"Jungkook...တစ်ယောက်တည်းပြန်လို့ရရဲ့လား"
Jungkook ကိုအိမ်ပြန်လိုက်ပို့ရင်းနဲ့ Appa ကဖုန်းဆက်ကာအရေးတကြီးခိုင်းစရာရှိလို့အိမ်ပြန်လာခိုင်းတာကြောင့်အိမ်ပြန်ရမှာဖြစ်တဲ့အတွက် Jungkook ကိုအားနာစွာ Jimin မေးနေခြင်းဖြစ်သည်...ညနေစောင်းနေပြီဖြစ်သည့်အပြင်မိုးအုံ့နေတာကြောင့်ကောင်းကင်ကြီးတစ်ခုလုံးမှောင်မဲနေလေသည်...
"ရပါတယ် Hyung ကလည်း....အန်ကယ်လ်ကခေါ်နေပြီမလား သွားတော့လေ ကျွန်တော့်အိမ်လည်းနီးနေပါပြီ"
Jungkook ကသူ့အတွက်အားနာနေသည့် Jimin ရဲ့လက်မောင်းကိုအသာအယာလှမ်းရိုက်ကာပြောသည်...
"အေးပါ သေချာသွားအုံးနော် လမ်းကြားကမှောင်နေမယ်ထင်တယ်"
"ဟုတ် ရပါတယ်ဆို သွားတော့သွား"
သူ့အတွက်စိတ်မချဖြစ်နေသည့် Jimin ကိုပြုံးပြကာပြောရင်းအိမ်ပြန်ဖို့လမ်းကြားထဲကိုဝင်လာခဲ့သည်...Jungkook နေသည့်ရပ်ကွက်ဟာလမ်းကြားတွေအများကြီးရှိလေသည်...တစ်နည်းပြောရရင်လူဆင်းရဲရပ်ကွက်ဆိုလည်းမမှားချေ...လမ်းကြားထဲကိုဂရုစိုက်ကာဝင်လာခဲ့သည်...ထိုသို့ဝင်လာရင်းအရှေ့နားက bar ရှေ့မှာရပ်ထားသည့်ကားကိုမြင်သောအခါ Jungkook အူကြောင်ကြောင်ဖြစ်သွားလေသည်...ထို့ကြောင့်ထိုကားနားကိုလျှောက်သွားပြီးနံပါတ်ပြားကိုကြည့်လိုက်သည့်အခါ Taehyung ရဲ့ကားဖြစ်နေလေသည်...Taehyung နဲ့ပတ်သတ်သည့်အချက်အလက်သေးသေးလေးကအစ Jungkook အလွတ်မှတ်မိလေသည်...
"စီနီယာရဲ့ကားပဲ...."
ကားရပ်ထားသည့်နေရာကနာမည်သိပ်မကြီးသည့် club ဖြစ်တာကြောင့် Jungkook အံ့ဩနေမိသည်..Taehyung လိုသူဌေးသားကဒီလိုနေရာမျိုးကိုလာမှာမဟုတ်မှန်းသိနေတာကြောင့်ဖြစ်သည်...Taehyung ကိုတွေ့လိုတွေ့ငြား bar ထဲကိုလှမ်းကြည့်နေမိသည်...ထိုအချိန် bar ထဲကနေယောကျာ်းလေးအုပ်စုထွက်လာလေသည်...Jungkook ကသူတို့ကိုသတိမထားမိဘဲ bar ထဲကိုသာလှမ်းကြည့်နေလေသည်...
"ဟေ့ကောင်!!မင်းကဘာကောင်မို့လို့ငါတို့ကိုကြည့်နေတာလဲ!!"
"ဗျာ....!!ကျွန်တော့်ကိုပြောနေတာလား..."
"ဒီနေရာမှာမင်းနဲ့ငါတို့ကလွဲရင်ဘယ်သူရှိလို့လဲ!!"
"ကျွန်...ကျွန်တော်ကအစ်ကိုတို့ကိုကြည့်နေတာမဟုတ်ပါဘူး...."
အရှေ့ကိုတိုးလာကြသည့်လူတစ်စုကြောင့် Jungkook ကြောက်ကာအနောက်ကိုဆုတ်သွားလေသည်...
"ဟေ့ကောင်!!bar ထဲကထွက်လာတာငါတို့ပဲရှိတာ!!ငါတို့ကိုကြည့်နေတာအသိသာကြီး!!သေချင်လို့လား!!"
ထိုအုပ်စုထဲကအရပ်ရှည်ရှည်၊လူကောင်ကြီးကြီးကောင်လေးတစ်ယောက်ထွက်လာကာ Jungkook ရဲ့ရင်ဘတ်ကိုဆောင့်တွန်းလိုက်လေသည်...ထို့ကြောင့်အနောက်မှာရပ်ထားသည့် Taehyung ရဲ့ကားကို Jungkook ဝင်တိုက်မိသွားလေသည်...ထိုအခါကားကအချက်ပေးသံမြည်လာလေသည်...
"အစ်...အစ်ကိုတို့...ကျွန်...ကျွန်တော်တောင်းပန်ပါတယ်ဗျာ...အစ်..အစ်ကိုတို့ကိုကြည့်တာမဟုတ်ပါဘူး..."
အရက်မူးနေသည့်သူတို့ကြောင့် Jungkook ကြောက်လာကာလက်အုပ်ချီကာမျက်ရည်တွေဝဲတက်လာရင်းတောင်းပန်လေသည်...
"ဘာဖြစ်နေကြတာလဲ..."
ထိုအချိန် bar ထဲကနေကောင်မလေးတစ်ယောက်ရဲ့ခါးကိုဖက်ကာ Taehyung ထွက်လာလေသည်...
"စီ...စီနီယာ!!"
Taehyung ကိုမြင်လိုက်ရသောအခါ Jungkook ဝမ်းသာသွားကာ Taehyung ရဲ့အနားကိုပြေးသွားလေသည်...
"...."
Taehyung ကတော့ဘာမှပြန်မပြောဘဲ Jungkook ကိုကြည့်နေလေသည်...
"စီ..စီနီယာ...ကျွန်...ကျွန်တော့်ကိုကူညီပါအုံး...!!"
"Taehyung...မင်းနဲ့သိတာလား"
ထိုအုပ်စုထဲကကောင်လေးတစ်ယောက်က Taehyung ကိုကြည့်ကာမေးသည်...ထိုအခါ Taehyung က Jungkook ကိုကြည့်နေပြီးနောက်သူ့ရဲ့လက်မောင်းကိုအားကိုးတကြီးကိုင်ထားသည့် Jungkook ရဲ့လက်ကိုပုတ်ထုတ်လိုက်လေသည်...
"မသိဘူး...မင်းတို့လုပ်ချင်တာလုပ် ငါ့ကားကိုထိမှာစိုးလို့ထွက်လာတာ သွားကြစို့"
ပြောရင်းဆိုရင်းနဲ့ Taehyung ကသူ့ဘေးကကောင်မလေးကိုနမ်းလိုက်ကာကားထဲကိုဝင်ပြီးမောင်းထွက်သွားလေသည်...ကျန်နေခဲ့သည့် Jungkook ကတော့မျက်ရည်တွေဝဲတက်လာကာအမြင်အာရုံတွေဝေဝါးလာလေသည်...Taehyung ကသူ့အပေါ်ကိုဒီလောက်ထိရက်စက်နိုင်လိမ့်မယ်လို့မထင်ထားခဲ့တာဖြစ်သည်...ထို့နောက် Jungkook လက်လျော့ကာဒူးထောက်ထိုင်ချလိုက်လေသည်...Taehyung ကိုသူအရမ်းချစ်သည်...Taehyung ခိုင်းသမျှကိုမငြိုငြင်ဘဲနဲ့သူအကုန်လုပ်ပေးနိုင်သည်...Taehyung ရဲ့ဆန္ဒတွေကိုတတ်နိုင်သလောက်ဖြည့်ဆည်းပေးချင်သည်...ဖြည့်ဆည်းပေးဖို့လည်းအစွမ်းကုန်ကြိုးစားခဲ့သည်...တစ်စုံတစ်ယောက်သောသူကသူ့ကိုပြန်ချစ်ဖို့ကြိုးစားရင်းနဲ့သူ့ကိုယ်သူမုန်းတီးလာခဲ့သည်...Taehyung ကသူ့ကိုနာကျင်စေဖို့ဆန္ဒရှိလျှင်လည်းသူကြိတ်မှိတ်ကာခံယူနိုင်သည်...သို့သော် Taehyung ရဲ့ဆန္ဒကိုနာခံမှာဒီတစ်ခေါက်နောက်ဆုံးဖြစ်စေရမည်.....အတွေးမဆုံးခင်မှာပင်အရှိန်ပြင်းသည့်လက်သီးတစ်ချက်ဟာ Jungkook ရဲ့မျက်နှာပေါ်ကိုကျရောက်လာလေသည်....
__________________❣︎________________
တိုတိုလေးဆိုတာလည်းသိပါတယ်။မဆူကြပါနဲ့နော်😭
ဒီ့ထက်ဘယ်လိုမှဆွဲဆန့်လို့မရတော့လို့ပါကွယ်❣︎
Zawgyi
"Jungkook...တစ္ေယာက္တည္းျပန္လို႔ရရဲ့လား"
Jungkook ကိုအိမ္ျပန္လိုက္ပို႔ရင္းနဲ႔ Appa ကဖုန္းဆက္ကာအေရးတႀကီးခိုင္းစရာရွိလို႔အိမ္ျပန္လာခိုင္းတာေၾကာင့္အိမ္ျပန္ရမွာျဖစ္တဲ့အတြက္ Jungkook ကိုအားနာစြာ Jimin ေမးေနျခင္းျဖစ္သည္...ညေနေစာင္းေနၿပီျဖစ္သည့္အျပင္မိုးအုံ႔ေနတာေၾကာင့္ေကာင္းကင္ႀကီးတစ္ခုလုံးေမွာင္မဲေနေလသည္...
"ရပါတယ္ Hyung ကလည္း....အန္ကယ္လ္ကေခၚေနၿပီမလား သြားေတာ့ေလ ကၽြန္ေတာ့္အိမ္လည္းနီးေနပါၿပီ"
Jungkook ကသူ႔အတြက္အားနာေနသည့္ Jimin ရဲ့လက္ေမာင္းကိုအသာအယာလွမ္းရိုက္ကာေျပာသည္...
"ေအးပါ ေသခ်ာသြားအုံးေနာ္ လမ္းၾကားကေမွာင္ေနမယ္ထင္တယ္"
"ဟုတ္ ရပါတယ္ဆို သြားေတာ့သြား"
သူ႔အတြက္စိတ္မခ်ျဖစ္ေနသည့္ Jimin ကိုျပဳံးျပကာေျပာရင္းအိမ္ျပန္ဖို႔လမ္းၾကားထဲကိုဝင္လာခဲ့သည္...Jungkook ေနသည့္ရပ္ကြက္ဟာလမ္းၾကားေတြအမ်ားႀကီးရွိေလသည္...တစ္နည္းေျပာရရင္လူဆင္းရဲရပ္ကြက္ဆိုလည္းမမွားေခ်...လမ္းၾကားထဲကိုဂ႐ုစိုက္ကာဝင္လာခဲ့သည္...ထိုသို႔ဝင္လာရင္းအေရွ႕နားက bar ေရွ႕မွာရပ္ထားသည့္ကားကိုျမင္ေသာအခါ Jungkook အူေၾကာင္ေၾကာင္ျဖစ္သြားေလသည္...ထို႔ေၾကာင့္ထိုကားနားကိုေလၽွာက္သြားၿပီးနံပါတ္ျပားကိုၾကည့္လိုက္သည့္အခါ Taehyung ရဲ့ကားျဖစ္ေနေလသည္...Taehyung နဲ႔ပတ္သတ္သည့္အခ်က္အလက္ေသးေသးေလးကအစ Jungkook အလြတ္မွတ္မိေလသည္...
"စီနီယာရဲ့ကားပဲ...."
ကားရပ္ထားသည့္ေနရာကနာမည္သိပ္မႀကီးသည့္ club ျဖစ္တာေၾကာင့္ Jungkook အံ့ဩေနမိသည္..Taehyung လိုသူေဌးသားကဒီလိုေနရာမ်ိဳးကိုလာမွာမဟုတ္မွန္းသိေနတာေၾကာင့္ျဖစ္သည္...Taehyung ကိုေတြ႕လိုေတြ႕ျငား bar ထဲကိုလွမ္းၾကည့္ေနမိသည္...ထိုအခ်ိန္ bar ထဲကေနေယာက်ာ္းေလးအုပ္စုထြက္လာေလသည္...Jungkook ကသူတို႔ကိုသတိမထားမိဘဲ bar ထဲကိုသာလွမ္းၾကည့္ေနေလသည္...
"ေဟ့ေကာင္!!မင္းကဘာေကာင္မို႔လို႔ငါတို႔ကိုၾကည့္ေနတာလဲ!!"
"ဗ်ာ....!!ကၽြန္ေတာ့္ကိုေျပာေနတာလား..."
"ဒီေနရာမွာမင္းနဲ႔ငါတို႔ကလြဲရင္ဘယ္သူရွိလို႔လဲ!!"
"ကၽြန္...ကၽြန္ေတာ္ကအစ္ကိုတို႔ကိုၾကည့္ေနတာမဟုတ္ပါဘူး...."
အေရွ႕ကိုတိုးလာၾကသည့္လူတစ္စုေၾကာင့္ Jungkook ေၾကာက္ကာအေနာက္ကိုဆုတ္သြားေလသည္...
"ေဟ့ေကာင္!!bar ထဲကထြက္လာတာငါတို႔ပဲရွိတာ!!ငါတို႔ကိုၾကည့္ေနတာအသိသာႀကီး!!ေသခ်င္လို႔လား!!"
ထိုအုပ္စုထဲကအရပ္ရွည္ရွည္၊လူေကာင္ႀကီးႀကီးေကာင္ေလးတစ္ေယာက္ထြက္လာကာ Jungkook ရဲ့ရင္ဘတ္ကိုေဆာင့္တြန္းလိုက္ေလသည္...ထို႔ေၾကာင့္အေနာက္မွာရပ္ထားသည့္ Taehyung ရဲ့ကားကို Jungkook ဝင္တိုက္မိသြားေလသည္...ထိုအခါကားကအခ်က္ေပးသံျမည္လာေလသည္...
"အစ္...အစ္ကိုတို႔...ကၽြန္...ကၽြန္ေတာ္ေတာင္းပန္ပါတယ္ဗ်ာ...အစ္..အစ္ကိုတို႔ကိုၾကည့္တာမဟုတ္ပါဘူး..."
အရက္မူးေနသည့္သူတို႔ေၾကာင့္ Jungkook ေၾကာက္လာကာလက္အုပ္ခ်ီကာမ်က္ရည္ေတြဝဲတက္လာရင္းေတာင္းပန္ေလသည္...
"ဘာျဖစ္ေနၾကတာလဲ..."
ထိုအခ်ိန္ bar ထဲကေနေကာင္မေလးတစ္ေယာက္ရဲ့ခါးကိုဖက္ကာ Taehyung ထြက္လာေလသည္...
"စီ...စီနီယာ!!"
Taehyung ကိုျမင္လိုက္ရေသာအခါ Jungkook ဝမ္းသာသြားကာ Taehyung ရဲ့အနားကိုေျပးသြားေလသည္...
"...."
Taehyung ကေတာ့ဘာမွျပန္မေျပာဘဲ Jungkook ကိုၾကည့္ေနေလသည္...
"စီ..စီနီယာ...ကၽြန္...ကၽြန္ေတာ့္ကိုကူညီပါအုံး...!!"
"Taehyung...မင္းနဲ႔သိတာလား"
ထိုအုပ္စုထဲကေကာင္ေလးတစ္ေယာက္က Taehyung ကိုၾကည့္ကာေမးသည္...ထိုအခါ Taehyung က Jungkook ကိုၾကည့္ေနၿပီးေနာက္သူ႔ရဲ့လက္ေမာင္းကိုအားကိုးတႀကီးကိုင္ထားသည့္ Jungkook ရဲ့လက္ကိုပုတ္ထုတ္လိုက္ေလသည္...
"မသိဘူး...မင္းတို႔လုပ္ခ်င္တာလုပ္ ငါ့ကားကိုထိမွာစိုးလို႔ထြက္လာတာ သြားၾကစို႔"
ေျပာရင္းဆိုရင္းနဲ႔ Taehyung ကသူ႔ေဘးကေကာင္မေလးကိုနမ္းလိုက္ကာကားထဲကိုဝင္ၿပီးေမာင္းထြက္သြားေလသည္...က်န္ေနခဲ့သည့္ Jungkook ကေတာ့မ်က္ရည္ေတြဝဲတက္လာကာအျမင္အာ႐ုံေတြေဝဝါးလာေလသည္...Taehyung ကသူ႔အေပၚကိုဒီေလာက္ထိရက္စက္နိုင္လိမ့္မယ္လို႔မထင္ထားခဲ့တာျဖစ္သည္...ထို႔ေနာက္ Jungkook လက္ေလ်ာ့ကာဒူးေထာက္ထိုင္ခ်လိုက္ေလသည္...Taehyung ကိုသူအရမ္းခ်စ္သည္...Taehyung ခိုင္းသမၽွကိုမၿငိဳျငင္ဘဲနဲ႔သူအကုန္လုပ္ေပးနိုင္သည္...Taehyung ရဲ့ဆႏၵေတြကိုတတ္နိုင္သေလာက္ျဖည့္ဆည္းေပးခ်င္သည္...ျဖည့္ဆည္းေပးဖို႔လည္းအစြမ္းကုန္ႀကိဳးစားခဲ့သည္...တစ္စုံတစ္ေယာက္ေသာသူကသူ႔ကိုျပန္ခ်စ္ဖို႔ႀကိဳးစားရင္းနဲ႔သူ႔ကိုယ္သူမုန္းတီးလာခဲ့သည္...Taehyung ကသူ႔ကိုနာက်င္ေစဖို႔ဆႏၵရွိလၽွင္လည္းသူႀကိတ္မွိတ္ကာခံယူနိုင္သည္...သို႔ေသာ္ Taehyung ရဲ့ဆႏၵကိုနာခံမွာဒီတစ္ေခါက္ေနာက္ဆုံးျဖစ္ေစရမည္.....အေတြးမဆုံးခင္မွာပင္အရွိန္ျပင္းသည့္လက္သီးတစ္ခ်က္ဟာ Jungkook ရဲ့မ်က္ႏွာေပၚကိုက်ေရာက္လာေလသည္....
__________________❣︎________________
တိုတိုေလးဆိုတာလည္းသိပါတယ္။မဆူၾကပါနဲ႔ေနာ္😭
ဒီ့ထက္ဘယ္လိုမွဆြဲဆန့္လို႔မရေတာ့လို႔ပါကြယ္