ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်က...

Bởi Cora0411

1.6M 235K 8.6K

Title - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and E... Xem Thêm

Description
Chapter 1✰Edited
Chapter-1.1
Chapter 1.2
Chapter 2✰Edited
Chapter 2
Chapter 3✰Edited
Chapter 3
Chapter 4✰Edited
Chapter 4
Chapter 5✰Edited
Chapter 5
Chapter 6
Chapter 7✰Edited
Chapter 7
Chapter 8✰Edited
Chapter 8
Chapter 9✰Edited
Chapter 9
Chapter 10✰Edited
Chapter 10
Chapter 11✰Edited
Chapter 11
Chapter 12✰Edited
Chapter 12
Chapter 13✰Edited
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84 (Final Chapter)
Extra 1.1:Later Story-နောက်ဆက်တွဲ/ေနာက္ဆက္တြဲ
Extra 1.2: Later Story 2
Extra 1.3: Later Story 3
Extra 1.4: Later Story4-နိုင်ငံ့CPကိုတရားဝင်ကြေညာခြင်း
Extra 1.5: Later Story - လက်ထပ်ပွဲ/လက္ထပ္ပြဲ
Extra 2.1: သဝန်တိုခြင်း/သဝန္တိုျခင္း
Extra 2.2: လောင်ကုန်း/ေလာင္ကုန္း
Extra 3.1: အချိန်မီပြန်သွားလို့ တစ်ဖန်ပြန်လည်တွေ့ဆုံကြမယ်!
Extra 3.2: ပျော်ရွှင်မှုက နေရာတိုင်းမှာ
ကျေးဇူးတင်လွှာ💓

Chapter 6✰Edited

11.7K 1.3K 57
Bởi Cora0411

Unicode

Chapter 6 : လက်ထပ်မဲ့အကြောင်းပြောကြမယ်

ခန်းမထဲမှာ ဖော်မြူလာက တစ်ကြောင်းချင်းစီစာရင်းပြုခံထားရပြီး ကျင်ရွှင့်လက်ရေးက သေသပ်ကာလှပလို့နေသည်။

ပထမဆုံးအကြည့်တစ်ချက်နဲ့တင် ၎င်းက စံထားရတဲ့လက်ရေးဆက်လက်ရေးနဲ့တူကာ သူကမရေးခင် စဉ်းစားဖို့တောင် လုံးဝမလိုအပ်ဘဲ ချောချောမွေ့မွေ့ရေးနေသလိုပင်။

သို့ရာတွင် တကယ်တမ်းတော့ ကျင်ရွှင်ရေးလိုက်တာတွေက လက်ရှိလူတွေအား ထပ်မံရှော့ခ်ရသွားစေပြန်၏။

အစမှာတုန်းက ကျင်ရွှင်က မသိစိတ်အလျောက် အချို့အဆင့်အနည်းငယ်ကို ချန်ထားခဲ့တာကြောင့် အဲ့ဒါကအတော်အသင့်ရိုးရှင်းကာ နားလည်လွယ်သည်။

နောက်ပိုင်း သူရေးတာတွေက  ပိုပိုပြီးရှုပ်ထွေးကာလေးနက်လာသည်၊ ဖော်မြူလာကိုကြည့်ရင်းနဲ့ ဖြစ်စဉ်ကို ရိုးရိုးရှင်းရှင်းနားလည်ရန် လူအများအပြားအတွက်ခက်ခဲလာသည်။

ထန်းကျင့်ယွမ်က မနေနိုင်တော့ဘဲ သူ့ခေါင်းရဲ့နောက်ဘက်ကို ထိကိုင်ကာ
“ ဘာတွေဖြစ်သွားတာလဲ? ငါအစကတော့ နားလည်သေးတယ် ဒါပေမဲ့ တတိယမြောက်စာကြောင်းကနေစပြီး ငါဘာမှမသိတော့ဘူး…”

ယန်ယိလည်းပဲ ပြောစရာစကားမဲ့နေသည်။
“ ဒါဆို မင်းကမှငါ့ထက်ပိုကောင်းသေးတယ်။ ငါကဒုတိယမြောက်စာကြောင်းကနေ နားမလည်တော့တာ”

သူတို့နှစ်ဦးနဲ့တူညီစွာခံစားနေရတဲ့ လူအများကြီးရှိလေသည်။ နောက်ပိုင်းမှာ သူ့အတွေးအခေါ်တွေကို ဆက်ထိန်းထားနိုင်တဲ့ ပရော်ဖက်ဆာဟို့ကလွဲလို့ အတွက်အချက်စွမ်းရည်ကျွမ်းကျင်တဲ့သူတွေတောင်မှ သူ့အတွေးအခေါ်တွေကို အမီလိုက်မနိုင်တော့ပေ။

သိပ်မကြာခင်မှာပဲ ကျင်ရွှင်က ဖော်မြူလာအားလုံးကို ရေးလို့ပြီးသွားခဲ့ပြီ။

သူ့ဘာသာသူ ပြန်စစ်လိုက်ပြီး ဘာပြဿနာမှမရှိတော့ဘူးလို့ ခံစားရကာ သူ့အတွေးတွေအားလုံးကို ပြီးပြည့်စုံစွာဖော်ပြလို့ပြီးခဲ့လေပြီ။ အဲ့နောက် ကျင်ရွှင်က အခြားသူတွေအားပြလိုက်ကာ
“ ဒါက ယေဘုယျဖြစ်စဉ်ပါ။ ဒီပုံစံငယ်ကို ဒီalgorithmမှာ သုံးလို့ရနိုင်ပါတယ်”

သွယ်လျတဲ့လက်ချောင်းလေးတွေက နို့နှစ်ဖြူရောင် ပလတ်စတစ်မင်တံကို ကိုင်ထားကာ ကျင်ရွှင်ရဲ့နှုတ်ခမ်းထောင့်လေးတွေက ခပ်ရေးရေးကွေးတက်နေပြီး သူ့မျက်ခုံးတွေကလည်း ညင်သာသိမ်မွေ့လျက် ပြုံးယောင်သန်းနေကာ ယုံကြည်ချက်ရှိပေမဲ့ မောက်မာမှုတို့ရှိမနေ။

အစတုန်းက ပုံစံငယ်ကို သူ့နှလုံးသားထဲမှာပဲ ပုံဖော်ကြည့်နေခဲ့ပေမဲ့ သူမင်တံကို ကောက်ကိုင်လိုက်တဲ့အချိန်မှာပဲ ကျင်ရွှင့်ရဲ့အတွေးတွေက အပြည့်အဝကို အလုအယက်ပေါက်ကွဲထွက်ပေါ်လာသည်။

ဒီခေါင်းစဉ်က အမှန်တကယ်ပင် သူ့ရဲ့စိတ်ဝင်စားမှုအား နှိုးဆော်ပေးနိုင်၏။ ကျင်ရွှင့်လိုလူတွေအတွက်ကတော့ သူရဲ့စိတ်ဝင်စားမှုထွက်ပေါ်လာပြီဆိုတာနဲ့ ဘယ်အရာကမှ မတားဆီးနိုင်တော့ပေ။

အဲ့နောက်မှာတော့ သူအထူးတလည်ကို သိက္ခာရှိကာ လေးနက်တဲ့သဘောထားနဲ့ တင်ပြမှုကို အပြီးသတ်လိုက်တော့ ပရော်ဖက်ဆာအိုကြီးရဲ့ စကားကောင်းတွေကို တရစပ်ပင်လက်ခံရရှိကာ အောက်ထပ်နဲ့ သူ့ဘေးပတ်လည်မှ လူတွေရဲ့ လက်ခုပ်သြဘာသံတွေက မြိုင်မြိုင်ဆိုင်ဆိုင်ထွက်ပေါ်လာသည်။

…ဒီအတန်းဖော်လေးက ဘာတွေပြောသွားမှန်း သူတို့နားမလည်ကြပေမဲ့ ၎င်းကအတော်လေးတော့ အားကောင်းပုံပေါ်သည်။ ရလဒ်အနေနဲ့ သူတို့လည်း လူအုပ်အတိုင်းလိုက်ကာ လက်ခုပ်တီးတော့၏။

ပရော်ဖက်ဆာဟို့ရဲ့နည်းပါးသောဆံပင်တွေက ထောင်မတ်လာဖို့ မစောင့်နိုင်တော့သလိုမျိုး သူ့မျက်လုံးတွေက မီးတိုင်လို တောက်ပလာကာ သူ့အသံကလည်း ပိုပြီးတော့အများကြီကျယ်လောင်လာသည်။ သူက ကျင်ရွှင့်ကို စိတ်လှုပ်ရှားစွာမေးလိုက်သည်
“ မင်းကဘွဲ့လွန်ကျောင်းသားလား? ဘာလို့ ငါမင်းကို ဘွဲ့ရတဲ့သူတွေထဲမှာ မတွေ့ဖူးရတာလဲ?”

ကျင်ရွှင် : “…”

သူက ပြဿနာဖြေရှင်းတဲ့နေရာမှာပဲ အာရုံစိုက်နေခဲ့တာမို့ သူ့သရုပ်မှန်က ဤနေရာနဲ့မသက်ဆိုင်ကြောင်းကို မေ့သွားမိသည်။

“ တောင်းပန်ပါတယ် ဆရာ။ ကျွန်တော်က ဒီနှစ်မှာမှ ဂျူနီယာတစ်ယောက်ပဲဖြစ်သေးတာပါ၊ ပြီးတော့ ကျွန်တော်က ကွန်ပျူတာသိပ္ပံဌာနကလည်းမဟုတ်ပါဘူး” ကျင်ရွှင်က ပရော်ဖက်ဆာဟို့ကို ရှက်ရွံ့စွာဦးညွတ်လိုက်ကာ :
“ ကျွန်တော်က ဒီကိုတစ်ချက်လောက်ကြည့်ဖို့ လာခဲ့တာပါ။ ကျွန်တော်တကယ်တောင်းပန်ပါတယ်…”

“ဘာကြီး?!” သူအဲ့ဒါကိုပြောလိုက်ပြီးပြီးချင်း ခန်းမတစ်ခုလုံးနီးပါး အုတ်အော်သောင်းတင်းဖြစ်သွားသည်။

“ သူက ငါတို့ဌာနကမဟုတ်ဘူးလား? ဒါဆိုသူကဘယ်လိုလုပ် အရာအားလုံးကိုဖြေရှင်းသွားနိုင်ရတာလဲ?!”

“ သူကသေချာပေါက် ငါတို့ဌာနကမဟုတ်ဘူး၊ ဒီလိုချောမောတဲ့ကျောင်းသားလေး…ငါတို့ဌာနမှာ ဒီလိုချောတဲ့သူကို နင်မြင်ဖူးလို့လား?!”

“ သူ့ဆံပင်ထုထည်ကိုပဲကြည့်လိုက်၊ သူကငါတို့ဌာနကမဟုတ်ဘူးဆိုတာ မင်းသိသွားလိမ့်မယ် ဟားဟားဟား”

[Cora : ကွန်ပျူတာသိပ္ပံက ကျောင်းသားတွေက ထိပ်ပြောင်တယ်ထင်ပါရဲ့><]

“ အဲ့ဒါက သင်္ချာဌာနရဲ့ ကျောင်းကောင်စီဥက္ကဋ္ဌမလား ? ငါအရင်က သူနဲ့အတူ ပွဲတွေတက်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူက ဒီလောက်ထိ အားကြီးမယ်လို့တော့ ငါမထင်ထားဘူး…”

“သင်္ချာ? သူဒီလောက်အားကောင်းနေတာ အံ့သြစရာမဟုတ်တော့ပါဘူး”

ပရော်ဖက်ဆာဟို့က သူ့ကိုမေးလိုက်သည်:
“ မင်းက ဘွဲ့ရကျောင်းသားမဟုတ်ဘူးပေါ့? မင်းကသင်္ချာဌာနကပေါ့? …ဒါဆို မင်းခုနကအဆိုပြုသွားတဲ့ ဒီalgorithmsအတွက် ပရိုဂရမ်ရေးတာကို ဘယ်လိုသိတာလဲ?”

ကျင်ရွှင် : “ ကျွန်တော့်မှာ အခြေခံနည်းနည်းပါးပါးပဲရှိတာပါ။ ဒါပေမဲ့ အဲ့ဒါကအရမ်းခက်တယ် ကျွန်တော်ထပ်ပြီး သင်ယူဖို့လိုပါသေးတယ်”

သူ အမှန်အတိုင်းဖြေလိုက်တာပင်။ တကယ်လို့မင်းက ပရိုဂရမ်တွေအကြောင်း ဆွေးနွေးချင်တာဆိုရင် သူ့စီနီယာအစ်ကိုတွေက သူ့ထက်အများကြီးပိုတော်သည်။ ကျင်ရွှင့်ရဲ့အထူးအရည်အသွေးက  အမျိုးမျိုးသော သင်္ချာပုံစံငယ်လေးတွေတည်ဆောက်ကာ ၎င်းတို့ကို ပရိုဂရမ်တွေမှာထည့်သုံးတာပင်။

သေချာတာပေါ့ ကျင်ရွှင်ရဲ့ပါးစပ်မှ “အခြေခံ”က  ဒီနယ်ပယ်ထဲမှာတော့ လူများစွာအတွက် ထိပ်တန်းအဆင့်ပင်။ အခုချိန်မှာ အဲ့ဒါကိုထုတ်ပြောမှာတော့မဟုတ်ဘူး။

“ အိုး ဒါဆိုမင်းက ငါတို့ဘာသာရပ်မှာစိတ်ဝင်စားတာပဲ”
ပရော်ဖက်ဆာဟို့က ဒီကျောင်းသားကအရမ်းကို ချီးမွမ်းထိုက်တယ်လို့ တွေးလိုက်မိသည်။

သူကျေနပ်မှုအပြည့်နဲ့ ခေါင်းညိတ်နေရင်း ပြောလိုက်၏
“ ဒါဆို မင်းငါ့ရဲ့ကျောင်းသားဖြစ်လာဖို့ကို စိတ်ဝင်စားလား?”

ဒီအဆိုပြုမှုက ထပ်ပြီးတော့ အုတ်အော်သောင်းတင်းဖြစ်သွားစေပြန်သည်။

မင်းသိထားရမှာက အကြီးအကဲဟို့က အများအားဖြင့် ပါရဂူဘွဲ့ရကျောင်းသားတွေကိုတောင် သူ့ကျောင်းသားအဖြစ်မခေါ်တာ၊ ရိုးရိုးဘွဲ့ရကျောင်းသားတွေကိုတော့ ထားထားလိုက်တော့ပေါ့။ လူများစွာက သူတို့ခေါင်းတွေကို တိုးဝှေ့လို့ ပရောဂျက်တွေမှာ သူ့နောက်ကလိုက်ချင်ပေမဲ့လည်း သူတို့က အရည်အချင်းမပြည့်မီကြဘူး!

သို့ပေမဲ့ အခုသူက တကယ်ကြီးကို ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲတောင် မဖြေရသေးတဲ့ ဂျူနီယာလေးတစ်ယောက်ကို စတင်လက်ခံတော့မယ်ပေါ့…ဒါ့အပြင် သူက မတူညီတဲ့ဌာနကလည်း ဖြစ်နေသေးတယ်…

ကျိန်းသေပေါက် ကျင်ရွှင်က ဆန္ဒရှိတာပေါ့။

သူဒီနေရာကို ပညာရေးဆိုင်ရာရည်ရွယ်ချက်နဲ့လာတာ အမှန်ပဲလေ။ လာရင်းနဲ့လည်း သူအလုပ်အချို့ရှာချင်တယ်ဆိုတာလည်း အမှန်ပဲ။

ကျင်ရွှင်က ပိုက်ဆံရှာရမဲ့ကိစ္စကိုလည်း မမေ့သလို အကြီးအကဲဟို့က ဘယ်လောက်တောင် လွှမ်းမိုးနိုင်တယ်ဆိုတဲ့ကောလဟာလတွေကိုလည်း သူလျစ်လျူမရှုပေ။

ထို့ကြောင့် သူကရိုးသားစွာခေါင်းညိတ်လိုက်သည်။
“ ဟုတ်ကဲ့”

လူတိုင်း: …

ကျောင်းသားလေး မင်းကအရမ်းတဲ့တိုးဖြေတတ်တာပဲ…

သို့တစေ ပရော်ဖက်ဆာဟို့က သိသာစွာပဲ တကယ်ကိုစိတ်ထဲမထားလေဘူး။ သူကကျင်ရွှင့်ထက်တောင် ပိုစိတ်လှုပ်ရှားနေသေးကာ ချက်ချင်းပဲ ကျင်ရွှင့်အတွက်အစီအစဉ်ချပေးတော့သည်:
“မင်းက အခုမှ ဂျူနီယာပဲရှိသေးတာဆိုတော့ အလျင်လိုစရာမလိုပါဘူး။ ကျွမ်းကျင်အဆင့်နိုင်ငံတကာ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက်ဆို မင်းရဲ့အခြေခံက လုံလုံလောက်လောက်ပြည့်မီနေပါပြီ၊ ပြီးတော့ ငါတို့က ငါတို့ကျောင်းသားတွေကို ဦးစားပေးမှာပါ အဲ့ဒါကြောင့်မို့ စိတ်မပူနဲ့နော်”

အခြားသူများ : “…”

ပရော်ဖက်ဆာရေ ဒီလိုပြောပြလို့မသင့်တဲ့စည်းမျဉ်းတွေကို တိုက်ရိုက်ပဲပြောချလိုက်တာ ခင်ဗျားအတွက်ရော တကယ်အဆင်ပြေရဲ့လားဗျ?

ကျင်ရွှင်က အနည်းငယ်ရှက်ရွံ့စွာရယ်လိုက်ပြီး
“ကျေးဇူးပါ ပရော်ဖက်ဆာ”

ပရော်ဖက်ဆာဟို့က သူ့ကိုအခြားအကြံဉာဏ်တွေထပ်ပေးကာ ဘာကိစ္စပဲရှိရှိ သူ့ကိုရုံးခန်းမှာလာရှာဖို့လည်း ကျင်ရွှင့်အားအထူးတလည်ခွင့်ပြုပေးခဲ့သည်။ ခန်းမထဲမှာ လူတွေပိုပိုပြီးများလာတာကို မြင်လိုက်ရပြီး ရိဝေကလူတွေလည်း ရောက်လာပုံရတာကြောင့် ကျင်ရွှင်နဲ့စကားဝိုင်းကို သူအဆုံးသတ်လိုက်ပြီး တစ်ဖက်လှည့်သွားလိုက်သည်။

အလုပ်ဆွေးနွေးပွဲက မကြာခင်စတော့မှာပင်။ ရိဝေနည်းပညာရဲ့ ကျောင်းတွင်းလူသစ်စုဆောင်းဖို့ တာဝန်ရှိသူတွေကလည်း နေရာမှာရောက်နှင့်နေကြပြီ။ ကျင်ရွှင်က ပရော်ဖက်ဆာအိုကြီးကို နှုတ်ဆက်စကားပြောကာ အနောက်ဘက်က သူ့အခန်းဖော်တွေရဲ့နေရာကို ရှာတွေ့သွားသည်။

သူ စင်မြင့်ကိုဖြတ်သွားတဲ့အချိန် မသိစိတ်အလျောက် ဝတ်စုံပြည့်ဝတ်ထားတဲ့ လူငယ်တော်တော်များများထိုင်နေသော ဦးတည်ရာတစ်ခုကိုကြည့်လိုက်မိသည်။

ဒီလူအနည်းငယ်က ငယ်ရွယ်ပုံပေါ်ရုံသာမကဘဲ သူတို့အားလုံးက အရည်အချင်းပြည့်ဝကာ အထူးသဖြင့် ကလေးဆန်တဲ့ကျောင်းသားတွေအုပ်စုကြားထဲမှာ မျက်စိဖမ်းစားဖွယ်ဖြစ်နေကြသည်။

သို့သော်ငြား သိသိသာသာကိုပဲ လူအများအပြားက အဲ့ကြီးကြပ်သူတွေကို သတိထားမိကြပေမဲ့ လူအများစုရဲ့စိတ်ဝင်စားမှုကတော့ ကျင်ရွှင့်ပေါ်မှာရှိနေတုန်းပင်။

ထန်းကျင့်ယွမ်က သူ့အားလေးစားတဲ့အသံဖြင့်
“ ရွှင်ရွှင် မင်းကတကယ်ကို အံ့အားသင့်ဖို့ကောင်းတာပဲ၊ အဲ့ဒါကပရော်ဖက်ဆာဟို့လေ!”

ယန်ရိကလည်း ကြားဝင်ပြောသည်
“ဟုတ်တယ်၊ မင်းနောက်ဘာဆက်လုပ်မလဲဆိုတာကို ငါတို့ကစိုးရိမ်နေကြတာ။ ဒါပေမဲ့ မင်းကတိုက်ရိုက်ပဲ ပရော်ဖက်ဆာရဲ့ အလုပ်ခန့်အပ်တာကို ခံလိုက်ရတယ်”
လေသံထဲမှာ ကျင်ရွှင့်အား လေးစားမှုတွေဖြင့်ပြည့်နှက်နေသည်။

ယန်ကျင်ရွှင်နဲ့စပ်လျဉ်းပြီးပြောရရင် သူ့မှာအစောကတည်းက အရည်အချင်းအချို့ရှိပြီးသားဖြစ်တာကြောင့် ထန်းကျင့်ယွမ်နဲ့ယန်ယိက အံ့သြသွားကြပေမဲ့ အဲ့လောက်အံ့သြသွားကြတာတော့မဟုတ်ပေ။

မူလကိုယ်က အမြဲတမ်း အမျိုးမျိုးသော အချိန်ပိုင်းအလုပ်တွေနဲ့ ပိနေတာကြောင့် သူ့အခန်းဖော်တွေနဲ့ တူတူဝင်ထွက်သွားလာခဲသည်။ သူက စိတ်ထဲမှာထားရတာကြိုက်တဲ့သူ တစ်ယောက်လည်းဖြစ်တာကြောင့် အခြားလူတွေနဲ့ဆက်ဆံဖို့ဆန္ဒမရှိဘဲ သူနဲ့အခန်းဖော်တွေကြား ဆက်ဆံရေးကလည်း ဆန်ကုန်မြေလေးgongနဲ့ သိကျွမ်းပြီးနောက်မှာ ပိုလို့တောင်ခပ်တန်းတန်းဖြစ်သွားတော့သည်။

ဒီအကြောင်းပြချက်အောက်မှာ ကျင်ရွှင်က အစွမ်းအစအနည်းငယ်ထုတ်ပြနိုင်ပြီး သူ့ဝန်းကျင်မှ လူတွေက သူ့အားသံသယဖြစ်ကြမှာမဟုတ်ချေ။

ကျင်ရွှင်က သူ့အခန်းဖော်တွေကိုပြုံးပြကာ အားပေးလိုက်သည်
“ တစ်နှစ်ကျန်ပါသေးတယ်။ မင်းတို့ရဲ့အစီအစဉ်တွေအကြောင်းစဉ်းစားပြီး တူတူကြိုးစားကြတာပေါ့”

“ ဟုတ်တယ် အလုပ်ထက် အပြောကလွယ်တယ်” သင်ကြားမှု ဆန်ကုန်မြေလေးစစ်စစ်ယန်ယိက ပြောလာသည်။

ယန်ယိက ကျောင်းမှာသုံးနှစ်လုံးလုံး နေ့တိုင်းဂိမ်းဆော့တာနဲ့ အချိန်ဖြုန်းနေတဲ့သူမျိုးပင် သူက အတန်းထဲကိုသွားခဲလှသည်။

ဒါ့ကြောင့်မို့ ဘွဲ့ရခါနီးအလုပ်ရှာချိန်ရောက်တော့ သူကမတတ်နိုင်ဘဲ အလေးအနက်ဖြစ်လာရသည်။

ဘာကြောင့်မှန်းတော့ သူမသိဘူး…ယန်ကျင်ရွှင် ခုနလေးတင်ပြလိုက်တဲ့ စွမ်းဆောင်မှုက အတော်ခံ့ညားတာကြောင့်ဖြစ်နိုင်သည်၊ သူအခုယန်ကျင်ရွှင်က အရမ်းအံ့သြဖွယ်ကောင်းတာပဲလို့ တွေးနေမိ၏။ ဒီလိုအခန်းဖော်နောက်ကိုလိုက်ရင် ကျန်ရှိနေဆဲနှစ်က သူတို့အတွက် အရာရာကို ပြုပြင်ပြောင်းလဲဖို့ အမှန်ပင်လုံလောက်သည်။

ယန်ယိထက် အနည်းငယ်ပိုကောင်းမွန်သေးတဲ့ ထန်းကျင့်ယွမ်က  သူ့ရဲ့မှီခိုမှုကို ဗြောင်ပဲဖော်ပြလာသည်။ သူက ကျင်ရွှင်ကို တိုက်ရိုက်ပဲ တိရစ္ဆာန်သေးသေးလေးတစ်ကောင်လိုမျိုး ကုတ်လိုက်ကာ:
“ ရွှင်ရွှင် ငါကိုဘာလို့ ပရိုဂရမ်ရေးနည်း မသင်ပေးတာလဲ။ ငါ မင်းနဲ့အတူတူအချိန်ဖြုန်းပေးမယ်လေ”

ကျင်ရွှင်က သူတို့ကြောင့်ရယ်မိသွားသည်။ သူမသိမသာမျက်ခုံးပင့်လိုက်တာက အလွန်ကိုဆွဲဆောင်မှုရှိနေသည်။

ဒီနေရာက ငယ်ရွယ်မှုကိုယူဆောင်ပေးလို့ထင်သည်၊ ကျောင်းဝင်းတစ်ခုလုံးက အလွန်ကို တက်ကြွနေလျက်ပင်။

အလုပ်ဆွေးနွေးပွဲက ပြီးခါနီးမှာ ကျောင်းသားအုပ်လိုက်ကြီးက တစ်စုပြီးတစ်စုထွက်ခွာသွားကြသည်။ ကျင်ရွှင်ကလည်း လူအုပ်နောက်လိုက်ကာ ခန်းမအပြင်ဘက်ကို ဖြည်းဖြည်းချင်းရွေ့သွားလိုက်၏။

နဂိုကတော့ ကျင်ရွှင်က သူ့အခန်းဖော်တွေနဲ့ စနောက်နေတာပင်။

သို့သော်ငြား သူအပြင်ကိုထွက်လိုက်ချင်းမှာပဲ ကျင်ရွှင် ရုတ်တရက်ခေါင်းကိုမော့လိုက်မိရာ…သူ့အမူအရာက ချက်ချင်းအေးခဲသွားတော့သည်။

ခန်းမအပြင်ဘက်ကစင်္ကြံက ထိန်လင်းနေကာ ခန်းမရဲ့မျက်နှာချင်းဆိုင်မှ တံခါးကကျယ်ကျယ်ဖွင့်ထားသည်။

၎င်းကြောင့်မို့ ကျင်ရွှင်က အလွန်ရှင်းလင်းစွာကို မြင်လိုက်ရသည်။ မျက်နှာချင်းဆိုင်က မတ်တပ်ရပ်နေကြတဲ့လူတွေကြားမှာ ပုဂ္ဂိုလ်တစ်ဦးက…ကြည့်ရတာ ရင်းနှီးနေပုံပဲ?

သူအမှတ်မှားတာလားတော့ မသိဘူး။

သို့ပေမဲ့ အဲ့နေရာမှာရပ်နေတဲ့ အရပ်ရှည်၊ ပိန်သွယ်၊ ခြေတံရှည်အမျိုးသားက မနေ့ညက သူအိပ်မက်မက်ခဲ့တဲ့သူနဲ့ တူသည်…ဒါမှမဟုတ် ဟိုတစ်နေ့ညက one-night standလို့ပဲ သူပြောသင့်လား?!

မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား?

သူက ဘာလို့ကျောင်းမှာရှိနေတာလဲ?

ကျင်ရွှင့်ရဲ့သံသယမျက်ဝန်းတွေက ထိုဦးတည်ရာကိုတစ်ဖန်ထပ်ကြည့်မိပြန်သည်။

တစ်ချက်ကြည့်ရုံလေးနဲ့တင် ကြည်လင်တဲ့မျက်ဝန်းတွေက ချက်ချင်းအေးခဲသွား၏။

…သောက်ကျိုးနည်း တကယ်ကြီးသူပဲဟ!

ဝတ်စုံပြည့်ဝတ်ကာ သားရေဖိနပ်စီးထားတဲ့ ထိုအမျိုးသားက တောက်ပနေတဲ့နေရာမှာ မတ်တပ်ရပ်နေပြီး ထိုညကထက် ပိုလို့တောင်ခံ့ညားနေပုံပေါ်သည်။

သူက…ပိုပြီးလည်း ကြည့်ကောင်းထည်ဝါနေ၏။

သူက တည်ကြည်စွာနဲ့မတ်မတ်ရပ်နေကာ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ထားပြီး သူ့ဘေးကလူတွေပြောတာအား အာရုံစိုက်ကာနားထောင်နေသည်။

သူက လူအများစုထက်ပိုရှည်တာကြောင့် ဒီဆူညံနေတဲ့ပတ်ဝန်းကျင်မှာ အခြားသူတွေပြောတာနားထောင်တဲ့အချိန် သူ့ခေါင်းကိုအနည်းငယ်ကိုင်းပေးနေရသည်။

ဘေးဘက်ခြမ်းကနေ ကြည့်မယ်ဆိုရင် သူ့မျက်နှာက ကွေးညွတ်ကာရင့်ကျက်ပုံပေါ်ပြီး သူ့နှုတ်ခမ်းတွေက ခပ်ဖျော့ဖျော့လေးတင်းတင်းစေ့ထား၏။ အထက်ပိုင်းနေရာမှာရှိတဲ့သူတွေသာ ပိုင်ဆိုင်နိုင်တဲ့ တည်ကြည်လေးနက်မှုနဲ့ ဟိတ်ဟန်အမူအရာတို့ရှိနေလျက်ပင်။

ကျင်ရွှင် လှမ်းကြည့်နေတုန်း တစ်ဖက်လူက တစ်ခုခုကိုသတိပြုမိသည်ထင်ပါရဲ့၊ ရုတ်ခြည်း သူ့ခေါင်းကိုမော့ကာ ကျင်ရွှင်ရှိတဲ့ဦးတည်ရာကို ကြည့်လာသည်။

ပြီးပြည့်စုံတဲ့ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတစ်စုံက ချက်ချင်းကျဉ်းမြောင်းသွားတော့သည်။ အမျိုးသားရဲ့အမူအရာက မပြောင်းမလဲဘဲ အေးစက်စွာရှိနေတုန်းပင်။

…အဲ့နေ့က ဒီလူမှာ ရမ္မက်လျှမ်းနေတဲ့ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတစ်စုံရှိမှန်းတောင် ကျင်ရွှင်သတိမပြုမိခဲ့ဘူး။

အခုတော့ ထိုမျက်ဝန်းတွေက သူရှိတဲ့နေရာကို တည့်တည့်မတ်မတ်ငေးစိုက်ကြည့်နေသည်။

တကယ်တမ်းတော့ တစ်ဖက်လူကို သတိပြုမိတာ ကျင်ရွှင်တစ်ဦးတည်းမဟုတ်ပေ။ ခန်းမထဲကနေ ထွက်လာပြီး သူ့ကိုဖြတ်ကျော်သွားကြတဲ့ ကျောင်းသားအားလုံးက မလွဲဧကန် သူ့ကိုအကြိမ်အနည်းငယ်လောက်ပိုကြည့်သွားကြသည်။

ဒီပုဂ္ဂိုလ်ရဲ့အသွင်အပြင်က အရမ်းကိုထင်ရှားနေကာ သူ့အရှိန်အဝါကလည်း ပြင်းလွန်းလှသည်။ အဝတ်အစားတွေဖြစ်စေ အသွင်အပြင်ဖြစ်စေ လျစ်လျူရှုဖို့ခက်လှ၏။

သို့သော်ငြား လူအုပ်ကြားထဲက အဲ့နေရာမှာ ရပ်နေတဲ့ထိုလူကတော့ အခြားသူတွေရဲ့အကြည့်ကို လုံးဝဂရုမထားပုံပေါ်သည်။

သူ ကျင်ရွှင်ကိုတွေ့သွားပြီးကတည်းက သူ့အကြည့်က ပိန်သွယ်တဲ့လူငယ်လေးပေါ်မှာပဲ ကျရောက်နေတော့သည်။

ရှန်ရိကျင်းက တစ်ချိန်လုံး တံခါးအပြင်ဘက်မှာမတ်တပ်ရပ်နေခဲ့တာဖြစ်၏။

“ ပရော်ဖက်ဆာဟို့က ကျောင်းသားတွေနဲ့ဆွေးနွေးစရာ တစ်ခုခုရှိနေတယ်ထင်တယ်။ ကျေးဇူးပြုပြီး နည်းနည်းလောက်ထပ်စောင့်ပေးပါအုံး”
အခုချိန်ထိ သူ့ကိုအဖော်ပြုပေးနေဆဲဖြစ်သည့် ကျောင်းအုပ်ကောင်းက ပြောလိုက်သည်။

ကျောင်းသားတွေက ပိုပိုပြီးထွက်လာကြတာကိုမြင်တော့ ကျောင်းအုပ်ကောင်းက တီးတိုးပြောလိုက်သည်
“ ကြည့်လေ၊ ကျောင်းသားအားလုံးထွက်လာကြပြီ။ အခုချိန်မှာ ကျောင်းသားတွေအများကြီးထွက်လာနေကြတာဆိုတော့ Mr.ရှန် ခင်ဗျား ရုံးခန်းထဲကိုအရင်ပြန်ထိုင်ပြီး လက်ဖက်ရည်သောက်…”

“ ကျွန်တော်တောင်းပန်ပါတယ် ကျောင်းအုပ်ကောင်း၊ ကျေးဇူးပြုပြီးခဏလောက်စောင့်ပေးပါအုံး”  ရှန်ရိကျင်းက ရုတ်တရက်ပြောလာသည်။

အဲ့နောက် အခြားသူတွေ ပြန်မတုံ့ပြန်နိုင်သေးခင်မှာပဲ လူတိုင်းရဲ့အကြည့်တွေအောက်မှာတင် သူဦးတည်ရာတစ်ခုတည်းကို တစ်လှမ်းပြီးတစ်လှမ်းတိုးလို့ လျှောက်သွားပြီဖြစ်သည်။

ဘွန်း ဘွန်း ဘွန်း

သူ့ပတ်လည်မှာ ပရမ်းပတာဖြစ်နေကြပြီး ခြေသံကတွေကလွဲ ဘာအသံမှမကြားရတော့ပေ။ သို့ပေမဲ့ တစ်ဖက်လူရဲ့ခြေလှမ်းတွေက တိကျပြီး သူခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း သူ့ကိုယ်ပိုင်အသည်းညှာပေါ်ကို နင်းလိုက်သလိုမျိုး ကျင်ရွှင်ခံစားနေရ၏။

ကျင်ရွှင့်ကျောပြင်က မသိစိတ်အရ မတ်သွားမိသည်။

ဒီအခိုက်အတန့်မှာ ထောင်ချီတဲ့မြင်းတွေက သူ့နှလုံးအိမ်ထဲ ဒုန်းဆိုင်းပြေးနေသလိုပင်။ အထူးသဖြင့် မနေ့ညက သူ ဒီလူကိုအိပ်မက် မက်ခဲ့တာ…ထိုအိပ်မက်က သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း စွဲကျန်နေတုန်းပင်။ ဒီအချိန်မှာ သူရုတ်တရက်ကြီး လူအစစ်ကိုမြင်လိုက်ရတော့ သူတစ်ခုခုအမှားလုပ်ခဲ့တာကို လူမိခံလိုက်ရသလိုမျိုး ကျင်ရွှင်ခံစားနေရသည်။

ဒီတော့ …ဒီတော့…
ဘာတွေဖြစ်သွားတာလဲ?

အဲ့နေ့ညက သူတို့အတူတူရှိနေခဲ့ကြတဲ့ အခြေအနေအားလုံးကို စဉ်းစားကြည့်ရင်…ဒီလူက ကျောင်းမှာရှိနေသေးတဲ့ တစ်စုံတစ်ယောက်လို့ သူမခံစားရဘူး။

သူ့မှတ်ဉာဏ်အရဆိုရင် အကွာအဝေးတစ်နေရာမှာ ရပ်နေတဲ့လူတွေကထဲမှ တစ်ယောက်က ကျောင်းရဲ့ကျောင်းအုပ်ကြီးမှန်း ကျင်ရွှင်သိသည်။ သို့ရာတွင် အကွာအဝေးက ဝေးလွန်းတာကြောင့် သူတို့ခုနကဘာတွေပြောနေမှန်း သူမကြားနိုင်ခဲ့ချေ။

သူက ဆရာတစ်ယောက်လား? ဒါမှမဟုတ် သူ့မှာအခြား ရာထူးများရှိနေတာလား?

ကျင်ရွှင်ရဲ့အတွေးတွေက အရိုင်းဆန်စွာလွင့်မျောနေလျက်။

မတိုင်ခင်အထိပေါ့--

“နိဟောင်” အမျိုးသားက သူ့ရှေ့မှာ မတ်တပ်ရပ်နေသည်။

ကျင်ရွှင် : “……”

Mr.ခြေတံရှည်က …သူ့ရှေ့မှာရပ်နေတယ်..မီတာဝက်တောင်မကွာတဲ့နေရာမှာလေ။

ထိုရမ္မက်လျှမ်းတဲ့မျက်ဝန်းတစ်စုံက အတန်ငယ်နိမ့်ဆင်းနေကာ မျက်ခွံတွေကလည်း သူ့ကိုကြည့်ကောင်းစေတယ်လို့ ထင်ရတဲ့အဆင့်တစ်ခုထိရောက်နေပြီဖြစ်ပြီး သူ့အားမျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည်။

ပြီးတော့…

နှစ်ရက်ကြာပြီးနောက်မှာ ထိုအမျိုးသားရဲ့အကြည့်က သူ့ကိုယ်ထဲလျှပ်စစ်စီးသွားသလို ခံစားချက်မျိုးကို ပေးစွမ်းနိုင်နေတုန်းပင်။ ဘာတွေဖြစ်နေတာလဲ?!

ကျင်ရွှင်က သူ့အသံကိုပြန်ရဖို့ ကြိုးစားလိုက်ကာ
“ နိဟောင်”

မျက်နှာချင်းဆိုင်မှ လူက သူ့ထက်ပိုပြီးတည်ငြိမ်ပုံပေါ်သည်။

အနည်းဆုံးတော့ အဲ့လိုမြင်နေရတာပဲလေ။ အဆုံးမှာတော့ ဒီလူက တစ်ခါမှ ခံစားချက်ကို အလွန်ထိထိမိမိမပြဖူးဘူးလေ။

သူက သူ့မေးစေ့ကို အနည်းငယ်ပင့်လိုက်ကာ မေးခွန်းထုတ်နေတဲ့လေသံနဲ့ ပြောလာသည်
“ အဆင်ပြေရဲ့လား? စကားပြောကြရအောင်လေ”

…အာ

“ အဆင်ပြေပါတယ်” ကျင်ရွှင်က တောင့်တင်းစွာခေါင်းညိတ်ပြလိုက်ပြီး ထိုစကားကိုပဲပြောနိုင်လေသည်။
..

မရေမတွက်နိုင်တဲ့လူတွေရဲ့ ရှော့ခ်ရကာ စိတ်ရှုပ်ထွေးနေတဲ့အကြည့်တွေအောက်မှာ သူ ထိုအမျိုးသားရဲ့နောက်ကနေ ဘယ်လိုလိုက်ပြီး ခန်းမအပြင်ဘက်ရောက်လာမှန်း ကျင်ရွှင်မသိတော့ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အဲ့လူရဲ့ရှေ့မှာရပ်နေချိန်ဆို သူ့ရဲ့အမြဲတမ်းလျင်မြန်တဲ့ဦးနှောက်က လုပ်ဆောင်ချက်ချို့ယွင်းသွားကာ မသိရင် အခုထိဆေးရဲ့သက်ရောက်မှုခံနေရသေးတဲ့အတိုင်းပင်။

ညနေခင်းနေမင်းကြီးက အနောက်အရပ်ကို ဖြည်းဖြည်းချင်းစီးနင်းဝင်ရောက်သွားပြီး နေရဲ့နီရဲနေတဲ့ အပေါ်ဘက်ခြမ်းက ကောင်းကင်ကြီးတစ်ခုလုံးကို မီးရှို့ထားသလိုပင်။

သူ့မျက်နှာကလည်းပဲ နီရဲလောင်ကျွမ်းနေပြီဆိုတာကို ကျင်ရွှင်ခံစားမိသည်။

သူလက်မြှောက်ကာ မျက်နှာကိုထိချင်ပေမဲ့ တစ်ဖက်လူရဲ့အကြည့်အောက်မှာ အဲ့လိုထိလိုက်ရင် သူရှက်သွေးဖြာနေတာက ပိုသိသာသွားပြီး တစ်ဖက်လူရဲ့အာရုံကိုဆွဲဆောင်သွားမှာအား သူကြောက်နေမိသည်။

မကောင်းလိုက်တာ

သူတို့က တူတူအိပ်ခဲ့ရုံပဲလေ! အိပ်မက်တစ်ခုပါ ထပ်ပေါင်းပြီးတော့ပေါ့

ထိုညက အဲ့အရာကို လုပ်ခဲ့တုန်းက မင်းလုံးဝမရှက်ခဲ့ဘူးလေ။ ဒါပေမဲ့ အခုသူ့ကိုမျက်နှာချင်းဆိုင်ရုံလေးနဲ့ မင်းကဘာလို့ ကြောင်တောင်တောင်ဖြစ်နေရတာလဲ? ကျင်ရွှင်ရေ မင်းကတော့သောက်ကျိုးနည်းပဲ!

သူ့ကိုထိတ်ထိတ်ပျာပျာဖြစ်အောင် သူ့ခေါင်းထဲမှာ သူ့အားလှုပ်ရမ်းနေတဲ့နတ်ဆိုးတစ်ကောင်ရှိပုံပေါ်ပြီး နောက်ဆုံးမှာတော့ ကျင်ရွှင်က အနည်းငယ်ပုံမှန်ပြန်ဖြစ်လာသည်။

သူ့မျက်လုံးကိုမော့ဖို့ သတ္တိစုလိုက်သည်။ အရပ်ကွာခြားချက်က သူ့ရှေ့ကလူကို ကြည့်ဖို့ရန်အတွက် သူအနည်းငယ်ခေါင်းမော့ထားဖို့လိုစေသည်။ သူအလိုအလျောက်မေးမိသွား၏
“ရှဲန်းရှန် ခင်ဗျား ဘာအကြောင်းပြောချင်လို့လဲ?”

သူပြောထွက်သွားပြီးနောက် ကျင်ရွှင်သူ့ကိုယ်သူပြောလိုက်သည်။

ဘုရားရေ

ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက သူ့ကိုကူညီပေးခဲ့တာလေ။ ဒီလိုအခြေအနေမျိုးမှာ အနည်းဆုံးတော့ သူရိုးရှင်းပြီးယဉ်ကျေးတဲ့တစ်စုံတစ်ခုကို ပြောသင့်တာလေ။ ဥပမာ
“ တိုက်ဆိုင်လိုက်တာနော်၊ ခင်ဗျား ဒီကိုဘာလို့ရောက်နေတာလဲ” ပေါ့။

တစ်ယောက်နဲ့တစ်ယောက်တွေ့တာက မထင်မှတ်ထားတာဖြစ်သော်ငြားလည်း ကျင်ရွှင်က အမှန်တကယ်ကို အနည်းငယ်ခပ်စိမ်းစိမ်းပြောလိုက်မိသည်။

သို့သော် အခုသူအရမ်းအေးစက်ပြီး အကြင်နာမဲ့သလိုမျိုးများ ဖြစ်သွားလား?…

ကံကောင်းစွာနဲ့ တစ်ဖက်လူကလည်း သိသိသာသာပင် ထိုအရာအားဂရုမစိုက်နေခဲ့ပေ။

လိုရင်းတိုရှင်းအကြောင်းပြောရမယ်ဆိုရင် Mr.ခြေတံရှည်က သူ့ထက်တောင်ပိုတော်နေသေး၏။

တစ်ဖက်လူက တည့်တည့်ပဲပြောလာသည်
“ ကိုယ် မင်းကို လက်ထပ်မဲ့အကြောင်းပြောချင်လို့”

……!

ကောင်းပြီ ကျင်ရွှင် စိတ်သက်ရာရစွာ သက်ပြင်းချလိုက်သည် : သူယဉ်ကျေးနေစရာမလိုပါဘူး၊ အဆုံးမှာတော့ ဒီလူက သူ့ထက်တောင်ပိုပြီးတိုက်ရိုက်ကျသေး…?

?

??

တစ်စက္ကန့်ကြာပြီးနောက် ကျင်ရွှင်ရဲ့မျက်လုံးတွေပြူးကျယ်သွား၏ : ? ? ?

***
စာရေးသူမှာ ပြောစရာရှိတယ်:

ကျင်ရွှင် : ခင်ဗျား ဘာအကြောင်းပြောချင်တာလဲ?

ရှန်ရိကျင်း : အချစ်အကြောင်းပြောမို့လေ။

桃花眼[táo huā yǎn]: မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတွေက ချစ်စိတ်ပြင်းပြပြီး ရမ္မက်လျှမ်းတဲ့မျက်ဝန်းတစ်စုံပင်။ ပုံသဏ္ဍာန်က မက်မွန်ပန်းပွင့်နှင့် အသွင်တူသောကြောင့် ဤနာမည်တွင်ခဲ့ခြင်းဖြစ်သည်။

❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

Zawgyi

Chapter 6 : လက္ထပ္မဲ့အေၾကာင္းေျပာၾကမယ္

ခန္းမထဲမွာ ေဖာ္ျမဴလာက တစ္ေၾကာင္းခ်င္းစီစာရင္းျပဳခံထားရၿပီး က်င္႐ႊင့္လက္ေရးက ေသသပ္ကာလွပလို႔ေနသည္။

ပထမဆုံးအၾကည့္တစ္ခ်က္နဲ႕တင္ ၎က စံထားရတဲ့လက္ေရးဆက္လက္ေရးနဲ႕တူကာ သူကမေရးခင္ စဥ္းစားဖို႔ေတာင္ လုံးဝမလိုအပ္ဘဲ ေခ်ာေခ်ာေမြ႕ေမြ႕ေရးေနသလိုပင္။

သို႔ရာတြင္ တကယ္တမ္းေတာ့ က်င္႐ႊင္ေရးလိုက္တာေတြက လက္ရွိလူေတြအား ထပ္မံေရွာ့ခ္ရသြားေစျပန္၏။

အစမွာတုန္းက က်င္႐ႊင္က မသိစိတ္အေလ်ာက္ အခ်ိဳ႕အဆင့္အနည္းငယ္ကို ခ်န္ထားခဲ့တာေၾကာင့္ အဲ့ဒါကအေတာ္အသင့္ရိုးရွင္းကာ နားလည္လြယ္သည္။

ေနာက္ပိုင္း သူေရးတာေတြက  ပိုပိုၿပီးရႈပ္ေထြးကာေလးနက္လာသည္၊ ေဖာ္ျမဴလာကိုၾကည့္ရင္းနဲ႕ ျဖစ္စဥ္ကို ရိုးရိုးရွင္းရွင္းနားလည္ရန္ လူအမ်ားအျပားအတြက္ခက္ခဲလာသည္။

ထန္းက်င့္ယြမ္က မေနနိုင္ေတာ့ဘဲ သူ႕ေခါင္းရဲ႕ေနာက္ဘက္ကို ထိကိုင္ကာ
“ ဘာေတြျဖစ္သြားတာလဲ? ငါအစကေတာ့ နားလည္ေသးတယ္ ဒါေပမဲ့ တတိယေျမာက္စာေၾကာင္းကေနစၿပီး ငါဘာမွမသိေတာ့ဘူး…”

ယန္ယိလည္းပဲ ေျပာစရာစကားမဲ့ေနသည္။
“ ဒါဆို မင္းကမွငါ့ထက္ပိုေကာင္းေသးတယ္။ ငါကဒုတိယေျမာက္စာေၾကာင္းကေန နားမလည္ေတာ့တာ”

သူတို႔ႏွစ္ဦးနဲ႕တူညီစြာခံစားေနရတဲ့ လူအမ်ားႀကီးရွိေလသည္။ ေနာက္ပိုင္းမွာ သူ႕အေတြးအေခၚေတြကို ဆက္ထိန္းထားနိုင္တဲ့ ပေရာ္ဖက္ဆာဟို႔ကလြဲလို႔ အတြက္အခ်က္စြမ္းရည္ကြၽမ္းက်င္တဲ့သူေတြေတာင္မွ သူ႕အေတြးအေခၚေတြကို အမီလိုက္မနိုင္ေတာ့ေပ။

သိပ္မၾကာခင္မွာပဲ က်င္႐ႊင္က ေဖာ္ျမဴလာအားလုံးကို ေရးလို႔ၿပီးသြားခဲ့ၿပီ။

သူ႕ဘာသာသူ ျပန္စစ္လိုက္ၿပီး ဘာျပႆနာမွမရွိေတာ့ဘူးလို႔ ခံစားရကာ သူ႕အေတြးေတြအားလုံးကို ၿပီးျပည့္စုံစြာေဖာ္ျပလို႔ၿပီးခဲ့ေလၿပီ။ အဲ့ေနာက္ က်င္႐ႊင္က အျခားသူေတြအားျပလိုက္ကာ
“ ဒါက ေယဘုယ်ျဖစ္စဥ္ပါ။ ဒီပုံစံငယ္ကို ဒီalgorithmမွာ သုံးလို႔ရနိုင္ပါတယ္”

သြယ္လ်တဲ့လက္ေခ်ာင္းေလးေတြက နို႔ႏွစ္ျဖဴေရာင္ ပလတ္စတစ္မင္တံကို ကိုင္ထားကာ က်င္႐ႊင္ရဲ႕ႏႈတ္ခမ္းေထာင့္ေလးေတြက ခပ္ေရးေရးေကြးတက္ေနၿပီး သူ႕မ်က္ခုံးေတြကလည္း ညင္သာသိမ္ေမြ႕လ်က္ ၿပဳံးေယာင္သန္းေနကာ ယုံၾကည္ခ်က္ရွိေပမဲ့ ေမာက္မာမႈတို႔ရွိမေန။

အစတုန္းက ပုံစံငယ္ကို သူ႕ႏွလုံးသားထဲမွာပဲ ပုံေဖာ္ၾကည့္ေနခဲ့ေပမဲ့ သူမင္တံကို ေကာက္ကိုင္လိုက္တဲ့အခ်ိန္မွာပဲ က်င္႐ႊင့္ရဲ႕အေတြးေတြက အျပည့္အဝကို အလုအယက္ေပါက္ကြဲထြက္ေပၚလာသည္။

ဒီေခါင္းစဥ္က အမွန္တကယ္ပင္ သူ႕ရဲ႕စိတ္ဝင္စားမႈအား ႏွိုးေဆာ္ေပးနိုင္၏။ က်င္႐ႊင့္လိုလူေတြအတြက္ကေတာ့ သူရဲ႕စိတ္ဝင္စားမႈထြက္ေပၚလာၿပီဆိုတာနဲ႕ ဘယ္အရာကမွ မတားဆီးနိုင္ေတာ့ေပ။

အဲ့ေနာက္မွာေတာ့ သူအထူးတလည္ကို သိကၡာရွိကာ ေလးနက္တဲ့သေဘာထားနဲ႕ တင္ျပမႈကို အၿပီးသတ္လိုက္ေတာ့ ပေရာ္ဖက္ဆာအိုႀကီးရဲ႕ စကားေကာင္းေတြကို တရစပ္ပင္လက္ခံရရွိကာ ေအာက္ထပ္နဲ႕ သူ႕ေဘးပတ္လည္မွ လူေတြရဲ႕ လက္ခုပ္ၾသဘာသံေတြက ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ထြက္ေပၚလာသည္။

…ဒီအတန္းေဖာ္ေလးက ဘာေတြေျပာသြားမွန္း သူတို႔နားမလည္ၾကေပမဲ့ ၎ကအေတာ္ေလးေတာ့ အားေကာင္းပုံေပၚသည္။ ရလဒ္အေနနဲ႕ သူတို႔လည္း လူအုပ္အတိုင္းလိုက္ကာ လက္ခုပ္တီးေတာ့၏။

ပေရာ္ဖက္ဆာဟို႔ရဲ႕နည္းပါးေသာဆံပင္ေတြက ေထာင္မတ္လာဖို႔ မေစာင့္နိုင္ေတာ့သလိုမ်ိဳး သူ႕မ်က္လုံးေတြက မီးတိုင္လို ေတာက္ပလာကာ သူ႕အသံကလည္း ပိုၿပီးေတာ့အမ်ားႀကီက်ယ္ေလာင္လာသည္။ သူက က်င္႐ႊင့္ကို စိတ္လႈပ္ရွားစြာေမးလိုက္သည္
“ မင္းကဘြဲ႕လြန္ေက်ာင္းသားလား? ဘာလို႔ ငါမင္းကို ဘြဲ႕ရတဲ့သူေတြထဲမွာ မေတြ႕ဖူးရတာလဲ?”

က်င္႐ႊင္ : “…”

သူက ျပႆနာေျဖရွင္းတဲ့ေနရာမွာပဲ အာ႐ုံစိုက္ေနခဲ့တာမို႔ သူ႕သ႐ုပ္မွန္က ဤေနရာနဲ႕မသက္ဆိုင္ေၾကာင္းကို ေမ့သြားမိသည္။

“ ေတာင္းပန္ပါတယ္ ဆရာ။ ကြၽန္ေတာ္က ဒီႏွစ္မွာမွ ဂ်ဴနီယာတစ္ေယာက္ပဲျဖစ္ေသးတာပါ၊ ၿပီးေတာ့ ကြၽန္ေတာ္က ကြန္ပ်ဴတာသိပၸံဌာနကလည္းမဟုတ္ပါဘူး” က်င္႐ႊင္က ပေရာ္ဖက္ဆာဟို႔ကို ရွက္႐ြံ႕စြာဦးၫြတ္လိုက္ကာ :
“ ကြၽန္ေတာ္က ဒီကိုတစ္ခ်က္ေလာက္ၾကည့္ဖို႔ လာခဲ့တာပါ။ ကြၽန္ေတာ္တကယ္ေတာင္းပန္ပါတယ္…”

“ဘာႀကီး?!” သူအဲ့ဒါကိုေျပာလိုက္ၿပီးၿပီးခ်င္း ခန္းမတစ္ခုလုံးနီးပါး အုတ္ေအာ္ေသာင္းတင္းျဖစ္သြားသည္။

“ သူက ငါတို႔ဌာနကမဟုတ္ဘူးလား? ဒါဆိုသူကဘယ္လိုလုပ္ အရာအားလုံးကိုေျဖရွင္းသြားနိုင္ရတာလဲ?!”

“ သူကေသခ်ာေပါက္ ငါတို႔ဌာနကမဟုတ္ဘူး၊ ဒီလိုေခ်ာေမာတဲ့ေက်ာင္းသားေလး…ငါတို႔ဌာနမွာ ဒီလိုေခ်ာတဲ့သူကို နင္ျမင္ဖူးလို႔လား?!”

“ သူ႕ဆံပင္ထုထည္ကိုပဲၾကည့္လိုက္၊ သူကငါတို႔ဌာနကမဟုတ္ဘူးဆိုတာ မင္းသိသြားလိမ့္မယ္ ဟားဟားဟား”

[Cora : ကြန္ပ်ဴတာသိပၸံက ေက်ာင္းသားေတြက ထိပ္ေျပာင္တယ္ထင္ပါရဲ႕><]

“ အဲ့ဒါက သခၤ်ာဌာနရဲ႕ ေက်ာင္းေကာင္စီဥကၠ႒မလား ? ငါအရင္က သူနဲ႕အတူ ပြဲေတြတက္ခဲ့ဖူးတယ္။ ဒါေပမဲ့ သူက ဒီေလာက္ထိ အားႀကီးမယ္လို႔ေတာ့ ငါမထင္ထားဘူး…”

“သခၤ်ာ? သူဒီေလာက္အားေကာင္းေနတာ အံ့ၾသစရာမဟုတ္ေတာ့ပါဘူး”

ပေရာ္ဖက္ဆာဟို႔က သူ႕ကိုေမးလိုက္သည္:
“ မင္းက ဘြဲ႕ရေက်ာင္းသားမဟုတ္ဘူးေပါ့? မင္းကသခၤ်ာဌာနကေပါ့? …ဒါဆို မင္းခုနကအဆိုျပဳသြားတဲ့ ဒီalgorithmsအတြက္ ပရိုဂရမ္ေရးတာကို ဘယ္လိုသိတာလဲ?”

က်င္႐ႊင္ : “ ကြၽန္ေတာ့္မွာ အေျခခံနည္းနည္းပါးပါးပဲရွိတာပါ။ ဒါေပမဲ့ အဲ့ဒါကအရမ္းခက္တယ္ ကြၽန္ေတာ္ထပ္ၿပီး သင္ယူဖို႔လိုပါေသးတယ္”

သူ အမွန္အတိုင္းေျဖလိုက္တာပင္။ တကယ္လို႔မင္းက ပရိုဂရမ္ေတြအေၾကာင္း ေဆြးေႏြးခ်င္တာဆိုရင္ သူ႕စီနီယာအစ္ကိုေတြက သူ႕ထက္အမ်ားႀကီးပိုေတာ္သည္။ က်င္႐ႊင့္ရဲ႕အထူးအရည္အေသြးက  အမ်ိဳးမ်ိဳးေသာ သခၤ်ာပုံစံငယ္ေလးေတြတည္ေဆာက္ကာ ၎တို႔ကို ပရိုဂရမ္ေတြမွာထည့္သုံးတာပင္။

ေသခ်ာတာေပါ့ က်င္႐ႊင္ရဲ႕ပါးစပ္မွ “အေျခခံ”က  ဒီနယ္ပယ္ထဲမွာေတာ့ လူမ်ားစြာအတြက္ ထိပ္တန္းအဆင့္ပင္။ အခုခ်ိန္မွာ အဲ့ဒါကိုထုတ္ေျပာမွာေတာ့မဟုတ္ဘူး။

“ အိုး ဒါဆိုမင္းက ငါတို႔ဘာသာရပ္မွာစိတ္ဝင္စားတာပဲ”
ပေရာ္ဖက္ဆာဟို႔က ဒီေက်ာင္းသားကအရမ္းကို ခ်ီးမြမ္းထိုက္တယ္လို႔ ေတြးလိုက္မိသည္။

သူေက်နပ္မႈအျပည့္နဲ႕ ေခါင္းညိတ္ေနရင္း ေျပာလိုက္၏
“ ဒါဆို မင္းငါ့ရဲ႕ေက်ာင္းသားျဖစ္လာဖို႔ကို စိတ္ဝင္စားလား?”

ဒီအဆိုျပဳမႈက ထပ္ၿပီးေတာ့ အုတ္ေအာ္ေသာင္းတင္းျဖစ္သြားေစျပန္သည္။

မင္းသိထားရမွာက အႀကီးအကဲဟို႔က အမ်ားအားျဖင့္ ပါရဂူဘြဲ႕ရေက်ာင္းသားေတြကိုေတာင္ သူ႕ေက်ာင္းသားအျဖစ္မေခၚတာ၊ ရိုးရိုးဘြဲ႕ရေက်ာင္းသားေတြကိုေတာ့ ထားထားလိုက္ေတာ့ေပါ့။ လူမ်ားစြာက သူတို႔ေခါင္းေတြကို တိုးေဝွ႕လို႔ ပေရာဂ်က္ေတြမွာ သူ႕ေနာက္ကလိုက္ခ်င္ေပမဲ့လည္း သူတို႔က အရည္အခ်င္းမျပည့္မီၾကဘူး!

သို႔ေပမဲ့ အခုသူက တကယ္ႀကီးကို ဘြဲ႕လြန္ဝင္ခြင့္စာေမးပြဲေတာင္ မေျဖရေသးတဲ့ ဂ်ဴနီယာေလးတစ္ေယာက္ကို စတင္လက္ခံေတာ့မယ္ေပါ့…ဒါ့အျပင္ သူက မတူညီတဲ့ဌာနကလည္း ျဖစ္ေနေသးတယ္…

က်ိန္းေသေပါက္ က်င္႐ႊင္က ဆႏၵရွိတာေပါ့။

သူဒီေနရာကို ပညာေရးဆိုင္ရာရည္႐ြယ္ခ်က္နဲ႕လာတာ အမွန္ပဲေလ။ လာရင္းနဲ႕လည္း သူအလုပ္အခ်ိဳ႕ရွာခ်င္တယ္ဆိုတာလည္း အမွန္ပဲ။

က်င္႐ႊင္က ပိုက္ဆံရွာရမဲ့ကိစၥကိုလည္း မေမ့သလို အႀကီးအကဲဟို႔က ဘယ္ေလာက္ေတာင္ လႊမ္းမိုးနိုင္တယ္ဆိုတဲ့ေကာလဟာလေတြကိုလည္း သူလ်စ္လ်ဴမရႈေပ။

ထို႔ေၾကာင့္ သူကရိုးသားစြာေခါင္းညိတ္လိုက္သည္။
“ ဟုတ္ကဲ့”

လူတိုင္း: …

ေက်ာင္းသားေလး မင္းကအရမ္းတဲ့တိုးေျဖတတ္တာပဲ…

သို႔တေစ ပေရာ္ဖက္ဆာဟို႔က သိသာစြာပဲ တကယ္ကိုစိတ္ထဲမထားေလဘူး။ သူကက်င္႐ႊင့္ထက္ေတာင္ ပိုစိတ္လႈပ္ရွားေနေသးကာ ခ်က္ခ်င္းပဲ က်င္႐ႊင့္အတြက္အစီအစဥ္ခ်ေပးေတာ့သည္:
“မင္းက အခုမွ ဂ်ဴနီယာပဲရွိေသးတာဆိုေတာ့ အလ်င္လိုစရာမလိုပါဘူး။ ကြၽမ္းက်င္အဆင့္နိုင္ငံတကာ ဘြဲ႕လြန္ဝင္ခြင့္စာေမးပြဲအတြက္ဆို မင္းရဲ႕အေျခခံက လုံလုံေလာက္ေလာက္ျပည့္မီေနပါၿပီ၊ ၿပီးေတာ့ ငါတို႔က ငါတို႔ေက်ာင္းသားေတြကို ဦးစားေပးမွာပါ အဲ့ဒါေၾကာင့္မို႔ စိတ္မပူနဲ႕ေနာ္”

အျခားသူမ်ား : “…”

ပေရာ္ဖက္ဆာေရ ဒီလိုေျပာျပလို႔မသင့္တဲ့စည္းမ်ဥ္းေတြကို တိုက္ရိုက္ပဲေျပာခ်လိဳက္တာ ခင္ဗ်ားအတြက္ေရာ တကယ္အဆင္ေျပရဲ႕လားဗ်?

က်င္႐ႊင္က အနည္းငယ္ရွက္႐ြံ႕စြာရယ္လိုက္ၿပီး
“ေက်းဇူးပါ ပေရာ္ဖက္ဆာ”

ပေရာ္ဖက္ဆာဟို႔က သူ႕ကိုအျခားအႀကံဉာဏ္ေတြထပ္ေပးကာ ဘာကိစၥပဲရွိရွိ သူ႕ကို႐ုံးခန္းမွာလာရွာဖို႔လည္း က်င္႐ႊင့္အားအထူးတလည္ခြင့္ျပဳေပးခဲ့သည္။ ခန္းမထဲမွာ လူေတြပိုပိုၿပီးမ်ားလာတာကို ျမင္လိုက္ရၿပီး ရိေဝကလူေတြလည္း ေရာက္လာပုံရတာေၾကာင့္ က်င္႐ႊင္နဲ႕စကားဝိုင္းကို သူအဆုံးသတ္လိုက္ၿပီး တစ္ဖက္လွည့္သြားလိုက္သည္။

အလုပ္ေဆြးေႏြးပြဲက မၾကာခင္စေတာ့မွာပင္။ ရိေဝနည္းပညာရဲ႕ ေက်ာင္းတြင္းလူသစ္စုေဆာင္းဖို႔ တာဝန္ရွိသူေတြကလည္း ေနရာမွာေရာက္ႏွင့္ေနၾကၿပီ။ က်င္႐ႊင္က ပေရာ္ဖက္ဆာအိုႀကီးကို ႏႈတ္ဆက္စကားေျပာကာ အေနာက္ဘက္က သူ႕အခန္းေဖာ္ေတြရဲ႕ေနရာကို ရွာေတြ႕သြားသည္။

သူ စင္ျမင့္ကိုျဖတ္သြားတဲ့အခ်ိန္ မသိစိတ္အေလ်ာက္ ဝတ္စုံျပည့္ဝတ္ထားတဲ့ လူငယ္ေတာ္ေတာ္မ်ားမ်ားထိုင္ေနေသာ ဦးတည္ရာတစ္ခုကိုၾကည့္လိုက္မိသည္။

ဒီလူအနည္းငယ္က ငယ္႐ြယ္ပုံေပၚ႐ုံသာမကဘဲ သူတို႔အားလုံးက အရည္အခ်င္းျပည့္ဝကာ အထူးသျဖင့္ ကေလးဆန္တဲ့ေက်ာင္းသားေတြအုပ္စုၾကားထဲမွာ မ်က္စိဖမ္းစားဖြယ္ျဖစ္ေနၾကသည္။

သို႔ေသာ္ျငား သိသိသာသာကိုပဲ လူအမ်ားအျပားက အဲ့ႀကီးၾကပ္သူေတြကို သတိထားမိၾကေပမဲ့ လူအမ်ားစုရဲ႕စိတ္ဝင္စားမႈကေတာ့ က်င္႐ႊင့္ေပၚမွာရွိေနတုန္းပင္။

ထန္းက်င့္ယြမ္က သူ႕အားေလးစားတဲ့အသံျဖင့္
“ ႐ႊင္႐ႊင္ မင္းကတကယ္ကို အံ့အားသင့္ဖို႔ေကာင္းတာပဲ၊ အဲ့ဒါကပေရာ္ဖက္ဆာဟို႔ေလ!”

ယန္ရိကလည္း ၾကားဝင္ေျပာသည္
“ဟုတ္တယ္၊ မင္းေနာက္ဘာဆက္လုပ္မလဲဆိုတာကို ငါတို႔ကစိုးရိမ္ေနၾကတာ။ ဒါေပမဲ့ မင္းကတိုက္ရိုက္ပဲ ပေရာ္ဖက္ဆာရဲ႕ အလုပ္ခန႔္အပ္တာကို ခံလိုက္ရတယ္”
ေလသံထဲမွာ က်င္႐ႊင့္အား ေလးစားမႈေတြျဖင့္ျပည့္ႏွက္ေနသည္။

ယန္က်င္႐ႊင္နဲ႕စပ္လ်ဥ္းၿပီးေျပာရရင္ သူ႕မွာအေစာကတည္းက အရည္အခ်င္းအခ်ိဳ႕ရွိၿပီးသားျဖစ္တာေၾကာင့္ ထန္းက်င့္ယြမ္နဲ႕ယန္ယိက အံ့ၾသသြားၾကေပမဲ့ အဲ့ေလာက္အံ့ၾသသြားၾကတာေတာ့မဟုတ္ေပ။

မူလကိုယ္က အၿမဲတမ္း အမ်ိဳးမ်ိဳးေသာ အခ်ိန္ပိုင္းအလုပ္ေတြနဲ႕ ပိေနတာေၾကာင့္ သူ႕အခန္းေဖာ္ေတြနဲ႕ တူတူဝင္ထြက္သြားလာခဲသည္။ သူက စိတ္ထဲမွာထားရတာႀကိဳက္တဲ့သူ တစ္ေယာက္လည္းျဖစ္တာေၾကာင့္ အျခားလူေတြနဲ႕ဆက္ဆံဖို႔ဆႏၵမရွိဘဲ သူနဲ႕အခန္းေဖာ္ေတြၾကား ဆက္ဆံေရးကလည္း ဆန္ကုန္ေျမေလးgongနဲ႕ သိကြၽမ္းၿပီးေနာက္မွာ ပိုလို႔ေတာင္ခပ္တန္းတန္းျဖစ္သြားေတာ့သည္။

ဒီအေၾကာင္းျပခ်က္ေအာက္မွာ က်င္႐ႊင္က အစြမ္းအစအနည္းငယ္ထုတ္ျပနိုင္ၿပီး သူ႕ဝန္းက်င္မွ လူေတြက သူ႕အားသံသယျဖစ္ၾကမွာမဟုတ္ေခ်။

က်င္႐ႊင္က သူ႕အခန္းေဖာ္ေတြကိုၿပဳံးျပကာ အားေပးလိုက္သည္
“ တစ္ႏွစ္က်န္ပါေသးတယ္။ မင္းတို႔ရဲ႕အစီအစဥ္ေတြအေၾကာင္းစဥ္းစားၿပီး တူတူႀကိဳးစားၾကတာေပါ့”

“ ဟုတ္တယ္ အလုပ္ထက္ အေျပာကလြယ္တယ္” သင္ၾကားမႈ ဆန္ကုန္ေျမေလးစစ္စစ္ယန္ယိက ေျပာလာသည္။

ယန္ယိက ေက်ာင္းမွာသုံးႏွစ္လုံးလုံး ေန႕တိုင္းဂိမ္းေဆာ့တာနဲ႕ အခ်ိန္ျဖဳန္းေနတဲ့သူမ်ိဳးပင္ သူက အတန္းထဲကိုသြားခဲလွသည္။

ဒါ့ေၾကာင့္မို႔ ဘြဲ႕ရခါနီးအလုပ္ရွာခ်ိန္ေရာက္ေတာ့ သူကမတတ္နိုင္ဘဲ အေလးအနက္ျဖစ္လာရသည္။

ဘာေၾကာင့္မွန္းေတာ့ သူမသိဘူး…ယန္က်င္႐ႊင္ ခုနေလးတင္ျပလိုက္တဲ့ စြမ္းေဆာင္မႈက အေတာ္ခံ့ညားတာေၾကာင့္ျဖစ္နိုင္သည္၊ သူအခုယန္က်င္႐ႊင္က အရမ္းအံ့ၾသဖြယ္ေကာင္းတာပဲလို႔ ေတြးေနမိ၏။ ဒီလိုအခန္းေဖာ္ေနာက္ကိုလိုက္ရင္ က်န္ရွိေနဆဲႏွစ္က သူတို႔အတြက္ အရာရာကို ျပဳျပင္ေျပာင္းလဲဖို႔ အမွန္ပင္လုံေလာက္သည္။

ယန္ယိထက္ အနည္းငယ္ပိုေကာင္းမြန္ေသးတဲ့ ထန္းက်င့္ယြမ္က  သူ႕ရဲ႕မွီခိုမႈကို ေျဗာင္ပဲေဖာ္ျပလာသည္။ သူက က်င္႐ႊင္ကို တိုက္ရိုက္ပဲ တိရစာၦန္ေသးေသးေလးတစ္ေကာင္လိုမ်ိဳး ကုတ္လိုက္ကာ:
“ ႐ႊင္႐ႊင္ ငါကိုဘာလို႔ ပရိုဂရမ္ေရးနည္း မသင္ေပးတာလဲ။ ငါ မင္းနဲ႕အတူတူအခ်ိန္ျဖဳန္းေပးမယ္ေလ”

က်င္႐ႊင္က သူတို႔ေၾကာင့္ရယ္မိသြားသည္။ သူမသိမသာမ်က္ခုံးပင့္လိုက္တာက အလြန္ကိုဆြဲေဆာင္မႈရွိေနသည္။

ဒီေနရာက ငယ္႐ြယ္မႈကိုယူေဆာင္ေပးလို႔ထင္သည္၊ ေက်ာင္းဝင္းတစ္ခုလုံးက အလြန္ကို တက္ႂကြေနလ်က္ပင္။

အလုပ္ေဆြးေႏြးပြဲက ၿပီးခါနီးမွာ ေက်ာင္းသားအုပ္လိုက္ႀကီးက တစ္စုၿပီးတစ္စုထြက္ခြာသြားၾကသည္။ က်င္႐ႊင္ကလည္း လူအုပ္ေနာက္လိုက္ကာ ခန္းမအျပင္ဘက္ကို ျဖည္းျဖည္းခ်င္းေ႐ြ႕သြားလိုက္၏။

နဂိုကေတာ့ က်င္႐ႊင္က သူ႕အခန္းေဖာ္ေတြနဲ႕ စေနာက္ေနတာပင္။

သို႔ေသာ္ျငား သူအျပင္ကိုထြက္လိုက္ခ်င္းမွာပဲ က်င္႐ႊင္ ႐ုတ္တရက္ေခါင္းကိုေမာ့လိုက္မိရာ…သူ႕အမူအရာက ခ်က္ခ်င္းေအးခဲသြားေတာ့သည္။

ခန္းမအျပင္ဘက္ကစၾကၤံက ထိန္လင္းေနကာ ခန္းမရဲ႕မ်က္ႏွာခ်င္းဆိုင္မွ တံခါးကက်ယ္က်ယ္ဖြင့္ထားသည္။

၎ေၾကာင့္မို႔ က်င္႐ႊင္က အလြန္ရွင္းလင္းစြာကို ျမင္လိုက္ရသည္။ မ်က္ႏွာခ်င္းဆိုင္က မတ္တပ္ရပ္ေနၾကတဲ့လူေတြၾကားမွာ ပုဂၢိဳလ္တစ္ဦးက…ၾကည့္ရတာ ရင္းႏွီးေနပုံပဲ?

သူအမွတ္မွားတာလားေတာ့ မသိဘူး။

သို႔ေပမဲ့ အဲ့ေနရာမွာရပ္ေနတဲ့ အရပ္ရွည္၊ ပိန္သြယ္၊ ေျခတံရွည္အမ်ိဳးသားက မေန႕ညက သူအိပ္မက္မက္ခဲ့တဲ့သူနဲ႕ တူသည္…ဒါမွမဟုတ္ ဟိုတစ္ေန႕ညက one-night standလို႔ပဲ သူေျပာသင့္လား?!

မျဖစ္နိုင္ပါဘူး ဟုတ္တယ္မလား?

သူက ဘာလို႔ေက်ာင္းမွာရွိေနတာလဲ?

က်င္႐ႊင့္ရဲ႕သံသယမ်က္ဝန္းေတြက ထိုဦးတည္ရာကိုတစ္ဖန္ထပ္ၾကည့္မိျပန္သည္။

တစ္ခ်က္ၾကည့္႐ုံေလးနဲ႕တင္ ၾကည္လင္တဲ့မ်က္ဝန္းေတြက ခ်က္ခ်င္းေအးခဲသြား၏။

…ေသာက္က်ိဳးနည္း တကယ္ႀကီးသူပဲဟ!

ဝတ္စုံျပည့္ဝတ္ကာ သားေရဖိနပ္စီးထားတဲ့ ထိုအမ်ိဳးသားက ေတာက္ပေနတဲ့ေနရာမွာ မတ္တပ္ရပ္ေနၿပီး ထိုညကထက္ ပိုလို႔ေတာင္ခံ့ညားေနပုံေပၚသည္။

သူက…ပိုၿပီးလည္း ၾကည့္ေကာင္းထည္ဝါေန၏။

သူက တည္ၾကည္စြာနဲ႕မတ္မတ္ရပ္ေနကာ ေဘာင္းဘီအိတ္ကပ္ထဲလက္ထည့္ထားၿပီး သူ႕ေဘးကလူေတြေျပာတာအား အာ႐ုံစိုက္ကာနားေထာင္ေနသည္။

သူက လူအမ်ားစုထက္ပိုရွည္တာေၾကာင့္ ဒီဆူညံေနတဲ့ပတ္ဝန္းက်င္မွာ အျခားသူေတြေျပာတာနားေထာင္တဲ့အခ်ိန္ သူ႕ေခါင္းကိုအနည္းငယ္ကိုင္းေပးေနရသည္။

ေဘးဘက္ျခမ္းကေန ၾကည့္မယ္ဆိုရင္ သူ႕မ်က္ႏွာက ေကြးၫြတ္ကာရင့္က်က္ပုံေပၚၿပီး သူ႕ႏႈတ္ခမ္းေတြက ခပ္ေဖ်ာ့ေဖ်ာ့ေလးတင္းတင္းေစ့ထား၏။ အထက္ပိုင္းေနရာမွာရွိတဲ့သူေတြသာ ပိုင္ဆိုင္နိုင္တဲ့ တည္ၾကည္ေလးနက္မႈနဲ႕ ဟိတ္ဟန္အမူအရာတို႔ရွိေနလ်က္ပင္။

က်င္႐ႊင္ လွမ္းၾကည့္ေနတုန္း တစ္ဖက္လူက တစ္ခုခုကိုသတိျပဳမိသည္ထင္ပါရဲ႕၊ ႐ုတ္ျခည္း သူ႕ေခါင္းကိုေမာ့ကာ က်င္႐ႊင္ရွိတဲ့ဦးတည္ရာကို ၾကည့္လာသည္။

ၿပီးျပည့္စုံတဲ့ မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းတစ္စုံက ခ်က္ခ်င္းက်ဥ္းေျမာင္းသြားေတာ့သည္။ အမ်ိဳးသားရဲ႕အမူအရာက မေျပာင္းမလဲဘဲ ေအးစက္စြာရွိေနတုန္းပင္။

…အဲ့ေန႕က ဒီလူမွာ ရမၼက္လွ်မ္းေနတဲ့ မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းတစ္စုံရွိမွန္းေတာင္ က်င္႐ႊင္သတိမျပဳမိခဲ့ဘူး။

အခုေတာ့ ထိုမ်က္ဝန္းေတြက သူရွိတဲ့ေနရာကို တည့္တည့္မတ္မတ္ေငးစိုက္ၾကည့္ေနသည္။

တကယ္တမ္းေတာ့ တစ္ဖက္လူကို သတိျပဳမိတာ က်င္႐ႊင္တစ္ဦးတည္းမဟုတ္ေပ။ ခန္းမထဲကေန ထြက္လာၿပီး သူ႕ကိုျဖတ္ေက်ာ္သြားၾကတဲ့ ေက်ာင္းသားအားလုံးက မလြဲဧကန္ သူ႕ကိုအႀကိမ္အနည္းငယ္ေလာက္ပိုၾကည့္သြားၾကသည္။

ဒီပုဂၢိဳလ္ရဲ႕အသြင္အျပင္က အရမ္းကိုထင္ရွားေနကာ သူ႕အရွိန္အဝါကလည္း ျပင္းလြန္းလွသည္။ အဝတ္အစားေတြျဖစ္ေစ အသြင္အျပင္ျဖစ္ေစ လ်စ္လ်ဴရႈဖို႔ခက္လွ၏။

သို႔ေသာ္ျငား လူအုပ္ၾကားထဲက အဲ့ေနရာမွာ ရပ္ေနတဲ့ထိုလူကေတာ့ အျခားသူေတြရဲ႕အၾကည့္ကို လုံးဝဂ႐ုမထားပုံေပၚသည္။

သူ က်င္႐ႊင္ကိုေတြ႕သြားၿပီးကတည္းက သူ႕အၾကည့္က ပိန္သြယ္တဲ့လူငယ္ေလးေပၚမွာပဲ က်ေရာက္ေနေတာ့သည္။

ရွန္ရိက်င္းက တစ္ခ်ိန္လုံး တံခါးအျပင္ဘက္မွာမတ္တပ္ရပ္ေနခဲ့တာျဖစ္၏။

“ ပေရာ္ဖက္ဆာဟို႔က ေက်ာင္းသားေတြနဲ႕ေဆြးေႏြးစရာ တစ္ခုခုရွိေနတယ္ထင္တယ္။ ေက်းဇူးျပဳၿပီး နည္းနည္းေလာက္ထပ္ေစာင့္ေပးပါအုံး”
အခုခ်ိန္ထိ သူ႕ကိုအေဖာ္ျပဳေပးေနဆဲျဖစ္သည့္ ေက်ာင္းအုပ္ေကာင္းက ေျပာလိုက္သည္။

ေက်ာင္းသားေတြက ပိုပိုၿပီးထြက္လာၾကတာကိုျမင္ေတာ့ ေက်ာင္းအုပ္ေကာင္းက တီးတိုးေျပာလိုက္သည္
“ ၾကည့္ေလ၊ ေက်ာင္းသားအားလုံးထြက္လာၾကၿပီ။ အခုခ်ိန္မွာ ေက်ာင္းသားေတြအမ်ားႀကီးထြက္လာေနၾကတာဆိုေတာ့ Mr.ရွန္ ခင္ဗ်ား ႐ုံးခန္းထဲကိုအရင္ျပန္ထိုင္ၿပီး လက္ဖက္ရည္ေသာက္…”

“ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ေက်ာင္းအုပ္ေကာင္း၊ ေက်းဇူးျပဳၿပီးခဏေလာက္ေစာင့္ေပးပါအုံး”  ရွန္ရိက်င္းက ႐ုတ္တရက္ေျပာလာသည္။

အဲ့ေနာက္ အျခားသူေတြ ျပန္မတုံ႕ျပန္နိုင္ေသးခင္မွာပဲ လူတိုင္းရဲ႕အၾကည့္ေတြေအာက္မွာတင္ သူဦးတည္ရာတစ္ခုတည္းကို တစ္လွမ္းၿပီးတစ္လွမ္းတိုးလို႔ ေလွ်ာက္သြားၿပီျဖစ္သည္။

ဘြန္း ဘြန္း ဘြန္း

သူ႕ပတ္လည္မွာ ပရမ္းပတာျဖစ္ေနၾကၿပီး ေျခသံကေတြကလြဲ ဘာအသံမွမၾကားရေတာ့ေပ။ သို႔ေပမဲ့ တစ္ဖက္လူရဲ႕ေျခလွမ္းေတြက တိက်ၿပီး သူေျခလွမ္းတစ္လွမ္းလွမ္းလိုက္တိုင္း သူ႕ကိုယ္ပိုင္အသည္းညွာေပၚကို နင္းလိုက္သလိုမ်ိဳး က်င္႐ႊင္ခံစားေနရ၏။

က်င္႐ႊင့္ေက်ာျပင္က မသိစိတ္အရ မတ္သြားမိသည္။

ဒီအခိုက္အတန႔္မွာ ေထာင္ခ်ီတဲ့ျမင္းေတြက သူ႕ႏွလုံးအိမ္ထဲ ဒုန္းဆိုင္းေျပးေနသလိုပင္။ အထူးသျဖင့္ မေန႕ညက သူ ဒီလူကိုအိပ္မက္ မက္ခဲ့တာ…ထိုအိပ္မက္က သူ႕စိတ္ထဲမွာ ကြက္ကြက္ကြင္းကြင္း စြဲက်န္ေနတုန္းပင္။ ဒီအခ်ိန္မွာ သူ႐ုတ္တရက္ႀကီး လူအစစ္ကိုျမင္လိုက္ရေတာ့ သူတစ္ခုခုအမွားလုပ္ခဲ့တာကို လူမိခံလိုက္ရသလိုမ်ိဳး က်င္႐ႊင္ခံစားေနရသည္။

ဒီေတာ့ …ဒီေတာ့…
ဘာေတြျဖစ္သြားတာလဲ?

အဲ့ေန႕ညက သူတို႔အတူတူရွိေနခဲ့ၾကတဲ့ အေျခအေနအားလုံးကို စဥ္းစားၾကည့္ရင္…ဒီလူက ေက်ာင္းမွာရွိေနေသးတဲ့ တစ္စုံတစ္ေယာက္လို႔ သူမခံစားရဘူး။

သူ႕မွတ္ဉာဏ္အရဆိုရင္ အကြာအေဝးတစ္ေနရာမွာ ရပ္ေနတဲ့လူေတြကထဲမွ တစ္ေယာက္က ေက်ာင္းရဲ႕ေက်ာင္းအုပ္ႀကီးမွန္း က်င္႐ႊင္သိသည္။ သို႔ရာတြင္ အကြာအေဝးက ေဝးလြန္းတာေၾကာင့္ သူတို႔ခုနကဘာေတြေျပာေနမွန္း သူမၾကားနိုင္ခဲ့ေခ်။

သူက ဆရာတစ္ေယာက္လား? ဒါမွမဟုတ္ သူ႕မွာအျခား ရာထူးမ်ားရွိေနတာလား?

က်င္႐ႊင္ရဲ႕အေတြးေတြက အရိုင္းဆန္စြာလြင့္ေမ်ာေနလ်က္။

မတိုင္ခင္အထိေပါ့--

“နိေဟာင္” အမ်ိဳးသားက သူ႕ေရွ႕မွာ မတ္တပ္ရပ္ေနသည္။

က်င္႐ႊင္ : “……”

Mr.ေျခတံရွည္က …သူ႕ေရွ႕မွာရပ္ေနတယ္..မီတာဝက္ေတာင္မကြာတဲ့ေနရာမွာေလ။

ထိုရမၼက္လွ်မ္းတဲ့မ်က္ဝန္းတစ္စုံက အတန္ငယ္နိမ့္ဆင္းေနကာ မ်က္ခြံေတြကလည္း သူ႕ကိုၾကည့္ေကာင္းေစတယ္လို႔ ထင္ရတဲ့အဆင့္တစ္ခုထိေရာက္ေနၿပီျဖစ္ၿပီး သူ႕အားမ်က္ေတာင္မခတ္စတမ္း စိုက္ၾကည့္ေနသည္။

ၿပီးေတာ့…

ႏွစ္ရက္ၾကာၿပီးေနာက္မွာ ထိုအမ်ိဳးသားရဲ႕အၾကည့္က သူ႕ကိုယ္ထဲလွ်ပ္စစ္စီးသြားသလို ခံစားခ်က္မ်ိဳးကို ေပးစြမ္းနိုင္ေနတုန္းပင္။ ဘာေတြျဖစ္ေနတာလဲ?!

က်င္႐ႊင္က သူ႕အသံကိုျပန္ရဖို႔ ႀကိဳးစားလိုက္ကာ
“ နိေဟာင္”

မ်က္ႏွာခ်င္းဆိုင္မွ လူက သူ႕ထက္ပိုၿပီးတည္ၿငိမ္ပုံေပၚသည္။

အနည္းဆုံးေတာ့ အဲ့လိုျမင္ေနရတာပဲေလ။ အဆုံးမွာေတာ့ ဒီလူက တစ္ခါမွ ခံစားခ်က္ကို အလြန္ထိထိမိမိမျပဖူးဘူးေလ။

သူက သူ႕ေမးေစ့ကို အနည္းငယ္ပင့္လိုက္ကာ ေမးခြန္းထုတ္ေနတဲ့ေလသံနဲ႕ ေျပာလာသည္
“ အဆင္ေျပရဲ႕လား? စကားေျပာၾကရေအာင္ေလ”

…အာ

“ အဆင္ေျပပါတယ္” က်င္႐ႊင္က ေတာင့္တင္းစြာေခါင္းညိတ္ျပလိုက္ၿပီး ထိုစကားကိုပဲေျပာနိုင္ေလသည္။
..

မေရမတြက္နိုင္တဲ့လူေတြရဲ႕ ေရွာ့ခ္ရကာ စိတ္ရႈပ္ေထြးေနတဲ့အၾကည့္ေတြေအာက္မွာ သူ ထိုအမ်ိဳးသားရဲ႕ေနာက္ကေန ဘယ္လိုလိုက္ၿပီး ခန္းမအျပင္ဘက္ေရာက္လာမွန္း က်င္႐ႊင္မသိေတာ့ဘူး။

ဘယ္လိုပဲျဖစ္ျဖစ္ အဲ့လူရဲ႕ေရွ႕မွာရပ္ေနခ်ိန္ဆို သူ႕ရဲ႕အၿမဲတမ္းလ်င္ျမန္တဲ့ဦးေႏွာက္က လုပ္ေဆာင္ခ်က္ခ်ိဳ႕ယြင္းသြားကာ မသိရင္ အခုထိေဆးရဲ႕သက္ေရာက္မႈခံေနရေသးတဲ့အတိုင္းပင္။

ညေနခင္းေနမင္းႀကီးက အေနာက္အရပ္ကို ျဖည္းျဖည္းခ်င္းစီးနင္းဝင္ေရာက္သြားၿပီး ေနရဲ႕နီရဲေနတဲ့ အေပၚဘက္ျခမ္းက ေကာင္းကင္ႀကီးတစ္ခုလုံးကို မီးရွို႔ထားသလိုပင္။

သူ႕မ်က္ႏွာကလည္းပဲ နီရဲေလာင္ကြၽမ္းေနၿပီဆိုတာကို က်င္႐ႊင္ခံစားမိသည္။

သူလက္ျမႇောက္ကာ မ်က္ႏွာကိုထိခ်င္ေပမဲ့ တစ္ဖက္လူရဲ႕အၾကည့္ေအာက္မွာ အဲ့လိုထိလိုက္ရင္ သူရွက္ေသြးျဖာေနတာက ပိုသိသာသြားၿပီး တစ္ဖက္လူရဲ႕အာ႐ုံကိုဆြဲေဆာင္သြားမွာအား သူေၾကာက္ေနမိသည္။

မေကာင္းလိုက္တာ

သူတို႔က တူတူအိပ္ခဲ့႐ုံပဲေလ! အိပ္မက္တစ္ခုပါ ထပ္ေပါင္းၿပီးေတာ့ေပါ့

ထိုညက အဲ့အရာကို လုပ္ခဲ့တုန္းက မင္းလုံးဝမရွက္ခဲ့ဘူးေလ။ ဒါေပမဲ့ အခုသူ႕ကိုမ်က္ႏွာခ်င္းဆိုင္႐ုံေလးနဲ႕ မင္းကဘာလို႔ ေၾကာင္ေတာင္ေတာင္ျဖစ္ေနရတာလဲ? က်င္႐ႊင္ေရ မင္းကေတာ့ေသာက္က်ိဳးနည္းပဲ!

သူ႕ကိုထိတ္ထိတ္ပ်ာပ်ာျဖစ္ေအာင္ သူ႕ေခါင္းထဲမွာ သူ႕အားလႈပ္ရမ္းေနတဲ့နတ္ဆိုးတစ္ေကာင္ရွိပုံေပၚၿပီး ေနာက္ဆုံးမွာေတာ့ က်င္႐ႊင္က အနည္းငယ္ပုံမွန္ျပန္ျဖစ္လာသည္။

သူ႕မ်က္လုံးကိုေမာ့ဖို႔ သတၱိစုလိုက္သည္။ အရပ္ကြာျခားခ်က္က သူ႕ေရွ႕ကလူကို ၾကည့္ဖို႔ရန္အတြက္ သူအနည္းငယ္ေခါင္းေမာ့ထားဖို႔လိုေစသည္။ သူအလိုအေလ်ာက္ေမးမိသြား၏
“ရွဲန္းရွန္ ခင္ဗ်ား ဘာအေၾကာင္းေျပာခ်င္လို႔လဲ?”

သူေျပာထြက္သြားၿပီးေနာက္ က်င္႐ႊင္သူ႕ကိုယ္သူေျပာလိုက္သည္။

ဘုရားေရ

ဘာပဲျဖစ္ျဖစ္ တစ္ဖက္လူက သူ႕ကိုကူညီေပးခဲ့တာေလ။ ဒီလိုအေျခအေနမ်ိဳးမွာ အနည္းဆုံးေတာ့ သူရိုးရွင္းၿပီးယဥ္ေက်းတဲ့တစ္စုံတစ္ခုကို ေျပာသင့္တာေလ။ ဥပမာ
“ တိုက္ဆိုင္လိုက္တာေနာ္၊ ခင္ဗ်ား ဒီကိုဘာလို႔ေရာက္ေနတာလဲ” ေပါ့။

တစ္ေယာက္နဲ႕တစ္ေယာက္ေတြ႕တာက မထင္မွတ္ထားတာျဖစ္ေသာ္ျငားလည္း က်င္႐ႊင္က အမွန္တကယ္ကို အနည္းငယ္ခပ္စိမ္းစိမ္းေျပာလိုက္မိသည္။

သို႔ေသာ္ အခုသူအရမ္းေအးစက္ၿပီး အၾကင္နာမဲ့သလိုမ်ိဳးမ်ား ျဖစ္သြားလား?…

ကံေကာင္းစြာနဲ႕ တစ္ဖက္လူကလည္း သိသိသာသာပင္ ထိုအရာအားဂ႐ုမစိုက္ေနခဲ့ေပ။

လိုရင္းတိုရွင္းအေၾကာင္းေျပာရမယ္ဆိုရင္ Mr.ေျခတံရွည္က သူ႕ထက္ေတာင္ပိုေတာ္ေနေသး၏။

တစ္ဖက္လူက တည့္တည့္ပဲေျပာလာသည္
“ ကိုယ္ မင္းကို လက္ထပ္မဲ့အေၾကာင္းေျပာခ်င္လို႔”

……!

ေကာင္းၿပီ က်င္႐ႊင္ စိတ္သက္ရာရစြာ သက္ျပင္းခ်လိဳက္သည္ : သူယဥ္ေက်းေနစရာမလိုပါဘူး၊ အဆုံးမွာေတာ့ ဒီလူက သူ႕ထက္ေတာင္ပိုၿပီးတိုက္ရိုက္က်ေသး…?

?

??

တစ္စကၠန႔္ၾကာၿပီးေနာက္ က်င္႐ႊင္ရဲ႕မ်က္လုံးေတြျပဴးက်ယ္သြား၏ : ? ? ?

***
စာေရးသူမွာ ေျပာစရာရွိတယ္:

က်င္႐ႊင္ : ခင္ဗ်ား ဘာအေၾကာင္းေျပာခ်င္တာလဲ?

ရွန္ရိက်င္း : အခ်စ္အေၾကာင္းေျပာမို႔ေလ။

桃花眼[táo huā yǎn]: မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းေတြက ခ်စ္စိတ္ျပင္းျပၿပီး ရမၼက္လွ်မ္းတဲ့မ်က္ဝန္းတစ္စုံပင္။ ပုံသ႑ာန္က မက္မြန္ပန္းပြင့္ႏွင့္ အသြင္တူေသာေၾကာင့္ ဤနာမည္တြင္ခဲ့ျခင္းျဖစ္သည္။

Đọc tiếp

Bạn Cũng Sẽ Thích

13.6K 703 15
Title : 🧡Dinghai Fusheng Lu 定海浮生录🧡 Author(s) : Fei Tian Ye Xiang Artist(s) : 千二百 Myanmar Translator : SSMAWW Aira & 小云 crd_to_original_author_arti...
1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
127K 17.7K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
28.4K 4K 10
Associated Name : Four forty-eight (凌晨四點四十八) Original Authors : Qin Mobei, 秦墨北 Total Chapters : 8 chapters (Completed) {I respectfully give credit to...