သခ်ၤ ိဳင္းဂူကို ေရာက္ခ်ိန္ သူတို့အားလံုး ျကက္ေသေသသြားျကရေလတယ္။အရင္ဆံုး အသိဝင္သူက လင္းက်ိ ျဖစ္ကာ အသက္မဲ့ေနေသာ အေလာင္းေတြကို လိုက္လံစစ္ေဆးေလတယ္။ ဟုတ္တယ္ သူတို့ထက္ အရင္ ထြက္လာတဲ့ သုေတသီအဖြဲ ့ပင္။ ထို ့ေနာက္ ေျကာင္အေနရာက အသိဝင္ကာ အေလာင္းေတြ ေသဆံုးပံုကို စစ္ေဆးျကည့္ျကေလတယ္။
"ဒါ ဒါ ဘာျကီးလဲ "
တစ္ေယာက္ရဲ ့အသံေျကာင့္ ထိုလူျကည့္ေနတာကို သြားျကည့္မိေတာ့ လူသားနဲ ့မတူတဲ့ ရုပ္အေလာင္းတစ္ခု ။ပံုစံက အရိုးအရည္ေတြ ခမ္းေနကာ မဲတူးေနျပီး အပုတ္နံ တေလာင္းေလာင္း ထြက္ေနျပီး လက္သည္းေတြကလည္း ရွည္လ်ားေနေလတယ္။ မ်က္နွာအသြင္အျပင္ရ အဆံမပါတဲ့ အရိုးသြင္းျကီးနဲ ့ သြားေတြကလည္း ျကိဳတိုးျကဲတဲပင္။ ေျပာရရင္ အေလာင္းေကာင္ေပါ့။ သူတို့အားလံုး ေျကာက္ရြံ ့သြားမိတယ္။
"ငါတို ့ အထဲ ဝင္ျကေတာ့မလား "
သူတို ့အဖြဲ ့ေခါင္းေဆာင္ စကားကို ျငင္းပစ္လိုက္ခ်င္ေသာ္လည္း အိတ္ေတြဆြဲကာ ဂူထဲ စတင္ဝင္ေရာက္ေလေတာ့တယ္။ အဖြဲ ့ေခါင္းေဆာင္က ဦးေဆာင္ေလေတာ့တယ္။ ျပီးမွ တစ္ေယာက္ျပီးတစ္ေယာက္ ေျခေထာက္နားေနတဲ့ ရွင္းမန္နဲ ့ ဇူးခ်န္ရဲ ့ေနာက္တြင္ လင္းရန္က ဝင္ျပီး လင္းက်ိကာ အျပင္ကို အေျခအေနျကည့္ ဝင္လိုက္ေလတယ္။
လင္းက်ိအေနနဲ ့ ဒီအထိ လိုက္ပို ့ျပီးရင္ ျပန္လို ့ရေပမယ့္ ရွင္းမန္ကို စိတ္မခ်တာေျကာင့္ လိုက္သြားဖို ့တာ ဆံုးျဖတ္လိုက္ေလတယ္။ေက်ာက္သားနဲ ့ျပဳလုပ္ထားတဲ့ ေလးေပေလာက္တာ ျမင့္တဲဲ့အေပါက္ထဲ သူတို့အားလံုး ခါးကုန္းကာ ဝင္ခဲ့ျကေလတယ္။ ထို ကထြက္ေတာ့ ေျမျပင္တစ္ခုေတြ ့ေလတယ္။ ျပီးေတာ့ အနီးမေဝးတြင္ ေခ်ာက္ျကီး ရွိေနေလတယ္။ ထိုေခ်ာက္ထဲ ဆင္းမွ ဘုရင္သခ်ၤ ိဳင္းဂူကို ေတြ ့ရမည္ ျဖစ္တယ္။ ထို ့ေျကာင့္ သစ္ပင္ တစ္ခုမွာ ျကိဳးကိုခိုင္ခံေအာင္ ခ်ည္ကာ တစ္ေယာက္ျပီး တစ္ေယာက္ ဆင္းသြားျကေလတယ္။ဟ
" ငါအရင္ ဆင္းလိုက္မယ္ " လင္းက်ိအေျပာေျကာင့္ လင္းရန္က ျကိဳးေပးလိုက္ျပီး ဆင္းေစတယ္။ လင္းရန္ အရင္ဆင္းသြားတဲ့ လူေတြကို ေအာ္ေခၚျကည့္ေသာ္လည္း စကားျပန္မရေပ။ ဒါေျကာင့္ စိုးရိမ္မိေလတယ္။
"ဘယ္လို လုပ္မလည္း ငါဆင္းသြားျကည့္မယ္ "
ဇူးခ်န္ လင္းက်ိကို စိတ္ပူလို ့ ဆင္းျကည့္ခ်င္မိတယ္။လင္းရန္ကလည္း သူ့အစ္ကိုကို စိတ္ပူတာေျကာင့္ အတူဆင္းဖို ့သေဘာတူလိုက္ေလတယ္။ရွင္းမန္လည္း တစ္ေယာက္ထဲ မေနရဲတာေျကာင့္ လိုက္ဆင္းေလေတာ့တယ္။ေမွာင္မဲေနတာေျကာင့္ လက္နွိပ္ဓာတ္မီးေတြ ထြန္းလိုက္ခ်ိန္ သူတို့အဖြဲ ့ထဲက လူတစ္ခ်ိဳ ့လဲက်ကာ ေသြးအလိပ္လိပ္ ျဖစ္ေနတယ္ဆိုတာ ။ ေသဆံုးေနပံုက ေအာ္ဂလီဆန္ေနတာေျကာင့္ ဇူးခ်န္မေနနိုင္စြာ အန္ေလေတာ့တယ္။ ရွင္းမန္မွာလည္း တုန္လွဳပ္မိတယ္။
*အိုက္ယား ဒီကမ႓ာက ဘာျကီးလဲ ေျကာက္စရာျကီး*
ထိုအခ်ိန္ ရုတ္တရက္ လူတစ္ေယာက္ ေရာက္လာေတာ့ ရွင္းမန္ လန့္ သြားရေလတယ္။
" အား……လန့္ လိုက္တာ လင္းက်ိေကာ "
လင္းက်ိ သူ့ကို လန့္သြားတဲ့ သူေလးေျကာင့္ ျပံဳးလိုက္မိတယ္။ ရွင္းမန္ သိခ်င္စိတ္ေျကာင့္
"လင္းက်ိေကာ သူတို့ ဘယ္လို ေသသြားျကတာလည္း"
လင္းက်ိ အရမ္းကိုသိခ်င္ေနပံုရတဲ့သူေျကာင့္ သက္ျပင္းခ်လိုက္မိတယ္။ သိထားေသာ အနည္းဆံုး အရမ္းမေျကာက္ရေတာ့ဘူးေပါ့။
"အလာင္းေကာင္ေတြ ရွိတယ္ ငါေရာက္တဲ့အခ်ိန္ သူတို့က အေလာင္းေတြကို စားေနျကတာ ျပီးေတာ့ သူတို့ ဟိုထဲ ျပန္ဝင္သြားျကတယ္"
"ဒါဆို ငါတို့လည္း အျမန္သြားသင့္တယ္ ျကာျကာေနရင္ မေကာင္းဘူး"
လင္းရန္အေျပာကို အားလံုးသေဘာတူစြာ အဝင္တံခါးနဲ ့တူတဲ့ ေနရာကို ထြက္လာခဲ့ျကေလတယ္။တံခါးဟာ ေသသပ္လွပတဲ့ ပန္းကနုတ္ပံုေတြေျကာင့္ ရွင္းမန္က မွတ္တမ္းအျဖစ္ ဓာတ္ပံုရိုက္ယူလိုက္ေလတယ္။ ဇူးခ်န္ကလည္း ဘယ္ေခတ္က ျဖစ္မလဲ ဆိုတာ ေလ့လာေနျပီး လင္းရန္ကေတာ့ ဇူးခ်န္နဲ့အတူ ေလ့လာေနသည္။အားေနတဲ့ လင္းက်ိကေတာ့ နံရံကို မွီကာ ရွင္းမန္ လုပ္သမ်ွကို လိုက္ျကည့္ေနေလတယ္။
ထိုအခ်ိန္ အျပင္ဘက္မွ လွဳပ္ရွားသံေတြ ကို လင္းက်ိ ျကားလိုက္ရတယ္။ လင္းက်ိ ဖခင္နဲ ့အတူ ဂူေဖာက္လိုက္ခဲ့တဲ့ အေတြ ့အျကံဳအရ ဘယ္ေတာ့မွ ေကာင္းတဲ့အရာေတြ ဒေနရာမွာ မရွိမွန္း သိေလတယ္။
"သြားစို ့ ငါတို ့ေနာက္က တစ္ခုခု လိုက္လာေနတယ္"
ေျပာရင္း ဓာတ္ပံုရိုက္ေနတဲ့ ရွင္းမန္ကို လက္ကေနဆြဲကာ ေျပးေလေတာ့တယ္။ လင္းရန္ကလည္း ဇူးခ်န္ကို ေခၚကာ ေျပးေလတယ္။ ထိုေနရာကို ေက်ာ္လာေတာ့ အခန္းတစ္ခုကို ေတြ ့ေလတယ္။ ထိုေနရာကို ျကည့္လိုက္ေတာ့ အေခါင္းေတြ တန္းစီေနေလတယ္။ သူတို့ ေလးေယာက္ ထိုေနရာကို ဝင္ လိုက္ေတာ့ အဝင္ေပါက္တံခါးက ရုတ္တရက္ပိတ္သြားေလေတာ့တယ္။ အေခါင္းေတြကို ျကည့္ရတာ အေတာ္ပင္ သက္တမ္းျကာေနပံုပင္။ အခန္းနံရံေပၚတြင္ နံရံေဆးေရးပန္းခ်ီေတြ ရွိေလတယ္။ လင္းရန္က ထိုပန္းခ်ီေတြကို မွတ္တမ္းယူေနျပီး ဇူးခ်န္က အေခါင္းေတြကို ပတ္ျကည့္ေနေလတယ္။ ရွင္းမန္ ကေတာ့ ထိုေနရာေလးက ကန္ေတာ့စင္လို ျဖစ္ေနတဲ့ ေနရာက ေက်ာက္တိုင္ေပၚက စာေတြကို ေလ့လာျကည့္ေနေလတယ္။
"ေလာကနတ္ဘုရားကို လတ္ဆတ္ေသာေသြးနဲ ့ပူေဇာ္ပါတယ္ "
ရွင္းမန္ အသံထြက္ဖတ္လိုက္ေတာ့ လင္းရန္က နားမလည္စြာ
"ဘာကို ဆိုလိုတာလည္း ရွင္းမန္ ဒီအေခါင္းထဲက လူေတြက ယဇ္ပူေဇာ္ခံထားရတာလား"
"မသိဘူး လင္းရန္ေကာ ဒီစာထဲမွာ လတ္ဆတ္ေသာေသြးနဲ ့ေလာကနတ္ဘုရားကို ပူေဇာ္တာပဲပါတယ္ ဘာေျကာင့္ ဘာအတြက္ဆိုတာ မေျပာထားဘူး"
လင္းရန္နဲ ့ ရွင္းမန္ ထိုအရာကို အသည္းအသန္စဥ္းစားျကေနစဥ္ ဇူးခ်န္တစ္ေယာက္ နံရံေပၚက ပန္းခ်ီကို ေလ့လာေနလိုက္တယ္။ သို ့ေသာ္ နံရံေပၚက ပန္းခ်ီဟာ ထူးဆန္းေနေလတယ္။ အလွထြန္းထားတဲ့ပံုမဟုတ္ပဲ ရွဳပ္ေထြးလြန္းေလတယ္။ ေျပာရရင္ ေနရာမွားေနသလို။ ဇူးခ်န္ ေသခ်ာ ေလ့လာေနတုန္း ေဘးနား လာကာ နံရံေပၚကို ေလ့လာေနတဲ့ လင္းက်ိေျကာင့္ ျပံဳးလိုက္မိတယ္။
"လင္းက်ိေကာ ခင္ဗ်ား တစ္ခုခုမွားေနတယ္လို ့ထင္လား"
"အင္း " လို ့ေျဖရင္း မ်က္လံုးမွိတ္ကာ နံရံေပၚက မွားေနတဲ့ ေနရာေတြကို ပံုေဖာ္ျကည့္မိတယ္။ ထိုအခ်ိန္ လင္းရန္နဲ ့ရွင္းမန္က စဥ္းစားရင္း
"လင္းရန္ေကာ သူက လတ္ဆတ္တဲ့ေသြးလို ့ေျပာထားတယ္ ျပီးေတာ့ ဒီေက်ာက္ရုပ္ေရွ ့ ထားတာပံုအရ ေလာကနတ္ဘုရားက ဒီက်ာက္ရုပ္ထား အခါင္းထဲက သူေတြဆီက လတ္ဆတ္တဲ့ေသြးကို မရနိုင္ေတာ့ဘူးေလ "
"အာ မင္းေျပာတာ ဟုတ္သားပင္"
"ဒီမွာ ခုေလာေလာဆယ္ လတ္ဆတ္တဲ့ေသြးကို ပိုင္တာ ကြ်န္ေတာ္တို ့ေလးေယာက္ပဲ ရွိတာ "
ရွင္းမန္စကားေျကာင့္ လင္းရန္ေကာ နံရံကို ေလ့လာေနတဲ့ ဇူးခ်န္ပါ အံ့ျသမင္သက္ကာ ထိတ္လန့္သြားရတယ္။
" ျမန္ျမန္ ထြက္ရေအာင္ ဒီေနရာအႏၱရာယ္မ်ားတယ္ ထြက္ဖို့အေပါင္ရွာျက"
Unicode
သချၤ ိုင်းဂူကို ရောက်ချိန် သူတို့အားလုံး ကြက်သေသေသွားကြရလေတယ်။အရင်ဆုံး အသိဝင်သူက လင်းကျိ ဖြစ်ကာ အသက်မဲ့နေသော အလောင်းတွေကို လိုက်လံစစ်ဆေးလေတယ်။ ဟုတ်တယ် သူတို့ထက် အရင် ထွက်လာတဲ့ သုတေသီအဖွဲ့ပင်။ ထို့နောက် ကြောင်အနေရာက အသိဝင်ကာ အလောင်းတွေ သေဆုံးပုံကို စစ်ဆေးကြည့်ကြလေတယ်။
"ဒါ ဒါ ဘာကြီးလဲ "
တစ်ယောက်ရဲ့အသံကြောင့် ထိုလူကြည့်နေတာကို သွားကြည့်မိတော့ လူသားနဲ့မတူတဲ့ ရုပ်အလောင်းတစ်ခု ။ပုံစံက အရိုးအရည်တွေ ခမ်းနေကာ မဲတူးနေပြီး အပုတ်နံ တလောင်းလောင်း ထွက်နေပြီး လက်သည်းတွေကလည်း ရှည်လျားနေလေတယ်။ မျက်နှာအသွင်အပြင်ရ အဆံမပါတဲ့ အရိုးသွင်းကြီးနဲ့ သွားတွေကလည်း ကြိုတိုးကြဲတဲပင်။ ပြောရရင် အလောင်းကောင်ပေါ့။ သူတို့အားလုံး ကြောက်ရွံ့သွားမိတယ်။
"ငါတို့ အထဲ ဝင်ကြတော့မလား "
သူတို့အဖွဲ့ခေါင်းဆောင် စကားကို ငြင်းပစ်လိုက်ချင်သော်လည်း အိတ်တွေဆွဲကာ ဂူထဲ စတင်ဝင်ရောက်လေတော့တယ်။ အဖွဲ့ခေါင်းဆောင်က ဦးဆောင်လေတော့တယ်။ ပြီးမှ တစ်ယောက်ပြီးတစ်ယောက် ခြေထောက်နားနေတဲ့ ရှင်းမန်နဲ့ ဇူးချန်ရဲ့နောက်တွင် လင်းရန်က ဝင်ပြီး လင်းကျိကာ အပြင်ကို အခြေအနေကြည့် ဝင်လိုက်လေတယ်။
လင်းကျိအနေနဲ့ ဒီအထိ လိုက်ပို့ပြီးရင် ပြန်လို့ရပေမယ့် ရှင်းမန်ကို စိတ်မချတာကြောင့် လိုက်သွားဖို့တာ ဆုံးဖြတ်လိုက်လေတယ်။ကျောက်သားနဲ့ပြုလုပ်ထားတဲ့ လေးပေလောက်တာ မြင့်တဲ့အပေါက်ထဲ သူတို့အားလုံး ခါးကုန်းကာ ဝင်ခဲ့ကြလေတယ်။ ထို ကထွက်တော့ မြေပြင်တစ်ခုတွေ့လေတယ်။ ပြီးတော့ အနီးမဝေးတွင် ချောက်ကြီး ရှိနေလေတယ်။ ထိုချောက်ထဲ ဆင်းမှ ဘုရင်သချၤ ိုင်းဂူကို တွေ့ရမည် ဖြစ်တယ်။ ထို့ကြောင့် သစ်ပင် တစ်ခုမှာ ကြိုးကိုခိုင်ခံအောင် ချည်ကာ တစ်ယောက်ပြီး တစ်ယောက် ဆင်းသွားကြလေတယ်။ဟ
" ငါအရင် ဆင်းလိုက်မယ် " လင်းကျိအပြောကြောင့် လင်းရန်က ကြိုးပေးလိုက်ပြီး ဆင်းစေတယ်။ လင်းရန် အရင်ဆင်းသွားတဲ့ လူတွေကို အော်ခေါ်ကြည့်သော်လည်း စကားပြန်မရပေ။ ဒါကြောင့် စိုးရိမ်မိလေတယ်။
"ဘယ်လို လုပ်မလည်း ငါဆင်းသွားကြည့်မယ် "
ဇူးချန် လင်းကျိကို စိတ်ပူလို့ ဆင်းကြည့်ချင်မိတယ်။လင်းရန်ကလည်း သူ့အစ်ကိုကို စိတ်ပူတာကြောင့် အတူဆင်းဖို့သဘောတူလိုက်လေတယ်။ရှင်းမန်လည်း တစ်ယောက်ထဲ မနေရဲတာကြောင့် လိုက်ဆင်းလေတော့တယ်။မှောင်မဲနေတာကြောင့် လက်နှိပ်ဓာတ်မီးတွေ ထွန်းလိုက်ချိန် သူတို့အဖွဲ့ထဲက လူတစ်ချို့လဲကျကာ သွေးအလိပ်လိပ် ဖြစ်နေတယ်ဆိုတာ ။ သေဆုံးနေပုံက အော်ဂလီဆန်နေတာကြောင့် ဇူးချန်မနေနိုင်စွာ အန်လေတော့တယ်။ ရှင်းမန်မှာလည်း တုန်လှုပ်မိတယ်။
*အိုက်ယား ဒီကမ္ဘာက ဘာကြီးလဲ ကြောက်စရာကြီး*
ထိုအချိန် ရုတ်တရက် လူတစ်ယောက် ရောက်လာတော့ ရှင်းမန် လန့် သွားရလေတယ်။
" အား……လန့် လိုက်တာ လင်းကျိကော "
လင်းကျိ သူ့ကို လန့်သွားတဲ့ သူလေးကြောင့် ပြုံးလိုက်မိတယ်။ ရှင်းမန် သိချင်စိတ်ကြောင့်
"လင်းကျိကော သူတို့ ဘယ်လို သေသွားကြတာလည်း"
လင်းကျိ အရမ်းကိုသိချင်နေပုံရတဲ့သူကြောင့် သက်ပြင်းချလိုက်မိတယ်။ သိထားသော အနည်းဆုံး အရမ်းမကြောက်ရတော့ဘူးပေါ့။
"အလာင်းကောင်တွေ ရှိတယ် ငါရောက်တဲ့အချိန် သူတို့က အလောင်းတွေကို စားနေကြတာ ပြီးတော့ သူတို့ ဟိုထဲ ပြန်ဝင်သွားကြတယ်"
"ဒါဆို ငါတို့လည်း အမြန်သွားသင့်တယ် ကြာကြာနေရင် မကောင်းဘူး"
လင်းရန်အပြောကို အားလုံးသဘောတူစွာ အဝင်တံခါးနဲ့တူတဲ့ နေရာကို ထွက်လာခဲ့ကြလေတယ်။တံခါးဟာ သေသပ်လှပတဲ့ ပန်းကနုတ်ပုံတွေကြောင့် ရှင်းမန်က မှတ်တမ်းအဖြစ် ဓာတ်ပုံရိုက်ယူလိုက်လေတယ်။ ဇူးချန်ကလည်း ဘယ်ခေတ်က ဖြစ်မလဲ ဆိုတာ လေ့လာနေပြီး လင်းရန်ကတော့ ဇူးချန်နဲ့အတူ လေ့လာနေသည်။အားနေတဲ့ လင်းကျိကတော့ နံရံကို မှီကာ ရှင်းမန် လုပ်သမျှကို လိုက်ကြည့်နေလေတယ်။
ထိုအချိန် အပြင်ဘက်မှ လှုပ်ရှားသံတွေ ကို လင်းကျိ ကြားလိုက်ရတယ်။ လင်းကျိ ဖခင်နဲ့အတူ ဂူဖောက်လိုက်ခဲ့တဲ့ အတွေ့အကြုံအရ ဘယ်တော့မှ ကောင်းတဲ့အရာတွေ ဒနေရာမှာ မရှိမှန်း သိလေတယ်။
"သွားစို့ ငါတို့နောက်က တစ်ခုခု လိုက်လာနေတယ်"
ပြောရင်း ဓာတ်ပုံရိုက်နေတဲ့ ရှင်းမန်ကို လက်ကနေဆွဲကာ ပြေးလေတော့တယ်။ လင်းရန်ကလည်း ဇူးချန်ကို ခေါ်ကာ ပြေးလေတယ်။ ထိုနေရာကို ကျော်လာတော့ အခန်းတစ်ခုကို တွေ့လေတယ်။ ထိုနေရာကို ကြည့်လိုက်တော့ အခေါင်းတွေ တန်းစီနေလေတယ်။ သူတို့ လေးယောက် ထိုနေရာကို ဝင် လိုက်တော့ အဝင်ပေါက်တံခါးက ရုတ်တရက်ပိတ်သွားလေတော့တယ်။ အခေါင်းတွေကို ကြည့်ရတာ အတော်ပင် သက်တမ်းကြာနေပုံပင်။ အခန်းနံရံပေါ်တွင် နံရံဆေးရေးပန်းချီတွေ ရှိလေတယ်။ လင်းရန်က ထိုပန်းချီတွေကို မှတ်တမ်းယူနေပြီး ဇူးချန်က အခေါင်းတွေကို ပတ်ကြည့်နေလေတယ်။ ရှင်းမန် ကတော့ ထိုနေရာလေးက ကန်တော့စင်လို ဖြစ်နေတဲ့ နေရာက ကျောက်တိုင်ပေါ်က စာတွေကို လေ့လာကြည့်နေလေတယ်။
"လောကနတ်ဘုရားကို လတ်ဆတ်သောသွေးနဲ့ပူဇော်ပါတယ် "
ရှင်းမန် အသံထွက်ဖတ်လိုက်တော့ လင်းရန်က နားမလည်စွာ
"ဘာကို ဆိုလိုတာလည်း ရှင်းမန် ဒီအခေါင်းထဲက လူတွေက ယဇ်ပူဇော်ခံထားရတာလား"
"မသိဘူး လင်းရန်ကော ဒီစာထဲမှာ လတ်ဆတ်သောသွေးနဲ့လောကနတ်ဘုရားကို ပူဇော်တာပဲပါတယ် ဘာကြောင့် ဘာအတွက်ဆိုတာ မပြောထားဘူး"
လင်းရန်နဲ့ ရှင်းမန် ထိုအရာကို အသည်းအသန်စဉ်းစားကြနေစဉ် ဇူးချန်တစ်ယောက် နံရံပေါ်က ပန်းချီကို လေ့လာနေလိုက်တယ်။ သို့သော် နံရံပေါ်က ပန်းချီဟာ ထူးဆန်းနေလေတယ်။ အလှထွန်းထားတဲ့ပုံမဟုတ်ပဲ ရှုပ်ထွေးလွန်းလေတယ်။ ပြောရရင် နေရာမှားနေသလို။ ဇူးချန် သေချာ လေ့လာနေတုန်း ဘေးနား လာကာ နံရံပေါ်ကို လေ့လာနေတဲ့ လင်းကျိကြောင့် ပြုံးလိုက်မိတယ်။
"လင်းကျိကော ခင်ဗျား တစ်ခုခုမှားနေတယ်လို့ထင်လား"
"အင်း " လို့ဖြေရင်း မျက်လုံးမှိတ်ကာ နံရံပေါ်က မှားနေတဲ့ နေရာတွေကို ပုံဖော်ကြည့်မိတယ်။ ထိုအချိန် လင်းရန်နဲ့ရှင်းမန်က စဉ်းစားရင်း
"လင်းရန်ကော သူက လတ်ဆတ်တဲ့သွေးလို့ပြောထားတယ် ပြီးတော့ ဒီကျောက်ရုပ်ရှေ့ ထားတာပုံအရ လောကနတ်ဘုရားက ဒီကျာက်ရုပ်ထား အခါင်းထဲက သူတွေဆီက လတ်ဆတ်တဲ့သွေးကို မရနိုင်တော့ဘူးလေ "
"အာ မင်းပြောတာ ဟုတ်သားပင်"
"ဒီမှာ ခုလောလောဆယ် လတ်ဆတ်တဲ့သွေးကို ပိုင်တာ ကျွန်တော်တို့လေးယောက်ပဲ ရှိတာ "
ရှင်းမန်စကားကြောင့် လင်းရန်ကော နံရံကို လေ့လာနေတဲ့ ဇူးချန်ပါ အံ့သြမင်သက်ကာ ထိတ်လန့်သွားရတယ်။
" မြန်မြန် ထွက်ရအောင် ဒီနေရာအန္တရာယ်များတယ် ထွက်ဖို့အပေါင်ရှာကြ"