[Unicode]
" ဘယ်လဲ ? ! "
" ပွဲရုံ ခနသွားမလို့ ! ပါးနဲ့မားက မင်္ဂလာ ပွဲတစ်လာခုကိုသွားလို့ မအားတော့ ငါပဲ အလုပ်သမားတွေကို ပိုက်ဆံရှင်းပေးရမှာ "
" ဝမ်ပါပါးက စာမသင်တော့ဘူးလား ? "
" ဟုတ်တယ် ။ သူ နားလိုက်ပြီ ။ ဒါကြောင့် သစ်သီးတွေအများကြီးစိုက်ပြီး စီးပွားရေးလုပ်နေတော့တာ "
မနက်စာစားပြီး သူတို့နှစ်ဉီး သစ်သီးခြံသို့ လမ်းလျှောက်ရင်း ထွက်လာကြသည်။
ခြံက အိမ်နဲ့ အရမ်းမဝေးတာမို့ လမ်းလျှောက်၍ အဆင်ပြေသည်။ သူတို့ အလုပ်သမားတွေကို ပိုက်ဆံရှင်းပေးပြီး အိမ်ကို ချက်ချင်းမပြန်ဘဲ
သူ သွားနေကျနေရာသို့ ကျန့်အား ခေါ်လာခဲ့သည်။
" အိမ်တန်းမပြန်ဘူးလား ? "
" အင်း . . . မင်းကို ခေါ်သွားချင်တဲ့ နေရာရှိတယ် ။ "
ဟိုကြည့်သည်ကြည့်ဖြင့် လူခြေတိတ် နေသည့် ပတ်ဝန်းကျင် ကို မျက်မှောင်ကုတ် လျက် အကဲခတ်နေ၏ ။
" ဒီနားက လုံခြုံပါတယ် . . . ,
ငါ သွားနေကျ မို့ စိတ်ချလို့ရတယ် "
ထိုအခါမှ လှည့်ကြည့်လာ၏ ။
" ခရစ်ယာန် ဘုရားကျောင်း ? "
" အင်း . . . ဒီနေရာလေးကို ငါ လာနေကျလေ "
လက်ပိုက်ပြီး စူပုတ်ပုတ်ဖြင့်လိုက်လာပုံမှာ အလိုမကျစွာ
" ရှင်ဘုရင်လေးက ဘာတွေ အလိုမကျ ? "
" ငါက ဘယ်နတ်ဘုရားကိုမှ အယုံကြည်မရှိဘူး"
ဘုရားကျောင်းထဲဝင်ပြီး ဖယောင်းတိုင်ထွန်းနေတာကိုကြည့်ပြီး ခပ်တည်တည်ဖြင့် သူပါ ဝင်ကူ၏ ။
" ဘာလို့ ဒီကို ခနခနလာတာလဲ ဝမ် ?
မင်းက ဘာသာမဲ့မဟုတ်ဘူးလား ? "
နောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်က မီးကို မှုတ်ကာ စူပုတ်နေသည့် အနှီလူသားကို ပြုံးရင်း လှည့်ကြည့်လိုက်သည်။
" ဘာသာမဲ့တော့ ဘာသာမဲ့ ဟုတ်တယ် ။
ဒါပေမဲ့ ငါ ရှိသမျှကိုးကွယ်မှုတွေ အားလုံးကို လေးစားတယ် ။ ပြီးတော့ မင်းအတွက် အကူညီရလို့ရညား လွန်ခဲ့တဲ့ (၈) နှစ်ကတည်းက ငါ ဒီကို ခနခနလာဖြစ်တယ် . . . ။ ဒီဘုရားကျောင်းတင်မကဘူး ၊ တောင်ပေါ်က ဘုံကျောင်းကို သွားပြီးလည်း မင်းအတွက် ခနခနဆုတောင်းဖြစ်တယ် . . . ။ "
အနှီလူသားက သူ့အဖြေကို နားထောင်ရင်း သူ့အား နင့်နဲစွာ ငေးကြည့်သည်။ ဘာတွေ တွေးနေတာလဲ သိချင်တယ် ။ အနှီလူးရဲ့ စိတ်ထဲ ဘာတွေ တွေးနေသလဲဆိုတာ သိဖို့ ဒီ မျက်လုံး လှလှလေးကနေ တစ်ဆင့် အဖြေရှာဖို့ ကြိုးစားနေမိတယ် . . . ။
" မင်း ဒါတွေ အယုံအကြည် မရှိတာ ငါသိတယ် ။
ငါလည်း အယုံအကြည် မရှိဘူး ။ ဒါပေမဲ့ မင်းနဲ့ ပြန်တွေ့ရဖို့ ၊ မင်း ဘေးကင်းစွာ ရှိနေဖို့ကို ငါ နည်းလမ်း ပေါင်းစုံနဲ့ ကြိုးစားကြည့်ချင်ခဲ့တယ် ။ အဲ့တာကြောင့် ရှိသမျှ နတ်ဘုရားတွေ ဆီမှာ မင်းနဲ့ ပြန်တွေ့ဖို့ ဆုတောင်းခဲ့တယ် ။ "
ခုနကလို စူပုတ်မနေတော့ဘဲ သူ ပြောသမျှကို စိတ်ဝင်တစားနားထောင်နေသည့် ကျန့်က ကလေးလေး ၊ ထို့ကြောင့် ကျန့်အား မျက်နှာလွှဲကာ ရှေ့သို့ လှည့်ကြည့်ရင်း ဒူးထောက်ကာ လက်ဝါးကပ်တိုင် ကို ဉီးညွတ်လိုက်သည်။ မကြာပါ အနှီလူသားဟာလည်း သူ့ဘေးနားဒူးထောက်ပြီး ငြိမ်ငြိမ်လေးထိုင်နေ၏ ။
* ကျေးဇူးကြီးမြတ်လှပါပေတယ်
အဖဘုရားသခင် ~~
ပြန်တွေ့ခဲ့လျှင် သေချာပေါက် သူနဲ့အတူ အဖမျက်မှောက်တော်ရှေ့ လာရောက်ဝပ်ပြုပါမည်အကြောင်း ကတိထားခဲ့တော်မူသည့် အတိုင်း ကျွန်တော်မျိုးတို့ အဖ မျက်မှောက်တော်ရှေ့ ရောက်လာခဲ့ပါပြီ ။ ပြန်တွေ့ဆုံဖို့ အခွင့်အရေး ပေးတော်မူခဲ့လို့လည်း ကျေးဇူးတင်ပါတယ် . . . ။
နောက်လည်း ကျွန်တော့် ဘေးနားထိုင်နေတဲ့ သူကို စောင့်ရှောက်ပေးပါ ။ သူက သွားလေရာမှာ အန်တရယ် ရှိတဲ့ အလုပ်တွေ မကောင်းတဲ့ အလုပ်တွေပဲ လုပ်နေတာ ဆိုပြီး အဖ အမျက်တော်မရှပါနဲ့ ။တကယ်တော့ သူက လူကောင်းတစ်ယောက်ပါ ။ သူ ပြောင်းလဲ မယ်လို့လည်း ကျွန်တော့်ကို ကတိပေးထားပါတယ် ။ ခရစ်ယာန် ဘုန်းကြီးတွေ ပြောသလို အဖက လူသားတွေကို ဖန်ဆင်းတာဆိုရင် ကျွန်တော့်ဘေးကလူကိုလည်း အဖပဲ ဖန်ဆင်းတာမို့ သူဟာ ကတိတည်တဲ့ လူသားဖြစ်ကြောင်း ကျွန်တော့်ထက် အဖက ပိုသိပြီး ပိုနားလည်ပါတယ် ~~~~
နောက်ပြီး ကျွန်တော် ဒီထပ်ပိုပြီး သူနဲ့ မဝေးလိုတော့ဘူး . . .။ အနားထားပြီး သူ့ရင်ခွင်မှာပဲ ခိုနားချင်တဲ့ ကျွန်တော့်စိတ်ဝိညာဉ် လေးလည်း ငြိမ်းချမ်းပါစေ . . . ။ *
သူ ဘုရားသခင်ဆီသို့ အသံတိတ် ကျေးဇူးတင်စကား ပြောရင်း ဘေးက လူကိုကြည့်လိုက်သည်။ သူ မျက်လုံးမှိတ်ပြီး ဆုတောင်းနေတဲ့ အတိုင်း အနှီလူသားကပါ မျက်လုံးကလေး မှိတ်ထား၏ ။
သူ ငေးကြည့်နေတာကို သတိထားမိသည်ထင် မျက်လုံးဖွင့်ပြီး လှည့်ကြည့်လာ၏ ။ ဒါဟာ ဆဌမအာရုံဖြစ်မည် ။
" ပြီးပြီလား ? "
" အင်း ပြီးပြီ ။"
" ပြန်တောင် တွေ့ကြပြီးပြီကို ဘာတွေ ဆုတောင်းနေသေးတာတုံး ? "
ဒူးလေးကိုပွတ်ရင်း ဆက်ပြီး ဒူးမထောက်နိုင်တော့ကြောင်း သူ့အား မလိုမကျစွာကြည့်ကာ အသံတိတ် ဆန္ဒပြ၏ ။
" မင်းနဲ့ ပြန်တွေ့ခွင့်ပေးတဲ့ အတွက် ကျေးဇူးတင်စကားပြောတယ် . . . ။ ရှေ့လျှောက် ငါတို့ ထပ်မဝေးတော့ဖို့ ဆုတောင်းတယ် "
ပြုံးတဲ့ မျက်နှာကလေးဟာ ရုတ်ချည်း တည်သွားပေမဲ့ အပြုံးမမည်တဲ့ အပြုံးသေးသေးလေးကို ချက်ချင်းဆိုသလို ကျန့်က ဖန်တီးပြန်၏ ။
ဘာတွေတွေးရပြန်တာလဲ မြတ်နိုးရသူ . . .
ဘာ အတွေးတွေကများ မင်းကို နှိပ်စက်နေသလဲ ? သိခွင့်ရရင် သိချင်စမ်းပါဘိ . . . ။
အိမ်ပြန်လာတော့ သူတို့အရင်က တတ်ခဲ့တဲ့ ကျောင်းကို သွားတဲ့ မြေနီလမ်းကလေးရှေ့က ဖြတ်လျှောက်လာကြသည်မို့ ကျောင်းကိုသွားသည့် လမ်းသို့ ကျန့်အား ဆွဲခေါ်လာခဲ့သည် ။
" ထင်းရှူးပင်တွေက ရှိနေတုန်းနော် "
" အင်း ! ထင်းရှူးပင်တွေက အရမ်းသက်တမ်းရှည်တယ်လေ ။ ဒီလမ်းတစ်လျှောက် အပင်တွေက နှစ်ကြီးပင်တွေချည်းပဲ . . . "
ခေါင်းတငြိမ့်ငြိမ့်ဖြင့် သူပြောတာကို နားထောင်နေတဲ့ နားထောင်နေသူကြောင့် အလိုလိုပြုံးမိသွားကာ နှုတ်ခမ်းပါးလေးတွေကို အနမ်းဖွဖွပေးလိုက်သည် ။ ထိုအခါ အနှီလူသားက သူ့အားငုံ့ကြည့်လာ၏ ။
" ဒီနေရာမှာ ဆွတာမကောင်းဘူးထင်တယ်နော် ဝမ် ! "
" အင်း . . . မကောင်းတော့ ဘာဖြစ်မလဲ ? "
အနားတဝဲလည်လည် လျှောက်သွားရင်း ပြုံးစစဖြင့်မေးတော့ မေးရိုးတွေ ထင်းလာပြီး လက်သီးတွေကို ခပ်တင်းတင်းဆုပ်ကာ သူ့ကို လျှာတသပ်သပ်ဖြင့် စူးစူးရဲရဲကြည့်၏ ။
" ဒီမှာပဲ စလိုက်ရမလား ? အိမ်မှာဆို မလွတ်လပ်ဘူးလေ ! မင်း အသံကွဲတဲ့ ထိ အော်ညည်းရင်တောင် ဘယ်သူမှကြားမှာမဟုတ်ဘူး ! "
နေရင်းထိုင်ရင်း သွားဆွမိတာကို ဝမ်ရိပေါ် နောင်တရချင်သွားသည် ။ အနားကို တဖြည်းဖြည်းကပ်လာတဲ့ လူသားဟာ သူ့အားလွတ်ပေးဖို့ လမ်းမမြင် ၊ ထို့ကြောင့် ကျောင်း ကစားကွင်းထဲ ပတ်ပြေးရတော့သည် ။
" မကောင်းဘူး !!၇မကောင်းဘူး . . !!
ဒီနေရာမှာ နှစ်ကြီး သစ်ပင်တွေရှိတယ် ။
အဲ့ အပင်တွေပေါ်မှာ Fairy လေးတွေ မရှိဘူးလို့ပြောလို့ မရနိုင်ဘူးလေ . . . သူတို့ ကြည့်နေရင် ဘယ်လိုလုပ်မလဲ ? ရှက်စရာကြီး ! . . . ဟား ဟား မလုပ်နဲ့ မစတော့ဘူး !! အားး မလုပ်ပါနဲ့ဆို !! "
ကျောင်းကစားကွင်းမှာ နှင်းတွေချည်းမို့ နှင်းတောထဲ ပတ်ပြေးနေရသည်မှာ မလွယ်လှ ။ ထို့ကြောင့် ခြေတံရှည်လှတဲ့ ကျန့်က လက်မောင်းတစ်ဖက်ဖြင့် လှမ်းဆွဲပြီး ဆွဲပွေ့လိုက်သည်မို့ သူ့မှာ ဘာမှမပြေးနိုင်တော့ဘဲ လှုပ်လှုပ် လှုပ်လှုပ် ဖြင့် ကျန့် လက်မောင်းတွေကြားပါလာသည် ။
ဒါတင်ပဲလားဆိုတော့ မဟုတ် ၊ ဒီကောင်က သူ့ ခန္ဓာ ကိုယ်ကို ဒူးအောင်က လျှိုပြီးမြောက်ကာ ပွေ့လိုက်တာမို့ အင်္ကျီစလပ်လို့ ပေါ်နေတဲ့ ဗိုက်သားပြင်ကို ခပ်ဖွဖွကိုက်၍တစ်မျိုး ခပ်ဖွဖွနမ်း၍ တစ်ဖုံ အလွတ်မပေးဘဲ ကလိထိုး၏ ။
" မလုပ်နဲ့ဆို !! "
ဆူးအောင့်အောင့် အော်သံကို လျစ်လျူရှု ကာ တဟားဟားအော်ရီ၏ ။ ခနကြာမှ အရီရပ်ကာသူ့အား တင်ပါးလွှဲချီ၏ ။
" ဒီနေရာမှာ မင်းကို ကြမ်းလို့ရတာသိလား ? "
လေသံအေးအေးနဲ့ ပြောလာပေမဲ့ ဘယ်လောက်ထိ စိတ်ထိန်းထားသလဲဆိုတာ နီရဲနေတဲ့ မျင်နှာလေးက ရိပေါ်ကို သတိပေး၏ ။ ထို့ကြောင့် ထပ်မဆွတော့ဘဲ လည်ပင်းကိုသာ ခပ်တင်းတင်းကိုင်ထားလိုက်သည် ။
" ငါက စတာကို "
" စတာက ဘယ်လောက် အန္တရယ်များလဲ သိရင်ရပြီ ! "
" အင်းပါ "
နှင်းတောထဲ လမ်းလျှောက်ရမှာအပျင်းကြီးတဲ့ ဝမ်ဟာ သူ့ ပုခုံးတွေကို မှီချပြီး သူချီထားတဲ့ အတိုင်း ငြိမ်ငြိမ်လေးလိုက်ပါလာ၏ ။
" မင်းမှတ်မိလား ? ဒီနေရာမှာ မင်း ငါ့ကို ပထမဆုံး မိတ်ဆက် ခဲ့တာလေ "
" အင်း ! "
" ဒါနဲ့ ဘာလို့ ကျန့် တစ်လုံးတည်းပြောခဲ့တာလဲ ?
ပြီးတော့ မင်းက ရှောင်းကို မကြိုက်လို့လား ? "
သက်ပျင်းချသံသဲ့သဲ့ကို ကြားရသည် ။
" ရှောင်း ဆိုတာကြားရင် ငါ အရမ်းပင်ပန်းသလိုခံစားရတယ် ။ ရှောင်း မျိုးဆက် ၊ ရှောင်း ကုမ္ပဏီ ဆက်ခံမဲ့သူ ၊ ရှောင်းသခင်လေး စတဲ့ ဂုဏ်ပုဒ်တွေ အများကြီးကို ထမ်းထားရတော့ ငါ့ စိတ်တွေ အရမ်းမလွတ်လပ်သလို အရမ်းလည်း မွန်းကြပ်တယ် . . . ။ ' ကျန့် ´ ဆိုတာက ငါ့ မားပေးခဲ့တဲ့ နာမည် ။ မားက သာမာန်မိန်းကလေးတစ်ယောက်လေ ။ ဒီနာမည်လေးနဲ့ဆို ငါ့ကိုယ်ငါ သာမန်ကျောင်းသားတစ်ယောက်လို့ ခံစားရစေပြီး ငါ့စိတ်ကို ပေါ့ပါးစေတယ် "
" အရမ်းပင်ပန်းခဲ့မှာပဲ . . . "
ပါးလေးကို အုပ်ကိုင်လို့ ချော့မြူတော့ ရှေ့သွားကြီးကြီးလေးနှစ်ချောင်းပေါ်အောင် ပြုံးရီ၏ ။
မြေနီလမ်းထက်ရောက်တော့ လက်မောင်းတွေပေါ်က ကိုယ်ကို လျှောချကာ အောက် ဆင်းလိုက်
သည် ။ ထို့နောက် အနှီလူသား၏ လက်မောင်းတွေကို ဆွဲမှီကာ အိမ် ပြန်လာခဲ့ကြသည် ။
VIOLET DATE
5.12.2021 (Sunday )
~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
" ဘယ္လဲ ? ! "
" ပြဲရံု ခနသြားမလို႔ ! ပါးနဲ႔မားက မဂၤလာ ပြဲတစ္လာခုကိုသြားလို႔ မအားေတာ့ ငါပဲ အလုပ္သမားေတြကို ပိုက္ဆံရွင္းေပးရမွာ "
" ဝမ္ပါပါးက စာမသင္ေတာ့ဘူးလား ? "
" ဟုတ္တယ္ ။ သူ နားလိုက္ၿပီ ။ ဒါေၾကာင့္ သစ္သီးေတြအမ်ားႀကီးစိုက္ၿပီး စီးပြားေရးလုပ္ေနေတာ့တာ "
မနက္စာစားၿပီး သူတို႔ႏွစ္ၪီး သစ္သီးၿခံသို႔ လမ္းေလ်ွာက္ရင္း ထြက္လာၾကသည္။
ၿခံက အိမ္နဲ႔ အရမ္းမေဝးတာမို႔ လမ္းေလ်ွာက္၍ အဆင္ေျပသည္။ သူတို႔ အလုပ္သမားေတြကို ပိုက္ဆံရွင္းေပးၿပီး အိမ္ကို ခ်က္ခ်င္းမျပန္ဘဲ
သူ သြားေနက်ေနရာသို႔ က်န္႔အား ေခၚလာခဲ့သည္။
" အိမ္တန္းမျပန္ဘူးလား ? "
" အင္း . . . မင္းကို ေခၚသြားခ်င္တဲ့ ေနရာရိွတယ္ ။ "
ဟိုၾကည့္သည္ၾကည့္ျဖင့္ လူေျခတိတ္ ေနသည့္ ပတ္ဝန္းက်င္ ကို မ်က္ေမွာင္ကုတ္ လ်က္ အကဲခတ္ေန၏ ။
" ဒီနားက လံုၿခံဳပါတယ္ . . . ,
ငါ သြားေနက် မို႔ စိတ္ခ်လို႔ရတယ္ "
ထိုအခါမွ လွည့္ၾကည့္လာ၏ ။
" ခရစ္ယာန္ ဘုရားေက်ာင္း ? "
" အင္း . . . ဒီေနရာေလးကို ငါ လာေနက်ေလ "
လက္ပိုက္ၿပီး စူပုတ္ပုတ္ျဖင့္လိုက္လာပံုမွာ အလိုမက်စြာ
" ရွင္ဘုရင္ေလးက ဘာေတြ အလိုမက် ? "
" ငါက ဘယ္နတ္ဘုရားကိုမွ အယံုၾကည္မရိွဘူး"
ဘုရားေက်ာင္းထဲဝင္ၿပီး ဖေယာင္းတိုင္ထြန္းေနတာကိုၾကည့္ၿပီး ခပ္တည္တည္ျဖင့္ သူပါ ဝင္ကူ၏ ။
" ဘာလို႔ ဒီကို ခနခနလာတာလဲ ဝမ္ ?
မင္းက ဘာသာမဲ့မဟုတ္ဘူးလား ? "
ေနာက္ဆံုးက်န္တဲ့ ဖေယာင္းတိုင္က မီးကို မႈတ္ကာ စူပုတ္ေနသည့္ အႏွီလူသားကို ၿပံဳးရင္း လွည့္ၾကည့္လိုက္သည္။
" ဘာသာမဲ့ေတာ့ ဘာသာမဲ့ ဟုတ္တယ္ ။
ဒါေပမဲ့ ငါ ရိွသမ်ွကိုးကြယ္မႈေတြ အားလံုးကို ေလးစားတယ္ ။ ၿပီးေတာ့ မင္းအတြက္ အကူညီရလို႔ရညား လြန္ခဲ့တဲ့ (၈) ႏွစ္ကတည္းက ငါ ဒီကို ခနခနလာျဖစ္တယ္ . . . ။ ဒီဘုရားေက်ာင္းတင္မကဘူး ၊ ေတာင္ေပၚက ဘံုေက်ာင္းကို သြားၿပီးလည္း မင္းအတြက္ ခနခနဆုေတာင္းျဖစ္တယ္ . . . ။ "
အႏွီလူသားက သူ႔အေျဖကို နားေထာင္ရင္း သူ႔အား နင့္နဲစြာ ေငးၾကည့္သည္။ ဘာေတြ ေတြးေနတာလဲ သိခ်င္တယ္ ။ အႏွီလူးရဲ့ စိတ္ထဲ ဘာေတြ ေတြးေနသလဲဆိုတာ သိဖို႔ ဒီ မ်က္လံုး လွလွေလးကေန တစ္ဆင့္ အေျဖရွာဖို႔ ႀကိဳးစားေနမိတယ္ . . . ။
" မင္း ဒါေတြ အယံုအၾကည္ မရိွတာ ငါသိတယ္ ။
ငါလည္း အယံုအၾကည္ မရိွဘူး ။ ဒါေပမဲ့ မင္းနဲ႔ ျပန္ေတြ့ရဖို႔ ၊ မင္း ေဘးကင္းစြာ ရိွေနဖို႔ကို ငါ နည္းလမ္း ေပါင္းစံုနဲ႔ ႀကိဳးစားၾကည့္ခ်င္ခဲ့တယ္ ။ အဲ့တာေၾကာင့္ ရိွသမ်ွ နတ္ဘုရားေတြ ဆီမွာ မင္းနဲ႔ ျပန္ေတြ့ဖို႔ ဆုေတာင္းခဲ့တယ္ ။ "
ခုနကလို စူပုတ္မေနေတာ့ဘဲ သူ ေျပာသမ်ွကို စိတ္ဝင္တစားနားေထာင္ေနသည့္ က်န္႔က ကေလးေလး ၊ ထို႔ေၾကာင့္ က်န္႔အား မ်က္ႏွာလႊဲကာ ေရ႔ွသို႔ လွည့္ၾကည့္ရင္း ဒူးေထာက္ကာ လက္ဝါးကပ္တိုင္ ကို ၪီးၫြတ္လိုက္သည္။ မၾကာပါ အႏွီလူသားဟာလည္း သူ႔ေဘးနားဒူးေထာက္ၿပီး ၿငိမ္ၿငိမ္ေလးထိုင္ေန၏ ။
* ေက်းဇူးႀကီးျမတ္လွပါေပတယ္
အဖဘုရားသခင္ ~~
ျပန္ေတြ့ခဲ့လ်ွင္ ေသခ်ာေပါက္ သူနဲ႔အတူ အဖမ်က္ေမွာက္ေတာ္ေရ႔ွ လာေရာက္ဝပ္ျပဳပါမည္အေၾကာင္း ကတိထားခဲ့ေတာ္မူသည့္ အတိုင္း ကြၽန္ေတာ္မ်ိဳးတို႔ အဖ မ်က္ေမွာက္ေတာ္ေရ႔ွ ေရာက္လာခဲ့ပါၿပီ ။ ျပန္ေတြ့ဆံုဖို႔ အခြင့္အေရး ေပးေတာ္မူခဲ့လို႔လည္း ေက်းဇူးတင္ပါတယ္ . . . ။
ေနာက္လည္း ကြၽန္ေတာ့္ ေဘးနားထိုင္ေနတဲ့ သူကို ေစာင့္ေရွာက္ေပးပါ ။ သူက သြားေလရာမွာ အန္တရယ္ ရိွတဲ့ အလုပ္ေတြ မေကာင္းတဲ့ အလုပ္ေတြပဲ လုပ္ေနတာ ဆိုၿပီး အဖ အမ်က္ေတာ္မရွပါနဲ႔ ။တကယ္ေတာ့ သူက လူေကာင္းတစ္ေယာက္ပါ ။ သူ ေျပာင္းလဲ မယ္လို႔လည္း ကြၽန္ေတာ့္ကို ကတိေပးထားပါတယ္ ။ ခရစ္ယာန္ ဘုန္းႀကီးေတြ ေျပာသလို အဖက လူသားေတြကို ဖန္ဆင္းတာဆိုရင္ ကြၽန္ေတာ့္ေဘးကလူကိုလည္း အဖပဲ ဖန္ဆင္းတာမို႔ သူဟာ ကတိတည္တဲ့ လူသားျဖစ္ေၾကာင္း ကြၽန္ေတာ့္ထက္ အဖက ပိုသိၿပီး ပိုနားလည္ပါတယ္ ~~~~
ေနာက္ၿပီး ကြၽန္ေတာ္ ဒီထပ္ပိုၿပီး သူနဲ႔ မေဝးလိုေတာ့ဘူး . . .။ အနားထားၿပီး သူ႔ရင္ခြင္မွာပဲ ခိုနားခ်င္တဲ့ ကြၽန္ေတာ့္စိတ္ဝိညာဥ္ ေလးလည္း ၿငိမ္းခ်မ္းပါေစ . . . ။ *
သူ ဘုရားသခင္ဆီသို႔ အသံတိတ္ ေက်းဇူးတင္စကား ေျပာရင္း ေဘးက လူကိုၾကည့္လိုက္သည္။ သူ မ်က္လံုးမိွတ္ၿပီး ဆုေတာင္းေနတဲ့ အတိုင္း အႏွီလူသားကပါ မ်က္လံုးကေလး မိွတ္ထား၏ ။
သူ ေငးၾကည့္ေနတာကို သတိထားမိသည္ထင္ မ်က္လံုးဖြင့္ၿပီး လွည့္ၾကည့္လာ၏ ။ ဒါဟာ ဆဌမအာရံုျဖစ္မည္ ။
" ၿပီးၿပီလား ? "
" အင္း ၿပီးၿပီ ။"
" ျပန္ေတာင္ ေတြ့ၾကၿပီးၿပီကို ဘာေတြ ဆုေတာင္းေနေသးတာတံုး ? "
ဒူးေလးကိုပြတ္ရင္း ဆက္ၿပီး ဒူးမေထာက္ႏိုင္ေတာ့ေၾကာင္း သူ႔အား မလိုမက်စြာၾကည့္ကာ အသံတိတ္ ဆႏၵျပ၏ ။
" မင္းနဲ႔ ျပန္ေတြ့ခြင့္ေပးတဲ့ အတြက္ ေက်းဇူးတင္စကားေျပာတယ္ . . . ။ ေရ႔ွေလ်ွာက္ ငါတို႔ ထပ္မေဝးေတာ့ဖို႔ ဆုေတာင္းတယ္ "
ၿပံဳးတဲ့ မ်က္ႏွာကေလးဟာ ရုတ္ခ်ည္း တည္သြားေပမဲ့ အၿပံဳးမမည္တဲ့ အၿပံဳးေသးေသးေလးကို ခ်က္ခ်င္းဆိုသလို က်န္႔က ဖန္တီးျပန္၏ ။
ဘာေတြေတြးရျပန္တာလဲ ျမတ္ႏိုးရသူ . . .
ဘာ အေတြးေတြကမ်ား မင္းကို ႏိွပ္စက္ေနသလဲ ? သိခြင့္ရရင္ သိခ်င္စမ္းပါဘိ . . . ။
အိမ္ျပန္လာေတာ့ သူတို႔အရင္က တတ္ခဲ့တဲ့ ေက်ာင္းကို သြားတဲ့ ေျမနီလမ္းကေလးေရ႔ွက ျဖတ္ေလ်ွာက္လာၾကသည္မို႔ ေက်ာင္းကိုသြားသည့္ လမ္းသို႔ က်န္႔အား ဆြဲေခၚလာခဲ့သည္ ။
" ထင္းရႉးပင္ေတြက ရိွေနတုန္းေနာ္ "
" အင္း ! ထင္းရႉးပင္ေတြက အရမ္းသက္တမ္းရွည္တယ္ေလ ။ ဒီလမ္းတစ္ေလ်ွာက္ အပင္ေတြက ႏွစ္ႀကီးပင္ေတြခ်ည္းပဲ . . . "
ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ သူေျပာတာကို နားေထာင္ေနတဲ့ နားေထာင္ေနသူေၾကာင့္ အလိုလိုၿပံဳးမိသြားကာ ႏႈတ္ခမ္းပါးေလးေတြကို အနမ္းဖြဖြေပးလိုက္သည္ ။ ထိုအခါ အႏွီလူသားက သူ႔အားငံု႔ၾကည့္လာ၏ ။
" ဒီေနရာမွာ ဆြတာမေကာင္းဘူးထင္တယ္ေနာ္ ဝမ္ ! "
" အင္း . . . မေကာင္းေတာ့ ဘာျဖစ္မလဲ ? "
အနားတဝဲလည္လည္ ေလ်ွာက္သြားရင္း ၿပံဳးစစျဖင့္ေမးေတာ့ ေမးရိုးေတြ ထင္းလာၿပီး လက္သီးေတြကို ခပ္တင္းတင္းဆုပ္ကာ သူ႔ကို လ်ွာတသပ္သပ္ျဖင့္ စူးစူးရဲရဲၾကည့္၏ ။
" ဒီမွာပဲ စလိုက္ရမလား ? အိမ္မွာဆို မလြတ္လပ္ဘူးေလ ! မင္း အသံကြဲတဲ့ ထိ ေအာ္ညည္းရင္ေတာင္ ဘယ္သူမွၾကားမွာမဟုတ္ဘူး ! "
ေနရင္းထိုင္ရင္း သြားဆြမိတာကို ဝမ္ရိေပၚ ေနာင္တရခ်င္သြားသည္ ။ အနားကို တျဖည္းျဖည္းကပ္လာတဲ့ လူသားဟာ သူ႔အားလြတ္ေပးဖို႔ လမ္းမျမင္ ၊ ထို႔ေၾကာင့္ ေက်ာင္း ကစားကြင္းထဲ ပတ္ေျပးရေတာ့သည္ ။
" မေကာင္းဘူး !!၇မေကာင္းဘူး . . !!
ဒီေနရာမွာ ႏွစ္ႀကီး သစ္ပင္ေတြရိွတယ္ ။
အဲ့ အပင္ေတြေပၚမွာ Fairy ေလးေတြ မရိွဘူးလို႔ေျပာလို႔ မရႏိုင္ဘူးေလ . . . သူတို႔ ၾကည့္ေနရင္ ဘယ္လိုလုပ္မလဲ ? ရွက္စရာႀကီး ! . . . ဟား ဟား မလုပ္နဲ႔ မစေတာ့ဘူး !! အားး မလုပ္ပါနဲ႔ဆို !! "
ေက်ာင္းကစားကြင္းမွာ ႏွင္းေတြခ်ည္းမို႔ ႏွင္းေတာထဲ ပတ္ေျပးေနရသည္မွာ မလြယ္လွ ။ ထို႔ေၾကာင့္ ေျခတံရွည္လွတဲ့ က်န္႔က လက္ေမာင္းတစ္ဖက္ျဖင့္ လွမ္းဆြဲၿပီး ဆြဲေပြ့လိုက္သည္မို႔ သူ႔မွာ ဘာမွမေျပးႏိုင္ေတာ့ဘဲ လႈပ္လႈပ္ လႈပ္လႈပ္ ျဖင့္ က်န္႔ လက္ေမာင္းေတြၾကားပါလာသည္ ။
ဒါတင္ပဲလားဆိုေတာ့ မဟုတ္ ၊ ဒီေကာင္က သူ႔ ခႏၶာ ကိုယ္ကို ဒူးေအာင္က လ်ိႈၿပီးေျမာက္ကာ ေပြ့လိုက္တာမို႔ အက်ႌစလပ္လို႔ ေပၚေနတဲ့ ဗိုက္သားျပင္ကို ခပ္ဖြဖြကိုက္၍တစ္မ်ိဳး ခပ္ဖြဖြနမ္း၍ တစ္ဖံု အလြတ္မေပးဘဲ ကလိထိုး၏ ။
" မလုပ္နဲ႔ဆို !! "
ဆူးေအာင့္ေအာင့္ ေအာ္သံကို လ်စ္လ်ူရႈ ကာ တဟားဟားေအာ္ရီ၏ ။ ခနၾကာမွ အရီရပ္ကာသူ႔အား တင္ပါးလႊဲခ်ီ၏ ။
" ဒီေနရာမွာ မင္းကို ၾကမ္းလို႔ရတာသိလား ? "
ေလသံေအးေအးနဲ႔ ေျပာလာေပမဲ့ ဘယ္ေလာက္ထိ စိတ္ထိန္းထားသလဲဆိုတာ နီရဲေနတဲ့ မ်င္ႏွာေလးက ရိေပၚကို သတိေပး၏ ။ ထို႔ေၾကာင့္ ထပ္မဆြေတာ့ဘဲ လည္ပင္းကိုသာ ခပ္တင္းတင္းကိုင္ထားလိုက္သည္ ။
" ငါက စတာကို "
" စတာက ဘယ္ေလာက္ အႏၲရယ္မ်ားလဲ သိရင္ရၿပီ ! "
" အင္းပါ "
ႏွင္းေတာထဲ လမ္းေလ်ွာက္ရမွာအပ်င္းႀကီးတဲ့ ဝမ္ဟာ သူ႔ ပုခံုးေတြကို မွီခ်ၿပီး သူခ်ီထားတဲ့ အတိုင္း ၿငိမ္ၿငိမ္ေလးလိုက္ပါလာ၏ ။
" မင္းမွတ္မိလား ? ဒီေနရာမွာ မင္း ငါ့ကို ပထမဆံုး မိတ္ဆက္ ခဲ့တာေလ "
" အင္း ! "
" ဒါနဲ႔ ဘာလို႔ က်န္႔ တစ္လံုးတည္းေျပာခဲ့တာလဲ ?
ၿပီးေတာ့ မင္းက ေရွာင္းကို မႀကိဳက္လို႔လား ? "
သက္ပ်င္းခ်သံသဲ့သဲ့ကို ၾကားရသည္ ။
" ေရွာင္း ဆိုတာၾကားရင္ ငါ အရမ္းပင္ပန္းသလိုခံစားရတယ္ ။ ေရွာင္း မ်ိဳးဆက္ ၊ ေရွာင္း ကုမၸဏီ ဆက္ခံမဲ့သူ ၊ ေရွာင္းသခင္ေလး စတဲ့ ဂုဏ္ပုဒ္ေတြ အမ်ားႀကီးကို ထမ္းထားရေတာ့ ငါ့ စိတ္ေတြ အရမ္းမလြတ္လပ္သလို အရမ္းလည္း မြန္းၾကပ္တယ္ . . . ။ ' က်န္႔ ´ ဆိုတာက ငါ့ မားေပးခဲ့တဲ့ နာမည္ ။ မားက သာမာန္မိန္းကေလးတစ္ေယာက္ေလ ။ ဒီနာမည္ေလးနဲ႔ဆို ငါ့ကိုယ္ငါ သာမန္ေက်ာင္းသားတစ္ေယာက္လို႔ ခံစားရေစၿပီး ငါ့စိတ္ကို ေပါ့ပါးေစတယ္ "
" အရမ္းပင္ပန္းခဲ့မွာပဲ . . . "
ပါးေလးကို အုပ္ကိုင္လို႔ ေခ်ာ့ျမဴေတာ့ ေရ႔ွသြားႀကီးႀကီးေလးႏွစ္ေခ်ာင္းေပၚေအာင္ ၿပံဳးရီ၏ ။
ေျမနီလမ္းထက္ေရာက္ေတာ့ လက္ေမာင္းေတြေပၚက ကိုယ္ကို ေလ်ွာခ်ကာ ေအာက္ ဆင္းလိုက္
သည္ ။ ထို႔ေနာက္ အႏွီလူသား၏ လက္ေမာင္းေတြကို ဆြဲမွီကာ အိမ္ ျပန္လာခဲ့ၾကသည္ ။
VIOLET DATE
5.12.2021 (Sunday )
~~~~~~~~~~~~~~~~~~~~~~~~~~