ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

由 Melinoe_Megami

1.6M 290K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... 更多

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
189 Extra
190 Extra
191 Extra
192 Extra End

188 Extra

2.5K 468 4
由 Melinoe_Megami

Unicode

မှန်မျက်နှာပြင်ပေါ်မှာ သွားတန်းဖြူဖြူ၊ နှုတ်ခမ်းရဲရဲလေးနဲ့ ကြီးကျယ်ခမ်းနားတဲ့ ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားတဲ့ လူငယ်လေးတစ်ဦးရဲ့ နူးညံ့သိမ်မွေ့တဲ့ အသွင်အပြင်လေးကို ဖော်ပြလျက်ရှိတယ်။ ရွှယ်ယို့ရှန်းမှာ ဒီမျက်နှာနဲ့ အသားကျနေတာတောင် အံ့ဩမှင်သက်ရတုန်းပဲ။ နည်းနည်းလေး ဝတ်စားပြင်ဆင်လိုက်ရုံနဲ့ သူ့ရဲ့ချောမောမှုကို တစ်ဆင့်မြှင့်တင်နိုင်လိမ့်မယ်လို့ လုံးဝမထင်ထားဘူး။

ကမ္ဘာပေါ်က အမျိုးသမီးတွေတင်မကပဲ တချို့ယောက်ျားတွေပါ ဝတ်စားပြင်ဆင်ချင်ကြတာ အံ့ဩစရာမရှိတော့ပါဘူး။ လက်စသတ်တော့ ဒါကြောင့်ကိုး..!

မှန်ထဲမှာ ရွှယ်ယို့ရှန်းက ခရမ်းရင့်ရင့်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားတာကြောင့် ကလေးဆန်တဲ့ အသွင်အပြင်မျိုး လုံးဝမရှိတော့ဘူး။ အင်္ကျီလက်ဝကျယ်မှ ထူးခြားဆန်းကြယ်တဲ့ ရွှေရောင်အနားကွပ်တွေနဲ့ ဆန်းပြားတဲ့ အဆင်တန်ဆာတချို့က ဝတ်ဆင်ထားသူကို တင့်တယ်ကြော့ရှင်းတဲ့ ခံစားချက်မျိုး ပေးစွမ်းနေလေတယ်။ ခါးအထိရှည်တဲ့ မဟူရာဆံနွယ်တွေကို ခပ်မြင့်မြင့် စည်းနှောင်ထားပြီး လက်ရာမြောက်တဲ့ ခေါင်းစည်းသရဖူကို ဆင်မြန်းထားတာကြောင့် သူ့ရဲ့ပုံစံက ကလေးဆန်မနေတော့ဘဲ တည်ကြည့်မြင့်မြတ်တဲ့ မိစ္ဆာဘုရင်တစ်ပါးအသွင် ပြောင်းလဲသွားတယ်။

“အခမ်းအနား စတော့မယ်.. သွားကြရအောင်..!”

ရင်းဆုယဲ့က မျက်ဝန်းထဲက ငေးမောမှင်သက်နေမှုကို အမြန်ဖိနှိပ်လိုက်ပြီး ရွှယ်ယို့ရှန်းဆီကို ညာလက်ကမ်းလိုက်တယ်။ အကြင်သူရဲ့ လက်ဖဝါးလေးကို သူ့ရဲ့လက်ထဲ အပ်နှင်းပေးပါလို့ ရည်ညွှန်းနေသလို၊ စင်မြင့်ထက်ကို ခေါ်ဆောင်သွားခွင့်ပြုဖို့ တောင်းဆိုနေခဲ့တယ်။ ရင်းဆုယဲ့လည်း အဝတ်အစားလဲပြီးဖြစ်တယ်။ သူလည်း ရွှယ်ယို့ရှန်းလိုပဲ၊ ရွှေရောင်အနားကွပ် ပန်းကနုတ်တွေနဲ့ စီခြယ်ထားတဲ့ ခရမ်းရင့်ရင့်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားတယ်။ ဒါပေမဲ့ ရွှယ်ယို့ရှန်းရဲ့ မိန်းမောမှင်သက်ဖွယ် အလှတရားနဲ့ယှဉ်ရင် ရင်းဆုယဲ့ရဲ့ပုံစံက အနည်းငယ်မှေးမှိန်နေသလို ထိန်းသိမ်းထားဟန်ပေါ်တယ်။ ရွှေရောင်ဆံနွယ်တွေကိုလည်း ပုံမှန်အတိုင်းသာ စည်းနှောင်ထားပြီး ရွှယ်ယို့ရှန်းနဲ့ဆင်တူ နဖူးစည်းအဆင်တန်ဆာ ဆင်မြန်းထားရုံမှအပ တခြားအဆင်တန်ဆာတွေ ဆင်မြန်းထားခြင်း မရှိပါဘူး။ ဆင်တူဝတ်ဆင်ထားတဲ့ အမျိုးသားနှစ်ယောက်က ‘နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်ပမာ’ တစ်သားတည်း လိုက်ဖက်ညီနေတော့တယ်။

“ကောင်းပြီ..”

ရင်းဆုယဲ့လည်း သူနဲ့ပုံစံတူဝတ်မယ်ဆိုတာ ရွှယ်ယို့ရှန်းက ကြိုသိနေပြီးသားဖြစ်တာကြောင့် အလွန်တည်ငြိမ်နေခဲ့တယ်။ ရင်းဆုယဲ့က အမြဲတမ်း သူနဲ့ဆင်တူ ဝတ်စားရတာကို အရမ်းသဘောကျတယ်။ ဟန်ရေးပြရုံမကလို့ တခြားဘာပဲလုပ်လုပ်၊ ရင်းဆုယဲ့ရဲ့ ‘သင်ခန်းစာ’ကလွဲရင် တခြားသူတွေရဲ့ မနာလိုမှု၊ သဝန်တိုမှုအားလုံးကို မျက်နှာတစ်ချက်မပျက်ဘဲ ခံယူနိုင်တယ်။ ထို့ကြောင့် Couple ဝတ်ဆင်တာကို စိတ်ထဲမထားတော့ဘူး။ ရွှယ်ယို့ရှန်းလည်း သူ့ရဲ့ဘယ်လက်ကို ရင်းဆုယဲ့ရဲ့လက်ထဲ ပေါ့ပေါ့ပါးပါး ထည့်ပေးလိုက်တယ်။ ပြီးနောက် မိစ္ဆာဘုရင်တစ်ပါးရဲ့ သင်္ကေတဖြစ်တဲ့ ခရမ်းရောင်ကျိုင်းကို ညာဘက်လက်နဲ့ ကောက်ယူကာ အခမ်းအနားရှိရာသို့ ဦးတည်လိုက်တော့တယ်။

အခန်းရဲ့အပြင်ဘက် လမ်းမကြီးထက်မှာ အဖိုးထိုက်တန်တဲ့ ကော်ဇောနီတွေ ခင်းကျင်းထားသလို သေသပ်စွာဝတ်စားထားတဲ့ အစေခံတွေကလည်း လမ်းတစ်ဖက်တစ်ချက်စီမှာ တညီတညာတည်း မတ်တပ်ရပ်နေကြလေတယ်။ ရွှယ်ယို့ရှန်း ထွက်ပေါ်လာတာနဲ့ အစစ်မှန်ဆုံးသော စိတ်ရင်းတွေကို ဖော်ကျူးလျက် သူတို့ရဲ့ဘုရင်အသစ်ကို ဦးညွှတ်လိုက်ကြတယ်။ ရွှယ်ယို့ရှန်းက အခြွေအရံတွေကို ညင်သာစွာ ခေါင်းညိတ်ပြလိုက်တယ်။ ပြီးနောက် ခေါင်းမော့ရင်ကော့လျက် ဆက်လျှောက်သွားလိုက်တယ်။ သူ့ရဲ့ခြေလှမ်းတိုင်းက ညင်သာအနုစိတ်စွာ၊ လေပြည်လေညင်းတွေ တိုက်ခတ်နေပြီး သူ့ရဲ့ဟန်ပန်က ကြယ်ရောင်စုံတောက်ပနေတဲ့ ကောင်းကင်ယံထက်က ကြယ်ပွင့်လေးတွေ ခြံရံထားတဲ့ ဧကရာဇ်တစ်ပါးနှယ် ထင်မှတ်ရပေတယ်။

တကယ့်ကို ခန့်ညားထည်ဝါလှပေတယ်။

သူရဲ့ဘေးမှာရပ်နေတဲ့ ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့လက်ကို ဆုပ်ကိုင်ထားရင်း သူ့ရဲ့ဖြစ်တည်မှုကို တမင်တကာ နှိမ်ချဖုံးကွယ်ထားခဲ့တယ်။ ဧည့်ပရိသတ်အားလုံး ကောင်လေးအပေါ် အာရုံပိုစိုက်နိုင်ဖို့ ရည်ရွယ်ခဲ့တယ်။ ထို့ကြောင့် မိစ္ဆာပရိသတ်တွေက နောက်ခံမြင်ကွင်းကို ဘေးဖယ်ထားပြီး တော်ဝင်ဆန်စွာ တစ်လှမ်းချင်း လျှောက်လှမ်းလာတဲ့ သူတို့ရဲ့ဘုရင်အသစ်ကိုသာ မြင်နိုင်ခဲ့လေတယ်။

တကယ်လို့ သူတို့သာ အမှန်ကိုမြင်နိုင်ခဲ့ရင် သူတို့ဘုရင်ကြီးရဲ့ ယုံကြည်ကိုးစားဖွယ် တုနှိုင်းမဲ့အသွင်အပြင်ကို မကြည့်နိုင်တော့ဘဲ နှဖူးပေါ်ကချွေးတွေကို အသံတိတ် သုတ်နေရလိမ့်မယ်။ ဒါပေမဲ့ စိတ်ဖတ်နိုင်တဲ့ အစွမ်းအစမရှိတာ စိတ်မကောင်းစရာပဲ။ သူတို့ရဲ့ ခန့်ညားတည်ငြိမ်တဲ့ မိစ္ဆာဘုရင်ကြီးရဲ့စိတ်ထဲမှာ ပွစိပွစိလုပ်နေတာကို ဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူး။

ဒီလိုအခြေအနေမျိုးမှာ စိတ်လွင့်နေတာက သူ့ရဲ့ပုံရိပ်ကို ပျက်စီးစေနိုင်မှန်း ရွှယ်ယို့ရှန်း သိပါတယ်။ ဒါပေမဲ့ စိတ်ထဲလျှောက်မတွေးဘဲ မနေနိုင်ခဲ့ဘူး။ ဘယ်လိုပဲပြောပြော သူ့ရဲ့အထူးချွန်ဆုံး စွမ်းရည်က လျှောက်တွေးတာပဲလေ။

ဒီအဝတ်အစားတွေနဲ့ သူ့ရဲ့ပုံစံက အရမ်းခန့်ညားနေတယ်ဆိုတာ သူသိပါတယ်။ ဒါပေမဲ့ အထပ်ထပ်ဝတ်ထားရတဲ့ အဝတ်အစားတွေနဲ့ အဆင်တန်ဆာတွေ အကြီးအသေး အကုန်ပေါင်းလိုက်တော့… ငါဠိုး… သောက်ရမ်းလေးတယ်ဟ..! အစကတော့ သိပ်မလေးဘူး ထင်နေတာ။ အချိန်ကြာလာတာနဲ့အမျှ ပိုပိုလေးလာသလိုပဲ..! သူ့ဘဝတစ်လျှောက်လုံး ဒီလောက်လေးတဲ့အရာမျိုး မသယ်ခဲ့ဖူးတာ သေချာတယ်..!

ဒီလိုလေးလံတဲ့ အဝတ်အစားတွေ ဝတ်ဆင်ရမယ်ဆိုပြီး ထောင်ချောက်ထဲကျခဲ့တဲ့အချိန်ကို ပြန်စဉ်းစားကြည့်လိုက်တော့ အရာအားလုံးက သူ ငပျင်းလုပ်ပြီး အခမ်းအနားအတွက် တာဝန်အားလုံးကို တခြားလူတွေဘက် တွန်းပို့လိုက်တာကြောင့်ပဲ။ အဲ့လိုသာ မလုပ်ခဲ့ရင် အခမ်းအနားရဲ့ အစီအစဉ်တွေအကြောင်း မသိပဲနေမှာမဟုတ်ဘူး။ စာလွှာအရှည်ကြီးပေါ်က အစီအစဉ်တွေကို ပြန်စဉ်းစားကြည့်လိုက်တော့ ရွှယ်ယို့ရှန်းမှာ ခေါင်းကိုက်လာတော့တယ်။ အခမ်းအနားတစ်လျှောက်လုံး ဒီအဝတ်အစားတွေ ဝတ်ထားရမယ်ဆိုတာ တွေးမိသွားတော့… အရမ်း… အရမ်း… အရမ်း နောင်တရတယ်လို့..!

ဘာလို့များ ငပျင်းလုပ်ခဲ့မိပါလိမ့်..?

အခမ်းအနားအတွက် အစီအစဉ်ရေးဆွဲတဲ့နေရာမှာ သူရှိနေခဲ့ရင် လက်ရှိအစီအစဉ်ကို လုံးဝသဘောတူခဲ့မှာမဟုတ်ဘူး။ အဓိကနဲ့သာမညကို ခွဲခြားတတ်အောင် သင်ပေးမိမှာ..!

ထိုအကြောင်းတွေးရင် ရွှယ်ယို့ရှန်းမှာ ရင်းဆုယဲ့ကို စူးစူးဝါးဝါး လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ဘူး။

ရင်းဆုယဲ့ကို အခမ်းအနားအတွက် တာဝန်ပေးလိုက်တာက သူ့မိသားစုဝင်လေး ရှောင်ယဲ့ယဲ့ဆိုရင် သူ့အကြိုက်သိမှာပဲ၊ ကောင်းကောင်း ကိုင်တွယ်နိုင်မှာပဲလို့ ထင်လိုက်မိလို့လေ။ ဒါပေမဲ့ ရှောင်ယဲ့ယဲ့ကိုလည်း တစ်ခါတလေ ယုံကြည်လို့မရဘူးပဲ။ ရန်ယူရာက အခမ်းအနားကို ကြီးကြီးကျယ်ကျယ် ဖြစ်စေချင်နေတယ်ဆိုတာ သူနားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ရင်းဆုယဲ့ကရော ဘာလို့သဘောတူလိုက်တာလဲ။ နားလည်ပေးလို့ကို မရဘူး။  ရင်းဆုယဲ့သာ သဘောမတူဘူးဆိုရင် <<ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်>> ဝတ္ထုရဲ့ အမျိုးသမီးဇာတ်လိုက် ရန်ယူရာလည်း ဗီလိန်ဘော့စ်ကြီး ရင်းဆုယဲ့ကို လွန်ဆန်နိုင်မှာမဟုတ်ဘူး။ အထူးသဖြင့် ပြန်မွေးဖွားလာတဲ့ ဗီလိန်ဘော့စ်ကြီးဆိုတော့ ပိုတောင်မဖြစ်နိုင်သေးတယ်..! အဲ့တော့ လက်ရှိပြင်ဆင်ထားသမျှ ရှုပ်ထွေးပွေလီတဲ့ အစီအစဉ်တွေအားလုံးက ရင်းဆုယဲ့ရဲ့လက်ချက်ဆိုတာ သေချာပေါက်ပဲ။ အဲ့တော့ မေးခွန်းကို ပြန်ဆက်ရမယ်ဆိုရင် ရင်းဆုယဲ့က ဒီနန်းတက်ပွဲအခမ်းအနားကို တစ်လောကလုံးသိအောင် ဘာလို့ကြေညာနေရတာလဲ..?

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့မေးခွန်းကို မသိချင်တာ စိတ်မကောင်းစရာပါပဲ။ ရင်းဆုယဲ့က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေတဲ့ ကောင်လေးရဲ့အကြည့်ကို သတိမထားမိသလို မသိမသာလေး အကြည့်လွှဲသွားခဲ့လေတယ်။

ရွှယ်ယို့ရှန်းလည်း ပိစိလေး စိတ်ဆိုးလာတာကြောင့် ဘယ်သူမှမသိအောင် ရင်းဆုယဲ့ရဲ့ ခြေထောက်ကို ဆောင့်နင်းပစ်လိုက်တယ်။ ပြီးနောက် သူ ဘာမှမလုပ်ထားသလို မြင့်မြတ်မော်ကြွားတဲ့ ဟန်ပန်မျိုးနဲ့ ဆက်လျှောက်သွားလေတယ်။ သူ့မိသားစုဝင်လေး ရှောင်ယဲ့ယဲ့ရဲ့ အမူအရာက လောလောဆယ် ဘာမှမရှင်းပြနိုင်သေးဘူးလို့ ရည်ညွှန်းနေတယ်။ မေးလို့မရနိုင်မှတော့ ရွှယ်ယို့ရှန်းလည်း လေကုန်မခံတော့ဘူး။ အချိန်တန်ရင် သိရလိမ့်မယ်။ လက်ရှိအရေးကြီးတာက အခမ်းအနားကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ဖို့ပဲ။

……………………………………………………..

Zawgyi

မွန္မ်က္ႏွာျပင္ေပၚမွာ သြားတန္းျဖဴျဖဴ၊ ႏႈတ္ခမ္းရဲရဲေလးနဲ႔ ႀကီးက်ယ္ခမ္းနားတဲ့ ဝတ္႐ုံတစ္ထည္ကို ဝတ္ဆင္ထားတဲ့ လူငယ္ေလးတစ္ဦးရဲ႕ ႏူးညံ့သိမ္ေမြ႕တဲ့ အသြင္အျပင္ေလးကို ေဖာ္ျပလ်က္ရွိတယ္။ ႐ႊယ္ယို႔ရွန္းမွာ ဒီမ်က္ႏွာနဲ႔ အသားက်ေနတာေတာင္ အံ့ဩမွင္သက္ရတုန္းပဲ။ နည္းနည္းေလး ဝတ္စားျပင္ဆင္လိုက္႐ုံနဲ႔ သူ႔ရဲ႕ေခ်ာေမာမႈကို တစ္ဆင့္ျမႇင့္တင္ႏိုင္လိမ့္မယ္လို႔ လုံးဝမထင္ထားဘူး။

ကမာၻေပၚက အမ်ိဳးသမီးေတြတင္မကပဲ တခ်ိဳ႕ေယာက္်ားေတြပါ ဝတ္စားျပင္ဆင္ခ်င္ၾကတာ အံ့ဩစရာမရွိေတာ့ပါဘူး။ လက္စသတ္ေတာ့ ဒါေၾကာင့္ကိုး..!

မွန္ထဲမွာ ႐ႊယ္ယို႔ရွန္းက ခရမ္းရင့္ရင့္ဝတ္႐ုံရွည္ကို ဝတ္ဆင္ထားတာေၾကာင့္ ကေလးဆန္တဲ့ အသြင္အျပင္မ်ိဳး လုံးဝမရွိေတာ့ဘူး။ အက်ႌလက္ဝက်ယ္မွ ထူးျခားဆန္းၾကယ္တဲ့ ေ႐ႊေရာင္အနားကြပ္ေတြနဲ႔ ဆန္းျပားတဲ့ အဆင္တန္ဆာတခ်ိဳ႕က ဝတ္ဆင္ထားသူကို တင့္တယ္ေၾကာ့ရွင္းတဲ့ ခံစားခ်က္မ်ိဳး ေပးစြမ္းေနေလတယ္။ ခါးအထိရွည္တဲ့ မဟူရာဆံႏြယ္ေတြကို ခပ္ျမင့္ျမင့္ စည္းေႏွာင္ထားၿပီး လက္ရာေျမာက္တဲ့ ေခါင္းစည္းသရဖူကို ဆင္ျမန္းထားတာေၾကာင့္ သူ႔ရဲ႕ပုံစံက ကေလးဆန္မေနေတာ့ဘဲ တည္ၾကည့္ျမင့္ျမတ္တဲ့ မိစာၦဘုရင္တစ္ပါးအသြင္ ေျပာင္းလဲသြားတယ္။

“အခမ္းအနား စေတာ့မယ္.. သြားၾကရေအာင္..!”

ရင္းဆုယဲ့က မ်က္ဝန္းထဲက ေငးေမာမွင္သက္ေနမႈကို အျမန္ဖိႏွိပ္လိုက္ၿပီး ႐ႊယ္ယို႔ရွန္းဆီကို ညာလက္ကမ္းလိုက္တယ္။ အၾကင္သူရဲ႕ လက္ဖဝါးေလးကို သူ႔ရဲ႕လက္ထဲ အပ္ႏွင္းေပးပါလို႔ ရည္ၫႊန္းေနသလို၊ စင္ျမင့္ထက္ကို ေခၚေဆာင္သြားခြင့္ျပဳဖို႔ ေတာင္းဆိုေနခဲ့တယ္။ ရင္းဆုယဲ့လည္း အဝတ္အစားလဲၿပီးျဖစ္တယ္။ သူလည္း ႐ႊယ္ယို႔ရွန္းလိုပဲ၊ ေ႐ႊေရာင္အနားကြပ္ ပန္းကႏုတ္ေတြနဲ႔ စီျခယ္ထားတဲ့ ခရမ္းရင့္ရင့္ဝတ္႐ုံရွည္ကို ဝတ္ဆင္ထားတယ္။ ဒါေပမဲ့ ႐ႊယ္ယို႔ရွန္းရဲ႕ မိန္းေမာမွင္သက္ဖြယ္ အလွတရားနဲ႔ယွဥ္ရင္ ရင္းဆုယဲ့ရဲ႕ပုံစံက အနည္းငယ္ေမွးမွိန္ေနသလို ထိန္းသိမ္းထားဟန္ေပၚတယ္။ ေ႐ႊေရာင္ဆံႏြယ္ေတြကိုလည္း ပုံမွန္အတိုင္းသာ စည္းေႏွာင္ထားၿပီး ႐ႊယ္ယို႔ရွန္းနဲ႔ဆင္တူ နဖူးစည္းအဆင္တန္ဆာ ဆင္ျမန္းထား႐ုံမွအပ တျခားအဆင္တန္ဆာေတြ ဆင္ျမန္းထားျခင္း မရွိပါဘူး။ ဆင္တူဝတ္ဆင္ထားတဲ့ အမ်ိဳးသားႏွစ္ေယာက္က ‘ႏွစ္လႊာေပါင္းမွ တစ္႐ြက္ျဖစ္တဲ့ စြယ္ေတာ္႐ြက္ပမာ’ တစ္သားတည္း လိုက္ဖက္ညီေနေတာ့တယ္။

“ေကာင္းၿပီ..”

ရင္းဆုယဲ့လည္း သူနဲ႔ပုံစံတူဝတ္မယ္ဆိုတာ ႐ႊယ္ယို႔ရွန္းက ႀကိဳသိေနၿပီးသားျဖစ္တာေၾကာင့္ အလြန္တည္ၿငိမ္ေနခဲ့တယ္။ ရင္းဆုယဲ့က အၿမဲတမ္း သူနဲ႔ဆင္တူ ဝတ္စားရတာကို အရမ္းသေဘာက်တယ္။ ဟန္ေရးျပ႐ုံမကလို႔ တျခားဘာပဲလုပ္လုပ္၊ ရင္းဆုယဲ့ရဲ႕ ‘သင္ခန္းစာ’ကလြဲရင္ တျခားသူေတြရဲ႕ မနာလိုမႈ၊ သဝန္တိုမႈအားလုံးကို မ်က္ႏွာတစ္ခ်က္မပ်က္ဘဲ ခံယူႏိုင္တယ္။ ထို႔ေၾကာင့္ Couple ဝတ္ဆင္တာကို စိတ္ထဲမထားေတာ့ဘူး။ ႐ႊယ္ယို႔ရွန္းလည္း သူ႔ရဲ႕ဘယ္လက္ကို ရင္းဆုယဲ့ရဲ႕လက္ထဲ ေပါ့ေပါ့ပါးပါး ထည့္ေပးလိုက္တယ္။ ၿပီးေနာက္ မိစာၦဘုရင္တစ္ပါးရဲ႕ သေကၤတျဖစ္တဲ့ ခရမ္းေရာင္က်ိဳင္းကို ညာဘက္လက္နဲ႔ ေကာက္ယူကာ အခမ္းအနားရွိရာသို႔ ဦးတည္လိုက္ေတာ့တယ္။

အခန္းရဲ႕အျပင္ဘက္ လမ္းမႀကီးထက္မွာ အဖိုးထိုက္တန္တဲ့ ေကာ္ေဇာနီေတြ ခင္းက်င္းထားသလို ေသသပ္စြာဝတ္စားထားတဲ့ အေစခံေတြကလည္း လမ္းတစ္ဖက္တစ္ခ်က္စီမွာ တညီတညာတည္း မတ္တပ္ရပ္ေနၾကေလတယ္။ ႐ႊယ္ယို႔ရွန္း ထြက္ေပၚလာတာနဲ႔ အစစ္မွန္ဆုံးေသာ စိတ္ရင္းေတြကို ေဖာ္က်ဴးလ်က္ သူတို႔ရဲ႕ဘုရင္အသစ္ကို ဦးၫႊတ္လိုက္ၾကတယ္။ ႐ႊယ္ယို႔ရွန္းက အေႁခြအရံေတြကို ညင္သာစြာ ေခါင္းညိတ္ျပလိုက္တယ္။ ၿပီးေနာက္ ေခါင္းေမာ့ရင္ေကာ့လ်က္ ဆက္ေလွ်ာက္သြားလိုက္တယ္။ သူ႔ရဲ႕ေျခလွမ္းတိုင္းက ညင္သာအႏုစိတ္စြာ၊ ေလျပည္ေလညင္းေတြ တိုက္ခတ္ေနၿပီး သူ႔ရဲ႕ဟန္ပန္က ၾကယ္ေရာင္စုံေတာက္ပေနတဲ့ ေကာင္းကင္ယံထက္က ၾကယ္ပြင့္ေလးေတြ ၿခံရံထားတဲ့ ဧကရာဇ္တစ္ပါးႏွယ္ ထင္မွတ္ရေပတယ္။

တကယ့္ကို ခန႔္ညားထည္ဝါလွေပတယ္။

သူရဲ႕ေဘးမွာရပ္ေနတဲ့ ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းရဲ႕လက္ကို ဆုပ္ကိုင္ထားရင္း သူ႔ရဲ႕ျဖစ္တည္မႈကို တမင္တကာ ႏွိမ္ခ်ဖုံးကြယ္ထားခဲ့တယ္။ ဧည့္ပရိသတ္အားလုံး ေကာင္ေလးအေပၚ အာ႐ုံပိုစိုက္ႏိုင္ဖို႔ ရည္႐ြယ္ခဲ့တယ္။ ထို႔ေၾကာင့္ မိစာၦပရိသတ္ေတြက ေနာက္ခံျမင္ကြင္းကို ေဘးဖယ္ထားၿပီး ေတာ္ဝင္ဆန္စြာ တစ္လွမ္းခ်င္း ေလွ်ာက္လွမ္းလာတဲ့ သူတို႔ရဲ႕ဘုရင္အသစ္ကိုသာ ျမင္ႏိုင္ခဲ့ေလတယ္။

တကယ္လို႔ သူတို႔သာ အမွန္ကိုျမင္ႏိုင္ခဲ့ရင္ သူတို႔ဘုရင္ႀကီးရဲ႕ ယုံၾကည္ကိုးစားဖြယ္ တုႏႈိင္းမဲ့အသြင္အျပင္ကို မၾကည့္ႏိုင္ေတာ့ဘဲ ႏွဖူးေပၚကေခြၽးေတြကို အသံတိတ္ သုတ္ေနရလိမ့္မယ္။ ဒါေပမဲ့ စိတ္ဖတ္ႏိုင္တဲ့ အစြမ္းအစမရွိတာ စိတ္မေကာင္းစရာပဲ။ သူတို႔ရဲ႕ ခန႔္ညားတည္ၿငိမ္တဲ့ မိစာၦဘုရင္ႀကီးရဲ႕စိတ္ထဲမွာ ပြစိပြစိလုပ္ေနတာကို ဘယ္ေတာ့မွ သိႏိုင္မွာမဟုတ္ဘူး။

ဒီလိုအေျခအေနမ်ိဳးမွာ စိတ္လြင့္ေနတာက သူ႔ရဲ႕ပုံရိပ္ကို ပ်က္စီးေစႏိုင္မွန္း ႐ႊယ္ယို႔ရွန္း သိပါတယ္။ ဒါေပမဲ့ စိတ္ထဲေလွ်ာက္မေတြးဘဲ မေနႏိုင္ခဲ့ဘူး။ ဘယ္လိုပဲေျပာေျပာ သူ႔ရဲ႕အထူးခြၽန္ဆုံး စြမ္းရည္က ေလွ်ာက္ေတြးတာပဲေလ။

ဒီအဝတ္အစားေတြနဲ႔ သူ႔ရဲ႕ပုံစံက အရမ္းခန႔္ညားေနတယ္ဆိုတာ သူသိပါတယ္။ ဒါေပမဲ့ အထပ္ထပ္ဝတ္ထားရတဲ့ အဝတ္အစားေတြနဲ႔ အဆင္တန္ဆာေတြ အႀကီးအေသး အကုန္ေပါင္းလိုက္ေတာ့… ငါဠိဳး… ေသာက္ရမ္းေလးတယ္ဟ..! အစကေတာ့ သိပ္မေလးဘူး ထင္ေနတာ။ အခ်ိန္ၾကာလာတာနဲ႔အမွ် ပိုပိုေလးလာသလိုပဲ..! သူ႔ဘဝတစ္ေလွ်ာက္လုံး ဒီေလာက္ေလးတဲ့အရာမ်ိဳး မသယ္ခဲ့ဖူးတာ ေသခ်ာတယ္..!

ဒီလိုေလးလံတဲ့ အဝတ္အစားေတြ ဝတ္ဆင္ရမယ္ဆိုၿပီး ေထာင္ေခ်ာက္ထဲက်ခဲ့တဲ့အခ်ိန္ကို ျပန္စဥ္းစားၾကည့္လိုက္ေတာ့ အရာအားလုံးက သူ ငပ်င္းလုပ္ၿပီး အခမ္းအနားအတြက္ တာဝန္အားလုံးကို တျခားလူေတြဘက္ တြန္းပို႔လိုက္တာေၾကာင့္ပဲ။ အဲ့လိုသာ မလုပ္ခဲ့ရင္ အခမ္းအနားရဲ႕ အစီအစဥ္ေတြအေၾကာင္း မသိပဲေနမွာမဟုတ္ဘူး။ စာလႊာအရွည္ႀကီးေပၚက အစီအစဥ္ေတြကို ျပန္စဥ္းစားၾကည့္လိုက္ေတာ့ ႐ႊယ္ယို႔ရွန္းမွာ ေခါင္းကိုက္လာေတာ့တယ္။ အခမ္းအနားတစ္ေလွ်ာက္လုံး ဒီအဝတ္အစားေတြ ဝတ္ထားရမယ္ဆိုတာ ေတြးမိသြားေတာ့… အရမ္း… အရမ္း… အရမ္း ေနာင္တရတယ္လို႔..!

ဘာလို႔မ်ား ငပ်င္းလုပ္ခဲ့မိပါလိမ့္..?

အခမ္းအနားအတြက္ အစီအစဥ္ေရးဆြဲတဲ့ေနရာမွာ သူရွိေနခဲ့ရင္ လက္ရွိအစီအစဥ္ကို လုံးဝသေဘာတူခဲ့မွာမဟုတ္ဘူး။ အဓိကနဲ႔သာမညကို ခြဲျခားတတ္ေအာင္ သင္ေပးမိမွာ..!

ထိုအေၾကာင္းေတြးရင္ ႐ႊယ္ယို႔ရွန္းမွာ ရင္းဆုယဲ့ကို စူးစူးဝါးဝါး လွည့္မၾကည့္ဘဲ မေနႏိုင္ခဲ့ဘူး။

ရင္းဆုယဲ့ကို အခမ္းအနားအတြက္ တာဝန္ေပးလိုက္တာက သူ႔မိသားစုဝင္ေလး ေရွာင္ယဲ့ယဲ့ဆိုရင္ သူ႔အႀကိဳက္သိမွာပဲ၊ ေကာင္းေကာင္း ကိုင္တြယ္ႏိုင္မွာပဲလို႔ ထင္လိုက္မိလို႔ေလ။ ဒါေပမဲ့ ေရွာင္ယဲ့ယဲ့ကိုလည္း တစ္ခါတေလ ယုံၾကည္လို႔မရဘူးပဲ။ ရန္ယူရာက အခမ္းအနားကို ႀကီးႀကီးက်ယ္က်ယ္ ျဖစ္ေစခ်င္ေနတယ္ဆိုတာ သူနားလည္ေပးႏိုင္ပါတယ္။ ဒါေပမဲ့ ရင္းဆုယဲ့ကေရာ ဘာလို႔သေဘာတူလိုက္တာလဲ။ နားလည္ေပးလို႔ကို မရဘူး။  ရင္းဆုယဲ့သာ သေဘာမတူဘူးဆိုရင္ <<ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္>> ဝတၳဳရဲ႕ အမ်ိဳးသမီးဇာတ္လိုက္ ရန္ယူရာလည္း ဗီလိန္ေဘာ့စ္ႀကီး ရင္းဆုယဲ့ကို လြန္ဆန္ႏိုင္မွာမဟုတ္ဘူး။ အထူးသျဖင့္ ျပန္ေမြးဖြားလာတဲ့ ဗီလိန္ေဘာ့စ္ႀကီးဆိုေတာ့ ပိုေတာင္မျဖစ္ႏိုင္ေသးတယ္..! အဲ့ေတာ့ လက္ရွိျပင္ဆင္ထားသမွ် ရႈပ္ေထြးေပြလီတဲ့ အစီအစဥ္ေတြအားလုံးက ရင္းဆုယဲ့ရဲ႕လက္ခ်က္ဆိုတာ ေသခ်ာေပါက္ပဲ။ အဲ့ေတာ့ ေမးခြန္းကို ျပန္ဆက္ရမယ္ဆိုရင္ ရင္းဆုယဲ့က ဒီနန္းတက္ပြဲအခမ္းအနားကို တစ္ေလာကလုံးသိေအာင္ ဘာလို႔ေၾကညာေနရတာလဲ..?

ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းရဲ႕ေမးခြန္းကို မသိခ်င္တာ စိတ္မေကာင္းစရာပါပဲ။ ရင္းဆုယဲ့က သူ႔ကို စူးစူးရဲရဲ စိုက္ၾကည့္ေနတဲ့ ေကာင္ေလးရဲ႕အၾကည့္ကို သတိမထားမိသလို မသိမသာေလး အၾကည့္လႊဲသြားခဲ့ေလတယ္။

႐ႊယ္ယို႔ရွန္းလည္း ပိစိေလး စိတ္ဆိုးလာတာေၾကာင့္ ဘယ္သူမွမသိေအာင္ ရင္းဆုယဲ့ရဲ႕ ေျခေထာက္ကို ေဆာင့္နင္းပစ္လိုက္တယ္။ ၿပီးေနာက္ သူ ဘာမွမလုပ္ထားသလို ျမင့္ျမတ္ေမာ္ႂကြားတဲ့ ဟန္ပန္မ်ိဳးနဲ႔ ဆက္ေလွ်ာက္သြားေလတယ္။ သူ႔မိသားစုဝင္ေလး ေရွာင္ယဲ့ယဲ့ရဲ႕ အမူအရာက ေလာေလာဆယ္ ဘာမွမရွင္းျပႏိုင္ေသးဘူးလို႔ ရည္ၫႊန္းေနတယ္။ ေမးလို႔မရႏိုင္မွေတာ့ ႐ႊယ္ယို႔ရွန္းလည္း ေလကုန္မခံေတာ့ဘူး။ အခ်ိန္တန္ရင္ သိရလိမ့္မယ္။ လက္ရွိအေရးႀကီးတာက အခမ္းအနားကို ေအာင္ေအာင္ျမင္ျမင္ အဆုံးသတ္ႏိုင္ဖို႔ပဲ။

……………………………………………………..

继续阅读

You'll Also Like

27.6K 2.2K 13
brokeback moumtain ႐ုပ္ရွင္ဟာ 2005 ခုႏွစ္ ဆု ၈ ဆုရခဲ႕ပါတယ္.. ပထမဆုံး လူႀကိဳက္အမ်ားဆုံး Gay ႐ုပ္ရွင္ပါ.. ကိုယ္႕ အတြက္ LGBT ဆိုတာ ပထမဆုံး မိတ္ဆကိမိတဲ႕...
5.1M 563K 55
၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေး...
94.6K 10.9K 7
This story isn't belong to me. I just translate it and full credit goes to author and English Translator(s). Novel Name : As the Demon King, I am ver...