Secret Monster
By ErigomTdoo
14.3K 2K 447
#Chansoo #Kaisoo More
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep-14
Note
Ep - 15
Ep - 16
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31
Ep - 32
Ep - 33
Ep - 34
Ep - 35
Ep - 36
Ep - 37
38
Ep - 39
Ep - 40
Ep - 41
Ep - 42
Ep - 43
Ep - 44
Ep - 45
Ep - 46
Ep - 47
Ep - 48 ( uni )
Ep - 49 ( uni )
Final ( uni )
Ep - 17
310 52 11
By ErigomTdoo
Baekhyun နဲ့ဆရာက ဘယ်လိုအကြောင်းဖြင့်ပျက်သွားလဲဆိုတာ မသိပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့ ၀မ်းသာနေမိတယ် ။ Baekhyun အပေါ်မတရားဘူးဆိုပေမဲ့ ပျော်ရွှင်နေတဲ့စိတ်ကိုမဖုံးမိနိုင်ဘူး ။ သူအစထဲကထင်ပြီးသားပါ ပျက်မယ်ဆိုတာ ကြိုသိပေမဲ့ အခုလောက်စောမယ်မထင်ခဲ့ရုံလေးသာ ။ အခုဆို ကျောင်းကလည်ပိတ်ပြီဆိုတော့ မနက်ဖြန်ကစပြီး အချိန်ပိုင်းအလုပ်စလုပ်ရတော့မည် ။ လောလောဆယ်တော့ ခံစားချက်ကိစ္စတွေကိုခေါင်းထဲထုတ်ထားပြီး ငွေရဖို့သာ အရေးကြီးသည်ဟု စိတ်ထဲမှတ်ထားလိုက်တယ် ။ ဆရာနဲ့ပတ်သတ်ပြီးလည်း ဆက်မတွေးချင်တော့ဘူး ။ တကယ့်ကို သစ္စာမစောင့်တဲ့လူများကိုမုန်းတီးသော ကောင်လေးရဲ့ စိတ်ကွက်မှုဟာ တစ်ဖက်သားအပေါ်ထားသော အချစ်နဲ့မဖုံးမိနိုင်ဘူး ။
ဆရာက play boy လား? ဆိုတာ သူမတွေးပဲမနေနိုင်ဘူး Kyungsoo ဘ၀မှာ တစ်ဖက်သက်ချစ်ခဲ့တုန်းကလည်း သူတကယ်အဲ့အမကြီးတွေကိုသဘောကျခဲ့တယ် ။ တစ်ဖက်သားကိုသဘောမကျပဲ သမီးရည်းစားလို ရေလာမြောင်းပေးလုပ်ဖို့ မလွယ်ဘူးလို့ထင်ထားခဲ့ထားတာ ဆရာနဲ့တွေ့မှ အဲ့လိုလူလည်းရှိပါသေးလားဟုတွေးမိသည် ။ သူ့နေရာမှာ အခြားလူဆိုလည်း ဆရာက အခုလိုပဲ သီးသန့်ဖြစ်သော ကော်ဖီတွေဘာတွေဖျော်တိုက်မှာပေါ့ ။ ဆရာ့လိအြသက်အရွယ်နဲ့ ရည်းစားထားတာ လူရည်လည်နေမှန်း သူသိပါတယ် ။ ဘာပဲဖြစ်ဖြစ် အချစ်ကို အတွေ့အကြုံကောင်းတစ်ခုအဖြစ်သာမှတ်ယူလိုက်တော့မည် ။
Bar ကအပြန် မူးရှုးနေသော Baekhyun ကို sehun တို့ချစ်သူနှစ်ယောက်ကလိုက်ပို့ပေးခဲ့ပြီး Kyungsoo Jongin ကားနဲ့အိမ်ပြန်လာခဲ့သည် ။ Sehun ကလည်း ရည်းစားရသွားတော့ အရင်လိုသွားသွားလာလာအတူမရှိနိုင်တော့တာကြောင့် jongin နဲ့သူအတော်လေးတွဲဖြစ်နေတယ် ။ Jongin အကြောင်းတွေကို သိသင့်သလောက်သိပြီး မကောင်းတာရော ကောင်းတာရော သူလက်ခံနိုင်အောင်ကြိုးစားလိုက်သည် ။ Kyungsoo ကြားတာတော့ Jongin ကတစ်ဉီးတည်းသောသားဖြစ်ကာ Jongin ရဲ့ ကြားသမျှအကြောင်းတွေကအကောင်းကြီးပဲတော့မဟုတ်ဘူးပေါ့
Jongin အရင်နေခဲ့သော ကျောင်းမှာ သူ့ကြောင့် ကျောင်းသားလေးတစ်ယောက်သေဖူးတယ်တဲ့ ။ ဟုတ်လားမဟုတ်လား မသိပေမဲ့ လူချမ်းသာကောင်လေးက အခုသူသိထားသော Jongin လိုတော့ ခွေးလိမ္မာလေးတစ်ကောင်မဟုတ်ဖူးပေါ့ ။ အမြဲရန်ဖြစ်ဆိုးသွမ်းပြီး J Group ရဲ့သားတော်မောင်ရဲ့ ကားကိုအဆင်မချင်မောင်းတဲ့အကြောင်း club မှာပြသနာရှာတဲ့အကြောင်း နာမည်ကြီး Model တွေနဲ့တောင်ရည်းစားဖြစ်သေးတာ ရှိသည် ။ Kyungsoo တစ်ယောက် လူတစ်ယောက်ကိုစဉ်းစားပေးဖို့ဆိုတာက အဲ့လူရဲ့အကြောင်းကိုသေချာသိဖို့လိုတယ်လိုတွေးမိတယ် မဟုတ်ရင် မထမတစ်ယောက်လို သူ့အပေါ် ကစားတာမခံနိုင်တော့ဘူးလေ ။  Jongin ရဲ့အကြောင်းတွေသိတော့ သူအမြဲတမ်း တစ်ဖက်လူ၏ ခံနိုင်ရည်အားကိုအမြဲစမ်းသပ်ကြည့်ပေမဲ့ Jongin ကတော့ သူ့အပေါ်အရမ်းသည်းခံလွန်းတယ် ။ သူ့ပုံစံက အရမ်းကို ချစ်တတ်သော လူတစ်ယောက်လိုပေါ့ ။
ကျောင်းပိတ်သွားပြီးတဲ့အချိန်အထိ သူငယ်ချင်းတွေအားလုံးကအဆက်အသွယ်မပျက်ကြဘူး ။ သူသတင်းသဲ့သဲ့ကြားရတာတော့  Baekhyun က ဆရာ့ကိုပြန်ပြီးဆက်သွယ်တယ်ကြားသလို တစ်ဖက်ကလည်း ပြန်တွဲနေပြီဟုကြားသည် ။ ဒါပေမဲ့ မသေချာပါ။ ဒါပေမဲ့ တစ်နေ့တော့ JONGIN ကအရက်မူးပြီး သူ့ကိုဖုန်းဆက်တယ် JOY ဆိုတဲ့ club ကိုလာခေါ်ပေးပါလားတဲ့ ။ ည ၁၀နာရီကျော်နေပြီ သူမငြင်းပါဘူး သူငယ်ချင်းတစ်ယောက်ကိုကူညီပေးရန် ရောက်လာခဲ့သည် ။
Jongin က သူမသိသော သူစိမ်းယောက်ျားလေးအုပ်စုနှင့်အတူထိုင်နေပြီး လက်ကလည်းအရက်ခွက်ကိုကိုင်ထားသေးသည် ။ ထိုပျက်စီးနေတဲ့လူငယ်အုပ်စုထဲမှာ Money Girls တွေ ၄ယောက်လောက်ကလည်းပါဝင်သေးပြီး သူမတို့ရဲ့ အဖော်အချွတ်ဝတ်စုံများဖြင့်မြူဆွယ်ကာ ချော့မြူနေသေးသည် ။ Jongin က အမကြီးတစ်ယောက်ရဲ့ ခါးကိုဖက်ထားကာ စိတ်လွှတ်နေတဲ့ပုံစံဖြင့် သူဝင်လာတာကိုမသိဘူး ။ တခြားလူများကတော့ သူ့ကိုသိတဲ့အလား Kyungsoo ရောက်လာတာနှင့် တဟားးဟားးးရယ်မောကာ လှောင်သလိုကြည့်လာကြတယ် ထို့နောက် Jongin ကို ပုတ်ကာ
"    ဟိုမှာ မင်းကောင်လေးလာပြီ     "
Jongin ကသူ့ကိုလည်းမြင်ရော သူဖက်ထားသော အမကြီးခါးကိုလွှတ်လိုက်ကာ ချက်ချင်း အရိုင်းဆန်နေသော အကြည့်များကနေ လိမ္မာသွားတော့သည် ။ Kyungsoo ကအဲ့ဒါကိုသတိမထားမိဘူး ။ သူက မူးရူးကာ သူ့ထံလာနေသော Jongin ကိုတွဲလိုက်ကာ
"    မင်းအိမ်ပြန်မှာလား     "
"     မပြန်ဘူး မင်းအိမ်လိုက်လို့ရမလား ?    "
"     ရပါတယ် ဒါပေမဲ့ Jongin ငါကားမမောင်းတက်ဘူးနော်    "
"      ရတယ် ထားခဲ့လိုက်    "
Jongin တစ်ယောက်တစ်ဖက်ကလူ၏ ကိုယ်ပေါ်မှီတွယ်ကာနေနေသည်မှာ ပိုးတုန်းလုံးတစ်ကောင်လိုပဲ Kyungsoo ကတော့လေးလံလှသော ကိုယ်ကြီးကို Taxi ထဲထိုးသိပ်လိုက်သည် ။ တစ်ဖက်လူက သူ့ကိုအတင်းဖက်တွဟ်လိုက် သူကတစ်ဖက်ကိုတွန်းလိုက်နဲ့ပဲ Kyungsoo တိုက်အောက်ကိုရောက်လာခဲ့သည် ။ ၅ထပ်မြောက်ကိုသွားဖို့ ဒီအမူးကိုကြည့်ကာ သူအတော်လေး စိတ်လေမိတာ အမှန်ပဲ ။  သူလည်းအိမ်ထဲရောက်ရော ဧည့်ခန်းထဲ၌ သူမထင်ထားမှတ်သော ဧည့်သည်ကရောက်နေခဲ့သည် ။
"     သားလေး မင်းသူငယ်ချင်းကိုခေါ်လာတာလား ? ဒီမှာလည်း မင်းဆရာကို အမေအောက်ထပ်မှာတွေ့တာနဲ့ ခေါ်လာလိုက်တာ "
"    ကျွန်တော် Jongin ကိုအရင်ဆုံးအခန်းထဲပို့လိုက်ဉီးမယ်     "
Kyungsoo တစ်ဖက်ကလူကို ကြည့်ကာ သူ့အခန်းထဲ Jongin ကိုတွဲကာ ၀င်သွားလိုက်သည် ။ အိပ်ယာပေါ်နေရာ သေချာချပြီးမြှပန်ထွက်လာခဲ့တယ် အဲ့အထိ Kyungsoo အမေကတော့ Chanyeol နဲ့စကားကောင်းနေဆဲပဲ။
"    ဆရာ ဘာကိစ္စရှိလို့လာတာလဲ ?   "
"     ဒီကလေး ကိုယ့်ဆရာကို ဘယ်လိုပြောတာလဲ ?    "
Chanyeol ကတော့ သူ့အရှေ့က ကောင်လေးရဲ့ ဒေါသထွက်နေသော ပုံစံကိုကြည့်ကာ သက်ပျင်းချလိုက်မိသည် ။
"     အန်တီ Kyungsoo ကိုအပြင်ခဏခေါ်သွားလို့ရမလား ဗျ    "
"    11:00 တောင်ရှိနေပြီ မလိုက်ချင်ဘူး  မသွားဘူးနော်    "
"     ဒါဆို တိုက်အောက်ကိုပဲခဏ လိုက်ခဲ့ပေးပါ  ခဏပဲ    "
Kyungsoo အမေကတော့ ဘာမှဝင်မပြေဘူး ။ အစက သူမလည်း ညဘက်ရောက်နေတာကြောင့်အပြင်မလွှတ်ချင်ခဲ့ဘူးပေါ့ ။ Kyungsoo ကတစ်ဖက်ကိုအားနာတာနဲ့ Chanyeol အနောက်ကိုလိုက်သွားလိုက်သည် ။ သူ့စိတ်တွေ ပျက်ခါနီးပြီဆိုလျှင် ဆရာက သူ့အနားကိုပြန်ရောက်လာပြန်တယ်။ ခံစားချက်တွေကဆက်ရာထင်နေတဲ့ ကြိုးအထုံးလိုပဲ အကောင်းအတိုင်းပြန်မဖြစ်နိုင်ဘူး  ဘာစိတ်မှမရှတဲ့လူကို မသိကြေးကျွံပြုနိုငိပေမဲ့ သူချစ်တဲ့လူတစ်ယောက်ကိုတော့ မသိကြေးကျွံမပြုနိုင်ပါ ။ ဆရာ့စိတ်ကို နားမလည်ပေမဲ့ တစွန်းတစတော့ရိပ်မိနေသေးသည် အချစ်လို့ထင်ခဲ့တဲ့အရာတွေလည်း သူ့အရှေ့က မြူတွေအနည်းငယ်ကင်းစင်သွားတော့ ရုပ်လုံးပေါ်လာခဲ့သည် ။
ဆရာဟာ သူ့ကိုဘယ်တုန်းကမှ မချစ်ခဲ့ဖူးပါ။ ထို့အတူ သူဟာ နေကြာပန်းလေးလိုဖြစ်နေခဲ့တာပေါ့ ။တူညီသော အခွင့်အရေးတွေထက် လက်သည်းခွံလောက်သာနေရင်ကို အကြီးကြီး ပျော်ရွှင်နေခဲ့တာလေ ။ အဲ့တော့ သူ့ဟာ မက်လုံးလေးနည်းနည်းရရုံနဲ့အရမ်းလွယ်ကူနေမိတာထင်သည် ။ ထို့အတူ ဆရာ့အပေါ်ထားသော သူ့အပေါ်အချစ် ယုံကြည်မှုကလည်း ပျက်စီးသွားပြီးနောက်မှာတော့ ပြန်လည်တည်ဆောက်ဖို့ဆိုတာ အဲ့လောက်မလွယ်ကူပါ အနာဂတ်တွင်တော့ တစ်ဖက်ကို အရမ်းမယုံကြည်ဖို့ သင်ခန်းစာတွေရလိုက်ပါတယ် ။
"     အခုထိ Jongin နဲ့ပတ်သတ်နေတုန်းလား ?   "
"     သူကကျွန်တော့်သူငယ်ချင်းပါ    "
"     အဲ့တစ်ယောက်က ငါ့ကိုဘာပြောသွားတယ်မှတ်လဲ ?   "
Kyungsoo ငြိမ်သက်စွာ နားထောင်နေလိုက်သည် ။
"     မင်း နဲ့ သူက တွဲနေပြီဆိုတဲ့အထှာနဲ့ ငါ့ကိုပြောသွားတာ    "
"     Awww  ဒါလေးပြောဖို့လား ဆရာ ပြောပြီးရင်လည်းသွားတော့မယ်  "
"     မင်းသူ့ကိုမမုန်းဘူးလား ?    "
"     ဘာလို့လဲ ? သူကကျွန်တော့်ကိုချစ်နေတယ်  တစ်ချိန် တွဲဖြစ်ချင်လည်းတွဲဖြစ်မှာလေ     "
Kyungsoo အဲ့ကိစ္စကိုရှင်းရှင်းသိသည် ။ သူစိမ်းတစ်ယောက်က ကျွန်တော်နဲ့တွဲနေပါတယ်ဆိုပြီးပြောရုံနဲ့  Baekhyun နဲ့ ဆရာချစ်သူတွေအဆင့်အထိရောက်သွားတာ ဘာဆိုင်လဲ ? တကယ်ဆို ကျွန်တော်တို့အခြေအနေက အဲ့လိုတွေမရှင်းလဲ ဘာမြှဖစ်မသွားဘူးဆိုတာ ဆရာလည်းသိမှာပါ ။ ကျွန်တော်ကြောင့် Jongin ကြောင့် ဆရာကပဲ နစ်နာသူကြီးလိုလိုနဲ့ တစ်ဖက်သားကိုဗီလိမ်ဇာတ်သွင်းပြီး လာရှင်းနေတာကြီးက ရယ်စရာမကောင်းဘူးလား ?  တကယ်ဆို ဆရာက အစထဲက ကျွန်တော့်ကို လေးလေးနက်နက်မှမရှိခဲ့တာလေ
" Jongin နဲ့ ကျွန်တော်တွဲနေတာဆိုရင်ရော ကျောင်းကဆရာတစ်ယောက်က ကျောင်းသားတွေရဲ့ အချစ်ရေးကိုပါ လိုက်ပါ၀င်ရောက်စွတ်ဖက်တဲ့ စနစ်ကတိုးလာပြီလား ?    "
"     လူငယ်တစ်ယောက်က စိတ်ကစားတာကို အချစ်လို့မထင်သင့်ဘူး    "
"     အသက်အရွယ် ကန့်သတ်ချက်တွေနဲ့ ဆရာက တစ်ဖက်သားကိုအထင်သေးတက်တဲ့လူမှန်းမသိခဲ့ဘူး     "
"     ငါက မြင်တာပြောရုံပါ တကယ်တော့ Jongin လာမပြောလည်း ငါကမင်းတို့နှစ်ယောက်နီးကပ်နေတဲ့အခြေအနေကို မြင်ပြီးထဲ သိနှင့်ပြီးသားပဲ    "
Kyungsoo ဘက်ကြည့်လျှင်လည်း သူ့ကို စွပ်စွဲနေသူတစ်ဦးဖြစ်၍ သူလိပ်ပြာသူလုံသလို Chanyeol ဘက်ကြည့်ပြန်တော့လည်း သူ့မျက်လုံးကိုသာ သူယုံလိမ့်မည် ။ အမြဲတမ်း ဘယ်သွားသွား ဘယ်လာလာ အတူရှိနေပြီး social media မှာပဲကြည့်မလား အပြင်life မှာပဲဖြစ်ဖြစ် Kyungsoo က သူ့ချစ်သူပါဆိုပြီး လိုက်ပြောနေသော Jongin အပြင် ထိုကိစ္စကိုဘာမှဖြေရှင်းချက်မပေးသော Kyungsoo ကလည်း သာယာနေတာအသိသာကြီးပဲလေ ။ ဒီနှစ်ယောက်ကို Chanyeol ဘက်ကအထင်မလွဲရိုးလား ?? တကယ်ဆို သူတို့နှစ်ယောက်နီးကပ်ခဲ့ကြတယ်ဆိုတာ Jongin ကိုဘယ်မှီပါ့မလဲ ??
အခုတော့ သူ့ဘက်ပဲ ဗီလိန် သူတို့နှစ်ယောက်ကအကောင်းပေါ့ ။ အစက ပြန်ဖြေရှင်းလို့ရမလားဆိုပြီး လာခဲ့ပေမဲ့ အစကနေအဆုံးအထိ Jongin ဘက်ကိုပါနေသော ကလေး ကိုကြည့်ကာ Chanyeol ပြန်ပြီးဖြေရှင်းဖို့စိတ်မပါတော့ဘူး ။ ထားပါစေတော့ .... သူကလူငယ်လေးတစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှုကို အယုံထင်ခဲ့မိတာကို ၁၇ ကလေးတစ်ယောက်ဆီက သူမဖြစ်နိုင်တာကိုမျော်လင့်ခဲ့တာပဲ ။
"     ဆရာ ကျွန်တော့်ကိုသမုတ်ပြန်ပြီ အဲ့လိုစော်ကားပြောဆိုဖို့ဆို ဘာလို့လာနေသေးလဲ ပြန်တော့ ဘာမှမကြားချင်တော့ဘူး     "
Kyungsoo တိုက်ထဲကိုပြေး၀င်သွားသည် ။ Chanyeol လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ထိုနေရာကနေ ထွက်သွားတော့သည် ။ Kyungsoo တစ်ယောက် သူ့တိုက်ခန်းထဲကိုပြန်မ၀င်သေးပဲ လှေကားမှာထိုင်ကာ အကြာကြီးငိုနေခဲ့တယ် ။ ဘယ်တုန်းကမှ Jongin နဲ့တွဲဖို့ စိတ်မကူးခဲဘူး အစထဲက ဆရာ့ကိုပဲချစ်ခဲ့တာ သူ့ကိုယ်သူသိပေမဲ့ ဆရာကတော့မသိဘူး ။ ပါးစပ်ကနေ ထုတ်ပြောခဲ့တယ် သဘောကျတယ် သဘောကျတယ် ဆရာ့ကိုချစ်တယ် ဒါကိုဆရာကတော့ လူတစ်ယောက်နဲ့တွဲတယ် ။ ဒီထက်လည်း မပြောတတ်တော့ဘူး ။ ဒါကို ဘယ်လိုလုပ်ပြီး Jongin နဲ့တွဲတယ်ဆိုပြီး သမုတ်ရတာလဲ ?? ကျွန်တော်တောင်မသိလိုက်ခင်မှာ ဆရာ့အတွက် သစ္စာဖောက်တဲ့ မ​ကောင်းဆိုး၀ါးတစ်ကောင်ဖြစ်နေပြီလား ဟင် ။
Zawgyi
"    မင်းအိမ်ပြန်မှာလား     "
"      ရတယ် ထားခဲ့လိုက်    "
Continue Reading
You'll Also Like
1M 25.5K 24
Yn a strong girl but gets nervous in-front of his arranged husband. Jungkook feared and arrogant mafia but is stuck with a girl. Will they make it t...
926K 21.3K 49
In wich a one night stand turns out to be a lot more than that.
562K 8.6K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
208K 7.3K 97
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...