"ကျိုးချန် ငါ ဘယ်လိုလုပ်ရမလဲ "
"ငါလည်း ဘာပြောရမှန်းတောင်မသိတော့ဘူး"
"လီယိုကလည်း ဒိတ်ဖို့ချိန်းမှာပဲလေ
ရိပေါ် သူ့ကိုယ်သူ တစ်ခုခုဖြစ်အောင် ထပ်လုပ်လိုက်မှာလည်း ငါကြောက်တယ်"
"..."
"ဒီလိုအခြေအနေမျိုးကို ငါမကြိုက်ဘူး
ကျိုးချန် စိတ်ရောလူပါ မွန်းကြပ်တယ်
နေရခက်တယ်
ဘယ်ကနေစပြီး ဒီလိုတွေမှားယွင်းကုန်တာလဲ"
"ငါပြောနိုင်တာ တစ်ခုပဲရှိတယ် ရှောင်းကျန့်
အချိန်ယူပြီး မင်းစိတ်ကိုမင်း ပြန်သုံးသပ်ကြည့်ဦး၊ဘာဆက်လုပ်သင့်လဲဆိုတာ သေချာ
စဥ်းစားကြည့်ဦး"
"..."
"ပြီးတော့ လီယို
သူနဲ့မင်းက ဟိုးငယ်ငယ်လေးကတည်းက ပေါင်းလာတာ
မင်းအခုသူနဲ့တွဲနေတာ တစ်ဘဝလုံးစာလုံးအတွက်ရည်ရွယ်ထားလို့လား သူ့အပေါ်ခံစားချက်မရှိပဲနဲ့တော့ ဒီလိုကြီးဆက်သွားနေလို့ မဖြစ်ဘူးလေ ငါပြောတာ နားလည်တယ်မလား"
"အင်း"
"ငါပြောဖူးသလိုပဲ ကိုယ့်ခံစားချက်နောက်ကို
လိုက်ကြည့်၊ ကိုယ့်နှလုံးသားကပြောတဲ့စကားကို နားထောင်ကြည့်"
"အင်း"
"အဆင်ပြေသွားမှာပါ"
"ထင်တာပဲလေ"
........................................................................
"ရှောင်းကျန့် လိုက်ခဲ့ပါဆို"
"အာ မလိုက်ချင်ပါဘူး
မင်းဘာသာသွား"
"ခဏပဲလေ နော်
လမ်းထိပ်တင်ပဲကို "
"မင်းကိုခိုင်းတာပဲ မင်းဘာသာသွား"
"လိုက်မှာလား မလိုက်ဘူးလား"
"မလိုက်ဘူး"
"မလိုက်ရင် ဖက်နမ်းလိုက်မှာနော်"
"ရိပေါ်!!!"
"အဲ့တာဆို လိုက်ခဲ့လေ"
ရှောင်းကျန့်က ပိုက်ဆံအိတ်သွားယူကာ ရိပေါ်နောက် စူပုတ်ပုတ်နှင့် လိုက်လာသည်။
"စက်ဘီးယူဦးမှာလား"
"ခြေကျင်သွားမယ်"
"ပြီးတာပဲ"
လမ်းထိပ်စျေးဆိုင်ကိုရောက်တော့ ရိပေါ်က သူ့မားမှာတာတွေ တန်းစီဝယ်သည်။
ရှောင်းကျန့်ကတော့ ဟိုကြည့်ဒီကြည့်လုပ်နေလိုက်သည်။
"ရှောင်းကျန့် ဘာစားဦးမလဲ"
"တော်ပြီ ယူပြီးပြီ"
"အဲ့တာဆို ပိုက်ဆံရှင်းလိုက်တော့မယ်"
"အင်း ငါဝယ်တာ ငါ့ဘာသာရှင်းပြီးပြီ"
"အိုကေ"
ရိပေါ်ပိုက်ဆံရှင်းနေတုန်း ရှောင်းကျန့်က ဆိုင်အပြင်ဘက် အရင်ထွက်သွားသည်။
ရိပေါ် ပြီးလို့ လိုက်လာတော့ ရှောင်းကျန့်က လီယိုနှင့် စကားရပ်ပြောနေသည်။
"ရှောင်းကျန့်"
"ပြီးပြီလား"
"အင်း"
"အဲ့တာဆို ပြန်နှင့်လိုက်"
"မင်းက မလိုက်ဘူးလား"
"အင်း ငါ လီယိုနဲ့ ပြောစရာရှိသေးတယ်
သွားနှင့်တော့"
"ငါ့ရှေ့မှာ ပြောလို့မရလို့လား"
"..."
"မသွားဘူး ပြောချင်ရင် ငါ့ရှေ့မှာပြောကြ
မသွားနှင့်ဘူး"
"ရိပေါ် ဘယ်လိုဖြစ်နေတာလဲ
ငါက ပြန်နှင့်ဆို ပြန်လိုက်လေ"
"မပြန်..."
"ရိပေါ်...ခုချိန်မှာ လီယိုနဲ့ငါက တွဲနေတာ
အဲ့တော့ ငါတို့ကြားမှာ ပြောစရာတွေအများကြီးရှိတယ် ဟုတ်ပြီလား သွားတော့
ရော့ ဒါ ယူသွား"
ရှောင်းကျန့်က သူ့လက်ထဲမှ အထုပ်ကို ရိပေါ်ဆီထိုးပေးသည်။လီယိုကတော့ ရိပေါ်ကို သွားလိုက်တော့ဟူသောသဘောဖြင့် ရပ်ကြည့်နေသည်။
"မင်း ရှောင်းကျန့်...မင်း
တွေ့မယ်"
ရိပေါ်က ရှောင်းကျန့်ကို စူးစိုက်ကြည့်ကာ လှည့်ထွက်သွားသည်။ ရိပေါ် မလှမ်းမကမ်းလောက်အရောက်မှာ ရှောင်းကျန့်က လှမ်းအော်ဖြစ်အောင် အော်လိုက်ပါသေးသည်။
"ရိပေါ် ငါ့အထုပ်ထဲက ဒူးရင်းရေခဲမုန့်
ယူစားနှင့်လိုက် အရည်ပျော်သွားလိမ့်မယ်"
........................................................................
ရပ်ကွက်ပန်းခြံထဲတွင် ဖြစ်သည်။
"လီယို"
"ဟင်"
"အရင်တစ်ခေါက်က ကောအတင်းပြန်သွားလိုက်မိတာ တောင်းပန်ပါတယ်"
"သြော် ရပါတယ်"
"အွန်း ကိစ္စလေးနည်းနည်းပေါ်လာလို့လေ
အဲ့လိုပဲဖြစ်သွားတယ်"
"ရိပေါ်ကိစ္စပဲမလား"
"..."
"ကျွန်တော်သိပါတယ်"
"ကောထပ်ပြီးတောင်းပန်..."
"မလိုပါဘူး မလိုပါဘူး
ကျွန်တော် နားလည်ပြီးသားပါ"
"..."
"ကျွန်တော်က အမြဲနားလည်ပေးပြီးသားပါ"
"ကျေးဇူးပါပဲ"
"ကျေးဇူးဆိုတဲ့စကားလုံးလည်း ကျွန်တော်တို့ကြားမှာ မလိုပါဘူး ကောရယ်"
"..."
"ကောသိလား
တစ်ခါတလေ ကျွန်တော် ဆိုးတဲ့ကောင်လေးသိပ်ဖြစ်ချင်တာပဲ"
"ဆိုးတာ ကောင်းမှမကောင်းတာ"
"ကျွန်တော် မလိမ္မာချင်ခဲ့ဘူး"
"..."
နှစ်ယောက်ကြားမှာ ပြောစရာစကားမရှိတော့သည့်အလား အတော်ကြာ တိတ်ဆိတ်သွားသည်။
"ပြောစရာရှိတယ်မလား
ပြောလေ"
"ကောတို့..."
"..."
"ကောတို့ လမ်းခွဲရအောင်"
လီယို ပြုံးလိုက်မိသည် ထင်ပါသည်။
သူ ဘယ်လောက်ဆုတောင်း ၊ဆုတောင်း
ဒီလိုနေ့က ရောက်လာတာပဲလား။
"ဒါပဲလား"
"လီယို..."
"ကောပြောချင်တာ ဒါပဲမလား"
"..."
"ကျွန်တော်က လမ်းခွဲမပေးနိုင်ဘူးဆိုရင်ရော"
"ငါ..."
"ကောဘက်က ကျွန်တော်လက်ခံနိုင်လောက်မယ့် အကြောင်းပြချက်ပေးလေ"
"ကိုယ့်ကိုကိုယ် သေချာချင်တယ်"
"..."
"အချိန်ယူပြီး ကိုယ့်စိတ်ကို ဆန်းစစ်ကြည့်ချင်တယ် ၊ ခဏတာမဟုတ်ပဲ တစ်ဘဝလုံးစာအတွက်"
"ဒါပဲလား"
"အင်း"
"ကျွန်တော် နားလည်ပြီ"
"..."
"ကျွန်တော် ကောကို လက်လွှတ်လိုက်တာမဟုတ်ဘူးနော် ၊ တစ်ဘဝလုံးစာအတွက် ကော အချိန်ယူပါ ၊စဥ်းစားပါ
တစ်ခုပဲ"
"..."
"တစ်ခုပါပဲ"
"..."
"ကျွန်တော့်ဆီတော့ ပြန်လာခဲ့မယ်မလား"
သစ်ရွက်ခြောက်တွေပေါ်
ဖြတ်နင်းသွားသော ခြေသံကို
ကြားလိုက်ရ၏။
ပါးပေါ်က မျက်ရည်ကိုတော့
သူ သုတ်လိုက်မိသလား မပြောတတ်ပါ။
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုလျှင်
ခပ်ဆိုးဆိုးကလေးတစ်ယောက်ပဲ
ဖြစ်ချင်ခဲ့ပါသည်။
........................................................................