နွေဦးတွင်ဖြစ်တည်သော(Complete)

Por AvocadoZ7

5.2K 542 80

Unicode အချိန်ရာသီတွေအလီလီပြောင်းလဲ၍ ဥဩငှက် တို့ ၏လွမ်းဆွေးဖွယ် တွန်မြူးသံကိုကြားရသည့် နွေဦး ပင်ပြန်လည်ရော... Mais

please read this,first ❗
အပိုင်း (၁)unicode+zawgyi
အပိုင်း(၂) unicode+zawgyi
(အပိုင်း ၃) unicode
အပိုင္း(၃)zawgyi
အပိုင်း(၄) unicode+zawgyi
အပိုင်း(၅) unicode+ zawgyi
အပိုင်း(၆) unicode+zawgyi
အပိုင်း(၈) unicode+zawgyi
အပိုင်း(၉) unicode+zawgyi
အပိုင်း(၁၀) unicode+zawgyi
အပိုင်း(၁၁) unicode+zawgyi
အပိုင်း(၁၂) unicode+zawgyi
အပိုင်း(၁၃) unicode+zawgyi
အပိုင်း(၁၄) unicode+zawgyi
အပိုင်း(၁၅) unicode+zawgyi
ဇာတ်သိမ်းပိုင်း
အဖိုးတန်လေးများထံ

အပိုင်း(၇) unicode+zawgyi

127 24 0
Por AvocadoZ7

Unicode

"ဘာလိုလိုနဲ့ ရွေးကောက်ပွဲရောက်ဖို့ ကြားထဲ တစ်ရက်ပဲလိုတော့တယ်နော် မေမေ ၊ သားလဲမဲပေးချင်လှပြီဗျာ။"

"အမလေး သားရယ် သားလည်းနောက်တခေါက်ရွေးကောက်ပွဲကျ မဲပေးလို့ရပါပြီ။"

"သားက ခုလာမယ့် ရွေးကောက်ပွဲမှာကို မဲပေးချင်တော့တာကို။"
ဂုဏ်ရည်မှာ လေး လပိုင်းမှ ၁၇ ပြည့်ခဲ့တာဖြစ်၍မဲပေးလို့မရသေးပေ။

သူမရင်ခွင်ထဲ အတင်းတိုးဝင်ကာ ချွဲနေသည့် သားလေးမှာ အသက် ၁၈ ထဲဝင်နေသည်မှာ ယုံနိုင်စရာပင်မရှိ။

မဲပေးကြလျှင် မေမေ က NLD အစိုးရကို မဲပေးပြီး
ဖေဖေ ကတော့ စစ်ဗိုလ်ချုပ် ပီပီ စစ်တပ်၏အမာခံ အစိုးရကိုသာမဲပေးမည်ဖြစ်သည်။ ဂုဏ်ရည်ငယ်စဉ်က သိပ်နားမလည်ခဲ့သော်လည်း အရွယ်ရောက်လာသောအခါလက်တွေ့ မြင်နေတွေ့နေရတာတွေကြောင့်ရော မေမေ့ကြောင့်ပါ NLD အစိုးရကိုသာနှစ်သက်သည်။အမေစုဦးဆောင်သည့် NLD အစိုးရသာ နိုင်ငံကို အုပ်ချုပ်မည်ဆိုလျှင် မြန်မာနိုင်ငံသည် တိုးတက်ဖွံ့ဖြိုးလာမည်မှာ မလွဲနိုင်သည့် အမှန်တရားပင်ဖြစ်သည်။
*****
Nov 8/2020 (ရွေးကောက်ပွဲနေ့)

Mizzima channel မှ မဲရေတွက်‌နေခြင်းကို live လွှင့်နေသဖြင့် ဂုဏ်ရည်တို့သားအမိ သုံးယောက်သား  ရင်ခုန်စွာဖြင့် စောင့်ကြည့်နေကြသည်။

"ဒီပုံအတိုင်းဆို NLD ပဲနိုင်မှာ ကျိန်းသေတယ်။"

မေမေ့မျက်နှာထက်တွင်ပျော်ရွှင်နေသည့် အရိပ်အယောင်လေးများပြည့်နှက်နေသည်။ဂုဏ်ရည် လည်းပျော်ပါသည်။NLD အစိုးရအုပ်ချုက်မှုအောက်တွင်ရှိမည်ဆိုလျှင် မြန်မာနိုင်ငံကြီးသည် အခြားနိုင်ငံများ ထက်ပင် တိုးတက်ရင်တိုးတက်နေမှာဖြစ်သည်။ဂုဏ်ရည်တို့လို လူငယ်တွေလည်း NLD အစိုးရတက်လျှင် အရည်အချင်းရှိရင်ရှိသလို ချီးမြှောက်ခံရမှာပင်ဖြစ်သည်။

ဂုဏ်ရည်တို့ ထင်ထားသည့်အတိုင်းပင် NLD အစိုးရမှာ မဲအပြတ်အသတ်နှင့် အနိုင်ရရှိသွားလေသည်။ပြည်ထောင်စုလွှတ်တော် အမတ်နေရာ ၂၉၁ နေရာထဲမှ NLD သည် ၂၈၉ နေရာအထိပင် အနိုင်ရရှိခဲ့လေသည်။ ရွေးကောက်ပွဲကာလမှာ COVID ကာလဖြစ်နေသဖြင့် မဲထွက်ပေးသူ အရေအတွက်နည်းနိုင်ကြောင်း သုံးသပ်ကြသော်လည်း ယနေ့ Nov 8 တွင်ကျင်းပသော ၂၀၂၀ ရွေးကောက်ပွဲတွင် မဲထွက်ပေးကြသူများပြားလှပေသည်။NLD ပါတီ အနိုင်ရရှိပြီးနောက် ပါတီကိုဝန်းရံထောက်ခံသူများသည် စတုဒီသာကျွေးမွေးခြင်းများကိုပြုလုပ်ကြသည်ကိုလည်း live ထုတ်လွှင့်ပြသခဲ့သည်။ ဂုဏ်ရည်တို့ရပ်ကွက်မှာတော့ စစ်အသိုင်းအဝိုင်းများသာ များသဖြင့် ဘာသံမျှ မကြားရပေ။ဖေဖေကတော့ မအီမသာမျက်နှာကြီးဖြင့် ရောက်ရောက်ခြင်း အလုပ်ခန်းထဲတန်းဝင်သွားကာ ဂုဏ်ရည်တို့အိပ်ချိန်ထိပြန်ထွက်မလာတော့ပေ။

*****

ယနေ့မှာ မမကြီး စန္ဒာ ဂျပန်ကို သွားမည်ဖြစ်တာကြောင့် တစ်မိသားစုလုံးလေဆိပ်သို့လိုက်ပို့ခဲ့ကြသည်။ အစက တေဇ မမကြီး ကို လွမ်းနေရမှာ စိုး၍ နိုင်ငံရပ်ခြားကိုမသွားစေချင်။ယခုတွင်တော့ မမကြီးဂျပန်သွားရတာကို ကျေးဇူးတင်ရမလိုပင်ဖြစ်နေသည်။မမကြီးသာ ဂျပန်သွားဖို့ သင်တန်းတွေတက်ကာ လေ့လာမနေခဲ့လျှင် တေဇကို စာသင်ပေးနေသူမှာ မမကြီးသာဖြစ်နေပေမည်။ မမကြီး စာတွေနှင့်အလုပ်ရှုပ်နေ၍ တေဇ ကိုစာပြန်သင်ချိန်မရှိတာကြောင့် အကို နှင့်စာသင်ရခြင်းဖြစ်သည်။မမကြီးဂျပန်သွားဖို့လုပ်ခြင်းက တေဇကို အကိုနှင့် နီးစပ်စေခဲ့တာဖြစ်သည်။

"ဟေ့မောင်လေး .. မမကို နှုက်မဆက်တော့ဘူးလား။"
စန္ဒာသူမကိုတောင်နှုက်မဆက်ပဲအတွေးနယ်ချဲ့နေဟန်တူသည့် မောင်ဖြစ်သူကိုပြောလိုက်သည်။

"အာ..ဟုတ်မမကြီး မောင်လေး စာအကြောင်းတွေးနေမိလို့။ ... ဟိုမှာ အစစအရာရာဂရုစိုက်နော်သိလား။ အစားအသောက်မစားပဲလည်း နေမနေနဲ့ဦး။
မောင်လေးတို့ကိုလည်း ညတိုင်းဖုန်းဆက်။ မောင်လေးတော့ မမကြီးကိုလွမ်းနေတော့မှာသိလား။"
မမကြီးကို ဖက်ကာပြောလိုက်တော့

"အမလေး အချွဲတုံးလေး။ရှင်လေးလည်း စာကြိုးစားနော်။ လိမ်လိမ်မာမာနေ ဟုတ်ပြီလား။"

"ဟုတ် "

"ဟဲ့ ဟိုကောင် နင်မမကြီးနဲ့ ဂျပန်လိုက်တော့မလို့လား။တကယ်အပိုတွေတအား။"

"ဟဲ့ သံသာရယ် မောင်လေးကိုအဲ့လို မပြောပါနဲ့ဟယ်"

မမကြီးဝင်ပြောကာမှ မမလတ်တစ်ယောက် မျက်နှာကြီးရှူံ့မဲ့ပြကာရပ်သွားလေသည်။

"ကဲကဲ သမီးကြီးက မေမေနဲ့ဖေဖေမှာတာတွေမမေ့နဲ့နော်။"

"ဟုတ်ကဲ့ မေမေ"
၇တန်းလောက်ကတည်းက သွားချင်ခဲ့သည့် နိုင်ငံကိုသွားရမည်ဖြစ်၍ စန္ဒာပျော်မိသော်လည်း မိသားစုနဲ့အတူ တစ်ဦးတည်းသောချစ်ရသူနှင့် ဝေးနေရမည်ဆိုသောအသိကြောင့် ကြိုတင်ပင်လွမ်းနေရသည်။

****

"ဂုဏ်ရည်မင်းထင် မင်းမိန်းကလေးတစ်ယောက်ကို အဲ့လောက်ထိပြောစရာလိုလားကွ ဟမ်"
ဂုဏ်ရည် အပြင်မှ ပြန်ရောက်ရောက်ခြင်း ဖေဖေက ဆီး‌၍ဟောက်လေသည်။ကြည့်ရတာ ရတီလင်းလက်ဆီမှ သတင်းရခဲ့ပြီထင်သည်။

"သားက အေးဆေးပဲပြောတာပါဖေဖေ။သားပြောတာတွေထဲ ရတီလင်းလက်ကို ထိခိုက်တာဘာမှမပါဘူး။"

"ထိခိုက်တာမပါလည်း မင်းကဘာကိစ္စ သူ့ကိုမကြိုက်ကြောင်းမချစ်ကြောင်းတွေသွားပြောနေတာလဲ။"

" ကိုယ်မချစ်တဲ့သူတစ်ယောက်ကို  မချစ်တဲ့အကြောင်းပြောတာ အမှားလားဖေဖေ။ သားသူ့ကို ချစ်တယ်ထင်ပြီး မျှော်လင့်ချက်နဲ့ နေရမယ့် ရတီလင်းလက် အတွက် သားက ဒီလိုပြောလိုက်တာပါ။"

"ဘာကွ မင်း..အဲ့ ရတီလင်းလက်က တချိန်ကျမင်းနဲ့..."

"သားဆန္ဒပါသလားဖေဖေ။ သားမချစ်တဲ့သူကို လက်မတွဲနိုင်ဘူး။ ဖေဖေ့ အချစ်ဦးရဲ့သမီးဖြစ်နေရင်တောင်မှပေါ့။"
ဂုဏ်ရည့်စကားအဆုံး ဖေဖေ့ လက်သီးမှာ ဂုဏ်ရည့် မျက်နှာပေါ်သို့ ကျရောက်ခါနီး...

"ရှင် ရပ်လိုက်နော်။ တခုခုဆို ကျွန်မသားကို ရိုက်မယ်ဆိုတာချည်းပဲ။....သားပြောတဲ့ထဲ အမှားမပါဘူး။ ရှင့်အချစ်ဦးသမီးမို့ဆိုတဲ့ အစွဲနဲ့ ကျွန်မသားကို သူ မချစ်တဲ့သူတစ်ယောက် နဲ့ လက်တွဲ မှာကို ခွင့်မပြုနိုင်ဘူး။ ကျွန်မသားက ငယ်လည်းငယ်သေးတယ် ရှင့်သိလား။ ပြီးတော့ သားက သူချစ်တဲ့သူနဲ့ပဲ စိတ်ချမ်းချမ်းသာသာနဲ့နေသွားရမယ်။ ကျွန်မလိုဘဝမှာ မနေစေရဘူး။"

မေမေလာတားမှ ဖေဖေ လက်ကိုပြန်ရုတ်ကာ ဒေါသတကြီးထွက်သွားလေတော့သည်။ကြည့်ရတာ မေမေ့စကားများကြောင့် ဖေဖေ အရှိုက်ထိသွားသည့်ပုံပင်။

ထိုနေ့မှစ၍ ဖေဖေ့ထံမှ ရတီလင်းလက်နှင့်ပက်သက်၍ဘာသံမှမကြားတော့သလို ရတီလင်းလက်ကို လည်းမတွေ့ရတော့ပေ။
...............

24/1/2023(အပိုင်း (၆) ပြီး။)
ခုချိန်ထိမငြီးမငွေ့ဖတ်ပေးလို့ ကျေးဇူးပါဗျာ။🥺🤍
AZ๑

Zawgyi

"သားက ခုလာမယ့္ ေ႐ြးေကာက္ပြဲမွာကို မဲေပးခ်င္ေတာ့တာကို။"
ဂုဏ္ရည္မွာ ၄ လပိုင္းမွ ၁၇ ျပည့္ခဲ့တာျဖစ္၍မဲေပးလို႔မရေသးေပ။

သူမရင္ခြင္ထဲ အတင္းတိုးဝင္ကာ ခြၽဲေနသည့္ သားေလးမွာ အသက္ ၁၈ ထဲဝင္ေနသည္မွာ ယုံနိုင္စရာပင္မရွိ။

မဲေပးၾကလွ်င္ ေမေမ က NLD အစိုးရကို မဲေပးၿပီး
ေဖေဖ ကေတာ့ စစ္ဗိုလ္ခ်ဳပ္ ပီပီ စစ္တပ္၏အမာခံ အစိုးရကိုသာမဲေပးမည္ျဖစ္သည္။ ဂုဏ္ရည္ငယ္စဥ္က သိပ္နားမလည္ခဲ့ေသာ္လည္း အ႐ြယ္ေရာက္လာေသာအခါလက္ေတြ႕ ျမင္ေနေတြ႕ေနရတာေတြေၾကာင့္ေရာ ေမေမ့ေၾကာင့္ပါ NLD အစိုးရကိုသာႏွစ္သက္သည္။အေမစုဦးေဆာင္သည့္ NLD အစိုးရသာ နိုင္ငံကို အုပ္ခ်ဳပ္မည္ဆိုလွ်င္ ျမန္မာနိုင္ငံသည္ တိုးတက္ဖြံ႕ၿဖိဳးလာမည္မွာ မလြဲနိုင္သည့္ အမွန္တရားပင္ျဖစ္သည္။
*****
Nov 8/2020 (ေ႐ြးေကာက္ပြဲေန႕)

Mizzima channel မွ မဲေရတြက္‌ေနျခင္းကို live လႊင့္ေနသျဖင့္ ဂုဏ္ရည္တို႔သားအမိ သုံးေယာက္သား  ရင္ခုန္စြာျဖင့္ ေစာင့္ၾကည့္ေနၾကသည္။

"ဒီပုံအတိုင္းဆို NLD ပဲနိုင္မွာ က်ိန္းေသတယ္။"

ေမေမ့မ်က္ႏွာထက္တြင္ေပ်ာ္႐ႊင္ေနသည့္ အရိပ္အေယာင္ေလးမ်ားျပည့္ႏွက္ေနသည္။ဂုဏ္ရည္ လည္းေပ်ာ္ပါသည္။NLD အစိုးရအုပ္ခ်ဳက္မႈေအာက္တြင္ရွိမည္ဆိုလွ်င္ ျမန္မာနိုင္ငံႀကီးသည္ အျခားနိုင္ငံမ်ား ထက္ပင္ တိုးတက္ရင္တိုးတက္ေနမွာျဖစ္သည္။ဂုဏ္ရည္တို႔လို လူငယ္ေတြလည္း NLD အစိုးရတက္လွ်င္ အရည္အခ်င္းရွိရင္ရွိသလို ခ်ီးျမႇောက္ခံရမွာပင္ျဖစ္သည္။

ဂုဏ္ရည္တို႔ ထင္ထားသည့္အတိုင္းပင္ NLD အစိုးရမွာ မဲအျပတ္အသတ္ႏွင့္ အနိုင္ရရွိသြားေလသည္။ျပည္ေထာင္စုလႊတ္ေတာ္ အမတ္ေနရာ ၂၉၁ ေနရာထဲမွ NLD သည္ ၂၈၉ ေနရာအထိပင္ အနိုင္ရရွိခဲ့ေလသည္။ ေ႐ြးေကာက္ပြဲကာလမွာ COVID ကာလျဖစ္ေနသျဖင့္ မဲထြက္ေပးသူ အေရအတြက္နည္းနိုင္ေၾကာင္း သုံးသပ္ၾကေသာ္လည္း ယေန႕ Nov 8 တြင္က်င္းပေသာ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ မဲထြက္ေပးၾကသူမ်ားျပားလွေပသည္။NLD ပါတီ အနိုင္ရရွိၿပီးေနာက္ ပါတီကိုဝန္းရံေထာက္ခံသူမ်ားသည္ စတုဒီသာေကြၽးေမြးျခင္းမ်ားကိုျပဳလုပ္ၾကသည္ကိုလည္း live ထုတ္လႊင့္ျပသခဲ့သည္။ ဂုဏ္ရည္တို႔ရပ္ကြက္မွာေတာ့ စစ္အသိုင္းအဝိုင္းမ်ားသာ မ်ားသျဖင့္ ဘာသံမွ် မၾကားရေပ။ေဖေဖကေတာ့ မအီမသာမ်က္ႏွာႀကီးျဖင့္ ေရာက္ေရာက္ျခင္း အလုပ္ခန္းထဲတန္းဝင္သြားကာ ဂုဏ္ရည္တို႔အိပ္ခ်ိန္ထိျပန္ထြက္မလာေတာ့ေပ။

*****

ယေန႕မွာ မမႀကီး စႏၵာ ဂ်ပန္ကို သြားမည္ျဖစ္တာေၾကာင့္ တစ္မိသားစုလုံးေလဆိပ္သို႔လိုက္ပို႔ခဲ့ၾကသည္။ အစက ေတဇ မမႀကီး ကို လြမ္းေနရမွာ စိုး၍ နိုင္ငံရပ္ျခားကိုမသြားေစခ်င္။ယခုတြင္ေတာ့ မမႀကီးဂ်ပန္သြားရတာကို ေက်းဇူးတင္ရမလိုပင္ျဖစ္ေနသည္။မမႀကီးသာ ဂ်ပန္သြားဖို႔ သင္တန္းေတြတက္ကာ ေလ့လာမေနခဲ့လွ်င္ ေတဇကို စာသင္ေပးေနသူမွာ မမႀကီးသာျဖစ္ေနေပမည္။ မမႀကီး စာေတြႏွင့္အလုပ္ရႈပ္ေန၍ ေတဇ ကိုစာျပန္သင္ခ်ိန္မရွိတာေၾကာင့္ အကို ႏွင့္စာသင္ရျခင္းျဖစ္သည္။မမႀကီးဂ်ပန္သြားဖို႔လုပ္ျခင္းက ေတဇကို အကိုႏွင့္ နီးစပ္ေစခဲ့တာျဖစ္သည္။

"ေဟ့ေမာင္ေလး .. မမကို ႏႈက္မဆက္ေတာ့ဘူးလား။"
စႏၵာသူမကိုေတာင္ႏႈက္မဆက္ပဲအေတြးနယ္ခ်ဲ့ေနဟန္တူသည့္ ေမာင္ျဖစ္သူကိုေျပာလိုက္သည္။

"အာ..ဟုတ္မမႀကီး ေမာင္ေလး စာအေၾကာင္းေတြးေနမိလို႔။ ... ဟိုမွာ အစစအရာရာဂ႐ုစိုက္ေနာ္သိလား။ အစားအေသာက္မစားပဲလည္း ေနမေနနဲ႕ဦး။
ေမာင္ေလးတို႔ကိုလည္း ညတိုင္းဖုန္းဆက္။ ေမာင္ေလးေတာ့ မမႀကီးကိုလြမ္းေနေတာ့မွာသိလား။"
မမႀကီးကို ဖက္ကာေျပာလိုက္ေတာ့

"အမေလး အခြၽဲတုံးေလး။ရွင္ေလးလည္း စာႀကိဳးစားေနာ္။ လိမ္လိမ္မာမာေန ဟုတ္ၿပီလား။"

"ဟုတ္ "

"ဟဲ့ ဟိုေကာင္ နင္မမႀကီးနဲ႕ ဂ်ပန္လိုက္ေတာ့မလို႔လား။တကယ္အပိုေတြတအား။"

"ဟဲ့ သံသာရယ္ ေမာင္ေလးကိုအဲ့လို မေျပာပါနဲ႕ဟယ္"

မမႀကီးဝင္ေျပာကာမွ မမလတ္တစ္ေယာက္ မ်က္ႏွာႀကီးရႉံ႕မဲ့ျပကာရပ္သြားေလသည္။

"ကဲကဲ သမီးႀကီးက ေမေမနဲ႕ေဖေဖမွာတာေတြမေမ့နဲ႕ေနာ္။"

"ဟုတ္ကဲ့ ေမေမ"
၇တန္းေလာက္ကတည္းက သြားခ်င္ခဲ့သည့္ နိုင္ငံကိုသြားရမည္ျဖစ္၍ စႏၵာေပ်ာ္မိေသာ္လည္း မိသားစုနဲ႕အတူ တစ္ဦးတည္းေသာခ်စ္ရသူႏွင့္ ေဝးေနရမည္ဆိုေသာအသိေၾကာင့္ ႀကိဳတင္ပင္လြမ္းေနရသည္။

****

"ဂုဏ္ရည္မင္းထင္ မင္းမိန္းကေလးတစ္ေယာက္ကို အဲ့ေလာက္ထိေျပာစရာလိုလားကြ ဟမ္"
ဂုဏ္ရည္ အျပင္မွ ျပန္ေရာက္ေရာက္ျခင္း ေဖေဖက ဆီး‌၍ေဟာက္ေလသည္။ၾကည့္ရတာ ရတီလင္းလက္ဆီမွ သတင္းရခဲ့ၿပီထင္သည္။

"သားက ေအးေဆးပဲေျပာတာပါေဖေဖ။သားေျပာတာေတြထဲ ရတီလင္းလက္ကို ထိခိုက္တာဘာမွမပါဘူး။"

"ထိခိုက္တာမပါလည္း မင္းကဘာကိစၥ သူ႕ကိုမႀကိဳက္ေၾကာင္းမခ်စ္ေၾကာင္းေတြသြားေျပာေနတာလဲ။"

" ကိုယ္မခ်စ္တဲ့သူတစ္ေယာက္ကို  မခ်စ္တဲ့အေၾကာင္းေျပာတာ အမွားလားေဖေဖ။ သားသူ႕ကို ခ်စ္တယ္ထင္ၿပီး ေမွ်ာ္လင့္ခ်က္နဲ႕ ေနရမယ့္ ရတီလင္းလက္ အတြက္ သားက ဒီလိုေျပာလိုက္တာပါ။"

"ဘာကြ မင္း..အဲ့ ရတီလင္းလက္က တခ်ိန္က်မင္းနဲ႕..."

"သားဆႏၵပါသလားေဖေဖ။ သားမခ်စ္တဲ့သူကို လက္မတြဲနိုင္ဘူး။ ေဖေဖ့ အခ်စ္ဦးရဲ႕သမီးျဖစ္ေနရင္ေတာင္မွေပါ့။"
ဂုဏ္ရည့္စကားအဆုံး ေဖေဖ့ လက္သီးမွာ ဂုဏ္ရည့္ မ်က္ႏွာေပၚသို႔ က်ေရာက္ခါနီး...

"ရွင္ ရပ္လိုက္ေနာ္။ တခုခုဆို ကြၽန္မသားကို ရိုက္မယ္ဆိုတာခ်ည္းပဲ။....သားေျပာတဲ့ထဲ အမွားမပါဘူး။ ရွင့္အခ်စ္ဦးသမီးမို႔ဆိုတဲ့ အစြဲနဲ႕ ကြၽန္မသားကို သူ မခ်စ္တဲ့သူတစ္ေယာက္ နဲ႕ လက္တြဲ မွာကို ခြင့္မျပဳနိုင္ဘူး။ ကြၽန္မသားက ငယ္လည္းငယ္ေသးတယ္ ရွင့္သိလား။ ၿပီးေတာ့ သားက သူခ်စ္တဲ့သူနဲ႕ပဲ စိတ္ခ်မ္းခ်မ္းသာသာနဲ႕ေနသြားရမယ္။ ကြၽန္မလိုဘဝမွာ မေနေစရဘူး။"

ေမေမလာတားမွ ေဖေဖ လက္ကိုျပန္႐ုတ္ကာ ေဒါသတႀကီးထြက္သြားေလေတာ့သည္။ၾကည့္ရတာ ေမေမ့စကားမ်ားေၾကာင့္ ေဖေဖ အရွိုက္ထိသြားသည့္ပုံပင္။

ထိုေန႕မွစ၍ ေဖေဖ့ထံမွ ရတီလင္းလက္ႏွင့္ပက္သက္၍ဘာသံမွမၾကားေတာ့သလို ရတီလင္းလက္ကို လည္းမေတြ႕ရေတာ့ေပ။
...............

24/1/2023(အပိုင္း (၆) ၿပီး။)
ခုခ်ိန္ထိမၿငီးမေငြ႕ဖတ္ေပးလို႔ ေက်းဇူးပါဗ်ာ။🥺🤍
AZ๑

Continuar a ler

Também vai Gostar

707K 50K 54
ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ေဒါသ မာနႀကီးေသာ ရွင္းသန႔္မင္းေနာင္ တစ္ေယာက္ ေအးခ်မ္း...
140K 6.6K 23
-ေငးၾကည့္ေနရံုႏွင့္ေက်နပ္ေနခဲ့သည့္သူ႔ဘဝက ေနာင္တစ္ခ်ိန္ေငးၾကည့္ခြင့္ေတာင္ မရႏိုင္ေတာ့မွန္း သိသည့္အခ်ိိန္မွာ ထိုသူ႔အေပၚထားသည့္ သူ႔ရဲ႕အခ်စ္ေတြက နယ္ကြၽံေ...
325K 25.4K 23
Fluff,BL,Short story. "အေး..အေးကွာ..ချစ်တယ်ကွာဘာဖြစ်လဲ။ မင်းကလူမိုက်..ငါကအုပ်ကြီး ဘယ်ကောင်က လှန်ရဲမှာလဲ။" အသုံးအနှုန်းအချို့အတွက် ၁၅ နှစ်အောက်ကလေးငယ...
282K 22.4K 24
UNICODE VERSION: "နေကြာပန်းလေးအတွက်တော့နေမင်းဟာကမ္ဘာတစ်ခုလိုကိုဖြစ်နေပေမဲ့... နေမင်းကြီးအတွက်တော့နေကြာပန်းလေးကနေကြာပန်းပေါင်းမြောက်များစွာထဲကနေကြာပန်...