ချန်းယောလ်က စောစောထတတ်တဲ့သူပေမဲ့ ဒီနေ့ကျ
အတော်ကြာအိပ်ပျော်သွားခဲ့တယ်။ နေရဲ့အလင်းရောင်ကအခန်းထဲကို တော်တော်လင်းထင်းနေတာကြောင့် ထတာနောက်ကျသွားပြီမှန်းသိလိုက်ပေမဲ့ သူမထချင်သေးဘူး ။သူကနိုးနေတာတော်တော်ကြာနေပေမဲ့သူ့ကိုကျောပေးအိပ်နေတဲ့ ကြင်ယာတော်လုံးလုံးလေးကတော့ ခုထိတုတ်တုတ်တောင်လှုပ်မလာသေး။ ချန်းယောလ်ကအကြာကြီး အဲ့ကျောပြင်လေးကိုပဲထိုငိငေးနေခဲ့တာ
"အင့်"
ပါးစပ်က အင့်ကနဲအသံလေးထွက်လာပြီး လှုပ်စိစိနဲ့ချန်းယောလ်ဘက်ကိုလှည့်လာတယ်။ မျက်လုံးတွေကပွင့်မလာသေးပဲ လျောကျနေတဲ့စောင်ကို လိုက်စမ်းနေတာကြောင့် ချန်းယောလ်ကစောင်ကိုခပ်ဝေးဝေးကိုကန်ထုတ်လိုက်ပြီး အရှေ့ကသေးသေးလုံးလုံးလေးကိုရင်ခွင်ထဲနစ်မြုပ်နေအောင်ဖက်ထားလိုက်တယ်
"နွေးလိုက်တာ.."
ရင်ခွင်ကျယ်ကြီးထဲကလေးလေးလို တိုးဝှေ့ဝင်နေတာကြောင့် ချန်းယောလ်ကပိုတိုးလို့ဖက်လိုက်တယ်။ ညအိပ်တာတောင်နဖူးစည်းကို ဘတ်ဟျွန်းကချွတ်မထားတာကြောင့် လျော့လျော့ရဲရဲ နဖူးစည်းကဘတ်ဟျွန်းနဖူးကိုကျော်ပြီး ဆံသားနုနုပေါ်မှာ ရောက်လုနေပြီ
တစ်နေ့တစ်ခြား ပိုထင်းလာတဲ့နဖူးပြင်ငယ်ပေါ်ကအမှတ်အသားကို ချန်းယောလ်သတိထားမိပါရဲ့။ အပြာနုရောင်ကနေ မှင်ပြာရောင်လို တဖြည်းဖြည်းနဲ့ အရောင်ကနက်နက်လာတာ..ထူးဆန်းတဲ့အမှတ်အသားဟာသူတို့ကြားထဲကိုဘာများချိတ်ဆက်ပေးချင်သလဲတော့ မသိပေမဲ့ အရာအားလုံးအပြာရောင်ဖြစ်သွားတာကတော့ထူးဆန်းလွန်းတယ်မလား
"ဗြောင် ထတော့တအားအိပ်ရင်ခေါင်းတွေကိုက်နေလိမ့်မယ်"
ဖက်ထားရင်းကျောလေးကိုဖွဖွလေးပုတ်နှိုးတော့ အနှီကောင်လေးကလှုပ်ပင်မလာ။ ထို့အတွက်ကြောင့်အသံကိုနည်းနည်းထပ်တင်ကြည့်မိသည်
"အချစ်လေး ထပါဦး"
ကျောလေးကိုပုတ်သိပိပေးနေသည့်အလား တအီအီအော်ရင်း ရင်ဘတ်ထဲကိုသာပိုလို့တိုးဝှေ့ဝင်လာသည်။
"အချစ်လေးမထချင်ရင် မနက်ခင်းသွေးပူလေ့ကျင့်ခန်းလေးများလုပ်ချင်လား.."
"ဘုန်း ဘုန်း..."
လက်သီးဆုပ်လေးတွေကရင်ဘတ်ကိုထုရိုက်လာတာကြောင့်ချန်းယောလ်မှာအောင့်ကနဲ
"ကျွန်တော်ခင်ဗျားနဲ့ခေါ်တယ်လို့ပြောမိလို့လား နှာ..ဘူး..."
"အော်..ဟော် ကိုယ်တော်ကမြင်းစီးမလားလို့မေးချင်တာာပါ ဇောင်းတန်းထဲမှာမြင်းတွေမှအများကြီးပဲ ဒါပေမဲြဗြောငိလေးက ကိုယ်တော့်ကိုမှ စီးချင်တယ်ဆိုရင်လဲရတယ်"
"ခင်ဗျား..ခင်ဗျားအရှက်မရှိဘူးလား"
"ဟားဟား ဗြောင်စီးချင်တာစီးလို့ရအောင် ကိုယ်တော်ကပြောပြတာပါ ခုတော့ထတော့ မနက်စာစားကြရအောင်"
အိပ်ယာဘေးရှိခြေအိတ်နှစ်ဖက်ကိုကောက်စွပ်ပြီး ချန်းယောလ်ကိုမျက်စောင်းထိုးကာ ဘောက်ဆတ်ဆတ်ဖြင့်ထသွားသည်။
"အရှက်ကိုမရှိဘူး နှာဘူးကိုထတယ် နှာဘူးမင်းကြီး"
မနက်စာတွေကတစ်နေ့တစ်မျိုးမရိုးရ ဟင်းပွဲတင်၃၀လောက်ရှိမည်။ ဒါတောင်ဘတ်ဟျွန်းကဟင်းပွဲလျော့ထားခိုင်းလို့ မင်းကြီးကသူအပါအဝင် နန်းတော်တစ်ခုလူံးရဲ့ ဟင်းပွဲအရေအတွက်ကိုလျော့ချစေခဲ့တာ။ နန်းတော်အပြင်ဘက်က အောက်တန်းလွှာ(ဆင်းရဲသားလူတန်းစား)က ဟင်းတောင် မမည်တဲ့ စွပ်ပြုတ်ရေ သီးသန့်ကိုပဲ ထမင်းနဲ့ခေါက်ပြီးအာဟာရပြုနေကြရတာလေ ။ အသားမပြောနဲ့တစ်ခါတစ်လေ ဟင်းရွက်တောင်ပါတာမဟုတ်ဘူး အဲ့တာကို ဘတ်ဟျွန်းအနေနဲ့ဘယ်လိုများမျိုကြပါ့မလဲ။ ဘတ်ဟျွန်းကဟင်းပွဲလျော့ခိူင်းတုန်းကလဲ ချန်းယောလ်က ဟုတ်ပါပြီဗျာဆိုတဲ့တစ်ခွန်းနဲ့ပဲ အကုန်လိုက်လျောပေးခဲ့တာ။ တိုင်းခန်းမလှည့်လည်ဖူးပေမဲ့ ဒရမ်မာကြည့်တတ်တဲ့ဘတ်ဟျွန်းက တိုင်းခန်းလှည့်လည်စရာမလိုပဲ ဒါတွေကိုသိနေရတာပေါ့..
မျက်နှာသစ်ပြီးလို့ဖွေးဥနေတဲ့ ပူတင်လုံးလုံးလေးလိုဖြစ်နေတဲ့ဘတ်ဟျွန်းကို ချန်းယောလ်ကငေးတယ်။
ဘတ်ဟျွန်းစားတာ ထမင်းတစ်ဝက်ကုန်ပြီဖြစ်နေပေမဲ့ ချန်းယောလ်ကငေးနေတုန်း
"ဘာလို့ငေးနေတာလဲ စားလေ အနံရှုနေရုံနဲ့ဗိုက်ဝနေတာလား ခင်ဗျား"
"ဒီတိုင်းကိုယ့်ယောက်ျားကိုကြည့်တာလေမရဘူးလား"
"ဖြန်း."
နီရဲပြီးမျက်နှာလွှဲသွားရမဲ့အစား ချန်းယောလ်လက်မောင်းကိုရိုက်ချပစ်လိုက်တာဖြန်းကနဲ..
"စားစရာရှိတာစား အပိုတွေပြောမနေနဲ့"
ချန်းယောလ်က ပြုံးစစနဲ့ငုံ့စားတော့မှ ဘတ်ဟျွန်းက သက်ပြင်းဟင်းကနဲချရသည်။ ချန်းယောလ်ကို မသိစေချင်သေးဘူး
"ချလွင်"
ဘယ်ဘက်လက်က ကိုင်ထားတဲ့တူလေးကလက်ထဲကလွတ်ကျပြီး ပန်းကန်ပေါ်ကိုလှိမ့်ရက်သားလေးကျသွားသည်။
"စားရတာအဆင်မပြေဘူးလားဗြောင်"
"မစားချင်လို့လွှတ်ချပစ်တာမဟုတ်ပါဘူး လက်ချော်သွားလို့ပါ ကိုယ့်ဟာကိုစား"
လွတ်ကျသွားတဲ့တူတွေကို မျက်စိပျက်မျက်နှာပျက်နဲ့ တုန်တုန်ယင်ယင်ပြန်ကိုင်ရင်း ဘတ်ဟျွန်းကအောက်ကိုငုံကာပန်းကန်လုံးနားကပ်ပြီး ထမင်းတွေကိုအတင်းသွပ်သည်။
"အဟွတ် အဟွတ်"
"ဖြေးဖြေးစားလေဗြောင် သီးကုန်ပြီ"
ဘတ်ဟျွန်းကညာသန်လေ ဘာကြောင့်များဘယ်ဘက်လက်နဲ့ထမင်းကိုစားနေရတာလဲ...
ညာဘက်ပေါင်အောင်မှာ အတင်းဖိထားတဲ့လက်တွေက ဝိညာဉ်သဏ္ဍာန်လိုမျိုး ဖမ်းဆုပ်မရတော့ဘူး။အရင်ကဆိုဖမ်းဆုပ်မရတာခဏပေမဲ့ ခုတစ်လောတော့ တော်တော်ကြာမှ မူလအသွင်သဏ္ဍာန်ပြန်ဖြစ်သည်။
ချန်းယောလ်ရှေ့မှာ တဖြည်းဖြည်းပျောက်ကွယ်သွားရမှာ သူကြောက်လာသည်။
ထမင်းငုံစားနေတဲ့ ချန်းယောလ်ကိုငေးရင်း ဘတ်ဟျွန်းက ဘယ်ဘက်လက်နဲ့မျက်ရည်တွေကိုခိုးသုတ်ရသည်။ သွားနဲ့အတင်း ဖိကြိတ်ထားခံရတဲ့နှုတ်ခမ်းပါးပါးတွေတောင်ပေါက်လုနီးနေပြီ။
ငိုတယ်ဆိုတာပျော့ညံ့တာမဟုတ်ဘူးလေ..
ယောက်ျားလေးတွေမငိုရဘူးလို့ဘယ်သူသတ်မှတ်ထားသလဲ။ စိတ်ခံစားချက်ရှိတဲ့လူတိူင်း ငိုတတ်ကြတာချည်း ပျော်တတ်ကြတာချည်း..
သူထပ်မဝေးချင်တော့ဘူး..ချန်းယောလ်နဲ့ထပ်မဝေးချင်တော့ဘူး..ချစ်ရနှစ်ယောက်ပေါင်းစပ်ဖို့အရေး ဘာတွေများခက်ခဲနေရသလဲ..မသေမျိုးလူသားနဲ့ သေမျိုးလူသားကဒီကမ္ဘာမှာပေါင်းဖက်ခွင့်မရှိဘူးလေ။ စာအုပ်ထဲက ကမ္ဘာပျော်စရာကောင်းမယ်ထင်ခဲ့တဲ့ဘတ်ဟျွန်းက စာအုပ်ထဲမဝင်ခဲ့ရင်တောင်ကောင်းသားလို့တွေးမိလာတယ်။ ဒီကမ္ဘာကိုရောက်လာတဲ့အတွက်နောင်တရတယ်။
မချစ်ခဲ့ကြရင် မချစ်မိခဲ့ကြရင် ငါတို့တွေမနာကျင်ကြရတော့ဘူးမလား။ ဒါပေမဲ့ချန်းယောလ်ကတော့ ဘတ်ဟျွန်းအတွက်နောင်တလှလှလေးဖြစ်တယ်။ ဒီလူနဲ့တွေ့ခွင့်ရခဲ့တာကိုက လောကကြီးရဲ့ကောင်းချီးတစ်ခု ။
နောင်ဘဝတွေရှိခဲ့ရင်လဲချန်းယောလ်ကိုပဲသူရွေးဦးမှာ..ဘဝအဆက်ဆက်သံသရာအဆက်ဆက်မှာ အဖန်တလဲလဲပြန်လည်ရှင်သန်လာရင်တောင် ချန်းယောလ်နဲ့မပေါင်းဖက်ရဘူးဆိုရင်တောင်လှပတဲ့ဇာတ်သိမ်းလေးဖြစ်ခွင့်မရခဲ့ဘူးဆိုရင်တောင် ဘတ်ဟျွန်းက ချန်းယောလ်ကိုပဲ ထပ်ခါတလဲလဲရွေးချယ်နေဦးမှာ
အဆုံးသတ်တွေကအမြဲလှပပါသလား....