Z&U
"အစ္ကိုတို႔ ဘယ္တုန္းက ေရာက္ၾကလဲဗ်"
သိန္းဈာန္ရဲ႕ညီစိုးဈာန္ ေရာက္လာသည္မို႔ ဇာမဏီမ်က္ခံုး ခပ္လႈပ္လႈပ္ပင္။ စိုးဈာန္နဲ႔ပုဂၢိဳလ္ထူးက သိပ္တည့္ၾကတာ ဆိုေတာ့ေလ။ တကယ္ေတာ့ စိုးဈာန္ကသာ တစ္ဖက္သက္ၾကည့္မရျခင္းပင္။ ပုဂၢိဳလ္ထူးရဲ႕ အန္တီကအေျခာက္ျဖစ္ေနသည္ ဆိုသည့္အေၾကာင္းျပခ်က္ျဖင့္။
"ေအးညီေလး ခုဏမွေရာက္တာ မုန္႔ဖတ္မလာေသးလို႔ အဝဆြဲဖို႔ေစာင့္ေနတာကြ"
"လာပါၿပီဗ်ာ လာပါၿပီ ကြၽန္ေတာ္အေနာက္ထဲ အလုပ္႐ႈတ္ေနလို႔ ထည့္ေပးပါ့မယ္"
မုန္႔ဖတ္ထည့္ေပးရင္း စိုးဈာန္ကပုဂၢိဳလ္ထူးကို ျမင္ေတာ့မ်က္ႏွာက သိသိသာသာမဲခနဲပ်က္သြားေလသည္။ ပုဂၢိဳလ္ထူးက အေရးမစိုက္ မုန္႔ဟင္းခါး ဟင္းရည္အေၾကာင္းကိုသာ သိန္းဈာန္နဲ႔ေျပာေနေလသည္။
"ငါ့စိတ္ထင္ နည္းနည္းေပါ့လားလို႔ မာလာျမင့္ထည့္လိုက္ရင္ေတာ့ အေတာ္ေလးသြားမွာကြ ဟားဟားဟား "
"ငါလည္းထင္သားပဲ ဟားဟားဟား "
ႊအေရးထဲႏွာဗူးထေနေသာ သိန္းဈာန္နဲ႔ပုဂၢိဳလ္ထူးေၾကာင့္ ေဘးနားကသန္႔စင္ေဌးက စိတ္မ႐ွည္စြာ ထိုႏွစ္ေကာင္ကို ႐ိုက္ေတာ့ဘုၾကည့္ၾကည့္ေလသည္။
"ဘာျဖစ္ေနတာလဲ မင္းတို႔ႏွစ္ေကာင္ ဟိုမွာမင္းဂ်ီးေတာ္ မာလာျမင့္"
ဒီဘက္က စိုးဈာန္ကသာမ်က္ႏွာ အပ်က္ႀကီးပ်က္ေနတာ ပုဂၢိဳလ္ထူးကေတာ့ မာလာျမင့္ကို အပီအျပင္ေႂကြေနဟန္။ မ်က္လံုးထဲ စိန္ထည့္ထားတာမွ အေရာင္မွိန္ဦးမည္။ ပုဂၢိဳလ္ထူးမ်က္လံုးက စိန္မလိုပဲ မာလာျမင့္သာလိုသည္။ မာလာျမင့္ျမင္ရင္ စိန္ထက္လက္ေနတာမ်ိဴး။
"အလွဴမွာမေတြ႔ျခင္တဲ့သူကို ေတြ႔ေနရတာလည္း အကုသိုလ္တစ္မ်ိဳးပဲ အဟြန္႔!"
စိုးဈာန္ရဲ႕ခပ္တိုးတိုး ေရရြတ္သံအဆံုး ပုဂၢိဳလ္ထူးက မ်က္ႏွာပ်က္သြားေသာ္ျငား ခ်က္ျခင္းျပန္ေျပာင္းကာ တစ္လက္လက္ေတာက္ေနတဲ့ မ်က္ဝန္းေတြနဲ႔ မင္းရဲစိုးဈာန္ကို စိုက္ၾကည့္ၿပီး မ်က္စိမိတ္ျပေလသည္။
"သဲေလးက အၾကည့္ခံျခင္တာလား ဟင္"
ပါးစပ္လႈပ္ရံုသာ ေျပာတတ္တဲ့ ပုဂၢိဳလ္ထူးေၾကာင့္ ဘယ္သူမွမၾကားေသာ္ျငား ဇာမဏီနဲ႔စိုးဈာန္ကေတာ့ ၾကားလိမ့္မည္။ ဇာမဏီ့မွာ ၾကားထဲကေန ဆံပင္ေမႊးေထာင္ေနေလသည္။ ငွက္သိုက္မကလည္း မုန္႔ၿမိဳေနသည္မို႔ အေရးအေၾကာင္းဆို အားကိုးမရ။ ႐ွင္းသန္႔ေ႒းလား ေၾကာက္တာမွသူ႔အျပင္မ႐ွိတာမို႔ ဘယ္သူ႔မွအကူမေခၚရဲ။ သိန္းဈာန္က ေစာ္ငမ္းေနလို႔ ဒီေကာင္သိရင္လည္း မလြယ္လွေျခ။
"အာ သိန္းဈာန္လည္း အထဲမွာ လုပ္စရာ႐ွိတယ္မလား အထဲသြားအစ္ကိုတို႔က ရၿပီ သြားညီေလးသြား"
မေနႏိုင္တဲ့ဇာမဏီသိုက္ကပဲဲ ၾကားကဝင္ျဖန္ေျဖရသည္။ သိန္းဈာန္က မာလာျမင့္ကို သေရတျမားျမားျဖင့္ ငမ္းေနတာနဲ႔ပဲ ဘာမွမသိလိုက္။ သိလိုက္ရင္လည္း လြယ္မယ္မထင္ ညီအစ္ကိုႏွစ္ေယာက္ သတ္ပြဲေတြ ထျဖစ္ကုန္မွာ မေတြးရဲစရာ။
"ပုဂၢိဳလ္ထူး မင္းကလည္းကြာ ကေလးကို"
"ငွက္ေလးနဲ႔ေတာင္ အသက္တူတူကို ကေလးလား ကေလးကေလးနဲ႔ ပစားေပးလို႔ ဟိုဒင္းႀကီးေနတာမ်ိဳး"
"ဘာျဖစ္ေနတာတုန္း မင္းတို႔ႏွစ္ေကာင္က"
သိန္းဈာန္ကလွည့္ၾကည့္ၿပီး ေမးေတာ့ႏွစ္ေယာက္သား ေခါင္းခါျပလိုက္ေလသည္။ ထိုၾကားထဲ ပုဂၢိဳလ္ထူး ပန္းကန္ထဲမုန္႔ဖတ္မ႐ွိတာ ျမင္သြားသည့္ သိန္းဈာန္မ်က္ႏွာက နဂိုအသားအေရာင္ထက္ ပိုမဲေမွာင္လာေလသည္။
"ေဟ့ေကာင္ ငါ့ပန္းကန္ျပန္ေပး မင္းေနာ္ခ်က္ႀကီး ကိုယ့္ပန္းကန္ကိုယ္စား သူမ်ားပန္းကန္း လာလုရလားကြ"
ပုဂၢိဳလ္ထူးက သိန္းဈာန္ရဲ႕ဒယ္အိုးဖင္လို မ်က္ႏွာကိုျမင္လိုက္သည္မို႔ ေတာ္ေသးသည္။ မဟုတ္ရင္ အလွဴပြဲကေန သတ္ပြဲေတြ ထျဖစ္ကုန္မွာ အေသအျခာ။
"ငါ့ပန္းကန္ထဲမွာမွ မုန္႔ဖတ္မ႐ွိတာ သိန္းဈာန္သြားယူေပးကြာ"
"မင္းရဲက လာခ်မေပးဘူးလား မင္းတို႔ကို"
"ခုဏကလာခ်ေပးတယ္ ဒါေပမဲ့အထဲကေခၚလို႔ ျပန္ဝင္သြားတယ္ေလ"
"ေပး မင္းပန္းကန္ ခ်က္ႀကီးတို႔က အလုပ္ကို႐ႈတ္တယ္"
ပြစိပြစိေျပာေနတဲ့ သိန္းဈာန္ကိုထကန္လိုက္ ခ်င္တာမွေျပာမေနနဲ႔။ သိန္းဈာန္အိမ္မွာအလွဴနဲ႔မို႔သာ မဟုတ္ရင္ေတာ့ ဒီေကာင္ခါးက်ိဳးေသမွာ ဇာမဏီကန္လို႔။
"ပန္းဥ လာေလဒီမွာလာထိုင္"
ပန္းဥဆိုတဲ့နာမည္ၾကားေတာ့ ဇာမဏီတို႔မ်ား မ်က္လံုးေတြက တစ္ဖ်တ္ဖ်တ္ အျမႇီးေလးကတစ္ႏွံ႔ႏွံ႔နဲ႔ ပါပီေပါက္စေလးလို သူ႔သခင္ေတြ႔သည့္အတိုင္းပင္ တစ္ထပ္တည္း။
အဝါႏုဝမ္းစက္ႏွင့္ ပန္းဥကညိဳညိဳညက္ညက္ႏွင့္လွသည္။ ျမင္သူတကာေငး ရင္ကိုေအးေစသည့္အလွမ်ိဳးဆိုတာ ပန္းဥရဲ႕အလွကို ဆိုစမတ္ျပဳၾကတာျဖစ္မည္။ တကယ့္ကိုပန္းဥက ျမန္မာဆန္ဆန္လွသည့္ အလွတရား။
"သေရေတြက်ေနၿပီ သုတ္ဦး"
ပုဂၢိဳလ္ထူးက မေနႏိုင္မထိုင္ႏိုင္ ငမ္းေနေသာ ခ်က္ႀကီး၏ပါးစပ္ကို တစ္႐ွဴးနဲ႔ သုပ္ကာစသည္။ ခ်က္ႀကီးက ႐ွဴး႐ွဴး႐ွဲ႐ွဲေဒါသေတြထြက္ကာ ပုဂၢိဳလ္ထူးကို ငါနဲ႔ကိုင္တုတ္ေတာ့သည္။
"ငါလိုးကို သေရက်ရမလား ေခြးသူေတာင္းစားရဲ႕"
ပန္းဥသဴငယ္ခ်င္းေတြက လက္တို႔ကာပန္းဥကိုျပေတာ့ ခပ္ရဲရဲမ်က္ႏွာလွလွက ဇာမဏီဘက္လွည့္လာသည္မို႔ ဇာမဏီမွာ႐ွက္ျပံဳးျဖင့္ျပံဳးျပေနတုန္း
"ေရာ့ မင္းပန္းကန္"
ဒုန္းခနဲျမည္ေအာင္ သိန္းဈာန္ကမုန္႔ပန္းကန္ လာခ်သည္မို႔ ဇာမဏီမွာေဒါသကိုႀကိတ္ထြက္ေနရေလသည္။ သိန္းဈာန္ေတာ့ ငါလုပ္ရရင္ ငါလုပ္ႀကီးျဖစ္ေတာ့မယ္။
ေစာက္က်င့္ယုတ္တဲ့ သိန္းဈာန္ေဂါင္ နည္းေသးတယ္ မာလာျမင့္ကအဲ့ဒါေၾကာင့္ လွည့္ေတာင္အီးမေပါက္တာ။
"ေဘာ ျဖည္းျဖည္းလုပ္ပါကြ"
အစကအဝဆြဲဖို႔ စဥ္းစားထားသည့္ ဇာမဏီမွာပန္းဥကေရာက္ေနသည္မို႔ အလွသာဆြဲရေလေတာ့သည္။ ေကာင္မေလးေ႐ွ႕မွာေတာ့ အနည္းငယ္ရင့္က်က္ျခင္ေယာင္ ေဆာင္ရမွေပါ့ ဟုတ္ဖူးလား။
"ေဟ့ေကာင္ဇာမဏီ မနက္ျဖန္အန္တီဆိုင္လာခဲ့ ငါတို႔အဲ့ကေနမွ လက္ဖက္ရည္ဆိုင္သြားမယ္ အန္တီကမင္းတို႔ကို ေခါက္ဆြဲေၾကာ္နဲ႔အာလူးေက်ာ္ လုပ္ေႂကြးမလို႔တဲ့"
"ေအးလာမယ္"
"ငါျပန္ေတာ့မယ္ ဧကရာဇ္ရာ ေက်ာင္းကိုခဏသြားရဦးမယ္ ေက်ာင္းကိစၥေတြ႐ွိေသးလို႔"
"ေအးေအး သြားသြား"
ပုဂၢိဳလ္ထူးက တကၠသိုလ္ကဆရာမို႔အလုပ္မ်ားသည္။ အားလပ္ရက္လည္း ဟိုအေၾကာင္း ဒီအေၾကာင္းနဲ႔ အၿငိမ္မေနရေျခ။ သူတို႔သာ ကုမၸဏီဝန္ထမ္းေတြမို႔ နားခ်ိန္လည္းအျပည့္အဝ လုပ္ခ်ိန္လည္း အျပည့္အဝ သို႔ေသာ္ျငား ၃လဆိုတဲ့နားခ်ိန္ေတာ့ မ႐ွိေျခ။
"ကိုႀကီးထူးထူးက ခ်စ္ဖို႔ေကာင္းတယ္"
"ဟားဟားဟား ဟုတ္ပါ့ပုဂၢိဳလ္ထူးသာမိန္းမဆို ကိုႀကီးယူတာၾကာေပါ့ငွက္ေလးရယ္"
ထေဖာက္တဲ့ငွက္မကို စကားအေကာင္းေျပာေနတဲ့ သိန္းဈာန္ေၾကာင့္ သက္ျပင္းသာျခလိုက္မိေလသည္။ ျဖဴျဖဴသြယ္သြယ္နဲ႔ ပုဂၢိဳလ္ထူးက ၾကည့္လို႔ခ်စ္ဖိူ႔ေကာင္းတာေတာ့ အမွန္ပင္။ အားလံုးက ပုဂၢိဳလ္ထူးကို အေျခက္အေျခာက္နဲ႔ ငယ္ငယ္ကဝိုင္းစၾက ေသာ္ျငား စသည့္ေကာင္တိုင္း မ်က္ခြက္ပဲ့ၿပီးျပန္လာခဲ့ ေလာက္သည္အထိ ထိုခ်စ္စရာပုဂၢိဳလ္ထူးက လက္သံေျပာင္သည္။
"ပုဂၢိဳလ္ထူးၾကားရင္ မင္းမ်က္ခြက္ျပဳတ္ေအာင္ ထိုးလိမ့္မယ္"
"အဲ့ဒါေၾကာင့္ေပါ့"
ဟုသာေျပာၿပီး မုန္႔ဟင္းရည္ေတြ ထိုင္ေမႊေနတဲ့သိန္းဈာန္ေၾကာင့္ ဇာမဏီလည္း ဘာမွမေျပာပဲ မုန္႔ကိုသာဆြဲေနလိုက္သည္။ တစ္ခါတစ္ေလ သိန္းဈာန္က ပုဂၢိဳလ္ထူးနဲ႔ပက္သက္ရင္ အေတာ္ေလး ထူးစမ္းေနတတ္တာမ်ိဳးေပါ့။
ေလးစားလ်က္
မယ္ေရႊဇြန္
Z&U
"အစ်ကိုတို့ ဘယ်တုန်းက ရောက်ကြလဲဗျ"
သိန်းဈာန်ရဲ့ညီစိုးဈာန် ရောက်လာသည်မို့ ဇာမဏီမျက်ခုံး ခပ်လှုပ်လှုပ်ပင်။ စိုးဈာန်နဲ့ပုဂ္ဂိုလ်ထူးက သိပ်တည့်ကြတာ ဆိုတော့လေ။ တကယ်တော့ စိုးဈာန္ကသာ တစ်ဖက်သက်ကြည့်မရခြင်းပင်။ ပုဂ္ဂိုလ်ထူးရဲ့ အန်တီကအခြောက်ဖြစ်နေသည် ဆိုသည့်အကြောင်းပြချက်ဖြင့်။
"အေးညီလေး ခုဏမွေရာက္တာ မုန့်ဖတ်မလာသေးလို့ အဝဆွဲဖို့စောင့်နေတာကွ"
"လာပါပြီဗျာ လာပါပြီ ကျွန်တော်အနောက်ထဲ အလုပ်ရှုတ်နေလို့ ထည့်ပေးပါ့မယ်"
မုန့်ဖတ်ထည့်ပေးရင်း စိုးဈာန်ကပုဂ္ဂိုလ်ထူးကို မြင်တော့မျက်နှာက သိသိသာသာမဲခနဲပျက်သွားလေသည်။ ပုဂ္ဂိုလ်ထူးက အရေးမစိုက် မုန့်ဟင်းခါး ဟင်းရည်အကြောင်းကိုသာ သိန်းဈာန်နဲ့ပြောနေလေသည်။
"ငါ့စိတ်ထင် နည်းနည်းပေါ့လားလို့ မာလာမြင့်ထည့်လိုက်ရင်တော့ အတော်လေးသွားမှာကွ ဟားဟားဟား "
"ငါလည်းထင်သားပဲ ဟားဟားဟား "
ွှအရေးထဲနှာဗူးထနေသော သိန်းဈာန်နဲ့ပုဂ္ဂိုလ်ထူးကြောင့် ဘေးနားကသန့်စင်ဌေးက စိတ်မရှည်စွာ ထိုနှစ်ကောင်ကို ရိုက်တော့ဘုကြည့်ကြည့်လေသည်။
"ဘာဖြစ်နေတာလဲ မင်းတို့နှစ်ကောင် ဟိုမှာမင်းဂျီးတော် မာလာမြင့်"
ဒီဘက္က စိုးဈာန်ကသာမျက်နှာ အပျက်ကြီးပျက်နေတာ ပုဂ္ဂိုလ်ထူးကတော့ မာလာမြင့်ကို အပီအပြင်ကြွေနေဟန်။ မျက်လုံးထဲ စိန်ထည့်ထားတာမှ အရောင်မှိန်ဦးမည်။ ပုဂ္ဂိုလ်ထူးမျက်လုံးက စိန္မလိုပဲ မာလာမြင့်သာလိုသည်။ မာလာမြင့်မြင်ရင် စိန်ထက်လက်နေတာမျိူး။
"အလှူမှာမတွေ့ခြင်တဲ့သူကို တွေ့နေရတာလည်း အကုသိုလ်တစ်မျိုးပဲ အဟွန့်!"
စိုးဈာန်ရဲ့ခပ်တိုးတိုး ရေရွတ်သံအဆုံး ပုဂ္ဂိုလ်ထူးက မျက်နှာပျက်သွားသော်ငြား ချက်ခြင်းပြန်ပြောင်းကာ တစ်လက်လက်တောက်နေတဲ့ မျက်ဝန်းတွေနဲ့ မင်းရဲစိုးဈာန်ကို စိုက်ကြည့်ပြီး မျက်စိမိတ်ပြလေသည်။
"သဲလေးက အကြည့်ခံခြင်တာလား ဟင်"
ပါးစပ်လှုပ်ရုံသာ ပြောတတ်တဲ့ ပုဂ္ဂိုလ်ထူးကြောင့် ဘယ်သူမှမကြားသော်ငြား ဇာမဏီနဲ့စိုးဈာန်ကတော့ ကြားလိမ့်မည်။ ဇာမဏီ့မွာ ကြားထဲကနေ ဆံပင်မွှေးထောင်နေလေသည်။ ငှက်သိုက်မကလည်း မုန့်မြိုနေသည်မို့ အရေးအကြောင်းဆို အားကိုးမရ။ ရှင်းသန့်ေဋ္ဌးလား ကြောက်တာမှသူ့အပြင်မရှိတာမို့ ဘယ်သူ့မှအကူမခေါ်ရဲ။ သိန်းဈာန်က စော်ငမ်းနေလို့ ဒီကောင်သိရင်လည်း မလွယ်လှခြေ။
"အာ သိန်းဈာန်လည်း အထဲမွာ လုပ်စရာရှိတယ်မလား အထဲသွားအစ်ကိုတို့က ရပြီ သွားညီလေးသွား"
မနေနိုင်တဲ့ဇာမဏီသိုက်ကပဲဲ ကြားကဝင်ဖြန်ဖြေရသည်။ သိန်းဈာန်က မာလာမြင့်ကို သရေတမြားမြားဖြင့် ငမ်းနေတာနဲ့ပဲ ဘာမှမသိလိုက်။ သိလိုက်ရင်လည်း လွယ်မယ်မထင် ညီအစ်ကိုနှစ်ယောက် သတ်ပွဲတွေ ထဖြစ်ကုန်မှာ မေတြးရဲစရာ။
"ပုဂ္ဂိုလ်ထူး မင်းကလည်းကွာ ကေလးကို"
"ငှက်လေးနဲ့တောင် အသက္တူတူကို ကေလးလား ကလေးကလေးနဲ့ ပစားပေးလို့ ဟိုဒင်းကြီးနေတာမျိုး"
"ဘာဖြစ်နေတာတုန်း မင်းတို့နှစ်ကောင်က"
သိန်းဈာန်ကလှည့်ကြည့်ပြီး မေးတော့နှစ်ယောက်သား ခေါင်းခါပြလိုက်လေသည်။ ထိုကြားထဲ ပုဂ္ဂိုလ်ထူး ပန်းကန်ထဲမုန့်ဖတ်မရှိတာ မြင်သွားသည့် သိန်းဈာန်မျက်နှာက နဂိုအသားအရောင်ထက် ပိုမဲမှောင်လာလေသည်။
"ဟေ့ကောင် ငါ့ပန်းကန်ပြန်ပေး မင်းနော်ချက်ကြီး ကိုယ့်ပန်းကန်ကိုယ်စား သူများပန်းကန်း လာလုရလားကြ"
ပုဂ္ဂိုလ်ထူးက သိန်းဈာန်ရဲ့ဒယ်အိုးဖင်လို မျက်နှာကိုမြင်လိုက်သည်မို့ တော်သေးသည်။ မဟုတ်ရင် အလှူပွဲကနေ သတ်ပွဲတွေ ထဖြစ်ကုန်မှာ အေသအျခာ။
"ငါ့ပန်းကန်ထဲမှာမှ မုန့်ဖတ်မရှိတာ သိန်းဈာန်သွားယူပေးကွာ"
"မင်းရဲက လာခ်မေပးဘူးလား မင်းတို့ကို"
"ခုဏကလာချပေးတယ် ဒါပေမဲ့အထဲကခေါ်လို့ ပြန်ဝင်သွားတယ်လေ"
"ပေး မင်းပန်းကန် ချက်ကြီးတို့က အလုပ်ကိုရှုတ်တယ်"
ပွစိပွစိပြောနေတဲ့ သိန်းဈာန်ကိုထကန်လိုက် ချင်တာမှပြောမနေနဲ့။ သိန်းဈာန်အိမ်မှာအလှူနဲ့မို့သာ မဟုတ်ရင်တော့ ဒီကောင်ခါးကျိုးသေမှာ ဇာမဏီကန်လို့။
"ပန်းဥ လာလေဒီမှာလာထိုင်"
ပန်းဥဆိုတဲ့နာမည်ကြားတော့ ဇာမဏီတို့များ မျက်လုံးတွေက တစ်ဖျတ်ဖျတ် အမြှီးလေးကတစ်နှံ့နှံ့နဲ့ ပါပီပေါက်စလေးလို သူ့သခင်တွေ့သည့်အတိုင်းပင် တစ်ထပ်တည်း။
အဝါနုဝမ်းစက်နှင့် ပန်းဥကညိုညိုညက်ညက်နှင့်လှသည်။ မြင်သူတကာငေး ရင်ကိုအေးစေသည့်အလှမျိုးဆိုတာ ပန်းဥရဲ့အလှကို ဆိုစမတ်ပြုကြတာဖြစ်မည်။ တကယ့်ကိုပန်းဥက မြန်မာဆန်ဆန်လှသည့် အလွတရား။
"သရေတွေကျနေပြီ သုတ်ဦး"
ပုဂ္ဂိုလ်ထူးက မနေနိုင်မထိုင်နိုင် ငမ်းနေသော ချက်ကြီး၏ပါးစပ်ကို တစ်ရှူးနဲ့ သုပ်ကာစသည်။ ချက်ကြီးက ရှူးရှူးရှဲရှဲဒေါသတွေထွက်ကာ ပုဂ္ဂိုလ်ထူးကို ငါနဲ့ကိုင်တုတ်တော့သည်။
"ငါလိုးကို သေရက်ရမလား ခွေးသူတောင်းစားရဲ့"
ပန်းဥသူငယ်ချင်းတွေက လက်တို့ကာပန်းဥကိုပြတော့ ခပ်ရဲရဲမျက်နှာလှလှက ဇာမဏီဘက်လှည့်လာသည်မို့ ဇာမဏီမှာရှက်ပြုံးဖြင့်ပြုံးပြနေတုန်း
"ရော့ မင်းပန်းကန်"
ဒုန်းခနဲမြည်အောင် သိန်းဈာန်ကမုန့်ပန်းကန် လာချသည်မို့ ဇာမဏီမှာဒေါသကိုကြိတ်ထွက်နေရလေသည်။ သိန်းဈာန်တော့ ငါလုပ်ရရင် ငါလုပ်ကြီးဖြစ်တော့မယ်။
စောက်ကျင့်ယုတ်တဲ့ သိန်းဈာန်ဂေါင် နည်းသေးတယ် မာလာမြင့်ကအဲ့ဒါကြောင့် လှည့်တောင်အီးမပေါက်တာ။
"ဘော ဖြည်းဖြည်းလုပ်ပါကွ"
အစကအဝဆွဲဖို့ စဉ်းစားထားသည့် ဇာမဏီမှာပန်းဥကရောက်နေသည်မို့ အလှသာဆွဲရလေတော့သည်။ ကောင်မလေးရှေ့မှာတော့ အနည်းငယ်ရင့်ကျက်ခြင်ယောင် ဆောင်ရမှပေါ့ ဟုတ္ဖူးလား။
"ဟေ့ကောင်ဇာမဏီ မနက်ဖြန်အန်တီဆိုင်လာခဲ့ ငါတို့အဲ့ကနေမှ လက်ဖက်ရည်ဆိုင်သွားမယ် အန်တီကမင်းတို့ကို ခေါက်ဆွဲကြော်နဲ့အာလူးကျော် လုပ်ကြွေးမလို့တဲ့"
"အေးလာမယ်"
"ငါပြန်တော့မယ် ဧကရာဇ်ရာ ကျောင်းကိုခဏသွားရဦးမယ် ကျောင်းကိစ္စတွေရှိသေးလို့"
"အေးအေး သြားသြား"
ပုဂ္ဂိုလ်ထူးက တက္ကသိုလ်ကဆရာမို့အလုပ်များသည်။ အားလပ်ရက်လည်း ဟိုအကြောင်း ဒီအကြောင်းနဲ့ အငြိမ်မနေရခြေ။ သူတို့သာ ကုမ္ပဏီဝန်ထမ်းတွေမို့ နားချိန်လည်းအပြည့်အဝ လုပ်ချိန်လည်း အပြည့်အဝ သို့သော်ငြား ၃လဆိုတဲ့နားချိန်တော့ မရှိခြေ။
"ကိုကြီးထူးထူးက ချစ်ဖို့ကောင်းတယ်"
"ဟားဟားဟား ဟုတ်ပါ့ပုဂ္ဂိုလ်ထူးသာမိန်းမဆို ကိုကြီးယူတာကြာပေါ့ငှက်လေးရယ်"
ထဖောက်တဲ့ငှက်မကို စကားအကောင်းပြောနေတဲ့ သိန်းဈာန်ကြောင့် သက်ပြင်းသာခြလိုက်မိလေသည်။ ဖြူဖြူသွယ်သွယ်နဲ့ ပုဂ္ဂိုလ်ထူးက ကြည့်လို့ချစ်ဖိူ့ကောင်းတာတော့ အမှန်ပင်။ အားလုံးက ပုဂ္ဂိုလ်ထူးကို အခြေက်အခြောက်နဲ့ ငယ်ငယ်ကဝိုင်းစကြ သော်ငြား စသည့်ကောင်တိုင်း မျက်ခွက်ပဲ့ပြီးပြန်လာခဲ့ လောက်သည်အထိ ထိုချစ်စရာပုဂ္ဂိုလ်ထူးက လက်သံပြောင်သည်။
"ပုဂ္ဂိုလ်ထူးကြားရင် မင်းမျက်ခွက်ပြုတ်အောင် ထိုးလိမ့်မယ်"
"အဲ့ဒါကြောင့်ပေါ့"
ဟုသာပြောပြီး မုန့်ဟင်းရည်တွေ ထိုင်မွှေနေတဲ့သိန်းဈာန်ကြောင့် ဇာမဏီလည်း ဘာမှမပြောပဲ မုန့်ကိုသာဆွဲနေလိုက်သည်။ တစ်ခါတစ်လေ သိန်းဈာန်က ပုဂ္ဂိုလ်ထူးနဲ့ပက်သက်ရင် အတော်လေး ထူးစမ်းနေတတ်တာမျိုးပေါ့။
လေးစားလျက်
မယ်ရွှေဇွန်