แ€žแ€›แ€ฒแ€›แ€ฌแ€‡แ€แ€„แ€นแ€™แ€บแ€ฌแ€ธแ€‘แ€ฒแŒแ€แ€บแ€…แ€นแ€€แ€ผแ€บแ€™แ€นแ€ธแ€แ€„แ€น...

By Hot_Tofu1

361K 53.5K 5.9K

Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are... More

Introduction {Z}
Introduction {U}
แ€กแ€แ€ผแ€ฒ แ , แ.แ { Z }
แ€กแ€แ€ฝแ€ฒ แ , แ.แ { U }
แ.แ‚ {Z}
แ.แ‚ {U}
แ‚.แ {Z}
แ‚.แ {U}
แ‚.แ‚ {Z}
แ‚.แ‚ {U}
แƒ.แ {Z}
แƒ.แ {U}
แƒ.แ‚ {Z}
แƒ.แ‚ {U}
แ„.แ {Z}
แ„.แ {U}
แ„.แ‚ {Z}
แ„.แ‚ {U}
แ….แ {Z}
แ….แ {U}
แ….แ‚ {Z}
แ….แ‚ {U}
แ†.แ {Z}
แ†.แ {U}
แ†.แ‚ {U}
แ†.แ‚ {Z}
แ‡.แ {Z}
แ‡.แ {U}
แ‡.แ‚ {Z}
แ‡.แ‚ {U}
แˆ.แ {Z}
แˆ.แ {U}
แˆ.แ‚ {Z}
แˆ.แ‚ {U}
แ‰.แ {Z}
แ‰.แ {U}
แ‰.แ‚ {Z}
แ‰.แ‚ {U}
แแ€.แ {Z}
แแ€.แ {U}
แแ€.แ‚ {Z}
แแ€.แ‚ {U}
แแ.แ {Z}
แแ.แ {U}
แแ.แ‚ {Z}
แแ.แ‚ {U}
แแ‚ {Z}
แแ‚ {U}
แแƒ.แ {Z}
แแƒ.แ {U}
แแƒ.แ‚ {Z}
แแƒ.แ‚ {U}
แแ„.แ {U}
แแ„.แ‚ {Z}
แแ„.แ‚ {U}
แแ….แ {Z}
แแ….แ {U}
แแ….แ‚ {Z}
แแ….แ‚ {U}
แแ….แƒ {Z}
แแ….แƒ {U}
แแ†.แ {Z}
แแ†.แ {U}
แแ†.แ‚ {Z}
แแ†.แ‚ {U}
แ€กแ€แ€ผแ€ฒ แ‚ , แแ‡.แ {Z}
แ€กแ€แ€ฝแ€ฒแ‚ , แแ‡.แ {U}
แแ‡.แ‚ {Z}
แแ‡.แ‚ {U}
แแˆ.แ {Z}
แแˆ.แ {U}
แแˆ.แ‚ {Z}
แแˆ.แ‚ {U}
แแ‰ {Z}
แแ‰ {U}
แ‚แ€ {Z}
แ‚แ€ {U}
แ‚แ.แ {Z}
แ‚แ.แ {U}
แ‚แ.แ‚ {Z}
แ‚แ.แ‚ {U}
แ‚แ‚.แ {Z}
แ‚แ‚.แ {U}
แ‚แ‚.แ‚ {Z}
แ‚แ‚.แ‚ {U}
แ‚แ‚.แƒ {Z}
แ‚แ‚.แƒ {U}
แ‚แƒ.แ {Z}
แ‚แƒ.แ {U}
แ‚แƒ.แ‚ {Z}
แ‚แƒ.แ‚ {U}
แ‚แ„.แ {Z}
แ‚แ„.แ {U}
แ‚แ„.แ‚ {Z}
แ‚แ„.แ‚ {U}
แ‚แ….แ {Z}
แ‚แ….แ {U}
แ‚แ….แ‚ {Z}
แ‚แ….แ‚ {U}
แ‚แ†.แ {Z}
แ‚แ†.แ {U}
แ‚แ†.แ‚ {Z}
แ‚แ†.แ‚ {U}
แ‚แ‡.แ {Z}
แ‚แ‡.แ {U}
แ‚แ‡.แ‚ {Z}
แ‚แ‡.แ‚ {U}
แ‚แˆ.แ‚ {Z}
แ‚แˆ.แ {Z}
แ‚แ‰.แ {Z}
แ‚แˆ.แ {U}
แ‚แˆ.แ‚ {U}
แ‚แ‰.แ {U}
แ‚แ‰.แ‚ {Z}
แ‚แ‰.แ‚ {U}
แƒแ€ {Z}
แƒแ€ {U}
แƒแ {Z}
แƒแ {U}
แ€กแ€แ€ผแ€ฒ แ‚, แƒแ‚ {Z} แ€‡แ€ฌแ€แ€นแ€žแ€ญแ€™แ€นแ€ธ
แ€กแ€แ€ฝแ€ฒ แ‚, แƒแ‚ {U} แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธ

แแ„.แ {Z}

1.8K 236 12
By Hot_Tofu1

Zawgyi

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 14.1

ON Aug 20, 2021 BY HOT TOFU

Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ

အဆုံးသတ်မှာတော့,
စွဲလမ်းမှုဆိုတာဘာလဲ?

စွဲလမ်းမှုကိုရှာတွေ့သွားပြီဆိုရင်ရော,
အဲ့အရာကနေဘယ်လိုထွက်ပြေး
လွတ်မြောက်နိုင်မလဲ?

ထိုမေးခွန်းများကိုဖြေဆိုရန်:
ယောင်းယီဆီတွင်အဖြေမရှိပေ,
သူသိသည်မှာ သူအိမ်ပြန်ကိုရအောင်
ပြန်ရမည်,ယခုလိုမျိုးငရဲနေရာကြီးတွင်
သေဆုံးမသွားချင်ပေ။

အန်းလင်၏ချောမွေ့ပြေပြစ်လှသော
မျက်နှာအားကြင်နာစွာပွတ်သပ်ရန်
လက်ကိုဆန့်ထုတ်လိုက်ပြီး,ယောင်းယီ
၏မျက်လုံးထဲမှအမူအရာများသည်
ရိပ်ကနည်းလက်သွားကာမေးလိုက်သည်။

""အန်းလင်,ကျွန်တော့်ကိုစွန့်ပစ်ခဲ့တဲ့
လူနှစ်ယောက်အခုထိဒီမှာဘဲရှိနေသေးလား?""

ကျိုးနွံနာခံစွာဖြင့်,အန်းလင်သည်
ခေါင်းကိုငြိမ့်လိုက်ပြီး,ယခုကိစ္စတွင်
ယောင်းယီအနေဖြင့်ကလဲ့စားချေ
မည်ဆိုပါက,အကူအညီပေးရန်
တိတ်တဆိတ်တွေးနေမိသည်။
ပြောရမည်ဆိုပါက,မရေမတွက်နိုင်
လောက်အောင်များပြားလှသည့်
မကောင်းဆိုးဝါးများစွာသည်
အမှောင်ထုထဲတွင်အစောကြီး
ကတည်းကပုန်းအောင်းနေခဲ့ကြပြီး
အချိန်အကြာကြီးစောင့်မျှော်နေခဲ့ရသည့်
သွေးပျက်စရာအသားစားပွဲတော်ကို
စတင်ကျင်းပနိုင်ရန်,သရဲဘုရင်ထံမှအမိန့်ကို
စောင့်ဆိုင်းနေကြတာဖြစ်သည်။

သူတို့၏ဘေးပတ်ပတ်လည်တွင်ရှိနေသည့်
အဆီအငေါ်မတည့်ပုံပျက်ပန်းပျက်ဖြစ်နေသည့်
မကောင်းဆိုးဝါးများစွာကိုဝေ့ဝဲကြည့်လိုက်ပြီး,
ယောင်းယီသူ၏ခေါင်းကိုတောင့်တင်းစွာ
ခါယမ်းရင်းပြောလိုက်သည်။

""မလိုဘူး,ကျွန်တော့်ဘာသာကျွန်တော်
ကိုယ်တိုင်ဘဲကလဲ့စားချေချင်တယ်....""

ယခုအရာသည်သူ၏
နောက်ဆုံးသောအခွင့်အရေးဖြစ်သည်။

~

အခြားတစ်ဖက်ခြမ်းတွင်တော့,
ဘေ့စ်ဘောဦးထုပ်နှင့်ဟူဒီသည်
သူတို့၏နှလုံးသားထဲမှ
အခြေမကျသေးသည့်ခံစားချက်
များဖြင့်တိတ်ဆိတ်နေသည့်ကော်ရစ်တာ
တစ်လျှောက်ထိတ်လန့်ကြောက်ရွံစွာ
အတူတကွလျှောက်လှမ်းနေကြသည်။

""အဲ့ဒေါက်တာငါတို့ကိုလိမ်လိုက်တာ
တော့မဟုတ်ဘူးမလား?""

ဟူဒီသည်သူ၏မျက်စိရှေ့ရှိဘယ်သောအခါမှ
လမ်းအဆုံးသတ်မည်ဟုမထင်ရသည့်,
ကော်ရစ်တာကိုကြည့်ကာမေးလိုက်သည်။
သူရဲဘောကြောင်သည့်အတွေးများစွာသည်
လည်းသူ၏စိတ်ထဲ၌ရစ်ပတ်နေလေသည်။

သူတို့၏စိတ်နေသဘောထားသည်
ထိုဆရာဝန်ကိုဓာတ်လှေကားဆီသို့
လမ်းညွှန်ပေးပါရန်တောင်းဆိုသည့်
အချိန်ကတည်းကယဉ်ယဉ်ကျေးကျေး
တောင်းဆိုခဲ့တာမဟုတ်ပေ။

အဲ့ဒါကြောင့်ထိုလူသည်သူတို့လမ်းအမှားကြီး
လမ်းညွှန်ပေးလိုက်တာများဖြစ်နေနိုင်မလား?

မဟုတ်ရင် သူတို့ဒီလောက်အချိန်အကြာကြီး
လျှောက်နေတာတောင်မှဘာလို့ထိုအနားယူခန်း
ကိုရှာမတွေ့နိုင်ရသေးတာလဲ?

ဘေ့စ်ဘောဦးထုပ်သည်သူ၏ခေါင်းကို
ခါယမ်းလိုက်ပြီးပုံမှန်အတိုင်းတည့်တည့်
မတ်မတ်ပြန်ထားကာသူတို့၏ဘေးပတ်ပတ်
လည်ကိုစူးစမ်းလေ့လာလိုက်သည်။သူ,ဟူဒီထံမှ
မေးခွန်းကိုကြားလိုက်ရသည့်အခါ,သူကိုယ်သူ
ပြုံးရန်ဖိအားပေးလိုက်ပြီးပြောလိုက်သည်။

""အဲ့လိုတော့မဖြစ်နိုင်ပါဘူးကွာ။
အဲ့လူကြည့်ရတာတကယ်ရိုးသားတဲ့
ပုံပါဘဲ....""

ဒါပေမဲ့ သူသေချာပေါက်မပြောနိုင်ပေ။

လူသားတွေ၏သဘာဝထဲမှတစ်ခုသည်
လူတစ်ယောက်၏စိတ်ရင်းအမှန်ကို
အပြည့်အဝတိတိကျကျသိနိုင်ဖို့ဆိုသည်မှာ
လုံးဝကိုမဖြစ်နိုင်ပေ။
တကယ်လို့သာ,ထိုဆရာဝန်သည်
သူတို့ကိုအစောကြီးကတည်းက
ရည်ရွယ်ချက်ရှိရှိသေဆုံးစေမည့်
ကောက်ကျစ်စဉ်းလဲသော
အကြံအစည်မျိုးကိုကြံစည်ထားခဲ့ပါက,
သူတို့တကယ်ကိုသေသွားမှာဖြစ်သည်။

""ဆက်ရှာကြည့်ရအောင်!
တံခါးမှာရေးထားတဲ့ဆိုင်းဘုတ်တွေကို
ဖတ်ရင်သေချာဖတ်,အဲ့တော့မှ
မျက်စိလျှမ်းပြီးလွတ်မသွားမှာ။
နတ်ပြည်ကတစ်လမ်းထဲမှာ
ရှိနေတာမဟုတ်ဘူး,ငါတို့
သေချာပေါက်ကိုဒီနေရာကနေ
လွတ်မြောက်နိုင်ရမယ်!""

ဘေ့စ်ဘောဦးထုပ်သည်ဟူဒီကို
အားပေးစကားပြောလိုက်ပြီး,
တစ်ချိန်တည်းမှာဘဲထိုစကားလုံးများဖြင့်
သူ့ကိုယ်သူနှစ်သိမ့်နေခဲ့သည်။

ကော်ရစ်တာရှိမီးများသည်အလွန်မှိန်ဖျော့
နေပြီး,နမိတ်မကောင်းပေ။

ထိုလူနှစ်ဦးသည်,သူတို့၏မျက်လုံးများကို
မှေးစင်းကာအတင်းတိုးကပ်ကြည့်ရင်း,
တံခါးရွက်များပေါ်တွင်တပ်ထားသည့်
ဆိုင်းဘုတ်မှစာများကိုခက်ခက်ခဲခဲ
ကြိုးစားပမ်းစားဖတ်နေကြသည်။
သူတို့နောက်ဆုံး "အနားယူခန်း"ဟု
ဆိုင်းဘုတ်တပ်ထားသည့်အခန်းငယ်လေး
ကိုရှာမတွေ့ခင်အထိအချိန်အတော်ကြာ
ရှာဖွေခဲ့ရတာဖြစ်သည်။

ဒီနေရာဘဲဖြစ်ရမယ်!

အလွန်အမင်းမြူးကြွရွှင်လန်းစွာဖြင့်,
သူတို့နှစ်ဦးသည်ထိုသူနာပြုမလေးကို
တွေ့ပါက,ဘာလုပ်သင့်သည်ဆိုတာကို
စတင်ဆွေးနွေးတိုင်ပင်တော့သည်။

သရဲခြောက်သည်ဟုဆိုသော,သဘာဝလွန်
နေရာများဆီသို့သွားရောက်ကာစူးစမ်းရှာဖွေ
ခဲ့သည်သူတို့၏နှစ်ပေါင်းများစွာသော
အတွေ့အကြုံများကိုအခြေခံရရင်ဖြင့်,
ယခုလိုသရဲရာဇဝင်ထဲမှဝိဥာဉ်မျိုးသည်
မသေဆုံးခင်ယခင်အချိန်ကာလတုန်းက
သူတို့နေထိုင်ခဲ့သည့်အရေးပါသော
နေရာမျိုးတွင်ပိတ်မိနေလေ့ရှိသည်။
အဘယ့်ကြောင့်ဆိုသော်စွဲလမ်းမှုကြောင့်
မကျွတ်မလွတ်ခြင်းဖြစ်သည်။
ထိုအစွဲကိုချွတ်နိုင်မည့်တစ်ခုတည်းသော
နည်းလမ်းမှာသူတို့၏နှလုံးသားထဲတွင်
အဖုအထစ်လိုဖြစ်နေသည့်အနှောင့်အဖွဲ့ကို
ကူညီဖြေရှင်းပေးခြင်းဖြင့်,
ပြန်လည်ဝင်စားခြင်းစက်ဝန်းဆီသို့
ဝင်ရောက်နိုင်ပြီး,တစ်ဖန်ပြန်မွေးဖွားနိုင်မည်ဟု
ဆိုကြသည်-
ထိုအယူအဆသည်အလွန်
ကြီးမားကျယ်ပြန့်လှပြီး-
လူတိုင်းလိုလိုကလည်း
ယုံကြည်ထားကြသည့်သီအိုရီဖြစ်သည်။
ထိုအယူအဆသည်မှားသလား,
မှန်သလားဆိုတာကိုတော့,
ဘေ့စ်ဘောဦးထုပ်နှင့်ဟူဒီလည်း
တိတိကျကျမပြောနိုင်ပေ။သို့သော်,သူတို့
နှစ်ဦးတွင် "မြင်းသေကိုဆေးတိုက်ရုံ[1]"
ကလွဲလို့ရွေးချယ်စရာလမ်းမရှိတော့ပေ။

[1] ဆိုးရွားသောအခြေအနေမျိုးတွင်
လုပ်နိုင်သည့်အရာမှန်သမျှကို
လုပ်ကြည့်ရမည်ဟုအဓိပ္ပါယ်ရသည်။

""ငါတို့အထဲဝင်သွားတဲ့အခါ,
အဲ့သူနာပြုကိုလုံခြုံရေးစောင့်နဲ့
တွဲကြည့်ဖို့ဖျောင့်ဖျရမယ်!
အဲ့နည်းလမ်းကဘဲအစွဲချွတ်နိုင်မဲ့
တစ်ခုတည်းသောနည်းလမ်းဘဲ....""

ဘေ့စ်ဘောဦးထုပ်သည်
အလွန်စိတ်လှုပ်ရှားစွာ
ပြောနေမိသည့်အတွက်,
လျှာတောင်ခလုတ်တိုက်
လုနီးပါးဖြစ်သွားခဲ့သည်။

""အဲ့နည်းလမ်းကတကယ်ရောအလုပ်
ဖြစ်ပါ့မလား?သူတို့အသက်ရှင်နေတုန်း
ကတောင်အဲ့သူနာပြုမကလုံခြုံရေးစောင့်ကို
အဖြေပြန်မပေးတာ,
သေပြီးပြီဆိုရင်တောင်မှ
သူမအနေနဲ့မတူညီတဲ့အဖြေမျိုးကို
ပေးမယ်လို့ထင်နေတာလား?
နေပါအုန်း,ကျွန်တော်ကောမန့်တွေ
ကိုနောက်တစ်ကြိမ်ထပ်ဖတ်ကြည့်သင့်တယ်
လို့တော့ထင်တယ်.....""

ဟူဒီသည်စိုးရိမ်မှုများကြောင့်
အလွန်စိတ်ပင်ပန်းနေခဲ့တာဖြစ်သည်။
ထို့ကြောင့်သူ၏ခေါင်းကို
ငုံ့ကာကောမန့်များကို
နောက်တစ်ကြိမ်ထပ်မံဖတ်ရှုလိုက်သည်။

Screen ပေါ်မှကောမန့်များသည်
အရင်တုန်းကအတိုင်း
ရပ်တန့်နေဆဲဖြစ်သည်။
ကြည့်ရသည်မှာဖန်တစ်ယောက်
လောက်ကသာယခုကြောက်ရွံ့ဖွယ်
နေရာကြီးအကြောင်း
အတော်များများသိပုံရပြီး,
သူတို့အနေဖြင့်သရဲဘုရင်၏
မကျွတ်ဘဲစွဲလမ်းနေရသည့်
အရာကိုရှာဖွေဖို့ရန်ပြောထားသည့်
စာကြောင်းအချို့ကိုသာရေးသားထားပြီး,
အခြားဘာမှပြောမထားပေ။

ဟူဒီနောက်တစ်ကြိမ်ခေါင်းငုံ့လိုက်ပြီး,
ကောမန့်များကိုနောက်တစ်ကြိမ်အစဆုံး
ပြန်ဖတ်ကြည့်လိုက်သည်။ပြတ်တောင်း
ပြတ်တောင်းဖြစ်နေသည့်ဖုန်းလိုင်းသည်
အလွန်နည်းပါးနေခဲ့သည်မှာတိုင်တောင်
ပျောက်လုမတတ်ဖြစ်နေသည့်အတွက်,
သူအနေဖြင့်အင်တာနက်လုံးဝမသုံးနိုင်ပေ။
ထို့ကြောင့်ပိုပြီးအသုံးဝင်နိုင်မည့်
သတင်းအချက်အလက်များ
ကိုရှာဖွေနိုင်ခြင်းမရှိပေ။

နဖူးကြောကြီးများထောင်ရင်း,
ဘေ့စ်ဘောဦးထုပ်သည်နေ့တစ်ဝက်လောက်
နီးပါးဖုန်းမျက်နှာပြင်ကိုအပေါ်ဆွဲလိုက်
အောက်ဆွဲလိုက်နေသည့်ဟူဒီကိုကြည့်နေခဲ့သည်။
ထို့နောက်စိတ်မရှည်စွာမေးမြန်းလိုက်သည်။

""အဲ့တော့?တိတိကျကျနည်းလမ်းကို
မင်းရှာတွေ့ပြီးလား?""

ဟူဒီသည်သူ၏ခေါင်းကိုမချင့်မရဲ
ခါယမ်းကာ,ပြောလိုက်သည်။

""ဘာမှရှာမတွေ့ဘူး။အခုသရဲရာဇဝင်က
အကိုအကြိုက်ဆုံးရာဇဝင်လို့
ပြောခဲ့တယ်မဟုတ်ဘူးလား?
အကို့မှာရောဘာအကြံဥာဏ်မှ
မရှိတော့ဘူးလား?

ဘေ့စ်ဘောဦးထုပ်၏မျက်လုံးများသည်
ငိုက်ကျသွားသည်မှာမိခင်သေဆုံးသွား
သဖြင့်ပူဆွေးသောကရောက်နေသလိုမျိုး
ပြန်တုံ့ပြန်လိုက်သည်။

""အဲ့ရာဇဝင်ကငါအကြိုက်ဆုံးပါ,ဒါပေမဲ့လည်း
အဲ့ထဲသရဲနဲ့တကယ်ကြီးကြုံတွေ့ရမယ်လို့ငါမှ
မထင်ခဲ့တာ! ဘာဘဲဖြစ်ဖြစ်,ငါအကြံပေးချင်
တာကတော့,ဒီတိုင်းအထဲကိုဝင်သွားလိုက်ပြီး
စွဲလမ်းနေတဲ့အထုံးအဖွဲ့ကိုဖြေရှင်းလိုက်တာဘဲ။
တကယ်လို့အဲ့နည်းလမ်းကအလုပ်မဖြစ်ဘူး
ဆိုရင်လည်း,နေထွက်တဲ့အချိန်အထိ
စောင့်ဆိုင်းလိုက်ပြီး,အခုသရဲတွေ
ပျောက်မပျောက်ကိုကြည့်ကြတာပေါ့""

""အဲ့ဒါဆို,အခုဘဲ-""

သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်
စိုက်ကြည့်လိုက်ကြပြီး-အနားယူခန်းတံခါးကို
တင်းကြပ်စွာပိတ်လိုက်သည်။

""အတူတူဝင်ကြမလား?""

တစ်ယောက်ကိုတစ်ယောက်
လှမ်းကြည့်လိုက်ပြီး,
မတတ်နိုင်စွာဖြင့်တံထွေးမြိုချလိုက်မိသည်။
သူတို့နှစ်ယောက်တည်းကဘယ်သူကမှ
ပထမဦးဆုံးတံခါးလက်ကိုင်းကို
လှည့်ဖွင့်ကာအထဲသို့မဝင်ရဲကြပေ။
အဆုံးသတ်မှာတော့,ထိုပြဿနာကို
စုံစွမ်စိကစားပွဲဖြင့်ဖြေရှင်းရတော့သည်။

ကံမကောင်းစွာဖြင့်ရှုံးသွားသည့်
ဟူဒီသည်,တံခါးလက်ကိုင်းကို
တုန်တုန်ရီရီဖြင့်ကိုင်ကာဖော့ဖော့ကလေး
လှည့်ဖွင့်လိုက်သည်။

ဟမ်?

မမျှော်လင့်ထားလောက်အောင်ကို
လွယ်ကူနေလွန်းပါလား,အာ။

ဟူဒီသည်နည်းနည်းတော့
အံ့ဩသွားသည်
အဘယ့်ကြောင့်ဆိုသော်
ယေဘုယျကျကျပြောရမည်ဆိုပါက,
ထိုကဲ့သို့သောတံခါးလက်ကိုင်းမျိုးသည်
မဖွင့်ခင်နာရီလက်တံတစ်ဝက်နီးပါးလှည့်ကာ
အားအနည်းငယ်သုံး၍ဖွင့်ဖို့ရန်လိုအပ်သည်။
တကယ်လို့သူတို့သာကံမကောင်းပါက,
အထဲထဲကနေတောင်လော့ချထားနိုင်သည်,
အဲ့ဒါဆိုသူတို့၏ကံမကောင်းမှုသည်ပိုပြီး
ဆိုးရွားသွားနိုင်ပြီး,ထိုတံခါးကိုဖွင့်ဖို့ရန်အတွက်
သော့ကိုပါလိုက်ရှာရမည်ဖြစ်သည်။

ကျွီ-တံဆိပ်တပ်ထားသည့်-
ထိုတံခါးအသစ်ထံမှရှေးအလွန်ကျသည့်
သစ်သားတံခါးကြီးလိုအသံကြီးမျိုး
ထွက်လာခဲ့သည်။

ကြည့်ရသည်မှာ,အစောကြီးကတည်းက
ထိုတံခါးသည်တင်းကြပ်စွာပိတ်ထားပုံမရပေ။
ထို့ကြောင့် တံခါးလက်ကိုင်းကိုဖွင့်ရသည်မှာ
အလွန်လွယ်ကူနေခဲ့တာဖြစ်သည်။

ထိုအတွေးနှင့်အတူ,ဟူဒီသည်
တံခါးကိုဖွင့်လိုက်သည်။

တံခါးအနည်းငယ်ပွင့်ဟသွားသည်နှင့်,
သူ၏မျက်နှာချင်းဆိုင်ဆန့်ကျင်ဘက်နေရာ
တည့်တည့်တွင်ပြာနှမ်းကာဖြူဖျော့နေသည့်
အလောင်းကောင်၏မျက်နှာကြီးသည်
တံခါးပေါက်ဝတွင်ရပ်နေခဲ့တာဖြစ်သည်။

ထိုအမူအရာကင်းမဲ့နေသော
သူနာပြုသရဲမ၏လက်များသည်
တံခါးလက်ကိုင်းပေါ်တွင်ရှိနေသည်
မှာတံခါးပွင့်သွားတာနှင့်
ပေါ်သွားခဲ့တာဖြစ်သည်။
သူမသည်ဟူဒီနှင့်အလွန်နီးကပ်စွာ
ရပ်နေခဲ့သည်မှာသူတို့၏နှာခေါင်း
ထိပ်ဖျားခြင်းတောင်ထိစပ်တော့မလို
ဖြစ်နေသည်။သူမ၏ခန္ဓာကိုယ်မှ
အေးစက်နေသောအငွေ့အသက်များသည်
ဟူဒီကောင်လေးကိုနှင်းကိုက်နာ
ပေးလုမတတ်ပင်ဖြစ်သည်။

! ! !

ဟူဒီတစ်ကိုယ်လုံးကြက်သီးမွေးညင်းများ
ထသွားပြီး,အသေကုန်အော်ဟစ်လိုက်သည်မှာ,
ကြောက်ရွံမှုကြောင့်ဘောင်းဘီထဲ
သေးထွက်ကျလုနီးပါးပင်။

အဲ့ဒါဆို-ထိုသူနာပြုသရဲမသည်
အစောကြီးကတည်းကတစ်ဖက်ခြမ်းရှိ
အခန်းအတွင်းမှနေရင်းတံခါးလက်ကိုင်း
ကိုဆုပ်ကိုင်ထားခဲ့တာဖြစ်ပြီး,
ဟူဒီကောင်လေးတံခါးလက်ကိုင်းကို
ထိရုံလေး ထိလိုက်ရုံနှင့် သူမဘက်ကလှည့်ဖွင့်ခဲ့တာဖြစ်သည်။

အားးးးးးး!!!”

ဟူဒီကောင်လေးချီးထွက်ကျလုမတတ်
ကြောက်ရွံသွားခဲ့သည်။ထို့နောက်,
ကသုတ်ကရိုက်
ထိုအနားယူခန်းအပေါက်ဝမှ
တွန့်လိမ်ကောက်ကွေးစွာ
ထွက်ပြေးသွားတော့သည်။

ဘေ့စ်ဘောဦးထုပ်သည်
အစောကြီးကတည်းက
လစ်ပြေးရန်သူ့ကိုယ်သူ
ပြင်ဆင်ထားခဲ့တာ
ဖြစ်သည့်အတွက်,ဟူဒီကောင်လေးနှင့်
ဝေးရာဆီသို့သုံးပေလေးပေအကွာ,
အထိလျင်မြန်စွာထွက်ပြေးသွားခဲ့သည်။

ဖြူဖျော့စွာဖြင့်တစ်ကိုယ်လုံးတုန်ရီနေရင်း,
ဟူဒီကောင်လေးသည် သစ္စာဖောက်ကာ
ညီအကိုသံယောဇဉ်ကိုတောင်မထောက်ဘဲ
အဝေးသို့ထွက်ပြေးသွားသည့်
ဘေ့စ်ဘောဦးထုပ်ကိုဆူဆဲရန်ပင်
အင်အားမရှိတော့ပေ။

သရဲမနှင့်မျက်နှာချင်းဆိုင်ရင်ဆိုင်ရခြင်းသည်,
ကမ္ဘာပေါ်တွင်အဆိုးအဝါးခံစားရသည့်
ကြောက်မက်ဖွယ်အကောင်းဆုံးသော
အတွေ့အကြုံမျိုးဖြစ်သည်။

ခုနကလေးတင်သူနာပြုသရဲမနှင့်သူ့အကြား
လက်ချောင်းတစ်ချောင်းစာလေးတောင်
မခြားတော့သည်အထိနီးကပ်သွားသည့်
အချိန်ကာလကိုပြန်တွေးလိုက်ချိန်,
ကြောက်လွန်းလို့သတိလစ်ကာ
မေ့လဲကျလုမတတ်ပင်။

လုံလောက်သည်အထိပြေးလာခဲ့ပြီချိန်မှာတော့,
နှစ်ယောက်စလုံးအနောက်တွင်ကျန်ခဲ့သည့်
အနားယူခန်းကိုပြန်လှည့်ကြည့်လိုက်စဉ်,
ထိုသူနာပြုသရဲမသည်အခန်းထဲမှ
ထွက်မလာသည်ကိုတွေ့လိုက်ရသည်။

""အ-အခုငါတို့ဘာလုပ်ကြမလဲ?!""

ဟူဒီသည်ခြေထောက်များခွေကျလုမတတ်
ကြောက်ရွံ့နေခဲ့တာဖြစ်သည့်အတွက်,
ထိုအနားယူခန်းအနီးနားသို့ထပ်သွားဖို့ရန်
လုံးဝလက်မခံတော့ပေ။အကူအညီမဲ့စွာဖြင့်,
ဘေ့စ်ဘောဦးထုပ်သည်အခြားနည်းလမ်းကို
တွေးကာ,တံခါးအပြင်ဘက်ရှိကော်ရစ်တာ၌
ရပ်၍စကားပြောကြည့်ရန်ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း,ဟူဒီသည်ထိုအနားယူခန်းတံခါးနှင့်
ဝေးနိုင်သမျှဝေးရာဆီ၌နေကာ,ကွေးကွေးလေး
ဆောင့်ကြောင့်ထိုင်ရင်း,သူ၏လက်များအကြား
ခေါင်းကိုဖွက်ရင်းတုန်ယင်နေခဲ့ပြီး,စကားတောင်
ပြန်မပြောတော့ပေ။

ထို့ကြောင့်မတတ်နိုင်စွာဖြင့်
ဘေ့စ်ဘောဦးထုပ်သည်သူကိုယ်သူ
အရဲစွန့်ရန်ဖိအားပေးလိုက်ရသည်။
အလွန်တရာကိုမှတုန်ယင်နေသည့်
အသံဖြင့်,အခန်းထဲရှိသူနာပြုသရဲမအား
အောင်သွယ်တော်အလားစကားစ
ပြောလိုက်သည်။

""အ-အလွန်လှပပါသောကျဲကျဲ...အခုဟာကလေ,
ကျွန်တော်တို့ဆီမှာအခြားမကောင်းတဲ့
ဘာရည်ရွယ်ချက်မှမရှိပါဘူး။
ကျွန်တော်တို့ဒီအတိုင်း အစ်မကို
ပ-ပြောပြချင်တာကလေ,လုံခြုံရေးစောင့်က,
အစ်မကိုသဘောကျနေတယ်လို့,အဲ့ဒါကြောင့်
အစ်မတို့နှစ်ယောက် တ-တွဲကြည့်သင့်တယ်....
သူကတကယ်ကိုအမိဖမ်းထားသင့်တဲ့
လက်တွဲဖော်မျိုး.....ကျွန်တော်ဆိုလိုချင်တာက,
သူကအခုဆိုဒီဆေးရုံကြီးတစ်ခုလုံးကိုတောင်
ပိုင်ဆိုင်ထားတာလေ.....""

အနားယူခန်းထဲ၌တိတ်ဆိတ်စွာ
နားထောင်နေခဲ့သည့်သူနာပြုသရဲမ: ""........""




thoughts of tofu: 
အနည်းဆုံးတော့သူပြောတာမှန်ပါတယ်လေ။
အန်းလင်ကဆေးရုံကြီးတစ်ခုလုံးကို
ပိုင်ဆိုင်ထားတဲ့သရဲဘုရင်ကြီးဆိုတော့
လက်မလွှတ်ခံသင့်တဲ့အကောင်းဆုံးသော
လက်တွဲဖော်များစာရင်းထဲမှာပါလောက်တယ်။


Continue Reading

You'll Also Like

416K 36.7K 29
"แ€”แ€แ€บแ€†แ€ญแ€ฏแ€ธแ€แ€€แ€ฑแ€ฌแ€„แ€บแ€€ แ€”แ€แ€บแ€žแ€ฌแ€ธแ€œแ€ญแ€ฏแ€œแ€พแ€•แ€แ€ฒแ€ท แ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธแ€€แ€ญแ€ฏ แ€•แ€ญแ€ฏแ€„แ€บแ€†แ€ญแ€ฏแ€„แ€บแ€–แ€ญแ€ฏแ€ทแ€†แ€ญแ€ฏแ€แ€ฌ แ€‘แ€ญแ€ฏแ€€แ€บแ€แ€”แ€บแ€แ€šแ€บแ€™แ€œแ€ฌแ€ธ" Lucas "แ€žแ€ฑแ€แ€ปแ€ฌแ€แ€ฌแ€•...
122K 13.4K 140
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ - Horroe, Romance แ€กแ€™แ€ปแ€ญแ€ฏแ€ธแ€กแ€…แ€ฌแ€ธแ€™แ€ญแ€ฏแ€ท แ€”แ€Šแ€บแ€ธแ€”แ€Šแ€บแ€ธแ€แ€ฑแ€ฌแ€ท แ€žแ€Šแ€บแ€ธแ€‘แ€ญแ€แ€บแ€›แ€„แ€บแ€–แ€ญแ€ฏแ€œแ€ฑแ€ธแ€แ€ฝแ€ฑ แ€•แ€ซแ€™แ€šแ€บแ€”แ€ฑแ€ฌแ€บแ‹ Romance แ€œแ€Šแ€บแ€ธ แ€•แ€ซแ€แ€ฑแ€ฌแ€ท แ€แ€ปแ€ญแ€ฏแ€แ€ปแ€ญแ€ฏ แ€€แ€ผแ€ฑแ€ฌแ€€แ€บแ€€แ€ผแ€ฑแ€ฌแ€€แ€บ.. แ€แ€ปแ€ญแ€ฏแ€€แ€ผแ€ฑแ€ฌแ€€แ€บแŠ แ€€แ€ผแ€ฑ...
54.8K 6.9K 12
แ€žแ€›แ€ฒแ€กแ€แ€ผแ€ฑแ€ฌแ€€แ€บแ€€แ€ผแ€™แ€บแ€ธแ€žแ€ฑแ€ฌ แ€†แ€ฑแ€ธแ€›แ€ฏแ€ถแ€€แ€ผแ€ฎแ€ธแ แ€›แ€ฌแ€‡แ€แ€„แ€บแ€€แ€ญแ€ฏแ€™แ€žแ€ญแ€•แ€ฒ แ€‘แ€ญแ€ฏแ€†แ€ฑแ€ธแ€›แ€ฏแ€ถแ€แ€ฝแ€„แ€บ แ€แ€ฌแ€แ€”แ€บ แ€…แ€แ€„แ€บแ€‘แ€™แ€บแ€ธแ€†แ€ฑแ€ฌแ€„แ€บแ€›แ€žแ€ฑแ€ฌ แ€แ€ฝแ€ฒแ€…แ€ญแ€แ€บ แ€†แ€›แ€ฌแ€แ€”แ€บแ€•แ€ฑแ€ซแ€€แ€บแ€…แ€œแ€ฑแ€ธ Jeon Jungkook ๐Ÿ‘จโ€โš•๏ธ แ€žแ€ฐแ€„แ€šแ€บแ€แ€ปแ€„แ€บแ€ธแ€”แ€พแ€„แ€บแ€ทแ€กแ€แ€ฐ...
290K 55.6K 89
Author - Cyan Wings ( ้’่‰ฒ็พฝ็ฟผ ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.