္းဟု စဥ္းစားနိုင္ေပသည္။

ရွန္းထင္႐ႊမ္းက ေတာင္ေပၚတြင္ စိုက္ပ်ိဳးေသာအခါ မတူညီသည့္ မ်ိဳးေစ့ေပါင္းမ်ားစြာကို စိုက္ပ်ိဳးခဲ့သည္။ သို႔ေသာ္ သူမက ေရေလာင္းရန္ ဝိညာဥ္စြမ္းအင္ကို ေ႐ြးခ်ယ္ၿပီး အသုံးျပဳခဲ့သည္။

ရွန္းထင္႐ႊမ္းက အသီးမ်ိဳးေစ့အေျမာက္အမ်ားကို ႀကဲထားခဲ့သည္။

သူမက အရင္ဆုံး ၿခံဝင္းအျပင္ဘက္သို႔ သြားလိုက္သည္။ ဤေနရာတြင္ သူမက စပ်စ္သီးမ်ိဳးေစ့မ်ားကို ႀကဲလိုက္သည္။ ထိုအခ်ိန္၌ သူမက မ်ိဳးေစ့မ်ားေဘးတြင္ ရိုးရွင္းသည့္ စင္တစ္ခုကို ေဆာက္ရန္ သစ္သားကို အသုံံးျပဳလိုက္သည္။

သူမက ယခု ဝိညာဥ္စြမ္းအင္ကို ေလာင္းထည့္ခ်င္ေသာေၾကာင့္ ရွန္းထင္႐ႊမ္းက စင္ကို ယခင္ကထက္ ပိုႀကီးလာေအာင္ ႀကိမ္ေပါင္းမ်ားစြာ ထပ္ခ်ဲ့လိုက္သည္။

သူမက စပ်စ္ပင္ေပါက္မ်ားကို ဝိညာဥ္စြမ္းအင္ျဖင့္ စတင္ေရေလာင္းလိုက္သည္။

ေျမဆီလႊာထဲရွိ အပင္ေပါက္မ်ားက စင္ေအာက္ေျခမွ စတင္တြယ္တက္လာခဲ့ၿပီး ခဏၾကာၿပီးေနာက္ စင္တစ္ခုလုံးကို စပ်စ္ႏြယ္မ်ားျဖင့္ ဖုံးလႊမ္းသြားခဲ့သည္။

အစိမ္းေရာင္အသီးမ်ားက ၎တို႔ေပၚတြင္ စတင္သီးလာခဲ့ၿပီး ဤအသီးမ်ားက တျဖည္းျဖည္း ႀကီးထြားလာခဲ့သည္။ တစ္စုံတစ္ေယာက္က စပ်စ္သီးရင့္မွည့္သည့္ ျဖစ္စဥ္ကို အရွိန္ျမႇင့္တင္လိုက္သကဲ့သို႔ အေရာင္က အစိမ္းေရာင္မွ ခရမ္းေရာင္အျဖစ္သို႔ ေျပာင္းလဲသြားခဲ့သည္။

အသီးမ်ား ထြက္လာၿပီးေနာက္ ရွန္းထင္႐ႊမ္းက ၎တို႔ကို ေရဆက္မေလာင္းေတာ့ေပ။

ဤအခ်ိန္တြင္ တာဝန္က တစ္ဝက္ၿပီးေျမာက္သြားၿပီျဖစ္ၿပီး ဝိညာဥ္စြမ္းအင္၏ ၃၀% ကို သုံးစြဲခဲ့ၿပီးျဖစ္သည္။

ယင္းက ယခင္ကထက္ ဝိညာဥ္စြမ္းအင္ ပိုမ်ားေသာ္လည္း ရွန္းထင္႐ႊမ္းက ဤစပ်စ္ပ်ိဳးပင္ေပါက္အားလုံးကို ေရေလာင္းလိုက္သည္။

ရွန္းထင္႐ႊမ္းက ေတာင္အေနာက္ဘက္တြင္ ေပါင္းပင္မ်ား ရွင္းလင္းေနစဥ္ သူမ ေတြ႕ခဲ့ဖူးသည့္ ပ်ိဳးပင္ေပါက္ေလးရွိသည့္ေနရာသို႔ေျပးသြားလိုက္သည္။

ယင္းက မြန္ဂိုလီးယား ဘယ္ရီသီးပ်ိဳးပင္တစ္ပင္ ျဖစ္သည္။

မြန္ဂိုလီးယားဘယ္ရီသီးက အရိုင္းသီးတစ္မ်ိဳးျဖစ္ၿပီး စပ်စ္မ်ိဳးႏြယ္ေလာက္ မႀကီးေသာေၾကာင့္ စပ်စ္အေသးဟုလည္း ေခၚေပသည္။

ရွန္းထင္႐ႊမ္းက ဝိညာဥ္စြမ္းအင္ျဖင့္ ေရေလာင္းလိုက္သည္။ မြန္ဂိုလီးယား ဘယ္ရီသီးပင္ေပါက္ေလးက ေသးငယ္သည့္ အပင္ေလးမွ တျဖည္းျဖည္း ႀကီးထြားလာသည္ကို သူမက ျမင္လိုက္ရသည္။ ထို႔ေနာက္ အနီေရာင္အသီးမ်ားျဖင့္ အ႐ြယ္ေရာက္သည့္အပင္တစ္ပင္ ျဖစ္လာခဲ့သည္။

မြန္ဂိုလီးယားဘယ္ရီသီး၏ အေရာင္က စပ်စ္သီးမ်ားႏွင့္ ကြဲျပားေပသည္။ မြန္ဂိုလီးယားဘယ္ရီသီးက အနီေရာင္ျဖစ္ၿပီး ခ်ိဳခ်ဥ္အရသာျဖင့္ အနည္းငယ္ေဆးဖက္ဝင္ေပသည္။ သာမန္လူမ်ားက ဤအသီးမ်ိဳးကို အသုံးမျပဳၾကေခ်။

သို႔ေသာ္ တစ္ခါအသုံးျပဳၿပီးသည္ႏွင့္ ၎ကို အလြန္ႀကိဳက္ႏွစ္သက္သြားေပလိမ့္မည္။ ယင္းက ခ႐ုေခါက္ဆြဲႏွင့္ တူညီေပသည္။

ဤအသီးႏွစ္မ်ိဳးကို ေရေလာင္းၿပီးေနာက္ ရွန္းထင္႐ႊမ္းက သူမ၏ ဝိညာဥ္စြမ္းအင္တစ္ဝက္ကို သုံးစြဲခဲ့ၿပီးျဖစ္သည္။

တာဝန္ၿပီးေျမာက္ရန္အတြက္ ရွန္းထင္႐ႊမ္းက တျခားအသီးေလးမ်ိဳးအေၾကာင္း ေတြးေနခဲ့သည္။ သူမက ကီဝီ၊ ေတာၾကက္ေမာက္သီး၊ သခြားေမႊးႏွင့္ တ႐ုတ္ဘယ္ရီပင္မ်ားကို ေရေလာင္းခဲ့သည္။

သို႔ေသာ္လည္း ကီဝီႏွင့္ ေတာၾကက္ေမာက္သီးပင္ကို ေရေလာင္းခဲ့ၿပီးေနာက္ ရွန္းထင္႐ႊမ္း၏ ဝိညာဥ္စြမ္းအင္က ယာယီကုန္ခမ္းသြားခဲ့သည္။

သူမက ေတာင္ေပၚသို႔ ျပန္သြားခဲ့ၿပီး မ်ိဳးေစ့မ်ားကို စိုက္ပ်ိဳးရန္ ေျမႀကီးကို ထယ္ထိုးလိုက္ကာ သခြားေမႊးႏွင့္ တ႐ုတ္ဘယ္ရီပင္မ်ားကို ေရသြားမေလာင္းခင္ ဝိညာဥ္စြမ္းအင္မ်ား ျပည့္သြားသည့္တိုင္ ေစာင့္ေနခဲ့သည္။

အနီရင့္ေရာင္ တ႐ုတ္ဘယ္ရီသီးမ်ားက ႀကီးထြားလာေသာအခါ စနစ္၏ထုတ္ျပန္သံက ထြက္ေပၚလာခဲ့သည္။

၁၈ ခုေျမာက္ မစ္ရွင္ကို ၿပီးေျမာက္သည့္အတြက္ ဂုဏ္ယူပါတယ္၊ ဆုတစ္ခုရရွိပါသည္၊ ဝိညာဥ္ေသြးေၾကာမ်ား၏ ၁၈% ကို ျပန္လည္ရရွိပါသည္

    ...

  သုံးစြဲထားခဲ့သည့္ ဝိညာဥ္စြမ္းအင္မ်ားက ခဏအတြင္း ျပန္လည္ျပည့္သြားခဲ့သည္။ တစ္ႀကိမ္စီတြင္ ဝိညာဥ္စြမ္းအင္ ၁% သာ ျပန္လည္ရရွိခဲ့ေသာ္လည္း သူမခႏၶာကိုယ္ရွိ ေျပာင္းလဲမႈမ်ားက သိသာထင္ရွားေပသည္။

ယခု ဝိညာဥ္စြမ္းအင္ ၁၈% ျဖင့္ ရွန္းထင္႐ႊမ္းက အလြန္ေပါ့ပါးေနသလို ခံစားေနရေပသည္။

ရွန္းထင္႐ႊမ္းက ဖုန္းေပၚရွိ အခ်ိန္ကို တစ္ခ်က္ၾကည့္လိုက္ရာ ညေန ၅နာရီ ၁၀မိနစ္ခန႔္ ရွိၿပီျဖစ္သည္။

သူမက တိုက္ရိုက္ထုတ္လႊင့္မႈကို ဖြင့္လိုက္ၿပီး လင့္ခ္ကို မွ်ေဝလိုက္သည္။

လူမ်ားစြာက မၾကာမီ တိုက္ရိုက္ထုတ္လႊင့္မႈအခန္းထဲသို႔ ေရာက္လာခဲ့ၾကသည္။

ရွန္းထင္႐ႊမ္းက သူတို႔ကို ႏႈတ္ဆက္လိုက္ၿပီး တ႐ုတ္ဘယ္ရီသီးတစ္လုံးကို ခူးလိုက္သည္။

ဒါက ဒီေန႕ရဲ႕ အသီးပါ၊ တ႐ုတ္ဘယ္ရီသီးပါ

ရွန္းထင္႐ႊမ္းက လက္ႏွစ္ဖက္ေပၚတြင္ ဘယ္ရီသီးအား ထည့္ထားသည္ကို ဖုန္းမ်က္ႏွာျပင္ကို ျဖတ္၍ ျမင္နိုင္ေပသည္။ ယင္းက ပင္ေပါင္ေဘာလုံးတစ္လုံး၏ အ႐ြယ္အစားနီးပါး ရွိေပသည္။

[ဒီဘယ္ရီသီးက အရမ္းႀကီးတာပဲ။]

[အေရာင္ကလည္း အရမ္းေကာင္းတယ္။ ငါ အရမ္းစားခ်င္ေနၿပီ။]

[ငါေရာပဲ။]

[အားးးးးးး။ ငါ့သြားရည္ေတြ က်ေနၿပီ။]

    ......

ရွန္းထင္႐ႊမ္းက တစ္ကိုက္ကိုက္လိုက္သည္။ အရသာက ခ်ိဳၿပီး အနည္းငယ္ ခ်ဥ္ကာ အလြန္လတ္ဆတ္ေပသည္။

မ်ားစြာေသာ အင္တာနက္ အသုံးျပဳသူမ်ားက ေအာက္တြင္ မွတ္ခ်က္မ်ားေရးလာၾကသည္။

[တ႐ုတ္ဘယ္ရီသီးေတြက ေရငတ္ေျပတယ္လို႔ေျပာၾကတယ္။ ငါ အခု ေရအရမ္းငတ္ေနတာ။ ငါ့ကို ကယ္ဖို႔ ဘယ္ရီသီးတစ္လုံး အရမ္းလိုအပ္ေနၿပီ။]

[ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးက ေျပာတယ္။ ဘာလို႔ ငါ့ကို ဒါေတြ ၾကည့္ခြင့္ျပဳေနတာလဲတဲ့။]

[စကားေျပာေနတာ ရပ္လိုက္ၾက။ ငါ ခုပဲ မိန္ထြမ္ကေန တ႐ုတ္ဘယ္ရီသီး ႏွစ္ကတ္တီ မွာခဲ့တာ။]  (TN: မိန္ထြမ္သည္ ေဖ်ာ္ေျဖေရး၊ စားေသာက္ကုန္၊ ပို႔ေဆာင္ေရး၊ ခရီးသြားျခင္းႏွင့္ တျခားဝန္ေဆာင္မႈမ်ားပါဝင္သည့္ ေဒသတြင္းလူသုံးကုန္မ်ားႏွင့္ လက္လီေရာင္းခ်ျခင္း ဝန္ေဆာင္မႈမ်ားအတြက္ ေစ်းဝယ္ပလက္ေဖာင္းတစ္ခု ျဖစ္သည္။)

[အစ္မေလး။ ရွင္ ေစ်းဆိုင္တစ္ခုဖြင့္ဖို႔ တကယ္ပဲ မစဥ္းစားေသးဘူးလား။ ကြၽန္မ အသီးေတြ ဝယ္မွာပါ။]

    ...

ဒါေပါ့။ တစ္ေယာက္ေယာက္ကေတာ့ ယေန႕မွတ္ခ်က္မ်ားကို  ေဝဖန္ေနဆဲပင္။

[မေမ့ၾကနဲ႕ေနာ္။ ဒီဘေလာ့ဂါက လူလိမ္တစ္ေယာက္ပဲ။]

[ဒီဘေလာ့ဂါက ကိုယ္ေရးအခ်က္အလက္ေတြ စုေဆာင္းၿပီး ေရာင္းစားေနတာ။]

    ...

ရွန္းထင္႐ႊမ္းက တ႐ုတ္ဘယ္ရီသီးတစ္လုံးကို စားၿပီးသြားၿပီး ေနာက္ထပ္အသီး အလုံးႏွစ္ဆယ္ကို ခူးလိုက္သည္။

သူမက ၿခံဝင္းဆီသို႔ လမ္းေလွ်ာက္လာရင္း ေျပာလိုက္သည္။

"ငါ ဒီေန႕ လူတိုင္းအတြက္ ဟင္းတစ္ပြဲခ်က္ေပးမယ္ "

ၿခံဝင္းထဲသို႔ လမ္းေလွ်ာက္လာခဲ့သည္။ အင္တာနက္အသုံးျပဳသူမ်ားက ရွန္းထင္႐ႊမ္း၏ အိမ္ကို ပထမဆုံးအႀကိမ္ ျမင္ဖူးျခင္း ျဖစ္ေပသည္။

[ၿခံဝင္းက အက်ယ္ႀကီးပဲ။]

[ၿခံထဲက ဥယ်ာဥ္ကို ၾကည့္ၿပီး ငါအရမ္းသေဘာက်ေနၿပီ။]

[ငါ အနီးကပ္ၾကည့္လိုက္တာ။ လက္စသတ္ေတာ့ အဲဒါေတြက ပန္းေတြမဟုတ္ဘဲ ဟင္းသီးဟင္း႐ြက္ေတြ ျဖစ္ေနတာလား။]

[မဟုတ္ေလာက္ပါဘူး။]

[ဟားဟားဟား။ ငါ့အစ္မေလးက ေကာင္းမြန္တဲ့ ဘဝမွာ ေနေနတာပဲ။]

    ...

အင္တာနက္အသုံးျပဳသူတစ္ေယာက္ ေျပာလိုက္သည့္စကားကို အတည္ျပဳလိုက္သကဲ့သို႔ ရွန္းထင္႐ႊမ္းက ၾကက္သြန္ၿမိတ္မ်ားကို လက္အျပည့္ေကာက္လိုက္ၿပီး ခ်င္းတခ်ိဳ႕ကို တူးလိုက္သည္။

[ဒီခ်င္းေတြက အရမ္းႀကီးတာပဲ။]

[တကယ္ေတာ့ အစ္မေလးက အပင္စိုက္တာေတြအကုန္လုံးမွာ ေတာ္ေနတာပဲ။]

[ေက်ာင္းက အလုပ္အတန္းက ငါတို႔ကို ၾကက္သြန္ၿမိတ္ေတြ စိုက္ခိုင္းတာ။ ဒါေပမဲ့ ကိုယ့္လူတို႔ေရ ငါစိုက္တာ အကုန္ေသကုန္တာပဲဟ။ အဲဒီကစၿပီး ငါၾကက္သြန္ၿမိတ္ကို မႀကိဳက္ေတာ့တာပဲ။]

    ...

ရွန္းထင္႐ႊမ္းက ဖုန္းထားရန္ ေနရာတစ္ခုကို ရွာလိုက္ၿပီး ဝက္လက္မ်ားကို ခ်က္ျပဳတ္ရန္ စတင္လိုက္သည္။

သူမက ဝက္လက္မ်ားကို မေန႕က ဝယ္ခဲ့ျခင္းျဖစ္သည္။ မူလက ၎ကို ဝိုင္နီေရာက္ၿပီးမွ စားခ်င္ခဲ့သည္။

သို႔ေသာ္ မနက္ပိုင္းတြင္ တာဝန္ကို လက္ခံၿပီးေနာက္ ရွန္းထင္႐ႊမ္းက ဝက္လက္မ်ားကို ယေန႕ စားရန္ စီစဥ္လိုက္သည္။ ထို႔ေၾကာင့္ သူမက မနက္ေစာေစာကတည္းက ဝက္လက္မ်ားကို ေရထဲတြင္ စိမ္ထားခဲ့သည္။

ၾကက္သြန္ၿမိတ္ႏွင့္ ခ်င္းမ်ားကို ေဆးေၾကာၿပီးေနာက္ ၾကက္သြန္ၿမိတ္မ်ားကို လွီးျဖတ္လိုက္ကာ ခ်င္းမ်ားကို ပါးပါးလွီးလိုက္ၿပီး ေဘးတြင္ ခ်ထားလိုက္သည္။

ဝက္လက္မ်ားကို ေဆးေၾကာၿပီးေနာက္ အိုးတစ္အိုးထဲတြင္ ထည့္လိုက္သည္။ ရွန္းထင္႐ႊမ္းက ေရတခ်ိဳ႕ခပ္ထည့္လိုက္ၿပီး ဝက္လက္မ်ားကို ေရျမဳပ္မျမဳပ္ ေသခ်ာေအာင္ လုပ္လိုက္သည္။

သူမက မျဖတ္ရေသးသည့္ တခ်ိဳ႕ ၾကက္သြန္ၿမိတ္မ်ားကို လုံးေခ်လိဳက္ၿပီး လွီးျဖတ္ထားသည့္ ခ်င္းမ်ားႏွင့္အတူ အိုးထဲသို႔ ထည့္လိုက္သည္။ ေနာက္ဆုံးတြင္ ဟင္းခ်က္ဝိုင္တခ်ိဳ႕ကို ေလာင္းထည့္လိုက္သည္။

    -----

စာေရးသူမွာ ေျပာစရာ ရွိေနပါတယ္။

အားခ်ီ။ မင္း အံ့ဩသြားလား။ တာဝန္က ထပ္ေျပာင္းသြားျပန္ၿပီ။

စနစ္။ မင္း ဘာလို႔ ငါ့လမ္းေၾကာင္းကို ခိုးေနတာလဲ။

...

Продовжити читання

Вам також сподобається

383K 9.4K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1M 11.3K 101
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
294K 10.6K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
218K 33.1K 83
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest