แ€žแ€›แ€ฒแ€›แ€ฌแ€‡แ€แ€„แ€นแ€™แ€บแ€ฌแ€ธแ€‘แ€ฒแŒแ€แ€บแ€…แ€นแ€€แ€ผแ€บแ€™แ€นแ€ธแ€แ€„แ€น...

De Hot_Tofu1

362K 53.5K 5.9K

Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are... Mais

Introduction {Z}
Introduction {U}
แ€กแ€แ€ผแ€ฒ แ , แ.แ { Z }
แ€กแ€แ€ฝแ€ฒ แ , แ.แ { U }
แ.แ‚ {Z}
แ.แ‚ {U}
แ‚.แ {Z}
แ‚.แ {U}
แ‚.แ‚ {Z}
แ‚.แ‚ {U}
แƒ.แ {Z}
แƒ.แ {U}
แƒ.แ‚ {Z}
แƒ.แ‚ {U}
แ„.แ {Z}
แ„.แ {U}
แ„.แ‚ {Z}
แ„.แ‚ {U}
แ….แ {Z}
แ….แ {U}
แ….แ‚ {Z}
แ….แ‚ {U}
แ†.แ {Z}
แ†.แ {U}
แ†.แ‚ {U}
แ†.แ‚ {Z}
แ‡.แ {Z}
แ‡.แ {U}
แ‡.แ‚ {Z}
แ‡.แ‚ {U}
แˆ.แ {Z}
แˆ.แ {U}
แˆ.แ‚ {Z}
แˆ.แ‚ {U}
แ‰.แ {Z}
แ‰.แ {U}
แ‰.แ‚ {Z}
แ‰.แ‚ {U}
แแ€.แ {Z}
แแ€.แ {U}
แแ€.แ‚ {Z}
แแ€.แ‚ {U}
แแ.แ {Z}
แแ.แ {U}
แแ.แ‚ {Z}
แแ.แ‚ {U}
แแ‚ {Z}
แแ‚ {U}
แแƒ.แ {Z}
แแƒ.แ {U}
แแƒ.แ‚ {Z}
แแƒ.แ‚ {U}
แแ„.แ {Z}
แแ„.แ {U}
แแ„.แ‚ {Z}
แแ„.แ‚ {U}
แแ….แ {Z}
แแ….แ {U}
แแ….แ‚ {Z}
แแ….แ‚ {U}
แแ….แƒ {Z}
แแ….แƒ {U}
แแ†.แ {Z}
แแ†.แ {U}
แแ†.แ‚ {Z}
แแ†.แ‚ {U}
แ€กแ€แ€ผแ€ฒ แ‚ , แแ‡.แ {Z}
แ€กแ€แ€ฝแ€ฒแ‚ , แแ‡.แ {U}
แแ‡.แ‚ {Z}
แแ‡.แ‚ {U}
แแˆ.แ {Z}
แแˆ.แ {U}
แแˆ.แ‚ {Z}
แแˆ.แ‚ {U}
แแ‰ {Z}
แแ‰ {U}
แ‚แ€ {U}
แ‚แ.แ {Z}
แ‚แ.แ {U}
แ‚แ.แ‚ {Z}
แ‚แ.แ‚ {U}
แ‚แ‚.แ {Z}
แ‚แ‚.แ {U}
แ‚แ‚.แ‚ {Z}
แ‚แ‚.แ‚ {U}
แ‚แ‚.แƒ {Z}
แ‚แ‚.แƒ {U}
แ‚แƒ.แ {Z}
แ‚แƒ.แ {U}
แ‚แƒ.แ‚ {Z}
แ‚แƒ.แ‚ {U}
แ‚แ„.แ {Z}
แ‚แ„.แ {U}
แ‚แ„.แ‚ {Z}
แ‚แ„.แ‚ {U}
แ‚แ….แ {Z}
แ‚แ….แ {U}
แ‚แ….แ‚ {Z}
แ‚แ….แ‚ {U}
แ‚แ†.แ {Z}
แ‚แ†.แ {U}
แ‚แ†.แ‚ {Z}
แ‚แ†.แ‚ {U}
แ‚แ‡.แ {Z}
แ‚แ‡.แ {U}
แ‚แ‡.แ‚ {Z}
แ‚แ‡.แ‚ {U}
แ‚แˆ.แ‚ {Z}
แ‚แˆ.แ {Z}
แ‚แ‰.แ {Z}
แ‚แˆ.แ {U}
แ‚แˆ.แ‚ {U}
แ‚แ‰.แ {U}
แ‚แ‰.แ‚ {Z}
แ‚แ‰.แ‚ {U}
แƒแ€ {Z}
แƒแ€ {U}
แƒแ {Z}
แƒแ {U}
แ€กแ€แ€ผแ€ฒ แ‚, แƒแ‚ {Z} แ€‡แ€ฌแ€แ€นแ€žแ€ญแ€™แ€นแ€ธ
แ€กแ€แ€ฝแ€ฒ แ‚, แƒแ‚ {U} แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธ

แ‚แ€ {Z}

1.2K 181 21
De Hot_Tofu1

ON SEP 20, 2021 BY HOT_TOFU

Chapter 20, Arc 2: ထပ်ခိုးထဲမှချစ်သူ

ယွင်းယူကြောင့်နံရံဘက်သို့
တွန်းအားဖြင့်ဆောင့်တွန်း
ခံလိုက်ရသည့်ကျန်းချိုင်သည်
သူမဒီနေရာမှာတင်တကယ်
သေသွားနိုင်သည်ဆိုသည့်
ခြိမ်းခြောက်မှုကိုပထမဆုံးအကြိမ်
ခံစားမိခြင်းဖြစ်သည်။

သူမ၏လည်ပင်းကိုဖိညစ်ထား
သည့်ထိုကြီးမားသောလက်ကြီး
ကြောင့်သွေးလန့်တကြားဖြစ်ကာ
လက်သည်းများကိုအသုံးပြု၍
ပြင်းပြင်းထန်ထန်
ကုတ်ဖဲ့တော့သည်။

သူမ၏ရုန်းကန်လှုပ်ရှားမှုကို
ထိန်းချုပ်ထားသည့်ထိုလက်
သည်သွေးများစီးကျလာပါ
သော်လည်းသူမ၏လုပ်ဆောင်မှု
သည်လုံးဝအရာမထင်ပေ။

"အဟွတ် ! ငါပြောပါမယ်၊
ငါပြောပြပါမယ်-"

ကျန်းချိုင်၏မျက်နှာသည်
ကြောက်ရွံမှုများဖြင့်ပြည့်နှက်
နေခဲ့သည်။အရင်ကဆိုအမြဲ
လိုလိုယွင်းယူကိုအရင်ဆုံးစတင်
လက်ပါကာရန်စဖြစ်ခဲ့သည့်
ကျန်းချိုင်သည်ယခုအခါ
ယွင်းယူဘက်မှတည်ကြည်
လေးနက်လာသည့်အခါ
ဘာအစွမ်းအစမှမရှိတော့ပေ။

ယွင်းယူသည်သူ၏လက်
ကိုအနည်းငယ်ဖြေလျော့
ကာကျန်းချိုင်ကိုလူသေ
တစ်ယောက်ကိုကြည့်နေသည့်
အလားစိုက်ကြည့်၍သူ၏
ကောင်ငယ်လေးကိုထိပါးရဲသည့်
ယခုခွေးမကိုသေသည့်အထိ
တစ်စစီဆွဲဖြဲချင်ရုံမှအပအခြား
ဘာအတွေးမှမရှိတော့ပေ။

"ငါနင့်ကိုဘယ်လိုဖြစ်ခဲ့သလဲဆိုတာ
တိတိကျကျပြန်ပြောပြပါ့မယ်။
မနေ့မတိုင်ခင်တစ်နေ့လောက်က
ဗီလာမှာရေပိုက်ပျက်တော့
ငါရေပိုက်ပြင်ပေးဖို့အတွက်
တစ်ယောက်ယောက်ကိုခေါ်
လိုက်တယ်။
လာပြင်ပေးတဲ့ကောင်လေးက
အတော်လေးလည်းငယ်ပြီး
လုံ့လဝီရိယလည်းရှိတယ်။
နောက်တော့ပြင်ပြီးတာနဲ့
ပြန်သွားတော့တာဘဲ....
အို၊ဟုတ်သား၊သူမပြန်ခင်
ပြောသွားသေးတယ်။သူ
အနေနဲ့လက်ထပ်ဖို့အတွက်
ရွာပြန်တော့မယ်တဲ့။နင်တော့
စွန့်ပစ်ခံလိုက်ရပြီ ယွင်းယူ"

ရန်လိုနေသည့်အလင်းတန်းများသည်
ယွင်းယူမျက်လုံးများထဲ၌ဖြတ်ပြေးသွား
ခဲ့ပြီးလျှာရိုးမရှိပေါက်တက်ကရလျှောက်
ပြောနေသောကျန်းချိုင်ကိုလုံးဝမသတီ
ဖွယ်အရာတစ်ခုအလားကြည့်လိုက်သည်။
"မင်းအခုချိန်ထိအမှန်တိုင်းပြောဖို့ကို
ငြင်းဆန်နေတုန်းလား?"

ကျန်းချိုင်သည်မယုတ်မလွန်
အဖြေကိုပြန်ဖြေလိုက်သည်။
"တကယ်လို့နင်ငါ့ကိုမယုံဘူးဆိုလည်း
ထားလိုက်ပါ။
တကယ်လို့ငါပြောတာယုံမရင်လည်း
နင်ကိုယ်တိုင်အဲ့ကိစ္စကိုသွား
စစ်ဆေးလို့ရတာဘဲဟာ~"

ဟမ့်၊နင်အမှန်တရားကိုရှာတွေ့တဲ့အချိန်
လောက်ဆိုနင်အစောကြီးကတည်းက
သေသွားလောက်ပြီ။

ယွင်းယူသည်ထိုစကားကိုသံသယ
ဖြစ်နေသည်။သို့သော်လည်းသူအနေ
ဖြင့်ဘယ်သဲလွန်စကိုမှလက်မလွှတ်
လိုက်နိုင်ပေ။အေးစက်စွာနှာခေါင်းရှုံ
လိုက်ပြီးသုံးလွှာမှဆင်းသွားတော့သည်။

ပိုပြီးအသေးစိတ်ကျကျစုံစမ်းနိုင်
ရေးအတွက်အိမ်ပြုပြင်ရေးစင်တာ
ဆီသို့သွားမည်ဖြစ်သည်။

ယွင်းယူထွက်သွားသည်ကိုကြည့်
နေခဲ့သောကျန်းချိုင်သည်အနိုင်
ပိုင်းနိုင်သလိုမျိုးပြုံးနေခဲ့သည်။

နင်အနေနဲ့ဒီပြိုင်ပွဲမှာငါနဲ့ယှဉ်ပြိုင်
ဖို့အတွက်ငယ်လွန်းနေသေးပါတယ်
လောင်နင်း!

သူမ၏ဒါလင်ကိုသူ့ဆီကနေ
လုယူသွားခွင့်ဘယ်သူ့ကိုမှ
မပေးနိုင်ပေ!

ထပ်ခိုးထဲတွင်၊

ယောင်းယီသည်နှစ်ခြိုက်စွာ
အိပ်ပျော်နေခဲ့သည်။သူ့ကြည့်ရတာ
အိမ်မက်ကောင်းလေးမက်နေသလိုမျိုး
ချိုမြိန်စွာဖြင့်သူ၏နှုတ်ခမ်းထောင့်လေး
များသည်တွန့်ကွေးနေခဲ့သည်။

ဘရွန်း—

ဗီလာဝန်းကြီးထဲမှကားမောင်း
ထွက်သွားသည်ကိုကျန်းချိုင်
သည်ဒုတိယထပ်ရှိ
ပြတင်းပေါက်ကြီးမှတဆင့်
စိုက်ကြည့်နေခဲ့သည်။ထို့နောက်
နောက်ပြန်လှည့်ကာဗူးဒူးအရုပ်ကို
ယူ၍နှလုံးသားနေရာဆီသို့
နောက်ထပ်အပ်တစ်ချောင်းကို
ထပ်မံထိုးစိုက်လိုက်သည်။

သူမအနေဖြင့်မစောင့်ဆိုင်းနိုင်တော့ပေ။
ယခုမိမစစ်ဖမစစ်မြန်မြန်သေလေအေးလေ
ဖြစ်သည်။ထိုကောင်သည်သူမ၏ဒါလင်
လေးကိုတောင်ရအောင်လုယူချင်နေသေးသည်။
ထိုပြစ်မှုသည်အကြိမ်ထောင်ပေါင်းများစွာ
သေဖို့ထိုက်တန်သည်!

ထိုလူဒီနေ့သေကိုသေရမည်!

ကျန်းချိုင်သည်ဗူးဒူးအရုပ်ကို
စိုက်ကြည့်လိုက်ပြီးပျော်ရွှင်စွာ
ရီမောလိုက်သည်။

မကြာခင်၊သိပ်မကြာခင်မှာ
တင်သူမချစ်ရပါသော
ယောင်းယီသည်သူမနှင့်အတူတူ
တစ်ပါတည်းမခွဲမခွာနေနိုင်
ကြတော့မည်ဖြစ်သည်။
သူတို့သည်ကလေးအနည်းငယ်
လောက်မွေးဖွားပြီးသည်နှင့်
ကမ္ဘာပေါ်တွင်အကြင်နာတတ်ဆုံးသော
စုံတွဲအဖြစ်ကောင်းချီးပေးခြင်းကို
ခံယူကာလက်ထပ်ကြမည်ဖြစ်သည်။

"ဟားဟားဟား~"

သူမစိတ်ကူးယဉ်ထားသည့်လှပသော
ဘဝသည်လက်တစ်ကမ်းအလိုမှာတင်
ရှိနေပြီဖြစ်သည့်အတွက်ကျန်းချိုင်၏
မျက်နှာသည်ရှက်သွေးဖြာကာနီရဲနေ
ခဲ့သည်။

အခုလှပသောအမျိုးသမီးသည်
ယခုအခါတွင်အသက်သုံးဆယ်
ထဲရောက်နေပြီဖြစ်သော်လည်း
အခုအချိန်တွင်၊သူမ၏နှလုံးသား
ထဲ၌ပထမဆုံးစွဲလမ်းနေခဲ့ရသည့်
ချစ်ခြင်းကိုစတင်ခံစားဖူးသည့်
ဆယ်ကျော်သက်ကလေးမလေး
လိုမျိုးရှက်နေခဲ့သည်။

thoughts of dogpotato
and tofu : yikes… (*゚ロ゚)

နွေးထွေးသည့်နေရောင်ခြည်သည်
ပြတင်းပေါက်များကိုဖြတ်ဖောက်
ထွင်း၍ထမင်းစားခန်းအတွင်းသို့
ဖြာကျလျက်ရှိသော်လည်းတပ်ဆင်
ထားသည့်အဲယားကွန်းများ၏ပူးပေါင်း
ပါဝင်လုပ်ဆောင်မှုကြောင့်အလွန်ပူပြင်း
လှသည့်နွေဥတုဖြစ်နေသော်လည်း
ဗီလာတစ်ခုလုံးသည်အေးချမ်းသည့်
ခံစားချက်ကိုပေးစွမ်းနေခဲ့သည်။

ယောင်းယီသည်ထမင်းစားဝိုင်း
တွင်ထိုင်ရင်းသူ၏ရှေ့သို့အရသာ
ရှိလှသည့်အစားအသောက်များ
အားတစ်ခုမကျန်တည်ခင်းကျွေးမွေး
နေသည့်ကျန်းချိုင်ကိုကြည့်လိုက်သည်။
အစားအသောက်များအားလုံးသည်
လူတိုင်းကိုသရေကျစေဖို့ရန်လုံလောက်
နေပြီဖြစ်သည်။

"ဒါလင်၊(မ)ရဲ့ဟင်းချက်လက်ရာ
ကိုမြည်းကြည့်ပေးပါအုန်း။
(မ)လက်တွေကြမ်းမှာဆိုးလို့
ဟင်းမချက်ဘဲနေခဲ့တာအတော်
ကြာခဲ့ပြီ။ဒါပေမဲ့ဒါလင့်အတွက်
သာဆို၊(မ)ဘက်ကဘာမဆိုလုပ်
ပေးဖို့ဆန္ဒရှိပါတယ်...."

လှပသောအမျိုးသမီးသည်
သူမ၏နားရွက်နောက်သို့
ဆံပင်များကိုသပ်တင်၍
ပြောလိုက်သည်။သူမ၏
အသံသည်ကြင်နာမှုများဖြင့်
ပြည့်နှက်နေပြီးအကြံပြုချင်
နေသည့်သဲလွန်စကိုပါသယ်
ဆောင်ထားခဲ့သည်။

အခုလေးတင်သူ၏တူကိုရွေ့
ကာစားတော့မည့်ယောင်းယီ
သည်ထိုစကားကိုကြားလိုက်
ရသည့်အခါတစ်ခဏတာ
တုံ့ဆိုင်းသွားခဲ့ပါသော်လည်း
ပြုံးပြီးပြန်ပြောလိုက်သည်။

"ကြည့်ရတာအရသာရှိမဲ့ပုံပါဘဲ။
နောက်တစ်ခေါက်ကျရင်
ကျွန်တော်ချက်ကျွေးမယ်
လေနော်။ကျွန်တော်ရဲ့
ဟင်းချက်တဲ့စကေးကလည်း
အတော်လေးကောင်းတယ်"

သူမ၏ချစ်သည်းငယ်လေး
သည်နောက်တစ်ကြိမ်ထပ်မံ
ပြီးခေါင်းစဉ်ထပ်ပြောင်းပြော
လိုက်သည်ကိုသတိထားမိသည့်
ကျန်းချိုင်သည်နှုတ်ခမ်းစူလိုက်
တော့သည်။

သို့ပေမဲ့သူမအနေဖြင့်ဘာတစ်ခုမှ
ပြန်မပြောပေ။အဘယ့်ကြောင့်ဆို
သော်အဆုံးသတ်မှာတော့သူမသည်
သူမ၏ချစ်သူလေးကိုတကယ်
ချစ်မြတ်နိုးသည့်အတွက်ဖြစ်သည်။

သူတို့ဆီတွင်အချိန်တွေအများကြီး
ကျန်ရှိနေသေးသည့်အတွက်သူမ
၏ချစ်သူလေးဘက်မှသူမအတွက်
သူ၏နှလုံးသားကိုကိုယ်တိုင်ဖွင့်လာ
ပေးမည့်အချိန်အထိသူမအမြဲတမ်း
စောင့်ဆိုင်းနေမှာဖြစ်သည်။

ယောင်းယီသည်ထိုအမျိုးသမီးဘက်မှ
ယခုခေါင်းစဉ်နှင့်ပတ်သတ်၍ဘာဆို
ဘာမှထပ်မံမပြောဆိုတော့သည့်ကို
တွေ့လိုက်ရသည့်အခါစိတ်သက်သာ
ရာရသွားတော့သည်။သို့သော်လည်း
သူ၏မျက်လုံးထဲမှအငွေ့အသက်သည်
ပိုပြီးစိတ်ဓာတ်ကျလာတော့သည်။

သူဘာလုပ်ရမလဲ?
သူ့ကြည့်ရတာအခုထက်ထိ
ထိုချမ်းသာသည့်အမျိုးသမီးကို
လက်ခံဖို့ရန်ခက်ခဲနေဆဲဖြစ်သည်။
သူအနေဖြင့်ပိုက်ဆံကိုလက်ဝယ်
ယူဆောင်ထားရုံတင်သာမက
ဘာဆိုဘာမှလည်းပြန်မလုပ်ဆောင်
ပေးသည့်အပြင်သူမ၏အိမ်ပေါ်တွင်ပါ
အလကားတက်နေလိုက်သေးသည်။
ထိုအပြုအမူသည်အလွန်ရှက်ဖွယ်
လိလိဖြစ်ပြီးသူအနေဖြင့်သူကိုယ်သူ
တောင်စက်ဆုပ်ရွံရှာမိသည်။

ဆံပင်အနက်ရောင်ဖြင့်အမျိုးသား
ငယ်လေးသည်သူ၏အနက်ရောင်
မျက်လုံးဝိုင်းလေးများကိုမဖော်ပြဘဲ
မျက်လွှာချကာအပြင်ဘက်ရှိ
ပြတင်းပေါက်ဘက်မှဝင်လာသည့်
နွေးထွေးသောနေရောင်ခြည်
အောက်တွင်သူ၏မူးမေ့သတိ
လစ်သွားစေနိုင်လောက်သည်
အထိတောက်ပရွန်းစိုနေသော
အစိတ်အပိုင်းများကိုကြည့်ရသည်
မှာအလွန်နူးညံ့နေခဲ့သည်။သူ၏
အနည်းငယ်ညိုးမှိုင်းနေသော
အမူအရာလေးသည်တစ်ဖက်လူ
ဘက်မှသူ့ကိုတုန်နေအောင်
ချစ်ချင်စိတ်ပေါ်လာစေနိုင်သည်။

ကျန်းချိုင်သည်ရီဝေနေသော
မျက်လုံးများဖြင့်သူမ၏ပါးပေါ်တွင်
လက်ထောက်ရင်းချစ်မြတ်နိုးစွာ
ငေးကြည့်နေခဲ့သည်။

သူမ၏ရင်ထဲမှအချစ်များသည်သူမ
တစ်ကိုယ်လုံးကိုဖုံးလွှမ်းသွားခဲ့သည်။
ယခုအချိန်လေးကိုထာဝရရပ်တန့်
နေပါစေဟုတောက်သူမဆုတောင်း
မိသည်။ထိုအခါမှသာသူမနှင့်ဒါလင်
သည်အမြဲတမ်းလေးနက်သည့်
ခံစားချက်များဖြင့်အတူတကွ
ချည်နှောင်ထားပြီးနေလို့ရမှာ
ဖြစ်သည်။

မကြာခင်မှာတင်၊ညစာစားချိန်သည်
ယောင်းယီ၏အပြစ်ရှိနေသလိုခံစား
နေရသည့်ခံစားချက်နှင့်ကျန်းချိုင်၏
စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတို့
အကြားပြီးဆုံးသွားခဲ့သည်။

သူစားသောက်လို့ပြီးသည်နှင့်
ယောင်းယီသည်စားပွဲရှင်းရန်
မတ်တပ်ထရပ်လိုက်တော့သည်။

ဘာဘဲပြောပြော၊သူသည်အစောကြီး
ကတည်းကသူများထမင်းစားပြီး
သား[1] ဖြစ်နေသည်။ထို့ကြောင့်
သူဘက်စားပြီးသားပန်းကန်ကိုပါ
မဆေးဘဲနေပါကအတော်လေး
လွန်ကဲသွားမည်ဖြစ်သည်။

[1] စားပြီးနားမလည်၊ဝါးပြီးမျိုချဆိုတဲ့
အဓိပ္ပါယ်မျိုးပါဘဲ။

ကျန်းချိုင်သည်မတားဆီးခဲ့ပေ။
ထိုအစားယောင်းယီနောက်သို့
ပါရမီဖြည့်သည့်အနေဖြင့်
မီးဖိုချောင်ထဲသို့လိုက်သွား
တော့သည်။ရေသဖွယ်နူးညံ့
ညင်သာစွာဖြင့်ပန်းကန်ဆေး
နေသည့်ယောင်းယီကိုကူညီ
ပေးခဲ့သည်။

နဂိုထဲကအပြစ်ရှိသလိုခံစားနေရသည့်
ယောင်းယီသည်အသားချင်းထိတွေ့မှု
မပါဝင်သ၍ကျန်းချိုင်ဘာပြောပြော
သဘောတူလိုက်လျောပေးလေသည်။
ထိုနှစ်ဦးသည်လင်နှင့်မယားသဖွယ်
လိုက်လျောညီထွေမှုရှိသလိုမျိုး
သရုပ်ဆောင်နေကြသည်။

"ဒါနဲ့ ဒါလင်။ဒီညအောက်ထပ်မှာ
ဆူညံသံအချို့ရှိလာနိုင်တယ်သိလား။
ဒါ့ကြောင့်(မ)ရဲ့ဒါလင်လေးက
အပြင်ကိုထွက်မလာတာ
ပိုကောင်းမယ်၊ဟုတ်ပြီလား?"

ကျန်းချိုင်သည်သူမအနေဖြင့်
ရုတ်တရပ်တစ်ခုခုကိုတွေးဆမိ
သည့်အလားပြောကာနှစ်လိုစဖွယ်
ပြုံးလိုက်သည်။

ဆူညံသံရှိလာနိုင်တယ်? အငြင်းပွားမှုနောက်ထပ်တစ်ခုလား?

ထိုမနက်ကဖြစ်ပွားခဲ့သည်ကိုပြန်မှတ်မိ
သွားသည့်ယောင်းယီသည်ခေါင်းငြိမ့်ပြ
လိုက်သည်။

သူသည်မျက်နှာဖြူလေး[2]ဖြစ်သည်။
သေချာပေါက်ကိုရန်ပွဲလိုမျိုးပွဲမျိုးတွင်
ညပ်ပါသွားလို့မရပေ။ထို့ကြောင့်သဘာဝ
ကျစွာဘဲအောက်ထပ်ဆင်းလာမည်မဟုတ်။

[2] ကောင်ချောလေး၊အပျော်လင်လေး။
ဆွဲဆောင်မှုရှိသောလူငယ်လေးများကို
ခေါ်ဝေါ်သည့်ယုတ်ညံ့သောစကားလုံး
ဖြစ်သည်။

ကျန်းချိုင်သည်သူမချစ်သူလေး၏
ခန့်ငြားလှသောပုံပန်းသွင်ပြင်ကိုပိုင်ဆိုင်
လိုစိတ်အပြည့်ဖြင့်ကြည့်ကာပြုံးလိုက်
ပြီးသူမ၏ပါးမို့များသည်စိတ်လှုပ်ရှား
မှုကြောင့်ရှက်သွေးဖြာသွားခဲ့သည်။

ဒီညပြီးရင်တော့သူမသည်
ချစ်ရပါသောယောင်းယီနှင့်
အတူတူခိုးရာလိုက်ပြေးနိုင်
တော့မည်ဖြစ်သည်။

ထိုည၌

ကျန်းချိုင်သည်ဗီလာထဲမှ
နောက်ဆုံးသောအစေခံ
ထွက်သွားသည်ကိုကြည့်
ရင်းသူမ၏နီရဲနေသော
နှုတ်ခမ်းများသည်မသိမသာ
အပေါ်သို့တွန့်ကွေးသွားခဲ့သည်။

ပြောရမည်ဆိုပါကထိုအဖိုးကြီး၏အသန့်
အလွန်ကြိုက်မှုအပေါ်ကျေးဇူးတင်ရမည်
ဖြစ်သည်။သူမကိုယခုစံအိမ်ကြီးထဲမှ
မောင်းထုတ်ရန်အတွက်အစေခံအားလုံး
ကိုရည်ရွယ်ချက်ချက်ရှိရှိဖြင့်အလုပ်
ဖြုတ်ခဲ့တာဖြစ်ပြီးထိုလုပ်ရပ်သည်သူမ
ကိုထွက်သွားစေဖို့ရန်ဖိအားဖြစ်စေခဲ့
မည်ဟုတွေးသည့်အတွက်ဖြစ်သည်။

အခုဆိုရင်ဖြင့်ယခုဗီလာကြီးထဲ၌
လူသုံးယောက်သာကျန်တော့သည်။

ယွင်းယူဒီညသေကိုသေရမည်။

ဘရွန်း-

ဂိုထောင်ထဲသို့ကားမောင်းဝင်လာ
သည့်အသံကိုကြားလိုက်ရသည်။
ဒါရိုက်ဘာအိမ်ပြန်သွားသည်နှင့်
ယွင်းယူလည်းဗီလာအတွင်းသို့
ဝင်လာခဲ့သည်။

သူ၏မျက်နှာပေါ်ရှိအကြည့်သည်
ရေခဲတမျှအေးစက်နေလို့နေကာ
နှုတ်ခမ်းများကိုလည်းအတူတကွ
တင်းကြပ်စွာဖိကပ်ထားသည့်ပုံ
သည်သူ၏စိတ်အတွင်းမှဒေါသများ
ကိုဖိနှိပ်ထားရသည့်ပုံပေါ်နေသည်။

သူ၏စုံစမ်းစစ်ဆေးမှုများအရ
ပြသလို့နေသည်မှာသူ၏
ချစ်ရပါသောကောင်ငယ်လေး
နောက်ဆုံးအလုပ်ဆင်းခဲ့သည့်
နေရာသည်သူ၏စံအိမ်ဖြစ်လို့
နေသည်။

"ကျန်းချိုင် သူဘယ်သူမှာလဲ?"

ယွင်းယူသည်ဗီလာအတွင်းဒုတိယထပ်ရှိ
ဧည့်ခန်းဆီသို့လှေကားထစ်များမှတဆင့်
တက်လာခဲ့သည်။ထို့နောက်သူ၏အကြည့်
များကိုကျန်းချိုင်ပေါ်သို့စွဲစွဲမြဲမြဲစိုက်ကြည့်
လိုက်သည်မှာသူ၏မျက်လုံးများသည်
ကြောက်စရာကောင်းလောက်အောင်
ရက်စက်ကြမ်းကြုတ်နေခဲ့သည်။

ဆိုဖာပေါ်၌စမတ်ကျကျနန်းဆန်စွာ
လှဲလျောင်းနေသည့်ကျန်းချိုင်သည်
သူမ၏လက်ထဲမှဗူးဒူးအရုပ်ကို
အသေးအဖွဲ့အရာလေးတစ်ခု
သတ်မှတ်ကာဆော့ကစားလို့နေသည်။
ယွင်းယူကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး
နောက်ထိုအရုပ်၏နှလုံးနေရာဆီသို့
နောက်ဆုံးသောငွေမျှင်ရောင်အပ်ကို
အလွန်အမင်းခါးသီးနေသည့်
မကျေမချမ်းမှုများဖြင့်ထိုးစိုက်
လိုက်တော့သည်။

သူမချစ်ရသည့်ယောင်းယီကိုသူမဆီ
ကနေဘယ်သူမှလုယူလို့မရစေရဘူး!

ထိုနောက်ဆုံးသောငွေရောင်အပ်ကို
ထိုးစိုက်ပြီးချိန်တွင်သေချာဖန်တီး
ထားသောထိုဗူးဒူးရုပ်သည်အသက်ရှင်
နေသည့်အလားတွန့်လိမ်ကောက်ကွေး
ကာအမူအရာသည်လည်းအလွန်အမင်း
နာကျင်မှုကိုခံစားနေရသည့်အလား
မဲ့ရွဲ့နေခဲ့သည်။

တိုးဖျော့သော်လည်းဆွဲဆွဲငင်ငင်ငိုကြွေး
နေသည့်အသံသည်ဧည့်ခန်းအတွင်း၌
ဖြတ်သန်းသွားခဲ့သည်။

!!!

ချက်ချင်းထိုနေရာမှာတင်ယွင်းယူ၏
မျက်နှာသည်လူသေတစ်ကောင်အလား
ဖြူဖျော့လာတော့သည်။

သေချာတောင်မတ်တပ်ဆက်မရပ်နိုင်
တော့ဘဲကြမ်းပြင်ပေါ်သို့ဒူးတစ်ဖက်
ထောက်လျက်သားကျသွားတော့သည်။
သူ၏နဖူးတစ်ပြင်လုံးသည်လည်းချွေး
သီးချွေးပေါက်များစွာစီးကျလို့နေသည်။

"မင်း ! မင်းလုပ်တာ !"

ယွင်းယူသည်တဒုတ်ဒုတ်ကိုက်ခဲနေသည့်
နာကျင်မှုကြောင့်သူ၏ရင်ဘတ်နေရာသို့
လက်ဖြင့်ဖိကာကျန်းချိုင်ကြမ်းပြင်ပေါ်
သို့စက်ဆုပ်ရွံရှာနေသည့်အမူအရာဖြင့်
လွှတ်ပစ်လိုက်သည့်ထိုအရုပ်ကိုစ်ုက်ကြည့်
လိုက်သည်။

သူအနေဖြင့်ထိုထူးဆန်းသည့်အစွမ်းများ
ပါရှိသည့်အရာဝတ္ထုများအပေါ်လက်သင့်
မခံလိုပါသော်လည်းယခုလက်ရှိအခြအနေ
တွင်ယွင်းယူ၏စူးရှသည့်ဝမ်းတွင်းအသိမှ
ပြောနေသည့်မှာသူ၏ရင်ဘတ်ထဲမှနာကျင်
မှုသည်ထိုအရုပ်ကနေဆင်းသက်လာသည်
ဟူ၍ဖြစ်သည်။

ကျန်းချိုင်သည်မတ်တပ်ထရပ်လိုက်
ပြီးနောက်ရှင်းပြဖို့ရန်ရည်ရွယ်ချက်
လုံးဝမရှိသည့်ပုံဖြင့်ကြမ်းပြင်ပေါ်တွင်
ပြုတ်ကျနေသည့်ထိုအရုပ်အပေါ်သို့
သူမကိုယ်သူမစိတ်ကျေနပ်မှုရရှိစေ
ရန်ခြေကိုဆောင့်နင်းချလိုက်သည်။
ထို့နောက်ရီမောကာ
"ဟားဟားဟား! နင်ခါတိုင်းဆို
အမြဲတမ်းဘဝင်မောက်နေကြ
မဟုတ်ဘူးလား!?
အခုကျတော့သေဆုံးဖို့ကိုနာခံမှုရှိရှိ
နဲ့ထိုင်စောင့်နေရုံကလွဲလို့တခြားဘာ
တစ်ခုမှမလုပ်နိုင်တော့ဘူးလေ!"

ယွင်းယူ၏အမူအရာသည်
လူသတ်ချင်နေခဲ့သည်။
ကိုယ်နှင့်မကွာအမြဲတမ်းဆောင်ယူ
ထားသည့်ဆေးဗူးကိုထုတ်ယူဖို့ရန်
ခက်ခက်ခဲခဲရုန်းကန်လိုက်သည်။
သို့သော်လည်းသူ၏လက်ထဲမှ
အစောကြီးကတည်းကပြင်ဆင်
ပြီးသားဖြစ်သည့်ကျန်းချိုင်၏
ရုတ်တရပ်ဆောင့်ဆွဲလုယူခြင်းကို
ခံလိုက်ရသည်။

"အိုင်ယား၊ငါနင့်ကိုဆေးပေးချင်ပါတယ်။
ဒါပေမဲ့လည်းနင့်အနေနဲ့ငါ့ကိုအရမ်း
မုန်းတီးနေတာဆိုတော့လည်း-"

ကျန်းချိုင်သည်ဆေးဗူးကိုအဝေးဆုံး
ဆီသို့ရည်ရွယ်ချက်ရှိရှိဖြင့်လွှတ်ပစ်
လိုက်ပြီးနောက်သူမ၏လက်များကို
ဆန့်တန်းကာရိုးသားသူသဖွယ်ဟန်
ဆောင်ရင်း "ဘယ်လိုလုပ်ကြမလဲ။
ငါနင့်ရဲ့ဆေးဗူးကိုပစ်ချမိသွားတယ်။
ဒါပေမဲ့လည်းအဲ့ဒါကပုံမှန်ဖြစ်ရပ်
ဖြစ်တယ်၊ဟုတ်?ဘယ်သူကများ
ငါ့ကိုသံသယဝင်မှာလဲ?"

ကျန်းချိုင်၏အရှက်မရှိမှုကို
ကျိန်ဆဲဖို့ရန်အားအင်တောင်
ယွင်းယူဆီတွင်မရှိတော့ပေ။
သူ၏ရင်ဘတ်သည်ပိုပိုပြီးသာ
ကိုက်ခဲလာခဲ့သည်။သူ၏နှလုံး
မှပြင်းထန်စွာခုန်လှုပ်နေမှုသည်
အသက်ရှုရခက်ခဲလာစေသည့်
အပြင်လက်လေးတစ်ချောင်း
လှုပ်ရှားဖို့ရန်ပင်မပြောပြတတ်
လောက်အောင်ခက်ခဲလှသည်။

သူ၏မျက်လုံးများထဲတွင်ကျန်းချိုင်၏
ဘဝင်မောက်ကာအတ္တကြီးစွာပြုံးဖြီးနေ
သောမျက်နှာပင်နှစ်ထပ်ဖြစ်လာခဲ့သည်။

သူတကယ်သေတော့မှာလား။

မဟုတ်ဘူး။သူမသေချင်သေးဘူး။

သူ၏ကောင်ငယ်လေးကိုအခုချိန်ထိ
ရှာမတွေ့သေးပေ။သူ့ဘက်မှ
ဖွင့်လည်းမဖွင့်ပြောရသေးပေ။
ထို့အပြင်လက်တောင်
လက်မထပ်ရသေးပေ....

သူတို့နှစ်ယောက်သည်သက်ထက်ဆုံး
ပျော်ရွှင်စွာနေသွားကြရမှာဖြစ်သည်။

သူ၏ဘဝကိုယခုလိုမျိုးအဆုံးသတ်
သွားခွင့်မပေးနိုင်ပေ။

သို့သော်...

လူသားများ၏ဖြစ်တည်မှုသည်
အားနည်းကာမပြောပလောက်ပေ။

ထို့ကြောင့်သူအနေနှင့်ဘယ်လောက်
ဘဲမသေချင်ပါဘူးဟုပြောနေပါစေ
ယွင်းယူသည်သေခြင်းနတ်ဘုရား
ရောက်ရှိလာမှုကိုတားဆီးမပိတ်ပင်
နိုင်ခဲ့ပေ။

သူ၏သေဆုံးခြင်းမှခါးသီးသောခံစားချက်
များနှင့်အလွန်အမင်းစိတ်ဆင်းရဲသည့်ဒဏ်
များကြောင့်ယွင်းယူသည်ကျန်းချိုင်၏ဆံပင်
ကိုဘဝတစ်ပါးသို့မကူးပြောင်းမှီသူ့တွင်ရှိရှိ
သမျှအင်အားတို့ကိုအသုံးပြုကာဆွဲကိုင်၍
ဒုတိယထပ်မှသူနှင့်အတူတူပြုတ်ကျစေရန်
တစ်ပါတည်းခေါ်ဆောင်သွားခဲ့သည်။

သေခါနီးလူတစ်ယောက်ဆီတွင်
မတ်တပ်ရပ်ဖို့ရန်တောင်
အားကျန်နေလိမ့်မည်ဟု
မထင်မှတ်ထားသည့်
ကျန်းချိုင်သည်အမှတ်တမဲ့
ရပ်နေချိန်သူမ၏ရေညှိသဖွယ်
ဆံပင်များအားအရှိန်ပြင်းစွာဖြင့်
ဖမ်းဆုပ်ယူဆောင်ခြင်းကိုခံလိုက်
ရသည့်အတွက်လွတ်မြောက်အောင်
ရုန်းကန်ဖို့ရန်လုံးဝမဖြစ်နိုင်ခဲ့ပေ။

ကျန်းချိုင်သည်တစ်ခုခုမှားယွင်းသွားပြီ
ဆိုတာကိုသိလိုက်ရသည့်အခါငယ်သံပါ
အောင်ကုန်းအော်၍ဝရံတာလက်ရန်းကို
ရအောင်ဆုပ်ကိုင်နိုင်ရန်ကြိုးစားလိုက်
သည်။သို့သော်သူမသည်ယွင်းယူနှင့်
အတူတူတစ်ပါတည်းချိတ်တွယ်ခံထား
ရသည့်အတွက်ကြမ်းပြင်ပေါ်သို့
စောက်ထိုးပြုတ်ကျသွားတော့သည်။

"အားးးးးး!!!"

ဘမ်း!

ကျိုးကြေသွားသည့်အသံနောက်၌
ပြင်းထန်သည့်သွေးညှီနံများသည်
ပထမထပ်အဝင်ဝတစ်ခုလုံးတွင်
စိမ့်ဝင်ပျံ့နှံ့သွားခဲ့သည်။

အလောင်းနှစ်လောင်းစလုံးသည်
အမွေးပွပိုးသားကော်ဇော်ပေါ်တွင်
မျက်လုံးများပွင့်လျက်သားလဲကျ
လို့နေသည်။ကျန်းချိုင်၏လည်ပင်း
သည်လိမ်ကျိုးနေပြီးသူမ၏ဦးခေါင်းခွံ
သည်လည်းကော်ဖီစားပွဲ၏ထောင့်စွန်း
နှင့်တစ်ဆက်တည်းမိတ်ဆက်သွားသည့်
အတွက်ပွင့်ဟသွားခဲ့သည်။သူမ၏
ဘေးနှစ်ဖက်စလုံးမှသွေးများသည်
ဖြည်းညင်းစွာတစိမ့်စိမ့်ထွက်ကျလာ
ပြီးကော်ဇော်ဖြူကြီးပေါ်တွင်ဝေဆာ
နေသောနီသွေးရောင်ပန်းများသဖွယ်
အဆုပ်လိုက်ပွင့်လန်းလာခဲ့သည်။

ထပ်ခိုးထဲတွင်

ယောင်းယီသည်နားကြပ်တပ်ရင်း
ဂိမ်းကစားနေစဉ်သူအနေဖြင့်အသံ
တစ်ခုခုကြားလိုက်ရသလိုမျိုး
ခံစားလိုက်ရသည်။

ထို့ကြောင့်နားကြပ်ကိုဖြုတ်ကာ
နားထောင်ကြည့်လိုက်သည်။
သို့သော်လည်းဘာဆိုဘာမှ
ထပ်မကြားရတော့ပေ။

ယောင်းယီမျက်တောင်ခတ်လိုက်ပြီး
အတွေးပွားသွားတော့သည်။သူ့
ကြည့်ရတာထင်ယောင်ထင်မှား
ဖြစ်တာနေမှာပါဟုတွေးပြီးနောက်
နားကြပ်ကိုပြန်တပ်ကာဆက်ဂိမ်း
ကစားနေလိုက်သည်။

ဤသို့ဖြင့်ပြစ်မှုများအားလုံးသည်
ညအမှောင်ထုထဲ၌ပုန်းကွယ်
နေလေသည်။

သာမန်လူမျက်စိဖြင့်မမြင်နိုင်သည့်
အနက်ရောင်မီးခိုးလုံးများသည်ပျံ့နှံ့
လာပြီးနောက်ဗီလာကြီးတစ်ခုလုံးကို
ဖုံးအုပ်သွားသည်မှာအဆုံးမရှိသည့်
အခြား dimension တစ်ခုထဲသို့
ဆွဲခေါ်မသွားခင်အချိန်ထိဖြစ်သည်။
ထို့နောက်ဗီလာကြီးတစ်ခုလုံးကို
ချောင်းမြောင်းကြည့်ရှုနေသည့်
မျက်လုံးများထံမှသီးခြားတည်ရှိ
နေအောင်ခွဲခြားလိုက်တော့သည်။

မနက်သုံးနာရီအချိန်ကြီးတွင်
အိပ်စက်ရန်လှဲလျောင်းတော့
မည့်ယောင်းယီသည်သူ၏
ဘေးဘက်တွင်ရှိနေသော
တံခါးအားတစ်စုံတစ်ယောက်
လာခေါက်သည့်အသံကိုကြား
လိုက်ရသည်။

ချမ်းသာသည့်အမျိုးသမီးတစ်ယောက်
သည်ကသာထပ်ခိုးထဲတွင်လူနေသည်
ကိုသိထားသည့်အတွက်ထိုတံခါးလာ
ခေါက်သည့်လူမှာသူမဖြစ်ရမည်ဟု
ယောင်းယီခန့်မှန်းလိုက်သည်။

ထို့ကြောင့်အိပ်ချင်မူးတူးမျက်လုံးများ
ဖြင့်ထရပ်ကာတံခါးဖွင့်ပေးရန်ပြင်ဆင်
လိုက်သည့်ယောင်းယီသည်ထိုချမ်းသာ
သောအမျိုးသမီး၏နူးညံ့ညင်သာသော
အသံသည်အောက်ဘက်မှထွက်လာသည်
ကိုကြားလိုက်ရသည်။

"ဒါလင် (မ)နေမကောင်းဖြစ်နေလို့
နောက်ရက်တွေအထိဆေးရုံမှာဆရာဝန်
သွားပြဖို့လိုအပ်နေတယ်လို့ထင်တယ်။
ဒါ့ကြောင့်ဒီရက်ပိုင်းတွေမှာမောင့်ကို
လာမတွေ့နိုင်ခဲ့ရင်တကယ်တောင်းပန်
ပါတယ်နော်။ဒါပေမဲ့သုံးလွှာမှာရှိတဲ့
စတိုခန်းလေးထဲမှာမောင့်အတွက်
အစားအသောက်တွေအကုန်လုံးကို
(မ)အစောကြီးကတည်းကထည့်
ပေးပြီးသွားပြီဆိုတော့ ဒါလင်ဗိုက်ဆာ
လာရင်အောက်ဆင်းစားရမယ်နော်~"

ယောင်းယီသည်တွေဝေသွားခဲ့သည်။
ဘယ်လိုဖျားနာမှုမျိုးသည်ထိုချမ်း
သာသောအမျိုးသမီးကိုညလယ်ကြီး
ဆေးရုံသွားဖို့လိုအပ်သည်အထိဖြစ်
စေခဲ့သလဲဟုတွေးနေမိသော်လည်း
ဆင်ခြင်သုံးသပ်၍ပြန်ဖြေလိုက်သည်။

"အိုခေ၊သိပါပြီ။ အမ်၊ခင်များလည်း
မြန်မြန်ပြန်ကျန်းမာလာပါစေ..."

ယောင်းယီသည်အလွန်ငိုက်မျည်းလာခဲ့
သည်မှာသူ၏ပိတ်ကျလာသောမျက်ခွံ
များကိုပင်မဖွင့်ထားနိုင်တော့ပေ။
ထို့ကြောင့်ပြီးဆုံးအောင်စကားမပြောလိုက်
နိုင်ခင်မှာတင်အိပ်မောကျသွားတော့သည်။

အလွန်အိပ်ချင်မူးတူးဖြစ်နေ
သည့်အတွက်ယောင်းယီသည်
ခေါက်လှေကားအကူအညီ
မပါဘဲထပ်ခိုးကိုမရောက်နိုင်
သည့်အရပ်မမြင့်မားသော
ကျန်းချိုင်တစ်ယောက်ထပ်ခိုး
တံခါးကိုဘယ်လိုမျိုးခေါက်လိုက်
သလဲဆိုတာကိုမတွေးလိုက်မိပေ။

အောက်ထပ်တွင်

ကျိုးလိမ်နေသောဇက်ကြီးဖြင့်သွေးများ
တစိမ့်စိမ့်စီးကျနေသောအမျိုးသမီးသည်
ထပ်ခိုးထဲမှတည်ငြိမ်စွာထွက်ပေါ်နေသည့်
အသက်ရှုသံကိုချောင်းကာနားထောင်
နေခဲ့သည်။ထို့နောက်ဖြည်းညင်းစွာဖြင့်
သူမ၏တညီတညာတည်းလိမ်ဖယ်နေသော
ခြေဆစ်လက်ဆစ်များကိုတကျွတ်ကျွတ်
မြည်အောင်လှည့်ကာထွက်သွားတော့သည်။

သူမသည်အောက်ထပ်တွင်ရှိနေသည့်
ထိုလူနှင့်ပြီးပြတ်အောင်ဖြေရှင်းရမည့်
ကိစ္စတွေကျန်ရှိနေသေးသည်။
သူမ၏ဒါလင်လေးကိုထိုလူရှာတွေ့
သွားဖို့လုံးဝမခွင့်ပြုလိုက်နိုင်ပေ။

ဒါလင်သည်...သူမတစ်ယောက်တည်း
အပိုင်ဖြစ်သည်!

ပထမထပ်ဝင်ပေါက်ဝတွင်

သေလောက်အောင်ဖြူဖျော့နေသည့်
အသားရည်လက္ခဏာဖြင့်အမျိုးသား
သည်သူ၏သွေးမရှိတော့သောလက်
ဖဝါးနှစ်ဖက်ကိုငုံ့ကြည့်နေခဲ့ပြီးသူ၏
ခန္ဓာကိုယ်အတွင်းမှအနက်ရောင်မြူခိုး
များအဆက်မပြတ်ထွက်ပေါ်နေခဲ့သည်။

သူသေသွားခဲ့ပြီဖြစ်သည်။

သို့သော်သူ၏ချစ်သူလေးသည်
မသေသေးပေ...

သူအနေနှင့်ချစ်သူလေးကို
ဘယ်လိုများရှာဖွေရပါမလဲ။

ထိုအမျိုးသား၏အနက်ရောင်
မျက်လုံးများသည်အဆုံးမရှိ
နက်ရှိုင်းလို့နေကာအချစ်နှင့်
စိတ်ဆန္ဒများပါဝင်နေသည့်
အသူတရာချောက်နက်ကြီး
လိုဖြစ်နေသည့်အပြင်အရိုး
ထိအောင်စွဲလမ်းနေသည့်
စွဲလမ်းမှုသည်ယခုမှအသစ်
မွေးဖွားလာသည့်ထိုသရဲကို
အလွန်အမင်းကြောက်လန့်စဖွယ်
ဖြစ်လာစေခဲ့သည်။

သူ့ကိုရှာမတွေ့ဘူး-ရှာမတွေ့ဘူး-ရှာမတွေ့ဘူး ! ! !

သူ့ချစ်ရသူကိုဘယ်နေရာမှာမှ
ရှာမတွေ့ဘူး....

သူမုန်းတယ်...အဲ့လိုဖြစ်တာကိုမုန်းတယ်...
ဘာကြောင့်လဲ....?

ကမ္ဘာပေါ်မှာလူတွေအများကြီးရှိနေတဲ့
ကြားထဲက...ဘာလို့သူတစ်ယောက်
တည်းသူချစ်ရတဲ့လူနဲ့သူနေချင်သလောက်
အတူတူထာဝရနေခွင့်မရခဲ့တာလဲ...

သတ်စမ်း-သတ်စမ်း-သတ်စမ်း-သတ်စမ်း ! ! !

သက်ရှိမှန်သမျှကိုသတ်ပစ်စမ်း ! ! !

သူတို့အားလုံးကိုသူခံစားခဲ့ရတဲ့နာကျင်မှု
အတိုင်းခံစားစေရမယ် ! ! !

အငြိုးကြီးမားသောဝိဥာဉ်၏
စွဲကျန်ရစ်နေသောမကျေမချမ်း
နိုင်မှုသည်ဗီလာတစ်ခုလုံးကို
လွှမ်းခြုံသွားခဲ့သည်။အနက်ရောင်
တွင်းပေါက်နက်ကြီးလိုမျိုးအနီးနား
တွင်ရှိနေသည့်လူသားများထံမှ
ဆိုးရွားသောအတွေးများကိုအားကြီး
လာစေရန်သူကိုယ်တိုင်စုပ်ယူကာ
အဆင့်အဆင့်ကျယ်ပြန့်သွားတော့သည်။

ထို့နောက်တောင်တန်းများဘေးရှိ
ဗီလာဝန်းကြီးတစ်ခုလုံးသည်ဖြည်း
ဖြည်းချင်းစီတိတ်ဆိတ်သွားသည်မှာ
အမှောင်ထုကြီးထဲတွင်အရာအားလုံး
အိပ်စက်သွားသလိုပင်။

မကောင်းသည့်အတွေးများ
ပျံ့နှံ့သွားတော့သည်။

thoughts of tofu: 

ဒီအခန်းမှာပထမ Arc အန်းလင်
ဖန်ဆင်းထားတဲ့ဆေးရုံကြီးရဲ့
အလုပ်လုပ်ပုံကိုနားမလည်ခဲ့တဲ့
Reader တွေနားလည်လောက်
မယ်လို့ထင်ပါတယ်။
အငြိုးကြီးတစ္ဆေတွေကစွဲလမ်းမှု
ကြီးရင်ကြီးသလောက်ကျတ်ကုန်း
လိုမျိုးမြို့ကြီးကိုဖန်ဆင်းနိုင်တဲ့
အထိအင်အားကြီးလာနိုင်ပါတယ်။

ကြားရက်ထဲမှာ update 
မတင်ပေးနိုင်ခဲ့တဲ့အတွက်
တောင်းပန်ပါတယ်။တို့ဖူး
တစ်ကောင်အရက်မူးပြီး
ညကြီးမိုးချုပ်လှေကားထစ်
ကနေဒလိမ့်ခေါက်ကွေးပြုတ်ကျ
တာမျက်ခုံးပေါက်သွားပါတယ်။
ဒါ့ကြောင့်ဘာဆိုဘာမှမလုပ်
နိုင်ဘဲအနားယူနေရလို့ပါ။

ဒါကြောင့်အားလုံးကိုမှာချင်တာက
ညဖက်ဆိုမီးဖွင့်ပြီးမှတစ်ခုခုလုပ်ဖို့ပါ။
မဟုတ်ရင်မမြင်မကန်းနဲ့တို့ဖူးလိုမျိုး
မျက်ခုံးပေါက်နိုင်ပါတယ်။
အားလုံးဘဲသင်ခန်းစာယူတတ်ကြပါစေ။
ဟုတ်ကဲ့ ကျေးဇူးပါ။



Continue lendo

Vocรช tambรฉm vai gostar

35K 1.6K 199
(แ€แ€€แ€šแ€บแ€–แ€ผแ€…แ€บแ€›แ€•แ€บแ€™แ€šแ€บแ€™แ€ปแ€ฌแ€ธ) แ€•แ€›แ€œแ€ฑแ€ฌแ€€/แ€กแ€ญแ€™แ€บ**) แ€‚แ€›แ€ฏแ€€แ€”แ€ฑแ€แ€ฝแ€ฑแ€ทแ€œแ€ญแ€ฏcopyแ€œแ€ฌแ€แ€ฌแ€•แ€ซแ€›แ€พแ€„แ€ทแ€บ แ€•แ€ญแ€ฏแ€„แ€บแ€›แ€พแ€„แ€บแ€™แ€ปแ€ฌแ€ธแ€•แ€ผแ€”แ€บแ€–แ€ปแ€แ€บแ€แ€ญแ€ฏแ€„แ€บแ€ธแ€›แ€„แ€บแ€–แ€ปแ€แ€บแ€•แ€ฑแ€ธแ€•แ€ซแ€™แ€šแ€บแ€›แ€พแ€„แ€ทแ€บ
117K 18.3K 103
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ - แ€…แ€ฝแ€ฒแ€Šแ€ญแ€ฏแ€ทแ€กแ€žแ€„แ€บแ€ธแ‹ แ€แ€…แ€บแ€ฆแ€ธแ€แ€Šแ€บแ€ธ แ€•แ€ผแ€”แ€บแ€†แ€ญแ€ฏแ€แ€ผแ€„แ€บแ€ธ แ€™แ€Ÿแ€ฏแ€แ€บแ€•แ€ซแ‹ แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แแแ แ€™แ€พ แ€กแ€†แ€ฏแ€ถแ€ธแ€‘แ€ญ แ€แ€„แ€บแ€žแ€ฝแ€ฌแ€ธแ€•แ€ซแ€™แ€Šแ€บแ‹
150K 11.6K 49
แ€กแ€™แ€พแ€ฑแ€ฌแ€„แ€บ แ€กแ€ฑแ€ฌแ€€แ€บแ€€ โ€Œแ€€แ€ปแ€ฌแ€ธแ€›แ€ฒ แ€แ€…แ€บแ€€แ€ฑแ€ฌแ€„แ€บแ€›แ€ฒแ€ทแ€™แ€ปแ€€แ€บแ€แ€”แ€บแ€ธแ€œแ€ญแ€ฏ แ€žแ€ฝแ€ฑแ€ธแ€†แ€ฌ แ€”แ€ฑแ€แ€ฒแ€ท แ€™แ€ปแ€€แ€บแ€œแ€ฏแ€ถแ€ธ แ€…แ€ญแ€™แ€บแ€ธแ€…แ€ญแ€™แ€บแ€ธ แ€แ€ฑแ€ฌแ€€แ€บแ€แ€ฑแ€ฌแ€€แ€บแ€แ€ฝแ€ฑ แ€žแ€ฝแ€ฑแ€ธแ€Šแ€พแ€ฎแ€”แ€ถแ€ท แ€Ÿแ€ฑแ€ฌแ€„แ€บแ€‘แ€ฝแ€€แ€บแ€”แ€ฑแ€แ€ฒแ€ท แ€กแ€แ€”แ€บแ€ธแ€แ€ฝแ€ฑ แ€‘แ€ฒ แ€€ แ€กแ€œแ€ฑแ€ฌแ€„แ€บแ€ธแ€แ€ฝแ€ฑ แ€žแ€แ€„แ€บแ€ธ...
266K 8.2K 16
แ€…แ€ญแ€แ€นแ€แ€‡แ€‘แ€ฑแ€ฌแ€„แ€บแ€แ€ปแ€ฑแ€ฌแ€€แ€บแ€แ€…แ€บแ€แ€ฏแ€‘แ€ฒ แ€žแ€„แ€บแ€€แ€ญแ€ฏแ€šแ€บแ€แ€ญแ€ฏแ€„แ€บแ€›แ€ฑแ€ฌแ€€แ€บแ€žแ€ฝแ€ฌแ€ธแ€แ€ฒแ€ท แ€แ€ถแ€…แ€ฌแ€ธแ€แ€ปแ€€แ€บแ€™แ€ปแ€ญแ€ฏแ€ธ แ€œแ€ญแ€ฏแ€แ€ปแ€„แ€บแ€›แ€„แ€บ แ€’แ€ฎ fic แ€€แ€ญแ€ฏ แ€žแ€„แ€บแ€–แ€แ€บแ€”แ€ญแ€ฏแ€„แ€บแ€•แ€ซแ€แ€šแ€บ แ€žแ€ญแ€ฏแ€ทแ€•แ€ฑแ€™แ€šแ€บแ€ท 18+แ€”แ€ฑแ€ฌแ€บ๐Ÿ˜