စွယ်စုံမှော်ဘုရင် မိုဖန်

De Georgeaye

6.6K 716 10

သူနိုးလာသောအချိန်၌ သူနေထိုင်ရာကမ္ဘာကြီးသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူတက်ရောက်နေသောကျောင်းသည်... Mai multe

အခန်း ( ၁ - က ) ကမ္ဘာကို ကိုင်လှုပ်ခြင်း
အခန်း ( ၁ - ခ ) ကမ္ဘာကို ကိုင်လှုပ်ခြင်း
အခန်း ( ၁ - ဂ ) ကမ္ဘာကို ကိုင်လှုပ်ခြင်း
အခန်း ( ၂ ) မခွဲပေမယ့် ကွဲနေသောလူ့အလွှာ
အခန်း ( ၃ ) မောင်မယ်သစ်လွင်ကြိုဆိုပွဲ
အခန်း ( ၄ ) မှော်ဒြပ်စင်စွမ်းအင်နှိုးပွဲအခမ်းအနား
အခန်း ( ၅ ) ဝမ်းတွင်းမှော် - ဒွေဒြပ်စင် ( အပိုင်း - ၁ )
အခန်း ( ၆ ) ဝမ်းတွင်းမှော် - ဒွေဒြပ်စင် ( အပိုင်း - ၂ )
အခန်း ( ၇ ) ကြောင်သူတော် ကြွက်သူခိုး
အခန်း ( ၈ ) ထွက်ပြေးနေသော ကြယ်ရိုင်းလေးများ
အခန်း ( ၉ ) ဇိုးဂိုဏ်းဝင် စတားဆဲဗင်း
အခန်း ( ၁၀ ) မိုးကြိုးဒြပ်စင်အသက်ဝင်လာခြင်း
အခန်း ( ၁၁ ) ညီမလေး ယဲ့ချင်းရှ
အခန်း ( ၁၂ ) မိုးကြိုးစွမ်းအား လျှပ်စီးပစ်ခွင်းခြင်း
အခန်း ( ၁၃ ) ကြိုက်မိသွားသောအရသာ
အခန်း ( ၁၄ ) ကောင်းကင်ဖီဆန်ကျင့်ကြံခြင်း
အခန်း ( ၁၅ ) မိစ္ဆာနတ်ဆိုးပုံပြင်
အခန်း ( ၁၆ ) မီးဒြပ်စင်ဆရာမလေး
အခန်း ( ၁၇ ) အဆိပ်ပြင်းသော ဆရာမလေး
အခန်း ( ၁၈ ) တပည့်လိမ္မာ ဆရာအာပတ်လွတ်
အခန်း ( ၁၉ ) လေလမ်းကြောင်း၊ ခြေလှမ်းမြန်
အခန်း ( ၂၀ ) ကြယ်မှုန်မှော်ရတနာ
အခန်း ( ၂၁ ) ရေခဲနတ်သမီးလေး မုနဉ်ချူး
အခန်း ( ၂၂ ) တောင်ကူးမြောက်ပြေး ရွာဆော်ကြီးခွေး
အခန်း ( ၂၃ ) မှော်စက်ယောင်မြေခွေးမ
အခန်း ( ၂၄ ) မှော်စွမ်းအင်အသက်သွင်းခြင်းစစ်ဆေးမှု့
အခန်း ( ၂၅ ) ရေခဲဒြပ်စင်၏ ရေခဲလွှမ်းမိုးခြင်း
အခန်း ( ၂၆ ) ယုံကြည်မှု့ကို အလွဲသုံးစားလုပ်ခြင်း
အခန်း ( ၂၇ ) စာမေးပွဲ၌ ယုတ်မာခြင်း
အခန်း ( ၂၈ ) မြေကြီးလား ရွှေထီးလား
အခန်း ( ၂၉ ) မီးတောက်ပေါက်ကွဲမှု့ အနုသုခုမ
အခန်း ( ၃၀ ) ဂေါ်လီရိုက်ရင်း ရန်ဖြစ်ခြင်း
အခန်း ( ၃၁ ) အားရပါးရကျိန်ဆဲခြင်း
အခန်း ( ၃၂ ) အကိုဖန့်သိက္ခာတွေ ဘယ်ရောက်သွားတာလည်း
အခန်း ( ၃၃ ) ထူးချွန်အတန်းနှင့် ကြယ်မှုန်မှော်ရတနာ
အခန်း ( ၃၄ ) ငမြွေနဂါးဆွဲသီးကွင်းလေး
အခန်း ( ၃၅ ) မိုဖန်နှင့် ကြယ်မှုန်မှော်ရတနာပြဿနာ
အခန်း ( ၃၆ ) မင်း ဘယ်နားရောက်ရောက် မင်းအနောက်ကအမြဲလိုက်လို့ပါမယ်..
အခန်း ( ၃၇ ) မြို့တော်အပြင်ဘက်သို့ခရီးကြမ်း
အခန်း ( ၃၈ ) နှင်းဖုံးတောင်ထွဋ်ခံတပ်စခန်း
အခန်း ( ၃၉ ) စစ်နည်းပြချုပ် ကျန်းခုန်
အခန်း ( ၄၀ ) မဖြစ်နိုင်သောမစ်ရှင်တစ်ခု
အခန်း ( ၄၁ ) လေလမ်းကြောင်း၊ နေရာပြောင်း..
အခန်း ( ၄၂ ) ကျောင်းသားများနှင့် လျှို့ဝှက်သောလူတစ်စု
အခန်း ( ၄၃ ) နေရာတိုင်း၌ ဗျူဟာခင်းထားခြင်း..
အခန်း ( ၄၄ ) မှော်သားရဲမိစ္ဆာဝံပုလွေထွက်ပေါ်လာခြင်း
အခန်း ( ၄၅ ) စိတ်ဝိညာဉ်မှော်ဝံပုလွေသားရဲ
အခန်း ( ၄၆ ) ပြိုင်ဘက်မဟုတ်သောမှော်သားရဲကြီး
အခန်း ( ၄၇ ) သားရဲဆိုးကြီးလွတ်သွားပြီ..
အခန်း ( ၄၈ ) လျှပ်စီးနှင့် မီး
အခန်း ( ၄၉ ) ဉာဏ်ကျယ်လေးနှင့် သားရဲဆိုးကြီး
အခန်း ( ၅၀ ) လူ - ကယ် - ပြန် ရန်ခေါင်းစဉ်ပြောင်းသော စစ်နည်းပြချုပ်
အခန်း ( ၅၁ ) ဇီဝိန်ချုပ်ပေးလိုက်တာက မိုဖန်...
အခန်း ( ၅၂ ) အရိုးတံစဉ်း လွှားကာဒိုင်း
အခန်း ( ၅၃ ) ပိုက်ဆံရှာမယ်၊ ကျင့်ကြံမယ်၊ မစ္စစ်ထန်ယွဲ့ကို လက်ထပ်မယ်..
အခန်း ( ၅၄ ) ရှားပါးလွန်းတဲ့ မိုးကြိုးမက်ဂယ်
အခန်း ( ၅၅ ) မြို့တော် သားရဲလိုက်မုဆိုးအသင်း
အခန်း ( ၅၆ ) ပျောက်ဆုံးနေသော မိန်းကလေး..
အခန်း ( ၅၇ ) ဖြတ်တိုက်သွားသောအန္တရာယ်အငွ့အသက်တစ်ခု..
အခန်း ( ၅၈ ) ကျောင်းကန်တင်းမှ မိစ္ဆာမွန်းစတား...
အခန်း ( ၅၉ ) ခေါင်းပြတ်မျက်ပြူး‌‌မိစ္ဆာ( သို့် ) မျက်ပြဲကြွက်မျောက်ဝံမိစ္ဆာ
အခန်း ( ၆၀ ) လျှပ်စီးအလင်းတန်းတစ်ခု
အခန်း ( ၆၁ ) မိုးကြိုးဒြပ်စင်၏ အမှတ်မထင်ပြောင်းလဲမှု့တစ်ခု..
အခန်း ( ၆၂ ) သိဒ္ဓိဝင် မြေအောက်စမ်းချောင်း
အခန်း ( ၆၃ ) ညောင်မုတ်ဆိတ်ရွာဟောင်းမှ ကျက်ကုန်းမြေနေရာ..
အခန်း ( ၆၄ ) မျက်လုံးတစ်လုံး မိစ္ဆာမှော်ဝံပုလွေ..
အခန်း ( ၆၅ ) အကိုဝံပုလွေကြီး.. ချစ်စကိုရှည်စေ..မုန်းစကိုတိုစေလေ..
အခန်း ( ၆၆ ) အသက်ကယ်သော အရိုးဒိုင်း..
အခန်း ( ၆၈ ) မြို့တော်အတွက်အသက်စွန့်ရန်ဆုံးဖြတ်ခဲ့သော သူရဲကောင်းတစ်စု
အခန်း ( ၆၉ ) အလယ်အလတ်မှော်စွမ်းအင်ပိုင်ရှင်၏ ကြမ်းကြုတ်ရေလှိုင်းမှော်ကျိန်စာ..

အခန်း ( ၆၇ ) အဆင့်မြင့်အဆင့် မှော်မိစ္ဆာဝံပုလွေ..

49 9 0
De Georgeaye

စွယ်စုံမှော်ဘုရင် မိုဖန် ( ဘာသာပြန် - ဂျော်ဂျီ )

အခန်း ( ၆၇ ) အဆင့်မြင့်အဆင့် မှော်မိစ္ဆာဝံပုလွေ..

.

“မြန်မြန်ထွက်သွားကြစမ်း.. မှော်သားရဲလိုက် မုဆိုးအဖွဲ့တွေနီးလာပြီ.. တိုက်ပွဲစတော့မယ်..”

ကိုးစဲထောင်က ကျွတ်ဆတ်သောလေသံဖြင့် သူတို့အဖွဲ့ကို စိတ်မရှည်စွာ ခပ်ရိုင်းရိုင်းမောင်းထုတ်လိုက်၏။

“မှော်သားရဲလိုက်မုဆိုးအသင်းလား.. ကောင်းလိုက်တာ.. ကောင်းလိုက်တာ..”

ကျိုးမင် ဘဝအသစ်တစ်ခုရလိုက်သလို ဝမ်းသာအားရ ခုန်ပေါက်အော်ဟစ်လိုက်၏။

မိုဖန်ကမူ စကားတစ်ခွန်းမှ ထပ်မဆိုတော့ဘဲ မှော်သားရဲကြီး အေးခဲမလှုပ်မရှားနိုင်ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ကျိုးမင်နှင့် သူမ၏အဖွားကို တွဲ၍ ဘေးလွတ်ရာသို့ လျှင်မြန်စွာ တိမ်းရှောင်လာခဲ့သည်။

သူတို့အဖွဲ့ ညောင်မုတ်ဆိတ်လမ်းအဆုံးသို့ ရောက်လုရောက်ခင်မှာပင် ဘလူးတုနားကြပ်ငယ်လေးကိုသုံး၍ သူမ၏ ကျန်အဖွဲ့သားများကို လှမ်းအော်ဆက်သွယ်နေသော ကိုးစဲထောင်၏အသံကို မိုဖန်ခပ်သဲ့သဲ့ကြားလိုက်ရ၏။

“အဖွဲ့သားတွေ ဖန်မိုကို အကြောင်းကြားပြီးပြီလား..၊ အခုရင်ဆိုင်ရမယ့် မှော်သားရဲက အဆင့်မြင့်အဆင့် မျက်လုံးတစ်လုံးမိစ္ဆာမှော်ဝံပုလွေပဲ.. ကျမထင်တာမမှားရင် ဒီသားရဲဟာ ကျမတို့ရင်ဆိုင်ခဲ့ရတဲ့ မျက်ပြဲကြွက်မျောက်ဝံမှော်သားရဲလို သိဒ္ဓိဝင်မြေအောက်စမ်းချောင်းက မြင့်မြတ်မှော်ရေစင်ကို တိတ်တဆိတ်ခိုးဝင်အသုံးပြုခဲ့တဲ့ နောက်ထပ်မှော်သားရဲတစ်ကောင်ပဲ ဖြစ်ရမယ်.. မျက်ပြဲကြွက်မျောက်ဝံမှော်သားရဲကို ရင်ဆိုင်ဖို့ ကျမတို့အတွက် သိပ်မခက်ခဲခဲ့ပေမယ့် ‌ဒီသတ္တဝါကြီးကိုတော့ မလွယ်လောက်ဘူးလို့ထင်တယ်.. ကြည့်ရတာ ဒီမိစ္ဆာက မြင့်မြတ်စမ်းရေကနေ ကောင်းကောင်း ရိတ်သိမ်းနိုင်ခဲ့ပုံရတယ်.. ပုံမှန် သားရဲတွေနဲ့မတူ အရမ်းကို စွမ်းအားကြီးလွန်းနေတယ်.. မိုးကြိုးဒြပ်စင်မှော်စွမ်းအင်သမားတစ်ယောက်မပါဘဲ ကျမတို့ချည့်ပဲ ဒီမိစ္ဆာကို ဘယ်လိုမှ နိုင်အောင်ထိန်းထားနိုင်မှာမဟုတ်ဘူး..”

“ဒါဆို ဒီနေရာမှာသောင်းကျန်းနေတဲ့မိစ္ဆာက ဒီကောင်ကြီးပဲပေါ့.. သိပ်မကြာခင်ကမှ ဒီသတ္တဝါအတွက် ဆုကြေးမစ်ရှင်တစ်ခုကို ငါ့အဖေ ထုတ်ပြန်ထားခဲ့သေးတယ်.. ဒီနေတော့ ဒီသတ္တဝါကြီး ငါတို့နဲ့ တွေ့ကြပြီပေါ့ကွာ..”

ကိုးစဲထောင်ဘေးတွင် ရပ်လျက်ရှိသော ပိန်ပိန်ပါးပါး၊ အသားအရေခပ်လတ်လတ်နှင့် မှုန်ကုတ်ကုတ်မျက်နှာပိုင်ရှင် လူငယ်တစ်ယောက်က ဝင်ပြောလိုက်၏။

“ဒီနေရာကို ငါရောက်နေပြီဆိုမှတော့ ငါ.. ယွိအောဂ် မင်းတို့ မြို့တော်မှော်သားရဲလိုက်မုဆိုးအသင်းကို တတပ်တအား ဝင်ကူညီပေးရတော့မှာပေါ့..”

“အနားမကပ်နဲ့.. အဝေးကနေပဲ ရေခဲစွမ်းအင်သုံးပြီး ချုပ်နှောင်ဖို့ကြိုးစား.. ကြည့်ရတာ ဒီကောင်ကြီး သိပ်မကြာခင်က တစ်ခုခုနဲ့ ပြင်းပြင်းထန်ထန် ဝင်ဆောင့်မိထားပုံရတယ်.. အခုထက်ထိ ပုံမှန်အခြေအနေကို ပြန်မရောက်သေးဘူး.. မဟုတ်ရင် ငါတို့ဘယ်လိုမှ ရေခဲစွမ်းအင်သုံး ထိန်းချုပ်နိုင်မှာမဟုတ်ဘူး.. အခြေအနေကို ဒီ့အတိုင်းထိန်းချုပ်ထားပြီး နောက်ထပ်အဖွဲ့ဝင်တွေ ရောက်လာတဲ့အထိ ငါတို့စောင့်ရမယ်.. အထူးသဖြင့် မိုးကြိုးဒြပ်စင်သမားကိုပဲ.. ဒီလိုမှော်သားရဲမျိုးကို ရင်ဆိုင်ဖို့ဆိုရင် မိုးကြိုးစွမ်းအင်သမားထက် ပိုသင့်တော်တဲ့သူမရှိဘူး..”

“အိုး.. ကောင်းပြီလေ.. မင်းညွှန်ကြားသလို ငါလိုက်လုပ်ရမှာပေါ့..”

ယွိအောဂ် ခေါင်းတစ်ချက်ညိတ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်ကမ္ဘာကြီးအတွင်းမှ ရေခဲဒြပ်စင်ကြယ်လေးများကို ထိန်းချုပ်ကာ မှော်လမ်းကြောင်းတစ်ခုဖော်ဆောင်၍ ရေခဲစွမ်းအင်ထုတ်ဖော်ပြီး မျက်လုံးတစ်လုံး မိစ္ဆာမှော်ဝံပုလွေကြီးကို ကိုးစဲထောင်နှင့်အတူ အေးခဲချုပ်နှောင်ရန် ကြိုးစားလိုက်၏။

သူစွမ်းအင်ထုတ်ဖော်သွားပုံမှာ တကယ့်ကို လွယ်ကူချောမောလျှင်မြန်လွန်းလှပြီး အပြစ်ဆိုစရာဟူ၍ တစ်ကွက်က‌လေးမျှပင် ရှာမတွေ့နိုင်ခဲ့ပါချေ..

စွမ်းအင်ထုတ်ဖော်ပြီးနောက် အဝေးဆီသို့ သူ၏အတန်းဖော် သူငယ်ချင်းမလေးနှင့်အတူ ပြေးလွှားထွက်ခွာသွားခဲ့သော မိုဖန်ကို တစ်ချက်လှမ်းကြည့်ကာ ကိုးစဲထောင်အား မေးခွန်းထုတ်လိုက်၏။

“မင်း စောစောက ဘယ်သူ့ကို လူယုတ်မာလေးလို့ ခေါ်လိုက်တာလည်း.. အရင်က မင်းနဲ့သိခဲ့ဖူးလို့လား..”

“သောက်ကောင် မိုဖန်လေ.. ဦးလေး မုကျိုးယင်ကို လူပုံအလယ်မှာ အကြီးအကျယ်ကျိန်ဆဲသွားခဲ့တဲ့ ထိန်းမနိုင်သိမ်းမရ ပျက်ဆီးနေတဲ့အကောင်ဆိုတာ သူပေါ့..”

“အော့ အော်.. မိုဖန်ဆိုတာ သူလား.. ဟီး..ဟီး..”

ယွိအောဂ် မထိန်းနိုင်စွာ ရယ်သံတစ်ချက် ထွက်သွားခဲ့ရ၏။

— ငါထင်တာက ဒီကောင့်ဆီမှာ အံ့ဩစရာ ထူးခြားချက်တစ်ခုတော့ ပိုင်ဆိုင်ထားလိမ့်မယ်လို့လေ.. အခုလို မှော်သားရဲတစ်ကောင်နဲ့ ရင်ဆိုင်တွေ့တာနဲ့ ခွေးတစ်ကောင်လို့ အမြီးကုပ် ဖင်သီပြီး ချက်ချင်းကို ထွက်ပြေးသွားမယ့်သူတစ်ယောက်လို့ တကယ့်ကို ထင်မထားခဲ့မိဘူး... ဟာသပဲ.. ဒါနဲ့များ စိတ်ဝိညာဉ်မှော်ဝံပုလွေကို တစ်ယောက်တည်း ရင်ဆိုင်ခံချခဲ့တယ်လို့ သတင်းထွက်လာခဲ့ရသေးတယ်.. ကောလဟာလတွေပါကွာ.. တကယ်ဆိုရင်တောင် ခွေးဆိုးကံကောင်း.. ကြက်ကန်း ဆန်အိုးတိုးကိစ္စမျိုးသာ ဖြစ်‌လိမ့်မယ်.. လောင်းတောင်လောင်းလိုက်ချင်သေးတယ်.. အခုမြင်ရတဲ့ပုံစံအတိုင်းဆို စိတ်ဝိညာဉ်မှော်ဝံပုလွေကို သူသတ်တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. နှင်းဖုံးတောင်ထွဋ်အခြေစိုက်စခန်းက သားရဲမုဆိုးတွေ သက်သက်ဖွတဲ့သတင်းသာဖြစ်ရမယ်.. —

— ဒီလိုအရည်အချင်းမျိုးလေးနဲ့များ မင်းက ငါ့ရဲ့ လူပျိုဘော်ဝင်အခမ်းအနားမှာ ပေါ်လာချင်ခဲ့ရသေးတာလား... —

— ဟူး... အရေးမပါတဲ့ ဒီလိုကောင်အကြောင်းက ငါ့အတွေးထဲရောက်လာဖို့တောင် ထိုက်တန်တဲ့အရာမျိုးမှမဟုတ်တာ... အခုအရေးကြီးတာက ဒီ အဆင့်မြင့်အဆင့် မိစ္ဆာမှော်ဝံပုလွေသားရဲကြီးကို ဘယ်လိုရင်ဆိုင်ရင် အကောင်းဆုံးဖြစ်မလည်းဆိုတာပဲ... —

..................................

“မိုဖန်... နင် ဘာသွားပြန်လုပ်ဦးမလို့လည်း...”

ကျိုးမင်သည် တိမ်းရှောင်ထွက်ပြေးလာကြသော လူအုပ်ကြီးနှင့်အတူ သူမအဖွားအား‌ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် မိုဖန်အား မေးလိုက်၏။

“ငါ့ဖုန်း ပြုတ်ကျကျန်ခဲ့လို့..”

မိုဖန်သည် ကျိုးမင်၏မေးခွန်းအား သာမန်အကြောင်းပြချက်လေးတစ်ခုဖြင့် အဆင်ပြေသလို ဖြေကြားပေးခဲ့ပြီးနောက် လာလမ်းအတိုင်း တရှိန်ထိုး ပြန်ပြေးသွားခဲ့၏။

ပြေးရင်းလွှားရင်း သူ၏ ကျောပိုးအိတ်အတွင်း၌ အသင့်ထည့်ထားခဲ့သော အပေါ်ဝတ် ခါးရှည်ကုတ်အင်္ကျီကို ဆွဲထုတ်ဝတ်ဆင်လိုက်၏။

ထို့နောက် အမဲရောင်ရုပ်ဖျက်ဆေးသုံးကာ သူ၏မျက်နှာနှင့် လက်တို့ကို သုတ်လိမ်းလိုက်၏။

တဆက်တည်းပင် အသင့်ပါလာသော အမဲရောင် နှစ်ခေါင်းစည်းကို ဖက်ရှင်ကျကျ တပ်ဆင်လိုက်သောအခါ မိုဖန်၏အသွင်က ချက်ချင်းပင် သားရဲလိုက်မုဆိုးအသင်းမှ မြို့တော်အရာရှိ ဖန်မိုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။

လေရူးတစ်ချက် ဆောင့်တိုက်လိုက်သောကြောင့် သားရဲလိုက်မုဆိုးအသင်းမှ မြို့တော်အရာရှိ ဖန်မို၏ ဆံနွယ်များနှင့် ကုတ်အင်္ကျီရှည်တို့ လေနှင့်အတူ တလူလူ လွင့်သွားခဲ့ရပြီး ဖက်ရှင်ဆန်လွန်းနေခဲ့သည်။

ယခု မိုဖန်၏အသွင်က တကယ့်ကို မိမိုက်လွန်းနေခဲ့၏။

“လခွမ်း... ကပ္ပတိန် အမေရိက တို့များ ရင်ဝက အင်္ကျီစကို ဆောင့်ဆွဲချွတ်လိုက်ရုံနဲ့ မြို့တော်ကယ်တင်ရှင်သူရဲကောင်းအဖြစ် ချက်ချင်းကို ပုံပြောင်းသွားခဲ့ရတာ.. အခု ငါအသွင်ပြောင်းတဲ့ပုံစံကြီးက တောဆန်လိုက်တာ.. ဘယ်လိုမှ ဒီလိုခေတ်သစ်နဲ့ မလိုက်ဖက်နိုင်‌လောက်အောင်ဘဲ...”

အဓိက သူမမေ့ရမည်မှာ မီးဒြပ်စင်မှ မိုးကြိုးဒြပ်စင်သို့ ပြောင်းလဲထားရန်ကိုပင်ဖြစ်သည်။

ကံကောင်း ထောက်မစွာဖြင့် မြို့တော်သားရဲလိုက်မုဆိုးအသင်း၌ အရေးပေါ်အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့ပါ ချက်ချင်းလိုက်သွားနိုင်ရန် သူ၏ပစ္စည်းများကို ကျောပိုးအိတ်အတွင်း၌ အမြဲထည့်ထားမိခဲ့ခြင်းပင်ဖြစ်သည်။

ရဲရင့်သော ဆယ်ကျော်သက် ကျောင်းသားလေးအဖြစ် ကျိုးမင်နှင့်အတူတွဲ သရုပ်ဆောင်ပြခဲ့ပြီးနောက် ယခုတဖန် မြို့တော်ကို ကယ်တင်မည့် သူရဲကောင်းတစ်ယောက်အဖြစ် ပြုမူလုပ်ရှားရပေလိမ့်ဦးမည်။

သူ့အခြေအနေကို သူပြန်တွေးကြည့်လိုက်ပြီးနောက် သူသည် အမှန်တကယ်လျှိုဝှက်ဆန်းကြယ်အံ့ဖွယ်ဘဝမျိုးကို ပိုင်ဆိုင်ထားခြင်းလေလား.. သို့မဟုတ် လူပြတ်တစ်ယောက်သက်သက်လေပဲလား ဟူသည်ကို သူ့ဘာသာသူလည်း ခွဲခြားမသိတတ်နိုင်တော့ပေ....

သူထွက်ခွာမလာမီ ကိုးစဲထောင်ပြောသော စကားများအရ သူမဘေးတွင် ရပ်နေသော သူမှာ မုကျိုးယင်၏ မွေးစားသား ယွိအောဂ်ဖြစ်ရမည်ဟု မိုဖန်ခန့်မှန်းလိုက်မိ၏။

မှုန်ကုပ်ကုပ် မိန်းမဆန်ဆန်မျက်နှာပေးဖြင့် ထိုလူငယ်လေးကို တစ်ချက်ကြည့်မိလိုက်ရုံဖြင့် လူကောင်းတစ်ယောက်မဟုတ်နိုင်ကြောင်း မိုဖန် ချက်ချင်းသိလိုက်ရ၏။

— မျက်လုံးတစ်လုံးမှော်ဝံပုလွေက သိဒ္ဓိဝင်မြေအောက်စမ်းချောင်းက မြင့်မြတ်မှော်ရေစင်ကို တိတ်တဆိတ် ခိုးယူ အသုံးချခဲ့တယ်ဆိုပါလား.. —

— သိဒ္ဓိဝင်မြေအောက်စမ်းချောင်းက ဘာကြီးလည်း... ဘယ်လိုလုပ်ပြီး သာမန်မှော်ဝံပုလွေတစ်ကောင်ကို ဒီလိုကြောက်စရာ သားရဲမိစ္ဆာကြီးတစ်ကောင်အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့ရတာလည်း... —

မိုဖန်၏ ယခုအခြေအနေက လက်တွေ့ကွင်းဆင်းလေ့ကျင့်စဉ်အချိန်ကနှင့် ဘာမှမဆိုင်အောင် တိုးတက်ပြောင်းလဲလာခဲ့ပြီဖြစ်သည်။

ယခုအချိန်၌ စိတ်ဝိညာဉ်‌မှော်ဝံပုလွေတစ်ကောင်.. သို့မဟုတ် နှစ်ကောင်မျှနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် သူ နောက်တွန့်မိလိမ့်မည်မဟုတ်ချေ...

သို့သော် ဤ မျက်လုံးတစ်လုံး‌မှော်သားရဲမိစ္ဆာဝံပု‌လွေဆိုးကြီး၏ သန်မာကြမ်းတမ်းရက်စက်ရန်လိုမှု့က စိတ်ဝိညာဉ်ဝံပုလွေနှင့် နှိုင်းယှဉ်၍ မဖြစ်နိုင်အောင်ပင် အပြတ်အသတ် သာလွန်လွန်းနေခဲ့သည်။

— ဒါဆို မြို့တော်ဝန်းကျင်က အဖြေရှာမရတဲ့ ထူးဆန်းတဲ့ တုန်ခါမှု့တွေနဲ့ ရူးသွပ်လုလု ရက်စက်ရိုင်းစိုင်းနေခဲ့တဲ့ မျက်ပြဲကြွက်မျောက်ဝံမှော်သားရဲပြဿနာတွေမှာ ဒီ သိဒ္ဓိဝင်မြေအောက်စမ်းချောင်းဆိုတဲ့အရာ တနည်းနည်းနဲ့ပါဝင်ပက်သက်နေရမယ်.. —

— ထားလိုက်တော့.. ဒီအချိန်ဟာ မရေမရာအချက်အလက်တွေနဲ့ အတွေးပွားနေရမယ့်အချိန်မျိုးမဟုတ်ဘူး... အမြန်ပြန်သွားပြီး အရင်ဆုံး ဒီကမ္ဘာမြေကြီးကို ကမ္ဘာဖျက်မိစ္ဆာကြီးလက်ကနေ ကယ်တင်ပေးလိုက်ကြတာပေါ့... —

— ပြီးတော့ ဗီဇကွဲမှော်သားရဲတွေဆီကနေ ကောင်းတဲ့အရာလေးတွေ ရတတ်ကြတယ်လို့ ဆိုကြတယ်မဟုတ်လား.. —

...............

မိုဖန် ညောင်မုတ်ဆိတ်လမ်း တိုက်ပွဲမြေနေရာသို့ ပြန်ရောက်ရှိသွားချိန်၌ အခြားသော မြို့တော်သားရဲလိုက်အသင်း အဖွဲ့ဝင်များလည်း ရောက်ရှိနေခဲ့ကြပြီဖြစ်သည်။

သူတို့သည် နှစ်ဆယ့်လေးနာရီ အွန်ဂျူတီသမားများဖြစ်သည်နှင့်အညီ အရေးပေါ်အခြေအနေတစ်ခုဖြစ်ပေါ်လာပါက အမြဲတမ်းအဆင့်သင့်ဖြစ်နေစေရန် လေ့ကျင့် ပြင်ဆင်ထားခဲ့ကြသူများဖြစ်သည်။

ထို့ကြောင့် အခင်းဖြစ်ပွားရာ တိုက်ပွဲမြေပြင်သို့ ရဲများထက်အရင် အလျှင်အမြန်ရောက်လာနိုင်ကြသူများမှာလည်း သူတို့အဖွဲ့သာဖြစ်သည်။

“ညီ ဖန်မို... ရောက်လာတာ မြန်သားပဲ...”

မိုဖန်ကို လှမ်းမြင်လိုက်သောဖေးရှီက ချက်ချင်းပင် အပြုံးတစ်ခုဖြင့် လှမ်းပြောလိုက်၏။

“စိတ်မပျံ့လွင့်စမ်းနဲ့.. ဒီမျက်လုံးတစ်လုံးမှော်မိစ္ဆာဝံပုလွေကောင်က ငါ့တို့အသက်တွေကို အချိန်မရွေး နှုတ်ယူသွားနိုင်တယ်..”

ကပ္ပတိန်ရှု့ဒဟွမ်က လေးလေးနက်နက် သတိပေးလိုက်သည်။

“ကံကောင်းတာက ဒီနေ့ ငါတို့အဖွဲ့ကို ကူမယ့်လူတစ်ယောက် အပိုရှိနေခဲ့တာပဲ.. ရေခဲစွမ်းအင်မှော်ပညာရှင်နှစ်ယောက်ရဲ့ အကူအညီနဲ့ဆိုရင် မျက်လုံးတစ်လုံးမှော်ဝံပုလွေကြီး စိတ်ထင်တိုင်း မလှုပ်ရှားနိုင်အောင် ကောင်းကောင်း ထိန်းချုပ်ကန့်သတ်ထားနိုင်လိမ့်မယ်..”

လီဝမ်ကျယ်ကပြောလိုက်၏။

ကိုးစဲထောင်နှင့် ယွိအောဂ်.. ထိုနှစ်ယောက်လုံးသည် ထိပ်သီး ရေခဲဒြပ်စင်မိသားစုကြီးမှ အထူးချွန်ဆုံး မျိုးဆက်သစ်တပည့်များဖြစ်သည်နှင့်အညီ သူတို့နှစ်ဦး ပူးပေါင်းထုတ်ဖော်ထားခဲ့သော ရေခဲလွှမ်းမိုးခြင်းမှော်ကျိန်စာကလည်း အမှန်ပင် ပြင်းထန်လွန်းလှ၏။

မျက်လုံးတစ်လုံးမှော်ဝံပုလွေကြီး၏ ပတ်ပတ်လည် ဆယ်မီတာခန့်မျှမြေပြင်ကို သူတို့နှစ်ဦးစွမ်းအင်ဖြင့် အဆုံးတိုင်အေးခဲထားနိုင်ခဲ့ပြီး မှော်ဝံပုလွေကြီး၏ ခြေလက်များကို လှုပ်မရအောင် အေးခဲတုတ်နှောင်ထားနိုင်ခဲ့၏။

ရေခဲလွှမ်းမိုးခြင်းမှော်ကျိန်စာ၏ စိမ့်ဝင်ထိုးဖောက်ပျံ့နှံ့အေးခဲစေနိုင်သော အစွမ်းကြောင့် အချိန်ကြာလာသည်နှင့်အမျှ မျက်လုံးတစ်လုံး မှော်ဝံပုလွေကြီး၏ ကြွက်သားများ.. အရိုးများအတွင်းသို့တိုင် အအေးဓါတ် ထိုးဖောက်ဝင်ရောက်ပြီး အေးခဲတောင့်တင်းလာစေမည်ဖြစ်သည်။

ရက်ရက်စက်စက် အတင်းဝင် အတင်းထွက် ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်တတ်သော မှော်ဝံပုလွေကြီးနှင့် ရင်ဆိုင်ရာ၌ ယခုအချိန်၌ တဖြည်းဖြည်းမျှဉ်းသတ်သော ဤအေးခဲဗျူဟာကသာ အကောင်းဆုံးဖြစ်နေရ၏။

မှော်သားရဲကြီး အေးခဲတောင့်တင်း မလှုပ်မရှားနိုင်ဖြစ်နေသော ဤအခြေအနေ၌ မီးတောက်ပေါက်ကွဲ.. ဖောက်ခွဲခြင်းမှော်စွမ်းအင်ကို အသုံးပြုမည်ဆိုပါက စိတ်ကြိုက်ရွေးချယ်ပစ်ခတ်နိုင်သော အခြေအနေမျိုးသာဖြစ်သည်။

သို့သော်.. ပြဿနာတစ်ခုက ရှိနေခဲ့ပြန်၏။

မီးနှင့် ရေ၊ မီးနှင့် ရေခဲ ဆိုသည်မှာ မူလမဆွကပင် ဆန့်ကျင်ဘက် ဒြပ်စင်များ ဖြစ်ခဲ့ကြပြီးဖြစ်သည်။

ဤ မှော်သားရဲမုဆိုးအဖွဲ့၏ တိုက်စစ်ကို အဓိကဦးဆောင်သူမှာ ရှု့ဒဟွမ်ဖြစ်၏။

သို့သော် ရှု့ဒဟွမ်၏ မီးတောက်ပေါက်ကွဲ.. ဖောက်ခွဲခြင်းမှော်အစွမ်းကို ယခုအချိန်၌ မှော်မိစ္ဆာသားရဲကြီးအပေါ် အသုံးချလိုက်မည်ဆိုပါက ကိုးစဲထောင်နှင့် ယွိအောဂ်တို့ လွှမ်းမိုးဖုံးလွှမ်းထားခဲ့သည့် ရေခဲစိုင်ချပ်များကို တစ်စစီ ပေါက်ကွဲလွင့်စင်သွားစေမည်ဖြစ်ပြီး ထိုမျက်လုံးတစ်လုံး မိစ္ဆာမှော်ဝံပုလွေဆိုးကြီးကို အချုပ်အနှောင်မှ လွတ်မြောက်သွားစေမည်ဖြစ်သည်။

အပြတ်ရှင်းနိုင်မည်ဟု မသေချာပဲ ရှု့ဒဟွမ်အနေဖြင့် အရဲစွန့်တိုက်ခိုက်ခြင်းမျိုးကို ယခုအချိန်၌ ပြုလုပ်လိုခြင်းမရှိပေ။

ထို့ကြောင့် လက်ရှိအခြေအနေအရ ထိုမိစ္ဆာမှော်သားရဲကြီးကို ဤပုံစံအတိုင်း ချုပ်နှောင်ထားရန်မှတပါး အခြားသူတို့လုပ်နိုင်သောအရာဟူ၍ ဘာတစ်ခုမျှ ရှိမနေခဲ့ပါချေ...

“ငါတို့အဖွဲ့ကို တပ်ကူပေးဖို့လာနေတဲ့ မှော်ပညာရှင်များအစည်းအရုံးက ရန်ကျို့ဟွာက ခုဆိုလမ်းတစ်ဝက်မှာရောက်နေလောက်ပြီ.. ငါတို့ အခုလုပ်ဖို့လိုတာက ဒီသတ္တဝါကို ဒီပုံစံအတိုင်း သူရောက်လာတဲ့အထိ ထိန်းထားနိုင်ဖို့ပဲ.. မင်းတို့အားလုံး မှော်ဝံပုလွေကောင်ကို သတ်ချင်ဇောနဲ့ ဘယ်လိုရူးမိုက်တဲ့အပြုအမူမျိုးကိုမှ မလုပ်မိပါစေနဲ့..”

အတွေ့အကြုံ အရင့်ကျက်ဆုံးဖြစ်သည့် ရှု့ဒဟွမ်က အားလုံးကြားအောင် အော်ပြောလိုက်၏။

မီးတောက်ပေါက်ကွဲ.. ဖောက်ခွဲခြင်းမှော်ကျိန်စာကို ယခုအချိန် အသုံးပြုလိုက်မည်ဆိုပါက ထိုမှော်သားရဲမိစ္ဆာကြီးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေနိုင်မည်မှာ အသေအခြာပင်ဖြစ်သည်။ သို့သော် မျက်လုံးတစ်လုံး ထိုမိစ္ဆာမှော်ဝံပုလွေကို ဇီဝိန်ချုပ် အဆုံးသတ်ပေးနိုင်လိမ့်မည်ဟုမူ အာမမခံနိုင်ပေ..

အကယ်၍ ထိုမိစ္ဆာသားရဲ၌ ပြန်လည်တိုက်ခိုက်ရန် ခွန်အားကျန်နေခဲ့ပါက ဒဏ်ရာကြောင့်ဖြစ်ပေါ်သော ဒေါသထပ်ပေါင်းထည့်ကာ သွေးရူးသွေးတန်း ရူးသွပ်ဖောက်ခွဲ၊ ပေါက်ကွဲတိုက်ခိုက်လာခဲ့မည်သာဖြစ်သည်။

ထိုအခါ သူတို့တစ်ဖွဲ့လုံး ဒုက္ခအကြီးအကျယ် ရောက်သွားကြရလိမ့်မည်ဖြစ်သည်။

ထိုအချိန်၌ ရေခဲစွမ်းအင်သုံး၍ ထိုသားရဲကို တဖန်ပြန်လည်ထိန်းချုပ်ဖို့ရန်ကလည်း ဖြစ်နိုင်တော့မည်မဟုတ်ပေ...

ထို့ထက်အခြေအနေပိုဆိုးသွားနိုင်သည်က ထိုမှော်သားရဲကြီးသည် သူတို့အဖွဲ့အား ပြန်လည်တိုက်ခိုက်ခြင်းမရှိဘဲ လူနေရပ်ကွက်များအတွင်းပြေးဝင်၍ မြေလှန်ဖျက်ဆီး သောင်းကြမ်းသတ်ဖြတ်ခဲ့မည်ဆိုပါက ဘိုမြို့တော်သမိုင်းတွင် အကြီးမားဆုံးသော သွေးစွန်းသည့်ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့မည်ဖြစ်သည်။

“ရန်ကျို့ဟွာ.. အလယ်အလတ်အဆင့်မက်ဂယ်တစ်ယောက်မဟုတ်လား...”

ရှောက်ခေ၏ မျက်နက်ဝန်းလေးများ၌ အလင်းရောင်လေးများ လက်သွားခဲ့ရပြီး လေးစားသောအသံလေးနှင့်မေးလာခဲ့သည်။

“အင်..ဟုတ်တယ်.. သူသာရောက်လာခဲ့ရင် ငါတို့ ဒီကောင်ကို အေးအေးဆေးဆေး သတ်ဖြတ်နိုင်လိမ့်မယ်.. တို့တာဝန်က ဒီကောင်ကြီး လွတ်မသွားအောင်ထိန်းထားနိုင်ဖို့ပဲ.. မြို့တော်ထဲ ဝင်ပြေးလွတ်မြောက်သွားရင်တော့ မရေမတွက်နိုင်တဲ့ သွေးချောင်းစီးမှု့တွေ ဖြစ်ပေါ်လာရမှာ အသေအချာပဲ...”

ရှု့ဒဟွမ်က အဖြေပြန်ပေးလိုက်၏။

“ပြဿနာက ကျမတို့ဘယ်လောက်ကြာကြာ ရေခဲစွမ်းအင်ထုတ်သုံး ထိန်းထားနိုင်မလည်း ဆိုတာပဲ.. ဒီမျက်လုံးတစ်လုံး မိစ္ဆာမှော်သားရဲက အရမ်းကို ခွန်အားကြီးလွန်းနေတယ်.. ကျမတို့သာ ရေခဲလွှမ်းမိုးခြင်းမှော်စွမ်းအင် အဆင့်သုံးကို ထုတ်ဖော်နိုင်နေရင်တော့ ဒီ‌သတ္တဝါကြီးကို ထိန်းထားနိုင်မှာ အသေအချာပဲ..”

ကိုးစဲထောင်က မှော်မိစ္ဆာသတ္တဝါကြီးကို ရေခဲစွမ်းအင်သုံးချုပ်နှောင်ထားနေရာမှ ရှု့ဒဟွမ်ကိုပြောလိုက်၏။

“စိတ်မပူပါနဲ့.. ငါတို့လည်း ရှိနေသေးတာကို..”

ဖေးရှီနှင့် လီဝမ်ကျယ်က ဝင်ပြောလိုက်၏။

“ကျ‌တော်တို့ တစ်ခုခုလုပ်ထားဖို့လိုမလား..”

အစီအစဉ်ဆွဲနေကြသော ထိုပုဂ္ဂိုလ်များကိုကြည့်ကာ မိုဖန်မေးလိုက်၏။

“ကိုယ့်ညီ ဘေးကနေပြီတော့ဘဲ တခြားသူတွေကို ကာကွယ်ပေးနိုင်အောင် အဆင်သင့်လုပ်ထားချေ.. မင်းရဲ့ အဆင့်တစ် မိုးကြိုးလျှပ်စီးပစ်ခွင်းခြင်းမှော်စွမ်းအင်က ဒီသားရဲအပေါ် ဘာသက်ရောက်မှု့မှ သိသိသာသာ ဖြစ်ပေါ်စေနိုင်မှာမဟုတ်ဘူး.. တကယ်လို့ မှော်သားရဲကြီးရဲ့ ရုန်းကန်မှု့ကြောင့် ရေခဲအချုပ်အနှောင် လျှော့လျှဲ....!!! ဟမ်.... တစ်ခုခုမှားနေပြီ.. ဒီသတ္တဝါရဲ့ အရောင်အဝါအော်ရာက ပြင်းထန်သည်ထက် ပြင်းထန်လာပါလား..”

ရှု့ဒဟွမ် မျက်နှာပျက်သွားခဲ့ရ၏။

မှော်စွမ်းအင်လွှမ်းခြုံထားသော ညောင်မုတ်ဆိတ်ရွာဟောင်းလမ်း ဤနေရာတဝိုက်၌ လေထုသည် အေးစက်လွန်းနေခဲ့၏။

သိသာထင်ရှားသော မည်သည့်အဖြစ်အပျက်မှ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ အလွန်ရက်စက်ပြင်းထန်သော အော်ရာတစ်ခုက မှော်မိစ္ဆာဝံပုလွေကြီး၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ရုတ်တရက်ဖုံးလွှမ်းပေါ်ထွက်လာခဲ့သည်။

ထိုနောက် အလွန်ရက်စက်ရိုင်းစိုင်းကြမ်းတမ်းသော အော်ရာမုန်တိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ကာ ညောင်မုတ်ဆိတ်ရွာလယ်လမ်းဟောင်းနေရာတစ်ခုလုံးကို လျှင်မြန်စွာ ဝါးမျိုလွှမ်းခြုံသွားခဲ့တော့သည်။

* * * * *

Continuă lectura

O să-ți placă și

357K 27.8K 56
Kaman yanda kaddara ta hada aurensu bayan ta rabata da wanda take so. Haka yake tunanin kaddara zata sa dole ya cika alkawarin daya dauka bayan cikar...
237K 32.6K 200
Book-8 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
82K 5.8K 51
Jai Prakash Raj is a dashing superstar. heartthrob of many girls. Darling of the industry and the Greek God for everyone. Srishti Preyansh Verma is...
330K 23.9K 54
Myanmar×BL (Unicode+Zawgyi) Owncreation Total: 49 parts This story is just my imagination. [Unicode] ရှေးခေတ်ကဝိညာဥ်တို့နေထိုင်ရာကို အလည်တစ်ခေါက်သွာ...