╔═════ ࿇ ═════╗
𝕮𝖍𝖆𝖕𝖙𝖊𝖗 27
𝕬 𝕻𝖗𝖎𝖘𝖔𝖓𝖊𝖗 𝖎𝖓 𝖙𝖍𝖊 𝕸𝖔𝖔𝖓 𝕻𝖆𝖑𝖆𝖈𝖊
╚═════ ࿇ ═════╝
ပတ်ဝန်းကျင် အေးဆေးတည်ငြိမ်သော ညတစ်ညဖြစ်သည်။ မဟာယာနဗုဒ္ဓဘာသာကိုးကွယ်သည့် ဂျပန်ဗုဒ္ဓကျောင်းဆောင်ကြီး၌ အရွယ်အစား အလတ်ရှိသော ဗုဒ္ဓဆင်းတုတော်တစ်ခု သပ္ပာယ်စွာ တည်ရှိလေသည်။
ကိုတက ဘုရားကျောင်းဆောင်အတွင်း ညနေ ၆ နာရီကနေ ည ၁၂ ထိ တရားထိုင်နေခဲ့သည်။ ၁၂ အတိတွင် တရားဖြုတ်ချပြီးသော် သူ့မျက်လုံးများက တဖြည်းဖြည်း ပွင့်လာသည်။ ထို့နောက် အသာအယာ မတ်တပ်ထပြီး ဘုန်းကြီးကျောင်း ပရဝဏ်အတွင်း ဆင်းခဲ့သည်။
တရားထိုင်ပြီးကာစဖြစ်၍ သူ့စိတ်သည်လည်း အလွန်အမင်း ကြည်လင်နေခဲ့၏။ ဤ ဂျပန်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းက ခေတ်အဆက်ဆက် ကိုတအနေဖြင့် ကျင်လည်နေထိုင်လာခဲ့သောနေရာဖြစ်သည်။
တစ်နေရာအရောက်မှာ သူ့ခြေလှမ်းတွေက အလိုလို စုံရပ်သွားလျက်။ သူ၏ဦးခေါင်းက မော့လာခဲ့ကာ လရောင်မှိန်နေသည့် ကောင်းကင်ကြီးအား လွမ်းဆွတ်ဖွယ် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့လျက်။ခဏအကြာတွင် သူ၏ညာဘက်လက်ကို ကောင်းကင်ဆီသို့ ရွယ်ချိန်ခဲ့သည်။ ထို့နောက် သူ့လက်ဖဝါးကနေ ခရမ်းရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာ၏။
" ဟီရိုကို ... ကိုယ်တို့ကို မေ့နေပြီလား။ မင်းရဲ့အပြစ်ဒဏ်သင့်ရာကနေ လွတ်မြောက်လာမဲ့နေ့လေးကို မျှော်နေမိတယ်။ ဒါမှလည်း မင်းရဲ့သားက မင်းရဲ့စကားတွေကို ယုံကြည်ပြီး အဖြစ်မှန်တွေလက်ခံလာမှာကို။ ဒါ့ကြောင့် ပင်ပန်းနေမယ်ဆိုလည်း ဆက်အားတင်းထားပါအုံး။ ကိုယ်ကတော့ မင်း ပေးထားတဲ့ တာဝန်တွေနဲ့ အသက်ရှင်နေဆဲပေါ့"
နှလုံးအိမ်အတွင်းမှ ထွက်ပေါ်လာသော စကားလုံးတိုင်းဟာ ကိုတ၏ခံစားချက်အမှန်ပင်။
ကိုတ၏မဟူရာမျက်ဝန်းများအတွင်းမှာ ခရမ်းရောင်စွမ်းအင်၏ပုံရိပ်ဟာ ထင်ဟပ်နေလျက်။
" ဒုက္ခတွေ အများကြီးကျော်ဖြတ်ခဲ့ကြပြီးပြီပဲ။ နာကျင်စရာကိစ္စတွေလည်း အများကြီးခံစားခဲ့ကြပြီးပြီ။ မကြာခင်မှာ ကိုယ်တို့ပြန်ဆုံစည်းနိုင်ကြမှာပါ။ က်ိုယ်လည်း ဒီလိုပဲ ယုံကြည်ထားတယ်။ မင်းလည်း ဒီလိုပဲ ယုံကြည်နေပေးမယ်မလား။ ချစ်တယ် ... မင်းအနားမှာ ကိုယ်အမြဲတမ်းရှိနေတယ်ဆိုတာ မမေ့ပါနဲ့ မိန်းကလေး... "
သူ စကားပြော၍ ပြီးဆုံးသွားချိန်၌ လက်ဖဝါးရှေ့ရှိ ခရမ်းရောင်စွမ်းအင်အလုံးလေးက သူ့အသံများကို ဖမ်းယူပြီးဖြစ်သည်။ ထို့ကြောင့် မှော်ခရမ်းရောင် လိပ်ပြာတစ်ကောင်အသွင်သို့ ချက်ချင်း ပြောင်းလဲသွားကာ ကောင်းကင်ဆီသို့ ပျံတက်သွားခဲ့သည်။
ကိုတဟာ တစ်ယောက်တည်း ငေးမောကျန်နေခဲ့သည်။ လိပ်ပြာလေးဟာ တောင်ပံတဖျတ်ဖျတ်ဖြင့် ခပ်မြင့်မြင့် ပျံတက်လာသည့်အခါ ကိုတ၏ပုံသဏ္ဍာန်ဟာလည်း မြင်ကွင်းသေးလာခဲ့သည်။ လိပ်ပြာလေးက တိမ်စိုင်၊ တိမ်မှုန် အားလုံးသာမက လေထုလွှာများကိုပါ ကျော်ဖြတ်ကာ ပျံတက်လာခဲ့ရင်း မကြာမှီတွင် ဧရာမကောင်းကင်နန်းတော်ကြီးဆီသို့ ရောက်ရှိလာတော့သည်။
နတ်ပန်းပေါင်းစုံ ဥယျာဉ်ကြီးထဲတွင် ခြေ ၄ ချောင်းစလုံး ခြေကျင်းခတ်ခံထားရသည့် အမြှီးကိုးချောင်းမြေခွေးဖြူအမဖြစ်သည့် ဟီရိုကိုဟာ အိပ်စက်နေသည်။
သူမက လနတ်ဘုရား၏ မိဖုရားခေါင်ကြီးမှ ကျိန်စာတိုက်ကာ အပြစ်ပေးခြင်းခံထားရသည်။
တစ်ချိန်က ဤလနတ်မင်းကြီးနှင့်လနတ်ဘုရားမပိုင်သည့် ကောင်းကင်နန်းတော်ကို ကိုတမှ ဟီရိုကိုကြောင့် လာရောက်သောင်းကျန်းခဲ့ဖူးသည်။
ထို့ကြောင့် လနတ်ဘုရားမမှ အလွန်အမင်း အမျက်ဒေါသထွက်ကာ နောက်တစ်ကြိမ် လာသောင်းကျန်းပါက ဟီရိုကိုအား သတ်ပစ်မည်ဟု ရာဇသံထုတ်ခဲ့၏။
ထိုအချိန်မှစ၍ ကိုတလည်း အကြမ်းနည်းမရသဖြင့် အနုနည်းသုံးကာ ဟီရိုကိုနှင့် တွေ့နိုင်ရန် အကြိမ်ကြိမ် အသနားခံစာတင်ပြီး လျှောက်တင်ခဲ့သော်လည်း၊ ကြိုးစားဆက်သွယ်ခဲ့သော်လည်း အကြိမ်ကြိမ် ပယ်ချခြင်းခံခဲ့ရသည်။ သို့သော် နောက်ဆုံးတွင် ကိုတ၏မဆုတ်မနစ် ကြိုးစားမှုကြောင့် သဘောတူညီချက် အသေးစားလေးအား လနတ်ဘုရားမထံမှ ခွင့်ပြုချက်အားရရှိခဲ့၏။
ဤသည်မှာ အသံဖမ်းစက်ကဲ့သို့ မှော်လိပ်ပြာများအား ဟီရိုကိုထံ တစ်လလျှင် တစ်ကြိမ် စေလွှတ်ခွင့်ပင်။
ကိုကကတော့ နန်းတော်သို့ လာရောက်ရန် ရာသက်ပန် ပိတ်ပင်ခြင်း ခံခဲ့ရသည်။ ခရမ်းရောင်လိပ်ပြာလေးက ဟီရိုကို၏နူတ်သီးပေါ် နားနေခဲ့သည်။
မကြာခင် ဟီရိုကိုမှ နိုးလာခဲ့သည်။ မှော်လိပ်ပြာကလေးကို မြင်သော် နားရွက်များ စွင့်ကားကာ မျက်လုံးကလေးအဝိုင်းသားနှင့် ခွေခွေလေး လဲလျောင်းအိပ်စက်နေခဲ့ရာမှ ရှေ့ခြေနှစ်ချောင်းထောက်ကာ မတ်တပ်ရပ်ခဲ့သည်။
ဟီရိုကို မတ်တပ်ထပြီးနောက် မှော်လိပ်ပြာလည်း ခရမ်းရောင်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
" ဟီရိုကို ... ကိုယ်တို့ကို မေ့နေပြီလား။ မင်းရဲ့အပြစ်ဒဏ်သင့်ရာကနေ လွတ်မြောက်လာမဲ့နေ့လေးကို မျှော်နေမိတယ်။ ဒါမှလည်း မင်းရဲ့သားက မင်းရဲ့စကားတွေကို ယုံကြည်ပြီး အဖြစ်မှန်တွေလက်ခံလာမှာကို။ ဒါ့ကြောင့် ပင်ပန်းနေမယ်ဆိုလည်း ဆက်အားတင်းထားပါအုံး။ ကိုယ်ကတော့ မင်း ပေးထားတဲ့ တာဝန်တွေနဲ့ အသက်ရှင်နေဆဲပေါ့"
ဟီရိုကို၏ ပြူးဝိုင်းနေသော ပယင်းရောင်မျက်လုံးလေးများက ထိုခရမ်းရောင်စွမ်းအင်လေးကို စူးစိုက်ကြည့်ကာ နားထောင်နေလျက်။
" ဒုက္ခတွေ အများကြီးကျော်ဖြတ်ခဲ့ကြပြီးပြီပဲ။ နာကျင်စရာကိစ္စတွေလည်း အများကြီးခံစားခဲ့ကြပြီးပြီ။ မကြာခင်မှာ ကိုယ်တို့ပြန်ဆုံစည်းနိုင်ကြမှာပါ။ က်ိုယ်လည်း ဒီလိုပဲ ယုံကြည်ထားတယ်။ မင်းလည်း ဒီလိုပဲ ယုံကြည်နေပေးမယ်မလား။ ချစ်တယ် ... မင်းအနားမှာ ကိုယ်အမြဲတမ်းရှိနေတယ်ဆိုတာ မမေ့ပါနဲ့ မိန်းကလေး... "
ခရမ်းရောင်စွမ်းအင်ပုံရိပ်ထင်ပေါ်နေသော ဟီရိုကို၏ ပယင်းမျက်လုံးအိမ်ထဲတွင် ငွေရောင်မျက်ရည်များ စီးကျနေခဲ့သည်။
" အားလုံးက ကျွန်မ အမှားတွေပါ ကိုရယ် ... ကျွန်မကြောင့်သာ အကုန်လုံး အထိအခိုက်များခဲ့ရတာ။ ပြဿနာတွေ တအားပေးပြီး ရက်စက်မိခဲ့တဲ့ ကျွန်မကို ခုချိန်ထိ ချစ်နေသေးတယ်နော် ... ကျွန်မ ဒီကနေ လွတ်မြောက်သွားရင်တောင် ခရစ်စတိုဖာလေးကို ဘယ်လ်ိုရင်ဆိုင်ရမလဲ မသိဘူး။ သူ ကျွန်မကို အမေလို့ သတ်မှတ်နိုင်ပါအုံးမလား။ ကို ... ကျွန်မကို ဘယ်လိုပဲ အားပေးပေး ဒီအကြောင်းတွေ တွေးမိတိုင်းမှာ ကြောက်နေမိတယ်။ ကိုနဲ့သားလေးကို အရမ်းသတိရတယ် ... "
ခရမ်းရောင်စွမ်းအင်ကြောင့် ဟီရိုကို ပြောသမျှကို မြေပြင်တွင်ရှိနေသည့် ကိုတက အကုန်ကြားနေရသည်။
ဟီရိုကို၏ နှာတရှုပ်ရှုပ်ဖြင့် ငိုသံကို ကိုတဘက်က ကြားရသည့်အခါ နှလုံးသားမှာ မီးပွားကလေးက ဝုန်းခနဲ ထတောက်လာသည်။
သူ၏နောက်ပစ်ထားသောလက်များက အလိုအလျောက် ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။
လေတဝကြီး ရှုသွင်းရှုထုတ်လိုက်ပြီးနောက် ကောင်းကင်ကြီးကိုသာ ဆက်လက်မော့ကြည့်နေရင်း သူ့မျက်ဆံအနက်များမှ မျက်ရည်အနည်းငယ် စီးကျလာခဲ့လျက်။
" ကိုယ်က အမြဲတမ်း ခွင့်လွှတ်နေပြီးသားပါ။ ကိုယ်တို့ရဲ့သားအတွက်လည်း စိတ်မပူနေနဲ့။ သူကတော့ သူ့လင်နဲ့ ပျော်နေတာ။ သူ့အမေနဲ့အဖေက ခုလိုဝေးကွာပြီး လွမ်းဆွတ်နေရချိန်မှာပေါ့။ အဲဒီကောင်ကတော့ တကယ့်ကောင် ... ဟားဟား "
ကိုတဘက်မှ ပြောသမျှစကားတွေကိုတော့ ဟီရိုကို ပြန်ကြားနိုင်စွမ်း မရှိပေ။
ခရမ်းရောင်စွမ်းအင်ကလည်း ဟီရိုကို စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဟီရိုကို၏အရှေ့ကနေ အမှုန်မွှားများအဖြစ် ပြန့်ကျဲကာ ပျောက်ကွယ်သွား၏။
ဟီရိုကို့ခမျာလည်း အထီးကျန်စွာ ငိုနေခဲ့သည်။
----
လွန်ခဲ့သော အနှစ် ၂၀ ကျော်၌ ဂျပန် မိစ္ဆာနှိမ်နင်းသူများမှ ဟီရိုကိုအား လူအများအပြားသတ်မှုဖြင့် သုတ်သင်ရန် နယ်မြေအနှံ့ရှာဖွေခဲ့ကြသည့်ကာလဖြစ်သည်။
တကယ်တမ်းတွင် အမြှီးကိုးချောင်း ကောင်းကင်ဘုံမြေခွေးဖြူ ညီအစ်မများဖြစ်ကြသည့် ဟီရိုကိုနှင့်ရီနာတို့ဟာ လနတ်ဘုရား၏ မိဖုရားခေါင်ကြီး လနတ်ဘုရားမ မွေးမြူပိုင်ဆိုင်ခဲ့သည့် တော်ဝင်တိရစ္ဆာန်များဖြစ်ခဲ့ကြသည်။
သို့ရာတွင် လွန်ခဲ့သောနှစ်ပေါင်းထောင်ချီခန့်ကအစ်မဖြစ်သူ ရီနာဟာ လနတ်နန်းတော်ကနေ ဟီရိုကိုနှင့်အတူတူ ထွက်ပြေးခဲ့ရာ ဟီရိုကိုသာ ကံမကောင်းစွာ နတ်ဘုရားမ၏ အစောင့်များမှ မိသွားခဲ့သည်။
လနတ်ဘုရားမလည်း ဟီရိုကိုအား လုံခြုံရေးအပြည့်ဖြင့် အကျယ်ချုပ်ချထားပြီးသော် ရီနာအား ရှာဖွေဖမ်းဆီးခဲ့သည်။
သို့သော်လည်း ရီနာမှ ကောင်းကင်နန်းတော်သို့ လိုက်ရမည့်အစား အသက်ပင် အသေခံမည်ဟူ၍ ချောက်ထဲ ခုန်ချခဲ့သည်။
ထိုအဖြစ်အပျက်အား နတ်မှူးမတ်စစ်သည်တို့မှ လနတ်ဘုရားမအား ပြန်လည်လျောက်တင်ကြသော် နတ်ဘုရားမမှ ရီနာအား ကျိန်စာတိုက်ခဲ့လေသည်။
ထိုအချိန်က ရီနာ၏ ယောကျာ်း အိုဝမ်၊ ဂျပန်အမည် မိုရီကမူ ပိုင်ရှင်မဲ့ မြေခွေးဖြူတစ်ကောင်သာ။ သူက ကောင်းကင်ဘုံမှာ မွေးဖွားမလာခဲ့ဘဲ ကမ္ဘာမြေပြင်ပေါ်၌သာ အလေအလွင့် မွေးဖွားလာခဲ့သောကြောင့် လူများကြားတွင် ပုံစံမျိုးစုံဖြင့် နေထိုင်လာခဲ့ရာ၊ တစ်နေ့တွင် လနတ်နန်းတော်မှ လွတ်မြောက်လာသော ရီနာနှင့် တောအုပ်တစ်ခု၌ အမှတ်မထင် တွေ့ဆုံခဲ့ပြီးနောက် မေတ္တာမျှခဲ့ကြသည်။
သို့သော် ရီနာဟာ လနတ်ဘုရားမ၏ အမျက်တော်ကျိန်စာတစ်ခုကြောင့် ကလေးမွေးဖွားနိုင်ခြင်းမရှိခဲ့ဘဲ အိုဝမ်နှင့်အတူ ဟီရိုကို မလွတ်မြောက်လာခင်အထိ နှစ်ဦးသား ဘဝတစ်ခုကို တည်ဆောက်ခဲ့ကြ၏။
နှစ်ပေါင်းများစွာကြာသော် ၂၀ ရာစုနှောင်းပိုင်း၌ ဟီရိုကို လွတ်မြောက်လာခဲ့သည့်အခါ သူမ၏အစ်မဖြစ်သူ ရီနာအား ဂျပန်တစ်ခွင် ၃ လကျော်ကြာအောင် ကြိုးစားရှာဖွေခဲ့သည်။
သူမ၏လုံခြုံရေးအရ လူများစွာလည်း သတ်မိခဲ့သည်။ ထို့ကြောင့်လည်း အသက်လုကာ ပုန်းရှောင်ရင်း ရီနာကို ရှာဖွေနေခဲ့သည်။
ဤသို့ဖြင့် မကြာခင်တွင် ကိုတနှင့် ဂျပန်ဘုရားကျောင်းတစ်ခုမှာ ဆုံစည်းမိခဲ့ကြရင်း ဟီရိုကိုအား ဂျပန်မိစ္ဆာနှိမ်နင်းသူများလက်မှ လွတ်မြောက်စေရန် သူ၏အခန်းထဲတွင် အချိန်တစ်ခုထိ လုံခြုံစွာ ဖွက်ထားပေးခဲ့သည်။
ထို့နောက် ဟီရိုကို၏ တောင်းဆိုချက်အရ ရီနာကို အောင်မြင်စွာ ကူညီရှာဖွေပေးနိုင်ခဲ့သည်။
ထိုမှစ၍ အစ်မဖြစ်သူ ရီနာတို့လင်မယား၏ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ရာဇဝတ်မှုများ ကျူးကျော်မှုထားသည့် ဟီရိုကိုလည်း အေးချမ်းသော အသိုက်အမြုံတစ်ခုသို့ ရောက်သွားသောအခါ လူများအား မသတ်တော့ပေ။
ကိုတကလည်း သူနေထိုင်ရာ ဘုရားကျောင်းဆီသို့ အလည်လာခွင့် ပေးခဲ့သလို ဟီရိုကိုကိုလည်း အမြဲကြင်နာစွာ ဆက်ဆံခဲ့သည်။ သို့သော် သူဟာ ဟီရိုကိုအား ခံစားချက်ရှိခဲ့သလို ဟီရိုကိုဘက်ကချစ်ကြိုက်နေမှန်းသိသော်လည်း ရှက်လွန်းသဖြင့် ဖွင့်မပြောနိုင်ခဲ့ပေ။
သူနှင့်ဟီရိုကိုကြားတွင် မိတ်ဆွေဆက်ဆံရေးဟူသော စည်းကလေးသာ ခြားစေခဲ့သည်။
များမကြာမှီတွင် တစ်ခုသော တစ်ည၌ ကိုတအား ဟီရိုကိုမှ လူသားများ၏ဟော်တယ်တစ်ခုသို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး မြူဆွယ်ခဲ့ရာ ကိုတလည်း စိတ်အလိုလိုက်မိပြီး အမှားတစ်ခုကို ကျူးလွန်မိသွား၏။
နှစ်ဦးသားမှားခဲ့ကြပြီးနောက် ကိုတဟာ ဟီရိုကိုအတွက် အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့သည်။
သူဟာ အမတသက်တော်ရှည် Onmyoji တစ်ယောက်ဖြစ်၏။ သူ့ညီအစ်ကို အမတ Onmyoji များအပေါ် သစ္စာဖောက်သည့်လုပ်ရပ်အား လုပ်မိခဲ့သည်။ ထိုသူများမှ ဟီရိုကိုနှင့် သူ၏ဖြစ်ရပ်ကို သိသွားပါက အင်မတန် စိတ်ဆိုးဒေါသထွက်ကြလိမ့်မည်ကို သိရှိထားသည်။
[A/N: Onmyoji က အလွယ်ပြောရရင် ဂျပန်ဘုန်းကြီးမိစ္ဆာနှိမ်နင်းသူပေါ့။ ဗုဒ္ဓဘာသာဘုန်းကြီးမဟုတ်ပေမဲ့လည်း ဘုန်းကြီးလိုမျိုးပဲလို့ ဖော်ပြကြတယ်။ ကိုယ်နားလည်တာကတော့ ဘုန်းကြီးတွေလို ဝိနည်းသိက္ခာပုဒ်တွေ အများကြီး စောင့်ထိန်းဆရာမလိုဘဲ ယင်နဲ့ယမ်ကျင့်စဉ်တွေအတွက်ပဲ အကန့်သတ်နဲ့ ဝိနည်းစောင့်ထိန်းရလို့ ဘုန်းကြီးအမျိုးအစားတစ်မျိုးလို့ ပြောကြတာနေမယ်။
ပြီးတော့ Onmyoji မဟုတ်တဲ့ သာမာန်မိစ္ဆာနှိမ်နင်းသူတွေကိုလည်း ဖော်ပြထားတာကြောင့် Onmyiji ကလည်း Japanese exorcist ဖြစ်ရက်နဲ့ ဘာလို့ထပ်ပြီး ဂျပန်မိစ္ဆာနှိမ်နင်းသူလို့ သုံးတာလဲ။ ဒီတစ်ချက်မေးနိုင်တယ်။
Onmyoji မဟုတ်တဲ့ တခြားဂျရယ်မိုင်ရာတို့လို မိစ္ဆာနှိမ်နင်းသူတွေလည်းရှိလို့။ ဟီရိုကိုသတ်ခဲ့တာ Onmyoji တွေမဟုတ်ဘဲ ရိုးရိုးဂျပန်မိစ္ဆာနှိမ်နင်းသူတွေပဲဖြစ်တယ်။ Onmyoji ကိုတကနေ သူတို့လက်ထဲက ဟီရိုကိုကို ဝင်ကယ်ခဲ့တာပါ။
ဒီလောက်ဆို ရှင်းပြီထင်ပါတယ်။
ဇဝေဇဝါ ဒွိဟမဖြစ်စေချင်လို့ ရှင်းပြတာပါ။ Onmyoji ဆိုတာ ရှေးဂျပန်ဘုရင်တွေလက်ထက်မှာ ခစားခဲ့ကြတဲ့ နန်းတွင်းဝန်ထမ်းတွေပါပဲ။
Onmyoji ဆိုတာ တရုတ်ကနေ လက်ဆင့်ကမ်းသယ်လာခဲ့တဲ့ Onmyodo ပညာရပ်ကို လေ့ကျင့်ကျရသူတွေဖြစ်တယ်။ Onmyoji က ရှေဘမှာ အလွယ်ပြောခဲ့သလို Japanese Exorcist ဆိုတာထက် Ying Yang Master တွေပဲဖြစ်ပါတယ်။]
ဟီရိုကိုနှင့်လည်း လူသိရှင်ကြား မနေရဲသလို သူမ ကလေး မွေးဖွားလာလျှင်လည်း သားအမိလုံခြုံရေးအတွက် အတော်အတန် ခေါင်းနပန်းကြီးစရာပင်။
မည်သို့ပင်ဆိုစေကာမူ သူ၏ရင်သွေးလေးအား ဖျက်ချခွင့် မပြုနိုင်ခဲ့ပေ။
ထို့ကြောင့် ရီနာနှင့်မိုရီ လင်မယားအား တိုင်ပင်ခဲ့ကြသည်။ သို့သော် ကံဆိုးမိုးမှောင်ကျခဲ့ပေသည်။
Onmyoji များက သူတို့၏နေအိမ်သို့ ရောက်ချလာကြပြီး တိုက်ခိုက်ကြရာ တိုက်ပွဲများ ပြင်းထန်ခဲ့ကြ၏။
ကိုတဟာ ထိုတိုက်ပွဲဖြစ်ပွားသည့်နေ့မှာပဲ Onmyoji များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ဟီရိုကို့ဆီ ပြန်မလာနိုင်ခဲ့ပေ။
ရီနာတို့လင်မယားလည်း မြို့ပြောင်းရွှေ့ရာတွင် ဟီရိုကိုပါ တစ်ခါတည်း အခက်အခဲများစွာမှ ခေါ်ဆောင်ခဲ့ကြသည်။
ဟီရိုကိုလည်း ကိုတအနေဖြင့် သူမဆီကို ဘယ်တော့ပြန်လာမလဲဟူ၍ နေ့တိုင်းမျှော်နေခဲ့ရှာသည်။
ရီနာတို့လည်း မိစ္ဆာနှိမ်နင်းသူများနည်းပါးသည့် မြို့လေးတစ်မြို့မှာ ၁ လကြာ၍ အခြေအတည်တကျရှိလာသည့်အခါ ဟီရိုကိုမှ နေ့ဘက်များတွင် အပြင်ဘက်သို့ ခဏထွက်လည်ခြင်းကို ပြုလုပ်တတ်လာသည်။
ကိုတကလည်း ပေါ်မလာတော့သဖြင့် ကွယ်လွန်ပြီဟူ၍သာ သတ်မှတ်ထားခဲ့ကြသည်။
မကြာမှီ ဂျပန်၏ဈေးတစ်ခုတွင် အင်္ဂလိပ်လူမျိုး လူသားယောကျာ်းတစ်ဦးက ဟီရိုကိုနှင့် တွေ့ဆုံမိခဲ့ပြီးနော် ချစ်ကျွမ်းဝင်ခဲ့သည်။
ဟီရိုကိုကတော့ သူမတွင် ချစ်ရသောအမျိုးသားရှိကြောင်း၊ အမျိုးသားပြန်လာရှာမည့်ရက်ကို စောင့်မျှော်နေတာဖြစ်ကြောင်း အကြောင်းစုံ ရှင်းပြခဲ့သော်လည်း ထိုအင်္ဂလိပ်အမျိုးသားမှာ သဘောထားကြီးစွာဖြင့် ဟီရိုကို၏အမျိုးသား ၃ လကြာလို့မှ ပြန်ပေါ်မလာပါက သူ့ကိုလက်ထပ်ဖို့ စဉ်းစားပေးရန် တောင်းဆိုခဲ့သည်။
၃ လကြာသော်လည်း ကိုတမှာ ပြန်ပေါ်မလာခဲ့ပေ။ ထိုအချိန်တွင် ဟီရိုကိုမှာ ကိုယ်ဝန်ရှိလာခဲ့၏။ ဟီရိုကိုလည်း ရီနာတို့လင်မယားကို သူမ၏အနာဂတ်အတွက် တိုင်ပင်ခဲ့သည်။ ထို့နောက် အင်္ဂလိပ်အမျ်ိုးသား Austin (အော်စတင်) နှင့် လန်ဒန်တွင် ထိမ်းမြားလက်ထပ်ခဲ့ပြီးနောက် ၉ လကြာသော် သားလှရတနာ ခရစ်စတိုဖာ အော်စတင် ခေါ် အီတိုကို ဖွားမြင်ခဲ့လျက်။
သို့သော် အော်စတင်က ခရစ်စတိုဖာ၏ ၁ နှစ်ပြည့်မွေးနေ့တွင် ရုံးအပြန် လူသူကင်းပါးသည့် လမ်းတစ်နေရာ၌ မနာလိုမုန်းတီးသူတစ်ဦးလက်ချက်ဖြင့် ချောင်းမြောင်းကာ ဓားထိုးတိုက်ခိုက်မှုကြောင့် ထိုနေရာမှာပင် ကွယ်လွန်ခဲ့သည်။
အော်စတင်က နာမည်ကျော်ကြားသည့် အထက်တန်းရှေ့နေဖြစ်သောကြောင့် မသမာသူအလွန်များသူဖြစ်ခဲ့ပြီး နိုင်ငံရေးကိစ္စကြောင့် သုတ်သင်ရှင်းလင်းခံခဲ့ရသည်။ ထိုအကြောင်းသည် အော်စတင်သေဆုံးပြီး ၂ နာရီအကြာ၌ အင်္ဂလန်တစ်မြို့လုံး၏ ကြားဖြတ်သတင်းများတွင် သတင်းကြီးအဖြစ်ပါလာခဲ့လျက်။
ထိုနေ့တွင်ပဲ ကိုတလည်း ရီနာတို့ထံမှ အကြောင်းစုံသိရသဖြင့် ဘဝအသစ်က သူ၏ဇနီးနှင့်သားလေးကို မနှောင့်ယှက်ဘဲ အဝေးကနေ ကြည့်ချင်ရုံပါဟု အကြိမ်ကြိမ်ကတိပြု တောင်းပန်ခဲ့ပြီးနောက် လန်ဒန်သို့ ရောက်လာခဲ့သည့်နေ့လည်းဖြစ်၏။
သူ ဟီရိုကို၏နေအိမ်ရောက်သောအခါ ဟီရိုကိုငိုသံကိုကြားသဖြင့် မနေနိုင်ဘဲ အိမ်ထဲဝင်မိခဲ့သည်။ ဟီရ်ိုကိုမှာလည်း ပထမခင်ပွန်းကို ပြန်တွေ့ရသဖြင့် ပျော်မိသော်လည်း ဒုတိယခင်ပွန်း ဆုံးပါးသွားခဲ့ခြင်းကြောင်း တစ်ချိန်ထဲမှာပဲ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့မိသည်။
ထို့နောက် ကိုတနှင့်ဟီရိုကိုလည်း အော်စတင်၏ဈာပနကို ကောင်းမွန်စွာ ပြုလုပ်ပေးခဲ့ကြပြီး အင်္ဂလန်တွင်ပဲ နေရာပြောင်းရွှေ့ကာ မိသားစုဘဝအသစ်တစ်ခုနှင့် ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
သို့သော်လည်း ဟီရိုကို၏ဘဝဟာ အလွန်ကံဆိုးရှာခဲ့သည်။
လနတ်ဘုရားမမှ ဟီရိုကို လူသတ်မှုအများအပြားကျူးလွန်ခဲ့သည်ကို သိရှိသွားပြီးနောက် အမျက်ဒေါသထွက်ကာ သူမအား ကောင်းကင်စစ်သည်များကို စေလွှတ်ကာ ပြန်လည်ဖမ်းဆီးစေခဲ့၏။
ထိုအချိန်မှစ၍ ဟီရိုကိုလည်း လနတ်နန်းတော်၏ပန်းဥယျာဉ်တွင် အကျယ်ချုပ်ခံခဲ့ရသည်။
ကိုတဟာလည်း Onmyoji အဖွဲ့အစည်းနှင့် မလွတ်ကင်းနေသူဖြစ်သောကြောင့် သူ၏သားငယ် အီတိုကို ပေါ်ပေါ်ထင်ထင် ကာကွယ်စောင့်ရှောက်နိုင်ခြင်းမရှိခဲ့ပေ။
ဤအခြင်းအရာကြောင့် ကိုတအား သူမတို့၏သားလေး Christopher Merika Eito (ခရစ်စတိုဖာ မာရီကာ အီတို)ကို သူ အသက် နှစ်ဆယ်မကျော်မခြင်း ဖခင်အရင်းဖြစ်ကြောင်းနှင့် အကြောင်းစုံကို မပြောပြရန် တောင်းဆ်ိုထားခဲ့သည်။
မိမစုံဖမစုံဘဝမှာ ခရစ်စတိုဖာအား မကျင်လည်စေချင်သည့်အတွက် အစ်မဖြစ်သူရီနာလင်မယားထံတွင် ခရစ်စတိုဖာမာရီကာအီတိုလေးကို ကြီးပြင်းစောင့်ရှောက်ခွင့်ပေးခဲ့သည်။
ရီနာတို့လင်မယားလည်း လန်ဒန်သို့ အပြီးပြောင်းရွှေ့ခဲ့ကြပြီး မကြာခင်တွင် ဂျက်ဖရီ၏လက်အောက်သို့ သစ္စာတော်ခံခဲ့ကြသည်။
◎ ══════ ❈ ══════ ◎