Another World

De NaYoungVK

2.5K 262 129

When 19 years old boy suddenly reached the another world of 1582. BTS x Tae Published Date - 29.9.2021 End Da... Mais

Main Characters
1
2
3
4
Author Note
"Samurai Jeon" to "ANOTHER WORLD"
5
6
8
A/N
9
10
11

7

136 18 15
De NaYoungVK

[ Zawgyi ]

ဘာစကားမွေျပာျခင္းမရွိတိတ္ဆိတ္စြာပင္ထယ္ေယာင္းအားစံအိမ္ရွိရာသို႔လိုက္ပို႔ေနေသာ ယြန္းဂီရွီေျကာင့္ အျပစ္လုပ္ထားေသာသူကဲ့သို႔ပင္ထယ္ေယာင္းခံစားရသည္
ဂ်ီမင္းကိုသတိထားပါလို႔ေျပာထားရက္နွင့္ ယြန္းဂီရွီးေျပာသည့္စကာအားနားမေထာင္သလိုနွစ္ေယာက္တည္းအတူရွိေနခဲ့သည္ေလ

" ယြန္းဂီရွီး ကြ်န္ေတာ္ကိုစိတ္ဆိုးေနတာလားဟင္ "

" မဆိုးပါဘူး ကိုယ္ကဘာလို႔စိတ္ဆိုးရမွာလဲ "

" ကြ်န္ေတာ္ကယြန္းဂီရွီးစကားကိုနားမေထာင္ဘဲ...."

" မဟုတ္တာ ဂ်ီမင္းအေျကာင္းကိုယ္သိတာမလို႔ရပါတယ္
သူနဲ႔အတူမရွိနဲ႔လို႔ကိုယ္မေျပာပါဘူး ဒါေပမဲ့
အျမဲသတိနဲ႔ေတာ့ေနပါထယ္ေယာင္း
သူကမင္းကိုထိခိုက္ေအာင္မလုပ္ဘူးလို႔ေတြးထားေတာင္ သူ႔မွာမလြဲသာလို႔လုပ္လိုက္ရမွာေတြအမ်ားျကီးဘဲ "

" ဟုတ္ကဲ့ပါ "

ေတြ႕ကာစကနွင့္မတူေအးစက္ေနေသာေလသံေျကာင့္ထယ္ေယာင္းတကယ္ေနရခက္ပါသည္
စိတ္မဆိုးဘူးဟုဆိုေသာ္လည္း စိတ္ဆိုးေနသည္လို႔ပင္ထယ္ေယာင္းထင္ပါသည္

ထယ္ေယာင္းအခန္းေရွ႕နားပင္ေရာက္ေတာ့မည္ျဖစ္ေသာ္လည္းယြန္းဂီထံမွဘာစကားသံမွထပ္ထြက္မလာဘဲတိတ္ဆိတ္လ်က္

စိတ္ဆိုးေနေသာသူစိမ္းတစ္ေယာကအားထယ္ေယာင္းမည္သို႔ေခ်ာ့ရပါမည္နည္း
အရင္ကတည္းကရင္းနွီးေသာသူဆိုလွ်င္တစ္မ်ိဳး
မေန႔ညကသိေသာယြန္းဂီအားသြားေခ်ာ့ရမည္မွာလည္းအနည္းငယ္မ်က္နွာပူစရာပင္

သို႔ေသာ္ယြန္ဂီရွီးမ်က္နွာမွာသိသိသာသာပင္မေကာင္းပါ
ထိုမွာကိုယ့္ကိုစိတ္ပူေသာေျကာင့္မလို႔ ထယ္ေယာင္းမသိသလိုလည္းမေနနိုင္ပါ

" အကို ယြန္းဂီ "

" ဟင္ ထယ္ေယာင္း "

ထယ္ေယာင္းဆီက အကိုယြန္းဂီဆိုေသာေခၚသံေျကာင့္ ယြန္းဂီေျခလွမ္းမ်ားပင္ရပ္သြားေတာ့သည္

ေကာင္ေလးအားသူဝယ္လာေသာလက္ေဆာင္ေပးရန္ေကာင္ေလးရွိသည့္ေနရာကိုေမးလိုက္ေတာ့
အေစာင့္ေတြကပန္းျခံထဲမွာဟုဆိုေသာေျကာင့္ပန္းျခံဘက္လာစဥ္ ဂ်ီမင္းနွင့္အတူရပ္ေနသည္ကိုျမင္လိုက္ေသာေျကာင့္အေတာ္ပင္စိုးရိမ္သြားမိခဲ့သည္
ေကာင္ေလးအားစိတ္ပူကာဂနာမျငိမ္ျဖစ္သြားေသာစိတ္အားျပန္လည္ျငိမ္ရန္ျကိဳးစားေနသည္မလို႔ေကာင္ေလးအားစကားလည္းသိတ္မေျပာနိုင္
ဘာေျကာင့္ဒီလိုအိေျႏၵမဆယ္နိုင္ေအာင္စိတ္ပူသြားခဲ့သည္ကိုသာစဥ္စားေနမိသည္

အေတြးမ်ားကာျငိမ္ေနမိစဥ္ ေကာင္ေလးဆီကပထမဆံုးဒီလိုအေခၚခံလိုက္ရသည္မလို႔ရင္ထဲအပူလွိဳင္းတစ္ခုျဖတ္ေျပးသြားသလိုေႏြးခနဲ

" ဒီလိုေခၚလို႔ျဖစ္တယ္မလားဟင္
ေရွ႕ေလွ်ာက္ရင္းနီွးသြားျကမွာဆိုေတာ့ အကိုယြန္းဂီနဲ႔ကြ်န္ေတာ္ရင္းနွွီးခ်င္လို႔ပါ "

ထယ္ေယာင္း အကိုယြန္းဂီနွင့္တကယ္ရင္းနွီးခ်င္ပါသည္
ထယ္ေယာင္းအေပၚအလြန္ပင္ဂရုစိုက္ေသာေျကာင့္စိတ္ထဲကရင္းနွီးသလိုလည္းခံစားရသည္

" ေသခ်ာေပါက္ျဖစ္တာေပါ့ ထယ္ေယာင္း "

" ျပီးေတာ့ ဒါေလး "

အကိုယြန္းဂီလွမ္းေသာအထုပ္ေလးအားထယ္ေယာင္းယူလိုက္ကာ

" ဒါက.."

" ထယ္ေယာင္းမွာလည္းအဝတ္အစားကမ်ားမ်ားစားစားပါမွာမဟုတ္ေတာ့ ကိုယ္ဝယ္လာေပးတာ
ထယ္ေယာင္းမျကိဳက္မွာစိုးလို႔နွစ္ထည္အရင္အစမ္းဝယ္လာတာရယ္ "

ထယ္ေယာင္းအထုပ္အားဖြင့္လိုက္ေတာ့ပိုးသားအျဖဴနွင့္အစိမ္းနုေရာင္ hanbok နွစ္ထည္ပင္
နူးညံ့ေနေသာအသားေျကာင့္ေစ်အေတာ္ျကီးမည္ပံုပင္

" လွလိုက္တာ "

" သေဘာက်ရဲ႕လား "

" သေဘာက်တာထက္ကိုပိုပါတယ္ အကိုယြန္းဂီ "

ျပံဳးကာသေဘာက်ေျကာင္းေျပာသည္မလို႔ယြန္းဂီစိတ္ေအးသြားေတာ့သည္
အေရာင္နုမလို႔ေကာင္ေလးသေဘာမက်မွာစိုးရိမ္ေနခဲ့တာ
ေကာင္ေလးကအေရာင္နုေလးနွင့္ဆိုအရမ္းလိုက္မည္လို႔ခံစားရေသာေျကာင့္အေရာင္နုသာေရြးခဲ့မိသည္

" ဟူး ေတာ္ပါေသးရဲ႕
ထယ္ေယာင္းသေဘာမက်မွာစိုးရိမ္ေနခဲ့တာ "

" ေစ်းအရမ္းျကီးမဲ့ပံုဘဲ အားနာစရာျကီးအကိုယြန္းဂီရယ္ "

" ဒီေစ်းေလာက္ကေတာ့ဘာမွမဟုတ္ပါဘူး
ထယ္ေယာင္းကိုျကမ္းတဲ့အဝတ္ေတြက်လည္းမဝတ္ေစခ်င္ဘူးကိုယ္က "

စိတ္ထဲကအတိုင္းလႊတ္ခနဲထြက္သြားေသာစကားေျကာင့္ ယြန္းဂီပါးစပ္အားထိန္းလိုက္ရေလသည္
သူစိမ္းတစ္ေယာက္ကိုဒီလိုေျပာတာအနည္းငယ္တစ္မ်ိဳးျဖစ္နိုင္သည္မလား
ဂ်ိဳဆန္းေခတ္ကမဟုတ္သည့္ေကာင္ေလးကေတာ့ဘယ္လိုမွမေနဘူးထင္ပါရဲ႕

" ကြ်န္ေတာ့္ကိုေနာက္လည္းဂရုစိုက္ေပးပါဦး ဟီး "

ေကာင္ေလးကတျခားကမာၻအနာဂါတ္ကမလို႔ေတာ္ပါေသးသည္
ေကာင္ေလးအားစိတ္ထဲရွိတဲ့အတိုင္းပြင့္လင္းစြားေျပာလို႔ရသည့္ပံုပင္
ဂ်ိဳဆန္းမွာလို႔အရမ္းျကီးအေျပာအဆိုစည္းတားစရာမလိုေပ

" ဒါေပါ့ ထယ္ေယာင္း ကိုယ္သြားျပီေနာ္ "

ထယ္ေယာင္းဆံပင္အားလက္နွင့္အသာဖြက ျပံဳးျပကာထြက္သြားေသာအကိုယြန္းဂီေျကာင့္ထယ္ေယာင္းမတ္တပ္ျကီးရပ္လ်က္သာက်န္ခဲ့ေတာ့သည္

အကိုယြန္းဂီသူ႔အားကေလးလိုမ်ိဳးေခါင္းအားကုိင္သည္မွာ ဒါဒုတိယအျကိမ္ပင္
ဒီကသူေတြအျမင္တြင္ထယ္ေယာင္းမွာကေလးပံုေပါက္ေနေလသလား

သို႔ေသာ္ ထိုသို႔ဆက္ဆံခံရသည္ကိုထယ္ေယာင္းသေဘာမက်ဘူးဟုဆိုလွ်င္လိ္မ္ရာက်မည္
အဘြားမရွိကတည္းကထယ္ေယာင္းအေပၚဒီလိုဘယ္သူမွမဆက္ဆံသလို တစ္ေယာက္တည္းအားတင္းကာရပ္တည္ခဲ့ရသည္မလို႔တစ္ခါတစ္ရံဒီလိုဂရုစိုက္ခံခ်င္ပါသည္ ။

________________________________.

ထယ္ေယာင္းပ်င္းေသာေျကာင့္ အခန္းထဲပံုထိုင္ဆြဲေနကာ ေမွာင္သြားသည္ကိုပင္သတိမထားမိလိုက္ပါ

* ေဒါက္ ေဒါက္ *

" ေဆာ့ဂ်င္ေဟ်ာင္းပါ "

ထယ္ေယာင္းတံခါးသြားဖြင့္ေတာ့
" ထယ္ေယာင္းကိုေဂ်ာင္ဂုကထမင္းစားေခၚခိုင္းလိုက္လို႔ "

" ဗ်ာ ဟုတ္ "

ထယ္ေယာင္းေဆာ့ဂ်င္ေဟ်ာင္းေခၚရာသို႔လိုက္သြားရာ
အခန္းတစ္ခုထဲ၌စားပြဲရွည္ျကီးကေနရာယူလ်က္
စားပြဲရွည္ေပၚတြင္းဟင္းမ်ိဳးစံုကေနရာယူလ်က္ပင္

စားပြဲ၌ ဂြ်န္ေဂ်ာင္ဂု ဂ်ီမင္း အကိုယြန္းဂီ နဲ႔ ဟိုေဆာ့ရွီးကထိုင္ကာထယ္ေယာင္းတို႔အားေစာင့္ေနပံုပင္

ဂြ်န္ေဂ်ာင္ဂုက စားပြဲထိပ္ဆံုး၌ထိုင္ေနေလသည္
ဂြ်န္ေဂ်ာင္ဂုေဘး၌လြတ္ေနေသာခံုအားေဆာ့ဂ်င္ေဟ်ာင္ကဆြဲေပးကာထိုင္ေစသည္
ထယ္ေယာင္းေဘး၌ဂ်ီမင္းနွင့္ေရွ႕တြင္အကိုယြန္းဂီပင္

" အားနာစရာျကီး ေဆာ့ဂ်င္ေဟ်ာင္းရယ္ "

" ရပါတယ္ထယ္ေယာင္းရဲ႕"

" အခုကစျပီးဒီေနရာကထယ္ေကာင္ေလးေနရာပဲ
ထမင္းစားခ်ိန္တိုင္းဒီကိုလာခဲ့ေပါ့ "

" ဟုတ္ ေက်းဇူးပါေဂ်ာင္ဂုရွီး "

" ေဂ်ာင္ဂု "

" ဗ်ာ "

" ေဂ်ာင္ဂု ဆိုရျပီ "

ထယ္ေယာင္းအားေဂ်ာင္ဂုလို႔ေခၚခိုင္းခံသည္လား
တျခားသူမ်ားလိုမဟုတ္ဘဲ စကားေျပာတာ ျပတ္ျပတ္ျကီးပင္

" ဟုတ္ ေဂ်ာင္ဂု "

ထယ္ေယာင္း ေဂ်ာင္ဂုလို႔ေခၚေသာအခါအနည္းငယ္ေကြးညြတ္သြားေသာေဂ်ာင္ဂုနွဳတ္ခမ္းမ်ားကေက်နပ္သြားဟန္

ထမင္းစားရင္းေျပာေနက်ေသာအေျကာင့္အရာမ်ားမွာနိုင္ငံေရးကိစၥမ်ားသာမလို႔ထယ္ေယာင္းျငိမ္ကာအစားသို႔အာရံုထားလိုက္ေတာ့သည္

သူတို႔ေျပာေသာကိစၥမ်ားအားသိတ္နားမလည္ေသာ္လည္း အေသးစားစစ္ျဖစ္မည့္ပံုပင္
ေနာက္ဆံုးစစ္ျကီးမဟုတ္ေသာေျကာင့္ထယ္ေယာင္းမသိပါ
သိခဲ့ရင္လည္းမမွတ္မိေလာက္ပါ
စာေမးပြဲေျဖခါနီးမွကပ္က်က္တတ္ေသာေျကာင့္ ပံုမွန္စာေလာက္ကေတာ့မမွတ္မိပါ

" စစ္ခ်ီသြားရင္ ေကာင္ေလးလိုက္ခဲ့ရမယ္ "

" ဗ်ာ ကြ်န္ေတာ္ကလား "

ေကာင္ေလးဆိုေသာအသံေျကာင့္ေဂ်ာင္ဂုအားနားမလည္သလိုျကည့္မိလိုက္သည္
စစ္တိုက္သြားသည္ကိုသူကလိုက္ရမည္တဲ့
ထယ္ေယာင္းစစ္တိုက္ဖို႔ေနေနသာ တိရစာၦန္ေတာင္မသတ္ရဲပါ

" ဟုတ္တယ္ ကိုယ္တို႔အကုန္ကေရွ႕တန္းေရာက္ေနခ်ိန္ ေကာင္ေလးကိုစံအိမ္မွာမထားခဲ့နိုင္ဘူး
ဘယ္ေလာက္ပဲကိုယ့္လူေတြေျပာေျပာ ကိုယ္တို႔တစ္ေယာက္မွမရွိဘူးဆိုအႏၱရာယ္မ်ားတယ္
ေကာင္ေလးမွာကအႏၱရာယ္ေတြရွိေနတာမလို႔
အခုအခ်ိန္မွာကိုယ္တို႔နဲ႔အျမဲေနေနတာအေကာင္းဆံုးပဲ "

ေဂ်ာင္ဂုေျပာသည္ကိုအကုန္လံုးကေထာက္ခံျကသည္
ထယ္ေယာင္းမွာေတာ့ေရွ႕တန္းထိလိုက္ရမည္ဆိုလို႔ဒူးပင္တုန္ခ်င္လာသည္

ထယ္ေယာင္းမ်က္နွာပ်က္ေနသည္ကိုသတိထားမိေသာေဂ်ာင္ဂုက စားပြဲေပၚတင္ထားေသာထယ္ေယာင္းလက္အားလက္တစ္ဖက္ျဖင့္ဆုပ္ကိုင္ကာ

" ကိုယ္မင္းကိုကာကြယ္ေပးနိုင္တယ္ "

" ကြ်န္ေတာ္မေသေလာက္ပါဘူးေနာ္ ေဂ်ာင္ဂု "

" အဟား ေကာင္ေလးရယ္ ဘာလို႔ေသရမွာလဲ
စစ္ကအေသးစားေလးရယ္ ေကာင္ေလးမုန္႔ထိုင္စားေနလို႔ရတယ္ "

ေဂ်ာင္ဂုကရယ္ကာ ထယ္ေယာင္းလက္အားအသာဆုပ္ကိုင္ရင္း က်န္လက္တစ္ဖက္ျဖင့္ဝိုင္ခြက္အားေမာ့ေသာက္လိုက္ေလသည္

စစ္ျဖစ္ေနခ်ိန္မုန္႔ထိုင္စားလို႔ရတယ္တဲ့
သူ႔အားကေလးက်လို႔

" ေကာင္ေလးကကိုယ့္ရဲ႕ကံေကာင္းေစတဲ့အေဆာင္ေလးဆိုေတာ့ ဘယ္သြားသြားေခၚသြားရမွာေပါ့
စစ္ပြဲအတြက္ကံေကာင္းေအာင္လိုက္ခဲ့ပါ
ျပန္လာရင္ ပြဲေတာ္ကိုအကုန္အတူသြားျကမွာ "

ထယ္ေယာင္းအား ကေလးေခ်ာ့သလိုေခ်ာ့ေခၚေနသည္မလို႔ထယ္ေယာင္းလိုက္ရန္သာ သေဘာတူလိုက္ေတာ့သည္

ထို႔ေနာက္ထယ္ေယာင္းပန္းကန္ထဲေရာက္လာေသာ အသားတံုးတစ္ခု

" မ်ားမ်ားစား ထယ္
ကေလးေတြကမ်ားမ်ားစားရတယ္ "

" ကြ်န္ေတာ္က ကေလးေတာ့မဟုတ္ေတာ့ပါဘူး "

" ကေလးေတြက ကေလးမဟုတ္ဘူးေျပာျကပါတယ္ "

ဂ်ီမင္းကျပံဳးရင္း ထယ္ေယာင္းအားဟင္းမ်ားထပ္ထည့္ေပးေလသည္

ဂ်ီမင္းကထယ္ေယာင္းအားအသားတံုးထည့္ေပးရင္း ကေလးဟုဆိုလာေသာေျကာင့္ထယ္ေယာင္းစိတ္ထဲအနည္းငယ္ျကည္ႏူးသြားသလိုပင္
ဒီကသူေတြအကုန္ကသူ႔အားကေလးတစ္ေယာက္လိုပင္သေဘာထားကာဂရုစိုက္လွပါသည္

ထယ္ေယာင္းနွင့္ ေလးငါးေျခာက္နွစ္ သာကြာျကေသာ္လည္း
သူတို႔အျမင္၌ထယ္ေယာင္းဟာကေလးတစ္ေယာက္လိုျဖဴစင္နုဖက္လြန္းေနေသာေျကာင့္ကေလးဟုသာျမင္ျကပံုပင္

ထယ္ေယာင္း ဂ်ီမင္းထည့္ေပးေသာအသားအားစားျကည့္ေတာ့အေတာ္ပင္အရသာရွိလွပါသည္

" အရသာရွိလိုက္တာ "

" အဲ့တာထယ္ေယာင္းအတြက္ကိုယ္ခ်က္ေပးထားတာ "

ေဆာ့ဂ်င္ေဟ်ာင္းကဂုဏ္ယူသလိုျပံဳးကေျပာေလသည္
ဆာမူရိုင္းေတြကဟင္းလည္းခ်က္သည္လား
ထယ္ေယာင္းဘဝင္ပင္ျမင့္ခ်င္သြားသည္
ကိုရီးယားနိုင္ငံအာဇာနည္ျကီးေတြဆီကဂရုစိုက္ခံရသည့္အျပင္ ဟင္းပါခ်က္ေကြ်းခံရသည္မလား

" ေဆာ့ဂ်င္ေဟ်ာင္းကေတာ္လိုက္တာ "

" ဟဲဟဲ ဒါပဲေလ "

" ေဆာ့ဂ်င္ေဟ်ာင္းကအျမဲခ်က္ေလ့မရွိဘူး
ဒီေန႔ထယ္ေယာင္းရွီးကိုခ်က္ေကြ်းခ်င္လွခ်ည္ရဲ႕ဆိုျပီးညေနကတည္းဒီဟင္းကိုခ်က္ေနတာ "

ဟိုေဆာ့ရွွီးကထယ္ေယာင္းလိုပင္လိေမၼာ္ရည္အားေသာက္လ်က္စကားဝင္ေျပာေလသည္

" ဟီး တကယ္ေက်းဇူးတင္ပါတယ္ "

ေဆာ့ဂ်င္ေဟ်ာင္းကရပါတယ္ဆိုေသာအမူအရာျပကာအစားသို႔အာရံုထပ္ေရာက္သြားေလသည္

ထယ္ေယာင္းေရွ႕၌ထိုင္ေနေသာယြန္းဂီကထယ္ေယာင္းေရွ႕အားစေတာ့ဘယ္ရီကိတ္စိတ္ေလးအားေပးကာ

" ထမင္းစားျပီးရင္စားဖို႔ "

" ေက်းဇူး အကိုယြန္းဂီ ကြ်န္ေတာ္ကစေတာ္ဘယ္ရီျကိဳက္တယ္ "

သူေပးေသာကိတ္အားျကိဳက္သည္ဟုျပံဳးကာေျပာေသာေျကာင့္ယြန္းဂီစိတ္ထဲေက်နပ္သြားသလိုပင္ ။

ေကာင္ေလးကအကုန္လံုးနွင့္အဆင္ေျပသည္မလို႔ေဂ်ာင္ဂုစိတ္ထဲေအးသြားေတာ့သည္
ဂ်ီမင္းနွင့္ေတာင္အဆင္ေျပသည္မလား
သူကအျမဲေကာင္ေလးနားတစ္ေနကုန္မေနနိုင္သည္မလို႔ ေကာင္ေလးနွင့္အဆင္ေျပမည့္သူတစ္ေယာက္ေလာက္ေတာ့ရွိေစခ်င္ခဲ့တာ
အကုန္လံုးနွင့္အဆင္ေျပသည္မလို႔ေဂ်ာင္ဂုစိတ္ပူစရာမလိုေတာ့ပါ

ညစာစားျပီးေသာ္ အကုန္ထြက္သြားစဥ္ေဂ်ာင္ဂုက
" ညဆယ္နာရီေနာ္ ေကာင္ေလး "

" ဟုတ္လာခဲ့မယ္ေဂ်ာင္ဂု "

ထယ္ေယာင္းအခန္းျပန္လာေတာ့ အခန္းေရွ႕၌နမ္ဂြ်န္းေဟ်ာင္းကတံခါးအားမွီရင္းလက္ပိုက္လ်က္ရပ္ေနေလသည္
ဒီတစ္ခါေတာ့နင္ဂ်ာအဝတ္အစားမဟုတ္ေပ

" နမ္ဂြ်န္းေဟ်ာင္း ဘယ္လိုေရာက္လာတလဲ "

နမ္ဂြ်န္ကဝင္ခြင့္တံဆိပ္အားေထာင္ျပလ်က္

" ေဂ်ာင္ဂုကတစ္ခ်ိဳ႕အလုပ္ေတြဆိုကိုယ့္ကိုတာဝန္ေပးရတာမလို႔
ကိုယ္နဲ႔သူကရင္းနွီးတယ္ေလ "

" မသိပါဘူး နင္ဂ်ာဆိုေတာ့ ဟိုခုန္ဒီခုန္နဲ႔ခိုးဝင္လာတယ္မွတ္တာ ဟီး "

" ဒီစံအိမ္ထဲခိုးဝင္ရင္ကိုယ္ေသေနေလာက္ျပီေပါ့ကြာ
လံုျခံဳေရးကအရမ္းျကပ္တာ ဝင္လို႔မရဘူး
ကိုယ္အခုလာတာ ထယ္ေယာင္းကိုအေရးျကီးတာမွာစရာရွိလို႔ "

" ဘာလဲဟင္ နမ္ဂြ်န္းေဟ်ာင္း "

" ထယ္ေယာင္းကအခ်ိန္တန္ကိုယ္နဲ႔အတူကိုယ္တို႔ကမာၻကိုျပန္မွာမလား "

" ေသခ်ာေပါက္ေပါ့ ေဟ်ာင္း "

" ျပန္ခ်င္ရင္ ထယ္ေယာင္းနွလံုးသားကဒီမွာက်န္ခဲ့လို႔မရဘူး "

" ေဟ်ာင္းဘာကိုေျပာခ်င္တယ္ဆိုတာကြ်န္ေတာ္နားမလည္ဘူး ေဟ်ာင္း "

" ထယ္ေယာင္းဒီကမာၻကသူကိုခ်စ္မိလို႔မရဘူး
ဘယ္လိုခ်စ္နည္းနဲ႔မွကိုခ်စ္လို႔မရဘူး
အစ္ကို အစ္မတစ္ေယာက္လိုခ်စ္မိရင္ေတာင္ျပန္ဖို႔အေတာ္ခက္သြားလိမ့္မယ္
အဲ့လိုမဟုတ္ဘဲ 1500 နဲ႔ခ်စ္မိရင္ထယ္ေယာင္းျပန္လို႔ကိုရမွာမဟုတ္ေတာ့ဘူး
အျပန္ေသာ့ရွိေနေတာင္တံခါးကိုျဖတ္လို႔မရဘူး
အဲ့တာေျကာင့္ သတိထားပါထယ္ေယာင္း "

ထယ္ေယာင္းသာျပန္လို႔မရရင္ ကိုယ္ကလည္းျပန္လို႔ရမွာမဟုတ္ဘူး ထယ္
ကိုယ့္နွလံုးသာကိုဒီကမာၻမွာထားခဲ့လို႔မွမရဘဲ....

3617 words
NaYoungVK 🍓
16.11.2021

( A / N - Joon ဆိုလိုတာကိုသေဘာေပါက္က်လား 👀
ေျကာ္ျငာလိုက္ဦးမယ္
ကိုယ္ He Belongs With Me ဆိုတဲ့ Jiminie နဲ႔ Tae fic အသစ္ေလးတင္ထားပါတယ္လို႔ XD )

________________________________.

[ Unicode ]

ဘာစကားမှပြောခြင်းမရှိတိတ်ဆိတ်စွာပင်ထယ်ယောင်းအားစံအိမ်ရှိရာသို့လိုက်ပို့နေသော ယွန်းဂီရှီကြောင့် အပြစ်လုပ်ထားသောသူကဲ့သို့ပင်ထယ်ယောင်းခံစားရသည်
ဂျီမင်းကိုသတိထားပါလို့ပြောထားရက်နှင့် ယွန်းဂီရှီးပြောသည့်စကာအားနားမထောင်သလိုနှစ်ယောက်တည်းအတူရှိနေခဲ့သည်လေ

" ယွန်းဂီရှီး ကျွန်တော်ကိုစိတ်ဆိုးနေတာလားဟင် "

" မဆိုးပါဘူး ကိုယ်ကဘာလို့စိတ်ဆိုးရမှာလဲ "

" ကျွန်တော်ကယွန်းဂီရှီးစကားကိုနားမထောင်ဘဲ...."

" မဟုတ်တာ ဂျီမင်းအကြောင်းကိုယ်သိတာမလို့ရပါတယ်
သူနဲ့အတူမရှိနဲ့လို့ကိုယ်မပြောပါဘူး ဒါပေမဲ့
အမြဲသတိနဲ့တော့နေပါထယ်ယောင်း
သူကမင်းကိုထိခိုက်အောင်မလုပ်ဘူးလို့တွေးထားတောင် သူ့မှာမလွဲသာလို့လုပ်လိုက်ရမှာတွေအများကြီးဘဲ "

" ဟုတ်ကဲ့ပါ "

တွေ့ကာစကနှင့်မတူအေးစက်နေသောလေသံကြောင့်ထယ်ယောင်းတကယ်နေရခက်ပါသည်
စိတ်မဆိုးဘူးဟုဆိုသော်လည်း စိတ်ဆိုးနေသည်လို့ပင်ထယ်ယောင်းထင်ပါသည်

ထယ်ယောင်းအခန်းရှေ့နားပင်ရောက်တော့မည်ဖြစ်သော်လည်းယွန်းဂီထံမှဘာစကားသံမှထပ်ထွက်မလာဘဲတိတ်ဆိတ်လျက်

စိတ်ဆိုးနေသောသူစိမ်းတစ်ယောကအားထယ်ယောင်းမည်သို့ချော့ရပါမည်နည်း
အရင်ကတည်းကရင်းနှီးသောသူဆိုလျှင်တစ်မျိုး
မနေ့ညကသိသောယွန်းဂီအားသွားချော့ရမည်မှာလည်းအနည်းငယ်မျက်နှာပူစရာပင်

သို့သော်ယွန်ဂီရှီးမျက်နှာမှာသိသိသာသာပင်မကောင်းပါ
ထိုမှာကိုယ့်ကိုစိတ်ပူသောကြောင့်မလို့ ထယ်ယောင်းမသိသလိုလည်းမနေနိုင်ပါ

" အကို ယွန်းဂီ "

" ဟင် ထယ်ယောင်း "

ထယ်ယောင်းဆီက အကိုယွန်းဂီဆိုသောခေါ်သံကြောင့် ယွန်းဂီခြေလှမ်းများပင်ရပ်သွားတော့သည်

ကောင်လေးအားသူဝယ်လာသောလက်ဆောင်ပေးရန်ကောင်လေးရှိသည့်နေရာကိုမေးလိုက်တော့
အစောင့်တွေကပန်းခြံထဲမှာဟုဆိုသောကြောင့်ပန်းခြံဘက်လာစဉ် ဂျီမင်းနှင့်အတူရပ်နေသည်ကိုမြင်လိုက်သောကြောင့်အတော်ပင်စိုးရိမ်သွားမိခဲ့သည်
ကောင်လေးအားစိတ်ပူကာဂနာမငြိမ်ဖြစ်သွားသောစိတ်အားပြန်လည်ငြိမ်ရန်ကြိုးစားနေသည်မလို့ကောင်လေးအားစကားလည်းသိတ်မပြောနိုင်
ဘာကြောင့်ဒီလိုအိန္ဒြေမဆယ်နိုင်အောင်စိတ်ပူသွားခဲ့သည်ကိုသာစဉ်စားနေမိသည်

အတွေးများကာငြိမ်နေမိစဉ် ကောင်လေးဆီကပထမဆုံးဒီလိုအခေါ်ခံလိုက်ရသည်မလို့ရင်ထဲအပူလှိုင်းတစ်ခုဖြတ်ပြေးသွားသလိုနွေးခနဲ

" ဒီလိုခေါ်လို့ဖြစ်တယ်မလားဟင်
ရှေ့လျှောက်ရင်းနှီးသွားကြမှာဆိုတော့ အကိုယွန်းဂီနဲ့ကျွန်တော်ရင်းနှီးချင်လို့ပါ "

ထယ်ယောင်း အကိုယွန်းဂီနှင့်တကယ်ရင်းနှီးချင်ပါသည်
ထယ်ယောင်းအပေါ်အလွန်ပင်ဂရုစိုက်သောကြောင့်စိတ်ထဲကရင်းနှီးသလိုလည်းခံစားရသည်

" သေချာပေါက်ဖြစ်တာပေါ့ ထယ်ယောင်း "

" ပြီးတော့ ဒါလေး "

အကိုယွန်းဂီလှမ်းသောအထုပ်လေးအားထယ်ယောင်းယူလိုက်ကာ

" ဒါက.."

" ထယ်ယောင်းမှာလည်းအဝတ်အစားကများများစားစားပါမှာမဟုတ်တော့ ကိုယ်ဝယ်လာပေးတာ
ထယ်ယောင်းမကြိုက်မှာစိုးလို့နှစ်ထည်အရင်အစမ်းဝယ်လာတာရယ် "

ထယ်ယောင်းအထုပ်အားဖွင့်လိုက်တော့ပိုးသားအဖြူနှင့်အစိမ်းနုရောင် hanbok နှစ်ထည်ပင်
နူးညံ့နေသောအသားကြောင့်ဈေအတော်ကြီးမည်ပုံပင်

" လှလိုက်တာ "

" သဘောကျရဲ့လား "

" သဘောကျတာထက်ကိုပိုပါတယ် အကိုယွန်းဂီ "

ပြုံးကာသဘောကျကြောင်းပြောသည်မလို့ယွန်းဂီစိတ်အေးသွားတော့သည်
အရောင်နုမလို့ကောင်လေးသဘောမကျမှာစိုးရိမ်နေခဲ့တာ
ကောင်လေးကအရောင်နုလေးနှင့်ဆိုအရမ်းလိုက်မည်လို့ခံစားရသောကြောင့်အရောင်နုသာရွေးခဲ့မိသည်

" ဟူး တော်ပါသေးရဲ့
ထယ်ယောင်းသဘောမကျမှာစိုးရိမ်နေခဲ့တာ "

" ဈေးအရမ်းကြီးမဲ့ပုံဘဲ အားနာစရာကြီးအကိုယွန်းဂီရယ် "

" ဒီဈေးလောက်ကတော့ဘာမှမဟုတ်ပါဘူး
ထယ်ယောင်းကိုကြမ်းတဲ့အဝတ်တွေကျလည်းမဝတ်စေချင်ဘူးကိုယ်က "

စိတ်ထဲကအတိုင်းလွှတ်ခနဲထွက်သွားသောစကားကြောင့် ယွန်းဂီပါးစပ်အားထိန်းလိုက်ရလေသည်
သူစိမ်းတစ်ယောက်ကိုဒီလိုပြောတာအနည်းငယ်တစ်မျိုးဖြစ်နိုင်သည်မလား
ဂျိုဆန်းခေတ်ကမဟုတ်သည့်ကောင်လေးကတော့ဘယ်လိုမှမနေဘူးထင်ပါရဲ့

" ကျွန်တော့်ကိုနောက်လည်းဂရုစိုက်ပေးပါဦး ဟီး "

ကောင်လေးကတခြားကမာ္ဘအနာဂါတ်ကမလို့တော်ပါသေးသည်
ကောင်လေးအားစိတ်ထဲရှိတဲ့အတိုင်းပွင့်လင်းစွားပြောလို့ရသည့်ပုံပင်
ဂျိုဆန်းမှာလို့အရမ်းကြီးအပြောအဆိုစည်းတားစရာမလိုပေ

" ဒါပေါ့ ထယ်ယောင်း ကိုယ်သွားပြီနော် "

ထယ်ယောင်းဆံပင်အားလက်နှင့်အသာဖွက ပြုံးပြကာထွက်သွားသောအကိုယွန်းဂီကြောင့်ထယ်ယောင်းမတ်တပ်ကြီးရပ်လျက်သာကျန်ခဲ့တော့သည်

အကိုယွန်းဂီသူ့အားကလေးလိုမျိုးခေါင်းအားကိုင်သည်မှာ ဒါဒုတိယအကြိမ်ပင်
ဒီကသူတွေအမြင်တွင်ထယ်ယောင်းမှာကလေးပုံပေါက်နေလေသလား

သို့သော် ထိုသို့ဆက်ဆံခံရသည်ကိုထယ်ယောင်းသဘောမကျဘူးဟုဆိုလျှင်လ်ိမ်ရာကျမည်
အဘွားမရှိကတည်းကထယ်ယောင်းအပေါ်ဒီလိုဘယ်သူမှမဆက်ဆံသလို တစ်ယောက်တည်းအားတင်းကာရပ်တည်ခဲ့ရသည်မလို့တစ်ခါတစ်ရံဒီလိုဂရုစိုက်ခံချင်ပါသည် ။

________________________________.

ထယ်ယောင်းပျင်းသောကြောင့် အခန်းထဲပုံထိုင်ဆွဲနေကာ မှောင်သွားသည်ကိုပင်သတိမထားမိလိုက်ပါ

* ဒေါက် ဒေါက် *

" ဆော့ဂျင်ဟျောင်းပါ "

ထယ်ယောင်းတံခါးသွားဖွင့်တော့
" ထယ်ယောင်းကိုဂျောင်ဂုကထမင်းစားခေါ်ခိုင်းလိုက်လို့ "

" ဗျာ ဟုတ် "

ထယ်ယောင်းဆော့ဂျင်ဟျောင်းခေါ်ရာသို့လိုက်သွားရာ
အခန်းတစ်ခုထဲ၌စားပွဲရှည်ကြီးကနေရာယူလျက်
စားပွဲရှည်ပေါ်တွင်းဟင်းမျိုးစုံကနေရာယူလျက်ပင်

စားပွဲ၌ ဂျွန်ဂျောင်ဂု ဂျီမင်း အကိုယွန်းဂီ နဲ့ ဟိုဆော့ရှီးကထိုင်ကာထယ်ယောင်းတို့အားစောင့်နေပုံပင်

ဂျွန်ဂျောင်ဂုက စားပွဲထိပ်ဆုံး၌ထိုင်နေလေသည်
ဂျွန်ဂျောင်ဂုဘေး၌လွတ်နေသောခုံအားဆော့ဂျင်ဟျောင်ကဆွဲပေးကာထိုင်စေသည်
ထယ်ယောင်းဘေး၌ဂျီမင်းနှင့်ရှေ့တွင်အကိုယွန်းဂီပင်

" အားနာစရာကြီး ဆော့ဂျင်ဟျောင်းရယ် "

" ရပါတယ်ထယ်ယောင်းရဲ့"

" အခုကစပြီးဒီနေရာကထယ်ကောင်လေးနေရာပဲ
ထမင်းစားချိန်တိုင်းဒီကိုလာခဲ့ပေါ့ "

" ဟုတ် ကျေးဇူးပါဂျောင်ဂုရှီး "

" ဂျောင်ဂု "

" ဗျာ "

" ဂျောင်ဂု ဆိုရပြီ "

ထယ်ယောင်းအားဂျောင်ဂုလို့ခေါ်ခိုင်းခံသည်လား
တခြားသူများလိုမဟုတ်ဘဲ စကားပြောတာ ပြတ်ပြတ်ကြီးပင်

" ဟုတ် ဂျောင်ဂု "

ထယ်ယောင်း ဂျောင်ဂုလို့ခေါ်သောအခါအနည်းငယ်ကွေးညွတ်သွားသောဂျောင်ဂုနှုတ်ခမ်းများကကျေနပ်သွားဟန်

ထမင်းစားရင်းပြောနေကျသောအကြောင့်အရာများမှာနိုင်ငံရေးကိစ္စများသာမလို့ထယ်ယောင်းငြိမ်ကာအစားသို့အာရုံထားလိုက်တော့သည်

သူတို့ပြောသောကိစ္စများအားသိတ်နားမလည်သော်လည်း အသေးစားစစ်ဖြစ်မည့်ပုံပင်
နောက်ဆုံးစစ်ကြီးမဟုတ်သောကြောင့်ထယ်ယောင်းမသိပါ
သိခဲ့ရင်လည်းမမှတ်မိလောက်ပါ
စာမေးပွဲဖြေခါနီးမှကပ်ကျက်တတ်သောကြောင့် ပုံမှန်စာလောက်ကတော့မမှတ်မိပါ

" စစ်ချီသွားရင် ကောင်လေးလိုက်ခဲ့ရမယ် "

" ဗျာ ကျွန်တော်ကလား "

ကောင်လေးဆိုသောအသံကြောင့်ဂျောင်ဂုအားနားမလည်သလိုကြည့်မိလိုက်သည်
စစ်တိုက်သွားသည်ကိုသူကလိုက်ရမည်တဲ့
ထယ်ယောင်းစစ်တိုက်ဖို့နေနေသာ တိရစာ္ဆန်တောင်မသတ်ရဲပါ

" ဟုတ်တယ် ကိုယ်တို့အကုန်ကရှေ့တန်းရောက်နေချိန် ကောင်လေးကိုစံအိမ်မှာမထားခဲ့နိုင်ဘူး
ဘယ်လောက်ပဲကိုယ့်လူတွေပြောပြော ကိုယ်တို့တစ်ယောက်မှမရှိဘူးဆိုအန္တရာယ်များတယ်
ကောင်လေးမှာကအန္တရာယ်တွေရှိနေတာမလို့
အခုအချိန်မှာကိုယ်တို့နဲ့အမြဲနေနေတာအကောင်းဆုံးပဲ "

ဂျောင်ဂုပြောသည်ကိုအကုန်လုံးကထောက်ခံကြသည်
ထယ်ယောင်းမှာတော့ရှေ့တန်းထိလိုက်ရမည်ဆိုလို့ဒူးပင်တုန်ချင်လာသည်

ထယ်ယောင်းမျက်နှာပျက်နေသည်ကိုသတိထားမိသောဂျောင်ဂုက စားပွဲပေါ်တင်ထားသောထယ်ယောင်းလက်အားလက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ

" ကိုယ်မင်းကိုကာကွယ်ပေးနိုင်တယ် "

" ကျွန်တော်မသေလောက်ပါဘူးနော် ဂျောင်ဂု "

" အဟား ကောင်လေးရယ် ဘာလို့သေရမှာလဲ
စစ်ကအသေးစားလေးရယ် ကောင်လေးမုန့်ထိုင်စားနေလို့ရတယ် "

ဂျောင်ဂုကရယ်ကာ ထယ်ယောင်းလက်အားအသာဆုပ်ကိုင်ရင်း ကျန်လက်တစ်ဖက်ဖြင့်ဝိုင်ခွက်အားမော့သောက်လိုက်လေသည်

စစ်ဖြစ်နေချိန်မုန့်ထိုင်စားလို့ရတယ်တဲ့
သူ့အားကလေးကျလို့

" ကောင်လေးကကိုယ့်ရဲ့ကံကောင်းစေတဲ့အဆောင်လေးဆိုတော့ ဘယ်သွားသွားခေါ်သွားရမှာပေါ့
စစ်ပွဲအတွက်ကံကောင်းအောင်လိုက်ခဲ့ပါ
ပြန်လာရင် ပွဲတော်ကိုအကုန်အတူသွားကြမှာ "

ထယ်ယောင်းအား ကလေးချော့သလိုချော့ခေါ်နေသည်မလို့ထယ်ယောင်းလိုက်ရန်သာ သဘောတူလိုက်တော့သည်

ထို့နောက်ထယ်ယောင်းပန်းကန်ထဲရောက်လာသော အသားတုံးတစ်ခု

" များများစား ထယ်
ကလေးတွေကများများစားရတယ် "

" ကျွန်တော်က ကလေးတော့မဟုတ်တော့ပါဘူး "

" ကလေးတွေက ကလေးမဟုတ်ဘူးပြောကြပါတယ် "

ဂျီမင်းကပြုံးရင်း ထယ်ယောင်းအားဟင်းများထပ်ထည့်ပေးလေသည်

ဂျီမင်းကထယ်ယောင်းအားအသားတုံးထည့်ပေးရင်း ကလေးဟုဆိုလာသောကြောင့်ထယ်ယောင်းစိတ်ထဲအနည်းငယ်ကြည်နူးသွားသလိုပင်
ဒီကသူတွေအကုန်ကသူ့အားကလေးတစ်ယောက်လိုပင်သဘောထားကာဂရုစိုက်လှပါသည်

ထယ်ယောင်းနှင့် လေးငါးခြောက်နှစ် သာကွာကြသော်လည်း
သူတို့အမြင်၌ထယ်ယောင်းဟာကလေးတစ်ယောက်လိုဖြူစင်နုဖက်လွန်းနေသောကြောင့်ကလေးဟုသာမြင်ကြပုံပင်

ထယ်ယောင်း ဂျီမင်းထည့်ပေးသောအသားအားစားကြည့်တော့အတော်ပင်အရသာရှိလှပါသည်

" အရသာရှိလိုက်တာ "

" အဲ့တာထယ်ယောင်းအတွက်ကိုယ်ချက်ပေးထားတာ "

ဆော့ဂျင်ဟျောင်းကဂုဏ်ယူသလိုပြုံးကပြောလေသည်
ဆာမူရိုင်းတွေကဟင်းလည်းချက်သည်လား
ထယ်ယောင်းဘဝင်ပင်မြင့်ချင်သွားသည်
ကိုရီးယားနိုင်ငံအာဇာနည်ကြီးတွေဆီကဂရုစိုက်ခံရသည့်အပြင် ဟင်းပါချက်ကျွေးခံရသည်မလား

" ဆော့ဂျင်ဟျောင်းကတော်လိုက်တာ "

" ဟဲဟဲ ဒါပဲလေ "

" ဆော့ဂျင်ဟျောင်းကအမြဲချက်လေ့မရှိဘူး
ဒီနေ့ထယ်ယောင်းရှီးကိုချက်ကျွေးချင်လှချည်ရဲ့ဆိုပြီးညနေကတည်းဒီဟင်းကိုချက်နေတာ "

ဟိုဆော့ရှီးကထယ်ယောင်းလိုပင်လိမ္မော်ရည်အားသောက်လျက်စကားဝင်ပြောလေသည်

" ဟီး တကယ်ကျေးဇူးတင်ပါတယ် "

ဆော့ဂျင်ဟျောင်းကရပါတယ်ဆိုသောအမူအရာပြကာအစားသို့အာရုံထပ်ရောက်သွားလေသည်

ထယ်ယောင်းရှေ့၌ထိုင်နေသောယွန်းဂီကထယ်ယောင်းရှေ့အားစတော့ဘယ်ရီကိတ်စိတ်လေးအားပေးကာ

" ထမင်းစားပြီးရင်စားဖို့ "

" ကျေးဇူး အကိုယွန်းဂီ ကျွန်တော်ကစတော်ဘယ်ရီကြိုက်တယ် "

သူပေးသောကိတ်အားကြိုက်သည်ဟုပြုံးကာပြောသောကြောင့်ယွန်းဂီစိတ်ထဲကျေနပ်သွားသလိုပင် ။

ကောင်လေးကအကုန်လုံးနှင့်အဆင်ပြေသည်မလို့ဂျောင်ဂုစိတ်ထဲအေးသွားတော့သည်
ဂျီမင်းနှင့်တောင်အဆင်ပြေသည်မလား
သူကအမြဲကောင်လေးနားတစ်နေကုန်မနေနိုင်သည်မလို့ ကောင်လေးနှင့်အဆင်ပြေမည့်သူတစ်ယောက်လောက်တော့ရှိစေချင်ခဲ့တာ
အကုန်လုံးနှင့်အဆင်ပြေသည်မလို့ဂျောင်ဂုစိတ်ပူစရာမလိုတော့ပါ

ညစာစားပြီးသော် အကုန်ထွက်သွားစဉ်ဂျောင်ဂုက
" ညဆယ်နာရီနော် ကောင်လေး "

" ဟုတ်လာခဲ့မယ်ဂျောင်ဂု "

ထယ်ယောင်းအခန်းပြန်လာတော့ အခန်းရှေ့၌နမ်ဂျွန်းဟျောင်းကတံခါးအားမှီရင်းလက်ပိုက်လျက်ရပ်နေလေသည်
ဒီတစ်ခါတော့နင်ဂျာအဝတ်အစားမဟုတ်ပေ

" နမ်ဂျွန်းဟျောင်း ဘယ်လိုရောက်လာတလဲ "

နမ်ဂျွန်ကဝင်ခွင့်တံဆိပ်အားထောင်ပြလျက်

" ဂျောင်ဂုကတစ်ချို့အလုပ်တွေဆိုကိုယ့်ကိုတာဝန်ပေးရတာမလို့
ကိုယ်နဲ့သူကရင်းနှီးတယ်လေ "

" မသိပါဘူး နင်ဂျာဆိုတော့ ဟိုခုန်ဒီခုန်နဲ့ခိုးဝင်လာတယ်မှတ်တာ ဟီး "

" ဒီစံအိမ်ထဲခိုးဝင်ရင်ကိုယ်သေနေလောက်ပြီပေါ့ကွာ
လုံခြုံရေးကအရမ်းကြပ်တာ ဝင်လို့မရဘူး
ကိုယ်အခုလာတာ ထယ်ယောင်းကိုအရေးကြီးတာမှာစရာရှိလို့ "

" ဘာလဲဟင် နမ်ဂျွန်းဟျောင်း "

" ထယ်ယောင်းကအချိန်တန်ကိုယ်နဲ့အတူကိုယ်တို့ကမာ္ဘကိုပြန်မှာမလား "

" သေချာပေါက်ပေါ့ ဟျောင်း "

" ပြန်ချင်ရင် ထယ်ယောင်းနှလုံးသားကဒီမှာကျန်ခဲ့လို့မရဘူး "

" ဟျောင်းဘာကိုပြောချင်တယ်ဆိုတာကျွန်တော်နားမလည်ဘူး ဟျောင်း "

" ထယ်ယောင်းဒီကမာ္ဘကသူကိုချစ်မိလို့မရဘူး
ဘယ်လိုချစ်နည်းနဲ့မှကိုချစ်လို့မရဘူး
အစ်ကို အစ်မတစ်ယောက်လိုချစ်မိရင်တောင်ပြန်ဖို့အတော်ခက်သွားလိမ့်မယ်
အဲ့လိုမဟုတ်ဘဲ 1500 နဲ့ချစ်မိရင်ထယ်ယောင်းပြန်လို့ကိုရမှာမဟုတ်တော့ဘူး
အပြန်သော့ရှိနေတောင်တံခါးကိုဖြတ်လို့မရဘူး
အဲ့တာကြောင့် သတိထားပါထယ်ယောင်း "

ထယ်ယောင်းသာပြန်လို့မရရင် ကိုယ်ကလည်းပြန်လို့ရမှာမဟုတ်ဘူး ထယ်
ကိုယ့်နှလုံးသာကိုဒီကမာ္ဘမှာထားခဲ့လို့မှမရဘဲ....

3617 words
NaYoungVK 🍓
16.11.2021

( A / N - Joon ဆိုလိုတာကိုသဘောပေါက်ကျလား 👀
ကြော်ငြာလိုက်ဦးမယ်
ကိုယ် He Belongs With Me ဆိုတဲ့ Jiminie နဲ့ Tae fic အသစ်လေးတင်ထားပါတယ်လို့ XD )

Continue lendo

Você também vai gostar

1.9M 86.3K 194
"Oppa", she called. "Yes, princess", seven voices replied back. It's a book about pure sibling bond. I don't own anything except the storyline.
69.4K 1.6K 31
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...
61.3K 1.2K 46
*Completed* "Fake it till you make it?" A PR relationship with a heartbroken singer in the midst of a world tour sounds like the last thing Lando Nor...
570K 8.7K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...