မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

ma_roses_are_blue

86.5K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... Еще

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၂၆)

989 109 0
ma_roses_are_blue

'ငါအခု အိမ်မက်မက်နေတာများလား'

ထိုစကားချိုချိုလေးတွေက သူမရင်ကို ခုန်ပေါက်စေပြီး သူရဲ့လှပတဲ့မျက်နှာကလက်တွေ့မဆန်သလိုပင်
လုရှန်မျက်နှာက သူမမျက်နှာအနီးသို့ဖြေးဖြေးချင်းကပ်လာခဲ့သည် သူမျက်နှာကို ငေးကြည့်နေရင်း သူမအော်ဟစ်မိခင် အသိပြန်၀င်လာခဲ့သည်

"ငါတို့က ဒီလို ဆက်ဆံရေးမျိုးမဟုတ်ဘူးလေ"

'ငါတို့နမ်းမိကြရင်တောင် အဆင်ပြေလိမ့်မယ် ထင်တယ်'
ထိုအဓိပ္ပာယ်မရှိတာကို ထုတ်မပြောနိုင်ခဲ့ပေ လုရှန်ရဲ့မျက်နှာက သူမပခုံးပေါ်သို့ ကျလာတာကြောင့်ပင်
သူမနှလုံးရဲ့ခုန်သံပြင်းပြင်းကို ကြားလိုက်ရပြီးနောက် သူမခေါင်းကို ဖြေးဖြေးလေးငုံကြည့်လိုက်သည်

"အရှင်ကာဒီယမ်"
“……”

"ဟေး ဆရာ Fiancée"
ပြန်ဖြေစကားမကြားရပဲ သူရဲ့အသက်ရှုသံကျယ်ကျယ်ကသာ သူမကြားနေရသောအရာတစ်ခုသာ
သူမ ခဏလောက် မတုံ့ပြန်နိုင်ခဲ့ပေ သူမသက်ပြင်းချရင်း ရေရွတ်လိုက်သည်

"အာ ဟုတ်ပြီ ပွဲမှာတုန်းကလဲ တညလုံး မျက်နှာကြီး မဲမှောင်နေအောင် သောက်နေခဲ့တာပဲ"
သူပုံစံက မူးရစ်နေတဲ့ပုံ လုံး၀မပေါက်တာကြောင့် သူမဂရုမထားခဲ့တာပင်

အခုတော့ သူက yandereဒုတိယဇာတ်လိုက်လဲမဟုတ်သလို အင်ပါယာရဲ့အကောင်းဆုံးစစ်သည်လဲမဟုတ်သလို ကမ္ဘာပေါ်မှာ ရိုမတ်တစ်အဆန်ဆုံးစကားလုံးတွေကို ရုတ်တရက်ကြီး တိုးတိုးလေးပြောလာခဲ့တဲ့ fiancéတစ်ယောက်လဲမဟုတ်ပြန်ဘူး
သူက အရက်မူးနေတဲ့လူ တစ်ယောက်သက်သက်သာသာ
အရက်မူးနေတဲ့လူတယောက်ပြောတဲ့အရာအများဆုံးက ဘာအဓိပ္ပာယ်မှမရှိ ဒါကြောင့်....

သူမ ထိုသူရဲ့ကျောပြင်ကို ဖက်လိုက်ရင်း တိုးတိုးကလေးပြောလိုက်သည်

"ရှင်ခုနကပြောခဲ့တဲ့အရာတွေကို စိတ်ထဲ အဓိပ္ပာယ်အများကြီးမကောက်မိဖို့လုပ်ခဲ့ရင် ကျွန်မအတွက် အဆင်ပြေလိမ့်မလား"

ဘယ်လိုပဲဖြစ်ဖြစ် သူမပြောထွက်လိုက်တဲ့စကားတွေနဲ့ဆန့်ကျင်စွာ သူမရဲ့ခုန်နေတဲ့နှလုံးသားက အခုထိ မတည်ငြိမ်သေးပေ
────── 〔〕─────
Side Story (အက်စတယ်လာ POV)

ကျွန်မက အချစ်ခံရတဲ့ ဇာတ်လိုက်မင်းသမီး

သူမရဲ့အမေ တောက်ပတဲ့အလင်းရောင်တွေနဲ့ ရစ်ပတ်ခံထားရတဲ့ကလေးငယ်ကို ပြောလိုက်တဲ့ ပထမဆုံး စကားက "အာ သူတော်စင်"

အက်စတယ်လာက သူမမွေးခါစအချိန်မှစ၍ သူတော်စင်တစ်ယောက်ဖြစ်လာခဲ့သည်
နှစ်အနည်းငယ်ကြာပြီးနောက် သူမရဲ့မွေးအမေ သေဆုံးသွားခဲ့ပြီး အက်စတယ်လာသေးသေးလေးဆီ ထိုစကားများချန်ထားခဲ့သည်

"အက်စတယ်လာ သမီးက နတ်ဘုရားကရွေးချယ်ထားတဲ့သူတော်စင်တစ်ယောက်ပဲ လှပပြီး လူတိုင်းကချစ်ကြတဲ့ လူတယောက်ဖြစ်အောင်နေပါ"
‌အက်စတယ်လာသေးသေးလေးက မျက်ရည်တွေသုတ်ပြီး သူမခေါင်းကိုငြိမ့်လိုက်သည်
ထိုအချိန်မှစ၍ အက်စတယ်လာမှာ ဆုံးပါးသွားပြီဖြစ်တဲ့ သူမအမေရဲ့ဆုံးမစကားကို နာနာခံခံနှင့် လိုက်နာခဲ့သည်

သူမက လူတွေကို ပျော်အောင် အမြဲလုပ်ပြီး ဒဏ်ရာတရဖြစ်နေတဲ့လူတွေကို နတ်ဘုရားချီးမြောက်ထားတဲ့ စွမ်းအားတွေနှင့် ကုသပေးသည်
ခက်ခဲ‌တဲ့အချိန်တွေကြုံတွေခဲ့ရတဲ့ လူတွေရဲ့ ဇာတ်လမ်းတွေအကြောင်းနားထောင်ပေးပြီး သူတို့ အားပေးစကားတွေအများကြီးပေးခဲ့သည်
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အက်စတယ်လာကို သူမဘေးနားကလူတွေကို ပျော်ပျော်ရွှင်ရွှင် ပြုံးနိုင်အောင်လုပ်ပေးနိုင်တဲ့ သူလို့ ထိုကဲ့သို့မြင်ကြသည်

"မင်းက အတွင်းရော အပြင်နှစ်ခုလုံးမှာပါ တကယ်ကိုလှပတာပဲ"
"မင်းက နတ်ဘုရားကရွေးချယ်ထားတဲ့သူတစ်ယောက်ဆိုတာ အသေအချာပဲ"
အက်စတယ်လာ ထိုစကားများကို ကြားရတဲ့အချိန်တိုင်း နတ်သမီးတစ်ပါးလို တင့်တယ်စွာ ပြုံးပြလိမ့်မည်
သူတို့ရဲ့ချီးကျူးစကားများက ကြားရတာ ကြည်နူးဖွယ်ကောင်းသလို အမြဲခံစားရသည်

'ငါ အနာဂတ်မှာလဲ အလုပ်ကြိုးစားလုပ်ရမယ်'
ဒါပေမဲ့ အက်စတယ်လာမသိတာက

ဒီချီးကျူးစကားတွေက လက်‌တွေ့မှာတော့  တခြားစကားလုံးတွေထက်ပိုရက်စက်ပြီး အသက်ငယ်သေးတဲ့အက်စတယ်လာကို ချည်နှောင်မည့် ရက်စက်တဲ့ချိန်းကြိုးများပင်
အက်စတယ်လာအသက်14နှစ်ရောက်သောအခါမှသာ ထိုအမြင်လှတဲ့မှတ်ချက်တွေရဲ့နောက်ကွယ်က တကယ်အဓိပ္ပာယ်အစစ်အမှန်ကို ပထမဆုံးနားလည်လိုက်သည်
(Poor အက်စတယ်လာပါ😭)
────── 〔〕─────

"ကျွန်မ ကပွဲကို သွားကိုသွားရမှာလား"
အက်စတယ်လာရဲ့စကားတွေကြားပြီးနောက် သူမကိုတချိန်လုံးကြည့်ရှု့စောင့်ရှောက်လာတဲ့ ဘုန်းတော်ကြီးကခေါင်းကိုညိမ့်လာခဲ့သည်

"ငါတို့ရဲ့ဘာသာရေးခေါင်းဆောင်က မင်းကိုလဲ အကြိမ်ပေါင်းများစွာပြောပြီးပြီ ဆင်းရဲပြီး လိုအပ်နေတဲ့သူတွေကို ကူညီတာ အရေးကြီးဆုံးဆိုပေမဲ့ တော်၀င်မိသားစုကလူတွေနဲ့ ဆက်‌ဆံရေးကောင်းကောင်းတည်ဆောက်ဖို့ကလဲအရေးကြီးသေးတယ် အထက်တန်းလွှာကလူတွေနဲ့ရောပဲ"
"ဒါပေမဲ့..."

အက်စတယ်လာ ‌စိတ်‌ဆိုးသောမျက်နှာနှင့် ခေါင်းကိုငုံထားသည် ထို့နောက် ဘုန်းတော်ကြီးက သူမစိတ်ထဲကအရာကိုသိနေသလို သူမအားညင်သာစွာပြောလိုက်သည်

"တစ်စုံတစ်ယောက်က ပေါင်မုန့်ကလေးတစ်ချပ်တောင်မစားနိုင်လောက်အောင် ဆာလောင်နေချိန် တောက်ပတဲ့ကပွဲတစ်ခုတတ်ရတာ စိတ်မသက်မသာဖြစ်တဲ့ခံစားချက်ကို ပေးတယ်ဆိုပေမဲ့ အထက်တန်းလွှာတွေကလဲ မစ်အက်စတယ်လာဆီကနေ အကာကွယ်ပေးခံရဖို့မျှော်လင့်နေကြတာ မလိုမုန်းထားအရမ်းမဖြစ်နေပဲနဲ့ ကျေးဇူးပြုပြီး သူတို့ကိုကောင်းကောင်းဆက်ဆံပါ"
“……”

အက်စတယ်လာ,သူမ ဘာကြောင့် ကပွဲမတတ်ချင်ရတဲ့အဓိကအကြောင်းအရင်းကို ဘုန်းတော်ကြီးအားမပြောရဲပေ
အခြေခံအားဖြင့် ဘုန်းတော်ကြီးများက သူတို့ကိုယ်တိုင် လူမှုရေးရာကမ္ဘာကြီး၌ ၀င်မပါကြပေ ဒါကြောင့် အထက်တန်းလွှာတွေကျင်းပတဲ့ ဘယ် ကပွဲကိုမှ မတတ်ရောက်ကြပေ
ဒါကြောင့် ကပွဲတွေတတ်‌နိုင်တဲ့တစ်ဦး‌ထဲသူမှာ အက်စတယ်လာသာရှိသည် သန့်စင်တဲ့စွမ်းအားတွေရှိတဲ့အပြင် တချိန်ထဲမှာပဲ ဘုန်းတော်ကြီးလဲမဟုတ်ပေ

ဒါကြောင့် သူတို့ဘာမှမသိတာဖြစ်ပေသည်
သူမ ထိုကပွဲတွေ၌ ဘယ်လို အဆက်ဆံခံရသည်ကိုပင်

ဟောင်းနွမ်းပြီးခေတ်နောက်ကျတဲ့၀တ်စုံနဲ့ အက်စတယ်လာပေါ်ထွက်လာတဲ့အချိန်တိုင်း လူအတော်များများက ယပ်တောင်တွေနဲ့ကွယ်ရင်း တိုးတိုးတိုးတိုး စတင်ပြောကြသည်
"သူမက ဒီထူးထူးခြားခြား၀တ်စုံကြီးနဲ့ ဒီကိုရောက်လာပြန်ပြီ"
"သိသာလိုက်တာ ဒီအ၀တ်အစားကို ပြင်ဆင်တဲ့တယောက်က မျက်စိနောက်စရာကောင်းတဲ့အရာတွေကို အပြစ်ရှိတယ်လို့ ထင်ထားသူများလား"

သူမက သူတော်စင်တစ်ယောက်ဖြစ်နေရင်တောင်မှ မိဘမရှိတော့တဲ့ငယ်ရွယ်တဲ့သာမာန်လူတန်းစားကောင်မလေးတစ်ယောက်က အထက်တန်းလွှာတွေအတွက် အထင်သေးချင်စရာကောင်းတဲ့ ပြီးပြည့်‌စုံသော ပစ်မှတ်ပင်

'နင်ဘာမှမကြားသလိုနေ ပြီးရင် မျက်နှာကိုတည်တည်ထားပြီး ပြုံးထားလိုက်'
အက်စတယ်လာ သူမရဲ့ကွဲအက်နေတဲ့နှလုံးသားကို အသည်းအသန် ဖုံးကွယ်လိုက်သည်

သေချာတာပေါ့ အသက်၁၄နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက်အတွက် သူမကို အဆက်မပြတ်လှောင်ပြောင်နေမဲ့လူတွေရှေ့မှာ ကျော့ကျော့ရှင်းရှင်း မတ်တပ်ရပ်နေဖို့ဆိုတာ မလွယ်ကူပေ
သို့သော်လည်း သူမထိုအရာကို သည်းခံနိုင်သည် ထိုအစား သူမအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေသောသူများမှာလဲ အများအပြားရှိနေတာကြောင့်ပင်

"ကြိုဆိုပါတယ် သူတော်စင်"
"မအားတဲ့ကြားကနေ ကပွဲကို တတ်ရောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
ဒီနေ့ကပွဲရဲ့ ကျင်းကသူတွေ,မြို့စားနှင့်သူဇနီးက အက်စတယ်လာကို တောက်ပနေသောမျက်နှာများနှင့် လာရောက်ကြိုဆိုကြသည် သူတို့က ဘာသာရေးအလွန်ကိုင်းရှိုင်းသူများပင် ဘုရားကျောင်းတွင်လဲ နှစ်စဉ်နှစ်တိုင်း အလှုငွေအမြောက်အမြား လှုဒါန်းကြသည်
တစ်ချိန်ထဲမှာပဲ သူတို့ကလဲ အက်စတယ်လာရဲ့ ကြီးမားလှတဲ့ နောက်လိုက်သူများပင်

"ကျွန်မကို ဒီလိုအဖိုးတန်တဲ့ပွဲကို ဖိတ်ကြားပေးလို့ ကျေးဇူးတင်ပါတယ်"
အက်စတယ်လာ ရှက်ရွံစွာ ပြန်နှုတ်ဆက်ရင်း မြို့စားနှင့် သူ့ဇနီးကြားမှာ ရပ်နေတဲ့ မိန်းမငယ်လေးဘက်သို့လှည့်လိုက်သည်

နာတာလီ
သူမက မြို့စားနဲ့မြို့စားကတော်တို့ရဲ့သမီး အက်စတယ်လာထက်နှစ်နှစ်သာငယ်သည်
လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက နာတာလီမှာကျန်းမာရေးချို့တဲ့ပြီး အဆုတ်ရောင်ရောဂါကြောင့် သေလုနီးပါဖြစ်ခဲ့ရသည် အက်စတယ်လာစွမ်းအားတွေရဲ့အကူအညီကြောင့် သေဘေးမှ လွတ်လာခဲ့ရသည်
ထိုနောက် နာတာလီက အက်စတယ်လာနောက်ကို ညီမငယ်လေးတစ်ယောက်လို လိုက်ခဲ့သည်

"သူတော်စင် ကျွန်မမွေးနေ့ပါတီကို လာပေးလို့ ကျွန်မအရမ်းပျော်တာပဲ ကျွန်မ သူငယ်ချင်းတွေကို ရှင့်ဒီနေ့လာမယ်ဆိုတဲ့အကြောင်းကို ဘယ်လောက်တောင်ကြွားထားလိုက်သလဲဆိုတာကို ရှင်မသိလို့"
နာတာလီ ရဲ့စကားတွေကြောင့် အက်စတယ်လာရင်တွေ ခုန်လာခဲ့ရသည်
သာမန်လူတန်းစားကလဲဖြစ်တဲ့အပြင် သူတော်စင်တယောက်အနေနဲ့  အထက်တန်းစားလေဒီတွေနှင့် သူငယ်ချင်းလုပ်ရတာ အလွန်ရှက်ကိုးရှက်ကန်းဖြစ်စေသည်

အများစုက အက်စတယ်လာနှင့်ဆက်ဆံရတာ ခက်ခဲပြီး တစ်ချို့က သူမကိုလျစ်လျူရှု‌ပြီး မမြင်နိုင်တဲ့ တနေရာကိုရွေ့သွားကြသည်
ဒါပေမဲ့ နာတာလီကတော့ အက်စတယ်လာကို အမြဲလိုလို မလိုမုန်းထားမပါပဲ ဆက်ဆံလေသည်
နာတာလီ အက်စတယ်လာအနီးသို့လမ်းလျှောက်လာခဲ့သည်

"ရှင် ဥယျာဉ်ထဲက ရေကန်အသစ်ကို မြင်ပြီးပြီလား"
"ကျွန်မအခုထိ မကြည့်‌ရသေးဘူး"
"ဒါဆို ကျွန်မရှင့်ကိုလိုက်ပြမယ် ကျွန်မအဖေက ကျွန်မမွေးနေ့အတွက်လုပ်ပေးထားတာ ပြီးတော့လဲ ကန်ကို အဖြူရောင်ကျောက်တွေနဲ့ အလှဆင်ထားတာ နေရောင်အောက်မှာ အရောင်တလတ်လတ်နဲ့ တအားလှတာ"

နာတာလီမသိလိုက်မသိဘာသာနှင့် သူမရဲ့လက်မောင်းကို အက်စတယ်လာလက်မောင်းတွင်ချိတ်လိုက်သောအခါ အက်စတယ်လာမျက်နှာမှာ အနည်းငယ်ပူလာသလိုပင်

'ဒီလိုကျတော့လဲ ကောင်းတယ်လို့ခံစားရတယ်'
သူမဘေးတွင် မရပ်မနားပေါက်ပေါက်ဖောက်နေသော နာတာလီတစ်ယောက်သာရှိသော်လည်း တခြားကပွဲတွေနဲ့မတူပဲ ဒီနေ့ပွဲက ပိုပြီးပျော်စရာကောင်းသည်ဟုထင်လိုက်မိသည်

"ဒီဂါ၀န်က ကျွန်မအမေဆီကနေ လက်ဆောင်ရတာ လူး၀စ်‌ဗီရွန်ဆီမှာ ချုပ်တာ သူကအခုတလော နာမည်ကြီးတဲ့ အထည်ဆိုင်လေ ချုပ်ထည်၃၀၀ကျော်လောက်ရှိတယ် ရှင်ဘယ်လိုထင်လဲ" (ဒီမှာသုံးသွားတာက Louis Vuittonပါတဲ့ Authorက luxury brandနာမည်တွေကြီးထည့်သုံးပစ်တာ🤣)

"အရမ်းလှတာပဲ"
"ရှင်ဂါ၀န်က ဘယ်အထည်ဆိုင်ကချုပ်တာလဲ"
နာတာလီရဲ့ ရုတ်တရက် အက်စတယ်လာဂါ၀န်အကြောင်းမေးလာသောအခါ သူမပခုံး အနည်းငယ်တွန့်သွားမိသည် ဒါပေမဲ့ အက်စတယ်လာ တည်တည်ငြိမ်ငြိမ်နှင့်သာဖြေလိုက်သည်
သို့ရာတွင် သူမ ဒီခေတ်နောက်ကျနေတဲ့ဂါ၀န်ကြောင့် ရှက်စရာကောင်းသလိုခံစားရတာ အတော်ပင် ကြာနေခဲ့ပြီဖြစ်သည်

"ဒါက custom madeအထည်မဟုတ်ဘူး ဘုန်းတော်ကြီးဆီကနေ လက်ဆောင်အနေနဲ့ ရခဲ့တဲ့ဂါ၀န်ပါ"
"အိုး ကျွန်မသိပြီ"

နာတာလီ အက်စတယ်လာမသိလိုက်တဲ့ တစ်စုံတစ်ခုသူမသိလိုက်သလို ခေါင်းညိမ့်လိုက်သည်
ထို့နောက် တခဏအကြာတွင် သူမ စာကလေးငှက်လို တစ်ဖန်စတင်ပြီး ဗလုံးဗထွေးပြောပြန်သည်

"အိုး ကျွန်မအဖွားနဲ့အဖိုးက တိုရန်တိုနယ်ပယ်မှာ နာမည်အကြီးဆုံး အချိုမုန့်တွေ‌ လက်လက်ဆောင်အနေနဲ့ပို့လိုက်တယ် သူက အထဲမှာ ပျားရည်နဲ့လုပ်ထားတဲ့ ကွက်ကီးတစ်မျိုး ကျွန်မရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ ကျွန်မတို့  အတူတူ ကျွန်မအခန်းထဲမှာစားကြမလို့ ရှင်ရောကျွန်မတို့နဲ့အတူ စားအုမ်းမလား"

အက်စတယ်လာ တခဏတာလောက် တုံဆိုင်းမိသွားသည်
သူမက တရား၀င် ဘုန်းတော်ကြီးမဟုတ်သော်လည်း ဘုရားကျောင်းရဲ့ဩဝါဒဖြစ်တဲ့ သကြားအများကြီးပါ၀င်တဲ့ အချိုမုန့်တွေအပါအ၀င် တန်ဖိုးကြီး ဘယ်မုန့်ကိုမဆို စားသောက်ခွင့် ပိတ်ပင်ထားသည့် ဝါဒကို သစ္စာရှိရှိလိုက်နာသူပင်
သူမ အချိုတွေစားခဲ့တာတောင်အတော်ပင်ကြာခဲ့ပြီဖြစ်သည်

'ပျားရည် ပါတဲ့ ကွက်ကီးတွေ'
'သူမပါးစပ်မသိလိုက်မသိဘာသာနှင့် သရေကျမိသည်

ထပ်ပေါင်းပြောရရင် နာတာလီရဲ့မျှော်လင့်မှုအပြည့်နှင့်မျက်နှာက ဒီကနေ့အတွက် ထိုတင်းကြပ်တဲ့ ဩဝါဒကို ချိုးဖောက်ဖို့ ပြုလုပ်နေသည်
နွေးထွေးတဲ့နေရောင်အောက်မှာ အချိုမုန့်တွေစားပြီး စကားစမြည်ပြောတာကိုဘယ်လောက်တောင်ပျော်စရာကောင်းမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် သူမခံစားနိုင်ပေသည်
ဒါကြောင့် ချိန်ဆတွေးရင်း အက်စတယ်လာခေါင်းငြိမ့်လိုက်သည်

"ကြားရတာကောင်းသလိုပဲ"
နာတာလီ အက်စတယ်စလာရဲ့အဖြေကြောင့် တောက်ပစွာပြုံးလာခဲ့သည်

"သူတော်စင်သာ ကျွန်မနဲ့လိုက်လာရင် ကျွန်မသူငယ်ချင်းတွေကလဲ သဘောကျကျမှာသေချာတယ်"
"အဲ့လိုလား"
"ဒါပေါ့ လူတိုင်းက သူတော်စင်ကိုချစ်ကြတယ်လေ"

ထိုစကားတွေက အက်စတယ်လာမျက်နှာကို နီမြန်းလာစေသည်

နာတာလီရဲ့‌တလက်လက်တောက်နေတဲ့မျက်လုံးတွေက လိမ်နေပုံမရပေ

'ဟုတ်ပြီ လူကြီးတွေနဲ့မတူပဲ ငယ်ရွယ်တဲ့လေဒီအများစုက ငါ့အပေါ် ‌ပိုပြီးကောင်းတဲ့ သဘောထားရှိနေကြတာပဲ'

သို့သော်လည်း စိတ်လှုပ်ရှားစွာလမ်းလျှောက်လာရင်း အက်စတယ်လာ ရုတ်တရက် ရပ်လိုက်သည်
သူမကိုတွေ့ချင်လို့ ဒီကိုရောက်နေကြတဲ့ အစုအဝေးလိုက်ရှိနေတဲ့ လူအုပ်ကြီးကြောင့်ပင်

"သူတော်စင် ရှင်ကဒီမှာပဲ"

"ကျွန်တော် မင်းလာတယ်ဆိုတာ ကြားလိုက်တယ် ဒါပေမဲ့ ကျွန်တော် မင်းကိုမတွေ့လိုက်ဘူး ဒါကြောင့် တစ်ချိန်လုံးမင်းကို လိုက်ရှာနေတာ"

ထိုအထက်တန်းလွှာများကြားတွင် လေးနက်သောယုံကြည်မှုရှိသူများက အက်စတယ်လာနဲ့တွေ့တဲ့အချိန်တိုင်း စကားတစ်ခွန်းလောက်ပြောရဖို့အမြဲအားထုတ်ကြသည်
ပုံမှန်ဆိုရင် သူမက သူတို့ကို တည်တည်ငြိမ်ငြိမ်နဲ့နှုတ်ဆက်မည်ဆိုပေမဲ့ အခုတော့ အချိန်အခါတော့ ကောင်းမနေပေ

နာတာလီ သူမ၏မျက်နှာပေါ်တွင် ပူပန်နေသောအမူအရာဖြင့် အက်စတယ်လာအား တိုးတိုး‌လေးကပ်ပြောလိုက်သည်

"ရှင်အချိန်ယူပြီး သူတို့နဲ့ စကားပြောလိုက်ပါ ဒီအချိန်အတွင်း ကျွန်မက ကျွန်မအခန်းကိုသွားပြီး အဆင်သင့်ပြင်လိုက်မယ် ကျွန်မသူငယ်ချင်းတွေကို သူတော်စင်က လာပြီဖြစ်ကြောင်းပြောချင်လို့"
သူမ နာတာလီရဲ့လျင်မြန်စွာစဉ်းစားနိုင်မှုအတွက် ကျေးဇူးတင်မိသည်
အက်စတယ်လာ ပျော်ရွှင်မှုကို မဖျောက်ပဲ ခေါင်းညိမ့်လိုက်သည်

နာတာလီပျောက်ကွယ်သွားပြီးနောက် အက်စတယ်လာ သူမဘေးကလူတွေကို တယောက်ချင်းစီ လိုက်နှုတ်ဆက်လေသည်

"သူတော်စင် ကျွန်တော် မင်းဆီကနေ ကောင်းချီးရနိုင်မလား"
ကိစ္စအများစုကတော့ ထိုအတိုင်းပင်

အက်စတယ်လာ သူမလက်တွေကိုတူတူတွဲလိုက်ပြီး မျက်လုံးတွေမှိတ်ထားတဲ့ ထိုသူတွေ‌ဆီ ကောင်းချီးမင်္ဂလာစကားတွေ‌ ပြောကြားလိုက်သည်
ပုံမှန်ဆိုရင် သူမက သူတို့အပေါ် အလွန်အကဲ အာရုံစိုက်ထားလိမ့်မည်ဆိုပေမဲ့ ဒီနေ့တော့ သူမ စိတ်လွင့်နေလေသည်

'ငါ မစ်နာတာလီဆီ ဖြစ်နိုင်ရင်မြန်မြန်သွားချင်တယ်'
အစောက နာတာလီထွက်ခွါသွားတဲ့ ဦးတည်ရာကို အကြိမ်အနည်းငယ် ကြည့်လိုက်သည်
အချိန်အတော်ကြာပြီးတဲ့နောက် သူမနောက်ဆုံးမှာတော့ ထိုလူအုပ်ကြီးစီကနေ လွတ်မြောက်လာနိုင်ခဲ့သည်

"ကျွန်မတောင်းပန်ပါတယ် တစ်စုံတယောက်က ကျွန်မကိုစောင့်နေတယ် ဒါကြောင့်မို့ သွားခွင့်ပြုပါဦး"
သူမ အရင်ကထက် ပိုပြီးမြန်မြန်ပြီးဆုံးသွားနိုင်ခဲ့သော်လည်း ဒါပေမဲ့ အတော်လေး နှောင့်နှေးကြန့်ကြာနေဆဲပင်

အက်စတယ်လာရဲ့ခြေလှမ်းတွေက နာတာလီရဲ့အခန်းဆီသို့ရောက်လာသောအခါ ပိုပြီး စိုးရိမ်ပူပန်လာခဲ့သည်

'သူမကို အချိန်ကြာကြီးစောင့်အောင် လုပ်ခိုင်းမိလို့ ငါ သူမကိုစိတ်မကျေမနပ်ဖြစ်အောင်လုပ်မိသွားရင် ဘယ်လိုလုပ်မလဲ'
'ဖြစ်နိုင်တာက အချိန်အတော်ကြီးကြာသွားတာ နာတာလီနဲ့ သူ့သူငယ်ချင်းတွေ လဲ အချိုပွဲတွေစားပြီးလို့ ထွက်သွားလောက်ပြီထင်တယ်'
ထိုသို့သာဖြစ်သွားခဲ့ရင် သူမနည်းနည်းလောက် စိတ်မကောင်းဖြစ်မိမယ်လို့ သူမတွေးမိလိုက်သည်

အက်စတယ်လာ မြန်မြန်ဆန်ဆန်ပင် နာတာလီရဲ့အခန်းကိုရှာတွေ့သွားသည်
လေဒီတွေရဲ့ရီသံကို ကြားကြားချင်း အက်စတယ်လာရဲ့မျက်နှာမှာ တောက်ပလာခဲ့သည် အနည်းငယ် ပွင့်နေတဲ့တံခါးတလျှောက် အသံများထွက်နေရင်းပင်

'လူတိုင်းက ဒီမှာရှိနေတုန်းပဲ'

Продолжить чтение

Вам также понравится

3.1M 240K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
1.2M 62.8K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
803K 32.1K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
739K 31.5K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...