ရှိန်း ကားကို မိုင်ကုန် မောင်းလာပြီးမှ ကားစီယာတိုင်ကို ခေါင်းငိုက်စိုက် ချထားလိုက်သည်။
သူ မင်းဆက် ရှေ့မှာ မျက်ရည်တွေကျခဲ့သည်။
ဘာအတွက်ကျမှန်း သူလည်းမသိ။ သူ ဝမ်းနည်းပြီးကို ကျလာတာ သူ့ရဲ့ ဒီမျက်လုံးအိမ်တွေကနေ လေ။
ရှိန်းပါတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးမှ ဒရှ့်ဘော့က်(စ်)ပေါ်က စီးကရက် ဗူးယူလိုက်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။သူ့အတွက်တော့ ဒီလို ဖြစ်နေချိန်မှာ အကောင်းဆုံးအဖော်မွန်က စီးကရက်ဖွာရှိုက်ခြင်းပဲ။ နှင်းတွေ မြူတွေရောပြီး အေးခဲနေတဲ့ ရာသီကို ရှိုန်း အံတုလိုက်ပြီး စီးကရက်မီးနီးနီကို ဖွားခနဲ မြည်အောင် ခါလိုက်ပြီးမှ တစ်ချက်ချင်း ရှုရှိုက်နေလိုက်သည်။
ကားအဖြူ ကို မှီပြီး suit ဝတ်ဆုံဖြူကို ဝတ်ဆင်ထားကာ လက်ထဲ မီးနီနီ စီးကရက်နှင့် အတော်မှ အထာကျနေသည့် ရှိန်းကို ကားပေါ်မှ မင်းဆက်ကြည့်လိုက်ပြီး ကားကို ရှိန်းနှင့် မနီးမဝေးမှာ ရပ်ထားလ်ိုက်သည်။ ရှိန်းက ဂုတ်ထိ ရောက်နေတဲဲ့ နက်မှောင်နေတဲ့ ဆံသားတွေကို အပေါ်ကနေ တစ်ထပ် half စီးထားပြီးမှ လက်သွယ်သွယ်ထဲ စီးကရက် မီးနီနီကို ထည့်ထားပြီး
အအေးဒဏ်ကို မိတ်ဆွေဖွဲ့ထားလေသည်။
မင်းဆက် ရှိန်းကို ဆက်မကြည့်နိုင်တော့ရျ်
ကားပေါ်မှ ဆင်းပြီး လျှောက်သွားလိုက်သည်။
"လိုက်လာတာလား--?"
"ရှိန်းမှ ကိုယ်ပြောတာ နားမထောင်ပဲ"
မင်းဆက် မဲ့ပြုံးပြုံးပြီး ရှိန်းကို ကြည့်လိုက်လျှင်ရှိန်းက
" ခင်ဗျား စကားကို ဘာလို့ ကျွန်တော်က နားထောင်ရမှာလဲ" ဆိုပြီး စီးကရက်ကို ဖွာခနဲ
ရှုရှိုက်လ်ုက်ပြန်သည်။
"နားထောင်ဖို့ အကြောင်းရှိတယ်ဆိုရင်ရော---"
"ပြောကြည့်လေ နားထောင်ကြည်ပြီး နားထောင် သင့်မသင့် စဉ်းစားမှာပေါ့"
"မင်းက မခေဘူးပဲ"
"ကျွန်တော် မခေတာ အခုမှသိလား--?"
မင်းဆက် မျက်ခုံးတွေသာ ဆက်တိုက်ကို ပင့်နေရသည်။ သူ့ရဲ့ ရှိန်းက အများကြီး ပြောင်းလဲသွားသည်။ အရင်ဆို စီးကရက်အနံ့ကို မခံနိုင်တဲ့ သူက အခု တစ်ချက်ခြင်းကို ရှုရှိုက်နေပြီး
စီးကရက်ကို ခုံမင်နေသည်။ ပြီးတော့ သူ့စကားတွေကိုလည်း တစ်ခွန်ချင်း တုံ့ပြန်နေတာက
ကလေး တစ်ယောက်လို ဖြစ်နေရျ် မင်းဆက်
ရှိန်းကို သာ ကြည့်နေလိုက်တော့သည်။
"ရှိန်း ဘယ်တုန်းက ဒီ စီးကရက်တွေကို သဘောကျသွားရတာလဲ"
"စီးကရက် သောက်ရတာကိုလား--?။"
ရှိန်းက စီးကရက် မီးနီနီထိပ်ကို တစ်ချက် လက်နဲ့ တောက်လိုက်ပြီးမှ
"မကြာသေးပါဘူး ။ လွန်ခဲ့တဲ့ နှစ်တွေက ဖြစ်လိမ့်မယ်။ အဲ့တုန်းက ကျွန်တော် ကိုရီးယားမှာ
အချိန်ပိုင်းတွေ တက်ပြီး ဘွဲ့လွန်ယူဖို့ ကြိုးစားနေတာလေ။ တစ်ခါတစ်လေ စိတ်ညစ်တာတို့ စိတ်ရှုပ်တာတို့ရှိရင် ကျွန်တော် ဒီလိုပဲ စီးကရက်ဖွာဖြစ်တယ်။ အဲ့ထဲကနေပဲ ကျွန်တော် စီးကရက်ဖွာရတာ သဘောကျသွားတာဖြစ်လိမ့်မယ်"
"ဪ--!"
"နောက်ပြီး ကျွန်တော့်စိတ်ထဲ မရေရာ ရှိနေတဲ့
သံသရတွေအတွက်ရောပေါ့--"
ရှိန်းက နောက်ဆက်တွဲ စကားကို ဆက် ပြောလိုက်ပြီး စီးကရက်ဗူးထဲကနေ စီးကရက်တစ်လိပ်ထုပ်ကာ မင်းဆက်ကို ပေးလိုက်သည်။
"နေ ရှိန်း ။ ကိုယ် မသောက်တတ်လို့"
"ဟက်--! စီးကရက် မသောက်တတ်ဘူး။
လူလိမ္မာကြီးပါလား--?"
မင်းဆက် ရှိန်းရဲ့ စကားကြောင့် နှုတ်ခမ်းသားတွေ တွန့်ချိုးလိုက်ပြီး သွားတွေပေါ်သည်ထိ ပြုံးလိုက်ပြီးမှ
"စီးကရက် မသောက်တတ်တာနဲ့ ကိုယ်က
လူလိမ္မာ ဖြစ်သွားရတယ်တဲ့လား ရှိန်းရယ်။
ကိုယ်လည်း လူပဲ အသွေးအသားနဲ့လူ ။ အရာရာကို စူးစမ်းချင်တဲ့ အမျိုးအနွယ်ကပဲ ။ ကိုယ်
လက်တည့်စမ်းတဲ့ အရွယ်တုန်းက ကိုယ် စမ်းသပ်ခဲ့တယ်။ ကွမ်းလည်း စားဖူးတယ်။
ဆေးလိပ်လည်း သောက်ဖူးတယ်။ အရက်လည်း သောက်ဖူးတယ်။ ကွမ်းစားကြည့်တယ်။ သွားတွေရဲလာတယ်။ ကွမ်းဂျိုးတက်သွားတယ်ပဲအဖတ်တင်တယ် ။ကိုယ့်အတွက် ကောင်းတာ ဘာမှမရှိလို့ ကိုယ် ကွမ်းဆက်မစားတော့ဘူး။
ကျန်းမာရေး အတွက်လည်း ဘာမှ အကျိုးမရှိပဲ။
ကွမ်းကို ပါးသောင်မှာ ငုံတယ် ။ ကြာလာတော့
ပါးသောင် ကင်ဆာတွေ /လျှာကင်ဆာတွေ ဖြစ်လာမယ် ။ နောက် နောက် ဆိုးကျိုးတွေ အများကြီးပေါ့ ။ ဒီ့အတွက် ကိုယ်ကွမ်း ဆက်မစားတော့တာ။ ကိုယ် ကွမ်းလည်း စားဖူးတယ်။
ဆေးလိပ် ။ ရှိန်းသောက်နေတဲ့ စီးကရက်။
အဲ့ဒါတွေလည်း ကိုယ်သောက်ဖူးတယ်။
ရှိန်းလိုပဲ ကိုယ်လည်း ဖွာဖူးတယ် /ရှိုက်ဖူးတယ်။
ဒီ မီးနီနီတွေကိုလည်း ကိုယ်သဘောကျဖူးတယ်။
ဒါပေမယ့် ကိုယ်မသောက်ခဲ့ဘူး ။ ကိုယ့် ချစ်ရသူက အနံ့ကို မခံနိုင်လို့"
အခုတော့ ဆန့်ကျင်ဘက်ပေါ့--- ။ ထိုစကားကို တော့ မင်းဆက် မပြောလိုက်
" အရက်တွေကိုလား။ ကိုယ်သောက်တယ်။
အခုထိလည်း ကိုယ်သောက်ချင်ရင် သောက်နေတုန်းပဲ။ ဒါပေမယ့် အတိုင်းအတာလေးနဲ့ပေါ့။
ကိုယ် အတိုင်းအတာလေး တစ်ခုတော့ထားပြီးသောက်တယ်။ ဘယ်အရာကိုမှ အလွန်အကျွံ
စွဲလန်းလို့မှ မရပဲ။ "
ရှိန်း မင်းဆက်ရဲ့ စကားတွေကို နားထောင်ရင်း စီးကရက်ကိုသာ ဖွာနေလိုက်ပြီး နှင်းတွေ မြူတွေကျနေတဲ့ ပါတ်ဝန်းကျင်ကြီးကိုသာ ကြည့်နေလိုက်တော့သည်။
"အေးတယ်လေ ရှိန်း အထဲဝင်မှပေါ့"
"မဝင်ချင်သေးဘူး ။ ကျွန်တော့်ရဲ့ ဒွိဟတွေအတွက် ဒီ အတိုင်းသား ကျနေတဲ့ နှင်းတွေ မြူတွေကို ကြည့်ချင်သေးတယ်"
"ဒါပေမယ့် အေးတယ်လေ"
မင်းဆက် ပြောပြီး သူ့ကုတ်အပေါ်ဝတ်ကို ချွတ်လိုက်ပြီး ရှိန်းကိုယ်ပေါ်သို့ ခြုံပေးလိုက်သည်။
"ခင်ဗျား မအေးဘူးလား--?"
"ကိုယ့်မှာ တစ်ထပ်ပါသေးတယ်"
"ကျွန်တော် ဘာမှန်းမသိ ဒီ နှင်းတွေ မြူတွေကျနေတာကို မြင်ရရင် ဝမ်းသာတယ်။ ပျော်တယ်။ ပြီးရင် သီချင်းတစ်ပုဒ်ကိုလည်း သတိရတယ်။ ဘာမှန်းမသိပဲ ကျွန်တော် စိတ်ရှုပ်ရတိုင်း ကျွန်တော့်စိတ်တွေကို ပြေပျောက်အောင် ဖြေဖျောက်ပေးနိုင်တဲ့ သံစဉ်က ရှိနေတယ်။အဲ့ဒါကိုလည်း ကျွန်တော် တီးခတ်ရတာ သဘောကျတယ်။ အားလုံးကို မမှတ်မိပေမယ့်ပေါ့ ။ တစ်ခါတစ်လေ ဟိုးအဝေးဆုံးကို ထွက်သွားလိုက်ပြီး စဉ်းစားမရတဲ့ ဒွိဟရှိနေတဲ့ ဒီသံသရ တွေကို သံစဉ်တွေ တီးခတ်ပြီး ဖြေဖျောက်ပြစ်လိုက်ချင်တယ်"
ရှိန်း ပြောလိုက်ပြီး ကုန်သွားတဲ့ စီးကရက်ကို
ပစ်ချလိုက်ကာ ခြေထောက်နှင့် ငြိမ်းလိုက်ပြီးမှ
"ဒီ စီးကရက်တွေကိုပဲကြည့် ။လူတွေ သဘောကျတုန်းက သူတို့ အလို ပြည့်ဖို့ နှုတ်ခမ်းမှာ
ပျော်တော်စက်ပေးရတယ်။ သူတို့လည်း အသုံးတော်ခံပြီးရော ဒီ စီးကရက်တွေက
မြေခပြီး ငြိမ်းသတ်ခံလိုက်ရတယ်။ ဒီမတည်မြဲတဲ့ လောကကြီးမှာ ကျွန်တော့်ရဲ့ မရေရာရှိနေတဲ့ ဒွိဟတွေကို ဒီ စီးကရက်တွေနဲ့ အတူ ငြိမ်းသတ်ပြစ်လိုက်ချင်ပြီ"
မင်းဆက် ရှိန်းစကားတွေကို နားထောင်လိုက်ပြီး
ရှိန်းအတွက် ဝမ်းနည်းလာသည်။ သူ ရှိန်းစီကို လှန်းဖို့ ခြေလှန်းတွေ မ ဦးတည်ခင်မှာပင်
သူရဲ့ ခြေလှန်းတွေက တွန့်ဆုတ်နေပြီ ။
သူ ရှိန်းစီမှာ ကျဆုံးပြန်ပြီလား။
"အေးလာပြီ ကျွန်တော် ဝင်တော့မယ်။
ရော့ ခင်ဗျား အင်္ကျီ"
"ယူထားလိုက် ရှိန်း ။ ကိုယ်နောက်မှ ပြန်ယူမယ်"
ရှိန်း အပေါ်ထပ်ကို ချွတ်ပြီး ပေးဖို့ ပြင်လိုက်တာနဲ့ မင်းဆက်က လက်ကိုကာပြီး မယူဖို့ ငြင်းဆန်လာသည်။
ရှိန်း နှင့် မင်းဆက် ကားပေါ်သို့ အသီးသီးတက်သွားကြသည်။ ရှိန်းကားကလည်း ထိုနေရာ၌သာရှိနေပြီး မင်းဆက်ကားကလည်း ရှိန်းကားနဲ့ အဝေးတစ်နေရာမှာ မျက်နှာချင်းဆိုင်လို ရှိနေကြသည်။ ဘယ်သူကမှ ကားမောင်းဖို့ မကြိုးစားကြ။
"ဒေါက်ဒေါက်--"
ရှိန်းကားကို လာခေါက်တဲ့ အသံကြောင့် ရှိန်း
ကားပြတင်းကို ကြည့်လိုက်တော့ မင်းဆက်က
သူ့ကို ကြည့်နေလေသည်။
"ကိုယ့်ကား heater ပျက်နေလို့ ။ကိုယ် ခဏ လာလ်ို့ ရမလား ။ အေးနေလို့"
"လာပါ"
ရှိန်း မင်းဆက် ပုံကို ကြည့်ပြီး ကားပေါ်သို့ ခေါ်လိုက်သည်။ မင်းဆက်က လက်နှစ်ဖက်ကို ပိုက်ထားပြီး သွားတွေကလည်း ရိုက်နေပြီး အတော်မှ ချမ်းနေသည်။ မင်းဆက်ရဲ့ ကုတ်ကလည်း အခုထိ ရှိန်းရဲ့ ကိုယ်ပေါ်မှာ ရှိနေသည့်အတွက် ရှိန်း မင်းဆက် အပြောကို ယုံသွားသည် ။
မင်းဆက်ကတော့ ကားပေါ်ရောက်ထဲက ပြုံးနေပြီး တစ်ဖက်က ခပ်လှန်းလှန်းမှာ မြင်နေရတဲ့
သူ့ရဲဲ ကားကိုသာ ကြည့်နေသည်။ သူ ဒီကားပေါ်ရောက်ဖို့ သူ့ကားပေါ်က heaterကို တစ်ချိန်လုံးဖွင့်မထားခဲ့တာ။
"နေပါ ကိုယ်က--"
"ဒီလောက်တောင် ချမ်းနေတာ ပြန်ခြုံထားလ်ိုက်။ ကျွန်တော် က နွေးနေပြီ"
ရှိန်း မင်းဆက်ရဲ့ အငြင်းကို လက်မခံပဲ သူကိုယ်တိုင်ပဲ မင်းဆက်ရဲ့ ကိုယ်ပေါ်သို့ ခြုံပေးလိုက်သည်။
"နှင်းတွေက အတော်ကျနေတယ် ။
ဒီည ကားသွားရင်ရော အဆင်ပြေပါ့မလား--?"
"ဒီဇင်ဘာရောက်ပြီဆိုတော့ အေးလာပြီလေ။ သူတို့လည်း သူတို့ရာသီမှာ လွတ်လပ်ချင်မှာပဲ"
"အင်း"
ရှိန်း ကားမှန်ကနေ တစ်ဆင့် မြင်နေရတဲ့ မြူတွေ နှင်းတွေကို ကြည့်ပြီး မင်းဆက် စကားကို ထောက်ခံလိုက်သည်။
"ဒီလိုအချိန် အကောင်းဆုံးက မီးတောက်ပဲ။
ရော့---!"
သောက်တတ်တယ်လို့ ပြောထားတဲ့ သူကြောင့်
ရှိန်း မင်းဆက်လက်ထဲကို ဘီယာဗူး ပေးလိုက်သည်။
မီးတောက် ဆိုပြီး ရောက်လာသည့် ဘီယာဗူးကြောင့် မင်းဆက် မျက်ခုံးတွေ တွန့်ချိုးသွားပြီး
ရှိန်းကိုလည်း ကြည့်လိုက်သည်။ ရှိန်းက ကား
box ထဲမှာ သူများတွေ ရေဗူးထည့်တာကို သူက ဘီယာ ထည့်ထားတာ။
"သောက်လေ မီးတောက်တော့ မဟုတ်ဘူး။
ဘီယာပဲ ရှိလို့ တွေ့တာ ဝယ်ထည့်ထားတာ"
ဆိုပြီး ရှိန်းက မင်းဆက်ကို ပြောလဲပြောရင်း ဘီယာဗူးကို ဖောက်လိုက်ပြီး သောက်နေလေသည်။
ပြောင်းလဲသွားတဲ့ ရှိန်းကိုကြည့်ပြီး မင်းဆက်စီမှာလည်း အတွေးတွေနှင့်သာ ပြည့်နေသည်။
"ရှိန်း ကားထဲမှာ ဘီယာထည့်တယ်"
"အင်းလေ ဘာလို့လဲ--?"
"မဟုတ်ပါဘူး ကိုယ် မတွေ့ဘူးလို့"
မင်းဆက် ပြောပြီး သူလည်း မသောက်ဖြစ်တာကြာနေတဲ့ ဘီယာကို ဖောက်ပြီး သောက်လိုက်သည်။ မသောက်ဖြစ်တာ ကြာနေသည့်အတွက်
ဘီယာတွေက သူ့အူထဲ ပူလောင်နေပြီး အဆင်မပြေဖြစ်လာရျ် မင်းဆက် န(ခ်)တိုင်ကို ဖြေလျှော့လိုက်ရသည်။
"ဒီလိုပါပဲ ။ ကျွန်တော်လည်း ကျင့်သားရသွားတာ ။ ကျွန်တော် ကိုရီးယားမှာ နေတုန်းက
ဆိုဂျူတို့ ဘီယာတို့ သောက်တယ်။ တစ်ခါတစ်လေ အတန်းချိန်တွေများပြီး လေ့လာစရာတွေရော / သင်ပေးစရာတွေပါ များတဲ့ ရက်တွေဆို တကူးတကကြီး ဘီယာသွားဝယ်နေဖို့က အချိန်မရှိဘူးလေ။အဲ့ဒီ့အတွက် ဘီယာ တစ်ခါဝယ်ရင်
တစ်ခါထဲ ကားထဲကိုလည်း သုံး/လေးဗူး ထည့်ထားလိုက်ရော။ စိတ်ရှုပ်လာတဲ့ နေ့တွေကျရင် ကျွန်တော် အခုလိုပဲ ဟန်မြစ်နားသွားပြီး
ညရှုခင်းကြည့်ရင်း ဘီယာသောက်ပြီး အပန်းဖြေလိုက်တယ် ။ စိတ်တွေလည်း ပြေပြောက်။ ကျွန်တော် ဆက်မတွေးနိုင်။ အဆင်ပြေရောပေါ့။
ဒါနဲ့ပဲ ဒီရောက်လာတော့လည်း ကျင့်သားရလာတဲ့ လက်တွေက အငြိမ်မနေနိုင်တော့ပဲ ဒီလိုတွေ ဆက်ထည့် ဖြစ်တယ် ဆိုပါတော့"
ရှိန်းက သူ့ဘာသာ ဆက်ပြောနေလိုက်ပြီး ကုန်သွားတဲ့ ဘီယာဗူးကို အိတ်တစ်လုံးထဲ ထည့်လိုက်ပြီးမှ နောက်တစ်ဗူးကို ဆက်ယူသည်။
မင်းဆက် ရော ရှိန်းရော ဘီယာဗူးတွေ
ကုန်အောင် သောက်လိုက်ကြပြီး ကားboxထဲမှာရှိနေတဲ့ ဗူးတွေဟာလည်း ဗူးအပြည့်မှ အခွံဘဝသို့ သက်ဆင်းသွားကြသည်။
ရှိန်းနှင့် မင်းဆက် အတော်ကြာ နှုတ်တွေ တိတ်နေကြပြီးမှ မင်းဆက်က ရှိန်းကို အရင်စိုက်ကြည့်လာပြီး
"ကိုယ်တို့ ဘီယာသောက်လိုက်တာ ကုန်သွားပြီ"
"အင်း ကုန်သွားပြီ အကုန်ပဲ ။ခင်ဗျားလည်း
အကန့်လေးနဲ့ သောက်တယ်ဆိုပြီး သောက်လိုက်တာ အကုန်ပဲ"
"ဟားဟား ကိုယ်သောက်တာ များသွားတယ်နော်"
"အွန်း အများကြီးပဲ ။ ကျွန်တော် သောက်တာ တစ် /နှစ် /သုံး---"
ရှိန်းက ရီဝေပြီး ဘီယာဗူးတွေကို အိတ်ပေါ်ကနေ ရီ နေလျှင် မင်းဆက်က ရှိန်းကို ကြည့်ပြီး ရယ်လာသည်။
"ဘာလို့ ရယ်တာလဲ--?"
"ချစ်စရာကောင်းလို့ --!။ ခန့်လို့ --!"
ရှိန်း မင်းဆက် စကားကြောင့် ရီဝေနေရင်းမှ တည်သွားရပြီး
"ဘယ်သူက ချစ်စရာကောင်းတာလဲ--?"
"ဒီက ရှိန်းလေးက။ ဟောဒီက ရှိန်းလေး ။ ကိုယ့်ရဲ့ ရှိန်းလေး--!"
မင်းဆက် ပြောလဲပြောရင်း နီးကပ်နေတဲ့ ရှိန်းမျက်နှာကို သူ့လက်နှင့် ကိုင်လိုက်ပြီးမှ ရှိန်းကိုရီဝေကာစိုက်ကြည့်ရင်း တစ်ဖြေးဖြေး ရှိန်း နှုတ်ခမ်းအနားသို့ သူ့နှုတ်ခမ်းတွေနဲ့ ကပ်သွားလိုက်သည်။ ရှိန်းကလည်း မင်းဆက်ကို ကြည့်နေပြီး နှုတ်ခမ်းသားတွေကို တိုးကပ်လာသည်။
နီးကပ်လာတဲ့ နှုတ်ခမ်းသားအစုံရဲ့ နောက်ဆက်တွဲလေးကတော့ အနမ်းဂေဟာဆက်ခြင်းနှင့် စလိုက်ကြပြီး မင်းဆက်ရဲ့ မူမမှန်လှတဲ့ အသက်ရှုသံတွေ အပြင် မင်းဆက်ရဲ့
လျှင်မြန်လွန်းတဲ့ လက်တွေကြောင့် ရှိန်းအင်္ကျီလေးဟာ တစ်လွှာချင်း အချွတ်ခံလိုက်ရပြီး
ညှပ်ရ်ိုးတွေပေါ်နေသည်ထိ ဖြစ်သွားရသည်။
လျှင်မြန်လွန်းတဲ့ မင်းဆက်ရဲဲ့ အရွှေ့အပြောင်းမှာ ရှိန်ဟာလည်း driver seatမှ မင်းဆက်ထိုင်နေသည့် lover seatရဲဲ့ ခုံပေါ်တွင် ရောက်နေရပြီး သူက မင်းဆက်အပေါ်တွင် ထိုင်နေရသည်။
တစ်လွှာခြင်း ချွတ်ထုတ်လိုက်ကြသည့် အဝတ်တွေ ကင်းမဲ့ မှုနောက်မှာတော့ ရှိန်းရဲ့ ညှပ်ရိုးများဟာလည်း နီရဲ ဆက်နေပြီး ဖြူဖွေးနေတဲ့ နို့နှစ်ရောင် အသားရည် ပိုင်ဆိုင်ထားတဲ့ ရှိန်းရဲ့ ခန္တာကိုယ်ဟာလည်း မင်းဆက်ရဲ့ အပြုသဘောမှ မထွက်နိုင်ဖြစ်နေရသည်။
မင်းဆက် ရှိန်းကို နမ်းနေရင်းမှ ရှိန်း ဆီးစပ်ထက်မှာ မြင်လာရတဲ့ သူရဲ့ ဖန်တီးမှု အကြောင်းရာလေးကို သူ့ နှုတ်ခမ်းလေးနဲ့ တစ်ဖွဖွ နမ်းနေလိုက်ပြီးမှ ရှိန်းကို ဖက်ထားလိုက်သည်။ ဒီအကြောင်းရာလေးက သူ့ရဲ့ အားထုတ်မှုတွေရဲ့ ရလဒ် ။ သူ့ရဲ့ ငယ်လေး သူ့ကို ပေးထားတဲဲ သံသရာအဆုံးထိ အချစ်တွေကို သယ်ပိုးသွားချင်ရလောက်အောင် ကလေးတွေကို လက်ဆောင်ပေးခဲ့တဲ့ တစ်ခုထဲသော နေရာလေး ။ သူ့ရဲ့ ရှိန်းလေးရဲ့ ဒီဗိုက်ထဲမှာရှိနေတဲ့ ထူးခြားပြီး ပါလာတဲ့ သားအိမ်လေးဟာ သူ့အတွက်တော့ မြတ်နိုးခြင်းတွေပဲ ။ ငယ် က သူ့ကို ချစ်လွန်းလို့ ကိုယ်တိုင် သွေးသားတွေကို လွယ်ပြီး မွေးပေးခဲ့တာ။
မင်းဆက် ထိုနေရာလေးကို အတော်ကြာနမ်းနေပြီးမှ ဆန္ဒတွေ ပြီးမြောက်ဖို့ရာအတွက် ရှစ်နှစ်ကျော်ကြာ လွမ်းဆွတ်နေရတဲ့ ခန္တာကိုယ်လေးကို အပိုင်သိမ်းလိုက်တော့သည်။ အနမ်းတွေကနေ စတင်ခဲ့တဲ့ ရှိန်းတို့ရဲ့ ရီဝေမှုက ကြာလာသည်နှင့်အမျှ ဆန္ဒတွေ ရမက်တွေနှင့် ရောထွေးသွားပြီး တည်ငြိမ်နေတဲ့ ကားလေးဟာလည်း
လှုပ်ရှားနေတဲ့ ကားလေး အဖြစ်သို့ ပြောင်းလဲသွားခဲဲ့ပြီး ရမ်းခါနေခဲ့လျှက်။ အပြင်မှာ ကျနေတဲ့ နှင်းတွေ /မြူတွေဟာလည်း ထိုရမ်းခါနေတဲ့
ကားလေးနှင့် ကားထဲမှ အသက်ရှုသံတွေပြင်းနေတဲ့ လူသားနှစ်ယောက်ကို အားပေးနေသယောင်ဖြင့် ပိုပြီးသာ နှင်းတွေကျခဲ့လျှက်။နှင်းတွေ မြူတွေ ကျပြီး အပြင်မှာ အေးနေပေမယ့် ကားထဲမှ လူသားနှစ်ယောက်ကတော့ ချွေးအလိမ်းလိမ်းနှင့် သူတို့ လိုရာ ခရီးကို ဆက်ကြလျှက်။
ကားပြတင်းကနေ ဝင်လာတဲ့ နေကြောင့် မင်းဆက် နိုးလာပြီး ပါတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးမှ သူ့အခြေအနေကို သဘောပေါက်သွားသည်။ သူမနေ့ညက ဒီမှာ ရှိန်းနဲ့အတူ။
မင်းဆက် ကိုယ်ပေါ်မှာ ခွရက်ကလေးအိပ်နေတဲ့
ရှိန်း ကြောင့် မင်းဆက် မလှုပ်တော့ပဲ ရှိန်းနှဖူးကို နမ်းလိုက်ပြီး သူလည်း ပြန်မှိန်းနေလိုက်သည်။
သူအရင် နိုးရင် ရှိန်းရှက်နေမည်လေ။ ထို့အတွက် သူ အိပ်ချင်ယောင် ဆောင်မှ ဖြစ်မည်။
မျက်လုံးကို လာလာစူးနေတဲဲ နေကြောင့် ရှိန်း မျက်လုံးတွေ ဖွင့်ကြည့်လိုက်ပြီး ခါတိုင်းလုပ်သလို နာရီကြည့်ဖို့ သူစမ်းလိုက်သည်။ သူစမ်းမှ
နာရီကို မတွေ့ပဲ ရှည်မြောမြောအရာတစ်ခုကို စမ်းမိသွားသည်။ ရှိန်း မျက်လုံးတွေ ပြူးသွားရသည်။ ဒီ အရာကြီးက ဘာလဲ--?။
ရှိန်းမျက်လုံးတွေ ပြူးသွားပြီးမှ သူရောက်နေရာကို ကြည့်လိုက်သည်။ သူက မင်းဆက်ပေါ်မှာ အိပ်ပျော်နေပြီး မင်းဆက်ကလည်း အိပ်ပျော်နေသည်။ သူအစောက ဆွဲလိုက်တာကို မင်းဆက် မနိုးလာရျ် ရှိန်း သက်ပြင်းချလိုက်ပြီးမှ သူ့အဝတ်တွေ ကောက်လိုက်သည်။ ထို့နောက်မင်းဆက် မျက်လုံးနားသို့လည်း လက်နှစ်ဖက်နှင့် တိုးသွားပြီး မင်းဆက် အိပ်မအိပ် စစ်ဆေးလိုက်ပြီးသည်။ မင်းဆက် အိပ်ပျော်တာသေချာမှ တစ်ဖက်ခုံသို့ ဆင်းသွားပြီး အဝတ်တွေကို ပြန်ဝတ်လိုက်သည် ။ လှုပ်လိုက်တုန်း
အောင့်တက်လာတဲ့ ခါးအဆက်ကြောင့် ရှိန်း
အစောက သူ့လက်ထဲ ကိုင်မိတဲ့ အရာကိုသာ သတိရပြီး မြန်မြန်ပင် အဝတ်တွေ ပြန်ဝတ်လိုက်သည်။
အဆွဲခံလိုက်ရတဲ့ ညီလေးကြောင့် မင်းဆက် အတော် ခံရခက်နေပြီး ရှိန်းရှက်သွားမှာ ဆိုးသည့် အတွက် သူအောင့်သာ ခံနေလိုက်ရသည်။
မဆင်းခင် အိပ်ပျော်လား မအိပ်ပျော်လား
စစ်ဆေးနေသေးတဲ့ ကလေးတွေရဲ့ အဖေကြောင့် မင်းဆက် အောင့်နေတဲ့ကြားမှ ရယ်ချင်လာရျ်
အံကို တင်းနေအောင် ကြိတ်ထားရပြန်သည်။
ရှိန်း အဝတ်တွေ ဝတ်ပြီးသွားကာမှ မင်းဆက် အခုမှ နိုးသလို သရုပ်ဆောင်ရပြီး ဘာတွေ ဖြစ်ခဲ့မှန်းမသိမလို ခေါင်းကိုသာ ဖိနှိပ်နေလျှင်
"အရင် အဝတ်တွေ ပြန်ဝတ်လိုက် ။ ပြီးရင် ကိုယ့်လမ်းကို သွားကြတာပေါ့" ဆိုပြီး မင်းဆက်ကို ကျောပေးကာ ထိုင်နေသည့် သူကြောင့်
မင်းဆက် ပြုံးသာပြုံးလိုက်ပြီး အဝတ်တွေ ပြန်ဝတ်လိုက်သည်။
"ရှိန်း--"
"ပြီးပြီလား အဝတ်ဝတ်တာ---"
"ပြီးပါပြီ "
မင်းဆက် ရယ်ချင်ပေမယ့် အံသားကြိတ်ထားလိုက်သည်။ ကလေးသုံးယောက်ကို လက်ဆောင်အဖြစ် ပေးခဲ့ပြီး ရှိန်းခန္တာကိုယ်ကို
အလွတ်ရနေသည့် မင်းဆက်အတွက် ဒီလို အခြေအနေက အထူးအဆန်းမဟုတ်။ ရှိန်းက
ရှက်နေရျ် မင်းဆက် ရှိန်းအကြိုက်ပြောလိုက်မှ ရှိန်းက မင်းဆက်ဘက်လှည့်လာပြီး
"မြူလည်းကင်းပြီ ။ ခင်ဗျား အဆင်ပြေတယ်မလား။ သွားနိုင်ရင် ကျွန်တော်တို့ ဒီမှာပဲ
လမ်းခွဲကြမယ်။ "
မင်းဆက် ရှိန်းပြောလာတဲ့ စကားကြောင့် မျက်ခုံးတွေ အစုံ ပင့်သွားပြီး ရှိန်းကို ကြည့်လိုက်သည်။ မသိရင် မင်းဆက်က ခံလိုက်ရတဲ့သဘော။
"ရှိန်းက ဘယ်လိုပြောလိုက်တာ--?။
ကိုယ်မရှင်းဘူး ။ ကိုယ်နဲ့ ရှိန်း က မနေ့ညက--!"
"မနေ့ညက ကိစ္စကို ကျွန်တော်နားလည်တယ်။
ခင်ဗျားလည်း ယောကျာ်း /ကျွန်တော်လည်း ယောကျာ်း သွေးသားဆန္ဒကို မထိန်းချုပ်နိုင်ပဲ
ဖြစ်သွားတဲ့ အမှားအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်စေချင်ဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်ရှိပါတယ်ဆိုပြီး တာဝန်တွေ မယူစေချင်ဘူး။
ကျွန်တော်လည်း မှားခဲ့တာမလို့"
"ဒါဆို ရှိန်းက ကိုယ့်ကို လွယ်လွယ်ပဲ လွှတ်ပေးလိုက်မှာလား--?"
"ကျွန်တော့်မှာ ဆွဲထားပိုင်ခွင့်မှ မရှိပဲ"
"အကယ်ရျ် ဆွဲထားလို့ ရခဲ့မယ်ဆိုရင်ရော--?"
"မဟုတ်တာတွေကို မပြောပါနဲ့လား--?။
ဒီမှာပဲ လမ်းခွဲရအောင် "
ရှိန်းက ပြောလိုက်ပြီး ကားပြတင်းတစ်ဖက်ကို ဖွင့်ပေးလိုက်ကာ မင်းဆက်ကို ဆင်းဆိုတဲ့ သဘောပြောသည်။
"ကိုယ့်ကို အလိမ္မာနည်းသုံးပြီး ဆင်းခိုင်းတာလား--?"
"ကျွန်တော်တို့ကြားမှာ မျက်နှာပြတ်စရာတွေ မရှိချင်ဘူး ။ခင်ဗျား ကျွန်တော်နဲ့ မိတ်ဆွေ အဖြစ် ဆက်ရှိနေချင်ရင် ကျွန်တော်ဖွင့်ပေးထားတဲ့ ကား ပြတင်းကနေ ဆင်းလိုက်ပါ ဦးခွန်နောင်မင်းဆက်--!"
မင်းဆက် ဘာမှ မပြောနိုင် ရှိန်း သဘောအတိုင်း ဆင်းလိုက်ပြီး ထွက်ခွာသွားတဲ့ ကားကို မြင်ရသည်အထိ တစ်ဆုံးကြည့်နေလိုက်သည်။
သူပြိုင်ပွဲပြီးထဲက အခုမှ ရှိန်းနဲ့ ဆုံရတာသာ ဖြစ်သည်။ လေယာဉ်ကွင်းကို သူ့ကို ရှိန်း ကလေးတွေနဲ့ လာကြိုပြီးတဲ့ နေ့ထဲက ရှိန်းတို့ဆိုင်ကို သူမသွားဖြစ်သလို သူ့အသင်းသားတွေကိုလည်း ခေါ်မသွားခဲ့ ။ ပြိုင်ပွဲမှာ ပင်ပန်းလာကြသည့် အသင်းသားတွေကိုလည်း သူ permitပေးပြီး
အိမ်ပြန် နားခိုင်းခဲ့သည်။ ပြိုင်ပွဲ ပြိုင်နေစဉ်အတွင်း အစာအိမ်ပြန်နာလာသည့် ရောင်ပိုင့်ကိုလည်း သူ ဂရုစိုက်ပေးရသဖြင့် ရှိန်းနှင့် သူထိပ်တိုက် တွေ့ဆုံခဲ့ခြင်းမျိုးကလည်း မရှိ။
လေယာဉ်ကွင်းထိ လာပြီး သူ့ကို တောင်းပန်တဲ့ မ စကားကြောင့် ရှိန်းရဲ့ စိတ်ကို ဒွိဟဖြစ်အောင် သူ တစ်ပါတ်လုံး စမ်းသပ်နေခဲ့ပြီး ကလေးတွေ
ရှိန်းကို တွေ့ချင်တယ်ပြောရင်လည်း ရှိန်းမအားဘူးဆိုပြီး သူဝေ့လည်ကြောင်ပါတ်တွေလုပ်နေခဲ့တာ။ ကလေးတွေရဲ့ ရှိန်းကို ဖေငယ်လို့ ခေါ်တဲ့
အခေါ်အဝေါ်ကိုတော့ မင်းဆက် သားတွေစီမှ ထွက်လာအောင် မနည်းပြောခဲ့ရသည်။ ကလေးတွေကလည်း သူ့သားတွေလို့ မပြောရ ရှိန်းကို ဝန်တိုလွန်းသည်။ ရှိန်းရဲ့ သမီးလေးနဲ့ ရှိန်း video callပြောတာကို မကြိုက်လို့ သူတို့ကလည်း ရှိန်းကို ဖေငယ်လို့ ခေါ်မယ်ဆိုပြီး ခေါ်တာတဲ့။
ဒါတောင် ကလေးတွေက. ရှိန်းကို သူတို့မွေးဖေမှန်း မသိကြသေးပေ။ သိများသိခဲ့ရင် ဘယ်လောက်တောင် အူတိုနေမည်လဲ။
ဒီတစ်ပါတ်လုံးတော့ သူအားတဲ့ အချိန်တိုင်း ရှိန်းရှိတဲ့ နေရာတွေကို ရောက်ဖြစ်ပြီး ရှိန်းကို အဝေးကနေ ကြည့်ရင်း အလွမ်းဖြေနေခဲ့တယ်။ ဒါကို မင်းခန့်တို့ကတော့ သွားချောင်းတာတဲ့ ။
သူတို့ ပြောတဲ့ ချောင်းတယ် ဆိုတော့လည်း ချောင်းတယ်ပဲပေါ့ ။ မကြာတော့ပါဘူး ငယ်
မင်းက ကိုယ့်အရိပ်ထဲ ပြန်ရောက်လာရမှာမလို့
မင်း အခုတော့ လွတ်လပ်နေလိုက်အုံး။
မနေ့ညက သူနဲဲ့ ရှိန်း ဖြတ်သန်းခဲ့တဲဲ အချစ်ညလေးကိုသာ မင်းဆက် ပြန်အမှတ်ရရင်း
ကားကို ဖြေးဖြေးချင်း ဦးတည်ရာတစ်ခုစီသို့ မောင်းနှင်လာလိုက်တော့သည်။
"Apar--! /Apar--!"
ရှိန်း လေယာဉ်ပေါ်မှဆင်းလာပြီး အထွက်ပေါက်ဘက်မှာ လူရှာနေချိန်မှ နားဖျားထဲမှ ကြားလိုက်ရသည့် အသံလေးကြောင့် ရှိန်းလူအုပ်တွေကြား အကြည့်ပို့မိတော့ သူ့စီသ်ို့ ကျောင်းဝတ်ဆုံလေးနဲ့ ပြေးလာတဲ့ Sofei---။
"မီး--!"
ရှိန်း Sofeiလေးကို ဒူးထောက်ပြီး ဖက်လိုက်ပြီးမှ
"မီး ကျောင်းက လာတာလား ။ ကျောင်းဆင်းပြီလား--?"
"မဆင်းသေးဘူး ငယ်ရေ။ ငယ် လာရင် မီးကိုလည်း လာခေါ်ပါဆိုလို့ ကိုကြီးမှာ မီးကို ဝင်ခေါ်ပြီးမှ ငယ့်ကို လာကြိုရတာ--"
"ဟုတ်လား မီး ။ မီး က Aparကို လွမ်းနေတာလား--"
ခေါင်းညိတ်ပြလာတဲ့ Sofeiလေးကြောင့် ရှိန်း Sofeiလေးကို မ ချီလိုက်ပြီး
"Aparကလည်း မီးကို သတိရနေတာ။ "
ဆိုပြီး ရှိန်း Sofeiလေးကို မွှေးကြူတော့
"ဒါဆို မပြန်တော့နဲ့" ဆိုပြီး Sofei ကပြောလာသည်။
"မပြန်လို့ ရမလား မီး ရဲ့ ။ Apar မှာလည်းအလုပ်တွေနဲ့လေ ။ မီး ကျောင်းပိတ်ရင် အလည်သွားပေါ့"
"မီးက Aparကို ပြန်မလွှတ်ချင်ဘူး"
"မီး ပြန်မလွှတ်ရင် မပြန်ဘူးဗျာ ။ ဟုတ်ပြီလား--"
ဟေဂျွန်းစကားကို ရှိန်းက ဝင်ပြောလိုက်မှ
Sofeiက ပြုံးလာပြီး "တကယ်နော်--"ဆိုပြီး ပြောလာသည်။
"တကယ်ပါဗျာ"
နောက်ဆုံး ဟေဂျွန်းလည်း ငယ် နဲ့ Sofei ကို မနိုင်တာနှင့် ကားစီသို့သာပြန် လာလိုက်ပြီး ငယ်နှင့်Sofeiကို တင်ဆောင်ကာ ခေါ်လာလိုက်တော့သည်။
"ကဲ မင်းသမီးလေး ကျောင်းရောက်ပြီ။
ညနေ daddy လာကြိုမယ် "
"Aparကိုလည်း ခေါ်ခဲ့"
"ဟုတ်ပါပြီ Aparနဲ့ အတူလာခဲ့မယ်"
"Apar--!"
ရှိန်း Sofeiဘက်ကို အလှည့်
"ပြွတ်--! Saragah Apar--"
"Na du Saragah Sofei--"
ရှိန်း ပြောလိုက်တော့ Sofeiက heart signလေးလုပ်ပြီး ကျောင်းထဲသို့ ဝင်သွားသည်။ ရှိန်းနှင့် ဟေဂျွန်းလည်း Sofei ဝင်သွားသည်ထိ ကြည့်နေပြီးမှ ကားကိုမောင်းကာ ထွက်လာခဲ့လိုက်တော့သည်။
"ငယ်--! honey နှစ်ပါတ်လည်နဲ့ ကိုကြီး ပြခန်းအတွက်ပဲလာတာလား--?။ ကျန်တဲ့ ကိစ္စတွေရှိသေးလား--?"
"ဒီအတွက်ပဲ လာတာကိုကြီး ။ ကျန်တာတော့ မရှိဘူး။ ကျောင်းမှာလည်း အားနေတော့ လာလိုက်တာ။ "
"တစ်ရက် နှစ်ရက်ပဲလား--?"
"တစ်ပါတ်လောက် နေဖြစ်မယ် ကိုကြီး ။
ရောက်တုန်း စိတ်အပန်းဖြေသွားအုံးမယ် ကိုကြီး"
"ကောင်းတယ်"
ဟေဂျွန်း ရှိန်းကို ဒီလောက်ပဲမေးပြီး ရှိန်းတည်းမယ့် နေရာသို့ ခေါ်ဆောင်သွားလိုက်သည်။
ရှိန်းမှာလည်း အပန်းဖြေစရာတွေ များမည်ပဲ။
မြန်မာပြည်က ကိစ္စတွေကိုတော့ သူမမေးချင်တော့ ရှိန်းကလည်း ပြောချင်မှာမဟုတ်ပဲ။
"ရှိန်း အထဲမဝင်တော့ဘူး ပြခန်းမှာ အလုပ်ရှုပ်နေလို့ ။ ကိုကြီး သေချာတော့ ရှင်းပေးထားတယ်။ ရှိန်း အရင်က ထားတဲ့ passwardပဲ။ မပြောင်းထားဘူး"
"ဟုတ်ကဲ့ ကိုကြီး--"
ဟေဂျွန်း ကားလေး မြင်ကွင်းထဲမှ ပျောက်သည်ထိ ရှိန်းကြည့်လိုက်ပြီးမှ သူ နားဖို့ တိုက်ခန်းသို့
ဝင်သွားလိုက်တော့သည်။ တိုက်ခန်းလေးက ရှိန်းကိုရီးယားမှာ ရှိစဉ်ကတည်းက နေခဲ့တဲ့ တိုက်ခန်းဖြစ်ရျ် ရှိန်းနှင့် မစိမ်းနေ။ ရှိန်း သူနေမယ့် အလွှာသို့ liftနဲ့ တက်လိုက်ပြီး စက်မှ ပြနေသည့် 5ဆိုသည့် နံပါတ်ကြောင့် ရှိန်း ခလုတ်ကို နှိပ်လိုက်ပြီး liftထဲမှ ထွက်ကာ သူ့နေမယ့် အခန်းသို့ သွားလိုက်တော့သည်။ passwardပါ မပြောင်းထားရျ် ရှိန်း ထိုအခန်းသို့ အေးဆေး ဝင်လိုက်ပြီး ပုံစံမပြတ်ရှိနေတဲ့ ထိုအခန်းလေးကြောင့် ရှိန်း ပြုံးလိုက်ပြီးမှ အိပ်ယာသို့ ဦးတည်ပြီး သူလှဲလိုက်တော့သည်။ သူပင်ပန်းနေပြီ ။ နားဖို့ လိုနေပြီ ။ တစ်ရေး တစ်မော ဖြစ်ဖြစ် အိပ်ပျော်သွားရင်လည်း အဆင်ပြေသည်။သူ့အကြိုက် ဖြစ်တဲ့ green tea ရနံ့သင်းသင်းလေးကြောင့် ရှိန်း ဟေဂျွန်းကို ကျေးဇူးတင်လိုက်ပြီး အနားယူခြင်းသို့ ကူးပြောင်းလိုက်တော့သည်။
"ငယ်--! ငယ် ။ ရှိန်း--!"
ရှိန်းနားထဲ သူ့နာမည် ခေါ်လာသံကြောင့် ရှိန်း
အသံကြားရာကို အကြည့်ပို့လိုက်သည်။
"Wow---လှလိုက်တာ--!"
နှင်းတွေ မြူတွေကြားမှာ ရောင်စုံ မီးပန်းတွေက အလျှံငြီးငြီး ပွင့်လန်းနေတာ။ နှင်းစက် အဖြူပွင့်လေးတွေကြားမှာ ဖွားခနဲ ဖွားခနဲ ဆိုသလို
တောက်ပနေတဲ့ မီးပန်းတွေက သဘာဝတရားကြီးတိုင်းတော့ မဟုတ် ။ ဒါ တစ်ယောက် ယောက် လုပ်ထားခြင်းပဲ။
"ငယ် --! ကြည့်--!"
အောက်က ကားနားမှာရပ်နေတဲ့ လူက လက်ကို ယမ်းပြီး အပေါ်ကို ထပ်ကြည့်ခိုင်းတော့ သူကြည့်လိုက်သည်။ ထိုခဏ သူမှင်သက်သွားရသည်။
မီးပန်းလေးတွေနဲ့ ပုံဖော်ထားတဲ့ ပုံလေးက
သူ အတန်းထဲမှာ စာသင်ပေးနေတဲ့ ပုံလေး
ပြီးတော့ "ငယ် --- ! မြတ်နိုးသည်ပါ့။
ပစ္စုပန် နဲ့ အနာဂါတ်အတိုင်းမှာ ငယ်နဲ့ပဲ တစ်ဘဝလုံးကို ဖြတ်သန်းချင်တယ် ။ ငယ် --! ကိုယ့်ကို လက်ထပ်ပါ--"
မီးပန်းတွေရဲ့ ပုံဖော်မှု အဆုံး အောက်မှာရှိနေတဲ့ လူရဲ့ နှုတ်မှလည်း
"ငယ် --!ပစ္စုပန် နဲဲ အနာဂါတ်တိုင်းမှာ ငယ်နဲ့ အတူ ရှိချင်တာမလို့ ။ ကိုယ့်ကို လင်ထပ်ပေးပါလား ငယ်--!" ဆိုပြီး ကားပေါ်မှ ဂစ်တာကို ထုတ်လိုက်ပြီး ရှိန်း အကြိုက်ဆုံးသီချင်းကို သီဆိုနေရင်း ရှိန်းကို ကြည့်နေသည်။ ရှိန်းကလည်း သူ့ကို ပြန်ကြည့်နေသည် ။ သူ့ဘေးကလည်း လူတွေကလည်း သူ့ကို ကြည့်ပြီး အားကျနေကြသည်။ တိုက်ကြီး တစ်ခုရဲ့ ဝရံတာမှာ သူကရှိနေတာဖြစ်ပြီး သူ့ဘေးမှာလည်း လူတွေအများကြီး ရှိကြသည်။ အဲ့ဒီ့ နေရာ ကဘယ်နေရာလဲ--?။
ထိုလူ့ သီချင်းသံ ပြီးသွားတဲ့ နောက်မှာတော့ ရှိန်းပြေးဆင်းသွားပြီး ထိုလူ့ကို ဖက်လိုက်သည်။ ထိုလူကလည်း ရှိန်းကို ပြန်ဖက်ထားပြီး တစ်ယောက်နှင့် တစ်ယောက် လွတ်ထွက်မသွားအောင် ခန္တာကိုယ်နှစ်ခုကိုလည်း တင်းနေအောင်
ဖက်ထားကြသည်။ ဖက်ထားရင်းမှ သူက ရှိန်းကို ခွာလိုက်ပြီး ရှိန်း လက်သူကြွယ်ကို လက်စွပ်လေး စွတ်ပေးလိုက်ရင်း
"ငယ် ကိုယ့်ကို လက်ထပ်ပါ ။ ငယ့်ရဲ့ ပစ္စုပန် နဲ့ အနာဂါတ်တိုင်းမှာ ကိုယ်လည်း ငယ်နဲ့ အတူ ပါဝင်ပါတ်သတ်ချင်တာမလို့ ငယ့် ဘဝထဲကို ကိုယ့်ကို ဝင်လာခွင့်ပေး ငယ်။ ငယ့်ကို မြတ်နိုးတယ်။ ဒီစကားက ဒီနေ့တင်မက နောက်ရှေ့ဆက်မယ့် နေ့ရက်တိုင်း နေ့ရက်တိုင်းမှာ ပြောမှာမလို့ ငယ် ကိုယ့်ကို လက်ထပ်ခွင့်ပေးပါ။ ငယ့်ကို ကိုယ် တစ်ဘဝလုံး ကိုယ့်အပိုင်အဖြစ် သိမ်းထားချင်တာမလို့ ။ ငယ် ကိုယ့်ကို
လက်ထပ်မယ်မလား--?"
ရှိန်းလက်သူကြွယ်ပေါ်သ်ို့ ရောက်ရှိလာတဲ့ လက်စွပ်လေးနှင့် အတူ ရှိန်းဟာလည်း ခေါင်းညိတ်လိုက်ပြီး ထိုသူ့လက်သူကြွယ်ကို လက်စွပ်လေးပြန်ဝတ်ပေးလိုက်သည်။ ထို့နောက်မှာတော့ ထိုသူနဲ့ သူ့ရဲ့ နှုတ်ခမ်းသားတွေက ထိကပ်သွားပြီး ကမ္ဘာကြီးကို မေ့ထားသလိုမျိုး အနမ်းရေယာဉ်ကြီးကို ဆက်ခဲ့ကြပြီးမှ ထိုလူ့ရဲ့
နူးညံ့တဲ့ နှုတ်ခမ်းလေးက ရှိန်းရဲ့ နှဖူးပြင်လေးကို အနမ်းတစ်ပွင့် ပေးလိုက်ပြီး သူတို့ နှစ်ယောက်ရဲ့ အနမ်းတွေက ပြီးဆုံးသွားခဲ့သည်။ ဝရံတာမှ
ကြည့်နေကြတဲ့ လူတစ်စုကလည်း ရှိန်းတို့ နှစ်ယောက်ကို လျစ်လျူရှုပြီး နှင်းတွေ မြူတွေကလည်း ထိုလူသားနှစ်ယောက်ကို လျစ်လျူရှုခဲ့လျှက်။
ရှိန်း အနားယူနေရင်းမှ နှုတ်ခမ်းသားတွေ တွန့်ချိုးသွားပြီး မှည့်နက်လေးအပေါ်တက်အောင် ရယ်လိုက်သည်။ သူ့ရဲ့ အိမ်မက် ကမ္ဘာကြီးမှ
သူ မနိုးထချင်သေး။ သူ့ရဲ့ ဒီအိမ်မက်လေးက လှပလွန်းသည်လေ။
ရှိန်း ကိုယ်လက် ဖြေလျှော့ပြီးမှ အိပ်ယာပေါ်မှ ဆင်းလိုက်ပြီး ရေချိုးခန်းသို့ ဦးတည်လိုက်သည်။ ရှစ်နှစ်ကျော် နေခဲ့တဲ့ တိုက်ခန်းဖြစ်ခဲ့ပြီး
ဘာမှ မပြောင်းလဲထားသည့် ဟေဂျွန်းကြောင့်
ရှိန်း ဟေဂျွန်းကိုသာ ကျေးဇူးတင်မိသည်။ unnie ရှိစဉ်ထဲက ရှိန်းက ဟေဂျွန်းတို့နဲ့
အတူနေတာမဟုတ်ပဲ ဒီတိုက်ခန်းမှာသာ နေခဲ့တာ ဖြစ်သည်။ Sofei လေးမွေးလာပြီးချိန် ရောက်တော့လည်း ရှိန်းက ကျွေးဖခင်လို ဖြစ်နေရျ် Sofeiလေးမှာ ရှိန်းအိမ်က ပြန်တယ်ကိုမရှိ။
ဒါကြောင့်လည်း သူက Sofeiလေးကို သမီးရင်းလေးလို ချစ်နေတာ။
ရှိန်းကိုယ်လက်သန့်စင်ပြီးမှ စာလာတဲ့ ဗိုက်ကြောင့် ရေခဲသေတ္တာထဲ ရှာဖွေရေးဆင်းလိုက်သည်။ မြင်တွေ့လိုက်ရတဲ့ အသီးအနှံတွေအပြင် /တိုဖူး / juiceတွေကြောင့် ရှိန်း ပြုံးလိုက်ပြီး စတော်ဘယ်ရီ ဗူးလေး ယူလိုက်ကာ
တစ်ခုခု လုပ်ဖို့ ပြင်လိုက်သည်။ ဟေဂျွန်းက
ရှိန်း အားလုံး အဆင်ပြေရအောင် အစီအစဉ်တကျ လုပ်ထားသည်လေ။
အားလုံးပြီးဆုံးသွားချိန်မှ ရှိန်း ဖျော်စပ်ထားတဲ့ ကြွေခွက်လေးနှင့် ဇွန်းလေး တစ်ချောင်းယူပြီး ဝရံတာသို့ ထွက်လာခဲ့လိုက်သည်။ ဟိုးအဝေးမှာ မြင်နေရတဲ့ Nansam towerကြီးကလည်း
ရှိန်းရဲဲ့ စိတ်ကို ဆွဲဆောင်ထားသည်။ ဒီလို ဝရံတာ ခုံလေးပေါ်မှာ ထိုင်ပြီး လက်ဖျော် စတော်ဘယ်ရီလေးကို စားရင်း ကိုရီးယားနိုင်ငံကြီးရဲ့
အလှအပ ရှုခင်းတွေကို ကြည့်နေရတာကလည်း
အဝေး မှာ တည်ရှိနေတဲ့ မှိုင်းပြပြ တောင်တန်းတွေနဲ့ ထင်ရှုး /ချယ်ရီ /တောင်ဇလပ်တွေကို
ပြန်အမှတ်ရလာပြီး သူ့ကို ဖေ့ငယ် ဆိုပြီး ခေါ်ကြသည့် ထင်းရှုးမြေမှ ကလေးသုံးယောက်နှင့်
သူ့ရဲ့ ရင်ခုန်သံတွေကို အစိုးမရနိုင်အောင် လုပ်နိုင်လွန်းတဲ့ တစ်စုံတစ်ယောက်ကိုလည်း ရှိန်း
အမှတ်ရလာမိသည်။သူတို့ရော အခု အချိန် ဘာတွေလုပ်နေလောက်မလဲ--?။
မင်းဆက် ကားပေါ်မှ မဆင်းပဲ သားတွေ အထွက်ကို စောင့်နေရင်း message box ကိုသာ ကြည့်နေလိုက်သည်။ သူ့စီ အခုထိ message မပို့လာသေး။
"ဖေ---!"
"ဖေကြီး--"
"လာပြီလား ဖေ့ boyတွေ--!"
"ဟုတ်---!"
"ဘာသတင်းပါလာလို့ ပြုံးစိစိ ဖြစ်နေတာလဲ ။
ဆက်လေးရဲ့ ။ ဖေ့ကို ပြောပါအုံး"
အနောက်မှာ ထိုင်နေကြသည့် သားသုံးယောက်မှ
ဆက် လေးက. မင်းဆက်ကိုကြည့်လာပြီး ပြုံးစိစိ ကြည့်နေရျ် မင်းဆက် မေးလိုက်တော့
" ကျွန်တော် ပြိုင်ပွဲ ဝင်ရတော့မယ် ဖေ။ "
"ဟာ ကောင်းတာပေါ့--"
"ဘယ်မှာတဲ့လဲ ။ ဒီကျောင်းမှာပဲလား--?။
state မှာလား--?။ "
"ကိုရီးယားမှာ--!"
"ကိုရီးယား---!"
"အင်း "
"ဘယ်လို ပြိုင်ပွဲမလို့ ကိုရီးယားမှာ ပြိုင်ရမှာတဲ့လဲ ဆက်ရဲ့"
"အဲ့ဒါတော့ မသိဘူး ဖေ ။ chef ပြိုင်ပွဲလည်း ပါလို့ ကျွန်တော် စာရင်းပေးခဲ့လိုက်တာ။
တီချယ် ပြောတာတော့ ရေကူး /ပြေးခုံပစ်နဲ့ /chef ပြိုင်ပွဲတဲ့ ။တခြားနိုင်ငံတွေကရော ပါမှာတဲ့"
"အဲ့ဒါကြောင့် ခန့် နဲ့ ဇက်က မပျော်တာလား--?"
"ကျွန်တော်တို့ ဝါသနာပါတာမှ မပါပဲ"
"နောက် ရှိလာမှာပေါ့ ။ အခုတော့ ဆက်ကို အားပေးကြမယ်လေ ။ ဘယ်လိုလဲ--?"
"ဖေ ကိုရီးယား လိုက်မှာလား---?"
"လိုက်မှာပေါ့ ဆက်ရဲ့ ။ ဖေတင်မကဘူး ခန့်ရော/ ဇက် ရော လိုက်မှာ"
မင်းတို့ ဖေငယ်ကိုပါ ခေါ်မှာ။ ဒီစကားကို မင်းဆက် စိတ်ထဲမှာသာ ပြောလိုက်ပြီး message boxကို အကြည့်ပို့မိပြန်သည်။
သူ ရှိန်းကို မနက်ထဲက သွားကြည့်သည်။
ကျောင်းဘက်ကိုလည်း ချောင်းပေါက်မတတ် ရောက်သည်။ သို့သော် ရှိန်းကို မတွေ့ ။
ကျောင်းကိုလည်း စုံစမ်းသည် ။ တစ်ပါတ်ခွင့်တင်သွားသည်တဲ့ ။ ရှိန်း ဘယ်ကို သွားသည်လဲ။
ဖုန်းနံပါတ် ရှိပေမယ့် ဟိုနေ့ညက ကိစ္စကြီးကြောင့် သူ့မှာ မဆက်ရဲ။ ရှိန်း အဲ့ဒီ့ညက ကိစ္စကြီးကြောင့် ထွက်သွာတာလား။ မင်းဆက်စိတ်တွေ တောင်စဉ်ရေမရဖြစ်နေချိန်၌
"ဖေ ပြိုင်ပွဲက နှစ်ရက်တဲ့ --"
"အင်း--"
"သားတို့ မွေးနေ့နဲ့ တိုက်နေတယ်"
မင်းဆက် ကားမှန်ကို ကြည့်လိုက်လျှင် သားတို့ သုံးယောက်လုံးက သူ့ကို ခေါင်းညိတ်ပြလာသည်မို့
"တိုက်တော့လည်း ဘာဖြစ်လဲကွာ ။ ဟိုမှာ ကျင်းပကြတာပေါ့"
"ဒါမဲ့ ဖေ--"
"ဘာကိုလဲ ကလောအိမ်ကို သတိရလို့လား--?"
"အင်း--"
တစ်ညီတစ်ညွတ်ထဲ ထွက်လာတဲ့ အသံတွေကြောင့် မင်းဆက် သားတွေကို သနားသွားပြီးမှ
"အမြဲ တစ်နေရာထဲ အတည်ကြီး ဆိုရင် ပျင်းစရာကောင်းတယ်ကွ ။ အခုနှစ်ဆို ကြည့်စမ်း။
ဆက် ကလည်း မွေးနေ့မှာပြိုင်ပွဲ ရှိတယ်။
ဖေ တို့လည်း အပျော်ခရီး / မိသားစုခရီး သက်သက် သွားဖူးတာ မရှိဘူး။ အခွင့်အရေး ရှိတုန်း ဒီတစ်နှစ်ကို အပြောင်းအလဲ ဖြစ်အောင်ဖန်တီးကြတာပေါ့ ။ ဟုတ်တယ်မလား ။ "
မင်းဆက် ပြောလိုက်မှ သားတွေက သူ့ကို ကြည့်လာပြီး ခေါင်းညိတ်သွားသည်။ သားတွေနဲ့ အပျော်ခရီးရယ်လို့ သက်သက် ထွက်ဖူးခြင်းမရှိပဲ clubပြိုင်ပွဲတွေမှ သားတွေလည်း ပြည်ပသို့ ရောက်ရပြီး အလည်အပါတ်မဟုတ်ပဲ ပြိုင်ပွဲမှာရှိရတာသာ ဖြစ်သည်။ ဒါကြောင့် မင်းဆက် ဒီတစ်ကြိမ်တော့ သားတွေအတွက် သီးသန့် လုပ်ပေးချင်တာ။
နှစ်တိုင်း သားတွေမွေးနေ့ ရောက်တိုင်း ငယ် သဘောကျတဲ့ ကလောအိမ်မှာ သူ သားတွေနဲ့ အတူသွားပြီး သားတွေမွေးနေ့ကို ထိုအိမ်မှာပဲ သားအဖသုံးယောက်ဖြတ်သန်းကြသည်။ ဒီအိမ်ကို မင်းတို့ ဖေငယ်က သိပ်သဘောကျတာဆိုပြီး မင်းဆက်ပြောလာထဲက သားတွေကလည်း မင်းဆက်လိုပဲ ကလောအိမ်ကို သူ့ဖေငယ် သဘောကျတဲ့ အိမ်ဆိုပြီး တန်ဖိုးထားသည်။
မကြာတော့ပါဘူး သားတို့ရယ် မင်းတို့ ဖေငယ်ရယ် ဖေရယ် မင်းတို့ရယ် အတူတူ ဖြတ်သန်းကြမယ့် ရက်တွေက မလိုတော့တာမလို့ ခဏတော့ စောင့်ပေးအုံး ။ ဒါကလည်း ခဏပါပဲ။
"သားတို့ ဒီနှစ် မွေးနေ့က ကိုရီးယားမှာ ပျော်ရမှာပါ ။ သားတို့ ဖြတ်သန်းချင်သလို မိသားစု
ပုံရိပ်လေးနဲ့ပေါ့--"
မင်းဆက် သားတွေကို ပြောလိုက်ပြီး ကားကို မောင်းကာ အိမ်သို့သာ ဦးတည်လိုက်တော့သည်။ သူနဲ့ သားတွေ ကိုရီးယားသွားဖို့ ပြင်ဆင်ရမည်လေ။
ခန့်တို့ တော့ မင်းဆက်စကားကို နားမလည်လ်ိုက်။ သူတို့ ဖေက ဖုန်းကို ကိုင်ထားပြီး ဖုန်းထဲ ရောက်လာတဲ့ message ကိုကြည့်ပြီးမှ ပြုံးသွားတာ ။ သူတို့ ဒါပဲ နားလည်လိုက်သည်။ ကျန်တာတော့ သူတို့လည်းမသိ။
ဒီနှစ်သားတွေ မွေးနေ့မှာ သားတွေ ဖြစ်ချင်သလိုရော သူလိုချင်သလိုပါ ဖြစ်လာတော့မည်။ သူဒါကို အမြဲ တမ်းတ နေခဲ့တာမလား။
ငယ်--! ကိုယ်နဲ့ သားတွေလည်း မင်းရှိတဲ့ အရပ်ကို အရောက်လာမှာမလို့ မင်းစောင့်နေပေးငယ်။
ကိုယ် လာခဲ့မယ် ။ ငယ်ချစ်တဲ့ သားတွေနဲ့ပေါ့။
အဝေးပြေးလမ်းမကြီးပေါ်တွင် ford F-150
ကားလေးက တစ်ချိန်ထိုး မောင်းနှင်နေပြီး
ကားမောင်းသူက ပြုံးနေလျှက်ရှိကာ ဖုန်းလေးကလည်း message ဝင်လာရျ် မီးလေးလင်းနေခဲ့ပြီး စာတန်းလေး ပေါ်နေခဲ့လျှက်။
ထိုစာတန်းလေးမှာကား---
"သူဌေး man ကိုရီးယား ရောက်နေတာ" ဆိုသည့် စာသားလေးနှင့် ရှိန်းရဲ့ လေယာဉ်ဆင်းတဲ့ ပုံလေးက ဖုန်းမျက်နှာပြင်တွင် အတိုင်းသား နေရာယူခဲ့ပြီး ဖုန်းမျက်နှာပြင်လေးမှာလည်း သခင်၏ လျစ်လျူရှုမှုကိုခံရပြီး ပိတ်သွားခဲ့သည်မှ။
"ပြတ်ရျ် မပြေခဲ့သောကြိုး--"
ruby---(D.D)🍁
Thanks for reading guys---💙✨
-------------------------------------------------------------
For my zawgyi readermins---🙆🙆🙆🙆
ရိွန္း ကားကို မိုင္ကုန္ ေမာင္းလာၿပီးမွ ကားစီယာတိုင္ကို ေခါင္းငိုက္စိုက္ ခ်ထားလိုက္သည္။
သူ မင္းဆက္ ေရ႔ွမွာ မ်က္ရည္ေတြက်ခဲ့သည္။
ဘာအတြက္က်မွန္း သူလည္းမသိ။ သူ ဝမ္းနည္းၿပီးကို က်လာတာ သူ႔ရဲ့ ဒီမ်က္လံုးအိမ္ေတြကေန ေလ။
ရိွန္းပါတ္ဝန္းက်င္ကို ၾကၫ့္လိုက္ၿပီးမွ ဒရွ႔္ေဘာ့က္(စ္)ေပၚက စီးကရက္ ဗူးယူလိုက္ၿပီး ကားေပၚမွ ဆင္းလိုက္သည္။သူ႔အတြက္ေတာ့ ဒီလို ျဖစ္ေနခ်ိန္မွာ အေကာင္းဆံုးအေဖာ္မြန္က စီးကရက္ဖြာရိႈက္ျခင္းပဲ။ ႏွင္းေတြ ျမဴေတြေရာၿပီး ေအးခဲေနတဲ့ ရာသီကို ရိႈန္း အံတုလိုက္ၿပီး စီးကရက္မီးနီးနီကို ဖြားခနဲ ျမည္ေအာင္ ခါလိုက္ၿပီးမွ တစ္ခ်က္ခ်င္း ရႈရိႈက္ေနလိုက္သည္။
ကားအျဖဴ ကို မွီၿပီး suit ဝတ္ဆံုျဖဴကို ဝတ္ဆင္ထားကာ လက္ထဲ မီးနီနီ စီးကရက္ႏွင့္ အေတာ္မွ အထာက်ေနသၫ့္ ရိွန္းကို ကားေပၚမွ မင္းဆက္ၾကၫ့္လိုက္ၿပီး ကားကို ရိွန္းႏွင့္ မနီးမေဝးမွာ ရပ္ထားလ္ိုက္သည္။ ရိွန္းက ဂုတ္ထိ ေရာက္ေနတဲ့ နက္ေမွာင္ေနတဲ့ ဆံသားေတြကို အေပၚကေန တစ္ထပ္ half စီးထားၿပီးမွ လက္သြယ္သြယ္ထဲ စီးကရက္ မီးနီနီကို ထၫ့္ထားၿပီး
အေအးဒဏ္ကို မိတ္ေဆြဖဲြ႔ထားေလသည္။
မင္းဆက္ ရိွန္းကို ဆက္မၾကၫ့္ႏိုင္ေတာ့ရ်္
ကားေပၚမွ ဆင္းၿပီး ေလ်ွာက္သြားလိုက္သည္။
"လိုက္လာတာလား--?"
"ရိွန္းမွ ကိုယ္ေျပာတာ နားမေထာင္ပဲ"
မင္းဆက္ မဲ့ႃပံုးႃပံုးၿပီး ရိွန္းကို ၾကၫ့္လိုက္လ်ွင္ရိွန္းက
" ခင္ဗ်ား စကားကို ဘာလို႔ ကၽြန္ေတာ္က နားေထာင္ရမွာလဲ" ဆိုၿပီး စီးကရက္ကို ဖြာခနဲ
ရႈရိႈက္လ္ုက္ျပန္သည္။
"နားေထာင္ဖို႔ အေၾကာင္းရိွတယ္ဆိုရင္ေရာ---"
"ေျပာၾကၫ့္ေလ နားေထာင္ၾကည္ၿပီး နားေထာင္ သင့္မသင့္ စဉ္းစားမွာေပါ့"
"မင္းက မေခဘူးပဲ"
"ကၽြန္ေတာ္ မေခတာ အခုမွသိလား--?"
မင္းဆက္ မ်က္ခံုးေတြသာ ဆက္တိုက္ကို ပင့္ေနရသည္။ သူ႔ရဲ့ ရိွန္းက အမ်ားႀကီး ေျပာင္းလဲသြားသည္။ အရင္ဆို စီးကရက္အနံ႔ကို မခံႏိုင္တဲ့ သူက အခု တစ္ခ်က္ျခင္းကို ရႈရိႈက္ေနၿပီး
စီးကရက္ကို ခံုမင္ေနသည္။ ၿပီးေတာ့ သူ႔စကားေတြကိုလည္း တစ္ခြန္ခ်င္း တံု႔ျပန္ေနတာက
ကေလး တစ္ေယာက္လို ျဖစ္ေနရ်္ မင္းဆက္
ရိွန္းကို သာ ၾကၫ့္ေနလိုက္ေတာ့သည္။
"ရိွန္း ဘယ္တုန္းက ဒီ စီးကရက္ေတြကို သေဘာက်သြားရတာလဲ"
"စီးကရက္ ေသာက္ရတာကိုလား--?။"
ရိွန္းက စီးကရက္ မီးနီနီထိပ္ကို တစ္ခ်က္ လက္နဲ႔ ေတာက္လိုက္ၿပီးမွ
"မၾကာေသးပါဘူး ။ လြန္ခဲ့တဲ့ ႏွစ္ေတြက ျဖစ္လိမ့္မယ္။ အဲ့တုန္းက ကၽြန္ေတာ္ ကိုရီးယားမွာ
အခ်ိန္ပိုင္းေတြ တက္ၿပီး ဘဲြ႔လြန္ယူဖို႔ ႀကိဳးစားေနတာေလ။ တစ္ခါတစ္ေလ စိတ္ညစ္တာတို႔ စိတ္ရႈပ္တာတို႔ရိွရင္ ကၽြန္ေတာ္ ဒီလိုပဲ စီးကရက္ဖြာျဖစ္တယ္။ အဲ့ထဲကေနပဲ ကၽြန္ေတာ္ စီးကရက္ဖြာရတာ သေဘာက်သြားတာျဖစ္လိမ့္မယ္"
"ဪ--!"
"ေနာက္ၿပီး ကၽြန္ေတာ့္စိတ္ထဲ မေရရာ ရိွေနတဲ့
သံသရေတြအတြက္ေရာေပါ့--"
ရိွန္းက ေနာက္ဆက္တဲြ စကားကို ဆက္ ေျပာလိုက္ၿပီး စီးကရက္ဗူးထဲကေန စီးကရက္တစ္လိပ္ထုပ္ကာ မင္းဆက္ကို ေပးလိုက္သည္။
"ေန ရိွန္း ။ ကိုယ္ မေသာက္တတ္လို႔"
"ဟက္--! စီးကရက္ မေသာက္တတ္ဘူး။
လူလိမၼာႀကီးပါလား--?"
မင္းဆက္ ရိွန္းရဲ့ စကားေၾကာင့္ ႏႈတ္ခမ္းသားေတြ တြန႔္ခ်ိဳးလိုက္ၿပီး သြားေတြေပၚသည္ထိ ႃပံုးလိုက္ၿပီးမွ
"စီးကရက္ မေသာက္တတ္တာနဲ႔ ကိုယ္က
လူလိမၼာ ျဖစ္သြားရတယ္တဲ့လား ရိွန္းရယ္။
ကိုယ္လည္း လူပဲ အေသြးအသားနဲ႔လူ ။ အရာရာကို စူးစမ္းခ်င္တဲ့ အမ်ိဳးအႏြယ္ကပဲ ။ ကိုယ္
လက္တၫ့္စမ္းတဲ့ အရြယ္တုန္းက ကိုယ္ စမ္းသပ္ခဲ့တယ္။ ကြမ္းလည္း စားဖူးတယ္။
ေဆးလိပ္လည္း ေသာက္ဖူးတယ္။ အရက္လည္း ေသာက္ဖူးတယ္။ ကြမ္းစားၾကၫ့္တယ္။ သြားေတြရဲလာတယ္။ ကြမ္းဂ်ိဳးတက္သြားတယ္ပဲအဖတ္တင္တယ္ ။ကိုယ့္အတြက္ ေကာင္းတာ ဘာမွမရိွလို႔ ကိုယ္ ကြမ္းဆက္မစားေတာ့ဘူး။
က်န္းမာေရး အတြက္လည္း ဘာမွ အက်ိဳးမရိွပဲ။
ကြမ္းကို ပါးေသာင္မွာ ငံုတယ္ ။ ၾကာလာေတာ့
ပါးေသာင္ ကင္ဆာေတြ /လ်ွာကင္ဆာေတြ ျဖစ္လာမယ္ ။ ေနာက္ ေနာက္ ဆိုးက်ိဳးေတြ အမ်ားႀကီးေပါ့ ။ ဒီ့အတြက္ ကိုယ္ကြမ္း ဆက္မစားေတာ့တာ။ ကိုယ္ ကြမ္းလည္း စားဖူးတယ္။
ေဆးလိပ္ ။ ရိွန္းေသာက္ေနတဲ့ စီးကရက္။
အဲ့ဒါေတြလည္း ကိုယ္ေသာက္ဖူးတယ္။
ရိွန္းလိုပဲ ကိုယ္လည္း ဖြာဖူးတယ္ /ရိႈက္ဖူးတယ္။
ဒီ မီးနီနီေတြကိုလည္း ကိုယ္သေဘာက်ဖူးတယ္။
ဒါေပမယ့္ ကိုယ္မေသာက္ခဲ့ဘူး ။ ကိုယ့္ ခ်စ္ရသူက အနံ႔ကို မခံႏိုင္လို႔"
အခုေတာ့ ဆန႔္က်င္ဘက္ေပါ့--- ။ ထိုစကားကို ေတာ့ မင္းဆက္ မေျပာလိုက္
" အရက္ေတြကိုလား။ ကိုယ္ေသာက္တယ္။
အခုထိလည္း ကိုယ္ေသာက္ခ်င္ရင္ ေသာက္ေနတုန္းပဲ။ ဒါေပမယ့္ အတိုင္းအတာေလးနဲ႔ေပါ့။
ကိုယ္ အတိုင္းအတာေလး တစ္ခုေတာ့ထားၿပီးေသာက္တယ္။ ဘယ္အရာကိုမွ အလြန္အကၽြံ
စဲြလန္းလို႔မွ မရပဲ။ "
ရိွန္း မင္းဆက္ရဲ့ စကားေတြကို နားေထာင္ရင္း စီးကရက္ကိုသာ ဖြာေနလိုက္ၿပီး ႏွင္းေတြ ျမဴေတြက်ေနတဲ့ ပါတ္ဝန္းက်င္ႀကီးကိုသာ ၾကၫ့္ေနလိုက္ေတာ့သည္။
"ေအးတယ္ေလ ရိွန္း အထဲဝင္မွေပါ့"
"မဝင္ခ်င္ေသးဘူး ။ ကၽြန္ေတာ့္ရဲ့ ဒြိဟေတြအတြက္ ဒီ အတိုင္းသား က်ေနတဲ့ ႏွင္းေတြ ျမဴေတြကို ၾကၫ့္ခ်င္ေသးတယ္"
"ဒါေပမယ့္ ေအးတယ္ေလ"
မင္းဆက္ ေျပာၿပီး သူ႔ကုတ္အေပၚဝတ္ကို ခၽြတ္လိုက္ၿပီး ရိွန္းကိုယ္ေပၚသို႔ ႃခံုေပးလိုက္သည္။
"ခင္ဗ်ား မေအးဘူးလား--?"
"ကိုယ့္မွာ တစ္ထပ္ပါေသးတယ္"
"ကၽြန္ေတာ္ ဘာမွန္းမသိ ဒီ ႏွင္းေတြ ျမဴေတြက်ေနတာကို ျမင္ရရင္ ဝမ္းသာတယ္။ ေပ်ာ္တယ္။ ၿပီးရင္ သီခ်င္းတစ္ပုဒ္ကိုလည္း သတိရတယ္။ ဘာမွန္းမသိပဲ ကၽြန္ေတာ္ စိတ္ရႈပ္ရတိုင္း ကၽြန္ေတာ့္စိတ္ေတြကို ေျပေပ်ာက္ေအာင္ ေျဖေဖ်ာက္ေပးႏိုင္တဲ့ သံစဉ္က ရိွေနတယ္။အဲ့ဒါကိုလည္း ကၽြန္ေတာ္ တီးခတ္ရတာ သေဘာက်တယ္။ အားလံုးကို မမွတ္မိေပမယ့္ေပါ့ ။ တစ္ခါတစ္ေလ ဟိုးအေဝးဆံုးကို ထြက္သြားလိုက္ၿပီး စဉ္းစားမရတဲ့ ဒြိဟရိွေနတဲ့ ဒီသံသရ ေတြကို သံစဉ္ေတြ တီးခတ္ၿပီး ေျဖေဖ်ာက္ျပစ္လိုက္ခ်င္တယ္"
ရိွန္း ေျပာလိုက္ၿပီး ကုန္သြားတဲ့ စီးကရက္ကို
ပစ္ခ်လိုက္ကာ ေျခေထာက္ႏွင့္ ၿငိမ္းလိုက္ၿပီးမွ
"ဒီ စီးကရက္ေတြကိုပဲၾကည့္ ။လူေတြ သေဘာက်တုန္းက သူတို႔ အလို ျပၫ့္ဖို႔ ႏႈတ္ခမ္းမွာ
ေပ်ာ္ေတာ္စက္ေပးရတယ္။ သူတို႔လည္း အသံုးေတာ္ခံၿပီးေရာ ဒီ စီးကရက္ေတြက
ေျမခၿပီး ၿငိမ္းသတ္ခံလိုက္ရတယ္။ ဒီမတည္ၿမဲတဲ့ ေလာကႀကီးမွာ ကၽြန္ေတာ့္ရဲ့ မေရရာရိွေနတဲ့ ဒြိဟေတြကို ဒီ စီးကရက္ေတြနဲ႔ အတူ ၿငိမ္းသတ္ျပစ္လိုက္ခ်င္ၿပီ"
မင္းဆက္ ရိွန္းစကားေတြကို နားေထာင္လိုက္ၿပီး
ရိွန္းအတြက္ ဝမ္းနည္းလာသည္။ သူ ရိွန္းစီကို လွန္းဖို႔ ေျခလွန္းေတြ မ ဦးတည္ခင္မွာပင္
သူရဲ့ ေျခလွန္းေတြက တြန႔္ဆုတ္ေနၿပီ ။
သူ ရိွန္းစီမွာ က်ဆံုးျပန္ၿပီလား။
"ေအးလာၿပီ ကၽြန္ေတာ္ ဝင္ေတာ့မယ္။
ေရာ့ ခင္ဗ်ား အက်ႌ"
"ယူထားလိုက္ ရိွန္း ။ ကိုယ္ေနာက္မွ ျပန္ယူမယ္"
ရိွန္း အေပၚထပ္ကို ခၽြတ္ၿပီး ေပးဖို႔ ျပင္လိုက္တာနဲ႔ မင္းဆက္က လက္ကိုကာၿပီး မယူဖို႔ ျငင္းဆန္လာသည္။
ရိွန္း ႏွင့္ မင္းဆက္ ကားေပၚသို႔ အသီးသီးတက္သြားၾကသည္။ ရိွန္းကားကလည္း ထိုေနရာ၌သာရိွေနၿပီး မင္းဆက္ကားကလည္း ရိွန္းကားနဲ႔ အေဝးတစ္ေနရာမွာ မ်က္ႏွာခ်င္းဆိုင္လို ရိွေနၾကသည္။ ဘယ္သူကမွ ကားေမာင္းဖို႔ မႀကိဳးစားၾက။
"ေဒါက္ေဒါက္--"
ရိွန္းကားကို လာေခါက္တဲ့ အသံေၾကာင့္ ရိွန္း
ကားျပတင္းကို ၾကၫ့္လိုက္ေတာ့ မင္းဆက္က
သူ႔ကို ၾကၫ့္ေနေလသည္။
"ကိုယ့္ကား heater ပ်က္ေနလို႔ ။ကိုယ္ ခဏ လာလ္ို႔ ရမလား ။ ေအးေနလို႔"
"လာပါ"
ရိွန္း မင္းဆက္ ပံုကို ၾကၫ့္ၿပီး ကားေပၚသို႔ ေခၚလိုက္သည္။ မင္းဆက္က လက္ႏွစ္ဖက္ကို ပိုက္ထားၿပီး သြားေတြကလည္း ရိုက္ေနၿပီး အေတာ္မွ ခ်မ္းေနသည္။ မင္းဆက္ရဲ့ ကုတ္ကလည္း အခုထိ ရိွန္းရဲ့ ကိုယ္ေပၚမွာ ရိွေနသၫ့္အတြက္ ရိွန္း မင္းဆက္ အေျပာကို ယံုသြားသည္ ။
မင္းဆက္ကေတာ့ ကားေပၚေရာက္ထဲက ႃပံုးေနၿပီး တစ္ဖက္က ခပ္လွန္းလွန္းမွာ ျမင္ေနရတဲ့
သူ႔ရဲ ကားကိုသာ ၾကၫ့္ေနသည္။ သူ ဒီကားေပၚေရာက္ဖို႔ သူ႔ကားေပၚက heaterကို တစ္ခ်ိန္လံုးဖြင့္မထားခဲ့တာ။
"ေနပါ ကိုယ္က--"
"ဒီေလာက္ေတာင္ ခ်မ္းေနတာ ျပန္ႃခံုထားလ္ိုက္။ ကၽြန္ေတာ္ က ေနြးေနၿပီ"
ရိွန္း မင္းဆက္ရဲ့ အျငင္းကို လက္မခံပဲ သူကိုယ္တိုင္ပဲ မင္းဆက္ရဲ့ ကိုယ္ေပၚသို႔ ႃခံုေပးလိုက္သည္။
"ႏွင္းေတြက အေတာ္က်ေနတယ္ ။
ဒီည ကားသြားရင္ေရာ အဆင္ေျပပါ့မလား--?"
"ဒီဇင္ဘာေရာက္ၿပီဆိုေတာ့ ေအးလာၿပီေလ။ သူတို႔လည္း သူတို႔ရာသီမွာ လြတ္လပ္ခ်င္မွာပဲ"
"အင္း"
ရိွန္း ကားမွန္ကေန တစ္ဆင့္ ျမင္ေနရတဲ့ ျမဴေတြ ႏွင္းေတြကို ၾကၫ့္ၿပီး မင္းဆက္ စကားကို ေထာက္ခံလိုက္သည္။
"ဒီလိုအခ်ိန္ အေကာင္းဆံုးက မီးေတာက္ပဲ။
ေရာ့---!"
ေသာက္တတ္တယ္လို႔ ေျပာထားတဲ့ သူေၾကာင့္
ရိွန္း မင္းဆက္လက္ထဲကို ဘီယာဗူး ေပးလိုက္သည္။
မီးေတာက္ ဆိုၿပီး ေရာက္လာသၫ့္ ဘီယာဗူးေၾကာင့္ မင္းဆက္ မ်က္ခံုးေတြ တြန႔္ခ်ိဳးသြားၿပီး
ရိွန္းကိုလည္း ၾကၫ့္လိုက္သည္။ ရိွန္းက ကား
box ထဲမွာ သူမ်ားေတြ ေရဗူးထၫ့္တာကို သူက ဘီယာ ထၫ့္ထားတာ။
"ေသာက္ေလ မီးေတာက္ေတာ့ မဟုတ္ဘူး။
ဘီယာပဲ ရိွလို႔ ေတြ့တာ ဝယ္ထၫ့္ထားတာ"
ဆိုၿပီး ရိွန္းက မင္းဆက္ကို ေျပာလဲေျပာရင္း ဘီယာဗူးကို ေဖာက္လိုက္ၿပီး ေသာက္ေနေလသည္။
ေျပာင္းလဲသြားတဲ့ ရိွန္းကိုၾကၫ့္ၿပီး မင္းဆက္စီမွာလည္း အေတြးေတြႏွင့္သာ ျပၫ့္ေနသည္။
"ရိွန္း ကားထဲမွာ ဘီယာထၫ့္တယ္"
"အင္းေလ ဘာလို႔လဲ--?"
"မဟုတ္ပါဘူး ကိုယ္ မေတြ့ဘူးလို႔"
မင္းဆက္ ေျပာၿပီး သူလည္း မေသာက္ျဖစ္တာၾကာေနတဲ့ ဘီယာကို ေဖာက္ၿပီး ေသာက္လိုက္သည္။ မေသာက္ျဖစ္တာ ၾကာေနသၫ့္အတြက္
ဘီယာေတြက သူ႔အူထဲ ပူေလာင္ေနၿပီး အဆင္မေျပျဖစ္လာရ်္ မင္းဆက္ န(ခ္)တိုင္ကို ေျဖေလ်ွာ့လိုက္ရသည္။
"ဒီလိုပါပဲ ။ ကၽြန္ေတာ္လည္း က်င့္သားရသြားတာ ။ ကၽြန္ေတာ္ ကိုရီးယားမွာ ေနတုန္းက
ဆိုဂ်ူတို႔ ဘီယာတို႔ ေသာက္တယ္။ တစ္ခါတစ္ေလ အတန္းခ်ိန္ေတြမ်ားၿပီး ေလ့လာစရာေတြေရာ / သင္ေပးစရာေတြပါ မ်ားတဲ့ ရက္ေတြဆို တကူးတကႀကီး ဘီယာသြားဝယ္ေနဖို႔က အခ်ိန္မရိွဘူးေလ။အဲ့ဒီ့အတြက္ ဘီယာ တစ္ခါဝယ္ရင္
တစ္ခါထဲ ကားထဲကိုလည္း သံုး/ေလးဗူး ထၫ့္ထားလိုက္ေရာ။ စိတ္ရႈပ္လာတဲ့ ေန့ေတြက်ရင္ ကၽြန္ေတာ္ အခုလိုပဲ ဟန္ျမစ္နားသြားၿပီး
ညရႈခင္းၾကၫ့္ရင္း ဘီယာေသာက္ၿပီး အပန္းေျဖလိုက္တယ္ ။ စိတ္ေတြလည္း ေျပျပောက္။ ကၽြန္ေတာ္ ဆက္မေတြးႏိုင္။ အဆင္ေျပေရာေပါ့။
ဒါနဲ႔ပဲ ဒီေရာက္လာေတာ့လည္း က်င့္သားရလာတဲ့ လက္ေတြက အၿငိမ္မေနႏိုင္ေတာ့ပဲ ဒီလိုေတြ ဆက္ထၫ့္ ျဖစ္တယ္ ဆိုပါေတာ့"
ရိွန္းက သူ႔ဘာသာ ဆက္ေျပာေနလိုက္ၿပီး ကုန္သြားတဲ့ ဘီယာဗူးကို အိတ္တစ္လံုးထဲ ထၫ့္လိုက္ၿပီးမွ ေနာက္တစ္ဗူးကို ဆက္ယူသည္။
မင္းဆက္ ေရာ ရိွန္းေရာ ဘီယာဗူးေတြ
ကုန္ေအာင္ ေသာက္လိုက္ၾကၿပီး ကားboxထဲမွာရိွေနတဲ့ ဗူးေတြဟာလည္း ဗူးအျပၫ့္မွ အခြံဘဝသို႔ သက္ဆင္းသြားၾကသည္။
ရိွန္းႏွင့္ မင္းဆက္ အေတာ္ၾကာ ႏႈတ္ေတြ တိတ္ေနၾကၿပီးမွ မင္းဆက္က ရိွန္းကို အရင္စိုက္ၾကၫ့္လာၿပီး
"ကိုယ္တို႔ ဘီယာေသာက္လိုက္တာ ကုန္သြားၿပီ"
"အင္း ကုန္သြားၿပီ အကုန္ပဲ ။ခင္ဗ်ားလည္း
အကန႔္ေလးနဲ႔ ေသာက္တယ္ဆိုၿပီး ေသာက္လိုက္တာ အကုန္ပဲ"
"ဟားဟား ကိုယ္ေသာက္တာ မ်ားသြားတယ္ေနာ္"
"အြန္း အမ်ားႀကီးပဲ ။ ကၽြန္ေတာ္ ေသာက္တာ တစ္ /ႏွစ္ /သံုး---"
ရိွန္းက ရီေဝၿပီး ဘီယာဗူးေတြကို အိတ္ေပၚကေန ရီ ေနလ်ွင္ မင္းဆက္က ရိွန္းကို ၾကၫ့္ၿပီး ရယ္လာသည္။
"ဘာလို႔ ရယ္တာလဲ--?"
"ခ်စ္စရာေကာင္းလို႔ --!။ ခန႔္လို႔ --!"
ရိွန္း မင္းဆက္ စကားေၾကာင့္ ရီေဝေနရင္းမွ တည္သြားရၿပီး
"ဘယ္သူက ခ်စ္စရာေကာင္းတာလဲ--?"
"ဒီက ရိွန္းေလးက။ ေဟာဒီက ရိွန္းေလး ။ ကိုယ့္ရဲ့ ရိွန္းေလး--!"
မင္းဆက္ ေျပာလဲေျပာရင္း နီးကပ္ေနတဲ့ ရိွန္းမ်က္ႏွာကို သူ႔လက္ႏွင့္ ကိုင္လိုက္ၿပီးမွ ရိွန္းကိုရီေဝကာစိုက္ၾကၫ့္ရင္း တစ္ေျဖးေျဖး ရိွန္း ႏႈတ္ခမ္းအနားသို႔ သူ႔ႏႈတ္ခမ္းေတြနဲ႔ ကပ္သြားလိုက္သည္။ ရိွန္းကလည္း မင္းဆက္ကို ၾကၫ့္ေနၿပီး ႏႈတ္ခမ္းသားေတြကို တိုးကပ္လာသည္။
နီးကပ္လာတဲ့ ႏႈတ္ခမ္းသားအစံုရဲ့ ေနာက္ဆက္တဲြေလးကေတာ့ အနမ္းေဂဟာဆက္ျခင္းႏွင့္ စလိုက္ၾကၿပီး မင္းဆက္ရဲ့ မူမမွန္လွတဲ့ အသက္ရႈသံေတြ အျပင္ မင္းဆက္ရဲ့
လ်ွင္ျမန္လြန္းတဲ့ လက္ေတြေၾကာင့္ ရိွန္းအက်ႌေလးဟာ တစ္လႊာခ်င္း အခၽြတ္ခံလိုက္ရၿပီး
ၫွပ္ရ္ိုးေတြေပၚေနသည္ထိ ျဖစ္သြားရသည္။
လ်ွင္ျမန္လြန္းတဲ့ မင္းဆက္ရဲ့ အေရႊ့အေျပာင္းမွာ ရိွန္ဟာလည္း driver seatမွ မင္းဆက္ထိုင္ေနသည့္ lover seatရဲ့ ခံုေပၚတြင္ ေရာက္ေနရၿပီး သူက မင္းဆက္အေပၚတြင္ ထိုင္ေနရသည္။
တစ္လႊာျခင္း ခၽြတ္ထုတ္လိုက္ၾကသၫ့္ အဝတ္ေတြ ကင္းမဲ့ မႈေနာက္မွာေတာ့ ရိွန္းရဲ့ ၫွပ္ရိုးမ်ားဟာလည္း နီရဲ ဆက္ေနၿပီး ျဖဴေဖြးေနတဲ့ ႏို႔ႏွစ္ေရာင္ အသားရည္ ပိုင္ဆိုင္ထားတဲ့ ရိွန္းရဲ့ ခႏၲာကိုယ္ဟာလည္း မင္းဆက္ရဲ့ အျပဳသေဘာမွ မထြက္ႏိုင္ျဖစ္ေနရသည္။
မင္းဆက္ ရိွန္းကို နမ္းေနရင္းမွ ရိွန္း ဆီးစပ္ထက္မွာ ျမင္လာရတဲ့ သူရဲ့ ဖန္တီးမႈ အေၾကာင္းရာေလးကို သူ႔ ႏႈတ္ခမ္းေလးနဲ႔ တစ္ဖြဖြ နမ္းေနလိုက္ၿပီးမွ ရိွန္းကို ဖက္ထားလိုက္သည္။ ဒီအေၾကာင္းရာေလးက သူ႔ရဲ့ အားထုတ္မႈေတြရဲ့ ရလဒ္ ။ သူ႔ရဲ့ ငယ္ေလး သူ႔ကို ေပးထားတဲ သံသရာအဆံုးထိ အခ်စ္ေတြကို သယ္ပိုးသြားခ်င္ရေလာက္ေအာင္ ကေလးေတြကို လက္ေဆာင္ေပးခဲ့တဲ့ တစ္ခုထဲေသာ ေနရာေလး ။ သူ႔ရဲ့ ရိွန္းေလးရဲ့ ဒီဗိုက္ထဲမွာရိွေနတဲ့ ထူးျခားၿပီး ပါလာတဲ့ သားအိမ္ေလးဟာ သူ႔အတြက္ေတာ့ ျမတ္ႏိုးျခင္းေတြပဲ ။ ငယ္ က သူ႔ကို ခ်စ္လြန္းလို႔ ကိုယ္တိုင္ ေသြးသားေတြကို လြယ္ၿပီး ေမြးေပးခဲ့တာ။
မင္းဆက္ ထိုေနရာေလးကို အေတာ္ၾကာနမ္းေနၿပီးမွ ဆႏၵေတြ ၿပီးေျမာက္ဖို႔ရာအတြက္ ရွစ္ႏွစ္ေက်ာ္ၾကာ လြမ္းဆြတ္ေနရတဲ့ ခႏၲာကိုယ္ေလးကို အပိုင္သိမ္းလိုက္ေတာ့သည္။ အနမ္းေတြကေန စတင္ခဲ့တဲ့ ရိွန္းတို႔ရဲ့ ရီေဝမႈက ၾကာလာသည္ႏွင့္အမ်ွ ဆႏၵေတြ ရမက္ေတြႏွင့္ ေရာေထြးသြားၿပီး တည္ၿငိမ္ေနတဲ့ ကားေလးဟာလည္း
လႈပ္ရွားေနတဲ့ ကားေလး အျဖစ္သို႔ ေျပာင္းလဲသြားခဲ့ၿပီး ရမ္းခါေနခဲ့လ်ွက္။ အျပင္မွာ က်ေနတဲ့ ႏွင္းေတြ /ျမဴေတြဟာလည္း ထိုရမ္းခါေနတဲ့
ကားေလးႏွင့္ ကားထဲမွ အသက္ရႈသံေတျြပင္းေနတဲ့ လူသားႏွစ္ေယာက္ကို အားေပးေနသေယာင္ျဖင့္ ပိုၿပီးသာ ႏွင္းေတြက်ခဲ့လ်ွက္။ႏွင္းေတြ ျမဴေတြ က်ၿပီး အျပင္မွာ ေအးေနေပမယ့္ ကားထဲမွ လူသားႏွစ္ေယာက္ကေတာ့ ခၽြေးအလိမ္းလိမ္းႏွင့္ သူတို႔ လိုရာ ခရီးကို ဆက္ၾကလ်ွက္။
ကားျပတင္းကေန ဝင္လာတဲ့ ေနေၾကာင့္ မင္းဆက္ ႏိုးလာၿပီး ပါတ္ဝန္းက်င္ကို ၾကၫ့္လိုက္ၿပီးမွ သူ႔အေျခအေနကို သေဘာေပါက္သြားသည္။ သူမေန့ညက ဒီမွာ ရိွန္းနဲ႔အတူ။
မင္းဆက္ ကိုယ္ေပၚမွာ ခြရက္ကေလးအိပ္ေနတဲ့
ရိွန္း ေၾကာင့္ မင္းဆက္ မလႈပ္ေတာ့ပဲ ရိွန္းႏွဖူးကို နမ္းလိုက္ၿပီး သူလည္း ျပန္မိွန္းေနလိုက္သည္။
သူအရင္ ႏိုးရင္ ရိွန္းရွက္ေနမည္ေလ။ ထို႔အတြက္ သူ အိပ္ခ်င္ေယာင္ ေဆာင္မွ ျဖစ္မည္။
မ်က္လံုးကို လာလာစူးေနတဲ ေနေၾကာင့္ ရိွန္း မ်က္လံုးေတြ ဖြင့္ၾကၫ့္လိုက္ၿပီး ခါတိုင္းလုပ္သလို နာရီၾကၫ့္ဖို႔ သူစမ္းလိုက္သည္။ သူစမ္းမွ
နာရီကို မေတြ့ပဲ ရွည္ေျမာေျမာအရာတစ္ခုကို စမ္းမိသြားသည္။ ရိွန္း မ်က္လံုးေတြ ျပဴးသြားရသည္။ ဒီ အရာႀကီးက ဘာလဲ--?။
ရိွန္းမ်က္လံုးေတြ ျပဴးသြားၿပီးမွ သူေရာက္ေနရာကို ၾကၫ့္လိုက္သည္။ သူက မင္းဆက္ေပၚမွာ အိပ္ေပ်ာ္ေနၿပီး မင္းဆက္ကလည္း အိပ္ေပ်ာ္ေနသည္။ သူအေစာက ဆဲြလိုက္တာကို မင္းဆက္ မႏိုးလာရ်္ ရိွန္း သက္ျပင္းခ်လိုက္ၿပီးမွ သူ႔အဝတ္ေတြ ေကာက္လိုက္သည္။ ထို႔ေနာက္မင္းဆက္ မ်က္လံုးနားသို႔လည္း လက္ႏွစ္ဖက္ႏွင့္ တိုးသြားၿပီး မင္းဆက္ အိပ္မအိပ္ စစ္ေဆးလိုက္ၿပီးသည္။ မင္းဆက္ အိပ္ေပ်ာ္တာေသခ်ာမွ တစ္ဖက္ခံုသို႔ ဆင္းသြားၿပီး အဝတ္ေတြကို ျပန္ဝတ္လိုက္သည္ ။ လႈပ္လိုက္တုန္း
ေအာင့္တက္လာတဲ့ ခါးအဆက္ေၾကာင့္ ရိွန္း
အေစာက သူ႔လက္ထဲ ကိုင္မိတဲ့ အရာကိုသာ သတိရၿပီး ျမန္ျမန္ပင္ အဝတ္ေတြ ျပန္ဝတ္လိုက္သည္။
အဆဲြခံလိုက္ရတဲ့ ညီေလးေၾကာင့္ မင္းဆက္ အေတာ္ ခံရခက္ေနၿပီး ရိွန္းရွက္သြားမွာ ဆိုးသၫ့္ အတြက္ သူေအာင့္သာ ခံေနလိုက္ရသည္။
မဆင္းခင္ အိပ္ေပ်ာ္လား မအိပ္ေပ်ာ္လား
စစ္ေဆးေနေသးတဲ့ ကေလးေတြရဲ့ အေဖေၾကာင့္ မင္းဆက္ ေအာင့္ေနတဲ့ၾကားမွ ရယ္ခ်င္လာရ်္
အံကို တင္းေနေအာင္ ႀကိတ္ထားရျပန္သည္။
ရိွန္း အဝတ္ေတြ ဝတ္ၿပီးသြားကာမွ မင္းဆက္ အခုမွ ႏိုးသလို သရုပ္ေဆာင္ရၿပီး ဘာေတြ ျဖစ္ခဲ့မွန္းမသိမလို ေခါင္းကိုသာ ဖိႏိွပ္ေနလ်ွင္
"အရင္ အဝတ္ေတြ ျပန္ဝတ္လိုက္ ။ ၿပီးရင္ ကိုယ့္လမ္းကို သြားၾကတာေပါ့" ဆိုၿပီး မင္းဆက္ကို ေက်ာေပးကာ ထိုင္ေနသၫ့္ သူေၾကာင့္
မင္းဆက္ ႃပံုးသာႃပံုးလိုက္ၿပီး အဝတ္ေတြ ျပန္ဝတ္လိုက္သည္။
"ရိွန္း--"
"ၿပီးၿပီလား အဝတ္ဝတ္တာ---"
"ၿပီးပါၿပီ "
မင္းဆက္ ရယ္ခ်င္ေပမယ့္ အံသားႀကိတ္ထားလိုက္သည္။ ကေလးသံုးေယာက္ကို လက္ေဆာင္အျဖစ္ ေပးခဲ့ၿပီး ရိွန္းခႏၲာကိုယ္ကို
အလြတ္ရေနသၫ့္ မင္းဆက္အတြက္ ဒီလို အေျခအေနက အထူးအဆန္းမဟုတ္။ ရိွန္းက
ရွက္ေနရ်္ မင္းဆက္ ရိွန္းအႀကိဳက္ေျပာလိုက္မွ ရိွန္းက မင္းဆက္ဘက္လွၫ့္လာၿပီး
"ျမဴလည္းကင္းၿပီ ။ ခင္ဗ်ား အဆင္ေျပတယ္မလား။ သြားႏိုင္ရင္ ကၽြန္ေတာ္တို႔ ဒီမွာပဲ
လမ္းခဲြၾကမယ္။ "
မင္းဆက္ ရိွန္းေျပာလာတဲ့ စကားေၾကာင့္ မ်က္ခံုးေတြ အစံု ပင့္သြားၿပီး ရိွန္းကို ၾကၫ့္လိုက္သည္။ မသိရင္ မင္းဆက္က ခံလိုက္ရတဲ့သေဘာ။
"ရိွန္းက ဘယ္လိုေျပာလိုက္တာ--?။
ကိုယ္မရွင္းဘူး ။ ကိုယ္နဲ႔ ရိွန္း က မေန့ညက--!"
"မေန့ညက ကိစၥကို ကၽြန္ေတာ္နားလည္တယ္။
ခင္ဗ်ားလည္း ေယာက်ာ္း /ကၽြန္ေတာ္လည္း ေယာက်ာ္း ေသြးသားဆႏၵကို မထိန္းခ်ဳပ္ႏိုင္ပဲ
ျဖစ္သြားတဲ့ အမွားအတြက္ ဘယ္သူ႔ကိုမွ အျပစ္မတင္ေစခ်င္ဘူး။ ဘယ္သူ႔ကိုမွလည္း အျပစ္ရိွပါတယ္ဆိုၿပီး တာဝန္ေတြ မယူေစခ်င္ဘူး။
ကၽြန္ေတာ္လည္း မွားခဲ့တာမလို႔"
"ဒါဆို ရိွန္းက ကိုယ့္ကို လြယ္လြယ္ပဲ လႊတ္ေပးလိုက္မွာလား--?"
"ကၽြန္ေတာ့္မွာ ဆဲြထားပိုင္ခြင့္မွ မရိွပဲ"
"အကယ္ရ်္ ဆဲြထားလို႔ ရခဲ့မယ္ဆိုရင္ေရာ--?"
"မဟုတ္တာေတြကို မေျပာပါနဲ႔လား--?။
ဒီမွာပဲ လမ္းခဲြရေအာင္ "
ရိွန္းက ေျပာလိုက္ၿပီး ကားျပတင္းတစ္ဖက္ကို ဖြင့္ေပးလိုက္ကာ မင္းဆက္ကို ဆင္းဆိုတဲ့ သေဘာေျပာသည္။
"ကိုယ့္ကို အလိမၼာနည္းသံုးၿပီး ဆင္းခိုင္းတာလား--?"
"ကၽြန္ေတာ္တို႔ၾကားမွာ မ်က္ႏွာျပတ္စရာေတြ မရိွခ်င္ဘူး ။ခင္ဗ်ား ကၽြန္ေတာ္နဲ႔ မိတ္ေဆြ အျဖစ္ ဆက္ရိွေနခ်င္ရင္ ကၽြန္ေတာ္ဖြင့္ေပးထားတဲ့ ကား ျပတင္းကေန ဆင္းလိုက္ပါ ဦးခြန္ေနာင္မင္းဆက္--!"
မင္းဆက္ ဘာမွ မေျပာႏိုင္ ရိွန္း သေဘာအတိုင္း ဆင္းလိုက္ၿပီး ထြက္ခြာသြားတဲ့ ကားကို ျမင္ရသည္အထိ တစ္ဆံုးၾကၫ့္ေနလိုက္သည္။
သူၿပိဳင္ပဲြၿပီးထဲက အခုမွ ရိွန္းနဲ႔ ဆံုရတာသာ ျဖစ္သည္။ ေလယာဉ္ကြင္းကို သူ႔ကို ရိွန္း ကေလးေတြနဲ႔ လာႀကိဳၿပီးတဲ့ ေန့ထဲက ရိွန္းတို႔ဆိုင္ကို သူမသြားျဖစ္သလို သူ႔အသင္းသားေတြကိုလည္း ေခၚမသြားခဲ့ ။ ၿပိဳင္ပဲြမွာ ပင္ပန္းလာၾကသၫ့္ အသင္းသားေတြကိုလည္း သူ permitေပးၿပီး
အိမ္ျပန္ နားခိုင္းခဲ့သည္။ ၿပိဳင္ပဲြ ၿပိဳင္ေနစဉ္အတြင္း အစာအိမ္ျပန္နာလာသၫ့္ ေရာင္ပိုင့္ကိုလည္း သူ ဂရုစိုက္ေပးရသျဖင့္ ရိွန္းႏွင့္ သူထိပ္တိုက္ ေတြ့ဆံုခဲ့ျခင္းမ်ိဳးကလည္း မရိွ။
ေလယာဉ္ကြင္းထိ လာၿပီး သူ႔ကို ေတာင္းပန္တဲ့ မ စကားေၾကာင့္ ရိွန္းရဲ့ စိတ္ကို ဒြိဟျဖစ္ေအာင္ သူ တစ္ပါတ္လံုး စမ္းသပ္ေနခဲ့ၿပီး ကေလးေတြ
ရိွန္းကို ေတြ့ခ်င္တယ္ေျပာရင္လည္း ရိွန္းမအားဘူးဆိုၿပီး သူေဝ့လည္ေၾကာင္ပါတ္ေတြလုပ္ေနခဲ့တာ။ ကေလးေတြရဲ့ ရိွန္းကို ေဖငယ္လို႔ ေခၚတဲ့
အေခၚအေဝၚကိုေတာ့ မင္းဆက္ သားေတြစီမွ ထြက္လာေအာင္ မနည္းေျပာခဲ့ရသည္။ ကေလးေတြကလည္း သူ႔သားေတြလို႔ မေျပာရ ရိွန္းကို ဝန္တိုလြန္းသည္။ ရိွန္းရဲ့ သမီးေလးနဲ႔ ရိွန္း video callေျပာတာကို မႀကိဳက္လို႔ သူတို႔ကလည္း ရိွန္းကို ေဖငယ္လို႔ ေခၚမယ္ဆိုၿပီး ေခၚတာတဲ့။
ဒါေတာင္ ကေလးေတြက. ရိွန္းကို သူတို႔ေမြးေဖမွန္း မသိၾကေသးေပ။ သိမ်ားသိခဲ့ရင္ ဘယ္ေလာက္ေတာင္ အူတိုေနမည္လဲ။
ဒီတစ္ပါတ္လံုးေတာ့ သူအားတဲ့ အခ်ိန္တိုင္း ရိွန္းရိွတဲ့ ေနရာေတြကို ေရာက္ျဖစ္ၿပီး ရိွန္းကို အေဝးကေန ၾကၫ့္ရင္း အလြမ္းေျဖေနခဲ့တယ္။ ဒါကို မင္းခန႔္တို႔ကေတာ့ သြားေခ်ာင္းတာတဲ့ ။
သူတို႔ ေျပာတဲ့ ေခ်ာင္းတယ္ ဆိုေတာ့လည္း ေခ်ာင္းတယ္ပဲေပါ့ ။ မၾကာေတာ့ပါဘူး ငယ္
မင္းက ကိုယ့္အရိပ္ထဲ ျပန္ေရာက္လာရမွာမလို႔
မင္း အခုေတာ့ လြတ္လပ္ေနလိုက္အံုး။
မေန့ညက သူနဲ့ ရိွန္း ျဖတ္သန္းခဲ့တဲ အခ်စ္ညေလးကိုသာ မင္းဆက္ ျပန္အမွတ္ရရင္း
ကားကို ေျဖးေျဖးခ်င္း ဦးတည္ရာတစ္ခုစီသို႔ ေမာင္းႏွင္လာလိုက္ေတာ့သည္။
"Apar--! /Apar--!"
ရိွန္း ေလယာဉ္ေပၚမွဆင္းလာၿပီး အထြက္ေပါက္ဘက္မွာ လူရွာေနခ်ိန္မွ နားဖ်ားထဲမွ ၾကားလိုက္ရသၫ့္ အသံေလးေၾကာင့္ ရိွန္းလူအုပ္ေတြၾကား အၾကၫ့္ပို႔မိေတာ့ သူ႔စီသ္ို႔ ေက်ာင္းဝတ္ဆံုေလးနဲ႔ ေျပးလာတဲ့ Sofei---။
"မီး--!"
ရိွန္း Sofeiေလးကို ဒူးေထာက္ၿပီး ဖက္လိုက္ၿပီးမွ
"မီး ေက်ာင္းက လာတာလား ။ ေက်ာင္းဆင္းၿပီလား--?"
"မဆင္းေသးဘူး ငယ္ေရ။ ငယ္ လာရင္ မီးကိုလည္း လာေခၚပါဆိုလို႔ ကိုႀကီးမွာ မီးကို ဝင္ေခၚၿပီးမွ ငယ့္ကို လာႀကိဳရတာ--"
"ဟုတ္လား မီး ။ မီး က Aparကို လြမ္းေနတာလား--"
ေခါင္းညိတ္ျပလာတဲ့ Sofeiေလးေၾကာင့္ ရိွန္း Sofeiေလးကို မ ခ်ီလိုက္ၿပီး
"Aparကလည္း မီးကို သတိရေနတာ။ "
ဆိုၿပီး ရိွန္း Sofeiေလးကို ေမႊးၾကဴေတာ့
"ဒါဆို မျပန္ေတာ့နဲ႔" ဆိုၿပီး Sofei ကေျပာလာသည္။
"မျပန္လို႔ ရမလား မီး ရဲ့ ။ Apar မွာလည္းအလုပ္ေတြနဲ႔ေလ ။ မီး ေက်ာင္းပိတ္ရင္ အလည္သြားေပါ့"
"မီးက Aparကို ျပန္မလႊတ္ခ်င္ဘူး"
"မီး ျပန္မလႊတ္ရင္ မျပန္ဘူးဗ်ာ ။ ဟုတ္ၿပီလား--"
ေဟဂၽြန္းစကားကို ရိွန္းက ဝင္ေျပာလိုက္မွ
Sofeiက ႃပံုးလာၿပီး "တကယ္ေနာ္--"ဆိုၿပီး ေျပာလာသည္။
"တကယ္ပါဗ်ာ"
ေနာက္ဆံုး ေဟဂၽြန္းလည္း ငယ္ နဲ႔ Sofei ကို မႏိုင္တာႏွင့္ ကားစီသို႔သာျပန္ လာလိုက္ၿပီး ငယ္ႏွင့္Sofeiကို တင္ေဆာင္ကာ ေခၚလာလိုက္ေတာ့သည္။
"ကဲ မင္းသမီးေလး ေက်ာင္းေရာက္ၿပီ။
ညေန daddy လာႀကိဳမယ္ "
"Aparကိုလည္း ေခၚခဲ့"
"ဟုတ္ပါၿပီ Aparနဲ႔ အတူလာခဲ့မယ္"
"Apar--!"
ရိွန္း Sofeiဘက္ကို အလွၫ့္
"ႁပြတ္--! Saragah Apar--"
"Na du Saragah Sofei--"
ရိွန္း ေျပာလိုက္ေတာ့ Sofeiက heart signေလးလုပ္ၿပီး ေက်ာင္းထဲသို႔ ဝင္သြားသည္။ ရိွန္းႏွင့္ ေဟဂၽြန္းလည္း Sofei ဝင္သြားသည္ထိ ၾကၫ့္ေနၿပီးမွ ကားကိုေမာင္းကာ ထြက္လာခဲ့လိုက္ေတာ့သည္။
"ငယ္--! honey ႏွစ္ပါတ္လည္နဲ႔ ကိုႀကီး ျပခန္းအတြက္ပဲလာတာလား--?။ က်န္တဲ့ ကိစၥေတြရိွေသးလား--?"
"ဒီအတြက္ပဲ လာတာကိုႀကီး ။ က်န္တာေတာ့ မရိွဘူး။ ေက်ာင္းမွာလည္း အားေနေတာ့ လာလိုက္တာ။ "
"တစ္ရက္ ႏွစ္ရက္ပဲလား--?"
"တစ္ပါတ္ေလာက္ ေနျဖစ္မယ္ ကိုႀကီး ။
ေရာက္တုန္း စိတ္အပန္းေျဖသြားအံုးမယ္ ကိုႀကီး"
"ေကာင္းတယ္"
ေဟဂၽြန္း ရိွန္းကို ဒီေလာက္ပဲေမးၿပီး ရိွန္းတည္းမယ့္ ေနရာသို႔ ေခၚေဆာင္သြားလိုက္သည္။
ရိွန္းမွာလည္း အပန္းေျဖစရာေတြ မ်ားမည္ပဲ။
ျမန္မာျပည္က ကိစၥေတြကိုေတာ့ သူမေမးခ်င္ေတာ့ ရိွန္းကလည္း ေျပာခ်င္မွာမဟုတ္ပဲ။
"ရိွန္း အထဲမဝင္ေတာ့ဘူး ျပခန္းမွာ အလုပ္ရႈပ္ေနလို႔ ။ ကိုႀကီး ေသခ်ာေတာ့ ရွင္းေပးထားတယ္။ ရိွန္း အရင္က ထားတဲ့ passwardပဲ။ မေျပာင္းထားဘူး"
"ဟုတ္ကဲ့ ကိုႀကီး--"
ေဟဂၽြန္း ကားေလး ျမင္ကြင္းထဲမွ ေပ်ာက္သည္ထိ ရိွန္းၾကၫ့္လိုက္ၿပီးမွ သူ နားဖို႔ တိုက္ခန္းသို႔
ဝင္သြားလိုက္ေတာ့သည္။ တိုက္ခန္းေလးက ရိွန္းကိုရီးယားမွာ ရိွစဉ္ကတည္းက ေနခဲ့တဲ့ တိုက္ခန္းျဖစ္ရ်္ ရိွန္းႏွင့္ မစိမ္းေန။ ရိွန္း သူေနမယ့္ အလႊာသို႔ liftနဲ႔ တက္လိုက္ၿပီး စက္မွ ျပေနသၫ့္ 5ဆိုသၫ့္ နံပါတ္ေၾကာင့္ ရိွန္း ခလုတ္ကို ႏိွပ္လိုက္ၿပီး liftထဲမွ ထြက္ကာ သူ႔ေနမယ့္ အခန္းသို႔ သြားလိုက္ေတာ့သည္။ passwardပါ မေျပာင္းထားရ်္ ရိွန္း ထိုအခန္းသို႔ ေအးေဆး ဝင္လိုက္ၿပီး ပံုစံမျပတ္ရိွေနတဲ့ ထိုအခန္းေလးေၾကာင့္ ရိွန္း ႃပံုးလိုက္ၿပီးမွ အိပ္ယာသို႔ ဦးတည္ၿပီး သူလွဲလိုက္ေတာ့သည္။ သူပင္ပန္းေနၿပီ ။ နားဖို႔ လိုေနၿပီ ။ တစ္ေရး တစ္ေမာ ျဖစ္ျဖစ္ အိပ္ေပ်ာ္သြားရင္လည္း အဆင္ေျပသည္။သူ႔အႀကိဳက္ ျဖစ္တဲ့ green tea ရနံ႔သင္းသင္းေလးေၾကာင့္ ရိွန္း ေဟဂၽြန္းကို ေက်းဇူးတင္လိုက္ၿပီး အနားယူျခင္းသို႔ ကူးေျပာင္းလိုက္ေတာ့သည္။
"ငယ္--! ငယ္ ။ ရိွန္း--!"
ရိွန္းနားထဲ သူ႔နာမည္ ေခၚလာသံေၾကာင့္ ရိွန္း
အသံၾကားရာကို အၾကၫ့္ပို႔လိုက္သည္။
"Wow---လွလိုက္တာ--!"
ႏွင္းေတြ ျမဴေတြၾကားမွာ ေရာင္စံု မီးပန္းေတြက အလ်ွံၿငီးၿငီး ပြင့္လန္းေနတာ။ ႏွင္းစက္ အျဖဴပြင့္ေလးေတြၾကားမွာ ဖြားခနဲ ဖြားခနဲ ဆိုသလို
ေတာက္ပေနတဲ့ မီးပန္းေတြက သဘာဝတရားႀကီးတိုင္းေတာ့ မဟုတ္ ။ ဒါ တစ္ေယာက္ ေယာက္ လုပ္ထားျခင္းပဲ။
"ငယ္ --! ၾကၫ့္--!"
ေအာက္က ကားနားမွာရပ္ေနတဲ့ လူက လက္ကို ယမ္းၿပီး အေပၚကို ထပ္ၾကၫ့္ခိုင္းေတာ့ သူၾကၫ့္လိုက္သည္။ ထိုခဏ သူမွင္သက္သြားရသည္။
မီးပန္းေလးေတြနဲ႔ ပံုေဖာ္ထားတဲ့ ပံုေလးက
သူ အတန္းထဲမွာ စာသင္ေပးေနတဲ့ ပံုေလး
ၿပီးေတာ့ "ငယ္ --- ! ျမတ္ႏိုးသည္ပါ့။
ပစၥုပန္ နဲ႔ အနာဂါတ္အတိုင္းမွာ ငယ္နဲ႔ပဲ တစ္ဘဝလံုးကို ျဖတ္သန္းခ်င္တယ္ ။ ငယ္ --! ကိုယ့္ကို လက္ထပ္ပါ--"
မီးပန္းေတြရဲ့ ပံုေဖာ္မႈ အဆံုး ေအာက္မွာရိွေနတဲ့ လူရဲ့ ႏႈတ္မွလည္း
"ငယ္ --!ပစၥုပန္ နဲ အနာဂါတ္တိုင္းမွာ ငယ္နဲ႔ အတူ ရိွခ်င္တာမလို႔ ။ ကိုယ့္ကို လင္ထပ္ေပးပါလား ငယ္--!" ဆိုၿပီး ကားေပၚမွ ဂစ္တာကို ထုတ္လိုက္ၿပီး ရိွန္း အႀကိဳက္ဆံုးသီခ်င္းကို သီဆိုေနရင္း ရိွန္းကို ၾကၫ့္ေနသည္။ ရိွန္းကလည္း သူ႔ကို ျပန္ၾကၫ့္ေနသည္ ။ သူ႔ေဘးကလည္း လူေတြကလည္း သူ႔ကို ၾကၫ့္ၿပီး အားက်ေနၾကသည္။ တိုက္ႀကီး တစ္ခုရဲ့ ဝရံတာမွာ သူကရိွေနတာျဖစ္ၿပီး သူ႔ေဘးမွာလည္း လူေတြအမ်ားႀကီး ရိွၾကသည္။ အဲ့ဒီ့ ေနရာ ကဘယ္ေနရာလဲ--?။
ထိုလူ႔ သီခ်င္းသံ ၿပီးသြားတဲ့ ေနာက္မွာေတာ့ ရိွန္းေျပးဆင္းသြားၿပီး ထိုလူ႔ကို ဖက္လိုက္သည္။ ထိုလူကလည္း ရိွန္းကို ျပန္ဖက္ထားၿပီး တစ္ေယာက္ႏွင့္ တစ္ေယာက္ လြတ္ထြက္မသြားေအာင္ ခႏၲာကိုယ္ႏွစ္ခုကိုလည္း တင္းေနေအာင္
ဖက္ထားၾကသည္။ ဖက္ထားရင္းမွ သူက ရိွန္းကို ခြာလိုက္ၿပီး ရိွန္း လက္သူႂကြယ္ကို လက္စြပ္ေလး စြတ္ေပးလိုက္ရင္း
"ငယ္ ကိုယ့္ကို လက္ထပ္ပါ ။ ငယ့္ရဲ့ ပစၥုပန္ နဲ႔ အနာဂါတ္တိုင္းမွာ ကိုယ္လည္း ငယ္နဲ႔ အတူ ပါဝင္ပါတ္သတ္ခ်င္တာမလို႔ ငယ့္ ဘဝထဲကို ကိုယ့္ကို ဝင္လာခြင့္ေပး ငယ္။ ငယ့္ကို ျမတ္ႏိုးတယ္။ ဒီစကားက ဒီေန့တင္မက ေနာက္ေရ႔ွဆက္မယ့္ ေန့ရက္တိုင္း ေန့ရက္တိုင္းမွာ ေျပာမွာမလို႔ ငယ္ ကိုယ့္ကို လက္ထပ္ခြင့္ေပးပါ။ ငယ့္ကို ကိုယ္ တစ္ဘဝလံုး ကိုယ့္အပိုင္အျဖစ္ သိမ္းထားခ်င္တာမလို႔ ။ ငယ္ ကိုယ့္ကို
လက္ထပ္မယ္မလား--?"
ရိွန္းလက္သူႂကြယ္ေပၚသ္ို႔ ေရာက္ရိွလာတဲ့ လက္စြပ္ေလးႏွင့္ အတူ ရိွန္းဟာလည္း ေခါင္းညိတ္လိုက္ၿပီး ထိုသူ႔လက္သူႂကြယ္ကို လက္စြပ္ေလးျပန္ဝတ္ေပးလိုက္သည္။ ထို႔ေနာက္မွာေတာ့ ထိုသူနဲ႔ သူ႔ရဲ့ ႏႈတ္ခမ္းသားေတြက ထိကပ္သြားၿပီး ကမ႓ာႀကီးကို ေမ့ထားသလိုမ်ိဳး အနမ္းေရယာဉ္ႀကီးကို ဆက္ခဲ့ၾကၿပီးမွ ထိုလူ႔ရဲ့
ႏူးညံ့တဲ့ ႏႈတ္ခမ္းေလးက ရိွန္းရဲ့ ႏွဖူးျပင္ေလးကို အနမ္းတစ္ပြင့္ ေပးလိုက္ၿပီး သူတို႔ ႏွစ္ေယာက္ရဲ့ အနမ္းေတြက ၿပီးဆံုးသြားခဲ့သည္။ ဝရံတာမွ
ၾကၫ့္ေနၾကတဲ့ လူတစ္စုကလည္း ရိွန္းတို႔ ႏွစ္ေယာက္ကို လ်စ္လ်ူရႈၿပီး ႏွင္းေတြ ျမဴေတြကလည္း ထိုလူသားႏွစ္ေယာက္ကို လ်စ္လ်ူရႈခဲ့လ်ွက္။
ရိွန္း အနားယူေနရင္းမွ ႏႈတ္ခမ္းသားေတြ တြန႔္ခ်ိဳးသြားၿပီး မွၫ့္နက္ေလးအေပၚတက္ေအာင္ ရယ္လိုက္သည္။ သူ႔ရဲ့ အိမ္မက္ ကမ႓ာႀကီးမွ
သူ မႏိုးထခ်င္ေသး။ သူ႔ရဲ့ ဒီအိမ္မက္ေလးက လွပလြန္းသည္ေလ။
ရိွန္း ကိုယ္လက္ ေျဖေလ်ွာ့ၿပီးမွ အိပ္ယာေပၚမွ ဆင္းလိုက္ၿပီး ေရခ်ိဳးခန္းသို႔ ဦးတည္လိုက္သည္။ ရွစ္ႏွစ္ေက်ာ္ ေနခဲ့တဲ့ တိုက္ခန္းျဖစ္ခဲ့ၿပီး
ဘာမွ မေျပာင္းလဲထားသၫ့္ ေဟဂၽြန္းေၾကာင့္
ရိွန္း ေဟဂၽြန္းကိုသာ ေက်းဇူးတင္မိသည္။ unnie ရိွစဉ္ထဲက ရိွန္းက ေဟဂၽြန္းတို႔နဲ႔
အတူေနတာမဟုတ္ပဲ ဒီတိုက္ခန္းမွာသာ ေနခဲ့တာ ျဖစ္သည္။ Sofei ေလးေမြးလာၿပီးခ်ိန္ ေရာက္ေတာ့လည္း ရိွန္းက ကၽြေးဖခင္လို ျဖစ္ေနရ်္ Sofeiေလးမွာ ရိွန္းအိမ္က ျပန္တယ္ကိုမရိွ။
ဒါေၾကာင့္လည္း သူက Sofeiေလးကို သမီးရင္းေလးလို ခ်စ္ေနတာ။
ရိွန္းကိုယ္လက္သန႔္စင္ၿပီးမွ စာလာတဲ့ ဗိုက္ေၾကာင့္ ေရခဲေသတၲာထဲ ရွာေဖြေရးဆင္းလိုက္သည္။ ျမင္ေတြ့လိုက္ရတဲ့ အသီးအႏွံေတြအျပင္ /တိုဖူး / juiceေတြေၾကာင့္ ရိွန္း ႃပံုးလိုက္ၿပီး စေတာ္ဘယ္ရီ ဗူးေလး ယူလိုက္ကာ
တစ္ခုခု လုပ္ဖို႔ ျပင္လိုက္သည္။ ေဟဂၽြန္းက
ရိွန္း အားလံုး အဆင္ေျပရေအာင္ အစီအစဉ္တက် လုပ္ထားသည္ေလ။
အားလံုးၿပီးဆံုးသြားခ်ိန္မွ ရိွန္း ေဖ်ာ္စပ္ထားတဲ့ ႂကြေခြက္ေလးႏွင့္ ဇြန္းေလး တစ္ေခ်ာင္းယူၿပီး ဝရံတာသို႔ ထြက္လာခဲ့လိုက္သည္။ ဟိုးအေဝးမွာ ျမင္ေနရတဲ့ Nansam towerႀကီးကလည္း
ရိွန္းရဲ့ စိတ္ကို ဆဲြေဆာင္ထားသည္။ ဒီလို ဝရံတာ ခံုေလးေပၚမွာ ထိုင္ၿပီး လက္ေဖ်ာ္ စေတာ္ဘယ္ရီေလးကို စားရင္း ကိုရီးယားႏိုင္ငံႀကီးရဲ့
အလွအပ ရႈခင္းေတြကို ၾကၫ့္ေနရတာကလည္း
အေဝး မွာ တည္ရိွေနတဲ့ မိႈင္းျပျပ ေတာင္တန္းေတြနဲ႔ ထင္ရႈး /ခ်ယ္ရီ /ေတာင္ဇလပ္ေတြကို
ျပန္အမွတ္ရလာၿပီး သူ႔ကို ေဖ့ငယ္ ဆိုၿပီး ေခၚၾကသၫ့္ ထင္းရႈးေျမမွ ကေလးသံုးေယာက္ႏွင့္
သူ႔ရဲ့ ရင္ခုန္သံေတြကို အစိုးမရႏိုင္ေအာင္ လုပ္ႏိုင္လြန္းတဲ့ တစ္စံုတစ္ေယာက္ကိုလည္း ရိွန္း
အမွတ္ရလာမိသည္။သူတို႔ေရာ အခု အခ်ိန္ ဘာေတြလုပ္ေနေလာက္မလဲ--?။
မင္းဆက္ ကားေပၚမွ မဆင္းပဲ သားေတြ အထြက္ကို ေစာင့္ေနရင္း message box ကိုသာ ၾကၫ့္ေနလိုက္သည္။ သူ႔စီ အခုထိ message မပို႔လာေသး။
"ေဖ---!"
"ေဖႀကီး--"
"လာၿပီလား ေဖ့ boyေတြ--!"
"ဟုတ္---!"
"ဘာသတင္းပါလာလို႔ ႃပံုးစိစိ ျဖစ္ေနတာလဲ ။
ဆက္ေလးရဲ့ ။ ေဖ့ကို ေျပာပါအံုး"
အေနာက္မွာ ထိုင္ေနၾကသၫ့္ သားသံုးေယာက္မွ
ဆက္ ေလးက. မင္းဆက္ကိုၾကၫ့္လာၿပီး ႃပံုးစိစိ ၾကၫ့္ေနရ်္ မင္းဆက္ ေမးလိုက္ေတာ့
" ကၽြန္ေတာ္ ၿပိဳင္ပဲြ ဝင္ရေတာ့မယ္ ေဖ။ "
"ဟာ ေကာင္းတာေပါ့--"
"ဘယ္မွာတဲ့လဲ ။ ဒီေက်ာင္းမွာပဲလား--?။
state မွာလား--?။ "
"ကိုရီးယားမွာ--!"
"ကိုရီးယား---!"
"အင္း "
"ဘယ္လို ၿပိဳင္ပဲြမလို႔ ကိုရီးယားမွာ ၿပိဳင္ရမွာတဲ့လဲ ဆက္ရဲ့"
"အဲ့ဒါေတာ့ မသိဘူး ေဖ ။ chef ၿပိဳင္ပဲြလည္း ပါလို႔ ကၽြန္ေတာ္ စာရင္းေပးခဲ့လိုက္တာ။
တီခ်ယ္ ေျပာတာေတာ့ ေရကူး /ေျပးခံုပစ္နဲ႔ /chef ၿပိဳင္ပဲြတဲ့ ။တျခားႏိုင္ငံေတြကေရာ ပါမွာတဲ့"
"အဲ့ဒါေၾကာင့္ ခန္႔ နဲ႔ ဇက္က မေပ်ာ္တာလား--?"
"ကၽြန္ေတာ္တို႔ ဝါသနာပါတာမွ မပါပဲ"
"ေနာက္ ရိွလာမွာေပါ့ ။ အခုေတာ့ ဆက္ကို အားေပးၾကမယ္ေလ ။ ဘယ္လိုလဲ--?"
"ေဖ ကိုရီးယား လိုက္မွာလား---?"
"လိုက္မွာေပါ့ ဆက္ရဲ့ ။ ေဖတင္မကဘူး ခန႔္ေရာ/ ဇက္ ေရာ လိုက္မွာ"
မင္းတို႔ ေဖငယ္ကိုပါ ေခၚမွာ။ ဒီစကားကို မင္းဆက္ စိတ္ထဲမွာသာ ေျပာလိုက္ၿပီး message boxကို အၾကၫ့္ပို႔မိျပန္သည္။
သူ ရိွန္းကို မနက္ထဲက သြားၾကၫ့္သည္။
ေက်ာင္းဘက္ကိုလည္း ေခ်ာင္းေပါက္မတတ္ ေရာက္သည္။ သို႔ေသာ္ ရိွန္းကို မေတြ့ ။
ေက်ာင္းကိုလည္း စံုစမ္းသည္ ။ တစ္ပါတ္ခြင့္တင္သြားသည္တဲ့ ။ ရိွန္း ဘယ္ကို သြားသည္လဲ။
ဖုန္းနံပါတ္ ရိွေပမယ့္ ဟိုေန့ညက ကိႁစၥကီးေၾကာင့္ သူ႔မွာ မဆက္ရဲ။ ရိွန္း အဲ့ဒီ့ညက ကိႁစၥကီးေၾကာင့္ ထြက္သြာတာလား။ မင္းဆက္စိတ္ေတြ ေတာင္စဉ္ေရမရျဖစ္ေနခ်ိန္၌
"ေဖ ၿပိဳင္ပဲြက ႏွစ္ရက္တဲ့ --"
"အင္း--"
"သားတို႔ ေမြးေန့နဲ႔ တိုက္ေနတယ္"
မင္းဆက္ ကားမွန္ကို ၾကၫ့္လိုက္လ်ွင္ သားတို႔ သံုးေယာက္လံုးက သူ႔ကို ေခါင္းညိတ္ျပလာသည္မို႔
"တိုက္ေတာ့လည္း ဘာျဖစ္လဲကြာ ။ ဟိုမွာ က်င္းပၾကတာေပါ့"
"ဒါမဲ့ ေဖ--"
"ဘာကိုလဲ ကေလာအိမ္ကို သတိရလို႔လား--?"
"အင္း--"
တစ္ညီတစ္ၫြတ္ထဲ ထြက္လာတဲ့ အသံေတြေၾကာင့္ မင္းဆက္ သားေတြကို သနားသြားၿပီးမွ
"အၿမဲ တစ္ေနရာထဲ အတည္ႀကီး ဆိုရင္ ပ်င္းစရာေကာင္းတယ္ကြ ။ အခုႏွစ္ဆို ၾကၫ့္စမ္း။
ဆက္ ကလည္း ေမြးေန့မွာၿပိဳင္ပဲြ ရိွတယ္။
ေဖ တို႔လည္း အေပ်ာ္ခရီး / မိသားစုခရီး သက္သက္ သြားဖူးတာ မရိွဘူး။ အခြင့္အေရး ရိွတုန္း ဒီတစ္ႏွစ္ကို အေျပာင္းအလဲ ျဖစ္ေအာင္ဖန္တီးၾကတာေပါ့ ။ ဟုတ္တယ္မလား ။ "
မင္းဆက္ ေျပာလိုက္မွ သားေတြက သူ႔ကို ၾကၫ့္လာၿပီး ေခါင္းညိတ္သြားသည္။ သားေတြနဲ႔ အေပ်ာ္ခရီးရယ္လို႔ သက္သက္ ထြက္ဖူးျခင္းမရိွပဲ clubၿပိဳင္ပဲြေတြမွ သားေတြလည္း ျပည္ပသို႔ ေရာက္ရၿပီး အလည္အပါတ္မဟုတ္ပဲ ၿပိဳင္ပဲြမွာရိွရတာသာ ျဖစ္သည္။ ဒါေၾကာင့္ မင္းဆက္ ဒီတစ္ႀကိမ္ေတာ့ သားေတြအတြက္ သီးသန႔္ လုပ္ေပးခ်င္တာ။
ႏွစ္တိုင္း သားေတြေမြးေန့ ေရာက္တိုင္း ငယ္ သေဘာက်တဲ့ ကေလာအိမ္မွာ သူ သားေတြနဲ႔ အတူသြားၿပီး သားေတြေမြးေန့ကို ထိုအိမ္မွာပဲ သားအဖသံုးေယာက္ျဖတ္သန္းၾကသည္။ ဒီအိမ္ကို မင္းတို႔ ေဖငယ္က သိပ္သေဘာက်တာဆိုၿပီး မင္းဆက္ေျပာလာထဲက သားေတြကလည္း မင္းဆက္လိုပဲ ကေလာအိမ္ကို သူ႔ေဖငယ္ သေဘာက်တဲ့ အိမ္ဆိုၿပီး တန္ဖိုးထားသည္။
မၾကာေတာ့ပါဘူး သားတို႔ရယ္ မင္းတို႔ ေဖငယ္ရယ္ ေဖရယ္ မင္းတို႔ရယ္ အတူတူ ျဖတ္သန္းၾကမယ့္ ရက္ေတြက မလိုေတာ့တာမလို႔ ခဏေတာ့ ေစာင့္ေပးအံုး ။ ဒါကလည္း ခဏပါပဲ။
"သားတို႔ ဒီႏွစ္ ေမြးေန့က ကိုရီးယားမွာ ေပ်ာ္ရမွာပါ ။ သားတို႔ ျဖတ္သန္းခ်င္သလို မိသားစု
ပံုရိပ္ေလးနဲ႔ေပါ့--"
မင္းဆက္ သားေတြကို ေျပာလိုက္ၿပီး ကားကို ေမာင္းကာ အိမ္သို႔သာ ဦးတည္လိုက္ေတာ့သည္။ သူနဲ႔ သားေတြ ကိုရီးယားသြားဖို႔ ျပင္ဆင္ရမည္ေလ။
ခန႔္တို႔ ေတာ့ မင္းဆက္စကားကို နားမလည္လ္ိုက္။ သူတို႔ ေဖက ဖုန္းကို ကိုင္ထားၿပီး ဖုန္းထဲ ေရာက္လာတဲ့ message ကိုၾကၫ့္ၿပီးမွ ႃပံုးသြားတာ ။ သူတို႔ ဒါပဲ နားလည္လိုက္သည္။ က်န္တာေတာ့ သူတို႔လည္းမသိ။
ဒီႏွစ္သားေတြ ေမြးေန့မွာ သားေတြ ျဖစ္ခ်င္သလိုေရာ သူလိုခ်င္သလိုပါ ျဖစ္လာေတာ့မည္။ သူဒါကို အၿမဲ တမ္းတ ေနခဲ့တာမလား။
ငယ္--! ကိုယ္နဲ႔ သားေတြလည္း မင္းရိွတဲ့ အရပ္ကို အေရာက္လာမွာမလို႔ မင္းေစာင့္ေနေပးငယ္။
ကိုယ္ လာခဲ့မယ္ ။ ငယ္ခ်စ္တဲ့ သားေတြနဲ႔ေပါ့။
အေဝးေျပးလမ္းမႀကီးေပၚတြင္ ford F-150
ကားေလးက တစ္ခ်ိန္ထိုး ေမာင္းႏွင္ေနၿပီး
ကားေမာင္းသူက ႃပံုးေနလ်ွက္ရိွကာ ဖုန္းေလးကလည္း message ဝင္လာရ်္ မီးေလးလင္းေနခဲ့ၿပီး စာတန္းေလး ေပၚေနခဲ့လ်ွက္။
ထိုစာတန္းေလးမွာကား---
"သူေဌး man ကိုရီးယား ေရာက္ေနတာ" ဆိုသၫ့္ စာသားေလးႏွင့္ ရိွန္းရဲ့ ေလယာဉ္ဆင္းတဲ့ ပံုေလးက ဖုန္းမ်က္ႏွာျပင္တြင္ အတိုင္းသား ေနရာယူခဲ့ၿပီး ဖုန္းမ်က္ႏွာျပင္ေလးမွာလည္း သခင္၏ လ်စ္လ်ူရႈမႈကိုခံရၿပီး ပိတ္သြားခဲ့သည္မွ။
"ျပတ္ရ်္ မေျပခဲ့ေသာႀကိဳး--"
ruby---(D.D)🍁
Thanks for reading guys---💙✨
-------------------------------------------------------------