(Unicode)
လူစုံနေကျထမင်းဝိုင်းလေးမှာ တိတ်ဆိတ်စွာ၊ထမင်းဝိုင်းပြင်နေတဲ့ ဒေါ်အေးသွယ်နဲ့မေမိုးကလွဲရင် သားနှစ်ယောက်လုံးထိုထမင်းဝိုင်းလေးသို့ရောက်မလာသေး။
မနက်ထမင်းကြမ်းစားချိန်ဆိုလျှင် ဦးစွာရောက်နေတက်တဲ့လင်းခေးနဲ့ပင်တိုင်တို့ကို မမြင်တာကြောင့် ဦးမိုးဝေထမင်းစားနိုင်သေးဘဲ အိမ်အပြင်ထွက်ကြည့်လိုက် အိမ်နောက်ဘေးကြည့်လိုက်နဲ့ဘဲအလုပ်ရှုပ်နေခဲ့၏။
"ရှာမနေနဲ့ ကိုကြီးသားတွေမနိုးသေးဘူး"
အခြေအနေရိပ်မိပုံထောက်တဲ့ဒေါ်အေးသွယ်က မီးဖိုထဲကလှမ်းအော်မှဦးမိုးဝေလည်း ဆက်မရှာဘဲအိမ်ထဲသို့ပြန်ဝင်နိုင်သည်။
"ဒီကလေးတွေနေများမကောင်းကြဘူးလား"
"အမယ်လေး ကောင်းပါ့တော် ကောင်းပါ့၊ကိုကြီးသားတွေကအကောင်းလွန်နေတာသိရဲ့လား"
ဟင်းပန်းကန်ကိုစားပွဲပေါ်ချ၍ အားနဲ့မာန်နဲ့ပြောပြီးအိမ်အပေါ်သို့တက်သွားတဲ့ဒေါ်အေးသွယ်စကားကို ဦးမိုးဝေနားလည်ဟန်မမြင်၊သူမစကားကိုနားလည်တဲ့ မေးမိုးကတော့ထမင်းတွေခူးခတ်ပေးရင်းခပ်ပြုံးပြုံးနဲ့သာ။
"သမီး ညည်းမေမေလေးပြောတာသိလား"
"ဖေကြီးက ညကရွာထဲကနောက်ကျမှပြန်လာတော့ဘယ်သိမလဲ၊ညကလင်းခေးနဲ့ပင်တိုင် နောက်ကျမှပြန်လာလို့စိတ်ဆိုးနေတာလေ"
"ဟေ..."
"ဖေကြီးမမြင်လို့ သူတို့ကလဲသူတို့ဘဲ"
"အေး ဆက်ပြောစမ်းပါဦးသမီးရဲ့"
ဦးမိုးဝေပိုပြီးစိတ်ဝင်တစ်စားမေးလာတော့ ဆက်ပြောရမည့်မေမိုးလည်းပြောရမှာပိုပြီးတက်ကြွလာသလို။
"ဒီလိုဖေကြီးရဲ့ မနေ့ကပင်တိုင်နဲ့လင်းခေးထင်းခွေသွားတာလေ"
"အေးလေ"
"အဲ့ဒါပြန်လာတော့လည်းနောက်ကျသေး၊နောက်ပြီးထင်းခွေသွားတဲ့လူတွေက ထင်းဘယ်နှစ်ချောင်းပါခဲ့တယ်ထင်လဲ"
"ဘယ်နှစ်ချောင်းပါခဲ့လဲ"
"ဘယ်နှစ်ချောင်းမှပါမလာတဲ့အပြင် လင်းခေးကပင်တိုင့်ကိုကျောပိုးပြီးဘဲပြန်လာတယ်လေ၊သူတို့ကိုလည်းမြင်ကော မေမေလေးလဲတင်းပါလေရော"
"ဟားဟား တကယ့်ကောင်တွေ"
ဇနီးနဲ့ကလေးတွေရဲ့အကြောင်းက မနက်ခင်းကိုပိုပြီးပြည့်စုံစေခဲ့သည်ဘဲဆိုရလေမလား၊အပြုံးတွေရယ်မောမှုတွေနဲ့ နိုးထဆက်သွားရမည့်တနေ့တာဟာ ဦးမိုးဝေအဖို့တစ်နေ့လုံးအားတက်စေရော့မည်။
လင်းကြက်တွန်သည့်အချိန်မှစ၍ နေရဲ့အလင်းရောင်ဖျာကျလာသည်အထိ အိပ်ရာမှမထနိုင်ဘဲ သူ့အားချိတ်တွယ်ဖက်ထားလေတဲ့လက်သေးသေးလေးနဲ ခြေထောက်လေးအား ပင်တိုင်နိုးသွားမည်ဆိုး၍လင်းခေးမဖယ်ရက်ပါ။
သူ့ခါးအားခြေထောက်ကလေးဖြင့်ချိတ်ထားပြီး လက်များကလည်းသူ့အားဖက်တွယ်ထားသည့်အပြင် ရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့ကလေးလေးကအပူအပင်ကင်းစွာအိပ်ပျော်နေလေသည်။ဤပုံနဲ့ မြို့မှာကျောင်းသွားတက်ရမည့်အရေး ဒီကလေးကိုအဘယ်သို့ပင်နှုတ်ဆက်စကားပြောနိုင်မည်နည်း။
"ဟင့်"
ညဥ်းသံတဲ့တဲ့လေးထွက်ပေါ်လာပြီး ရင်ခွင်ထဲခေါင်းလေးပိုတိုးဝင်လာတဲ့ကလေးလေးရဲ့နဖူးလေးက အသည်းယားဖွယ်အတိ။
နဖူးကျဥ်းကျဥ္းလေးအပေါ် ဖရိုဖရဲနဲ့ကျနေတဲ့ဆံပင်နုနုလေးတွေအား လင်းခေးငြင်သာစွာဖယ်၍ မြင်နေရတဲ့နဖူးပြင်လေးအားခပ်ဖွဖွနမ်းရှိုက်လိုက်၏။အိပ်မောကျနေတဲ့ကလေးလေးကတော့ ခပ်ဖွဖွအနမ်းလေးနဲ့နိုးသွားမည်မထင်ပါ။
ဒေါက်.....ဒေါက်.......
"ကလေးတွေမထကြသေးဘူးလား"
ပင်တိုင်နိုးသွားမည်ကိုစိုးရိမ်စိတ်ကြောင့် လင်းခေးခပ်ဖွဖွနမ်းလိုက်သော်ငြား ကျယ်လောင်စွာထွက်ပေါ်လာတဲ့တံခါးခေါက်သံနှင့်အတူ ဒေါ်အေးသွယ်ရဲ့အော်နှိုးသံကတော့ ပင်တိုင့်ကိုနိုးသွားစေခဲ့ပြီ။
မျက်လုံးလေးပွတ်ကာ ရင်ခွင်ထဲကအတင်းကုန်းရုန်းထနေတဲ့ကလေးကထနေပြီမို့ လင်းခေးလည်းမထလို့မဖြစ်တော့ပေ။
ကမူးကတူးနဲ့ထပြီး တံခါးဆီသွားဖို့ပြင်နေတဲ့ပင်တိုင့်ကိုကောက်ချီလိုက်တာကြောင့် မျက်လုံးလေးတွေအစ်မို့နေတဲ့ကလေးက သွားသေးသေးလေးတွေပေါ်သည်အထိပြုံးပြလာပုံက ဖြူစင်ပြီးချစ်စရာအတိ။
"လင်းခေး ပင်တိုင်"
"ထပါပြီမေမေလေးရဲ့"
ပြောပြောဆိုဆိုဖြင့်တံခါးပွင့်လာတော့ လင်းခေးတစ်ယောက်ပင်တိုင့်ကိုချီလျက်သားမို့ ဒေါ်အေးသွယ်သက်ပြင်းချလျက်သားဖြင့်.......
"ဟင်း ကြပ်ကြပ်အလိုလိုက်အဲ့ကောင်လေးကို၊မသိရင် ငါ့ကိုမိထွေးလို့ထင်နေတော့မှာဘဲ"
ခပ်ရွဲ့ရွဲ့ပြောပြီးအိမ်အောက်ဆင်းသွားတဲ့ ဒေါ်အေးသွယ်ကြောင့်ပင်တိုင့်နှုတ်ခမ်းလေးမဲ့သွားပေမဲ့ လင်းခေးကတော့ပင်တိုင်နဲ့ဒေါ်အေးသွယ်တို့သားအမိအဖြစ်ကိုကြည့်ကာ အချီမပျက်ဘဲပြုံးလျက်သားဖြင့်သာ အိမ်အောက်ဆင်းလာခဲ့၏။
"မျက်နှာမြန်မြန်သစ်ခဲ့ကြနော်"
ထမင်းဝိုင်းမှာထိုင်ကာ လှမ်းအော်နေတဲ့ဒေါ်အေးသွယ်ကို လင်းခေးနဲ့ပင်တိုင်တို့ပြိုင်တူခေါင်းငြိမ့်ပြလျက် မျက်နှာသစ်ရန်အုတ်ကန်ရှိရာသို့လာခဲ့သည်။
"ပင်တိုင် သွားသေချာတိုက်နော်"
"ပင်တိုင်သိပါတယ် ကိုကိုရဲ့"
လင်းခေးမျက်နှာသစ်ပြီးသည်နှင့် မပြီးသေး၊မျက်နှာမသစ်ရသေးတဲ့ပင်တိုင့်ကို သူကိုယ်တိုင်မျက်နှာသစ်ပေးရသေးသည်။ပြီးမှ နှစ်ယောက်သားထမင်းဝိုင်းသို့လာခဲ့၏။
"ပင်တိုင် လက်ကောသေချာဆေးလာလား"
"ဆေးလာဘူးလေ ပင်တိုင့်ကို ကိုကိုခွံ့ကျွေးမှာ၊ဟုတ်တယ်မို့လား ကိုကို"
အတိုင်အပေါက်ညီစွာခေါင်းငြိမ့်သဘောတူနေတဲ့ လင်းခေးကိုကြည့်ပြီး ဒေါ်အေးသွယ်ဘဲ ပင်တိုင့်ကိုလက်လျှော့လိုက်ရ၏။နှစ်ယောက်ပေါင်းမိရင် သူတို့သဘောရှိသလိုလုပ်နေကြတော့ ဒေါ်အေးသွယ်ငေါက်နေလဲအရာမှမထင်ဘဲ။
ပင်တိုင့်ကိုထမင်းခွံ့လိုက် သူစားလိုက်နဲ့အချိန်အတော်အတန်ကြာပြီးတဲ့နောက် မိသားစုထမင်းဝိုင်းလေးက ကိုယ်စီစားပြီးကြလေပြီ။စားပြီးသားပန်းကန်တွေကို မေမိုးဆေးကြောနေသလို ပင်တိုင်နဲ့လင်းခေးတို့လည်း ထမင်းဝိုင်းမှာရေနွေးဆက်သောက်နေခဲ့ကြ၏။
"ပင်တိုင် စားကောင်းလား"
"ဖေကြီး ပင်တိုင့်ဗိုက်ကိုနမ်းကြည်း"
"ဟေ"
ဗိုက်ကလေးပေါ်သည်အထိအင်္ကျီလေးမြှောက်လိုက်ရာ ထမင်းအတော်စားကောင်းပုံပေါ်သည့်ပင်တိုင့်ဗိုက်ကလေးမှာခပ်ပူပူ။
ပင်တိုင့်ဗိုက်ကလေးပူနေသလို လင်းခေးလည်းခေါင်းစပြီးပူစပြုလာသည့်သဖွယ်။အဘယ်ကြောင့်ဆိုသော် ပင်တိုင်လုပ်တော့မည့်ပုံကို သူကောင်းကောင်းသိနေသည်ကိုး။
သူ့ဗိုက်ကလေးကိုနမ်းဖို့ပြောကာ အင်္ကျီလေးတောင်လှန်နေသေးတဲ့ပင်တိုင့်ပုံကတမူတော့ထူးနေသည်ကို ဦးမိုးဝေသိသည်။သို့ပေမဲ့ ကလေးအလိုကျဗိုက်ပူပူလေးကို နမ်းလိုက်တော့ ပင်တိုင်သဘောအကျကြီးကျကာတခစ်ခစ်ရယ်တော့သည်။
"ခစ်ခစ် ပင်တိုင့်ဗိုက်ကလေးခွေးနမ်းသွားပြီ"
ဦးမိုးဝေအဖြစ်က မချိပြုံးပြုံး၍ရယ်ရမလိုလို ငိုရမလိုလိုပါ။ဒေါ်အေးသွယ်ကတော့ ငယ်ထိပ်မိုးကြိုးတက်ပစ်ခံလိုက်ရသည့်အလား ပူထူသွားကာရေနွေးပူပူတွေကိုပင်မမှုတ်မိတော့ဘဲ ယောင်ပြီးမြိုချမိသည့်အထိပင်။
"ပင်တိုင်"
"ဂျာ"
"သားကို အဲ့ဒါဘယ်သူသင်ပေးတာလဲ"
"ကိုကိုလေဖေကြီးရဲ့ မနေ့ကသင်ပေးတာ"
"ဟင်း ဟင်း လင်းခေးမြင့်မိုရ်..."
ဦးမိုးဝေသူ့နာမည်ကိုအကျယ်ကြီး ထအော်လိုက်ပြီးတဲ့နောက် လင်းခေးလည်းအခြေအနေမဟန်တာကြောင့် နောက်ကျသည့်ခြေထောက်သစ္စာဖောက်မဖြစ်ရလေအောင် ထမင်းဝိုင်းကအရင်ထပြေးတော့၏။
"ကလေးကိုဘာတွေသင်ပေးထားတာလဲ ဟမ်"
"ဖေကြီးလွန်မယ်နော် လွန်မယ်နော်"
ဦးမိုးဝေနီးစပ်ရာကြိမ်လုံးကိုဆွဲယူပြီး လင်းခေးအနောက်ကလိုက်ရိုက်နေပေမဲ့ အင်္ကျီလေးလှန်ကာမအူမလည်ဖြစ်နေတဲ့ ပင်တိုင်ကတော့သူတို့ကိုကြည့်ပြီး မျက်လုံးလေးကလည်ကလည်နဲ့သာ။
"မေမေ ဖေကြီးကကိုကို့ကိုဘာလို့လိုက်ရိုက်နေတာလဲဟင်၊ပင်တိုင်ပြောတာမှားလို့လား"
"ဟင်း လျှာအပူလောင်ရတဲ့ကြားထဲ နင်ကတစ်မျိုး၊နင်နဲ့လည်းငါဆံပင်တွေတစ်ခေါင်းလုံးပြောင်တော့မှာဘဲပင်တိုင်ရယ်"
ဦးမိုးဝေလိုက်ရိုက်နေသည်ကို နားမဘည်ပါဘူးဆိုကာမှ ဒေါ်အေးသွယ်ပြောတဲ့အရာက ပင်တိုင့်ကိုပိုပြီးရှုပ်ထွေးစေသည်။လူကြီးတွေရဲ့လုပ်ရပ်တွေနဲ့အပြောတွေမှာ ပင်တိုင်နားမလည်သည့်အချိန်ကခပ်များများ။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
ရွက်ဟောင်းကြွေပြီး အဖူးအငုံရွက်သစ်လေးများဝေစပြုနေတဲ့ အချိန်ဖြစ်တာကြောင့် ညနေခင်းအချိန်လယ်ကန်တင်းတွေအပေါ်ဖြတ်သန်းလမ်းလျှောက်ရသည့် ခံစားမှုကလေးတစ်မျိုးလေးပင်။
လက်သေးသေးလေးနဲ့ခန္ဓာကိုယ်သေးသေးလေးရှိတဲ့ကလေးလေးက သူ့ထက်အရပ်နှစ်ဆလောက်ရှိသည့်ကောင်လေးရဲ့လက်ကိုကိုင်ကာ လျှောက်လှမ်းလာသည့်ပုံရိပ်လေးဟာလည်း လမ်းတစ်လျှောက်အရိပ်ထင်လို့သာ။
လင်းခေးတို့ရွာလေးမှာ အလယ်တန်းအထိရွာအနီးအနားတစ်ဝိုက်မှ ကလေးသူငယ်များအပါအဝင် အလယ်တန်းအထိကျောင်းသားပေါများပေမဲ့ မြို့ကိုသွားတက်ရမည့်အထက်တန်းလောက်ဆိုလျှင် ကျောင်းသားရှားပြီဖြစ်သည်။
အထက်တန်းရောက်လျှင် အထက်တန်းတက်မည့်ကျောင်းသားအနည်းငယ်မျှသာရှိရာ မတူကွဲပြားတဲ့မြို့တွေမှာကိုယ်စီကျောင်းတက်ကြရာ လင်းခေးနဲ့တစ်မြို့ထဲကျောင်းတက်ရမည့်သူမှာ ဟိုဘက်ရွာကလင်းခေးသူငယ်ချင်းဖြစ်သူ နှင်းသဒ္ဒါတစ်ယောက်သာရှိသည်။
ယခုလည်းမြို့ကိုသွားမည့်အကြောင်းတိုင်ပင်ရန် မနက်ကထဲကပင်တိုင့်ကိုခေါ်ပြီးသွားလိုက်ရာ ညနေခင်းဘက်မှဘဲလင်းခေးတို့ပြန်လာဖြစ်၏။နှင်းသဒ္ဒါတို့အိမ်ကထွက်ကထဲက သူ့အားစကားမပြောတဲ့ကလေးလေးကတော့ သူမြို့ကိုသွားမည့်အကြောင်းသိပြီးသည့်ဟန်၊မျက်နှာလေးညိုှးကာ တိတ်ဆိတ်နေတယ်လေ။
ခါတိုင်း"ကိုကို"လို့ပါးစပ်ဖျားကမချတဲ့ ကလေးလေးတိတ်ဆိတ်နေလွန်းရင် လင်းခေးမနေတက်ပါ။ကိုယ့်ကိုယ်ကိုလည်းအပြစ်ရှိသလိုခံစားရသလို ဒီကလေးလေးကိုပြောဖို့စကားလည်းမနည်းရှာကြံနေရ၏။
"ကိုကို"
ပြောဖို့စကားရှာကြံနေတုန်း ပင်တိုင့်ဆီကထွက်ပေါ်လာတဲ့ခေါ်သံလေးကြောင့် လင်းခေးမျက်နှာမှာဝင်းခနဲပင်။
"ဗျာ"
"ကိုကိုကပင်တိုင့်ကိုချစ်တော့ဘူးလား"
"ဟင်"
ရှိုက်သံတဲ့တဲ့ကပ်ပါလျက် မျက်လုံးလေးတွေပွတ်နေတဲ့ပင်တိုင့်အမေးကြောင့် လင်းခေးရင်ထဲနင့်ခနဲသာ။ပြာယီးပြာယာဖြင့် မျက်လုံးလေးတွေပွတ်နေတဲ့ပင်တိုင့်ရှေ့ကို လင်းခေးထိုင်ချလိုက်ပြီ ပင်တိုင့်ကိုယ်လေးအား သူနဲ့မျက်နှာခြင်းဆိုင်ဖြစ်စေရန် ဆွဲလှည့်လိုက်တော့ ကလေးလေးကမျက်လုံးလေးတွေရဲနေပြီ။
"ချစ်တာပေါ့ ကိုကို့မှာပင်တိုင်ရယ် ဖေကြီးရယ်မေမေလေးရယ် မမမေမိုးရယ်ဘဲရှိတာကို"
"ဟင့် ကိုကိုကပင်တိုင်တို့ကိုထားခဲ့ပြီး ဟိုးအဝေးကြီးထွက်သွားတော့မှာလို့ မမနှင်း...မမနှင်းသဒ္ဒါ အဖေကပြောတယ်၊အဲ့ဒါ ဟုတ်တယ်မဟုတ်လား"
နှင်းသဒ္ဒါအဖေ ပင်တိုင့်ကိုစလိုက်ပြီထင်သည်။ခက်တာကစလိုက်ပြီလို့ပြောရအောင်လည်း တကယ်ဖြစ်နေတော့ခက်သား။
"အဲ့ဒါက အဲ့ဒါကကိုကိုသွားမှာတော့ဟုတ်တယ်...ဒါပေမဲ့...."
"ကိုကိုညာတယ် ကိုကိုကပင်တိုင့်ကိုမချစ်ပါဘူး အဟင့် ..ဟင့်၊ကိုကို့ကိုပင်တိုင်မုန်းတယ် ကိုကိုကလူညာကြီး..ပင်တိုင့်လက်ကိုမကိုင်နဲ့"
"နေဦးလေ ပင်တိုင်ရဲ့"
ငိုယိုပြီးဒေါသတကြီးပြောကာ လက်ကိုခါချပြီးပင်တိုင်သူ့ကိုတောင်မစောင့်တော့ဘဲ ဦးစွာထွက်ပြေးတော့၏။လင်းခေးအနောက်ကခပ်သွက်သွက်ပြေးလိုက်ပေမဲ့ အပြေးသန်တဲ့ကလေးလေးကသူ့ကိုကျောခိုင်းပြီးပြေးသွားသည်မှာ အနောက်ကိုတောင်တစ်ချက်ကလေးမှလှည့်မကြည့်သည်အထိသာ။
လင်းခေး ပင်တိုင့်အနောက်ကအမြန်လိုက်ခဲ့ပေမဲ့ အိမ်ကိုပြန်ရောက်သည်အထိပင်တိုင့်အရိပ်အယောင်ကိုမတွေ့ရချေ။တစ်အိမ်လုံးအနှံ့ပတ်ရှာနေပေမဲ့ ဘယ်နေရာမှမတွေ့သည့်အပြင် ဒေါ်အေးသွယ်နဲ့မေးမိုကိုမေးတော့လည်း မသိပုံအရ ပင်တိုင်အိမ်ကိုပြန်မလာဟန်တူသည်။
"ကိုကို့ကို ပုန်းနေလို့ရမယ်များထင်နေလားပင်တိုင်"
အိမ်မှာမှရှာမရရင် ဒီကလေးသူ့ကိုပုန်းနေတာ။
ပင်တိုင်ပုန်းနေသည့်တစ်ခုတည်းသောနေရာကို လင်းခေးအသိဆုံးမို့တစ်ခြားနေရာတွေပတ်ရှာမနေတော့ဘဲ ထိုနေရာကိုသာအရောက်လာခဲ့၏။
"ဦးညိုရေ ဦးညို"
"ဟေ့ ဘယ်သူလဲကွ"
ဦးညိုဆိုင်ရှေ့ကိုထကြည့်မည်ကြံသေး သူ့လက်အားပင်တိုင်ဆွဲကာတားနေတော့သည်။
"ကိုကိုရယ် ပင်တိုင့်ကိုမေးရင်မရှိဘူးပြောနော်"
ဦးညိုလဲသူတို့အကြောင်းအသိဆုံးမို့ 'မနိုင်ဘူး'ဆိုသည့်ပုံစံမျိုးဖြင့် ခေါင်းကိုသာရမ်းမိ၏။ထို့နောက်ပင်တိုင်စိတ်ကျေနပ်အောင် ခေါင်းငြိမ့်ပြပြီး ဆိုင်ရှေ့ထွက်ခဲ့တော့ လင်းခးသူ့အားပြုံးစိစိရုပ်ဖြင့်ကြည့်နေသည်။
ထိုအကြည့်ကိုဦးညိုကောင်းကောင်းသိသည် သူမပြောရင်တောင်ပင်တိုင်အထဲမှာရှိမှန်းသိသည့်လင်းခေးတစ်ယောက် ဆိုင်ထဲဝင်ခွင့်တောင်းနေတာဘဲဖြစ်၏။
သူပုန်းသည့်နေရာကို လင်းခေးသိမှာကြောက်ပေမဲ့ ပင်တိုင်ပုန်းတက်သည့်နေရာကလည်း ဦးညိုဆေးဆိုင်ဘဲရှိသည်။တစ်ခုခုဆို အပြေးရောက်လာတက်သည်ကလဲဦးညိုဆေးဆိုင်ဘဲ၊ဦးညိုကစာပေသမားပီပီ ပင်တိုင်ဝမ်းနည်းလို့ဘဲလာလာ ပျော်လို့ဘဲလာလာ ပုံပြင်လေးတွေနဲ့ဆုံးမလေ့ရှိတော့ ပင်တိုင့်အားကိုးရာက လင်းခေးမရှိလျှင်ဦးညိုဆေးဆိုင်လေးဘဲရှိသည်။
လင်းခေးမြင်မှာဆိုး၍ စာအုပ်စင်အနောက်ကာကုပ်ကုပ်လေးထိုင်ကာ ပါးစပ်လေးအုပ်ကာပင်တိုင်အသံတိတ်နေနေပေမဲ့လည်း.....
"ပင်တိုင်ရေလုံအောင်ပုန်း ကိုကိုလိုက်လို့ရှာ....ကိုကိုလိုက်လို့ရှာ" ဟု သံယောင်ပေး၍ဝင်လာတဲ့လင်ခေးသီချင်းကိုကြားသည်နှင့် ပင်တိုင်အလိုလိုသဘောကျကာရယ်တော့သည်။
"ခစ်ခစ်"
"ဝါး...မိပြီ"
"ကိုကိုကဘာလို့အမြဲတမ်းပင်တိုင့်ကိုတွေ့နေတာလည်း"
"ပင်တိုင်ကကော ဘာလို့ကိုကိုသိမဲ့နေရာတွေဘဲအမြဲပုန်းနေတာလည်း"
"ကိုကိုအမြဲပင်တိုင့်ကိုရှာတွေ့အောင်လို့ပေါ့"...ဆိုကာ မေးဖျားလေး ဒူးပေါ်တင်ပြီးငိုင်ကျသွားတဲ့ကလေးလေးက ပြောလာသည်။
ကိုကိုအမြဲရှာတွေ့အောင်တဲ့လား၊ကိုကိုမသိနိုင်မဲ့နေရာမှာပုန်းနေရင်တောင် ကိုကိုကမတွေ့တွေ့အောင်ရှာမှာ။
လင်းခေး ထိုင်နေတဲ့ပင်တိုင့်ကိုယ်လေးအား ခွင့်မတောင်းတော့ဘဲ ဆတ်ခနဲသာမချီလိုက်၏။ချီခံလိုက်ရတဲ့ကလေးလေးကတော့ သူ့အားစိတ်ဆိုးမပြေသေးသည့်ပုံ၊အကြည့်ပင်ချက်ချင်းလွှဲသွားခဲ့သည်။
"ဦးညို ကျွန်တော်တို့ပြန်ပြီနော်"
"အေးအေး နောက်တစ်ခါလာပုန်းရင် ဦးညိုဖို့မုန့်ဝယ်ခဲ့မှလာပုန်းခိုင်းမှာနော်ပင်တိုင်"
လင်းခေးကိုယ်ပေါ်က နေသည့်ပင်တိုင့်ပုံစံက နောင်တစ်ခါလာပုန်းဖို့အစီအစဥ်ရှိပုံ၊ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြနေသည်မှာ ပုတ်သင်ညိုလေးခေါင်းငြိမ့်နေသည့်အလားပင်။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
ရွာဓလေ့လို့ဘဲဆိုရလေမလား ညစာဆို၆နာရီလောက်စားတက်တော့ မေမိုးထမင်းစားပြီးနောက် လမ်းအနည်းငယ်လျှောက်၍ ည၈နာရီမထိုးခင်အိပ်ရာစောစောဝင်ရန်အခန်းရှိရာသို့လာခဲ့သည်။ညအိပ်ရာဝင်နောက်ကျသည့်ရက်တွေဆိုလျှင် မနက်၄နာရီထရန်ခဲယဥ္းတာကြောင့် ညဆိုအိပ်ရာစောစောဝင်တက်သည်မှာ သူမအပါအဝင်တောသူတောင်သားအများစုရဲ့ အလေ့အကျင့်ဘဲဖြစ်သည်။
မေမိုးအိပ်ရာဝင်ရန် အိပ်ရာခင်းနေခိုက်......
"မမ မမမိုး"
အခန်းအပြင်က ပင်တိုင့်ခေါ်သံကြောင့် ခြင်တောင်ထောင်လက်စကိုပင်ချခဲ့၍ အခန်းတံခါးဖွင့်ကြည့်လိုက်ရာ ခေါင်းအုံးလေးကိုပိုက်ထားတဲ့ကလေးလေးက သူမအခန်းရှေ့ှမှာခြေစုံရပ်နေလေသည်။
"ဟဲ့ မအိပ်သေးဘူးလားပင်တိုင်"
"ပင်တိုင် မမနဲ့အတူတူအိပ်လို့ရလား"
"လင်းခေးကော လင်းခေးငေါက်ထားလို့လား"
"ပင်တိုင်ကိုကိုနဲ့အတူတူမအိပ်ချင်ဘူး မမနဲ့ဘဲအိပ်မယ်နော်"
"ရှူးပေါက်မချရဘူးနော်"
"ပေါက်ပါဘူးမမရဲ့"
မပေါက်ချမှန်းသိပေမဲ့ ကလေးအရွယ်ဆိုပြန်တော့လည်း မေးမိုးသတိပေးရသေးသည်။နောက်မှ ခေါင်းအုံးလေးကိုင်ထားတဲ့ကလေးဖို့ ခြင်တောင်ထောင်ခဲ့ပြီး သူမဘုရားရှင်ခိုးရန် ဘုရားခန်းသို့ထွက်လာရသည်။
ခြင်တောင်ထောင်ပြီးကထဲက ဝင်အိပ်လေတဲ့ကလေးလေးကတော့ ခေါင်းအုံးနဲ့ခေါင်းထိတာနဲ့အိပ်ပျော်သွားသလားမှတ်ရသည်။သူမဘုရားခန်းသွားတာတောင်သိသည့်ပုံမပေါ်ပေ။
မေမိုးနာရီဝက်ခန့်ဘုရားရှင်ခိုးပြီးနောက် ဘုရားခန်းထဲကထွက်လာချိန်အထိ လင်းခေးမအိပ်သေးပေ။အောက်ထပ်ကတက်လာသည့်လင်းခေးနဲ့ လှေကားအတက်မှာဘဲဆုံမိ၏။
"မမမိုး ပင်တိုင်အိပ်ပြီလား"
"အိပ်ပြီထင်တာဘဲ မမဘုရားရှင်ခိုးဖို့လာတဲ့အချိန်တုန်းကတော့ အိပ်ပျော်နေပြီ"
"ကျွန်တော်သွားခေါ်လိုက်ဦးမယ်"
"ဟဲ့ အိပ်လက်စနဲ့အိပ်ပါစေတော့၊နိုးသွားပါဦးမယ်"
သူမအခန်းဆီသွားရန်ပြင်နေတဲ့ လင်းခေးလက်ကိုမေမိုးဆွဲ၍တားလိုက်ရာ လင်းခေးခဏတော့တိတ်ဆိတ်သွားသည်။
မကြာလိုက်ပါ လင်းခေးသူမလက်တွေကိုအသာဖယ်လိုက်ပြီး....
"ပင်တိုင်မရှိရင် ကျွန်တော်အိပ်မပျော်ဘူး အကျင့်ဖြစ်နေပြီ"ဆိုကာ အခန်းဆီဦးအောင်သွားတော့သည်။
မေမိုးလည်းတားမရသည့်အဆုံး ငြိမ်ပြီးဘဲနေလိုက်ရ၏။
အခန်းထဲကအိပ်ပျော်နေတဲ့ပင်တိုင့်ကို လင်းခေးချီပြီးခေါ်သွားပြီးမှ သူမလည်းအေးဆေးစွာအိပ်ရာဝင်နိုင်တော့၏။ခေါ်သွားတဲ့သူကတော့ ခေါ်သွားပြီမို့ မနက်မှဘဲနိုးလာရင်ဘာသံကြားရမလဲသိရတော့မည်။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
(Zawgyi)
"ဟေ..."
"အေးလေ"
"ဟားဟား တကယ့်ကောင်တွေ"
"ဟင့်"
ဒေါက်.....ဒေါက်.......
"လင်းခေး ပင်တိုင်"
"ထပါပြီမေမေလေးရဲ့"
"ဟေ"
"ပင်တိုင်"
"ဂျာ"
"ကိုကို"
"ဗျာ"
"ဟင်"
"နေဦးလေ ပင်တိုင်ရဲ့"
"ဦးညိုရေ ဦးညို"
"ဟေ့ ဘယ်သူလဲကွ"
"ခစ်ခစ်"
"ဝါး...မိပြီ"
"မမ မမမိုး"
အခန်းအပြင်က ပင်တိုင့်ခေါ်သံကြောင့် ခြင်တောင်ထောင်လက်စကိုပင်ချခဲ့၍ အခန်းတံခါးဖွင့်ကြည့်လိုက်ရာ ခေါင်းအုံးလေးကိုပိုက်ထားတဲ့ကလေးလေးက သူမအခန်းရှေ့မှာခြေစုံရပ်နေလေသည်။
"ပေါက်ပါဘူးမမရဲ့"