နားခိုခွင့် /နားခိုခြင့္ {Com...

由 naynway_216

576K 33K 907

ငယ်ငယ်လေးကတည်းက ပတ်ဝန်းကျင်ကြောင့် စိတ်ထဲမှာ နာကျင်မှုတွေပဲ ပြည့်နေခဲ့တဲ့မောင် ...။ ညီမလေးကို သူ့ကြောင့် ထပ်ဆ... 更多

Hi
part (1)
part (2)
part (3)
part (4)
part (5)
part (6)
part (7)
part (8)
part (9)
part (10)
part (11)
hi
part (12)
part (13)
part (14)
part (15)
Sorry for updated
part (16)
part (17)
part (18)
part (19)
part (20)
part (21)
part (22)
part.(23)
beautiful 😍
part (24)
part (25)
updated
part (27)
part (28)
part (29)
part (30)
part (31)
part (32)
sorry for updated
part (33)
part (34)
part (35) End
Extra 🎄🎄🎄
New fic
Extra
Art

part (26)

13.4K 774 30
由 naynway_216

Unicode

"နင်ပြောတဲ့ အတိုင်းဆို မောင်မှာ depression ရှိနေတဲ့ ပုံပဲ "

"ဟုတ်တယ်....ငါလည်း အဲ့လိုထင်တာပဲ ...မင်းက ၃ နှစ်လုံးလုံး မောင့်ကို မြင်တွေ့နေတာ ဆိုတော့ မောင့်အခြေအနေလေး သိသလောက်ပြောပြ "

လက်ထောက် ဆရာဝန်များ နားနေသည့် အခန်းထဲတွင် လောင်းရိပ် ၊ မြင့်မိုရ်နှင့် ထက်မြက်ချိုတို့ သုံးယောက်သား စားပွဲပေါ်လက်တင်၍ ခေါင်းချင်းဆိုင် စဥ်းစားနေကြပါသည် ။
မောင်၏ ဖြစ်စဥ်များက လောင်းရိပ်၏.စိတ်ကို မတင်မကျ ဖြစ်နေသဖြင့် မြင့်မိုရ်နှင့် ထက်မြက်ချိုအား ခေါ်တာ တိုင်ပင်ရခြင်းဖြစ်သည် ။ မိုးရွာသည့် ညက မောင်ဖြစ်သွားသည့် ပုံစံကား သာမန်လူတစ်ယောက်လို မဟုတ်ပေ ။
ထို့အပြင် ကြားထဲရှိ လက္ခဏာများ(အိပ်မ​ပျော်တာ ၊ မှိုင်နေတတ်တာ ၊ အစားနည်းတာ ၊ ဝမ်းနည်းတာတောင် ဖော်မပြဘဲနေတာ )ကလည်း တစ်ချက်တစ်ချက် သတိထားမိစေ၍ မောင့်အကြောင်း ဆွေးနွေးမှသာ ဖြစ်ပေတော့မည် ။

မြင့်မိုရ်ကတော့ စားပွဲပေါ် ခေါင်းစိုက်ကာ ငိုက်နေသဖြင့် လောင်းရိပ်၏ အမေးစကားကို မဖြေနိုင်သေး.... ။

"ဟေ့ကောင် "

ငိုက်နေသော မြင့်မိုရ်၏ ခေါင်းအား လောင်းရိပ်က ချထည့်လိုက်မှ ပြူးပြူးပျာပျာဖြင့် နိုးလာပါ၏ ။

"ဘာလဲကွာ...ညက တစ်ညလုံး လူနာတွေ လာနေတာ မအိပ်ရသေးဘူး မနက်ရောက်တော့လည်း ပြန်မလို့ ရှိသေး မင်းပဲ ဇွတ်ရောအတင်းရော ဆွဲထားပြီးတော့.....ငါ အိပ်ချင်နေတယ်ကွ "

"မြန်မြန်အိပ်ချင်ရင် မြန်မြန် ကူစဥ်းစားပေးလေ "

" ပြော ပြော..ခုဏန ဘာမေးလိုက်တာလဲ "

"ငါ ဒီမှာ မရှိတဲ့ ၃နှစ်အတွင်း မောင်ဘယ်လိုနေခဲ့လဲ...မင်းသိသမျှ အကုန်ပြောပြ "

"အင်း............... မောင်က ပိန်သွားတယ် ၊ စကားလည်း နည်းသွားတယ် ၊ ငါ့ကို တွေ့ရင် နှုတ်ဆက်တဲ့ အပြုံးကိုတောင် ငါ သဘောမကျဘူး ၊ ​ေနသော်တာရောက်လာတော့ နည်းနည်းလေး တက်တက်ကြွကြွ ပြန်ရှိလာသလိုလို နဲ့... မဟုတ်ဘူး...ဒီအတိုင်းပဲ ၊ အနှစ်ချုပ်ကတော့ ရေခဲလူသားဖြစ်သွားတာပဲ ၊ အေးတိအေးစက် နဲ့ ပြောသမျှ ခေါင်းငြိမ့်တယ် ခိုင်းသမျှ မငြီးငြူဘူး ၊ ဘာဆိုဘာမှ အထွန့်မတက်ဘူး ၊ လိုတာထက် ပိုမပြောဘူး.. ဒါပဲ "

"အဲ့ဒီ ပြန်ပေးဆွဲခံရပြီး နောက်ပိုင်း မောင်က စိတ်ပိုင်းဆိုင်ရာ ဆေးကုသမှုကော ခံယူခဲ့သေးလား "

"ဟင့်အင်း...မင်းလည်း သိမှာပါ ဆေးရုံ ၃ရက်လောက်ပဲ တက်လိုက်ရတာလေ...အာ...ဟို လဲ့ရည်ထက် ဆိုတဲ့ nurse ကတော့ စိတ်ကျန်းမာရေးတွေဘာတွေ စစ်သံကြားလိုက်သေးတယ်... မောင်ကတော့ ဘာမှကို မစစ်ဘူး "

"အဲ့ဒီနောက်ပိုင်း ဘာကုသမှုမှ မရှိတော့တာလား "

"အင်း.....သူဖျားရင် ငါ့ဆီ ဆေးလာတောင်းတယ် ၊ နဖူးက သူ့အမေ သနပ်ခါးတုံးနဲ့ ပစ်လိုက်လို့ ဒဏ်ရာ ရတုန်းကတောင် ဆေးရုံ လုံးဝမတက်ဘူး အိမ်မှာပဲ ၂ရက်လောက်ပဲ နားပြီး အလုပ်ပြန်လုပ်တာ....သူကတော့ အဆင်ပြေပါတယ် အဆင်ပြေပါတယ်ချည်း.ပြောနေတော့ ငါကို ဘာမှ ပြောမရလိုက်ဘူး တော်တော်လေးကို ပေပေတေတေနေတတ်တာ၊ သန်မာချင်ယောင်ဆောင်တာလည်း ပါတာပေါ့လေ "

"ဘာ "

လောင်းရိပ် မယုံနိုင်လွန်း၍ စကားပင် ဆက်မပြောနိုင်တော့ပေ ။
ဆံပင်ကြားထဲသို့ လက်ချောင်းများဖြင့် ထိုးဖွလိုက်ရင်း ရင်ပူနေရပါသည် ။
မောင့်စိတ်က လုံးဝ ပုံမှန်မဟုတ်နိုင်မှန်း သူရိပ်မိသည် ။ အတိတ်မှာ.ပင်ပန်းခဲ့မယ်ဆိုတာလည်း သိသည် ။ ဒါပေမယ့် ကြားလိုက်ရတဲ့ အရာတွေက သူ့အတွက် တုန်လှုပ်စရာတွေချည်းသာ ။
ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တဲ့ မေ ပျောက်ပြီး.သေဆုံးမှု ၊ မေရဲ့ စိတ်ကြောင့် ၂လသာ ခြားပြီး ဆုံးသွားတဲ့ မောင့်ဖေဖေ ။
မောင်ချစ်ရတဲ့ သူတွေ ဆုံးရှုံးလိုက်တာကို ပုံမှန်လို အဆင်ပြေချင်ယောင်ဆောင်ပြီး မောင် နေခဲ့တာပဲ ။
မောင်ကလည်း ပြောပြမှာ မဟုတ်သလို မောင့်စကားတွေကို နားထောင်ပေးမယ့်သူလည်း ရှိခဲ့မည် မဟုတ် ။
ဒီလောက်ထိ ပင်ပန်းခဲ့ရတဲ့ မောင်​က အခုမှ အသက် ၁၉ နှစ်တဲ့လား ။
လောကဓံဆိုတာ အများကြီး မကြုံတွေ့ခဲ့ဖူးသေးတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပေါ့ပေါ့ပါးပါး နေရမယ့် လူငယ်ဘဝ... ။ လူတိုင်းရဲ့ ချစ်ခင်နှစ်သက်မှု ....။
ဒါတွေကို မောင် မရခဲ့ဘူး ။
သူခံစားနေတဲ့ စိတ်ဒဏ်ရာတွေကို မြင်မှာစိုးလို့ မျက်ဝန်းလေးတွေကိုတောင် ဖုံးအုပ်ထားခဲ့တာ ။ သူ တကယ် အဆင်မပြေပေမယ့် အဆင်ပြေ​ေနကြောင်း ပြောပြချင်ခဲ့တာ ။
အထီးကျန်ပြီး အချစ်ခံချင်နေတဲ့ ကြောက်ရွံ့နေတဲ့ လူငယ်တစ်ယောက်အဖြစ် မောင် တည်ရှိနေခဲ့ရတာ ။

တွေးလေ တွေးလေ.....လောင်းရိပ်​​ ယူကျုံးမရနိုင်လေ ဖြစ်နေပါ၏ ။ သူကိုယ်တိုင်ကပါ မောင့်အပေါ်ကို ရင့်ရင့်သီးသီး ပစ်ထားခဲ့မိတာ ။
မောင့်စကားတိုင်းကို နားမထောင်ခဲ့မိတာ....
မောင့်ကို စိတ်ဒဏ်ရာတွေ ထပ်ပေးမိခဲ့တာ....

"ငါ အရမ်းမှားခဲ့တယ်..... မောင့်ကို တစ်ခါမှ မစဥ်းစားပေးခဲ့ဖူးတာ....ငါမှားခဲ့တာ....
... ငါ့ရင်ထဲမှာတောင် ဓားနဲ့မွှန်းနေသလို ခံစားနေရတာ....မောင်သာဆိုရင်....."

လောင်းရိပ်၏ စကားသံတို့က အဖျားခတ် တုန်ယင်နေသလို မျက်ရည်များလည်း မျက်ဝန်းမှ တားဆီး၍ မရနိုင် ။
ချစ်ရသူ နာကျင်နေတာကို လျစ်လျူရှုထားမိခဲ့တဲ့ အပြစ်တင်တဲ့ စိတ်က လောင်းရိပ်ကို ကြီးစိုးနေပါ၏ ။

"ရိပ်.... မောင့်ကို ပိုဂရုစိုက်လိုက်ပါ...သူ့ဘဝမှာ လုံလုံခြုံခြုံ နေနိုင်တဲ့ သူပြိုလဲတိုင်း ဖေးမပေးမယ့်သူ ရှိတယ်ဆိုတာ မောင်သိအောင် နင်က ကြိုးစားလိုက်ပေါ့ဟာ "

"ဟုတ်တယ်.....လောင်းရိပ် ၊ မောင်​က မင်းကို အရမ်းချစ်တာ ၊ မောင်က အချစ်ခံရတဲ့ ကောင်လေးတစ်ယောက်ဆိုတာကို မင်းက သက်သေပြပေးသင့်တာလေ "

"ငါ မောင့်ကို ပိုဂရုစိုက်မှာပါ "

ချစ်ခြင်းမေတ္တာဆိုတာလည်း စိတ်လုံခြုံနိုင်ခြင်းတွေပါဝင်မှ အသက်ဝင်တာမျိုးမဟုတ်လား  ။
ပြိုကျလို့ရမယ့် ငိုချလို့ရမယ့် စိတ်လုံခြုံမှုပေးတဲ့ရပ်ဝန်းလေးအဖြစ် ကိုယ် ရှိနေပေးမှာပါ....မောင် ။

ချစ်ပါတယ်မောင်...။ ဒီထပ် ပိုချစ်ပါ့မယ် ။ မောင် ထပ်ပြီး စိတ် မပင်ပန်းရတော့ပါဘူး ။ ကိုယ်တကယ် မောင်ယုံလာအောင် သက်သေပြမှာပါ ။

.....

"မောင်ရေ.....မောင်လေးရေ....
မောင်လေးရေ.... ထပါတော့.... စစ်စတာကြီး လာတော့ပေါ့ "

"ဟမ်.... "

စာရွက်ပုံကြား အညောင်းအညာပြေစေရန်  ကျောခဏ ခင်းနေသော မောင်အား သော်တာက သီချင်းဆို၍ သတိပေးလိုက်ပါသဖြင့် ထထိုင်လိုက်ပည၏ ။
အဝေးတစ်နေရာက လှုပ်လှုပ်နဲ့ ရွေ့လာသော ခပ်ဝဝအမျိုးသမီးကြီးက မောင်တို့ရှိရာ အခန်းကို ဦးတည် လာနေသည်လေ ။ ထိုသူကတော့ စစ်စတာကြီးပဲပေါ့ ။

"ဟိုမှာ လာနေပြီ အစိမ်းဝမ်းဆက်ကြီးနဲ့ သခွားသီးကြီး "

"ကြားသွားရင် စိတ်ဆိုးခံနေရဦးမယ်နော် သော်တာ "

"မကြားအောင် ပြောရတာပေါ့အေ့ "

ထိုစစ်စတာကြီးက ဦးတည်ရာ ပြောင်းကာ ward ထဲသို့ ဝင်သွားသဖြင့် သော်တာမှာ ပျော်မဆုံး ။

"အမလေး ပျော်လိုက်တာ.....မဟုတ်ရင် သူစကားပေါတာနဲ့ ငါတို့ ရုံးဆင်းချိန် ဆင်းရမှာ မဟုတ်ဘူး "

"ရုံးဆင်းချိန် ရောက်ပြီလား "

"၅မိနစ်ပဲ လိုတော့တယ်လေ ၊ အာ့ကြောင့် သိမ်းစရာရှိတာလေး သိမ်းပြီး ထိုင်စောင့်နေတာ "

ပြောတဲ့အတိုင်း သော်တာက သူမ ယူလာနေကြ လွယ်အိတ်ကလေးကို ပိုက်ကာ ငုတ်တုတ်ကလေး ထိုင်နေတာပင် ။

"ဪ ဒါနဲ့လေ... မောင်....ငါ့ကို တစ်ခု ကူညီပါ့လားဟင် "

"ဘာကူပေးရမှာလဲ "

"အာဆီယံနိုင်ငံတွေရဲ့ နိုင်ငံအတွင်း suicide လုပ်တဲ့ percentage လေး ရှာပေးပါလားဟင် ငါ စာရေးတဲ့အထဲ ထည့်ရေးချင်လို့ "

စာရေးရတာ ဝါသနာပါပေမယ့် ဘာသာပြန်ရသည်ကို ပျင်းသည့် သော်တာကတော့ မောင့်ကို ထပ်အပူကပ်ပြန်ပါပြီ ။

"ရှာပေးလို့က ရပါတယ် ဒါပေမယ့် ကိုယ့်ဘာသာကိုယ်ရှာတာက ပိုပြီး.စိတ်ကျေနပ်မယ်ထင်တယ် "

"English လိုကြီးတွေလေ ဘာသာပြန်ရမှာ ပျင်းတယ် နင်တစ်ခါတည်း.ဘာသာ​ပါ ပြန်ပေးလိုက်နော် ဟီးဟီး "

"ဟုတ်ပါပြီ.... ငါက ဦးရိပ်ဆီ သွားမှာ နင်က အိမ်ပြန်မှာမလား "

"အင်း  ....."

သို့နှင့်...အခန်းတံခါးများ ပိတ်ပြီး မောင်က လောင်းရိပ်ရှိသည့် female ward ထဲသို့ ဝင်ခဲ့သလို သော်တာလည်း အိမ်ပြန်သွားလေသည် ။
.....

"မောင်ပါလား...ရိပ်ကို လာရှာတာ ထင်တယ် "

"ဟုတ်တယ် မမထက်မြက်"

"ရိပ်က OT ဝင်နေရတာ မောင်ရဲ့ ".

OT (ခွဲစိတ်ခန်းပါ......overtime ကို ပြောတာမဟုတ်ပါဘူးနော်) ထဲမှ ထွက်လာသော ထက်မြက်ချိုက လောင်းရိပ် ot ထဲမှာပဲ ရှိကြောင်း ပြောတော့ တကယ် ရှိပေလိမ့်မည် ။

"ဟုတ်...ဒါဆို ကျွန်တော် အရင်ပြန်နှင့်မယ်လို့ ဦးရိပ်ကို ပြောပေးလို့ ရမလားဗျ "

"ဟုတ်ပါပြီကွာ...ပြောပေးပါ့မယ် ၊ မောင်က အိမ်က ထမင်းပွဲနဲ့ စောင့်နေမယ်လို့ ပိုပြောပေးလိုက်ရဦးမလား "

ထက်မြက်ချိုက ပြုံးပြုံးလေဖြင့် ကျီစယ်သော စကားတို့ ဆိုတော့ မောင်ပါ အလိုက်သင့် နှုတ်ခမ်းဖူးဖူးတို့ တွန့်ကွေးရုံ ပြုံးပြလိုက်ပါသည် ။

"အဲ့လို ပြောပေးရင်တော့ ပိုကျေးဇူးတင်တယ်ပေါ့ဗျာ "

"ဟုတ်ပါပြီ စကားတတ်လေးရယ်....ရိပ်ကိုသေချာပြောပြလိုက်ပါ့မယ်နော"

"ဟုတ်ကဲ့ဗျ ကျွန်တော် သွားလိုက်ပါဦးမယ်ဗျ "

ထက်မြက်ချို လှည့်ထွက်သွားသော မောင်၏ နောက်ကျောပြင် သေးသေးလေးကို ကြည့်နေလိုက်သည် ။

ကလေးလေးပဲ.... ကလေးလေး အတိုင်းပဲ ။ ပုခုံးသေးသေးလေးပေါ်မှာ ထမ်းထားရတဲ့ ဝန်တွေကတော့ အရွယ်လေးနဲ့ မမျှ...။

......

ညစာအတွက် ကန်စွန်းရွက်ကြော် နှင့် မနက်က ချက်ခဲ့တဲ့ ကြက်သားငရုပ်သီးချက်သာ ရှိသည် ။ သို့ပေမယ့် အစားဂျီးမများသော လောင်းရိပ် နှင့် မောင့်အဖို့ လုံလောက်ပါပြီလေ ။

ဟင်းချက်ပြီးသည်နှင့် ခဏနားကာ ရေချိုးလိုက်ပါသည် ။
ရေချိုးခန်းမှ ထွက်လာလာချင်း.သတိရလိုက်သည်က...

"သော်တာ ရှာခိုင်းထားတာ ရှာဦးမှပါ "

ခုကတည်းက ရှာ၍မထားလျှင် ညဘက် ဖုန်းထဲမှာ.ရစ်မည် ၊ မနက်ရုံးတက်ရင်လည်း အသံစာစာလေးဖြင့် ပွစိပွစိ လုပ်ဦးမည် ။
ဧည့်ခန်းထဲတွင် ထိုင်ကာ ရေမပြောင်သေးသော ဆံပင်ကို တဘတ်ဖြင့် သုတ်လျှက် ဖုန်းကို ကိုင်ကာ Goggle ထဲသို့ ဝင်လိုက်ပြီး suicide ဟူသော စကားလုံးလေး ရိုက်ရုံသာ ရှိသေးသည် ။ လောင်းရိပ် ဧည့်ခန်းထဲသို့ ဝင်လာပါ၏ ။

"ဦးရိပ် ပြန်လာတာ ကားသံလည်း မကြားပါလား "

"ကိုယ် ခေါင်းမူးနေလို့.....ကားမမောင်းချင်တာနဲ့ မြင့်မိုရ်ကို လာခေါ်ခိုင်းလိုက်တာ "

ပြောလည်း ပြော...အိတ်ကို စားပွဲပေါ်ကို တင်ပြီး..ထိုင်ခုံပေါ်သို့ ခန္ဓာကိုယ်ကို ပစ်လှဲချလိုက်သည် ။

"တော်တော်မူးနေတာလား...မောင် သံပုရာရည် ဖျော်ပေးမယ်နော် ခဏစောင့် "

မောင်က လက်ထဲရှိ ဖုန်းလေးအား ချကာ မီးဖိုခန်းသို့ ဝင်သွားလေသည် ။
စားပွဲပေါ်တွင် Screen ပွင့်နေသော ဖုန်းအား.လောင်းရိပ် ဘာရယ်မဟုတ် လှဲလျက် အနေအထားဖြင့် ကြည့်ကြည့်လိုက်မိ၏ ။

S U I C I D E!!

လှဲနေရာမှဝုန်းကနဲ ထထိုင်မိသည်အထိ အံ့သြသွားပါသည် ။
ထို့နောက် ထက်မြက်ချိုနှင့် ပြောခဲ့သော စကားများကိုလည်း ပြန်ကြားယောင်လာမိသလို.... ။

"ရိပ်...မောင်​က အိမ်အရင်ပြန်ပြီး ထမင်းပွဲလေးနဲ့ စောင့်နေမယ်တဲ့နော "

"Ok ငါလည်း အခု ပြန်တော့မှာ "

"အေးပါဟယ်... ငါတော့ အလုပ်ရှုပ်နေလို့ ဘယ်ချိန်မှ ပြန်ရဦးမလဲ မသိဘူး "

"နင်တို့ male ward ထဲမှာ လူတွေရှုပ်နေတာပဲ ဘာ case လဲ "

"Suicide လေ ကြိုးဆွဲချသတဲ့ အချိန်မှီသိပြီး ခေါ်လာတာ၊ သတိလစ်နေတုန်းပဲ၊ ကောင်လေးက ငယ်ငယ်ပဲ ရှိပါသေးတယ်ဟာ "

"ခုခေတ်ကလေးတွေကတော့ မနိုင်ဘူးဟေ့ "

"ဪ ဒါနဲ့လေ depression သမားတွေက suicide လုပ်နိုင်ခြေပိုမြင့်တယ်ဆိုတာ သိတယ်မလား...  မောင့်ကို သေချာဂရုစိုက်နော် ရိပ် "

".... "

တွေဝေခြင်း ၊ စိုးရိမ်ခြင်းများက လောင်းရိပ်စိတ်ထဲ ပိုပိုတိုးလာသလိုပင် ။

...
ထိုကတည်းက ပူနေရတဲ့ရင်ဘတ် အခု မီးပြင်းဖိုထဲ ရောက်သွားသလိုပါပဲ ။
ဘာလို့ ဒါကို ရှာနေရတာလဲ ။ မဟုတ်မှလွဲ.... ဖိအားတွေ များလွန်းလို့ မခံစားနိုင်တော့လို့ တစ်ခုခုလုပ်ဖို့ တွေးနေတာများလား....။

"ဒီမှာ သံပုရာရည် ရပြီ ဦးရိပ်"

စားပွဲပေါ်သို့ သံပုရာရည် ဖျော်ထားသော ဖန်ခွက်လေးကို ချလိုက်ပြီးချိန်မှာပဲ မောင်၏ လက်ကောက်ဝတ်အား အဆွဲခံလိုက်ရသည် ။
အားပါပါဖြင့် ဆွဲလိုက်သောကြောင့် မောင် ကျသွားသည်က လောင်းရိပ်၏ ရင်ခွင်ထဲသို့... ။
လောင်းရိပ်က မောင့်အနောက်မှ နေ၍ မောင်၏ ပုခုံးပေါ်သို့ မေးစေ့အား တင်ထားသလို ခါးကိုလည်း ဖက်ထားပြီး မျက်လုံးကို မှိတ်ထားလေသည် ။
ရင်ခွင်ထဲက ကောင်လေးကတော့ ငြိမ်သက်လျှက် ။

"ခဏလောက်ပဲ မှေးမှာပါ ဘယ်မှ သွားဖို့ မပြင်နဲ့နော် "

"ဟုတ်..."

ဖြစ်နိုင်လျှင် မောင့်ကို မျက်စိရှေ့မှာတောင် စိတ်မချနိုင် ဖြစ်နေမိသည် ။ မောင်သာ တစ်ခုခုဖြစ်လျှင် လောင်းရိပ် ရင်ကျိုးရလိမ့်မည် ။
စိုးရိမ်စိတ်နှင့် အတူ နှလုံးခုန်နှုန်းကလည်း မူမမှန်ချင်တော့... ။ မောင်၏ ခါးလေးကိုသာ တိုး၍ တိုး၍ ဖက်တွယ်ထားမိသည် ။

"ဦးရိပ်"

"ဗျ..."

"နေမကောင်းဘူးဆိုရင် ဆေးသောက်ပါလားဟင် "

"မောင်က ကိုယ့်ရဲ့ ဆေးလေးလေ "

"...."

"ဘာလို့ ငြိမ်သွားတာလဲ "

"ဘာပြန်ပြောရမှန်း မသိလို့ "

ရိုးရိုးသားသားဖြင့် ဖြေလိုက်သည့် မောင့်ရဲ့ စကားသံတို့ကလည်း ချိုမြစွာ ပွင့်ဟလာပါ၏ ။

"မောင်....."

"ဗျာ...ဦးရိပ် ဘာဖြစ်လို့လဲ ဘာခိုင်းစရာ ရှိလို့လဲ "

အမြဲစိုးရိမ်တတ်တဲ့ ကောင်လေးက အခုလည်း စိုးရိမ်ရေမှတ်ရောက်နေတဲ့ အသံလေးနဲ့ ဖြေနေတာပါပဲ ။

"မဟုတ်ရပါဘူး မောင်ရယ်...ကိုယ်ပြောချင်တာက... မောင်...ခုတလော ကိုယ်နဲ့ နေရတာ အဆင်ပြေလား သိချင်လို့ပါ "

"ပြေပါတယ်...ဦးရိပ်က အဆင်မပြေလို့လားဟင် "

"ကိုယ်က အဆင်မပြေစရာ အကြောင်း.ဘာရှိလို့လဲ၊ အရမ်းစိုးရိမ်တတ်တာပဲကွာ...ဒီကလေးလေးကတော့... လွတ်လွတ်လပ်လပ်လေး နေကြည့်ပါဦး "

မောင်၏ ဂုတ်ကို ဖွဖွလေး နမ်းလိုက်တော့ မောင့်ခန္ဓာကိုယ်လေး တစ်ချက်တော့ တုန်ခနဲ ဖြစ်သွားသည် ။
မိုးရွာသည့် ညက ပုံရိပ်တို့က မောင့်ဦးနှောက်ထဲ ဖြတ်ပြေးသွားသဖြင့် အရဲစွန့်ကာ မေးကြည့်လိုက်ဦးမည် ။

"ဦးရိပ်... "

"ဗျ...."

"ဟိုလေ...မိုးတွေရွာတဲ့ ညတုန်းကလေ... ဦးရိပ် မောင့်ကို ဖက်ထားသေးသလားလို့...မောင် သတိရသလိုလို ဖြစ်နေလို့လေ....ဟို...မေး...မေးကြည့်တာပါ "

"ဟုတ်ပါ့ဗျာ...ဒီက ကလေးလေးကို သီချင်းတောင် ဆိုသိပ်လိုက်ရသေးတယ် မမှတ်မိသေးဘူးလား "

"နည်းနည်း... နည်းနည်းစီပဲ....သေသေချာချာတော့ တစ်ခုမှ မသိသေးဘူးဗျ "

"ဒါဆို  ကိုယ်ပြောခဲ့တဲ့ စကားတွေကိုလည်း မေ့နေတာပေါ့လေ "

"ဟု..ဟုတ်တယ်...ဦးရိပ် စိတ်ဆိုးနေပြီလားဟင် "

"ဒီကလေးလေးကတော့.... ကိုယ်က မောင့်ကို ဘယ်တော့စိတ်ဆိုးမှာ မဟုတ်ဘူးဆိုတာ သေသေချာချာမှတ်ခိုင်းထားမှ ဖြစ်တော့မယ် ထင်တယ် "

မောင့်ဂုတ်သားလေးပေါ်သို့ လောင်းရိပ်၏ နှုတ်ခမ်းတို့ ​ပြေးလွှားလိုက်တော့ ယား၍ ထင်သည် ။ တစ်ချက်တစ်ချက် တွန့်ကနဲ...။
ခေါင်းပေါ်ရှိ ဆံပင်တို့မှ ရှန်ပူနံ့ သင်းသင်းလေးက လောင်းရိပ်ကို ခေါင်းကြည်စေ၍ လောင်းရိပ်၏ နှာတံက မောင်၏ ဂုတ်အစပ်ရှိ ဆံပင်တိုတို​လေးတွေနားသို့ တစ်ချက်တစ်ချက် ရောက်သွားတတ်သေးသည် ။

"ယား...ယားတယ် ဦးရိပ် "

"က​ိုယ်ကပဲ မှတ်မိနေပြီး မောင်​က မေ့နေလို့ အပြစ်ပေးတာလေ "

"ဗျာ..."

"စိတ်တော့ မဆိုးပါဘူး ဒါပေမယ့် အပြစ်တော့ ပေးမှာ... နောက်ဆို ဒီထပ် ပိုဆိုးမှာနော် "

"မောင် မှတ်မိအောင် ကြိုးစားပါ့မယ် "

"မကြိုးစားလို့ မရဘူးလား...ကိုယ်က မောင့်ကို အပြစ်ပေးချင်တာ ...ဒါကြောင့် မောင်က အရမ်းကြီး မကြိုးစားနဲ့နော်..နော် "

"ဒါ...ဒါက ဦးရိပ်....လူလည်ကျတာ မဟုတ်ဘူးလား "

"ဟုတ်တယ်လေ..."

"ဗျာ"

ပွင့်လင်းလှတဲ့ လောင်းရိပ်နှင့် မပွင့်တပွင့် ပြောတတ်တဲ့ မောင်တို့ကတော့ လိုက်ဖက်စွာ ဆက်လက်ရှိနေလိမ်ဦးမည်မှာ အသေချာပါပင် ။

....

"မောင်ရေ...ဘယ်မှာလဲ "

ရေချိုးပြီးသဖြင့် နောက်ကျိနေသည့် ခေါင်းက အနည်းငယ် ပြေလျော့သွားပေမယ့် မောင့်ကိုတော့ ခုထိ စိတ်မချနိုင်သေးပါလေ ။
တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်လွန်နေမိပါ၏ ။

"မီးဖိုထဲမှာ ဦးရိပ်၊ ထမင်းပွဲ ပြင်နေတာ "

အိမ်နေရင်းဝတ် တထွန်အကျီလက်တို​လေးနှင့် ဘောင်းဘီတိုလေးက မောင်၏ ဖြူဝင်းနေသည့် အသားအရေကို တမင်ပင် လှစ်ဟပ်ပြသနေသလိုလို...ခါးမှာဝတ်ထားသည့် အေပရွန်လေးကလည်း လိုက်ဖက်နေပါ၏ ။
လောင်းရိပ်၏ အပူတပျင်း ခေါ်လိုက်သည့် အသံကြောင့် မီးဖိုထဲမှ ပြေးလာပုံရသည် ။ အမောသောကော...။

"ဦးရိပ် ဘာလို့လဲ ခေါင်းတအား မူးနေလို့လား ၊ မောင် တွဲပေးရမလား "

"ကိုယ်က ဘာမှ မဖြစ်ပါဘူး.. ၊ မောင့်ကို မတွေ့လို့ ခေါ်လိုက်တာပါ "

"သြော...လန့်သွားတာပဲဗျာ...ထမင်းစားရအောင်လေ ဦးရိပ် ဗိုက်ဆာနေပြီမလား "

"အင်း...ဆာနေပြီ "

လောင်းရိပ် အရမ်း ဗိုက်ဆာနေသည်ကို ပို၍ သိသာစေရန် ဗိုက်ကို ပွတ်ပြလျက် မျက်နှာကို ရှုံ့ပြသည် ။

"သွားစားရအောင်လေ...ဒီနေ့ ဦးရိပ်အကြိုက် ကန်စွန်းရွက် နဲ့ ပဲချိုနဲ့ ကြော်ထားတယ် "

အခန်းထဲမှ လှည့်ထွက်ဖို့ ပြင်နေသည့် မောင်ကို ခါးမှ ဆွဲလိုက်ကာ...
အနီးနားရှိ နံရံသို့ မောင့်ကိုယ်လုံးလေးအား ကပ်လိုက်ပြီး မောင့်မျက်နှာနားသို့ လောင်းရိပ်၏ မျက်နှာကို တိုးကပ်လျက်...မတိုးမကျယ်သော လေသံလေးဖြင့်...

"ကိုယ်က မောင့်ကို စားချင်တယ်ဆိုရင်ကော.."

"ဗျာ..."

လောင်းရိပ်၏ နှုတ်ခမ်းက မောင်၏ ပါးပြင်ပေါ်သို့ ကျရောက်လာသည် ။
ထို့နောက် နှုတ်ခမ်းပေါ်သို့...။
မျက်ဝန်းအစုံအား ပိတ်ကာ လောင်းရိပ်၏.ကျူးကျော်လာသော အနမ်းတို့ကို ခံယူနေမိသည် ။
ရေချိုးပြီးခါစ ဖြစ်၍ ဆပ်ပြာအနံ့သင်းသင်းက မောင့်နှာခေါင်းထဲသို့ တိုးဝင်နေသလို လောင်းရိပ်၏ နှုတ်ခမ်းတို့က သွားတိုက်ဆေးအရသာပါ ရောယှက်လျက်...။
မည်မျှကြာအောင် နမ်းနေမိသည်မသိ ။ မွတ်သိပ်သော အနမ်းတို့ကြောင့် မောဟိုက်လာရသည်အထိပါလေ ။
အသက်ဝဝရှူနိုင်ရန်အတွက် နှုတ်ခမ်းတို့ကို ခေတ္တမျှ ခွာလိုက်ပြီး.လောင်းရိပ်၏ လေပြေအသံလေးက မောင့်နားထပ်စပ်ရှိ ဆံပင်တို့ကို လှုပ်ယမ်းသွားစေသည် ။
ပြောလိုက်တာက...

" ချောကလတ်တွေ ခိုးစားပြန်ပြီလား မောင်..."
.......

(A/N: စိတ်ကျရောဂါဆိုတာက တောက်လျှောက်ဝမ်းနည်းမှုတွေကို ခံစားနေရပြီး ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုလျော့နည်းသွားသော စိတ်ရောဂါတစ်မျိုးပါ။

စိတ်ကျရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

အာရုံမစူးစိုက်နိုင်ခြင်း

ဝမ်းနည်းနေခြင်း ကြေကွဲနေခြင်း

အနာဂတ်သည် ဘယ်လိုမှ ကောင်းမွန်တော့မည်မဟုတ်ဟုခံစားနေရခြင်း

စိတ်တိုစိတ်ဆက်ခြင်း(သို့)ဂနာမငြိမ်ခြင်း

လိင်ကိစ္စအားစိတ်ဝင်စားမှုလျော့သွားခြင်း

ပြင်းထန်သောစိတ်ဓါတ်ကျမှုများတွင် မိမိကိုယ်ကိုအဆုံး စီရင်မည့်အတွေးများတွေးမိနေခြင်း စသည်ဖြင့်ပေါ့ဗျာ
တချို့က ပုံမှန်ထပ် ပိုအိပ်နေတတ်သလို တချို့က အအိပ်အနေ နည်းပါတယ် ။

မောင်ဖြစ်နေတာကလည်း အဲ့လိုပုံစံမျိုးပဲပေါ့.

စိတ်ကျရောဂါ ဖြစ်တတ်တာက
မျိုးရိုးဗီဇ-စိတ်ကျရောဂါမျိုးရိုးရှိသူများတွင် ရောဂါမျိုးရိုးမရှိသူများထက်ပိုမိုဖြစ်ပွားတတ်သည်။

ဦးနှောက်ဓါတုဗေဒအခြေအနေ – စိတ်ကျရောဂါသည်များသည်ရောဂါမရှိသူများနှင့် ကွဲပြားသော ဦးနှောက်ဓါတုဗေဒအခြေအနေများရှိကြသည်။

စိတ်ဖိစီးမှု-ချစ်ခင်ရသောသူတစ်ဦးအားဆုံးရှံူးလိုက်ရခြင်း၊အချစ်ရေးအဆင်မပြေခြင်း...
စတာတွေပါပဲ ။
မောင်က နောက်ဆုံးအချက်ပေါ့ဗျာ
ကြီးကြီးမားမား ကြုံတွေခဲ့ရတဲ့ မောင့်အဖို့ စိတ်ပိုင်းဆိုင်ရာ ကုသမှု လိုအပ်တယ်လို့ ကိုယ် ထင်လိုက်မိလို့ ရေးလိုက်တာပါ
လွဲနေတာရှိရင် လာပြောလို့ရပါတယ်ဗျ ။

အဆုံးစီရင်တော့မယ်လို့ သံသယဖြစ်နေမိရင် ဘေးနားကို လူတစ်ယောက်အမြဲထားထားရပါတယ်
ဒါကြောင့် လောင်းရိပ်က အပျောက်မခံဖြစ်နေတာပါ
ကုသတဲ့ ဆေးဝါးတွေတော့ ပြောတော့ဘူးနော်..😁 အများကြီးပဲ.ကိုယ်လည်း နားမလည်လို့.အဟဲ
ပိုပြီးသိချင်ရင် goggle ထဲမှာ စိတ်ကျရောဂါအကြောင်းဆိုပြီး ရှာလို့ရပါတယ်ဗျ ...
**ကိုယ်လည်း goggle ထဲကနေ ကူးယူဖော်ပြထားခြင်းပါ**) 

******************************
Zawgyi

"နင္ေျပာတဲ့ အတိုင္းဆို ေမာင္မွာ depression ရွိေနတဲ့ ပုံပဲ "

"ဟုတ္တယ္....ငါလည္း အဲ့လိုထင္တာပဲ ...မင္းက ၃ ႏွစ္လုံးလုံး ေမာင့္ကို ျမင္ေတြ႕ေနတာ ဆိုေတာ့ ေမာင့္အေျခအေနေလး သိသေလာက္ေျပာျပ "

လက္ေထာက္ ဆရာဝန္မ်ား နားေနသည့္ အခန္းထဲတြင္ ေလာင္းရိပ္ ၊ ျမင့္မိုရ္ႏွင့္ ထက္ျမက္ခ်ိဳတို႔ သုံးေယာက္သား စားပြဲေပၚလက္တင္၍ ေခါင္းခ်င္းဆိုင္ စဥ္းစားေနၾကပါသည္ ။
ေမာင္၏ ျဖစ္စဥ္မ်ားက ေလာင္းရိပ္၏.စိတ္ကို မတင္မက် ျဖစ္ေနသျဖင့္ ျမင့္မိုရ္ႏွင့္ ထက္ျမက္ခ်ိဳအား ေခၚတာ တိုင္ပင္ရျခင္းျဖစ္သည္ ။ မိုး႐ြာသည့္ ညက ေမာင္ျဖစ္သြားသည့္ ပုံစံကား သာမန္လူတစ္ေယာက္လို မဟုတ္ေပ ။
ထို႔အျပင္ ၾကားထဲရွိ လကၡဏာမ်ား(အိပ္မ​ေပ်ာ္တာ ၊ မွိုင္ေနတတ္တာ ၊ အစားနည္းတာ ၊ ဝမ္းနည္းတာေတာင္ ေဖာ္မျပဘဲေနတာ )ကလည္း တစ္ခ်က္တစ္ခ်က္ သတိထားမိေစ၍ ေမာင့္အေၾကာင္း ေဆြးႏြေးမွသာ ျဖစ္ေပေတာ့မည္ ။

ျမင့္မိုရ္ကေတာ့ စားပြဲေပၚ ေခါင္းစိုက္ကာ ငိုက္ေနသျဖင့္ ေလာင္းရိပ္၏ အေမးစကားကို မေျဖနိုင္ေသး.... ။

"ေဟ့ေကာင္ "

ငိုက္ေနေသာ ျမင့္မိုရ္၏ ေခါင္းအား ေလာင္းရိပ္က ခ်ထည့္လိုက္မွ ျပဴးျပဴးပ်ာပ်ာျဖင့္ နိုးလာပါ၏ ။

"ဘာလဲကြာ...ညက တစ္ညလုံး လူနာေတြ လာေနတာ မအိပ္ရေသးဘူး မနက္ေရာက္ေတာ့လည္း ျပန္မလို႔ ရွိေသး မင္းပဲ ဇြတ္ေရာအတင္းေရာ ဆြဲထားၿပီးေတာ့.....ငါ အိပ္ခ်င္ေနတယ္ကြ "

"ျမန္ျမန္အိပ္ခ်င္ရင္ ျမန္ျမန္ ကူစဥ္းစားေပးေလ "

" ေျပာ ေျပာ..ခုဏန ဘာေမးလိုက္တာလဲ "

"ငါ ဒီမွာ မရွိတဲ့ ၃ႏွစ္အတြင္း ေမာင္ဘယ္လိုေနခဲ့လဲ...မင္းသိသမွ် အကုန္ေျပာျပ "

"အင္း............... ေမာင္က ပိန္သြားတယ္ ၊ စကားလည္း နည္းသြားတယ္ ၊ ငါ့ကို ေတြ႕ရင္ ႏႈတ္ဆက္တဲ့ အၿပဳံးကိုေတာင္ ငါ သေဘာမက်ဘဴး ၊ ​ေနေသာ္တာေရာက္လာေတာ့ နည္းနည္းေလး တက္တက္ႂကြႂကြ ျပန္ရွိလာသလိုလို နဲ႕... မဟုတ္ဘူး...ဒီအတိုင္းပဲ ၊ အႏွစ္ခ်ဳပ္ကေတာ့ ေရခဲလူသားျဖစ္သြားတာပဲ ၊ ေအးတိေအးစက္ နဲ႕ ေျပာသမွ် ေခါင္းၿငိမ့္တယ္ ခိုင္းသမွ် မၿငီးျငဴဘူး ၊ ဘာဆိုဘာမွ အထြန့္မတက္ဘူး ၊ လိုတာထက္ ပိုမေျပာဘူး.. ဒါပဲ "

"အဲ့ဒီ ျပန္ေပးဆြဲခံရၿပီး ေနာက္ပိုင္း ေမာင္က စိတ္ပိုင္းဆိုင္ရာ ေဆးကုသမႈေကာ ခံယူခဲ့ေသးလား "

"ဟင့္အင္း...မင္းလည္း သိမွာပါ ေဆး႐ုံ ၃ရက္ေလာက္ပဲ တက္လိုက္ရတာေလ...အာ...ဟို လဲ့ရည္ထက္ ဆိုတဲ့ nurse ကေတာ့ စိတ္က်န္းမာေရးေတြဘာေတြ စစ္သံၾကားလိုက္ေသးတယ္... ေမာင္ကေတာ့ ဘာမွကို မစစ္ဘူး "

"အဲ့ဒီေနာက္ပိုင္း ဘာကုသမႈမွ မရွိေတာ့တာလား "

"အင္း.....သူဖ်ားရင္ ငါ့ဆီ ေဆးလာေတာင္းတယ္ ၊ နဖူးက သူ႕အေမ သနပ္ခါးတုံးနဲ႕ ပစ္လိုက္လို႔ ဒဏ္ရာ ရတုန္းကေတာင္ ေဆး႐ုံ လုံးဝမတက္ဘူး အိမ္မွာပဲ ၂ရက္ေလာက္ပဲ နားၿပီး အလုပ္ျပန္လုပ္တာ....သူကေတာ့ အဆင္ေျပပါတယ္ အဆင္ေျပပါတယ္ခ်ည္း.ေျပာေနေတာ့ ငါကို ဘာမွ ေျပာမရလိုက္ဘူး ေတာ္ေတာ္ေလးကို ေပေပေတေတေနတတ္တာ၊ သန္မာခ်င္ေယာင္ေဆာင္တာလည္း ပါတာေပါ့ေလ "

"ဘာ "

ေလာင္းရိပ္ မယုံနိုင္လြန္း၍ စကားပင္ ဆက္မေျပာနိုင္ေတာ့ေပ ။
ဆံပင္ၾကားထဲသို႔ လက္ေခ်ာင္းမ်ားျဖင့္ ထိုးဖြလိုက္ရင္း ရင္ပူေနရပါသည္ ။
ေမာင့္စိတ္က လုံးဝ ပုံမွန္မဟုတ္နိုင္မွန္း သူရိပ္မိသည္ ။ အတိတ္မွာ.ပင္ပန္းခဲ့မယ္ဆိုတာလည္း သိသည္ ။ ဒါေပမယ့္ ၾကားလိုက္ရတဲ့ အရာေတြက သူ႕အတြက္ တုန္လႈပ္စရာေတြခ်ည္းသာ ။
ႀကီးမားတဲ့ ဆုံးရႈံးမႈ ျဖစ္တဲ့ ေမ ေပ်ာက္ၿပီး.ေသဆုံးမႈ ၊ ေမရဲ႕ စိတ္ေၾကာင့္ ၂လသာ ျခားၿပီး ဆုံးသြားတဲ့ ေမာင့္ေဖေဖ ။
ေမာင္ခ်စ္ရတဲ့ သူေတြ ဆုံးရႈံးလိုက္တာကို ပုံမွန္လို အဆင္ေျပခ်င္ေယာင္ေဆာင္ၿပီး ေမာင္ ေနခဲ့တာပဲ ။
ေမာင္ကလည္း ေျပာျပမွာ မဟုတ္သလို ေမာင့္စကားေတြကို နားေထာင္ေပးမယ့္သူလည္း ရွိခဲ့မည္ မဟုတ္ ။
ဒီေလာက္ထိ ပင္ပန္းခဲ့ရတဲ့ ေမာင္​က အခုမွ အသက္ ၁၉ ႏွစ္တဲ့လား ။
ေလာကဓံဆိုတာ အမ်ားႀကီး မႀကဳံေတြ႕ခဲ့ဖူးေသးတဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ ေပါ့ေပါ့ပါးပါး ေနရမယ့္ လူငယ္ဘဝ... ။ လူတိုင္းရဲ႕ ခ်စ္ခင္ႏွစ္သက္မႈ ....။
ဒါေတြကို ေမာင္ မရခဲ့ဘူး ။
သူခံစားေနတဲ့ စိတ္ဒဏ္ရာေတြကို ျမင္မွာစိုးလို႔ မ်က္ဝန္းေလးေတြကိုေတာင္ ဖုံးအုပ္ထားခဲ့တာ ။ သူ တကယ္ အဆင္မေျပေပမယ့္ အဆင္ေျပ​ေနေၾကာင္း ေျပာျပခ်င္ခဲ့တာ ။
အထီးက်န္ၿပီး အခ်စ္ခံခ်င္ေနတဲ့ ေၾကာက္႐ြံ႕ေနတဲ့ လူငယ္တစ္ေယာက္အျဖစ္ ေမာင္ တည္ရွိေနခဲ့ရတာ ။

ေတြးေလ ေတြးေလ.....ေလာင္းရိပ္​​ ယူက်ဳံးမရနိုင္ေလ ျဖစ္ေနပါ၏ ။ သူကိုယ္တိုင္ကပါ ေမာင့္အေပၚကို ရင့္ရင့္သီးသီး ပစ္ထားခဲ့မိတာ ။
ေမာင့္စကားတိုင္းကို နားမေထာင္ခဲ့မိတာ....
ေမာင့္ကို စိတ္ဒဏ္ရာေတြ ထပ္ေပးမိခဲ့တာ....

"ငါ အရမ္းမွားခဲ့တယ္..... ေမာင့္ကို တစ္ခါမွ မစဥ္းစားေပးခဲ့ဖူးတာ....ငါမွားခဲ့တာ....
... ငါ့ရင္ထဲမွာေတာင္ ဓားနဲ႕မႊန္းေနသလို ခံစားေနရတာ....ေမာင္သာဆိုရင္....."

ေလာင္းရိပ္၏ စကားသံတို႔က အဖ်ားခတ္ တုန္ယင္ေနသလို မ်က္ရည္မ်ားလည္း မ်က္ဝန္းမွ တားဆီး၍ မရနိုင္ ။
ခ်စ္ရသူ နာက်င္ေနတာကို လ်စ္လ်ဴရႈထားမိခဲ့တဲ့ အျပစ္တင္တဲ့ စိတ္က ေလာင္းရိပ္ကို ႀကီးစိုးေနပါ၏ ။

"ရိပ္.... ေမာင့္ကို ပိုဂ႐ုစိုက္လိုက္ပါ...သူ႕ဘဝမွာ လုံလုံၿခဳံၿခဳံ ေနနိုင္တဲ့ သူၿပိဳလဲတိုင္း ေဖးမေပးမယ့္သူ ရွိတယ္ဆိုတာ ေမာင္သိေအာင္ နင္က ႀကိဳးစားလိုက္ေပါ့ဟာ "

"ဟုတ္တယ္.....ေလာင္းရိပ္ ၊ ေမာင္​က မင္းကို အရမ္းခ်စ္တာ ၊ ေမာင္က အခ်စ္ခံရတဲ့ ေကာင္ေလးတစ္ေယာက္ဆိုတာကို မင္းက သက္ေသျပေပးသင့္တာေလ "

"ငါ ေမာင့္ကို ပိုဂ႐ုစိုက္မွာပါ "

ခ်စ္ျခင္းေမတၱာဆိုတာလည္း စိတ္လုံၿခဳံနိုင္ျခင္းေတြပါဝင္မွ အသက္ဝင္တာမ်ိဳးမဟုတ္လား  ။
ၿပိဳက်လိဳ႕ရမယ့္ ငိုခ်လိဳ႕ရမယ့္ စိတ္လုံၿခဳံမႈေပးတဲ့ရပ္ဝန္းေလးအျဖစ္ ကိုယ္ ရွိေနေပးမွာပါ....ေမာင္ ။

ခ်စ္ပါတယ္ေမာင္...။ ဒီထပ္ ပိုခ်စ္ပါ့မယ္ ။ ေမာင္ ထပ္ၿပီး စိတ္ မပင္ပန္းရေတာ့ပါဘူး ။ ကိုယ္တကယ္ ေမာင္ယုံလာေအာင္ သက္ေသျပမွာပါ ။

.....

"ေမာင္ေရ.....ေမာင္ေလးေရ....
ေမာင္ေလးေရ.... ထပါေတာ့.... စစ္စတာႀကီး လာေတာ့ေပါ့ "

"ဟမ္.... "

စာ႐ြက္ပုံၾကား အေညာင္းအညာေျပေစရန္  ေက်ာခဏ ခင္းေနေသာ ေမာင္အား ေသာ္တာက သီခ်င္းဆို၍ သတိေပးလိုက္ပါသျဖင့္ ထထိုင္လိုက္ပည၏ ။
အေဝးတစ္ေနရာက လႈပ္လႈပ္နဲ႕ ေ႐ြ႕လာေသာ ခပ္ဝဝအမ်ိဳးသမီးႀကီးက ေမာင္တို႔ရွိရာ အခန္းကို ဦးတည္ လာေနသည္ေလ ။ ထိုသူကေတာ့ စစ္စတာႀကီးပဲေပါ့ ။

"ဟိုမွာ လာေနၿပီ အစိမ္းဝမ္းဆက္ႀကီးနဲ႕ သခြားသီးႀကီး "

"ၾကားသြားရင္ စိတ္ဆိုးခံေနရဦးမယ္ေနာ္ ေသာ္တာ "

"မၾကားေအာင္ ေျပာရတာေပါ့ေအ့ "

ထိုစစ္စတာႀကီးက ဦးတည္ရာ ေျပာင္းကာ ward ထဲသို႔ ဝင္သြားသျဖင့္ ေသာ္တာမွာ ေပ်ာ္မဆုံး ။

"အမေလး ေပ်ာ္လိုက္တာ.....မဟုတ္ရင္ သူစကားေပါတာနဲ႕ ငါတို႔ ႐ုံးဆင္းခ်ိန္ ဆင္းရမွာ မဟုတ္ဘူး "

"႐ုံးဆင္းခ်ိန္ ေရာက္ၿပီလား "

"၅မိနစ္ပဲ လိုေတာ့တယ္ေလ ၊ အာ့ေၾကာင့္ သိမ္းစရာရွိတာေလး သိမ္းၿပီး ထိုင္ေစာင့္ေနတာ "

ေျပာတဲ့အတိုင္း ေသာ္တာက သူမ ယူလာေနၾက လြယ္အိတ္ကေလးကို ပိုက္ကာ ငုတ္တုတ္ကေလး ထိုင္ေနတာပင္ ။

"ဪ ဒါနဲ႕ေလ... ေမာင္....ငါ့ကို တစ္ခု ကူညီပါ့လားဟင္ "

"ဘာကူေပးရမွာလဲ "

"အာဆီယံနိုင္ငံေတြရဲ႕ နိုင္ငံအတြင္း suicide လုပ္တဲ့ percentage ေလး ရွာေပးပါလားဟင္ ငါ စာေရးတဲ့အထဲ ထည့္ေရးခ်င္လို႔ "

စာေရးရတာ ဝါသနာပါေပမယ့္ ဘာသာျပန္ရသည္ကို ပ်င္းသည့္ ေသာ္တာကေတာ့ ေမာင့္ကို ထပ္အပူကပ္ျပန္ပါၿပီ ။

"ရွာေပးလို႔က ရပါတယ္ ဒါေပမယ့္ ကိုယ့္ဘာသာကိုယ္ရွာတာက ပိုၿပီး.စိတ္ေက်နပ္မယ္ထင္တယ္ "

"English လိုႀကီးေတြေလ ဘာသာျပန္ရမွာ ပ်င္းတယ္ နင္တစ္ခါတည္း.ဘာသာ​ပါ ျပန္ေပးလိုက္ေနာ္ ဟီးဟီး "

"ဟုတ္ပါၿပီ.... ငါက ဦးရိပ္ဆီ သြားမွာ နင္က အိမ္ျပန္မွာမလား "

"အင္း  ....."

သို႔ႏွင့္...အခန္းတံခါးမ်ား ပိတ္ၿပီး ေမာင္က ေလာင္းရိပ္ရွိသည့္ female ward ထဲသို႔ ဝင္ခဲ့သလို ေသာ္တာလည္း အိမ္ျပန္သြားေလသည္ ။
.....

"ေမာင္ပါလား...ရိပ္ကို လာရွာတာ ထင္တယ္ "

"ဟုတ္တယ္ မမထက္ျမက္"

"ရိပ္က OT ဝင္ေနရတာ ေမာင္ရဲ႕ ".

OT (ခြဲစိတ္ခန္းပါ......overtime ကို ေျပာတာမဟုတ္ပါဘူးေနာ္) ထဲမွ ထြက္လာေသာ ထက္ျမက္ခ်ိဳက ေလာင္းရိပ္ ot ထဲမွာပဲ ရွိေၾကာင္း ေျပာေတာ့ တကယ္ ရွိေပလိမ့္မည္ ။

"ဟုတ္...ဒါဆို ကြၽန္ေတာ္ အရင္ျပန္ႏွင့္မယ္လို႔ ဦးရိပ္ကို ေျပာေပးလို႔ ရမလားဗ် "

"ဟုတ္ပါၿပီကြာ...ေျပာေပးပါ့မယ္ ၊ ေမာင္က အိမ္က ထမင္းပြဲနဲ႕ ေစာင့္ေနမယ္လို႔ ပိုေျပာေပးလိုက္ရဦးမလား "

ထက္ျမက္ခ်ိဳက ၿပဳံးၿပဳံးေလျဖင့္ က်ီစယ္ေသာ စကားတို႔ ဆိုေတာ့ ေမာင္ပါ အလိုက္သင့္ ႏႈတ္ခမ္းဖူးဖူးတို႔ တြန့္ေကြး႐ုံ ၿပဳံးျပလိုက္ပါသည္ ။

"အဲ့လို ေျပာေပးရင္ေတာ့ ပိုေက်းဇူးတင္တယ္ေပါ့ဗ်ာ "

"ဟုတ္ပါၿပီ စကားတတ္ေလးရယ္....ရိပ္ကိုေသခ်ာေျပာျပလိုက္ပါ့မယ္ေနာ"

"ဟုတ္ကဲ့ဗ် ကြၽန္ေတာ္ သြားလိုက္ပါဦးမယ္ဗ် "

ထက္ျမက္ခ်ိဳ လွည့္ထြက္သြားေသာ ေမာင္၏ ေနာက္ေက်ာျပင္ ေသးေသးေလးကို ၾကည့္ေနလိုက္သည္ ။

ကေလးေလးပဲ.... ကေလးေလး အတိုင္းပဲ ။ ပုခုံးေသးေသးေလးေပၚမွာ ထမ္းထားရတဲ့ ဝန္ေတြကေတာ့ အ႐ြယ္ေလးနဲ႕ မမွ်...။

......

ညစာအတြက္ ကန္စြန္း႐ြက္ေၾကာ္ ႏွင့္ မနက္က ခ်က္ခဲ့တဲ့ ၾကက္သားင႐ုပ္သီးခ်က္သာ ရွိသည္ ။ သို႔ေပမယ့္ အစားဂ်ီးမမ်ားေသာ ေလာင္းရိပ္ ႏွင့္ ေမာင့္အဖို႔ လုံေလာက္ပါၿပီေလ ။

ဟင္းခ်က္ၿပီးသည္ႏွင့္ ခဏနားကာ ေရခ်ိဳးလိုက္ပါသည္ ။
ေရခ်ိဳးခန္းမွ ထြက္လာလာခ်င္း.သတိရလိုက္သည္က...

"ေသာ္တာ ရွာခိုင္းထားတာ ရွာဦးမွပါ "

ခုကတည္းက ရွာ၍မထားလွ်င္ ညဘက္ ဖုန္းထဲမွာ.ရစ္မည္ ၊ မနက္႐ုံးတက္ရင္လည္း အသံစာစာေလးျဖင့္ ပြစိပြစိ လုပ္ဦးမည္ ။
ဧည့္ခန္းထဲတြင္ ထိုင္ကာ ေရမေျပာင္ေသးေသာ ဆံပင္ကို တဘတ္ျဖင့္ သုတ္လွ်က္ ဖုန္းကို ကိုင္ကာ Goggle ထဲသို႔ ဝင္လိုက္ၿပီး suicide ဟူေသာ စကားလုံးေလး ရိုက္႐ုံသာ ရွိေသးသည္ ။ ေလာင္းရိပ္ ဧည့္ခန္းထဲသို႔ ဝင္လာပါ၏ ။

"ဦးရိပ္ ျပန္လာတာ ကားသံလည္း မၾကားပါလား "

"ကိုယ္ ေခါင္းမူးေနလို႔.....ကားမေမာင္းခ်င္တာနဲ႕ ျမင့္မိုရ္ကို လာေခၚခိုင္းလိုက္တာ "

ေျပာလည္း ေျပာ...အိတ္ကို စားပြဲေပၚကို တင္ၿပီး..ထိုင္ခုံေပၚသို႔ ခႏၶာကိုယ္ကို ပစ္လွဲခ်လိဳက္သည္ ။

"ေတာ္ေတာ္မူးေနတာလား...ေမာင္ သံပုရာရည္ ေဖ်ာ္ေပးမယ္ေနာ္ ခဏေစာင့္ "

ေမာင္က လက္ထဲရွိ ဖုန္းေလးအား ခ်ကာ မီးဖိုခန္းသို႔ ဝင္သြားေလသည္ ။
စားပြဲေပၚတြင္ Screen ပြင့္ေနေသာ ဖုန္းအား.ေလာင္းရိပ္ ဘာရယ္မဟုတ္ လွဲလ်က္ အေနအထားျဖင့္ ၾကည့္ၾကည့္လိုက္မိ၏ ။

S U I C I D E!!

လွဲေနရာမွဝုန္းကနဲ ထထိုင္မိသည္အထိ အံ့ၾသသြားပါသည္ ။
ထို႔ေနာက္ ထက္ျမက္ခ်ိဳႏွင့္ ေျပာခဲ့ေသာ စကားမ်ားကိုလည္း ျပန္ၾကားေယာင္လာမိသလို.... ။

"ရိပ္...ေမာင္​က အိမ္အရင္ျပန္ၿပီး ထမင္းပြဲေလးနဲ႕ ေစာင့္ေနမယ္တဲ့ေနာ "

"Ok ငါလည္း အခု ျပန္ေတာ့မွာ "

"ေအးပါဟယ္... ငါေတာ့ အလုပ္ရႈပ္ေနလို႔ ဘယ္ခ်ိန္မွ ျပန္ရဦးမလဲ မသိဘူး "

"နင္တို႔ male ward ထဲမွာ လူေတြရႈပ္ေနတာပဲ ဘာ case လဲ "

"Suicide ေလ ႀကိဳးဆြဲခ်သတဲ့ အခ်ိန္မွီသိၿပီး ေခၚလာတာ၊ သတိလစ္ေနတုန္းပဲ၊ ေကာင္ေလးက ငယ္ငယ္ပဲ ရွိပါေသးတယ္ဟာ "

"ခုေခတ္ကေလးေတြကေတာ့ မနိုင္ဘူးေဟ့ "

"ဪ ဒါနဲ႕ေလ depression သမားေတြက suicide လုပ္နိုင္ေျခပိုျမင့္တယ္ဆိုတာ သိတယ္မလား...  ေမာင့္ကို ေသခ်ာဂ႐ုစိုက္ေနာ္ ရိပ္ "

".... "

ေတြေဝျခင္း ၊ စိုးရိမ္ျခင္းမ်ားက ေလာင္းရိပ္စိတ္ထဲ ပိုပိုတိုးလာသလိုပင္ ။

...
ထိုကတည္းက ပူေနရတဲ့ရင္ဘတ္ အခု မီးျပင္းဖိုထဲ ေရာက္သြားသလိုပါပဲ ။
ဘာလို႔ ဒါကို ရွာေနရတာလဲ ။ မဟုတ္မွလြဲ.... ဖိအားေတြ မ်ားလြန္းလို႔ မခံစားနိုင္ေတာ့လို႔ တစ္ခုခုလုပ္ဖို႔ ေတြးေနတာမ်ားလား....။

"ဒီမွာ သံပုရာရည္ ရၿပီ ဦးရိပ္"

စားပြဲေပၚသို႔ သံပုရာရည္ ေဖ်ာ္ထားေသာ ဖန္ခြက္ေလးကို ခ်လိဳက္ၿပီးခ်ိန္မွာပဲ ေမာင္၏ လက္ေကာက္ဝတ္အား အဆြဲခံလိုက္ရသည္ ။
အားပါပါျဖင့္ ဆြဲလိုက္ေသာေၾကာင့္ ေမာင္ က်သြားသည္က ေလာင္းရိပ္၏ ရင္ခြင္ထဲသို႔... ။
ေလာင္းရိပ္က ေမာင့္အေနာက္မွ ေန၍ ေမာင္၏ ပုခုံးေပၚသို႔ ေမးေစ့အား တင္ထားသလို ခါးကိုလည္း ဖက္ထားၿပီး မ်က္လုံးကို မွိတ္ထားေလသည္ ။
ရင္ခြင္ထဲက ေကာင္ေလးကေတာ့ ၿငိမ္သက္လွ်က္ ။

"ခဏေလာက္ပဲ ေမွးမွာပါ ဘယ္မွ သြားဖို႔ မျပင္နဲ႕ေနာ္ "

"ဟုတ္..."

ျဖစ္နိုင္လွ်င္ ေမာင့္ကို မ်က္စိေရွ႕မွာေတာင္ စိတ္မခ်နိဳင္ ျဖစ္ေနမိသည္ ။ ေမာင္သာ တစ္ခုခုျဖစ္လွ်င္ ေလာင္းရိပ္ ရင္က်ိဳးရလိမ့္မည္ ။
စိုးရိမ္စိတ္ႏွင့္ အတူ ႏွလုံးခုန္ႏႈန္းကလည္း မူမမွန္ခ်င္ေတာ့... ။ ေမာင္၏ ခါးေလးကိုသာ တိုး၍ တိုး၍ ဖက္တြယ္ထားမိသည္ ။

"ဦးရိပ္"

"ဗ်..."

"ေနမေကာင္းဘူးဆိုရင္ ေဆးေသာက္ပါလားဟင္ "

"ေမာင္က ကိုယ့္ရဲ႕ ေဆးေလးေလ "

"...."

"ဘာလို႔ ၿငိမ္သြားတာလဲ "

"ဘာျပန္ေျပာရမွန္း မသိလို႔ "

ရိုးရိုးသားသားျဖင့္ ေျဖလိုက္သည့္ ေမာင့္ရဲ႕ စကားသံတို႔ကလည္း ခ်ိဳျမစြာ ပြင့္ဟလာပါ၏ ။

"ေမာင္....."

"ဗ်ာ...ဦးရိပ္ ဘာျဖစ္လို႔လဲ ဘာခိုင္းစရာ ရွိလို႔လဲ "

အၿမဲစိုးရိမ္တတ္တဲ့ ေကာင္ေလးက အခုလည္း စိုးရိမ္ေရမွတ္ေရာက္ေနတဲ့ အသံေလးနဲ႕ ေျဖေနတာပါပဲ ။

"မဟုတ္ရပါဘူး ေမာင္ရယ္...ကိုယ္ေျပာခ်င္တာက... ေမာင္...ခုတေလာ ကိုယ္နဲ႕ ေနရတာ အဆင္ေျပလား သိခ်င္လို႔ပါ "

"ေျပပါတယ္...ဦးရိပ္က အဆင္မေျပလို႔လားဟင္ "

"ကိုယ္က အဆင္မေျပစရာ အေၾကာင္း.ဘာရွိလို႔လဲ၊ အရမ္းစိုးရိမ္တတ္တာပဲကြာ...ဒီကေလးေလးကေတာ့... လြတ္လြတ္လပ္လပ္ေလး ေနၾကည့္ပါဦး "

ေမာင္၏ ဂုတ္ကို ဖြဖြေလး နမ္းလိုက္ေတာ့ ေမာင့္ခႏၶာကိုယ္ေလး တစ္ခ်က္ေတာ့ တုန္ခနဲ ျဖစ္သြားသည္ ။
မိုး႐ြာသည့္ ညက ပုံရိပ္တို႔က ေမာင့္ဦးႏွောက္ထဲ ျဖတ္ေျပးသြားသျဖင့္ အရဲစြန့္ကာ ေမးၾကည့္လိုက္ဦးမည္ ။

"ဦးရိပ္... "

"ဗ်...."

"ဟိုေလ...မိုးေတြ႐ြာတဲ့ ညတုန္းကေလ... ဦးရိပ္ ေမာင့္ကို ဖက္ထားေသးသလားလို႔...ေမာင္ သတိရသလိုလို ျဖစ္ေနလို႔ေလ....ဟို...ေမး...ေမးၾကည့္တာပါ "

"ဟုတ္ပါ့ဗ်ာ...ဒီက ကေလးေလးကို သီခ်င္းေတာင္ ဆိုသိပ္လိုက္ရေသးတယ္ မမွတ္မိေသးဘူးလား "

"နည္းနည္း... နည္းနည္းစီပဲ....ေသေသခ်ာခ်ာေတာ့ တစ္ခုမွ မသိေသးဘူးဗ် "

"ဒါဆို  ကိုယ္ေျပာခဲ့တဲ့ စကားေတြကိုလည္း ေမ့ေနတာေပါ့ေလ "

"ဟု..ဟုတ္တယ္...ဦးရိပ္ စိတ္ဆိုးေနၿပီလားဟင္ "

"ဒီကေလးေလးကေတာ့.... ကိုယ္က ေမာင့္ကို ဘယ္ေတာ့စိတ္ဆိုးမွာ မဟုတ္ဘူးဆိုတာ ေသေသခ်ာခ်ာမွတ္ခိုင္းထားမွ ျဖစ္ေတာ့မယ္ ထင္တယ္ "

ေမာင့္ဂုတ္သားေလးေပၚသို႔ ေလာင္းရိပ္၏ ႏႈတ္ခမ္းတို႔ ​ေျပးလႊားလိုက္ေတာ့ ယား၍ ထင္သည္ ။ တစ္ခ်က္တစ္ခ်က္ တြန့္ကနဲ...။
ေခါင္းေပၚရွိ ဆံပင္တို႔မွ ရွန္ပူနံ႕ သင္းသင္းေလးက ေလာင္းရိပ္ကို ေခါင္းၾကည္ေစ၍ ေလာင္းရိပ္၏ ႏွာတံက ေမာင္၏ ဂုတ္အစပ္ရွိ ဆံပင္တိုတို​ေလးေတြနားသို႔ တစ္ခ်က္တစ္ခ်က္ ေရာက္သြားတတ္ေသးသည္ ။

"ယား...ယားတယ္ ဦးရိပ္ "

"က​ိုယ္ကပဲ မွတ္မိေနၿပီး ေမာင္​က ေမ့ေနလို႔ အျပစ္ေပးတာေလ "

"ဗ်ာ..."

"စိတ္ေတာ့ မဆိုးပါဘူး ဒါေပမယ့္ အျပစ္ေတာ့ ေပးမွာ... ေနာက္ဆို ဒီထပ္ ပိုဆိုးမွာေနာ္ "

"ေမာင္ မွတ္မိေအာင္ ႀကိဳးစားပါ့မယ္ "

"မႀကိဳးစားလို႔ မရဘူးလား...ကိုယ္က ေမာင့္ကို အျပစ္ေပးခ်င္တာ ...ဒါေၾကာင့္ ေမာင္က အရမ္းႀကီး မႀကိဳးစားနဲ႕ေနာ္..ေနာ္ "

"ဒါ...ဒါက ဦးရိပ္....လူလည္က်တာ မဟုတ္ဘူးလား "

"ဟုတ္တယ္ေလ..."

"ဗ်ာ"

ပြင့္လင္းလွတဲ့ ေလာင္းရိပ္ႏွင့္ မပြင့္တပြင့္ ေျပာတတ္တဲ့ ေမာင္တို႔ကေတာ့ လိုက္ဖက္စြာ ဆက္လက္ရွိေနလိမ္ဦးမည္မွာ အေသခ်ာပါပင္ ။

....

"ေမာင္ေရ...ဘယ္မွာလဲ "

ေရခ်ိဳးၿပီးသျဖင့္ ေနာက္က်ိေနသည့္ ေခါင္းက အနည္းငယ္ ေျပေလ်ာ့သြားေပမယ့္ ေမာင့္ကိုေတာ့ ခုထိ စိတ္မခ်နိဳင္ေသးပါေလ ။
တစ္ခုခုျဖစ္သြားမွာကို စိုးရိမ္လြန္ေနမိပါ၏ ။

"မီးဖိုထဲမွာ ဦးရိပ္၊ ထမင္းပြဲ ျပင္ေနတာ "

အိမ္ေနရင္းဝတ္ တထြန္အက်ီလက္တို​ေလးႏွင့္ ေဘာင္းဘီတိုေလးက ေမာင္၏ ျဖဴဝင္းေနသည့္ အသားအေရကို တမင္ပင္ လွစ္ဟပ္ျပသေနသလိုလို...ခါးမွာဝတ္ထားသည့္ ေအပ႐ြန္ေလးကလည္း လိုက္ဖက္ေနပါ၏ ။
ေလာင္းရိပ္၏ အပူတပ်င္း ေခၚလိုက္သည့္ အသံေၾကာင့္ မီးဖိုထဲမွ ေျပးလာပုံရသည္ ။ အေမာေသာေကာ...။

"ဦးရိပ္ ဘာလို႔လဲ ေခါင္းတအား မူးေနလို႔လား ၊ ေမာင္ တြဲေပးရမလား "

"ကိုယ္က ဘာမွ မျဖစ္ပါဘူး.. ၊ ေမာင့္ကို မေတြ႕လို႔ ေခၚလိုက္တာပါ "

"ေၾသာ...လန့္သြားတာပဲဗ်ာ...ထမင္းစားရေအာင္ေလ ဦးရိပ္ ဗိုက္ဆာေနၿပီမလား "

"အင္း...ဆာေနၿပီ "

ေလာင္းရိပ္ အရမ္း ဗိုက္ဆာေနသည္ကို ပို၍ သိသာေစရန္ ဗိုက္ကို ပြတ္ျပလ်က္ မ်က္ႏွာကို ရႈံ႕ျပသည္ ။

"သြားစားရေအာင္ေလ...ဒီေန႕ ဦးရိပ္အႀကိဳက္ ကန္စြန္း႐ြက္ နဲ႕ ပဲခ်ိဳနဲ႕ ေၾကာ္ထားတယ္ "

အခန္းထဲမွ လွည့္ထြက္ဖို႔ ျပင္ေနသည့္ ေမာင္ကို ခါးမွ ဆြဲလိုက္ကာ...
အနီးနားရွိ နံရံသို႔ ေမာင့္ကိုယ္လုံးေလးအား ကပ္လိုက္ၿပီး ေမာင့္မ်က္ႏွာနားသို႔ ေလာင္းရိပ္၏ မ်က္ႏွာကို တိုးကပ္လ်က္...မတိုးမက်ယ္ေသာ ေလသံေလးျဖင့္...

"ကိုယ္က ေမာင့္ကို စားခ်င္တယ္ဆိုရင္ေကာ.."

"ဗ်ာ..."

ေလာင္းရိပ္၏ ႏႈတ္ခမ္းက ေမာင္၏ ပါးျပင္ေပၚသို႔ က်ေရာက္လာသည္ ။
ထို႔ေနာက္ ႏႈတ္ခမ္းေပၚသို႔...။
မ်က္ဝန္းအစုံအား ပိတ္ကာ ေလာင္းရိပ္၏.က်ဴးေက်ာ္လာေသာ အနမ္းတို႔ကို ခံယူေနမိသည္ ။
ေရခ်ိဳးၿပီးခါစ ျဖစ္၍ ဆပ္ျပာအနံ႕သင္းသင္းက ေမာင့္ႏွာေခါင္းထဲသို႔ တိုးဝင္ေနသလို ေလာင္းရိပ္၏ ႏႈတ္ခမ္းတို႔က သြားတိုက္ေဆးအရသာပါ ေရာယွက္လ်က္...။
မည္မွ်ၾကာေအာင္ နမ္းေနမိသည္မသိ ။ မြတ္သိပ္ေသာ အနမ္းတို႔ေၾကာင့္ ေမာဟိုက္လာရသည္အထိပါေလ ။
အသက္ဝဝရႉနိုင္ရန္အတြက္ ႏႈတ္ခမ္းတို႔ကို ေခတၱမွ် ခြာလိုက္ၿပီး.ေလာင္းရိပ္၏ ေလေျပအသံေလးက ေမာင့္နားထပ္စပ္ရွိ ဆံပင္တို႔ကို လႈပ္ယမ္းသြားေစသည္ ။
ေျပာလိုက္တာက...

" ေခ်ာကလတ္ေတြ ခိုးစားျပန္ၿပီလား ေမာင္..."
.......

(A/N: စိတ္က်ေရာဂါဆိုတာက ေတာက္ေလွ်ာက္ဝမ္းနည္းမႈေတြကို ခံစားေနရၿပီး ပတ္ဝန္းက်င္ကို စိတ္ဝင္စားမႈေလ်ာ့နည္းသြားေသာ စိတ္ေရာဂါတစ္မ်ိဳးပါ။

စိတ္က်ေရာဂါ ရဲ႕ အျဖစ္အမ်ားဆုံးေရာဂါလကၡဏာေတြကေတာ့

အာ႐ုံမစူးစိုက္နိုင္ျခင္း

ဝမ္းနည္းေနျခင္း ေၾကကြဲေနျခင္း

အနာဂတ္သည္ ဘယ္လိုမွ ေကာင္းမြန္ေတာ့မည္မဟုတ္ဟုခံစားေနရျခင္း

စိတ္တိုစိတ္ဆက္ျခင္း(သို႔)ဂနာမၿငိမ္ျခင္း

လိင္ကိစၥအားစိတ္ဝင္စားမႈေလ်ာ့သြားျခင္း

ျပင္းထန္ေသာစိတ္ဓါတ္က်မႈမ်ားတြင္ မိမိကိုယ္ကိုအဆုံး စီရင္မည့္အေတြးမ်ားေတြးမိေနျခင္း စသည္ျဖင့္ေပါ့ဗ်ာ
တခ်ိဳ႕က ပုံမွန္ထပ္ ပိုအိပ္ေနတတ္သလို တခ်ိဳ႕က အအိပ္အေန နည္းပါတယ္ ။

ေမာင္ျဖစ္ေနတာကလည္း အဲ့လိုပုံစံမ်ိဳးပဲေပါ့.

စိတ္က်ေရာဂါ ျဖစ္တတ္တာက
မ်ိဳးရိုးဗီဇ-စိတ္က်ေရာဂါမ်ိဳးရိုးရွိသူမ်ားတြင္ ေရာဂါမ်ိဳးရိုးမရွိသူမ်ားထက္ပိုမိုျဖစ္ပြားတတ္သည္။

ဦးႏွောက္ဓါတုေဗဒအေျခအေန – စိတ္က်ေရာဂါသည္မ်ားသည္ေရာဂါမရွိသူမ်ားႏွင့္ ကြဲျပားေသာ ဦးႏွောက္ဓါတုေဗဒအေျခအေနမ်ားရွိၾကသည္။

စိတ္ဖိစီးမႈ-ခ်စ္ခင္ရေသာသူတစ္ဦးအားဆုံးရွံူးလိုက္ရျခင္း၊အခ်စ္ေရးအဆင္မေျပျခင္း...
စတာေတြပါပဲ ။
ေမာင္က ေနာက္ဆုံးအခ်က္ေပါ့ဗ်ာ
ႀကီးႀကီးမားမား ႀကဳံေတြခဲ့ရတဲ့ ေမာင့္အဖို႔ စိတ္ပိုင္းဆိုင္ရာ ကုသမႈ လိုအပ္တယ္လို႔ ကိုယ္ ထင္လိုက္မိလို႔ ေရးလိုက္တာပါ
လြဲေနတာရွိရင္ လာေျပာလို႔ရပါတယ္ဗ် ။

အဆုံးစီရင္ေတာ့မယ္လို႔ သံသယျဖစ္ေနမိရင္ ေဘးနားကို လူတစ္ေယာက္အၿမဲထားထားရပါတယ္
ဒါေၾကာင့္ ေလာင္းရိပ္က အေပ်ာက္မခံျဖစ္ေနတာပါ
ကုသတဲ့ ေဆးဝါးေတြေတာ့ ေျပာေတာ့ဘူးေနာ္..😁 အမ်ားႀကီးပဲ.ကိုယ္လည္း နားမလည္လို႔.အဟဲ
ပိုၿပီးသိခ်င္ရင္ goggle ထဲမွာ စိတ္က်ေရာဂါအေၾကာင္းဆိုၿပီး ရွာလို႔ရပါတယ္ဗ် ...
**ကိုယ္လည္း goggle ထဲကေန ကူးယူေဖာ္ျပထားျခင္းပါ**) 

繼續閱讀

You'll Also Like

1.2M 89.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
404K 28.7K 65
ကိုကိုရဲ့အချစ်ခံလူသား s2 ကမ္ဘာတစ်ဝှမ်းရဲ့တစ်ရက်ကိုလူသေနှုန်းက အယောက်တစ်သောင်းရှိတယ်ထား မင်းသတ်တဲ့လူမပါဘူးဆိုရင် သေတဲ့လူထဲငါလည်းမပါဘူး ငါကမင်းသတ်မှသ...
242K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
607K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...