မုန္း၍ခ်စ္ခဲ့သည္ ( မုန်း၍ချစ်...

By Tokebloom

16.5K 1.1K 131

OFFGUN Fanfic Zawgyi & Unicode 6.6.2021 to 11.7.2021 More

အပိုင္း(၁)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
အပိုင္း(၁၉)
အပိုင္း(၂၀)
အပိုင္း(၂၁)
အပိုင္း(၂၂)
The end

အပိုင္း (၂)

1.1K 76 6
By Tokebloom

အိမ္ႀကီးရဲ႕ အေပၚထပ္ ေျကာင္လိမ္ေလွကားေပၚမွ ဆင္းလာေတာ့ ဧည့္ခန္းထဲတြင္ ျမင္ေနၾကအိမ္အလုပ္သမား ဝန္ထမ္းေတြထက္ ပိုလာတဲ့ ကေလးထိန္း(၂)ေယာက္ကိုပါ ေတြ႕လိုက္သည္။

ထိုအေသးေလးကို လူလတ္ပိုင္းအမ်ိဳးသမီးက ေျခအိတ္ဝတ္ေပးကာ ဖိနပ္စီးေပးေနၿပီး လြယ္အိတ္ကိုေတာ့ အသင့္အေနအထားနဲ႔ကိုင္ထားကာ ေနာက္နားတြင္ မတ္တပ္ရပ္ေနသည့္ အသက္ခပ္ႀကီးႀကီး အမ်ိဳးသမီးကိုပါ ေတြ႕လိုက္ရသည္။

စိတ္ခ်ရတယ္ ။ မွာထားတဲ့အတိုင္း ေသခ်ာလုပ္ၾကသားပဲ။

"သူေဌး ေက်ာင္းသြားဖို႔ အသင့္ျဖစ္ပါၿပီ"

"ဟိုကေလး... အတူေခၚလာခဲ့"

ထိုင္ခံုေပၚက ကေလးေသးေသးေလးကိုပါ ေက်ာင္းလိုက္ပို႔မယ္လို႔ စိတ္ကူးလိုက္သည္။ ပထမဆံုး ေက်ာင္းတက္ရက္မွာ အုပ္ထိန္းသူေတာ့ ပါရမယ္ မဟုတ္လား။

ကုန္လြန္ခဲ့တဲ့ ရက္သတၱပတ္မွာေတာ့ ထိုကေလးကိုလည္း သင့္ေတာ္တဲ့ ဆရာေတြေခၚၿပီး အေျခခံအဆင့္သတ္မွတ္ခ်က္ကို စစ္ေဆးကာ အတန္းသတ္မွတ္ၿပီးေနာက္ တစ္တန္းက စထားရန္ ဆံုးျဖတ္လိုက္ၾကသည္။

မူလက ေနခဲ့သည့္ မိဘမဲ့ေဂဟာက တစ္ခါတစ္ရံ လာေရာက္သင္ၾကားေပးသည့္ ဆရာေတြေၾကာင့္ အေျခခံကို သင္သင့္သေလာက္ သင္ခဲ့ရၿပီးျဖစ္သည္။

အခ်ိန္မေတာ္ လမ္းေပၚေရာက္ေနရသည္က ထိုေဂဟာရွိ လူႀကီးအခ်ိဳ႕၏ လာဘ္စားမွဳေၾကာင့္ ကေလးအမ်ားစုဟာ အစာေရဆာ မဝမလင္ျဖစ္ၾကရသည့္အျပင္ အႏွိပ္စက္ခံရသည္လို႔လည္း စံုစမ္းသိရွိရသည္။

ထိုေဂဟာက ထြက္ေျပးလြတ္ေျမာက္လာသည့္ ထိုအေသးေလးကိုေတာ့ သူ႔အေနနဲ႔ အလြန္ပင္ ႏွစ္ၿခိဳက္မိသည္။

တစ္ပတ္ၾကာ အနားယူၿပီးသည့္ေနာက္ လူရြယ္ေလးသည္ အားအင္အျပည့္ႏွင့္ အရာရာရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနတဲ့ အသစ္ျပန္လည္ေမြးဖြားလာတဲ့ ဖီးနစ္ငွက္လို အသင့္ျဖစ္ေနေလၿပီ။

"သခင္ေလး၊ သူေဌးနဲ႔ အတူတူသြားရေအာင္ ထ"

ကေလးထိန္းအမက ခ်ိဳင္းကေန ေျမႇာက္ထူကာ ထရပ္ေစသည္။

ကားေပၚတက္သည့္အခါ ေျခတံတိုတိုေလးေတြႏွင့္ မမီမကမ္း တက္ေနသည္မို႔ ကားေပၚ မတင္လိုက္သည္။

"ကိုကိုႀကီး ေက်းဇူးတင္ပါတယ္"

ေက်းဇူးတင္သံ ေသးေသးေလး ထြက္ေပၚလာသည္။

"ငါ့က အဲ့ေလာက္ အသက္ႀကီးၿပီလား၊ ကိုကိုပဲေခၚ"

မႀကိဳက္သလိုဆိုေလေတာ့ ခႏၶာကိုယ္ ေသးေသးေလးက တုန္ကနဲျဖစ္သြားသည္။

"ဟုတ္ ဟုတ္ကဲ့ ကိုကို"

"ငါ့ကို ေၾကာက္စရာမလိုဘူး၊ ဒီကမ႓ာေပၚမွာ မင္းရဲ႕တစ္ဦးတည္းေသာ မိသားစုဝင္က ငါပဲ"

"ဟုတ္ ကိုကို"

ကားကေလးက ကိုယ္ပိုင္ေက်ာင္းတစ္ခုစီသို႔ ဦးတည္သြားေလေတာ့သည္။

_________________________________________

ေလျပင္းျပင္း အေဝွ႕မွာ ခေရပန္းရနံ့တို႔ကို Offႏွာဖ်ားဆီ ေခၚေဆာင္လာသည္။

ေက်ာင္းအဝင္လမ္းမွာ စီစီရီရီ ေပါက္ေရာက္ေနသည့္ ခေရပင္မ်ား၏ေအာက္တြင္ ကပ္႐ိုက္ထားေသာ ခံုတန္းေလးမ်ား ရွိၾကသည္။

တစ္ခုေသာ ခံုတန္းေပၚတြင္ ေဆးလိပ္လက္ၾကားၫွပ္ရင္း ခပ္ေဆြးေဆြးအၾကည့္တို႔က ဘယ္စီဘယ္ဝယ္ ဦးတည္ၾကည့္ေနမွန္းမသိေသာ သူတစ္ေယာက္ ထိုင္ေနေလသည္။

"Off... မင္းက ဒီေရာက္ေနတာပဲ၊ ငါ စာသင္ခန္းထဲ ေရာက္ခဲ့ေသးတယ္ မင္းကိုမေတြ႕လို႔"

"ခုေတြ႕ၿပီမွတ္လား"

ဘုနဲ႔ေဘာက္ ထြက္ေပၚလာေသာ ခြန္းတုံ႕ျပန္စကားက ငယ္ကတည္းက သိလာတဲ့ သူငယ္ခ်င္းမဟုတ္လို႔ကေတာ့ Newတို႔ ဇက္ပိုးအုပ္ၿပီးၿပီ။

"ေတြ႕ပါၿပီ... ငါေျပာမလို႔ ဒီတစ္ေခါက္ ေက်ာင္းပိတ္ရက္ရွည္ၾကရင္ အေပ်ာ္စီးသေဘၤာနဲ႔ထြက္မယ့္ခရီး မင္းလိုက္မလား"

"အေဖမရွိေတာ့ အေမကလည္းတစ္ေယာက္တည္း ျဖစ္ေနတာ၊ ငါမလိုက္ဘူး၊ ဘာလို႔လဲ"

"ငါလိုက္ခ်င္လို႔ေလ... လူးဝစ္ကုမၸဏီက ဇိမ္ခံသေဘၤာႀကီးေတြကို ေက်ာင္းကငွားထားတယ္တဲ့ အဲ့ဒါ"

"ငါ မလိုက္ဘူး"

"မင္းမလိုက္ရင္ Daddyက လိုက္ခိုင္းမွာ မဟုတ္ဘူးကြ၊ လိုက္ခဲ့ပါ Offရာ"

"ကၽြတ္စ္!!! ငါ အေမ့ကို ေမးၾကည့္အံုးမယ္၊ သူေနာက္အပတ္ အမ်ိဳးေတြအိမ္ကို ျပန္ေနမယ္ ေျပာေနတယ္"

"ေရး...!!! ငါ ေနာက္အပတ္ လိုတာေတြ ဝယ္ရင္ မင္းအတြက္ပါ ဝယ္ခဲ့မယ္"

"ေအး!!!"

လိုခ်င္တာ ရသြားေသာ Newတစ္ေယာက္ ေရွ႕ကေန ခုန္ေပါက္ကာ သြားေနေလေတာ့သည္။

Off လည္း ဖင္စီခံနားကပ္ေနသည့္ ေဆးလိပ္ကို မီးသတ္ၿပီး အမွိဳက္ပံုးထဲ ပစ္ထည့္လိုက္ေလေတာ့သည္။

"ဟဲ့ စီနီယာOff က ဒီတစ္ခါ လိုက္မယ္တဲ့ေနာ္"

"ေအး စီနီယာ Newပါမွေတာ့ မလိုက္ပဲ ေနမလားဟယ္ နင္ကလည္း"

"ငါ့သေဘၤာႀကီးက ျဖစ္ထြန္းေတာ့မွာလား"

"အမေလး မျဖစ္ပဲေန႐ိုးလား စီနီယာNewက ဒီေလာက္ ခ်စ္စရာေလးကို "

"ဟဲ့ ဟဲ့ ပိတ္ရက္ေတြဆို စီနီယာNewက စီနီယာOff အိမ္ကို အၿမဲသြားလည္တယ္တဲ့ဟ"

"နင္က ဘယ္လိုသိ"

"သိဆို ငါ့ေကာင္ေလးက သူတို႔ရပ္ကြက္ထဲမွာပဲ ေနတာေလဟာ"

"သြားတယ္ဆိုလည္း စီနီယာOff ရဲ႕အေဖက ဟိုတေလာက ဆံုးသြားတာေလဟယ္"

"စီနီယာက စိတ္မာသလို ထင္ရေပမယ့္ သူ႔အေဖဆံုးေတာ့ ငါအေမနဲ႔ နာေရးသြားေမးတာ လိုက္သြားတာ ေတြ႕ခဲ့တယ္ဟ၊ အရမ္းကို စိတ္ဓါတ္က်ေနသလို ျဖစ္ေနတာဟာ"

"အဲ့လိုေတြ စိတ္မေပ်ာ္တဲ့ စီနီယာႀကီးေပ်ာ္ေအာင္ ငါတို႔က ဖန္တီးေပးမွာေလဟယ္"

"ဟဲ ဟဲ ဒါဆို ငါတို႔ရဲ႕ သေဘၤာႀကီး မျမဳပ္သြားဖို႔အေရး ဒီခရီးစဥ္မွာ ပံ့ပိုးေပးၾကတာေပါ့ဟယ္"

"ေရး!!!"

ေက်ာင္းေကာင္စီက ေကာင္မေလးတစ္သိုက္ တြတ္ထိုးေနၾကတာ ေက်ာင္းနာမည္ႀကီး (၂)ေယာက္အေၾကာင္းျဖစ္ေနတယ္။

နားမေထာင္လည္း ၾကားလိုက္ရသည္မို႔ အမွတ္တမဲ့ေပမယ့္ Offဆိုသည့္ အမည္ေျကာင့္ မ်က္ေမွာင္ တို႔ကို က်ံဳ႕ကာ စဥ္းစားလိုက္သည္။

Offဆိုသူက မိမိနဲ့ အတန္းတူ အခန္းကြဲတစ္ေယာက္ျဖစ္ကာ စာေတာ္လြန္းတဲ့ Hyperျကီးမဟုတ္လား။

ထူးဆန္းတာက ဘယ္ခရီးမွ လိုက္ေလ့မရွိတဲ့သူက လူးဝစ္ကုမၸဏီေအာက္က ဇိမ္ခံသေဘၤာျကီးေတြနဲ့ ခရီးထြက္မွ လိုက္သတဲ့။ အံ့ျသေနျပီ။ သြားစီးျကေပါ့။ မင္းတို႔လူဦးေရ မ်ားလာေလ ငါပိုက္ဆံရေလပဲ။

ထိုေကာင္မေလးတစ္သိုက္နားက ျဖတ္လာေတာ့ သူ႕ကို ဘယ္သူမွ အဖက္မလုပ္။ လုပ္ရသည္အထိလည္း Tay Tawanဆိုတာ လူသိနည္းေအာင္ ေနာက္ေျကာင္းေဖ်ာက္ျပီး ေက်ာင္းတက္ခဲ့သည္မွာ ငယ္စဥ္ကတည္းက ျဖစ္ေလသည္။

မိမိအေၾကာင္းကို သိသူမွာ ေက်ာင္းအုပ္ႀကီးတစ္ေယာက္သာ ရွိသည္။

_________________________________________

မီးေရာင္တလဲ့လဲ့ေအာက္တြင္ ၿမိဳ႕ႀကီး၏ ညအလွက ေတာက္ပလြန္းလွသည္။

အေပၚစီးမွ ျမင္ေနရသည့္ ေျမျပင္အေနအထားက အရမ္းကိုသက္ဝင္ေနေလသည္။

ဟိုမွဒီမွ သြားလာေနသည့္ကားေတြကလည္း ညမီးေရာင္ေအာက္တြင္ စည္ကားသိုက္ၿမိဳက္ေနေလသည္။

ညကိုပို၍ သက္ဝင္ေစသည္က နာမည္ႀကီးClub, Restaurantနဲ႔ Hotelႀကီးေတြကို ဝင္ထြက္မျပတ္သည့္ ဧည့္သည္မ်ားေၾကာင့္လည္း ျဖစ္သည္။

"အေသးေလး စားေကာင္းလား"

"ဟုတ္"

"ေသခ်ာဝါး"

"ဟုတ္ကဲ့ ကိုကို"

လူႀကီးဝိုင္းတြင္ ကေလးထိုင္ခံု အျမင့္ျဖင့္ ထိုင္စားေနေသာ ကေလးေသးေသးတစ္ေယာက္၊ တစ္ဖက္မ်က္ႏွာခ်င္းဆိုင္တြင္ လူရြယ္ေလးတစ္ေယာက္ ထိုင္ေနၿပီး ညစာကို ေကာင္းမြန္ေသသပ္စြာ စားေနေလသည္။

ညစာလာစားဖို႕အေရး တစ္ပတ္ေလာက္ကတည္းကျကိုတင္မွာထားသည္မို႕ ဒီလိုဗ်ဴးေကာင္းေကာင္းနဲ့ ညအလွကို ခံစားလို႔ရေနျခင္းျဖစ္သည္။

ဒီနာမည္ႀကီး ျပင္သစ္စားေသာက္ဆိုင္သည္ ေငြေၾကးတတ္ႏိုင္သူတိုင္း မစားႏိုင္ေသာဆိုင္ျဖစ္ေလသည္။

ဒီဆိုင္ရွိ ျပင္သစ္စာဖိုမွဴးမွာ နာမည္ႀကီးလြန္းသည္မို႔ ဧည့္သည္မ်ားအားလံုးသည္ သူေဌးမကလို႔ ဝန္ႀကီးျဖစ္ေနပါေစ Bookingႀကိဳတင္ရေလသည္။

လာေရာက္သူေတြလည္း မ်ားလွတာမို႔ တန္းစီစနစ္ကို က်င့္သံုးရသည့္ ဆိုင္ႀကီးျဖစ္သည္။

သို႔ေပမယ့္ တစ္စံုတစ္ေယာက္ကေတာ့ မလြယ္ေပါက္က ဝင္သကဲ့သို႔ ခုခ်က္ခ်င္းမွာ ခုခ်က္ခ်င္းရေလသည္။

ထိုသို႔ရျခင္းမွာလည္း မထူးဆန္းလွေပ။ ဒီဆိုင္ပိုင္ရွင္က ဖခင္၏ညီမရင္းတစ္ေယာက္ျဖစ္တဲ့ အပ်ိဳႀကီးအေဒၚျဖစ္သူ၏ဆိုင္ ျဖစ္ေလသည္မို႔ Off အတြက္ လက္ေလးတစ္ေခ်ာင္းပင္ မလွဳပ္လိုက္ရ။

စားစရာေတြကို စိတ္မပါစြာ ဟိုထိုး ဒီထိုးလုပ္ေနရင္း အျကည့္တို႔က ဆန့္က်င္ဘက္ ေထာင့္စြန္းက ဝိုင္းကို ေရာက္သြားသည္။

က်ြတ္စ္!!! ဘယ္သူပါလိမ့္။ အေတာ္ကိုရင္းနီးေနေသာ မ်က္ႏွာက အဝတ္စားအျပင္ဆင္ေျကာင့္ ေျပာင္းလဲသြားသည့္သြင္ျပင္ကို Offမွာ အေျပးအလႊား စဥ္းစားလိုက္ရသည္။

"Off. ျပီးျပီလား၊ မစားပဲ ဘယ္ေငး... ဟင္ အဲ့ဒါ Tay မွတ္လား"

"အာာာ ငါတို႔ေက်ာင္းကပဲ"

"ေအးေလ သူ႕ေဘးက ကေလးေလးက သူ႕ညီေလးေနမယ္"

"မတူပါဘူး"

"ကေလးမို႔ပါ Offရ၊ ဒီအရြယ္က ႐ုပ္ရည္ကို ဖမ္းလို႔ရေသးတာ မဟုတ္ဘူးေလ၊ ႀကီးလာရင္ ေျပာင္းသြားတာပဲ၊ မင္းေရာ ငါေရာ ငယ္ငယ္ကနဲ႔မွ မတူေတာ့တာကို"

"စားစရာရွိတာစား ၿပီးရင္ျပန္မယ္"

အိမ္ထဲပဲ ၿငိမ္ကုပ္ေနတဲ့ ကၽြန္ေတာ္ကို အျပင္သြားမယ္ဆိုျပီး ေခၚလာတာက New။

စကားေတြ မ်ားေနတဲ့ Newကို ပိတ္ေျပာလိုက္ေပမယ့္လည္း ထိုမွ်နဲ႔မရပ္သြား။

"ဒီလိုဆိုင္မွာေတာင္ လာစားႏိုင္တယ္ဆိုေတာ့ အဲ့Tayကလည္း ေငြေၾကးတတ္ႏိုင္သားပဲ၊ အဲ ငါ့ကို တမ်ိဳးမထင္ပါနဲ႔ Offရ၊ သူ႔ကိုဆို ေက်ာင္းတက္လာတဲ့ တေလ်ာက္လံုး ေငြကုန္တဲ့ ဘယ္ပြဲ ဘယ္ခရီးမွာမွ မေတြ႕ဖူးဘူးေလ၊ ဒီမွာလည္း ကေလးတစ္ေယာက္နဲ႔ လာစားႏိုင္တယ္ဆိုေတာ့ ပိုက္ဆံခ်မ္းသာလို႔ေပါ့ကြ၊ ငါေတာင္ မင္းေခၚလာလို႔ စားရတာ၊ မဟုတ္ရင္ Mommyက ပိုက္ဆံသံုးလို႔ဆိုျပီး ဆူတာေလကြာ"

မ်က္ခံုးတြန္႔ကာၾကည့္လိုက္သည့္ Offေၾကာင့္ Newမွာ အျမန္ ရွင္းျပလိုက္ရသည္။

ဒီေနရာရဲ႕ေစ်းက သူ႔တစ္လမုန္႔ဖိုးေလာက္ ရွိေနတာႀကီးကို Newေတာ့ ခဏခဏ လာမစားႏိုင္ေပါင္။ Offစိတ္ကြက္လို႔ ေနာက္တစ္ခါ မေခၚလာေတာ့ရင္ သူငတ္မွာ မဟုတ္လား။ ဒီက စားစရာေတြက အရမ္းေကာင္းတယ္ေလ။ သူငယ္ခ်င္းရဲ႕ ေရႊေရာင္ေပါင္လံုးႀကီးကို ဖက္ထားရမွာ နစ္နာတယ္လို႔ မဆိုႏိုင္ပါဘူး။

"စား၊ စား၊ ၿပီးရင္ တီေလးကို ႏွဳတ္ဆက္ျပီး ျပန္ၾကမယ္"

"ok..ok ဟီး ဟီး"

ညေတြက အမွတ္တမဲ့ပါပဲ။ တစ္ခါတစ္ရံ ေတြ႕ဆံုၾကဖူးတဲ့ လူတခ်ိဳ႔ကို ေမ့ေပ်ာက္သြားေစခဲ့တယ္။

______________________________________

BLOOM
(6.6.2021)
2:44pm



🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀


အိမ်ကြီးရဲ့ အပေါ်ထပ် ကြောင်လိမ်လှေကားပေါ်မှ ဆင်းလာတော့ ဧည့်ခန်းထဲတွင် မြင်နေကြအိမ်အလုပ်သမား ဝန်ထမ်းတွေထက် ပိုလာတဲ့ ကလေးထိန်း(၂)ယောက်ကိုပါ တွေ့လိုက်သည်။

ထိုအသေးလေးကို လူလတ်ပိုင်းအမျိုးသမီးက ခြေအိတ်ဝတ်ပေးကာ ဖိနပ်စီးပေးနေပြီး လွယ်အိတ်ကိုတော့ အသင့်အနေအထားနဲ့ကိုင်ထားကာ နောက်နားတွင် မတ်တပ်ရပ်နေသည့် အသက်ခပ်ကြီးကြီး အမျိုးသမီးကိုပါ တွေ့လိုက်ရသည်။

စိတ်ချရတယ် ။ မှာထားတဲ့အတိုင်း သေချာလုပ်ကြသားပဲ။

"သူဌေး ကျောင်းသွားဖို့ အသင့်ဖြစ်ပါပြီ"

"ဟိုကလေး... အတူခေါ်လာခဲ့"

ထိုင်ခုံပေါ်က ကလေးသေးသေးလေးကိုပါ ကျောင်းလိုက်ပို့မယ်လို့ စိတ်ကူးလိုက်သည်။ ပထမဆုံး ကျောင်းတက်ရက်မှာ အုပ်ထိန်းသူတော့ ပါရမယ် မဟုတ်လား။

ကုန်လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာတော့ ထိုကလေးကိုလည်း သင့်တော်တဲ့ ဆရာတွေခေါ်ပြီး အခြေခံအဆင့်သတ်မှတ်ချက်ကို စစ်ဆေးကာ အတန်းသတ်မှတ်ပြီးနောက် တစ်တန်းက စထားရန် ဆုံးဖြတ်လိုက်ကြသည်။

မူလက နေခဲ့သည့် မိဘမဲ့ဂေဟာက တစ်ခါတစ်ရံ လာရောက်သင်ကြားပေးသည့် ဆရာတွေကြောင့် အခြေခံကို သင်သင့်သလောက် သင်ခဲ့ရပြီးဖြစ်သည်။

အချိန်မတော် လမ်းပေါ်ရောက်နေရသည်က ထိုဂေဟာရှိ လူကြီးအချို့၏ လာဘ်စားမှုကြောင့် ကလေးအများစုဟာ အစာရေဆာ မဝမလင်ဖြစ်ကြရသည့်အပြင် အနှိပ်စက်ခံရသည်လို့လည်း စုံစမ်းသိရှိရသည်။

ထိုဂေဟာက ထွက်ပြေးလွတ်မြောက်လာသည့် ထိုအသေးလေးကိုတော့ သူ့အနေနဲ့ အလွန်ပင် နှစ်ခြိုက်မိသည်။

တစ်ပတ်ကြာ အနားယူပြီးသည့်နောက် လူရွယ်လေးသည် အားအင်အပြည့်နှင့် အရာရာရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့ အသစ်ပြန်လည်မွေးဖွားလာတဲ့ ဖီးနစ်ငှက်လို အသင့်ဖြစ်နေလေပြီ။

"သခင်လေး၊ သူဌေးနဲ့ အတူတူသွားရအောင် ထ"

ကလေးထိန်းအမက ချိုင်းကနေ မြှောက်ထူကာ ထရပ်စေသည်။

ကားပေါ်တက်သည့်အခါ ခြေတံတိုတိုလေးတွေနှင့် မမီမကမ်း တက်နေသည်မို့ ကားပေါ် မတင်လိုက်သည်။

"ကိုကိုကြီး ကျေးဇူးတင်ပါတယ်"

ကျေးဇူးတင်သံ သေးသေးလေး ထွက်ပေါ်လာသည်။

"ငါ့က အဲ့လောက် အသက်ကြီးပြီလား၊ ကိုကိုပဲခေါ်"

မကြိုက်သလိုဆိုလေတော့ ခန္ဓာကိုယ် သေးသေးလေးက တုန်ကနဲဖြစ်သွားသည်။

"ဟုတ် ဟုတ်ကဲ့ ကိုကို"

"ငါ့ကို ကြောက်စရာမလိုဘူး၊ ဒီကမ်ဘာပေါ်မှာ မင်းရဲ့တစ်ဦးတည်းသော မိသားစုဝင်က ငါပဲ"

"ဟုတ် ကိုကို"

ကားကလေးက ကိုယ်ပိုင်ကျောင်းတစ်ခုစီသို့ ဦးတည်သွားလေတော့သည်။

_________________________________________

လေပြင်းပြင်း အဝှေ့မှာ ခရေပန်းရနံ့တို့ကို Offနှာဖျားဆီ ခေါ်ဆောင်လာသည်။

ကျောင်းအဝင်လမ်းမှာ စီစီရီရီ ပေါက်ရောက်နေသည့် ခရေပင်များ၏အောက်တွင် ကပ်ရိုက်ထားသော ခုံတန်းလေးများ ရှိကြသည်။

တစ်ခုသော ခုံတန်းပေါ်တွင် ဆေးလိပ်လက်ကြားညှပ်ရင်း ခပ်ဆွေးဆွေးအကြည့်တို့က ဘယ်စီဘယ်ဝယ် ဦးတည်ကြည့်နေမှန်းမသိသော သူတစ်ယောက် ထိုင်နေလေသည်။

"Off... မင်းက ဒီရောက်နေတာပဲ၊ ငါ စာသင်ခန်းထဲ ရောက်ခဲ့သေးတယ် မင်းကိုမတွေ့လို့"

"ခုတွေ့ပြီမှတ်လား"

ဘုနဲ့ဘောက် ထွက်ပေါ်လာသော ခွန်းတုံ့ပြန်စကားက ငယ်ကတည်းက သိလာတဲ့ သူငယ်ချင်းမဟုတ်လို့ကတော့ Newတို့ ဇက်ပိုးအုပ်ပြီးပြီ။

"တွေ့ပါပြီ... ငါပြောမလို့ ဒီတစ်ခေါက် ကျောင်းပိတ်ရက်ရှည်ကြရင် အပျော်စီးသငေ်္ဘာနဲ့ထွက်မယ့်ခရီး မင်းလိုက်မလား"

"အဖေမရှိတော့ အမေကလည်းတစ်ယောက်တည်း ဖြစ်နေတာ၊ ငါမလိုက်ဘူး၊ ဘာလို့လဲ"

"ငါလိုက်ချင်လို့လေ... လူးဝစ်ကုမ္ပဏီက ဇိမ်ခံသငေ်္ဘာကြီးတွေကို ကျောင်းကငှားထားတယ်တဲ့ အဲ့ဒါ"

"ငါ မလိုက်ဘူး"

"မင်းမလိုက်ရင် Daddyက လိုက်ခိုင်းမှာ မဟုတ်ဘူးကွ၊ လိုက်ခဲ့ပါ Offရာ"

"ကျွတ်စ်!!! ငါ အမေ့ကို မေးကြည့်အုံးမယ်၊ သူနောက်အပတ် အမျိုးတွေအိမ်ကို ပြန်နေမယ် ပြောနေတယ်"

"ရေး...!!! ငါ နောက်အပတ် လိုတာတွေ ဝယ်ရင် မင်းအတွက်ပါ ဝယ်ခဲ့မယ်"

"အေး!!!"

လိုချင်တာ ရသွားသော Newတစ်ယောက် ရှေ့ကနေ ခုန်ပေါက်ကာ သွားနေလေတော့သည်။

Off လည်း ဖင်စီခံနားကပ်နေသည့် ဆေးလိပ်ကို မီးသတ်ပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်လေတော့သည်။

"ဟဲ့ စီနီယာOff က ဒီတစ်ခါ လိုက်မယ်တဲ့နော်"

"အေး စီနီယာ Newပါမှတော့ မလိုက်ပဲ နေမလားဟယ် နင်ကလည်း"

"ငါ့သငေ်္ဘာကြီးက ဖြစ်ထွန်းတော့မှာလား"

"အမလေး မဖြစ်ပဲနေရိုးလား စီနီယာNewက ဒီလောက် ချစ်စရာလေးကို "

"ဟဲ့ ဟဲ့ ပိတ်ရက်တွေဆို စီနီယာNewက စီနီယာOff အိမ်ကို အမြဲသွားလည်တယ်တဲ့ဟ"

"နင်က ဘယ်လိုသိ"

"သိဆို ငါ့ကောင်လေးက သူတို့ရပ်ကွက်ထဲမှာပဲ နေတာလေဟာ"

"သွားတယ်ဆိုလည်း စီနီယာOff ရဲ့အဖေက ဟိုတလောက ဆုံးသွားတာလေဟယ်"

"စီနီယာက စိတ်မာသလို ထင်ရပေမယ့် သူ့အဖေဆုံးတော့ ငါအမေနဲ့ နာရေးသွားမေးတာ လိုက်သွားတာ တွေ့ခဲ့တယ်ဟ၊ အရမ်းကို စိတ်ဓါတ်ကျနေသလို ဖြစ်နေတာဟာ"

"အဲ့လိုတွေ စိတ်မပျော်တဲ့ စီနီယာကြီးပျော်အောင် ငါတို့က ဖန်တီးပေးမှာလေဟယ်"

"ဟဲ ဟဲ ဒါဆို ငါတို့ရဲ့ သငေ်္ဘာကြီး မမြုပ်သွားဖို့အရေး ဒီခရီးစဉ်မှာ ပံ့ပိုးပေးကြတာပေါ့ဟယ်"

"ရေး!!!"

ကျောင်းကောင်စီက ကောင်မလေးတစ်သိုက် တွတ်ထိုးနေကြတာ ကျောင်းနာမည်ကြီး (၂)ယောက်အကြောင်းဖြစ်နေတယ်။

နားမထောင်လည်း ကြားလိုက်ရသည်မို့ အမှတ်တမဲ့ပေမယ့် Offဆိုသည့် အမည်ကြောင့် မျက်မှောင် တို့ကို ကျုံ့ကာ စဉ်းစားလိုက်သည်။

Offဆိုသူက မိမိနဲ့ အတန်းတူ အခန်းကွဲတစ်ယောက်ဖြစ်ကာ စာတော်လွန်းတဲ့ Hyperကြီးမဟုတ်လား။

ထူးဆန်းတာက ဘယ်ခရီးမှ လိုက်လေ့မရှိတဲ့သူက လူးဝစ်ကုမ္ပဏီအောက်က ဇိမ်ခံသငေ်္ဘာကြီးတွေနဲ့ ခရီးထွက်မှ လိုက်သတဲ့။ အံ့သြနေပြီ။ သွားစီးကြပေါ့။ မင်းတို့လူဦးရေ များလာလေ ငါပိုက်ဆံရလေပဲ။

ထိုကောင်မလေးတစ်သိုက်နားက ဖြတ်လာတော့ သူ့ကို ဘယ်သူမှ အဖက်မလုပ်။ လုပ်ရသည်အထိလည်း Tay Tawanဆိုတာ လူသိနည်းအောင် နောက်ကြောင်းဖျောက်ပြီး ကျောင်းတက်ခဲ့သည်မှာ ငယ်စဉ်ကတည်းက ဖြစ်လေသည်။

မိမိအကြောင်းကို သိသူမှာ ကျောင်းအုပ်ကြီးတစ်ယောက်သာ ရှိသည်။

_________________________________________

မီးရောင်တလဲ့လဲ့အောက်တွင် မြို့ကြီး၏ ညအလှက တောက်ပလွန်းလှသည်။

အပေါ်စီးမှ မြင်နေရသည့် မြေပြင်အနေအထားက အရမ်းကိုသက်ဝင်နေလေသည်။

ဟိုမှဒီမှ သွားလာနေသည့်ကားတွေကလည်း ညမီးရောင်အောက်တွင် စည်ကားသိုက်မြိုက်နေလေသည်။

ညကိုပို၍ သက်ဝင်စေသည်က နာမည်ကြီးClub, Restaurantနဲ့ Hotelကြီးတွေကို ဝင်ထွက်မပြတ်သည့် ဧည့်သည်များကြောင့်လည်း ဖြစ်သည်။

"အသေးလေး စားကောင်းလား"

"ဟုတ်"

"သေချာဝါး"

"ဟုတ်ကဲ့ ကိုကို"

လူကြီးဝိုင်းတွင် ကလေးထိုင်ခုံ အမြင့်ဖြင့် ထိုင်စားနေသော ကလေးသေးသေးတစ်ယောက်၊ တစ်ဖက်မျက်နှာချင်းဆိုင်တွင် လူရွယ်လေးတစ်ယောက် ထိုင်နေပြီး ညစာကို ကောင်းမွန်သေသပ်စွာ စားနေလေသည်။

ညစာလာစားဖို့အရေး တစ်ပတ်လောက်ကတည်းကကြိုတင်မှာထားသည်မို့ ဒီလိုဗျူးကောင်းကောင်းနဲ့ ညအလှကို ခံစားလို့ရနေခြင်းဖြစ်သည်။

ဒီနာမည်ကြီး ပြင်သစ်စားသောက်ဆိုင်သည် ငွေကြေးတတ်နိုင်သူတိုင်း မစားနိုင်သောဆိုင်ဖြစ်လေသည်။

ဒီဆိုင်ရှိ ပြင်သစ်စာဖိုမှူးမှာ နာမည်ကြီးလွန်းသည်မို့ ဧည့်သည်များအားလုံးသည် သူဌေးမကလို့ ဝန်ကြီးဖြစ်နေပါစေ Bookingကြိုတင်ရလေသည်။

လာရောက်သူတွေလည်း များလှတာမို့ တန်းစီစနစ်ကို ကျင့်သုံးရသည့် ဆိုင်ကြီးဖြစ်သည်။

သို့ပေမယ့် တစ်စုံတစ်ယောက်ကတော့ မလွယ်ပေါက်က ဝင်သကဲ့သို့ ခုချက်ချင်းမှာ ခုချက်ချင်းရလေသည်။

ထိုသို့ရခြင်းမှာလည်း မထူးဆန်းလှပေ။ ဒီဆိုင်ပိုင်ရှင်က ဖခင်၏ညီမရင်းတစ်ယောက်ဖြစ်တဲ့ အပျိုကြီးအဒေါ်ဖြစ်သူ၏ဆိုင် ဖြစ်လေသည်မို့ Off အတွက် လက်လေးတစ်ချောင်းပင် မလှုပ်လိုက်ရ။

စားစရာတွေကို စိတ်မပါစွာ ဟိုထိုး ဒီထိုးလုပ်နေရင်း အကြည့်တို့က ဆန့်ကျင်ဘက် ထောင့်စွန်းက ဝိုင်းကို ရောက်သွားသည်။

ကျွတ်စ်!!! ဘယ်သူပါလိမ့်။ အတော်ကိုရင်းနီးနေသော မျက်နှာက အဝတ်စားအပြင်ဆင်ကြောင့် ပြောင်းလဲသွားသည့်သွင်ပြင်ကို Offမှာ အပြေးအလွှား စဉ်းစားလိုက်ရသည်။

"Off. ပြီးပြီလား၊ မစားပဲ ဘယ်ငေး... ဟင် အဲ့ဒါ Tay မှတ်လား"

"အာာာ ငါတို့ကျောင်းကပဲ"

"အေးလေ သူ့ဘေးက ကလေးလေးက သူ့ညီလေးနေမယ်"

"မတူပါဘူး"

"ကလေးမို့ပါ Offရ၊ ဒီအရွယ်က ရုပ်ရည်ကို ဖမ်းလို့ရသေးတာ မဟုတ်ဘူးလေ၊ ကြီးလာရင် ပြောင်းသွားတာပဲ၊ မင်းရော ငါရော ငယ်ငယ်ကနဲ့မှ မတူတော့တာကို"

"စားစရာရှိတာစား ပြီးရင်ပြန်မယ်"

အိမ်ထဲပဲ ငြိမ်ကုပ်နေတဲ့ ကျွန်တော်ကို အပြင်သွားမယ်ဆိုပြီး ခေါ်လာတာက New။

စကားတွေ များနေတဲ့ Newကို ပိတ်ပြောလိုက်ပေမယ့်လည်း ထိုမျှနဲ့မရပ်သွား။

"ဒီလိုဆိုင်မှာတောင် လာစားနိုင်တယ်ဆိုတော့ အဲ့Tayကလည်း ငွေကြေးတတ်နိုင်သားပဲ၊ အဲ ငါ့ကို တမျိုးမထင်ပါနဲ့ Offရ၊ သူ့ကိုဆို ကျောင်းတက်လာတဲ့ တလျောက်လုံး ငွေကုန်တဲ့ ဘယ်ပွဲ ဘယ်ခရီးမှာမှ မတွေ့ဖူးဘူးလေ၊ ဒီမှာလည်း ကလေးတစ်ယောက်နဲ့ လာစားနိုင်တယ်ဆိုတော့ ပိုက်ဆံချမ်းသာလို့ပေါ့ကွ၊ ငါတောင် မင်းခေါ်လာလို့ စားရတာ၊ မဟုတ်ရင် Mommyက ပိုက်ဆံသုံးလို့ဆိုပြီး ဆူတာလေကွာ"

မျက်ခုံးတွန့်ကာကြည့်လိုက်သည့် Offကြောင့် Newမှာ အမြန် ရှင်းပြလိုက်ရသည်။

ဒီနေရာရဲ့ဈေးက သူ့တစ်လမုန့်ဖိုးလောက် ရှိနေတာကြီးကို Newတော့ ခဏခဏ လာမစားနိုင်ပေါင်။ Offစိတ်ကွက်လို့ နောက်တစ်ခါ မခေါ်လာတော့ရင် သူငတ်မှာ မဟုတ်လား။ ဒီက စားစရာတွေက အရမ်းကောင်းတယ်လေ။ သူငယ်ချင်းရဲ့ ရွှေရောင်ပေါင်လုံးကြီးကို ဖက်ထားရမှာ နစ်နာတယ်လို့ မဆိုနိုင်ပါဘူး။

"စား၊ စား၊ ပြီးရင် တီလေးကို နှုတ်ဆက်ပြီး ပြန်ကြမယ်"

"ok..ok ဟီး ဟီး"

ညတွေက အမှတ်တမဲ့ပါပဲ။ တစ်ခါတစ်ရံ တွေ့ဆုံကြဖူးတဲ့ လူတချို့ကို မေ့ပျောက်သွားစေခဲ့တယ်။

______________________________________

BLOOM
(6.6.2021)
2:44pm

Continue Reading

You'll Also Like

305K 9.2K 100
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
965 65 7
"အို....ဗျာ~ တရားလိုမောင်၊တရားလိုမောင်နဲ့ ခင်ဗျားမမောဘူးလား။အဲ့အစား"မောင်" လို့ခေါ်လိုက်ရင် ခင်ဗျားမမောတော့ဘူး~~"
38.6K 1.9K 33
ကေလးဆိုးေလးေၾကာင္​့ အခ်စ္​ဆိုတာကို သိခြင္​့ရခဲ့တယ္​။ ကြၽန္​ေတာ္​့ဘဝရဲ႕ အခ်စ္​ဆံုးေလးဆိုလဲ မမွားဘူး။ baby ဘယ္​လိုပဲဆိုးပါေစ ကြၽန္​ေတာ္​့အတြက္​ေတာ့ bab...
5K 80 6
ဤဇာတ်လမ်းသည် မည်သူတစ်စုံတစ်ဦးကိုမှထိခိုက်နစ်နာစေလို၍ရေးသားခြင်းမဟုတ်ပါ။ ဇာတ်ကောင်များကိုစိတ်ကူးယဉ်ဖန်တီးထားခြင်းသက်သက်သာဖြစ်သည်။ အမှားပါလျှင် နားလည်ခ...