Love started by those glasses

Por Jjaiumy

9.6K 907 157

Hazel eyes under black glasses are so fucking dangerous!! park sunghoon + park jongseong written in burmese (... Mรกs

Love started by those glasses 1
Love started by those glasses 2
Love started by those glasses 3
Love started by those glasses 4
Love started by those glasses 5
Love started by those glasses 6
Love started by those glasses 7
Love started by those glasses 8
Love started by those glasses 10
Love started by those glasses 11
Love started by those glasses 12
Love started by those glasses 13

Love started by those glasses 9

528 63 10
Por Jjaiumy

ကားစီယာတိုင်ကိုကိုင်ထားတဲ့ လက်တွေကသွေးကြောစိမ်းစိမ်းတွေထင်းနေပီး အနည်းငယ်တုန်ချိလျက်။ဘေးခုံပေါ်ကဂျေးကို အဆင်ပြေလားလှည့်မေး
တာလဲ ဘယ်နှခေါက်မှန်းမသိတော့။အဆင်ပြေပါတယ်ဖြေနေပေမယ့် ဒဏ်ရာကနက်တာမလို့အခုထိသွေးတွေစီးကျနေတာကို တချက်တချက်လှည့်ကြည့်နေတဲ့ဆောင်ဟွန်းအမြင်။အိမ်မြန်မြန်ရောက်ချင်ကာမှ သွားရတဲ့လမ်းကပိုကြာနေသလို။သူဂျေးကိုစိတ်ပူလှပီ။

ကားပါကင်ထိုးရတာလဲဒီနေ့မှပိုခက်နေသလို ဓာတ်လှေကားကလဲဒီနေ့မှပိုနှေးနေတဲ့အတိုင်း။အခန်း passwordကုတ်ကိုအလျင်အမြန်ရိုက်ထည့်ပီး ဆိုဖာတွေဝယ်မထည့်ရသေးတဲ့ဧည့်ခန်းမှာဂျေးကိုထိုင်စောင့်စေသည်။ဆေးသေတ္တာ ပတ်တီးနဲ့ပစ္စည်းအစုံအလင်ယူချလာပီး ဆောင်ဟွန်းကဂျေးရှေ့တည့်တည့်မှာဝင်ထိုင်သည်။ဆေးကျောင်းသားများဖြစ်တာကြောင့်ဒဏ်ရာသန့်ရှင်းပီး ပတ်တီးစည်းပေးတာလောက်က ပြဿနာမဟုတ်ပေမယ့် ဆေးထည့်ပေးရမဲ့လူကဂျေးဖြစ်နေတော့ ဆောင်ဟွန်းလက်ချောင်းတို့ကအနည်းငယ်တုန်လှုပ်နေသည်။အမြဲတမ်းသူကပဲဂျေးဆေးထည့်ပေးတာခံလာရတဲ့လူ ဂျေးကိုထိခိုက်ဒဏ်ရာမရစေချင်သလို ဘယ်တော့မှလဲဆေးထည့်ပေးတာမျိုး မလုပ်ပေးချင်ခဲ့။

လက်ဖျံရိုးပေါ်ထိစီးကျနေတဲ့သွေးတွေကို ရေနွေးဝတ်သန့်သန့်နဲ့သုတ်ပေးလိုက်ပီး ဒဏ်ရာတစ်ဝိုက်ကိုပါခပ်ဖွဖွပွတ်ဆွဲလို့ သွေးများသန့်ရှင်းသွားအောင်သုတ်ပေးလိုက်သည်။စပ်ဖျင်းဖျင်းဒဏ်မခံစားရအောင် အရက်ပြန်မသုံးချင်ပေမယ့် ဒဏ်ရာပိုးမဝင်အောင်သုံးကိုသုံးရမည်ကိုဆောင်ဟွန်းသိသည်။ဂွမ်းချောင်းလေးပေါ်မှာအရက်ပြန်စွတ်ပီး ဒဏ်ရာတစ်ဝိုက်ကို အသာတို့ထိလို့ နှုတ်ခမ်းပါးတို့ကနေလေတဖူးဖူးမှုတ်ပေးသည်။

"နာရင်ငါ့ကိုပြော"

"အင်း"

ဒဏ်ရာကိုသန့်ရှင်းရေးလုပ်ပီးတော့ ဆောင်ဟွန်းကဆေးလိမ်းပေးသည်။ဆေးလိမ်းပေးနေတုန်းမှာလဲ တကယ့်ကိုနုနုယွယွလေး။အားလေးနည်းနည်းသုံးလိုက်တာနဲ့ ဂျေးနာကျင်သွားမှာကိုကြောက်သည့်ဟန်။ဆောင်ဟွန်းက ဂျေးရဲ့နှစ်လက်မလောက်ရှိတဲ့ပြတ်ရှဒဏ်ရာကိုဆေးလိမ်းပေးရင်း မြင်ကွင်းတွေကဝေဝါးလာသည်။

"ဆောင်ဟွန်း...."

တစ်လျှောက်လုံးဂျေးရှေ့မှာဝမ်းနည်းဟန်တောင်မပြခဲ့ဖူးတဲ့ဆောင်ဟွန်းက အခုတော့ဂျေးထိခိုက်ဒဏ်ရာကိုကြည့်ရင်း မျက်ရည်တွေဖောဖောသီသီကျလာလေရဲ့။မျက်ရည်ပေါက်တွေက ပါးပြင်ပေါ်စီးကျသွားရင်း တဖြေးဖြေးနှာရှုံ့သံတွေပါထွက်လာသည်။ထိခိုက်သွားတာဂျေးဆိုပေမဲ့ ဒဏ်ရာရသွားတာကတော့ဆောင်ဟွန်းနှလုံးသားလေးထင်ပါရဲ့။

"ငိုနေတာလား"

"ငါ့ကြောင့် ငါစောစောလာခဲ့ရင်မင်းဒဏ်ရာရမှာမဟုတ်ဘူး။ဂျေး မင်းလက်ကလေးတွေကနုနုလေး အရမ်းနာတယ်မလား"

"ဆောင်ဟွန်း ငါ့ကိုကြည့်အုန်း"

ဂျေးလက်ဖောင်းဖောင်းလေးကိုပဲသဲကြီးမဲကြီးစိုက်ကြည့်ရင်း ဆေးထည့်ပေးနေတဲ့ဆောင်ဟွန်းက ပြောလဲပြော ငိုလဲငိုနေပေမယ့် ဂျေးခေါင်းမော့ခိုင်းတဲ့အခါမှာတော့ ခေါင်းတခါခါနှင့်။

ပြောမရတော့တဲ့ဂျေးကပဲ ကျန်တဲ့လက်တစ်ဖက်နဲ့ဆောင်ဟွန်းပါးပေါ်ကနေအုပ်မိုးကိုင်ရင်း ခေါင်းမော့ကြည့်စေတယ်။မော့ကြည့်လာလို့မြင်လိုက်ရတဲ့မျက်နှာလေးက မျက်ရည်အသီသီနဲ့နှာသီးထိပ်ကလေးကနီရဲရဲ။တရှုံ့ရှုံ့ငိုနေဆဲမို့ လှုပ်ခတ်နေတဲ့နှုတ်ခမ်းပါးတွေရယ် စီးကျနေတဲ့မျက်ရည်ပေါက်ကြီးငယ်တွေရယ်။ဂျေး ဆောင်ဟွန်းငိုတာကိုမြင်ဖူးတာဒါပထမဆုံး ဒါကလဲသူ့ကြောင့်နဲ့။

"မင်းကြောင့်မဟုတ်ပါဘူး မင်းရောက်လာလို့သာငါဒီလောက်ပဲဒဏ်ရာရတာ မင်းကငါ့ကိုကယ်လိုက်တာပဲလေ မဟုတ်ဘူးလား"

"ဟင့်အင်း" ဆောင်ဟွန်းကစကားနားမထောင်တဲ့ကလေးဆိုးလေးလို ခေါင်းတခါခါနှင့်ပြန်ငြင်းသည်။

"ဘယ်လိုလုပ်မလဲ မင်းကငါပြောတာကိုလက်မခံရင်ဒဏ်ရာကပိုပိုနာလာတယ်"

ယုတ္တိမတန်မှန်းသိပေမယ့် ကလေးအငိုရပ်ဖို့ဂျေးတစ်ယောက်တွေးမိတွေးရာ အရှက်မရှိပြောရတော့တယ်။

"ဂျေး"

"ဟင်"

မျက်ရည်တလဲ့လဲ့နဲ့ဆောင်ဟွန်းက ဂျေးကိုတွေတွေလေးငေးကြည့်တယ်။

"ငါကလေးမဟုတ်တော့ဘူးလေ"

ဆောင်ဟွန်းစကားကြောင့် ဂျေးမျက်နှာမှာရှက်စိတ်တွေမွှန်ထူကာရှိန်းခနဲ။အငိုတိတ်အောင်ချော့လိုက်ပေမယ့် ကလေးချော့နည်းဖြစ်နေတာကိုသိပေမယ့် ဒီလိုကြီးစိုက်ကြည့်ပီးဂျေးရှက်သွားအောင် ပြောစရာတော့မလိုဘူးထင်တယ် ပတ်ဆောင်ဟွန်းရှီး....။

"ပတ်တီးသာမြန်မြန်စည်းပေးတော့"

"အာ..အင်း"

နှာတရှုံ့ရှုံ့နဲ့ပဲ ပတ်တီးလိပ်ကိုဖြည်လို့ ဒဏ်ရာပေါ်မနာအောင်ဂရုစိုက်ကာစည်းပေးလေတယ်။စနစ်တကျနဲ့ သပ်သပ်ရပ်ရပ်စည်းပေးပီးနောက်မှာ ဆောင်ဟွန်းက ဆေးပစ္စည်းတွေအကုန်လုံးကိုဆေးသေတ္တာထဲထည့်သိမ်းလို့ နေရာတကျပြန်ထားတယ်။ဂျေးကပစ္စည်းတွေသုံးပီးသူ့နေရာသူပြန်မထားပဲ ပစ်စလက်ခတ်ထားရင် မကြိုက်တာမို့။ပီးတာနဲ့ ရေအေးအေးတခွက်ခပ်လာပီး ပြတင်းပေါက်နားကပ်လို့အပြင်ဘက်ကိုငေးကြည့်နေတဲ့ ဂျေးဖို့ယူလာပေးတယ်။

"ကျေးဇူး"

ပီးတာနဲ့ဆောင်ဟွန်းက ဂျေးဘေးနားမှာတိတ်တိတ်လေးစကားတခွန်းမှ မဟလာပဲ ဂျေးလက်ကပတ်တီးဖွေးဖွေးဒဏ်ရာကိုသာစိုက်ကြည့်လို့ငြိမ်ငြိမ်လေးထိုင်တယ်။နှစ်ယောက်စလုံးဘာစကားမှမပြောဖြစ်ကြတာ မိနစ်၂၀လောက်ကြာသွားပီး ဆောင်ဟွန်းကဂျေးလက်တွေကနေအကြည့်မလွှဲနိုင်ဆဲ။ဂျေးက ရေသောက်လို့ကုန်သွားတဲ့ဖန်ခွက်ကို ဘောင်ပေါ်တင်တယ်။

"ဆောင်ဟွန်း"

"အင်း"

"အဲ့လူတွေကလေ လူ့အမှိုက်တွေ"

စကားစလာတဲ့ဂျေး။ဆောင်ဟွန်းကတော့ဘာမှခွန်းတုံ့မပြန်ဖြစ်ပဲ အသာလေးနားထောင်နေလိုက်တယ်။

"ဆောင်ဟွန်း မင်းကိုမပြောပြဖြစ်သေးတဲ့ငါ့အကြောင်းတွေပြောပြမယ် နားထောင်ချင်လား" ဆိုတော့ဆောင်ဟွန်းကခေါင်းတငြိမ့်ငြိမ့်နဲ့ အဖြေပြန်ပြုသည်။ထိုအခါဂျေးက သက်ပြင်းလေးလေးတခုချလို့ သူ့ဘဝရဲ့ခက်ခဲခဲ့တဲ့အစိတ်အပိုင်းတွေဆီ ဆောင်ဟွန်းကိုခြေချခွင့်ပြုလိုက်လေသည်။

ဂျေးအလယ်တန်းစတက်မဲ့အချိန်မှာ ဂျေးရယ် ဂျေးဖေဖေရယ် ဂျေးမေမေရယ်က နယ်မြို့သေးသေးကနေ ဆိုးလ်ကိုပြောင်းလာကြသည်။ဂျေးဖေဖေက အလုပ်ကိုအပတ်တကုတ်ကြိုးစားတတ်တဲ့သူဖြစ်တာကြောင့် ဂျေးတို့ဆိုးလ်ကိုရောက်တဲ့အချိန်မှာ တိုက်ခန်းသေးသေးလေးတစ်လုံး တနိုင်တပိုင်ဝယ်ယူနိုင်ခဲ့သည်။ထို့အပြင် ဂျေးမေမေအတွက်ပါ ဆိုင်ခန်းသေးသေးလေးဝယ်ဖို့လုံလုံလောက်လောက်ရှိသေးသည်။ဂျေးဖေဖေကစတော့ကုမ္ပဏီတခုမှာအလုပ်ဝင်ပီး ဂျေးမေမေကတော့ အလှကုန်ဆိုင်ခန်းလေးဖွင့်သည်။

ဂျေးဖေဖေနဲ့မေမေက တစ်ဦးတည်းသောသားလေးဖြစ်တဲ့ဂျေးကို တုန်နေအောင်ချစ်ပီး ဂျေးကလဲမိသားစုရဲ့အလိမ္မာတုန်းလေး လာဘ်ခေါ်ကြောင်လေးဖြစ်ခဲ့လေသည်။ဂျေးအလယ်တန်းပထမနှစ်မှာ ဂျေးမေမေရဲ့ဆိုင်ခန်းအသေးလေးက အလွန်ရောင်းရပီးငွေရေးကြေးရေးနဲ့ပတ်သတ်လို့စိတ်ပူရတာမျိုး တစိုးတစိမှမရှိခဲ့ရ။ညနေဘက်ကျောင်းဆင်းရင် ဂျေးကမေမေ့ဆိုင်ခန်းလေးဆီသွားကူတတ်ကာ သားအမိနှစ်ယောက်အိမ်ကိုတူတူပြန်လာတတ်ကြသည်။ပူပူနွေးနွေးညစာပြင်ဆင်တာလဲဂျေးကကူပေးတတ်ပီး ဂျေးဖေဖေကုမ္ပဏီကပြန်လာတာနဲ့ မိသားစုစုံစုံလင်လင်ညစာဝိုင်းဖွဲ့စားတတ်ကြသည်။ပတ်မိသားစုရဲ့တိုက်ခန်းသေးသေးလေးထဲမှာ ညဘက်ဆိုရယ်သံလွင်လွင်တွေပျံ့လွင့်နေတတ်တာပေါ့။

ဒီလိုပျော်စရာကောင်းလှတဲ့ဂျေးရဲ့မိသားစုလေးစီ ဂြိုလ်ဆိုးဝင်တာက ဂျေးအလယ်တန်းပထမနှစ်အပီးကျောင်းပိတ်ရက်နွေရာသီမှာ။ဂျေးဖေဖေအလုပ်လုပ်တဲ့ကုမ္ပဏီကဒေဝါလီခံသွားရပီး ဂျေးဖေဖေရဲ့အလုပ်ကပျောက်ခြင်းမလှပျောက်သွားရတော့သည်။ဒီထိကအဆင်ပြေသေးသည်။ပြဿနာကဘယ်ကစသလဲဆို ဂျေးဖေဖေတို့ကုမ္ပဏီကိုအသစ်ဝင်လာတဲ့ ပိုင်ရှင်က အရင်ဝန်ထမ်းတွေထဲက ၅ယောက်ကိုရွေးထုတ်ပီး ငွေကြေးအနည်းငယ်မျှနှင့်ရှယ်ယာဝင်ခွင့်ပေးလိုက်ခြင်း။ထို၅ယောက်ထဲမှာ ဂျေးဖေဖေလဲပါခဲ့သည်။

တစ်ဖက်ကကြည့်လျှင်ဒါကအလွန်ကောင်းသည့်အရာ။အလွန့်အလွန်ကိုကောင်းသည့်အရာ။ပြောရရင် 5%လောက်ရှယ်ယာဝင်လိုက်ရင်တောင် အတော်လေးအကျိုးရှိမဲ့ကိစ္စ။ဂျေးဖေဖေကလဲသွေးရိုးသားရိုး အခွင့်အရေးကောင်းတခုရတာပဲဟုထင်ပီး လက်ခံလိုက်သည်။ပမာဏဘက်ကကြည့်လျှင် အနည်းငယ်လိုနေသေးတာမို့ မေမေ့ဆိုင်ခန်းကိုမရောင်းပစ်ချင်တဲ့ဂျေးဖေဖေ့ကို ကုမ္ပဏီပိုင်ရှင်အသစ်က ငွေတိုးချေးငွေလုပ်ငန်းတခုကအသိနှင့်မိတ်ဆက်ပေးသည်။သူဌေးရဲ့အသိပဲဆိုပီး ယုံမိခဲ့တဲ့ဂျေးဖေဖေအမှားကြီးမှားသွားတာကို ရှယ်ယာဈေးတွေထိုးကျပီး အတိုးနှုန်းတွေအဆမတန်တက်လာကာမှ သဘောပေါက်ဖြစ်ခဲ့သည်။

နောက်မှသိရတဲ့အကြောင်းတွေက အခုသူဌေးရဲ့စတော့လုပ်ငန်းကြီးကအယောင်ပြသာသာဖြစ်ပီး နောက်ကွယ်မှာမှောင်ခိုအဆမတန်ငွေကြေးတိုးချေးစားတာတွေလုပ်နေခြင်း။လူမိုက်အဖွဲ့ကို ရိုက်မွေးထားတဲ့ သူဌေးနဲ့ ငွေတိုးချေးစားတဲ့လုပ်ငန်းရဲ့အကြီးဆုံးခေါင်းကိုင် အီဒုံဟွီကို တရားမဝင်လိမ်လည်ပါတယ်ဆိုပီး တရားစွဲလို့မရခဲ့။အရင်ကုမ္ပဏီဒေဝါလီခံသွားရတဲ့ အကြောင်းပြချက်ကလဲ သူတို့ပယောဂကြောင့်ဖြစ်သည်။နောက်ပိုင်းမှာ စာချုပ်ဗန်းပြပီး ရမ်းကားလာတဲ့လူတွေက ဂျေးမေမေရဲ့ဆိုင်ခန်းလေးကိုပါ သိမ်းသွားတဲ့အထိ။

ကျရှုံးရင်အစကပြန်စကြမယ်လို့ ကြွေးကြော်ခဲ့တဲ့ဂျေးဖေဖေဟာလဲ လနဲ့ချီလာတဲ့အခါ ခံနိုင်ရည်မရှိတော့သည့်ဟန်။ဂျေးအလယ်တန်းဒုတိယနှစ်ဝက်လောက်မှာ ထိုကိစ္စတွေကြောင့်ပဲ စိတ်ကျရောဂါအလွန်အမင်းခံစားရပီ အရင်းခံနှလုံးရောဂါဖောက်ကာဆုံးသွားရသည်။ဖေဖေကမဆုံးခင် ဂျေးကိုတောင်းပန်ကြောင်း မျက်ရည်တွေကျကာတဖွဖွပြောခဲ့သည့်ပုံရိပ်က ဂျေးမြင်ကွင်းထဲကနေအခုထိဖျောက်ဖျက်လို့မရ။

ဂျေးဖေဖေဆုံးသွားပီးနောက်မှာ ဂျေးမေမေကလဲထိုစိတ်နဲ့ပဲအိပ်ယာထဲလဲသည်။ဂျေးတို့အိမ်ရဲ့ဆည်းလည်းလေးဖြစ်တဲ့ဂျေးကိုယ်တိုင်ကလဲ ဖိအားတွေခါးစည်းခံနေရတာမလို့ ရွှင်ရွှင်ပျပျမရှိရှာတော့။ဂျေးမေမေက ကိုယ့်အခြေအနေကိုယ်သိသည့်ဟန် နောက်ဆုံးပိတ်အရေးပေါ်စုဆောင်းထားရှာတဲ့ ငွေကြေးအနည်းငယ်ကိုဂျေးလက်ထဲအပ်ပီး အိမ်ကိုတော့အီဒုံဟွီ့ထံအပီးထိုးပေးလိုက်သည် တောင်းဆိုမှုတခုနဲ့အတူပေါ့။သူမ အိမ်ကိုအပေါင်မထားပဲအပီးပေးလိုက်တာက ဂျေးတက္ကသိုလ်မရောက်မချင်း ဂျေးအသက်ပြည့်လို့ဒီကိစ္စတွေကိုမကိုင်တွယ်နိုင်သေးမချင်း အီဒုံဟွီတို့ကဂျေးကိုလွှတ်ထားပေးဖို့ မနှောင့်ယှက်ဖို့။

ဂျေးအလယ်တန်းနောက်ဆုံးနှစ်မှာဂျေးမေမေက ဗုန်းဗုန်းကျနေတာတောင် တားနေတဲ့ကြားထဲကအချိန်ပိုင်းအလုပ်တွေအများကြီးလုပ်ပီး အကြွေးတွေရသလောက်ဆပ်သွားသေးသည်။မခံမရပ်နိုင်တော့တဲ့ထိရုန်းကန်ပီးနောက်မှာတော့ ပတ်အိမ်တော်ရဲ့အဖိုးတန်လေးပတ်ဂျေးကို တစ်ယောက်တည်းထားခဲ့ပီး ဂျေးဖေဖေနောက်လိုက်သွားလေတော့သည်။

မေမေချန်ခဲ့တဲ့ငွေပမာဏကဂျေးအခန်းငှားပီး အလယ်တန်းပီးဖို့ထိသုံးလောက်ခဲ့ရုံဖြစ်တာကြောင့် ပိတ်ရက်ကစပီး အထက်တန်းပီးတဲ့ထိဂျေးက ကိုယ့်ခြေကိုယ့်လက်နဲ့ကိုယ်တိုင်ကိုယ်ကျရုန်းကန်ခဲ့ရသည်လေ။မသုံးရက်မဖြုန်းရက် ခြစ်ကုတ်စုနေရတဲ့ပိုက်ဆံတွေကလဲ အီဒုံဟွီတို့အကျပ်ကိုင်ထားတဲ့ အကြွေးအပုံလိုက်အတွက်။

ဂျေးကအီဒုံဟွီဆိုတဲ့လူကိုသေအောင်မုန်းသည်။အဲ့လူကြောင့် သူ့မိဘတွေဒုက္ခရောက်ခဲ့ရပီး သူတို့ရဲ့သာယာလှတဲ့မိသားစုဘဝလေးပျက်သုန်းသွားခဲ့သည်။ထိုလူ့ကြောင့် ဂျေးဖေဖေနဲ့ဂျေးမေမေလောကကြီးထဲကအစောကြီးထွက်သွားရတာဖြစ်သည်။မေမေ့ကိုဆိုင်ခန်းထဲကဆွဲလားရမ်းလားတွန်းထုတ်ကြပီး မေမေတန်ဖိုးထားရတဲ့ဆိုင်ခန်းလေးကို သူတို့စိတ်တိုင်းကျသူတို့အပိုင်လုပ်သွားခဲ့သည်။ရင်ကွဲမတတ်ငိုယိုနေရှာတဲ့မေမေ့ပုံရိပ်ကိုဂျေးက အရိုးထဲစွဲတဲ့ထိမှတ်မိပါသည်။အီဒုံဟွီဆိုတဲ့လူကို အသေသတ်ပစ်ချင်ပေမဲ့အင်အားနည်းလွန်းသည့်ဂျေးက ဘာမှမစွမ်းဆောင်နိုင်ခဲ့ပါ။အမှိုက်လိုလူတွေကို သူတို့နဲ့ထိုက်တန်သည့်အပြစ်ဒဏ်ခံစားစေချင်ပါသည်။

ပုခုံးပေါ်အသာရောက်လာတဲ့ဆောင်ဟွန်းလက်နွေးနွေးတို့ကိုခံစားမိမှ ဂျေးကအတိတ်တွေဆီကနေလက်တွေ့ကိုပြန်ရောက်လာသည်။ဆောင်ဟွန်းကိုကြည့်မိတော့ မျက်ဝန်းတွေက ဝေခွဲရခက်နေသည့်ဟန်။သေချာတာကတော့ဆောင်ဟွန်းကဂျေးကို သနားနေခြင်းမဟုတ်ပါ။

ဂျေးကဆံပင်တွေကိုထိုးဖွပီး မျက်မှန်ကိုချွတ်လို့မျက်ဝန်းညိုညိုတွေကိုပါအကြမ်းပတမ်းပွတ်သပ်သည်။ဆောင်ဟွန်းကတော့ ဂျေးလက်ကိုဆွဲပီးတားရှာသည်။

"ဂျေး သူတို့ကိုဘယ်လောက်ပြန်ပေးရမှာလဲ"

"ဝမ်သိန်း၄၀၀"

"မင်းတို့အိမ်နဲ့ဆိုင်ထိပါ ယူသွားတာတောင်လေ"

"ငါပြောသားပဲ အဲ့ကောင်တွေကလူမဟုတ်ပါဘူးလို့ သူတို့လိုချင်တဲ့ပမာဏထိ တရားဝင်ဝင်မဝင်ဝင်ဒုန်းဆိုင်းတိုးပစ်ကြမှာ"

ဆောင်ဟွန်းက လေပူတွေတချက်မှုတ်ထုတ်လိုက်ပီး ခနတာစဉ်းစားဟန်ပြုသည်။

"ငါ့မှာ ဝမ်သိန်း၅၀နီးပါးပဲရှိတယ်"

မျက်ဝန်းညိုညိုတွေနဲ့ မမှိတ်မသုန်စိုက်ကြည့်ရင်းပြောတဲ့ဂျေးကိုမြင်ရတော့ ဆောင်ဟွန်းနှလုံးသားကမှောက်ထိုးမှောက်ခုန်လန်ကျသွားသလိုပဲ။ချစ်ရသူကနေပူမရှောင်မိုးရွာမရှောင် ကြိုးကြိုးစားစား ခြစ်ကုတ်စုထားရတဲ့ အချိန်ပိုင်းလစာလေးတွေကို ခွေးအမှိုက်လိုကောင်တွေလက်ထဲ တစ်ပဲတစ်ပြားတောင်ထည့်မပေးချင်ပါလေ။

"ဂျေး မင်းတစ်ယောက်တည်းမဟုတ်ဘူး။ငါရှိတယ် ငါတို့အတူတူဖြေရှင်းကြမယ်။ဟိုကောင်တွေမင်းကိုမတရားလုပ်ခွင့်ပြုမှာမဟုတ်ဘူး"

"ဆောင်ဟွန်း ဒီလိုတွေလုပ်နေတာကငါ့ကိုသနားလို့ဆိုရင်တော့ ငါလက်မခံ-"

ဆောင်ဟွန်းက ဂျေးရဲ့နှုတ်ခမ်းပါးတွေပေါ် လက်ညိုးလေးတင်ရင်း စကားစပြတ်စေတယ်။

"ဂျေး~ငါကမင်းကိုသနားဖို့ရှိနေတာမဟုတ်ဘူး။ငါကမင်းကိုချစ်ဖို့ရှိနေတာ"

နှလုံးသားတစ်ဝိုက်ဖြတ်ပြေးသွားတဲ့ လှိုင်းသေးသေးလေးနဲ့အတူ ဂျေးရဲ့စိတ်အစုံကချစ်ခြင်းမေတ္တာတွေကြောင့်နွေးခနဲဖြစ်သွားရတယ်။ဂျေးကမျက်စိမှိတ်ယုံချပစ်လိုက်ချင်ပါပီ ဘာတွေဘယ်လိုဖြစ်နေပါစေ ဆောင်ဟွန်းကသူ့အနားကနေစွန့်ခွာသွားမှာမဟုတ်ဘူးဆိုတာကိုပေါ့။

ကြည်နူးမှုတွေနဲ့အတူ ဂျေးကဆောင်ဟွန်းရင်ခွင်ထဲတိုးဝင်လို့ တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တယ်။ရင်ခွင်ကျယ်ကျယ်ကအိမ်တစ်လုံးဖြစ်လာလိမ့်မယ်လို့ဘယ်တုန်းကမှတွေးမထင်ထားခဲ့ပေမယ့် ရူးရူးမိုက်မိုက်ပဲ ဆောင်ဟွန်းရင်ခွင်ကဂျေးအိမ်လို့ ဂျေးကသတ်မှတ်ပစ်လိုက်တယ်။ဖြစ်နိုင်ရင် တစ်သက်လုံးသူကဒီအိမ်ကိုစွန့်ခွာမသွားချင်တော့ဘူး။ခေါင်းကိုလာအုပ်ကိုင်တဲ့လက်တစ်ဖက်နဲ့ ကျောပြင်ပေါ်ဖွဖွပုတ်ပေးလာတဲ့လက်တစ်ဖက်က သိပ်ကိုနွေးထွေးလွန်းကြောင်း တစ်နေ့နေ့တော့ဂျေးကကမ္ဘာကြီးကိုအော်ပြောပါအုန်းမယ်။

"ကျေးဇူးပဲနော် ဆောင်ဟွန်း"

"အင်း ဂျေး"

နွေးထွေးပါတယ်။ဆောင်ဟွန်းလက်ကိုရဲရဲဆွဲကိုင်လို့ ဂျေးကလောကဓံတွေအကုန်လုံးကို ရင်ဆိုင်ပစ်ချင်ပီ။

~~~

ပိတ်ရက်ရနေတာမလို့ ဂျေးရဲ့အလုပ်ချိန်တွေက အရင်လို ညမနက်တော့။မနက်ခင်းကနေ ညနေပိုင်းအထိအလုပ်လုပ်ဖြစ်ပီး ညနေပိုင်းနဲ့ညပိုင်းတွေဆိုရင်တော့ စာလုပ်တာဖြစ်ဖြစ် တခါတရံဆောင်ဟွန်းနဲ့အချိန်ဖြုန်းတာဖြစ်ဖြစ်လုပ်တတ်သည်။ဒီနေ့ကတော့ နီကိုးလ်နဲ့တွေ့ဖို့ချိန်းထားတာဖြစ်တာကြောင့် ဂျေးကအလုပ်ကစောစောထွက်လာဖို့စီစဉ်ထားလိုက်သည်။

"ဂျေး ညနေကျငါနဲ့နီကိုးလ်မင်းကိုလာကြိုလိုက်မယ်"

"အိုခေ ညနေ၃နာရီနော်"

ဆောင်ဟွန်းက လက်ကို အိုခေsignလုပ်ပြရင်း ဂျေးကိုကော်ဖီဆိုင်ရှေ့မှာ ချခဲ့လို့ပြန်ထွက်သွားသည်။ဂျေးကအလုပ်ချိန်ရှိပေမယ့် ဆောင်ဟွန်းကအလုပ်ချိန်မရှိတာမို့ မနက်ခင်းကတည်းကသူငယ်ချင်းနှစ်ယောက်အချိန်ဖြုန်းကြမည်လေ။

ဘာကိစ္စမှထွေထွေထူးထူးမရှိတဲ့ဂျေးက အလုပ်ကိုပဲအာရုံစိုက်နေလိုက်တာ ညနေ၃နာရီတောင်ထိုးလို့ထိုးသွားမှန်းမသိလိုက်။အချိန်ကျော်နေပီဖြစ်တာကြောင့် နောက်shiftကျတဲ့အချိန်ပိုင်းလေးကိုမြန်မြန်နှုတ်ဆက်ပီး မြန်မြန်ဆိုင်ရှေ့ထွက်လာသည်။ဆောင်ဟွန်းကြိုရောက်နှင့်နေပီး စောင့်နေလိမ့်မယ်လို့ ထင်ထားခဲ့သော်လည်း ဆောင်ဟွန်းကရောက်မနေသေး။နာရီကိုကြည့်မိတော့အချိန်က ၃နာရီခွဲ။လာကြိုမယ်ဆိုပီး နောက်ကျနေတဲ့ဆောင်ဟွန်းကိုဂျေးက သေးသေးလေးစိတ်ကောက်ချင်နေပီ။သူ့သူငယ်ချင်းရှိနေတာနဲ့ပဲ ဂျေးကိုလာကြိုဖို့ပါမေ့နေပီလားမသိဘူး။

အတွေးနဲ့အတူတစ်ယောက်တည်းစိတ်ကောက်နေတဲ့ဂျေးက မြည်လာတဲ့ဖုန်းသံကြောင့်လန့်သွားရတယ်။ခေါ်ဆိုသူကိုကြည့်တော့ နီကိုးလ်။ထင်ပါတယ် ဘာကြောင့်နောက်ကျနေတယ်ဆိုတဲ့အကြောင်းဆင်ခြင်တွေပေးလိမ့်အုန်းမယ်။

"ဟယ်လို"

"ဟယ်လိုဂျေး ငါတို့မင်းကိုလာကြိုဖို့နောက်ကျနေပီ နာရီမကြည့်မိလိုက်ဘူး ဆောရီး"

"သိသားပဲ မင်းတို့ဆင်ခြင်တွေပေးအုန်းမယ်ဆိုတာ ပြောအခုရော ဘာဖြစ်လို့လဲ"

"ဆောင်ဟွန်း ရဲစခန်းရောက်နေလို့"

"ဘာ!!!!"

ဘယ်ကနေဘယ်လိုရုတ်တရက်ကြီး ပတ်ဆောင်ဟွန်းတစ်ယောက်ရဲစခန်းရောက်သွားသလဲ ဂျေးမတွေးတတ်တော့ပါ။တစ်နေကုန် နီကိုးလ်နဲ့တူတူရှိနေတာကို ဘာပြဿနာတက်ပြန်တာလဲ။ဆောင်ဟွန်းရဲစခန်းရောက်တယ်ကြားတာနဲ့ ဂျေးကနီကိုးလ်နောက်ဆက်ပြောလာမဲ့စကားတွေတောင် စိတ်မဝင်စားတော့ပဲ လိပ်စာမေးလို့ ကားငှားပီးအမြန်လေးပြေးသွားတယ်။နီကိုးလ်တစ်ယောက်လုံးရှိနေတာသိပေမယ့် ဂျေးကစိတ်မချဘူး။

"နီကိုးလ် ဆောင်ဟွန်းဘယ်မှာလဲ"

ရဲစခန်းထဲရေးကြီးသုတ်ပျာပြေးဝင်လို့ ပြူးပြဲနေအောင်လိုက်ရှာပီးမေးတယ်။

"ဟိုမှာ"

နီကိုးလ်လက်ညိုးထိုးပြတဲ့နေရာကိုကြည့်လိုက်တော့ သံတိုင်တွေကြား ယာယီထိန်းသိမ်းခံထားရတဲ့ဆောင်ဟွန်း။ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာမရပေမယ့် လက်ဆစ်တွေ နီရဲနေတာကိုဂျေးအထင်းသားမြင်နေရတယ်။လက်နှစ်ဖက်ကိုပူးပီး ဆူပုတ်ဆောင့်အောင့်ကာထိုင်နေတဲ့ဆောင်ဟွန်းက အတော်လေးချစ်စရာကောင်းနေပေမယ့် ဂျေးကတော့ထုရိုက်ပစ်ချင်နေတယ်။

"ဘာဖြစ်တာတဲ့လဲ"

"မင်းကိုငါတို့ ၂နာရီကတည်းကလာစောင့်နေတာ။ဒီကောင်ကဗိုက်ဆာလို့ဆိုပီး ပီဇာသွားဝယ်ခိုင်းတာ။နီးနီးနားနားပီဇာဆိုင်ရှိတော့ ငါလဲဆင်းဝယ်တာကွာ။ပြန်ရောက်တော့ဒီ့ကောင့်ကိုမတွေ့တော့တာနဲ့ဖုန်းဆက်ကြည့်တော့ ရဲစခန်းရောက်နေတယ်တဲ့လေ။အဲ့တာနဲ့ငါလဲ မင်းကိုပြောဖို့တောင်မေ့ပီး အလောတကြီးပြေးလာလိုက်တာ။ငါရောက်ကတည်းက အဲ့တိုင်းထိုင်နေတာပဲ။ဘာထဖြစ်မှန်းကိုမသိပါဘူး"

နီကိုးလ်ကစိတ်ရှုပ်နေသည့်ဟန် ခေါင်းကိုတဗြင်းဗြင်းကုတ်လို့ဖြေတယ်။နီကိုးလ်အနေနဲ့စိတ်ရှုပ်မည်ဆိုလဲစိတ်ရှုပ်စရာပင်။တော်တော်ကြာကြာမှ ပြန်တွေ့ရသည်ကို သူငယ်ချင်းအကောင်းစားလေးရဲ့ အရှုပ်ထုတ်တွေအပုံလိုက် ရဲစခန်းထိလိုက်ရှင်းပေးနေရသည်လေ။

"ရဲတွေကရောဘာပြောလဲ"

"ခနလောက်စောင့်တဲ့။fileတင်ပီး ခံဝန်နဲ့လွှတ်ပေးလို့ရတယ်ပြောတာပဲ။တစ်ဖက်ကရန်ဖြစ်တဲ့လူကလဲ အမှုမဖွင့်ချင်ဘူးပြောတယ်။ဒီတိုင်းကျေအေးပေးလိုက်တယ်တဲ့"

"ဘယ်သူနဲ့ရန်ဖြစ်တာလဲ မင်းသိလား"

"မသိဘူး ငါရောက်ကတည်းကဆောင်ဟွန်းကိုပဲမြင်တယ်။ရောက်ရောက်ချင်းတုန်းကတော့ ဒေါသတွေထွက်နေသေးတာ။မင်းကိုလဲဖုန်းဆက်ခေါ်လိုက်ရော ငါ့ကိုထစိတ်ဆိုးပါလေရော။အဲ့တာနဲ့ပဲ အဲ့လိုစူပုတ်နေတဲ့ရုပ်ဖြစ်သွားတယ်"

ဂျေးကတော့ သက်ပြင်းသာချသည်။ထိုစဉ်တာဝန်ကျတဲ့လူရောက်လာပီး ဆောင်ဟွန်းကိုထုတ်ပေးကာ ခံဝန်ထိုးခိုင်းသည်။နောက်တခါဆိုရင်တော့ ပညာပေးသင်တန်းတွေဘာတွေပါတက်နိုင်ရသည့်အကြောင်း တဖွဖွမှာလျက်။

ကိစ္စတွေပီးသွားတော့ ဂျေးနဲ့နီကိုးလ်ကခပ်ဆိုးဆိုးခပ်ဂျစ်ဂျစ်ဆောင်ဟွန်းကို ကြောင်လေးတွေချီသလိုမျိုး ဂုတ်ကနေဆွဲမလို့ ကားပေါ်ခေါ်လာကြသည်။ကားပေါ်ရောက်တာနဲ့ ဂျေးကလက်ပိုက်လို့ဆောင်ဟွန်းကိုဆူတော့မည်ဟန်ပြင်နေပီး နီကိုးလ်ကတော့နောက်ခန်းထဲမှာ အေးနေပီဖြစ်တဲ့ပီဇာတွေထိုင်စားလေသည်။

"ဘယ်သူနဲ့ရန်ဖြစ်တာလဲ ဆောင်ဟွန်း"

"မင်းကိုစိတ်မပူစေချင်ပါဘူးဆိုနေ။တိုးတိုးတိတ်တိတ်ဖြေရှင်းလို့ရတဲ့ကိစ္စကို အလကားသက်သက် အလောတကြီးပြေးလာရအောင်လုပ်ပစ်တယ်"

ဆောင်ဟွန်းကပြောပြောဆိုဆို ပီဇာတွေဇွတ်စားနေတဲ့နောက်ခန်းထဲက နီကိုးလ်ဆီ မျက်စောင်းတချက်ပို့တယ်။

"ဆောင်ဟွန်းငါမေးတာဖြေပါ"

"အီဒုံဟွီ" စက္ကန့်ပိုင်းလောက်တွေဝေနေပီး ဆောင်ဟွန်းကဂျေးအမေးကိုဖြေလာသည်။

ဆောင်ဟွန်းအဖြေကြောင့် ဂျေးရဲ့ပိုက်ထားတဲ့လက်တို့ကလျော့ရဲသွားပီး မျက်ဝန်းတို့မှာစိုးရိမ်စိတ်တွေဖြတ်ပြေးသွားသည်။ဒါကိုမြင်တော့ အကြောင်းသိတဲ့ဆောင်ဟွန်းကဂျေးလက်တို့ကို ဖွဖွဆုပ်ကိုင်လာသည်။

နီကိုးလ်ပီဇာသွားဝယ်တုန်း ဆောင်ဟွန်းကကားပေါ်ထိုင်စောင့်နေပေမယ့် ခပ်လှမ်းလှမ်းကနေ လမ်းကြားထဲဝင်လာတဲ့လူကိုတွေ့တာကြောင့် စပ်စုကြည့်တော့ အီဒုံဟွီ။ထူးထူးဆန်းဆန်းတစ်ယောက်တည်းလာတဲ့ အီဒုံဟွီကိုမြင်ပီး ဆောင်ဟွန်းကကားပေါ်ကဆင်းလိုက်သည်။

"ဟေ့လူ ခင်ဗျားဂျေးဆီလာတာဆိုရင်တော့ လာရာလမ်းလှည့်ပြန်လိုက်တော့။ငါရှိနေသ၍ ဂျေးကိုလက်ဖျားနဲ့တောင်ထိလို့ရမှာမဟုတ်ဘူး"

"ဟက် မင်းလိုကောင်ကဘာလုပ်နိုင်မှာမလို့လဲ"

"ဘာလုပ်နိုင်လဲ ခင်ဗျားအသိပဲလေ။ခေါင်းပေါက်တာကရော သက်သာသွားပီလား"

ဆောင်ဟွန်းက လက်ကိုသေနတ်ပုံစံထောင်ပီး သူ့ခေါင်းသူနှစ်ချက် ထိုးကာမေးတော့ အီဒုံဟွီရဲ့မျက်နှာကသိသိသာသာကို ဒေါသကြောင့်မှောင်မဲသွားသည်။

"ခင်ဗျားကို အကြံပေးရရင်လေ ခင်ဗျားတို့လုပ်နေတဲ့အလုပ်တွေကိုရပ်လိုက်တာကောင်းမယ်နော်။မတော်တဆခင်ဗျားတို့လုပ်ရပ်တွေများ ရဲတွေဆီပေါက်ကြားသွားရင် ဘာဆက်ဖြစ်မယ်ထင်လဲ"

"ငါတို့ကိုချောက်ချချင်ရင် သက်သေအရင်ရှာလိုက်ပါအုန်း"

"အို့ ဒါကလွယ်ပါတယ် မခက်ခဲဘူး။ဘယ်လိုလဲ ဂျေးကိုဒီကိစ္စတွေထဲက ဖယ်ထုတ်လိုက်ရင် ခင်ဗျားတို့ကိုကျော်သွားပေးဖို့စဉ်းစားပေးမယ်လေ"

အီဒုံဟွီက တဟားဟားနှင့်အော်ရယ်သည်။

"ဒါတော့ဘယ်ဖြစ်မလဲ။ပတ်ဂျေးဆီကတော့ရစရာရှိတာရအောင်ယူရမှာပဲ။အကြွေးကျေအောင်ဆပ် ငွေသားနဲ့မဆပ်နိုင်ရင် ခန္ဓာကိုယ်နဲ့ဆပ်ပေါ့ ဟားဟား"

"တောက်ခ်!!ခွေးမသား!!!"

အဲ့လိုကနေ ဒေါသမထိန်းနိုင်တော့တဲ့ဆောင်ဟွန်းက အီဒုံဟွီကိုပြေးထိုးသည်။မျက်ခွက်ချည်းလှိမ့်ထိုးခံနေရတဲ့အီဒုံဟွီကပြန်ချဖို့နေနေသာသာ ရုန်းတောင်မရုန်းနိုင်ခဲ့။ဆောင်ဟွန်း ငါးချက်လောက်ဆင့်ထိုးအပီးမှာ တာဝန်ကျလှည့်လည်နေတဲ့ ရဲကားကမြင်သွားပီး ခုလိုရဲစခန်းထိရောက်လာခြင်း။အီဒုံဟွီဘက်ကအမှုမဖွင့်တာကလဲ ရဲတွေပါပါလာခဲ့ရင် သူတို့တရားမဝင်ငွေတိုးချေးစားတဲ့လုပ်ငန်းကြီးကိုပါ လာနွှယ်မှာစိုးသည့်အတွက်ဖြစ်နိုင်သည်။

"တခုခုဆို ရှေ့နောက်ကြည့်ပီးမှလုပ်ပါဆို ဆောင်ဟွန်းရာ"

"မင်းကိုလက်လွတ်စပယ်တွေပြောနေကြတာ ငါကဘယ်လိုလုပ်သည်းခံနိုင်မှာလဲ"

"အဲ့လိုဆိုရင်တောင် စိတ်လိုက်မာန်ပါမလုပ်သင့်ဘူးလေ။တကယ်လို့ရဲတွေရောက်မလာဘူးဆို မင်းကိုတားမဲ့သူဘယ်သူမှရှိမှာမဟုတ်ဘူး။အီဒုံဟွီသေသွားရင်ဘယ်လိုလုပ်မလဲ"

"သေပါစေ သေရင်တောင်သူ့လိုလူကထိုက်တန်တယ်"

"ဆောင်ဟွန်း ငါပြောနေတာအီဒုံဟွီသေမှာကိုစိုးရိမ်လို့ပြောနေတာမဟုတ်ဘူး။မင်းတခုခုဖြစ်သွားမှာကိုစိုးရိမ်လို့ပြောနေတာ နားလည်လား"

နောက်ပိုင်းမှာတိမ်ဝင်သွားတဲ့ဂျေးစကားကြောင့် ဆောင်ဟွန်းကစိတ်တို့ကိုလျော့ပီး ခေါင်းအသာငြိမ့်တယ်။

"တောင်းပန်ပါတယ် ငါစိတ်မထိန်းနိုင်လိုက်ဘူး"

"ဒီကိစ္စကြောင့် သူတို့တွေမင်းကိုပါငြှိုးကြတော့မှာအသေချာပဲ မင်းကတော့လုပ်လိုက်ရင်ဘယ်တော့မှရှေ့မကြည့်နောက်မကြည့်"

"ဒါနဲ့အီဒုံဟွီဆိုတာဘယ်သူလဲ"

ပလုပ်ပလောင်းနဲ့နီကိုးလ်က ဂျေးတို့စကားဝိုင်းကိုတစ်လျှောက်လုံးနားမလည်ခဲ့သည့်ဟန် မျက်လုံးပြူးကြီးတွေနဲ့ ခေါင်းကြီးရှေ့တိုးလာကာမေးသည်။

"ဒီလိုပဲရှိတယ် နောက်ကျဆောင်ဟွန်းကိုပြန်မေးလိုက်။ဒါနဲ့ မင်းမှာပရုတ်ဆီရှိလား"

"အင်း ရှိတယ်"

"ပေးစမ်းပါ"

နီိကိုးလ်ကအိတ်ထဲဆောင်သွားနေကြ ပရုတ်ဆီဘူးသေးသေးလေးထုတ်လို့ ဂျေးကိုပေးတယ်။

"ငါ့ဆီကပရုတ်ဆီတောင်းပီး ဘာလုပ်မလို့လဲ"

"ဆောင်ဟွန်းလက်ကိုလိမ်းပေးမလို့ အမှိုက်လိုကောင်ကိုထိုးလာရလို့ လက်တွေယောင်နေတယ်လေ"

ပြောပြောဆိုဆိုပဲ ဂျေးကဘူးအဖုံးကိုဖွင့်ပီး လက်ညိုးပေါ် ပရုတ်ဆီအနည်းငယ်လောင်းချလိုက်ကာဆောင်ဟွန်းရဲ့ လက်ဆစ်နီနီရဲရဲပေါ် တဖူးဖူးမှုတ်လို့လိမ်းပေးတယ်။

"ခနခနဆေးလိမ်းပေးနေရတာပဲ မင်းကိုယ်မင်းလဲဂရုစိုက်ပါအုန်း"

"မင်းရှိနေတာပဲ မင်းဂရုစိုက်ပေးပေါ့"

"တဆိတ်လောက် ငါဒီမှာရှိနေတယ်ဆိုတာလဲ သတိရကြပါအုန်းနော်"

နီကိုးလ်က ဝင်သတိပေးလိုက်ပေမယ့် ဂျေးနဲ့ဆောင်ဟွန်းကတော့ သူတို့ကမ္ဘာထဲမှာသူတို့ ကြည်နူးနေကြတာမလို့ နီကိုးလ်က လေလိုဆက်ဆံခံနေရတုန်းပါပဲ။အဲ့တာကြောင့်ပြောတာ ရွာပြန်ပီးအာလူးပဲစိုက်ချင်ပါတယ်လို့....။

ဂျေးကဆောင်ဟွန်းရဲ့ ဖြူလှတဲ့အသားအရည်ပေါ်က ဒဏ်ရာနီရဲရဲကိုတယုတယထိတွေ့တယ်။သူကိုယ်တိုင် ကြမ်းကြမ်းတမ်းတမ်းနေပီးခနတိုင်းဒဏ်ရာတွေရနေပေမယ့် မိုးရေထဲမှာလက်ဒဏ်ရာပေါက်ပြဲကိုဆေးမထည့်ပဲပတ်ပြေးနေခဲ့ပေမယ့် ဂျေးအနာတရ ရတာကိုမြင်ရင်တော့ ငိုတတ်တဲ့ဆောင်ဟွန်းကို သူကပဲမြတ်မြတ်နိုးနိုးနဲ့ စောင့်ကြပ်ပီးဂရုစိုက်ပေးရပါအုန်းမယ်။ကမ္ဘာအဆုံးထိတိုင်အောင်ပေါ့....။




Zawgyi

ကားစီယာတိုင္ကိုကိုင္ထားတဲ့ လက္ေတြကေသြးေၾကာစိမ္းစိမ္းေတြထင္းေနပီး အနည္းငယ္တုန္ခ်ိလ်က္။ေဘးခုံေပၚကေဂ်းကို အဆင္ေျပလားလွည့္ေမး
တာလဲ ဘယ္ႏွေခါက္မွန္းမသိေတာ့။အဆင္ေျပပါတယ္ေျဖေနေပမယ့္ ဒဏ္ရာကနက္တာမလို႔အခုထိေသြးေတြစီးက်ေနတာကို တခ်က္တခ်က္လွည့္ၾကည့္ေနတဲ့ေဆာင္ဟြန္းအျမင္။အိမ္ျမန္ျမန္ေရာက္ခ်င္ကာမွ သြားရတဲ့လမ္းကပိုၾကာေနသလို။သူေဂ်းကိုစိတ္ပူလွပီ။

ကားပါကင္ထိုးရတာလဲဒီေန႔မွပိုခက္ေနသလို ဓာတ္ေလွကားကလဲဒီေန႔မွပိုေႏွးေနတဲ့အတိုင္း။အခန္း passwordကုတ္ကိုအလ်င္အျမန္႐ိုက္ထည့္ပီး ဆိုဖာေတြဝယ္မထည့္ရေသးတဲ့ဧည့္ခန္းမွာေဂ်းကိုထိုင္ေစာင့္ေစသည္။ေဆးေသတၱာ ပတ္တီးနဲ႔ပစၥည္းအစုံအလင္ယူခ်လာပီး ေဆာင္ဟြန္းကေဂ်းေရွ႕တည့္တည့္မွာဝင္ထိုင္သည္။ေဆးေက်ာင္းသားမ်ားျဖစ္တာေၾကာင့္ဒဏ္ရာသန႔္ရွင္းပီး ပတ္တီးစည္းေပးတာေလာက္က ျပႆနာမဟုတ္ေပမယ့္ ေဆးထည့္ေပးရမဲ့လူကေဂ်းျဖစ္ေနေတာ့ ေဆာင္ဟြန္းလက္ေခ်ာင္းတို႔ကအနည္းငယ္တုန္လႈပ္ေနသည္။အၿမဲတမ္းသူကပဲေဂ်းေဆးထည့္ေပးတာခံလာရတဲ့လူ ေဂ်းကိုထိခိုက္ဒဏ္ရာမရေစခ်င္သလို ဘယ္ေတာ့မွလဲေဆးထည့္ေပးတာမ်ိဳး မလုပ္ေပးခ်င္ခဲ့။

လက္ဖ်ံ႐ိုးေပၚထိစီးက်ေနတဲ့ေသြးေတြကို ေရေႏြးဝတ္သန႔္သန႔္နဲ႔သုတ္ေပးလိုက္ပီး ဒဏ္ရာတစ္ဝိုက္ကိုပါခပ္ဖြဖြပြတ္ဆြဲလို႔ ေသြးမ်ားသန႔္ရွင္းသြားေအာင္သုတ္ေပးလိုက္သည္။စပ္ဖ်င္းဖ်င္းဒဏ္မခံစားရေအာင္ အရက္ျပန္မသုံးခ်င္ေပမယ့္ ဒဏ္ရာပိုးမဝင္ေအာင္သုံးကိုသုံးရမည္ကိုေဆာင္ဟြန္းသိသည္။ဂြမ္းေခ်ာင္းေလးေပၚမွာအရက္ျပန္စြတ္ပီး ဒဏ္ရာတစ္ဝိုက္ကို အသာတို႔ထိလို႔ ႏႈတ္ခမ္းပါးတို႔ကေနေလတဖူးဖူးမႈတ္ေပးသည္။

"နာရင္ငါ့ကိုေျပာ"

"အင္း"

ဒဏ္ရာကိုသန႔္ရွင္းေရးလုပ္ပီးေတာ့ ေဆာင္ဟြန္းကေဆးလိမ္းေပးသည္။ေဆးလိမ္းေပးေနတုန္းမွာလဲ တကယ့္ကိုႏုႏုယြယြေလး။အားေလးနည္းနည္းသုံးလိုက္တာနဲ႔ ေဂ်းနာက်င္သြားမွာကိုေၾကာက္သည့္ဟန္။ေဆာင္ဟြန္းက ေဂ်းရဲ႕ႏွစ္လက္မေလာက္ရွိတဲ့ျပတ္ရွဒဏ္ရာကိုေဆးလိမ္းေပးရင္း ျမင္ကြင္းေတြကေဝဝါးလာသည္။

"ေဆာင္ဟြန္း...."

တစ္ေလွ်ာက္လုံးေဂ်းေရွ႕မွာဝမ္းနည္းဟန္ေတာင္မျပခဲ့ဖူးတဲ့ေဆာင္ဟြန္းက အခုေတာ့ေဂ်းထိခိုက္ဒဏ္ရာကိုၾကည့္ရင္း မ်က္ရည္ေတြေဖာေဖာသီသီက်လာေလရဲ႕။မ်က္ရည္ေပါက္ေတြက ပါးျပင္ေပၚစီးက်သြားရင္း တေျဖးေျဖးႏွာရႈံ႕သံေတြပါထြက္လာသည္။ထိခိုက္သြားတာေဂ်းဆိုေပမဲ့ ဒဏ္ရာရသြားတာကေတာ့ေဆာင္ဟြန္းႏွလုံးသားေလးထင္ပါရဲ႕။

"ငိုေနတာလား"

"ငါ့ေၾကာင့္ ငါေစာေစာလာခဲ့ရင္မင္းဒဏ္ရာရမွာမဟုတ္ဘူး။ေဂ်း မင္းလက္ကေလးေတြကႏုႏုေလး အရမ္းနာတယ္မလား"

"ေဆာင္ဟြန္း ငါ့ကိုၾကည့္အုန္း"

ေဂ်းလက္ေဖာင္းေဖာင္းေလးကိုပဲသဲႀကီးမဲႀကီးစိုက္ၾကည့္ရင္း ေဆးထည့္ေပးေနတဲ့ေဆာင္ဟြန္းက ေျပာလဲေျပာ ငိုလဲငိုေနေပမယ့္ ေဂ်းေခါင္းေမာ့ခိုင္းတဲ့အခါမွာေတာ့ ေခါင္းတခါခါႏွင့္။

ေျပာမရေတာ့တဲ့ေဂ်းကပဲ က်န္တဲ့လက္တစ္ဖက္နဲ႔ေဆာင္ဟြန္းပါးေပၚကေနအုပ္မိုးကိုင္ရင္း ေခါင္းေမာ့ၾကည့္ေစတယ္။ေမာ့ၾကည့္လာလို႔ျမင္လိုက္ရတဲ့မ်က္ႏွာေလးက မ်က္ရည္အသီသီနဲ႔ႏွာသီးထိပ္ကေလးကနီရဲရဲ။တရႈံ႕ရႈံ႕ငိုေနဆဲမို႔ လႈပ္ခတ္ေနတဲ့ႏႈတ္ခမ္းပါးေတြရယ္ စီးက်ေနတဲ့မ်က္ရည္ေပါက္ႀကီးငယ္ေတြရယ္။ေဂ်း ေဆာင္ဟြန္းငိုတာကိုျမင္ဖူးတာဒါပထမဆုံး ဒါကလဲသူ႔ေၾကာင့္နဲ႔။

"မင္းေၾကာင့္မဟုတ္ပါဘူး မင္းေရာက္လာလို႔သာငါဒီေလာက္ပဲဒဏ္ရာရတာ မင္းကငါ့ကိုကယ္လိုက္တာပဲေလ မဟုတ္ဘူးလား"

"ဟင့္အင္း" ေဆာင္ဟြန္းကစကားနားမေထာင္တဲ့ကေလးဆိုးေလးလို ေခါင္းတခါခါႏွင့္ျပန္ျငင္းသည္။

"ဘယ္လိုလုပ္မလဲ မင္းကငါေျပာတာကိုလက္မခံရင္ဒဏ္ရာကပိုပိုနာလာတယ္"

ယုတၱိမတန္မွန္းသိေပမယ့္ ကေလးအငိုရပ္ဖို႔ေဂ်းတစ္ေယာက္ေတြးမိေတြးရာ အရွက္မရွိေျပာရေတာ့တယ္။

"ေဂ်း"

"ဟင္"

မ်က္ရည္တလဲ့လဲ့နဲ႔ေဆာင္ဟြန္းက ေဂ်းကိုေတြေတြေလးေငးၾကည့္တယ္။

"ငါကေလးမဟုတ္ေတာ့ဘူးေလ"

ေဆာင္ဟြန္းစကားေၾကာင့္ ေဂ်းမ်က္ႏွာမွာရွက္စိတ္ေတြမႊန္ထူကာရွိန္းခနဲ။အငိုတိတ္ေအာင္ေခ်ာ့လိုက္ေပမယ့္ ကေလးေခ်ာ့နည္းျဖစ္ေနတာကိုသိေပမယ့္ ဒီလိုႀကီးစိုက္ၾကည့္ပီးေဂ်းရွက္သြားေအာင္ ေျပာစရာေတာ့မလိုဘူးထင္တယ္ ပတ္ေဆာင္ဟြန္းရွီး....။

"ပတ္တီးသာျမန္ျမန္စည္းေပးေတာ့"

"အာ..အင္း"

ႏွာတရႈံ႕ရႈံ႕နဲ႔ပဲ ပတ္တီးလိပ္ကိုျဖည္လို႔ ဒဏ္ရာေပၚမနာေအာင္ဂ႐ုစိုက္ကာစည္းေပးေလတယ္။စနစ္တက်နဲ႔ သပ္သပ္ရပ္ရပ္စည္းေပးပီးေနာက္မွာ ေဆာင္ဟြန္းက ေဆးပစၥည္းေတြအကုန္လုံးကိုေဆးေသတၱာထဲထည့္သိမ္းလို႔ ေနရာတက်ျပန္ထားတယ္။ေဂ်းကပစၥည္းေတြသုံးပီးသူ႔ေနရာသူျပန္မထားပဲ ပစ္စလက္ခတ္ထားရင္ မႀကိဳက္တာမို႔။ပီးတာနဲ႔ ေရေအးေအးတခြက္ခပ္လာပီး ျပတင္းေပါက္နားကပ္လို႔အျပင္ဘက္ကိုေငးၾကည့္ေနတဲ့ ေဂ်းဖို႔ယူလာေပးတယ္။

"ေက်းဇူး"

ပီးတာနဲ႔ေဆာင္ဟြန္းက ေဂ်းေဘးနားမွာတိတ္တိတ္ေလးစကားတခြန္းမွ မဟလာပဲ ေဂ်းလက္ကပတ္တီးေဖြးေဖြးဒဏ္ရာကိုသာစိုက္ၾကည့္လို႔ၿငိမ္ၿငိမ္ေလးထိုင္တယ္။ႏွစ္ေယာက္စလုံးဘာစကားမွမေျပာျဖစ္ၾကတာ မိနစ္၂၀ေလာက္ၾကာသြားပီး ေဆာင္ဟြန္းကေဂ်းလက္ေတြကေနအၾကည့္မလႊဲႏိုင္ဆဲ။ေဂ်းက ေရေသာက္လို႔ကုန္သြားတဲ့ဖန္ခြက္ကို ေဘာင္ေပၚတင္တယ္။

"ေဆာင္ဟြန္း"

"အင္း"

"အဲ့လူေတြကေလ လူ႔အမႈိက္ေတြ"

စကားစလာတဲ့ေဂ်း။ေဆာင္ဟြန္းကေတာ့ဘာမွခြန္းတုံ႔မျပန္ျဖစ္ပဲ အသာေလးနားေထာင္ေနလိုက္တယ္။

"ေဆာင္ဟြန္း မင္းကိုမေျပာျပျဖစ္ေသးတဲ့ငါ့အေၾကာင္းေတြေျပာျပမယ္ နားေထာင္ခ်င္လား" ဆိုေတာ့ေဆာင္ဟြန္းကေခါင္းတၿငိမ့္ၿငိမ့္နဲ႔ အေျဖျပန္ျပဳသည္။ထိုအခါေဂ်းက သက္ျပင္းေလးေလးတခုခ်လို႔ သူ႔ဘဝရဲ႕ခက္ခဲခဲ့တဲ့အစိတ္အပိုင္းေတြဆီ ေဆာင္ဟြန္းကိုေျခခ်ခြင့္ျပဳလိုက္ေလသည္။

ေဂ်းအလယ္တန္းစတက္မဲ့အခ်ိန္မွာ ေဂ်းရယ္ ေဂ်းေဖေဖရယ္ ေဂ်းေမေမရယ္က နယ္ၿမိဳ႕ေသးေသးကေန ဆိုးလ္ကိုေျပာင္းလာၾကသည္။ေဂ်းေဖေဖက အလုပ္ကိုအပတ္တကုတ္ႀကိဳးစားတတ္တဲ့သူျဖစ္တာေၾကာင့္ ေဂ်းတို႔ဆိုးလ္ကိုေရာက္တဲ့အခ်ိန္မွာ တိုက္ခန္းေသးေသးေလးတစ္လုံး တႏိုင္တပိုင္ဝယ္ယူႏိုင္ခဲ့သည္။ထို႔အျပင္ ေဂ်းေမေမအတြက္ပါ ဆိုင္ခန္းေသးေသးေလးဝယ္ဖို႔လုံလုံေလာက္ေလာက္ရွိေသးသည္။ေဂ်းေဖေဖကစေတာ့ကုမၸဏီတခုမွာအလုပ္ဝင္ပီး ေဂ်းေမေမကေတာ့ အလွကုန္ဆိုင္ခန္းေလးဖြင့္သည္။

ေဂ်းေဖေဖနဲ႔ေမေမက တစ္ဦးတည္းေသာသားေလးျဖစ္တဲ့ေဂ်းကို တုန္ေနေအာင္ခ်စ္ပီး ေဂ်းကလဲမိသားစုရဲ႕အလိမၼာတုန္းေလး လာဘ္ေခၚေၾကာင္ေလးျဖစ္ခဲ့ေလသည္။ေဂ်းအလယ္တန္းပထမႏွစ္မွာ ေဂ်းေမေမရဲ႕ဆိုင္ခန္းအေသးေလးက အလြန္ေရာင္းရပီးေငြေရးေၾကးေရးနဲ႔ပတ္သတ္လို႔စိတ္ပူရတာမ်ိဳး တစိုးတစိမွမရွိခဲ့ရ။ညေနဘက္ေက်ာင္းဆင္းရင္ ေဂ်းကေမေမ့ဆိုင္ခန္းေလးဆီသြားကူတတ္ကာ သားအမိႏွစ္ေယာက္အိမ္ကိုတူတူျပန္လာတတ္ၾကသည္။ပူပူေႏြးေႏြးညစာျပင္ဆင္တာလဲေဂ်းကကူေပးတတ္ပီး ေဂ်းေဖေဖကုမၸဏီကျပန္လာတာနဲ႔ မိသားစုစုံစုံလင္လင္ညစာဝိုင္းဖြဲ႕စားတတ္ၾကသည္။ပတ္မိသားစုရဲ႕တိုက္ခန္းေသးေသးေလးထဲမွာ ညဘက္ဆိုရယ္သံလြင္လြင္ေတြပ်ံ႕လြင့္ေနတတ္တာေပါ့။

ဒီလိုေပ်ာ္စရာေကာင္းလွတဲ့ေဂ်းရဲ႕မိသားစုေလးစီ ၿဂိဳလ္ဆိုးဝင္တာက ေဂ်းအလယ္တန္းပထမႏွစ္အပီးေက်ာင္းပိတ္ရက္ေႏြရာသီမွာ။ေဂ်းေဖေဖအလုပ္လုပ္တဲ့ကုမၸဏီကေဒဝါလီခံသြားရပီး ေဂ်းေဖေဖရဲ႕အလုပ္ကေပ်ာက္ျခင္းမလွေပ်ာက္သြားရေတာ့သည္။ဒီထိကအဆင္ေျပေသးသည္။ျပႆနာကဘယ္ကစသလဲဆို ေဂ်းေဖေဖတို႔ကုမၸဏီကိုအသစ္ဝင္လာတဲ့ ပိုင္ရွင္က အရင္ဝန္ထမ္းေတြထဲက ၅ေယာက္ကိုေ႐ြးထုတ္ပီး ေငြေၾကးအနည္းငယ္မွ်ႏွင့္ရွယ္ယာဝင္ခြင့္ေပးလိုက္ျခင္း။ထို၅ေယာက္ထဲမွာ ေဂ်းေဖေဖလဲပါခဲ့သည္။

တစ္ဖက္ကၾကည့္လွ်င္ဒါကအလြန္ေကာင္းသည့္အရာ။အလြန႔္အလြန္ကိုေကာင္းသည့္အရာ။ေျပာရရင္ 5%ေလာက္ရွယ္ယာဝင္လိုက္ရင္ေတာင္ အေတာ္ေလးအက်ိဳးရွိမဲ့ကိစၥ။ေဂ်းေဖေဖကလဲေသြး႐ိုးသား႐ိုး အခြင့္အေရးေကာင္းတခုရတာပဲဟုထင္ပီး လက္ခံလိုက္သည္။ပမာဏဘက္ကၾကည့္လွ်င္ အနည္းငယ္လိုေနေသးတာမို႔ ေမေမ့ဆိုင္ခန္းကိုမေရာင္းပစ္ခ်င္တဲ့ေဂ်းေဖေဖ့ကို ကုမၸဏီပိုင္ရွင္အသစ္က ေငြတိုးေခ်းေငြလုပ္ငန္းတခုကအသိႏွင့္မိတ္ဆက္ေပးသည္။သူေဌးရဲ႕အသိပဲဆိုပီး ယုံမိခဲ့တဲ့ေဂ်းေဖေဖအမွားႀကီးမွားသြားတာကို ရွယ္ယာေဈးေတြထိုးက်ပီး အတိုးႏႈန္းေတြအဆမတန္တက္လာကာမွ သေဘာေပါက္ျဖစ္ခဲ့သည္။

ေနာက္မွသိရတဲ့အေၾကာင္းေတြက အခုသူေဌးရဲ႕စေတာ့လုပ္ငန္းႀကီးကအေယာင္ျပသာသာျဖစ္ပီး ေနာက္ကြယ္မွာေမွာင္ခိုအဆမတန္ေငြေၾကးတိုးေခ်းစားတာေတြလုပ္ေနျခင္း။လူမိုက္အဖြဲ႕ကို ႐ိုက္ေမြးထားတဲ့ သူေဌးနဲ႔ ေငြတိုးေခ်းစားတဲ့လုပ္ငန္းရဲ႕အႀကီးဆုံးေခါင္းကိုင္ အီဒုံဟြီကို တရားမဝင္လိမ္လည္ပါတယ္ဆိုပီး တရားစြဲလို႔မရခဲ့။အရင္ကုမၸဏီေဒဝါလီခံသြားရတဲ့ အေၾကာင္းျပခ်က္ကလဲ သူတို႔ပေယာဂေၾကာင့္ျဖစ္သည္။ေနာက္ပိုင္းမွာ စာခ်ဳပ္ဗန္းျပပီး ရမ္းကားလာတဲ့လူေတြက ေဂ်းေမေမရဲ႕ဆိုင္ခန္းေလးကိုပါ သိမ္းသြားတဲ့အထိ။

က်ရႈံးရင္အစကျပန္စၾကမယ္လို႔ ေႂကြးေၾကာ္ခဲ့တဲ့ေဂ်းေဖေဖဟာလဲ လနဲ႔ခ်ီလာတဲ့အခါ ခံႏိုင္ရည္မရွိေတာ့သည့္ဟန္။ေဂ်းအလယ္တန္းဒုတိယႏွစ္ဝက္ေလာက္မွာ ထိုကိစၥေတြေၾကာင့္ပဲ စိတ္က်ေရာဂါအလြန္အမင္းခံစားရပီ အရင္းခံႏွလုံးေရာဂါေဖာက္ကာဆုံးသြားရသည္။ေဖေဖကမဆုံးခင္ ေဂ်းကိုေတာင္းပန္ေၾကာင္း မ်က္ရည္ေတြက်ကာတဖြဖြေျပာခဲ့သည့္ပုံရိပ္က ေဂ်းျမင္ကြင္းထဲကေနအခုထိေဖ်ာက္ဖ်က္လို႔မရ။

ေဂ်းေဖေဖဆုံးသြားပီးေနာက္မွာ ေဂ်းေမေမကလဲထိုစိတ္နဲ႔ပဲအိပ္ယာထဲလဲသည္။ေဂ်းတို႔အိမ္ရဲ႕ဆည္းလည္းေလးျဖစ္တဲ့ေဂ်းကိုယ္တိုင္ကလဲ ဖိအားေတြခါးစည္းခံေနရတာမလို႔ ႐ႊင္႐ႊင္ပ်ပ်မရွိရွာေတာ့။ေဂ်းေမေမက ကိုယ့္အေျခအေနကိုယ္သိသည့္ဟန္ ေနာက္ဆုံးပိတ္အေရးေပၚစုေဆာင္းထားရွာတဲ့ ေငြေၾကးအနည္းငယ္ကိုေဂ်းလက္ထဲအပ္ပီး အိမ္ကိုေတာ့အီဒုံဟြီ႕ထံအပီးထိုးေပးလိုက္သည္ ေတာင္းဆိုမႈတခုနဲ႔အတူေပါ့။သူမ အိမ္ကိုအေပါင္မထားပဲအပီးေပးလိုက္တာက ေဂ်းတကၠသိုလ္မေရာက္မခ်င္း ေဂ်းအသက္ျပည့္လို႔ဒီကိစၥေတြကိုမကိုင္တြယ္ႏိုင္ေသးမခ်င္း အီဒုံဟြီတို႔ကေဂ်းကိုလႊတ္ထားေပးဖို႔ မေႏွာင့္ယွက္ဖို႔။

ေဂ်းအလယ္တန္းေနာက္ဆုံးႏွစ္မွာေဂ်းေမေမက ဗုန္းဗုန္းက်ေနတာေတာင္ တားေနတဲ့ၾကားထဲကအခ်ိန္ပိုင္းအလုပ္ေတြအမ်ားႀကီးလုပ္ပီး အေႂကြးေတြရသေလာက္ဆပ္သြားေသးသည္။မခံမရပ္ႏိုင္ေတာ့တဲ့ထိ႐ုန္းကန္ပီးေနာက္မွာေတာ့ ပတ္အိမ္ေတာ္ရဲ႕အဖိုးတန္ေလးပတ္ေဂ်းကို တစ္ေယာက္တည္းထားခဲ့ပီး ေဂ်းေဖေဖေနာက္လိုက္သြားေလေတာ့သည္။

ေမေမခ်န္ခဲ့တဲ့ေငြပမာဏကေဂ်းအခန္းငွားပီး အလယ္တန္းပီးဖို႔ထိသုံးေလာက္ခဲ့႐ုံျဖစ္တာေၾကာင့္ ပိတ္ရက္ကစပီး အထက္တန္းပီးတဲ့ထိေဂ်းက ကိုယ့္ေျခကိုယ့္လက္နဲ႔ကိုယ္တိုင္ကိုယ္က်႐ုန္းကန္ခဲ့ရသည္ေလ။မသုံးရက္မျဖဳန္းရက္ ျခစ္ကုတ္စုေနရတဲ့ပိုက္ဆံေတြကလဲ အီဒုံဟြီတို႔အက်ပ္ကိုင္ထားတဲ့ အေႂကြးအပုံလိုက္အတြက္။

ေဂ်းကအီဒုံဟြီဆိုတဲ့လူကိုေသေအာင္မုန္းသည္။အဲ့လူေၾကာင့္ သူ႔မိဘေတြဒုကၡေရာက္ခဲ့ရပီး သူတို႔ရဲ႕သာယာလွတဲ့မိသားစုဘဝေလးပ်က္သုန္းသြားခဲ့သည္။ထိုလူ႔ေၾကာင့္ ေဂ်းေဖေဖနဲ႔ေဂ်းေမေမေလာကႀကီးထဲကအေစာႀကီးထြက္သြားရတာျဖစ္သည္။ေမေမ့ကိုဆိုင္ခန္းထဲကဆြဲလားရမ္းလားတြန္းထုတ္ၾကပီး ေမေမတန္ဖိုးထားရတဲ့ဆိုင္ခန္းေလးကို သူတို႔စိတ္တိုင္းက်သူတို႔အပိုင္လုပ္သြားခဲ့သည္။ရင္ကြဲမတတ္ငိုယိုေနရွာတဲ့ေမေမ့ပုံရိပ္ကိုေဂ်းက အ႐ိုးထဲစြဲတဲ့ထိမွတ္မိပါသည္။အီဒုံဟြီဆိုတဲ့လူကို အေသသတ္ပစ္ခ်င္ေပမဲ့အင္အားနည္းလြန္းသည့္ေဂ်းက ဘာမွမစြမ္းေဆာင္ႏိုင္ခဲ့ပါ။အမႈိက္လိုလူေတြကို သူတို႔နဲ႔ထိုက္တန္သည့္အျပစ္ဒဏ္ခံစားေစခ်င္ပါသည္။

ပုခုံးေပၚအသာေရာက္လာတဲ့ေဆာင္ဟြန္းလက္ေႏြးေႏြးတို႔ကိုခံစားမိမွ ေဂ်းကအတိတ္ေတြဆီကေနလက္ေတြ႕ကိုျပန္ေရာက္လာသည္။ေဆာင္ဟြန္းကိုၾကည့္မိေတာ့ မ်က္ဝန္းေတြက ေဝခြဲရခက္ေနသည့္ဟန္။ေသခ်ာတာကေတာ့ေဆာင္ဟြန္းကေဂ်းကို သနားေနျခင္းမဟုတ္ပါ။

ေဂ်းကဆံပင္ေတြကိုထိုးဖြပီး မ်က္မွန္ကိုခြၽတ္လို႔မ်က္ဝန္းညိဳညိဳေတြကိုပါအၾကမ္းပတမ္းပြတ္သပ္သည္။ေဆာင္ဟြန္းကေတာ့ ေဂ်းလက္ကိုဆြဲပီးတားရွာသည္။

"ေဂ်း သူတို႔ကိုဘယ္ေလာက္ျပန္ေပးရမွာလဲ"

"ဝမ္သိန္း၄၀၀"

"မင္းတို႔အိမ္နဲ႔ဆိုင္ထိပါ ယူသြားတာေတာင္ေလ"

"ငါေျပာသားပဲ အဲ့ေကာင္ေတြကလူမဟုတ္ပါဘူးလို႔ သူတို႔လိုခ်င္တဲ့ပမာဏထိ တရားဝင္ဝင္မဝင္ဝင္ဒုန္းဆိုင္းတိုးပစ္ၾကမွာ"

ေဆာင္ဟြန္းက ေလပူေတြတခ်က္မႈတ္ထုတ္လိုက္ပီး ခနတာစဥ္းစားဟန္ျပဳသည္။

"ငါ့မွာ ဝမ္သိန္း၅၀နီးပါးပဲရွိတယ္"

မ်က္ဝန္းညိဳညိဳေတြနဲ႔ မမွိတ္မသုန္စိုက္ၾကည့္ရင္းေျပာတဲ့ေဂ်းကိုျမင္ရေတာ့ ေဆာင္ဟြန္းႏွလုံးသားကေမွာက္ထိုးေမွာက္ခုန္လန္က်သြားသလိုပဲ။ခ်စ္ရသူကေနပူမေရွာင္မိုး႐ြာမေရွာင္ ႀကိဳးႀကိဳးစားစား ျခစ္ကုတ္စုထားရတဲ့ အခ်ိန္ပိုင္းလစာေလးေတြကို ေခြးအမႈိက္လိုေကာင္ေတြလက္ထဲ တစ္ပဲတစ္ျပားေတာင္ထည့္မေပးခ်င္ပါေလ။

"ေဂ်း မင္းတစ္ေယာက္တည္းမဟုတ္ဘူး။ငါရွိတယ္ ငါတို႔အတူတူေျဖရွင္းၾကမယ္။ဟိုေကာင္ေတြမင္းကိုမတရားလုပ္ခြင့္ျပဳမွာမဟုတ္ဘူး"

"ေဆာင္ဟြန္း ဒီလိုေတြလုပ္ေနတာကငါ့ကိုသနားလို႔ဆိုရင္ေတာ့ ငါလက္မခံ-"

ေဆာင္ဟြန္းက ေဂ်းရဲ႕ႏႈတ္ခမ္းပါးေတြေပၚ လက္ညိဳးေလးတင္ရင္း စကားစျပတ္ေစတယ္။

"ေဂ်း~ငါကမင္းကိုသနားဖို႔ရွိေနတာမဟုတ္ဘူး။ငါကမင္းကိုခ်စ္ဖို႔ရွိေနတာ"

ႏွလုံးသားတစ္ဝိုက္ျဖတ္ေျပးသြားတဲ့ လႈိင္းေသးေသးေလးနဲ႔အတူ ေဂ်းရဲ႕စိတ္အစုံကခ်စ္ျခင္းေမတၱာေတြေၾကာင့္ေႏြးခနဲျဖစ္သြားရတယ္။ေဂ်းကမ်က္စိမွိတ္ယုံခ်ပစ္လိုက္ခ်င္ပါပီ ဘာေတြဘယ္လိုျဖစ္ေနပါေစ ေဆာင္ဟြန္းကသူ႔အနားကေနစြန႔္ခြာသြားမွာမဟုတ္ဘူးဆိုတာကိုေပါ့။

ၾကည္ႏူးမႈေတြနဲ႔အတူ ေဂ်းကေဆာင္ဟြန္းရင္ခြင္ထဲတိုးဝင္လို႔ တင္းတင္းၾကပ္ၾကပ္ဖက္ထားလိုက္တယ္။ရင္ခြင္က်ယ္က်ယ္ကအိမ္တစ္လုံးျဖစ္လာလိမ့္မယ္လို႔ဘယ္တုန္းကမွေတြးမထင္ထားခဲ့ေပမယ့္ ႐ူး႐ူးမိုက္မိုက္ပဲ ေဆာင္ဟြန္းရင္ခြင္ကေဂ်းအိမ္လို႔ ေဂ်းကသတ္မွတ္ပစ္လိုက္တယ္။ျဖစ္ႏိုင္ရင္ တစ္သက္လုံးသူကဒီအိမ္ကိုစြန႔္ခြာမသြားခ်င္ေတာ့ဘူး။ေခါင္းကိုလာအုပ္ကိုင္တဲ့လက္တစ္ဖက္နဲ႔ ေက်ာျပင္ေပၚဖြဖြပုတ္ေပးလာတဲ့လက္တစ္ဖက္က သိပ္ကိုေႏြးေထြးလြန္းေၾကာင္း တစ္ေန႔ေန႔ေတာ့ေဂ်းကကမာၻႀကီးကိုေအာ္ေျပာပါအုန္းမယ္။

"ေက်းဇူးပဲေနာ္ ေဆာင္ဟြန္း"

"အင္း ေဂ်း"

ေႏြးေထြးပါတယ္။ေဆာင္ဟြန္းလက္ကိုရဲရဲဆြဲကိုင္လို႔ ေဂ်းကေလာကဓံေတြအကုန္လုံးကို ရင္ဆိုင္ပစ္ခ်င္ပီ။

~~~

ပိတ္ရက္ရေနတာမလို႔ ေဂ်းရဲ႕အလုပ္ခ်ိန္ေတြက အရင္လို ညမနက္ေတာ့။မနက္ခင္းကေန ညေနပိုင္းအထိအလုပ္လုပ္ျဖစ္ပီး ညေနပိုင္းနဲ႔ညပိုင္းေတြဆိုရင္ေတာ့ စာလုပ္တာျဖစ္ျဖစ္ တခါတရံေဆာင္ဟြန္းနဲ႔အခ်ိန္ျဖဳန္းတာျဖစ္ျဖစ္လုပ္တတ္သည္။ဒီေန႔ကေတာ့ နီကိုးလ္နဲ႔ေတြ႕ဖို႔ခ်ိန္းထားတာျဖစ္တာေၾကာင့္ ေဂ်းကအလုပ္ကေစာေစာထြက္လာဖို႔စီစဥ္ထားလိုက္သည္။

"ေဂ်း ညေနက်ငါနဲ႔နီကိုးလ္မင္းကိုလာႀကိဳလိုက္မယ္"

"အိုေခ ညေန၃နာရီေနာ္"

ေဆာင္ဟြန္းက လက္ကို အိုေခsignလုပ္ျပရင္း ေဂ်းကိုေကာ္ဖီဆိုင္ေရွ႕မွာ ခ်ခဲ့လို႔ျပန္ထြက္သြားသည္။ေဂ်းကအလုပ္ခ်ိန္ရွိေပမယ့္ ေဆာင္ဟြန္းကအလုပ္ခ်ိန္မရွိတာမို႔ မနက္ခင္းကတည္းကသူငယ္ခ်င္းႏွစ္ေယာက္အခ်ိန္ျဖဳန္းၾကမည္ေလ။

ဘာကိစၥမွေထြေထြထူးထူးမရွိတဲ့ေဂ်းက အလုပ္ကိုပဲအာ႐ုံစိုက္ေနလိုက္တာ ညေန၃နာရီေတာင္ထိုးလို႔ထိုးသြားမွန္းမသိလိုက္။အခ်ိန္ေက်ာ္ေနပီျဖစ္တာေၾကာင့္ ေနာက္shiftက်တဲ့အခ်ိန္ပိုင္းေလးကိုျမန္ျမန္ႏႈတ္ဆက္ပီး ျမန္ျမန္ဆိုင္ေရွ႕ထြက္လာသည္။ေဆာင္ဟြန္းႀကိဳေရာက္ႏွင့္ေနပီး ေစာင့္ေနလိမ့္မယ္လို႔ ထင္ထားခဲ့ေသာ္လည္း ေဆာင္ဟြန္းကေရာက္မေနေသး။နာရီကိုၾကည့္မိေတာ့အခ်ိန္က ၃နာရီခြဲ။လာႀကိဳမယ္ဆိုပီး ေနာက္က်ေနတဲ့ေဆာင္ဟြန္းကိုေဂ်းက ေသးေသးေလးစိတ္ေကာက္ခ်င္ေနပီ။သူ႔သူငယ္ခ်င္းရွိေနတာနဲ႔ပဲ ေဂ်းကိုလာႀကိဳဖို႔ပါေမ့ေနပီလားမသိဘူး။

အေတြးနဲ႔အတူတစ္ေယာက္တည္းစိတ္ေကာက္ေနတဲ့ေဂ်းက ျမည္လာတဲ့ဖုန္းသံေၾကာင့္လန႔္သြားရတယ္။ေခၚဆိုသူကိုၾကည့္ေတာ့ နီကိုးလ္။ထင္ပါတယ္ ဘာေၾကာင့္ေနာက္က်ေနတယ္ဆိုတဲ့အေၾကာင္းဆင္ျခင္ေတြေပးလိမ့္အုန္းမယ္။

"ဟယ္လို"

"ဟယ္လိုေဂ်း ငါတို႔မင္းကိုလာႀကိဳဖို႔ေနာက္က်ေနပီ နာရီမၾကည့္မိလိုက္ဘူး ေဆာရီး"

"သိသားပဲ မင္းတို႔ဆင္ျခင္ေတြေပးအုန္းမယ္ဆိုတာ ေျပာအခုေရာ ဘာျဖစ္လို႔လဲ"

"ေဆာင္ဟြန္း ရဲစခန္းေရာက္ေနလို႔"

"ဘာ!!!!"

ဘယ္ကေနဘယ္လို႐ုတ္တရက္ႀကီး ပတ္ေဆာင္ဟြန္းတစ္ေယာက္ရဲစခန္းေရာက္သြားသလဲ ေဂ်းမေတြးတတ္ေတာ့ပါ။တစ္ေနကုန္ နီကိုးလ္နဲ႔တူတူရွိေနတာကို ဘာျပႆနာတက္ျပန္တာလဲ။ေဆာင္ဟြန္းရဲစခန္းေရာက္တယ္ၾကားတာနဲ႔ ေဂ်းကနီကိုးလ္ေနာက္ဆက္ေျပာလာမဲ့စကားေတြေတာင္ စိတ္မဝင္စားေတာ့ပဲ လိပ္စာေမးလို႔ ကားငွားပီးအျမန္ေလးေျပးသြားတယ္။နီကိုးလ္တစ္ေယာက္လုံးရွိေနတာသိေပမယ့္ ေဂ်းကစိတ္မခ်ဘူး။

"နီကိုးလ္ ေဆာင္ဟြန္းဘယ္မွာလဲ"

ရဲစခန္းထဲေရးႀကီးသုတ္ပ်ာေျပးဝင္လို႔ ျပဴးၿပဲေနေအာင္လိုက္ရွာပီးေမးတယ္။

"ဟိုမွာ"

နီကိုးလ္လက္ညိဳးထိုးျပတဲ့ေနရာကိုၾကည့္လိုက္ေတာ့ သံတိုင္ေတြၾကား ယာယီထိန္းသိမ္းခံထားရတဲ့ေဆာင္ဟြန္း။ျပင္းျပင္းထန္ထန္ထိခိုက္ဒဏ္ရာမရေပမယ့္ လက္ဆစ္ေတြ နီရဲေနတာကိုေဂ်းအထင္းသားျမင္ေနရတယ္။လက္ႏွစ္ဖက္ကိုပူးပီး ဆူပုတ္ေဆာင့္ေအာင့္ကာထိုင္ေနတဲ့ေဆာင္ဟြန္းက အေတာ္ေလးခ်စ္စရာေကာင္းေနေပမယ့္ ေဂ်းကေတာ့ထု႐ိုက္ပစ္ခ်င္ေနတယ္။

"ဘာျဖစ္တာတဲ့လဲ"

"မင္းကိုငါတို႔ ၂နာရီကတည္းကလာေစာင့္ေနတာ။ဒီေကာင္ကဗိုက္ဆာလို႔ဆိုပီး ပီဇာသြားဝယ္ခိုင္းတာ။နီးနီးနားနားပီဇာဆိုင္ရွိေတာ့ ငါလဲဆင္းဝယ္တာကြာ။ျပန္ေရာက္ေတာ့ဒီ့ေကာင့္ကိုမေတြ႕ေတာ့တာနဲ႔ဖုန္းဆက္ၾကည့္ေတာ့ ရဲစခန္းေရာက္ေနတယ္တဲ့ေလ။အဲ့တာနဲ႔ငါလဲ မင္းကိုေျပာဖို႔ေတာင္ေမ့ပီး အေလာတႀကီးေျပးလာလိုက္တာ။ငါေရာက္ကတည္းက အဲ့တိုင္းထိုင္ေနတာပဲ။ဘာထျဖစ္မွန္းကိုမသိပါဘူး"

နီကိုးလ္ကစိတ္ရႈပ္ေနသည့္ဟန္ ေခါင္းကိုတျဗင္းျဗင္းကုတ္လို႔ေျဖတယ္။နီကိုးလ္အေနနဲ႔စိတ္ရႈပ္မည္ဆိုလဲစိတ္ရႈပ္စရာပင္။ေတာ္ေတာ္ၾကာၾကာမွ ျပန္ေတြ႕ရသည္ကို သူငယ္ခ်င္းအေကာင္းစားေလးရဲ႕ အရႈပ္ထုတ္ေတြအပုံလိုက္ ရဲစခန္းထိလိုက္ရွင္းေပးေနရသည္ေလ။

"ရဲေတြကေရာဘာေျပာလဲ"

"ခနေလာက္ေစာင့္တဲ့။fileတင္ပီး ခံဝန္နဲ႔လႊတ္ေပးလို႔ရတယ္ေျပာတာပဲ။တစ္ဖက္ကရန္ျဖစ္တဲ့လူကလဲ အမႈမဖြင့္ခ်င္ဘူးေျပာတယ္။ဒီတိုင္းေက်ေအးေပးလိုက္တယ္တဲ့"

"ဘယ္သူနဲ႔ရန္ျဖစ္တာလဲ မင္းသိလား"

"မသိဘူး ငါေရာက္ကတည္းကေဆာင္ဟြန္းကိုပဲျမင္တယ္။ေရာက္ေရာက္ခ်င္းတုန္းကေတာ့ ေဒါသေတြထြက္ေနေသးတာ။မင္းကိုလဲဖုန္းဆက္ေခၚလိုက္ေရာ ငါ့ကိုထစိတ္ဆိုးပါေလေရာ။အဲ့တာနဲ႔ပဲ အဲ့လိုစူပုတ္ေနတဲ့႐ုပ္ျဖစ္သြားတယ္"

ေဂ်းကေတာ့ သက္ျပင္းသာခ်သည္။ထိုစဥ္တာဝန္က်တဲ့လူေရာက္လာပီး ေဆာင္ဟြန္းကိုထုတ္ေပးကာ ခံဝန္ထိုးခိုင္းသည္။ေနာက္တခါဆိုရင္ေတာ့ ပညာေပးသင္တန္းေတြဘာေတြပါတက္ႏိုင္ရသည့္အေၾကာင္း တဖြဖြမွာလ်က္။

ကိစၥေတြပီးသြားေတာ့ ေဂ်းနဲ႔နီကိုးလ္ကခပ္ဆိုးဆိုးခပ္ဂ်စ္ဂ်စ္ေဆာင္ဟြန္းကို ေၾကာင္ေလးေတြခ်ီသလိုမ်ိဳး ဂုတ္ကေနဆြဲမလို႔ ကားေပၚေခၚလာၾကသည္။ကားေပၚေရာက္တာနဲ႔ ေဂ်းကလက္ပိုက္လို႔ေဆာင္ဟြန္းကိုဆူေတာ့မည္ဟန္ျပင္ေနပီး နီကိုးလ္ကေတာ့ေနာက္ခန္းထဲမွာ ေအးေနပီျဖစ္တဲ့ပီဇာေတြထိုင္စားေလသည္။

"ဘယ္သူနဲ႔ရန္ျဖစ္တာလဲ ေဆာင္ဟြန္း"

"မင္းကိုစိတ္မပူေစခ်င္ပါဘူးဆိုေန။တိုးတိုးတိတ္တိတ္ေျဖရွင္းလို႔ရတဲ့ကိစၥကို အလကားသက္သက္ အေလာတႀကီးေျပးလာရေအာင္လုပ္ပစ္တယ္"

ေဆာင္ဟြန္းကေျပာေျပာဆိုဆို ပီဇာေတြဇြတ္စားေနတဲ့ေနာက္ခန္းထဲက နီကိုးလ္ဆီ မ်က္ေစာင္းတခ်က္ပို႔တယ္။

"ေဆာင္ဟြန္းငါေမးတာေျဖပါ"

"အီဒုံဟြီ" စကၠန႔္ပိုင္းေလာက္ေတြေဝေနပီး ေဆာင္ဟြန္းကေဂ်းအေမးကိုေျဖလာသည္။

ေဆာင္ဟြန္းအေျဖေၾကာင့္ ေဂ်းရဲ႕ပိုက္ထားတဲ့လက္တို႔ကေလ်ာ့ရဲသြားပီး မ်က္ဝန္းတို႔မွာစိုးရိမ္စိတ္ေတြျဖတ္ေျပးသြားသည္။ဒါကိုျမင္ေတာ့ အေၾကာင္းသိတဲ့ေဆာင္ဟြန္းကေဂ်းလက္တို႔ကို ဖြဖြဆုပ္ကိုင္လာသည္။

နီကိုးလ္ပီဇာသြားဝယ္တုန္း ေဆာင္ဟြန္းကကားေပၚထိုင္ေစာင့္ေနေပမယ့္ ခပ္လွမ္းလွမ္းကေန လမ္းၾကားထဲဝင္လာတဲ့လူကိုေတြ႕တာေၾကာင့္ စပ္စုၾကည့္ေတာ့ အီဒုံဟြီ။ထူးထူးဆန္းဆန္းတစ္ေယာက္တည္းလာတဲ့ အီဒုံဟြီကိုျမင္ပီး ေဆာင္ဟြန္းကကားေပၚကဆင္းလိုက္သည္။

"ေဟ့လူ ခင္ဗ်ားေဂ်းဆီလာတာဆိုရင္ေတာ့ လာရာလမ္းလွည့္ျပန္လိုက္ေတာ့။ငါရွိေနသ၍ ေဂ်းကိုလက္ဖ်ားနဲ႔ေတာင္ထိလို႔ရမွာမဟုတ္ဘူး"

"ဟက္ မင္းလိုေကာင္ကဘာလုပ္ႏိုင္မွာမလို႔လဲ"

"ဘာလုပ္ႏိုင္လဲ ခင္ဗ်ားအသိပဲေလ။ေခါင္းေပါက္တာကေရာ သက္သာသြားပီလား"

ေဆာင္ဟြန္းက လက္ကိုေသနတ္ပုံစံေထာင္ပီး သူ႔ေခါင္းသူႏွစ္ခ်က္ ထိုးကာေမးေတာ့ အီဒုံဟြီရဲ႕မ်က္ႏွာကသိသိသာသာကို ေဒါသေၾကာင့္ေမွာင္မဲသြားသည္။

"ခင္ဗ်ားကို အႀကံေပးရရင္ေလ ခင္ဗ်ားတို႔လုပ္ေနတဲ့အလုပ္ေတြကိုရပ္လိုက္တာေကာင္းမယ္ေနာ္။မေတာ္တဆခင္ဗ်ားတို႔လုပ္ရပ္ေတြမ်ား ရဲေတြဆီေပါက္ၾကားသြားရင္ ဘာဆက္ျဖစ္မယ္ထင္လဲ"

"ငါတို႔ကိုေခ်ာက္ခ်ခ်င္ရင္ သက္ေသအရင္ရွာလိုက္ပါအုန္း"

"အို႔ ဒါကလြယ္ပါတယ္ မခက္ခဲဘူး။ဘယ္လိုလဲ ေဂ်းကိုဒီကိစၥေတြထဲက ဖယ္ထုတ္လိုက္ရင္ ခင္ဗ်ားတို႔ကိုေက်ာ္သြားေပးဖို႔စဥ္းစားေပးမယ္ေလ"

အီဒုံဟြီက တဟားဟားႏွင့္ေအာ္ရယ္သည္။

"ဒါေတာ့ဘယ္ျဖစ္မလဲ။ပတ္ေဂ်းဆီကေတာ့ရစရာရွိတာရေအာင္ယူရမွာပဲ။အေႂကြးေက်ေအာင္ဆပ္ ေငြသားနဲ႔မဆပ္ႏိုင္ရင္ ခႏၶာကိုယ္နဲ႔ဆပ္ေပါ့ ဟားဟား"

"ေတာက္ခ္!!ေခြးမသား!!!"

အဲ့လိုကေန ေဒါသမထိန္းႏိုင္ေတာ့တဲ့ေဆာင္ဟြန္းက အီဒုံဟြီကိုေျပးထိုးသည္။မ်က္ခြက္ခ်ည္းလွိမ့္ထိုးခံေနရတဲ့အီဒုံဟြီကျပန္ခ်ဖို႔ေနေနသာသာ ႐ုန္းေတာင္မ႐ုန္းႏိုင္ခဲ့။ေဆာင္ဟြန္း ငါးခ်က္ေလာက္ဆင့္ထိုးအပီးမွာ တာဝန္က်လွည့္လည္ေနတဲ့ ရဲကားကျမင္သြားပီး ခုလိုရဲစခန္းထိေရာက္လာျခင္း။အီဒုံဟြီဘက္ကအမႈမဖြင့္တာကလဲ ရဲေတြပါပါလာခဲ့ရင္ သူတို႔တရားမဝင္ေငြတိုးေခ်းစားတဲ့လုပ္ငန္းႀကီးကိုပါ လာႏႊယ္မွာစိုးသည့္အတြက္ျဖစ္ႏိုင္သည္။

"တခုခုဆို ေရွ႕ေနာက္ၾကည့္ပီးမွလုပ္ပါဆို ေဆာင္ဟြန္းရာ"

"မင္းကိုလက္လြတ္စပယ္ေတြေျပာေနၾကတာ ငါကဘယ္လိုလုပ္သည္းခံႏိုင္မွာလဲ"

"အဲ့လိုဆိုရင္ေတာင္ စိတ္လိုက္မာန္ပါမလုပ္သင့္ဘူးေလ။တကယ္လို႔ရဲေတြေရာက္မလာဘူးဆို မင္းကိုတားမဲ့သူဘယ္သူမွရွိမွာမဟုတ္ဘူး။အီဒုံဟြီေသသြားရင္ဘယ္လိုလုပ္မလဲ"

"ေသပါေစ ေသရင္ေတာင္သူ႔လိုလူကထိုက္တန္တယ္"

"ေဆာင္ဟြန္း ငါေျပာေနတာအီဒုံဟြီေသမွာကိုစိုးရိမ္လို႔ေျပာေနတာမဟုတ္ဘူး။မင္းတခုခုျဖစ္သြားမွာကိုစိုးရိမ္လို႔ေျပာေနတာ နားလည္လား"

ေနာက္ပိုင္းမွာတိမ္ဝင္သြားတဲ့ေဂ်းစကားေၾကာင့္ ေဆာင္ဟြန္းကစိတ္တို႔ကိုေလ်ာ့ပီး ေခါင္းအသာၿငိမ့္တယ္။

"ေတာင္းပန္ပါတယ္ ငါစိတ္မထိန္းႏိုင္လိုက္ဘူး"

"ဒီကိစၥေၾကာင့္ သူတို႔ေတြမင္းကိုပါျငႇိဳးၾကေတာ့မွာအေသခ်ာပဲ မင္းကေတာ့လုပ္လိုက္ရင္ဘယ္ေတာ့မွေရွ႕မၾကည့္ေနာက္မၾကည့္"

"ဒါနဲ႔အီဒုံဟြီဆိုတာဘယ္သူလဲ"

ပလုပ္ပေလာင္းနဲ႔နီကိုးလ္က ေဂ်းတို႔စကားဝိုင္းကိုတစ္ေလွ်ာက္လုံးနားမလည္ခဲ့သည့္ဟန္ မ်က္လုံးျပဴးႀကီးေတြနဲ႔ ေခါင္းႀကီးေရွ႕တိုးလာကာေမးသည္။

"ဒီလိုပဲရွိတယ္ ေနာက္က်ေဆာင္ဟြန္းကိုျပန္ေမးလိုက္။ဒါနဲ႔ မင္းမွာပ႐ုတ္ဆီရွိလား"

"အင္း ရွိတယ္"

"ေပးစမ္းပါ"

နီိကိုးလ္ကအိတ္ထဲေဆာင္သြားေနၾက ပ႐ုတ္ဆီဘူးေသးေသးေလးထုတ္လို႔ ေဂ်းကိုေပးတယ္။

"ငါ့ဆီကပ႐ုတ္ဆီေတာင္းပီး ဘာလုပ္မလို႔လဲ"

"ေဆာင္ဟြန္းလက္ကိုလိမ္းေပးမလို႔ အမႈိက္လိုေကာင္ကိုထိုးလာရလို႔ လက္ေတြေယာင္ေနတယ္ေလ"

ေျပာေျပာဆိုဆိုပဲ ေဂ်းကဘူးအဖုံးကိုဖြင့္ပီး လက္ညိဳးေပၚ ပ႐ုတ္ဆီအနည္းငယ္ေလာင္းခ်လိုက္ကာေဆာင္ဟြန္းရဲ႕ လက္ဆစ္နီနီရဲရဲေပၚ တဖူးဖူးမႈတ္လို႔လိမ္းေပးတယ္။

"ခနခနေဆးလိမ္းေပးေနရတာပဲ မင္းကိုယ္မင္းလဲဂ႐ုစိုက္ပါအုန္း"

"မင္းရွိေနတာပဲ မင္းဂ႐ုစိုက္ေပးေပါ့"

"တဆိတ္ေလာက္ ငါဒီမွာရွိေနတယ္ဆိုတာလဲ သတိရၾကပါအုန္းေနာ္"

နီကိုးလ္က ဝင္သတိေပးလိုက္ေပမယ့္ ေဂ်းနဲ႔ေဆာင္ဟြန္းကေတာ့ သူတို႔ကမာၻထဲမွာသူတို႔ ၾကည္ႏူးေနၾကတာမလို႔ နီကိုးလ္က ေလလိုဆက္ဆံခံေနရတုန္းပါပဲ။အဲ့တာေၾကာင့္ေျပာတာ ႐ြာျပန္ပီးအာလူးပဲစိုက္ခ်င္ပါတယ္လို႔....။

ေဂ်းကေဆာင္ဟြန္းရဲ႕ ျဖဴလွတဲ့အသားအရည္ေပၚက ဒဏ္ရာနီရဲရဲကိုတယုတယထိေတြ႕တယ္။သူကိုယ္တိုင္ ၾကမ္းၾကမ္းတမ္းတမ္းေနပီးခနတိုင္းဒဏ္ရာေတြရေနေပမယ့္ မိုးေရထဲမွာလက္ဒဏ္ရာေပါက္ၿပဲကိုေဆးမထည့္ပဲပတ္ေျပးေနခဲ့ေပမယ့္ ေဂ်းအနာတရ ရတာကိုျမင္ရင္ေတာ့ ငိုတတ္တဲ့ေဆာင္ဟြန္းကို သူကပဲျမတ္ျမတ္ႏိုးႏိုးနဲ႔ ေစာင့္ၾကပ္ပီးဂ႐ုစိုက္ေပးရပါအုန္းမယ္။ကမာၻအဆုံးထိတိုင္ေအာင္ေပါ့....။

Seguir leyendo

Tambiรฉn te gustarรกn

1.1M 59.8K 38
Millie Ripley has only ever known one player next door. Luke Dawson. But with only a couple months left before he graduates and a blackmailer on th...
717 50 8
First fiction แ€œแ€ฑแ€ธแ€™แ€ญแ€ฏแ€ทแ€œแ€ญแ€ฏแ€ทแ€กแ€™แ€พแ€ฌแ€ธแ€•แ€ซแ€แ€ฌแ€›แ€พแ€ญแ€›แ€„แ€บแ€™แ€ฎแ€šแ€ฌแ€ธแ€”แ€ฒ๐Ÿ™‡
942K 83.4K 38
๐™๐™ช๐™ฃ๐™š ๐™ ๐™ฎ๐™– ๐™ ๐™–๐™ง ๐™™๐™–๐™ก๐™– , ๐™ˆ๐™–๐™ง ๐™œ๐™–๐™ฎ๐™ž ๐™ข๐™–๐™ž ๐™ข๐™ž๐™ฉ ๐™œ๐™–๐™ฎ๐™ž ๐™ข๐™–๐™ž ๐™ƒ๐™ค ๐™œ๐™–๐™ฎ๐™ž ๐™ข๐™–๐™ž...... โ™ก ๐™๐™€๐™๐™„ ๐˜ฟ๐™€๐™€๐™’๐˜ผ๐™‰๐™„ โ™ก Shashwat Rajva...
10.1K 945 11
๐—‰๐–บ๐—‹๐—„ ๐—ƒ๐—ˆ๐—‡๐—€๐—Œ๐–พ๐—ˆ๐—‡๐—€+๐—‰๐–บ๐—‹๐—„ ๐—Œ๐—Ž๐—‡๐—€๐—๐—ˆ๐—ˆ๐—‡ ๐–ถ๐—‹๐—‚๐—๐—๐–พ๐—‡ ๐—‚๐—‡ ๐–ป๐—Ž๐—‹๐—†๐–พ๐—Œ๐–พ