My Baby Taehyungie (Completed...

De Yang_Ikehlian

61.8K 6.3K 1K

Can you believe that Baby Taehyungie is my boyfriend...?? I also can't believe it. I'm going to be insane. J... Mais

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
New Fic Announcement
Chapter 12 (Final)

Chapter 5

3.5K 470 116
De Yang_Ikehlian

(Zawgyi)

ကြၽန္ေတာ္ေက်ာင္းေပါက္ဝကေန အတန္းဆီကို ေလွ်ာက္လာတဲ့တလမ္းလံုးမွာ လူတိုင္းရဲ႕စိတ္ဝင္တစားနဲ႔ ၾကည့္တဲ့အၾကည့္ေပါင္းမ်ားစြာကို ရေနခဲ့တယ္...။ အရင္ကသာဆို မာန္တက္ခ်င္သလိုလို ျဖစ္ေလာက္ပါရဲ႕...။

အခုေတာ့ ေနာက္ေက်ာမွာလည္း ေက်ာပိုးအိတ္ကိုလြယ္ထားရသလို ရင္ခြင္ထဲမွာလည္း သိုင္းႀကိဳးေလးနဲ႔ပိုးကာ ခ်ီကာရတဲ့ Taehyungie ေလးေၾကာင့္ ကြၽန္ေတာ့္ပံုစံက ရယ္စရာျဖစ္ေနမယ္ဆိုတာ ခန္႔မွန္းၾကည့္တာနဲ႔တင္ သိႏိုင္ပါတယ္...။ သူကေတာ့ ပါးစပ္မွာခ်ဳိလိမ္ေလးတပ္ထားရင္း ပတ္ဝန္းက်င္အသစ္ကို စူးစမ္းၾကည့္ေနေလတယ္...။

"Jungkook ဘယ္လိုလုပ္ၿပီး ကေလးေပါက္စေလးကို ေက်ာင္းေခၚလာတာလဲ...??"

ကြၽန္ေတာ္တို႔အတန္းမွာပဲစာသင္တဲ့ ဆရာတစ္ေယာက္က ကြၽန္ေတာ့္ကို မ်က္မွန္းတန္းမိေနတာေၾကာင့္ လွမ္းႏႈတ္ဆက္ရင္းေမးတယ္...။ ကြၽန္ေတာ့္မွာလည္း ဒီကေလးရၿပီးမွ လူလိမ္ႀကီးလံုးလံုးကိုျဖစ္လို႔...။

"ကြၽန္ေတာ့္ညီေလးေလ... အိမ္မွာလူႀကီးေတြမရိွလို႔ ေခၚလာရတာ"

"မင္းညီေလးက အတန္းထဲမွာမငိုတာ ေသခ်ာရဲ႕လား...??"

ကေလးေၾကာင့္ စာသင္တဲ့ေက်ာင္းသားေတြ အေႏွာက္အယွက္ျဖစ္မွာစိုးလို႔ ဆရာက ေသခ်ာေအာင္အရင္ေမးေနတယ္...။ ကြၽန္ေတာ္လည္း ေခါင္းျပဳတ္မတတ္ ညိ္တ္ျပလိုက္ရတယ္...။

"ေသခ်ာပါတယ္... ကြၽန္ေတာ့္ညီေလးက အရမ္းေအးတာ... ႏို႔ဝရင္ သူ႕ဘာသာအိပ္ေရာေလ"

ဆရာလည္းေခါင္းညိတ္ရင္း သူ႕ကိုလည္ျပန္ငဲ့ၾကည့္ေနတဲ့ Taehyungie ေလးကို ေခါင္းေလး အသာပြတ္ေပးေနတယ္...။

"ကေလးေလးက ခ်စ္ဖို႔ေတာ့ေကာင္းသား... ေနပါဦး... သူက တစ္ေယာက္ေယာက္နဲ႔တူသလိုပဲ"

ကြၽန္ေတာ္ခ်က္ခ်င္းကို ေခါင္းနပန္းႀကီးသြားရတယ္...။ တူမွာေပါ့ သူေလးက ဆရာဆရာမေတြရဲ႕အခ်စ္ေတာ္ Kim Taehyung ပဲဟာကို...။

"ဟို... ကြၽန္ေတာ္အတန္းသြားတက္ေတာ့မယ္ေနာ္"

"ေအာ္.. ေအး.. ေအး.. ကေလးတစ္ဖက္နဲ႔ စာႀကိဳးစားတာကေတာ့ ဆရာလည္းသေဘာက်တယ္"

ကြၽန္ေတာ္လည္းဆရာ့ကို ရိွသမွ်သြားေတြေပၚေအာင္ ရယ္ျပရင္းႏႈတ္ဆက္ကာ အတန္းဆီသို႔ ခပ္သုတ္သုတ္ေလွ်ာက္လာလိုက္တယ္...။ ေပါက္စကေတာ့ ဘာမွမသိရွာဘဲ ပတ္ဝန္းက်င္ကို ေငးလို႔ေကာင္းဆဲ...။

သူရိွေနတဲ့အတြက္လည္း ကြၽန္ေတာ္စိတ္ခ်လက္ခ်နဲ႔ အတန္းခ်ိန္အျပည့္တက္လိုက္တယ္...။ တစ္ခ်ိန္နဲ႔တစ္ခ်ိန္အေျပာင္းမွာ သူ႕ကိုႏို႔ဘူးတိုက္လိုက္ ဆရာျပန္လာရင္ စာသင္လိုက္နဲ႔ ေန႔တဝက္ေတာ့ ကုန္သြားေလၿပီ...။ သူကလည္း တစက္မွမငိုတာေၾကာင့္ အဆင္ေျပပါတယ္...။

ေန႔လည္စာစားဖို႔နားေတာ့မွ စာကိုအသည္းအသန္ လိုက္မွတ္ေနရတဲ့ကြၽန္ေတာ္ စာအုပ္ေတြသိမ္းရင္း သူ႕ကိုအသာငံု႔ၾကည့္မိတယ္...။ သူကေတာ့ သိုင္းႀကိဳးေလးနဲ႔မို႔ က်ဥ္းၾကပ္ၾကပ္အေနအထားမွာတင္ ေခြေခါက္ၿပီးအိပ္ေပ်ာ္ေနရွာၿပီ...။ အေနအထားမမွန္တာေၾကာင့္ ေခါင္းေလးလိမ္ေနရင္း ပါးေစာင္မွာသြားရည္ေလးေတြေတာင္ တြဲက်လို႔ေပါ့...။

ကြၽန္ေတာ္ၿပံဳးလိုက္ရင္း သူ႕ရဲ႕သိုင္းႀကိဳးေလးကို အသာျဖဳတ္လိုက္ေတာ့ ကြၽန္ေတာ့္လက္ထဲ ေပ်ာ့ေခြၿပီးပါ လာတယ္...။ သူအိပ္ေပ်ာ္ေနတာေၾကာင့္ ကြၽန္ေတာ္ထမင္းသြားစားလို႔ အဆင္ေျပမွာမဟုတ္ေတာ့...။ ရပါတယ္ေလ... တစ္နပ္တေလပဲဟာ...။ ကြၽန္ေတာ့္ကေလးကမွ အေရးႀကီးတာကို...။

အိပ္ေပ်ာ္ေနတဲ့ကေလးငယ္ကုိ ေပြ႕ဖက္ထားလိုက္ရင္း ပါးေဖာင္းေဖာင္းေလးကို ကြၽန္ေတာ္အသာေမႊးၾကဴလိုက္တယ္...။ ေက်ာင္းကိုေခၚလာလို႔ရတာ အဆင္ေျပသြားသားပဲ...။ ဒါေပမယ့္ practical ေတြရိွရင္ေတာ့ ေခၚသြားလို႔ရမွာမဟုတ္...။ အထဲက အနံ႔အသက္ေတြကို သူခံႏိုင္မွာမဟုတ္ဘူးေလ...။

"ေဟး Jungkook...!!! မင္းဘာလို႔ေက်ာင္းကို ကေလးေခၚလာရတာလဲ...??"

နားထဲကိုစူးခနဲဝင္လာတဲ့အသံေၾကာင့္ ကြၽန္ေတာ္လန္႔သြားရသလို ကြၽန္ေတာ္ခ်ီထားတဲ့ Taehyungie ေလးလည္း ဆတ္ခနဲတုန္ကာ လန္႔ႏိုးသြားေတာ့တယ္...။

"Yahh ဘာလို႔အသံၿပဲနဲ႔ေအာ္တာလဲ..??
ကေလးႏိုးသြားၿပီကြ"

ႏိုးလက္စနဲ႔အတူ ကြၽန္ေတာ္ေအာ္ေငါက္ပစ္လိုက္ေတာ့မွ Park Jimin တစ္ေယာက္ မ်က္ႏွာငယ္ေလးနဲ႔ သူ႕ပါးစပ္သူလက္နဲ႔ပိတ္ကာ ၿငိမ္သြားေလတယ္...။ ဒါေပမဲ့ သူ႕အာ႐ံုက ကြၽန္ေတာ္ခ်ီထားတဲ့ Taehyungie ေလးဆီ ခ်က္ခ်င္းပင္ ေရာက္သြားျပန္တယ္...။

"Omo ဒီေလာက္ခ်စ္စရာေကာင္းတဲ့ကေလး ငါခုမွျမင္ဖူးတာ... တကယ္ပဲမင္းညီေလးလား...??"

"ငါ့သားေလ..."

Taehyungie ေလးရဲ႕ ပါးေဖာင္းေဖာင္းေလးကို လက္၂ဖက္နဲ႔ အားပါးတရဆြဲညႇစ္ရင္းေမးတဲ့ Jimin ကေတာ့ ကြၽန္ေတာ့္အေျဖေၾကာင့္ အံ့အားသင့္သြားတယ္...။ ပါးေလး၂ဖက္ ရဲတြတ္သြားတဲ့ Taehyungie ေလးကလည္း ကြၽန္ေတာ့္ကိုငိုမဲ့မဲ့ေလးနဲ႔ ေမာ့ၾကည့္လာတာေၾကာင့္ ကြၽန္ေတာ္သူ႕လက္ကို ခပ္ဆတ္ဆတ္ေလး ႐ိုက္ပစ္လိုက္တယ္...။ ဒါကိုေတာင္သူက ကြၽန္ေတာ့္ကို ျပဴးၾကည့္ရင္း သူ႕လက္နာတာကို ဂ႐ုမစိုက္ႏိုင္အားေပ...။

"မင္းတကယ္ေျပာေနတာလား..?? Yahh မင္းအသက္ ငယ္ငယ္ပဲရိွေသးတာေလ... ကေလးအေဖျဖစ္လို႔ရလို႔လား..??"

"ဘယ္ဥပေဒက ျပဌာန္းထားလို႔လဲ...?? ငါ့အသက္၂၂ႏွစ္ရိွၿပီ... ငါ့ထက္ငယ္တဲ့ ကေလးအေဖျဖစ္ေနတဲ့သူေတြ အမ်ားႀကီးပဲ"

ထိုအခါမွသူလည္း နာသြားတဲ့လက္ကိုအသာပြတ္ရင္း Taehyungie ေလးကို ျပန္ငံု႔ၾကည့္တယ္...။ Taehyungie ေလးကလည္း သူ႕ကိုၾကည့္ရင္း မ်က္နွာေလးက ငိုမဲ့မဲ့နဲ႔...။ သူ႕ကိုႏိုးေအာင္လည္းလုပ္တယ္ ပါးလည္းလာဆြဲတယ္ဆိုေတာ့ ဘယ္ၾကည္ပါ့မလဲ...။

"မင္းရဲ႕မိန္းမကေတာ့ အေတာ္ေခ်ာမွာပဲ"

သူေနာက္တစ္ေခါက္ Taehyungie ေလးဆီ လက္အလွမ္းမွာေတာ့ ကြၽန္ေတာ္ခပ္ျမန္ျမန္ပဲ ကေလးကိုေကာက္ခ်ီလိုက္တယ္...။ ကေလးက သူနဲ႔ေက်ာေပးရက္အေနအထား ျဖစ္သြားတာေၾကာင့္ Jimin တစ္ေယာက္ ဘာမွလုပ္မရေတာ့...။

"ေနစမ္းပါဦး.. မင္းက ဒီအတန္းကမဟုတ္ပါဘူး"

ကြၽန္ေတာ္ဆက္ေျပာမယ့္စကား ရပ္တန္႔သြားရတယ္...။ ဟုတ္သားပဲ... သူ႕ကိုစာကူးခိုင္းထားၿပီး ေမ့ေနတယ္...။ တခ်ိန္တည္းမွာပင္ သူကလည္း ကြၽန္ေတာ့္ကိုမ်က္ေစာင္းထိုးရင္း လက္ထဲကစာအုပ္ကို ေျမႇာက္ျပတယ္ေလ...။

"မင္း ထမင္းသြားမစားဘူးလား...?? ဒါမွမဟုတ္ ငါမင္းအတြက္ ဝယ္လာေပးရမလား...??"

ဗိုက္အရမ္းဆာေနတဲ့ကြၽန္ေတာ္ ထိုသို႔ေျပာလာတဲ့သူ႕ကို ေက်းဇူးတင္လြန္းလို႔ ဖက္နမ္းခ်င္စိတ္ေတာင္ ေပါက္သြားမိတယ္...။ ခင္တာမၾကာေသးေပမယ့္ သူက အရမ္းကိုေဖာ္ေရြလြန္းတယ္ေလ...။ အဲ..တစ္ခါတေလ အလိုက္မသိတာေလးက လြဲရင္ေပါ့...။

"ဝယ္လာခဲ့ေပးပါ... ဘာပဲျဖစ္ျဖစ္ေပါ့.. ငါက ကေလးတစ္ဖက္နဲ႔ဆိုေတာ့ သြားဖို႔အဆင္မေျပဘူး"

ကြၽန္ေတာ္ေျပာလည္းေျပာရင္းနဲ႔ လက္ကိုတႁပြတ္ႁပြတ္စုပ္ျပေနတဲ့ Taehyungie ေလးအတြက္ အိတ္ထဲက ႏို႔ဘူးကိုထုတ္ကာ သူ႕ပါးစပ္ေလးမွာ တပ္ေပးလိုက္တယ္...။

"Aigoo ဒီေကာင္ေလး သိပ္ခ်စ္စရာေကာင္းတာပဲ.. အင္းပါ ခဏပဲေစာင့္... ငါဝယ္လာခဲ့ေပးမယ္"

"Hey Jimin ေနဦးေလ... ပိုက္ဆံယူသြား"

ခ်က္ခ်င္းအတန္းျပင္ကို အေျပးတပိုင္းထြက္သြားတဲ့သူ႕ကို ကြၽန္ေတာ္လွမ္းေခၚလိုက္ေပမယ့္ သူက လက္ကာျပေလတယ္...။ သူထြက္သြားၿပီဆိုေတာ့မွ ကြၽန္ေတာ္လည္း ႏို႔စို႔ေနတဲ့ Taehyungie ေလးကို ငံု႔ၾကည့္လိုက္မိတယ္...။ အံမယ္ သူေလးကကြၽန္ေတာ့္ကို ႏို႔စို႔ေနရင္းနဲ႔ ရယ္ျပေနျပန္တယ္...။

ပါးေဖာင္းေဖာင္းေလးေတြက Jimin လက္ခ်က္ေၾကာင့္ နီရဲရဲေလးျဖစ္ေနတာေၾကာင့္ ခုနက ေက်းဇူးတင္ေနတဲ့စိတ္ေလး ျပန္ေပ်ာက္သြားရျပန္တယ္...။ ကြၽန္ေတာ့္ကေလးေလးရဲ႕ အသားအရည္ေလးက ႏူးႏူးညံ့ညံ့ေလးကို...။

"ေရာ့... ဒီမွာ မင္းစားဖို႔.. ကေလးကို ငါ့ဆီေပးထားေလ... ငါခ်ီထားေပးမွာေပါ့"

ထမင္းဘူးေလးကို စားပြဲေပၚသို႔ ကေသာကေမ်ာနဲ႔ ပစ္တင္ၿပီးတာနဲ႔ ကြၽန္ေတာ့္ဆီကေန Taehyungie ေလးကို ေတာင္းေနတဲ့သူ႕ကို္ ကြၽန္ေတာ္ၿဂိဳလ္ၾကည့္ၾကည့္ေပးလိုက္တယ္...။ သူကလည္း သေဘာေပါက္စြာနဲ႔ ဟက္ခနဲရယ္လိုက္တယ္...။

"ငါဒီတစ္ခါ ပါးကိုအတင္းမညႇစ္ေတာ့ပါဘူး... ခုနက အရမ္းအသည္းယားသြားလို႔ပါကြာ... ေပးပါ ငါ့ကို္.. မင္းဘာသာ စိတ္ခ်လက္ခ်ထမင္းစား"

"လိုက္မွာလားလည္း ေခၚၾကည့္လိုက္ဦး... သူကငါကလြဲၿပီး တျခားသူခ်ီလို႔မရဘူး"

ထမင္းဘူးမ်က္ႏွာေၾကာင့္ ကြၽန္ေတာ္စိတ္ေလွ်ာ့လိုက္ၿပီး ေပါင္ေပၚက Taehyungie ေလးကို မ်က္စပစ္ျပလိုက္တယ္...။ သူကေတာ့ ကြၽန္ေတာ့္ဆီက ခြင့္ျပဳခ်က္ရေတာ့ ဝမ္းသာအားရနဲ႔ Taehyungie ေလးကို လွမ္းျမဴကာ ခ်ီဖို႔ႀကိဳးစားတယ္...။ Taehyungie ေလးကလည္း သူ႕ကိုျပဴးျပဴးေလး ေမာ့ၾကည့္လို႔ေပါ့...။

"လာပါကြ... ငါခ်ီၾကည့္ခ်င္လို႔ပါ ပိစိေလးရ"

သူ႐ုပ္အမ်ဳိးမ်ဳိးလုပ္ျပကာ ျမဴေနတာေၾကာင့္ Taehyungie ေလး စိတ္ဝင္စားသြားၿပီး ကြၽန္ေတာ့္ေပါင္ေပၚကေန သူ႕လက္ထဲကို ထိုးဆင္းသြားေလတယ္...။ သူကလည္းခ်က္ခ်င္းကို ေအာင္ႏိုင္သူတစ္ေယာက္လို ေဟးခနဲေအာ္ရင္း Taehyungie ေလးရဲ႕ ပါးေဖာင္းေဖာင္းေလးကို ရႊတ္ခနဲလွမ္းနမ္းေလတယ္...။ ျမန္လိုက္တာဆိုတာ ကြၽန္ေတာ္တားခ်ိန္ေတာင္မရလိုက္...။

"ၾကားသားမိုးႀကိဳး... ငါပထမဆံုးအႀကိမ္ Taehyungie ကို တျခားသူဆီ အသာတၾကည္လိုက္သြားတာ ျမင္ဖူးတာပဲ"

"Taehyungie...?? သူ႕နာမည္က Taehyungie လား..?? Taehyung နဲ႔ နာမည္တူတာလား...?? အယ္ တကယ္တမ္းၾကည့္ေတာ့ ႐ုပ္ပါဆင္သလိုလို"

ကြၽန္ေတာ္စားလက္စထမင္းေတာင္ သီးမလိုျဖစ္သြားရတယ္...။ ဟုတ္သားပဲ ဒီကိစၥက တျခားသူသိလို႔မျဖစ္ဘူးေလ...။

"အဲ... အဲဒါကေလ... ဘယ္လိုေျပာရမလဲ... Taehyung က ငါ့ေယာက္ဖေလ... သူက သူ႕တူေလးကို သူနဲ႔တူလို႔ဆိုၿပီး တအားလည္းခ်စ္တယ္... နာမည္ေတာင္ ဆင္တူေပးထားတာ"

မတတ္ႏိုင္ေတာ့ဘူး ကြၽန္ေတာ့္ပါးစပ္ထဲက အလိမ္အညာစကားေတြ တန္းစီထြက္လာေလၿပီ...။ စိတ္ထဲမွာလဲ Tae ရဲ႕အစ္မကိုသာ က်ိတ္ေတာင္းပန္လိုက္တယ္...။ အပ်ဳိႀကီးေတာ့ ခလုတ္တိုက္ေနေလာက္ၿပီ...။

"ဟုတ္လား.. ဒါဆိုသူေလးက Taehyung ရဲ႕ တူေလးေပါ့ေနာ္.. Aigoo ခ်စ္ဖို႔ေကာင္းလိုက္တာ တကယ္ပါပဲ.."

Taehyungie ေလးကို ခ်ဳိင္းကေနေျမႇာက္ခ်ီရင္း ေစ့ေစ့ၾကည့္ကာေျပာေနတဲ့သူ႕ကို္ Taehyungie ေလးကလည္း မပီမသစကားေတြ လွမ္းေျပာရင္း သူ႕ပါးကိုလက္ေသးေသးေလးေတြနဲ႔ လွမ္းကိုင္ေလတယ္...။

"အာဝါးေပးမလို႔လား..?? ေပးပါဦးဗ်...ဦးဦးကို"

ကြၽန္ေတာ္လွစ္ခနဲၿပံဳးလိုက္ရင္း သူ႕ကိုလွမ္းအကဲခတ္ေနလိုက္တယ္...။ မၾကာပါဘူး Taehyungie ေလးက သူ႕ပါးကိုအားရပါးရ ကိုက္ခ်ပစ္လိုက္တာေၾကာင့္ သူ႕အသံစူးခနဲထြက္လာေလတယ္...။

"ဘာလို႔ကိုက္တာလဲ ကေလးေပါက္စရဲ႕"

သူငိုမဲ့မဲ့နဲ႔လွမ္းေျပာေတာ့ Taehyungie ေလးက တခိခိရယ္ေနေလတယ္...။ သူ႕ပါးေပၚမွာေတာ့ သြားရည္ေတြနဲ႔အတူ ကေလးသြားရာေလးက အထင္းသားေပါ့...။ ဒါေပမဲ့လည္း Taehyungie ေလးက ခ်စ္ေမႊးပါတာေၾကာင့္ သူကလည္း စိတ္ေတာ့ဆိုးပံုမရပါ...။

"မင္းဒီကေလးေလးကို တစ္ေယာက္တည္းထိန္းေနရတာလား...?? သူ႕အေမကေရာ...??"

"ငါမေျပာပါရေစနဲ႔ကြာ"

ဘာဆက္လိမ္ရမွန္းမသိေတာ့တာေၾကာင့္ ကြၽန္ေတာ္မ်က္ႏွာငယ္ေလးလုပ္ကာ ျငင္းလိုက္ရင္း ကုန္သြားၿပီျဖစ္တဲ့ ထမင္းဘူးကို လႊင့္ပစ္လိုက္တယ္...။ သူကလည္း ဘယ္လိုသေဘာေပါက္သြားလဲမသိ ေခါင္းတဆတ္ဆတ္ညိတ္ကာ ဘာမွဆက္မေမးေတာ့ေပ...။

"ဒါနဲ႔ Taehyung ကေရာ ဘယ္ေတာ့ျပန္လာမွာလဲ"

ဒီေကာင္က စပ္စုတတ္ျပန္ေရာပဲ...။ ကြၽန္ေတာ္ စိတ္ေပါက္ေပါက္နဲ႔ လွမ္းၾကည့္လိုက္ေတာ့လည္း တကယ္မသိနားမလည္သလို အူေၾကာင္ေၾကာင္မ်က္ႏွာေဘးေလးနဲ႔ ကြၽန္ေတာ့္ကိုျပန္ၾကည့္ေနတယ္ေလ...။

"သူ႔မိဘေတြအိမ္ကို ျပန္သြားလို႔ေလ... စာေမးပြဲမၿပီးခင္ေတာ့ ျပန္လာမွာေပါ့... ဘာလဲ မင္းက စာဆက္မကူးေပးခ်င္ေတာ့လို႔လား...??"

ကြၽန္ေတာ္ေမးလိုက္ေတာ့လည္း သူက ပ်ာပ်ာသလဲနဲ႔ ျငင္းရွာျပန္တယ္...။ သိသားပဲ... သူက Tae ကို မ်က္ႏွာလိုမ်က္ႏွာရ သိပ္လုပ္ခ်င္တာကို...။

"မဟုတ္တာပဲ... ငါက Taehyung ကို ကူညီရရင္ အလိုလိုကိုေပ်ာ္ေနတာ... တကယ္ေတာ့ေလ... ငါက... Taehyung ကို စိတ္ဝင္စားေနတာ"

"ဘာာာာာ...!!!!!"

ကြၽန္ေတာ္ေအာ္လုိက္တာ အေတာ္ေလးက်ယ္သြားတာေၾကာင့္ Jimin လည္း လန္႔ျဖန္႔သြားသလို သူ႕ေပါင္ေပၚက Taehyungie ေလးလည္း ဆတ္ခနဲတုန္သြားတယ္...။

"ေဟ့ေကာင္ ျဖည္းျဖည္းေအာ္ပါဟ... ကေလးလန္႔သြားၿပီ... မင္းကလည္း တကတည္းမွပဲ ေယာက္ဖကိုတြန္႔တိုေနလိုက္တာ"

ကေလးအေဖလို႔ ေျပာထားမိတဲ့အက်ဳိးရလဒ္က Tae ကို ကြၽန္ေတာ့္ေယာက္ဖအျဖစ္သို႔ တြန္းပို႔လိုက္မိတာပဲ...။ စိတ္ထိန္း စိတ္ထိန္း Jeon Jungkook...။ Tae က ကြၽန္ေတာ့္တစ္ေယာက္တည္းကိုပဲ ခ်စ္တာေလ...

"ကေလးကူထိန္းေပးတာေရာ ေန႔လည္စာဝယ္ေကြၽးတဲ့အတြက္ေရာ ေက်းဇူးတင္ပါတယ္... ငါလည္း တျခားအတန္းေတြ သြားတက္လိုက္ဦးမယ္ေနာ္"

ကြၽန္ေတာ္ေျပာလည္းေျပာရင္း သူ႕ေပါင္ေပၚက Taehyungie ေလးကို ေကာက္ခ်ီလိုက္ကာ သိုင္းႀကိဳးေလးနဲ႔ ခ်ီပိုးလိုက္တယ္...။

"ေက်းဇူးတင္စရာမလိုပါဘူးကြာ... မင္းက Taehyung ရဲ႕ ေယာက္ဖပဲဟာ... ေနာက္ဆိုရင္ ငါတို႔က အမ်ဳိးေတာ္ခ်င္ေတာ္ရမွာ"

"ဟမ္... အင္းေပါ့ေလ..."

ဒီေကာင္က အလိုက္မသိတာပဲလားမသိ ကြၽန္ေတာ့္ရဲ႕ မ်က္ႏွာရိပ္မ်က္ႏွာကဲကိုလည္း မၾကည့္တတ္ဘူးပဲ...။ သူေျပာခ်င္ရာတာေတြခ်ည္း စြတ္ေျပာေနတာ...။ ကြၽန္ေတာ္သူ႕ကိုအေရးမလုပ္ဘဲ ပစၥည္းေတြ ေကာက္သိမ္းေနတာကိုေတာင္ ဝိုင္းကူေပးေနေသးတယ္...။

"ေရာ့.. ဒီမွာ.. ကေလးႏို႔ဘူး... ကေလးကိုႏို႔မႈန္႔ဘူးေတြခ်ည္း တိုက္မေနနဲ႔ဦး... အေမႏို႔ကမွ သူ႕အတြက္ပိုၿပီးေတာ့ အာဟာရျဖစ္မွာ"

မိေခ်ာင္းသားႏွယ္ လွ်ာရွည္ျပန္ေရာပဲ...။ ကြၽန္ေတာ့္မွာလည္း သူနဲ႔ကင္းလို႔မရလို႔သာ...။ ဘာလို႔မ်ား လူေတြအမ်ားႀကီးထဲမွာမွ ကြၽန္ေတာ္သူ႕ကို္ေရြးၿပီး အကူအညီေတာင္းမိလဲမသိ...။

"မင္းပဲေကာင္းတယ္... ဘာမွကိုမသိတာ... ေသာက္ကေလးစုတ္ေလး... တျခားလူနဲ႔က်မလိုက္ဘဲ အဲ့ဒီအပုေကာင္ေခၚမွ လိုက္သြားရလား...??"

သူ႕ကိုေျပာေနမွန္းသိတာေၾကာင့္ ေခါင္းေလးေမာ့ၾကည့္ကာ ပါးစပ္အေဟာင္းသားေလးနဲ႔ နားေထာင္ေနတဲ့ Taehyungie ေလး...။ သူ႕ကို္ဆူေနမွန္းေတာင္ သိပံုမရဘဲ ကြၽန္ေတာ့္စကားဆံုးတာနဲ႔ ေပါက္ကာစသြားေလးေတြ အကုန္ေပၚလာေအာင္ ဟက္ဟက္ပက္ပက္နဲ႔ ရယ္ျပေနေလတယ္...။

"ငါ့မွာလည္း မင္းကိုအၿမဲသဝန္တိုေနရတာပဲ... ဘယ္ေတာ့မ်ားမွ Kim Taehyung က ငါ့တစ္ေယာက္တည္းအပိုင္လို႔ ေၾကျငာခြင့္ရမွာလဲ...??"

သိုင္းႀကိဳးေလးျဖဳတ္ထားၿပီးတဲ့သူ႕ကို ေဘစင္ေပၚမွာတင္ အသာေလးပက္လက္တင္လိုက္ၿပီး Diaper ေလး ခြၽတ္လဲေပးလိုက္တယ္...။ အီးပါထားတာေၾကာင့္ သန္႔စင္ေအာင္ေဆးေပးလိုက္ၿပီးမွ Diaper အသစ္တစ္ခု ထပ္ဝတ္ေပးလိုက္တယ္...။

သန္႔စင္ခန္းထဲဝင္လာတဲ့သူေတြကေတာ့ ကြၽန္ေတာ့္ကို အထူးအဆန္းနဲ႔ ၾကည့္သြားၾကတယ္...။ တကၠသိုလ္ေက်ာင္းထဲက ေယာက်္ားေလးအိမ္သာမွာ ကေလးေသးခံလဲေနတဲ့ ပထမဆံုးေက်ာင္းသားက ကြၽန္ေတာ္ပဲျဖစ္ပါလိမ့္မယ္...။

"Jeon Jungkook မင္းကို အတန္းပိုင္ဆရာက ေတြ႕ခ်င္လို႔တဲ့"

သန္႔စင္ခန္းထဲ ေခါင္းျပဴဝင္လာၿပီး လာေျပာတဲ့ေက်ာင္းသားကို ကြၽန္ေတာ္ေခါင္းညိတ္ျပလိုက္ရင္း Taehyungie ေလးကို ျပန္ေကာက္ခ်ီလိုက္တယ္...။ သိုင္းႀကိဳးနဲ႔ခ်ီထားရတာ ၾကာၿပီမို႔လို႔ သူနာေနမွာစိုးတာေၾကာင့္ ဒီတိုင္းေလးသာခ်ီလာလိုက္တယ္...။ သူကလည္း ကြၽန္ေတာ့္လည္ပင္းကိုဖက္ၿပီး ပခံုးေပၚမွာေခါင္းမီွကာ ၿငိမ္ၿငိမ္ေလးပါလာတယ္...။

"ေက်ာင္းအၾကာႀကီးပ်က္ထားတယ္... ျပန္လာတက္ေတာ့လည္း ကေလးတစ္ေယာက္နဲ႔... ေျပာစမ္းပါဦး.. ဘယ္လိုျဖစ္ရတာလဲဆိုတာ... Taehyung ကေရာ ခုထိျပန္မလာေသးဘူးလား...??"

တစ္ခါတေလက်ေတာ့လည္း စာေတာ္လြန္း ေပၚျပဴလာျဖစ္လြန္းတဲ့ ေက်ာင္းသားတစ္ေယာက္ျဖစ္ရတာ အေတာ္ေလးစိတ္အိုက္စရာေကာင္းတာပဲ...။ အခုပဲၾကည့္ Taehyung ကိုဆို ဘယ္ဆရာမဆို အေလးထားၿပီး ေမးျမန္းေနၾကတယ္...။ အထူးသျဖင့္ အတန္းပိုင္ျဖစ္တဲ့ ဆရာေျမာင္...။

"Taehyung က အိမ္မွာခဏေလာက္ ေနခ်င္ေသးတယ္တဲ့... ဒီကေလးက ေဘးအိမ္က ကေလးေလးပါ... သူ႕မိဘေတြ အေရးႀကီးကိစၥနဲ႔ ခရီးသြားေနလို႔ ကြၽန္ေတာ္ယူထိန္းေပးထားတာ"

ကြၽန္ေတာ့္အေျဖကို ဆရာက ဘဝင္မက်သလို မ်က္ေမွာင္က်ံဳ႕ကာၾကည့္တယ္...။ မတတ္ႏိုင္ဘူးေလ... ကြၽန္ေတာ္လည္း ဒီ့ထပ္ေကာင္းတဲ့အေျဖ မေပးတတ္ေတာ့ဘူးပဲ...

"ေက်ာင္းသားတစ္ေယာက္က အခုလိုသူမ်ားကေလးကို ယူထိန္းလို႔မျဖစ္ဘူးေလ... မင္းရဲ႕စာက်က္ခ်ိန္ေတြ...."

"ကြၽန္ေတာ့္အတြက္ အပိုဝင္ေငြရွာတာပါ... ကြၽန္ေတာ့္မိဘေတြက ဆင္းရဲပါတယ္ဆရာ... အဲဒါေၾကာင့္ ေနတာေတာင္မွ Taehyung အိမ္မွာ ကပ္ေနရတာပါ"

မွတ္ကေရာပဲ...။ ေျပာခ်င္ရာေတြ ေျပာခ်ပစ္လိုက္ၿပီ...။ ကုမၼဏီအႀကီးႀကီးအျပင္ တျခားစီးပြားေရးလုပ္ငန္းေတြ အမ်ားႀကီးကိုပိုင္ဆိုင္ထားတဲ့ ကြၽန္ေတာ့္အေဖကေတာ့ သူ႕ရဲ႕တစ္ဦးတည္းေသာသားေလး ကြၽန္ေတာ့္ရဲ႕အေျဖကို ၾကားရရင္ေတာ့ျဖင့္ ခ်က္ခ်င္းေသြးတက္သြားေလာက္တယ္...။

"ေအးပါ... ေဆာရီး... မင္းစာမက်က္ႏိုင္မွာစိုးလို႔ေျပာတာ... Taehyung ကေရာ ဘယ္ေတာ့ေက်ာင္းျပန္တက္မွာလဲ...?? ပ်က္ရက္ေတြ အရမ္းမ်ားေနၿပီ"

"ကြၽန္ေတာ္သူ႕ကို ေသခ်ာေျပာျပေပးပါ့မယ္... ေက်ာင္းျပန္လာတက္ဖို္႔"

ဆရာလည္း ေခါင္းသာညိတ္ျပၿပီး ကြၽန္ေတာ့္ကိုသြားေတာ့ဖို႔ လက္ခါျပေလတယ္...။ ကြၽန္ေတာ္လည္း ေခါင္းတစ္ခ်က္ၫြတ္ကာ အ႐ိုအေသေပးလိုက္ၿပီးမွ အခန္းထဲကေန ျပန္ထြက္လာခဲ့လိုက္ေတာ့တယ္...။

"မျဖစ္ေတာ့ပါဘူး... ဓာတ္ခြဲစမ္းသပ္ဖို႔ကို အခ်ိန္ထပ္ဆြဲေနလို႔ မျဖစ္ေတာ့ဘူးပဲ"

အေတာ္ေလးစံုေနၿပီျဖစ္တဲ့ ေျပာင္းျပန္ေဖာ္ျမဴလာေတြကိုၾကည့္ၿပီး ကြၽန္ေတာ္တီးတိုးေရရြတ္လိုက္တယ္...။ Taehyungie ေလးကေတာ့ တေနကုန္ေက်ာင္းလိုက္တက္ရတာေၾကာင့္ ပင္ပန္းသြားၿပီး သူ႔ပုခက္ေလးထဲမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ေလး အိပ္ေပ်ာ္လို႔ေပါ့...။

🍼🍼🍼🍼🍼🍼🍼🍼🍼🍼🍼

အခုဆိုရင္ ကြၽန္ေတာ္ကေလးထိန္းရင္း ေက်ာင္းတက္ေနတာ တစ္ပတ္ေလာက္ရိွေနၿပီ...။ စစခ်င္းကေတာ့ လာေမးၾက စပ္စုၾကတဲ့သူေတြမ်ားသေလာက္ ၾကာလာေတာ့လည္း ကေလးတစ္ေယာက္နဲ႔ကြၽန္ေတာ္က သူတို႔အျမင္မွာ ႐ိုးသြားေလၿပီ...။

Jimin ကလည္း စပ္စုၿပီးစကားမ်ားသေလာက္ ေတာ္ေတာ္ေလး အားကိုးရပါတယ္...။ ကြၽန္ေတာ္ practical သြားလုပ္တဲ့အခ်ိန္ေတြဆို Taehyungie ေလးကို သူထိန္းေပးထားတတ္တယ္...။ ကေလးက တျခားသူေခၚလို႔မရသေလာက္ သူနဲ႔အဆင္ေျပေနတာပဲ ေက်းဇူးတင္ရမယ္...။

တစ္ခုေတာ့ရိွတာေပါ့...။ အဲ့ေကာင္ Jimin ကေလ သူ Tae ကိုသေဘာက်တဲ့အေၾကာင္းကို တဖြဖြကိုေျပာေနေတာ့တာ...။ ကြၽန္ေတာ့္မွာလည္း အီးမွန္တဲ့မ်က္ႏွာနဲ႔ သူေျပာသမွ် ေခါင္းေတြခ်ည္းညိတ္ျပေနရတာ...။

"မင္း ေက်ာင္းပိတ္ရက္က်ရင္ Taehyung ရဲ႕အိမ္ကို သြားမလည္ခ်င္ဘူးလား... မင္းရဲ႕မိန္းမကိုလည္း ေတြ႕ရမွာေလကြာ"

သူတစ္ခ်က္တစ္ခ်က္ ထေျပာတဲ့စကားေတြက ကြၽန္ေတာ့္ကို ေတာ္ေတာ္ေလးအၾကပ္႐ိုက္ေစတယ္...။ အခုလည္းၾကည့္ သူ Tae ကို ေတြ႕ခ်င္တာနဲ႔ပဲ သပ္သပ္အေၾကာင္းရွာေနတာ...။

"ငါတို႔က အဆင္မေျပလို႔လမ္းခြဲထားပါတယ္ဆို ဘာလို႔သြားေတြ႕ရမွာလဲ... ၿပီးေတာ့ Taehyung က အိမ္မွာေအးေဆးနားေနတာ... ဘာလို႔သြားေႏွာက္ယွက္မွာလဲ...??"

"ငါသူ႕ကိုလြမ္းေနၿပီေလကြာ.. အဲဒါေၾကာင့္ပါ"

စိတ္ရိွလက္ရိွတိုင္းသာဆိုရင္ ဒင္းကိုေလ ေဆာင့္ကန္ပစ္ခ်င္တာ...။ တစ္ခါတေလဆို ေမတၱာပ်က္ေအာင္ သိပ္လုပ္တတ္တာပဲ...။ ေျပာရရင္ ကြၽန္ေတာ္ကေတာင္ Tae ကို ပိုလြမ္းေသးတာ...။

"သြားစမ္းပါကြာ... အတန္းတက္စရာရိွတာသြားတက္.. Taehyung က မင္းကို စာေတြကူးေပးထားတဲ့အတြက္ ေက်းဇူးတင္ေနမွာ"

"ေအးေနာ္.. ဒါဆိုငါသြားလိုက္ဦးမယ္..
Taehyungie ေလးေရ.. တာ့တာေနာ္"

ခ်က္ခ်င္းကို ဖင္ခါၿပီးထြက္သြားတဲ့သူ႕ကိုၾကည့္ၿပီး ကြၽန္ေတာ္ေခါင္းကိုသာ အသာယမ္းမိတယ္...။ ၿပီးေတာ့မွ ကြၽန္ေတာ္လည္း အိမ္ကေနထည့္လာတဲ့ ေန႔လည္စာထမင္းဘူးကို ဖြင့္စားလိုက္ရင္း လွမ္းေငးေနတဲ့ Taehyungie ေလးရဲ႕ လက္ထဲသို႔ ၾကက္ဥျပဳတ္တစ္စိတ္ ထည့္ေပးလိုက္တယ္...။

အတန္းျပင္က ခံုတန္းမွာခြထိုင္ကာ ထမင္းစားေနတဲ့ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ေရွ႕မွာထိုင္ကာ ဟင္းေတြခ်ည္းစားေနတဲ့ Taehyungie ေလး...။

"ခုနကတင္ သူ႕ကိုအတန္းထဲမွာေတြ႕ေသးတယ္... Taehyung ေပ်ာက္ေနတာကို အေၾကာင္းမၾကားတဲ့အျပင္ သူ႕ဘာသာ ကေလးတစ္ေယာက္နဲ႔ အလုပ္႐ႉပ္ေနတာ"

ၾကားလိုက္ရတဲ့စကားေၾကာင့္ ကြၽန္ေတာ္ ထမင္းစားေနရာကေန ေခါင္းေထာင္ၾကည့္လိုက္တယ္...။ အတန္းပိုင္ဆရာနဲ႔အတူ ေဘးမွာပါလာတာက Tae ရဲ႕အေဖ...။ ျပႆနာေတာ့တက္ၿပီ...။

သူတို႔ကြၽန္ေတာ့္ကိုရွာေနတာေၾကာင့္ ကြၽန္ေတာ္ေခါင္းျပန္ငံု႔လိုက္ကာ စားလက္စေတြကို အျမန္သိမ္းလိုက္ၿပီး ကေလးကိုပါေပြ႕ခ်ီကာ အကြယ္တစ္ေနရာမွာ ပုန္းေနလိုက္တယ္...။

"အဲ့ကေလးက သူ႕ကေလးတဲ့...
ၿပီးေတာ့ Taehyung ရဲ႕တူဆို..."

ကြၽန္ေတာ္ကိုယ့္နဖူးသာကိုယ္ ႐ိုက္လိုက္မိတယ္...။ အလိုက္မသိတဲ့ Jimin က သူသိသမွ်ကို ျပန္ေဖာက္သည္ခ်ေနတယ္ေလ...။

"ဘာရယ္.. ငါ့သမီးက အပ်ဳိႏုႏုထြတ္ထြတ္ေလး.. ဒီေကာင္ Jeon Jungkook ေတြ႕ပါေစဦး...!!!"

အေျခအေနက ေတာ္ေတာ္ေလးမေကာင္းတာေၾကာင့္ ကြၽန္ေတာ္အိမ္ျပန္လို႔ေတာင္မျဖစ္ေတာ့ေပ...။ Tae ရဲ႕အေဖက အိမ္မွာေစာင့္ေနမွာ အေသအခ်ာပဲေလ...။ ေက်ာင္းအျပင္ကိုေတာ့ ကြၽန္ေတာ္အရင္က ေက်ာင္းေျပးတဲ့အခ်ိန္ေတြမွာ ခိုးထြက္တဲ့အေပါက္ကေန ျပန္ထြက္လာႏိုင္ခဲ့တယ္...။

ဘာဆက္လုပ္ရမလဲဆိုတာကို အသည္းအသန္စဥ္းစားလိုက္ေတာ့ ကူညီေပးႏိုင္တဲ့သူက တစ္ေယာက္တည္းရိွတယ္...။ အိမ္လည္းျပန္လို႔မရေတာ့တဲ့အတူတူ ဒီတစ္နည္းတည္းသာ ရိွေတာ့တာပဲ..။

သိပ္ေတာ့မၾကာလိုက္ ကြၽန္ေတာ္ဖုန္းဆက္ေခၚလိုက္တာေၾကာင့္ Jimin တစ္ေယာက္ ေယာင္လည္လည္နဲ႔ ေက်ာင္းေနာက္ဘက္က ထြက္ေပါက္ဆီကို ေရာက္လာေလတယ္...။

"Jungkook မင္းဘာလို႔လိမ္ေျပာတာလဲ...?? Taehyung ရဲ႕အေဖက..."

သူ႕စကားတဝက္တပ်က္နဲ႔တင္ ကြၽန္ေတာ္သူ႕ပါးစပ္ကို လက္ဖဝါးနဲ႔အုပ္ပိတ္လိုက္ကာ တိ္တ္တိတ္ေနရန္ အခ်က္ျပလိုက္တယ္...။

"မင္းကို ငါအကုန္ရွင္းျပမယ္... တစ္ခုပဲကူညီ... ငါနဲ႔ကေလးကို မင္းအိမ္ကိုေခၚသြားေပး... Taehyung ရဲ႕အေဖကိုေရာ ဆရာ့ကိုေရာ.. ကုန္ကုန္ေျပာမယ္ကြာ ဘယ္သူ႕ကိုမွ ငါတို႔အေၾကာင္းကို ျပန္မေျပာျပရဘူး... ဘယ္လိုလဲ ကတိေပးလား...??"

သူ႕ပါးစပ္ကို အုပ္ပိတ္ထားတာေၾကာင့္ ကြၽန္ေတာ့္ကို သူျပဴးေၾကာင္ေၾကာင္ေလး ေငးၾကည့္ေနရင္းမွ ေခါင္းကိုျဖည္းညႇင္းစြာ ညိတ္ျပေလတယ္...။ ကြၽန္ေတာ္သိပါတယ္... သူက သူငယ္ခ်င္းေကာင္းတစ္ေယာက္ ျဖစ္လာႏိုင္မယ္ဆိုတာ...။ ထိုအခါမွကြၽန္ေတာ္လည္း သူ႕ကိုအသာလႊတ္ေပးလိုက္တယ္...။

"ငါ့အိမ္မွာလည္း ငါ့မိဘေတြခရီးထြက္ေနၾကတယ္... မင္းတို႔ေအးေဆးလာေနလို႔ရတယ္.. မင္းရိွေနတာကိုလည္း ငါဘယ္သူ႕ကိုမွ အေၾကာင္းၾကားမွာမဟုတ္ဘူး... ဒါေပမယ့္ ငါ့ကိုမင္းအကုန္ရွင္းျပရမယ္ေနာ္"

ကြၽန္ေတာ္ေခါင္းညိတ္ျပလိုက္ေတာ့ သူလည္းသက္ျပင္းအသာခ်ရင္း သူ႕ေနာက္လိုက္ခဲ့ဖို႔ ကြၽန္ေတာ့္ကိုအခ်က္ျပေလတယ္...။

သူ႕အိမ္ဆီသို႔အျပန္လမ္းမွာ ကားေမာင္းေနတဲ့သူ႕ဘက္ကလည္း တိတ္ဆိတ္ေနသလို ကြၽန္ေတာ္ကလည္း Taehyungie ေလးရဲ႕ဆံပင္ေလးေတြကို ဖြဖြပြတ္ေပးရင္း ေရွ႕ဆက္ရမယ့္ အစီအစဥ္ေတြကို ေတြးေနမိတယ္...။

To Be Continued....


(Unicode)

ကျွန်တော်ကျောင်းပေါက်ဝကနေ အတန်းဆီကို လျှောက်လာတဲ့တလမ်းလုံးမှာ လူတိုင်းရဲ့စိတ်ဝင်တစားနဲ့ ကြည့်တဲ့အကြည့်ပေါင်းများစွာကို ရနေခဲ့တယ်...။ အရင်ကသာဆို မာန်တက်ချင်သလိုလို ဖြစ်လောက်ပါရဲ့...။

အခုတော့ နောက်ကျောမှာလည်း ကျောပိုးအိတ်ကိုလွယ်ထားရသလို ရင်ခွင်ထဲမှာလည်း သိုင်းကြိုးလေးနဲ့ပိုးကာ ချီကာရတဲ့ Taehyungie လေးကြောင့် ကျွန်တော့်ပုံစံက ရယ်စရာဖြစ်နေမယ်ဆိုတာ ခန့်မှန်းကြည့်တာနဲ့တင် သိနိုင်ပါတယ်...။ သူကတော့ ပါးစပ်မှာချိုလိမ်လေးတပ်ထားရင်း ပတ်ဝန်းကျင်အသစ်ကို စူးစမ်းကြည့်နေလေတယ်...။

"Jungkook ဘယ်လိုလုပ်ပြီး ကလေးပေါက်စလေးကို ကျောင်းခေါ်လာတာလဲ...??"

ကျွန်တော်တို့အတန်းမှာပဲစာသင်တဲ့ ဆရာတစ်ယောက်က ကျွန်တော့်ကို မျက်မှန်းတန်းမိနေတာကြောင့် လှမ်းနှုတ်ဆက်ရင်းမေးတယ်...။ ကျွန်တော့်မှာလည်း ဒီကလေးရပြီးမှ လူလိမ်ကြီးလုံးလုံးကိုဖြစ်လို့...။

"ကျွန်တော့်ညီလေးလေ... အိမ်မှာလူကြီးတွေမရှိလို့ ခေါ်လာရတာ"

"မင်းညီလေးက အတန်းထဲမှာမငိုတာ သေချာရဲ့လား...??"

ကလေးကြောင့် စာသင်တဲ့ကျောင်းသားတွေ အနှောက်အယှက်ဖြစ်မှာစိုးလို့ ဆရာက သေချာအောင်အရင်မေးနေတယ်...။ ကျွန်တော်လည်း ခေါင်းပြုတ်မတတ် ညိတ်ပြလိုက်ရတယ်...။

"သေချာပါတယ်... ကျွန်တော့်ညီလေးက အရမ်းအေးတာ... နို့ဝရင် သူ့ဘာသာအိပ်ရောလေ"

ဆရာလည်းခေါင်းညိတ်ရင်း သူ့ကိုလည်ပြန်ငဲ့ကြည့်နေတဲ့ Taehyungie လေးကို ခေါင်းလေး အသာပွတ်ပေးနေတယ်...။

"ကလေးလေးက ချစ်ဖို့တော့ကောင်းသား... နေပါဦး... သူက တစ်ယောက်ယောက်နဲ့တူသလိုပဲ"

ကျွန်တော်ချက်ချင်းကို ခေါင်းနပန်းကြီးသွားရတယ်...။ တူမှာပေါ့ သူလေးက ဆရာဆရာမတွေရဲ့အချစ်တော် Kim Taehyung ပဲဟာကို...။

"ဟို... ကျွန်တော်အတန်းသွားတက်တော့မယ်နော်"

"အော်.. အေး.. အေး.. ကလေးတစ်ဖက်နဲ့ စာကြိုးစားတာကတော့ ဆရာလည်းသဘောကျတယ်"

ကျွန်တော်လည်းဆရာ့ကို ရှိသမျှသွားတွေပေါ်အောင် ရယ်ပြရင်းနှုတ်ဆက်ကာ အတန်းဆီသို့ ခပ်သုတ်သုတ်လျှောက်လာလိုက်တယ်...။ ပေါက်စကတော့ ဘာမှမသိရှာဘဲ ပတ်ဝန်းကျင်ကို ငေးလို့ကောင်းဆဲ...။

သူရှိနေတဲ့အတွက်လည်း ကျွန်တော်စိတ်ချလက်ချနဲ့ အတန်းချိန်အပြည့်တက်လိုက်တယ်...။ တစ်ချိန်နဲ့တစ်ချိန်အပြောင်းမှာ သူ့ကိုနို့ဘူးတိုက်လိုက် ဆရာပြန်လာရင် စာသင်လိုက်နဲ့ နေ့တဝက်တော့ ကုန်သွားလေပြီ...။ သူကလည်း တစက်မှမငိုတာကြောင့် အဆင်ပြေပါတယ်...။

နေ့လည်စာစားဖို့နားတော့မှ စာကိုအသည်းအသန် လိုက်မှတ်နေရတဲ့ကျွန်တော် စာအုပ်တွေသိမ်းရင်း သူ့ကိုအသာငုံ့ကြည့်မိတယ်...။ သူကတော့ သိုင်းကြိုးလေးနဲ့မို့ ကျဉ်းကြပ်ကြပ်အနေအထားမှာတင် ခွေခေါက်ပြီးအိပ်ပျော်နေရှာပြီ...။ အနေအထားမမှန်တာကြောင့် ခေါင်းလေးလိမ်နေရင်း ပါးစောင်မှာသွားရည်လေးတွေတောင် တွဲကျလို့ပေါ့...။

ကျွန်တော်ပြုံးလိုက်ရင်း သူ့ရဲ့သိုင်းကြိုးလေးကို အသာဖြုတ်လိုက်တော့ ကျွန်တော့်လက်ထဲ ပျော့ခွေပြီးပါ လာတယ်...။ သူအိပ်ပျော်နေတာကြောင့် ကျွန်တော်ထမင်းသွားစားလို့ အဆင်ပြေမှာမဟုတ်တော့...။ ရပါတယ်လေ... တစ်နပ်တလေပဲဟာ...။ ကျွန်တော့်ကလေးကမှ အရေးကြီးတာကို...။

အိပ်ပျော်နေတဲ့ကလေးငယ်ကို ပွေ့ဖက်ထားလိုက်ရင်း ပါးဖောင်းဖောင်းလေးကို ကျွန်တော်အသာမွှေးကြူလိုက်တယ်...။ ကျောင်းကိုခေါ်လာလို့ရတာ အဆင်ပြေသွားသားပဲ...။ ဒါပေမယ့် practical တွေရှိရင်တော့ ခေါ်သွားလို့ရမှာမဟုတ်...။ အထဲက အနံ့အသက်တွေကို သူခံနိုင်မှာမဟုတ်ဘူးလေ...။

"ဟေး Jungkook...!!! မင်းဘာလို့ကျောင်းကို ကလေးခေါ်လာရတာလဲ...??"

နားထဲကိုစူးခနဲဝင်လာတဲ့အသံကြောင့် ကျွန်တော်လန့်သွားရသလို ကျွန်တော်ချီထားတဲ့ Taehyungie လေးလည်း ဆတ်ခနဲတုန်ကာ လန့်နိုးသွားတော့တယ်...။

"Yahh ဘာလို့အသံပြဲနဲ့အော်တာလဲ..??
ကလေးနိုးသွားပြီကွ"

နိုးလက်စနဲ့အတူ ကျွန်တော်အော်ငေါက်ပစ်လိုက်တော့မှ Park Jimin တစ်ယောက် မျက်နှာငယ်လေးနဲ့ သူ့ပါးစပ်သူလက်နဲ့ပိတ်ကာ ငြိမ်သွားလေတယ်...။ ဒါပေမဲ့ သူ့အာရုံက ကျွန်တော်ချီထားတဲ့ Taehyungie လေးဆီ ချက်ချင်းပင် ရောက်သွားပြန်တယ်...။

"Omo ဒီလောက်ချစ်စရာကောင်းတဲ့ကလေး ငါခုမှမြင်ဖူးတာ... တကယ်ပဲမင်းညီလေးလား...??"

"ငါ့သားလေ..."

Taehyungie လေးရဲ့ ပါးဖောင်းဖောင်းလေးကို လက်၂ဖက်နဲ့ အားပါးတရဆွဲညှစ်ရင်းမေးတဲ့ Jimin ကတော့ ကျွန်တော့်အဖြေကြောင့် အံ့အားသင့်သွားတယ်...။ ပါးလေး၂ဖက် ရဲတွတ်သွားတဲ့ Taehyungie လေးကလည်း ကျွန်တော့်ကိုငိုမဲ့မဲ့လေးနဲ့ မော့ကြည့်လာတာကြောင့် ကျွန်တော်သူ့လက်ကို ခပ်ဆတ်ဆတ်လေး ရိုက်ပစ်လိုက်တယ်...။ ဒါကိုတောင်သူက ကျွန်တော့်ကို ပြူးကြည့်ရင်း သူ့လက်နာတာကို ဂရုမစိုက်နိုင်အားပေ...။

"မင်းတကယ်ပြောနေတာလား..?? Yahh မင်းအသက် ငယ်ငယ်ပဲရှိသေးတာလေ... ကလေးအဖေဖြစ်လို့ရလို့လား..??"

"ဘယ်ဥပဒေက ပြဌာန်းထားလို့လဲ...?? ငါ့အသက်၂၂နှစ်ရှိပြီ... ငါ့ထက်ငယ်တဲ့ ကလေးအဖေဖြစ်နေတဲ့သူတွေ အများကြီးပဲ"

ထိုအခါမှသူလည်း နာသွားတဲ့လက်ကိုအသာပွတ်ရင်း Taehyungie လေးကို ပြန်ငုံ့ကြည့်တယ်...။ Taehyungie လေးကလည်း သူ့ကိုကြည့်ရင်း မျက်နှာလေးက ငိုမဲ့မဲ့နဲ့...။ သူ့ကိုနိုးအောင်လည်းလုပ်တယ် ပါးလည်းလာဆွဲတယ်ဆိုတော့ ဘယ်ကြည်ပါ့မလဲ...။

"မင်းရဲ့မိန်းမကတော့ အတော်ချောမှာပဲ"

သူနောက်တစ်ခေါက် Taehyungie လေးဆီ လက်အလှမ်းမှာတော့ ကျွန်တော်ခပ်မြန်မြန်ပဲ ကလေးကိုကောက်ချီလိုက်တယ်...။ ကလေးက သူနဲ့ကျောပေးရက်အနေအထား ဖြစ်သွားတာကြောင့် Jimin တစ်ယောက် ဘာမှလုပ်မရတော့...။

"နေစမ်းပါဦး.. မင်းက ဒီအတန်းကမဟုတ်ပါဘူး"

ကျွန်တော်ဆက်ပြောမယ့်စကား ရပ်တန့်သွားရတယ်...။ ဟုတ်သားပဲ... သူ့ကိုစာကူးခိုင်းထားပြီး မေ့နေတယ်...။ တချိန်တည်းမှာပင် သူကလည်း ကျွန်တော့်ကိုမျက်စောင်းထိုးရင်း လက်ထဲကစာအုပ်ကို မြှောက်ပြတယ်လေ...။

"မင်း ထမင်းသွားမစားဘူးလား...?? ဒါမှမဟုတ် ငါမင်းအတွက် ဝယ်လာပေးရမလား...??"

ဗိုက်အရမ်းဆာနေတဲ့ကျွန်တော် ထိုသို့ပြောလာတဲ့သူ့ကို ကျေးဇူးတင်လွန်းလို့ ဖက်နမ်းချင်စိတ်တောင် ပေါက်သွားမိတယ်...။ ခင်တာမကြာသေးပေမယ့် သူက အရမ်းကိုဖော်ရွေလွန်းတယ်လေ...။ အဲ..တစ်ခါတလေ အလိုက်မသိတာလေးက လွဲရင်ပေါ့...။

"ဝယ်လာခဲ့ပေးပါ... ဘာပဲဖြစ်ဖြစ်ပေါ့.. ငါက ကလေးတစ်ဖက်နဲ့ဆိုတော့ သွားဖို့အဆင်မပြေဘူး"

ကျွန်တော်ပြောလည်းပြောရင်းနဲ့ လက်ကိုတပြွတ်ပြွတ်စုပ်ပြနေတဲ့ Taehyungie လေးအတွက် အိတ်ထဲက နို့ဘူးကိုထုတ်ကာ သူ့ပါးစပ်လေးမှာ တပ်ပေးလိုက်တယ်...။

"Aigoo ဒီကောင်လေး သိပ်ချစ်စရာကောင်းတာပဲ.. အင်းပါ ခဏပဲစောင့်... ငါဝယ်လာခဲ့ပေးမယ်"

"Hey Jimin နေဦးလေ... ပိုက်ဆံယူသွား"

ချက်ချင်းအတန်းပြင်ကို အပြေးတပိုင်းထွက်သွားတဲ့သူ့ကို ကျွန်တော်လှမ်းခေါ်လိုက်ပေမယ့် သူက လက်ကာပြလေတယ်...။ သူထွက်သွားပြီဆိုတော့မှ ကျွန်တော်လည်း နို့စို့နေတဲ့ Taehyungie လေးကို ငုံ့ကြည့်လိုက်မိတယ်...။ အံမယ် သူလေးကကျွန်တော့်ကို နို့စို့နေရင်းနဲ့ ရယ်ပြနေပြန်တယ်...။

ပါးဖောင်းဖောင်းလေးတွေက Jimin လက်ချက်ကြောင့် နီရဲရဲလေးဖြစ်နေတာကြောင့် ခုနက ကျေးဇူးတင်နေတဲ့စိတ်လေး ပြန်ပျောက်သွားရပြန်တယ်...။ ကျွန်တော့်ကလေးလေးရဲ့ အသားအရည်လေးက နူးနူးညံ့ညံ့လေးကို...။

"ရော့... ဒီမှာ မင်းစားဖို့.. ကလေးကို ငါ့ဆီပေးထားလေ... ငါချီထားပေးမှာပေါ့"

ထမင်းဘူးလေးကို စားပွဲပေါ်သို့ ကသောကမျောနဲ့ ပစ်တင်ပြီးတာနဲ့ ကျွန်တော့်ဆီကနေ Taehyungie လေးကို တောင်းနေတဲ့သူ့ကို ကျွန်တော်ဂြိုလ်ကြည့်ကြည့်ပေးလိုက်တယ်...။ သူကလည်း သဘောပေါက်စွာနဲ့ ဟက်ခနဲရယ်လိုက်တယ်...။

"ငါဒီတစ်ခါ ပါးကိုအတင်းမညှစ်တော့ပါဘူး... ခုနက အရမ်းအသည်းယားသွားလို့ပါကွာ... ပေးပါ ငါ့ကို.. မင်းဘာသာ စိတ်ချလက်ချထမင်းစား"

"လိုက်မှာလားလည်း ခေါ်ကြည့်လိုက်ဦး... သူကငါကလွဲပြီး တခြားသူချီလို့မရဘူး"

ထမင်းဘူးမျက်နှာကြောင့် ကျွန်တော်စိတ်လျှော့လိုက်ပြီး ပေါင်ပေါ်က Taehyungie လေးကို မျက်စပစ်ပြလိုက်တယ်...။ သူကတော့ ကျွန်တော့်ဆီက ခွင့်ပြုချက်ရတော့ ဝမ်းသာအားရနဲ့ Taehyungie လေးကို လှမ်းမြူကာ ချီဖို့ကြိုးစားတယ်...။ Taehyungie လေးကလည်း သူ့ကိုပြူးပြူးလေး မော့ကြည့်လို့ပေါ့...။

"လာပါကွ... ငါချီကြည့်ချင်လို့ပါ ပိစိလေးရ"

သူရုပ်အမျိုးမျိုးလုပ်ပြကာ မြူနေတာကြောင့် Taehyungie လေး စိတ်ဝင်စားသွားပြီး ကျွန်တော့်ပေါင်ပေါ်ကနေ သူ့လက်ထဲကို ထိုးဆင်းသွားလေတယ်...။ သူကလည်းချက်ချင်းကို အောင်နိုင်သူတစ်ယောက်လို ဟေးခနဲအော်ရင်း Taehyungie လေးရဲ့ ပါးဖောင်းဖောင်းလေးကို ရွှတ်ခနဲလှမ်းနမ်းလေတယ်...။ မြန်လိုက်တာဆိုတာ ကျွန်တော်တားချိန်တောင်မရလိုက်...။

"ကြားသားမိုးကြိုး... ငါပထမဆုံးအကြိမ် Taehyungie ကို တခြားသူဆီ အသာတကြည်လိုက်သွားတာ မြင်ဖူးတာပဲ"

"Taehyungie...?? သူ့နာမည်က Taehyungie လား..?? Taehyung နဲ့ နာမည်တူတာလား...?? အယ် တကယ်တမ်းကြည့်တော့ ရုပ်ပါဆင်သလိုလို"

ကျွန်တော်စားလက်စထမင်းတောင် သီးမလိုဖြစ်သွားရတယ်...။ ဟုတ်သားပဲ ဒီကိစ္စက တခြားသူသိလို့မဖြစ်ဘူးလေ...။

"အဲ... အဲဒါကလေ... ဘယ်လိုပြောရမလဲ... Taehyung က ငါ့ယောက်ဖလေ... သူက သူ့တူလေးကို သူနဲ့တူလို့ဆိုပြီး တအားလည်းချစ်တယ်... နာမည်တောင် ဆင်တူပေးထားတာ"

မတတ်နိုင်တော့ဘူး ကျွန်တော့်ပါးစပ်ထဲက အလိမ်အညာစကားတွေ တန်းစီထွက်လာလေပြီ...။ စိတ်ထဲမှာလဲ Tae ရဲ့အစ်မကိုသာ ကျိတ်တောင်းပန်လိုက်တယ်...။ အပျိုကြီးတော့ ခလုတ်တိုက်နေလောက်ပြီ...။

"ဟုတ်လား.. ဒါဆိုသူလေးက Taehyung ရဲ့ တူလေးပေါ့နော်.. Aigoo ချစ်ဖို့ကောင်းလိုက်တာ တကယ်ပါပဲ.."

Taehyungie လေးကို ချိုင်းကနေမြှောက်ချီရင်း စေ့စေ့ကြည့်ကာပြောနေတဲ့သူ့ကို Taehyungie လေးကလည်း မပီမသစကားတွေ လှမ်းပြောရင်း သူ့ပါးကိုလက်သေးသေးလေးတွေနဲ့ လှမ်းကိုင်လေတယ်...။

"အာဝါးပေးမလို့လား..?? ပေးပါဦးဗျ...ဦးဦးကို"

ကျွန်တော်လှစ်ခနဲပြုံးလိုက်ရင်း သူ့ကိုလှမ်းအကဲခတ်နေလိုက်တယ်...။ မကြာပါဘူး Taehyungie လေးက သူ့ပါးကိုအားရပါးရ ကိုက်ချပစ်လိုက်တာကြောင့် သူ့အသံစူးခနဲထွက်လာလေတယ်...။

"ဘာလို့ကိုက်တာလဲ ကလေးပေါက်စရဲ့"

သူငိုမဲ့မဲ့နဲ့လှမ်းပြောတော့ Taehyungie လေးက တခိခိရယ်နေလေတယ်...။ သူ့ပါးပေါ်မှာတော့ သွားရည်တွေနဲ့အတူ ကလေးသွားရာလေးက အထင်းသားပေါ့...။ ဒါပေမဲ့လည်း Taehyungie လေးက ချစ်မွှေးပါတာကြောင့် သူကလည်း စိတ်တော့ဆိုးပုံမရပါ...။

"မင်းဒီကလေးလေးကို တစ်ယောက်တည်းထိန်းနေရတာလား...?? သူ့အမေကရော...??"

"ငါမပြောပါရစေနဲ့ကွာ"

ဘာဆက်လိမ်ရမှန်းမသိတော့တာကြောင့် ကျွန်တော်မျက်နှာငယ်လေးလုပ်ကာ ငြင်းလိုက်ရင်း ကုန်သွားပြီဖြစ်တဲ့ ထမင်းဘူးကို လွှင့်ပစ်လိုက်တယ်...။ သူကလည်း ဘယ်လိုသဘောပေါက်သွားလဲမသိ ခေါင်းတဆတ်ဆတ်ညိတ်ကာ ဘာမှဆက်မမေးတော့ပေ...။

"ဒါနဲ့ Taehyung ကရော ဘယ်တော့ပြန်လာမှာလဲ"

ဒီကောင်က စပ်စုတတ်ပြန်ရောပဲ...။ ကျွန်တော် စိတ်ပေါက်ပေါက်နဲ့ လှမ်းကြည့်လိုက်တော့လည်း တကယ်မသိနားမလည်သလို အူကြောင်ကြောင်မျက်နှာဘေးလေးနဲ့ ကျွန်တော့်ကိုပြန်ကြည့်နေတယ်လေ...။

"သူ့မိဘတွေအိမ်ကို ပြန်သွားလို့လေ... စာမေးပွဲမပြီးခင်တော့ ပြန်လာမှာပေါ့... ဘာလဲ မင်းက စာဆက်မကူးပေးချင်တော့လို့လား...??"

ကျွန်တော်မေးလိုက်တော့လည်း သူက ပျာပျာသလဲနဲ့ ငြင်းရှာပြန်တယ်...။ သိသားပဲ... သူက Tae ကို မျက်နှာလိုမျက်နှာရ သိပ်လုပ်ချင်တာကို...။

"မဟုတ်တာပဲ... ငါက Taehyung ကို ကူညီရရင် အလိုလိုကိုပျော်နေတာ... တကယ်တော့လေ... ငါက... Taehyung ကို စိတ်ဝင်စားနေတာ"

"ဘာာာာာ...!!!!!"

ကျွန်တော်အော်လိုက်တာ အတော်လေးကျယ်သွားတာကြောင့် Jimin လည်း လန့်ဖြန့်သွားသလို သူ့ပေါင်ပေါ်က Taehyungie လေးလည်း ဆတ်ခနဲတုန်သွားတယ်...။

"ဟေ့ကောင် ဖြည်းဖြည်းအော်ပါဟ... ကလေးလန့်သွားပြီ... မင်းကလည်း တကတည်းမှပဲ ယောက်ဖကိုတွန့်တိုနေလိုက်တာ"

ကလေးအဖေလို့ ပြောထားမိတဲ့အကျိုးရလဒ်က Tae ကို ကျွန်တော့်ယောက်ဖအဖြစ်သို့ တွန်းပို့လိုက်မိတာပဲ...။ စိတ်ထိန်း စိတ်ထိန်း Jeon Jungkook...။ Tae က ကျွန်တော့်တစ်ယောက်တည်းကိုပဲ ချစ်တာလေ...

"ကလေးကူထိန်းပေးတာရော နေ့လည်စာဝယ်ကျွေးတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်... ငါလည်း တခြားအတန်းတွေ သွားတက်လိုက်ဦးမယ်နော်"

ကျွန်တော်ပြောလည်းပြောရင်း သူ့ပေါင်ပေါ်က Taehyungie လေးကို ကောက်ချီလိုက်ကာ သိုင်းကြိုးလေးနဲ့ ချီပိုးလိုက်တယ်...။

"ကျေးဇူးတင်စရာမလိုပါဘူးကွာ... မင်းက Taehyung ရဲ့ ယောက်ဖပဲဟာ... နောက်ဆိုရင် ငါတို့က အမျိုးတော်ချင်တော်ရမှာ"

"ဟမ်... အင်းပေါ့လေ..."

ဒီကောင်က အလိုက်မသိတာပဲလားမသိ ကျွန်တော့်ရဲ့ မျက်နှာရိပ်မျက်နှာကဲကိုလည်း မကြည့်တတ်ဘူးပဲ...။ သူပြောချင်ရာတာတွေချည်း စွတ်ပြောနေတာ...။ ကျွန်တော်သူ့ကိုအရေးမလုပ်ဘဲ ပစ္စည်းတွေ ကောက်သိမ်းနေတာကိုတောင် ဝိုင်းကူပေးနေသေးတယ်...။

"ရော့.. ဒီမှာ.. ကလေးနို့ဘူး... ကလေးကိုနို့မှုန့်ဘူးတွေချည်း တိုက်မနေနဲ့ဦး... အမေနို့ကမှ သူ့အတွက်ပိုပြီးတော့ အာဟာရဖြစ်မှာ"

မိချောင်းသားနှယ် လျှာရှည်ပြန်ရောပဲ...။ ကျွန်တော့်မှာလည်း သူနဲ့ကင်းလို့မရလို့သာ...။ ဘာလို့များ လူတွေအများကြီးထဲမှာမှ ကျွန်တော်သူ့ကိုရွေးပြီး အကူအညီတောင်းမိလဲမသိ...။

"မင်းပဲကောင်းတယ်... ဘာမှကိုမသိတာ... သောက်ကလေးစုတ်လေး... တခြားလူနဲ့ကျမလိုက်ဘဲ အဲ့ဒီအပုကောင်ခေါ်မှ လိုက်သွားရလား...??"

သူ့ကိုပြောနေမှန်းသိတာကြောင့် ခေါင်းလေးမော့ကြည့်ကာ ပါးစပ်အဟောင်းသားလေးနဲ့ နားထောင်နေတဲ့ Taehyungie လေး...။ သူ့ကိုဆူနေမှန်းတောင် သိပုံမရဘဲ ကျွန်တော့်စကားဆုံးတာနဲ့ ပေါက်ကာစသွားလေးတွေ အကုန်ပေါ်လာအောင် ဟက်ဟက်ပက်ပက်နဲ့ ရယ်ပြနေလေတယ်...။

"ငါ့မှာလည်း မင်းကိုအမြဲသဝန်တိုနေရတာပဲ... ဘယ်တော့များမှ Kim Taehyung က ငါ့တစ်ယောက်တည်းအပိုင်လို့ ကြေငြာခွင့်ရမှာလဲ...??"

သိုင်းကြိုးလေးဖြုတ်ထားပြီးတဲ့သူ့ကို ဘေစင်ပေါ်မှာတင် အသာလေးပက်လက်တင်လိုက်ပြီး Diaper လေး ချွတ်လဲပေးလိုက်တယ်...။ အီးပါထားတာကြောင့် သန့်စင်အောင်ဆေးပေးလိုက်ပြီးမှ Diaper အသစ်တစ်ခု ထပ်ဝတ်ပေးလိုက်တယ်...။

သန့်စင်ခန်းထဲဝင်လာတဲ့သူတွေကတော့ ကျွန်တော့်ကို အထူးအဆန်းနဲ့ ကြည့်သွားကြတယ်...။ တက္ကသိုလ်ကျောင်းထဲက ယောကျ်ားလေးအိမ်သာမှာ ကလေးသေးခံလဲနေတဲ့ ပထမဆုံးကျောင်းသားက ကျွန်တော်ပဲဖြစ်ပါလိမ့်မယ်...။

"Jeon Jungkook မင်းကို အတန်းပိုင်ဆရာက တွေ့ချင်လို့တဲ့"

သန့်စင်ခန်းထဲ ခေါင်းပြူဝင်လာပြီး လာပြောတဲ့ကျောင်းသားကို ကျွန်တော်ခေါင်းညိတ်ပြလိုက်ရင်း Taehyungie လေးကို ပြန်ကောက်ချီလိုက်တယ်...။ သိုင်းကြိုးနဲ့ချီထားရတာ ကြာပြီမို့လို့ သူနာနေမှာစိုးတာကြောင့် ဒီတိုင်းလေးသာချီလာလိုက်တယ်...။ သူကလည်း ကျွန်တော့်လည်ပင်းကိုဖက်ပြီး ပခုံးပေါ်မှာခေါင်းမှီကာ ငြိမ်ငြိမ်လေးပါလာတယ်...။

"ကျောင်းအကြာကြီးပျက်ထားတယ်... ပြန်လာတက်တော့လည်း ကလေးတစ်ယောက်နဲ့... ပြောစမ်းပါဦး.. ဘယ်လိုဖြစ်ရတာလဲဆိုတာ... Taehyung ကရော ခုထိပြန်မလာသေးဘူးလား...??"

တစ်ခါတလေကျတော့လည်း စာတော်လွန်း ပေါ်ပြူလာဖြစ်လွန်းတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ရတာ အတော်လေးစိတ်အိုက်စရာကောင်းတာပဲ...။ အခုပဲကြည့် Taehyung ကိုဆို ဘယ်ဆရာမဆို အလေးထားပြီး မေးမြန်းနေကြတယ်...။ အထူးသဖြင့် အတန်းပိုင်ဖြစ်တဲ့ ဆရာမြောင်...။

"Taehyung က အိမ်မှာခဏလောက် နေချင်သေးတယ်တဲ့... ဒီကလေးက ဘေးအိမ်က ကလေးလေးပါ... သူ့မိဘတွေ အရေးကြီးကိစ္စနဲ့ ခရီးသွားနေလို့ ကျွန်တော်ယူထိန်းပေးထားတာ"

ကျွန်တော့်အဖြေကို ဆရာက ဘဝင်မကျသလို မျက်မှောင်ကျုံ့ကာကြည့်တယ်...။ မတတ်နိုင်ဘူးလေ... ကျွန်တော်လည်း ဒီ့ထပ်ကောင်းတဲ့အဖြေ မပေးတတ်တော့ဘူးပဲ...

"ကျောင်းသားတစ်ယောက်က အခုလိုသူများကလေးကို ယူထိန်းလို့မဖြစ်ဘူးလေ... မင်းရဲ့စာကျက်ချိန်တွေ...."

"ကျွန်တော့်အတွက် အပိုဝင်ငွေရှာတာပါ... ကျွန်တော့်မိဘတွေက ဆင်းရဲပါတယ်ဆရာ... အဲဒါကြောင့် နေတာတောင်မှ Taehyung အိမ်မှာ ကပ်နေရတာပါ"

မှတ်ကရောပဲ...။ ပြောချင်ရာတွေ ပြောချပစ်လိုက်ပြီ...။ ကုမ္မဏီအကြီးကြီးအပြင် တခြားစီးပွားရေးလုပ်ငန်းတွေ အများကြီးကိုပိုင်ဆိုင်ထားတဲ့ ကျွန်တော့်အဖေကတော့ သူ့ရဲ့တစ်ဦးတည်းသောသားလေး ကျွန်တော့်ရဲ့အဖြေကို ကြားရရင်တော့ဖြင့် ချက်ချင်းသွေးတက်သွားလောက်တယ်...။

"အေးပါ... ဆောရီး... မင်းစာမကျက်နိုင်မှာစိုးလို့ပြောတာ... Taehyung ကရော ဘယ်တော့ကျောင်းပြန်တက်မှာလဲ...?? ပျက်ရက်တွေ အရမ်းများနေပြီ"

"ကျွန်တော်သူ့ကို သေချာပြောပြပေးပါ့မယ်... ကျောင်းပြန်လာတက်ဖို့်"

ဆရာလည်း ခေါင်းသာညိတ်ပြပြီး ကျွန်တော့်ကိုသွားတော့ဖို့ လက်ခါပြလေတယ်...။ ကျွန်တော်လည်း ခေါင်းတစ်ချက်ညွတ်ကာ အရိုအသေပေးလိုက်ပြီးမှ အခန်းထဲကနေ ပြန်ထွက်လာခဲ့လိုက်တော့တယ်...။

"မဖြစ်တော့ပါဘူး... ဓာတ်ခွဲစမ်းသပ်ဖို့ကို အချိန်ထပ်ဆွဲနေလို့ မဖြစ်တော့ဘူးပဲ"

အတော်လေးစုံနေပြီဖြစ်တဲ့ ပြောင်းပြန်ဖော်မြူလာတွေကိုကြည့်ပြီး ကျွန်တော်တီးတိုးရေရွတ်လိုက်တယ်...။ Taehyungie လေးကတော့ တနေကုန်ကျောင်းလိုက်တက်ရတာကြောင့် ပင်ပန်းသွားပြီး သူ့ပုခက်လေးထဲမှာ နှစ်နှစ်ခြိုက်ခြိုက်လေး အိပ်ပျော်လို့ပေါ့...။

🍼🍼🍼🍼🍼🍼🍼🍼🍼🍼🍼

အခုဆိုရင် ကျွန်တော်ကလေးထိန်းရင်း ကျောင်းတက်နေတာ တစ်ပတ်လောက်ရှိနေပြီ...။ စစချင်းကတော့ လာမေးကြ စပ်စုကြတဲ့သူတွေများသလောက် ကြာလာတော့လည်း ကလေးတစ်ယောက်နဲ့ကျွန်တော်က သူတို့အမြင်မှာ ရိုးသွားလေပြီ...။

Jimin ကလည်း စပ်စုပြီးစကားများသလောက် တော်တော်လေး အားကိုးရပါတယ်...။ ကျွန်တော် practical သွားလုပ်တဲ့အချိန်တွေဆို Taehyungie လေးကို သူထိန်းပေးထားတတ်တယ်...။ ကလေးက တခြားသူခေါ်လို့မရသလောက် သူနဲ့အဆင်ပြေနေတာပဲ ကျေးဇူးတင်ရမယ်...။

တစ်ခုတော့ရှိတာပေါ့...။ အဲ့ကောင် Jimin ကလေ သူ Tae ကိုသဘောကျတဲ့အကြောင်းကို တဖွဖွကိုပြောနေတော့တာ...။ ကျွန်တော့်မှာလည်း အီးမှန်တဲ့မျက်နှာနဲ့ သူပြောသမျှ ခေါင်းတွေချည်းညိတ်ပြနေရတာ...။

"မင်း ကျောင်းပိတ်ရက်ကျရင် Taehyung ရဲ့အိမ်ကို သွားမလည်ချင်ဘူးလား... မင်းရဲ့မိန်းမကိုလည်း တွေ့ရမှာလေကွာ"

သူတစ်ချက်တစ်ချက် ထပြောတဲ့စကားတွေက ကျွန်တော့်ကို တော်တော်လေးအကြပ်ရိုက်စေတယ်...။ အခုလည်းကြည့် သူ Tae ကို တွေ့ချင်တာနဲ့ပဲ သပ်သပ်အကြောင်းရှာနေတာ...။

"ငါတို့က အဆင်မပြေလို့လမ်းခွဲထားပါတယ်ဆို ဘာလို့သွားတွေ့ရမှာလဲ... ပြီးတော့ Taehyung က အိမ်မှာအေးဆေးနားနေတာ... ဘာလို့သွားနှောက်ယှက်မှာလဲ...??"

"ငါသူ့ကိုလွမ်းနေပြီလေကွာ.. အဲဒါကြောင့်ပါ"

စိတ်ရှိလက်ရှိတိုင်းသာဆိုရင် ဒင်းကိုလေ ဆောင့်ကန်ပစ်ချင်တာ...။ တစ်ခါတလေဆို မေတ္တာပျက်အောင် သိပ်လုပ်တတ်တာပဲ...။ ပြောရရင် ကျွန်တော်ကတောင် Tae ကို ပိုလွမ်းသေးတာ...။

"သွားစမ်းပါကွာ... အတန်းတက်စရာရှိတာသွားတက်.. Taehyung က မင်းကို စာတွေကူးပေးထားတဲ့အတွက် ကျေးဇူးတင်နေမှာ"

"အေးနော်.. ဒါဆိုငါသွားလိုက်ဦးမယ်..
Taehyungie လေးရေ.. တာ့တာနော်"

ချက်ချင်းကို ဖင်ခါပြီးထွက်သွားတဲ့သူ့ကိုကြည့်ပြီး ကျွန်တော်ခေါင်းကိုသာ အသာယမ်းမိတယ်...။ ပြီးတော့မှ ကျွန်တော်လည်း အိမ်ကနေထည့်လာတဲ့ နေ့လည်စာထမင်းဘူးကို ဖွင့်စားလိုက်ရင်း လှမ်းငေးနေတဲ့ Taehyungie လေးရဲ့ လက်ထဲသို့ ကြက်ဥပြုတ်တစ်စိတ် ထည့်ပေးလိုက်တယ်...။

အတန်းပြင်က ခုံတန်းမှာခွထိုင်ကာ ထမင်းစားနေတဲ့ကျွန်တော်နဲ့ ကျွန်တော့်ရှေ့မှာထိုင်ကာ ဟင်းတွေချည်းစားနေတဲ့ Taehyungie လေး...။

"ခုနကတင် သူ့ကိုအတန်းထဲမှာတွေ့သေးတယ်... Taehyung ပျောက်နေတာကို အကြောင်းမကြားတဲ့အပြင် သူ့ဘာသာ ကလေးတစ်ယောက်နဲ့ အလုပ်ရှူပ်နေတာ"

ကြားလိုက်ရတဲ့စကားကြောင့် ကျွန်တော် ထမင်းစားနေရာကနေ ခေါင်းထောင်ကြည့်လိုက်တယ်...။ အတန်းပိုင်ဆရာနဲ့အတူ ဘေးမှာပါလာတာက Tae ရဲ့အဖေ...။ ပြဿနာတော့တက်ပြီ...။

သူတို့ကျွန်တော့်ကိုရှာနေတာကြောင့် ကျွန်တော်ခေါင်းပြန်ငုံ့လိုက်ကာ စားလက်စတွေကို အမြန်သိမ်းလိုက်ပြီး ကလေးကိုပါပွေ့ချီကာ အကွယ်တစ်နေရာမှာ ပုန်းနေလိုက်တယ်...။

"အဲ့ကလေးက သူ့ကလေးတဲ့...
ပြီးတော့ Taehyung ရဲ့တူဆို..."

ကျွန်တော်ကိုယ့်နဖူးသာကိုယ် ရိုက်လိုက်မိတယ်...။ အလိုက်မသိတဲ့ Jimin က သူသိသမျှကို ပြန်ဖောက်သည်ချနေတယ်လေ...။

"ဘာရယ်.. ငါ့သမီးက အပျိုနုနုထွတ်ထွတ်လေး.. ဒီကောင် Jeon Jungkook တွေ့ပါစေဦး...!!!"

အခြေအနေက တော်တော်လေးမကောင်းတာကြောင့် ကျွန်တော်အိမ်ပြန်လို့တောင်မဖြစ်တော့ပေ...။ Tae ရဲ့အဖေက အိမ်မှာစောင့်နေမှာ အသေအချာပဲလေ...။ ကျောင်းအပြင်ကိုတော့ ကျွန်တော်အရင်က ကျောင်းပြေးတဲ့အချိန်တွေမှာ ခိုးထွက်တဲ့အပေါက်ကနေ ပြန်ထွက်လာနိုင်ခဲ့တယ်...။

ဘာဆက်လုပ်ရမလဲဆိုတာကို အသည်းအသန်စဉ်းစားလိုက်တော့ ကူညီပေးနိုင်တဲ့သူက တစ်ယောက်တည်းရှိတယ်...။ အိမ်လည်းပြန်လို့မရတော့တဲ့အတူတူ ဒီတစ်နည်းတည်းသာ ရှိတော့တာပဲ..။

သိပ်တော့မကြာလိုက် ကျွန်တော်ဖုန်းဆက်ခေါ်လိုက်တာကြောင့် Jimin တစ်ယောက် ယောင်လည်လည်နဲ့ ကျောင်းနောက်ဘက်က ထွက်ပေါက်ဆီကို ရောက်လာလေတယ်...။

"Jungkook မင်းဘာလို့လိမ်ပြောတာလဲ...?? Taehyung ရဲ့အဖေက..."

သူ့စကားတဝက်တပျက်နဲ့တင် ကျွန်တော်သူ့ပါးစပ်ကို လက်ဖဝါးနဲ့အုပ်ပိတ်လိုက်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်တယ်...။

"မင်းကို ငါအကုန်ရှင်းပြမယ်... တစ်ခုပဲကူညီ... ငါနဲ့ကလေးကို မင်းအိမ်ကိုခေါ်သွားပေး... Taehyung ရဲ့အဖေကိုရော ဆရာ့ကိုရော.. ကုန်ကုန်ပြောမယ်ကွာ ဘယ်သူ့ကိုမှ ငါတို့အကြောင်းကို ပြန်မပြောပြရဘူး... ဘယ်လိုလဲ ကတိပေးလား...??"

သူ့ပါးစပ်ကို အုပ်ပိတ်ထားတာကြောင့် ကျွန်တော့်ကို သူပြူးကြောင်ကြောင်လေး ငေးကြည့်နေရင်းမှ ခေါင်းကိုဖြည်းညှင်းစွာ ညိတ်ပြလေတယ်...။ ကျွန်တော်သိပါတယ်... သူက သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်လာနိုင်မယ်ဆိုတာ...။ ထိုအခါမှကျွန်တော်လည်း သူ့ကိုအသာလွှတ်ပေးလိုက်တယ်...။

"ငါ့အိမ်မှာလည်း ငါ့မိဘတွေခရီးထွက်နေကြတယ်... မင်းတို့အေးဆေးလာနေလို့ရတယ်.. မင်းရှိနေတာကိုလည်း ငါဘယ်သူ့ကိုမှ အကြောင်းကြားမှာမဟုတ်ဘူး... ဒါပေမယ့် ငါ့ကိုမင်းအကုန်ရှင်းပြရမယ်နော်"

ကျွန်တော်ခေါင်းညိတ်ပြလိုက်တော့ သူလည်းသက်ပြင်းအသာချရင်း သူ့နောက်လိုက်ခဲ့ဖို့ ကျွန်တော့်ကိုအချက်ပြလေတယ်...။

သူ့အိမ်ဆီသို့အပြန်လမ်းမှာ ကားမောင်းနေတဲ့သူ့ဘက်ကလည်း တိတ်ဆိတ်နေသလို ကျွန်တော်ကလည်း Taehyungie လေးရဲ့ဆံပင်လေးတွေကို ဖွဖွပွတ်ပေးရင်း ရှေ့ဆက်ရမယ့် အစီအစဉ်တွေကို တွေးနေမိတယ်...။

To Be Continued....

Continue lendo

Você também vai gostar

2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
631K 70.6K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
227K 26.1K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...