Love Between Serpent Beastman...

Por imyourhlaing12

179K 36.3K 973

Title- 天敌饲养指南 A Guide to Raising Your Natural Enemy Original Author- Jué Jué/决绝 English Translator....Lada's... Más

🐍🐹Description🐹🐍
🐹ဟမ်းစတားလေးရှုရှု🐹-1/🐹ဟမ္းစတားေလးရႈရႈ🐹-1
🐹ဟမ်းစတားလေးရှုရှု🐹-2/🐹ဟမ္းစတားေလးရႈရႈ🐹-2
🐍အဆင့်ကျသားရဲ အက်ဂါ🐍-1/🐍အဆင့္က်သားရဲ အက္ဂါ🐍-1
🐍အဆင့်ကျသားရဲ အက်ဂါ🐍-2/🐍အဆင့္က်သားရဲ အက္ဂါ🐍-2
🐔ကြက်တစ်ကောင် လက်ဆောင်🐔/🐔ၾကက္တစ္ေကာင္ လက္ေဆာင္🐔
🐍သဘောကောင်းသည့် ကိုကိုမြွေ🐍/🐍သေဘာေကာင္းသည့္ ကိုကိုေႁမြ🐍
🐹ရှုရှုအားအနိုင်ကျင့်ကြ၍ အက်ဂါလဲအနိုင်ကျင့်ခဲ့သည်🐍/🐹ရႈရႈအားအနိုင္က်င့္ၾက၍ အက္
🐍 ရှုရှုကိုစောင့်ရှောက်ပေးတဲ့ အက်ဂါ🐍/🐍 ရႈရႈကိုေစာင့္ေရွာက္ေပးတဲ့ အက္ဂါ🐍
💖သွေးအေးပေမဲ့ နှလုံးနွေးတဲ့မြွေပါလေ💖/💖ေသြးေအးေပမဲ့ ႏွလုံးႏြေးတဲ့ေႁမြပါေလ💖
🐍🐯တောအုပ်ထဲမှတိုက်ပွဲ 🐯🐍/🐍🐯ေတာအုပ္ထဲမွတိုက္ပြဲ 🐯🐍
🐍💖ရှုရှုအား ချစ်ရကျိုးနပ်ခဲ့၏💖🐍/🐍💖ရႈရႈအား ခ်စ္ရက်ိဳးနပ္ခဲ့၏💖🐍
🐹🌿ဆေးပေး၍ ပြေးခဲ့သည့် ရှုရှု🌿🐹/🐹🌿ေဆးေပး၍ ေျပးခဲ့သည့္ ရႈရႈ🌿🐹
🐹❗ကျွန်တော့်အသားကအရသာမရှိဘူး❗🐹/🐹❗ကြၽန္ေတာ့္အသားကအရသာမရွိဘူး❗🐹
Hello!!!
🐍🐾🐹ရှုရှုကကြောက်လည်း အက်ဂါကတော့လိုက်မှာပဲ🐹🐾🐍/🐍🐾🐹ရႈရႈကေၾကာက္လည္း အက္ဂါကေ
🏠အချစ်၏အိမ်မှာ ကိုယ်ရဲ့အိမ်ပါ🏠/🏠အခ်စ္၏အိမ္မွာ ကိုယ္ရဲ႕အိမ္ပါ🏠/
🐹ပျောက်ဆုံးနေသည့် မြက်စကပ်လေး🐹/🐹ေပ်ာက္ဆုံးေနသည့္ ျမက္စကပ္ေလး🐹
🌡အကောင်ငယ်လေး ဖျားလေပြီ🌡/🌡အေကာင္ငယ္ေလး ဖ်ားေလၿပီ🌡
🐍ချစ်တတ်လွန်းသည့် မြွေကြီးအက်ဂါ🐍/🐍ခ်စ္တတ္လြန္းသည့္ ေႁမြႀကီးအက္ဂါ🐍
🐍ရှုရှု၏အနာဂတ်ပိုင်ရှင်လောင်း​ကြီးအက်ဂါ🐍/ရႈရႈ၏အနာဂတ္ပိုင္ရွင္ေလာင္း​ႀကီးအက္ဂါ
🎓ဉာဏ်ကောင်းသည့် တပည့်လောင်း🎓/🎓ဉာဏ္ေကာင္းသည့္ တပည့္ေလာင္း🎓
💖🐹အချစ်က စကားပြောသင်ပေးနေသည်🐹💖/💖🐹အခ်စ္က စကားေျပာသင္ေပးေနသည္🐹💖
🐍တပည့်တစ်ကောင်မွေးရတာ လွယ်ကူမနေဘူး🐍/🐍တပည့္တစ္ေကာင္ေမြးရတာ လြယ္ကူမေနဘူး🐍
🌺ရွှေပြွန်မှရေသွန်ခံရမည့် အက်ဂါ၏ဂူကလေး🌺/🌺ေ႐ႊႁပြန္မွေရသြန္ခံရမည့္ အက္ဂါ၏ဂူကေလး
🐡🐹တပည့်ကြောင့် တံငါသည် လုပ်ခဲ့ရလေပြီ🐹🐡/🐡🐹တပည့္ေၾကာင့္ တံငါသည္ လုပ္ခဲ့ရေလၿပ
🐹ဆရာ Heat တက်နေပြီ🐹/🐹ဆရာ Heat တက္ေနၿပီ🐹
🌐👨‍👨‍👦‍👦သားရဲလူသားတို့ကမ္ဘာ👨‍👨‍👦‍👦🌐/🌐သားရဲလူသားတို႔ကမၻာ🌐
❄⛄တူတူအိပ်ကြမယ်လေ⛄❄/❄⛄တူတူအိပ္ၾကမယ္ေလ⛄❄
☯🐍 ပါရမီရင့်သည့် တပည့်ကျော်🐍☯/☯🐍 ပါရမီရင့္သည့္ တပည့္ေက်ာ္🐍☯
💖နှစ်ကိုယ်တူယှဥ်တွဲလိုရယ်နေထိုင်ကြပါတယ်💖/ႏွစ္ကိုယ္တူယွဥ္တြဲလိုရယ္ေနထိုင္ၾကပါတယ
❄🐹နှင်းတောထဲမှ နတ်သားငယ်ကလေး🐹❄/❄🐹ႏွင္းေတာထဲမွ နတ္သားငယ္ကေလး🐹❄
🐺🐹မျိုးနွယ်တူနှင့် တွေ့လေပြီ🐹🐺/🐺🐹မ်ိဳးႏြယ္တူႏွင့္ ေတြ႕ေလၿပီ🐹🐺
🐍🐹ခင်ဗျားကိုပါကျွန်တော်နဲ့ခေါ်ခဲ့မယ်🐹🐍/🐍🐹ခင္ဗ်ားကိုပါကြၽန္ေတာ္နဲ႕ေခၚခဲ့မယ္
🦁🐹ငါနဲ့အတူလာအိပ်လို့ရတယ်နော်🐹🦁/🦁🐹ငါနဲ႕အတူလာအိပ္လို႔ရတယ္ေနာ္🐹🦁
🐍🐹ဖေဖေအက်ဂါနှင့် အပုပ်သတင်း🐹🐍/🐍🐹ေဖေဖအက္ဂါႏွင့္ အပုပ္သတင္း🐹🐍
🐆💖တော်လိုက်တဲ့ ကျားသစ်ကြီး💖🐆/🐆💖ေတာ္လိုက္တဲ့ က်ားသစ္ႀကီး💖🐆
🐍💫တပည့်သာလျှင် အထူးခြားဆုံးဖြစ်၏💫🐍/🐍💫တပည့္သာလွ်င္ အထူးျခားဆုံးျဖစ္၏💫🐍
🐍🥓ခင်ဗျားက အစားကြီးလွန်းတယ်🥓🐍/🐍🥓ခင္ဗ်ားက အစားႀကီးလြန္းတယ္🥓🐍
🐹💸ရှုရှုမှာ ပိုက်ပိုက်မရှိ💸🐹/🐹💸ရႈရႈမွာ ပိုက္ပိုက္မရွိ💸🐹
🐍🌋တစ်ယောက်သောသူက သဝန်တိုနေသည်🌋🐍/🐍🌋တစ္ေယာက္ေသာသူက သဝန္တိုေနသည္🌋🐍
⚡🐍မြွေကြီးကဒီဆရာအတွက် ကျင်းတူးပေးနေတယ်🐍⚡/ေႁမြႀကီးကဒီဆရာအတြက္ က်င္းတူးေပးေနတယ္
🐍​ခြေထောက် လေးချောင်း ပေါက်လာသည်🐍/🐍​ေျခေထာက္ ေလးေခ်ာင္း ေပါက္လာသည္🐍
🙈အနမ်းသူခိုးလေး လူမိသွားတယ်🙈/🙈အနမ္းသူခိုးေလး လူမိသြားတယ္🙈
🦁အရိုက်ခံရတော့မည်ကိုတွေးပူနေသည့် ဂျေရက်🦁/🦁အရိုက္ခံရေတာ့မည္ကိုေတြးပူေနသည့္ ေဂ်
🤣💖အလှလေးက ရေချိုးပေးမလို့တဲ့💖🤣/🤣💖အလွေလးက ေရခ်ိဳးေပးမလို႔တဲ့💖🤣
👑🐹ကမ္ဘာနံပါတ်တစ် တောသားလေးရှုရှု🐹👑/👑🐹ကမၻာနံပါတ္တစ္ ေတာသားေလးရႈရႈ🐹👑
👑​🐍ဘယ်သူမှားလို့ ဘယ်သူမှန်🐍👑/👑​🐍ဘယ္သူမွားလို႔ ဘယ္သူမွန္🐍👑
🐤💩အချစ်လေးရဲ့အိမ်သာတွင်းကို အက်ဂါတွေ့သွားပြီ💩🐤/အခ်စ္ေလးရဲ႕အိမ္သာတြင္းကို အက္
👑စျေးအပေါဆုံးညအိပ်ဝတ်စုံ၏ မော်ဒယ်မင်းသားကြီး👑/ေစ်းအေပါဆုံးညအိပ္ဝတ္စုံ၏ ေမာ္ဒယ္
📩📩📩
🐹🍼ရှုရှုက ကလေးမွေးနိုင်တယ်တဲ့🍼🐹/🐹🍼ရႈရႈက ကေလးေမြးနိုင္တယ္တဲ့🍼🐹
👑✨အက်ဂါ၏ စွမ်းပကား✨👑/👑✨အက္ဂါ၏ စြမ္းပကား✨👑
🚀👑အက်ဂါ့ကိုလာမစမ်းနဲ့ ဓားပြတိုက်ပစ်လိုက်မယ်👑🚀/🚀👑အက္ဂါ့ကိုလာမစမ္းနဲ႕ ဓားျပတ
👑ရုပ်ရှင်တူတူကြည့်ရင်း အချဥ်အိုးကွဲသွားတယ်👑/👑႐ုပ္ရွင္တူတူၾကည့္ရင္း အခ်ဥ္အိုးက
✨🐍အရှင့်သားကို သွားကယ်ကြရအောင်🐍✨/✨🐍အရွင့္သားကို သြားကယ္ၾကရေအာင္🐍✨
🚀🌃ကြယ်မြို့တော်ဆီ ပြန်ရောက်ပြီ🌃🚀/🚀🌃ၾကယ္ၿမိဳ႕ေတာ္ဆီ ျပန္ေရာက္ၿပီ🌃🚀
🍀🐍ငါနဲ့တိုက်ချင်သေးလား🐍🍀/🍀🐍ငါနဲ႕တိုက္ခ်င္ေသးလား🐍🍀
✨🐍တော်ဝင်မိသားစု ပြန်လည်ပေါင်းစည်းခြင်း🐍✨/✨🐍ေတာ္ဝင္မိသားစု ျပန္လည္ေပါင္းစည္းျ
🙈🐍တံတံလေးနှစ်ခုက ချစ်စရာလေးလို့ ရှုရှုကပြောတယ်🐍🙈/🙈🐍တံတံေလးႏွစ္ခုက ခ်စ္စရာေ
🐹💸စျေးဝယ်သွားမယ်💸🐹/🐹💸ေစ်းဝယ္သြားမယ္💸🐹

🐍စိတ်ဝိညာဥ်စွမ်းအား၏ အသုံးဝင်မှုနှင့် အက်ဂါ၏စကေး​ကြမ်း🐍/စိတ္ဝိညာဥ္စြမ္းအား၏ အသ

2.5K 560 15
Por imyourhlaing12

🐍စိတ်ဝိညာဥ်စွမ်းအား၏ အသုံးဝင်မှုနှင့် အက်ဂါ၏စကေး​ကြမ်း🐍

(Unicode)

မြို့တော်တွင် သားရဲလူသားဖြစ်ချင်ကြသော သားရဲတစ်ပိုင်းလူသားများစွာရှိလေသည်။ ဂိမ်းကစားသည့် သားရဲတစ်ပိုင်းလူသားများ၏ သုံးပုံနှစ်ပုံခန့်မှာ သားရဲလူသားပုံစံဖြင့် ကစားကြပြီး ကျန်တစ်ပုံမှ သားရဲတစ်ပိုင်းလူသားများနှင့် ဆက်ဆံရေးကောင်းမွန်လာပြီး ဂိမ်းချစ်သူများဖြစ်လာသည့် အခိုက်အတန့်များစွာရှိလေသည်။

သားရဲတစ်ပိုင်းလူသားမှ သားရဲလူသားဇာတ်ကောင်အသွင်ကစားကြသော သူအချို့က ဂိမ်းထဲတွင်သားရဲလူသားတစ်ဦးနှင့် ရင်းနှီးသွားခဲ့ပြီး အပြင်တွင် တကယ်ချိန်းတွေ့သည့်အခါ ထိုသားရဲလူသားမှာ သားရဲတစ်ပိုင်းလူသားဖြစ်ကြောင်း သိရှိသွားရသည့် အဖြစ်အပျက်များလည်း ရှိသေး၏။

"ခင်ဗျားဘာရယ်တာလဲ။ ကျွန်တော်က တကယ်သားရဲလူသားဗျ" ရှုရှုက အလေးအနက်ထား၍ ပြောရှာ၏။

"ဟုတ်ပါပြီ...မင်းကသားရဲလူသားပါကွာ" အက်ဂါက ပြုံးနေမိရင်းရှုရှု့အားပြန်ဖြေလိုက်၏။ သူ၏တော်ဝင်ဖေဖေက အင်ပါယာခမည်းတော်အား တမင်ရန်စသည်ဟုဆိုလျှင် သူ၏ခမည်းတော်က တော်ဝင်ဖေဖေ၏ အကြိုက်အတိုင်း "မင်းမှန်ပါတယ်ကွာ..။ ကိုယ်ရန်စမိတာပါ" အကြိုက်ချော့ပြောတတ်၏။ ထို့ကြောင့် ခမည်းတော်နည်းအတိုင်း သူ့အချစ်လေးအကြိုက် လုပ်ပေးရလိမ့်မည်။

"ကျွန်တော်က အစက သားရဲလူသား​ဗျ"

"အခု ကျွန်တော့်ကိုယ်ပေါ်မှာ ပြဿနာလေးနည်းနည်းရှိလို့ ပြန်မပြောင်းနိုင်သေးတာ။ တကယ်တော့ ကျွန်တော်လည်း သားရဲအဖြစ်​ပြောင်းနိုင်တယ်။ ခင်ဗျားလိုပဲပေါ့" ရှုရှုက ကလေးမွေးနိုင်သော သားရဲတစ်ပိုင်းလူသားတစ်ယောက်အဖြစ် မနေလိုပေ။

အက်ဂါက ဘာမျှမသိစွာဖြင့် ခေါင်းညိတ်ထောက်ခံ၏။

ရှုရှုက အက်ဂါ၏ ယုံကြည်ပေးမှုကြောင့် ကျေနပ်နေလေသည်။ သူက ချက်ချင်းပဲ ပြောလိုက်၏။ " ကျွန်တော့်ကိုယ်ပြန်ကောင်းလာပြီး သားရဲအဖြစ်ပြောင်းနိုင်ရင် ခင်ဗျားကိုပဲ အရင်ပြောပြမယ်"

"ကောင်းပါပြီဗျာ" အက်ဂါက ရှုရှု၏စကားကို အလေးအနက်လုံးဝမတွေးပါချေ။ ရှုရှုကတော့ သားရဲလူသားအဖြစ် သက်သေပြနိုငိရန် တတ်နိုင်သမျှ မြန်မြန်ကြိုးစားကျင့်ကြံတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့၏။

ရှုရှုက ဤနေရာမှာ သူနေဖူးသော ကမ္ဘာမြေကြီးနှင့် ကွာခြားကြောင်းတွေ့လိုက်ရကတည်းက အနည်းငယ်စိတ်မအီမသာဖြစ်ရ၏။ ယခုလည်း တီဗွီဆက်မကြည့်လိုတော့၍ သူ၏တပည့်အား သင်ကြားပြသရန်သာပြင်လိုက်၏။

"အက်ဂါ...အခုရက်ပိုင်း ​အဆင်မပြေတာရှိလား"

"အွန်း...စွမ်းအားကို ဘယ်လိုသုံးရမလဲ ကိုယ်မသိတာ" အက်ဂါကဖြေလိုက်၏။

"ခင်ဗျားက စိတ်ဝိညာဥ်စွမ်းအားသုံးပုံကို မသိတာလား။ ပြဿနာမရှိဘူး....ကျွန်တော်သင်ပေးမှာပေါ့" ရှုရှုက သူ၏ကိုယ်ထဲမှ စွမ်းအားပိစိလေးအားညစ်ထုတ်ကာ လက်ထိပ်တွင်စုစည်းလာစေလိုက်၏။ "ကြည့်ထား...ဒီလိုမျိုးသုံးလို့ရတယ်" ယခင်က သူ့ကိုယ်ထဲစွမ်းအား မရှိသလောက်နည်းပါး၏။ ယခုတော့ အနည်းငယ်ရှိနေ၍ စွမ်းအားသုံးပုံအချို့ ပြပေးနိုင်ပေသည်။

အက်ဂါက သူ့အား အံ့သြတကြီးကြည့်နေသည်ကိုတွေ့လိုက်ရ၍ ရှုရှုက လက်ကိုဆန့်ထုတ်ကာ ဝေ့ယမ်းပြီး အေးမြသောလေအေးအချို့ဖန်တီးလိုက်၏။ "ဒီမှာကြည့် ဒီလိုမျိုးလဲ သုံးလို့ရတယ်" ရှုရှုသုံးနေကျဖြစ်သော နွေတွင်အေး၍၊ ဆောင်းတွင်နွေးသော လေထုကို စိတ်ဝိညာဥ်စွမ်းအားဖြင့် ဖန်တီးပြလိုက်၏။

ရှုရှုက မွေးရာပါစွမ်းအားနှစ်ခုပုံစံဖြင့် လုပ်ပြနေသည်ကိုကြည့်ကာ အက်ဂါရှော့ခ်ရနေရှာသည်။ တစ်ချိန်တည်းမှာပင် ရှုရှုသုံးသွားသော စိတ်ဝိညာဥ်စွမ်းအားအတက်အကျကို ဂရုတစိုက်မှတ်သားနေ၏။

ဆို​တော့...စွမ်းအားကို ဒီလိုပုံစံလဲ သုံးရတာပဲလား။ အက်ဂါက ကုန်းမြေတစ်ခုရှာဖွေတွေ့ရှိသွားသလို ခံစားလိုက်ရ၏။

ရှုရှုက တစ်ခါပဲထုတ်ပြကာ ရပ်တန့်လိုက်၏။ ချောင်းဟန့်ရင်း ရှုရှုက အက်ဂါ့ကိုပြောလေသည်။ "စိတ်ဝိညာဥ်စွမ်းအားကို အဲ့လိုလဲသုံးလို့ရတယ်။ ခင်ဗျားသေသေချာချာမြင်လိုက်ရဲ့လား"

"ကိုယ်သေသေချာချာကို မြင်ပါတယ်"

"ခင်ဗျားက တကယ့်ကိုဉာဏ်ကောင်းတာပဲ။ တကယ်လို့ ခင်ဗျားကောင်းကောင်းမမြင်လိုက်ရင်တောင် ကျွန်တော်တစ်ခါပဲ ပြနိုင်မယ်။ ကျွန်တော်စွမ်းအားသုံးတဲ့ပုံစံကို လူတွေရှေ့ မပြချင်ဘူး" ရှုရှုက ပြောလိုက်၏။ သူက စွမ်းအားပြတ်လပ်နေ၍ အက်ဂါ့ကို တစ်ကြိမ်သာ ပြပေးနိုင်၏။ သို့မဟုတ်ပါက အက်ဂါ့အား အကြိမ်ကြိမ်လုပ်ပြချင်မိ၏။

ဟွန့်...စိတ်နှလုံးအတွင်းနတ်ဆိုးကို နိုင်မဲ့အချိန်ကို စောင့်ကြည့်နေလိုက်။ အဲ့အချိန်ကျ စိတ်ဝိညာဥ်စွမ်းအားတွ အများကြီးသုံးနိုင်လိမ့်မယ်။ အဲ့အချိန်ကျ အက်ဂါ့ကိုစွမ်းအားအမျိုးမျိုးသုံးပြပြီး သူဘယ်လောက်စွမ်းအားကြီးကြောင်းပြပစ်လိုက်ဦးမယ်။

ရှုရှုက အတွေးယာဥ်ထဲနစ်မြောနေစဥ် အပ်ဂါ၏လက်ဖဝါးမှ မီးတောက်ကြီးထ ထွက်လာ၏။ ထိုမီးလုံးကြီးက စွမ်းအားအပြည့်နှင့် အန္တရာယ်ရှိသည့်အငွေ့အသက်ပြင်းထန်စွာ ထွက်ပေါ်နေ၏။ ထိုမီးလုံးကြီးအားကြည့်ကာ ရှုရှုအခုချက်ချင်း ထွက်ပြေးချင်စိတ်ပေါက်လာလေသည်။

ရှုရှုလေးး...."QAQ"

မတရားလိုက်တာဗျာ...။ ဒီလူက ဒဏ္ဍာရီလာသားရဲမဟုတ်ပဲ သားရဲလူသားဆို။ ဘာလို့ ဒီလောက် စွမ်းအားကြီးနေရတာလဲ ဝူးးး။

ရှုရှုက အက်ဂါ့ကို လောင်မြိုက်စွာဖြင့် မကျေမနပ်ကြည့်လိုက်မိ၏။ ထိုအချိန် အက်ဂါက နံရံကိုပင် ဖြတ်ခုတ်နိုင်သည့် လေဓားသွားများကို ဖန်တီးလိုက်၏။

"ကိုယ် စွမ်းအားနည်းနည်းလေးပဲသုံးလိုက်တာ...ဒီလောက်အစွမ်းထက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး" အက်ဂါက ရုတ်တရက် အခန်းထဲတွင်ပင် ရှိနေသေးမှန်း သတိရသွားပြီး ရှုရှု့အား တောင်းပန်သည့်အကြည့်ဖြင့် ကြည့်ကာပြောလိုက်လေသည်။

"အားးးးးးး" ရှုရှုက အက်ဂါ့ကိုခုန်အုပ်ကာ လက်မောင်းကြီးအားကိုက်ချပစ်လိုက်သည်။ အနာဂတ်တွင် ဒီလူ့လက်မောင်းကြီးကို သွားအယားဖြေဖို့ ကိုက်ပစ်ရမည်။

"ရှုရှုလေး အဆင်ပြေရဲ့လား" ရှုရှု၏အခန်းထဲမှ အော်သံစူးစူးကြောင့် ဂျေရက်က လူအချို့အားခေါ်ကာ တံခါးပေါက်ကိုကန်ဖွင့်၍ အပြေးဝင်လာ၏။ သို့သော် အိမ်ရှေ့စံအရှင့်သားအပေါ် ခွထိုင်နေသော ချစ်စရာ့သားရဲတစ်ပိုင်းလူသားငယ်လေးက အိမ်ရှေ့စံ၏လက်မောင်းကို ဖက်ထားကာ ကိုက်နေသည်ကို တွေ့လိုက်ရ၏။

အက်ဂါက တံခါးဘက်သို့ အေးစက်နေသော မျက်ဝန်းအစုံဖြင့် ကြည့်လိုက်လေသည်။

ဂျေရက်က ချမ်းစိမ့်သွားသလိုခံစားလိုက်ရပြီး ဒူးများခွေယိုင်သွားရလေသည်။ အရှင့်သား၏ အကြည့်များကသာ သူ့အားသတ်နိုင်လျှင် ခဏလေးအတွင်း ဂျေရက်အပိုင်းပိုင်း ပြတ်၍ သေသွားပေလိမ့်မည်။

သူတကယ်ပဲ အရှင့်သားနဲ့ သားရဲတစ်ပိုင်းလူသားလေးတို့ ရင်းရင်းနှီးနှီးသတ်ပုတ်တိုင်း ကစားနေတာကို ​နှောင့်ယှက်လိုက်မိတယ်...

တံခါးအား ဝုန်းခနဲပြန်ပိတ်လိုက်ပြီး သူ၏အပေါင်းအပါများအား အမြန်ခေါ်ကာ ပြေးတော့၏။ သူတို့အားလုံး လုံခြုံသည့်နေရာရောက်မှ သက်ပြင်းချက်မများ ချနိုင်တော့လေသည်။

"အရှင့်သားဆီက လာတဲ့ဖိအားက ကြီးလွန်းလို့ ငါ့တစ်ကိုယ်လုံး ပျော့ခွေသွားခဲ့ရတယ်ကွာ" တစ်စုံတစ်ယောက်က ရင်ဘတ်အားပုတ်ရင်းဆို၏။ တစ်ချိန်တည်းမှာပင် သူဘဝတစ်ခုအား ငှားရမ်းခဲ့ရသလို ခံစားနေရ၏။

"အရှင့်သားက အခု ကြယ်ဘယ်နှစ်ပွင့်ရောက်ပြီလို့ထင်လဲ"

"အရင်က ကြယ်ရှစ်ပွင့်အဆင့်ဟ...။ အခုတော့ မျိုးဆက်သွေးပါ နိုးထသွားပြီမို့ အရှင့်သားက ကြယ်ကိုးပွင့်အဆင့် ဖြစ်လောက်မလား"

"အရှင့်သားက အရမ်းသန်မာတာပဲကွာ"

သားရဲလူသားများက ခုနကမြင်ကွင်းကို ပုံဖော်ကြည့်ရင်း အက်ဂါ၏ခွန်အားအကြောင်း ညည်းညူပြောဆိုနေကြ၏။

"ဟေးးးအဲ့ဒီသားရဲတစ်ပိုင်းလူသားလေးက တကယ်ပဲ သန်တယ်ရော"

"သူတကယ်ပဲ အရှင့်သားကို အိမ်တွင်းအကြမ်းဖက်ရဲတယ်"

"မင်းတို့က တကယ့်ကို ငတုံးတွေပဲ။ သားရဲတစ်ပိုင်းလူသား တစ်ယောက်မှာ အားဘယ်လောက်ရှိမှာမို့လဲဟ။ အဲ့ဒါကို အိမ်တွင်းအကြမ်းဖက်မှုလို့မခေါ်ဘူး... ပရော်ပရည်လုပ်နေတာလို့ ခေါ်တယ်ကွ။ သိပြီလား...။ ငါလဲ ငါ့ကိုကိုက်ပေးမဲ့ သားရဲတစ်ပိုင်းလူသားလေးတစ်ယောက်လောက် လိုချင်တယ်လေကွာ..."

........

ဂျေရက်က ဘေးတွင်ရပ်နေကာ စကားတစ်ခွန်းမှ ဝင်မပြောချေ။ သူကအရှင့်သားကို စိတ်သဘောထားကြောင့် အလွန်ပင် ဝမ်းသာနေမိလေသည်။ အရှင့်သားကို သူ့ကို တကယ်ပဲ ထမရိုက်ခဲ့ဘူး....။

အက်ဂါက ဂျေရက်အားအမှန်ပင် ရိုက်ချင်နေခဲ့လေသည်။ သို့သော် အက်ဂါသာဂျေရက်အား ထိုးကြိတ်ရိုက်နှက်ခဲ့လျှင် ဂျေရက်က နှစ်ရက်၊သုံးရက်လောက်သာ နာကျင်မှုကိုခံစားရမည်ဖြစ်ပြီး သူ့အချစ်လေးလည်း စိတ်မပျော်မရွှင်ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် အက်ဂါက ရိုက်ချင်နေသည့်စိတ်အား အတတ်နိုင်ဆုံး ထိန်းချုပ်ထားခြင်းဖြစ်လေသည်။

ယခုတော့ လူများကိုရိုက်ရခြင်းထက် သားရဲတစ်ပိုင်းလူသားလေး သူ့လက်ကို ကြာကြာကိုက်ထားရန်သာ ဆန္ဒရှိလေသည်။

ရှုရှု့ကို အက်ဂါ့၏လက်ကိုကိုက်နေခြင်းအား ဂျေရက်နှင့်အခြားသူများမြင်သွား၍ ရှက်ရွံ့သွားရပြီး မကြာမီတွင် သတိပြန်ကပ်ကာ အက်ဂါ၏ မွေးရာပါပါရမီအပေါ် မနာလိုဖြစ်ရသည့်အကြောင်းလဲ မေ့သွားလေသည်။ ထို့အစား အက်ဂါ့အားဆွဲကာ ပြောလိုက်၏။ "အက်ဂါ...ခင်ဗျားက တကယ့်ကို အံ့ဖွယ်ပဲ။ တခြားဘာလုပ်နိုင်သေးလဲဟင်" ထို့သို့ မေးလိုက်သလို...စွမ်းအားသုံးပုံသုံးနည်းများကိုလည်း ပြောပြနေမိ၏။

အက်ဂါကလည်း လိုက်လံကြိုးစားကြည့်ကာ ရေခဲတုံးကြီးတစ်တုံး ဖန်တီးလိုက်၏။ နောက်တစ်ဖန် သူ၏လက်ချောင်းများအကြား လျှပ်စီးကြောင်းလေးများအား ထွက်ပေါ်လာစေပြန်၏။

ရှုရှုက ဒဏ္ဍာရီလာသားရဲနည်းတူ...လေးစားထိုက်သော ဤသားရဲလူသားကြီးအား ဝမ်းလျားမှောက်ကာ ထိုင်ရှိခိုးနေချင်နေလေပြီ....။

ရှုရှုက တစ်စုံတစ်ခုအား သတိရကာပြောလိုက်၏။ "ဟေးးး ခင်ဗျား မိုးကြိုးဒဏ်ခံယူပြီးကတည်းက ကျွန်တော်ခင်ဗျားကို သေချာ မကြည့်ဖူးသေးဘူး။.. အခုကျွန်တော်ကြည့်ချင်တယ်...." အဲ့တုန်းက ရွှေရောင်အကြေးခွံတွေနဲ့ တလက်လက်လှပနေတဲ့ အက်ဂါ့ကို တွေ့လိုက်တာ သူမှတ်မိပါသေးတယ်။

"မင်းကြောက်သွားလိမ့်မယ်" အက်ဂါက ပြောလိုက်၏။

"မကြောက်ပါဘူး" ရှုရှုက အက်ဂါမှာ မြွေတစ်ကောင်မဟုတ်ကြောင်း သိနေပြီဖြစ်၍ မကြောက်တော့ပေ။

ဒါနဲ့....ကြောက်လဲကြောက်နိုင်တယ်..။ ရှုရှုက တွေးကြည့်ရင်းအကြံတစ်ခုရသွားလေသည်။ "ခင်ဗျားက အကြီးကြီးဆိုတော့ ကျွန်တော်က ကြောက်တာပေါ့...။ တကယ်လို့ ခင်ဗျားသာ သေးသေးလေးဆိုရင်...ကျွန်တော်ကြောက်ချင်မှကြောက်တော့မှာလေ"

"သေးသေးလေး....။ ကိုယ်က ဘယ်လိုလုပ်သေးသေးလေးဖြစ်နိုင်မှာလဲ" အက်ဂါက အနည်းငယ်ဇဝေဇဝါဖြင့် မေးလိုက်လေသည်။ သားရဲလူသားတစ်ယောက် သေးသေး၊ကြီးကြီး ပြောင်းနိုင်တယ်ဆိုတဲ့အကြောင်း သူတစ်ခါမှ မကြားဖူးဘူးကော...။

"ခင်ဗျား သေးသေးလေးဖြစ်သွားမယ်လို့တွေးပြီး ခင်ဗျားရဲ့စိတ်ဝိညာဥ်စွမ်းအားတွေကို ကိုယ်အနှံ့ဖြန့်ကျက်ထားလိုက်...။ အဲ့တာဆို ပြောင်းလို့ရလောက်မယ်ထင်တယ်" သားရဲအမြုတေသာရရှိပြီးလျှင် လူအသွင်ပြောင်းနိုင်ရုံမက ခန္ဓာကိုယ်ကိုပါ သေးငယ်သွားအောင် ပြောင်းလဲနိုင်လိမ့်မည်။

အက်ဂါက သားရဲလူသားဖြစ်သော်လည်း လူဖြစ်ရန် ကျင့်ကြံသည့်နည်းလမ်းအားသုံးခဲ့သည်ဖြစ်၍ ထိုကဲ့သို့လုပ်နိုင်ပေလိမ့်မည်။

ရှုရှုပြောပုံက အနည်းငယ် ဝိုးတို့ဝါးတားဖြစ်နေလေရာ အက်ဂါက ရှုရှု့မှာ ခန့်မှန်း၍ကောက်ချက်ချနေသည်ဟုသာ ထင်မိသွားလေသည်။

သားရဲတစ်ကောင်က အလိုရှိတိုင်း ခန္ဓာကိုယ်ကို သေးအောင် လုပ်နိုင်မှာတဲ့လား....။

သို့သော်လည်း ခမည်းတော်၏နည်းအတိုင်း သူ့အချစ်ကလေး အမှားပြောလျှင်ပင် သူက ပူးပေါင်းကာ လုပ်ဆောင်ပေးလိုက်မည်။ သားရဲတစ်ပိုင်းလူသားငယ်လေး ပျော်ရွှင်ဖို့အတွက် အလေးအနက်မထားလျှင်ပင် အချစ်လေးအလိုကျ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်လေသည်။

အက်ဂါက မတ်မတ်ရပ်ရင်း စိတ်ဝိညာဥ်စွမ်းအားများအား လှည့်ပတ်စေလိုက်၏။ သူက သားရဲပုံစံအားပြောင်းရန်စဥ်းစားလိုက်သလို..၊ သူ၏သားရဲပုံစံအား သေးငယ်သွားစေရန်ပင် စဥ်းစားလိုက်၏။

သူက ထိုအတွေးများအပေါ်တွင် အာရုံစိုက်ထားလိုက်စဥ် သူ၏ခန္ဓာကိုယ်ပြောင်းလဲလာသည်ကို ခံစားမိလိုက်လေသည်။

သူ သားရဲတစ်ကောင်အဖြစ်ပြောင်းသွားပြီပေါ့...။ သားရဲအသွင်ပြောင်းခြင်းက ယခင်သားရဲအမြုတေကိုသုံး၍ အသွင်ပြောင်းခြင်းနှင့် ခံစားချက်တူညီလေ၏။ သူက သားရဲတစ်ပိုင်းလူသားငယ်လေး ကြောက်ရွံ့သွားမည်၊ မသွားမည်ကို မသိပေ။

အက်ဂါက မျက်လုံးကိုဖွင့်ကာ ရှုရှု့အားကြည့်လိုက်၏။ ရလာဒ်အနေနှင့် အလွန်တရာ ကြီးမားနေသော သားရဲတစ်ပိုင်းလူသားလေးအား တွေ့လိုက်ရခြင်းပင်...။

အက်ဂါ: "......"

သူတကယ် သေးသွားတာလား။ ဒီလို​ သေးငယ်နိုင်ရင် ပိုပြီးတော့ကော ကြီးလာနိုင်သေးလား။

အက်ဂါ အတွေးလွန်နေစဥ် သားရဲတစ်ပိုင်းလူသားလေးက သူ့အားထိလိုက်ကြောင်း ခံစားမိလိုက်လေသည်။

ရှုရှုက ကြမ်းပြင်ပေါ်မှ ​ခြေထောက်လေးချောင်းနှင့် ရွှေရောင်မြွေသေးသေးလေးအား ဂရုတစိုက်ထိကြည့်နေလေသည်။ "အခုခင်ဗျားကသေးသေးလေးဆိုတော့...ကျွန်တော်လုံးဝမကြောက်တော့ဘူးဗျ။ ခင်ဗျား...ကျွန်တော့်ကို တစ်လုပ်ထဲနဲ့ စားလို့ရတော့မှာ မဟုတ်ဘူးးးးဟားးဟားးး"

ဒါဆို ရှုရှုလေးက သူအစားခံရမှာကိုပဲ ကြောက်နေတာပေါ့။ သားရဲတစ်ပိုင်းလူသားလေးက တကယ်ပဲ ဘယ်လိုတွေတောင်တွေးချပစ်လိုက်ရတာလဲ။ အက်ဂါမှာ ပြောစရာစကားပင် မဲ့နေရှာလေသည်။ သူကသေးသေးလေးဆိုတော့ သားရဲတစ်ပိုင်းလူသားလေးက သူ့ကို ပွေ့ကိုင်လောက်မလား။

ရှုရှုက မြွေတစ်ကောင်အား လုံးဝကိုင်မည်မဟုတ်ပေ။

ထိုမြွေက ခြေထောက်များရှိနေလျှင်ပင် ရှည်မျောမျောနှင့် မြွေတစ်ကောင်သာဖြစ်နေသေးဆဲ ဖြစ်လေသည်။ ရှုရှုက ကြက်သီးများထလျက် ကောက်မကိုင်ပဲ သည်အတိုင်းသာစကားပြောလိုက်တော့၏။ "ခင်ဗျားကြည့်....တကယ်ပဲသေးသွားတယ်နော်..။ ကျွန်တော်ပြောဖူးသလိုပဲ စိတ်ဝိညာဥ်စွမ်းအားကို အမျိုးမျိုးပြောင်းသုံးနိုင်တယ်။ သေးလို့ရသလို...ခင်ဗျားကြီးလို့လဲရတယ်။ ပြီးတော့ စိတ်ဝိညာဥ်စွမ်းအားနဲ့ ကိုယ့်ကိုကိုယ်တောင် ဖုံးကွယ်ထားလို့ရသေးတယ်..။ လွယ်လွယ်နဲ့ တိုတိုပြောရရင်...ခင်ဗျား အများ၊အများကြီး လုပ်နိုင်တယ်ပေါ့ဗျာ"

စိတ်ဝိညာဥ်စွမ်းအားဖြင့် ကိစ္စအတော်များများ လုပ်ဆောင်နိုင်လေသည်။

ဒိတ်အောက်နေသော ကုန်တင်အာကာသယာဥ်ကြီးက အာကာသထဲတွင် ဖြည်းညင်းစွာခရီးဆက်နေလေသည်။ ထိုအချိန်အတွင်း အက်ဂါက စိတ်ဝိညာဥ်စွမ်းအား၏လုပ်ဆောင်ပုံကို နေ့တိုင်းလေ့လာနေလေသည်။ မျှော်လင့်ထားသလိုပင် စိတ်ဝိညာဥ်စွမ်းအားဖြင့် အရာတိုင်းလိုလိုလုပ်ဆောင်နိုင်ကြောင်း စမ်းသပ်နိုင်ခဲ့လေ၏။

စိတ်ဝိညာဥ်စွမ်းအားဖြင့် ရစ်ပတ်နေလျှင် အာကာသယာဥ်၏ Scan ဖတ်သည့်အထဲ အက်ဂါ့အားမတွေ့ရပေ။ ဤနည်းဖြင့်သုံးကာ တိုက်ခိုက်လိုက်ပါက...။

အက်ဂါက အသေးစိတ်လေ့လာဆန်းစစ်ပြီးနောက် ပထမဆုံးအတွေးဝင်မိသည်မှာ....စစ်ပွဲတစ်ပွဲတွင် စိတ်ဝိညာဥ်စွမ်းအား၏ အသုံးဝင်မှုပင်ဖြစ်လေသည်။

အကယ်၍ စိတ်ဝိညာဥ်စွမ်းအားအကူအညီဖြင့် သေးသေးကလေးပြောင်းကာ ရန်သူ့အား တိုက်ခိုက်နိုင်လျှင်....သူတို့၏ခေါင်းဆောင်အား ဦးစွာဖမ်းကာ ရန်သူ့တပ်အား အနိုင်ယူနိုင်ပေလိမ့်မည်။

ထို့ကြောင့် အက်ဂါက စိတ်ဝိညာဥ်စွမ်းအားအပေါ် ပို၍လေးလေးနက်နက်ဖြင့် လေ့လာနေတော့၏။

အက်ဂါက စိတ်ဝိညာဥ်စွမ်းအားကိုလေ့လာနေစဥ် ရှုရှုက တီဗွီကြည့်၍ ဒေသသုံးဘာသာစကားကိုလေ့လာကာ ဂျွန်းနှင့စကားပြောလေ့ကျင့်၏။ ဆယ်ရက်တိုင်တိုင် ကြိုးစားလေ့လာပြီးနောက် ရှုရှုက စကားလုံးများစွာပြောတတ်နေပြီဖြစ်ကာ ဂျွန်းက အချိန်ကြုံကြိုက်တိုင်း ရှုရှု၏ဉာဏ်ရည်အပေါ် ချီးကျူးထောပနာပြု၏။

ရှုရှုက အလွန်ပင်ဂုဏ်ယူနေမိလေသည်။ သို့သော် ဤရက်များအတွင်း အလွန်ပျင်းနေရ၏။

သူက အာကာသယာဥ်နှင့် ခရီးသွားရတော့မည်ဟုသိလိုက်ရချိန်တွင် လှပသော ကြယ်စင်တန်းများနှင့် အာကာသပြင်ကြီးအား အာကာသယာဥ်မှတစ်ဆင့်ကြည့်နိုင်တော့မည်ဟု ထင်မှတ်ခဲ့၏။ သို့သော်လည်း ရှုရှုစီးနင်းလိုက်ပါလာသော အာကာသယာဥ်က ပြတင်းပေါက်ပင်မရှိ၍ အပြင်သို့ ကြည့်မရပါချေ။ အာကာသယာဥ်တွင် Scan ဖတ်သည့်စနစ်ပါရှိသော်လည်း ရလာဒ်က ကွန်ပျူတာပေါ်တွင် အရုပ်ဆိုးလှစွာ ပေါ်နေပြီး ရှုရှုနားမလည်သော ဒေတာများလည်း မြင်နေရ၍ ရှုရှုမကြည့်လိုပေ။

"တီဗွီထဲက အာကာသယာဥ်ကပိုကောင်းတယ်..။ ကြယ်တွေနဲ့ဂြိုဟ်တွေကိုကြည့်ဖို့တောင် အထူးစပယ်ရှယ်ခရီးတစ်ပတ်ထွက်ထွက်ကြသေးတာ..။ အခုဒီအာကာသယာဥ်ကတော့ ပြတင်းပေါက်တစ်ချပ်တောင် မပါဘူး" ရှုရှုက မနေနိုင်ပဲ အက်ဂါ့အား ပြောလိုက်မိတော့လေသည်။

ကုန်တင်အာကာသယာဥ်အား တည်ဆောက်ရာတွင် ခိုင်ခံ့မှုကိုသာ အလေးထားကြ၏။ ထို့အပြင် ဤအာကာသယာဥ်တည်ဆောက်စဥ်က ဖန်များမှာ ရှားပါးတန်ဖိုးကြီးနေ​သေးပေရာ.. အာကာသယာဥ်တည်ဆောက်စဥ် မှန်အကြည်အားထည့်မသုံးခဲ့ခြင်းဖြစ်ရမည်။ အက်ဂါက ကြယ်ပင်လယ်ကြီးအား ကြည့်ရသည်ကို အလွန်ပျင်းရိကာ ပြဿနာဟုပင် မသတ်မှတ်ထားခဲ့ပေ။ သို့သော်လည်း ချစ်ရသူသားရဲတစ်ပိုင်းလူသားလေးက ကြယ်ပင်လယ်ကြီးအား ကြည့်ချင်သည်ဆို၍ သားရဲတစ်ပိုင်းလူသားလေး၏ ဆန္ဒကို ဖြည့်ဆည်းပေးချင်နေမိတော့၏။

"ကိုယ်တို့ မြို့တော်ကို ပြန်ရောက်ရင် မင်းနဲ့အတူ တစ်ခေါက်လောက် အတူတူလာကြည့်ကြတာပေါ့"

"ကောင်းပါပြီ" ရှုရှုက ခေါင်းညိတ်လိုက်သော်လည်း ပျင်းနေဆဲဖြစ်လေသည်။ အက်ဂါက ယခုတစ်လော ကျင့်ကြံကာလေ့လာခြင်းကိုသာ လုပ်ဆောင်နေပြီး ရှုရှု့ကို အဖော်ပြုမပေးချေ။ ရှုရှုက တစ်စုံတစ်ခုပျောက်ဆုံးနေသလိုသာ ခံစားနေမိတော့၏။

အက်ဂါက သားရဲတစ်ပိုင်းလူသားငယ်လေး၏ မတက်ကြွကာ ၊ အပျင်းတစ်နေပုံကိုကြည့်ရင်း မည်သည့်အာကာသယာဥ်မျိုးက ကြယ်ပင်လယ်ကိုကြည့်ရန် သင့်တော်ကြောင်း တွေးနေမိတော့၏။ ထိုအချိန်တွင် ဂျွန်းက အလောတကြီး အပြေးလာကာ ပြောလိုက်၏။ "အရှင့်သားးးအက်ဂါ...ကြယ်ဓားပြယာဥ်တစ်စင်းလာနေတယ်"

"ကြယ်ဓားပြယာဥ်...။ ယာဥ်ရဲ့ မော်ဒယ်နံပါတ်ဘယ်လောက်လဲ" အက်ဂါက ပြန်မေးလိုက်၏။

" အဲ့တာက လွန်ခဲ့တဲ့နှစ်တစ်ရာလောက်က ထုတ်ခဲ့တဲ့ အစောင့်ယာဥ်တွဲစီးရီးက​ဖြစ်လောက်မယ်" ဂျွန်းကပြောလိုက်၏။ ကြယ်ဓားပြတိုင်း အာကာသယာဥ်တစ်စင်းပိုင်ရန် လုံးဝမဖြစ်နိုင်ပေ။ ထို့ကြောင့် ကြယ်ဓားပြဂိုဏ်းအချို့သာ အာကာသယာဥ်အချို့ပိုင်ဆိုင်ကြပြီး ၎င်းတို့ကလည်း ဒိတ်အောက်နေပြီဖြစ်သော အာကာသယာဥ်အဟောင်းများသာဖြစ်ကြ၏။

ထို့ကြောင့် ကြယ်ဓားပြများက အာကာသယာဥ်အသစ်စက်စက်များအား ဓားပြမတိုက်ဝံ့ချေ။ ကြယ်ဓားပြများက အာကာသယာဥ်အိုများဖြင့် ကြယ်ပင်လယ်တွင် ကူးလူးနေသည့်သူများကိုသာ ပစ်မှတ်ထားကြ၏။ ယခု သူတို့ဘယ်လိုလုပ်ရပါ့မလဲ။

"အဲ့ဒီ အာကာသယာဥ်မှာ ပြတင်းပေါက်ပါလား" အက်ဂါက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်တော့၏။

.......🚀🚀🚀🚀🚀🚀🚀🚀...

စာရေးသူရဲ့အမှာစာ....

အက်ဂါ: မင်းတို့ချစ်တဲ့ သားရဲတစ်ပိုင်းလူသားလေးက သူ့ကိုယ်သူ သားရဲလူသားလို့ထင်နေရင်တောင် လက်ခံပေးရမယ်..

13134 words

9.9.2021





🐍စိတ္ဝိညာဥ္စြမ္းအား၏ အသုံးဝင္မႈႏွင့္ အက္ဂါ၏စေကး​ၾကမ္း🐍

(Zawgyi)

ၿမိဳ႕ေတာ္တြင္ သားရဲလူသားျဖစ္ခ်င္ၾကေသာ သားရဲတစ္ပိုင္းလူသားမ်ားစြာရွိေလသည္။ ဂိမ္းကစားသည့္ သားရဲတစ္ပိုင္းလူသားမ်ား၏ သုံးပုံႏွစ္ပုံခန႔္မွာ သားရဲလူသားပုံစံျဖင့္ ကစားၾကၿပီး က်န္တစ္ပုံမွ သားရဲတစ္ပိုင္းလူသားမ်ားႏွင့္ ဆက္ဆံေရးေကာင္းမြန္လာၿပီး ဂိမ္းခ်စ္သူမ်ားျဖစ္လာသည့္ အခိုက္အတန႔္မ်ားစြာရွိေလသည္။

သားရဲတစ္ပိုင္းလူသားမွ သားရဲလူသားဇာတ္ေကာင္အသြင္ကစားၾကေသာ သူအခ်ိဳ႕က ဂိမ္းထဲတြင္သားရဲလူသားတစ္ဦးႏွင့္ ရင္းႏွီးသြားခဲ့ၿပီး အျပင္တြင္ တကယ္ခ်ိန္းေတြ႕သည့္အခါ ထိုသားရဲလူသားမွာ သားရဲတစ္ပိုင္းလူသားျဖစ္ေၾကာင္း သိရွိသြားရသည့္ အျဖစ္အပ်က္မ်ားလည္း ရွိေသး၏။

"ခင္ဗ်ားဘာရယ္တာလဲ။ ကြၽန္ေတာ္က တကယ္သားရဲလူသားဗ်" ရႈရႈက အေလးအနက္ထား၍ ေျပာရွာ၏။

"ဟုတ္ပါၿပီ...မင္းကသားရဲလူသားပါကြာ" အက္ဂါက ၿပဳံးေနမိရင္းရႈရႈ႕အားျပန္ေျဖလိုက္၏။ သူ၏ေတာ္ဝင္ေဖေဖက အင္ပါယာခမည္းေတာ္အား တမင္ရန္စသည္ဟုဆိုလွ်င္ သူ၏ခမည္းေတာ္က ေတာ္ဝင္ေဖေဖ၏ အႀကိဳက္အတိုင္း "မင္းမွန္ပါတယ္ကြာ..။ ကိုယ္ရန္စမိတာပါ" အႀကိဳက္ေခ်ာ့ေျပာတတ္၏။ ထို႔ေၾကာင့္ ခမည္းေတာ္နည္းအတိုင္း သူ႕အခ်စ္ေလးအႀကိဳက္ လုပ္ေပးရလိမ့္မည္။

"ကြၽန္ေတာ္က အစက သားရဲလူသား​ဗ်"

"အခု ကြၽန္ေတာ့္ကိုယ္ေပၚမွာ ျပႆနာေလးနည္းနည္းရွိလို႔ ျပန္မေျပာင္းနိုင္ေသးတာ။ တကယ္ေတာ့ ကြၽန္ေတာ္လည္း သားရဲအျဖစ္​ေျပာင္းနိုင္တယ္။ ခင္ဗ်ားလိုပဲေပါ့" ရႈရႈက ကေလးေမြးနိုင္ေသာ သားရဲတစ္ပိုင္းလူသားတစ္ေယာက္အျဖစ္ မေနလိုေပ။

အက္ဂါက ဘာမွ်မသိစြာျဖင့္ ေခါင္းညိတ္ေထာက္ခံ၏။

ရႈရႈက အက္ဂါ၏ ယုံၾကည္ေပးမႈေၾကာင့္ ေက်နပ္ေနေလသည္။ သူက ခ်က္ခ်င္းပဲ ေျပာလိုက္၏။ " ကြၽန္ေတာ့္ကိုယ္ျပန္ေကာင္းလာၿပီး သားရဲအျဖစ္ေျပာင္းနိုင္ရင္ ခင္ဗ်ားကိုပဲ အရင္ေျပာျပမယ္"

"ေကာင္းပါၿပီဗ်ာ" အက္ဂါက ရႈရႈ၏စကားကို အေလးအနက္လုံးဝမေတြးပါေခ်။ ရႈရႈကေတာ့ သားရဲလူသားအျဖစ္ သက္ေသျပနိုငိရန္ တတ္နိုင္သမွ် ျမန္ျမန္ႀကိဳးစားက်င့္ႀကံေတာ့မည္ဟု ဆုံးျဖတ္ခ်က္ခ်လိဳက္ေတာ့၏။

ရႈရႈက ဤေနရာမွာ သူေနဖူးေသာ ကမၻာေျမႀကီးႏွင့္ ကြာျခားေၾကာင္းေတြ႕လိုက္ရကတည္းက အနည္းငယ္စိတ္မအီမသာျဖစ္ရ၏။ ယခုလည္း တီဗြီဆက္မၾကည့္လိုေတာ့၍ သူ၏တပည့္အား သင္ၾကားျပသရန္သာျပင္လိုက္၏။

"အက္ဂါ...အခုရက္ပိုင္း ​အဆင္မေျပတာရွိလား"

"အြန္း...စြမ္းအားကို ဘယ္လိုသုံးရမလဲ ကိုယ္မသိတာ" အက္ဂါကေျဖလိုက္၏။

"ခင္ဗ်ားက စိတ္ဝိညာဥ္စြမ္းအားသုံးပုံကို မသိတာလား။ ျပႆနာမရွိဘူး....ကြၽန္ေတာ္သင္ေပးမွာေပါ့" ရႈရႈက သူ၏ကိုယ္ထဲမွ စြမ္းအားပိစိေလးအားညစ္ထုတ္ကာ လက္ထိပ္တြင္စုစည္းလာေစလိုက္၏။ "ၾကည့္ထား...ဒီလိုမ်ိဳးသုံးလို႔ရတယ္" ယခင္က သူ႕ကိုယ္ထဲစြမ္းအား မရွိသေလာက္နည္းပါး၏။ ယခုေတာ့ အနည္းငယ္ရွိေန၍ စြမ္းအားသုံးပုံအခ်ိဳ႕ ျပေပးနိုင္ေပသည္။

အက္ဂါက သူ႕အား အံ့ၾသတႀကီးၾကည့္ေနသည္ကိုေတြ႕လိုက္ရ၍ ရႈရႈက လက္ကိုဆန့္ထုတ္ကာ ေဝ့ယမ္းၿပီး ေအးျမေသာေလေအးအခ်ိဳ႕ဖန္တီးလိုက္၏။ "ဒီမွာၾကည့္ ဒီလိုမ်ိဳးလဲ သုံးလို႔ရတယ္" ရႈရႈသုံးေနက်ျဖစ္ေသာ ႏြေတြင္ေအး၍၊ ေဆာင္းတြင္ႏြေးေသာ ေလထုကို စိတ္ဝိညာဥ္စြမ္းအားျဖင့္ ဖန္တီးျပလိုက္၏။

ရႈရႈက ေမြးရာပါစြမ္းအားႏွစ္ခုပုံစံျဖင့္ လုပ္ျပေနသည္ကိုၾကည့္ကာ အက္ဂါေရွာ့ခ္ရေနရွာသည္။ တစ္ခ်ိန္တည္းမွာပင္ ရႈရႈသုံးသြားေသာ စိတ္ဝိညာဥ္စြမ္းအားအတက္အက်ကိဳ ဂ႐ုတစိုက္မွတ္သားေန၏။

ဆို​ေတာ့...စြမ္းအားကို ဒီလိုပုံစံလဲ သုံးရတာပဲလား။ အက္ဂါက ကုန္းေျမတစ္ခုရွာေဖြေတြ႕ရွိသြားသလို ခံစားလိုက္ရ၏။

ရႈရႈက တစ္ခါပဲထုတ္ျပကာ ရပ္တန့္လိုက္၏။ ေခ်ာင္းဟန့္ရင္း ရႈရႈက အက္ဂါ့ကိုေျပာေလသည္။ "စိတ္ဝိညာဥ္စြမ္းအားကို အဲ့လိုလဲသုံးလို႔ရတယ္။ ခင္ဗ်ားေသေသခ်ာခ်ာျမင္လိုက္ရဲ႕လား"

"ကိုယ္ေသေသခ်ာခ်ာကို ျမင္ပါတယ္"

"ခင္ဗ်ားက တကယ့္ကိုဉာဏ္ေကာင္းတာပဲ။ တကယ္လို႔ ခင္ဗ်ားေကာင္းေကာင္းမျမင္လိုက္ရင္ေတာင္ ကြၽန္ေတာ္တစ္ခါပဲ ျပနိုင္မယ္။ ကြၽန္ေတာ္စြမ္းအားသုံးတဲ့ပုံစံကို လူေတြေရွ႕ မျပခ်င္ဘူး" ရႈရႈက ေျပာလိုက္၏။ သူက စြမ္းအားျပတ္လပ္ေန၍ အက္ဂါ့ကို တစ္ႀကိမ္သာ ျပေပးနိုင္၏။ သို႔မဟုတ္ပါက အက္ဂါ့အား အႀကိမ္ႀကိမ္လုပ္ျပခ်င္မိ၏။

ဟြန့္...စိတ္ႏွလုံးအတြင္းနတ္ဆိုးကို နိုင္မဲ့အခ်ိန္ကို ေစာင့္ၾကည့္ေနလိုက္။ အဲ့အခ်ိန္က် စိတ္ဝိညာဥ္စြမ္းအားတြ အမ်ားႀကီးသုံးနိုင္လိမ့္မယ္။ အဲ့အခ်ိန္က် အက္ဂါ့ကိုစြမ္းအားအမ်ိဳးမ်ိဳးသုံးျပၿပီး သူဘယ္ေလာက္စြမ္းအားႀကီးေၾကာင္းျပပစ္လိုက္ဦးမယ္။

ရႈရႈက အေတြးယာဥ္ထဲနစ္ေျမာေနစဥ္ အပ္ဂါ၏လက္ဖဝါးမွ မီးေတာက္ႀကီးထ ထြက္လာ၏။ ထိုမီးလုံးႀကီးက စြမ္းအားအျပည့္ႏွင့္ အႏၱရာယ္ရွိသည့္အေငြ႕အသက္ျပင္းထန္စြာ ထြက္ေပၚေန၏။ ထိုမီးလုံးႀကီးအားၾကည့္ကာ ရႈရႈအခုခ်က္ခ်င္း ထြက္ေျပးခ်င္စိတ္ေပါက္လာေလသည္။

ရႈရႈေလးး...."QAQ"

မတရားလိုက္တာဗ်ာ...။ ဒီလူက ဒ႑ာရီလာသားရဲမဟုတ္ပဲ သားရဲလူသားဆို။ ဘာလို႔ ဒီေလာက္ စြမ္းအားႀကီးေနရတာလဲ ဝူးးး။

ရႈရႈက အက္ဂါ့ကို ေလာင္ၿမိဳက္စြာျဖင့္ မေက်မနပ္ၾကည့္လိုက္မိ၏။ ထိုအခ်ိန္ အက္ဂါက နံရံကိုပင္ ျဖတ္ခုတ္နိုင္သည့္ ေလဓားသြားမ်ားကို ဖန္တီးလိုက္၏။

"ကိုယ္ စြမ္းအားနည္းနည္းေလးပဲသုံးလိုက္တာ...ဒီေလာက္အစြမ္းထက္လိမ့္မယ္လို႔ မထင္ထားခဲ့ဘူး" အက္ဂါက ႐ုတ္တရက္ အခန္းထဲတြင္ပင္ ရွိေနေသးမွန္း သတိရသြားၿပီး ရႈရႈ႕အား ေတာင္းပန္သည့္အၾကည့္ျဖင့္ ၾကည့္ကာေျပာလိုက္ေလသည္။

"အားးးးးးး" ရႈရႈက အက္ဂါ့ကိုခုန္အုပ္ကာ လက္ေမာင္းႀကီးအားကိုက္ခ်ပစ္လိုက္သည္။ အနာဂတ္တြင္ ဒီလူ႕လက္ေမာင္းႀကီးကို သြားအယားေျဖဖို႔ ကိုက္ပစ္ရမည္။

"ရႈရႈေလး အဆင္ေျပရဲ႕လား" ရႈရႈ၏အခန္းထဲမွ ေအာ္သံစူးစူးေၾကာင့္ ေဂ်ရက္က လူအခ်ိဳ႕အားေခၚကာ တံခါးေပါက္ကိုကန္ဖြင့္၍ အေျပးဝင္လာ၏။ သို႔ေသာ္ အိမ္ေရွ႕စံအရွင့္သားအေပၚ ခြထိုင္ေနေသာ ခ်စ္စရာ့သားရဲတစ္ပိုင္းလူသားငယ္ေလးက အိမ္ေရွ႕စံ၏လက္ေမာင္းကို ဖက္ထားကာ ကိုက္ေနသည္ကို ေတြ႕လိုက္ရ၏။

အက္ဂါက တံခါးဘက္သို႔ ေအးစက္ေနေသာ မ်က္ဝန္းအစုံျဖင့္ ၾကည့္လိုက္ေလသည္။

ေဂ်ရက္က ခ်မ္းစိမ့္သြားသလိုခံစားလိုက္ရၿပီး ဒူးမ်ားေခြယိုင္သြားရေလသည္။ အရွင့္သား၏ အၾကည့္မ်ားကသာ သူ႕အားသတ္နိုင္လွ်င္ ခဏေလးအတြင္း ေဂ်ရက္အပိုင္းပိုင္း ျပတ္၍ ေသသြားေပလိမ့္မည္။

သူတကယ္ပဲ အရွင့္သားနဲ႕ သားရဲတစ္ပိုင္းလူသားေလးတို႔ ရင္းရင္းႏွီးႏွီးသတ္ပုတ္တိုင္း ကစားေနတာကို ​ႏွောင့္ယွက္လိုက္မိတယ္...

တံခါးအား ဝုန္းခနဲျပန္ပိတ္လိုက္ၿပီး သူ၏အေပါင္းအပါမ်ားအား အျမန္ေခၚကာ ေျပးေတာ့၏။ သူတို႔အားလုံး လုံၿခဳံသည့္ေနရာေရာက္မွ သက္ျပင္းခ်က္မမ်ား ခ်နိဳင္ေတာ့ေလသည္။

"အရွင့္သားဆီက လာတဲ့ဖိအားက ႀကီးလြန္းလို႔ ငါ့တစ္ကိုယ္လုံး ေပ်ာ့ေခြသြားခဲ့ရတယ္ကြာ" တစ္စုံတစ္ေယာက္က ရင္ဘတ္အားပုတ္ရင္းဆို၏။ တစ္ခ်ိန္တည္းမွာပင္ သူဘဝတစ္ခုအား ငွားရမ္းခဲ့ရသလို ခံစားေနရ၏။

"အရွင့္သားက အခု ၾကယ္ဘယ္ႏွစ္ပြင့္ေရာက္ၿပီလို႔ထင္လဲ"

"အရင္က ၾကယ္ရွစ္ပြင့္အဆင့္ဟ...။ အခုေတာ့ မ်ိဳးဆက္ေသြးပါ နိုးထသြားၿပီမို႔ အရွင့္သားက ၾကယ္ကိုးပြင့္အဆင့္ ျဖစ္ေလာက္မလား"

"အရွင့္သားက အရမ္းသန္မာတာပဲကြာ"

သားရဲလူသားမ်ားက ခုနကျမင္ကြင္းကို ပုံေဖာ္ၾကည့္ရင္း အက္ဂါ၏ခြန္အားအေၾကာင္း ညည္းၫူေျပာဆိုေနၾက၏။

"ေဟးးးအဲ့ဒီသားရဲတစ္ပိုင္းလူသားေလးက တကယ္ပဲ သန္တယ္ေရာ"

"သူတကယ္ပဲ အရွင့္သားကို အိမ္တြင္းအၾကမ္းဖက္ရဲတယ္"

"မင္းတို႔က တကယ့္ကို ငတုံးေတြပဲ။ သားရဲတစ္ပိုင္းလူသား တစ္ေယာက္မွာ အားဘယ္ေလာက္ရွိမွာမို႔လဲဟ။ အဲ့ဒါကို အိမ္တြင္းအၾကမ္းဖက္မႈလို႔မေခၚဘူး... ပေရာ္ပရည္လုပ္ေနတာလို႔ ေခၚတယ္ကြ။ သိၿပီလား...။ ငါလဲ ငါ့ကိုကိုက္ေပးမဲ့ သားရဲတစ္ပိုင္းလူသားေလးတစ္ေယာက္ေလာက္ လိုခ်င္တယ္ေလကြာ..."

........

ေဂ်ရက္က ေဘးတြင္ရပ္ေနကာ စကားတစ္ခြန္းမွ ဝင္မေျပာေခ်။ သူကအရွင့္သားကို စိတ္သေဘာထားေၾကာင့္ အလြန္ပင္ ဝမ္းသာေနမိေလသည္။ အရွင့္သားကို သူ႕ကို တကယ္ပဲ ထမရိုက္ခဲ့ဘူး....။

အက္ဂါက ေဂ်ရက္အားအမွန္ပင္ ရိုက္ခ်င္ေနခဲ့ေလသည္။ သို႔ေသာ္ အက္ဂါသာေဂ်ရက္အား ထိုးႀကိတ္ရိုက္ႏွက္ခဲ့လွ်င္ ေဂ်ရက္က ႏွစ္ရက္၊သုံးရက္ေလာက္သာ နာက်င္မႈကိုခံစားရမည္ျဖစ္ၿပီး သူ႕အခ်စ္ေလးလည္း စိတ္မေပ်ာ္မ႐ႊင္ျဖစ္သြားလိမ့္မည္။ ထို႔ေၾကာင့္ အက္ဂါက ရိုက္ခ်င္ေနသည့္စိတ္အား အတတ္နိုင္ဆုံး ထိန္းခ်ဳပ္ထားျခင္းျဖစ္ေလသည္။

ယခုေတာ့ လူမ်ားကိုရိုက္ရျခင္းထက္ သားရဲတစ္ပိုင္းလူသားေလး သူ႕လက္ကို ၾကာၾကာကိုက္ထားရန္သာ ဆႏၵရွိေလသည္။

ရႈရႈ႕ကို အက္ဂါ့၏လက္ကိုကိုက္ေနျခင္းအား ေဂ်ရက္ႏွင့္အျခားသူမ်ားျမင္သြား၍ ရွက္႐ြံ႕သြားရၿပီး မၾကာမီတြင္ သတိျပန္ကပ္ကာ အက္ဂါ၏ ေမြးရာပါပါရမီအေပၚ မနာလိုျဖစ္ရသည့္အေၾကာင္းလဲ ေမ့သြားေလသည္။ ထို႔အစား အက္ဂါ့အားဆြဲကာ ေျပာလိုက္၏။ "အက္ဂါ...ခင္ဗ်ားက တကယ့္ကို အံ့ဖြယ္ပဲ။ တျခားဘာလုပ္နိုင္ေသးလဲဟင္" ထို႔သို႔ ေမးလိုက္သလို...စြမ္းအားသုံးပုံသုံးနည္းမ်ားကိုလည္း ေျပာျပေနမိ၏။

အက္ဂါကလည္း လိုက္လံႀကိဳးစားၾကည့္ကာ ေရခဲတုံးႀကီးတစ္တုံး ဖန္တီးလိုက္၏။ ေနာက္တစ္ဖန္ သူ၏လက္ေခ်ာင္းမ်ားအၾကား လွ်ပ္စီးေၾကာင္းေလးမ်ားအား ထြက္ေပၚလာေစျပန္၏။

ရႈရႈက ဒ႑ာရီလာသားရဲနည္းတူ...ေလးစားထိုက္ေသာ ဤသားရဲလူသားႀကီးအား ဝမ္းလ်ားေမွာက္ကာ ထိုင္ရွိခိုးေနခ်င္ေနေလၿပီ....။

ရႈရႈက တစ္စုံတစ္ခုအား သတိရကာေျပာလိုက္၏။ "ေဟးးး ခင္ဗ်ား မိုးႀကိဳးဒဏ္ခံယူၿပီးကတည္းက ကြၽန္ေတာ္ခင္ဗ်ားကို ေသခ်ာ မၾကည့္ဖူးေသးဘူး။.. အခုကြၽန္ေတာ္ၾကည့္ခ်င္တယ္...." အဲ့တုန္းက ေ႐ႊေရာင္အေၾကးခြံေတြနဲ႕ တလက္လက္လွပေနတဲ့ အက္ဂါ့ကို ေတြ႕လိုက္တာ သူမွတ္မိပါေသးတယ္။

"မင္းေၾကာက္သြားလိမ့္မယ္" အက္ဂါက ေျပာလိုက္၏။

"မေၾကာက္ပါဘူး" ရႈရႈက အက္ဂါမွာ ေႁမြတစ္ေကာင္မဟုတ္ေၾကာင္း သိေနၿပီျဖစ္၍ မေၾကာက္ေတာ့ေပ။

ဒါနဲ႕....ေၾကာက္လဲေၾကာက္နိုင္တယ္..။ ရႈရႈက ေတြးၾကည့္ရင္းအႀကံတစ္ခုရသြားေလသည္။ "ခင္ဗ်ားက အႀကီးႀကီးဆိုေတာ့ ကြၽန္ေတာ္က ေၾကာက္တာေပါ့...။ တကယ္လို႔ ခင္ဗ်ားသာ ေသးေသးေလးဆိုရင္...ကြၽန္ေတာ္ေၾကာက္ခ်င္မွေၾကာက္ေတာ့မွာေလ"

"ေသးေသးေလး....။ ကိုယ္က ဘယ္လိုလုပ္ေသးေသးေလးျဖစ္နိုင္မွာလဲ" အက္ဂါက အနည္းငယ္ဇေဝဇဝါျဖင့္ ေမးလိုက္ေလသည္။ သားရဲလူသားတစ္ေယာက္ ေသးေသး၊ႀကီးႀကီး ေျပာင္းနိုင္တယ္ဆိုတဲ့အေၾကာင္း သူတစ္ခါမွ မၾကားဖူးဘူးေကာ...။

"ခင္ဗ်ား ေသးေသးေလးျဖစ္သြားမယ္လို႔ေတြးၿပီး ခင္ဗ်ားရဲ႕စိတ္ဝိညာဥ္စြမ္းအားေတြကို ကိုယ္အႏွံ႕ျဖန့္က်က္ထားလိုက္...။ အဲ့တာဆို ေျပာင္းလို႔ရေလာက္မယ္ထင္တယ္" သားရဲအျမဳေတသာရရွိၿပီးလွ်င္ လူအသြင္ေျပာင္းနိုင္႐ုံမက ခႏၶာကိုယ္ကိုပါ ေသးငယ္သြားေအာင္ ေျပာင္းလဲနိုင္လိမ့္မည္။

အက္ဂါက သားရဲလူသားျဖစ္ေသာ္လည္း လူျဖစ္ရန္ က်င့္ႀကံသည့္နည္းလမ္းအားသုံးခဲ့သည္ျဖစ္၍ ထိုကဲ့သို႔လုပ္နိုင္ေပလိမ့္မည္။

ရႈရႈေျပာပုံက အနည္းငယ္ ဝိုးတို႔ဝါးတားျဖစ္ေနေလရာ အက္ဂါက ရႈရႈ႕မွာ ခန့္မွန္း၍ေကာက္ခ်က္ခ်ေနသည္ဟုသာ ထင္မိသြားေလသည္။

သားရဲတစ္ေကာင္က အလိုရွိတိုင္း ခႏၶာကိုယ္ကို ေသးေအာင္ လုပ္နိုင္မွာတဲ့လား....။

သို႔ေသာ္လည္း ခမည္းေတာ္၏နည္းအတိုင္း သူ႕အခ်စ္ကေလး အမွားေျပာလွ်င္ပင္ သူက ပူးေပါင္းကာ လုပ္ေဆာင္ေပးလိုက္မည္။ သားရဲတစ္ပိုင္းလူသားငယ္ေလး ေပ်ာ္႐ႊင္ဖို႔အတြက္ အေလးအနက္မထားလွ်င္ပင္ အခ်စ္ေလးအလိုက် ပူးေပါင္းေဆာင္႐ြက္ေပးဖို႔ လိုအပ္ေလသည္။

အက္ဂါက မတ္မတ္ရပ္ရင္း စိတ္ဝိညာဥ္စြမ္းအားမ်ားအား လွည့္ပတ္ေစလိုက္၏။ သူက သားရဲပုံစံအားေျပာင္းရန္စဥ္းစားလိုက္သလို..၊ သူ၏သားရဲပုံစံအား ေသးငယ္သြားေစရန္ပင္ စဥ္းစားလိုက္၏။

သူက ထိုအေတြးမ်ားအေပၚတြင္ အာ႐ုံစိုက္ထားလိုက္စဥ္ သူ၏ခႏၶာကိုယ္ေျပာင္းလဲလာသည္ကို ခံစားမိလိုက္ေလသည္။

သူ သားရဲတစ္ေကာင္အျဖစ္ေျပာင္းသြားၿပီေပါ့...။ သားရဲအသြင္ေျပာင္းျခင္းက ယခင္သားရဲအျမဳေတကိုသုံး၍ အသြင္ေျပာင္းျခင္းႏွင့္ ခံစားခ်က္တူညီေလ၏။ သူက သားရဲတစ္ပိုင္းလူသားငယ္ေလး ေၾကာက္႐ြံ႕သြားမည္၊ မသြားမည္ကို မသိေပ။

အက္ဂါက မ်က္လုံးကိုဖြင့္ကာ ရႈရႈ႕အားၾကည့္လိုက္၏။ ရလာဒ္အေနႏွင့္ အလြန္တရာ ႀကီးမားေနေသာ သားရဲတစ္ပိုင္းလူသားေလးအား ေတြ႕လိုက္ရျခင္းပင္...။

အက္ဂါ: "......"

သူတကယ္ ေသးသြားတာလား။ ဒီလို​ ေသးငယ္နိုင္ရင္ ပိုၿပီးေတာ့ေကာ ႀကီးလာနိုင္ေသးလား။

အက္ဂါ အေတြးလြန္ေနစဥ္ သားရဲတစ္ပိုင္းလူသားေလးက သူ႕အားထိလိုက္ေၾကာင္း ခံစားမိလိုက္ေလသည္။

ရႈရႈက ၾကမ္းျပင္ေပၚမွ ​ေျခေထာက္ေလးေခ်ာင္းႏွင့္ ေ႐ႊေရာင္ေႁမြေသးေသးေလးအား ဂ႐ုတစိုက္ထိၾကည့္ေနေလသည္။ "အခုခင္ဗ်ားကေသးေသးေလးဆိုေတာ့...ကြၽန္ေတာ္လုံးဝမေၾကာက္ေတာ့ဘူးဗ်။ ခင္ဗ်ား...ကြၽန္ေတာ့္ကို တစ္လုပ္ထဲနဲ႕ စားလို႔ရေတာ့မွာ မဟုတ္ဘူးးးးဟားးဟားးး"

ဒါဆို ရႈရႈေလးက သူအစားခံရမွာကိုပဲ ေၾကာက္ေနတာေပါ့။ သားရဲတစ္ပိုင္းလူသားေလးက တကယ္ပဲ ဘယ္လိုေတြေတာင္ေတြးခ်ပစ္လိုက္ရတာလဲ။ အက္ဂါမွာ ေျပာစရာစကားပင္ မဲ့ေနရွာေလသည္။ သူကေသးေသးေလးဆိုေတာ့ သားရဲတစ္ပိုင္းလူသားေလးက သူ႕ကို ေပြ႕ကိုင္ေလာက္မလား။

ရႈရႈက ေႁမြတစ္ေကာင္အား လုံးဝကိုင္မည္မဟုတ္ေပ။

ထိုေႁမြက ေျခေထာက္မ်ားရွိေနလွ်င္ပင္ ရွည္ေမ်ာေမ်ာႏွင့္ ေႁမြတစ္ေကာင္သာျဖစ္ေနေသးဆဲ ျဖစ္ေလသည္။ ရႈရႈက ၾကက္သီးမ်ားထလ်က္ ေကာက္မကိုင္ပဲ သည္အတိုင္းသာစကားေျပာလိုက္ေတာ့၏။ "ခင္ဗ်ားၾကည့္....တကယ္ပဲေသးသြားတယ္ေနာ္..။ ကြၽန္ေတာ္ေျပာဖူးသလိုပဲ စိတ္ဝိညာဥ္စြမ္းအားကို အမ်ိဳးမ်ိဳးေျပာင္းသုံးနိုင္တယ္။ ေသးလို႔ရသလို...ခင္ဗ်ားႀကီးလို႔လဲရတယ္။ ၿပီးေတာ့ စိတ္ဝိညာဥ္စြမ္းအားနဲ႕ ကိုယ့္ကိုကိုယ္ေတာင္ ဖုံးကြယ္ထားလို႔ရေသးတယ္..။ လြယ္လြယ္နဲ႕ တိုတိုေျပာရရင္...ခင္ဗ်ား အမ်ား၊အမ်ားႀကီး လုပ္နိုင္တယ္ေပါ့ဗ်ာ"

စိတ္ဝိညာဥ္စြမ္းအားျဖင့္ ကိစၥအေတာ္မ်ားမ်ား လုပ္ေဆာင္နိုင္ေလသည္။

ဒိတ္ေအာက္ေနေသာ ကုန္တင္အာကာသယာဥ္ႀကီးက အာကာသထဲတြင္ ျဖည္းညင္းစြာခရီးဆက္ေနေလသည္။ ထိုအခ်ိန္အတြင္း အက္ဂါက စိတ္ဝိညာဥ္စြမ္းအား၏လုပ္ေဆာင္ပုံကို ေန႕တိုင္းေလ့လာေနေလသည္။ ေမွ်ာ္လင့္ထားသလိုပင္ စိတ္ဝိညာဥ္စြမ္းအားျဖင့္ အရာတိုင္းလိုလိုလုပ္ေဆာင္နိုင္ေၾကာင္း စမ္းသပ္နိုင္ခဲ့ေလ၏။

စိတ္ဝိညာဥ္စြမ္းအားျဖင့္ ရစ္ပတ္ေနလွ်င္ အာကာသယာဥ္၏ Scan ဖတ္သည့္အထဲ အက္ဂါ့အားမေတြ႕ရေပ။ ဤနည္းျဖင့္သုံးကာ တိုက္ခိုက္လိုက္ပါက...။

အက္ဂါက အေသးစိတ္ေလ့လာဆန္းစစ္ၿပီးေနာက္ ပထမဆုံးအေတြးဝင္မိသည္မွာ....စစ္ပြဲတစ္ပြဲတြင္ စိတ္ဝိညာဥ္စြမ္းအား၏ အသုံးဝင္မႈပင္ျဖစ္ေလသည္။

အကယ္၍ စိတ္ဝိညာဥ္စြမ္းအားအကူအညီျဖင့္ ေသးေသးကေလးေျပာင္းကာ ရန္သူ႕အား တိုက္ခိုက္နိုင္လွ်င္....သူတို႔၏ေခါင္းေဆာင္အား ဦးစြာဖမ္းကာ ရန္သူ႕တပ္အား အနိုင္ယူနိုင္ေပလိမ့္မည္။

ထို႔ေၾကာင့္ အက္ဂါက စိတ္ဝိညာဥ္စြမ္းအားအေပၚ ပို၍ေလးေလးနက္နက္ျဖင့္ ေလ့လာေနေတာ့၏။

အက္ဂါက စိတ္ဝိညာဥ္စြမ္းအားကိုေလ့လာေနစဥ္ ရႈရႈက တီဗြီၾကည့္၍ ေဒသသုံးဘာသာစကားကိုေလ့လာကာ ဂြၽန္းႏွင့စကားေျပာေလ့က်င့္၏။ ဆယ္ရက္တိုင္တိုင္ ႀကိဳးစားေလ့လာၿပီးေနာက္ ရႈရႈက စကားလုံးမ်ားစြာေျပာတတ္ေနၿပီျဖစ္ကာ ဂြၽန္းက အခ်ိန္ႀကဳံႀကိဳက္တိုင္း ရႈရႈ၏ဉာဏ္ရည္အေပၚ ခ်ီးက်ဴးေထာပနာျပဳ၏။

ရႈရႈက အလြန္ပင္ဂုဏ္ယူေနမိေလသည္။ သို႔ေသာ္ ဤရက္မ်ားအတြင္း အလြန္ပ်င္းေနရ၏။

သူက အာကာသယာဥ္ႏွင့္ ခရီးသြားရေတာ့မည္ဟုသိလိုက္ရခ်ိန္တြင္ လွပေသာ ၾကယ္စင္တန္းမ်ားႏွင့္ အာကာသျပင္ႀကီးအား အာကာသယာဥ္မွတစ္ဆင့္ၾကည့္နိုင္ေတာ့မည္ဟု ထင္မွတ္ခဲ့၏။ သို႔ေသာ္လည္း ရႈရႈစီးနင္းလိုက္ပါလာေသာ အာကာသယာဥ္က ျပတင္းေပါက္ပင္မရွိ၍ အျပင္သို႔ ၾကည့္မရပါေခ်။ အာကာသယာဥ္တြင္ Scan ဖတ္သည့္စနစ္ပါရွိေသာ္လည္း ရလာဒ္က ကြန္ပ်ဴတာေပၚတြင္ အ႐ုပ္ဆိုးလွစြာ ေပၚေနၿပီး ရႈရႈနားမလည္ေသာ ေဒတာမ်ားလည္း ျမင္ေနရ၍ ရႈရႈမၾကည့္လိုေပ။

"တီဗြီထဲက အာကာသယာဥ္ကပိုေကာင္းတယ္..။ ၾကယ္ေတြနဲ႕ၿဂိဳဟ္ေတြကိုၾကည့္ဖို႔ေတာင္ အထူးစပယ္ရွယ္ခရီးတစ္ပတ္ထြက္ထြက္ၾကေသးတာ..။ အခုဒီအာကာသယာဥ္ကေတာ့ ျပတင္းေပါက္တစ္ခ်ပ္ေတာင္ မပါဘူး" ရႈရႈက မေနနိုင္ပဲ အက္ဂါ့အား ေျပာလိုက္မိေတာ့ေလသည္။

ကုန္တင္အာကာသယာဥ္အား တည္ေဆာက္ရာတြင္ ခိုင္ခံ့မႈကိုသာ အေလးထားၾက၏။ ထို႔အျပင္ ဤအာကာသယာဥ္တည္ေဆာက္စဥ္က ဖန္မ်ားမွာ ရွားပါးတန္ဖိုးႀကီးေန​ေသးေပရာ.. အာကာသယာဥ္တည္ေဆာက္စဥ္ မွန္အၾကည္အားထည့္မသုံးခဲ့ျခင္းျဖစ္ရမည္။ အက္ဂါက ၾကယ္ပင္လယ္ႀကီးအား ၾကည့္ရသည္ကို အလြန္ပ်င္းရိကာ ျပႆနာဟုပင္ မသတ္မွတ္ထားခဲ့ေပ။ သို႔ေသာ္လည္း ခ်စ္ရသူသားရဲတစ္ပိုင္းလူသားေလးက ၾကယ္ပင္လယ္ႀကီးအား ၾကည့္ခ်င္သည္ဆို၍ သားရဲတစ္ပိုင္းလူသားေလး၏ ဆႏၵကို ျဖည့္ဆည္းေပးခ်င္ေနမိေတာ့၏။

"ကိုယ္တို႔ ၿမိဳ႕ေတာ္ကို ျပန္ေရာက္ရင္ မင္းနဲ႕အတူ တစ္ေခါက္ေလာက္ အတူတူလာၾကည့္ၾကတာေပါ့"

"ေကာင္းပါၿပီ" ရႈရႈက ေခါင္းညိတ္လိုက္ေသာ္လည္း ပ်င္းေနဆဲျဖစ္ေလသည္။ အက္ဂါက ယခုတစ္ေလာ က်င့္ႀကံကာေလ့လာျခင္းကိုသာ လုပ္ေဆာင္ေနၿပီး ရႈရႈ႕ကို အေဖာ္ျပဳမေပးေခ်။ ရႈရႈက တစ္စုံတစ္ခုေပ်ာက္ဆုံးေနသလိုသာ ခံစားေနမိေတာ့၏။

အက္ဂါက သားရဲတစ္ပိုင္းလူသားငယ္ေလး၏ မတက္ႂကြကာ ၊ အပ်င္းတစ္ေနပုံကိုၾကည့္ရင္း မည္သည့္အာကာသယာဥ္မ်ိဳးက ၾကယ္ပင္လယ္ကိုၾကည့္ရန္ သင့္ေတာ္ေၾကာင္း ေတြးေနမိေတာ့၏။ ထိုအခ်ိန္တြင္ ဂြၽန္းက အေလာတႀကီး အေျပးလာကာ ေျပာလိုက္၏။ "အရွင့္သားးးအက္ဂါ...ၾကယ္ဓားျပယာဥ္တစ္စင္းလာေနတယ္"

"ၾကယ္ဓားျပယာဥ္...။ ယာဥ္ရဲ႕ ေမာ္ဒယ္နံပါတ္ဘယ္ေလာက္လဲ" အက္ဂါက ျပန္ေမးလိုက္၏။

" အဲ့တာက လြန္ခဲ့တဲ့ႏွစ္တစ္ရာေလာက္က ထုတ္ခဲ့တဲ့ အေစာင့္ယာဥ္တြဲစီးရီးက​ျဖစ္ေလာက္မယ္" ဂြၽန္းကေျပာလိုက္၏။ ၾကယ္ဓားျပတိုင္း အာကာသယာဥ္တစ္စင္းပိုင္ရန္ လုံးဝမျဖစ္နိုင္ေပ။ ထို႔ေၾကာင့္ ၾကယ္ဓားျပဂိုဏ္းအခ်ိဳ႕သာ အာကာသယာဥ္အခ်ိဳ႕ပိုင္ဆိုင္ၾကၿပီး ၎တို႔ကလည္း ဒိတ္ေအာက္ေနၿပီျဖစ္ေသာ အာကာသယာဥ္အေဟာင္းမ်ားသာျဖစ္ၾက၏။

ထို႔ေၾကာင့္ ၾကယ္ဓားျပမ်ားက အာကာသယာဥ္အသစ္စက္စက္မ်ားအား ဓားျပမတိုက္ဝံ့ေခ်။ ၾကယ္ဓားျပမ်ားက အာကာသယာဥ္အိုမ်ားျဖင့္ ၾကယ္ပင္လယ္တြင္ ကူးလူးေနသည့္သူမ်ားကိုသာ ပစ္မွတ္ထားၾက၏။ ယခု သူတို႔ဘယ္လိုလုပ္ရပါ့မလဲ။

"အဲ့ဒီ အာကာသယာဥ္မွာ ျပတင္းေပါက္ပါလား" အက္ဂါက စိတ္လႈပ္ရွားစြာျဖင့္ ေမးျမန္းလိုက္ေတာ့၏။

.......🚀🚀🚀🚀🚀🚀🚀🚀...

စာေရးသူရဲ႕အမွာစာ....

အက္ဂါ: မင္းတို႔ခ်စ္တဲ့ သားရဲတစ္ပိုင္းလူသားေလးက သူ႕ကိုယ္သူ သားရဲလူသားလို႔ထင္ေနရင္ေတာင္ လက္ခံေပးရမယ္..

13134 words

9.9.2021

Seguir leyendo

También te gustarán

269K 19.5K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
297K 45.5K 52
This is not my own story. It is fan translation. Credits to original author. Picture credits to original artist. Associated name- 穿成暴君的男妃 English n...
3.5M 280K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
660K 29.6K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...