နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ...

De Azure5549

54K 4.7K 32

နတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို... Mais

ရှင်းလင်းဖော်ပြချက်
မိတ်ဆက်
Ch 1 - 2
Ch 3 - 4
Ch 5 - 6
Ch 7 - 8
Ch 9 - 10
Ch 11 - 12
Ch 13 - 14
Ch 15 - 16
Ch 17 - 18
Ch 19 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
661 - 665
666- 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816- 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 - 860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911- 915
916 - 920
921 - 925
926 - 930
931 - 935
936- 940
941 - 945
946 - 950
951 - 955
956 - 960

656 - 660

221 19 0
De Azure5549

Super God Gene (656)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၆၅၆)
-------- --------- -------- ------- --------
ဝင်္ကပါပျက်စီးသွားခဲ့ပြီ။ အရိုးဖြူ ဆင်ကြီးဟာ အလွန်မြန်တယ်။ မြင်းစီးလေးသည်တော်တွေဟာ ဆင်ကြီးကို အချိန်မီ လမ်းမဖယ်ပေးနိုင်ပါ။ သူတို့ထဲက အများစုဟာ ဆင်ခြေဖဝါးအောက်မှာ နင်းချေခံပြီး သေဆုံးသွားကြတယ်။ တစွပ်စွပ်မြည်သံတွေကို အဆက်မပြတ် ကြားနေရတယ်။ မကောင်းဆိုးဝါးရဲတိုက်သို့ ဦးတည်နေတဲ့ အနီရောင်ဆင်ခြေရာတွေကို တွေ့မြင်ကြရတယ်။ ဆင်ကြီးကား သူတို့မြင်ကွင်းထဲမှာ မရှိတော့ပါ။

ကြောက်ရွံ့ခြင်းက တဦးစီရဲ့ နှလုံးသားကို ဖမ်းဆုပ်ထားတယ်။ ဆင်ကြီးရဲ့ ခွန်အားဟာ သူတို့မျှော်မှန်းထားတာထက် ပိုတယ်။ ဆင်ကြီးရဲ့ ဒေါသူပုန်ထမှုက လူတိုင်းလူတိုင်းကို ကျောချမ်းစေတယ်။

"ရဲတိုက်ကို စွန့်ခွာပြီး အားလုံး လွတ်ရာကျွတ်ရာ ထွက်ပြေးကြတော့...။''

လုဟွေက တည်ငြိမ်စွာ ကြေညာလိုက်တယ်။

အခုအချိန်မှာ ရဲတိုက်က မထွက်ခွာရင် မရေမတွက်နိုင်တဲ့ လူတွေဟာ ဆင်စာဖြစ်သွားမယ်။ ရဲတိုက်ဟာ မကြာမီ ပျက်စီးတော့မယ်။ ရဲတိုက်က ထွက်ခွာမှသာ အသက်ချမ်းသာရပါမယ်။

လုဟွေရဲ့ အမိန့်ဟာ ရဲတိုက်ကို ရောက်သွားတယ်။ လူတွေဟာ တုံ့ဆိုင်းမနေဘဲ အထုပ်ကိုယ်စီဆွဲပြီး အလျင်အမြန် ထွက်ပြေးကြတယ်။ ဒါပေမဲ့ ဆဲလ်ပြောင်းကောင်ဆင်ကြီးဟာ သူတို့ထက် မြန်တယ်။ ဂိတ်တံခါးဝကို လူတွေမရောက်ခင် ဆင်ကြီးက အရင်ရောက်သွားတယ်။

ဆင်ကြီးဟာ မြင်မြင်သမျှကို နင်းချေပစ်ခဲ့တယ်။ သူ့သွားလမ်းတလျှောက်မှာရှိတဲ့ ရှေးဟောင်းသစ်ပင်တွေဟာ အမြစ်ကနေ ဆွဲနှုတ်ခံရတယ်။ ဆင်ကြီးဟာ ဆွဲနှုတ်ရုံနဲ့ အားမရဘဲ ခြေထောက်နဲ့ ဖိနင်းပစ်ခဲ့တယ်။ သစ်ပင်တွေဟာ အစိတ်စိတ် အမွှာမွှာ ကျိုးကြေပြီး ကျန်ရစ်ခဲ့တယ်။

ဆင်ကြီးလာတဲ့ လမ်းမှာ ဧရာမကျောက်တုံးကြီးတွေ၊ အချွန်အတက်တွေနဲ့ ကျောက်စွန်းကြီးတွေ၊ အဖုအထစ်တွေနဲ့ ကျောက်ဆောင်ကြီးတွေရှိတယ်။ ဆင်ကြီးဟာ အဲ့ဒါတွေကို ရှောင်မယ့်အစား ကိုယ်လုံးနဲ့ တိုက်ချသွားတယ်။ ဒီမြင်ကွင်းက လူတွေရဲ့ စိတ်နှလုံးကို ဖိအားဖြစ်စေခဲ့တယ်။

ဒီလိုနဲ့ ဆင်ကြီးဟာ ရဲတိုက်နံရံတွေဆီကို ရောက်လာခဲ့တယ်။ ဆင်ကြီးက နံရံတွေကို ဖြိုဖို့ လုပ်လိုက်ချိန်မှာ ဒေသခံတွေရဲ့ မျက်နှာမှာ သွေးမရှိတော့ပါ။

မြေပြင်ဟာလည်း ငလျင်လှုပ်သလို သိမ့်သိမ့်ခါနေတယ်။ ဆင်ကြီးရဲ့ ခြေလှမ်းတွေဟာ နှေးမသွားတဲ့အပြင် ဒေါသနဲ့ ပေါင်းပြီး ပိုမြန်လာတယ်။ မကြာမီ နံရံကို ခေါင်းနဲ့ ဝင်ဆောင့်တော့မယ့် ပုံပါ။
-------- --------- -------- ------- --------
"ဟေ့... ဆင်အကြီး...၊ စကားမပြောတတ်တဲ့ ဆင်ကြီး...၊ နားထောင်စမ်း...။ ငါက နတ်သမီးစစ်တပ်က ဗိုလ်ချုပ်၁၃ ဝမ်ယုံဟန်ပဲ...။ ရဲတိုက်ကို ဖျက်ဆီးဖို့ လုပ်နေတာကို အခုချက်ချင်း ရပ်လိုက်စမ်း...။''

ရဲတိုက်နံရံတွေဟာ ဒေသခံတွေရဲ့ နောက်ဆုံးမျှော်လင့်ချက်ပါ။ အဲ့ဒီနောက်ဆုံးမျှော်လင့်ချက် ပြိုပျက်လုနီးပါးဖြစ်နေချိန်မှာ လူတယောက်ပေါ်လာတယ်။ အဲ့ဒီလူဟာ အတောင်ပံတွေကို ကောင်းကင်မှာ တဖျပ်ဖျပ်ခတ်ရင်း အရိုးဖြူ ဆင်ကြီးကို နတ်ဘုရားတပါးလို အော်ပြောလိုက်တယ်။  

ဘယ်သူမှ ရပ်တန့်လို့ မရတဲ့ ဆင်ကြီးဟာ အသံကို ကြားပြီးနောက် မော်တော်ကားဘရိတ်အုပ်လိုက်သလို တုံးခနဲ ရပ်သွားတယ်။ ဆင်ကြီးဟာ နောက်လှည့်ပြီး လေပေါ်က လူကို ကြည့်လိုက်တယ်။

လူတိုင်းဟာ အလွန်အံ့အားသင့်သွားကြတယ်။ ဆင်ကြီးကို အဝေးကို မျှားခေါ်ဖို့ နေနေသာသာ၊ ဆင်ကြီးကို အခုအချိန်အထိ ဘယ်သူမှ မဆွဲဆောင်နိုင်သေးပါ။ ဒီအချိန်မှာမှ လူတယောက်က ဘယ်သူမှ မလုပ်ဆောင်နိုင်တဲ့ အလုပ်ကို လုပ်ဆောင်နိုင်ခဲ့တယ်။ အဲ့ဒီလူဟာ ဆင်ကြီးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တယ်။

"ဆင်အကြီး...၊ နားထောင်စမ်း...။ ငါတို့နတ်သမီးစစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီးက ဒီရဲတိုက်က လူတွေကို ထိခိုက်အောင် လုပ်ခွင့်မပြုဘူး...။ မင်းမနာချင်ရင် ငါ့နောက်ကို လိုက်ခဲ့...။ ငါ့စကားကို နားမထောင်ရင် မင်းကို မြေမြုပ်ပစ်မယ်၊ ကြားလား...။''

ဝမ်ယုံဟန်ဟာ ဆင်ကြီးကို ပြောချင်ရာတွေစုံလျှောက်ပြောပြီးနောက် အတောင်ပံတွေကို တဖျပ်ဖျပ်ခတ်ကာ မကောင်းဆိုးဝါးတောင်ဘက်ကို ပျံထွက်သွားခဲ့တယ်။

ဆဲလ်ပြောင်းကောင်ဆင်ကြီးဟာ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ ပြီးနောက် ခြေဆောင့်နင်းပြီး ဝမ်ယုံဟန်နောက်ကို ဒေါသတကြီး လိုက်သွားခဲ့တယ်။

မြင်ရတဲ့ လူတိုင်းဟာ မယုံနိုင်ကြပါ။ အဲ့ဒီလူဟာ ကြောက်မက်ဖွယ်ဆင်ကြီးနဲ့ ဆက်သွယ်နိုင်ပုံပေါ်တယ်။ ဆင်ကြီးဟာ ကျန်တဲ့လူတွေကို လျစ်လျူ ရှုပြီး သူ့နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားခဲ့တယ်။ သူဟာ ဆင်ကြီးကို စကားတခွန်းနှစ်ခွန်းလောက်သာ ပြောခဲ့တာပါ။ 
-------- --------- -------- ------- --------
လုဟွေနဲ့ လိုင်ဟမ်ဝူလည်း အံ့ဩသွားတယ်။ သူတို့မြင်ရတဲ့ မြင်ကွင်းဟာ အစစ်အမှန်ပါ။ ဝမ်ယုံဟန်ဟာ သူ့ရဲ့ နာမည်ကျော် ကံဆိုးမိုးမှောင်ကျမှုကို အကျိုးရှိရှိ သုံးလိုက်တာပါ။ သူတို့နှစ်ယောက်ဟာ ဒီအကြောင်းကို ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ အံ့ဩမိတာတခုက ဝမ်ယုံဟန်ဟာ မကောင်းဆိုးဝါးရဲတိုက်ကို ကယ်တင်ဖို့ သူ့အသက်ကို လောင်းကြေးထပ်ခဲ့တာကိုပါ။
-------- --------- -------- ------- --------
"ဘုရားရေ...၊ ဒီလူက တကယ့်သူရဲကောင်းပဲ...။''

"နတ်ဘုရားတွေက ငါတို့ကို ကယ်ဖို့ နတ်သမီးစစ်တပ်က ဗိုလ်ချုပ်ကို ပို့လိုက်တာပဲ ဖြစ်မယ်...။''

"နတ်သမီးစစ်တပ်...!''

"တကယ့်သူရဲကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်ပဲဖြစ်ရမယ်...။''

"ဗိုလ်ချုပ်တယောက်တောင် ဒီလောက်သန်မာရင်...၊ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဆို ဘယ်လောက်တောင် သန်မာလိုက်မလဲ...။''

"သူပြောတဲ့ စကားကို မကျော်ပစ်နဲ့လေ...။ သူက ဗိုလ်ချုပ် ၁၃တဲ့...။ ဒါဆို သူ့အထက်မှာ ဗိုလ်ချုပ် ၁၂ယောက်ရှိအုံးမယ်...။ အဲ့ဒါဆိုရင် ဗိုလ်ချုပ်ကြီးဟာ ကောင်းကင်ကိုတောင် လက်နဲ့ ဆွဲဖြဲနိုင်လောက်တယ်...။''

"ဝမ်ယုံဟန်...၊ ဒီနာမည်ကို မှတ်ထားရမယ်...။''

"ဘာပဲပြောပြော နတ်သမီးစစ်တပ်က ငါတို့ကို ကယ်သွားတာ...။''
-------- --------- -------- ------- --------
ဟန်ဆန်းဟာ အရိုးဖြူ ဆင်ကြီးကို မျှားခေါ်ပြီး လမ်းလွှဲဖို့ ဝမ်ယုံဟန်ကို အိပ်မက်နတ်ဆိုးအတောင်ပံငှါးလိုက်တယ်။ ဒါပေမဲ့ အခုလိုမျိုး လျှာအရိုးမရှိ ပြောချင်ရာ လျှောက်ပြောလိမ့်မယ်လို့ မထင်ခဲ့ပါ။ ရဲတိုက်ရဲ့ ကောင်းကင်ပေါ်မှာ သူ အမှန်အကန် လှုပ်ရှားခဲ့တယ်။ သူ့အကြောင်းကို မသိသူတွေကတော့ သူပြောတာတွေကို ယုံကြည်သွားလိမ့်မယ်။ ဆင်ကြီးကလည်း သူ့နောက်ကို လိုက်သွားခဲ့တယ်၊ မဟုတ်ပါလား။

ဒါပေမဲ့ အမှန်တရားက သူ့စကားကြောင့် ဆင်ကြီးဟာ သူ့နောက်ကို လိုက်ခဲ့တာ မဟုတ်ပါ။ သူ့ရဲ့ ကံဆိုးမှုကြောင့် ဆင်ကြီးဟာ သူ့နောက်ကို လိုက်ခဲ့တာပါ။
-------- --------- -------- ------- --------
ဟန်ဆန်း၊ ဇီရိုးနဲ့ ဝမ်ယုံဟန်တို့ဟာ ဆင်ကြီးထက် အရင်ရောက်အောင် ရှေ့ကနေ အရင်ကြိုသွားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆင်ကြီးဟာ ရဲတိုက်ကို ဦးတည်သွားပေမဲ့ ရဲတိုက်ကို ရောက်မရောက် မသေချာပါ။ လုဟွေတို့လှမ်းမမြင်နိုင်တဲ့ နေရာကို ရောက်တဲ့အခါ ဟန်ဆန်းက ဆင်ကြီးကို ရဲတိုက်ကိုရောက်အောင် မျှားခေါ်သွားဖို့ ဝမ်ယုံဟန်ကို ပြောလိုက်တယ်။ ဆင်ကြီးဟာ မပျံနိုင်ပါ။ အဲ့ဒါကြောင့် ဘာအန္တရာယ်မှ မရှိပါ။ ဝမ်ယုံဟန်ဟာ ဟန်ဆန်းပြောတဲ့အတိုင်း လုပ်နိုင်ခဲ့တယ်။ ဆင်ကြီးက ရဲတိုက်နံရံကို ဖြိုဖို့ လုပ်ခါနီးမှာ ဝမ်ယုံဟန်က ဆင်ကြီးကို အော်ဟစ်ပြီး ဟန်ဆန်းတို့ရှိရာကို တဖန် ပြန်ပြီး မျှားခေါ်လာခဲ့တယ်။

ဆင်ကြီးဟာ ဝမ်ယုံဟန်နောက်ကို မိုင်ငါးဆယ်ကျော်တဲ့ အထိ လိုက်ခဲ့တယ်။ အဲ့ဒါကြောင့် သူဟာ ဆင်ကြီးမမြင်နိုင်တဲ့ အမြင့်အထိရောက်အောင် ပျံသန်းပြီး မျက်ခြည်ဖြတ်ခဲ့ရတယ်။ ဒါတောင် ဆင်ကြီးဟာ မှန်းပြီး လိုက်နေခဲ့သေးတယ်။ ဒါပေမဲ့ ဆင်ကြီးဟာ မကောင်းဆိုးဝါးရဲတိုက်ကိုတော့ လုံးလုံးလျားလျား မေ့သွားပါတယ်။
-------- --------- -------- ------- --------
"ဟန်လေး...၊ မင်းရဲ့ အတောင်ပံက အရမ်းမိုက်တာပဲ...။ ငါ့ကို လေးငါးဆယ်ရက်လောက် ငှါးပါလား...။''

ဝမ်ယုံဟန်က ပြုံးပြုံးကြီးလုပ်ပြီး ပြောလိုက်တယ်။

"မငှါးဘူး...။ ကျနော့်အတောင်ပံ အခုပြန်ပေး...။ နောက်ပြီး ဘာဖြစ်လို့ မဟုတ်မဟတ်တွေလျှောက်ပြောခဲ့လဲ...။''

ဟန်ဆန်းက အတောင်ပံကို ရုပ်သိမ်းရင်း မေးလိုက်တယ်။ 

"ငါက နတ်သမီးရဲတိုက်နဲ့ နတ်သမီးစစ်တပ်ကို လူတွေသိအောင် ကြော်ငြာလိုက်တာလေ...။ ငါကြော်ငြာလို့ နတ်သမီးရဲတိုက် ပိုပြီး နာမည်ကြီးလာလိမ့်မယ်...။ မင်း စောင့်ကြည့်နေ...၊ နတ်သမီးရဲတိုက်မှာ နေဖို့ စာရင်းလာသွင်းကြလိမ့်မယ်...။''

ဝမ်ယုံဟန်က ရယ်ပြီး ပြောလိုက်တယ်။

"ထားပါတော့...၊ ဗိုလ်ချုပ် ၁၃ကကော ဘယ်နေရာက ပါလာတာလဲ...။''

ဟန်ဆန်းက မေးလိုက်တယ်။

"မင်းစဉ်းစားကြည့်လေ...။ လူတွေက ငါစကားကို ကြားရင် ငါတို့စစ်တပ်မှာ ထိပ်သီးလွတ်မြောက်သူတွေအများကြီး ရှိတယ်...။ အဲ့ဒီလူတွေကို အလုံးစုံစီမံခန့်ခွဲဖို့ အနည်းဆုံး ဗိုလ်ချုပ် ၁၃ယောက်ရှိတယ်လို့ တွေးကြမယ်...။ ငါက နံပါတ် ၁၃ဆိုတော့ နောက်ထပ် ၁၂ယောက်ရှိတယ်...။ အဲ့ဒီ ၁၂ ယောက်က ငါ့ထက် သန်မာမယ်လို့ တွေးလိမ့်မယ်...။ အဲ့ဒီလို တွေးတဲ့အခါ ငါတို့စစ်တပ်ကို အကောင်းတကာ့ အကောင်းဆုံး ဒေါင်ဒေါင်မြည်တဲ့ စစ်တပ်လို့ သူတို့ထင်သွားကြမှာပေါ့...။''

ဝမ်ယုံဟန်က ဂုဏ်ယူဝင့်ကြွားစွာ ရှင်းပြလိုက်တယ်။

ဟန်ဆန်းဟာ ဝမ်ယုံဟန်,ဘဝင်ရူးကို ဘယ်လိုပြန်ပြောရမှန်း မသိတော့ပါ။ သူပြောသလိုမျိုး နတ်သမီးရဲတိုက် ပိုမိုကျော်ကြားလာရင်တော့ အဆင့်မြင့်ထိပ်သီးလွတ်မြောက်သူတွေကို ဖိတ်ခေါ်ရတာ ပိုမိုလွယ်လာမှာတော့ အမှန်ပါ။

ဟန်ဆန်းဟာ ဝမ်ယုံဟန် ပြောတဲ့ ဗိုလ်ချုပ် ၁၂ယောက်ကို ဘယ်နေရာမှာ သွားရှာရလဲ မသိပါ။ အမှန်တော့ အဲ့ဒီဗိုလ်ချုပ် ၁၂ယောက်ကို သွားရှာဖို့ မလိုပါ။ ဘာကြောင့်လဲဆိုတော့ သူ့စစ်တပ်ထဲဝင်လာမယ့် ဗိုလ်ချုပ်အသစ်ဟာ နံပါတ် ၁၄က စမှာမို့ပါ။ နောက်ပြီး အဲ့ဒီဗိုလ်ချုပ် ၁၂ယောက် ဘယ်မှာလဲလို့ ဘယ်သူမှ မေးကြမှာ မဟုတ်ပါ။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ အရိုးဖြူ ဆင်ကြီး ဘယ်နေရာကို သွားလဲ၊ သိချင်တာနဲ့၊ ခပ်လှမ်းလှမ်းကနေ နောက်ယောင်ခံလိုက်ခဲ့တယ်။

"လေးငယ်...၊ ဆင်ကြီး ဘယ်ကို သွားလဲ...၊ သိလားဗျ...။''

ဟန်ဆန်းဟာ သူမရင်းနှီးတဲ့ နေရာတခုသို့ ဦးတည်ပြီး သွားနေတဲ့ အရိုးဖြူ ဆင်ကြီးကို ကြည့်ရင်း ဝမ်ယုံဟန်ကို မေးလိုက်တယ်။

"အင်း...၊ နေအုံး...၊ ငါစဉ်းစားလိုက်အုံးမယ်...။''

ဝမ်ယုံဟန်ဟာ ဟိုဟိုဒီဒီ ကြည့်ရင်း ခဏအကြာမှာ သူ့မျက်နှာဟာ ပြုံးသွားပါတယ်။

"ငါ့အထင်မမှားဘူးဆိုရင် မက်မွန်သစ်တောကို သွားနေတာပဲဖြစ်ရမယ်...။''

"မက်မွန်သစ်တောဆိုတာ ဘာလဲဗျ...။''

"အခြားအပင်တွေမပေါက်ဘဲ မက်မွန်ပင်တွေချည်း သီးသန့်ပေါက်နေတဲ့ သစ်တောပေါ့ကွာ...။ အဲ့ဒီသစ်တောက မက်မွန်ပင်တွေဟာ အရမ်းကြီးတယ်...။ တပင်,တပင်ကို အနည်းဆုံး ပေသုံးရာကျော်မြင့်တယ်...။ အောက်ကနေ လှမ်းကြည့်ရင် သစ်ပင်ထိပ်ဖျားကို မြင်ရဖို့ မလွယ်ဘူး...။ နောက်ပြီး မက်မွန်သစ်တောထဲမှာ ကြောက်စရာအရမ်းကောင်းတဲ့ သားရဲတွေအများကြီးပဲ...။ သစ်တောထဲဝင်သွားတဲ့ လူတွေဟာ အများအားဖြင့် လမ်းပျောက်ပြီး ပြန်မရောက်လာကြဘူး...။ အဲ့ဒါကြောင့် အဝင်ပဲရှိပြီး အထွက်မရှိတဲ့ နေရာလို့ နာမည်ကြီးတယ်...။''

ဝမ်ယုံဟန်ဟာ ခဏကြာ ခေါင်းငုံ့စဉ်းစားနေတယ်။ ပြီးမှ...

"ကံကောင်းတယ်...၊ ဒီအချိန်က မက်မွန်ပန်းတွေပွင့်တဲ့ ရာသီပဲ...။ မက်မွန်ပင်တွေဝတ်မှုန်ကူးတဲ့ ရာသီမဟုတ်ဘူး...။ အဲ့တော့ အန္တရာယ်သိပ်မရှိဘူး...။''

"အဲ့ဒါက ဘာအဓိပ္ပါယ်လဲ...၊ လေးငယ်...။''

"မက်မွန်ပင်တွေဝတ်မှုန်ကူးတဲ့ ရာသီမှာ ကြောက်စရာကောင်းတဲ့ သားရဲတွေရောက်လာကြတယ်...။ အဲ့ဒီအချိန်က အရမ်းအန္တရာယ်များတဲ့ အချိန်ပဲ...။ သားရဲတွေကို ကြောက်ပြီး ဘယ်သူမှ မက်မွန်သစ်တောထဲ မဝင်ရဲကြဘူး...။''

"အခုရာသီက ပန်းပွင့်တဲ့ ရာသီပေါ့...။ ဒါဆို ဆင်ကြီးက မက်မွန်ပန်းတွေကို စားချင်လို့ သွားနေတာလား...။''

ဟန်ဆန်းဟာ စဉ်းစားခန်းဝင်သွားတယ်။
-------- --------- -------- ------- --------
-------- --------- -------- ------- --------

Super God Gene (657)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၆၅၇)
-------- --------- -------- ------- --------
မက်မွန်သစ်တောဟာ ရှက်သွေးဖြန်းနေတဲ့ မိန်းမပျိုလေးရဲ့ ပါးပြင်လို နီမြန်းနေတယ်။ ဒီနေရာဟာ ဆက်လက်လှပနေဦးမယ့် ပုံပါ။ ဘာပဲပြောပြော မက်မွန်သစ်တောဟာ နုပျိုခြင်းရဲ့ နမိတ်ပုံပါ။

ဟန်ဆန်းဟာ မက်မွန်သစ်တောထဲကို လမ်းလျှောက်ဝင်လာတယ်။ လမ်းလျှောက်နေရင်း သူဟာ အံ့အားသင့်မိတယ်။ သစ်ပင်တိုင်းပေါ်မှာ ပုစဉ်းတွေပျံသန်းနေတယ်။ ပန်းရောင်ပန်းတွေဟာ မက်မွန်ပင်တွေပေါ်မှာ အစွမ်းကုန်ပွင့်လန်းနေတယ်။ မြစ်တစင်းဟာလည်း မက်မွန်သစ်တောအတွင်းမှာ သဘာဝအတိုင်း လှပစွာ စီးဆင်းနေတယ်။

ပန်းရနံ့တွေကို အဝေးကပင် ရနိုင်တယ်။ ပန်းရနံ့တွေဟာ ရှူ ရှိုက်သူတွေရဲ့ စိတ်နှလုံးကို ရွှင်ပြုံးစေတယ်။ ပန်းရနံ့တွေဟာ မိန်းမပျိုလေးတယောက်ရဲ့ ကိုယ်သင်းနံ့အလား ထင်မှတ်မှားရတယ်။

ဆဲလ်ပြောင်းကောင်ဆင်ကြီးဟာ လမ်းတလျှောက်က အရာတွေကို အရေးမစိုက်ဘဲ တောအုပ်ထဲမှာ စိုက်လိုက်မတ်တတ် သွားနေတယ်။  မက်မွန်ပင်ကြီးတပင်ရဲ့ အကိုင်းမကြီးတခုအနီးသို့ ရောက်တဲ့အခါ သူ့ခြေလှမ်းတွေဟာ သိသိသာသာ နှေးကွေးသွားတယ်။ သူဟာ ခြေသံပြင်းပြင်းနဲ့ လျှောက်လာရာမှ ဖွဖွလေး နင်းလျှောက်ခဲ့တယ်။ သူ့ခြေသံကြောင့် တစုံတယောက်နိုးသွားမှာ စိုးရိမ်တဲ့ ပုံမျိုးနဲ့ ဆက်လျှောက်ခဲ့တယ်။

အရိုးဖြူ ဆင်ကြီးရဲ့ အနီရောင်ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း အရောင်ဖျော့လာတယ်။ ဟန်ဆန်းနဲ့ ဝမ်ယုံဟန်ဟာ ဒီလိုမြင်ကွင်းမျိုးကို အရင်က မမြင်ခဲ့ဖူးပါ။
-------- --------- -------- ------- --------
"အရိုးဖြူ ဆင်ကြီးဟာ ဆဲလ်ပြောင်းကောင်အစစ် မဖြစ်သေးဘူးနဲ့တူတယ်...။''

ဟန်ဆန်းက စဉ်းစဉ်းစားစား ပြောလိုက်တယ်။

"မင်းပြောတာမှန်တယ်...။ ငါတို့အထဲကို ဆက်ဝင်မလား...။''

ဒီလိုနဲ့ သူတို့ဟာ မက်မွန်တောစပ်ကို ရောက်လာတယ်။ ဝမ်ယုံဟန်က သစ်တောထဲကို လှမ်းကြည့်လိုက်တယ်။ ဒါပေမဲ့ သူဟာ အထဲကို မဝင်ရဲသေးပါ။ 

"ဒီလိုလုပ်...၊ လေးငယ်...။ လေးငယ်က ရဲတိုက်ကို ပြန်ပြီး ကျနော့်ကို စောင့်...၊ ကျနော်က အထဲကို ဝင်ပြီး ဆင်ကြီးကို လိုက်ကြည့်လိုက်အုံးမယ်...။''

ဟန်ဆန်းဟာ သူနဲ့အတူ ဝမ်ယုံဟန်ပါလာရင် ကံဆိုးမိုးမှောင်ကျမှာကို ကြောက်လို့ ဆင်ကြီးနောက်ကို တယောက်တည်း လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

"အေး...၊ အေး...။''

ဝမ်ယုံဟန်က ချက်ချင်း သဘောတူခဲ့တယ်။ သူဟာ မက်မွန်သစ်တောကို ကျောခိုင်းပြီး မကောင်းဆိုးဝါးရဲတိုက်ကို အမြန် ပြန်သွားခဲ့တယ်။ သူဟာ မက်မွန်သစ်တောဘက်ကို ပြန်လို့တောင် လှည့်မကြည့်ခဲ့ပါ။ ဟန်ဆန်းစိတ်ထဲမှာ တမျိုးကြီး ဖြစ်ကျန်ခဲ့တယ်။ ဝမ်ယုံဟန် ဒီလိုမျိုး ရေးကြီးသုတ်ပျာဖြစ်တာ တခါမှ မမြင်ဖူးခဲ့ပါ။ 

တခဏကြာ စဉ်းစားပြီးနောက် ဟန်ဆန်းသဘောပေါက်သွားတယ်။ အခုအချိန်မှာ ဝမ်ယုံဟန်ဟာ မကောင်းဆိုးဝါးရဲတိုက်ရဲ့ ကယ်တင်ရှင်ပါ။ အဲ့ဒါကြောင့် သူဟာ မဏ္ဍပ်တိုင်တက်ပြဖို့ မကောင်းဆိုးဝါးရဲတိုက်ကို အလျင်စလို ပြန်သွားတာပါ။

ဟန်ဆန်းဟာ နဖူးက ချွေးစေးတွေကို သုတ်လိုက်တယ်။ ဝမ်မိန်မိန်ရဲ့ လေးငယ်ကား သမိုင်းဝင်လောက်တဲ့ လူထူးလူဆန်းတယောက်ပါ။ သူ့လိုလူမျိုးဟာ နတ်ဘုရားကမ္ဘာမှာ နှစ်ယောက်မရှိနိုင်ပါ။

"မင်းကော ပြန်သွားမလား...၊ ငါ့ကို စောင့်နေမလား...။''

ဟန်ဆန်းဟာ စကားတခွန်းမှ မပြောတဲ့ ဇီရိုးကို ကြည့်ပြီး မေးလိုက်တယ်။ သူမက ထုံးစံအတိုင်း စကားမပြောဘဲ ဟန်ဆန်းအနီးကို ကပ်လာတယ်။ သူမက သူနဲ့အတူ ဆက်လိုက်မယ့် ပုံပါ။ 
-------- --------- -------- ------- --------
ဟန်ဆန်းဟာ ဇီရိုးကို ဘာမှ ထပ်မပြောတော့ဘဲ မက်မွန်တောအုပ်ထဲကို ဝင်လိုက်တယ်။ ငွေမြေခွေးလေးလည်း သူတို့နဲ့အတူ လိုက်ပါလာတယ်။ အဲ့ဒါကြောင့် တော်ရုံတန်ရုံသားရဲဟာ သူတို့အနီးကို ကပ်ရဲမှာ မဟုတ်ပါ။

အရိုးဖြူ ဆင်ကြီးကို လှမ်းကြည့်လိုက်တယ်။ ဆင်ကြီးရဲ့ အရောင်ဟာ နီရာမှ ဖျော့၊ ဖျော့ရာမှ မှိန်၊ မှိန်ရာမှ ဖြူ လာတယ်။ အခုဆို မူလပုံစံအတိုင်း အဖြူ ရောင်ပြန်ဖြစ်သွားပါပြီ။ ဆင်ကြီးရဲ့ ခြေလှမ်းတွေဟာလည်း နှေးသထက် နှေးလာတယ်။ ဆင်ကြီးဟာ ဖွဖွလေး လမ်းလျှောက်နေတယ်။ သူဟာ သစ်ပင်တွေပျက်စီးသွားမှာကို စိုးရိမ်နေပုံပေါ်တယ်။ ဟန်ဆန်းနဲ့ ဇီရိုးဟာ ဆင်ကြီးနောက်ကနေ အေးအေးဆေးဆေး လိုက်လာခဲ့တယ်။

မက်မွန်သစ်တောဟာ အလွန်ကြီးတယ်။ ဘယ်လောက်ကြီးတယ်ဆိုတာ သူ,မခန့်မှန်းတတ်ပါ။ သူတို့ဟာ ဆင်ကြီးနောက်ကို တနေကုန် လိုက်ခဲ့တယ်။ ပတ်ဝန်းကျင်ရှုခင်းဟာမပြောင်းလဲဘဲ တပုံစံတည်းပါ။ ကြွေကျနေတဲ့ ပန်းတွေကြောင့် သူတို့ဟာ ပန်းခင်းလမ်းပေါ်မှာ လျှောက်နေရပါတယ်။

ဆင်ကြီးဟာ မြင့်မြတ်တော်ဝင်တဲ့ နေရာတခုမှာ လမ်းလျှောက်နေတဲ့အလား ညှင်သာဖြည်းညှင်းစွာ ဆက်လျှောက်နေတယ်။ ဆင်ကြီးဟာ သူ့ကြောင့် ပတ်ဝန်းကျင်ညစ်ပတ်သွားမှာကို ကြောက်နေပုံပေါ်တယ်။

ဟန်ဆန်းဟာ ပတ်ဝန်းကျင်ကို သတိထားပြီး ကြည့်လာခဲ့တယ်။ မက်မွန်ပင်တွေနဲ့ မက်မွန်ပန်းတွေမှတပါး အခြား ဘာမှ မတွေ့ရပါ။

အခုလောလောဆယ် အချိန်အထိ သစ်တောထဲမှာ ဆင်ဖြူ ကြီးမှတပါး အခြားသားရဲတွေကို မတွေ့ရပါ။ ငွေမြေခွေးလေးပါလို့ မတွေ့ရတာလည်း ဖြစ်နိုင်ပါတယ်။

ဟန်ဆန်းဟာ ပထမမျိုးရိုးဗီဇသော့ကို ဖွင့်လိုက်ပိတ်လိုက်လုပ်ရင်း လမ်းလျှောက်လာခဲ့တယ်။ သတ္တမအာရုံနဲ့ ပတ်ဝန်းကျင်မှာ အန္တရာယ်ရှိမရှိ ခဏခဏ စစ်ကြည့်ခဲ့တယ်။ ပတ်ဝန်းကျင်မှာ ဘာအန္တရာယ်မှ မတွေ့ရပါ။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်လို့ မရှိပါ။

ငွေမြေခွေးလေးလည်း ဘာမှ တွေ့ပုံမရပါ။ အဲ့ဒါကြောင့် သူဟာ ဇီရိုးရဲ့ လက်ပေါ်မှာ ငြိမ်ပြီးတော့ လိုက်ပါလာတယ်။
-------- --------- -------- ------- --------
လဟာ ကောင်းကင်မှာ ဝင်းဝင်းပပသာနေတယ်။ လရောင်အောက်မှာ ပန်းတွေဟာ တမျိုးလေးလှနေတယ်။ နေ့အချိန်ထက်တောင် ပိုလှနေတယ်လို့ ထင်ရတယ်။ သစ်ပင်တွေကြားမှာ လေပြေအေးတွေ ဖြတ်ပြေးသွားတဲ့ အခါတိုင်း ပွင့်ချပ်လေးတွေက လေကို ဆွဲတင်ပြီး ပန်းတွေကို တေးဆိုစေတယ်။ သဘာဝလွန်ဖြစ်ရပ်တွေများ ဖြစ်နေလေသလား။

ဟန်ဆန်းနဲ့ ဇီရိုးဟာ ရွှေမာန်ဖီကောင်ပေါ်မှာ ထိုင်နေတယ်။ တဖွဲဖွဲကျနေတဲ့ ပန်းကြွေတွေကြားမှာ ဇီရိုးဟာ နတ်သမီးလေးလို လှပနေတယ်။ အထူးသဖြင့် သူမရဲ့ မျက်နှာလေးဟာ အပြစ်ကင်းစင်လွန်းပါတယ်။

ဟန်ဆန်းဟာ မက်မွန်ပန်းလေးတပွင့်ကို ဖမ်းပြီး ဇီရိုးရဲ့ ခေါင်းမှာ ဘာရယ်မဟုတ် ပန်ပေးလိုက်တယ်။ ဇီရိုးရဲ့ အလှဟာ အခုမှ ပြီးပြည့်စုံသွားပါတယ်။

"အခုမှ အရမ်းလှသွားတယ်...။''

ဟန်ဆန်းက ဇီရိုးကို တိုးတိုးလေး ပြောလိုက်တယ်။ ပန်းကြောင့် သူမ လှသွားတာလား။ သူမကြောင့် ပန်း လှသွားတာလား။ ဟန်ဆန်း မဝေခွဲတတ်တော့ပါ။

မရယ်မပြုံး ရေခဲတုံး မျက်နှာပိုင်ရှင်လေး ဇီရိုးဟာ ပါးလေးရဲကာ ရှက်သွေးဖြာသွားတယ်။ ဒါက သူမကို ပိုမိုလှပစေတယ်။ ဒီအချိန်မှာတော့ ဇီရိုးဟာ ပန်းတွေကြားက မိန်းမချောလေးပါ။
-------- --------- -------- ------- --------
အရိုးဖြူ ဆင်ကြီးဟာ မက်မွန်တောအုပ်ထဲမှာ လှည့်လည်သွားလာနေတာ ရက်အတန်ကြာခဲ့ပြီ။ ဆင်ကြီးဟာ သွားနေရာမှ ရုတ်တရက် ရပ်သွားတယ်။ သူတို့ဟာ ဘယ်တော့မှ မဆုံးဘူးလို့ ထင်ရတဲ့ မက်မွန်သစ်တောရဲ့ အဆုံးကို ရောက်သွားခဲ့လေသလား။ ဟန်ဆန်းဟာ အလွန်တရာ ကြီးမားတဲ့ မက်မွန်ပင်ကြီးတပင်ကို တွေ့လိုက်ရတယ်။ သစ်ပင်ကြီးရဲ့ ပင်စည်ဟာ အခြားပင်စည်တွေထက် ကြီးတယ်။ ဟန်ဆန်းဟာ အပေါ်ကို မော့ကြည့်လိုက်တယ်။ သစ်ပင်ထိပ်ဖျားကို မမြင်ရပါ။ သစ်ပင်ကြီးရဲ့ ထိပ်ဖျားဟာ တိမ်တိုက်တွေကြားကို ရောက်နေတယ်လို့ ထင်မှတ်မိတယ်။

အရိုးဖြူ ဆင်ကြီးဟာ ဒီသစ်ပင်ကြီးဆီကို လာခဲ့ပုံပေါ်တယ်။

"ဒီမက်မွန်ပင်ကြီးက ဘာလဲ...။''

ဟန်ဆန်းဟာ မက်မွန်ပင်ကြီးကို အဝေးကနေ လှမ်းကြည့်လိုက်တယ်။ သစ်ပင်ကြီးရဲ့ အရွယ်အစားကို သူ,မခန့်မှန်းတတ်ပါ။

ဟန်ဆန်းဟာ အန္တရာယ်ရဲ့ အငွေ့အသက်ကို မခံစားမိပါ။ သူဟာ ငွေမြေခွေးလေးကို ကြည့်လိုက်တယ်။ ငွေမြေခွေးလေးဟာ မက်မွန်ပင်ကြီးကို စူးစူးစိုက်စိုက် ကြည့်နေတယ်။ ငွေမြေခွေးလေး ဘာတွေတွေးနေတယ်ဆိုတာကိုတော့ သူ,မသိပါ။

ဟန်ဆန်းရဲ့ ခေါင်းထဲကို မေးခွန်းတွေရောက်လာတယ်။ အရိုးဖြူ ဆင်ကြီး ဘာလိုချင်လဲ။ ဘာကြောင့် ဒီကို လာတာလဲ။ အဲ့ဒီမေးခွန်းနှစ်ခုရဲ့ အဖြေကို သိချင်မိတယ်။ ဟန်ဆန်းဟာ ဆင်ကြီးနောက်က ကပ်လိုက်ခဲ့တယ်။ ဒါပေမဲ့ ဆင်ကြီးနဲ့ တအားနီးအောင်တော့ မကပ်ရဲပါ။

အရိုးဖြူ ဆင်ကြီးဟာ ဧရာမမက်မွန်ပင်ကြီးဆီသို့ ဆက်သွားခဲ့တယ်။ မက်မွန်ပင်ကြီးနဲ့ နီးလာလေလေ၊ ဆင်ကြီးဟာ ငယ်လာလေပါ။ 

အရိုးဖြူ ဆင်ကြီးဟာ မက်မွန်ပင်ကြီးအောက်ကို သွားပြီး ဒူးထောက်လိုက်တယ်။ ပြီးနောက် မက်မွန်ပင်ကြီးကို ဦးညွှတ်လိုက်တယ်။ ဝတ်ပြုဆုတောင်းနေတာနဲ့တောင် တူနေတယ်။

ဟန်ဆန်းဟာ အံ့ဩသွားတယ်။ အရိုးဖြူ ဆင်ကြီးလို စူပါသားရဲတကောင်က မက်မွန်ပင်ကြီးတပင်ရှေ့မှာ ဆုတောင်းလိမ့်မယ်လို့ မထင်ခဲ့ပါ။ တကယ့်ကို ယုံဖို့ခက်တဲ့ မြင်ကွင်းပါ။ 

"ဒီမက်မွန်ပင်ကြီးက ဘာလဲ...။ သူ့မှာ စူပါသားရဲတွေထက် အစွမ်းထက်တဲ့ တစုံတရာများရှိလား...။ ဆင်ကြီးက ဘာကြောင့် ဝတ်ပြုဆုတောင်းနေတာလဲ...။''

ဟန်ဆန်းဟာ သစ်ပင်ကြီးကို အချိန်အတော်ကြာ အရိုအသေပေးနေတဲ့ ဆင်ကြီးကို ကြည့်ရင်း အတော်လေး ခေါင်းရှုပ်သွားတယ်။

ဟန်ဆန်းဟာ နောက်ထပ် ဘာတွေဆက်ဖြစ်မလဲ၊ စောင့်ကြည့်နေလိုက်တယ်။

လရောင်အောက်မှာ ဆင်ကြီးဟာ လူတယောက်လိုမျိုး ဒူးတုပ်ထိုင်နေတယ်။ ပန်းတွေက ဆင်ကြီးပေါ်ကို တဖွဲဖွဲ ကျနေတယ်။ တရားထိုင်နေတာနဲ့တောင် တူနေသေးတယ်။

မက်မွန်တောအုပ်ဟာ လရောင်နဲ့ လင်းနေတယ်။ လေပြေအဝှေ့မှာ ပန်းတွေက ဆက်ကြွေနေတယ်။ ပန်းတွေနဲ့အတူ ပွင့်ချပ်ပွင့်ဖတ်လေးတွေလည်း လိုက်ကြွေနေတယ်။ ကြည့်နေရင်း၊ ကြည့်နေရင်းနဲ့ ဆင်ဖြူ ကြီးရဲ့ အရောင်နဲ့ မက်မွန်ပန်းတွေရဲ့ အရောင်ဟာ ခွဲမရအောင် တူလာတယ်။

အဖြူ ရောင်အရိုးတွေဟာလည်း ကျောက်စိမ်းပုံဆောင်ခဲတွေနဲ့ တဖြည်းဖြည်း တူလာတယ်။ ခန္ဓာကိုယ်မှလည်း ထူးဆန်းတဲ့ အလင်းရောင်တွေဖြာထွက်နေတယ်။

ဆင်ကြီးရဲ့ အနီရောင်မျက်လုံးတွေဟာ တဖြည်းဖြည်း အရောင်မှိန်ပြီး ကြည်လင်လာတယ်။ သတ်ချင်ဖြတ်ချင်စိတ်တွေဟာ ဆင်ကြီးထံမှ ထွက်ခွာသွားပုံပေါ်တယ်။

မက်မွန်ပင်ကြီးအောက်က အရိုးဖြူ ဆင်ကြီးဟာ ရောင်ခြည်တွေဖြာထွက်နေတဲ့ မြင့်မြတ်တဲ့ တန်ခိုးရှင်ရုပ်တုတခုနဲ့တူတယ်။

ဟန်ဆန်းဟာ ကြာကြာကြည့်လေ၊ စိတ်ရှုပ်လေဖြစ်လာတယ်။

"ဘာ တွေ ဖြစ် နေ တာ လဲ...။''
-------- --------- -------- ------- --------
-------- --------- -------- ------- --------

Super God Gene (658)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၆၅၈)
-------- --------- -------- ------- --------
အရိုးဖြူ ဆင်ကြီးဟာ မက်မွန်ပင်ကြီးအောက်မှာ ကျောက်ရုပ်တရုပ်လို ထိုင်နေတယ်။ ခဏကြာတော့ အသံတသံကြားရတယ်။ အဲ့ဒီအသံဟာ မက်မွန်တောရဲ့ အခြားတနေရာက လာတဲ့အသံပါ။ အဲ့ဒီအသံဟာ မက်မွန်ပင်ကြီးဆီကို ဦးတည်ပြီး လာနေပုံပေါ်တယ်။

အသံရှင်ကို မြင်ရဖို့ သိပ်မစောင့်လိုက်ရပါ။ မက်မွန်ပင်ကြီး ဆီသို့ ဦးတည်ပြီး လာနေတာ ပန်းရောင်မြွေငယ်လေးတကောင်ပါ။ အဲ့ဒီပန်းရောင်မြွေလေးဟာ သစ်ပင်ခြေရင်းရောက်တာနဲ့ ရပ်ပြီး တနေရာမှာ ခွေနေလိုက်ပါတယ်။

မကြာမီ ကျားပြာတကောင်လည်း ထပ်ရောက်လာတယ်။ အဲ့ဒီကျားပြာဟာ သစ်ပင်ခြေရင်းကို ရောက်တာနဲ့ ထိုင်ချလိုက်တယ်။

ကောင်းကင်ပေါ်မှလည်း အတောင်ပံခတ်သံတွေကြားရတယ်။ ကြိုးကြာနီတကောင်ဟာ မြေပြင်ကို ဆင်းလာပြီး သစ်ပင်ခြေရင်းတနေရာမှာ ဝင်ထိုင်လိုက်တယ်။

မကြာမီ ဝက်ဝံပေါက်လေး တကောင်ကို ချီထားတဲ့ ဝက်ဝံနက်ကြီးတကောင်ရောက်လာပြန်တယ်။ ဝက်ဝံနက်ကြီးဟာလည်း သစ်ပင်ခြေရင်းတနေရာမှာ ဝင်ထိုင်လိုက်တယ်။

အချိန်တိုလေးအတွင်း သားရဲပေါင်းမြောက်မြားစွာရောက်လာပြီး မက်မွန်ပင်ကြီးခြေရင်းမှာ ထိုင်နေကြတယ်။ ဟန်ဆန်းဟာ တဖွဲဖွဲရောက်လာတဲ့ သားရဲတွေကို ကြည့်ရင်း၊ အံ့ဩခြင်း၊ ကြောက်လန့်ခြင်း၊ စိတ်ဝင်စားခြင်းတို့ကို တပြိုင်တည်း ခံစားခဲ့ရတယ်။ ပိုပြီးထူးဆန်းတာက ရောက်လာသမျှ သားရဲအားလုံးဟာ စူပါသားရဲတွေဖြစ်နေပါတယ်။  

ဒီနေရာကို သားရဲတွေဘာကြောင့်လာတယ်ဆိုတာကို ဟန်ဆန်း,မသိပါ။ မက်မွန်ပင်ကြီးမှာ သူတို့ကို ဆွဲဆောင်နိုင်တဲ့ တစုံတရာများရှိလေသလား။

ဟန်ဆန်းလျှောက်တွေးနေတုန်း၊ ငွေမြေခွေးလေးဟာ ဇီရိုးလက်ထဲက ခုန်ချပြီး မက်မွန်ပင်ကြီးဆီသို့ ရွရွကလေး ပြေးထွက်သွားတယ်။

ဟန်ဆန်းဟာ ဦးနှောက်ခြောက်သွားတယ်။ မက်မွန်ပင်ကြီးက သားရဲတွေ သူ့ဆီလာအောင် ဓာတ်တခုခုများထုတ်ပေးနေသလား။ ငွေမြေခွေးလေးဟာ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် နောက်လှည့်ကြည့်လိုက်တယ်။ ပြီးနောက် ဟန်ဆန်းကို ခေါင်းညိတ်ပြပြီး သူ့နောက်ကို လိုက်လာဖို့ အချက်ပြလိုက်တယ်။

မက်မွန်ပင်ကြီးအောက်မှာ စူပါသားရဲတွေ အများကြီးရှိတယ်။ စူပါသားရဲတွေ ဘယ်လောက်သန်မာပြီး ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ သူအသိဆုံးပါ။ အဲ့ဒါကြောင့် ငွေမြေခွေးလေးနောက်ကို လိုက်ဖို့ ချီတုံချတုံ ဖြစ်နေပါတယ်။

ငွေမြေခွေးလေးက ခေါင်းကို ထပ်ညိတ်ပြတယ်။ သားရဲတွေဟာ ငွေမြေခွေးလေးကို သတိပြုမိပေမဲ့လည်း ဘာမှ မလုပ်ကြပါ။ လျစ်လျူ ရှုထားကြပါတယ်။ သူတို့ဟာ ငွေမြေခွေးလေးကို ကြည့်ရုံလောက်ပဲ ကြည့်ကြတယ်။

ငွေမြေခွေးလေးဟာ ဟန်ဆန်းကို တတိယအကြိမ်မြောက် ဆက်သွယ်ပြန်တယ်။ ဟန်ဆန်းဟာ အံကြိတ်ပြီး ပုန်းနေရာမှ ထွက်လာခဲ့တယ်။ ပြီးနောက် မက်မွန်ပင်ကြီးဆီသို့ ခြေဖျားထောက်ပြီး သွားခဲ့တယ်။

ဟန်ဆန်းဟာ သတိကြီးကြီးထားပြီး ရှေ့တိုးလာတယ်။ အခြေအနေတခုခုထူးရင် (သို့မဟုတ်) သားရဲတွေက သူ့ကို တခုခုလုပ်ဖို့ကြံရင် ထွက်ပြေးလို့ရအောင် ပြင်ဆင်ထားပါတယ်။

ဇီရိုးကတော့ သူ့လို မကြောက်ပါ။ သူမဟာ ငွေမြေခွေးလေးနောက်ကို အကြောက်အလန့်ကင်းကင်းနဲ့ ပြေးလိုက်သွားတယ်။ သူမဟာ သားရဲတွေအနီးသို့ ရောက်သွားတယ်။ ဒါပေမဲ့ သားရဲတွေဟာ သူမကို ဘာမှ မလုပ်ပါ။ သားရဲတွေဟာ သူတို့နေရာမှာသာ ဆက်ထိုင်နေကြတယ်။

ဟန်ဆန်းလည်း ငွေမြေခွေးလေးနောက်ကို ရင်တထိတ်ထိတ်နဲ့ လိုက်သွားခဲ့တယ်။ သူတို့ဟာ နေရာတနေရာရွေးပြီး မက်မွန်ပင်ကြီးအနီးမှာ ထိုင်ခဲ့ကြတယ်။ အရိုးဖြူ ဆင်ကြီးနဲ့ ဝက်ဝံနှစ်ကောင်မှလွဲလို့ သူတို့ဟာ မက်မွန်ပင်ကြီးနဲ့ အနီးဆုံးပါ။

ဟန်ဆန်းနဲ့ ခြောက်ပေအကွာမှာ ဝက်ဝံနက်ကြီးရှိတယ်။ ဝက်ဝံနက်ကြီးဟာ အရိုးဖြူ ဆင်ကြီးလောက် မကြီးပေမဲ့ ပေသုံးဆယ်လောက်မြင့်တယ်။ သူဟာ ဒူးထောက်ထိုင်ပြီး ကျယ်လောင်စွာ အသက်ရှူ နေတယ်။

ဟန်ဆန်းဟာ တိုက်ပွဲမှာ မဟုတ်ဘဲ၊ သားရဲတွေနဲ့ ပထမအကြိမ် နီးနီးကပ်ကပ် နေဖူးတာပါ။ သူ,အတော်လေးအံ့အားသင့်မိတယ်။ သူ့ကို ဘယ်သားရဲကမှ တိုက်ခိုက်ချင်ပုံ မပေါ်ပါ။

ဒီနေရာကို ရောက်လာတဲ့ သားရဲတွေဟာ ငြိမ်းချမ်းရေးကို လိုလားပုံပေါ်တယ်။ သားရဲတွေဟာ တကောင်နဲ့တကောင် မျိုးစိတ်မတူပေမဲ့ မက်မွန်ပင်ကြီးအောက်မှာ ဒူးထောက်ထိုင်နေကြတယ်။ ဘာတွေဖြစ်ကုန်ကြလဲ။ ဟန်ဆန်း,မပြောတတ်တော့ပါ။ မက်မွန်ပင်ကြီးဟာ နတ်ဘုရားတွေရဲ့ မေတ္တာရိပ်အောက်မှာရှိလို့ ငြိမ်းချမ်းသွားကြတာလား။ ဟန်ဆန်းဟာ ရောက်တတ်ရာရာ တွေးနေပါတယ်။

အခြားသားရဲတွေကို လှမ်းကြည့်လိုက်တယ်။ သူတို့လည်း အသက်ကို မှန်မှန်ရှူ နေကြတယ်။

"ဒီထူးဆန်းတဲ့ မက်မွန်ပင်ကြီးက လူတယောက်ရဲ့ လေ့ကျင့်မှုကို အထောက်အကူ ပေးနိုင်မလား...။ အင်း...၊ စမ်းကြည့်အုံးမှ...။''

ဟန်ဆန်းဟာ ခဏကြာ စဉ်းစားပြီး တုံရွမ်ခန္ဓာကျင့်စဉ်ကို လေ့ကျင့်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ဟန်ဆန်းဟာ စတင်လေ့ကျင့်လိုက်တယ်။ ခန္ဓာကိုယ်ထဲကို အထူးစွမ်းအင်တွေစီးဝင်လာတယ်။ တုံရွမ်ခန္ဓာကျင့်စဉ်ဟာ ဝင်ရောက်လာတဲ့ အထူးစွမ်းအင်ကို တုံ့ပြန်တဲ့အလား မြန်ဆန်လာတယ်။

"ထူးဆန်းတယ်...။ တခုခုတော့ တခုခုပဲ...။''

ဟန်ဆန်းဟာ ဆက်လက်လေ့ကျင့်ခဲ့တယ်။ ထုံးစံအတိုင်း သူ့ခန္ဓာကိုယ်မှ အမွှေးနံ့တွေ ထွက်လာတယ်။ အမွှေးနံ့ဟာ မက်မွန်ပန်းရနံ့နဲ့ ပေါင်းစပ်သွားပြီး လေထုထဲကို ပျံ့နှံ့သွားတယ်။

မကြာမီ စက်ဝိုင်းတပတ်ပြည့်သွားတယ်။ တုံရွမ်ခန္ဓာကျင့်စဉ်ဟာ ပုံမှန်ထက် တိုးတက်လာတယ်လို့ ခံစားမိတယ်။ အဲ့ဒါက သူ့ကို အံ့အားသင့်စေတယ်။

သားရဲတွေကို လှမ်းကြည့်လိုက်တဲ့အခါ ဟန်ဆန်းဟာ ထပ်မံအံ့အားသင့်သွားတယ်။ 

ဟန်ဆန်းဟာ ငွေမြေခွေးလေးကို အရင်ဆုံး ပြန်ကြည့်လိုက်တယ်။ သူဟာ ငွေမြေခွေးလေးရဲ့ ခန္ဓာကိုယ်ထဲက အမွှေးနံ့ကို အာရုံခံမိတယ်။
သူ့ခန္ဓာကိုယ်ထဲမှာ မသန့်စင်ရသေးတဲ့ အမွှေးနံ့တွေကျန်ရှိနေသေးတယ်။

ပန်းရောင်မြွေ၊ ဝက်ဝံပြာ၊ ကြိုးကြာနီ၊ ဝက်ဝံနက်ကြီးတို့ရဲ့ ခန္ဓာကိုယ်ထဲက အမွှေးနံ့တွေဟာ ပျက်ပြယ်လုနီးပါးဖြစ်နေပြီ။ သူတို့ဟာ အမွှေးနံ့တွေကို စုပ်ယူလို့ ပြီးခါနီးသွားပြီထင်ပါတယ်။

ဝက်ဝံနက်ပေါက်စလေးနဲ့ အရိုးဖြူ ဆင်ကြီးရဲ့ ခန္ဓာကိုယ် ထဲမှာတော့ စွမ်းအင်တွေဟာ စီးဆင်းနေဆဲပါ။ သူတို့ကျင့်ကြံနေတာ လူသားတွေချိကုန်းကျင့်တာနဲ့တောင် တူနေပါတယ်။

"မဟုတ်သေးဘူး...။ တခုခုတော့လွဲနေတယ်...။ ဝက်ဝံနက်သားအမိက အမျိုးတူရဲ့သားနဲ့...၊ ကျင့်ကြံပုံကျမှ ဘာလို့ကွဲနေတာလဲ...။''

ဟန်ဆန်းဟာ ဝက်ဝံနက်ပေါက်စလေးနဲ့ အရိုးဖြူ ဆင်ကြီးကို ကြည့်ရင်း စဉ်းစားမရဖြစ်သွားတယ်။

မကြာမီ ဝက်ဝံနက်ပေါက်စလေးနဲ့ အရိုးဖြူ ဆင်ကြီးဟာ အမွှေးနံ့ကို သန့်စင်လို့ ပြီးသွားပါတယ်။ ကြိုးကြာနီနဲ့ ပန်းရောင်မြွေကတော့ သန့်စင်နေဆဲပါ။ ဟန်ဆန်းဟာ သူတို့ရဲ့ ခန္ဓာကိုယ်တွင်းဖြစ်ပျက်မှုကို အာရုံခံလို့ ရနေဆဲပါ။

ဟန်ဆန်းဟာ သူ့လက်ထဲက ဘူးသီးခြောက်ကို ကြည့်မိတယ်။ ဘူသီးခြောက်ဟာလည်း အမွှေးနံ့ကို စုပ်ယူခဲ့တယ်။ အခုအချိန်မှာ ဘူးသီးခြောက်ဟာ အမွှေးနံ့ကို သန့်စင်လို့ ပြီးသွားပါပြီ။

ဟန်ဆန်းဟာ အခြားသားရဲတွေကို ဆင်လက်လေ့လာရင်း တစုံတရာကို တွေးမိသွားတယ်။

ငွေမြေခွေးလေးပဲဖြစ်ဖြစ်၊ ဝက်ဝံနက်ပေါက်စလေးပဲဖြစ်ဖြစ်၊ ဘူးသီးခြောက်ပဲဖြစ်ဖြစ် အရေးမကြီးပါ။ နောက်ကြောင်းကို လိုက်လို့ရပါတယ်။ ဒါပေမဲ့ အရိုးဖြူ ဆင်ကြီးရဲ့ နောက်ကြောင်းကိုတော့ မသိပါ။ နောက်ကြောင်းလိုက်လို့ရတယ်ဆိုတာက တချို့သားရဲတွေကို မိခင်တွေက မွေးဖွားပေးကြတယ်။ တချို့သားရဲတွေကတော့ အသိုက်တွေက မွေးဖွားလာတယ်။ ဥပမာအားဖြင့် - ငွေမြေခွေးလေးဟာ အသိုက်က (သို့မဟုတ်) ဥက ပေါက်ပြီး ရွှေမန်ဖီကောင်လေးကတော့ မိခင်က မွေးဖွားပါတယ်။ ဟန်ဆန်းဟာ ထပ်တွေးလိုက်တယ်။ ရွှေမာန်ဖီကောင်ကြီးနဲ့ပတ်သက်ပြီး အများကြီး မသိပါ။ ရွှေမာန်ဖီကောင်လေး သေသွားတဲ့အခါ အမတေနဲ့ ခန္ဓာကိုယ်ကို ချန်ထားခဲ့တယ်။ 

"ဒါဆို စူပါသားရဲပေါက်စကလေးနဲ့ မိခင်ဖခင်စူပါသားရဲတွေဟာ ဖွဲ့စည်းတည်ဆောက်ပုံ မတူကြဘူးလား...။''

ဟန်ဆန်းစဉ်းစားလိုက်တယ်။

ဒီအတွေးက မေးခွန်းတွေကို ဖြစ်ပေါ်စေတယ်။ စူပါသားရဲ တွေဟာ အမတေကို ထားခဲ့ပြီး ခန္ဓာကိုယ်ကို ဘာကြောင့် မထားခဲ့တာလဲ။ စူပါသားရဲတွေရဲ့ ဒုတိယ၊ တတိယမျိုးဆက်တွေကပဲ ခန္ဓာကိုယ်ကို ချန်ထားခဲ့လား။ မျိုးဆက်တဆက်နဲ့ တဆက်ကြားမှာ ကွာဟမှုတွေရှိလား။ မတူတာတွေရှိလား။ 

ငွေမြေခွေးလေးနဲ့ ဝက်ဝံနက်ပေါက်စလေးဟာ စူပါသားရဲလေးတွေပါ။ သူတို့မှာ သူတို့မိခင်တွေနဲ့ မတူညီတဲ့ စွမ်းရည်တွေ၊ ဖွဲ့စည်းပုံတွေရှိနေပါတယ်။
-------- --------- -------- ------- --------
-------- --------- -------- ------- --------

Super God Gene (659)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၆၅၉)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ တုံရွမ်ခန္ဓာကျင့်စဉ်ကို စက်ဝိုင်းတပတ်ပြည့်အောင် ကျင့်ပြီးနောက်မှာ စွမ်းအင်တွေဟာ ခန္ဓာကိုယ်ထဲမှာ ပြည့်သွားတယ်။ အဲ့ဒီပြည့်သွားတဲ့ စွမ်းအင်တွေကို ချေဖျက်ဖို့ အချိန်တရက်လိုပါတယ်။ အဲ့ဒါကြောင့် စက်ဝိုင်းတပတ်ပြည့်ပြီးနောက် ထက်မံလေ့ကျင့်တာဟာ အကျိုးမရှိပါ။ ဒါပေမဲ့ ထူးဆန်းတဲ့ အပြောင်းအလဲတခုဟာ မက်မွန်ပင်ကြီးအောက်မှာ ဖြစ်ပျက်ခဲ့ပါတယ်။

အချိန်အနည်းငယ်ကြာသော် ဟန်ဆန်းခန္ဓာကိုယ်ထဲမှာ စောစောက စွမ်းအင်တွေမရှိတော့ပါ။ ထူးဆန်းပါတယ်။ စွမ်းအင်တွေဟာ အချိန်အနည်းငယ်အတွင်း သန့်စင်ခြင်းခံလိုက်ရတယ်။ ခါတိုင်းဆိုရင် စွမ်းအင်တွေကို သန့်စင်ချေဖျက်ဖို့ ခန္ဓာကိုယ်ဟာ အချိန်တရက်လိုပါတယ်။ အဲ့ဒါကြောင့် တရက်မှာ စက်ဝိုင်းတပတ်သာ လေ့ကျင့်လို့ ရခဲ့ပါတယ်။ ဟန်ဆန်းဟာ ခဏစဉ်းစားပြီး တုံရွမ်ခန္ဓာကျင့်စဉ်ကို ဆက်ကျင့်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဟန်ဆန်းဟာ တုံရွမ်ခန္ဓာကျင့်စဉ်ကို ဆက်ကျင့်လိုက်တယ်။ ခန္ဓာကိုယ်မှာ စွမ်းအင်တွေပြည့်လာပြန်တယ်။ ဒီတကြိမ်မှာတော့ ဟန်ဆန်းဟာ ဆင်ကြီးကို လေ့လာလိုက်တယ်။ မလှုပ်မရှားဘဲ ငြိမ်နေတဲ့ ဆင်ကြီးဟာ ကျောက်စိမ်းရုပ်တုကြီးနဲ့တူတယ်။ ဒီအချိန်မှာမှ ဆင်ကြီးကို ပထမဆုံးအကြိမ်မြင်ဖူးသူဟာ ဆင်ကြီးကို ရက်ရက်စက်စက် သတ်ဖြတ်တတ်တဲ့ သားရဲကြီးလို့ ထင်မှာ မဟုတ်ပါ။

သားရဲတွေရဲ့ ခန္ဓာကိုယ်တွေဟာ လင်းလက်တောက်ပနေတယ်။ ဘယ်လိုအလင်းမျိုးနဲ့ တောက်ပနေတာလဲ။ ဟန်ဆန်း မသိပါ။ ဟန်ဆန်းဟာ ဆင်ကြီးရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်စီးဆင်းမှုကို အာရုံခံပြီး စိတ်ထဲမှာ မှတ်သားထားလိုက်တယ်။

လက်ရှိအခြေအနေဟာ ဘယ်လောက်ကြာမယ်ဆိုတာ မသိနိုင်ပါ။ အဲ့ဒါကြောင့် အခွင့်အရေးရတုန်း ဆင်ကြီးရဲ့ စွမ်းအင်ထိန်းချုပ်ပုံကို မှတ်ထားလိုက်တယ်။ နောင်တချိန်မှာ အသုံးဝင်ကောင်း ဝင်လာလာနိုင်ပါတယ်။
-------- --------- -------- ------- --------
မက်မွန်ပန်းတွေဟာ နှစ်ပတ်ကြာပွင့်ခဲ့တယ်။ နှစ်ပတ်အတွင်း ဟန်ဆန်းဟာ အရိုးဖြူ ဆင်ကြီးနဲ့ ဝက်ဝံနက်ပေါက်စလေးရဲ့ စွမ်းအင်စီးဆင်းပုံကို အလွတ်မှတ်နိုင်ခဲ့တယ်။

နှစ်ပတ်ပြည့်ပြီးနောက် မက်မွန်ပန်းတွေဟာ စတင်ညိုးခြောက်လာတယ်။ အဲ့ဒီအချိန်မှာ ငွေမြေခွေးလေးက ဟန်ဆန်းရဲ့ ဘောင်းဘီစကို ဆွဲပြီး ဒီနေရာက အမြန်ဆုံးထွက်ခွာဖို့ အချက်ပြလာတယ်။

ဟန်ဆန်းလည်း အပြောင်းအလဲတခုခုဖြစ်တော့မယ်လို့ ခံစားမိတယ်။ မက်မွန်ပန်းတွေဟာ ပိုလို့ပိုလို့ ညိုးခြောက်လာတယ်။ တချိန်လုံး ကျောက်ရုပ်တွေလို ငြိမ်သက်နေတဲ့ သားရဲတွေဟာ အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်လာတယ်။

ဟန်ဆန်းဟာ အရိုးဖြူ ဆင်ကြီးရဲ့ မျက်လုံးတွေ အနည်းငယ် ပြန်နီလာတာကို သတိပြုမိတယ်။ မကြာမီ ဒီနေရာမှာ သတ်ဖြတ်မှုတွေရှိလာမယ်လို့ ထင်မိတယ်။ စူပါသားရဲတွေ အရိုင်းစိတ်ဝင်လာရင် သူဟာ ဘယ်အကောင်ကိုမှ ပြန်တိုက်နိုင်မှာ မဟုတ်ပါ။ အဲ့ဒါကြောင့် အပြောင်းအလဲတခုခုမဖြစ်ခင် ဇီရိုးကို ခေါ်ပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ မက်မွန်ပင်ကြီးအောက်ကို ရောက်နေတာ နှစ်ပတ်ရှိသွားပြီ။ ဒီနှစ်ပတ်အတွင်း သူဟာ တုံရွမ်ခန္ဓာကျင့်စဉ်ကိုသာ အခေါက်ခေါက်အခါခါ လေ့ကျင့်နေခဲ့တယ်။ ဒီလိုလေ့ကျင့်ခွင့်ရတဲ့အတွက် သူ့ရဲ့ တုံရွမ်ခန္ဓာကျင့်စဉ်ဟာ အများကြီးတိုးတက်ခဲ့တယ်။ ဒါ့အပြင် တုံရွမ်ခန္ဓာကျင့်စဉ်ရဲ့ ပထမမျိုးရိုးဗီဇသော့ ကိုပင် ထိတွေ့မိသလိုမျိုး ခံစားရတယ်။ ဒါပေမဲ့ ပထမမျိုးရိုးဗီဇသော့ကို ဖွင့်ဖို့အတွက်တော့ တွန်းအားတခုခုလိုနေသေးပုံပေါ်တယ်။

အစကတော့ ဟန်ဆန်းဟာ ဒီလိုအနေအထားကို ရောက်ဖို့ အချိန်အကြာကြီးလိုမယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ မက်မွန်ပင်ကြီးအောက်မှာ နှစ်ပတ်ကြာကျင့်ကြံခြင်းက အချိန်ကုန်သက်သာစေခဲ့တယ်။ မက်မွန်ပင်ကြီးဟာ အလွန်ထူးခြားပါတတယ်။ 

"ပန်းရနံ့ကတောင် ဒီလောက်စွမ်းရင် အသီးတွေမှာ ဘယ်လိုအစွမ်းတွေရှိမလဲ... မသိဘူး...။ တလုံးလောက်စားကြည့်ရင် ကောင်းမလား...။''

ဟန်ဆန်းဟာ မက်မွန်သီးတွေသီးတဲ့အချိန်မှာ မက်မွန်သစ်တောကို တခေါက်ပြန်လာဖို့ ဆုံးဖြတ်ခဲ့တယ်။

ဟန်ဆန်းတွေးကြည့်မိတယ်။ မက်မွန်သီးတွေရင့်မှည့်တဲ့အခါ ဘယ်လိုစိန်ခေါ်မှုတွေရှိလာမလဲ။ မက်မွန်သီးအနည်းငယ်ရဖို့အတွက်တောင် အခက်အခဲတွေရှိလာနိုင်မလား။ ဘယ်လိုယှဉ်ပြိုင်မှုတွေရှိလာနိုင်မလဲ။ ဘာပဲဖြစ်ဖြစ် မီးစင်ကြည့်ပြီး ကရပါမယ်။
-------- --------- -------- ------- --------
ငွေမြေခွေးလေးဟာ အတော်လေး အရင်လိုနေတယ်။ သူဟာ ဟန်ဆန်းကို တောအုပ်ထဲက မြန်နိုင်သမျှ အမြန်ဆုံး ထွက်စေချင်ပုံပေါ်တယ်။ သူတို့ဟာ သစ်တောအပြင်ကို ရောက်မှ အရှိန်လျှော့လိုက်ကြတယ်။ အဲ့ဒီတော့မှ ငွေမြေခွေးလေးဟာ ဟန်ဆန်းပခုံးပေါ်ကို ခုန်တက်ပြီး ငြိမ်ငြိမ်လေး ထိုင်လိုက်တယ်။

ဟန်ဆန်းဟာ မက်မွန်တောအုပ်ထဲက သားရဲတွေရဲ့ ကမ္ဘာပျက်မတတ်အော်သံတွေကို သဲ့သဲ့လေးကြားရတယ်။ သူဟာ ဇီရိုးလက်ကို အမြန်ဆွဲပြီး ဆက်ပြေးလိုက်ပါတယ်။ ကြောက်တတ်ရင် ဘေးကင်းတယ်၊ မဟုတ်ပါလား။
-------- --------- -------- ------- --------
ဟန်ဆန်းတို့ဟာ မက်မွန်ရဲတိုက်ကို ပြန်လည်ရောက်ရှိခဲ့တယ်။ သူတို့နောက်ကို အရိုးဖြူ ဆင်ကြီးလိုက်လာတဲ့ အရိပ်အယောင်မျိုး မမြင်,မတွေ့ရပါ။ ဆင်ကြီးဟာ ရဲတိုက်ကို လုံးဝ မေ့သွားပုံပေါ်တယ်။ ရဲတိုက်နေပြည်သူတွေကတော့ ဆင်ကြီးကို ဘယ်တော့မှ မေ့ကြမှာ မဟုတ်ပါ။ ဆင်ကြီးအကြောင်းဟာ သားစဉ်မြေးဆက်ပြောကြမယ့် အိပ်ရာဝင်ပုံပြင်တပုဒ်ဖြစ်လာမှာ သေချာပါတယ်။

နောက်ပြီး ဝမ်ယုံဟန်ဟာလည်း အိပ်ရာဝင်ပုံပြင်ထဲက ရပ်သိရွာသိ ရဲတိုက်သိ သူရဲကောင်းတယောက်ဖြစ်လာပါတယ်။ ဒါ့အပြင် လူတွေဟာ နတ်သမီးရဲတိုက်နဲ့ နတ်သမီးစစ်တပ်ကို တသက်လုံး အမှတ်ထင်ထင် ရှိနေလိမ့်မယ်။ အထူးသဖြင့် ဝမ်ယုံဟန်ဟာ နတ်သမီးစစ်တပ်ရဲ့ ဗိုလ်ချုပ် ၁၃လို့ မှတ်မှတ်ရရ ရှိနေမှာပါ။

အမှန်တရားကို မသိတဲ့ လူတွေကတော့ နတ်သမီးစစ်တပ်ဟာ မယုံနိုင်လောက်အောင် အင်အားကြီးတယ်လို့ ထင်ကြမယ်။ ဆင်ကြီးကို မောင်းထုတ်ပြီး အဝေးတနေရာမှာ သတ်ပစ်လိမ့်မယ်လို့ ထင်ကြတယ်။ ဘာပဲပြောပြော နတ်သမီးစစ်တပ်ဟာ သူတို့ မကောင်းဆိုးဝါးရဲတိုက်ရဲ့ ကယ်တင်ရှင်လို့ တသက်လုံး ထင်သွားကြမှာ မလွဲဧကန်ပါ။
-------- --------- -------- ------- --------
နောက်ထပ်နှစ်ပတ်ကုန်ဆုံးသွားတယ်။ ဆူးတီရက်စ်ထီး ဟာ ဆဲလ်ပြောင်းကောင်မဖြစ်သေးပါ။ ဆက်လက်ပြောင်းလဲနေတုန်းပါ။ စူပါသားရဲဝိညာဉ်အဆင့်တက်ဖို့ အချိန်အတော်ကြာပုံပေါ်တယ်။ ဆဲလ်ပြောင်းကောင်ဖြစ်ဖို့ နောက်ထပ်နှစ်ပတ်လောက်ကြာဦးမယ်လို့ ဟန်ဆန်းခန့်မှန်းခဲ့တယ်။
-------- --------- -------- ------- --------
မဟာမိတ်ကို ပြန်ရောက်တော့၊ ဟန်ဆန်းဟာ ဆူးတီရက်စ်ထီးနဲ့လိုက်ဖက်မယ့် မျိုးရိုးဗီဇသိုင်းတခုကို ရှာဖို့ ဆုံးဖြတ်ခဲ့တယ်။ သူဟာ သုတေသနများစွာပြုလုပ်ခဲ့သော်လည်း ဆူးတီရက်စ်ထီးနဲ့လိုက်ဖက်မယ့် မျိုးရိုးဗီဇသိုင်းကို ရှာမတွေ့ခဲ့ပါ။ ဆူးတီရက်စ်ထီးဟာ ဓားလည်းမဟုတ်သလို လှံလည်းမဟုတ်ပါ။ တင်းပုတ်လိုမျိုးလည်း မသုံးနိုင်ပါ။ 

"ဒါကြောင့် ဆိုင်ရှင်က ငါ့ကို ဈေးပေါပေါနဲ့ ရောင်းလိုက်တာကိုး...။ အင်း... လူကြိုက်နည်းတဲ့ သားရဲဝိညာဉ်ဆိုတော့လည်း တွဲဖက်သုံးရမယ့် သိုင်းက တအားရှားတာပဲ...။''

ဒါပေမဲ့ ဟန်ဆန်းဟာ ဇွဲမလျှော့ဘဲ တွေ့လိုတွေ့ငြား ဆက်ရှာခဲ့တယ်။ သူဟာ ရာနှုန်းပြည့်လိုက်ဖက်မယ့် သိုင်းကို မမျှော်လင့်ပါ။ ၇၀%လောက်လိုက်ဖက်ရင်ကို ကျေနပ်ပါတယ်။

ဟန်ဆန်းဟာ အထူးအဆင့် မျိုးရိုးဗီဇသိုင်းအားလုံးကို နာမည်အကျော်ကြားဆုံးမှ နာမည်မကျော်ကြားဆုံးအထိ လျှောက်ကြည့်ခဲ့တယ်။ ဒါပေမဲ့ တခုမှ မတွေ့ပါ။

မြင်လိုက်တာနဲ့ ကျောချမ်းစေတဲ့ လက်နက်အမျိုးအစားဟာ အလွန်တရာ ရှားပါးပါတယ်။ ဆူးတီရက်စ်ထီးဟာ အဲ့ဒီလိုလက်နက်အမျိုးအစားပါ။ အလွန်လေးလံပါတယ်။ ဆူးတီရက်စ်ထီးကို ဓားတလက်လို လက်နှစ်ဖက်နဲ့ ကိုင်လို့ မရပါ။ လက်တဖက်နဲ့ပဲ ကိုင်လို့ရပါတယ်။ လက်တဖက်နဲ့ ကိုင်မယ်ဆိုရင်လည်း အဲ့ဒီလူဟာ အလွန်သန်မာဖို့ လိုပါတယ်။

ဆူးတီရက်စ်ထီးဟာ ဓားမဟုတ်တာကြောင့် ဓားလို ခုတ်လို့မရပါ။ လျင်မြန်စွာ ဝှေ့ယမ်းလို့ မရပါ။ ဒါပေမဲ့ လှံလို ထိုးလို့ ရတယ်။ တင်းပုတ်လို ထုရိုက်လို့ ရပါတယ်။ နောက်ဆုံးမှာတော့ ဆူးတီရက်စ်ထီးဟာ အသုံးပြုရခက်တဲ့ လက်နက်ပါ။

ဆူးတီရက်စ်ထီးဟာ ခြောက်ပေကျော်ရှည်တယ်။ လက်တဖက်နဲ့ပဲ ကိုင်လို့ရတယ်။ ကြောက်စရာအသွင်ရှိတယ်။ ဒါပေမဲ့ တွဲဖက်အသုံးပြုလို့ရမယ့် သိုင်းမရှိတာက စိတ်ပျက်ဖွယ်ကောင်းတယ်။

နောက်ဆုံးမှာတော့ ဟန်ဆန်း ဟာ စိန့်ခန်းမက ပရော်ဖက်ဆာ ဘိုင်အီရှန်ကို အကူအညီတောင်းဖို့ ဆုံးဖြတ်ခဲ့တယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ ဆူးတီရက်စ်ထီးကို ပုံတူဆွဲပြီး ဘိုင်အီရှန်ဆီကို ဖုန်းနဲ့ ပို့လိုက်တယ်။ အဲ့ဒီလက်နက်နဲ့ သင့်တော်တဲ့ သိုင်းတခုခုရှာပေးဖို့ မက်ဆေ့မှာ ထည့်ရေးလိုက်တယ်။

"အေး...၊ ခဏစောင့်ကွာ...။''

ဘိုင်အီရှန်က စာပြန်လိုက်တယ်။ နာရီဝက်ခန့်ကြာတဲ့အခါ ဘိုင်အီရှန်ဆီက ဖုန်းဝင်လာပါတယ်။

"ဒီလက်နက်မျိုးက အရမ်းရှားတယ်ကွ...။ ဒါပေမဲ့ မင်းကံကောင်းတယ်...။ မင်းပို့လိုက်တဲ့ ပုံကို မြင်တာနဲ့...၊ ဒီလက်နက်နဲ့တူတဲ့ လက်နက်တခုကို တီတွင်ခဲ့တဲ့ လူတယောက်ကို သတိရသွားတယ်...။ လက်နက်ပုံစံချင်းတော့ နည်းနည်းကွဲတယ်...။ ဒါပေမဲ့ ဖန်ရှင်တွေတူတယ်...။ ရည်ရွယ်ချက်တွေတူတယ်...။ သူ့လက်နက်ကလဲ လက်တဖက်နဲ့ပဲ ကိုင်လို့ရတယ်...။ ထိုးမယ်...၊ ထုမယ်...၊ ရိုက်မယ်...၊ အားနဲ့ လွှဲမယ်...၊ အဲ့ဒါတွေ လုပ်လို့ရတယ်...။ အဲ့ဒီလူက အဲ့ဒီလက်နက်အတွက် သိုင်းတမျိုးလဲ တီထွင်ခဲ့တယ်...။ ဒါပေမဲ့ အဲ့ဒီသိုင်းက သိပ်တော့ မထူးခြားဘူး...။ အဲ့ဒါကြောင့် စိန့်ခန်းမက အဲ့ဒီသိုင်းကို ရိုးရိုးအဆင့်ပဲ သတ်မှတ်ထားတယ်...။ သိုင်းနာမည်က အဆိပ်နဂါးတဲ့...။ မင်းစိတ်ဝင်စားရင် သွားကြည့်သင့်တယ်...။''

"ဟုတ်...၊ ကျေးဇူးပဲ...၊ ဆရာဘိုင်...။''

ဟန်ဆန်းမှာ ရွေးချယ်စရာမရှိပါ။ ရိုးရိုးအဆင့်ဖြစ်နေတာက အတော်ဆိုးပါတယ်။ အထူးအဆင့်သိုင်းတွေထဲမှာ ဆူးတီရက်စ်ထီးနဲ့သင့်တော်တဲ့ သိုင်းမရှိဘူးလို့ ဘိုင်အီရှန်က ပြောပါတယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ စိန့်ခန်းမကို သွားပြီး အဆိပ်နဂါးသိုင်းကို ဝယ်ခဲ့တယ်။ ပြီးနောက် အဲ့ဒီသိုင်းကို စူးစူးစိုက်စိုက် လေ့လာလိုက်တယ်။ ရိုးရိုးအဆင့်ဖြစ်ပေမဲ့ ဆူးတီရက်စ်ထီးနဲ့ အထူးသင့်တော်တာကို တွေ့ရတယ်။ အဓိကအားဖြင့် ဆောင့်ထိုးခြင်း၊ တွန်းထိုးခြင်းနဲ့ ပြင်းပြင်းထန်ထန် ထုရိုက်ခြင်းတို့ကို ပြုလုပ်နိုင်တယ်။ တွန်းထိုးခြင်း၊ ဆောင့်ထိုးခြင်းတွေမှာ မွေ့လည်အားကို အသုံးပြုထားတယ်။ အတိုချုပ်အညွှန်းကို ဖတ်ပြီးတဲ့အခါ ဟန်ဆန်းဟာ အတော်လေး ဝမ်းသာအားရ ဖြစ်သွားပါတယ်။
-------- --------- -------- ------- --------
-------- --------- -------- ------- --------

Super God Gene (660)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၆၆၀)
-------- --------- -------- ------- --------
ပင်လယ်ရေအောက်တနေရာမှာ...။

ဟန်ဆန်းဟာ ကိုးပေလောက်ရှည်တဲ့ ငါးတကောင်ကို လက်သီးနဲ့ အသေထိုးသတ်ပြီး ကျောက်သလင်းရွက်လှေဆီသို့ ဆွဲယူလာခဲ့တယ်။

တော်ဝင်နတ်မိမယ်ဟာ ဟန်ဆန်းဆွဲယူလာတဲ့ ငါးကို လှမ်းကြည့်နေတယ်။ သူမဟာ ထွတ်မြတ်သွေးအသားများစွာကို စားသုံးခဲ့ပြီးပြီ။ သူမစားခဲ့တဲ့ ထွတ်မြတ်သွေးသားရဲတွေဟာလည်း အမျိုးစုံသလောက်ရှိခဲ့ပြီ။ သူမဟာ အသွင်ပြောင်းခါနီးပြီလို့ ဟန်ဆန်းယူဆမိတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ အခုတလော အစားနည်းလာတယ်။ ဒါဟာ အသွင်ပြောင်းခါနီးပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ သူမဟာ အသွင်ပြောင်းပြီးသွားရင် သူ့ရဲ့ ညာလက်ရုံးဖြစ်လာမယ်။ သူ့ဘေးနားမှာ သူမရှိရင် စူပါသားရဲတွေကို သတ်ဖြတ်ရတာ ပိုလွယ်လာလိမ့်မယ်။

ဟန်ဆန်းဟာလည်း ထွတ်မြတ်သွေးအသားတွေ အတော်များများစားခဲ့တယ်။ ဒါပေမဲ့ အကောင်သေးသေးထွတ်မြတ်သွေးသားရဲတွေကို ရှာမတွေ့တာကြောင့် ထွတ်မြတ်သွေးအမှတ်ဟာ ထင်သလောက် တိုးမလာခဲ့ပါ။ အခု သူ့ရဲ့ ထွတ်မြတ်သွေးအမှတ်ဟာ ၅၁မှတ်မှာ ငြိမ်နေပါတယ်။ တရာပြည့်ဖို့ တဝက်နီးပါးလိုသေးတယ်။ မီးအကြေးခွံတီရက်စ်ရဲ့ အမတေကို ရထားပေမဲ့လည်း အခုအချိန်အထိ ဘယ်လိုစားရမှန်း မသိသေးပါ။ အဲ့ဒါကြောင့် သူ့မှာ စူပါအမှတ် တမှတ်မှ မရသေးပါ။

ဟန်ဆန်းရဲ့ လက်ရှိကြံ့ခိုင်မှုအညွှန်းကိန်းဟာ ၁၅၀ အထက်မှာ ရှိတယ်။ ဟန်ဆန်းစဉ်းစားကြည့်တယ်။ ထွတ်မြတ်သွေးအမှတ် တရာပြည့်သွားရင် ကြံ့ခိုင်မှုအညွှန်းကိန်းဟာ ၁၈၀ နဲ့ ၂၀၀ ကြားမှာ ရှိလိမ့်မယ်။ လောလောဆယ် အနေအထားမှာ စူပါအမှတ်တွေရခဲ့ရင်တောင် သာလွန်သူမဖြစ်နိုင်သေးပါ။ သာလွန်သူဖြစ်ဖို့ အညွှန်းကိန်း ၃၀၀ လိုအပ်ပါတယ်။

စူပါသားရဲကို သတ်ဖြတ်ရတာ မလွယ်ပါ။ အမတေကို ဘယ်လိုစားရမှန်းမသိသေးတာကလည်း ပြဿ     နာပါ။ ဟန်ဆန်းဟာ တော်ဝင်နတ်မိမယ်ကို လှမ်းကြည့်လိုက်တယ်။ သူမဟာ သူဆွဲယူလာခဲ့တဲ့ ကိုးပေကျော်ရှည်တဲ့ ငါးကြီးကို စားနေတယ်။
-------- --------- -------- ------- --------
ထိုစဉ် စိတ်သိုလှောင်ခန်းဟာ ရုတ်တရက် တုန်ခါသွားတယ်။ ဆူးတီရက်စ်ထီးရဲ့ ပြောင်းလဲခြင်းဖြစ်စဉ် ပြီးဆုံးသွားပြီ၊ ထင်ပါတယ်။

ဟုတ်ပါတယ်။ ဆူးတီရက်စ်ထီးရဲ့ ပြောင်းလဲခြင်းဖြစ်စဉ် ပြီးဆုံးသွားပါပြီ။ ဟန်ဆန်းဟာ ဆူးတီရက်စ်သားရဲဝိညာဉ်ကို ကြည့်လိုက်တယ်။ ဆူးတီရက်စ်ရဲ့ တကိုယ်လုံးမှာ မီးတွေတဟုန်းဟုန်းတောက်လောင်နေတယ်။ ဟန်ဆန်းဟာ အသေအချာ ထပ်ကြည့်လိုက်တယ်။ ဆူးတီရက်ဟာ မီးအကြေးခွံတီရက်စ်နဲ့ အတော်လေးတူပါတယ်။

ဟန်ဆန်းဟာ ဆူးတီရက်စ်ထီးရဲ့ မိတ်ဆက်စာမျက်နှာကို ဖတ်လိုက်တယ်။ ဆဲလ်ပြောင်းကောင်လို့ ရေးထားတာကို တွေ့ရပါတယ်။

ဟန်ဆန်းဟာ ဆူးတီရက်စ်ထီးကို ဆင့်ခေါ်လိုက်တယ်။ မီးတွေတောက်လောင်နေတဲ့၊ ဆူးတွေအများကြီးပါတဲ့ အနီရောင်ထီးတလက်ပေါ်လာတယ်။ အဲ့ဒီထီးက ဖြာထွက်လာတဲ့ အပူရှိန်ဟာ မယုံနိုင်လောက်အောင် ပြင်းတယ်။ ထီးနဲ့အသားကပ်လိုက်ရင် အသားဟာ ကင်းပြီးသားဖြစ်သွားလိမ့်မယ်။

"အတော်ကြောက်ဖို့ကောင်းတဲ့ လက်နက်ပဲ...။''

ဟန်ဆန်းဟာ ဆူးတီရက်စ်ထီးကို တချက်ဝှေ့ယမ်းကာ စမ်းသပ်လိုက်တယ်။ သူမျှော်လင့်ထားသလို အစွမ်းထက်ပါတယ်။

"အင်း...၊ လက်နက်တော့ရပြီ...။ စူပါသားရဲတကောင်ရှာပြီး စမ်းကြည့်ရမယ်...။ ဘယ်ကောင်ကို အရင်စမ်းရမလဲ...။''

ဟန်ဆန်း စဉ်းစားလိုက်တယ်။ အခုလို စူပါသားရဲတွေခေတ်စားနေတဲ့ အချိန်မှာ စူပါသားရဲတကောင်ကို ရှာဖို့ဆိုတာ မခက်တော့ပါ။ စူပါသားရဲအများစုဟာ အလွန်နက်ရှိုင်းတဲ့ တောနက်ကြီးတွေ၊ အလွန်ဝေးလံတဲ့ တောင်တန်းဒေသတွေ၊ လူသူအရောက်ပေါက်နည်းတဲ့ ရွံ့နွံအိုင်ကြီးတွေမှာ နေပါတယ်။ ဝမ်ယုံဟန်ကို ခေါ်ပြီး အဲ့ဒီနေရာတွေကို သွားရင် တကောင်မဟုတ်တကောင် တွေ့မှာ သေချာပါတယ်။

ဒါပေမဲ့ ပြဿ     နာက စူပါသားရဲကို သတ်နိုင်၊ မသတ်နိုင် မသေချာတာပါ။ ဟန်ဆန်းဟာ ပထမဆုံးပစ်မှတ်အဖြစ် တိမ်နီမြည်းကို ရွေးချယ်လိုက်တယ်။ ခက်တာက အဲ့ဒီမှာ စူပါကျီးကန်းလည်းရှိနေတယ်။ ဆူးတီရက်စ်ထီးဟာ စူပါလက်နက်ဖြစ်ပေမဲ့ သူဟာ ကျီးကန်းကို မယှဉ်နိုင်ပါ။ စူပါကျီးကန်းဟာ အလွန်မြန်ပြီး အလွန်ကြောက်ဖို့ ကောင်းပါတယ်။ ထီးကိုတောင် မမြှောက်ရသေး၊ စူပါကျီးကန်းက သူ့ခေါင်းကို ဖြတ်သွားမှာ ဟန်ဆန်းစိုးရိမ်ပါတယ်။ သူဟာ ခန္ဓာကိုယ်သန်မာပြီး အမြန်နှုန်းနှေးတဲ့ စူပါသားရဲကို ဦးစားပေးအမဲလိုက်ချင်တယ်။ မက်မွန်တောအုပ်မှာ တွေ့ခဲ့တဲ့ ဝက်ဝံနက်လို စူပါသားရဲမျိုးဆိုရင် မဆိုးပါ။

ဆူးတီရက်စ်ထီးက ရှည်တာကြောင့် အကောင်ကြီးကြီးတွေကို ရင်ဆိုင်နိုင်တယ်။ ဟန်ဆန်းဟာ ဝက်ဝံနက်နဲ့ ရင်ဆိုင်တွေ့ရင် ခေါင်းကို လက်သီးနဲ့ထိုးဖို့ စိတ်ကူးထားတယ်။ သားရဲဟာ သူ့လက်သီးကို မခံနိုင်ဘူးလို့ ယုံကြည်ပါတယ်။

ဒါပေမဲ့ မက်မွန်သစ်တောကို ပြန်သွားဖို့ စဉ်းစားလိုက်တိုင်း မက်မွန်ပင်ကြီးအောက်မှာ ထိုင်နေတဲ့၊ များပြားလှတဲ့ စူပါသားရဲတွေကို မြင်ယောင်ပြီး ကျောချမ်းမိတယ်။ ဝမ်ယုံဟန်ကို ခေါ်ပြီး အဲ့ဒီသစ်တောကို သွားမိပါက တောစပ်မှာ ခြေချလိုက်ရုံနဲ့၊ သူတို့နှစ်ယောက်နောက်ကို စူပါသားရဲတွေ
တပြုံ ကြီးလိုက်လာမှာ သေချာပါတယ်။ ဝမ်ယုံဟန်ကို မခေါ်လည်း ဘာမှ မထူးပါ။ များပြားလှတဲ့ သားရဲတွေကို သူတယောက်တည်း ရင်မဆိုင်နိုင်ပါ။ ဝမ်ယုံဟန်ပါခဲ့ရင်တော့ အလစ်ချောင်းတိုက်ခိုက်ဖို့ အခွင့်အရေးရနိုင်ပါတယ်။ အလစ်ချောင်းတိုက်ခိုက်ခွင့်ရခဲ့ရင် သားရဲတဝက်ခန့်ကို သတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
-------- --------- -------- ------- --------
"ခေါင်းဆောင်ဟန်...၊ ခေါင်းဆောင်လုဟွေ အလည်လာပါတယ်...။''

နတ်သမီးရဲတိုက်ကို ပြန်ရောက်တဲ့အခါ ယန်းမန်လီက လုဟွေကို ဟန်ဆန်းဆီခေါ်လာပါတယ်။

"သူဘာလာလုပ်တာလဲ...။ ငါ့ကို ကျေးဇူးတင်စကားပြောဖို့ လာတာလား...။''

ဟန်ဆန်းဟာ မျက်မှောင်ကြုတ်ကာ စဉ်းစားပြီး ဧည့်သည်ကို အခန်းထဲဖိတ်ခေါ်ခဲ့တယ်။

"ခေါင်းဆောင်လု...၊ အချိန်ပေးပြီး ကျနော့်ဆီလာတာ ဘာကိစ္စရှိလို့လဲဗျ...။''

ဟန်ဆန်းက လုဟွေကို ပြုံးပြီး မေးလိုက်တယ်။

"ကျေးဇူးတင်ကြောင်းလဲပြောရင်း...၊ အလုပ်အကြောင်းလဲပြောရင်း...၊ လာခဲ့တာဗျ...။''

လုဟွေကလည်း ပြုံးပြီး ပြန်ဖြေလိုက်တယ်။

"ဪ...၊ ကျေးဇူးကတော့ တင်စရာမလိုပါဘူးဗျာ...။ အပြစ်မဲ့ပြည်သူတွေသေမှာကို ကျနော်လဲ လက်ပိုက်ပြီး ကြည့်မနေနိုင်ပါဘူး...။ အလုပ်အကြောင်းက ဘာလဲဗျ...။ ပြောပါအုံး...။''

ဟန်ဆန်းဟာ လုဟွေမှာ သူ့အတွက် လက်ဆောင်ပါမလာတာကို သတိပြုမိပြီး စိတ်ပျက်သွားပါတယ်။

"ဟွန်း...၊ အတော်ကပ်စီးနဲတဲ့ လူ...၊ လက်ဆောင်လေးတောင် ယူမလာဘူး...။''

ဟန်ဆန်းက စိတ်ထဲကနေ ပြောလိုက်တယ်။

"ကျနော်တို့အဖွဲ့က စူပါသားရဲတကောင်ကို ရှာတွေ့ထားတယ်...။ ဒါပေမဲ့ အဲ့ဒီသားရဲကို ကျနော်တို့တဖွဲ့တည်း မသတ်နိုင်ဘူး...။ အဲ့ဒါကြောင့် ပူးပေါင်းပြီး အမဲလိုက်ဖို့ လာပြီး ဖိတ်ခေါ်တာပါ...။''

လုဟွေက ဝေ့လည်ကြောင်ပတ် လုပ်မနေဘဲ ဒဲ့ဒိုးပြောလိုက်တယ်။

"ဘယ်လိုစူပါသားရဲမျိုးလဲ...။''

ဟန်ဆန်းဟာ ချက်ချင်း စိတ်ဝင်စားသွားတယ်။

"ဝံပုလွေတကောင်ဗျ...။''

လုဟွေက ပြန်ဖြေလိုက်တယ်။

"ဟုတ်...၊ ဘယ်လိုဝံပုလွေမျိုးလဲ...။''

ဟန်ဆန်းက ထပ်မေးလိုက်တယ်။ လုဟွေဟာ ဇဝေဇဝါ ဖြစ်နေတယ်လို့ ထင်မိတယ်။ လုဟွေက ရယ်ပြီး ပြန်ဖြေလိုက်တယ်။

"ထောင်နဲ့ချီတဲ့ ဝံပုလွေတွေရဲ့ ဘုရင်ဗျ...။ သူ့မှာ ဘာစွမ်းအင်ရှိလဲတော့ မသိသေးဘူး...။ ဒါပေမဲ့ အရမ်းသန်မာတာတော့ သေချာတယ်...။''

"ဝံပုလွေတထောင်ကျော်...၊ ဒါဆို အတော်အန္တရာယ်များမယ်...။''

ဟန်ဆန်းဟာ မျက်မှောင်ကြုတ်သွားတယ်။ သူဖိတ်ခေါ်တာကို လက်ခံလိုက်ရင် ပြင်းထန်တဲ့ တိုက်ပွဲမှာ ဝင်ပါရမယ်။ ထောင်နဲ့ချီတဲ့ ဝံပုလွေတွေကြားမှာ ဝံပုလွေဘုရင်ကို သတ်ဖို့ဆိုတာ မလွယ်ပါ။ တကောင်တည်းနေတဲ့ စူပါသားရဲကို တယောက်တည်း ရင်ဆိုင်ရတာက ပိုကောင်းပါတယ်။

"ဟုတ်တယ်...၊ အန္တရာယ်များမယ်...၊ ရင်ဆိုင်ရခက်မယ်...။ အဲ့ဒါကြောင့်လဲ အကူအညီလာတောင်းတာပေါ့ဗျာ...။ စူပါသားရဲဝံပုလွေဘုရင်အကြောင်းပြောရရင် သူက အမွေးလဲထူတယ်...၊ အရေပြားလဲထူတယ်...။ မြန်တော့ သိပ်မမြန်ဘူး...။ ခွန်အားကတော့ ပုံမှန်ပဲ...။ စူပါသားရဲတကောင်မှာ ရှိသင့်ရှိထိုက်တဲ့ ခွန်အားမျိုးပေါ့...။ အဲ့တော့ ဝံပုလွေဘုရင်ဟာ သတ်ဖို့ အသင့်တော်ဆုံး စူပါသားရဲပဲ....။''

လုဟွေက ရှင်းပြလိုက်တယ်။

ဟန်ဆန်းက ခေါင်းညိတ်လိုက်တယ်။ စူပါသားရဲသန်မာတယ်ဆိုတာ ပြောစရာမလိုပါ။ လက်နက်အင်အား၊ လူအင်အားသုံးနိုင်ရင်တော့ အောင်မြင်နိုင်ပါတယ်။

"ဒါဆို ကျနော်တို့က ဘယ်လိုပူးပေါင်းမှာလဲ...။''

ဟန်ဆန်းက မေးလိုက်တယ်။

"ခင်ဗျားတို့က ဝံပုလွေအုပ်ကို မျှားခေါ်ပေး...။ ကျနော်တို့က ဝံပုလွေဘုရင်ကို ရင်ဆိုင်မယ်...။ သားရဲဝိညာဉ်ကလွဲရင် ကျန်တာကို အချိုးကျ ခွဲပေးပါ့မယ်...။''

လုဟွေက ပြောလိုက်တယ်။ သူဟာ ဝမ်ယုံဟန်ကို အသုံးချချင်ပုံပေါ်တယ်။

ဝမ်ယုံဟန်က သူ့ရဲ့ ကံကြမ္မာဆိုးကို အသုံးချပြီး မကောင်းဆိုးဝါးရဲတိုက်ကို ကယ်တင်ခဲ့တယ်။ ထိုစဉ်က လုဟွေဟာ ဝမ်ယုံဟန်ရဲ့ အရည်အချင်း ကို မျက်ဝါးထင်ထင် မြင်ပြီး အံ့အားသင့်ခဲ့ရတယ်။ သူဟာ အဲ့ဒီအချိန်ကစပြီး ဝမ်ယုံဟန်ရဲ့ သားရဲတွေကို ဆွဲဆောင်နိုင်စွမ်းကို အလွန်ပင် အထင်ကြီးလေးစားခဲ့တယ်။

"အဲ့လိုဆိုရင်တော့ အကူအညီ မပေးနိုင်ဘူး...။''

ဟန်ဆန်းက ပြတ်ပြတ်သားသား ငြင်းလိုက်တယ်။

"ဘာဖြစ်လို့လဲ...။''

လုဟွေက မေးလိုက်တယ်။

"အတူတူပူးပေါင်းမယ်ဆိုရင် သားရဲဝိညာဉ်လဲ ရတဲ့လူ ယူကြေး ဖြစ်ရမှာပေါ့...။ မဟုတ်ဘူးလား...။''

ဟန်ဆန်းက အေးအေးဆေးဆေး ပြန်ပြောလိုက်တယ်။

"ဒါဆိုလဲ ရပါတယ်...။ နောက်တကြိမ်မှ ပူးပေါင်းကြတာပေါ့...။''

လုဟွေလည်း ထပ်ပြောနေလည်း အပိုပဲလို့ တွေးပြီး နှုတ်ဆက်လိုက်ပါတယ်။

လုဟွေက ဟန်ဆန်းမှာ စူပါသားရဲကို သတ်နိုင်စွမ်းရှိမယ်လို့ မထင်ပါ။ သူက ဝမ်ယုံဟန်ကိုသာ ဝံပုလွေတွေကို ဆွဲဆောင်မျှားခေါ်ဖို့အတွက် လိုချင်တာပါ။ ဒါပေမဲ့ ဟန်ဆန်းရဲ့ လောဘက ကြီးလွန်းပါတယ်။ ဟန်ဆန်းဟာ မမှီတဲ့ ပန်းကိုမှ ခူးချင်နေပါတယ်။

"ခေါင်းဆောင်လုကို လိုက်ပို့လိုက်ပါအုံး...။''

ဟန်ဆန်းက ယန်းမန်လီကို ပြောလိုက်တယ်။

"အင်း...၊ ဝံပုလွေဘုရင်ကို သူ ဘယ်နေရာမှာ တိုက်ခိုက်မလဲ...။ အဲ့ဒီနေရာကို စုံစမ်းရမယ်...။''
-------- --------- -------- ------- --------
-------- --------- -------- ------- --------

Continue lendo

Você também vai gostar

79.2K 4.7K 107
သရဲဆရာဝန္ (part _2)
43.1K 7.2K 31
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...
67.1K 6K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
2.3M 316K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...