ALLURE (မောင့်ရဲ့ညို့ဓာတ်) (C...
Av wholeyou
717K 39.2K 697
"ကျစ်!! သွေးကြောနန်းတော်" "ငါ့ကိုမအော်နဲ့" Warning ⚠︎ ပွင့်လင်းတဲ့အသုံးအနှုန်းပါတာမို့ ကြိုပြောထားပါတယ်။ psy... Mer
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-11
Part-12
Part-13
Part-14
Part-15 ⚠︎
Part-16
Part-17
Part-18
Part-19
Part-20
ရှင်းလင်းချက်
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28 ⚠︎⚠︎
Part-29
Part-30 (Final)
ကျေးဇူးတင်လွှာ
New"
Part-10
22.7K 1.3K 19
Av wholeyou
ခရီးကပြန်ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလိုပဲ...အိမ်ပြန်ရောက်လို့မှမကြာ သွေးကြောနန်းတော်နဲ့ ကျွန်တော်လက်ထပ်တော့မယ်ဆိုပြီး ပြောလာတဲ့သား။
ပုံစံကသူမကို အသိပေးရုံပဲရှိပြီး ဆက်လုပ်ဖို့ရှိနေပုံ..သူမကတော့ သွေးကြောနန်းတော်နဲ့သားငယ်ကိုဘယ်လိုမှကိုသဘောမတူနိုင်။ ငယ်ငယ်တုန်းကကျ အကိုနဲ့ညိ..အခုကျတော့ညီနဲ့ ပြန်လာတာတောင်မကြာသေး..လက်ထပ်မယ်ထိပါဖြစ်နေပြီ။
"သားငယ် မာမီကတော့ သွေးကြောနန်းတော်နဲ့ သဘောကိုမတူနိုင်ဘူး"
ဧည့်ခန်းထဲမှာ သားအမိနှစ်ယောက်အကြည့်ချင်းစစ်ခင်းရင်း တော်တော်ကြာမှ သူမစီက ထွက်လာတဲ့စကား...။
"သဘောမတူလည်းကိစ္စမရှိပါဘူး မာမီ ကျွန်တော်အသေအချာဆုံးဖြတ်ပီးတဲ့ကိစ္စမို့ ဆက်လုပ်မှာပါ ပီးတော့ လက်ထပ်ပီးသွားရင်လည်း သွေးကြောနန်းတော်က ဒီအိမ်မှာလာနေမှာမဟုတ်ဘူး"
ရင်ကိုစုံကန်လိုက်သလိုပင်...သားငယ်က လက်ထပ်သွားရုံတင်မက သူမရဲ့ရင်ခွင်ထဲကပါ ထွက်သွားမယ်ဆိုတာကိုလက်မခံနိုင်သေး။
သွေးကြောနန်းတော်ဆိုတဲ့ကောင်ကိုတစတစထက်တောင်ပိုမုန်းလို့တောင်နေပြီ။ သားအမိတွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ခွဲသွားတဲ့ကောင်။ ယောကျာ်းတန်မဲ့နဲ့ ..
"မာမီ သဘောမတူဘူးလို့ပြောနေတယ် ကမ္ဘာခြံရံ မင်းလုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေလား"
"ကျွန်တော် မာမီတို့စီကနေ ခွဲထွက်သွားတဲ့ အသက်17နှစ်ထဲပါ အခု ကိုယ်တိုင်လည်း လုပ်ငန်းရှင်တယောက်ဖြစ်နေပြီဆိုတော့ ကိုယ်ချစ်တဲ့လူတောင် ယူလို့မရဘူးလား"
"လိင်တူချစ်တာကို မာမီတို့လက်ခံပေးနိုင်တယ် မင်းအကို သာကြည်ခြံရံတောင် အဲ့လိုမျိုးယူထားသေးတာပဲ မင်းယူရင်တောင် သွေးကြောနန်းတော်ကိုမယူရဘူး"
"ကျုပ်ကလည်း သွေးကြောနန်းတော်ကိုပဲ ယူမှာ မာမီ"
သားအမိတွေရဲ့စစ်ပွဲက တစ်စတစ်စ တော်တော်ကိုပြင်းထန်လာပြီ။
သွေးကြောနန်းတော်နဲ့ယူရင် သူအဲ့လိုတွေအများကြီး စကားပြောရမှာသိပေမယ့် ဒီလမ်းကိုပဲ ရွေးခဲ့တာ...။
သူမစကားကို ဆုံးအောင်နားထောင်ပြီးတာနဲ့ထွက်သွားတဲ့ သားကို မတားလိုက်နိုင်။ တော်ရုံ ကလန်ကဆန်လုပ်ခဲတဲ့ ကလေးက အဲ့သွေးကြောနန်းတော်ဆိုတဲ့တစ်ယောက်နဲ့ပတ်သတ်ရင် မရတော့။
'ဝူးးး'
စိတ်တိုတိုနဲ့ကားကိုလမ်းနဲ့ပွတ်ဆွဲပစ်လိုက်တော့ ထွက်လာတဲ့အသံကျယ်ကြီး။ ဒီနေ့စိတ်ကဘယ်လိုမှအဆင်မပြေ...ခရီးကပြန်ရောက်တည်းက သွေးကြောနန်းတော်က သူ့ကိုအဆက်အသွယ်တောင်မလုပ်။ သူကလည်းမလုပ်ဖြစ်။ လက်ထပ်တော့မယ့် လူနှစ်ယောက်လို့သာဆိုတယ် သူစိမ်းတွေလိုလုပ်နေကြတုန်း။
ဟိုကနေပြန်ရောက်ပြီးတည်းက သူ့စီကို လာတောင်မလာ‌တော့...အန်ကယ်အောင်မြင်စီမှာပဲ အလုပ်ပြန်ဆင်းတယ်တဲ့..ဒီကောင့်ကိုအရေးမပါသလိုလုပ်နေတာ။
ကားကို နန်းတော်companyဘက်သွားသည့်လမ်းကြောင်းပေါ်ဆွဲကွေ့ပစ်လိုက်သည်။ အိမ်သားကိုသွားတွေ့ရမှာ သူ့တာ၀န်မဟုတ်လား..ဟိုကရှက်နေတာပဲနေမည်။ ခရီးကပြန်လာတာတောင် ကိုယ့်ကို မျက်လုံးချင်းဆုံအောင်သိပ်မကြည့်...။ မသိရင် သူယူရမယ့် ယောကျာ်းက သရဲလိုလို ဘီလူးလိုလိုနဲ့..။
Companyထဲကိုရောက်တာနဲ့ ကားပါကင်မှာကားထိုးရပ်ပစ်လိုက်ကာ ရွှေရောင်စာလုံးတွေနဲ့ထုခတ်ထားသည့် နန်းတော်ဆိုသည့် ကုမ္ဗဏီကြီးက ထည်ထည်၀င့်၀င့်။ Companyထဲရောက်တာနဲ့ ဧည့်ကြိုကောင်မလေးတွေစီသွားကာ ..
"သွေးကြောနန်းတော်ကိုတွေ့ချင်လို့"
"ရှင်!"
"မင်းတို့ရဲ့ General manager "
"အော်ဟုတ်ကဲ့ ခဏလေးပါနော် ဖုန်းဆက်ခေါ်ပေးမယ်ရှင့်"
ဖုန်းကိုကိုင်ကာ ဘာတွေပြောနေလဲမသိ..
"ဘယ်သူလို့ပြောပေးရမလဲရှင်"
"မကြာခင်တော်ရတော့မယ့် ယောကျာ်းလို့"
"ရှင်!!!"
သွေးကြောနန်းတော်ရယ် နန်းတော်companyရယ်က လူတွေအဲ့လောက်အရစ်ရှည်မှန်းခုမှသိတယ်။ ဟိုတယောက်ကလည်း လာတွေ့ဆိုတွေ့လိုက်ပေါ့ ဘယ်သူလဲဘာညာကလျှာရှည်ပီးမေးနေသေးတယ်။ လာတွေ့ရင် သိရမှာပဲ...အဲ့တာတွေစိတ်ကိုမရှည်တာ။
ခဏနေတော့ ဆင်းလာပါပြီ...အသားရောင်ကုဒ်နဲ့၀မ်းဆက်လိုမျိုး စတိုင်အပွကိုပါ ၀တ်ထားကာ လူက သူ့ထက် ခေါင်းတလုံးစာပုသည့်အရပ်နဲ့ဆိုတော့ အ၀တ်ပွကြီးထဲ ၀င်နေတဲ့ကလေးလိုလို။ ဆံနွယ်အကောက်နက်တွေကတော့ ဝဲကနဲ..အမြဲ ဘယ်တော့မှ ဆံပင်မစည်းထားဘူး။ တော်တော်ရှိုးလုပ်ချင်နေတယ်။
"ကျုပ် ဒီမှာ!"
ဟိုရှာဒီရှာလုပ်‌ေနတာမို့ သူ့ဘက်ကနေ အရင်အသံစပေးလိုက်ရသည်။
"ဘာလာလုပ်တာ"
"ဟ...ကျုပ် အိမ်သားအလုပ်လုပ်တဲ့နေရာပဲ လာလို့မရဘူးလား"
"မင်းနော် ပိုင်စိုးပိုင်နင်းတွေ!!"
"ကျစ်!! သွေးကြောနန်းတော် ဟိုနိုင်ငံမှာလက်ထပ်မယ်လို့ ခင်ဗျားပြောပြတာ မမှတ်မိတော့တာလား မေ့ပစ်လိုက်ပီလား"
"ငါ..."
"ကျုပ်နဲ့ပတ်သတ်ရင်ဘယ်တော့မှအလေးမထားဘူး ‌ခင်ဗျား!! ကျုပ်ကလည်းအားနေလို့လာတာမဟုတ်ဘူး သွေးကြောနန်းတော် အန်ကယ်နဲ့အလုပ်ကိစ္စအကြောင်းလာပြောတာ"
သူစကားမှားသွားတာသိပေမယ့် ကောင်လေးငယ်က အဲ့လောက်ထိစိတ်တိုသွားမယ်မှန်းမထင်...။
သူတယောက်တည်းကျန်ခဲ့ရပြန်ပြီ။ တစက်လေးတောင်လှည့်မကြည့်ပဲ ကောင်လေးငယ်ကထွက်သွားတာကြောင့် သူ့မှာပြေးလိုက်ရတော့မလိုလို။ ဒီတိုင်း လက်ထပ်မယ့်ကိစ္စကို လက်လွတ်စပယ်မပြောချင်လို့ ပါးစပ်ထဲက ထွက်ဖို့၀န်လေးနေတုန်းပင်။
"အန်ကယ်"
"ဟာ ငါ့တူ လာလေကွာ sonကိုတွေ့ခဲ့လား"
"ဟုတ် ခုနလေးတင်ပဲ အန်ကယ်"
"သွေးကြောလေး ဘာဖြစ်တယ်မသိပါဘူးကွာ ငါ့စီမှာပဲ အလုပ်ပြန်၀င်မယ်ဆိုလို့ ယာယီ general manager ကို တခြားရာထူးပြောင်းပေးလိုက်ရတယ် မင်းနဲ့ပြဿနာတတ်ထားလာဆိုတော့လည်း မဟုတ်ဘူးတဲ့"
"ဟုတ်ကဲ့ ကျွန်တော်နဲ့တော့ ပြဿနာမတတ်ထားပါဘူး ဒါနဲ့ အန်ကယ် ရိုင်းတယ်လို့မထင်ပါနဲ့ အန်ကယ့် အလုပ်အားတဲ့ရက်လေးပြောပေးပါလား ကျွန်တော်လာခဲ့ချင်လို့"
"ဟေ"
"သွေးကြောနန်းဝောာ်ကို လက်ထပ်ချင်လို့လား"
"ဟေ!!"
ဒီတခါထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သည်အထိလန့်သွားတာက ဦးအောင်မြင်နန်းတော်...။ ဘယ်လိုတောင် ကိုယ့်သားကို ရုတ်တရတ်ကြီး လက်ထပ်မယ်လာပြောတာ မအံ့ဩပဲ နေမလား။
"သားငယ် ဒါနောက်စရာကိစ္စမဟုတ်ဘူးနော်"
"ကျွန်တော် တကယ်ပြောနေတာပါ အန်ကယ် သူနဲ့ကျွန်တော် ဟိုမှာတည်းက ကျွန်တော်လက်ထပ်ခွင့်တောင်းတာကို သူလက်ခံခဲ့ပါတယ်"
"ရုတ်တရတ်ကြီးကွယ်"
"မထင်မှတ်ပဲပါ အန်ကယ်"
"သားတို့ကမဟုတ်မှ..."
"ကျွန်တော် သွေးကြောနန်းတော်ကိုလက်ထပ်မယူ‌ရသေးတဲ့ထိ လက်နဲ့တောင်မထိပါဘူး"
"တဘ၀လုံးတန်ဖိုးထားပြီး ချစ်ခင်စုံမက်သွားမှာမို့ ကျွန်တော့်ကို သွေးကြောနန်းတော််ကို ယုံယုံကြည်ကြည်ပေးလိုက်နိုင်မလား"
"မဂ်လာပွဲ ချက်ချင်းကြီးလုပ်တော့မှာလား သားတို့က"
"ဖြစ်နိုင်ရင်တောင် မနက်ဖြန်လုပ်ချင်တာပါ အန်ကယ်"
"ဟေ.."
ဒီနေ့တနေကုန် အာမေဍိတ်သံတွေသာ ထွက်နေရတော့သည်။
"အိမ်သားအဖြစ် အရမ်းမြင်ချင်ပြီမို့ပါ ဒါပေမယ့် ကျွန်တော် မိသားဖသားပီပီ လာတောင်းချင်တာမို့ အန်ကယ် အားတဲ့ရက်လေးလာမေးတာပါ"
"အန်ကယ် အလုပ်ကိစ္စတွေနဲ့ညှိပြီး ငါ့တူကို ညကျလှမ်းဖုန်းဆက်လိုက်မယ် သဘောမတူစရာမရှိပါဘူးကွာ ငယ်ငယ်တည်းက မင်းသွေးကြောလေးကို ချစ်နေတာ အန်ကယ်သိပီးသားပါ"
အန်ကယ်အောင်မြင် ရယ်ကျဲကျဲပြောလာသည့်စကားတွေကြောင့် မျက်နှာကိုဘယ်နားထားရမှန်းတောင်မသိ။ အဲကွန်းခန်းထဲ ချွေးပြန်တယ်ဆိုတာ သူအမှန်တကယ်ဖြစ်နေပြီ။ အဲ့လောက်ထိတောင် သွေးကြောနန်းတော်ကို ချစ်တဲ့အချစ်က ‌ဘေးလူတွေပါမြင်ရတဲ့အထိဆိုပေမယ့် သွေးကြောနန်းတော်ကတော့ မမြင်။
"ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါအုံး"
ရုံးခန်းထဲက ထွက်သွားတဲ့ကလေးက ငယ်ငယ်ကနဲ့မတူ ခန့်ညားတဲ့အရပ်ကြီးက မော့ကြည့်ရတဲ့အထိ နိုင်ငံခြားမှာနေခဲ့တဲ့လူမို့လို့ international အရပ်လို့တောင်ပြောလို့ရသည်။ သားနဲ့တွေ့တာ ရက်ပိုင်းပဲရှိသေးတာတောင် ချက်ချင်းကြီးလာတောင်းတယ်ဆိုတော့ နိုင်ငံခြားမှာဘယ်လိုတောင်အဆက်အသွယ်လုပ်ခဲ့လဲမသိ...။
သားကလည်း ဒီအကြောင်းနဲ့ပတ်သတ်ပြီး တခွန်းတောင်မဟ။ ‌
'ဒုန်း'
"အာ့!!"
"ကျစ်!!"
အသံနှစ်ခုက တဆက်တည်းထွက်လာကာ ကျွန်းနက်ရောင်တံခါးပိတ်သံ ဒုန်းခနဲပါတပြိုင်တည်းထွက်ပေါ်လာတော့သည်။
"ဘာလုပ်နေတာလဲ တံခါးရှေ့မှာ"
"ဟို..."
"တဟိုဟိုနဲ့ ဘာဖြစ်နေတာလဲ"
"မင်း ဒယ်ဒီ့ကိုဘာတွေသွားပြောလိုက်တာလဲ"
"ဒီမှာ သွေးကြောနန်းတော် ကြားရင်ကြားတဲ့အတိုင်းနေပေါ့ မေးမနေနဲ့ ကျုပ် စကားအများကြီးမပြောချင်ဘူး"
"အဲ့လိုမဟုတ်"
"သိထားဖို့က ကျုပ် အလိုလိုက်တိုင်း ကမ်းတက်မလာနဲ့ ကျုပ်လည်းမာနနဲ့ကောင် ခင်ဗျားနဲ့မှ..တောက်!! ကျစ်!!"
ကောင်လေးငယ်က အမြဲတမ်းစိတ်တိုနေတာကြီးပဲ။ သူ့ကိုတွန်းတိုက်ပြီး ထွက်တော့မသွားပေမယ့် ဒေါသတကြီးထွက်သွားတာက သူ့ဘေးနားက လေတွေတောင် ပိုအေးလာသလို။ ကောင်လေးငယ် စိတ်တိုမိအောင် သူအမြဲလုပ်မိနေသလား။
လက်ထပ်တယ်ဆိုတာ လူနှစ်ယောက်မချစ်ပဲနဲ့ ပြုလို့ရတဲ့ကိစ္စတစ်ခုထင်ပါရဲ့...
သူနဲ့ကောင်လေးငယ်က တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်စုံမက်ခြင်းမရှိပါပဲနဲ့ အိမ်ထောင်သည်ဘ၀ကိုတောင်ရောက်တော့မှာတဲ့လား။
"အော်..သားငယ်က အခန်းရှေ့မှာလား"
ရုံးခန်းထဲကဒယ်ဒီထွက်လာတဲ့အထိ နန်းတော် ဒီနေရာကနေ တဖဝါးမှမခွာရသေး။
"ပြောပါ ဒယ်ဒီ"
"Son လက်ထပ်တော့မယ်ဆို"
"ဗျာ!!"
သူတကယ်အလန့်တကြားဖြစ်သွားရတာအမှန်...ကောင်လေးငယ် ခုနကဘာတွေသွားပြောလိုက်တာပါလိမ့်။ အလုပ်ကိစ္စလို့ ရိုးရိုးရှင်းရှင်းထင်ခဲ့တဲ့ သူက ခုမှပဲ ကောင်လေးငယ်ရဲ့ပရိယာယ်စကားတွေကို‌ကြားယောင်လာမိတော့တယ်။
'ဒီမှာ သွေးကြောနန်းတော် ကြားရင်ကြားတဲ့အတိုင်းနေပေါ့ မေးမနေနဲ့ ကျုပ် စကားအများကြီးမပြောချင်ဘူး'
"ကျွန်တော်..."
"ခြံရံလေးနဲ့ တကယ်ပဲလက်ထပ်ချင်တာလား Son မင်းရဲ့မွေးစားအဖေတစ်ယောက်‌အနေနဲ့ မှန်ကန်တဲ့လမ်းကိုရွေးချယ်စေချင်တယ်"
"ကမ္ဘာခြံရံကဘာတွေပြောသွားလို့လဲ ဒယ်ဒီ"
"Sonကို ဒယ်ဒီ့စီမှာလာတောင်းသွားတယ်"
"ဗျာ!!"
တကယ်ကြီးဘယ်လိုတောင် စိတ်တိုနေတဲ့လူက အဲ့ကိစ္စကိုလုပ်သွားတာလဲ..သူ့ကိုတောင်တချက်အသိမပေးပဲနဲ့..။ လူကိုလည်း အခန်းထဲကထွက်ထွက်ချင်း ဇွတ်အော်သွားတာ..တံခါးနဲ့ဆောင့်မိလို့ နဖူးနာ‌တာတောင်ဘယ်ရောက်သွားမှန်းမသိ။
"ဒယ်ဒီ့သဘောထားကရော"
"ဒယ်ဒီဘက်က sonသဘောထားပါ ကိုယ်ရေးကိုယ်တာလောက်အထိ ဒယ်ဒီ၀င်မစွတ်ဖက်တော့ဘူးကွာ sonလည်း အရွယ်ရောက်နေပြီမို့ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ဆိုတာရှိပါတယ်"
မွေးစားအဖေဆိုပေမယ့် သွေးကြော‌အပေါ်အပြည့်အ၀နားလည်ပေးပြီး အဖေရင်းတစ်ယောက်လို ချစ်ပေးတာမျိုးဆိုတာ ဒယ်ဒီ့လိုလူမျိုးပင်။ ငယ်ငယ်တည်းကချုပ်ချယ်တာဘာညာမရှိ..သူ့ရဲ့နေထိုင်မှုပုံစံ လိင်နှစ်သက်မှုကအစ ဘာမဆိုခွင့်ပြုထားတာမို့ အနေအထိုင်ကျဉ်းကျပ်ခဲ့သည်ဆိုတာမရှိ။
"အော် ခြံရံလေးက ပြောလိုက်သေးတယ် သားကို သန်ဘက်ခါ လာတောင်းမယ်တဲ့"
ဒီတခါတော့ မျက်လုံးပြူးရုံသာတတ်နိုင်တော့သည်။
ကမ္ဘာခြံရံက ဘာတွေလုပ်နေပါလိမ့်..တစက်လေးမှလေ လူကိုမတိုင်ပင်ပဲ။ မသိရင် လက်ထပ်မယ့်လူက သူမဟုတ်သလို။
နေ့လည်က ဒယ်ဒီနဲ့စကားဘာ‌ညာပြောပြီး တင်ပြချက်တွေဖတ်နေတာဘယ်ချိန်ထိရောက်နေပြီလဲတောင်မကြည့်မိ..အခုမှ ကြည့်မိတော့ တော်တော်ကိုနောက်ကျနေပြီ။ ဒယ်ဒီက ညနေတည်းကစောပြန်နှင့်ပြီမို့ သူတစ်ယောက်တည်း ကိုယ့်ရုံးခန်းထဲမှာကိုယ်ရှိနေတာပင်။
သန့်ရှင်းရေးဦးလေးကြီးကလည်း မီးဖွင့်ထားရင် လူရှိမှန်းသိတာမို့ လော့ချတာဘာညာမလုပ်။
သိမ်းစရာရှိတာသိမ်းပြီး အလုပ်စားပွဲရှင်းနေတုန်း တဒီဒီ မြည်လာတဲ့ဖုန်း...
"ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ ကျေးဇူးပါ"
တဖက်က ဆက်လာတဲ့ဖုန်းက ကမ္ဘာခြံရံဆိုပေမယ့် ပြောနေတဲ့လူက သူမဟုတ်။ ဝိတ်တာလတစ်ဦးထင်သည်..ဒီဖုန်းပိုင်ရှင် အရမ်းမူးနေလို့ လာခေါ်ပေးပါဆိုပြီးပြောတာမို့ သိမ်းစရာရှိတာတွေမြန်မြန်သိမ်းကာ walletနဲ့ကားသော့ဆွဲပြီး ‌ဘားစီဦးတည်ရသည်။
"အေ့...သွေးကြောနန်းတော် ခင်ဗျားဗျာ ကျုပ်ကိုဆိုဘယ်တော့မှအလေးအနက်မထားဘူး"
မူးရူးပြီး ဘားမှာအော်ဟစ်‌ေနကာဘေးမှာလည်းပတ်ပတ်လည်ကောင်မလေးတွေနဲ့...။
"ကမ္ဘာခြံရံ"
"အေ့ ကျုပ်ရဲ့အမျိုးသားလေးပါလား"
"ဘာ!!"
"ဖြည်းဖြည်းပေါ့ဗျာ အသည်းအသက်ကလည်း"
ကမ္ဘာခြံရံ ဘယ်လိုတွေတောင်ခေါ်နေတာလဲ သူ့ကို..တကယ်ပံ အဲ့နာမ်စားကြီးက တခါတည်း သူ့မျက်နှာကို အနီရောင်လေးရှပ်ပြေးသွားစေတော့သည်။
"ငါတကယ်စိတ်ဆိုးမိတော့မယ်"
နေချင်သလိုနေခဲ့တော့...သူ့ဘေးနားက ကောင်မလေးတွေက ကိုယ့်ကိုဝိုင်းကြည့်နေကာ တီးတိုးပြောနေတာကြောင့် အရှက်ပိုလာရသလို အသက်ရူလည်းကြပ်လာတာအမှန်။
"စိတ်ကြီးပဲအသည်းအသက်ကလည်းကွာ..ရွှတ်!!"
လှည့်ထွက်ပစ်လိုက်တာနဲ့ လူကို နောက်ကနေ တင်းနေအောင် သိုင်းဖက်ပစ်ပြီး ပါးကိုလှမ်းနမ်းတာကြောင့် လူကတောင့်ခနဲ။ သူသာဒီနေရာမှာမရှိရင် ကောင်လေးငယ်က တခြားလူကိုနမ်းမှာလား။
ရှက်တဲ့စိတ်အပြင် ၀မ်းနည်းတဲ့စိတ်လေးကပါ မသိမသာ တိုးလျှိုး၀င်ရောက်လာတော့၏။
"သူရိန် ပိုက်ဆံရှင်းထားခဲ့လိုက် ငါအရင်ပြန်နှင့်မယ်"
သွေးကြောနန်းတော်ကို ကောက်ပွေ့ချီကာ ဘားထဲမှ ခပ်‌မြန်မြန်ထွက်လာတာတောင်ဘနောက်ပါးက ဝိုးခနဲ ဝါးခနဲ အော်သံတွေက ကျယ်ကျယ်လောင်လောင်။
"ငါ့ကိုအောက်ချပေး"
"ကျစ်!! "
သူ့စိတ်တိုင်းကျ ကားနားမရောက်ခင် အောက်ချပေးလိုက်တော့သည်။
အောက်ချပေးလိုက်တာနဲ့ ဇိုးခနဲ ဇက်ခနဲ လှည့်ထွက်သွားတဲ့လူရဲ့လက်ကောက်၀တ်ကိုလိုက်ဆွဲရသည်။
"ဘာဖြစ်တာလဲ"
"ဖယ် လွှတ်"
"ကျစ်!! သွေးကြောနန်းတော်"
"ဘာလဲ ငါ့ကိုလာမအော်နဲ့"
"ဘာဖြစ်နေတာလဲလို့ ကျုပ်မေးနေတယ်လေ"
"ဘာလို့ပွေ့ချီပစ်လဲ ခုနကတော့ မူးနေပြီးတော့"
ပြဿနာရှာတာ ဒါကြောင့်ပေါ့...။
သွေးကြောနန်းတော်က ရစ်စရာမရှိတာကြံဖန်ရစ်နေတာ...
"ဟုတ်ပြီဗျာ ခင်ဗျားမကြိုက်ရင် ကျုပ်မချီဘူး"
"ငါပြန်ပြီ"
"နေဦး ကျုပ်လိုက်ပို့မယ်"
"နေစမ်းပါ ငါအမူးသမားမောင်းတဲ့ကားမစီးနိုင်ဘူး"
"အစကတော့မူးနေတာပဲ အခုတော့ ဒီကောင်ဘာသောက်ခဲ့လဲတောင်ပြန်မေးရတော့မယ် မမူးတော့ဘူး စကားမရှည်နဲ့တော့ တက်!!"
ညနေကမှအသစ်၀ယ်ထားတဲ့ 2025 Volkswagen Passat စိမ်းပုပ်ရောင်ကားရဲ့lover seatဘက်ကို တံခါးဖွင့်ပေးလိုက်သည်။
"ဒါကားအသစ် ဘယ်လိုနေလဲ "
"မဆိုးပါဘူး"
"အင်း"
စိတ်ဆိုးနေမှန်းသိလို့ စကားလမ်းကြောင်းရှာကြည့်ပါတယ်။ အကန်ကြီးပဲ ပြောနေတော့ တကယ့်ကို ချောင်ပိတ်နေလားအောက်မေ့ရသည်။
"လက်ထပ်ဖို့ကိစ္စဘယ်လိုတွေးထားလဲ"
"......"
"ကျုပ် ခင်ဗျားမျက်နှာလေးကို မနက်တိုင်းမြင်ချင်ပြီ"
"မင်းဘယ်လိုစီစဉ်ထားလဲ"
"ခင်‌ဗျားကိုလာတောင်းမယ် ပြီးရင် ဒီမှာတပွဲလုပ်မယ် ခင်ဗျားစိတ်ကူးထဲကသွားချင်တဲ့နိုင်ငံမှာ တပွဲလုပ်မယ် အဲ့မှာပဲ ဟန်းနီးမွန်းထွက်လိုက်မယ်လို့စီစဉ်ထားတယ်"
"ကမ္ဘာခြံရံ.."
"ပြော"
လူကို‌ထူးတာများလေသံမာမာနဲ့...နည်းနည်းလေးမှလျှော့ပေးလို့မရ..။
"ငါ့ကိုတကယ်လက်ထပ်ချင်ရဲ့လား"
"ဘာဖြစ်ပြန်ပြီလဲ ခင်ဗျားရာ"
လမ်းတ၀က်မှာကားကိုရှင်းတဲ့နေရာဘက်ကပ်ရပ်လိုက်ပြီး မေးခွန်းအကြီးကြီးတွေမေးနေတဲ့သူဘက်မျက်နှာချင်းဆိုင်လှည့်လိုက်သည်။
"လက်ထပ်တယ်ဆိုတာ တဘ၀လုံးအဲ့လူကိုပဲပေါင်းသင်းပြီး ချစ်ခင်မြတ်နိုးစုံမက်သွားပါမယ်ဆိုတဲ့ချည်နှောင်ခြင်းပဲ ကျုပ် ခင်ဗျား လွယ်လွယ်နဲ့အဲ့ကတိပေးလိုက်ရအောင် ရူးနေတဲ့ကောင်မဟုတ်ဘူး"
"ငါတို့နှစ်ယောက်ကချစ်မှမချစ်တာ"
တွေတွေဝေဝေလေးပြောလာတဲ့ပုံက အသည်းယားစရာ...အသားကဖြူအုနေတာကြောင့် နှာထိပ်လေးကနီစွေးစွေး။ မျက်မှန်တပ်တာ သူမကြိုက်ဘူးဆိုပြီး ဟိုတခါ မျက်ကပ်မှန်တပ်ခိုင်းထားတည်းက မျက်နှာလေးက ရှင်းရှင်းနဲ့ ကြည့်ရကောင်းနေသည်။
"ချစ်မှလက်ထပ်ရတာမဟုတ်ဘူး သွေးကြောနန်းတော် ခုနက ကျုပ်ပြောလိုက်တဲ့စကားထဲက ချစ်ခင်စုံမက် တယ်ဆိုတာကိုဖြုတ်လိုက် ခင်ဗျားကအဓိပ္ပာယ်ကောက်လွန်းတယ်"
"ကောင်လေးငယ်အတွက် ငါကလွယ်လွန်းနေလား"
"ကျစ်!! ခင်ဗျားရာ ဒါတွေပြောဖို့စောလွန်းသေးတယ်မထင်‌ဘူးလား ခင်ဗျား နောက်မှလက်ထပ်ချင်တယ်ဆိုလည်း ကျုပ်မတားပါဘူး "
"....."
"ခင်ဗျားသဘောပဲ ဟုတ်ပြီလား သွေးကြောနန်းတော် သဘောပဲ"
ကားကို စက်ခဏသတ်လိုက်ပြီး အပြင်ခဏထွက်ကာ စီးကရက်ဖွာပစ်လိုက်သည်။ လူကစိတ်ပင်ပန်းတာကပိုများနေသည်။ အချစ်မှာအရူးအမူးကျရူံးမိလို့ ငိုကြွေးနေရအောင် ဆယ်ကျော်သက်ကလေးလည်းမဟုတ်‌တော့..။
ကားထဲကလူကိုတော့ ခဏလောက် လျစ်လျူရူထားလိုက်၏။ နေချင်သလိုသာနေတော့...သူကတော့ ခံစားချက်မရှိသလိုနဲ့ အမှတ်မရှိတဲ့ ဒီကောင်ကပဲ ပင်ပန်းရတာ။
'ကျုပ်တို့နီးစပ်ဖို့လိုသေးတယ်ပါရဲ့ ခင်ဗျားရယ်'
Next chapter
A/N ယောက္ခထီးကို သွားပြောတဲ့ပုံကို လက်လန်နေပါပြီ
Zawgyi
'ဝူးးး'
"ရှင်!"
"ရှင်!!!"
"ကျုပ် ဒီမှာ!"
ဟိုရှာဒီရှာလုပ်‌နေတာမို့ သူ့ဘက်ကနေ အရင်အသံစပေးလိုက်ရသည်။
"ဘာလာလုပ်တာ"
"ငါ..."
"အန်ကယ်"
"ဟေ"
"ဟေ!!"
"ရုတ်တရတ်ကြီးကွယ်"
"မထင်မှတ်ပဲပါ အန်ကယ်"
"သားတို့ကမဟုတ်မှ..."
"တဘ၀လုံးတန်ဖိုးထားပြီး ချစ်ခင်စုံမက်သွားမှာမို့ ကျွန်တော့်ကို သွေးကြောနန်းတော်ကို ယုံယုံကြည်ကြည်ပေးလိုက်နိုင်မလား"
"ဟေ.."
'ဒုန်း'
"အာ့!!"
"ကျစ်!!"
"ဟို..."
"အဲ့လိုမဟုတ်"
"ပြောပါ ဒယ်ဒီ"
"Son လက်ထပ်တော့မယ်ဆို"
"ဗျာ!!"
"ကျွန်တော်..."
"ဗျာ!!"
"ဒယ်ဒီ့သဘောထားကရော"
မူးရူးပြီး ဘားမှာအော်ဟစ်‌နေကာဘေးမှာလည်းပတ်ပတ်လည်ကောင်မလေးတွေနဲ့...။
"ကမ္ဘာခြံရံ"
"ဘာ!!"
"ငါ့ကိုအောက်ချပေး"
"ကျစ်!! "
"ဘာဖြစ်တာလဲ"
"ဖယ် လွှတ်"
"ငါပြန်ပြီ"
"ဒါကားအသစ် ဘယ်လိုနေလဲ "
"မဆိုးပါဘူး"
"အင်း"
"......"
"ကမ္ဘာခြံရံ.."
"ပြော"
"....."
Next chapter
Fortsätt läs
Du kommer också att gilla
1M 11.2K 101
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
297K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
376K 9.2K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."