* ကျေးဇူးပြု၍ မလုပ်ပါနဲ့ ...
* သူ့ကို ထပ်ပြီး ခေါ်မသွားပါနဲ့ဗျာ ...
* ဒီတစ်ခါ ထပ်ပြီး ဆုံးရှုံးရရင် ...
ကျွန်တော့် နှလုံးသားက ထာဝရ သေဆုံးသွားမှာ ..."
.
.
.
ကားထဲက ရှိုက်သံစွန်းစွန်း ထွက်လာတယ် ။
ယောက်ျား ရင့်မာကြီးရဲ့ ရှိုက်သံမို့ နားဝင် မချိုတာတော့ အမှန်ဘဲ ... ။ ဒါပေမဲ့ ပူဆွေးမှု အလုံးအရင်းက သိသာစွာရယ် .... ။
.
.
.
ရှောင်ကျန့် ကားစတီယာတိုင် ပေါ် ခေါင်း မှောက်ထားဆဲ ... သူ ရှိုက်ငိုနေဆဲ ....
ပြင်ပ ပတ်ဝန်းကျင်ကလဲ ဓါတ်တိုင် လဲ ခြင်းရဲ့ အကျိုးကြောင့် မှောင်မဲနေတယ် ။
ရိပေါ့်ဆီ သွားရမဲ့ လမ်းကလဲ ပျောက်ဆုံးနေတယ်။
ဒီလိုဘဲ လက်လျော့လိုက်ရတော့မှာလား ဆိုတော့ ...
" မလျော့ဘူး !"
ရှောင်ကျန့် ခေါင်းမော့လိုက်တယ် ။
သူ ဆက်ရှာမယ် ။
အခုမှ မတွေရင် မနက်မိုးလင်းအထိ ရှာမယ် ။
မနက် မိုးလင်းလို့မှ မတွေ့ရင် နောင်ရက်တွေ အထိ ဆက်ရှာမယ် ။ သူ့ တစ်ဘဝလုံး ရှာသွားမယ် ။
ကား စက်ကို နိုးလိုက်တယ် ။
ကားမီးသီးတွေ မီးလင်းမလာတော့ ...
.
.
.
အဲ့ဒီအစား ...
" ကလင် !"
( ကြားရတဲ့ ခေါင်းလောင်းသံ ...
ရှောင်ကျန့် မျက်လုံးတွေ ကျယ်သွားတယ် ။
ပေါ်လာတဲ့ လက်သူကြွယ်က ကြိုးနီလေး ...
လင်းလက်စွာဘဲ သွားရမဲ့ လမ်းကို ပြနေတယ် ။
ရှောင်ကျန့် မျက်ရည်တွေ ဝိုင်းသွားတယ် ။
" ရိပေါ် ... "
သူရဲ့ အပျော်လွန်စိတ်ကို ထိိန်းဖို့ မျက်လုံးတွေ ခဏ မှိတ်ထားလိုက်ရတယ် ။
ပြန်ဖွင့်လိုက်တော့ ကြိုးနီလေး ရှိသေးတယ် ။
သူ ချက်ချင်းဘဲ ဘဲ့ဂီယာ ထိုးလိုက်ပြီး ကြိုးနီလေး သွားတဲ့ ဘက်ကို ကားပြန်ကွေ့လိုက်တယ် ။
" ကိုယ် လာနေပြီ ရိပေါ် ...
" လာနေပြီမို့ ဘာမှ မဖြစ်ဘဲသာ ရှိနေပေး ...
__________
_________♡
" ချန်ကွေ့ ... ရှင် ဘာလုပ်နေတာလဲ !? "
" စဥ်းစားနေတယ် ... ခဏ တိတ်နေပေး ... "
ဟုန်ဟွား တိတ်နေပေးလိုက်တယ် ။ သူမလဲ သတင်း သိသိချင်း ရဲတွေလဲ တိုင်ထားပြီးပြီ ... နေရာအနှံ့လဲ ရှာခိုင်းထားပြီးပြီ ။
မုန်တိုင်းကြောင့် နှောင့်နှေးသွားနိုင်ပေမဲ့ ဘာမှ,မဖြစ်ဘဲ ပြန်တွေ့ရဖို့ကို မျှော်လင့်ရတာဘဲ ... ။
" သိပြီ ... ကိုယ် သိပြီ ဟုန်ဟွား "
ချန့်ကွေ့က မျက်လုံးမျက်ဆံ ပြူးပြီး ပြောလာတယ်။
" ×× ရပ်ကွက်က လျှိုသခင်မကြီး နေခဲ့တဲ့ အိမ်ပျက်ကြီး ... အဲ့ဒီမှာဘဲ နေမှာ ... "
" အဲ့တာဆို သွားကြမယ်လေ "
" ဟင့်အင်း ... ကိုယ် သွားနှင့်မယ် "
" မင်းက ရဲတွေ ခေါ်ပြီး နောက်က လိုက်ခဲ့ ... "
" ချန်ကွေ့ !"
" ချီယွင်က သေနတ်တွေ ဘာတွေ ယူလာနိုင်တယ် "
" အဲ့တာ ဘာဖြစ်လဲ !?"
" ခေါ်သွားရအောင် ကိုယ် အရူး မဟုတ်ဘူး "
" ရဲခေါ်ပြီးသာ လိုက်ခဲ့ ... "
ချန့်ကွေ့က ခပ်မြန်မြန်ဘဲ ထွက်သွားတယ် ။
ဟုန်ဟွား စိတ်တိုပြီး ကျန်ခဲ့တယ် ။
* စိုးရိမ်ပေးနေရအောင် သူက ဘာမို့လိုလဲ !? *
ဟုန်ဟွား ခေါင်းခါပြီး သူမလဲ ရဲစခန်းဆီ ကားမောင်းသွားလိုက်တယ် ။
* ထိခိုက်သွားလို့တော့ မဖြစ်သေးပါဘူး *
___________
__________♡
" ကလောက် ! " ( သေနတ် ခလုတ် ဆွဲသံ )
ရိပေါ် မျက်လုံးတွေ မှိတ်ချလိုက်တယ် ။
" ဒိုင်း !"
" အာ့ !"
မြေကြီးပေါ် သွေးတွေ ဖြန့်ကျက်သွားတယ် ။
" အ့ "
တစ်စုံတစ်ယောက်ရဲ့ နာကျင်သွားသံ ...
ပူပူနွေးနွေးအရာတွေကြောင့် သွေးတွေက ရိပေါ့် မျက်နှာမှာပါ စင်သွားတာ သိလိုက်တယ် ။
ရိပေါ် မျက်လုံးတွေ ဖွင့်လိုက်တယ် ။ အဲ့ဒီ မျက်လုံးတွေက အဆုံးအစမဲ့ ဝိုင်းစက်သွားတယ် ။
" ရှန်းကော !"
ရှန်းကောက ရိပေါ့်လက်က ကြိုးတွေကို ဖြုတ်ပေးလာတယ် ။
ရိပေါ် ကြည့်လိုက်တော့ ရှန်းကောရဲ့ အင်္ကျီရင်ဘတ်မှာ သွေးထွက်ကြီး ...
" ရှန်းကော !"
ရိပေါ် သွေးပျက်စွာ အော်ခေါ်မိတယ် ။
ရှန်းကောက သူ့ကို ပြုံးပြီး ခေါင်းခါပြတယ် ။
နာနေတာကို အောင့်ထားပြီး သူ့ကိုဘဲ ကြိုးအတင်း ဖြည်ပေးနေတယ် ။
ရိပေါ် အသည်းအသန် ခေါင်းခါနေတယ် ။
" မဟုတ်ဘူး.! မဟုတ်ဘူး !"
" ကော ဘာမှ မဖြစ်ရဘူး !"
" ကော ဘာမှ မဖြစ်ရဘူး !"
" ကော ဘာမှ မဖြစ်ပါဘူး ... တိတိရဲ့ "
ရှန်းကောက ကြိုးတွေ အားလုံး ဖြုတ်ပေးပြီးနောက်မှာ အနောက်ကို ယိုင်သွာတာမို့ ရိပေါ် ထိန်းကိုင်လိုက်တယ် ။
" ကော !"
ရိပေါ် သေချာကြည့်တော့ ကော ရင်ဘတ်မှာ တကယ်ဘဲ သေနတ် ဒဏ်ရာ ။
ရိပေါ် အသက်ရှူသံတွေ မြန်လာတယ် ။
" ကော လိမ်တာ ... ! "
" ကော ရင်ဘတ်မှာ ဒဏ်ရာကြီး !"
" သွေးတွေလဲ အများကြီး ! "
ရိပေါ်က ပြောပြီး မျက်ရည်ဝိုင်းလာတယ် ။
" ဟင့်အင်း ... ကျွန်တော်လဲ ပြန်ကယ်မယ် "
" ကောကို ပြန်ကယ်မယ် "
" ကော ခဏ ထောင့်ခံထား ... "
" ခဏလေး ထောင့်ခံထားပါဗျ ... "
ရိပေါ်က မရဲတရဲနဲ့ သွေးထွက်နေတဲ့ ဒဏ်ရာကို ဖိပေးထားတယ် ။
သူ မျက်ရည်တွေလဲ ကျလာတယ် ။
ကောက နာတာမို့ မျက်နှာလေး ရှုံ့မဲ့ရင်း ရိပေါ်လက်ကို ထိန်းကိုင်လာတယ် ။
" ကော နာနေပြီ "
" နာလဲ ခဏတော့ ဒီလိုတော့ လုပ်ထားရမှာ ... မဟုတ်ရင် ကော သွေးထွက်လွန် သွားလိမ့်မယ် "
ရိပေါ် ဆက်ဖိထားတယ် ။ ဒါတောင် သွေးတွေ ထွက်နေသေးတာများ ကြောက်ခမန်း လိလိ ... ။
ရိပေါ် လက်တွေပါ တုန်ရီ လာတယ် ။ လူက ပိုပြီး ငိုချင်လာတယ် ။ ထိသွားတာ အဲ့ဒီနေရာများလား ?
မဟုတ်ပါစေနဲ့ ...
ကျေးဇူးပြုပြီး မဟုတ်ပါစေနဲ့ ...
" အဟင့် !" ( ရိပေါ့် ရှိုက်သံ )
ကောက သူ့ရင်ဘတ်ပေါ်က ရိပေါ့်လက်ကို ဆုပ်ကိုင်လာတယ် ။
" ဟင့်အင်း ! ကော
ကျွန်တော့် လက်တွေကို မဖယ်လိုက်နဲ့ !"
ရိပေါ် ပြန်ရုန်းတော့ ကောက ပိုတင်းတင်း ကိုင်ပြီး...
" သူ့ကို အပြစ်မယူပါနဲ့လားဟင် "
မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ ပြောလာတယ် ။
" သူ့ကို ခွင့်လွတ်ပေးပါ "
" ကောရာ ... "
ရိပေါ် မချိတင်ကဲ ရေရွတ်မိတယ် ။
.
.
.
ရိပေါ် အဲ့ဒီလူကို ကြည့်လိုက်တော့ သွေးပျက်နေတဲ့ အဲ့ဒီလူက သေနတ်ကို ပစ်ချထားပြီး သူတို့ အနားတောင် မကပ်ရဲ ... ။
အဝေးကနေဘဲ ထိန့်လန့်စွာ ကြည့်နေတယ် ။
" ကော သိလား "
" သူက ကော အချစ်နဲ့ လုံးဝ မတန်ဘူး "
ရှန်းကောက ခေါင်းခါပြီး ...
" ကောကို ကတိပေးပါ ရိပေါ်. "
" သူ့ကို အပြစ်မယူတော့ပါဘူးလို့ ကတိပေးပါ "
ရိပေါ် ဆို့နင့်စွာ သက်ပြင်းချလိုက်တယ် ။
သူ ဘယ်လိုစိတ်နဲ့ ခွင့်မလွတ်ဘူး ပြောရမှာလဲ...။
" ကော နောက်ဆုံး ဆန္ဒပါ ရိပေါ် "
ရိပေါ် ကော ရင်ဘတ်ကို ကြည့်လိုက်တယ် ။
ကြမ်းပြင်မှာကို သွေးတွေက အိုင်နေပြီ ။ ကော နှုတ်ခမ်းတွေက အဆုံးထိ ဖြူလျော့နေပြီ ။
နာကျင်နေတာကို သိသိသာသာ အောင့်ထားတဲ့ ကောက ရိပေါ် လက်မလျော့ချင်တောင် အခြေအနေက မပေးတော့ပြီ ။
ကောက နောက်ဆုံး အခြေအနေ ရောက်နေပြီ ။
.
.
.
ရိပေါ် လျှိုချီယွင်ကို စိုက်ကြည့်လိုက်တယ် ။
* ဒီနွားက ဘာရပ်လုပ်နေသေးတာလဲ *
ကောကို ခဏ ချပြီး ရိပေါ် အဲ့ဒီလူ ဂုတ်ဆွဲပြီး သွားခေါ်လာလိုက်တယ် ။
အဲ့ဒီချီယွင်က အသက်မရှိသလို ပါလာခဲ့တယ် ။
"သူ ဘယ်လိုအခြေအနေလဲ ခင်ဗျား မမြင်ဘူးလား"
" အရူး !"
" ခင်ဗျား သိလား !"
" ခင်ဗျား သတ်ခဲ့တဲ့ ကျွန်တော့်ကို ကယ်ခဲ့တာလဲ သူဘဲ ... ကိုမာဖြစ်နေတုန်း ကုပေးထားတာလဲ သူဘဲ "
" အဲ့တာ ခင်ဗျားလို လူကို ချစ်လို့တဲ့ ... ခင်ဗျားလို မကောင်းဆိုးဝါးကို သူက ဖြူဖြူစင်စင် ချစ်မိလို့တဲ့"
" ခင်ဗျားကို လူသတ်သမား မဖြစ်စေချင်လို့တဲ့..."
" ကျွန်တော့်ကို အထပ်ထပ် တောင်းပန်ပြီး ခင်ဗျားကို ခွင့်လွတ်စေတာ ခင်ဗျား သိလား !"
" ခင်ဗျားက ချစ်တယ်လို့တောင် မပြောရဲပေမဲ့ သူကကျ အသက်ပါ ပေးရဲတယ် "
" ခင်ဗျားနဲ့ မထိုက်တန်ပေမဲ့ သူက ခင်ဗျားကို ..."
" ရိပေါ် ... "
ကောက နာကျင်နေလျက်က တားလာတယ် ။
" ထပ် မပြောပါနဲ့တော့ ... "
တောင်းဆိုနေတဲ့ မျက်လုံးလေးတွေကြောင့်
ရိပေါ် ပါးစပ်ပိတ်ပြီး မျက်နှာကို တစ်ဖက် လှည့်လိုက်တယ် ။
.
.
.
" ဖွီး ! "
ရှန်း ပါးစပ်က သွေးတွေ ထွက်ကျလာတယ် ။
ရိပေါ် လှည့်ကြည့်တော့ လုံးဝ မထိဘဲ နေတဲ့ သူကြောင့် သူ သွားဖို့ လုပ်လိုက်ပေမဲ့ ...
ချီယွင်က ရှန်းကို ကောက်ချီလိုက်တယ် ။
" အိမ်ပြန်ကြမယ် ... ရှန်း "
" ကိုယ်တို့ အိမ်ပြန်ကြမယ်"
" ချီယွင် ! အဟင့် !"
ချီယွင် ချီလိုက်တာကြောင့် ရှန်းက ချီယွင် အင်္ကျီစကို တင်းနေအောင် ကိုင်ပြီး ငိုလာတယ် ။
* စကားမပြောရဘူးထင်တာ ... *
* ငါ မင်းနဲ့ စကားမပြောရတော့ဘူး ထင်တာ ...*
ချီယွင်ရဲ့ ရင်ခွင်ထဲ သူ ခေါင်း တိုးဝင်ပြီး စိတ်ထဲက ဆိုမိတဲ့ စကား ... စကားလေးတောင် မပြောသွားရမှာ သူ ကြောက်နေတာ ... ။
မင်း မသိဘဲ လုပ်ထားတာတွေကြောင့် မင်း စိတ်ဆိုးသွားပြီ ထင်နေတာ ... ။
" အိမ်ပြန်ကြမယ် ...
အိမ်ရောက်ရင် အကုန် ကောင်းသွားမှာ ... "
ရှန်း ရင်ခွင်ထဲကနေ ချီယွင့်ကို မော့ကြည့်လိုက်တယ်။
" ငါ မရောက်တော့ဘူးထင်တယ် ချီယွင် "
နာကျင်နေတာကို လျစ်လျှူရှုပြီး ချီယွင် ကြားနိုင်လောက်တဲ့ အသံနဲ့ သူပြောပေမဲ့ ချီယွင်က သူပြောတာ အာရုံမရဘဲ ...
" ကိုယ် ဒီည မင်းကို ချော့သိပ်မယ် "
" ချီယွင် "
သူ ဆို့နင့်စွာ ခေါ်လိုက်တယ် ။
" မနက်စာလဲ လုပ်ကျွေးမယ် "
" ... "
" ကြမ်းပြင်မှာ အိပ်ထားတာမို့ မင်း ခေါင်းတွေလဲ ညစ်ပတ်နေပြီ ... အဲ့တာ ကိုယ် လျှော်ပေးမယ် "
" အဟင့်! "
ရှန်းက ချီယွင့်ကို တင်းတင်း ဖက်ထားပြီး မျက်ခွံပါးပါးလေးဆီက မျက်ရည်တွေ စိမ့်ကျလာတယ် ။
* ငါ မင်းကို ဘယ်လို စိတ်ချရပါ့မလဲ *
" နောက်ကို ညတိုင်း အတူ ရှိပေးပါ့မယ် "
" ကိုယ် အခု မင်းပြောသမျှလဲ နားထောင်မယ်"
" အ့ !"
ရှန်း ပါးစပ်က သွေးတွေ ထပ်ကျလာတယ် ။
" ဝမ်ရိပေါ်ကိုလဲ လွတ်ပေးမယ် "
" မင်း မကြိုက်တာတွေလဲ မလုပ်ဘဲနေမယ် ။
ရှန်း မျက်လုံးတွေ ဝေဝါးလာတယ် ။ ဒါပေမဲ့ သူ့နားကလေးတွေက ချီယွင်ပြောတာ နားစွင်ွနေတုန်း ...။
" မင်းကြိက်တဲ့ ကန္တရဆူးပင် ပန်းအိုးလေးတွေ အများကြီး ဝယ်ပေးမယ် "
" ညခင်းတိုင်း မင်းနဲ့ အတူတူ ခွေးနဲ့ ဆော့မယ်"
လက်ကလေးတွေ ပြေလျော့လာတယ် ။
" လေတဖြူးဖြူးတိုက်တဲ့ အချိန် မင်း ဆံပင်လေးတွေကို သပ်ပေးပြီး မင်း နဖူးကို နမ်းမယ် "
မျက်လုံးလေးတွေ တဖြည််းဖြည်း မှိတ်သွားတယ် ။
" ကိုယ် မင်းကို ချစ်တယ် ရှန်း "
" ဒီစကားကို နောက်ဆို မင်း မျက်နှာတွေ့တိုင်း
ကိုယ်ပြောမယ် ... "
လက်ကလေးတစ်ဖက်ကလဲ အောက်ကျသွားတယ်။
နောက်ဆုံး အလုပ်လုပ်တဲ့ အကြားအာရုံက မင်း အသံကို ကြားရသေးတယ် ချီယွင် ... ။
ချစ်တယ်တဲ့လား ...
ငါ ဒီစကား သိပ် ကြားချင်နေတာ ...
" မင်းရော ... ကိုယ့်ကို ချစ်လား ... ရှန်း "
ချစ်တာပေါ့ ...
ငါ ငယ်ငယ် မင်းအိမ် စလာတုန်းက ...
မင်း အစ်ကိုနဲ့ အနှိုင်းခံရလို့ မကျေမနပ် ဖြစ်နေတဲ့ မင်း မျက်နှာ မြင်ကတည်းက စချစ်ခဲ့တာပေါ့ ...။
ငါ မင်းကို ချော့ဖို့လာတော့ မင်းက ငါ့ကို အရှုပ်ထုတ်ဆိုပြီး တွန်းထုတ်ခဲ့သေးတယ်လေ ... ။
ငါ အဲ့ကတည်းက မင်းကို စချစ်ခဲ့တာ ... ။
ငါ လဲ မင်းကို သိပ် ချစ်တာပေါ့ ... ။
" ရှန်း "
" ရှန်းရေ ... "
" ကိုယ် မေးတာ ဖြေဦးလေ "
" ရှန်း ... "
ချီယွင်က သူ့ရင်ခွင်ထဲက ရှန်းကို လှုပ်နိုးနေတယ် ။
" မင်း ကိုယ့်ကို ချစ်တယ်လို့ ပြောဦးလေကွာ ... "
" ရှန်း "
" ကိုယ် မင်းပြောတာ ကြားချင်သေးတယ်လေ "
" ရှန်း "
ချီယွင် လှုပ်နိုးရင်း ရှန်းရဲ့ ခေါင်းလေးက အနောက်ကို စောင်းသွားတယ် ။ လည်တိုင် ကျော့ကျော့ကလေးက အတိုင်းသား ပေါ်လာတယ် ။
" ရှန်း "
ချီယွင် ရှန်းရင်ဘတ်နဲ့ သူ့နားကို ကပ်လိုက်တယ် ။
* ဘာသံမှ မကြားရ *
" ရှန်း ... ထပါဦးကွာ "
သူ့ နှုတ်ခမ်းလေးကို နမ်းလိုက်တယ် ။
သူတောင် မရေရာဘဲ သူ့ မျက်ဝန်းထဲက မျက်ရည်ကျလာခဲ့တယ် ။
" ရှန်း "
" မင်း ဘယ်သွားတာလဲကွာ "
" ကိုယ် ခေါ်တာလဲ မထူးဘူး "
.
.
.
" ရှန်းရေ ... "
" ကိုယ့်ကို ဖြေပေးပါဦး "
" မင်း ဘယ်ရောက်နေတာလဲ ?:
မျက်စိရှေ့က သူကို ခေါ်နေတဲ့ ချီယွင်က အရူးတစ်ယောက်လို ... ။ သူ့လက်တွေက ရှန်းကို တင်းတင်းဖက်ထားပြီး ရင်ဘတ်က နားကို တစ်ခါ ထပ်ကပ်လိုက်တယ် ။
" ရှန်း "
" ကိုယ် လိုက်လာခဲ့ရမလားဟင် ?"
" အဲ့မှာ မင်းတစ်ယောက်ထဲ အထီးကျန်နေမှာပေါ့"
ချီယွင်က သူ့ခါးထဲက သေနတ် နောက်တစ်လက်ကို ထုတ်လိုက်တယ် ။ ရှန်းရဲ့ ဦးခေါင်းလေးကို သူ့ပါးနဲ့ ထိလိုက်တဲ့ခဏ ...
အတိတ်တွေ ပြန် မြင်ယောင် လာတယ် ။
* ရှန်းတဲ့ ... အဲ့တာ ... *
* မင်းနဲ့ တစ်နေ့ လက်ထပ်ရမှာ ... "
သူ အိမ်ထဲ ဝင်လာတာ ချီယွင် ခိုးကြည့်နေတယ် ။
ခိုးကြည့်နေရင်း ရုတ်တရက် သူ့ ပန်းအိုးကို တိုက်မိပါလေရော ... ။ အဲ့လိုနဲ့ အဖေ ဆူတာ ခံရတယ် ။
အဖေက ရိုးရိုး မဆူဘူး ... အစ်ကိုနဲ့ နှိုင်းယှဥ်ပြီး ဆူတာ .... ဆူမယ်ဆိုလဲ အိမ်မှာ ဧည့်သည် မရှိတုန်း ဆူပေါ့ ... ။
အခုတော့ ... ရှန်း မြင်သွားပြီ ။
ချီယွင် သိသိသာသာ မကျေမနပ်ဖြစ်သွားတယ် ။
စိတ်ရှပ်လို့ ခြံထဲ တစ်ယောက်ထဲ ထိုင်နေတုန်း ရှန်းက သူ့အနား ရောက်လာတယ် ။
သူတော့ ခုနက အဆူ ခံထားရတာမို့ မျက်နှာပူပြီး...
* အရှုပ်ထုပ် * လို့ ပြောပြီး ...
လူကိုပါ တွန်းပြီး ထွက်ပြေးလာခဲ့တယ် ။
တိုင်အနောက်က သူ ပြန်ချောင်းကြည့်တာကို ဘယ်သူ သိမလဲ ! ?
သူ့ နှလုံးတွေ သိသိသာသာ အခုန်မြန်နေခဲ့တယ် ။
.
.
.
အချစ်ဆိုတာ အားနည်းချက်ဘဲ ...
အားနည်းချက်ဆိုတာ ရှင်းပစ်ရတယ် ...
လျှိူမိသားစုမှာ မိခင် မရှိဘူး ။ ဘာကြောင့် မရှိတာလဲ မသိဘူး ... ။ အဖေက အမြဲ အဲ့လို ပြောတယ် ။
ဒါကြောင့် သူ့ အစ်ကိုက သူ့ရှေ့မှာ သူ ချစ်ပါတယ်ဆိုတဲ့ မိန်းကလေးကို သေနတ် ပစ်သတ်လိုက်တယ် ။
အဲ့တာကို မြင်တာနဲ့ ချီယွင် တစ်ကိုယ်လုံး တောင့်သွားတယ် ။
အဲ့ဒီနေရာမှာ ရှန်းသာဆို ... မဖြစ်ဘူး ။
သူ ပြေးထွက်လာခဲ့တယ် ။
သူ သွေးပျက်နေခဲ့တယ် ။
ဒါပေမဲ့ သူ့ဆီကိုဘဲ ဆိုက်ဆိုက်မြိုက်မြိုက် လာခဲ့တဲ့ ရှန်း ...
" ချီယွင် "
ရှန်းက ပြုံးပြီး သူ့ကို ချော့ကလက် ပေးလာတယ်။
" ချော့ကလက်ရဲ့ အဓိပ္ပါယ်က ဘာလဲ သိလား "
ပြုံးပြုံးရွှင်ရွှင်နဲ့ တစ်ခုခုပြောဖို့ ကြံနေစဥ်မှာဘဲ ...
" ရိပေါ့်ကို ချစ်နေတာ ... ငါက "
ချီယွင် ဖြတ်ပြောလိုက်တယ် ။
ရှန်း မျက်လုံးလေးတွေ ဝိုင်းစက်သွားတယ် ။
" ယွင်ကော ... ဒီအရုပ် ကျိုးသွားပြီ "
အိမိအပြင်ကနေ ရိပေါ်လေး ပြေးဝင်လာတယ် ။
" အင်း ... ကော အသစ် ပြန်ဝယ်ပေးမယ် "
" ရိပေါ် ဖြစ်ချင်တာ အားလုံး လုပ်ပေးမယ် "
မထင်မှတ်စွာဘဲ အိမ်ရှေ့မှာ ပေတူးနေအောင် ဆော့နေတဲ့ ကလေးက ပစ်မှတ် ဖြစ်လာခဲ့တယ် ။
အချစ်က လူကို ယဥ်ပါးစေတယ် ။
အချစ်က လူကို ရိုင်းစိုင်းစေတယ် ။
ချစ်ခင်နှစ်သက်သူကို ကြင်နာယုယခွင့်မရတဲ့အခါ အဲ့ဒီလူရဲ့ စိတ်က ဘယ်အရာကို ဦးတည်သွားနိုင်မလဲ ... ။
စိတ်မကောင်းစွာဘဲ ...
ချီယွင်က စိတ္တဇ ဖြစ်သွားခဲ့တယ် ။
ဒါတွေက ဒီလို အခြေအနေကို ဖန်တီးခဲ့တာဘဲ...။
ရှန်း ဆံပင်လေးတွေကို ချီယွင် နူးနူးညံ့ညံ့ နမ်းလိုက်တယ် ။ တဖြည်းဖြည်း အနွေးလျော့လာတဲ့ ကိုယ်ကလေးကို နွေးထွေးအောင် သူ ဖက်ထားပေးပြီး ...။
" ကိုယ်က မင်းကို ကာကွယ်ပေးခဲ့ချင်တာ ... "
.
.
.
" အဲ့လိုဘဲ ... "
" နောင် ဘဝတွေအထိလဲ ကာကွယ်ပေးသွားမှာ "
ကလောက်ခနဲ သေနတ် ခလုတ်ဆွဲလိုက်ချိန်မှာ ရိပေါ် မျက်လုံးတွေ ဝိုင်းစက်သွားတယ် ။
ချီယွင်က သူ့ဦး နှောက်သူ ချိန်ထားတယ် ။
* ဘာလဲ !? *
* သတ်သေဖို့ ကြံနေတာလား !*
* ဟင့်အင်း !
ရိပေါ် ပြေးသွားဖို့ ကြံနေစဥ်မှာဘဲ ...
" ဒိုင်း !"
" အင့် !"
ရိပေါ် တစ်ကိုယ်လုံးက ဆန့်ကျင်ဘက် ဆွဲလှည့်ခံ လိုက်ရတယ် ။ သူ့ခေါင်းလေးက ရင်ခွင်တစ်ခုထဲ ရောက်သွားတယ် ။
" မကြည့်နဲ့ ... ရိပေါ် "
" ကြောက်ဖို့ ကောင်းတယ် "
" အိပ်မက်ဆိုး မက်လိမ့်မယ် "
" ကျန့်ကော "
ရိပေါ် ခေါင်းလေး မော့ကြည့်လိုက်တယ် ။
* တကယ်ဘဲ ကျန့်ကော *
" အဟင့် !"
ကျန့်ကောကို မြင်တာနဲ့ ရိပေါ် ငိုချင်လာပါရော ... ။
" အဟင့် ! ကျန့်ကော "
ကျန့်ကောက သူ့ကို ခပ်တင်းတင်း ဖက်ပြီး ကျောကို ပွတ်ပေးလာတယ် ။
" ကျန့်ကောရေ ... ရှန်းကောကလေ ... "
" ကျွန်တော့်ကြောင့် ... "
" မဟုတ်ပါဘူး ... မင်းကြောင့် မဟုတ်ပါဘူး "
" အဲ့လို မတွေးပါနဲ့ ... "
ကျန့်ကောက ရိပေါ့်ကို ချော့လာတယ် ။
" အားလုံး ပြီးသွားပြီ ... ဟုတ်ပြီလား "
" ဘာမှ မဖြစ်တော့ဘူး "
" မငိုနဲ့တော့ ... "
ဖက်ထားရာက လွတ်ပြီး ရိပေါ့် ပါးပေါ်က မျက်ရည်တွေ သုတ်ပေးလာတယ် ။ ရိပေါ်လဲ ခေါင်းလေးငြိမ့်ပြီး ကျန့်ကော လက်ကို ဆွဲထားလိုက်တယ် ၊။
မကြာခင်မှာဘဲ ချန်ကွေ့နဲ့ ဟုန်ဟွားတို့ ရဲတွေနဲ့ အတူ ရောက်လာကြတယ် ။ .
ဟုန်ဟွားက ရှန်းနဲ့ သူ့ သူငယ်ချင်းကို မြင်ပြီး သည်းထန်စွာ ငိုလာတယ် ။ ချန်ကွေ့က သူမကို
ဖက်ထားပေးလိုက်တယ် ။
သူလဲ စိတ်မကောင်းပါ .... ။
ဖြစ်သွားမှတော့လဲ အကောင်းဆုံး လုပ်ပေးရုံပေါ့ ။
.
.
.
ရဲတွေ စစ်ဆေးတယ် ။
သူတို့ အားလုံး ... မနက်ဖြန် သတင်းစာ ခေါင်းကြီးပိုင်းမှာ ပါလာမဲ့ သတင်းတစ်ပုဒ်ကို ကြို ခန်းမှန်းမိကြတယ် ။
ဒီအပြင် နောက်ထပ် သတင်းတွေကိုရောပေါ့ ...။
.
.
.
အခုတော့ ... မုန်တိုင်းလဲ ငြိမ်သွားပြီ ။
.
.
.
လေပြေလေညှင်းလေးတွေရေ ...
ဒီတစ်ခါတော့ ကောင်းခြင်းတွေကိုဘဲ သယ်ဆောင်ခဲ့ပေးပါ ...။
________________________________________________________________________________________♡
Aini ❤💚
၄ ပိုင်း ကျန်သေးတယ် ။
သေချာလက်စ မသတ်ရသေးတဲ့ အပြင် lusy ပင်ပန်းနေပြီမို့ နားလိုက်ပါရစေ ... ။
lusy ကတိ မတည်သလို ဖြစ်သွားရင် ကျန့်ကောကိုလဲ လုဟွားနဲ့ ကတိ မတည်ဘဲ နေခိုင်းလိုက်ပါ့မယ်။
အဲ့တာဆို ကျေရောပေါ့ ... နော့် ။
စကားမစပ် ၆ ပိုင်းတောင်် up တာနော် ။
44
* ေက်းဇူးျပဳ၍ မလုပ္ပါနဲ႔ ...
* သူ႕ကို ထပ္ၿပီး ေခၚမသြားပါနဲ႔ဗ်ာ ...
* ဒီတစ္ခါ ထပ္ၿပီး ဆုံး႐ႈံးရရင္ ...
ကြၽန္ေတာ္႕ ႏွလုံးသားက ထာဝရ ေသဆုံးသြားမွာ ..."
.
.
.
ကားထဲက ႐ိႈက္သံစြန္းစြန္း ထြက္လာတယ္ ။
ေယာက်္ား ရင့္မာႀကီးရဲ႕ ႐ိႈက္သံမို႔ နားဝင္ မခ်ိဳတာေတာ့ အမွန္ဘဲ ... ။ ဒါေပမဲ့ ပူေဆြးမႈ အလုံးအရင္းက သိသာစြာရယ္ .... ။
.
.
.
ေ႐ွာင္က်န္႔ ကားစတီယာတိုင္ ေပၚ ေခါင္း ေမွာက္ထားဆဲ ... သူ ႐ိႈက္ငိုေနဆဲ ....
ျပင္ပ ပတ္ဝန္းက်င္ကလဲ ဓါတ္တိုင္ လဲ ျခင္းရဲ႕ အက်ိဳးေၾကာင့္ ေမွာင္မဲေနတယ္ ။
ရိေပၚ့ဆီ သြားရမဲ့ လမ္းကလဲ ေပ်ာက္ဆုံးေနတယ္။
ဒီလိုဘဲ လက္ေလ်ာ့လိုက္ရေတာ့မွာလား ဆိုေတာ့ ...
" မေလ်ာ့ဘူး !"
ေ႐ွာင္က်န္႔ ေခါင္းေမာ့လိုက္တယ္ ။
သူ ဆက္႐ွာမယ္ ။
အခုမွ မေတြရင္ မနက္မိုးလင္းအထိ ႐ွာမယ္ ။
မနက္ မိုးလင္းလို႔မွ မေတြ႕ရင္ ေနာင္ရက္ေတြ အထိ ဆက္႐ွာမယ္ ။ သူ႕ တစ္ဘဝလုံး ႐ွာသြားမယ္ ။
ကား စက္ကို ႏိုးလိုက္တယ္ ။
ကားမီးသီးေတြ မီးလင္းမလာေတာ့ ...
.
.
.
အဲ့ဒီအစား ...
" ကလင္ !"
( ၾကားရတဲ့ ေခါင္းေလာင္းသံ ...
ေ႐ွာင္က်န္႔ မ်က္လုံးေတြ က်ယ္သြားတယ္ ။
ေပၚလာတဲ့ လက္သူႂကြယ္က ႀကိဳးနီေလး ...
လင္းလက္စြာဘဲ သြားရမဲ့ လမ္းကို ျပေနတယ္ ။
ေ႐ွာင္က်န္႔ မ်က္ရည္ေတြ ဝိုင္းသြားတယ္ ။
" ရိေပၚ ... "
သူရဲ႕ အေပ်ာ္လြန္စိတ္ကို ထိိန္းဖို႔ မ်က္လုံးေတြ ခဏ မွိတ္ထားလိုက္ရတယ္ ။
ျပန္ဖြင့္လိုက္ေတာ့ ႀကိဳးနီေလး ႐ွိေသးတယ္ ။
သူ ခ်က္ခ်င္းဘဲ ဘဲ့ဂီယာ ထိုးလိုက္ၿပီး ႀကိဳးနီေလး သြားတဲ့ ဘက္ကို ကားျပန္ေကြ႕လိုက္တယ္ ။
" ကိုယ္ လာေနၿပီ ရိေပၚ ...
" လာေနၿပီမို႔ ဘာမွ မျဖစ္ဘဲသာ ႐ွိေနေပး ...
__________
_________♡
" ခ်န္ေကြ႕ ... ႐ွင္ ဘာလုပ္ေနတာလဲ !? "
" စဥ္းစားေနတယ္ ... ခဏ တိတ္ေနေပး ... "
ဟုန္ဟြား တိတ္ေနေပးလိုက္တယ္ ။ သူမလဲ သတင္း သိသိခ်င္း ရဲေတြလဲ တိုင္ထားၿပီးၿပီ ... ေနရာအႏွံ႔လဲ ႐ွာခိုင္းထားၿပီးၿပီ ။
မုန္တိုင္းေၾကာင့္ ေႏွာင့္ေႏွးသြားႏိုင္ေပမဲ့ ဘာမွ,မျဖစ္ဘဲ ျပန္ေတြ႕ရဖို႔ကို ေမွ်ာ္လင့္ရတာဘဲ ... ။
" သိၿပီ ... ကိုယ္ သိၿပီ ဟုန္ဟြား "
ခ်န္႔ေကြ႕က မ်က္လုံးမ်က္ဆံ ျပဴးၿပီး ေျပာလာတယ္။
" ×× ရပ္ကြက္က လွ်ိဳသခင္မႀကီး ေနခဲ့တဲ့ အိမ္ပ်က္ႀကီး ... အဲ့ဒီမွာဘဲ ေနမွာ ... "
" အဲ့တာဆို သြားၾကမယ္ေလ "
" ဟင့္အင္း ... ကိုယ္ သြားႏွင့္မယ္ "
" မင္းက ရဲေတြ ေခၚၿပီး ေနာက္က လိုက္ခဲ့ ... "
" ခ်န္ေကြ႕ !"
" ခ်ီယြင္က ေသနတ္ေတြ ဘာေတြ ယူလာႏိုင္တယ္ "
" အဲ့တာ ဘာျဖစ္လဲ !?"
" ေခၚသြားရေအာင္ ကိုယ္ အ႐ူး မဟုတ္ဘူး "
" ရဲေခၚၿပီးသာ လိုက္ခဲ့ ... "
ခ်န္႔ေကြ႕က ခပ္ျမန္ျမန္ဘဲ ထြက္သြားတယ္ ။
ဟုန္ဟြား စိတ္တိုၿပီး က်န္ခဲ့တယ္ ။
* စိုးရိမ္ေပးေနရေအာင္ သူက ဘာမို႔လိုလဲ !? *
ဟုန္ဟြား ေခါင္းခါၿပီး သူမလဲ ရဲစခန္းဆီ ကားေမာင္းသြားလိုက္တယ္ ။
* ထိခိုက္သြားလို႔ေတာ့ မျဖစ္ေသးပါဘူး *
___________
__________♡
" ကေလာက္ ! " ( ေသနတ္ ခလုတ္ ဆြဲသံ )
ရိေပၚ မ်က္လုံးေတြ မွိတ္ခ်လိုက္တယ္ ။
" ဒိုင္း !"
" အာ့ !"
ေျမႀကီးေပၚ ေသြးေတြ ျဖန္႔က်က္သြားတယ္ ။
" အ့ "
တစ္စုံတစ္ေယာက္ရဲ႕ နာက်င္သြားသံ ...
ပူပူေႏြးေႏြးအရာေတြေၾကာင့္ ေသြးေတြက ရိေပၚ့ မ်က္ႏွာမွာပါ စင္သြားတာ သိလိုက္တယ္ ။
ရိေပၚ မ်က္လုံးေတြ ဖြင့္လိုက္တယ္ ။ အဲ့ဒီ မ်က္လုံးေတြက အဆုံးအစမဲ့ ဝိုင္းစက္သြားတယ္ ။
" ႐ွန္းေကာ !"
႐ွန္းေကာက ရိေပၚ့လက္က ႀကိဳးေတြကို ျဖဳတ္ေပးလာတယ္ ။
ရိေပၚ ၾကည့္လိုက္ေတာ့ ႐ွန္းေကာရဲ႕ အက်ႌရင္ဘတ္မွာ ေသြးထြက္ႀကီး ...
" ႐ွန္းေကာ !"
ရိေပၚ ေသြးပ်က္စြာ ေအာ္ေခၚမိတယ္ ။
႐ွန္းေကာက သူ႕ကို ျပဳံးၿပီး ေခါင္းခါျပတယ္ ။
နာေနတာကို ေအာင့္ထားၿပီး သူ႕ကိုဘဲ ႀကိဳးအတင္း ျဖည္ေပးေနတယ္ ။
ရိေပၚ အသည္းအသန္ ေခါင္းခါေနတယ္ ။
" မဟုတ္ဘူး.! မဟုတ္ဘူး !"
" ေကာ ဘာမွ မျဖစ္ရဘူး !"
" ေကာ ဘာမွ မျဖစ္ရဘူး !"
" ေကာ ဘာမွ မျဖစ္ပါဘူး ... တိတိရဲ႕ "
႐ွန္းေကာက ႀကိဳးေတြ အားလုံး ျဖဳတ္ေပးၿပီးေနာက္မွာ အေနာက္ကို ယိုင္သြာတာမို႔ ရိေပၚ ထိန္းကိုင္လိုက္တယ္ ။
" ေကာ !"
ရိေပၚ ေသခ်ာၾကည့္ေတာ့ ေကာ ရင္ဘတ္မွာ တကယ္ဘဲ ေသနတ္ ဒဏ္ရာ ။
ရိေပၚ အသက္႐ွဴသံေတြ ျမန္လာတယ္ ။
" ေကာ လိမ္တာ ... ! "
" ေကာ ရင္ဘတ္မွာ ဒဏ္ရာႀကီး !"
" ေသြးေတြလဲ အမ်ားႀကီး ! "
ရိေပၚက ေျပာၿပီး မ်က္ရည္ဝိုင္းလာတယ္ ။
" ဟင့္အင္း ... ကြၽန္ေတာ္လဲ ျပန္ကယ္မယ္ "
" ေကာကို ျပန္ကယ္မယ္ "
" ေကာ ခဏ ေထာင့္ခံထား ... "
" ခဏေလး ေထာင့္ခံထားပါဗ် ... "
ရိေပၚက မရဲတရဲနဲ႔ ေသြးထြက္ေနတဲ့ ဒဏ္ရာကို ဖိေပးထားတယ္ ။
သူ မ်က္ရည္ေတြလဲ က်လာတယ္ ။
ေကာက နာတာမို႔ မ်က္ႏွာေလး ႐ႈံ႕မဲ့ရင္း ရိေပၚလက္ကို ထိန္းကိုင္လာတယ္ ။
" ေကာ နာေနၿပီ "
" နာလဲ ခဏေတာ့ ဒီလိုေတာ့ လုပ္ထားရမွာ ... မဟုတ္ရင္ ေကာ ေသြးထြက္လြန္ သြားလိမ့္မယ္ "
ရိေပၚ ဆက္ဖိထားတယ္ ။ ဒါေတာင္ ေသြးေတြ ထြက္ေနေသးတာမ်ား ေၾကာက္ခမန္း လိလိ ... ။
ရိေပၚ လက္ေတြပါ တုန္ရီ လာတယ္ ။ လူက ပိုၿပီး ငိုခ်င္လာတယ္ ။ ထိသြားတာ အဲ့ဒီေနရာမ်ားလား ?
မဟုတ္ပါေစနဲ႔ ...
ေက်းဇူးျပဳၿပီး မဟုတ္ပါေစနဲ႔ ...
" အဟင့္ !" ( ရိေပၚ့ ႐ိႈက္သံ )
ေကာက သူ႕ရင္ဘတ္ေပၚက ရိေပၚ့လက္ကို ဆုပ္ကိုင္လာတယ္ ။
" ဟင့္အင္း ! ေကာ
ကြၽန္ေတာ္႕ လက္ေတြကို မဖယ္လိုက္နဲ႔ !"
ရိေပၚ ျပန္႐ုန္းေတာ့ ေကာက ပိုတင္းတင္း ကိုင္ၿပီး...
" သူ႕ကို အျပစ္မယူပါနဲ႔လားဟင္ "
မ်က္ရည္ဝိုင္းေနတဲ့ မ်က္လုံးေတြနဲ႔ ေျပာလာတယ္ ။
" သူ႕ကို ခြင့္လြတ္ေပးပါ "
" ေကာရာ ... "
ရိေပၚ မခ်ိတင္ကဲ ေရ႐ြတ္မိတယ္ ။
.
.
.
ရိေပၚ အဲ့ဒီလူကို ၾကည့္လိုက္ေတာ့ ေသြးပ်က္ေနတဲ့ အဲ့ဒီလူက ေသနတ္ကို ပစ္ခ်ထားၿပီး သူတို႔ အနားေတာင္ မကပ္ရဲ ... ။
အေဝးကေနဘဲ ထိန္႔လန္႔စြာ ၾကည့္ေနတယ္ ။
" ေကာ သိလား "
" သူက ေကာ အခ်စ္နဲ႔ လုံးဝ မတန္ဘူး "
႐ွန္းေကာက ေခါင္းခါၿပီး ...
" ေကာကို ကတိေပးပါ ရိေပၚ. "
" သူ႕ကို အျပစ္မယူေတာ့ပါဘူးလို႔ ကတိေပးပါ "
ရိေပၚ ဆို႔နင့္စြာ သက္ျပင္းခ်လိုက္တယ္ ။
သူ ဘယ္လိုစိတ္နဲ႔ ခြင့္မလြတ္ဘူး ေျပာရမွာလဲ...။
" ေကာ ေနာက္ဆုံး ဆႏၵပါ ရိေပၚ "
ရိေပၚ ေကာ ရင္ဘတ္ကို ၾကည့္လိုက္တယ္ ။
ၾကမ္းျပင္မွာကို ေသြးေတြက အိုင္ေနၿပီ ။ ေကာ ႏႈတ္ခမ္းေတြက အဆုံးထိ ျဖဴေလ်ာ့ေနၿပီ ။
နာက်င္ေနတာကို သိသိသာသာ ေအာင့္ထားတဲ့ ေကာက ရိေပၚ လက္မေလ်ာ့ခ်င္ေတာင္ အေျခအေနက မေပးေတာ့ၿပီ ။
ေကာက ေနာက္ဆုံး အေျခအေန ေရာက္ေနၿပီ ။
.
.
.
ရိေပၚ လွ်ိဳခ်ီယြင္ကို စိုက္ၾကည့္လိုက္တယ္ ။
* ဒီႏြားက ဘာရပ္လုပ္ေနေသးတာလဲ *
ေကာကို ခဏ ခ်ၿပီး ရိေပၚ အဲ့ဒီလူ ဂုတ္ဆြဲၿပီး သြားေခၚလာလိုက္တယ္ ။
အဲ့ဒီခ်ီယြင္က အသက္မ႐ွိသလို ပါလာခဲ့တယ္ ။
"သူ ဘယ္လိုအေျခအေနလဲ ခင္ဗ်ား မျမင္ဘူးလား"
" အ႐ူး !"
" ခင္ဗ်ား သိလား !"
" ခင္ဗ်ား သတ္ခဲ့တဲ့ ကြၽန္ေတာ္႕ကို ကယ္ခဲ့တာလဲ သူဘဲ ... ကိုမာျဖစ္ေနတုန္း ကုေပးထားတာလဲ သူဘဲ "
" အဲ့တာ ခင္ဗ်ားလို လူကို ခ်စ္လို႔တဲ့ ... ခင္ဗ်ားလို မေကာင္းဆိုးဝါးကို သူက ျဖဴျဖဴစင္စင္ ခ်စ္မိလို႔တဲ့"
" ခင္ဗ်ားကို လူသတ္သမား မျဖစ္ေစခ်င္လို႔တဲ့..."
" ကြၽန္ေတာ္႕ကို အထပ္ထပ္ ေတာင္းပန္ၿပီး ခင္ဗ်ားကို ခြင့္လြတ္ေစတာ ခင္ဗ်ား သိလား !"
" ခင္ဗ်ားက ခ်စ္တယ္လို႔ေတာင္ မေျပာရဲေပမဲ့ သူကက် အသက္ပါ ေပးရဲတယ္ "
" ခင္ဗ်ားနဲ႔ မထိုက္တန္ေပမဲ့ သူက ခင္ဗ်ားကို ..."
" ရိေပၚ ... "
ေကာက နာက်င္ေနလ်က္က တားလာတယ္ ။
" ထပ္ မေျပာပါနဲ႔ေတာ့ ... "
ေတာင္းဆိုေနတဲ့ မ်က္လုံးေလးေတြေၾကာင့္
ရိေပၚ ပါးစပ္ပိတ္ၿပီး မ်က္ႏွာကို တစ္ဖက္ လွည့္လိုက္တယ္ ။
.
.
.
" ဖြီး ! "
႐ွန္း ပါးစပ္က ေသြးေတြ ထြက္က်လာတယ္ ။
ရိေပၚ လွည့္ၾကည့္ေတာ့ လုံးဝ မထိဘဲ ေနတဲ့ သူေၾကာင့္ သူ သြားဖို႔ လုပ္လိုက္ေပမဲ့ ...
ခ်ီယြင္က ႐ွန္းကို ေကာက္ခ်ီလိုက္တယ္ ။
" အိမ္ျပန္ၾကမယ္ ... ႐ွန္း "
" ကိုယ္တို႔ အိမ္ျပန္ၾကမယ္"
" ခ်ီယြင္ ! အဟင့္ !"
ခ်ီယြင္ ခ်ီလိုက္တာေၾကာင့္ ႐ွန္းက ခ်ီယြင္ အက်ႌစကို တင္းေနေအာင္ ကိုင္ၿပီး ငိုလာတယ္ ။
* စကားမေျပာရဘူးထင္တာ ... *
* ငါ မင္းနဲ႔ စကားမေျပာရေတာ့ဘူး ထင္တာ ...*
ခ်ီယြင္ရဲ႕ ရင္ခြင္ထဲ သူ ေခါင္း တိုးဝင္ၿပီး စိတ္ထဲက ဆိုမိတဲ့ စကား ... စကားေလးေတာင္ မေျပာသြားရမွာ သူ ေၾကာက္ေနတာ ... ။
မင္း မသိဘဲ လုပ္ထားတာေတြေၾကာင့္ မင္း စိတ္ဆိုးသြားၿပီ ထင္ေနတာ ... ။
" အိမ္ျပန္ၾကမယ္ ...
အိမ္ေရာက္ရင္ အကုန္ ေကာင္းသြားမွာ ... "
႐ွန္း ရင္ခြင္ထဲကေန ခ်ီယြင့္ကို ေမာ့ၾကည့္လိုက္တယ္။
" ငါ မေရာက္ေတာ့ဘူးထင္တယ္ ခ်ီယြင္ "
နာက်င္ေနတာကို လ်စ္လွ်ဴ႐ႈၿပီး ခ်ီယြင္ ၾကားႏိုင္ေလာက္တဲ့ အသံနဲ႔ သူေျပာေပမဲ့ ခ်ီယြင္က သူေျပာတာ အာ႐ုံမရဘဲ ...
" ကိုယ္ ဒီည မင္းကို ေခ်ာ့သိပ္မယ္ "
" ခ်ီယြင္ "
သူ ဆို႔နင့္စြာ ေခၚလိုက္တယ္ ။
" မနက္စာလဲ လုပ္ေကြၽးမယ္ "
" ... "
" ၾကမ္းျပင္မွာ အိပ္ထားတာမို႔ မင္း ေခါင္းေတြလဲ ညစ္ပတ္ေနၿပီ ... အဲ့တာ ကိုယ္ ေလွ်ာ္ေပးမယ္ "
" အဟင့္! "
႐ွန္းက ခ်ီယြင့္ကို တင္းတင္း ဖက္ထားၿပီး မ်က္ခြံပါးပါးေလးဆီက မ်က္ရည္ေတြ စိမ့္က်လာတယ္ ။
* ငါ မင္းကို ဘယ္လို စိတ္ခ်ရပါ့မလဲ *
" ေနာက္ကို ညတိုင္း အတူ ႐ွိေပးပါ့မယ္ "
" ကိုယ္ အခု မင္းေျပာသမွ်လဲ နားေထာင္မယ္"
" အ့ !"
႐ွန္း ပါးစပ္က ေသြးေတြ ထပ္က်လာတယ္ ။
" ဝမ္ရိေပၚကိုလဲ လြတ္ေပးမယ္ "
" မင္း မႀကိဳက္တာေတြလဲ မလုပ္ဘဲေနမယ္ ။
႐ွန္း မ်က္လုံးေတြ ေဝဝါးလာတယ္ ။ ဒါေပမဲ့ သူ႕နားကေလးေတြက ခ်ီယြင္ေျပာတာ နားစြငြ္ေနတုန္း ...။
" မင္းႀကိက္တဲ့ ကႏၲရဆူးပင္ ပန္းအိုးေလးေတြ အမ်ားႀကီး ဝယ္ေပးမယ္ "
" ညခင္းတိုင္း မင္းနဲ႔ အတူတူ ေခြးနဲ႔ ေဆာ့မယ္"
လက္ကေလးေတြ ေျပေလ်ာ့လာတယ္ ။
" ေလတျဖဴးျဖဴးတိုက္တဲ့ အခ်ိန္ မင္း ဆံပင္ေလးေတြကို သပ္ေပးၿပီး မင္း နဖူးကို နမ္းမယ္ "
မ်က္လုံးေလးေတြ တျဖည္္းျဖည္း မွိတ္သြားတယ္ ။
" ကိုယ္ မင္းကို ခ်စ္တယ္ ႐ွန္း "
" ဒီစကားကို ေနာက္ဆို မင္း မ်က္ႏွာေတြ႕တိုင္း
ကိုယ္ေျပာမယ္ ... "
လက္ကေလးတစ္ဖက္ကလဲ ေအာက္က်သြားတယ္။
ေနာက္ဆုံး အလုပ္လုပ္တဲ့ အၾကားအာ႐ုံက မင္း အသံကို ၾကားရေသးတယ္ ခ်ီယြင္ ... ။
ခ်စ္တယ္တဲ့လား ...
ငါ ဒီစကား သိပ္ ၾကားခ်င္ေနတာ ...
" မင္းေရာ ... ကိုယ့္ကို ခ်စ္လား ... ႐ွန္း "
ခ်စ္တာေပါ့ ...
ငါ ငယ္ငယ္ မင္းအိမ္ စလာတုန္းက ...
မင္း အစ္ကိုနဲ႔ အႏိႈင္းခံရလို႔ မေက်မနပ္ ျဖစ္ေနတဲ့ မင္း မ်က္ႏွာ ျမင္ကတည္းက စခ်စ္ခဲ့တာေပါ့ ...။
ငါ မင္းကို ေခ်ာ့ဖို႔လာေတာ့ မင္းက ငါ့ကို အ႐ႈပ္ထုတ္ဆိုၿပီး တြန္းထုတ္ခဲ့ေသးတယ္ေလ ... ။
ငါ အဲ့ကတည္းက မင္းကို စခ်စ္ခဲ့တာ ... ။
ငါ လဲ မင္းကို သိပ္ ခ်စ္တာေပါ့ ... ။
" ႐ွန္း "
" ႐ွန္းေရ ... "
" ကိုယ္ ေမးတာ ေျဖဦးေလ "
" ႐ွန္း ... "
ခ်ီယြင္က သူ႕ရင္ခြင္ထဲက ႐ွန္းကို လႈပ္ႏိုးေနတယ္ ။
" မင္း ကိုယ့္ကို ခ်စ္တယ္လို႔ ေျပာဦးေလကြာ ... "
" ႐ွန္း "
" ကိုယ္ မင္းေျပာတာ ၾကားခ်င္ေသးတယ္ေလ "
" ႐ွန္း "
ခ်ီယြင္ လႈပ္ႏိုးရင္း ႐ွန္းရဲ႕ ေခါင္းေလးက အေနာက္ကို ေစာင္းသြားတယ္ ။ လည္တိုင္ ေက်ာ့ေက်ာ့ကေလးက အတိုင္းသား ေပၚလာတယ္ ။
" ႐ွန္း "
ခ်ီယြင္ ႐ွန္းရင္ဘတ္နဲ႔ သူ႕နားကို ကပ္လိုက္တယ္ ။
* ဘာသံမွ မၾကားရ *
" ႐ွန္း ... ထပါဦးကြာ "
သူ႕ ႏႈတ္ခမ္းေလးကို နမ္းလိုက္တယ္ ။
သူေတာင္ မေရရာဘဲ သူ႕ မ်က္ဝန္းထဲက မ်က္ရည္က်လာခဲ့တယ္ ။
" ႐ွန္း "
" မင္း ဘယ္သြားတာလဲကြာ "
" ကိုယ္ ေခၚတာလဲ မထူးဘူး "
.
.
.
" ႐ွန္းေရ ... "
" ကိုယ့္ကို ေျဖေပးပါဦး "
" မင္း ဘယ္ေရာက္ေနတာလဲ ?:
မ်က္စိေ႐ွ႕က သူကို ေခၚေနတဲ့ ခ်ီယြင္က အ႐ူးတစ္ေယာက္လို ... ။ သူ႕လက္ေတြက ႐ွန္းကို တင္းတင္းဖက္ထားၿပီး ရင္ဘတ္က နားကို တစ္ခါ ထပ္ကပ္လိုက္တယ္ ။
" ႐ွန္း "
" ကိုယ္ လိုက္လာခဲ့ရမလားဟင္ ?"
" အဲ့မွာ မင္းတစ္ေယာက္ထဲ အထီးက်န္ေနမွာေပါ့"
ခ်ီယြင္က သူ႕ခါးထဲက ေသနတ္ ေနာက္တစ္လက္ကို ထုတ္လိုက္တယ္ ။ ႐ွန္းရဲ႕ ဦးေခါင္းေလးကို သူ႕ပါးနဲ႔ ထိလိုက္တဲ့ခဏ ...
အတိတ္ေတြ ျပန္ ျမင္ေယာင္ လာတယ္ ။
* ႐ွန္းတဲ့ ... အဲ့တာ ... *
* မင္းနဲ႔ တစ္ေန႔ လက္ထပ္ရမွာ ... "
သူ အိမ္ထဲ ဝင္လာတာ ခ်ီယြင္ ခိုးၾကည့္ေနတယ္ ။
ခိုးၾကည့္ေနရင္း ႐ုတ္တရက္ သူ႕ ပန္းအိုးကို တိုက္မိပါေလေရာ ... ။ အဲ့လိုနဲ႔ အေဖ ဆူတာ ခံရတယ္ ။
အေဖက ႐ိုး႐ိုး မဆူဘူး ... အစ္ကိုနဲ႔ ႏိႈင္းယွဥ္ၿပီး ဆူတာ .... ဆူမယ္ဆိုလဲ အိမ္မွာ ဧည့္သည္ မ႐ွိတုန္း ဆူေပါ့ ... ။
အခုေတာ့ ... ႐ွန္း ျမင္သြားၿပီ ။
ခ်ီယြင္ သိသိသာသာ မေက်မနပ္ျဖစ္သြားတယ္ ။
စိတ္႐ွပ္လို႔ ျခံထဲ တစ္ေယာက္ထဲ ထိုင္ေနတုန္း ႐ွန္းက သူ႕အနား ေရာက္လာတယ္ ။
သူေတာ့ ခုနက အဆူ ခံထားရတာမို႔ မ်က္ႏွာပူၿပီး...
* အ႐ႈပ္ထုပ္ * လို႔ ေျပာၿပီး ...
လူကိုပါ တြန္းၿပီး ထြက္ေျပးလာခဲ့တယ္ ။
တိုင္အေနာက္က သူ ျပန္ေခ်ာင္းၾကည့္တာကို ဘယ္သူ သိမလဲ ! ?
သူ႕ ႏွလုံးေတြ သိသိသာသာ အခုန္ျမန္ေနခဲ့တယ္ ။
.
.
.
အခ်စ္ဆိုတာ အားနည္းခ်က္ဘဲ ...
အားနည္းခ်က္ဆိုတာ ႐ွင္းပစ္ရတယ္ ...
လွ်ိဴမိသားစုမွာ မိခင္ မ႐ွိဘူး ။ ဘာေၾကာင့္ မ႐ွိတာလဲ မသိဘူး ... ။ အေဖက အၿမဲ အဲ့လို ေျပာတယ္ ။
ဒါေၾကာင့္ သူ႕ အစ္ကိုက သူ႕ေ႐ွ႕မွာ သူ ခ်စ္ပါတယ္ဆိုတဲ့ မိန္းကေလးကို ေသနတ္ ပစ္သတ္လိုက္တယ္ ။
အဲ့တာကို ျမင္တာနဲ႔ ခ်ီယြင္ တစ္ကိုယ္လုံး ေတာင့္သြားတယ္ ။
အဲ့ဒီေနရာမွာ ႐ွန္းသာဆို ... မျဖစ္ဘူး ။
သူ ေျပးထြက္လာခဲ့တယ္ ။
သူ ေသြးပ်က္ေနခဲ့တယ္ ။
ဒါေပမဲ့ သူ႕ဆီကိုဘဲ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ လာခဲ့တဲ့ ႐ွန္း ...
" ခ်ီယြင္ "
႐ွန္းက ျပဳံးၿပီး သူ႕ကို ေခ်ာ့ကလက္ ေပးလာတယ္။
" ေခ်ာ့ကလက္ရဲ႕ အဓိပၸါယ္က ဘာလဲ သိလား "
ျပဳံးျပဳံး႐ႊင္႐ႊင္နဲ႔ တစ္ခုခုေျပာဖို႔ ၾကံေနစဥ္မွာဘဲ ...
" ရိေပၚ့ကို ခ်စ္ေနတာ ... ငါက "
ခ်ီယြင္ ျဖတ္ေျပာလိုက္တယ္ ။
႐ွန္း မ်က္လုံးေလးေတြ ဝိုင္းစက္သြားတယ္ ။
" ယြင္ေကာ ... ဒီအ႐ုပ္ က်ိဳးသြားၿပီ "
အိမိအျပင္ကေန ရိေပၚေလး ေျပးဝင္လာတယ္ ။
" အင္း ... ေကာ အသစ္ ျပန္ဝယ္ေပးမယ္ "
" ရိေပၚ ျဖစ္ခ်င္တာ အားလုံး လုပ္ေပးမယ္ "
မထင္မွတ္စြာဘဲ အိမ္ေ႐ွ႕မွာ ေပတူးေနေအာင္ ေဆာ့ေနတဲ့ ကေလးက ပစ္မွတ္ ျဖစ္လာခဲ့တယ္ ။
အခ်စ္က လူကို ယဥ္ပါးေစတယ္ ။
အခ်စ္က လူကို ႐ိုင္းစိုင္းေစတယ္ ။
ခ်စ္ခင္ႏွစ္သက္သူကို ၾကင္နာယုယခြင့္မရတဲ့အခါ အဲ့ဒီလူရဲ႕ စိတ္က ဘယ္အရာကို ဦးတည္သြားႏိုင္မလဲ ... ။
စိတ္မေကာင္းစြာဘဲ ...
ခ်ီယြင္က စိတၱဇ ျဖစ္သြားခဲ့တယ္ ။
ဒါေတြက ဒီလို အေျခအေနကို ဖန္တီးခဲ့တာဘဲ...။
႐ွန္း ဆံပင္ေလးေတြကို ခ်ီယြင္ ႏူးႏူးညံ့ညံ့ နမ္းလိုက္တယ္ ။ တျဖည္းျဖည္း အေႏြးေလ်ာ့လာတဲ့ ကိုယ္ကေလးကို ေႏြးေထြးေအာင္ သူ ဖက္ထားေပးၿပီး ...။
" ကိုယ္က မင္းကို ကာကြယ္ေပးခဲ့ခ်င္တာ ... "
.
.
.
" အဲ့လိုဘဲ ... "
" ေနာင္ ဘဝေတြအထိလဲ ကာကြယ္ေပးသြားမွာ "
ကေလာက္ခနဲ ေသနတ္ ခလုတ္ဆြဲလိုက္ခ်ိန္မွာ ရိေပၚ မ်က္လုံးေတြ ဝိုင္းစက္သြားတယ္ ။
ခ်ီယြင္က သူ႕ဦး ေႏွာက္သူ ခ်ိန္ထားတယ္ ။
* ဘာလဲ !? *
* သတ္ေသဖို႔ ၾကံေနတာလား !*
* ဟင့္အင္း !
ရိေပၚ ေျပးသြားဖို႔ ၾကံေနစဥ္မွာဘဲ ...
" ဒိုင္း !"
" အင့္ !"
ရိေပၚ တစ္ကိုယ္လုံးက ဆန္႔က်င္ဘက္ ဆြဲလွည့္ခံ လိုက္ရတယ္ ။ သူ႕ေခါင္းေလးက ရင္ခြင္တစ္ခုထဲ ေရာက္သြားတယ္ ။
" မၾကည့္နဲ႔ ... ရိေပၚ "
" ေၾကာက္ဖို႔ ေကာင္းတယ္ "
" အိပ္မက္ဆိုး မက္လိမ့္မယ္ "
" က်န္႔ေကာ "
ရိေပၚ ေခါင္းေလး ေမာ့ၾကည့္လိုက္တယ္ ။
* တကယ္ဘဲ က်န္႔ေကာ *
" အဟင့္ !"
က်န္႔ေကာကို ျမင္တာနဲ႔ ရိေပၚ ငိုခ်င္လာပါေရာ ... ။
" အဟင့္ ! က်န္႔ေကာ "
က်န္႔ေကာက သူ႕ကို ခပ္တင္းတင္း ဖက္ၿပီး ေက်ာကို ပြတ္ေပးလာတယ္ ။
" က်န္႔ေကာေရ ... ႐ွန္းေကာကေလ ... "
" ကြၽန္ေတာ္႕ေၾကာင့္ ... "
" မဟုတ္ပါဘူး ... မင္းေၾကာင့္ မဟုတ္ပါဘူး "
" အဲ့လို မေတြးပါနဲ႔ ... "
က်န္႔ေကာက ရိေပၚ့ကို ေခ်ာ့လာတယ္ ။
" အားလုံး ၿပီးသြားၿပီ ... ဟုတ္ၿပီလား "
" ဘာမွ မျဖစ္ေတာ့ဘူး "
" မငိုနဲ႔ေတာ့ ... "
ဖက္ထားရာက လြတ္ၿပီး ရိေပၚ့ ပါးေပၚက မ်က္ရည္ေတြ သုတ္ေပးလာတယ္ ။ ရိေပၚလဲ ေခါင္းေလးၿငိမ့္ၿပီး က်န္႔ေကာ လက္ကို ဆြဲထားလိုက္တယ္ ၊။
မၾကာခင္မွာဘဲ ခ်န္ေကြ႕နဲ႔ ဟုန္ဟြားတို႔ ရဲေတြနဲ႔ အတူ ေရာက္လာၾကတယ္ ။ .
ဟုန္ဟြားက ႐ွန္းနဲ႔ သူ႕ သူငယ္ခ်င္းကို ျမင္ၿပီး သည္းထန္စြာ ငိုလာတယ္ ။ ခ်န္ေကြ႕က သူမကို
ဖက္ထားေပးလိုက္တယ္ ။
သူလဲ စိတ္မေကာင္းပါ .... ။
ျဖစ္သြားမွေတာ့လဲ အေကာင္းဆုံး လုပ္ေပး႐ုံေပါ့ ။
.
.
.
ရဲေတြ စစ္ေဆးတယ္ ။
သူတို႔ အားလုံး ... မနက္ျဖန္ သတင္းစာ ေခါင္းႀကီးပိုင္းမွာ ပါလာမဲ့ သတင္းတစ္ပုဒ္ကို ႀကိဳ ခန္းမွန္းမိၾကတယ္ ။
ဒီအျပင္ ေနာက္ထပ္ သတင္းေတြကိုေရာေပါ့ ...။
.
.
.
အခုေတာ့ ... မုန္တိုင္းလဲ ၿငိမ္သြားၿပီ ။
.
.
.
ေလေျပေလညႇင္းေလးေတြေရ ...
ဒီတစ္ခါေတာ့ ေကာင္းျခင္းေတြကိုဘဲ သယ္ေဆာင္ခဲ့ေပးပါ ...။
________________________________________________________________________________________♡
Aini ❤💚
၄ ပိုင္း က်န္ေသးတယ္ ။
ေသခ်ာလက္စ မသတ္ရေသးတဲ့ အျပင္ lusy ပင္ပန္းေနၿပီမို႔ နားလိုက္ပါရေစ ... ။
lusy ကတိ မတည္သလို ျဖစ္သြားရင္ က်န္႔ေကာကိုလဲ လုဟြားနဲ႔ ကတိ မတည္ဘဲ ေနခိုင္းလိုက္ပါ့မယ္။
အဲ့တာဆို ေက်ေရာေပါ့ ... ေနာ္႕ ။
စကားမစပ္ ဒီေန႔ up တာ ခြောက်ပိုင်းပါ ။