For..
Por Gael_2001
547K 37.9K 3.9K
မင်း အဆင်ပြေဖို့အတွတ် ငါ နာကျင်ပေးရလဲ ဖြစ်တယ် ကိုကို။ Mais
For...
For...
For...
For...
For..
For..
For...
For...
For...
For...
For...
For...
For....
For..
For...
For...
For...
For....
For...
For..
For...
For...
For...
For..
For...
For...
For...⚠⚠⚠
For...
For...
For...
For..
For...
For...
For...
For..
For...
For...
For...
For..
For..
For..
For...⚠️⚠️⚠️
For..
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
Final
For...
11.6K 841 154
Por Gael_2001
ရုံးခန်းထဲမှာ နမ်းထားသည့် ကိစ္စဖြစ်ပြီးနောက်ရိပေါ်သည် ရှောင်းကျန့်နှင့် မျက်နှာချင်းမဆိုင်ပဲ နေနေသည်မှာ သုံးရက်ပင် ရှိလေပြီ။ အရေးကြီးကိစ္စတွေဆို ကွမ့်ကျွင်းကို လွှဲထား၍ မျက်နှာချင်းဆိုင်စရာ အကြောင်းလဲမရှိ။ ပြီးတော့ ရိပေါ်က ပရောဂျက်တစ်ခုကို တာဝန်ယူထားရသည်မို့ သူ့ဆီကို ခနခနသွားတွေ့စရာလဲ မလို။
သူကိုယ်တိုင်ကလဲ အလုပ်အရမ်းရှုပ်နေပုံရသည်။ ခရီးတွေ သွားနေရတာလဲ ခနခနဟု ကွမ့်ကျွင်းထံက ပြန်ကြားရသည်။ ရိပေါ်လဲ မြင်ပါသည်။ ကုမ္ပဏီကို ဂျပန်ကဧည့်သည်တွေလဲ ခနခနလာနေရကာ၊ ကိုရီးယားကရောပင်။အတော်ကို အလုပ်ရှုပ်နေပုံရ၏။
*ဒီဆိုင်က အရမ်းကောင်းတယ်နော်။ ဈေးကလဲ အရမ်းသက်သာချက်*
Shou Com.,၏ တစ်ဦးတည်းသော သားထံမှ ထွက်ပေါ်လာသော စကားကြောင့် ရိပေါ်အတွေးတွေကလဲ ပြတ်သွားသလို ယန်ကောနှင့် ရှန်းကျဲမှာလဲ ရေအလျင်အမြန် ယူသောက်ရလေ၏။ ပိုက်ဆံကို သန်းချီချမ်းသာသော မိသားစုက ဆင်းသက်လာသည့် ကောင်လေးသည် နေ့လည်စာ တစ်နပ် ယွမ်ဘယ်လောက်မှပင် မရှိသည်ကို လာစားနေရသည့်ပုံစံ။
*ဟိုတယ်တက်စားနိုင်တဲ့လူက ငါတို့ပြောဖို့လဲ ချန်အုံး*
*ကိုကိုကလဲ..ကျွန်တော်က သက်သာလို့ သက်သာတယ်ပြောတာကို*
ဇွန်းကိုက်ကာ ချွဲလာသည့် ချွမ့်ဟွေးကြောင့် ရိပေါ် ခေါင်းရမ်းကာသာ နေ့လည်စာ ဆက်စားနေသည်။ ယန်ကောနှင့် ရှန်းကျဲမှာ ချွမ့်ဟွေးနှင့် စကားလက်ဆုံကျနေလေသည်။
ချွမ့်ဟွေးအနား ကပ်ချင်နေသည့်သူတွေ အများကြီးထဲကမှ ချွမ့်ဟွေးသည် ရိပေါ်တို့ သုံးယောက်နဲ့ပဲတွဲကာ၊ ထိုအချိန်တိုင်း တရုတ်နိုင်ငံ၏ အချမ်းသာဆုံး မိသားစု၏ သားဆိုသည့် ဂုဒ်ဒြပ်ကို ထားခဲ့ကာ ရိပေါ်တို့စားသလို စားသည်။ ရိပေါ်တို့ နေသလို နေသည်။
သို့ပေမယ့် သူဋေးသားတွေမို့ ဘယ်လောက်ပဲ ဈေးချိုတာတွေ စားနေပါစေအုံး အရှိန်အဝါတစ်ခုနှင့်၊ အရောက်အဝါတစ်ခုက ထွက်ပေါ်နေမြဲပင်။ ချွမ့်ဟွေးဆိုလျှင် ဘယ်နေရာထိုင်ထိုင် ဖြူလှသည့် အသားအရည်၊ နီရဲတွတ်နေသည့် လက်ချောင်းသွယ်သွယ်တွေ၊ ကိုင်ထားသည့် နောက်ဆုံးပေါ် ဖုန်းနှင့် လက်တွင် တစ်ခုတည်းသာ ရှိသော နာရီတစ်လုံး၏ ဈေးနှင့်ပင် ထိုသူဟာ တော်ရုံလူမဟုတ်နိုင်မှန်း သိသာနေ၏။
*တစ်ကယ် ကျဲတို့ကို ခေါ်မှာပေါ့နော်*
*ခေါ်မှာပေါ့..ကျွန်တော့်အိမ်သပ်သပ်ရှိတယ်။ အဲ့မှာ ပန်းတွေ၊ အသီးအနှံတွေ စိုက်ထားတာ။ ကျွန်တော်က တစ်ခါတစ်လေမှ သွားနေဖြစ်တာ*
*အမလေး ချစ်စရာလေး နေမှာပဲနော်*
ရှန်းကျဲက ထိုလိုနေရာလေးတွေ ကြိုက်တတ်သူမို့ ချွမ့်ဟွေးက ခေါ်မည်ဆိုတော့ ပျော်နေလေ၏။ ရိပေါ် ဘေးက ရေယူသောက်လိုက်ကာ
*မနက်ဖြန် ခရီးထွက်မှာ လိုက်မှာမလား ချွမ့်ဟွေး*
ချွမ့်ဟွေး ပါးစပ်ထဲက အသားအချို့ကို အမြန်ဝါးကာ ရိပေါ်ကို ခေါင်းခါပြသည်။
*မလိုက်တော့ဘူး ကိုကို*
*ဟယ်..ဘာလို့မလိုက်မှာလဲ လိုက်ခဲ့ပါ မောင်လေးရဲ့ အရမ်းပျော်စရာကောင်းမှာ*
ရှန်းကျဲက အားကြိုးမာန်တက်ခေါ်လေသည်။ ရိပေါ်ကလဲ ချွမ့်ဟွေး မလိုက်ဘူးဆိုတော့ မျက်နှာလေးက မကြည်မသာ။ ဒီခရီးမှာ ချွမ့်ဟွေးရယ်၊ ယန်ကောရယ်၊ ရှန်းကျဲရယ်၊ သူရယ် အတူတူ ပျော်ကြမယ်ဟု တွေးထားတာကို။
*လိုက်ခဲ့လေ ညီလေးရဲ့။ ညပိုင်းထွက်မှာဆိုတော့ အရမ်းပျော်ဖို့ကောင်းမှာ။ ပြီးတော့ တောင်တန်းတွေဆီ သွားမှာဆိုတော့ သိပ်နေလို့ကောင်းမှာကွ*
ချွမ့်ဟွေးက အားနာသလို ရယ်ကာ ရိပေါ်ကို တစ်လှည့်၊ ယန်ကောတို့ကို တစ်လှည့်ကြည့်နေ၏။ ရိပေါ်တို့ ခေါ်သာခေါ်ရတာ ထိုနေရာတွေက ချွမ့်ဟွေးလိုလူဖို့ ခနခနရောက်ဖူးနေသည့် နေရာတွေပင် ဖြစ်နိုင်လေသည်။
*ဒီလောက်ခေါ်နေရင်တော့ ကျွန်တော် ဒီကကိစ္စအချို့ ဖြေရှင်းပြီးတာနဲ့ လိုက်ခဲ့မယ်လေ။ ကားနဲ့တော့ လိုက်လို့ရမှာမဟုတ်ဘူး။ ကျွန်တော်ပြီးမှပဲ ကျွန်တော့်အစီအစဉ်နဲ့ နောက်ကလိုက်ခဲ့မယ်*
*အိုခေလေ..ဘာနေနေ မင်းပါရင် ရပြီ*
ရိပေါ် ထိုလိုပြောလိုက်တော့ ချွမ့်ဟွေးက ရယ်ကာ ရိပေါ်၏ ပါးဖောင်းလေးကို အသာဆွဲညှစ်လိုက်သည်။ ချွမ့်ဟွေးမှာ ဒီအကိုကြီးကို ချစ်မဝ။ မျက်နှာပြည့်ပြည့်ဖောင်းဖောင်းလေးနှင့် ရယ်လိုက်တိုင်း မို့တက်လာသည့် ပါးလေးတွေက ကိုက်စားပစ်ချင်စရာ။
*ကဲ ကဲ..ပြန်ကြရအောင်လေ*
ရှန်းကျဲ ပြောမှပင် အားလုံး ဆိုင်အတွင်းက ထွက်လာကာ လုပ်ငန်းခွင်ထဲ ပြန်ဝင်ရန် Com.,ဆီသို့ ပြန်လျှောက်လာခဲ့ရသည်။
___________________________
*ကဲ..အားလုံး လူစုံပြီနော်*
ရိပေါ်တို့ လိုက်ပါမည့်ကားသည် ဝန်ထန်းအယောက်၂၀လောက်ပါသည့် သန့်ရှင်းကာ ကြီးမားသည့် Expressကားကြီးပင်။ ခုံတွေကလဲ နှစ်ယောက်တစ်တွဲစီထားကာ အနောက်ကိုမှီလိုက်တိုင်း အိကျသွားသည့် ခုံကြောင့် အားလုံးမှာ သဘောကျနေကြသည်။
ဒီကားတံဆိပ်သည် Sean Com.,မှ ပိုင်ဆိုင်ထားသော ကားပင်ဖြစ်သည်။ ဝန်ထမ်းတွေကို လိုက်ပို့သည့် ခရီးက မတူပေ။ ဌာနတစ်ခုကို နေရာတစ်ခုဖြစ်သည်။ ရိပေါ်တို့ကတော့ တောင်တန်းဒေသသို့ ဖြစ်သည်။
*ဝမ်လေး တစ်ယောက်ထဲ ဖြစ်ရဲ့လား*
အရှေ့ကနေ အနောက်ကို လည်ပြန်ကြည့်ကာ ပြောပေမယ့် မြင့်မားသည့် ခုံကြီးတွေကြောင့် ရှန်းကျဲ၏ မျက်နှာကို မမြင်ရပဲ အသံသာကြားနေရသည်။
ရိပေါ်ရယ်လိုက်ကာ
*အဆင်ပြေတယ် ကျဲ..အရမ်းမိုက်တယ်*
တစ်ကယ်ကိုလဲ မိုက်လွန်း၏။ ရိပေါ်သည် အနောက် ထိုင်ခုံနှစ်ခုတွင် မှန်ဘက်က နေရာတွင်ရိပေါ်နေရာယူကာ တစ်ယောက်ထဲ ထိုင်နေခြင်းပင်။ လူအယောက်နှစ်ဆယ်ထဲမို့ ခုံအလွတ်တွေက အများကြီးပင်။ အများစုက အလယ်နှင့် ရှေ့နေရာကိုပဲ ယူကြသည်မို့ ရိပေါ်က အနောက်မှာတစ်ယောက်ထဲ။
*ကဲ..လူစုံပြီဆို စထွက်ပြီဟေ့*
*ဟယ်..*
*ဟင်..*
အရှေ့ကနေ ပွစိပွစိဖြစ်နေသော သူတွေကြောင့် ရိပေါ် ဘာဖြစ်တာလဲဟု စူးစမ်းချင်ပေမယ့် ရိပေါ်အနား ရောက်လာသည့် ကိုယ်သင်းနံ့ကြောင့် အရာရာနားလည်လိုက်ပြီ။ သူပါ ရိပေါ်တို့ကားနဲ့ လိုက်လာခြင်းကြောင့်ဖြစ်သည်။
ရှောင်းကျန့်က ရိပေါ်ဘေးတွင် ဝင်ထိုင်ကာ ရိပေါ်ကို တစ်စက်မှမကြည့်။ ရိပေါ်ကလဲ ခနပင် ကြည့်ကာ အပြင်ကို အကြည့်လွှဲထားလေသည်။ နီးကပ်နေသည့် အနေအထားကြောင့် တစ်ယောက်လက်မောင်းနှင့် တစ်ယောက် ထိနေကြ၏။
အစကထဲက အနောက်ကို မလာချင်ကြသည့် ဝန်ထမ်းများသည် အနောက်ခုံတွင် ဘော့စ်ရှိသည်ဟူသော အသိကြောင့် ဘယ်သူမှ ယောင်လို့ပင် မလာကြတော့ပေ။ ရိပေါ်ကြည့်ရသလောက် သူ့ပုံစံက အခုမှ အလုပ်တစ်ခုက အပြေးအလွှားရောက်လာသည့်ပုံစံပင်။ ထိုလိုပုံစံမှန်း မသိသာအောင် အပေါ်က ကုတ်ကို ချွတ်ထားပုံရကာ လက်ရှည်အဖြူကို လက်ခေါက်တင်ကာ ဝတ်ထားပြီး စတ်ုင်လ်ပန်အနက်နှင့်။ ထိုပုံစံသည် ဘယ်လိုကြည့်ကြည့် အလုပ်တစ်ခု ဒါမှမဟုတ် အစည်းအဝေးတစ်ခုက အပြေးအလွှားထွက်လာရသည့်ပုံ။
ရိပေါ် သူ့ဘက်အနည်းငယ် စောင်းကြည့်လိုက်တော့ မျက်ဝန်းတွေကို မှိတ်ထားကာ ထိုင်ခုံကိုမှီပြီး အိပ်နေလေသည်။ သူ့ကို ကြည့်ရတာ အရမ်းကို ပင်ပန်းနေပုံပင်။ နီးကပ်စွာ မြင်နေရသည့် မျက်နှာချောချောသည် ရိပေါ်အတွတ် ကြည့်မဝ။ ဘယ်လောက်နာအောင်ပြောပြော၊ နာအောင် လုပ်လုပ် ရိပေါ် သူ့ကို မနာနိုင်ပဲ သူနဲ့ဝေးရာမှာသာ နေနေမိ၏။
အလုပ်က ပြန်လာပုံရသည့် သူသည် နဖူးပြေပြေပေါ်တွင် ဆံပင်အချို့က ကျနေသေးသည်။ ရိပေါ်ကို တွေ့တိုင်း အမြဲစုကြုံ့နေသည့် မျက်ခုံးတန်းတွေက အခုတော့ ပြေပြေလေးနှင့် မျက်ခုံးမွှေးတစ်ခုချင်းဆီက လက်နဲ့အသာထိချင်စရာ။ စူးရဲနေသော မျက်ဝန်းအား မျက်ခွံလှလှလေးတွေက ဖုံးအုပ်ပေးထားသည်။ ပြီးတော့နှာတံစင်းစင်းလေး။
ထို့နောက် ရိပေါ်၏ နှုတ်ခမ်းပေါ်တွင် ခနခနခိုနားဖူးသော နှုတ်ခမ်းနီရဲရဲ။ ရိပေါ် ကြည့်နေတုန်း အနည်းငယ် တွန့်ကွေးသွားသည့် မျက်ခုံးတန်းကြောင့် ရိပေါ် ထိုင်ခုံကိုမှီကာ နားကြပ်ကို တပ်ထားလိုက်ပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်။ ခနအကြာ သူ့ဘက်မှ အနည်းငယ် လှုပ်ရွသည့်အသံပေါ်လာပြီး ရိပေါ်ကိုယ်ပေါ်သို့ ကျရောက်လာသည့် ခပ်နွေးနွေးအိအိအရာတစ်ခု။
စောင်တစ်ထည်ပင် ဖြစ်သည်။ ရိပေါ်ကို သူ ခြုံပေးလိုက်ခြင်းပင်။ ရိပေါ် ရင်တွေခုန်နေကာ အသက်ရှူသံတွေပင် မူမမှန်တော့။ သူ့အသက်ရှူသံက ရိပေါ်အနား ကျရောက်လာသလို တစ်ဖြေးဖြေး နီးကပ်လာသည်။ ထို့နောက် ရိပေါ်၏ နှုတ်ခမ်းလေး နွေးသွားကာ
*Goodnight ကိုယ့်အဆိုးလေး*
_____________________________
လမ်းမှာ မနက်ဝေလီဝေလင်းရောက်သည်နှင့် ကားခနနားကာ အပေါ့အပါးသွားပြီး မနက်စာစားကြလေသည်။ သူကတော့ ကားပေါ်မှာပဲ နေခဲ့ကာ အောက်သို့ဆင်းမလာပေ။ ညက ဖြစ်သွားသည့် သူ့ အနမ်းချိုချိုကြောင့် ရိပေါ် ရင်ခုန်နေဆဲပင်။
ရိပေါ် သတိမထားမိသည်က သူတစ်ယောက်ထဲ လိုက်လာခြင်း မဟုတ်ပဲ ကွမ့်ကျွင်းပါ လိုက်လာခြင်းဖြစ်သည်။ ကွမ့်ကျွင်းကတော့ ရှေ့က ခုံမှာ ထိုင်နေခဲ့၍ ရိပေါ်မသိတာ ဖြစ်နိုင်၏။
ခနကြာမှ ရိပေါ်တို့ မနက်စာစားနေတုန်း ကားပေါ်က ဆင်းလာသည့် ကွမ့်ကျွင်းနှင့်သူ။ အပေါ့အပါးသွားဖို့ ဆင်းလာကြပုံရကာ ဘယ်သူ့ကိုမှ ကြည့်မသွား။ ဌာနက အချို့ကောင်မလေးတွေသည် ဘော့စ်လိုက်လာတာကို ပျော်ရွှင်နေကြကာ ဒီဌာနမှာ ဘော့စ်သဘောကျနေတဲ့သူ ရှိတယ်ဆိုပြီး ထင်ကြေးပေးနေကြသည်ကို ရိပေါ် တိုးသဲ့သဲ့ကြားမိ၏။
*ဘော့စ်က ငါတို့ဌာနက ကောင်မလေးတစ်ယောက်ယောက်ကို သဘောကျနေတာ ထင်တယ်နော်။ အခြားဌာနတွေနဲ့ မလိုက်ပဲ ငါတို့နဲ့ လိုက်လာတာ*
*ဟဲ့ ငါတို့ကို သဘောကျတာ မဟုတ်ပဲ ဟိုအတွင်းရေးမှူးကောင်ကိုဆို ဘယ်လိုလုပ်မလဲ။ သူ့ကို ပွေ့ချီတောင်ပွေ့ချီသွားဖူးတယ်တဲ့*
ရိပေါ် အကြောင်းပါလာတော့ ရှန်းကျဲက ထမလိုပြင်နေ၍ ရိပေါ်နဲ့ ယန်ကောမှာ ဆွဲထားရပြီး တားထားရ၏။ ခရီးလာတာလေ ရိပေါ်ကြောင့် စိတ်ညစ်သွားကြရင် မကောင်း။
ရိပေါ် ကြားနေရပေမယ့် မကြားချင်ယောင်ဆောင်ရသည်။
*အမလေး ဘယ်လောက်တောင် ရင်းနှီးထားမှန်းမှ မသိတာအေ။ ပြီးတော့ ဘော့စ်ကရော သူ့လိုလူကို ဘယ်လောက်သုံးမှာတဲ့လဲ။ ဒီခရီးမှာ ငါတို့ထဲက တစ်ယောက်ကိုပဲ ကြိုက်အောင် လုပ်လိုက်ရင် အဲ့ကောင် ချောင်ကပ်နေရပြီ*
ရိပေါ် ဘာမှပြန်မပြောပဲ တူကိုသာ တင်းနေအောင် ကိုင်ထား၏။ ရှန်းကျဲနှင့် ယန်ကောက ရိပေါ်ပြောပြထား၍ ရိပေါ်တို့ ပတ်သတ်မှုကို သိသည်။
*ရိပေါ် ဒီမှာ မင်းအတွတ် မင်းကြိုက်တတ်တဲ့ ကိတ်နဲ့ ကော်ဖီ*
ကွမ့်ကျွင်းက ထိုလိုစကားတွေ ပြောနေတုန်း လာပေး၍ ပို၍ ပွက်ဆူပွက်ဆူ ဖြစ်လာကြသည်။ ကွမ့်ကျွင်း လာပေးတာဆိုတော့ မယူလို့လဲ မရ၍ ရိပေါ် ယူလိုက်ကာ
*ကျေးဇူး ကွမ့်ကျွင်း*
ကွမ့်ကျွင်း ထွက်သွားသည်နှင့် ရှန်းကျဲ၏ စကားသံကျယ်ကျယ်က ထွက်လာသည်။
*ဝမ်လေးက အရမ်းဂရုစိုက်ခံရတာပဲဟယ်။ ရုပ်လေးကလဲ သူများတွေလို အိုတွမနေတော့ အချစ်ခံရတော့ပေါ့။ အားကျပြီး မနာလိုနေတဲ့ ကောင်မတွေ သေလို့ရတယ်နော်*
*ကျဲ..*
*ရှန်းရှန်း*
ရိပေါ်နှင့် ယန်ကောကို မျက်စပစ်ပြကာ စားစရာ ရှိတာကို အေးဆေးဆက်စားနေလေသည်။ ရိပေါ်မှာ ရယ်ရမလို၊ ငိုရမလိုပင်။
___________________ဆက်ရန်______________
ကျွန်တော်က Daily updateသူဆိုတော့ Words 2000ကျော်၊ ၁၉၀၀ကျော်လောက်ပဲ ရေးနိုင်ပါတယ်။ အများကြီး ဖတ်ချင်ရင် တစ်ရက်ကျော်၊ တစ်ရက်ကျော် updateပါ့မယ်ဗျ။ စာလုံးရေလဲ ပိုများပါ့မယ်။
*မလိုက်တော့ဘူး ကိုကို*
*ကဲ ကဲ..ပြန်ကြရအောင်လေ*
___________________________
ရိပေါ်ရယ်လိုက်ကာ
*ဟယ်..*
*ဟင်..*
_____________________________
*ကျေးဇူး ကွမ့်ကျွင်း*
*ကျဲ..*
*ရှန်းရှန်း*
___________________ဆက်ရန်______________
Continuar a ler
Também vai Gostar
222K 5.2K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
4.2K 135 15
A homeless girl comes across a tomb in a cemetery belonging to a man she'd never heard of before? He asked to take her home to him and she goes, but...
11.2K 1.4K 12
"ငါ့အမှားလား" "ဟင့်အင်း ထယ်ရယ်အမှားမဟုတ်ဘူး" Start Date - 30.4.2023 End Date - 30.5.2023
2.8K 134 39
English version from Original story "Wedding Dress" Don't forget to follow me :) Indonesia Ver. Start : 20 July 2017 End : 31 January 2018 English Ve...