ဂန္တဝင်စနစ်

Autorstwa whiteLotus2k22

35.3K 2.6K 19

ဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချ... Więcej

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၃)
အပိုင်း (၅၄)
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉)
အပိုင်း (၆၀)
hello
အပိုင်း (၆၁)
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း (၆၇)
အပိုင်း (၆၈)
အပိုင်း (၆၉)
အပိုင်း (၇၀)
အပိုင်း (၇၁)
အပိုင်း (၇၂)
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
အပိုင်း (၉၀)
အပိုင်း (၉၁)
အပိုင်း (၉၂)
အပိုင်း (၉၃+၉၄+၉၅)
အပိုင်း (၉၆+၉၇+၉၈)
အပိုင်း (၉၉+၁၀၀)
အပိုင်း (၁၀၁)
အပိုင်း (၁၀၂)
အပိုင်း (၁၀၃)
အပိုင်း (၁၀၄+၁၀၅)
အပိုင်း (၁၀၆+၁၀၇)
အပိုင်း (၁၀၈)
အပိုင်း (၁၀၉+၁၁၀)
အပိုင်း (၁၁၁+၁၁၂)

အပိုင်း (၂၅)

328 27 0
Autorstwa whiteLotus2k22

ကျိုးချန်းကျီနှင် ကျောင်းလင်တို့ တစ်ဦးကိုတစ်ဦး သုန်မှုန်စွာကြည့်လိုက်ပြီးနောက် တိတ်ဆိတ်နေခဲ့ကြသည်။ ထိုအခါ အခန်းထဲမှ လေထု မှာတစ်မျိုးတစ်မည် ထူးဆန်းလို့လာခဲ့တော့သည်။

ချန်ထျန်းယို မျက်မှောင်ကြုတ်လျက် စိတ်မရှည်ဟန်ဖြင့် မေးလိုက်သည်။

"ဘာလို့စကားမပြာကြတာလဲ"

"စီနီယာ အမကျောင်း ဂုဏ်ယူပါတယ်"

"စီနီယာ မောင်လေး ဂုဏ်ယူပါတယ်"

ကျောင်းလင်နှင့် ကျိုးချန်းကျီတို့ အတူတစ်ကွပြောလိုက်ကြသည်ကို ကြားပြီး သူတို့၏ မျက်နှာများပို၍ ပင် အရုပ်ဆိုးလာကြသည်။

"နင်ကဘာကိုဆိုလိုတာလဲ"

"စီနီယာက ဘာကိုဆိုလိုတာလဲ"

လူနှစ်ယောက် ‌နောက်တစ်ကြိမ် အတူတူ မေးလိုက်ကြသည်။ သူတို့အားလုံး၏ စိတ်ထဲတွင် အခြားတစ်ဖက်က သူတို့ကို အရှက်ခွဲနေသည်ဟုထင်နေခဲ့ခြင်းပင် ဖြစ်သည်။ အခြားတစ်ဖက်က အဆင့်ချိူးဖျက်တက်သွားခဲ့ကာ ထိုလူက သူ့တို့ကို လာဂုဏ်ပြုခြင်းမှာ အရှက်ခွဲခြင်းပင်မဟုတ်ဘူးပေလော။

*ဘာလို့ တစ်ယောက်ယောက်ကိုတစ်ယောက် ဂုဏ်ပြုနေကြတာလဲဟ။*

ချန်ချင်းချင်းနှင့် ချန်ဟောက် တို့ ဤမြင်ကွင်းကိုကြည့်‌နေကြကာ ချန်ချင်းချင်းက လွှတ်ကနဲ့ မေးလိုက်မိတော့သည်။

"ရှင်တို့နှစ်ယောက်စလုံး အဆင့်မတက်သွားဘူးလား"

ထိုမေးခွန်းအားကြားရပြီးသောအခါ ကျောင်းလင်နှင့် ကျိုးချန်းကျီတို့ ကြက်သေသေသွားခဲ့သည်။ ထိုနှစ်ယောက်၏ မျက်နှာတွင် မယုံနိုင်ခြင်း၊ အံ့ဩခြင်း၊ ကြောင်အနေခြင်းများစွာ ရှိလို့နေတော့သည်။

"ကောင်းကင်ဘေးဒုက္ခက စီနီယာအမ ကျောင်းကြောင့်ဖြစ်တာမဟုတ်ဘူးလား ကျွန်တော်က ဘာတစ်ခုမှ အဆင့်မတက်ခဲ့ပါဘူး" ကျိုးချန်ကျီက အလျှင်အမြန်‌ပြောလိုက်သည့်စကားက ချန်ထျန်းယို၏ မျက်နှာကို ကြည့်ရဆိုးသွားစေသည်။

"ငါလည်းမဟုတ်ဘူး" ကျောင်းလင်သူမ၏ ခေါင်းကိုခါယမ်းလိုက်ကာ မျက်နှာမသာယာဖြင့် ပြန်ပြောလိုက်သည်။

"ငါက ဂျူနီယာမောင်လေးလို့ထင်နေတာ အခုမဟုတ်တော့ ကြည့်ရတာ တံခါးပိတ်ကျင့်ကြံနေတဲ့ စီနီယာဖြစ်မယ်ထင်တယ်"

ချန်းထျန်ယိုနှင့် အကြီးအကဲများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ သူတို့၏ မျက်နှာများမှာ ပို၍ အရုပ်ဆိုးလာတော့သည်။

ဝိညာဉ်အထူးပြုဂိုဏ်းမှ အကြီးအကဲများမှာ ဤ‌ဘေးဒုက္ခမှာ ရွှေဗဟိုနယ်ပယ်မှ သေမျိုးစွန့်ခွာခြင်းသို့ ချိုးဖျက်တက်ရောက်ခြင်းမဟုတ်သည်ကို သေချာနေကြသည်။ ယခု ကျောင်းလင်နှင့် ကျိုးချန်းကျီတို့က သူတို့မဟုတ်ဘူးဟု ငြင်းနေကြသောကြောင့် ကောင်းကင်ဒုက္ခကို ဖြစ်စေသည့် နောက်ကွယ်မှသူမှာ မည်သူနည်း။

"အဲ့တာချင်ကျင်းဖြစ်နေမလားမ..." ချန်ဟောက်ရုတ်တရက်ပြောလိုက်မိသည်။ သို့သော်လည်း  စကားလမ်းတစ်၀က်တွင် သာရပ်လိုက်သည်။

ချန်ချင်းချင်းသည် ချင်ကျင်း၏ အထူးအနေအထား ကိုသိလေကာ သူ့ကို ကတိပေးထားခဲ့၏။ ယခုချန်ဟောက်မှ ထုတ်ရာပြောနေသောကြောင့် သူ၏ အဖေမှာ သူမကို လုံး၀ မေးမြန်းတော့မည် ဖြစ်သည်။

ငတုံးစီနီယာအကိုကြီးးး

"မင်းကိုကယ်ခဲ့တဲ့ သူတွေကိုပြောတာလား" ချန်ထျန်းယို မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ကောင်းကင်ဘုံဘေးဒုက္ခကို တားဆီးဖို့အတွက် သူတို့ဂိုဏ်း၏ အကာအကွယ်ဖွဲ့စည်းပုံသည် နှစ်တစ်၀က်စာ ၀င်ငွေနှင့် ညီမျှသော မှော်ကျောက်တုံးများကို အသုံးပြုခဲ့ရသည်။ ယခု သူက ကောင်းကင်ဘုံဘေးဒုက္ခသည် အပြင်လူကြောင့် ဖြစ်နိုင်ဟည်ဟု ကြားနေရသောကြောင့် သွေးများဆောင့်တက်သွားသလိုပင် ခံစားလိုက်ရကာနှလုံး နာကျင်သွားရတော့သည်။

သူပို၍တွေးလေ ပို၍ပင် ဒေါသထွက်လာသဖြင့် ဒေါသတကြီးအော်ပြောလိုက်တော့သည်။

"သူတို့ကိုသွားခေါ်လာစမ်း"

"အဖေ၊ သူတို့အခု အနားယူနေကြတယ် ဒီကိစ္စကိုမနက်ဖြန်မှ ဆက်လေနော်" ချန်ချင်းချင်း ၀င်ပြောလိုက်သည်။ သူမက ချင်ကျင်းတို့ကို ခေါ်ရမည့်အစား သူမ၏ အဖေကို နောက်ပြန်ဆွဲနေမိသည်။

ရှဟို့အန်းလို လူသတ်သမားသည်တောင် တဂျီ၏ လက်တွင် ဇီဝိန်ချုပ်ခဲ့ရပြီး၊ မိုးပြာယစ်ပုလ္လင်မြို့မှ ချိန်းမိသားစုသည် အမှုန့်မကျန်အောင် ကမ္ဘာမြေမှ ပျောက်ကွယ်သွားခဲ့ရသည်။ သူမ ချင်ကျင်းသို့မဟုတ် တဂျီတို့ နှစ်ယောက်စလုံးက လူကောင်းများ ဟု နားလည်ထားသော်လည်း အခြားသူများမှာ သူမကဲ့သို့တွေးမည်မဟုတ်ချေ။

ချန်ထျန်းယို၏ယခုမျက်နှာ အနေအထားအရ ထိုလူနှစ်ယောက်တွေ့ခဲ့ပါက မကောင်းတာတွေဖြစ်လာနိုင်သေးသည်။

ထို့ပြင်....

ချန်ချင်းချင်းက သူမ၏ ဂိုဏ်းသည် ဝန်မခံချင်မသော်လည်း တဂျီ မှာအလွန်သန်မာလွန်းပြီး၊ ‌မဟာကောင်းကင်ဘုံခွေးလို မွန်းစတားဘုရင် ကဲ့သို့ သေမျိုးစွန့်ခွာခြင်းနယ်ပယ်အထက်မှ အထူး စွမ်းအားရှင်များကိုတော့ ရန်မပြုသင့်ပေ။ သူမ စိတ်ဝိညာဉ်အထူးပြုဂိုဏ်းသည် ချိန်းမိသာစုလို မြေပြန့်လွင်ပြင်ဖြစ်သွားမည်ကို အလွန် ပူပင်မိလေသည်။

"မရဘူး" ချန်ထျန်းယို ချက်ချင်းပင် ငြင်းပယ်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်အထူးပြုဂိုဏ်းသည် အပြင်လူအား ကောင်းကင်ဘုံဘေးဒုက္ခကို တားဆီးဖို့ ကူညီပေးခဲ့သည်အား တွေးမိတိုင်း သူ့နှလုံးမှ သွေးယိုစီးကျ သကဲ့သို့ ခံစားနေရသည်။

"အဖေ့သမီးရဲ့အသက်က ဘာမှမဟုတ်တော့ဘူးလား... အဖေ့ရင်ထဲမှာ သမီးရှိသေးရဲ့လား" ချန်ချင်းချင်းက မျက်ရည်ချူကာ ပြောလိုက်သည်။

ချန်ထျန်းယို ထိုစကားအားကြားလိုက်ရသောအခါမှ ရင်ထဲနာကျင်သွားရတော့သည်။ ချန်ချင်းချင်း၏ မိခင်သည် သူမငယ်ရွယ်စဉ်က ကံဆိုးစွာဖြင့် သေဆုံးခဲ့ရသောကြောင့် ဖတဆိုးသမီးလေးဖြစ်သော ချန်ချင်းချင်းကို သူအလွန်ဂရုစိုက်ခဲ့ရသည်။

ရှဟို့အန်းမှ ချန်ချင်းချင်းအား ဖမ်းခေါ်သွားသည်ဟုကြားလိုက်ရသောအခါ သူထိတ်ပြာသွားခဲ့ပြီး သတိမေ့မတတ်ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် ယခုချန်ချင်းချင်းပြောနေသည်ကို ကြားရသောအခါ သူ၏ နှလုံးသားက သူမ စကားကို ငြင်းဆန်ရန် မစွမ်းသာတော့ပေ။

"ကောင်းပြီ သူတို့ကို မနက်ဖြန်မနက်ကျမှ ခေါ်လာခဲ့လိုက်တော့" ဟု

ချန်ထျန်းယို ပြောလိုက်သည်။ အကြီးအကဲများက ငြင်းဆန်လိုဟန်ရှိကြသော်လည်း ဘာမှတော့ မပြောရဲကြပေ။

ကျိုးချန်းကျီနှင့် ကျောင်းလင်တို့သည် တစ်ဦး၏ သံသယများဖြင့် ပြည့်နေသော မျက်လုံးကို တစ်ဦးကကြည့်လိုက်သည်။

ဘယ်သူက ချင်ကျင်းတုန်းဟ

……

နောက်တစ်နေ့ နံနက်ခင်းတွင် ‌နေရောင်ခြည်သည် စိတ်ဝိညာဉ်မအထူးပြုဂိုဏ်း၏ ဂျောင်ဂျို ဂျောင်ကြား မကျန်အလင်းရောင် ကျရောက်လာခဲ့သည်။

ချင်ကျင်စ ဖြေးညင်းစွာမျက်လုံးဖွင့်ခဲ့လိုက်ပြီး၊  တစ်ညလုံးကျင့်ကြံနေခြင်းသည် သူ့ကို မအိပ်စေချင်ခဲ့ဘဲ အနည်းငယ်သာ ပင်ပန်းနေစေသည်။

ခရမ်းမိုးကြိုးသက်တန့်ကျမ်းသည် ကောင်းကင်အဆင့် ကျင့်ကြံခြင်း နည်းစနစ်တစ်ခုဖြစ်သည်။ ၎င်းအား တစ်ညတာ ကျင့်ကြံခြင်းသည်ကပင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အတော်အတန်တိုးပွား‌လာစေသည်။ သူသင်ယူခဲ့သော ချီသန့်စင်ခြင်း နည်းစနစ်နှင့် ယှဉ်ပါက ဆီနဲ့ရေသာဖြစ်ကာ စကားထဲထည့်ပြောဖို့တောင် မထိုက်တမ်ချေ။

ရိုးရှင်းစွာ ကိုယ်လက်သန့်စင်ပြီးနောက်တွင် ချင်ကျန်း အခန်းထဲမှ ထွက်လာခဲ့ပြီး ခြံ၀န်းထဲတွင် တဂျီနဲ့ မဟာကောင်းကင်ဘုံခွေးတို့ကို ချန်ချင်းချင်းနှင့် အတူတကွမြင်လိုက်ရလေသည်။

"ချင်ကျင်း နင်နိုးလာပြီးကိုး ဒါနဲ့ မနေ့ညက ကောင်းကင်ဘုံဘေးဒုက္ခက နင့်ကြောင့်ဖြစ်တာလား" ချန်ချင်းချင်းက ချင်ကျင်း၏ ရင်ဘက်မှ အ၀တ်စကို ဆွဲကာ တိုက်ရိုက်မေးလိုက်သည်။

"ကောင်းကင်ဘုံဘေးဒုက္ခ" ချင်ကျင်းအံ့အားသင့်သွားရသည်။ ယမန်နေ့ညက အမွေဆက်ခံခြင်းစွမ်းရည်ကြောင့် ကောင်းကင်ဘုံဘေးဒုက္ခ ဖြစ်သွားစေလောက်မည်ဟု သူမထင်ထားခဲ့ပေ။

ချန်ချင်းချင်း ဝိညာဉ်အထူးပြုဂိုဏ်းက စိတ်ဝိညာဉ်ကျောက်တုံးမည်မျှသုံးစွဲခဲ့ရကြောင်းကို အလျင်အမြန်ရှင်းပြလိုက်သည်။

"ငါနဲ့ဆက်နွယ်နေတာလား။ ငါရွှေဗဟိုနယ်ပယ်ကို ချိုးဖျက်သွားတာမဟုတ်ပါဘူး" ချင်ကျင်း အလွန်ရိုးသားဟန်ဖြင့်ပြောလိုက်သည်။

"မဖြစ်နိုင်တာ စိတ်ဝိညာဉ်အထူးပြုဂိုဏ်းတစ်ခုလုံးကိုစစ်ဆေးပြီးသွားပြီ၊ မနေ့ညက ဘယ်ဂိုဏ်းသားမှ ရွှေဗဟိုနယ်ပယ်ကို ချိုးဖျက်တာမဟုတ်ဘူးကော။ သေမျိုးစွန့်ခွာခြင်းနယ်ပယ်အတွက်ကတော့ ပိုလို့တောင်မဖြစ်နိုင်ဘူး" ချန်ချင်းချင်းအလန့်တကြားပြောလိုက်ကာ ဤကိစ္စက ချင်ကျင်းနှင့် တနည်းနည်းဖြင့် ပတ်သက်နေရမည်ဟု ခံစားနေရသည်။

ထိုအခါ ချင်ကျင်းအံ့ဩသွားခဲ့ပြီး ယမန်နေ့ည စွမ်းရည်အမွေခံနေတုန်းက တွေ့လိုက်ရသည့် မိုးကြိုးများအကြောင်းကိုပြန်တွေးမိကာ မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

"နတ်စွမ်းရည်ကို အမွေခံတာကလည်း ကောင်းကင်ဘုံဘေးဒုက္ခကိုဆွဲဆောင်နိုင်တာလား"

"နတ်စွမ်းရည်" ချန်ချင်းချင်း သရဲတစ်ကောင်အား မြင်လိုက်ရသည့်အလား မျက်လုံးများပြူးကျယ်သွားပြီး၊ ချင်ကျင်းကို သိလိုစွာဖြင့်ကြည့်နေမိလိုက်သည်။

အဲ့ဒီအချိန်မှာတော့ တဂျီက ဆွဲဆောင်မှုရှိသော အသံလေးဖြင့်

"ဟုတ်တယ် သခင်လေးက နတ်စွမ်းရည်ကို အခုလိုအရွယ်မှာတင် နားလည်သဘောပေါက်နိုင်တာ လုံး၀ကိုသာမန်မဟုတ်ဘူး"

ထိုစကားကို ကြားပြီးနောက် ချန်ချင်းချင်းသည် နတ်စွမ်းရည်အကြောင်းကိုပိုလို့ သိချင်လာမိတော့သည်။သို့သော်

"ကောင်းပြီ နင့်အဖေဆီငါ့ကိုခေါ်သွား... ငါလုပ်ခဲ့တဲ့ အရာကို ငါတာ၀န်ယူရမယ်" ချင်ကျင်း သူ့အင်္ကျီစကို ဝှေ့ယမ်းကာ ပြောသည်။ ယခုကိစ္စသည် သူနှင့် သင်္ကာမကင်းဖြစ်နေသောကြောင့် သူကလည်း ရှောင်ထွက်သွားမည်မဟုတ်ပေ။ အကယ်၍ ဝိညာဉ်အထူးပြုဂိုဏ်းအား ရှောင်ကျဉ်သွားခဲ့ပါက သူ၏ မာနကိုထိခိုက်စေကာ ကိုယ်ပိုင် ကျင့်၀တ်ကို ဖယ်သွေ သွားမည်ဖြစ်သည်။

ထို့ပြင် သူ့တွင် စိတ်ဝိညာဉ်ကျောက်တုံးလည်း တစ်တုံးမျှမရှိပေ။

ယခုသူသည် ခြေသလုံးအိပ်တိုင်သမားတစ်ယောက်ဖြစ်သည်လေ။

ထိုအခါမှ ချန်ချင်းချင်း စိတ်သက်သာရရသွားခဲ့သည်။ ချင်ကျင်း၏ ပွင့်လင်းစွာ ၀န်ခံမှုသည် ချင်ကျင်း အပေါ်သူမ၏ အမြင်များကို ပိုမိုကာ ကောင်းမွန် သွားစေကာ ချစ်ကျွမ်း၀င်ရုံမတတ်ပင် ဖြစ်နေတော့သည်။

ထို့နောက် ချင်ကျင်း၊ ခွေးတစ်ကောင်၊ တဂျီနှင့် ချန်ချင်းချင်းတို့သည် စိတ်ဝိညာဉ်အထူးပြုဂိုဏ်း၏ စုဝေးရာခန်းမသို့ ဦးတည်သွားလိုက်ကြသည်။

စုဝေးခန်းမသို့ သွားရာလမ်းတစ်လျှောက်တွင် ဂိုဏ်းသားများသည် သူ့ကို မယုံကြည်နိုင်ခြင်း၊ မနာလိုခြင်း၊ အေးစက်ခြင်း စသည်ဖြင့် ရှုပ်ထွေးသော ခံစားချက်များဖြင့်ပင် ကြည့်နေကြသည်။

"သူက မနေ့ညက ကောင်းကင်ဘုံဘေးဒုက္ခကိုဖြစ်စေခဲ့တဲ့သူလား"

"မဖြစ်နိုင်တာကွာ ငယ်လွန်းတယ်"

"စီနီယာ အကိုချန်ဟောက်တောင် သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး အဲ့တာ သူမှ သူဘဲဖြစ်ရမယ်"

"‌သူ့ဘေးနားက မိန်းကလေးက ချောလိုက်တာကွာ... စီနီယာအမ ကျောင်းနဲ့ ဂျူနီယာ ညီမလေး ချန်ချင်ချင်းတို့ ထက်တောင် အများကြိး ပိုချောသေးတယ်..."

"ဟုတ်ပါ့..."

ချင်ကျင်းပြုံးလိုက်ကာ သူ၏ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ် ပဉ္စမအလွှာသည် ထိုသူများ ပြောနေသည်များအားကြားနေနိုင်သည်။

ထို့နောက် သူ့အား အမြဲ စိတ်ပုပ်သော ချန်ဟောက်ကို ရှာပြီး သင်ခန်းပေးရမည်ဟု လည်းတွေးနေခဲ့သည်။

ချန်ချန်းချင်း ပျော်ရွှင်စွာဖြင့် ခုန်ပေါက်လျက် အားလုံးရှေ့မှဦးဆောင်နေတယ်။ သူမ၏ အမြင်တွင် ချင်ကျင်းသည် တတိယမင်းသားဖြစ်ကာ စိတ်ဝိညာဉ်ကျောက်တုံးများမရှားဟုဖြစ်ပြီး ဤမတော်တဆမှုအပြီးတွင် သူမ၏ အဖေနှင့် ချင်ကျင်း တို့သည် ပိုမို၍ နီးကပ်လာကြမည်ဟုတွေးထင်နေခဲ့သည်။

ထို့နောက် အရာအားလုံးသည် ချောမွေ့သွားမည်ဖြစ်သည်...

မကြာမှီ သူတို့ စုဝေးခန်းမထဲသို့ ရောက်လာကြတော့သည်။

စိတ်ဝိညာဉ်အထူးပြုဂိုဏ်း၏ စုဝေးခန်းမသည် အလွန်လှပတင့်တယ်ပြီး၊ ဤသို့ကြီးမားသောနန်းတော်ကြီးသည်လည်း ချင်ကျင်းကို အံ့အား သင့်သွားစေခဲ့ကာ ကောင်းကင်လနိုင်ငံ၏ မဟာဂိုဏ်းကြီးသုံးခုသည် မည်မျှအဆင့်မြင့်ကြောင်းကိုပြနေခဲ့သည်။

သာမန်မိသားစုများသည် ထိုသို့သော အဆောက်အဦးများအား တည်ဆောက်ရန် ရဲမည်မဟုတ်ချေ။

"မင်းက ရွှေဗဟိုနယ်ပယ်ကို ချိုးဖျက်သွားတဲ့ ချင်ကျင်းဆိုတာလား" ကျိုးချန်းကျီကအရင်မေးလိုက်သည်။ သူ၏ လေသံသည် အနည်းငယ်မာထန်နေသောကြောင့် ချင်ကျင်း ပင်နားမလည်နိုင်အောင်ဘဖြစ်သွားစေခဲ့သည်။ *ငါဒီဘဲနဲ့ရှုပ်ထားမိလို့လားဟ*

Czytaj Dalej

To Też Polubisz

341K 33.9K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
404K 59.8K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...
73.2K 6.6K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
54.5K 4.1K 186
စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင...