ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယော...
By Kue587
122K 19.3K 762
Title: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန်ကြီးရဲ့Fan boy တစ်ယောက်ြ... More
Intro
Arc(1) ရုပ်ရှင်ဧကရာဇ် /1/
Arc(1) ရုပ်ရှင်ဧကရာဇ် /2/
Arc(1) ရုပ်ရှင်ဧကရာဇ် /3/
Arc(1) ရုပ်ရှင်ဧကရာဇ် /4/
Arc(1) ရုပ်ရှင်ဧကရာဇ် /5.1/
Arc(1) ရုပ်ရှင်ဧကရာဇ် /5.2/
Arc(1) ရုပ်ရှင်ဧကရာဇ် /6/
Arc(1) ရုပ်ရှင်ဧကရာဇ် /7/
Arc(1) ရုပ်ရှင်ဧကရာဇ် /8/
Arc(2) No.(1) Host /9/
Arc(2) No.(1) Host /10/
Arc(2) No.(1) Host /11/
Arc(2) No.(1) Host /12/
Arc(2) No.(1) Host /13/
Arc(2) No.(1) Host /14.1/
Arc(2) No.(1) Host /14.2/
Arc(2) No.(1) Host /15/
Arc(2) No.(1) Host /17.1/
Arc(2) No.(1) Host /17.2/
Arc(3) ဗိုလ်ချုပ်ကြီး /18/
Arc(3) ဗိုလ်ချုပ်ကြီး /19/
Arc(3) ဗိုလ်ချုပ်ကြီး /20.1/
Arc(3) ဗိုလ်ချုပ်ကြီး /20.2/
Arc(3) ဗိုလ်ချုပ်ကြီး /21.1/
Arc(3) ဗိုလ်ချုပ်ကြီး /21.2/
Arc(3) ဗိုလ်ချုပ်ကြီး /23/
about update
Arc(3) ဗိုလ်ချုပ်ကြီး /24.1/
Arc(3) ဗိုလ်ချုပ်ကြီး/24.2/
Arc(3) ဗိုလ်ချုပ်ကြီး /24.3/
Arc(3) ဗိုလ်ချုပ်ကြီး /25/
Arc(4) ကျောင်းလူဆိုးလေး /26.1/
Arc(4) ကျောင်းလူဆိုးလေး /26.2/
Arc(4) ကျောင်းလူဆိုးလေး /27.1/
Arc(4) ကျောင်းလူဆိုးလေး /27.2/
Arc(4) ကျောင်းလူဆိုးလေး /28.1/
Arc(4) ကျောင်းလူဆိုးလေး /28.2/
Arc(4) ကျောင်းလူဆိုးလေး /29.1/
Arc(4) ကျောင်းလူဆိုးလေး /29.2/
Arc(4) ကျောင်းလူဆိုးလေး /30/
Arc(4) ကျောင်းလူဆိုးလေး /31/
Arc(4) ကျောင်းလူဆိုးလေး /32/
Arc(4) ကျောင်းလူဆိုးလေး /33/
Arc(4) ကျောင်းလူဆိုးလေး /34/
Arc (3)ကျောင်းလူဆိုးလေး /35/
Arc(2) No.(1) Host /16/
2.5K 478 15
By Kue587
#Unicode#
//မင်းနဲ့တန်းတူ ရပ်တည်ပေးမယ်//
"မဟုတ်ပါဘူး"ပိုင်ကျီသူ့ကိုကြည့်လိုက်သည်။"ကျွန်တော်အခုလေးတင် ပြေးလာတော့ လေအေးတွေတိုက်ထားလို့"
"ဘယ်ကနေပြေးလာတာလဲ?"
"ကျွန်တော် အိမ်ပြန်ခဲ့တာ" ပိုင်ကျီ
ထိုအကြောင်းစဥ်းစားလိုက်ကာ စာကြောင်းအနည်းငယ်ထပ်ထည့်​​ပြောလိုက်သည်။
"ကျွန်တော် ပြန်ပေးဆွဲခံရပြီး ကျွန်တော့်ကို သော့ခတ်ထားကြတာ"
တုဟွိုင်အန်း အသက်ရူကြပ်သွားကာ ပိုင်ကျီ့ကို​ကြည့်လိုက်တော့ ပိုင်ကျီအပြုံးလေးနဲ့ပြောနေသည်ကိုတွေ့လိုက်ရသည်။
"ကျွန်တော် တိုက်ပေါ်ကခုန်ချလာပြီး ခင်ဗျားကိုလာရှာတာ။ ကျွန်တော်က အံ့သြဖို့ကောင်း မဟုတ်လား?"
ဒီလူငယ်လေး၏ အသားရေမှာအတော်လေးဖြူဖျော့နေကာ နှုတ်ခမ်းဟာလည်း အရောင်သိပ်မရှိတော့ပဲ မျက်လုံးများဟာလည်း
နီရဲနေပေသည်။သို့ရာ သူ့၏လေသံမှာတော့ အတော်လေး ဂုဏ်ယူနေသည့်အသံပင်။
တုဟွိုင်အန်း နှလုံးတွေတုန်လှုပ်သွားကာ
သူ့အားစစ်ဆေးရန်ဆွဲခေါ်လိုက်လေသည်။
"မင်းမှာ...မင်းမှာဒဏ်ရာတွေများရသွားသေးလား။မင်းမှာ...."
"ဘာဒဏ်ရာမှမရဘူး"ပိုင်ကျီပြောလေသည်။
"ဒုတိယထပ်ကနေ ခုန်ချရုံလောက်ပါပဲ။
ကျွန်တော့်ကို စိတ်ထဲထားမနေနဲ့
ဒီကမိန်းကလေးက ခင်ဗျားကိုစောင့်နေတုန်းပဲလေဗျာ။"
"သူမ မဟုတ်..."တုဟွိုင်အန်း၏လေသံမှာ အလွန်စိုးရိမ်နေသည်ပင်။"ကိုယ်မင်းကို လိုက်ရှာနေတာ၊ ဘယ်မှာမှမင်းကိုရှာမတွေ့ဘူး။သူမက....."
"ပထမတန်းစား သတိပေးချက်!ဗီလိန်ရဲ့အသက်အန္တရာယ်စိုးရိမ်ရပါတယ်!တူလေး!သူ့ကိုအမြန် အဝေးကိုတွန်းထုတ်လိုက်!"
System၏အသံသည် ရုတ်တရပ်ပေါ်ထွက်လာကာ အလွန်ကိုပြင်းထန်နေပေသည်။
ပိုင်ကျီလည်း အလိုလိုပင်လှုံဆော်ခံလိုက်ရကာ ဘေးတစ်ဖက်မှ ရှင်းပြနေဆဲ ဖြစ်သည့် တုဟွိုင်အန်းအား လက်ဆန့်ထုတ်ကာ အဝေးသို့တွန်းထုတ်လိုက်ပေသည်။သူsystemအားဘာဖြစ်တာလဲဟု မမေးခင်မှာပဲ ထောင့်တစ်နေရာမှ အလင်းရောင်အားမြင်လိုက်ရပေသည်။
နောက်ဆက်တွဲ အနေနဲ့ကတော့ ပြင်းထန်သော ယဥ်တိုက်မှုတစ်ခုဖြစ်ခဲ့ပေသည်။
"ကျန်းကျို!"
တုဟွိုင်အန်း၏ထိတ်လန့်နေသော
မျက်လုံးတစ်စုံသည် ပိုင်ကျီ့မျက်လုံးတွေ
ရှေ့မှာပေါ်ပေါက်လာခဲ့သည်။ပိုင်ကျီ မြေပြင်ပေါ်သို့လှဲကျသွားကာ သူထရန်ကြိုးစားလိုက်သည်။သူသိလိုက်ရသည်က မမျှော်လင့်ထားပဲ သူ့ခန္တာကိုယ်ကိုထိနိးချုပ်လို့မရဘူးဆိုသည်ကိုပင်။
"ဒင်......Hostရဲ့ခန္တာကိုယ်ဟာ ပြင်းထန်တဲ့ထိခိုက်မှုဖြစ်ခဲ့တာကြောင့် healing moodသွင်းရပါလိမ့်မယ်။"
သူထိုကားလေးအား ထိုးလိုက်ပြီး ကျိုးပဲ့သွားအောင်လုပ်နိုင်သည်ဟုတွေးခဲ့သော်လည်း လူသားတွေ၏ခန္တာကိုယ်သည် သူတွေးထားသည်ထက် အလွန်အားနည်းနေပေသည်။သူထိုသို့စဥ်းစားနေခိုက်မှာပဲ သူ့ခေါင်းဟာမူးသည်ထက် မူးလာပြီး သူစိတ်လွှတ်ချလိုက်​တော့သည်။
သူပြန်နိုးလာတဲ့အခါမှာတော့ ပိုးသတ်ဆေးအနံ့တွေနှင့်ပြည့်နေသော အခန်းထဲရောက်နေလေသည်။ပိုင်ကျီ သူ့ခေါင်းအားပွတ်လိုက်ကာ သူ့ခေါင်းအုံးဘေး၌လှဲအိပ်နေသော လူတစ်ယောက်အားတွေ့လိုက်လေသည်။
တုဟွိုင်အန်း?
ပိုင်ကျီ တုဟွိုင်အန်းအားကြည့်ရန် ထထိုင်နိုင်အောင်ကြိုးစားလိုက်သည်။သို့ရာ မမျှော်လင့်ပဲ ထိုသူ့အားနှိုးမိသလိုဖြစ်သွားပေသည်။
"ကျန်းကျို မင်းနိုးလာပြီလား?"တုဟွိုင်အန်း အသံတွေဟာအလွန်တရာအက်ကွဲနေပေသည်။ "မင်း တစ်နေနေရာကမသက်မသာဖြစ်နေတယ်လို့ခံစားရလား?ဗိုက်ဆာနေပြီလား?ရေသောက်ချင်လား?"
ပိုင်ကျီ ခေါင်းမော့လိုက်ရာ ထိန်းသိမ်းထားခြင်းမရှိတဲ့ မုတ်ဆိတ်မွှေးတွေနဲ့လူကိုတွေ့လိုက်ကာ အတော်လေးအံ့သြသင့်သွားလေသည်။
တုဟွိုင်အန်းကအမြဲလိုလို အသန့်ကြိုက်
သည့်သူဖြစ်ပြီး တစ်နေ့ကိုရေသုံးခါ​လောက်ချိုးသည့်သူက အခုဘယ်လိုတွေဖြစ်ကုန်တာလဲဟ?
"တုဟွိုင်အန်း ခင်ဗျားဘာဖြစ်သွားတာလဲ?"
ပိုင်ကျီ့အသံထဲတွင် စိတ်ပူနေသည့်အသံပါဝင်နေကာ "ကြောက်ဖို့ကောင်းနေတယ်"
"ကိုယ်အဆင်ပြေပါတယ် ကိုယ်အဆင်ပြေပါတယ်ကွာ"
တုဟွိုင်အန်း၏အသံမှာ အလွန်ပင် ဂရုတစိုက်ရှိလှကာ မသိလျှင် ကြွေရုပ်လေးတစ်ရုပ်အား စကားပြောနေသကဲ့သို့ပင်။
"မင်း မသက်မသာခံစားနေရလား?ကိုယ်ဆရာဝန်သွားခေါ်လိုက်မယ်"
"ဟင့်အင်း"ပိုင်ကျီ ခေါင်းခါလိုက်သည်။ ပိုင်ကျီအတော်တန် အံ့သြနေကာ "ကျွန်တော် ဘာဖြစ်သွားတာလဲ?"
တုဟွိုင်အန်း၏မျက်လုံးများသည် ချက်ချင်းဆိုသလို မှေးမှိန်ကာသွားသည်
"မင်း မင်းကိုယ့်ကြောင့် ကားတိုက်ခံလိုက်ရပြီး သုံးရက်လောက် သတိမေ့သွားတာ"
တုဟွိုင်အန်း၏မျက်ဝန်းတွေထဲတွင် နာကျင်နေကာ အပြစ်ရှိသော အရိပ်များအား
မြင်နေပေသည်။ပိုင်ကျီသူ့ကိုကြည့်ရတာ သက်သောင့်သက်သာရှိမနေပေ။
"ခင်ဗျားကြောင့်လို့ ဘာလို့ပြောရတာလဲ?
ခဗျားကျွန်တော့်ဆီကို ပြေးလာခဲ့တယ်မဟုတ်ဘူးလား ပြီးတော့ ကျွန်တော်မေ့မြောသွားတယ်မဟုတ်ဘူးလား။အခု ကျွန်တော်နိုးလာပြီလေ"
"မဟုတ်ဘူး။မင်းမသိပါဘူးကွာ"တုဟွိုင်အန်း ခံစားချက်အနည်းငယ်တို့ဖြင့်ပြန်ပြောလာလေသည်။
"မင်းကို ထည့်ပေးလိုက်ရတဲ့မြင်ကွင်းက........ဆရာဝန်ကပြောတယ် မင်းကကံကောင်းလို့သာတဲ့ မဟုတ်ရင်......"
ပိုင်ကျီရှင်းရှင်းလင်းလင်းနားလည်သွားလေသည်။ကြည့်ရတာ systemပြောတဲ့ healing moodက ခန္တာကိုယ် ကယ်လိုက်တဲ့ပုံပဲ။
ပိုင်ကျီခဏမျှတွေးနေပြီးနောက် တုဟွိုင်အန်းအား နှစ်သိမ့်ပေးဖို့တွေး တော့သည်။ပိုင်ကျီ ရုတ်တရက် တုဟွိုင်း အားဆွဲဖက်လိုက်ရာ
ထိုခဏ​လေးသည်အလွန်လျှင်မြန်ကာ အလွန်သိမ်မွှေ့ပေသည်။
"ကိုယ်အကုန်သိပါတယ်ကွာ မင်းကိုယ့်ကိုရည်ရွယ်ချက်ရှိရှိနဲ့လာရှာခဲ့တာကို၊ ကိုယ်မင်းကို အထင်လွဲစေခဲ့ပြီး မတော်တဆမူပါဖြစ်စေခဲ့တယ် ကျန်းကျို ကိုယ်တောင်းပန်ပါတယ်ကွာ"တုဟွိုင်အန်းပြောလေသည်။
"ကိုယ်တောင်းပန်ပါတယ်"
"အဲ့လိုမဟုတ်...."
အဘယ့်ကြောင့်သူ့ကိုဒီလိုတောင်းပန်နေသည်ကို ပိုင်ကျီနားမလည်နိုင်တော့​​ပေ။သူရှင်းပြတော့မည့်အချိန်မှာပဲ အခန်းတံခါးကဆွဲဖွင့်ခြင်းခံလိုက်ရလေသည်။
ပိုင်ကျီကြည့်လိုက်သည် တံခါးပွင့်နေကာ ထိုနေရာတွင် ကျန်းဖန်ရှိနေလေသည်။
ပိုင်ကျီ ချက်ချင်းပဲ တုဟွိုင်အန်း လက်ကိုဆွဲ ကိုင်လိုက်ကာ ကျန်းဖန်းအား မျက်လုံးပြူးကာ ကြည့်လိုက်သည်။သူ့အသံဟာ အလွန်ကျယ်လောင်ကာ ရှင်းလင်းနေရာ
"ဟေးဟေးဟေးဟေး အဖိုးကြီး ခင်ဗျား
ဘာလိုချင်နေတာလဲ?တုဟွိုင်အန်းနဲ့ ဒီကိစ္စက ဘာမှမဆိုင်ဘူးနော်။သူကကျွန်တော့်ကို ဂရုစိုက်ပေးနေတဲ့ဟာ သူ့ကိုအနိုင်ကျင့်ခွင့်
မပြုဘူးနော်!"
"ငါက သူ့ကိုအနိုင်ကျင့်တယ်?"ကျန်းဖန်
ပိုင်ကျီ့၏ခန္တာကိုယ်ကို လက်ညိုးထိုးပြလိုက်သည်။"မင်းဒဏ်ရာတွေကိုလည်းမင်းပြန်
ကြည့်စမ်းပါအုံး ဘယ်သူကအနိုင်ကျင့်ခံရတဲ့သူလည်းဆိုတာကို"
"အဲ့တာက ကျွန်တော်ကိုယ်တိုင်စိတ်လိုလက်ရလုပ်ခဲ့တာ"ပိုင်ကျီပြန်ပြောလိုက်သည် "ကျွန်တော့်ဘာသာ ကားရှေ့သွားဝင်လိုက်တာ"
ကျန်းဖန် ထိုသည်ကိုကြားတော့ ရှေ့သို့ခြေလှမ်းကြီးများဖြင့်လှမ်းလာကာ စားပွဲအားကြမ်းတမ်းစွာပင်ရိုတ်ချလိုက်ပြီး ပိုင်ကျီ့အားလက်ညိုးထိုးကာ ကျိန်ဆဲလိုက်လေသည်။"ငါမင်းလိုစိတ်ပျက်စရာသားကို ဘယ်လိုတောင် မြေတောင်မြှောက်ပေးခဲ့မိပါလိမ့်!"
ပိုင်ကျီ တုဟွိုင်အန်း ကိုအလျှင်အမြန်
ကာကွယ်ပေးလိုက်ကာ သူ့အ​ဖေကိုစိုက်ကြည့်နေလေသည်။ ကျန်းဖန် ပိုင်ကျီအခုလို ကာကွယ်ပေးနေတာကိုမြင်လိုက်တော့ ခေါင်းယမ်းလိုက်ကာ 'သံမဏိ ဖြစ်မလာ သံကိုမုန်း'ဆိုသကဲ့သို့ လက်တွေတုန်နေကာ ထွက်ခွာသွားခဲ့တော့သည်။
ပိုင်ကျီ သူ့အဖေထွက်သွားသည်ကို့မြင်မှအသက်ရှုလိုက်တော့သည်။
"အဖိုးကြီးကတော့လေ.........၊သူခင်ဗျားကိုကျိန်ဆဲမနေဘူးမှတ်လား?"
"မဟုတ်ပါဘူးကွာ" တုဟွိုင်အန်း ​ဆိုသည်။
"ဦး​လေးကအရမ်းကောင်းပါတယ်"
"အမ်း"
"ကျန်းကျို" တုဟွိုင်အန်းခေါ်လိုက်သည်။
"ဟင်"
"မင်းအဲ့နေ့က ကိုယ့်ကိုလာရှာတော့ ကိုယ်အရမ်းပျော်ခဲ့တာ" တုဟွိုင်အန်း ခေါင်းငုံ့သွားသည်။
"ကိုယ်မင်းကို ဘယ်မှာမှ ရှာမတွေ့တော့ အရမ်းစိတ်ပူသွားတာ။အဲ့အမျိုးသမီးက ဖြတ်သွားရင်းနဲ့သူမင်းကိုသိတယ်လို့ပြောလာတယ်"
ပိုင်ကျီ နေရာမှာခဏမျှအေးခဲသွားကာ နောက်တော့မှပဲ တုဟွိုင်အန်းက သူ့ကိုရှင်းပြနေမှန်း သိလိုက်ရတော့သည်။သူ တစ်လုံးချင်းစီကို သေသေချာချာနားထောင်ပေးလိုက်သည်။
"သူမပြောတာက မင်းက ကျန်းမိသားစုရဲ့
တစ်ဦးတည်းသော သားဖြစ်ပြီး မြင့်မားတဲ့
အခွင့်ရေးကောင်းတွေနဲ့ မင်းလက်ညိုး
ညွှန်ရာရေဖြစ်နိုင်တဲ့လေ"
ပိုင်ကျီ: "အာ.....အဲ့တာက...."
"သူမပြောတယ် မင်းက ကောင်းကင်ဘုံကဂုဏ်ယူရတဲ့သားရှု့မြတ်လေးဖြစ်ပြီး ရွှေလင်ဗန်းနဲ့ အချင်းဆေးလာတာတဲ့"
ပိုင်ကျီ အခုလတ်ရှိ ဗိုက်ပြည့်အောင်တောင်
မစားနိုင်တဲ့ သူ့ရဲ့အခြေအနေကိုပြန်ကြည့်ပြီး ဝမ်းနည်းမိသွားတယ်။
"မဟုတ်ဘူး၊ခင်ဗျားနားလည်မှုလွဲနေပြီ....."
"သူမကပြောတယ် ကိုယ်တို့ရဲ့ ကမ္ဘာတွေက
မတူညီကြဘူးတဲ့"
ကျွန်တော်တို့က တကယ်လည်းကမ္ဘာ
တွေကမတူကြဘူး။
ပိုင်ကျီတိတ်တိတ်လေးရယ်နေပေသည်။
"ကျန်းကျို မင်းကိုယ့်ကို ကောင်းကောင်း
မသိသေးတာဖြစ်နိုင်တယ်။ကိုယ်ကကောင်းတဲ့လူမဟုတ်ဘူး"
တုဟွိုင်အန်း ခပ်မြန်မြန်ပြောနေရာမှ တဖြည်းဖြည်းနှေးနှေးသွားလေသည်။
"ကိုယ်မင်းနဲ့မတွေ့ခင်က ဖြစ်တည်ခဲ့တဲ့
နှုးညံ့တဲ့အပြုံးတွေ လူကြီးလူကောင်းဆန်တဲ့အပြုံးတွေအကုန်လုံးက အတုယောင်တွေကြီးပဲ။
ကျန်းကျို ဘာကြောင့်များ ကိုယ့်အပေါ် ကောင်း​နေပေးရတာလဲကွာ"
ပိုင်ကျီ ပေကလတ်ပေလတ်နှင့်
"ဘာလို့လဲဆိုတော့ ခင်ဗျားကတုဟွိုင်အန်းမို့လို့လေ"
ပိုင်ကျီအချိန်အကြာကြီးစဥ်းစားပြီးမှပြန်​ဖြေလာသည်က ထိုစာ​ကြောင်းတစ်ကြောင်းထဲသာ။
တုဟွိုင်အန်း မျက်လုံးများသည် အမူယာပြောင်းလဲသွားလေသည်။
Systemရဲ့ ပြန်လည်ကုသတဲ့အစွမ်းကြောင့် ပိုင်ကျီဆေးရုံတွင် ရက်အနည်းငယ်သာရုန်းကန်ခဲ့ရပြီးနောက် အိမ်သိုပြန်ခဲ့လေသည်။သို့ရာ ကျန်းအိမ်တော်တော့မဟုတ်ခဲ့။
ပိုင်ကျီ တုဟွိုင်အန်းကြောင့် အသက်တောင်ဆုံးရှုံးတော့မလိုဖြစ်ခဲ့တာကြောင့် ပါးပါးကျန်းနဲ့မားမားကျန်းဟာ ဆေးရုံကိုပြန်သွားခဲ့ကြလေသည်။သူတို့ဘာမှမတတ်နိုင်ခဲ့ကြတာ​ကြောင့် အေးစက်စက် မျက်လုံးများဖြင့်သာ ကြည့်နေရုံမှတစ်ပါးမတတ်ခဲ့ကြပေ။ပိုင်ကျီ ထွက်သွားချင်တယ်လို့ပြောလိုက်တာတောင်မှ သူတို့ပန်းသီးအခွံသာနွှာနေကာ စာကြောင်းတစ်ကြောင်းတည်းသာပြောလာခဲ့သည်
'မင်းသဘောပဲလေ'တဲ့ ထို့နောက် ဂရုမစိုက်တော့။
အစပိုင်းတွင် Systemသည်အပိုင်ကျီ့အားဆွဲဆောင်ကြည့်လေသည် "မင်းသာဒီလိုထွက်သွားလိုက်ရင် မိသားစုရဲ့နွေးထွေးမှုဆိုတာကိုခံစားလို့ရမှာမဟုတ်တော့ဘူးနော်"
"ဘာလို့ကျွန်တော်က အဲ့တာကိုခံစားရချင်
ရမှာလဲ?" ပိုင်ကျီတုဟွိုင်အန်း ဖုတ်ပေးထားတဲ့cupcakeကိုနည်းနည်းကိုက်လိုက်လေသည်။
"ကျွန်တော့်ရဲ့ရည်ရွယ်ချက်က တုဟွိုင်အန်းလေ"
"ဒါပေမယ့် မင်း မိသားစုရဲ့အချစ်တွေကို
မခံစားကြည့်ချင်ဘူးလား"
ပိုင်ကျီ မသိလိုက်ဘာသာပဲ
"နတ်ဆိုးတစ်ကောင်က မိသားစုအချစ်ဆိုတဲ့ဟာကြီး ဘယ်လိုလုပ်ရနိုင်မှာလဲ ကိုယ့်ဘာကိုယ်တောင် ဒီကိုဘယ်လိုလုပ်ရောက်လာမှန်းတောင်မသိတဲ့ဟာကို"
System:"​ကောင်းပါပြီ"
ပိုင်ကျီကိတ်မုန့်ကို ပုံမှန်အတိုင်းပဲ ဆက်စားနေလိုက်သည်။တစ်ခါတစ်ရံဆိုသလို ကြည့်ကောင်းတဲ့ကိတ်မုန့်လေးတွေကိုရွေးလိုက်ပြီး တုဟွိုင်အန်းအားပေးလေ့ရှိသည်ပင်။
"ခင်ဗျားနည်းနည်းလောက်စားချင်လား"
တုဟွိုင်အန်း လက်အိတ်ကြီးတွေကို ဝတ်ထားပြီး အလွန်ပျော်ရွှင်​နေပုံရကာ ပိုင်ကျီ့လက်ထဲက ကိတ်မုန့်အား အနည်းငယ်ကိုက်လိုက်လေသည်။
ကျန်းဖန်၏ဒေါသသည်လည်း ကုန်လွန်သွားပြီဖြစ်ရာ ရက်အနည်းငယ်အကြာတွင်
တုဟွိုင်အန်းတစ်ယောက် လက်ဆောင်ပစ္စည်းအိတ်အနည်းငယ် သယ်သယ်သွား
ကာ
နေ့တိုင်းသွားလေ့ရှိသည်။
ပိုင်ကျီလည်း သက်သက်သာသာမနေနေပဲ တုဟွိုင်အန်းနောက်လိုက်လိုက်သွားလေသည်။ထိုသို့ ရက်သတ္တပတ် အနည်းငယ်သွားပြီးတဲ့နောက်မှာတော့ ကျန်းမိသားစုရဲ့မျက်နှာတွေသာအနည်းငယ် ကျေနပ်မှုများဖြစ်တည်လာခဲ့ရာ မားမားကျန်းကတော့
ပို၍
ကျေနပ်နေလေသည်။
သူမရဲ့ စိတ်ကိုနေသားကျအောင်ပြုပြင်ပြီး
သည့်အခါတွင်တော့ တုဟွိုင်အန်းကိုကြည့်သော သူမ၏အကြည့်တွေက အံ့သြစရာကောင်းလောက်အောင်ပင် ကျေနပ်မှုများ
ရှိနေတော့သည်။
ဒါပေမယ့် ကျန်းဖန်ကတော့ အနည်းငယ်မသက်မသာခံစားနေရတုန်းပင်။
ညစာစားပွဲတွင် ပိုင်ကျီသည် သူ့ခေါင်းအားမြုပ်ထားပြီး ခါးခါးသီးသီးပင်စားနေလေသည်။ထို့နောက် သတူအား "pa"ဆိုသောအသံဖြင့် ချလိုက်သံအားကြားလိုက်ရပေသည်။
"မင်းဘာမင်းစားလို့မရဘူးလား?မင်းကကလေးမို့လို့လား"
ပိုင်ကျီခေါင်းမော့လာကာ "ဟမ်"
ကျန်းဖန်: "မင်း​တော့ နာချင်နေပြန်ပြီလား"
ပိုင်ကျီကြောက်လန့်သွားသည်။
တုဟွိုင်အန်း လည်း ရယ်ရမလိုလို ငိုရမလိုလိုပင်။တုဟွိုင်အန်း ပိုင်ကျီ့ပန်းကန်ထဲဟင်းတွေထည့်ပေးနေသည်ကို ရပ်လိုက်ကာ ပိုင်ကျီ့အတွက် နို့ထည့်ပေးရန် လှည့်လိုက်လေသည်။
ရလဒ်အနေဖြင့်ကတော့ ပို၍အပြစ်တင်ရှုံ့ချသော တီးတိုးစကားသံများသာ။
.................
ပျော်ရွှင်စရာနေ့ရက်များကိုအချိန်ကြာမြင့်စွာဖြတ်သန်းခဲ့ကြပြီဖြစ်ရာ လွန်ခဲ့သောအပတ်မှစ၍ တုဟွိုင်အန်းသည်ရုတ်တရက်မကြာခဏအိမ်ပြန်မလာတော့ကြောင်း ပိုင်ကျီ အားsystemမှသတိပေးလိုက်လေသည်။
သူ နေ့တိုင်းစောစောထွက်သွားပြီးနောက်ကျမှပြန်လာတယ်။ သူလုပ်​ပေးတဲ့ဟင်းများသည် ယခင်ကဲ့သို့အရသာရှိနေသေးသော်လည်း ပိုင်ကျီ သည်စိုးရိမ်ပူပန်နေဆဲဖြစ်သည်။
" သူနုတ်ထွက်သွားပြီ"
"ဘယ်လို?"
ပိုင်ကျီ နားမလည်နိုင်​ပေ
"သူကဘာလို့ရုတ်တရက်ကြီးလဲ .... "
"အလုပ်ကိုမကြိုက်လို့နေမယ်"
System စဉ်းစားပြီး​နောက်ထပ်ပြောလိုက်သည်။
"ဖြစ်နိုင်တာကမင်းအတွက်ပဲ။တကယ်ကိုသနားဖို့ကောင်းတာပဲ။ သူ့ရာထူးနဲ့သူဆို
ဘာမှလုပ်စရာ​တောင်မလိုဘူး၊သူ လစာကောင်းကောင်းရနေတုန်းပဲလေ"
ပိုင်ကျီ အတော်ကြာတိတ်ဆိတ်နေပြီးမှ
"ဒါဆိုခုနကသူဘယ်မှာလဲ"
" သူ ဖွင့်ထားတဲ့ studioမှာ ၀ယ်ယူသူတွေနဲ့အလုပ်တွေရှုပ်နေတယ်။ မင်း
စိုးရိမ်နေစရာ မလိုပါဘူးကွာ"
တုဟွိုင်အန်းက အရင်တုန်းက ဒီအလုပ်ကိုရွေးချယ်ခဲ့တယ်ဆိုတာက သူ့မှာလည်းရွေးချယ်စရာမရှိခဲ့လောက်ဘူး။
သူ့မှာ​ ပိုကောင်းလာပြီးရင်းပိုကောင်းလာမယ့် ကြီးမားတဲ့အလားလာ​​တွေရှိလာလိမ့်မယ်"
System၏စကားများကို ပိုင်ကျီ ယုံကြည်လိုက်ပြီး သက်ပြင်းအနည်းငယ်ချလိုက်သည်။
"သူဘယ်မှာလဲ?ကျွန်တော် သွားကြည့်ချင်တယ်။ "
သူ ထိုနေရာသို့အလျင်အမြန်ရောက် သွားသည့်အချိန်တွင်ပင် သုံးနာရီထိုးလုနီးနေပြီဖြစ်သည်။ ပိုင်ကျီ သည်အဆောက်အဦး
ရှိလူများကိုရှောင်ကာ အပေါ်သို့တည့်တည့်လျှောက်သွားလိုက်သည်။သူဟောခန်းမကိုဖြတ်ကျော်လာသည့်အချိန်တွင် တုဟွိုင်အန်းသည် အပြုံး တပ်ဆင်ထားကာ အခြားသူများအားတစ်စုံတစ်ခုပြောနေသည်ကို​တွေ့လိုက်ရသည်။
" မင်းရဲ့အစ်ကို​ကြီး ကရက်အတော်ကြာကောင်းကောင်းမစားခဲ့ရဘူး"Systemမှအသံထွက်လာသည်။
"အနာဂတ်မှာအဲဒါကိုသတိထားပါ၊ ဒါကမင်းရဲ့တာဝန်ပဲ"
သို့သော်လည်း ပိုင်ကျီ သည်စကားမပြောလာချေ။
သူ့အလုပ်တွေကိုဂရုတစိုက် ရှင်းပြနေတဲ့သူရဲ့မျက်နှာကိုကြည့်ပြီး သူ့နှလုံးသားကရုတ်တရက်ခါးသီးသွားသလိုခံစားလိုက်ရသည်။
"ဦးလေး၊ သူ့မှာ မဲမဲအဝိုင်းတွေလည်းမရှိဘူး"
ပိုင်ကျီ မျက်တောင်ပုတ်ခတ်လိုက်သည်။
" အရင်တုန်းကဆို သူစောစောထွက်ဖို့မလိုဘူး၊ နောက်ကျမှပြန်လာဖို့လည်းမလိုဘူးရယ်၊ သူကအရမ်းသန့်စင်ပြီးယဉ်ကျေးပျူငှာတဲ့မိန်းမပျိုလေးတွေနဲ့လည်းရင်းနှီးတယ်၊ ကလပ်မှာဆို သူ့ဟန်ပန်ကိုလျှော့စရာမလိုဘူး
ပြီးတော့သူကတစ်နေ့ကိုသုံးကြိမ်ရေချိုးဖို့အချိန်ရတယ်။ "
"ဒါပေမယ့် သူကမင်းရဲ့ဘက်မှာတန်းတူအနေအထားနဲ့ရပ်တည်လို့မရဘူးလေ"
"တန်းတူအနေအထားက ဘာကိုပြောတာလဲဟင်" ပိုင်ကျီ မေးလိုက်တယ်။
"မင်းကသူ့ကိုကာကွယ်ဖို့အရည်အချင်းရှိလို့လား၊ သူ့ကိုကူညီဖို့ခွန်အားရှိလို့လား" systemကမှန်းဆသည်။
ပိုင်ကျီ၏မျက်လုံးများအနည်းငယ်တွန့်သွားပြီးအကြာတွင် "ကျွန်တော် နားလည်ပါတယ်"
သူသည်မည်သူ့ကိုမျှမနှောက်ယှက်ဘဲသူ၏နေရာ​လေးတွင်ပဲ တိတ်တဆိတ်​နေ​နေခဲ့သည်။
အလုပ်များနေသော တုဟွိုင်အန်း သည်နောက်ဆုံးတွင်အခြားတစ်ခုကိုလက်မှတ်ထိုးလိုက်သည်။ သူ့ဖုန်းရုတ်တရက်တုန်ခါသွားပြီးနှိုးစက်နာရီကငါးနာရီဖြစ်နေကြောင်းပြ​နေသည်။
သူ၏အမူအရာသည်ချက်ချင်းပင်လေးနက်သွားသည်။ သူ့ပစ္စည်းတွေကိုစုဆောင်းနေတဲ့အနားကလက်ထောက်ကဒါကိုမြင်ပြီးစိတ်တင်းလာတယ်။
"Bo. . Boss?"
တုဟွိုင်အန်း ကညည်းတွားရင်းခေါင်းကိုလှည့်လိုက်ပြီး "ငါကိုင်တွယ်ရမယ့်အရေးကြီးကိစ္စတွေရှိသေးတယ်"
"အဲဒါဘာလဲ?ကျွန်တော်တို့တစ်ခုခုများကူညီပေး ရမလား။ " လက်ထောက်ကချက်ချင်းပြောလိုက်တယ်။
တုဟွိုင်အန်း သူ့ဂျာကင်အင်္ကျီကို ၀တ်ထားပြီးသူ့မျက်နှာပေါ်မှာအပြုံးအနည်းငယ် ​ဖြစ်​ပေါ်နေကာ
"ငါ့ချစ်သူ​လေး အတွက်ချက်ပြုတ်​​ပေးဖို့
ငါအိမ်ပြန်ရမယ်လေ"
_🌼_🌼_🌼_🌼_🌼_🌼_🌼_🌼_🌼_
မနေ့တင်ပေးမလို့ကို အိပ်ပျော်သွားနဲ့မတင်လိုက်ရဘူး။
Love you all ......💜💜💜💜.......
___________________________________
#Zawgyi#
"ဘယ်ကနေပြေးလာတာလဲ?"
"ကျန်းကျို!"
တုဟွိုင်အန်း?
"မင်း မင်းကိုယ့်ကြောင့် ကားတိုက်ခံလိုက်ရပြီး သုံးရက်လောက် မေ့မြောသွားတာ"
"ကိုယ်တောင်းပန်ပါတယ်"
"အဲ့လိုမဟုတ်...."
မပြုဘူးနော်!"
"အမ်း"
"ဟင်"
ပိုင်ကျီ: "အာ.....အဲ့တာက...."
မတူညီကြဘူးတဲ့"
တွေကမတူကြဘူး။
System:"ကောင်းပါပြီ"
ကာ
ပို၍
ကျေနပ်နေလေသည်။
ရှိနေတော့သည်။
.................
သူနုတ်ထွက်သွားပြီ
"ဘယ်လို?"
"ဒါဆိုခုနကသူဘယ်မှာလဲ"
သူ ဖြင့္ထားတဲ့ studioမွာ ၀ယ်ယူသူတွေနဲ့အလုပ်တွေရှုပ်နေတယ်။မင်း
"Bo. . Boss?"
ငါအိမ်ပြန်ရမယ်လေ"
__________
Love you all ......💜💜💜💜.......
___________________________________
Continue Reading
You'll Also Like
1.1M 89.5K 102
All photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယေ...
1.2M 62.9K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
149K 9K 25
မောင်ပျော်ဖို့အတွက်ငါအသက်မဲ့ပေးရမယ်ဆိုလဲငါဆိုတဲ့လူသားကကျေနပ်နေမိမှာပါ... ဒါပေမဲ့ သေသွားခဲ့ရင်လိပ်ပြာခွဲကြရတယ်တဲ့ သက်ညှာသောအားဖြင့်လိပ်ပြာလေးတော့မောင်...
102K 5.6K 117
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann