A/N ယခုအပိုင္းကိုအက္ဖုေအမ်ားဖတ္ပါက Maskတပ္ထားရန္။သြားၿဖီးေနရင္ က်န္းမာေရးထိခိုက္မႈရွိပါသျဖင့္ ႀကိဳတင္ျပင္ဆင္ပါ...
(+ဖတ္ခ်င္တဲ့ႏွစ္ေယာက္ေရ ငါေတာ့ေရးရင္းနဲ႕🔌ကြၽတ္ခ်င္ေနၿပီ။ေရးေပးလိုက္ၿပီေနာ္ ေက်နပ္ေတာ့🌚🌚)
"ကိုကို ကိုကို ထပါဦး ကိုကို ထပါဦးလို႔..."
"ဟင္ ဟင္ ဘာျဖစ္လို႔လဲအကၡရာ မီးပ်က္ေနတာလား..."
ညႀကီးသန္းေခါင္မီးပ်က္ၿပီးAircornကလဲမလာေတာ့သလို တစ္ကိုယ္လုံးေဆးေတြကပ္ညိကာပူေလာင္ေနတာမို႔ ေရခ်ိဳးခ်င္ေနသည္။ဒီၾကားထဲတစ္ကိုယ္လုံးကိုေရဘဝဲလိုဖက္တြယ္ထားသူေၾကာင့္ ေခြၽးေတြပါစီးက်လာသည္။
"မီးစက္ကေရာ ဘာျဖစ္လို႔လဲမသိဘူး အကၡရာဘာလုပ္ခ်င္လို႔လဲ..."
"ကြၽန္ေတာ္အိုက္တယ္ ေရခ်ိဳးခ်င္တယ္ မီးကေမွာင္ေနလို႔ေၾကာက္လို႔...."
"ခဏ ခဏ ကိုကိုဖုန္းရွာလိုက္ဦးမယ္..."
အေမွာင္ထဲမွာ ဟိုစမ္းဒီစမ္းနဲ႕ေနာက္ဆုံးေတာ့ဖုန္းကိုေတြ႕ရွိသြားသည္။ဖုန္းမီးဖြင့္ရင္း စာၾကည့္စားပြဲေပၚမွမီးအိမ္ေလးကိုထြန္းလိုက္မွ အလင္းေရာင္ကအခန္းထဲျဖန႔္က်က္လာသည္။မီးအလင္းေရာင္ေၾကာင့္ အကၡရာရဲ႕နဖူးေပၚမွာသီးေနတဲ့ေခြၽးစေလးေတြကိုအရွင္းသားျမင္ေနရသည္။
"ေရခ်ိဳးမွာဆို ညႀကီးျမန္ျမန္ခ်ိဳးေနာ္..."
"အင္း မီးအိမ္ေပး...."
မီးအိမ္ေလးယူသြားၿပီး လႈပ္တုတ္လႈပ္တုတ္နဲ႕ေရခ်ိဳးခန္းထဲဝင္သြားသည္။ေရခ်ိဳးခန္းထဲမွ ေရသံေလးေပၚထြက္လာၿပီးခဏအၾကာ ဖုန္းမီးမွာပိတ္က်သြားၿပီး စက္ပါပိတ္သြားေလသည္။ဖုန္းအားကုန္သြားၿပီ...။ေတာ္ေသးတယ္ ေရခ်ိဳးခန္းထဲမွာ ေရပုံးႀကီးထည့္ထားလို႔။နို႔မို႔ဆို ေရခ်ိဳးစရာေတာင္ရွိမွာမဟုတ္ဘူး။မီးစက္ကဘာျဖစ္ျပန္တာလဲမသိဘူး။
"အာ ကိုကို ကိုကိုေရ မီးအိမ္ကပိတ္သြားၿပီ ကိုကို..."
ေရခ်ိဳးခန္းထဲက ထြက္လာတဲ့အသံေလးေၾကာင့္ မႉးေခါင္အၾကပ္ရိုက္သြားသည္။
"ကိုယ့္ဆီမွာလဲ ဖုန္းအားကကုန္ေနတယ္ ကိုယ္လာေခၚမယ္ေနာ္ ၿငိမ္ၿငိမ္ေလးရပ္ေန ေခ်ာ္လဲမယ္..."
အေမွာင္ထဲစမ္းတဝါးဝါးနဲ႕ ေရခ်ိဳးခန္းဆီမွန္းဆသြားေနရသည္။အိပ္ခန္းထဲမွာ စာၾကည့္စားပြဲကလြဲရင္ ဘာမွမထည့္ထားလို႔ေတာ္ေသးသည္။
"ကိုကို ကြၽန္ေတာ္...အားး"
"အကၡရာ.."
"အင့္.."
စကားသံတစ္ဝက္တပ်က္ႏွင့္ နာက်င္စြာေအာ္လိုက္သံေၾကာင့္ရင္ထဲထိတ္သြားၿပီးေျခတစ္လွမ္းအတိုး ႐ုတ္တရက္အရွိန္ႏွင့္ရင္ဘက္ေပၚက်လာတဲ့အနံ႕သင္းသင္းေအးစက္စက္ကိုယ္လုံးေလးေၾကာင့္ လူကပါေနာက္ျပန္လဲက်သြားသည္။မႉးေခါင္ရဲ႕လက္ေတြကလဲ ေရစက္ေတြကပ္ညိေနတဲ့ အိစက္စက္အသားေပၚကိုင္မိလ်က္သားျဖစ္ေနတယ္
"အ အ အကၡရာ..."
"က် ကြၽန္ေတာ္ ေရလဲမေတြ႕လို႔ ဟို ဟို ယူလာခိုင္းမလို႔..."
အခ်ိန္ကိုက္ဆိုတဲ့အရာေတြက အေရးႀကီးကိစၥေတြျဖစ္တဲ့အခ်ိန္မွာကြက္တိျဖစ္လာတက္တယ္။ညအိပ္မီးသီးမေျပာင္းခဲ့ဘဲအိပ္သြားတာမို႔ တစ္ခန္းလုံးလင္းထိန္သြားတဲ့မီးေရာင္ေၾကာင့္မ်က္လုံးေတြပါစူးတက္သြားတယ္။
"လက္ လက္လႊတ္ေပးပါ...အတင္းႀကီးဘယ္ေနရာကိုလာကိုင္ေနတာလဲ ဟင့္ ကိုကို ...."
မ်က္လုံးေပၚလာအုပ္ထားတဲ့လက္ဖဝါးႏုႏုေလးတစ္ဖက္ႏွင့္အတူ တုန္ယင္ေနတဲ့အသံေလးက နားဝင္ပီယံစြာေပၚထြက္လာတယ္။စဝ္အုပ္မႉးေခါင္တစ္ဘဝလုံးအရွက္အကြဲဆုံးအခ်ိန္လို႔ပင္ေျပာ၍ရနိုင္သည္။သူအခုဘာလုပ္လို႔ လုပ္ရမွန္းမသိေအာင္ကိုျဖစ္ေနတယ္။သူ႕ဦးေႏွာက္ကလဲ အသံတုန္တုန္ေလးရဲ႕ႏွိုးေဆာ္မႈကိုလက္ခံရရွိေပမဲ့ ျပန္လဲမတုန႔္ျပန႔္နိုင္ဘဲဗလာနတၳိျဖစ္ေနတယ္။ဒါေပမဲ့ သူ႕လက္ေတြကေတာ....
"အင့္ ကိုကိုလို႔ နာေနၿပီ လူယုတ္မာရဲ႕..အီး..ဟီး.."
"..."
"လူကို အဝတ္စုတ္မွတ္ေနလား ဟင့္..."
အကၡရာစိတ္ေပါက္ေပါက္နဲ႕ တုန္ယင္ေနသည့္ၾကားကအားအင္ေတြကိုစုစည္းၿပီး ဆံပင္ေတြကိုေဆာင့္ဆြဲလိုက္သည္။ထိုအခါမွ ညည္းသံခပ္သဲ့သဲ့ႏွင့္အတူ အတင္းဆုပ္ကိုင္ထားတဲ့လက္ေတြက အားေလ်ာ့သြားသည္။ထိုအခိုင္အတန႔္ေလးတြင္ အကၡရာအျမန္ထကာ ေရခ်ိဳးခန္းထဲျပန္ဝင္ရသည္။
ဒုန္း!!!
တံခါးပိတ္သံၾကမ္းၾကမ္းကိုၾကားလိုက္မွ ဦးေႏွာက္ကပုံမွန္ျပန္အလုပ္လုပ္ေတာ့သည္။က်ိန္းစက္ေနေသာဦးေရျပားကို အသာဖိရင္း မ်က္ႏွာတစ္ခုလုံးပူထူလာသည္။ရွက္လိုက္တာ ရွက္လိုက္တာ..။ေႂကြျပားသာခင္းထားသည္မို႔ အရွိန္ႏွင့္ျပဳတ္က်သည့္အျပင္ ဝိတ္ႏွစ္ဝိတ္စာမို႔ ခါးေရာေနာက္ေက်ာပါေအာင့္ေနသည္။ၾကမ္းျပင္ေပၚက ခပ္ျဖည္းျဖည္းထလိုက္ၿပီး ေရခ်ိဳးခန္းတံခါးနားကပ္ကာ ဘာဆက္လုပ္ရမလဲစဥ္းစားေနရသည္။
'ေတာင္းပန္ရမလား..ဒါမွမဟုတ္ မသိခ်င္ေယာင္ေဆာင္ရမလား..ကိုယ့္ေယာကၤ်ားပဲဆိုၿပီးခပ္တည္တည္ေနလိုက္ရမလား..ေက်နပ္ေအာင္ေတာင္းပန္လိုက္တာေကာင္းမယ္ထင္တယ္ဒါေပမဲ့ သူပိုရွက္သြားရင္ေရာ အားးးေသလိုက္ပါေတာ့စဝ္အုပ္မႉးေခါင္ေရ ေရမရွိတဲ့ေခ်ာင္းႏွာေခါင္းေဖာ္ၿပီးသာေသလိုက္ပါေတာ့လားကြာ...'
ေရခ်ိဳးခန္းေရွ႕တြင္ စဝ္အုပ္မႉးေခါင္ဂနာမၿငိမ္ျဖစ္ေနၿပီး ေခါင္းမီးေတာက္မတက္စဥ္းစားခန္းဖြင့္ေနရသည္။
ေရခ်ိဳးခန္းထဲရွိ ကိုယ္လုံးေပၚမွန္ႀကီးမွာေပၚေနတဲ့ နီနီရဲရဲအစိတ္အပိုင္းကိုၾကည့္ၿပီး အကၡရာတစ္ကိုယ္လုံးတုန္ယင္ေနသည္။ေရခ်ိဳးထားတာကိုပင္ေမ့ေနၿပီး ေခြၽးေတြျပန္ထြက္လာကာ မ်က္ႏွာတစ္ခုလုံးကလဲမ်က္ရည္စက္လက္နဲ႕ ေပါက္ထြက္မထြက္ရဲစုတ္ေနသည္။လူကလဲအလန႔္မေျပေသးဘဲ ရင္ဘက္ထဲကတဒုန္းဒုန္းတဒိုင္းဒိုင္းအသံကိုပါနားစည္ထဲတြင္က်ယ္ေလာင္စြာၾကားေနရသည္။
'ဘယ္လိုလုပ္ရမလဲ သူေပးမကိုင္ခ်င္လို႔မဟုတ္ပါဘူး ႐ုတ္တရက္ဆိုေတာ့အရမ္းလန႔္သြားလို႔ပါ။ႏွေမ်ာေပမဲ့ ကိုကိုက သူ႕ကိုကိုပဲေလ '
"ေဒါက္ ေဒါက္ အကၡရာ ေရလဲလာယူဦး "
တံခါးေခါက္သံကိုၾကားေပမဲ့ အကၡရာမဖြင့္ရဲဘဲ ရင္ဘက္ေလးဖိၿပီးေတာင့္ေတာင့္ေလးရပ္ေနမိသည္။
"အကၡရာ ကိုယ္ေတာင္းပန္ပါတယ္ေနာ္ ကိုယ္ ကိုယ္ ႏွာဘူးမဟုတ္ပါဘူး အဲ့ အဲ့တာက႐ုတ္တရက္ဆိုေတာ့ ကိုင္မိကိုင္ရာ ကိုင္လိုက္မိတာ အကၡရာရဲ႕တင္ပါးဆိုတာ ကိုယ္လုံးဝမသိပါဘူး...အဲ အာ ေသစမ္း ေဆာရီး ေဆာရီး မသိေတာ့ဘူးကြာ ေရ ေရလဲလာယူဦး အေအးပတ္မယ္ေလ..."
အကၡရာခမ်ာ အစကတည္းကရင္တုန္မေျပရတဲ့ၾကား အူေၾကာင္ေၾကာင္ကိုကို႔ေၾကာင့္ ဒူးေတြပါတုန္လာသည္။ကိုင္႐ုံကိုင္တာေတာင္ ဒီေလာက္ရဲတြတ္သြားရင္....
"အကၡရာ တံခါးမဖြင့္ဘူးလား ဖ်က္ၿပီးဝင္လာမွာေနာ္..."
တဒုန္းဒုန္းနဲ႕တံခါးထုသံေတြေၾကာင့္ အကၡရာအသက္ဝဝရႈရင္း တံခါးေလးအနည္းငယ္ဟရင္း လက္ကေလးထုတ္ေပးလိုက္သည္။အကၡရာရဲ႕လက္ေအးေအးေလးကို ခပ္ေႏြးေႏြးလက္ဖဝါးတစ္ဖက္ကလာကိုင္ၿပီး..
"ကိုကို ညအိပ္မီးဖြင့္လိုက္မယ္ေနာ္ ၿပီးရင္ဟိုဘက္လွည့္အိပ္ေပးမွာမို႔ ျမန္ျမန္လဲၿပီးထြက္လာေနာ္ အကၡရာေလး.."
စကားသံအဆုံးမွ လက္ထဲေပ်ာ့အိအိပိုးသားအကၤ်ီေလးႏွင့္တပတ္ေလးေရာက္လာသည္။အဲ့ဒါေလးအျမန္ယူၿပီးတံခါးျပန္ပိတ္ကာ ေရပန္းကိုဖြင့္ခ်ကာ ေရျပန္ခ်ိဳးလိုက္သည္။ၿပီးကာမွေရစင္ေအာင္သုတ္ကာ အကၤ်ီဝတ္ၿပီး အျပင္ကိုေခ်ာင္းၾကည့္လိုက္သည္။မီးေရာင္ခပ္ဝါးဝါးေအာက္တြင္ ေနာက္ေက်ာေပးကာအိပ္ေနသူကိုေတြ႕မွ ေျခဖ်ားေလးေထာက္ကာခပ္ဖြဖြတိုးကပ္သြားၿပီး ေစာင္ေအာက္ဝင္ကာေခြေခါက္ေနလိုက္သည္။
Done✅ !!!
မနက္ကတည္းကတစ္ေနကုန္တိတ္ဆိတ္ေနသလို ညေနထမင္းစားဝိုင္းမွာလဲ ၃ႏွင့္၄ေလးေဘးခ်င္ကပ္ရပ္ရွိေပမဲ့ တည့္တည့္မထိုင္ပဲတေစာင္းထိုင္ေနၾကေသာ အသစ္စက္စက္အိမ္ေထာင္သည္ႏွစ္ေယာက္ကို အေရွ႕မွလူႀကီးသုံးေယာက္ကလဲ ကိုယ့္နည္းကိုယ့္ဟန္နဲ႕အကဲခတ္ေနၾကသည္။ခါတိုင္းဆို သားေတာ္ေမာင္ကလဲ သားမက္ေတာ္ေလးကို ဟိုဟင္းထည့္ေပးဒီဟင္းထည့္ေပးနဲ႕ဝါးမေကြၽး႐ုံတမယ္ သမက္ေတာ္ကေလးကလဲ လက္ညိုးတထိုးထိုးနဲ႕ကေလးလို ထည့္ခိုင္းေနၾက။အခုေတာ့ ဗိုက္ထဲသားသတ္လြတ္ပိုးေတြကိုအစာေကြၽးေနတာၾကေန ထမင္းျဖဴၾကည့္ထိုင္စားေနၾကသည္။ဘာေတြလဲ ဘာျဖစ္ေနၾကတာလဲ...
" အဟမ္း.." "အဟင္း.." "အိမ္း.."
လူႀကီးသုံးေယာက္ဆီမွ ကိုယ္စီအသံေတြေၾကာင့္ ကေလးႏွစ္ေယာက္မွာလဲ ေခါင္းေလးေတြမတ္လာကာျပဴးေၾကာင္ေၾကာင္မ်က္လုံးေလးေတြႏွင့္ၾကည့္လာသည္။
"ဘာျဖစ္တာလဲ ...."
"မင္းတို႔ႏွစ္ေယာက္ ဘာျဖစ္ထားၾကတာလဲ အိမ္ေထာင္ဦးမွာျပႆနာျဖစ္တာမေကာင္းဘူးေနာ္.."
မႉးေခါင္နဲ႕အကၡရာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး မ်က္ႏွာေတြနီရဲလာကာ ခ်က္ခ်င္းျပန္လြဲသြားၾကသည္။
"ေဟာ ၾကည့္ ေမေမ ေမေမ့ေျမေတြကိုေျပာပါဦး..."
"မေျပာခ်င္ပါဘူးေအ သူတို႔လူငယ္ေတြကိုငါလိုက္မမွီဘူး ငါသြားၿပီ တရားေလးဘာေလးသြားနာဦးမယ္ေဟ့..."
ဘြားက ခပ္တည္တည္ႏွင့္ထသြားတာမို႔ ေမေမ့မ်က္ႏွာအနည္းငယ္ရႈံ႕မဲ့သြားသည္။ေဖေဖကလဲ ေရေသာက္ၿပီး ထသြားတာမို႔ ေမေမရယ္သူတို႔ႏွစ္ေယာက္ရယ္သာက်န္ရွိေတာ့သည္။
"ကြၽန္မေမးတာေျဖၾကပါဟဲ့ တကတည္း...စကားျပန္ကမလာဘူး.."
"ဟို ဟို ..."
"စဝ္အုပ္မႉးေခါင္ ဟိုဟိုဒီဒီေတြလုပ္မေနနဲ႕ တည့္တည့္ေျပာ..."
"ဟို ဘာမွမျဖစ္ပါဘူး ဘာမွမျဖစ္ဘူး ေနာ့ အကၡရာ..."
"အင္း..."
"ဘာမွမဟုတ္ဘူးသာေျပာတယ္ တစ္ခုခုေတာ့တစ္ခုခုပဲ..."
"ဟာ ေမေမကလဲ ေခါင္ကဘာမွမျဖစ္ဘူးဆိုဘာမွမျဖစ္ဘူးေပါ့ဗ်ာ..."
"ေအးပါ ဘာမွ...မဟုတ္ဘူးဆိုေတာ့လဲ ဘာမွမဟုတ္ဘူးေပါ့ကြယ္...ဟင္းဟင္း"
ႏွစ္ေယာက္သားတစ္ေယာက္တစ္ခြက္ေပးထားတဲ့ ေရခြက္ကိုလုလို႔လု တစ္ရႉးကိုလုလို႔လုနဲ႕ ရွက္ရမ္းေတြရမ္းေနၾကတာေၾကာင့္ ေမေမ့မွာအထာေပါက္ၿပီး ေခါင္းတရမ္းရမ္းနဲ႕သူပါထသြားေလသည္။ထသြားေလမွ ႏွစ္ေယာက္သားသက္ျပင္းၿပိဳင္တူခ်လိဳက္ၾကသည္။
ထမင္းစားၿပီးကတည္းက အခန္းထဲမေနရဲတာမို႔Balconyမွာ ဖ်ာေလးခင္းကာ လဲေလ်ာင္းၿပီးေနဝင္ရီတေရာရဲ႕ေကာင္းကင္အလွကိုရႈ႕စားေနမိသည္။
"Cloud Zoo..."
လိေမၼာ္ေသြးေရာင္ေနာက္ခံေကာင္းကင္ထက္မွာ ပုံစံအမ်ိဳးမ်ိဳးနဲ႕လွပေနတဲ့တိမ္ေတြ....
"ေဟာ ဟိုးတိမ္ေလးက ပစ္တိုင္းေထာင္ေလးနဲ႕တူလိုက္တာ..ပစ္တိုင္းေထာင္ေလးပုတိုတို မ်က္ႏွာၿပဳံးခ်ိဳခ်ိဳ အဟက္ဟက္ ဟိုတစ္ခုက ေလးေထာင့္ႀကီးပါလား ေလႏွင္ရာေ႐ြ႕သြားေတာ့ ကားပုံျဖစ္သြားၿပီ...အိုး တကယ့္ကိုေဝလငါးပုံပါ့လား ...."
ေဖာင္းႂကြလွပေနတဲ့တိမ္ဆိုင္တိမ္လိပ္ေတြကိုၾကည့္ၿပီး အကၡရာလက္ညိုးကေလးႏွင့္ၫႊန္ၿပီး ႏႈတ္ခမ္းနီေထြးေထြးေလးကေနတတြတ္တြတ္ေျပာေနသည္။
"တိမ္ေတြက တကယ္မာယာမ်ားတာပါပဲ မ်က္ႏွာအမ်ိဳးမ်ိဳးနဲ႕လူေတြကိုလွည့္စားတယ္...မ်က္ေတာင္ခတ္လိုက္တဲ့တစ္ခဏေလးမွာေတာင္ ပုံသ႑ာန္ေျပာင္းသြားၾကတယ္ ဒါေပမဲ့သူတို႔ကလွပၾကတယ္ ေနအလင္းေရာင္ကိုအမွီျပဳၿပီး အေရာင္မ်ိဳးစုံပုံသ႑ာန္မ်ိဳးစုံေျပာင္းၾကတယ္...သူတို႔စိတ္ဆိုးလာၿပီဆို ညာသံေပးလာၿပီး သဲႀကီးမဲႀကီးငိုခ်ၾကတယ္..ေဟာ ဟိုးမွာစစ္သူႀကီးႏွစ္ေယာက္ပါလား သူတို႔တိုက္ခိုက္ေတာ့မွာလား ဒါမွမဟုတ္တစ္ခုခုကိုေဆြးေႏြးေနၾကတာလား..."
အကၡရာပတ္ဝန္းက်င္ကိုေမ့ၿပီး ထိုတိမ္ဆိုင္ႏွစ္ခုရဲ႕ေျပာင္းလဲမႈကိုအာ႐ုံစူးစိုက္ၿပီးၾကည့္ေနမိတယ္...အကၡရာရဲ႕ျမင္ကြင္းထဲ အေၾကာစိမ္းစိမ္းေတြယွက္သန္းေနတဲ့လက္တစ္ဖက္ဝင္လာၿပီး ေလထဲမွာတစ္စုံတစ္ခုကိုေရးဆြဲေနတယ္။ထိုအခ်ိန္မွာ တိမ္ဆိုင္ႏွစ္ခုကလဲ ပုံစံေျပာင္းသြားတယ္။
"သူတိုက ခ်စ္သူေတြေလ သူတို႔ကိစၥတစ္ခုကိုမ်က္ႏွာခ်င္းဆိုင္ေဆြးေႏြးေနၾကတာ..."
"ဟင္..."
"ၾကည့္ သူတို႔ေျပလည္သြားလို႔ ၾကားထဲမွာ အသဲပုံတိမ္ေလးေပၚလာၿပီ။သူတို႔ေဆြးေႏြးမႈက ခ်စ္ျခင္းေမတၱာအျပည့္နဲ႕ေကာင္းမြန္တဲ့ဆုံးျဖတ္ခ်က္ကိုခ်နိဳင္သြားၿပီ..."
"ကိုကိုက ဘယ္လိုသိလဲ...."
"ကိုယ္မသိလို႔ရမလား ကိုယ္ကဖန္ဆင္းရွင္ေလ...."
အကၡရာေခါင္းေလးေစာင္းၿပီး ဘယ္အခ်ိန္တည္းကေရာက္ေနမွန္းမသိတဲ့ ကိုကို႔မ်က္ႏွာတစ္ျခမ္းကိုစူးစိုက္ၾကည့္လိုက္သည္။
"ကိုယ္လဲေတာင္းပန္ပါတယ္ မေတာ္တဆဆိုေပမဲ့ စိတ္ပါသြားလို႔႐ုတ္တရက္မလႊတ္မိတာပါ ခြင့္လႊတ္မယ္မလား..ဟင္ အကၡရာေလး..."
အကၡရာရဲ႕မ်က္ႏွာေလးျဖန္းခနဲပူတက္သြားၿပီး အၾကည့္ေတြကိုေမ်ာလြင့္ေနတဲ့တိမ္ေတြဆီျပန္ပို႔လိုက္သည္။အကၡရာရဲ႕ေခါင္းေလးေအာက္ကို တစ္စုံတစ္ခုေရာက္လာသည္။တစ္ၿပိဳင္နက္အကၡရာရဲ႕နား႐ြက္ႏုႏုကိုကစားလာတဲ့လက္ေခ်ာင္းေတြေၾကာင့္ အကၡရာရဲ႕ေခါင္းေအာက္ကတစ္စုံတစ္ခုကကိုကို႔လက္ဆိုတာ သိလိုက္ရသည္။
ေကာင္းကင္မွာေနေရာင္ေပ်ာက္လာၿပီ တျဖည္းျဖည္းႏွင့္ေမွာင္ရိပ္သန္းကာ တစ္လုံးစႏွစ္လုံးစၾကယ္စင္ေလးေတြေပၚေပါက္လာသည္။ေနေရာင္ေပ်ာက္စေကာင္းကင္ကလဲ တစ္မ်ိဳးလွပတာပါပဲ...
ညေလညင္းကလဲ စေနာက္က်ီစယ္သလိုခပ္စိမ့္စိမ့္ေလးတိုက္ခတ္လာသည္။လက္ျပတ္ေလးသာဝတ္ထားတာမို႔ ၾကက္သီးဖုေလးေတြအနည္းငယ္ထလာသည္။ကိုကို႔ဘက္လွည့္ၾကည့္ေတာ့ စာအုပ္အထူႀကီးကိုေခါင္းခုကာနဖူးေပၚလက္တစ္ဖက္တင္ၿပီး မ်က္လုံးမွိတ္အိပ္ေနပုံပဲ။ေလညင္းကလဲဆက္က်ီစယ္ေနတာမို႔အကၡရာကိုယ္လုံးေလးကလႈပ္႐ြလာသည္။
႐ုတ္တရက္အကၡရာေခါင္းေအာက္က ကိုကို႔လက္ကေျမာက္တက္လာတာမို႔ အကၡရာေခါင္းေလးမွာ ကိုကို႔လက္ေမာင္းဆီေလ်ာက်သြားၿပီး လွည့္ၾကည့္ေနတဲ့ကိုကို႔မ်က္ႏွာႏွင့္အလြန္နီးကပ္သြားသည္။
"တစ္ေနရာတည္းအိပ္ေနေတာ့လက္ေညာင္းလာၿပီ ေနာက္တစ္ေနရာေျပာင္းေပးေနာ္ အကၡရာ..."
တစ္လက္မေလာက္သာျခားေနတဲ့မ်က္ႏွာႏွစ္ခုေၾကာင့္ ကိုကိုဆီကဝင္သက္ထြက္သက္ေႏြးေႏြးေတြဟာ အကၡရာဆီတိုက္ရိုက္သက္ေရာက္လာသည္။အကၡရာလန႔္ၿပီးေခါင္းကိုေနာက္ဆုတ္ေပမဲ့ ေကြးထားတဲ့လက္ေၾကာင့္ က်ဥ္းထဲက်ပ္ထဲေရာက္ကာ လႈပ္မရျဖစ္ေနသည္။
"ေဆးလိပ္နံ႕ရတယ္..."
"ဟင္ အကၡရာဘယ္လိုသိလဲ ေသာက္ဖူးတာလား..."
"အနံ႕ကိုသိတယ္ ေဆးလိပ္ေသာက္တာမေကာင္းဘူး..ဦးေႏွာက္ရွိရင္ေဆးလိပ္မေသာက္ဘူး.."
"ဟင္ ဟားဟားဟား....အားႀကီးနဲ႕ေျပာခ်တာကြာ...အကၡရာမႀကိဳက္ရင္ မေသာက္ေအာင္တားေလ....ဟင္ တားၾကည့္ပါလား ကိုကိုဦးေႏွာက္ရွိရင္ရွိလာမွာေပါ့..."
{A/N မည္သူ႕ကိုမွမရည္႐ြယ္ပါ။ေဆးလိပ္ေသာက္သုံးျခင္းဟာက်န္းမာေရးကိုထိခိုက္ေစပါေသာ္လဲ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေသာက္သုံးေနသည့္သူမ်ားရွိသည္။🙏🙏 }
ေခါင္းေမာ့ကာသြားတန္းေဖြးေဖြးေတြေပၚေပါက္ေအာင္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ရယ္ေမာေနတာေၾကာင့္ ေမ့ေစ့မွအခ်ိဳင့္ေလးႏွစ္ခုကထင္းေအာင္ေပၚေနသလို လည္ပင္းေၾကာေတြပါေထာင္ထခ်င္ေနသည္။အားရပါးရရယ္ေမာေနတာေၾကာင့္အကၡရာရဲ႕စိတ္ကေလးမွာ ပိစိေညာင့္ေတာက္ေလာက္ဆိုးလာၿပီး သြားတန္းေဖြးေဖြးေတြေပၚေအာင္ရယ္ေနတဲ့ႏႈတ္ခမ္းလႊာေတြကို လက္ဖဝါးနဲ႕ဖိပိတ္လိုက္သည္။
မႉးေခါင္မွာ စူစူေအာင့္ေအာင့္နဲ႕ထြက္လာတဲ့အသံေလးကိုသေဘာက်စြာရယ္ေမာေနရင္း ႏႈတ္ခမ္းေပၚေရာက္လာတဲ့ႏုအိအိလက္ကေလးေၾကာင့္ ရယ္သံအနည္းငယ္တိတ္သြားသည္။လက္ကေလးကဝါဂြမ္းလိုႏူးညံ့ေနတာပဲ။ဘာအလုပ္မွမလုပ္ဖူးမွန္းသိသာတယ္။ႏႈတ္ခမ္းေပၚကလက္ကေလးကို အႏူးညံ့ဆုံးနည္းနဲ႕ဆုပ္ကိုင္လိုက္ရင္း တဖြဖြနမ္းေနမိသည္။Marshmallowေလးေတြလိုပဲ အိစက္ေနတာစားၾကည့္ရင္လဲ အရသာရွိမွာေသခ်ာတယ္။
လက္ကေလးကိုနမ္းလို႔ဝမွ ပါးျပင္ဆီကိုကပ္လိုက္ရင္း ေဘးမွမ်က္ႏွာေလးကို ခပ္ၿပဳံးၿပဳံးနဲ႕လွည့္ၾကည့္လိုက္သည္။မ်က္ေမွာင္ၾကဳတ္ေနတဲ့ မ်က္ႏွာေလးေၾကာင့္ ရယ္ခ်င္လာျပန္သည္။သူတကယ္ကို စိတ္အလိုမက်ျဖစ္ေနတာပဲ...
"အကၡရာေလး ဘာလို႔အဲ့လိုၾကည့္ေနတာလဲ ဘာကိုအလိုမက်လိဳ႕လဲ အကၡရာေလးအလိုမက်တာေတြေျဖရွင္းဖို႔နည္းလမ္းေတြရွိပါတယ္ ေျပာ ေျပာ ကိုယ့္ကိုေျပာ မ်က္ႏွာေတာ္ေလးမညိုးေစဖို႔ ကိုယ္ကနည္းလမ္းေတြအစြမ္းကုန္ရွာေပးမွာပါ..ဥပမာ ကြမ္းယာအစား ပီေကေတြစားသလိုေပါ့ ကိုယ့္ကိုဦးေႏွာက္ရွိေစခ်င္တယ္ဆိုရင္ နည္းလမ္းရွိတယ္ေနာ္..."
မႉးေခါင္မ်က္ႏွာက မခ်ိဳမခ်ဥ္အၿပဳံးႀကီးေပၚလာေလ အကၡရာရဲ႕မ်က္ႏွာေလးက ပိုပိုရႈံ႕မဲ့လာေလျဖစ္သည္။မႉးေခါင္ပါးျပင္ေပၚတင္ထားတဲ့လက္ကို႐ုန္ေနေပမဲ့ တမင္ကိုဖိကိုင္ထားလိုက္သည္။အနည္းငယ္ရႈံ႕မဲ့ေနတဲ့မ်က္ႏွာေလးက အနီးကပ္ၾကည့္ေနတာေတာင္႐ုပ္မဆိုးသြား။ႏႈတ္ခမ္းနီေထြးေထြးေလးက အနည္းငယ္တြန႔္ခ်ိဳးေနသလို ႏွာတံစင္းစင္းကိုလဲနည္းနည္းရႈံ႕ထားသည္။မ်က္ေမွာင္ၾကဳတ္ထားဆဲျဖစ္ၿပီး မ်က္ေတာင္ရွည္ေတြက တည္ၿငိမ္ေနကာ မ်က္ဝန္းနီနီေတြမွာ စာေတြအတန္းလိုက္ေပၚေနတယ္။သူစိတ္မရွည္ေတာ့ဘူးတဲ့...
"ကဲပါ ကေလးေလးက ေျဖရွင္းဖို႔နည္းလမ္းေတာင္းဖို႔ရွက္ေနတယ္ဆိုရင္လဲ ဒီကိုကိုကပဲ စိတ္ထားေကာင္းေကာင္းနဲ႕ေျပာျပေပးမယ္..."
အကၡရာရဲ႕ႏႈတ္ခမ္းေလးက စူေထာ္လာၿပီး ဆံပင္နီနီေတြနဲ႕အၿပိဳင္ပါးျပင္ေတြပါနီရဲလာသည္။
မႉးေခါင္သူ႕ပါးျပင္ေပၚတင္ထားတဲ့လက္ကေလးကိုင္ထားတာလႊတ္ေပးလိုက္ၿပီး နီနီရဲရဲႏႈတ္သီးေလးကို အသာပြတ္သပ္ရင္း မ်က္ဝန္းေတြမွာလဲ ရီေဝေဝအခိုးအေငြ႕ေတြေပၚထြက္လာသည္။
"ဒီႏႈတ္ခမ္း ဒီႏႈတ္ခမ္းေလးေတြကို အၿမဲတမ္းအလိုရွိတိုင္းအပိုင္သိမ္းနိုင္သြားခဲ့ရင္ ကိုယ္တကယ္ဦးေႏွာက္ရွိလာမွာ.. အကၡရာရဲ႕ႏႈတ္ခမ္းေတြက ဘာအရသာရွိလဲ အကၡရာႀကိဳက္တဲ့ခ်ိစ့္အရသာေလးလား ဟူးး ႐ူးခ်င္တယ္ ကိုယ္ဘာလို႔ေဆးလိပ္ေသာက္လဲသိလား ကိုယ္အကၡရာကိုေခ်ာ့ဖို႔အႀကံက ေဆးလိပ္ေငြ႕ေတြနဲ႕အတူအျပင္ထြက္လာမလားဆိုၿပီးေသာက္လိုက္တာ။အႀကံေတာ့ထြက္လာပါတယ္ ဒီႏႈတ္ခမ္းေလးေတြကိုေပါက္ထြက္သြားေအာင္နမ္းခ်င္လာတဲ့အႀကံေလ..."
"ေဆးလိပ္မေသာက္နဲ႕ ကြၽန္ေတာ္စိတ္မဆိုးဘူး.."
"အဲ့ဒါဆို ကိုယ္ေျပာတဲ့အႀကံကိုေရာ လက္ခံလား..."
"ဟာ ဟိုမွာ ၾကယ္ေတြထြက္ေနၿပီ လင္းလက္ေနတာပဲ လွလိုက္တာ ရာသီဥတုကေကာင္းေတာ့ ေကာင္းကင္ႀကီးကပိုလွေနတယ္...."
"အကၡရာ..."
"နည္းနည္းေအးတယ္ေနာ္..."
"အကၡရာလို႔..."
"ဒီညၾကယ္ေတြပဲၾကည့္ရမလားမသိဘူး အရမ္းလွေနတယ္..."
"အကၡရာကြာ ႏွိပ္စက္တယ္..."
"ဟိုမွာ ၾကယ္သုံးလုံး ကိုကို..."
"ကိုယ္ကေတာ့ လင္းလက္ေတာက္ပေနတဲ့ၾကယ္နီေလးႏွစ္လုံးကိုပဲေတြ႕တယ္..."
"ေအးတယ္ ဖက္ထား..."
"အင္း ႏႈတ္ခမ္းေလးေရာမေအးဘူးလား...အေႏြးဓာတ္ရေအာင္လုပ္ေပးမယ္ေလ freeေနာ္ "
"မေအးခ်င္ဘူး...."
"ေအးလိုက္ပါ..."
"ဟင့္အင္း..."
4:45PM,Sat
21.8.2021
ေတာ္လိုက္ၾကပါေတာ့ နင္တို႔ႏွစ္ေယာက္ ၾကားထဲကငါရွက္လာၿပီဟဲ့ ဟင့္ စာနာမႈမရွိတဲ့အတြဲေတြ...🥺🥺
ဒီေန႕ေပ်ာ္ေနတာသလား။ထူးထူးဆန္းဆန္းေကာင္မေလးက reviewေရးေပးလို႔ ဟဲဟဲ။
A/N ယခုအပိုင်းကိုအက်ဖုအေများဖတ်ပါက Maskတပ်ထားရန်။သွားဖြီးနေရင် ကျန်းမာရေးထိခိုက်မှုရှိပါသဖြင့် ကြိုတင်ပြင်ဆင်ပါ...
(+ဖတ်ချင်တဲ့နှစ်ယောက်ရေ ငါတော့ရေးရင်းနဲ့🔌ကျွတ်ချင်နေပြီ။ရေးပေးလိုက်ပြီနော် ကျေနပ်တော့🌚🌚)
"ကိုကို ကိုကို ထပါဦး ကိုကို ထပါဦးလို့..."
"ဟင် ဟင် ဘာဖြစ်လို့လဲအက္ခရာ မီးပျက်နေတာလား..."
ညကြီးသန်းခေါင်မီးပျက်ပြီးAircornကလဲမလာတော့သလို တစ်ကိုယ်လုံးဆေးတွေကပ်ညိကာပူလောင်နေတာမို့ ရေချိုးချင်နေသည်။ဒီကြားထဲတစ်ကိုယ်လုံးကိုရေဘဝဲလိုဖက်တွယ်ထားသူကြောင့် ချွေးတွေပါစီးကျလာသည်။
"မီးစက်ကရော ဘာဖြစ်လို့လဲမသိဘူး အက္ခရာဘာလုပ်ချင်လို့လဲ..."
"ကျွန်တော်အိုက်တယ် ရေချိုးချင်တယ် မီးကမှောင်နေလို့ကြောက်လို့...."
"ခဏ ခဏ ကိုကိုဖုန်းရှာလိုက်ဦးမယ်..."
အမှောင်ထဲမှာ ဟိုစမ်းဒီစမ်းနဲ့နောက်ဆုံးတော့ဖုန်းကိုတွေ့ရှိသွားသည်။ဖုန်းမီးဖွင့်ရင်း စာကြည့်စားပွဲပေါ်မှမီးအိမ်လေးကိုထွန်းလိုက်မှ အလင်းရောင်ကအခန်းထဲဖြန့်ကျက်လာသည်။မီးအလင်းရောင်ကြောင့် အက္ခရာရဲ့နဖူးပေါ်မှာသီးနေတဲ့ချွေးစလေးတွေကိုအရှင်းသားမြင်နေရသည်။
"ရေချိုးမှာဆို ညကြီးမြန်မြန်ချိုးနော်..."
"အင်း မီးအိမ်ပေး...."
မီးအိမ်လေးယူသွားပြီး လှုပ်တုတ်လှုပ်တုတ်နဲ့ရေချိုးခန်းထဲဝင်သွားသည်။ရေချိုးခန်းထဲမှ ရေသံလေးပေါ်ထွက်လာပြီးခဏအကြာ ဖုန်းမီးမှာပိတ်ကျသွားပြီး စက်ပါပိတ်သွားလေသည်။ဖုန်းအားကုန်သွားပြီ...။တော်သေးတယ် ရေချိုးခန်းထဲမှာ ရေပုံးကြီးထည့်ထားလို့။နို့မို့ဆို ရေချိုးစရာတောင်ရှိမှာမဟုတ်ဘူး။မီးစက်ကဘာဖြစ်ပြန်တာလဲမသိဘူး။
"အာ ကိုကို ကိုကိုရေ မီးအိမ်ကပိတ်သွားပြီ ကိုကို..."
ရေချိုးခန်းထဲက ထွက်လာတဲ့အသံလေးကြောင့် မှူးခေါင်အကြပ်ရိုက်သွားသည်။
"ကိုယ့်ဆီမှာလဲ ဖုန်းအားကကုန်နေတယ် ကိုယ်လာခေါ်မယ်နော် ငြိမ်ငြိမ်လေးရပ်နေ ချော်လဲမယ်..."
အမှောင်ထဲစမ်းတဝါးဝါးနဲ့ ရေချိုးခန်းဆီမှန်းဆသွားနေရသည်။အိပ်ခန်းထဲမှာ စာကြည့်စားပွဲကလွဲရင် ဘာမှမထည့်ထားလို့တော်သေးသည်။
"ကိုကို ကျွန်တော်...အားး"
"အက္ခရာ.."
"အင့်.."
စကားသံတစ်ဝက်တပျက်နှင့် နာကျင်စွာအော်လိုက်သံကြောင့်ရင်ထဲထိတ်သွားပြီးခြေတစ်လှမ်းအတိုး ရုတ်တရက်အရှိန်နှင့်ရင်ဘက်ပေါ်ကျလာတဲ့အနံ့သင်းသင်းအေးစက်စက်ကိုယ်လုံးလေးကြောင့် လူကပါနောက်ပြန်လဲကျသွားသည်။မှူးခေါင်ရဲ့လက်တွေကလဲ ရေစက်တွေကပ်ညိနေတဲ့ အိစက်စက်အသားပေါ်ကိုင်မိလျက်သားဖြစ်နေတယ်
"အ အ အက္ခရာ..."
"ကျ ကျွန်တော် ရေလဲမတွေ့လို့ ဟို ဟို ယူလာခိုင်းမလို့..."
အချိန်ကိုက်ဆိုတဲ့အရာတွေက အရေးကြီးကိစ္စတွေဖြစ်တဲ့အချိန်မှာကွက်တိဖြစ်လာတက်တယ်။ညအိပ်မီးသီးမပြောင်းခဲ့ဘဲအိပ်သွားတာမို့ တစ်ခန်းလုံးလင်းထိန်သွားတဲ့မီးရောင်ကြောင့်မျက်လုံးတွေပါစူးတက်သွားတယ်။
"လက် လက်လွှတ်ပေးပါ...အတင်းကြီးဘယ်နေရာကိုလာကိုင်နေတာလဲ ဟင့် ကိုကို ...."
မျက်လုံးပေါ်လာအုပ်ထားတဲ့လက်ဖဝါးနုနုလေးတစ်ဖက်နှင့်အတူ တုန်ယင်နေတဲ့အသံလေးက နားဝင်ပီယံစွာပေါ်ထွက်လာတယ်။စဝ်အုပ်မှူးခေါင်တစ်ဘဝလုံးအရှက်အကွဲဆုံးအချိန်လို့ပင်ပြော၍ရနိုင်သည်။သူအခုဘာလုပ်လို့ လုပ်ရမှန်းမသိအောင်ကိုဖြစ်နေတယ်။သူ့ဦးနှောက်ကလဲ အသံတုန်တုန်လေးရဲ့နှိုးဆော်မှုကိုလက်ခံရရှိပေမဲ့ ပြန်လဲမတုန့်ပြန့်နိုင်ဘဲဗလာနတ္ထိဖြစ်နေတယ်။ဒါပေမဲ့ သူ့လက်တွေကတော....
"အင့် ကိုကိုလို့ နာနေပြီ လူယုတ်မာရဲ့..အီး..ဟီး.."
"..."
"လူကို အဝတ်စုတ်မှတ်နေလား ဟင့်..."
အက္ခရာစိတ်ပေါက်ပေါက်နဲ့ တုန်ယင်နေသည့်ကြားကအားအင်တွေကိုစုစည်းပြီး ဆံပင်တွေကိုဆောင့်ဆွဲလိုက်သည်။ထိုအခါမှ ညည်းသံခပ်သဲ့သဲ့နှင့်အတူ အတင်းဆုပ်ကိုင်ထားတဲ့လက်တွေက အားလျော့သွားသည်။ထိုအခိုင်အတန့်လေးတွင် အက္ခရာအမြန်ထကာ ရေချိုးခန်းထဲပြန်ဝင်ရသည်။
ဒုန်း!!!
တံခါးပိတ်သံကြမ်းကြမ်းကိုကြားလိုက်မှ ဦးနှောက်ကပုံမှန်ပြန်အလုပ်လုပ်တော့သည်။ကျိန်းစက်နေသောဦးရေပြားကို အသာဖိရင်း မျက်နှာတစ်ခုလုံးပူထူလာသည်။ရှက်လိုက်တာ ရှက်လိုက်တာ..။ကြွေပြားသာခင်းထားသည်မို့ အရှိန်နှင့်ပြုတ်ကျသည့်အပြင် ဝိတ်နှစ်ဝိတ်စာမို့ ခါးရောနောက်ကျောပါအောင့်နေသည်။ကြမ်းပြင်ပေါ်က ခပ်ဖြည်းဖြည်းထလိုက်ပြီး ရေချိုးခန်းတံခါးနားကပ်ကာ ဘာဆက်လုပ်ရမလဲစဉ်းစားနေရသည်။
'တောင်းပန်ရမလား..ဒါမှမဟုတ် မသိချင်ယောင်ဆောင်ရမလား..ကိုယ့်ယောင်္ကျားပဲဆိုပြီးခပ်တည်တည်နေလိုက်ရမလား..ကျေနပ်အောင်တောင်းပန်လိုက်တာကောင်းမယ်ထင်တယ်ဒါပေမဲ့ သူပိုရှက်သွားရင်ရော အားးးသေလိုက်ပါတော့စဝ်အုပ်မှူးခေါင်ရေ ရေမရှိတဲ့ချောင်းနှာခေါင်းဖော်ပြီးသာသေလိုက်ပါတော့လားကွာ...'
ရေချိုးခန်းရှေ့တွင် စဝ်အုပ်မှူးခေါင်ဂနာမငြိမ်ဖြစ်နေပြီး ခေါင်းမီးတောက်မတက်စဉ်းစားခန်းဖွင့်နေရသည်။
ရေချိုးခန်းထဲရှိ ကိုယ်လုံးပေါ်မှန်ကြီးမှာပေါ်နေတဲ့ နီနီရဲရဲအစိတ်အပိုင်းကိုကြည့်ပြီး အက္ခရာတစ်ကိုယ်လုံးတုန်ယင်နေသည်။ရေချိုးထားတာကိုပင်မေ့နေပြီး ချွေးတွေပြန်ထွက်လာကာ မျက်နှာတစ်ခုလုံးကလဲမျက်ရည်စက်လက်နဲ့ ပေါက်ထွက်မထွက်ရဲစုတ်နေသည်။လူကလဲအလန့်မပြေသေးဘဲ ရင်ဘက်ထဲကတဒုန်းဒုန်းတဒိုင်းဒိုင်းအသံကိုပါနားစည်ထဲတွင်ကျယ်လောင်စွာကြားနေရသည်။
'ဘယ်လိုလုပ်ရမလဲ သူပေးမကိုင်ချင်လို့မဟုတ်ပါဘူး ရုတ်တရက်ဆိုတော့အရမ်းလန့်သွားလို့ပါ။နှမျောပေမဲ့ ကိုကိုက သူ့ကိုကိုပဲလေ '
"ဒေါက် ဒေါက် အက္ခရာ ရေလဲလာယူဦး "
တံခါးခေါက်သံကိုကြားပေမဲ့ အက္ခရာမဖွင့်ရဲဘဲ ရင်ဘက်လေးဖိပြီးတောင့်တောင့်လေးရပ်နေမိသည်။
"အက္ခရာ ကိုယ်တောင်းပန်ပါတယ်နော် ကိုယ် ကိုယ် နှာဘူးမဟုတ်ပါဘူး အဲ့ အဲ့တာကရုတ်တရက်ဆိုတော့ ကိုင်မိကိုင်ရာ ကိုင်လိုက်မိတာ အက္ခရာရဲ့တင်ပါးဆိုတာ ကိုယ်လုံးဝမသိပါဘူး...အဲ အာ သေစမ်း ဆောရီး ဆောရီး မသိတော့ဘူးကွာ ရေ ရေလဲလာယူဦး အအေးပတ်မယ်လေ..."
အက္ခရာခမျာ အစကတည်းကရင်တုန်မပြေရတဲ့ကြား အူကြောင်ကြောင်ကိုကို့ကြောင့် ဒူးတွေပါတုန်လာသည်။ကိုင်ရုံကိုင်တာတောင် ဒီလောက်ရဲတွတ်သွားရင်....
"အက္ခရာ တံခါးမဖွင့်ဘူးလား ဖျက်ပြီးဝင်လာမှာနော်..."
တဒုန်းဒုန်းနဲ့တံခါးထုသံတွေကြောင့် အက္ခရာအသက်ဝဝရှုရင်း တံခါးလေးအနည်းငယ်ဟရင်း လက်ကလေးထုတ်ပေးလိုက်သည်။အက္ခရာရဲ့လက်အေးအေးလေးကို ခပ်နွေးနွေးလက်ဖဝါးတစ်ဖက်ကလာကိုင်ပြီး..
"ကိုကို ညအိပ်မီးဖွင့်လိုက်မယ်နော် ပြီးရင်ဟိုဘက်လှည့်အိပ်ပေးမှာမို့ မြန်မြန်လဲပြီးထွက်လာနော် အက္ခရာလေး.."
စကားသံအဆုံးမှ လက်ထဲပျော့အိအိပိုးသားအင်္ကျီလေးနှင့်တပတ်လေးရောက်လာသည်။အဲ့ဒါလေးအမြန်ယူပြီးတံခါးပြန်ပိတ်ကာ ရေပန်းကိုဖွင့်ချကာ ရေပြန်ချိုးလိုက်သည်။ပြီးကာမှရေစင်အောင်သုတ်ကာ အင်္ကျီဝတ်ပြီး အပြင်ကိုချောင်းကြည့်လိုက်သည်။မီးရောင်ခပ်ဝါးဝါးအောက်တွင် နောက်ကျောပေးကာအိပ်နေသူကိုတွေ့မှ ခြေဖျားလေးထောက်ကာခပ်ဖွဖွတိုးကပ်သွားပြီး စောင်အောက်ဝင်ကာခွေခေါက်နေလိုက်သည်။
Done✅ !!!
မနက်ကတည်းကတစ်နေကုန်တိတ်ဆိတ်နေသလို ညနေထမင်းစားဝိုင်းမှာလဲ ၃နှင့်၄လေးဘေးချင်ကပ်ရပ်ရှိပေမဲ့ တည့်တည့်မထိုင်ပဲတစောင်းထိုင်နေကြသော အသစ်စက်စက်အိမ်ထောင်သည်နှစ်ယောက်ကို အရှေ့မှလူကြီးသုံးယောက်ကလဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့အကဲခတ်နေကြသည်။ခါတိုင်းဆို သားတော်မောင်ကလဲ သားမက်တော်လေးကို ဟိုဟင်းထည့်ပေးဒီဟင်းထည့်ပေးနဲ့ဝါးမကျွေးရုံတမယ် သမက်တော်ကလေးကလဲ လက်ညိုးတထိုးထိုးနဲ့ကလေးလို ထည့်ခိုင်းနေကြ။အခုတော့ ဗိုက်ထဲသားသတ်လွတ်ပိုးတွေကိုအစာကျွေးနေတာကြနေ ထမင်းဖြူကြည့်ထိုင်စားနေကြသည်။ဘာတွေလဲ ဘာဖြစ်နေကြတာလဲ...
" အဟမ်း.." "အဟင်း.." "အိမ်း.."
လူကြီးသုံးယောက်ဆီမှ ကိုယ်စီအသံတွေကြောင့် ကလေးနှစ်ယောက်မှာလဲ ခေါင်းလေးတွေမတ်လာကာပြူးကြောင်ကြောင်မျက်လုံးလေးတွေနှင့်ကြည့်လာသည်။
"ဘာဖြစ်တာလဲ ...."
"မင်းတို့နှစ်ယောက် ဘာဖြစ်ထားကြတာလဲ အိမ်ထောင်ဦးမှာပြဿနာဖြစ်တာမကောင်းဘူးနော်.."
မှူးခေါင်နဲ့အက္ခရာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မျက်နှာတွေနီရဲလာကာ ချက်ချင်းပြန်လွဲသွားကြသည်။
"ဟော ကြည့် မေမေ မေမေ့မြေတွေကိုပြောပါဦး..."
"မပြောချင်ပါဘူးအေ သူတို့လူငယ်တွေကိုငါလိုက်မမှီဘူး ငါသွားပြီ တရားလေးဘာလေးသွားနာဦးမယ်ဟေ့..."
ဘွားက ခပ်တည်တည်နှင့်ထသွားတာမို့ မေမေ့မျက်နှာအနည်းငယ်ရှုံ့မဲ့သွားသည်။ဖေဖေကလဲ ရေသောက်ပြီး ထသွားတာမို့ မေမေရယ်သူတို့နှစ်ယောက်ရယ်သာကျန်ရှိတော့သည်။
"ကျွန်မမေးတာဖြေကြပါဟဲ့ တကတည်း...စကားပြန်ကမလာဘူး.."
"ဟို ဟို ..."
"စဝ်အုပ်မှူးခေါင် ဟိုဟိုဒီဒီတွေလုပ်မနေနဲ့ တည့်တည့်ပြော..."
"ဟို ဘာမှမဖြစ်ပါဘူး ဘာမှမဖြစ်ဘူး နော့ အက္ခရာ..."
"အင်း..."
"ဘာမှမဟုတ်ဘူးသာပြောတယ် တစ်ခုခုတော့တစ်ခုခုပဲ..."
"ဟာ မေမေကလဲ ခေါင်ကဘာမှမဖြစ်ဘူးဆိုဘာမှမဖြစ်ဘူးပေါ့ဗျာ..."
"အေးပါ ဘာမှ...မဟုတ်ဘူးဆိုတော့လဲ ဘာမှမဟုတ်ဘူးပေါ့ကွယ်...ဟင်းဟင်း"
နှစ်ယောက်သားတစ်ယောက်တစ်ခွက်ပေးထားတဲ့ ရေခွက်ကိုလုလို့လု တစ်ရှူးကိုလုလို့လုနဲ့ ရှက်ရမ်းတွေရမ်းနေကြတာကြောင့် မေမေ့မှာအထာပေါက်ပြီး ခေါင်းတရမ်းရမ်းနဲ့သူပါထသွားလေသည်။ထသွားလေမှ နှစ်ယောက်သားသက်ပြင်းပြိုင်တူချလိုက်ကြသည်။
ထမင်းစားပြီးကတည်းက အခန်းထဲမနေရဲတာမို့Balconyမှာ ဖျာလေးခင်းကာ လဲလျောင်းပြီးနေဝင်ရီတရောရဲ့ကောင်းကင်အလှကိုရှု့စားနေမိသည်။
"Cloud Zoo..."
လိမ္မော်သွေးရောင်နောက်ခံကောင်းကင်ထက်မှာ ပုံစံအမျိုးမျိုးနဲ့လှပနေတဲ့တိမ်တွေ....
"ဟော ဟိုးတိမ်လေးက ပစ်တိုင်းထောင်လေးနဲ့တူလိုက်တာ..ပစ်တိုင်းထောင်လေးပုတိုတို မျက်နှာပြုံးချိုချို အဟက်ဟက် ဟိုတစ်ခုက လေးထောင့်ကြီးပါလား လေနှင်ရာရွေ့သွားတော့ ကားပုံဖြစ်သွားပြီ...အိုး တကယ့်ကိုဝေလငါးပုံပါ့လား ...."
ဖောင်းကြွလှပနေတဲ့တိမ်ဆိုင်တိမ်လိပ်တွေကိုကြည့်ပြီး အက္ခရာလက်ညိုးကလေးနှင့်ညွှန်ပြီး နှုတ်ခမ်းနီထွေးထွေးလေးကနေတတွတ်တွတ်ပြောနေသည်။
"တိမ်တွေက တကယ်မာယာများတာပါပဲ မျက်နှာအမျိုးမျိုးနဲ့လူတွေကိုလှည့်စားတယ်...မျက်တောင်ခတ်လိုက်တဲ့တစ်ခဏလေးမှာတောင် ပုံသဏ္ဍာန်ပြောင်းသွားကြတယ် ဒါပေမဲ့သူတို့ကလှပကြတယ် နေအလင်းရောင်ကိုအမှီပြုပြီး အရောင်မျိုးစုံပုံသဏ္ဍာန်မျိုးစုံပြောင်းကြတယ်...သူတို့စိတ်ဆိုးလာပြီဆို ညာသံပေးလာပြီး သဲကြီးမဲကြီးငိုချကြတယ်..ဟော ဟိုးမှာစစ်သူကြီးနှစ်ယောက်ပါလား သူတို့တိုက်ခိုက်တော့မှာလား ဒါမှမဟုတ်တစ်ခုခုကိုဆွေးနွေးနေကြတာလား..."
အက္ခရာပတ်ဝန်းကျင်ကိုမေ့ပြီး ထိုတိမ်ဆိုင်နှစ်ခုရဲ့ပြောင်းလဲမှုကိုအာရုံစူးစိုက်ပြီးကြည့်နေမိတယ်...အက္ခရာရဲ့မြင်ကွင်းထဲ အကြောစိမ်းစိမ်းတွေယှက်သန်းနေတဲ့လက်တစ်ဖက်ဝင်လာပြီး လေထဲမှာတစ်စုံတစ်ခုကိုရေးဆွဲနေတယ်။ထိုအချိန်မှာ တိမ်ဆိုင်နှစ်ခုကလဲ ပုံစံပြောင်းသွားတယ်။
"သူတိုက ချစ်သူတွေလေ သူတို့ကိစ္စတစ်ခုကိုမျက်နှာချင်းဆိုင်ဆွေးနွေးနေကြတာ..."
"ဟင်..."
"ကြည့် သူတို့ပြေလည်သွားလို့ ကြားထဲမှာ အသဲပုံတိမ်လေးပေါ်လာပြီ။သူတို့ဆွေးနွေးမှုက ချစ်ခြင်းမေတ္တာအပြည့်နဲ့ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်သွားပြီ..."
"ကိုကိုက ဘယ်လိုသိလဲ...."
"ကိုယ်မသိလို့ရမလား ကိုယ်ကဖန်ဆင်းရှင်လေ...."
အက္ခရာခေါင်းလေးစောင်းပြီး ဘယ်အချိန်တည်းကရောက်နေမှန်းမသိတဲ့ ကိုကို့မျက်နှာတစ်ခြမ်းကိုစူးစိုက်ကြည့်လိုက်သည်။
"ကိုယ်လဲတောင်းပန်ပါတယ် မတော်တဆဆိုပေမဲ့ စိတ်ပါသွားလို့ရုတ်တရက်မလွှတ်မိတာပါ ခွင့်လွှတ်မယ်မလား..ဟင် အက္ခရာလေး..."
အက္ခရာရဲ့မျက်နှာလေးဖြန်းခနဲပူတက်သွားပြီး အကြည့်တွေကိုမျောလွင့်နေတဲ့တိမ်တွေဆီပြန်ပို့လိုက်သည်။အက္ခရာရဲ့ခေါင်းလေးအောက်ကို တစ်စုံတစ်ခုရောက်လာသည်။တစ်ပြိုင်နက်အက္ခရာရဲ့နားရွက်နုနုကိုကစားလာတဲ့လက်ချောင်းတွေကြောင့် အက္ခရာရဲ့ခေါင်းအောက်ကတစ်စုံတစ်ခုကကိုကို့လက်ဆိုတာ သိလိုက်ရသည်။
ကောင်းကင်မှာနေရောင်ပျောက်လာပြီ တဖြည်းဖြည်းနှင့်မှောင်ရိပ်သန်းကာ တစ်လုံးစနှစ်လုံးစကြယ်စင်လေးတွေပေါ်ပေါက်လာသည်။နေရောင်ပျောက်စကောင်းကင်ကလဲ တစ်မျိုးလှပတာပါပဲ...
ညလေညင်းကလဲ စနောက်ကျီစယ်သလိုခပ်စိမ့်စိမ့်လေးတိုက်ခတ်လာသည်။လက်ပြတ်လေးသာဝတ်ထားတာမို့ ကြက်သီးဖုလေးတွေအနည်းငယ်ထလာသည်။ကိုကို့ဘက်လှည့်ကြည့်တော့ စာအုပ်အထူကြီးကိုခေါင်းခုကာနဖူးပေါ်လက်တစ်ဖက်တင်ပြီး မျက်လုံးမှိတ်အိပ်နေပုံပဲ။လေညင်းကလဲဆက်ကျီစယ်နေတာမို့အက္ခရာကိုယ်လုံးလေးကလှုပ်ရွလာသည်။
ရုတ်တရက်အက္ခရာခေါင်းအောက်က ကိုကို့လက်ကမြောက်တက်လာတာမို့ အက္ခရာခေါင်းလေးမှာ ကိုကို့လက်မောင်းဆီလျောကျသွားပြီး လှည့်ကြည့်နေတဲ့ကိုကို့မျက်နှာနှင့်အလွန်နီးကပ်သွားသည်။
"တစ်နေရာတည်းအိပ်နေတော့လက်ညောင်းလာပြီ နောက်တစ်နေရာပြောင်းပေးနော် အက္ခရာ..."
တစ်လက်မလောက်သာခြားနေတဲ့မျက်နှာနှစ်ခုကြောင့် ကိုကိုဆီကဝင်သက်ထွက်သက်နွေးနွေးတွေဟာ အက္ခရာဆီတိုက်ရိုက်သက်ရောက်လာသည်။အက္ခရာလန့်ပြီးခေါင်းကိုနောက်ဆုတ်ပေမဲ့ ကွေးထားတဲ့လက်ကြောင့် ကျဉ်းထဲကျပ်ထဲရောက်ကာ လှုပ်မရဖြစ်နေသည်။
"ဆေးလိပ်နံ့ရတယ်..."
"ဟင် အက္ခရာဘယ်လိုသိလဲ သောက်ဖူးတာလား..."
"အနံ့ကိုသိတယ် ဆေးလိပ်သောက်တာမကောင်းဘူး..ဦးနှောက်ရှိရင်ဆေးလိပ်မသောက်ဘူး.."
"ဟင် ဟားဟားဟား....အားကြီးနဲ့ပြောချတာကွာ...အက္ခရာမကြိုက်ရင် မသောက်အောင်တားလေ....ဟင် တားကြည့်ပါလား ကိုကိုဦးနှောက်ရှိရင်ရှိလာမှာပေါ့..."
{A/N မည်သူ့ကိုမှမရည်ရွယ်ပါ။ဆေးလိပ်သောက်သုံးခြင်းဟာကျန်းမာရေးကိုထိခိုက်စေပါသော်လဲ အကြောင်းအမျိုးမျိုးကြောင့်သောက်သုံးနေသည့်သူများရှိသည်။🙏🙏 }
ခေါင်းမော့ကာသွားတန်းဖွေးဖွေးတွေပေါ်ပေါက်အောင်နှစ်နှစ်ခြိုက်ခြိုက်ရယ်မောနေတာကြောင့် မေ့စေ့မှအချိုင့်လေးနှစ်ခုကထင်းအောင်ပေါ်နေသလို လည်ပင်းကြောတွေပါထောင်ထချင်နေသည်။အားရပါးရရယ်မောနေတာကြောင့်အက္ခရာရဲ့စိတ်ကလေးမှာ ပိစိညောင့်တောက်လောက်ဆိုးလာပြီး သွားတန်းဖွေးဖွေးတွေပေါ်အောင်ရယ်နေတဲ့နှုတ်ခမ်းလွှာတွေကို လက်ဖဝါးနဲ့ဖိပိတ်လိုက်သည်။
မှူးခေါင်မှာ စူစူအောင့်အောင့်နဲ့ထွက်လာတဲ့အသံလေးကိုသဘောကျစွာရယ်မောနေရင်း နှုတ်ခမ်းပေါ်ရောက်လာတဲ့နုအိအိလက်ကလေးကြောင့် ရယ်သံအနည်းငယ်တိတ်သွားသည်။လက်ကလေးကဝါဂွမ်းလိုနူးညံ့နေတာပဲ။ဘာအလုပ်မှမလုပ်ဖူးမှန်းသိသာတယ်။နှုတ်ခမ်းပေါ်ကလက်ကလေးကို အနူးညံ့ဆုံးနည်းနဲ့ဆုပ်ကိုင်လိုက်ရင်း တဖွဖွနမ်းနေမိသည်။Marshmallowလေးတွေလိုပဲ အိစက်နေတာစားကြည့်ရင်လဲ အရသာရှိမှာသေချာတယ်။
လက်ကလေးကိုနမ်းလို့ဝမှ ပါးပြင်ဆီကိုကပ်လိုက်ရင်း ဘေးမှမျက်နှာလေးကို ခပ်ပြုံးပြုံးနဲ့လှည့်ကြည့်လိုက်သည်။မျက်မှောင်ကြုတ်နေတဲ့ မျက်နှာလေးကြောင့် ရယ်ချင်လာပြန်သည်။သူတကယ်ကို စိတ်အလိုမကျဖြစ်နေတာပဲ...
"အက္ခရာလေး ဘာလို့အဲ့လိုကြည့်နေတာလဲ ဘာကိုအလိုမကျလို့လဲ အက္ခရာလေးအလိုမကျတာတွေဖြေရှင်းဖို့နည်းလမ်းတွေရှိပါတယ် ပြော ပြော ကိုယ့်ကိုပြော မျက်နှာတော်လေးမညိုးစေဖို့ ကိုယ်ကနည်းလမ်းတွေအစွမ်းကုန်ရှာပေးမှာပါ..ဥပမာ ကွမ်းယာအစား ပီကေတွေစားသလိုပေါ့ ကိုယ့်ကိုဦးနှောက်ရှိစေချင်တယ်ဆိုရင် နည်းလမ်းရှိတယ်နော်..."
မှူးခေါင်မျက်နှာက မချိုမချဉ်အပြုံးကြီးပေါ်လာလေ အက္ခရာရဲ့မျက်နှာလေးက ပိုပိုရှုံ့မဲ့လာလေဖြစ်သည်။မှူးခေါင်ပါးပြင်ပေါ်တင်ထားတဲ့လက်ကိုရုန်နေပေမဲ့ တမင်ကိုဖိကိုင်ထားလိုက်သည်။အနည်းငယ်ရှုံ့မဲ့နေတဲ့မျက်နှာလေးက အနီးကပ်ကြည့်နေတာတောင်ရုပ်မဆိုးသွား။နှုတ်ခမ်းနီထွေးထွေးလေးက အနည်းငယ်တွန့်ချိုးနေသလို နှာတံစင်းစင်းကိုလဲနည်းနည်းရှုံ့ထားသည်။မျက်မှောင်ကြုတ်ထားဆဲဖြစ်ပြီး မျက်တောင်ရှည်တွေက တည်ငြိမ်နေကာ မျက်ဝန်းနီနီတွေမှာ စာတွေအတန်းလိုက်ပေါ်နေတယ်။သူစိတ်မရှည်တော့ဘူးတဲ့...
"ကဲပါ ကလေးလေးက ဖြေရှင်းဖို့နည်းလမ်းတောင်းဖို့ရှက်နေတယ်ဆိုရင်လဲ ဒီကိုကိုကပဲ စိတ်ထားကောင်းကောင်းနဲ့ပြောပြပေးမယ်..."
အက္ခရာရဲ့နှုတ်ခမ်းလေးက စူထော်လာပြီး ဆံပင်နီနီတွေနဲ့အပြိုင်ပါးပြင်တွေပါနီရဲလာသည်။
မှူးခေါင်သူ့ပါးပြင်ပေါ်တင်ထားတဲ့လက်ကလေးကိုင်ထားတာလွှတ်ပေးလိုက်ပြီး နီနီရဲရဲနှုတ်သီးလေးကို အသာပွတ်သပ်ရင်း မျက်ဝန်းတွေမှာလဲ ရီဝေဝေအခိုးအငွေ့တွေပေါ်ထွက်လာသည်။
"ဒီနှုတ်ခမ်း ဒီနှုတ်ခမ်းလေးတွေကို အမြဲတမ်းအလိုရှိတိုင်းအပိုင်သိမ်းနိုင်သွားခဲ့ရင် ကိုယ်တကယ်ဦးနှောက်ရှိလာမှာ.. အက္ခရာရဲ့နှုတ်ခမ်းတွေက ဘာအရသာရှိလဲ အက္ခရာကြိုက်တဲ့ချိစ့်အရသာလေးလား ဟူးး ရူးချင်တယ် ကိုယ်ဘာလို့ဆေးလိပ်သောက်လဲသိလား ကိုယ်အက္ခရာကိုချော့ဖို့အကြံက ဆေးလိပ်ငွေ့တွေနဲ့အတူအပြင်ထွက်လာမလားဆိုပြီးသောက်လိုက်တာ။အကြံတော့ထွက်လာပါတယ် ဒီနှုတ်ခမ်းလေးတွေကိုပေါက်ထွက်သွားအောင်နမ်းချင်လာတဲ့အကြံလေ..."
"ဆေးလိပ်မသောက်နဲ့ ကျွန်တော်စိတ်မဆိုးဘူး.."
"အဲ့ဒါဆို ကိုယ်ပြောတဲ့အကြံကိုရော လက်ခံလား..."
"ဟာ ဟိုမှာ ကြယ်တွေထွက်နေပြီ လင်းလက်နေတာပဲ လှလိုက်တာ ရာသီဥတုကကောင်းတော့ ကောင်းကင်ကြီးကပိုလှနေတယ်...."
"အက္ခရာ..."
"နည်းနည်းအေးတယ်နော်..."
"အက္ခရာလို့..."
"ဒီညကြယ်တွေပဲကြည့်ရမလားမသိဘူး အရမ်းလှနေတယ်..."
"အက္ခရာကွာ နှိပ်စက်တယ်..."
"ဟိုမှာ ကြယ်သုံးလုံး ကိုကို..."
"ကိုယ်ကတော့ လင်းလက်တောက်ပနေတဲ့ကြယ်နီလေးနှစ်လုံးကိုပဲတွေ့တယ်..."
"အေးတယ် ဖက်ထား..."
"အင်း နှုတ်ခမ်းလေးရောမအေးဘူးလား...အနွေးဓာတ်ရအောင်လုပ်ပေးမယ်လေ freeနော် "
"မအေးချင်ဘူး...."
"အေးလိုက်ပါ..."
"ဟင့်အင်း..."
4:45PM,Sat
21.8.2021
တော်လိုက်ကြပါတော့ နင်တို့နှစ်ယောက် ကြားထဲကငါရှက်လာပြီဟဲ့ ဟင့် စာနာမှုမရှိတဲ့အတွဲတွေ...🥺🥺
ဒီနေ့ပျော်နေတာသလား။ထူးထူးဆန်းဆန်းကောင်မလေးက reviewရေးပေးလို့ ဟဲဟဲ။