Hate Poem Written With Love࿐

By --KO--

40.1K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[8]

614 29 1
By --KO--

                         [ Unicode ]

ပြဒါးရံတစ်ယောက် မာယာသစ္စာနှင့် လောင်းထားသည့် ကစားပွဲအတွက် အချိန်နှင့်အမျှ companyတွင်သာ ရောက်နေရသည်။ နေ့လည်ထမင်းစားချိန်သာ ခဏနားပြီး ကျန်‌သည့်အချိန်များကို အလုပ်လုပ်ရင်းဖြင့်သာ ကုန်စေသည်။ထိုသို့ဖြင့် ၃,၄ရက် ကုန်ဆုံးသွားသော်လည်း ပြဒါးရံက အမှုမထားဘဲ အလုပ်တွင်သာ အာရုံစိုက်စမြဲပင်။

အလုပ်ထဲ အလွန်စိတ်ရောက်နေသဖြင့် မြည်‌ကြွေးနေသော ဖုန်လေးအား အတော်အတန်ကြာမှ ပြဒါးရံ သတိထားမိသည်။ ပြဒါးရံ၏ ရှည်သွယ်သောလက်ထဲတွင် နက်မှောင်လှသောဖုန်းလေးသည် အော်ဟစ်မြည်ကြွေးနေခြင်း မရှိတော့ဘဲ တင့်တယ်စွာ နေရာယူထားလျက်သာရှိသည်။

" Hello "

တည်ငြိမ်သောအသံသည် သေသပ်စွာထုဆစ်ထားသော ပန်းပုရုပ်သဖွယ် နှုတ်ခမ်းပါးထက်မှ ထွက်ပေါ်လာသည်။ လွန်စွာမှ ကျက်သရေရှိလှသည်ပင်။

"..........."

" ဟုတ်ပါတယ် ကျွန်တော် ပြဒါးရံပါ "

"............"

" ဘာ .....မဖြစ်နိုင်တာ "

အသံမှာမူ တုန်ယင်နေလျက်ရှိပေသည်။ အံကိုကြိတ်ထားပြီး အမူအယာကို ထိန်းလျက်ရှိသော်လည်း ဖုန်းကိုင်ထားသည့် လက်များကတင်းကြပ်လာ‌လေသည်။ လက်‌‌ကောက်ဝတ်ရှိ စိမ်းဖျော့ဖျော့ သွေးကြောမျှင်များမှာ စီးချက်ကျစွာ ခုန်နေသေးသော်လည်း နှလုံးခုန်နှုန်းများမှာမူ မြန်ဆန်လာရသည်။

တစ်ချိန်ထဲမှာပင် အခန်းတံခါးမှာ ဖွင့်ဟသွားပြီး ဒေါက်ဖိနပ်သံ ညံညံကထွက်ပေါ်လာ‌လေသည်။ ခရမ်းဖျော့ရောင်ကို အရောင်တင်ထားသည့် လက်များမှာ files အချို့ကို သိမ်မွေ့စွာ ကိုင်ဆောင်ထားသည်။သို့သော် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ခြေလှမ်းတို့ ရပ်တန့်သွားကာ ဖိနပ်သံသည်လည်း အခန်းအတွင်း တိတ်ဆိတ်သွားပြီး ပြဒါးရံ၏ အသံတစ်ခုတည်းသာ ကြီးစိုးလျက်ရှိသည်။

" ကျွန်တော်တို့ ဒီဇိုင်းက Lara companyနဲ့ တူနေတာတဲ့လား "

တစ်ဖက်လူ၏ ဖုန်းထဲကစကားသံတို့အား ယွန်းဟေမီ မကြားရသော်လည်း ပြဒါး၏ စကားအသွားအလာကို ကြည့်ခြင်းအားဖြင့် သူ့လိုဉာဏ်ကောင်းသည့်သူက အဓိကအချက်ကိုတော့ နားလည်လိုက်သည်ပင်။ တည်ငြိမ်အောင် ဖန်တီးနေသော်လည်း ပြဒါးရံ၏ အနည်းငယ် တုန်ရီနေသော အသံအား သူမသတိထားမိ၏။ထို့‌နောက် အကြောင်းအရာ အပြည့်အစုံအား နားထောင်ရန် ဖုန်းပြောပြီးသည်အထိ စောင့်ခြင်းငှာ ရွေးချယ်လိုက်‌လေသည်။

"ကျွန်တော်တို့ကို အချိန်နည်းနည်းထပ်ပေးပါ။ အမြန်ဆုံး ပြန်တင်ပေးပါ့မယ်လို့ ကတိပေးပါတယ်။"

".........."

" အခွင့်အရေး တစ်ကြိမ်ပဲထပ်ပေးပါ။ ခင်ဗျားတို့ကို ထပ်ပြီးစိတ်မပျက်စေရဘူး "

"..........."

" ကျေးဇူးတင်ပါတယ် " ဟူသော စကားသံနှင့်အတူ လက်ထဲရှိ ဖုန်းလေးလည်း စားပွဲခုံထက် ပြန်လည်နေရာယူထားပြီး ပြဒါးရံလည်း ထိုင်ခုံပေါ် အရုပ်ကြိုးပြတ် ပြုတ်ကျသွားသည်။ သို့သော် အတွေးတစ်ခုက လေးပင်စွာ နယ်ချဲ့လာခဲ့ပြန်သည်။ သူဒီလိုဖြစ်နေလို့မရပါ။ ဒီအခက်အခဲလောက်လေးနှင့် ပြိုလဲသွားမည်ဆိုပါက သူကသူပါလို့ ပြောနိုင်လိမ့်မည်မဟုတ်။ ပြဒါးရံဆိုပါသည့် သူက ဤမျှပျော့ညံ့တတ်သူ မဟုတ်‌ပေ။ နောက်ကွယ်က တစ်ယောက်ယောက် ရှိနေသည်မှာ သေချာလှပါသည်။ မဟုတ်လျှင် လွန်ခဲ့သော ရက်အနည်းကအထိ သူနှင့်အတူ ရှိနေပါ‌သော ပုံကြမ်းမှာ  Laraက ဒီဇိုင်းနှင့် ဘယ်လိုလုပ် ထပ်တူညီနေရပါသနည်း။ Idea ခြင်း တူဖို့ဆိုသည်မှာလည်း 100လျှင် ရာခိုင်းနှုန်းအတော်နည်း၏။

" ဘာကြောင့်လည်း .....ဘာကြောင့်များ တူနေရတာလည်း...."ဟူ၍ ဘာကြောင့်ချင်းထပ်နေအောင် စဉ်းစားသော်လည်း အဖြေကထွက်မလာပေ။ ဟာကွက်ကအရမ်း အသေးစိတ်နေသောကြောင့်‌ပေလား။

" အဲ့တော့ အဖြေကိုရှာတွေ့ရဲ့လား။ "

နူးညံ့သောအသံက ထွက်ပေါ်လာပြီး ပြဒါးရံ၏ အတွေးမျှင်တို့အား ပိုင်းဖြတ်လိုက်သည်။

" မမဟေမီ ....ဘယ်လိုလုပ်..."

" ရောက်နေတာကတော့ အတော်ကြာပါပြီ။ သတိမထားမိဘူးဆိုတော့ ကြုံနေရတဲ့ ပြဿနာက သေးသေးလေးတော့ မဟုတ်လောက်ဘူး။ "

သူမက မောင်ဖြစ်သူ၏ စိတ်ကိုအစအဆုံးသိနေသည်ပင်။ ချွင်းချက်မရှိ စိတ်စွမ်းအင်ရထားသည့်အလား ဆက်ပြောလာခဲ့ပြန်သည်။

" Laraနဲ့ တူနေတယ်‌ဆိုတာက လုံးဝမဖြစ်နိုင်တာပဲ။ တိုက်တိုက်ဆိုင်ဆိုင် Laraက KKရဲ့ အဓိက ရန်သူတော်ကြီး သဘောရိုးတော့မဖြစ်နိုင်ဘူး။ နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိတယ်။ "

ယွန်းဟေမီသည် ပြဒါးရံထံ လှည့်လာပြီးပြောသည်။

"ဘယ်သူလည်းဆိုတာ သံသယဝင်မိတဲ့လူရှိလား"

" မရှိဘူး "

ပြဒါးရံက တိုးလျစွာ ပြန်ဖြေလေသည်။

အစကနေ ပြန်တွေးကြည့်ရင် ကိုးလ်နဲ့ ဝင်တိုက်မိပြီးနောက်ပိုင်း ဒီဇိုင်းစာရွက်ကို သူ့ရုံးခန်းထဲက အံဆွဲထဲမှာ ထည့်သိမ်းထားခဲ့သည်မှာ သေချာပါသည်။ အခြားသော စာရွက်စာတန်းအချို့နှင့်တွဲပြီး နောက်နေ့တွင် အမဖြစ်သူအား ဖောင်တင်ခိုင်းလိုက်သည်ပင်။

ကြားထဲတွင် ဘယ်အရာက လွဲမှားနေရသနည်း။ စဉ်းစားလေ အဖြေရှာမရသည့် ပုစ္ဆာတစ်ခုလိုဖြစ်လာရသည်။ ဘယ်သူကများ သူ့အကြံအစည်ကိုနှောက်ယှက်ချင်နေရတာလဲ။ တကယ်ပဲ အမှောင်ထဲမှာရပ်နေတဲ့လူက သူ့ရဲ့ပျက်စီးခြင်းကို အလိုရှိနေရတာလဲ။ မေးခွန်းများက ပိုလို့တောင် များပြားလာရပြီး အဖြေသည်ကား ပိုလို့တောင် အလှမ်းဝေးလာရသည်။ ရှုတ်ထွေးပွေလီသည့်
ဝင်္ကဘာအလား။

" ဖြစ်နိုင်ခြေက နှစ်ခုပဲရှိတယ်။ "

ပြဒါးရံသည် အတွေးဂယက်အတွင်း နစ်မြုပ်‌ပျောက်ကွယ် လုဆဲဆဲတွင် ယွန်းဟေမီ၏ အသက်ကယ် ကြိုးတန်းလေးအားအမိအရ ဆွဲကိုင်၍ မြေမဟီပေါ်ပြန်လည် ရောက်ရှိရန် ကြိုးပမ်းခဲ့ရသည်။

" ဘာလဲ "

" ပထမတစ်ခုက ကိုးလ်က Laraကို ဒီဇိုင်းအကြောင်း ပြောပြလိုက်တာပဲ။ ဒါမှမဟုတ် ကိုးလ် ကိုယ်တိုင်က Laraကထည့်ထားတဲ့ သူလျှိုတစ်‌ယောက်။ အလုပ်ဝင်တာလည်း မကြာသေးတဲ့အတွက် ဒါက ဖြစ်နိုင်ခြေရှိတယ်။ ဒါပေမဲ့"

သူမရဲ့မျက်နှာက အနည်းငယ်စိတ်ပျက်ဟန်ဖြင့်

" ဖြစ်နိုင်ခြေလည်းမရှိဘူး။ ဘာလို့လဲဆိုတော့...."

" ဘာလို့လည်းဆိုတော့ KKမှာ သူလျှိုထည့်ဖို့ companyရဲ့ယုံကြည်မှုကို အရင်ရအောင်ကြိုးပမ်းရမှာပဲ။ အဲဒီ့လူက တစ်ခုမဟုတ်တစ်ခု ဘက်မှာ ထူးချွန်နေတဲ့လူဖြစ်ရမယ်။ ဥပမာ KKရဲ့ ကိစ္စရပ်တွေမှာ ပါဝင်ပြောဆိုနိုင်ခွင့်ရှိတဲ့ လူမျိုး။ အဲ့လိုမျိုးဆို အရမ်းကြီး ကြိုးပမ်းစရာမလိုဘဲ အချက်အလက်တွေက သိုသိုသိပ်သိပ်နဲ့ ပေါက်ကြားနိုင်မှာ။ "
" ဒါပေမဲ့ ကိုးလ်ကြတော့ မထင်မရှား ဌာန-၃မှာ လုပ်ကိုင်နေရတာ။အဲ့နေ့က ဝင်သာမတိုက်မိခဲ့ရင် ဒီနေ့အထိ ကျွန်တော်သူ့ကို မြင်ဖူးမှာတောင်မဟုတ်ဘူး။ ပြီးတော့ဒါက သူ့တက်လမ်းကို သူကိုယ်တိုင် ဖျက်ဆီးဖြစ်နေတာနဲ့တူတူဘဲ။ ကိုးလ်လို သိမ်မွေ့ပြီး ဖြူစင်တဲ့လူက ဒီလောက်ရှုတ်ထွေးပြီး ပဟေဠိတွေနဲ့ ပြည့်နေလိမ့်မယ်လို့ ကျွန်တော်မယုံဘူး။ "

" ဟုတ်တယ် "

ဖြတ်ပြောခံလိုက်ရသည့် သူမစကားအားလျစ်လျူရှုလျက် ပြဒါးရံ၏ စကားကိုထောက်ခံလိုက်လေသည်။

" ဒုတိယတစ်ခုက မာယာသစ္စာ "

ပြဒါးရံသည်လည်း အနည်းငယ်သံသယဝင်မိသည်ပင်။ ရှေ့တွင်သူပြောခဲ့သည့် companyအတွင်းပြောဆိုချယ်လှယ် နိုင်သည်ဆိုသည့်အချက်မှာ ကံဆိုးစွာပင် မာယာသစ္စာ နှင့်ကိုက်ညီနေခဲ့လေသည်။ ထို့ပြင် မာယာသစ္စာနှင့်သူ၏ ဆက်ဆံရေးကလည်း ပြဒါးတစ်လမ်း သံတစ်လမ်း။ သို့သော် ဤသည်မှာ ခန့်မှန်းရုံမျှသာ ဖြစ်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သော သက်သေမှာ ယွန်းဟေမီထံတွင် ရှိမနေသလို သူ့ထံတွင်လည်းရှိမနေခဲ့ပါချေ။ သဲထဲရေသွန်နေသည့်အလား .....မည်သည်မှ အရာဝင်လာမည်မဟုတ်။ အားကုန်ခြင်းသာ အဖတ်တင်ပေလိမ့်မည်။

အမြင်အာရုံအား ကစားမိသော် လှပ၍ပြေပြစ်သော ယွန်ဟေမီ၏ မျက်နှာသည် ပိုလို့တောင် သုန်မှုန်လာရပြီး ခြေလှမ်းကျဲများဖြင့်အခန်းတွင်းမှ ထွက်ခွာသွားလေသည်။ ပြဒါးရံသည်လည်း ခေါင်းအား ငိုက်စိုက်ကြလျက် သွယ်လျနူးညံ့စွာ ပုံဖော်ထားသော လက်ချောင်းများအား ဦးခေါင်းပေါ်တင်လျက် ထပ်မံစွာ စဉ်းစားခန်းဖွင့်လေသည်။

ယွန်းဟေမီသည် မာယာသစ္စာအား သံသယမဝင်ပါရန် မိမိကိုယ်ကို သတိပေးရေရွတ်‌ နေခဲ့သော်လည်း အရာအားလုံးသည် သူ၏ သဘောအတိုင်း ဖြစ်တည်နေခဲ့ပါက စိတ်အလိုမကျမှုဟူသည် ကလေးသူငယ်များအား ခြောက်လှန့်နေကျ ပုံပြင်တစ်ခုလိုသာ ဖြစ်လာပေလိမ့်မည်။ ယခုတွင်မူ မြူမှုန်မျှသေးသော မျှော်လင့်ချက်လေးဖြင့် မာယာသစ္စာအပေါ် စိတ်ကွက်ခြင်းအလျင်းမရှိဘဲ နေချင်သော်လည်း သံလိုက်အိမ်မြှောင်လို သဲလွန်စများက ထိုသူ့ဆီသာ လက်တံလှည့်လို့နေသည်။ သူတို့နှစ်ဦးကြားရှိ ရင်နှီးမှုများက ပြတ်တောက်သွားခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပြီး ကြိုးပြတ်သွားသော မိုးပျံပူပေါင်းနှယ် အစွန်းတစ်စအား လိုက်လံဖမ်း၍ ပြန်လိုချင်ပါသော်လည်း ထိုပူပေါင်းမှာ ကောင်းကင်ယံထက် တစ်ဟုန်ထိုးတက်သွားပြီး လွှင့်‌မျောသွားခဲ့ပြီ ဖြစ်သည်။သို့သော် ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များအား လက်ခံနိုင်ပါရန် ယွန်းဟေမီက အချိန်အတော် ယူလိုက်ရသည်ပင်။ သည်းမခံနိုင်လောက်အောင် ကြာမြင့်ခဲ့သော်လည်း မာယာသစ္စာက ပြောင်းလဲသွားသည်ကို လက်မခံနိုင်သေးပေ။

" ဒါက ဒဏ်ရာသေးသေးလေးပါ ။ဒီလောက်လေးကို ငိုနေရင် ငါတို့ရဲ့ ဟေမီက ပျော့ညံ့လွန်းနေတာများလား။ "

မာယာသစ္စာက ပြောလာခဲ့သည်ပင်။ခလုတ်တိုက်၍ ချော်လဲနေသော ယွန်းဟေမီအားကြည့်လျက်ဖြင့်။ အသေးစိတ်ဖော်ပြရလျှင် လက်တစ်ဖက်အား မေးစေ့ကို ပွတ်သပ်လျက် စဉ်းစားနေသည့်အသွင်ဖြင့် ဖြစ်သည်။

" မဟုတ်ပါဘူး.....ဒါပေမဲ့... ဒါက... အရမ်းနာလွန်းတယ်။ "

ယွန်းဟေမီ၏ မျက်ရည်များက ပိုလို့တောင်ကျဆင်းလာရပြီး ရှိုက်သံလေးကပါ ပါဝင်လာသည်။

" ဟုတ်ပြီ...ဟုတ်ပြီ နောက်ဆို ဒဏ်ရာရမှာလည်းပူစရာမလိုတော့ဘူး။ ငါကအနားမှာ အမြဲကာကွယ်ပေးနေမယ် ဟုတ်ပြီလား။ မငိုနဲ့တော့နော်  ထပ်ငိုနေရင် ငါတကယ်ပဲ ဘာဆက်လုပ်ပေးရမလဲ မသိတော့ဘူး။ "

ထိုစကားများကို မာယာသစ္စာက သူ့အားပြောခဲ့ဖူးသည်ပင်။ထိုနေ့ရက်တွေတုန်းက မိမိတို့နှစ်ဦးမှာ ငယ်ရွယ်လွန်းသည့်အတွက် မာယာသစ္စာက စိတ်ထဲမှမပါဘဲ လွယ်လွယ်နှင့်ပြောထွက်ခဲ့သည်လားတော့ မသိပါ။သို့သော်လွန်စွာမှ ညင်သာမှုရှိလွန်းသဖြင့် ထိုအခိုက်အတန့်တွင် သူငယ်ချင်းဟောင်းထံမှ အကြည့်မခွာဘဲ အတိတ်နေ့ရက်များအထိ မှတ်မိနေပါရန် မှတ်တမ်းယူခဲ့ဖူးသည်။ ထို့နောက် ဟေမီ့မျက်ရည်များကို စိတ်ရှည်ရှည်နှင့် သုတ်ပေးနေခဲ့သည်ကိုလည်း နာကျင်စွာ မှတ်မိနေပါသေးသည်။ ဒီလိုလူတစ်ယောက်က ပြောင်းလဲသွားတာကို သူက ဘယ်လိုအသိစိတ်နှင့်များ လက်ခံပေးနိုင်မည်တဲ့လဲ။ထို့ပြင် မာယာသစ္စာက ပြောခဲ့သည့် အခြားစကားများကိုလည်း ရူးသွပ်စိတ်ပျက်စရာကောင်းအောင် မှတ်မိနေပါသေးသည်။

" မာယာ "

ညင်သာတိုးဖွစွာဖြင့် ထိုသူ့နာမည်ကို ခေါ်လိုက်လေသည်။ သို့သော် တိုးလျအားနည်းလွန်းသဖြင့် လေတစ်ချက်အဝှေ့တွင် လွင့်ပါး‌တိုက်စားခြင်း ခံလိုက်ရသည်။ ထိုနေ့က ရိုးအလွန်းသည့် သူ၏တုန့်ပြန်မှုကို ကြည့်ပြီး မာယာသစ္စာက လှောင်ပြောင်လာခဲ့သည်ပင်။

"ဟေမီ....နင်ကအရမ်းကို တုံးတာပဲ။ အခုချိန်ထိ နားမလည်နိုင်သေးဘူးလား။ နင်နားလည်အောင်  ပြောပြရရင် သူငယ်ချင်းဆိုတာ ပီကေလိုပဲ။ လိုအပ်တဲ့အချိန်မှာ အာခံတွင်းထဲငုံထားပြီး မလိုအပ်တော့ရင် ထွေးထုတ်ပစ်လိုက်ရုံပဲ။ နောက်ဆုံးတော့လည်း အဲ့တာက အမှိုက်တစ်စ ဖြစ်သွားခဲ့တာပဲလေ။ "

ထိုချိန်က မာယာသစ္စာ၏ မျက်ဝန်းတို့မှာ လွန်စွာမှ ပြတ်သားလွန်းလှပြီး နှုတ်ခမ်းသားတို့မှာ ထက်လှစွာသော ဆူးချွန်တို့လိုပင်။ ယွန်းဟေမီ၏ သူ့အပေါ်ထားရှိသော မျှော်လင့်ချက်တို့ကို အညှာအတာ ကင်းမဲ့စွာ ရိုက်ချိုးပစ်ခဲ့သည်။သူမက ရူးသွပ်စွာရယ်မောနေခဲ့ပြီး ဟေမီက အောက်နှုတ်ခမ်းကို ကိုက်လျက် ထိုနေ့က ဝတ်ခဲ့သည့် စကပ်‌အစွန်းအား လက်နှစ်ဖက်က တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း မာယာသစ္စာ လှောင်ပြောင် သမျှကို ခေါင်းငုံ့ငြိမ်ခံခဲ့ဖူးသည်။ထို့နောက်သူမက ဆက်ပြောလာခဲ့သည်ပင်။ အသံသည်ကား ရေခဲနှယ် အေးစက်လျက် မဟူချောက်နှယ် ခြောက်ခြားမှုများ အပြည့်ဖြင့်ဖြစ်သည်။

" နောက်တစ်နည်း ပြောပြရရင် ' လိုသုံး ' ဆိုတဲ့ စကားနဲ့လည်း ကိုက်ညီနေသေးတာပဲ။ "

အတွေးတို့က အတိတ်ဆီပျံ့လွင့်နေခဲ့ပြီး ခြေလှမ်းတို့က မာယာသစ္စာရုံးခန်း ဆီသို့ဦးတည်လျက်ရှိသည်။ဖြစ်နိုင်လျှင် ထိုသူနှင့်တွေ့ဆုံရင်းနှီးခဲ့သမျှကို မေ့ပစ်လိုက်ပြီး( ၁ )ကပြန်စချင်‌သော်လည်း ကံတရားကမျက်နှာသာမပေးပေ။ ခြေလှမ်းတို့က လေးလံလွန်းသဖြင့် ယွန်းဟေမီက အချိန်အတော်ကြာ လျှောက်လှမ်းပြီးကာမှ မာယာသစ္စာထံရောက်ရှိလာရသည်။ တံခါးဝရှေ့တွင် ရပ်နေခဲ့ပြီး အခန်းတွင်းရှိ မာယာသစ္စာ၏ အမိန့်ပေးသံကို သူကြားနေရသော်လည်း ဘာကိုပြောနေမှန်းကိုမူ အာရုံစိုက်မရပေ။ မျက်နှာမသာမယာနှင့် လူတစ်ယောက်ထွက်လာပြီးကာမှ ယွန်းဟေမီ ထိုအခန်းတွင်း လေးပင်မှုတို့ကို အဖော်ပြုလျက်ဝင်လိုက်သည်။

" နင့်လက်ချက်လား "

ယွန်းဟေမီက အလွန်စိတ်ဆိုးနေသဖြင့် မေးလိုက်သော လေသံမှာမူ လွန်ကြိုးပမာ တင်းမာလျက် သင်္တုန်းပမာ ပြတ်သားလှပေသည်။

" ဘာသဘောလဲ "

မာယာသစ္စာက မျက်ဝန်းတို့အား မြောက်ပင့်လျက် ပြန်မေးလာခဲ့သည်။

" ရူးချင်ယောင်ဆောင်မနေနဲ့......ဒီဇိုင်းပုံကြမ်းက ဘာကိစ္စ...Laraနဲ့ဆင်နေရတာလဲ။ "

" အဲ့တာဘာလို့ငါ့ကိုလာ မေးနေရတာလဲ။ "

"နင်...."

" ဟေမီ....နင့်အကျင့်က တကယ်ပဲ မပြောင်းလဲသေးဘူးပဲ။ အရင်အတိုင်း တုံးအနေတုန်းပဲ။ သက်သေမရှိဘဲ ငါ့ကို လာစွပ်ဆွဲနေတာက ကျောက်တုံးကိုကြက်ဥနဲ့‌ ပေါက်နေသလိုပဲ အရာမဝင်ဘူး။ ပြီးတော့..."

မာယာသစ္စာက ထိုင်ခုံပေါ်မှထလာခဲ့ပြီး အံကိုကြိတ်ကာပြောလာခဲ့သည်။ သူမ၏အမူအယာ အသွင်အပြင် အားလုံးက ဟေမီက ဟိုးအရင်ထဲကစ ယခုချိန်ထိ သူ့ရှေ့မှာ ကျရှုံးနေခဲ့ပြီးသား လူတစ်ယောက်နှယ်။ ထိုသူ့အား ပြန်တော်လှန်လို့မရအောင်ထိ အနိုင်ပိုင်းပြီးသား။ နောက်ဆုံးမှာ အောင်နိုင်ခြင်းအလံအား သူတစ်ယောက်သာ လွှင့်ထူနိုင်ခဲ့သည့် အသွင်ဖြင့် လှောင်ပြောင်လာခဲ့သည်။

" Companyရဲ့ ကိုယ်စားလှယ်ကို စော်ကားတာလဲ အတိုင်းအတာ တစ်ခုထိပဲကောင်းတယ်။ ထပ်ပြီးလွန်လာရင် ငါက ငြိမ်ခံနေမှာမဟုတ်တော့ဘူး။ "

ဟေမီ့အနား ပုခုံးချင်းယှဉ်လျက် မျက်ဝန်းထောင့်များဖြင့် စွေကြည့်ကာ ရေခဲနှယ်အေးစက်သည့် အသံဖြင့်ပြောလာခဲ့သည်။ သိပ်မကြာမြင့်လှသော အချိန်တွင် မာယာသစ္စာကပင် ဦးစွာထွက်ခွာ‌သွားပြီး ဟေမီကအတွေးများနှင့် ကျန်နေခဲ့သည်။ သူအများကြီး ရှုံးနေတာမှန်ပါတယ်။ သူမရှေ့ရောက်လျှင် ထက်မြက်လှပါသည်ဆိုသော ယွန်းဟေမီမှာ အရှုံးသမား တစ်ယောက်အပြင်မပိုခဲ့။ သို့သော်ထို အရှုံးမှာ သူကိုယ်တိုင်ပင် ညံ့ဖျင်းနေ၍လော တမင်အရှုံးပေးနေမိ၍လော ယွန်းဟေမီကိုယ်တိုင်လည်း ကောင်းကောင်းမ‌ပြောနိုင်ပေ။ အခိုင်အမာချမှတ်လိုက်သော ဆုံးဖြတ်ချက်တွင်မူ သူထိုသို့ ထပ်မံ ခွင့်ပြုတော့မည်မဟုတ်။ နောက်ဘယ်သောအခါမှ ထပ်ရှုံးခွင့်ပြုတော့မည် မဟုတ်‌ပေ။ အထူးသဖြင့် မာယာသစ္စာထံတွင်ဖြစ်သည်။

လေးပင်းလှသော‌ ခြေလှမ်းတို့ဖြင့် ပြဒါးရံဆီသာပြန်လှမ်းလာခဲ့ရသည်။ ထိုပြဿနာအား အဖြေရှာရဦးမည်မဟုတ်ပါလား။

" မမဟေမီ ပြန်လာပြီလား "

ဖုန်းကိုင်ထားသော ပြဒါးရံမှာ ခေါင်းမော့လာလျက် သူ့အားပြောလာခဲ့သည်။ပြဒါးရံ၏ အမေးစကားအား ယွန်းဟေမီကခေါင်းငြိမ့်ပြလိုက်သည်ကို မြင်ပြီးနောက် ဖုန်းထဲကလူနှင့် ပြောဆိုနေခြင်းကိုလည်း မြန်မြန်အဆုံးသတ်လိုက်‌လေသည်။

" ဟုတ်ပြီ...အဲ့တာဆို မြန်မြန်လာခဲ့ပေးပါ။ "

ဖုန်းချလိုက်ပြီးသော် ယွန်းဟေမီခန့်မှန်းမိသလောက် ပြဒါးရံ၏ မျက်နှာမှာ အနည်းငယ် ရွှင်မြူးနေသယောင်ရှိလေသည်။ ယုံကြည်ချက်များကတဖန် ပြည်လည်ရောက်ရှိလာသည့်အလား ။တက်ကြွလန်းဆန်းလျက် စိတ်အားထက်သန်မှုများကိုလည်း တွေ့ရသည်။ သူမစောစောကအခြေအနေနှင့် ဆန့်ကျင်နေသည့် ပြဒါးရံအား စူးစမ်းလိုက်ပြီး အဖြေရှာမရသည့်အဆုံးတွင် အမေးစကားပြုလိုက်သည်။

" ရံလေး ပျော်စရာတစ်ခုခုရှိလို့လား ? "

" ဦးစိုးလွင် အခုဌာန(၁)မှာရှိလား ? "

နှစ်ယောက်လုံးတစ်ပြိုင်နက် မေးမိသွားသည်ပင်။

" မရှိဘူး "

" မရှိဘူး "

အဖြေသည်လည်း ထပ်တူကျလျက် အချိန်သည်လည်း ထပ်တူကျနေခဲ့ပြန်သည်။ထို့နောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် အောင့်အီးမထားနိုင်ဘဲ ရယ်လိုက်ကြလေသည်။ရယ်သံကပျံ့နှံ့သွားပြီး ခေတ္တအကြာတွင် ယွန်းဟေမီကပင် စကားဝိုင်းအားဦးဆောင်လေသည်။

" ဦးစိုးလွင်က ဂိုဒေါင်မှာ ပစ္စည်းတွေသွားစစ်ဆေးတယ်။ ရံလေး တွေ့ချင်ရင် မမသွားခေါ်ပေးမယ်။"

" ရတယ် သူကိုယ်တိုင် လာတွေ့စရာမလိုပါဘူး။ ကျွန်တော်က သွားတွေ့လိုက်ရင် ဖြစ်တာပဲ။ "

" မမဟေမီ တိမ်ယံဆင့်ကို ဖုန်းဆက်ပေးပါ။ အခုချက်ချင်း companyကိုလာပြီး ကျွန်တော်ကိုတွေ့ဖို့ပါ ပြောပေး။ "

" အင်း....ကောင်းပြီ ရံလေး။ "

ယွန်းဟေမီက အပြင်ထွက်ပြီး ဖုန်းပြောနေခဲ့သည်။ ပြဒါးရံသည် မိမိအစီအစဉ် အောင်မြင်နိုင်ခြေမှာ အလွန်နည်းပါးသော်လည်း သူကစိန်ခေါ်မှုတစ်ခုကို ပြုလုပ်လိုက်‌ခြင်းဖြစ်ကြောင်း သူကိုယ်တိုင်လည်း နားလည်သည်။ ရူးသွပ်ပြီး တဇွတ်ထိုးဆန်သော်လည်း ဤသည်မှာ သူစဉ်းစားမိသမျှ အဆိုးတကာ့ အဆိုးဆုံးထဲမှ အကောင်းဆုံးအကြံဖြစ်သည်။ အတွေးတို့က ရေနွေးငွေ့သဖွယ် ပျံ့လွင့်နေခဲ့ပြီး လက်ရှိလောကနှင့် အဆက်အသွယ်ရရန် သိပ်ကိုဝေးကွာလွန်းနေခဲ့သည်။ မျှော်လင့်ချက် ရောင်ခြည်ကပါးလျလွန်း၍ ပျောက်ကွယ်သွားမှာကို စိုးရိမ်လှ‌ပေသည်။အပြင်ဘက်ရှိရာသီဥတုမှာ တောက်ပစင်ကြယ်နေသော်လည်း စိတ်အခြေအနေမှာ ဆိုးဝါးစွာ မုန်တိုင်းထန်လျက်ရှိသည်။

" အားလုံးအဆင်ပြေတယ် ရံလေး.....သူခဏနေရင် ရောက်လာမှာပါ။ "

အတွေးဂယက်ထဲနစ်မြုပ်နေသဖြင့် ယွန်းဟေမီက ဘယ်ချိန် ပြန်ဝင်လာသလဲဆိုသည်ကိုပင် သတိမထားမိလိုက်ပေ။

" ကောင်းပြီ...ဒါဆိုအားလုံးက အစီအစဉ်အတိုင်းပဲ။ တိမ်ယံဆင့်ကိုစောင့်ရုံပဲ လိုတော့တာပေါ့။ "

မနှေးလွန်းမမြန်လွန်းသော အချိန်တွင် ပြဒါးရံ၏ ရုံးခန်းတံခါးသည် သေသပ်စွာထုဆစ်ထားသော လက်များ၏ တွန်းဖွင့်ခြင်း ခံလိုက်ရသည်။ မိုးပြာရောင် အင်္ကျီလက်ရှည်အား တံထောင်ဆစ်ထိခေါက်တင်ထားပြီး ဂျင်းဘောင်းဘီနှင့်တွဲဖက်ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက စီးနင်းဝင်ရောက်ဘာသည်။ ကြည်လင်ကာဖောက်ထွင်းမြင်နိုင်သော အသားအရေနှင့်အတူ အညိုရောင်ဆံပင် colourက ဆန်းကျယ်စွာ တွဲဖက်ညီနေသည်။ နေကာမျက်မှန် အနက်ရောင်ကမူ ဆွဲဆောင်မှုရှိလှသော ထိုသူ့၏ မျက်ဝန်းတစ်စုံကို ဖုံးကွယ်ထားသည်။ မျက်ဝန်းများက ဖုံးကွယ်ထားခြင်းခံရသော်ငြား မျက်နှာသွင်ပြင်မှာညှို့ယူနိုင်မူနှင့်အတူ မာနထောင်လွှားမှုများက တွဲဖက်နေရာယူထားလေသည်။ ပုံမှန်ရိုးရှင်း ထသွားထလာ free styleပင်ဖြစ်သော်လည်း အရပ်ရှည်ကာအချိုးကျလှသည့် တိမ်ယံဆင့်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သောအခါတွင်မူ လှပကာကျော့ရှင်းလျက်ရှိသည်။ တကယ့်ကို မင်သက်ဩချလောက်စရာပင်ဖြစ်သည်။ နာမည်ဂုဏ်သတင်းနှင့် ကိုက်ညီလှပေသည်။

တိမ်ယံဆင့်အခန်းအတွင်းသို့ဝင်လိုက်ပြီး  ခြေလှမ်းအနည်းငယ် လျှောက်လိုက်ကာ နေကာမျက်မှန်အား ညင်သာစွာချွတ်လိုက်ပြီးနောက် တောက်ပသောမျက်ဝန်းတစ်စုံမှာ ဖွင့်လှစ်ပြသခြင်းခံလိုက်သည်။ စူးရှပြတ်သားသောအကြည့်အား ပင့်မြှောက်လိုက်ချိန်တွင် ပြဒါးရံနှင့် တိုက်ဆိုင်စွာ အကြည့်ချင်းစုံမိလေသည်။ စိတ်အလိုမကျမှုက ကပ်လျက်ပါလာသဖြင့် ချက်ခြင်းပင် မျက်နှာလွှဲလိုက်ကာ စောစောက အဖြစ်အပျက်အား ဘယ်သောအခါမှ မဖြစ်ခဲ့သလိုပြုမူလိုက်သည်။

" ထင်ထားတာထက် ပိုမြန်တာပဲ "

တိမ်ယံဆင့်က အခန်းအတွင်း ပြဒါးရံအား ဝိဉာဉ်တစ်ကောင်နှယ် မမြင်ရသလို ပြမူနေသော်လည်း ပြဒါးရံကတော့ ထိုကဲ့သို့မဟုတ်ပေ။ပြဒါးရံရှိ ကြည်လင်ပြီး ဆွဲဆောင်မှုရှိလှသော အသံကပျံ့လွှင့်လာကာ စကားဆိုခဲ့သော်ငြား တိမ်ယံဆင့်က ဂရုမစိုက်ပေ။ ထိုစကားမှာသူ့အား ရည်ရွယ်၍ ပြောခြင်းဖြစ်သော်လည်း ပြဒါးရံအားရှိမနေသည့် အရာဝတ္ထုတစ်ခုနှယ် ပြုမူလျက် ယွန်းဟေမီထံသာ အေးအေးလူလူလျှောက်သွားသည်။

" ကျွန်တော့်ကို ခေါ်တဲ့အရေးကြီး ကိစ္စဆိုတာက "

တိမ်ယံဆင့်က ယွန်းဟေမီထံ နူးညံ့စွာမေးလာခဲ့သည်။ အမှန်တိုင်းဝန်ခံရလျှင် တိမ်ယံဆင့်ကို ဘာကြောင့်ခေါ်လည်း ယွန်းဟေမီကိုယ်တိုင်လည်းမသိပေ။ မောင်ဖြစ်သူက ဖုန်းဆက်ခိုင်း၍သာ ခေါ်လိုက်ရခြင်းဖြစ်ပြီး ယခုလိုအမေးခံလိုက်ရချိန်တွင် သူမထံပြန်ဖြေစရာအဖြေက ကံဆိုးစွာပင်ရှိမနေခဲ့ပါ‌ချေ။ ထို့ကြောင့် ရေငုံနှုတ်ပိတ်၍သာ နေလိုက်သည်။

သို့သော် ပြဒါးရံကမူ ထိုသို့မနေနိုင်ပေ။ တိမ်ယံဆင့်က သူ့အပေါ်ပြုမူနေသမျှကို သူကလည်း လျစ်လျူရှု၍ ယွန်းဟေမီကိုကျောပေး၍ ထိမ်ယံဆင့်နှင့် မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ နဂိုထဲကမူ ယွန်းဟေမီနှင့် တိမ်ယံဆင့်တို့၏ အကွာအဝေးမှာ အရမ်းမနီးကပ်သော်ငြား ဝေးလွန်းနေသည်လည်းမဟုတ်ပေ။ နှစ်ယောက်သားက လက်တစ်ကမ်းအကွာတွင် ရှိနေခဲ့ခြင်းဖြစ်သည်။ သို့သော် ပြဒါးရံက သူတို့နှစ်ဦး၏ ကြားလာရပ်ချိန်တွင်မူ အကွာအဝေးမှာ သိသိသာသာပင် ကျဉ်းမြောင်းသွားလေသည်။ နီးကပ်လွန်းသဖြင့် ရင်ဘတ်ခြင်းတောင်ထိလုမတတ်။ အရပ်များမှာမတိမ်းမယိမ်းဖြစ်လေသောကြောင့် တိမ်ယံဆင့်၏ မျက်နှာအစိတ်အပိုင်းမှန်သမျှအား အသေးစိတ်မြင်‌တွေ့နိုင်‌လောက်သည်အထိ။မျက်ခုံး၊ မျက်လုံး၊ နှာခေါင်း၊ နှုတ်ခမ်းတို့မှာ အပြစ်အနာအဆာမရှိ နတ်ဘုရားတစ်ပါး၏ လှပကျော့ရှင်းမှုမျိုးပင် ။ ပြောင်မြောက်လှသည့် ပန်းချီကားတစ်ချပ်အလား။

အထူးသဖြင့် တိမ်ယံဆင့်၏ မျက်လုံးသည် အခြားသူများနှင့်မတူဘဲ ကွဲပြားခြားနား၏။ မျက်လုံးအရောင်မှာ အညိုရောင်ဖျော့ဖျော့သမ်းလျက်ရှိပြီး ခက်ထန်မှုတို့နှင့်အဖော်ပြုလျက် ထူးခြားစွာပနံသင့်နေသည်။ ထို့ထက်အောက်သို့ အကြည့်ရွေ့လိုက်လျင်မူ ဘယ်ဘက်ညှပ်ရိုးအပေါ်၌ ညဉ့်ယံအခါတွင် ကြယ်တစ်လုံးအလားတောက်ပနေသော အရာလေးအား တွေ့ရပေသည်။ ဆင်တူသော်လည်း ကွာခြားနေသည်မှာ ကြယ်အားတောက်ပစေရန် နောက်ခံကာလာမှာ ပိတုန်းရောင်ထက်နက်မှောင်သော ကောင်းကင်သာဖြစ်ပြီး တောင်ပနေသောအရာမှာ စင်ကြယ်သော အဖြူရောင် ကြယ်များသာဖြစ်သည်။ သို့သော် တိမ်ယံဆင့်တွင်မူနောက်ခံအရောင်မှာ နှင်းကဲ့သို့ဖြူစွတ်နေသော အသားအရေပင်ဖြစ်ပြီး တောက်ပနေသောအရာမှာ မဟူရာထက်နက်သော အနက်ရောင် မှည့်လေးတစ်လုံးသာဖြစ်သည်။
အရွယ်အစားမှာ ကြီးမားလှသည် မဟုတ်သော်ငြား အနည်းငယ်ပူအိုက်လှသော ရာသီဥတုကြောင့် ရှေ့ကြယ်သီးအား တိမ်ယံဆင့်ကဖြုတ်ထားသည့်အတွက် ပြဒါးရံက မြင်တွေ့နိုင်ခြင်းဖြစ်သည်။ ယခင်ကမူ သတိမထားမိခဲ့သော်လည်း မိမိတို့နှစ်ဦးမှာ အလွန်အမင်း နီးကပ်‌နေလွန်းသဖြင့် တိမ်ယံဆင့်၏ အစိတ်အပိုင်းတစ်ခုစီအား ပြဒါးရံ ထံဖွင့်လှစ်ပြသထားသလို ဖြစ်နေတော့သည်။

ရုတ်တစ်ရပ် နီးကပ်လွန်းသည့် အခြေအနေတစ်ရပ်ကြောင့် တိမ်ယံဆင့်ခန္ဓာကိုယ်မှာ အလိုအလျောက် တောင့်တင်းသွားပြီး အသက်ရူဖို့ရန်ပင် မေ့လျော့သွားရသည်။ သို့သော် ပြဒါးရံရှုထုတ်လိုက်သည့် လေငွေ့နွေးနွေးကမူ သူ၏မျက်နှာထက်သို့ လာရောက်ထိခတ် ကလူ‌နေလေသည်။ အသိစိတ်ပြန်ဝင်လာချိန်တွင် ခြေလှမ်းတို့အား အလျင်လိုစွာ နောက်ပြန်လှမ်းလျက် အကွာအဝေးအား သတ်မှတ်ရန် ကြိုးပမ်းလိုက်သော်လည်း ပြဒါးရံက လက်ကောက်ဝတ်အား တင်းကျပ်စွာ ဆုပ်ကိုင်လာခဲ့သည်။ အားများသုံးထားသည့်အတွက် တိမ်ယံဆင့်၏လက်မှာ တစ်ဆက်တည်း နီရဲလာသည်မှာ စက္ကူဖြူပေါ် မှင်နီတစ်စက်ပြုတ်ကျသွားသည့်အလားပင်။

" ကိုယ်နဲ့အတူ ပျော်စရာကောင်းတာ သွားလုပ်ကြရအောင် "

ပြဒါးရံက စနောက်နေဟန်ဖြင့် ရယ်သံနှော၍ ပြောလာခဲ့သည်။တိမ်ယံဆင့် ငြင်းဆန်တုန့်ပြန်ချင်သော်လည်း စကားဆုံးသည်နှင့် ထိုလူက သူ၏လက်ကောက်ဝတ်အား မြဲမြံစွာကျိုးကြေမတတ် ဆုပ်ကိုင်ထားပြီး အခန်းတွင်းမှဆွဲခေါ်သွားလေသည်။

ယွန်းဟေမီလည်း ထိုနှစ်ယောက်ကို နားမလည်တော့ပေ။ တစ်ယောက်မှာမူ ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးအလား အကြည့်များကစူးရှလှ၍ ပြဒါးကိုပင် ဖောက်ထွင်းသွားနိုင်လောက်ပေသည်။ ကျန်တစ်ယောက်မှာမူ အပန်းဖြေခရီး ထွက်လာဟန်တူသည် အနည်းငယ်ရွှင်မြူးလျက် မျက်နှာမှာ ပြုံးရိပ်သမ်းလျက်ရှိသည်။ ပြဒါးရံသည် သူကိုင်ဆောင်ထားသည်မှာ ဗုံးတစ်လုံးမှန်း မသိ၍လား သို့မဟုတ် မသိချင်ယောင်ဆောင်နေလားတော့ ယွန်းဟေမီ လည်းမပြောနိုင်ပေ။ တိမ်ယံဆင့်၏ ဆန့်ကျင်နေသော အမူအရာ အားလုံးကို မသိကျေးကျွံပြုလျက် ခေါ်ဆောင်သွားလေသည်မှာ စိတ်ဆိုးနေသော ရည်းစားအားချော့မြူရန် ခေါ်ဆောင်သွားသည့်အလား။ မကြာမီတွင် ထိုဗုံးကပေါက်ကွဲသွားပါက ပြဒါးရံပင်မကဘဲ နံဘေးရှိအခြားအရာများအပေါ်ပါ မီးပွားလာစင်နိုင်လေသည်။ ထိုအရေးကိုတားဆီးနိုင်ရန်အတွက် ယွန်းဟေမီလည်း မတတ်သာဘဲ သူတို့နောက် လိုက်သွားလိုက်ရသည်။

Company အောက်ထပ်သို့ ရောက်သောအခါတွင် ဆင်တူ uniformနှင့် ရဲဝန်ထမ်းငါးယောက်အားတွေ့လိုက်ရပေသည်။ ရာဇဝတ်သားဖမ်းရာတွင် သုံးသော ပစ္စည်းအစုံအလင်နှင့် ဖြစ်သောကြောင့် KKကိုအလည်လာခြင်းတော့ မဟုတ်နိုင်ကြောင်း ယွန်းဟေမီကောက်ချက်ချလိုက်သည်။ များမကြာမီတွင် ပြဒါးရံကထိုသူများအား သူနှင့်တစ်ပါတည်းလိုက်ခဲ့ရန် ခေါ်လိုက်သည်ကိုလည်း ကြောင်အစွာမြင်လိုက်ရလေသည်။

" ကျွန်တော့်နောက် လိုက်ခဲ့ပါ "

ပြဒါးရံတစ်ယောက် ဘာတွေလုပ်နေလဲ ယွန်းဟေမီကော တိမ်ယံဆင့်ပါ နားမလည်နိုင်တော့ပေ။ တိမ်ယံဆင့်မှာ ထိုသူ၏အတင်းအကြပ် ဆွဲခေါ်မှု‌ကြောင့်သာ ပါလာရပြီး ဘယ်ကိုသွားပြီး ဘာလုပ်မည်ဆိုတာကိုလည်း လုံးဝမသိ။ရဲများကပါ ပါဝင်လာသောကြောင့် ဆင့်၏စိတ်မှာပိုလို့တောင် ရှုတ်ထွေးလာကာ အန္တာရာယ်အငွေ့အသက်ကလည်း လာရောက်ရိုက်နှက်နေသည်။ အမည်မသိပြဿနာထဲ လက်ကကိုင်ပြီး ဆွဲထည့်ဖို့ကြံနေသော ပြဒါးရံကြောင့် မျက်ဝန်းများတွင် မီးလျှံများအစပျိုးလာပြီး နှုတ်ခမ်းပါးမှာ ဒေါသကြောင့်တုန်ယင်နေသော ခန္ဓာကိုယ်အားထိန်းချုပ်ရန် တင်းတင်းစေ့ထားခြင်း ခံနေရသည်။ ထိုအမူအရာများကို ပြဒါးရံကတော့ လုံးဝသတိမထားမိပေ။

ပတ်ဝန်းကျင်လေထုက ချက်ချင်းမနှစ်မြို့စရာ ကောင်းလာပြီး ရာသီဥတုကပုံမှန်အတိုင်းရှိနေသော်လည်း အနည်းငယ် ဆိုးဝါးသွားသလိုပင်။ယွန်းဟေမီ၏ အသွင်ပြင်သည်လည်း တိမ်ယံဆင့်နှင့် ထူးခြားပြီးကွဲပြားမနေခဲ့။ နှစ်‌ယောက်လုံးမှာ  အပြင်ဘက်၌ တည်ငြိမ်ချင်ယောင်ဆောင်နေသော်လည်း အတွင်းစိတ်တွင်မူ ပဟေဠိပေါင်းများစွာက ကြီးစိုးထားလေသည်။နောက်ဆုံးတွင် ယွန်းဟေမီကသည်းခံ မထားနိုင်တော့သည့်အတွက် တိတ်ဆိတ်ပြီး ခြေလှမ်းသံများသာကြားရသော အခြေအနေကို စတင်ဖြိုခွဲလိုက်သည်။

" ရံလေး....ရဲတွေကဘာလုပ်ဖို့လဲ....ခုလည်းဘယ်သွားနေတာလည်း "

" ဂိုထောင်ကိုသွားမလို့လေ ဂိုထောင်ကိုသွားပြီး ဦးစိုးလွင်ကိုဖမ်းဖို့ဆို ရဲတွေကိုလိုတာက သဘာဝပဲမဟုတ်ဘူးလား "

ပြဒါးရံက တက်ကြွစွာပြန်ဖြေလေသော်လည်း ယွန်းဟေမီကမူ မျက်လုံးအစုံပြူးသွားလေသည်။ သက်သေမရှိဘဲ ထိုကဲ့သို့လုပ်လိုက်ခြင်းက မာယာသစ္စာပြောသလို  ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်နေတာဘဲ မဟုတ်ဘူးလား။ မိမိတို့က သားကောင်ဖမ်းဖို့ ထွက်လာခဲ့ကြပေမဲ့ ကိုယ်တိုင်ကသားကောင် ပြန်ဖြစ်သွားနိုင်သည်ပင်။ ပြဒါးရံက ဒီလောက်တောင် မတွေးတောနိုင်ဘဲ ပေါ့ဆနေသည်ကို ဟေမီတအံ့တဩမျက်လုံးဖြင့်သာ  စိုက်ကြည့်နေရသည်။

" ရံလေးက ဦးစိုးလွင်ကို သံသယဝင်နေတာလား ။ဒါပေမဲ့......
တိကျတဲ့သက်သေမရှိဘူးလေ "

" သက်သေက အခုရှိလာတော့မှာပါ။ မမဟေမီက ဝင်မပါဘဲ ပွဲကြည့်ပရိတ်သတ်သာလုပ်နေ....ကျန်တာသူ့ဟာနဲ့သူစီစဉ်သွားလိမ့်မယ်။ "

ဘယ်လိုလုပ်ပြီးများ ဝင်မပါလို့ရမလဲ။ဒါက ကလေးကစားစရာ ကိစ္စလည်းမဟုတ်‌ပေ။ ပြဿနာအစမပျိုးအောင် ဝင်စွတ်ဖက်ရုံတင်မကဘဲ တားတောင်တားဆီးရပေဦးမည်။

" ရံလေး....ဒါပေမဲ့.....ရံ....."

ယွန်းဟေမီစကားဆက်ပြောရန် ပြင်လိုက်သော်လည်း အားလုံး၏ခြေလှမ်းတို့ဟာ ရပ်တန့်သွားခဲ့တာကြောင့် ပြဒါးရံဘက်လှည့်နေရာမှ ရှေ့တည့်တည့်ပြန်လှည့်ချိန်ဝယ် မျက်စိရှေ့တွင်ကြီးမားသော ဂိုထောင်ကြီးက ဆီးကြိုနေသည်ကို တွေ့လိုက်ရလေသည်။ ဂိုထောင်တံခါးမှာ ဖွင့်ဟခြင်းခံထားရတာကြောင့် ဦးစိုးလွင်မှ စာရင်းစာအုပ်ကိုင်ကာ ပစ္စည်းများလိုက်လံစစ်ဆေးနေပုံကို  ရှင်းလင်းစွာမြင်နေရသည်။ထိုအချိန်မှ ပြဒါးရံကို တားလျှင်လည်း မဖြစ်နိုင်တော့မှန်းသိသောကြောင့် ပါးစပ်ပိတ်ပြီး မောင်ဖြစ်သူ၏ဘေးတွင် ငြိမ်ငြိမ်နေရန်သာ ဆုံးဖြတ်လိုက်လေသည်။

သူတို့စဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဦးစိုးလွင်၏ ဖော်ရွေပျူငှာလွန်းသော အသံကထွက်ပေါ်လာခဲ့လေသည်။ထိုလူသည် ကိုယ်ကိုကိုယ်နှိမ့်ချတတ်ပြီး သူတစ်ပါးအား အလွန်အမင်းချီးကျူး မြှောက်စားတတ်သည်။ ပြဒါးရံတို့တစ်သိုက်မှာ သူ့အတွက်ကံဆိုးခြင်းများ ယူဆောင်လာသည်ကို အနည်းငယ်မှ‌တောင်ဘသတိမထားမိပေ။

" ဪ.....ဟေမီနဲ့ ပြဒါးရံတို့ပါလား။ ပစ္စည်းကိစ္စအတွက်ဆိုရင်တော့ တကူးတက အပင်ပန်းခံပြီး ကိုယ်တိုင်လာစစ်ဆေးစရာ မလိုပါဘူး။ ဒါကဦးစိုးလွင်ရဲ့တာဝန်ပဲလေ အမှားအယွင်းမရှိအောင် သေချာဂရုစိုက်ထားပါတယ်။ "

သူ၏အသံမှာ အေးအေးချမ်းချမ်းဖြင့်သာ ဖြစ်သည်။ယိုယွင်းနေမှုများလည်းမရှိသလို ပျက်ဆီးနေမှုများလည်းမရှိ။မျက်နှာထားမှာလည်း ပြုံးရွှင်လျက်ဖြင့်။ အကယ်၍များ ပြဒါးရံကသူ့အား သူခိုးအဖြစ်စွပ်ဆွဲပြီး ဖမ်းခေါ်သွားလိုက်လျှင်တောင် ထိုသူမှာကြောင်အနေကာ ပတ်ဝန်းကျင်တွင် ဘာတွေဖြစ်ပျက်နေလည်း နားလည်နိုင်ဦးမည်မဟုတ်ပေ။ထိုအခါတွင် သူ၏၏အမူအယာမှာ အံ့ဩထိတ်လန့်လို့သွားပြီး ပါးစပ်အဟောင်းသားဖြင့် ဖြစ်တည်နေသမျှကို လိုက်လို့မမှီအောင် ရှိနေပေလိမ့်မည်။ မတရားစွပ်ဆွဲခံရလို့လည်း စိတ်တိုလွန်းသဖြင့် မေ့တောင်လဲသွားနိုင်သည်ဟု ယွန်းဟေမီကကောက်ချက်ချမိသည်။ယွန်းဟေမီလည်း ရှေ့ဆက်တိုးလို့မရဘဲ သူဘယ်လိုတားဆီးရမလဲဆိုတဲ့ အချက်နဲ့တင် အကျပ်ရိုက်နေရသည်။ စိတ်ထဲတွင် ပြဒါးရံက မလုပ်လောက်ပါဘူးဟူ၍သာ  ကိုယ့်ကိုကိုယ်နှစ်သိမ့်နေပြီး ခံစားချက်ကိုလျော့ချနေရသည်။

" ကျွန်တော်တို့လာတာ ဂိုထောင်ကပစ္စည်းတွေ စစ်ဆေးဖို့မဟုတ်ဘူး။ဒီဇိုင်းပြိုင်ပွဲမှာသုံးမဲ့ဒီဇိုင်းတွေကို ပြိုင်ဘက်ဖြစ်တဲ့ Lara companyကို ရောင်းစားတဲ့အမှုနဲ့ ခင်ဗျားကိုထောင်ချမလို့ "

ပြဒါးရံကလုပ်လိုက်သည်ပင်။ ယွန်းဟေမီ၏ဆန္ဒတို့နှင့်ဆန့်ကျင်၍။ မယုံကြည်နိုင်သော်လည်း အသံသည်ကား ယုံကြည်ချက်အပြည့်နှင့် မိုးမြေတစ်ခွင် အပိုင်စီးရထားသည့်အလား။ယွန်းဟေမီမှာမူ သူမ၏မျှော်လင့်ချက် သစ်ကိုင်းလေးအား ပြဒါးရံက အညှာအတာကင်းမဲ့စွာ တက်နင်းလိုက်ခြင်းအပေါ်  တစ္စေ၊သရဲများ တွေ့လိုက်ရသည့် မျက်လုံးအစုံနှင့် စိုက်ကြည့်နေရသည်။တစ်ချိန်ထဲမှာပင် လေနှင်ရာလွင့်ပါးသွားသော သစ်ရွက်ခြောက်နှင့် ရေစီးရာမျောပါသွားသော ဒိုက်မှော်လေးသဖွယ်လည်း ခံစားလိုက်လေသည်။

ဦးစိုးလွင်က အမှန်ပင်မျက်ပြူးဆံပြာ ဖြစ်သွားရသည်ပင်။ အမူအယာက တည်ငြိမ်နေသေးသော်လည်း ပြဒါးရံစကားများအား နားမလည်သေးသည့်နှယ်။ "ဘာကဒီဇိုင်းလဲ" "ဘာကိုရောင်းစားတာလဲ" သူတစ်ခုမှနားမလည်ဘူး။ ပြဒါးရံကသူ့ကို ဘာ‌တွေလာပြောနေတာလဲ။

" ပြဒါးရံရဲ့စကားက ဘာကိုပြောချင်တာလဲ "

ဦးစိုးလွင်က တည်ငြိမ်စွာအမေးစကားပြုလာသည်။ စွပ်ဆွဲချက်က သူနှင့်မသက်ဆိုင်သည့်အလား။

" ကျွန်တော်ပြောတာကို နားမလည်လိုက်ဘူးလား။ ဒါမှမဟုတ် ထပ်ကြားချင်နေတာလား။"

" အဲ့တာက ဘယ်လိုအဓိပ္ပါယ်မရှိတဲ့စကားမလို့ ထပ်နားထောင်ရမှာလဲ။ KKမှာအလုပ်လုပ်လာတာ နှစ်၂၀ နီးပါးရှိပြီ မနေ့တစ်နေ့ကမှ ရောက်လာတဲ့ လူတစ်ယောက်ဆီက အစော်ကားခံဖို့မဟုတ်ဘူး။ KKရဲ့ CEOလောင်းက ရှေ့နောက်မတွေးတောတတ်ဘဲ ထင်ရာဆိုင်းနေရင် companyရဲ့အနာဂတ်က အခက်တွေ့လာစရာဘဲ မဟုတ်ဘူးလား။ "

" ဟား...ဟာ...ဟား...ရယ်ရတာပဲ။ သရုပ်ဆောင်ကောင်းလွန်းလို့ ကျွန်တော်တောင်ထပ်ပြီး အလိမ်ခံရတော့မလို့။ ခင်ဗျားက companyအတွက်စဉ်းစားပေးတယ်ပေါ့လေ။ "

ပြဒါးရံ၏ ခွန်းတုန့်ပြန်မှုကို ကြည့်ပြီး ဦးစိုးလွင်က ဒေါသူပုန်ထလာရတော့သည်။ ထိုသူသည်လည်း အသွေးအသားနှင့်ပြုလုပ်ထားသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် လူပင်မဟုတ်ပါလား။ လှောင်ပြောင်သမျှကို ငြိမ်ခံပြီး သည်းခံနေနိုင်လျှင် ဒါကလူစကားနားမလည့်သူသာဖြစ်ပေလိမ့်မည်။

" မင်းကဘာကို ရယ်နေတာလဲ "

ပြဒါးသည် ယခုအခါတွင် အရယ်ရပ်တန့်လိုက်ပြီး တစ်ဖက်သားပိုမိုစိတ်ဆိုးသွားစေမည့် စကားကိုဆိုလိုက်သည်။ ဦးစိုးလွင်က သူ့ကိုဘယ်လိုထင်နေပါစေ ဂရုမစိုက်။မည်သို့ပေဆိုစေကာမူ သူရည်ရွယ်ချက်သည်ကား တည်တံ့လှသော ကျောက်စိုင်ပမာ ယိမ်းယိုင်မည်မဟုတ်ပေ။ သူဆုံးဖြတ်ချက် ချထားပြီသားပင်။ဒီနေ့မကူးခင် သူလျှိုအား သူရအောင်ဖော်မည်ဖြစ်မည်။

" ကျွန်တော်တင်မဟုတ်ဘူး ...ဖြတ်သွားတဲ့ခွေးတောင် ဒီစကားကိုကြားရင် ထရယ်လိမ့်မယ်။ "

" ရံလေး..."

ယွန်းဟေမီက သူ့နာမည်ကိုခေါ်လိုက်သော်လည်း ပြဒါးရံကသူမကြိုက်သော မုန့်တစ်ခုနှယ် အရေးပင်မစိုက်ချေ။

" မင်း.... မိုက်ရိုင်းတဲ့ကောင်။ မင်းမှာ ဘာသက်သေရှိလို့ ငါ့ကိုလာစွပ်ဆွဲနေရတာလဲ။ အဲ့ကိစ္စက ငါနဲ့ဘာမှမဆိုင်ဘူး။ "

" အော်....သက်သေမရှိတာသေချာလို့လား "

ပြဒါးရံ၏ မျက်နှာထက် လှောင်ပြုံးတစ်ခုက နေရာယူလျက်ပြောလိုက်သည်။ပတ်ဝန်းကျင်မှာ ထူးဆန်းလောက်အောင်တိတ်ဆိတ်နေပြီး ပြဒါးရံနှင့်ဦးစိုးလွင်တို့၏ စကားသံသာ လေထုအလယ်ကြီးစိုးနေသည်။တစ်ယောက်နှင့်တစ်ယောက်မှာ စစ်သလင်းပြင်ရောက်ရှိနေသည့်နှယ် အပြိုင်အဆိုင်အရည်ကိုခွာလျက် ဝါးစားလုမတတ် စိုက်ကြည့်နေကြလေသည်။ပြဒါးရံကပင် ဦးစွာအကြည့်လွှဲလိုက်ပြီး ဦးစိုးလွင်ထံ တစ်စုံတစ်ရာအား ပစ်ပေးလိုက်လေသည်။ ထိုအရာမှာ လက်သည်းခွံလောက်သေးငယ်လှပြီး ဘီးတစ်ခုအလားလိမ့်ဆင်းသွားကာ ဦးစိုးလွင်၏ခြေထောက်နှင့် တိုက်မိပြီးနောက် ပြိုလဲအဆုံးသတ်သွားသည်။

ထိုအရာအားမြင်ပြီးဦးစိုးလွင်မှာ ကြောင်အသွားရပေတော့သည်။ မျက်နှာမှာကြည့်ရဆိုးစွာ ပျက်ယွင်းသွားပြီးရှုံ့တွသွားပုံမှာ မသတီစရာအရာတစ်ခုအား မြင်လိုက်ရသည့်အလား။

" အဲ့တာက ခင်ဗျားရဲ့ကြယ်သီးမဟုတ်လား.... ကျွန်တော့်ရုံးခန်းထဲမှာတွေ့ခဲ့တာ.... ခင်ဗျားအလုပ်လုပ်တာ တအားပေါ့ဆတာပဲ သက်သေတောင်ကျန်ခဲ့တယ်ဆိုတော့ "

" မဟုတ်ဘူး...ဒါငါ့ကြယ်သီးမဟုတ်ဘူး။ ဒီကြယ်သီးလောက်နဲ့ ငါ့ကိုဖမ်းလို့ရမယ်လို့ ထင်နေတာလား....မင်းတမင်ကြံစည်ထားတာလည်းဖြစ်နိုင်တာပဲ။ "

" ကျွန်တော်၃ရက်အတွင်းတင်ခိုင်းထားတဲ့ ဒီဇိုင်းအသစ်တွေကြောင့် ခင်ဗျားတို့ဌာနတစ်ခုလုံး over timeဆင်းနေကြတယ်လို့ကြားတယ်။ဒါမှမဟုတ် အခုခင်ဗျားရုံးခန်းကိုသွားပြီး အဲ့မလျော်ဖွတ်ရသေးတဲ့ အင်္ကျီမှာ ကြယ်သီးအစုံအလင်ရှိမရှိ သွားစစ်ဆေးကြမလား။ ကျွန်တော်ကအချိန်တွေ အရမ်းပေါနေတာမလို့ အားနာစရာမလိုပါဘူး။ "

" မင်း...မင်း...."

ပြဒါးရံက ဦးစိုးလွင်အား စကားပြောခွင့်မပေးပေ။ စကားဝိုင်းအား သူကအပိုင်ဆီးထားလျက် ဆိုလာပြန်သည်။

" သိပ်မလောပါနဲ့ဦး နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ရှိသေးတယ်....အရင်တစ်ရက်လောက်က ဓာတ်လှေကားမှာ လူတွေအရမ်းများနေတာနဲ့  မွန်းကျပ်တာကိုကျွန်တော်က သိပ်မုန်းတာ ....... သွားရမှာလည်း အရေးကြီးကိစ္စဖြစ်နေတာနဲ့ ကျွန်တော်အရေးပေါ်လှေကားကို သုံးခဲ့တယ်။ ပုံမှန်ဆိုအဲ့တာက ဘယ်သူမှမရှိတဲ့ နေရာလေ ဒါပေမဲ့ ခင်ဗျားအဲ့မှာ ဖုန်းကိုခိုးကြောင်ခိုးဝှက်နဲ့ ဘာကိစ္စတွေများ ပြောနေလည်းဆိုတာ ကျွန်တော်အရမ်းသိချင်တာပဲ။ ဒါမှမဟုတ် ခင်ဗျားပြန်မှတ်မိလာအောင် ကျွန်တော်ကြားခဲ့တဲ့ တစ်လုံးတစ်လေကို ပြန်ရွတ်ပြရဦးမလား "

" မဟုတ်ဘူး.....အဲ့တာမင်းတစ်ယောက်ထဲ လျှာရိုးမရှိဘဲ ရှောက်ပြောနေတဲ့ ကိစ္စလေ ဘယ်သူကများ ငါဖုန်းပြောနေတာကို မြင်ခဲ့တဲ့လူရှိလို့လဲ။ ဒါကမင်းရဲ့ တစ်ဖက်သတ် လုပ်ကြံဇာတ်တွေကြီးပဲ။ "

ဦးစိုးလွင်၏ မျက်နှာမှာ စိမ်းတစ်လှည့် ပြာတတစ်ဖန်ဖြင့် အသည်းအသန်ငြင်းဆန်လေသည်။ အမှန်တရားသည်ကား ပြဒါးရံလည်းသိနေနှင့်ပြီးသား ဖြစ်သလို သူလည်ခန့်မှန့်မိပြီးသားဖြစ်သည်။အမှန်ပင် သူပြောနေသည်များကို ပြဒါးရံက နံစွန်နံဖျားကြားခဲ့ပြီး ကြယ်သီး၏ ပိုင်ရှင်အစစ်မှာလည်း သူဆိုသော ဦးစိုးလွင်ပေ။ သို့သော် ယခုတွင်သေသပ်စွာ ကိုင်တွယ်နိုင်သည်ဟုထင်ခဲ့သော အမှုများမှာ ခြေရာလက်ရာများကျန်ခဲ့ပေသည်။ ထိုခြေရာလက်ရာများကို ပြောင်လင်အောင် သုတ်ရှားဖယ်ရှင်းဖို့အတွက် မေ့လျော့လောက်အောင် ပြဒါးရံပြောသလို အလွန်ပေါ့ဆခဲ့သည်ပင်။ မဟုတ်လျှင်အရာအားလုံးမှာ ပုံမှန်အတိုင်းပြီးဆုံးသွားမည်သာ သိပ်ကိုရိုးရှင်းစွာဖြင့်။ ယခုတွင်မူ ပြဒါးရံ၏ ထပ်မံရောက်ရှိလာမည့် သက်သေတွေအတွက် တရားခံမှာလက်ဖဝါးပြင်တွင် ချွေးများ‌ဝေ့သီနေပြီး မျက်ဝန်းအိမ်မှာဆောက်တည်ရာမရ စုံချက်ပြောက်ဆုံးနေသည်။ အရာအားလုံးက ပိုဆိုးမလာစေရန် သူရှောင်ထွက်နိုင်သော ထွက်ပေါက်အား ချောင်ပိတ်မိနေသော ကြွက်တစ်ကောင်နှယ် လိုလိုလားလားရှာဖွေနေမိတော့သည်။

" နောက်ထပ်ရှိ‌သေးတယ် ထပ်နားထောင်ချင်သေးလား "

ပြဒါးရံက ထိုကြွက်ကိုထွက်သွားခွင့်မပေးခဲ့ပါချေ။ ထိုအစားသူကရေနစ်သူ ဝါးကူထိုးသောလုပ်ရပ်ကိုတောင် ပန်းမာလာတို့ရှုံးသွားစေနိုင်သော အပြုံးတစ်ပွင့်ဖြင့် ပြုလုပ်လိုက်သည်။ လွန်စွာမှ လှပခန့်ညားသော်ငြား ဦးစိုးလွင်အတွက်မူ မိမိအုတ်ဂူအားမြင်လိုက်ရသည့်နှယ် ခြောက်ခြားသွားစေသည်။ ထိုအသွင်က သူကိုသတ်မည့် သားသတ်သမားလိုပင် အညှာအတာမရှိ ခုတ်ထစ်ဆွဲဖြဲတော့မည့်အလား ။ မျက်တောင်တစ်ခတ်အတွင်း အနေအထားက ကဗြောင်းကပြန်ဖြစ်သွားရကာ အစောကမူ စကားလုံးများစွာဖြင့် ပြန်လည်ချေပချင်သော်လည်း ယခုမူလည်ချောင်းအတွင်း မည်သည့်အရာမှအံကျမလာတော့ပါချေ။ ဆွံ့အသွားသည့်အလား။

" တကယ်တော့ အရင်ရက်တွေတုန်းက တိမ်ယံဆင့် ကျွန်တော်ဆီ အကြောင်းရှိလို့လာတုန်း ကျွန်တော့်ရုံးခန်းထဲမှာ ခင်ဗျားခိုးဝင်တာကို မြင်ခဲ့တယ် .....ဟုတ်တယ်မလား...ဆင့် "

နောက်ဆုံးစကားကိုမူ တိမ်ယံဆင့်နှင့် မျက်ဝန်းချင်းစုံ၍လိုက် ပြောလိုက်ခြင်းဖြစ်သည်။ အသံသည်ကား ပျားသကာနှယ်ချိုမြသည့်တိုင် အမူအယာကမူမြေခွေးပမာ စဉ်းလဲလှပေသည်။ထိုစကားအားကြားပြီး တိမ်ယံဆင့်၏ မျက်ဝန်းအိမ်မှာ အနည်းငယ်ပြူးကျယ်သွားရတော့သည်။ ချက်ချင်းပင် မျက်နှာပြင်ထက်ညှင်းသွဲ့သွဲ့ တိုက်ခတ်နေသောလေထုကပင်  အန္တာရာယ်အ‌ငွေ့အသက် များ ဆောင်ကျဉ်းပေးလာသလိုရှိလေသည်။

တိမ်ယံဆင့်ဆိုသည်မှာ သူ့အပေါ်အထက်စီးက ဆက်ဆံလာလျှင် အခြားသူထက်အဆပေါင်းများစွာ ဆန့်ကျင်အရွဲ့တိုက်တတ်သူဖြစ်သည်။ သေရေးရှင်ရေးနှင့် ကြုံတွေလျှင်တောင် ခေါင်းငုံ့ခံမည်မဟုတ်။ ပြဒါးရံဆီက အထင်မှတ်စွာ ကြားလိုက်ရသောစကားတွင်မူ သူ၏တုန့်ပြန်မှုမှာရိုးရှင်းပေသည်။ မြင်သူတကာ ရူးသွားနိုင်လောက်သော မျက်နှာထက်တွင် "သူဘယ်တုန်းက တွေ့ခဲ့လို့လဲ" ဟူသောစာတန်းအထင်းသားဖြင့် ပြဒါးရံထံသုန်မှုန်စွာ ပြန်စိုက်ကြည့်နေခြင်းဖြစ်သည်။တိမ်ယံဆင့်မှာဦးစိုးလွင်ကို ဒီနေ့မှလွဲ၍ တစ်ခါမှမမြင်ဖူးခဲ့ပေ။ ပြဒါးရံ၏ရုံးခန်းထဲတွင် တွေ့ခဲ့သည်ဆိုသောကိစ္စက ပိုလို့တောင်မယုံကြည်နိုင်သော အလိမ်အညာတစ်ခု။ အမှန်တရားအား ပြဒါးရံကသိနေသည့်တိုင် အမည်မဲ့သော ဇာတ်လမ်းတစ်ခုအား ဆက်လက်သ‌ရုပ်ဆောင်နေဆဲ။ ပီပြင်လွန်းလှသဖြင့် အနုပညာလောကတွင် ကျင်လည်လာသော တိမ်ယံဆင့်ပင်လျှင် အညာမိသွားတော့မလို့ပင်။

ဒီလူကတစ်ကယ့်ကို CEO မလုပ်သင့်ဘူး။မဟုတ်လျှင် ဇာတ်လမ်းကိုအရှိန်မြင့်စေပြီး သူနဲ့အထိုက်တန်ဆုံး ဗီလိန်နေရာကလစ်ဟာ သွားမှာဆိုးသည့်အတွက်ပင်။ မျက်နှာပြောင်တိုက်တဲ့နေရာမှာ ပြိုင်ဘက်ကင်းပါလားနော်။ထိုစကားတို့အား ပြဒါးရံထံ မျက်ဝန်းတစ်စုံနှင့် ပြောခဲ့ခြင်းဖြစ်သည်။

တိမ်ယံဆင့်၏ မျက်ဝန်းတို့မှာ သက်ဝင်တောက်ပလွန်းလှသဖြင့် သူတွေ့ဖူးသမျှထဲတွင် အလင်းလက်ဆုံးသောအရာလေဟု ပြဒါးရံထင်ကြေးပေးမိသည်။ သို့သော် ထိုမျက်ဝန်းထက်က ယိုဖိတ်ကျလာသော လျှပ်စီးနှယ် စကားလုံးတို့အား နားလည်လိုက်သည့်ခဏတွင် တစ်ကိုယ်လုံးအား မသိလိုက်ဘာသာဖြင့် ကျဉ်တတ်သွားစေသည်။ စိုက်ကြည့်နေမှုမှာ သူ့အားအရေနွှာပြီး ဓားနှင့်မွှန်းပစ်တော့မည့်အလား။သို့သော် သူကအစထဲကမျက်နှာပြောင်တိုက်‌သည့်သူ ဖြစ်သောကြောင့်ထိုသူ၏ အပြုအမူတို့ကို ဥပေက္ခာ ပြုလိုက်လျှင်လည်း ပိုပြီးအမြင်မကြည်ခြင်းခံရတာထက် ဘာမှထပ်ဆုံးရှုံးသွားစရာက မရှိပေ။

တိမ်ယံဆင့်နှင့်အကွာအဝေးကို မနှစ်မြို့သည့်အတွက် ပြဒါးရံက နီးသထက်နီးအောင် လျှောက်လှမ်းလာပေသည်။ ထိုလူသားပေါ်ကနွေးမြသော ခံစားချက်ကိုရရှိသော်ငြား ပိုမိုနီးကပ်လာသော အကွာအဝေးတွင်မူ ၎င်းမှာသိသိသာသာပူလောင်လာလျက်ရှိပေသည်။ တိမ်ယံဆင့်ကတော့ စိတ်တိုလွန်းအားကြီးလို့ မီးဟုန်းဟုန်းတောက်နေပြီဟု ပြဒါးရံခန့်မှန်း‌နေမိသည်။ မျက်နှာတော်မှာ ပျက်ယွင်းသွားခြင်းမရှိ တည်တံ့အားကြီးသယောင်ရှိသော်လည်း ထို့သူ့ထံမှပျံ့လွင့်လာသော မကောင်းသည့်အငွေ့အသက်ကိုတော့ အတိုင်းသားခံစားမိလေသည်။ အမှန်တကယ်ကိုအန္တာရာယ်များသည်ပင်။ ပြဒါးရံက ထိုထိပ်တန်းချောမောသူအား လက်လေးတစ်ချောင်းနှင့် ထိလိုက်ရုံဖြင့် ထိုသူ့ထံတွင် တောက်လောင်နေသော ဒေါသမီးများက မိမိအား ပြာချပစ်နိုင်သည်အထိပင်။ သူ၏နီးကပ်လာအောင် လုပ်ဆောင်မှုအပေါ်  တိမ်ယံဆင့်က မနှစ်ခြိုက်သော်ငြား ဆန့်ကျင်ခြင်းလည်းမပြုပေ။ သူ့အား အားနည်းရှောင်ဖယ်တတ်သည်ဟု ထင်သွားမည်ဆိုးသောကြောင့်လည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့်ယခုတွင်မူ သူတို့နှစ်ဦးမှာ အလွန်အမင်း နီးကပ်နေပေသည်။ တစ်ဦးနှင့်တစ်ဦးမျက်တောင်များတောင် ရေတွက်နိုင်အထိ။ အသံရှုသံများတောင် ကြားနိုင်သည်အထိ။ တိမ်ယံဆင့်သည် သုန်မှုန်စွာ ပြန်စိုက်ကြည့်နေသည့်တိုင် ပြဒါးရံသည် ရွှင်မြူးစွာပြန်စိုက်ကြည့်လျက်။ ထိုအနေအထားနှင့်ပင် ပြဒါးရံကသူတို့နှစ်ဦးမှလွဲအခြားသူမကြားနိုင်သောလေသံဖြင့် နူးညံ့ချိုမြိန်မှုတို့ကို ပိုက်ထွေးကာ နှုတ်ခမ်းသားက တိမ်ယံဆင့်၏မူပိုင် နားတစ်ဝိုက်အားကပ်လျက် တီးတိုးဆိုလိုက်သည်။ အသံသည်ကား ပြိုင်ဘက်ကင်း ချိုသာသိမ်မွေ့သော်ငြား စကားတို့မှာလောင်မြိုက်နေသော တိမ်ယံဆင့်ထံ ရေတစ်ပုံးလောင်းလိုက်သည့်နှယ် ရှုးရှုးရှဲရှဲအသံများ ထွက်လာစေသည်။

" ကျန်တာမင်းအပိုင်းဖြစ်သွားပြီ ဆင့်.....ကောင်းကောင်းသရုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ် "

တိမ်ယံဆင့်သည် မျက်ဝန်းအိမ်ထဲမှ နဂါးတစ်ကောင်ခုန်ထွက်လာသည့်အလား စူးစူးရဲရဲစိုက်ကြည့်လျက်ရှိသည်။ အလိုမကျစွာ ပြုမူလိုက်ပြီး ပြဒါးရံထံမျက်စောင်းထိုးလျက် ဦးစိုးလွင်ဘက်လှည့်ကာ တည်ကြည်အေးချမ်းမှုဖြင့် လျှောက်သွားလိုက်သည်။ နောက်ဆုံးတွင်မူ သူဟာဒီဇာတ်လမ်းရဲ့ တစ်စိတ်တစ်ဒေသမှာ ပါဝင်နေသောကြောင့် ဇာတ်လမ်းစီးဆင်းရာအတိုင်း အလိုက်သင့်မျောပါသွားရန်သာ ဆုံးဖြတ်လိုက်လေသည်။ ပြဒါးအား မကူညီချင်ပါသော်လည်း အလုံးစုံကိုဖျက်ဆီးပစ်လိုက်ခြင်းက အဖြေတစ်ခုဟုတ်မနေကြောင်း နားလည်သောကြောင့်ပင်။

" ဟုတ်တယ်....ကျွန်တော်အဲ့နေ့က ကိုပြဒါးရံကိုလာတွေ့ရင်း ခင်ဗျားရုံးခန်းထဲမှာ ပစ္စည်းတွေမွှေနှောက်ရှာနေတာကို တွေ့ခဲ့တယ်။ အစကတော့သွေးရိုးသားရိုးပဲ ထင်ခဲ့တာ ဒါပေမဲ့ ဒီနေ့အကြောင်းအရာအပြည့်အစုံကို နားထောင်လိုက်တော့လည်း ခင်ဗျားက သွေးရိုးသားရိုး ဟုတ်မနေဘူးပဲ။ "

" ......... "

တစ်ဖက်လူက ဘာစကားမှပြန်မချေပ နိုင်တော့ချေ။

တိမ်ယံဆင့်မှာ မယိမ်းယိုင်သောကျောက်စိုင် ကျောက်သားနှယ်။ အသွင်အပြင်မှာ လူပုံအလယ်တွင် တင့်တယ်စွာဖြစ်တည်နေပြီး ထိုအရာမှာ သူအမှန်တကယ်ကြုံတွေ့ခဲ့သည့်အလား လူအပေါင်းကိုမျက်တောင်တစ်ခတ်အတွင်း အယုံသွင်းလိုက်နိုင်ပေသည်။သူ၏သ‌ရုပ်ဆောင်မှုမှာ လက်တွေ့ဆန်လွန်းသောကြောင့် ယွန်းဟေမီမှာ အမှန်နှင့်အမှားကိုမဝေခွဲနိုင်တော့ပေ။ ရုတ်ချင်းပင်သူမအတွေးထဲနေရာယူထားမှုမှာ ထိုလှပတင့်တယ်သော ပြိုင်ဘက်ကင်း ယောက်ျားနှစ်ယောက်၏ စကားများမှာအမှန်ဖြစ်ပြီး ဦးမင်းစိုးလွင်မှာ ဒီဇိုင်းကိုပေါက်ကြားစေသူ။

တိမ်ယံဆင့် ပီပြင်စွာသရုပ်ဆောင်လိုက်ပြီး ဦးစိုးလွင်ကိုကျောပေးလျက် ပြဒါးရံထံကြည့်လိုက်လေသည်။ ကျေနပ်အားရနေသော မိုးမြေကိုဇောက်ထိုးလှန်ပစ်နိုင်င်သည့် အပြုံးမျိုးဖြင့် သူ့ထံမှေးမှိန်ခြင်းမရှိတောက်ပစွာ ပြုံးပြလို့နေသည်။တိမ်ယံဆင့်ဟာ မြင်လိုက်ရခြင်းမှာပင် နူးညံ့လှသော သူ၏အစိတ်အပိုင်းတစ်ခုစီက အပြင်းအထန်နာကျင်သွားသယောင်တောင် ရှိလေသည်။ ထိုမြင်မကောင်းလောက်အောင် တောက်ပနေသည့်အပြုံးအား အမြင်အာရုံရှေ့မှပျောက်ကွယ် သွားပါစေရန် ချက်ချင်းပင်မြူတို့ဆိုင်းလျက် ဖုံးလွှမ်းသွားစေချင်သော်လည်း ကံဆိုးစွာပင်နွေရာသီ ဖြစ်လို့နေသည်။ ထိုကဲ့သို့ဖြင့်မျက်နှာအား ပြဒါးရံနှင့် ဆန့်ကျင်ရာ လွှဲထားလိုက်မှုကြောင့် အပြစ်အနာအဆာမရှိ သွေးကြောမျှင်များထင်းနေပါသော လည်တိုင်ကိုသာ ပိုမိုမြင်သာအောင် ပြသထားသလိုဖြစ်နေတော့‌သည်။

ဇာတ်သိမ်းတွင်မူ လူဆိုးအားဖမ်းဆီးရန် အချိန်ကျရောက်လာပြီဖြစ်ပြီး ရဲများ၏တာဝန် ဖြစ်လာလေတော့သည်။ ပြဒါးရံက ခေါင်းငြိမ့်အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ရဲများမှာ နားလည်သဘောပေါက်သွားရကာ ဦးစိုးလွင်ထံ လျှောက်သွားပြီး လက်ထိပ်ထုတ် ဖမ်းရန်ပြင်လိုက်လေသည်။ ပြဒါးရံက သူအားချောက်ကမ်းပါးအစွန်းတွင် ရပ်နေအောင် ဖိအားပေးခဲ့ပြီး သူခုန်ဆင်းသွားမည်ကို စောင့်မျှော်နေခဲ့ဖြစ်သည်။ သို့သော် ဦးစိုးလွင်သည် အရာအားလုံးပေါ်သွားသည့်နောက် ရွေးချယ်စရာမရှိတော့ဘဲ ကြံမိကြံရာကြံလိုက်ပေသည်။

အနားသို့ကပ်လာသော ရဲတစ်ယောက်အားတွန်းထုတ်လိုက်ပြီး ထိုရဲ၏ခါးမှ သေနတ်ကိုဆွဲယူကာ ရှေ့မှာကျောပေးပြီးရပ်နေသော တိမ်ယံဆင့်၏ လက်တစ်ဖက်ကိုနောက်ပြန်လိမ်လိုက်ရင်း နားထင်ကိုအေးစက်သော သေနတ်ဖြင့်ချိန်လိုက်လေသည်။ အကုန်လုံးမှာ ထိတ်လန့်သွားရပြီး ဆင့် မသိစိတ်အလျောက် ရုံးကန်မိချိန်တွင် ဦးစိုးလွင်မှာ လိမ်ထားသောလက်ကို အားပိုထည့်လိုက်ရင်းဖြင့် ခြိမ်းခြောက်လာ‌တော့သည်။

" ရုန်းဖို့မကြိုးစားနဲ့ မင်းအသက်ကငါ့လက်ထဲမှာ "

"တိမ်ယံဆင့်"

ယွန်းဟေမီကမူ ဦးနှောက်ထဲ ခံစားချက်မျိုးစုံက မွှေနှောက်လို့နေလေသည်။ သူမကသိသိသာသာတုန်ယင်လာပြီး တိမ်ယံဆင့်၏နာမည်ကို အော်ခေါ်လိုက်မိသည်။ သူမ၏ရှည်သွယ်သော လက်မှာနှုတ်ခမ်းထက်၌ တုန်ယင်စွာ နေရာယူထားလျက် အံ့ဩထိတ်လန့်နေပြီး သေနတ်ဖြင့်ချိန်ခံရသူမှာ တိမ်ယံဆင့်မဟုတ်ဘဲ သူမကိုယ်တိုင်ဖြစ်နေသည့်အလား။ ဖြစ်ပျက်သွားသမျှဟာ အရမ်းကိုမြန်ဆန်လွန်းတာကြောင့် ပြဒါးရံတို့အားလုံးမှာ တားဆီးရန်အချိန်မမှီလိုက်ချေ။ ကျန်သည့်ရဲအားလုံးမှာလည်း ရမ်းကားလာသောဦးစိုးလွင်ကြောင့် သေနတ်ကိုထုတ်ကာ အပြစ်သားဆီ ချိန်ထားလိုက်ကြသည်။

" ငါ့ကိုလွယ်လွယ်နဲ့ ဖမ်းလို့ရမယ်ထင်နေလား.....ဟုတ်တယ် ဒီဇိုင်းစာရွက်ကို Lara companyကို ငါရောင်းစားလိုက်တာ .....ငါလုပ်ခဲ့သမျှက ပေါ့ဆခဲ့တယ်ဆိုပေမဲ့....မင်းလိုမနေ့တနေ့ကမှ ရောက်လာတဲ့ လူတစ်ယောက်ကြောင့် ပျက်ဆီးသွားမယ်လို့မထင်ထားဘူး....တစ်ယောက်မှရှေ့တိုးမလာကြနဲ့....သွေးသံတရဲရဲတွေ မမြင်ချင်ဘူးဆိုရင် "

" အား......"

ယွန်းဟေမီမှာ ထိတ်လန့်လွန်းလို့ မိမိအသံကိုတောင်မထိမ်းချုပ်နိုင်တော့ပါချေ။ သူမဟာအထစ်ထစ်အငေါ့ငေါ့ဖြင့် တုန်ယင်နေပါသည့်တိုင် ဦးစိုးလွင်ကို ဖျောင်းဖျရန်ကြိုးစားနေရှာသည်။

" ဦးစိုးလွင်....ရှင်....စိတ်လိုက်မာန်ပါမလုပ်ပါနဲ့။ ကျွန်မတို့အားလုံးအဆင်ပြေအောင် ညှိနှိုင်းလို့ရမှာပါ။ ကျေးဇူးပြုပြီး ဆင့်ကိုလွှတ်ပေးလိုက်ပါ ။စိတ်အေးအေးထားပြီး ကျွန်မပြောတာကို နားထောင်ပါနော် "

ထို့နောက်သူမက ပြဒါးရံထံ တိုးညှင်းစွာ အကူအညီလှမ်းတောင်းလိုက်ပေသည်။

" ရံလေး တစ်ခုခုဝင်ပြောဦးလေ မဟုတ်ရင်အားလုံးရှုတ်ကုန်လိမ့်မယ် "

ယွန်းဟေမီ၏စကားကြောင့် ပြဒါးရံမှာ နိုးကြားလာဟန်တူလေသည်။ သို့သော်တည်ကြည်မှုကရောယှက်နေ၍ အမူအယာကပျက်ယွင်းသွားခြင်းမရှိပေ။ ပိုပြီးတော့ပင် သွေးအေးလာဟန်တောင် ပေါက်လေသည်။ရက်စက်ခြင်းက သူ့မူပိုင်အရာဖြစ်တည်နေသည့်အလား။ အပြုံးဟူ၍တစ်စက်တောင်မရှိလေဘဲ နူးညံ့မှုသည်ကားအစရှာမရလေအောင် တမှုတ်ချင်းပျောက်ဆုံးသွားလေသည်။ ပြဒါးရံသည်အလျင်လိုစွာဖြင့် ကိုယ်ကိုစေခိုင်းလျက် လျှောက်လှမ်းလာကာ ရဲတစ်‌ယောက်လက်ထဲမှ သေနတ်ကိုဆွဲယူလိုက်ရင်း ဦးစိုးလွင်အား စုတ်ဖြဲခံရမည့် ပစ်မှတ်အလား ချိန်ရွယ်ထားလိုက်ပေသည်။ ‌လက်မောင်းမှာမူ ဖြောင့်တမ်းလျက်  ကျွမ်းကျင်သည့်လက်ဖြောင့်သမား အသွင်ဖြင့် ဦးစိုးလွင်၏ နှဖူးပြင်အားတိကျစွာ ပစ်မှတ်ထားလေသည်။

သူသည်ယခုချိန်၌ အကြောက်တရားဟူ၍ စိုးစဉ်းမျှမရှိတော့ပေ။သူ၏ အကြောက်တရားသည် တခြားလူလက်ထဲရောက်နေသည့်နှယ် ရှေ့သိုတစ်လှမ်းချင်းတိုးလာလေသည်။ ဦးစိုးလွင်သည် ၎င်းအားမြင်လိုက်ရသည့်အခါ လေရှုပေါက်ပင်မှားယွင်းလာရပြီး တစ်ကိုယ်လုံး အနှိုင်းမဲ့တုန်ရီလာရတော့သည်။ ထို့ကြောင့် ကြောက်အားလန့်အားဖြင့် တောင့်တင်းစွာ မလှုပ်မယှက် ရပ်နေမိလေသည်။ မကြာမီတွင် သူတို့သုံးဦးမှာ အလွန်နီးကပ်လာသဖြင့် ဦးစိုးလွင်မှာ အသိစိတ်ပြန်ဝင်လာရတော့သည်။ နောက်ဆုံးတွင်မူ  ပြဒါးရံရှေ့သို့ တစ်လှမ်းတိုးတိုင်း ဦးစိုးလွင်မှာနောက်သို့ တစ်လှမ်းဆုတ်သည်အထိ အကျပ်ရိုက်လာရသည်။

" မင်း....မင်း.... ရူးနေပြီလား.....သူ့အသက်ကိုမနှမျောတော့ဘူးလား "

' သူ 'ဆိုသည်မှာ သေချာပေါက် တိမ်ယံဆင့်ကို ရည်ညွှန်းမှန်း သိသာလှပေသည်။ သို့သော်ဦးစိုးလွင်၏ ခြိမ်ခြောက်မှုက သေချာပေါက် ပြဒါးရံထံတွင် အရာမဝင်ပေ။ သူက နှလုံးသားမရှိသော လူတစ်ယောက်နှယ် အေးစက်သည့်သဏ္ဌာန်ဖြင့် ပျင်းရိစွာအဖြေပြန်ပေးလာခဲ့သည်။

" အော်.....သူလား....သတ်လိုက် ကိစ္စမရှိဘူး "

____________________________

( ကိုယ်သေလောက်အောင်မုန်းတဲ့လူအပေါ်ဘာများပြောချင်လဲ )

ပြဒါးရံ - " ဒီနေ့အပိုင်းမှာ ကျွန်တော်က အမှားကြီးတစ်ခုကို ကျူးလွန်လိုက်မိတယ်။ အဲ့ကိစ္စနဲ့ပက်သက်ပြီး နောက်ပိုင်းမှာ ရန်ညိုးတွေ ရှိမလာနိုင်ဘူးမလား "

တိမ်ယံဆင့် - " ငါလူး...ဆုတောင်းနေလိုက်။ နောက်ပိုင်းမှာ မင်းကိုနှစ်ဆပြန်ခံစားရအောင် လက်စားချေပြမယ်။ "

လေပြေရှင်း - " ငါလွတ်သွားတာ တကယ်တစ်ပိုင်းထဲပါ။ ဘာလို့အရာအားလုံးက လိုက်မမှီနိုင်အောင် ဖြစ်သွားရတာလဲ။ လည်လည်ဝယ်ဝယ်နဲ့ ခပ်ချောချောလေး တစ်ယောက်လောက် လာရှင်းပြကြပါ။ "

ကိုးလ် - " ဘုရားဟောစာ‌တွေထဲမှာ ပါတဲ့အတိုင်း ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် လို့ပဲပြောချင်ပါတယ်ဗျာ "

မာယာသစ္စာ - " သေလိုက် "

ယွန်းဟေမီ - " ငါသေလောက်အောင်မုန်းတဲ့လူ မရှိသေးဘူး "

K.O -  " ကျွန်တော်တို့တော်လှန်နေကြတဲ့ နိုင်ငံတော်သူပုန် မင်းအောင်လှိုင်ပါပဲ။ ပြောချင်တာကတော့ မာယာသစ္စာအတိုင်းပဲ။ "

______________________________

                          [ Zawgyi ]

ျပဒါးရံတစ္ေယာက္ မာယာသစၥာႏွင့္ ေလာင္းထားသည့္ ကစားပြဲအတြက္ အခ်ိန္ႏွင့္အမွ် companyတြင္သာ ေရာက္ေနရသည္။ ေန႕လည္ထမင္းစားခ်ိန္သာ ခဏနားၿပီး က်န္သည့္အခ်ိန္မ်ားကို အလုပ္လုပ္ရင္းျဖင့္သာ ကုန္ေစသည္။ထိုသို႔ျဖင့္ ၃,၄ရက္ ကုန္ဆုံးသြားေသာ္လည္း ျပဒါးရံက အမႈမထားဘဲ အလုပ္တြင္သာ အာ႐ုံစိုက္စၿမဲပင္။

အလုပ္ထဲ အလြန္စိတ္ေရာက္ေနသျဖင့္ ျမည္ေႂကြးေနေသာ ဖုန္ေလးအား အေတာ္အတန္ၾကာမွ ျပဒါးရံ သတိထားမိသည္။ ျပဒါးရံ၏ ရွည္သြယ္ေသာလက္ထဲတြင္ နက္ေမွာင္လွေသာဖုန္းေလးသည္ ေအာ္ဟစ္ျမည္ေႂကြးေနျခင္း မရွိေတာ့ဘဲ တင့္တယ္စြာ ေနရာယူထားလ်က္သာရွိသည္။

" Hello "

တည္ၿငိမ္ေသာအသံသည္ ေသသပ္စြာထုဆစ္ထားေသာ ပန္းပု႐ုပ္သဖြယ္ ႏႈတ္ခမ္းပါးထက္မွ ထြက္ေပၚလာသည္။ လြန္စြာမွ က်က္သေရရွိလွသည္ပင္။

"..........."

" ဟုတ္ပါတယ္ ကြၽန္ေတာ္ ျပဒါးရံပါ "

"............"

" ဘာ .....မျဖစ္နိုင္တာ "

အသံမွာမူ တုန္ယင္ေနလ်က္ရွိေပသည္။ အံကိုႀကိတ္ထားၿပီး အမူအယာကို ထိန္းလ်က္ရွိေသာ္လည္း ဖုန္းကိုင္ထားသည့္ လက္မ်ားကတင္းၾကပ္လာေလသည္။ လက္ေကာက္ဝတ္ရွိ စိမ္းေဖ်ာ့ေဖ်ာ့ ေသြးေၾကာမွ်င္မ်ားမွာ စီးခ်က္က်စြာ ခုန္ေနေသးေသာ္လည္း ႏွလုံးခုန္ႏႈန္းမ်ားမွာမူ ျမန္ဆန္လာရသည္။

တစ္ခ်ိန္ထဲမွာပင္ အခန္းတံခါးမွာ ဖြင့္ဟသြားၿပီး ေဒါက္ဖိနပ္သံ ညံညံကထြက္ေပၚလာေလသည္။ ခရမ္းေဖ်ာ့ေရာင္ကို အေရာင္တင္ထားသည့္ လက္မ်ားမွာ files အခ်ိဳ႕ကို သိမ္ေမြ႕စြာ ကိုင္ေဆာင္ထားသည္။သို႔ေသာ္ ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ ေျခလွမ္းတို႔ ရပ္တန႔္သြားကာ ဖိနပ္သံသည္လည္း အခန္းအတြင္း တိတ္ဆိတ္သြားၿပီး ျပဒါးရံ၏ အသံတစ္ခုတည္းသာ ႀကီးစိုးလ်က္ရွိသည္။

" ကြၽန္ေတာ္တို႔ ဒီဇိုင္းက Lara companyနဲ႕ တူေနတာတဲ့လား "

တစ္ဖက္လူ၏ ဖုန္းထဲကစကားသံတို႔အား ယြန္းေဟမီ မၾကားရေသာ္လည္း ျပဒါး၏ စကားအသြားအလာကို ၾကည့္ျခင္းအားျဖင့္ သူ႕လိုဉာဏ္ေကာင္းသည့္သူက အဓိကအခ်က္ကိုေတာ့ နားလည္လိုက္သည္ပင္။ တည္ၿငိမ္ေအာင္ ဖန္တီးေနေသာ္လည္း ျပဒါးရံ၏ အနည္းငယ္ တုန္ရီေနေသာ အသံအား သူမသတိထားမိ၏။ထို႔ေနာက္ အေၾကာင္းအရာ အျပည့္အစုံအား နားေထာင္ရန္ ဖုန္းေျပာၿပီးသည္အထိ ေစာင့္ျခင္းငွာ ေ႐ြးခ်ယ္လိုက္ေလသည္။

"ကြၽန္ေတာ္တို႔ကို အခ်ိန္နည္းနည္းထပ္ေပးပါ။ အျမန္ဆုံး ျပန္တင္ေပးပါ့မယ္လို႔ ကတိေပးပါတယ္။"

".........."

" အခြင့္အေရး တစ္ႀကိမ္ပဲထပ္ေပးပါ။ ခင္ဗ်ားတို႔ကို ထပ္ၿပီးစိတ္မပ်က္ေစရဘူး "

"..........."

" ေက်းဇူးတင္ပါတယ္ " ဟူေသာ စကားသံႏွင့္အတူ လက္ထဲရွိ ဖုန္းေလးလည္း စားပြဲခုံထက္ ျပန္လည္ေနရာယူထားၿပီး ျပဒါးရံလည္း ထိုင္ခုံေပၚ အ႐ုပ္ႀကိဳးျပတ္ ျပဳတ္က်သြားသည္။ သို႔ေသာ္ အေတြးတစ္ခုက ေလးပင္စြာ နယ္ခ်ဲ့လာခဲ့ျပန္သည္။ သူဒီလိုျဖစ္ေနလို႔မရပါ။ ဒီအခက္အခဲေလာက္ေလးႏွင့္ ၿပိဳလဲသြားမည္ဆိုပါက သူကသူပါလို႔ ေျပာနိုင္လိမ့္မည္မဟုတ္။ ျပဒါးရံဆိုပါသည့္ သူက ဤမွ်ေပ်ာ့ညံ့တတ္သူ မဟုတ္ေပ။ ေနာက္ကြယ္က တစ္ေယာက္ေယာက္ ရွိေနသည္မွာ ေသခ်ာလွပါသည္။ မဟုတ္လွ်င္ လြန္ခဲ့ေသာ ရက္အနည္းကအထိ သူႏွင့္အတူ ရွိေနပါေသာ ပုံၾကမ္းမွာ Laraက ဒီဇိုင္းႏွင့္ ဘယ္လိုလုပ္ ထပ္တူညီေနရပါသနည္း။ Idea ျခင္း တူဖို႔ဆိုသည္မွာလည္း 100လွ်င္ ရာခိုင္းႏႈန္းအေတာ္နည္း၏။

" ဘာေၾကာင့္လည္း .....ဘာေၾကာင့္မ်ား တူေနရတာလည္း...."ဟူ၍ ဘာေၾကာင့္ခ်င္းထပ္ေနေအာင္ စဥ္းစားေသာ္လည္း အေျဖကထြက္မလာေပ။ ဟာကြက္ကအရမ္း အေသးစိတ္ေနေသာေၾကာင့္ေပလား။

" အဲ့ေတာ့ အေျဖကိုရွာေတြ႕ရဲ႕လား။ "

ႏူးညံ့ေသာအသံက ထြက္ေပၚလာၿပီး ျပဒါးရံ၏ အေတြးမွ်င္တို႔အား ပိုင္းျဖတ္လိုက္သည္။

" မမေဟမီ ....ဘယ္လိုလုပ္..."

" ေရာက္ေနတာကေတာ့ အေတာ္ၾကာပါၿပီ။ သတိမထားမိဘူးဆိုေတာ့ ႀကဳံေနရတဲ့ ျပႆနာက ေသးေသးေလးေတာ့ မဟုတ္ေလာက္ဘူး။ "

သူမက ေမာင္ျဖစ္သူ၏ စိတ္ကိုအစအဆုံးသိေနသည္ပင္။ ခြၽင္းခ်က္မရွိ စိတ္စြမ္းအင္ရထားသည့္အလား ဆက္ေျပာလာခဲ့ျပန္သည္။

" Laraနဲ႕ တူေနတယ္ဆိုတာက လုံးဝမျဖစ္နိုင္တာပဲ။ တိုက္တိုက္ဆိုင္ဆိုင္ Laraက KKရဲ႕ အဓိက ရန္သူေတာ္ႀကီး သေဘာရိုးေတာ့မျဖစ္နိုင္ဘူး။ ေနာက္ကြယ္မွာ တစ္ေယာက္ေယာက္ရွိတယ္။ "

ယြန္းေဟမီသည္ ျပဒါးရံထံ လွည့္လာၿပီးေျပာသည္။

"ဘယ္သူလည္းဆိုတာ သံသယဝင္မိတဲ့လူရွိလား"

" မရွိဘူး "

ျပဒါးရံက တိုးလ်စြာ ျပန္ေျဖေလသည္။

အစကေန ျပန္ေတြးၾကည့္ရင္ ကိုးလ္နဲ႕ ဝင္တိုက္မိၿပီးေနာက္ပိုင္း ဒီဇိုင္းစာ႐ြက္ကို သူ႕႐ုံးခန္းထဲက အံဆြဲထဲမွာ ထည့္သိမ္းထားခဲ့သည္မွာ ေသခ်ာပါသည္။ အျခားေသာ စာ႐ြက္စာတန္းအခ်ိဳ႕ႏွင့္တြဲၿပီး ေနာက္ေန႕တြင္ အမျဖစ္သူအား ေဖာင္တင္ခိုင္းလိုက္သည္ပင္။

ၾကားထဲတြင္ ဘယ္အရာက လြဲမွားေနရသနည္း။ စဥ္းစားေလ အေျဖရွာမရသည့္ ပုစ္ဆာတစ္ခုလိုျဖစ္လာရသည္။ ဘယ္သူကမ်ား သူ႕အႀကံအစည္ကိုႏွောက္ယွက္ခ်င္ေနရတာလဲ။ တကယ္ပဲ အေမွာင္ထဲမွာရပ္ေနတဲ့လူက သူ႕ရဲ႕ပ်က္စီးျခင္းကို အလိုရွိေနရတာလဲ။ ေမးခြန္းမ်ားက ပိုလို႔ေတာင္ မ်ားျပားလာရၿပီး အေျဖသည္ကား ပိုလို႔ေတာင္ အလွမ္းေဝးလာရသည္။ ရႈတ္ေထြးေပြလီသည့္
ဝကၤဘာအလား။

" ျဖစ္နိုင္ေျခက ႏွစ္ခုပဲရွိတယ္။ "

ျပဒါးရံသည္ အေတြးဂယက္အတြင္း နစ္ျမဳပ္ေပ်ာက္ကြယ္ လုဆဲဆဲတြင္ ယြန္းေဟမီ၏ အသက္ကယ္ ႀကိဳးတန္းေလးအားအမိအရ ဆြဲကိုင္၍ ေျမမဟီေပၚျပန္လည္ ေရာက္ရွိရန္ ႀကိဳးပမ္းခဲ့ရသည္။

" ဘာလဲ "

" ပထမတစ္ခုက ကိုးလ္က Laraကို ဒီဇိုင္းအေၾကာင္း ေျပာျပလိုက္တာပဲ။ ဒါမွမဟုတ္ ကိုးလ္ ကိုယ္တိုင္က Laraကထည့္ထားတဲ့ သူလွ်ိုတစ္ေယာက္။ အလုပ္ဝင္တာလည္း မၾကာေသးတဲ့အတြက္ ဒါက ျဖစ္နိုင္ေျခရွိတယ္။ ဒါေပမဲ့"

သူမရဲ႕မ်က္ႏွာက အနည္းငယ္စိတ္ပ်က္ဟန္ျဖင့္

" ျဖစ္နိုင္ေျခလည္းမရွိဘူး။ ဘာလို႔လဲဆိုေတာ့...."

" ဘာလို႔လည္းဆိုေတာ့ KKမွာ သူလွ်ိုထည့္ဖို႔ companyရဲ႕ယုံၾကည္မႈကို အရင္ရေအာင္ႀကိဳးပမ္းရမွာပဲ။ အဲဒီ့လူက တစ္ခုမဟုတ္တစ္ခု ဘက္မွာ ထူးခြၽန္ေနတဲ့လူျဖစ္ရမယ္။ ဥပမာ KKရဲ႕ ကိစၥရပ္ေတြမွာ ပါဝင္ေျပာဆိုနိုင္ခြင့္ရွိတဲ့ လူမ်ိဳး။ အဲ့လိုမ်ိဳးဆို အရမ္းႀကီး ႀကိဳးပမ္းစရာမလိုဘဲ အခ်က္အလက္ေတြက သိုသိုသိပ္သိပ္နဲ႕ ေပါက္ၾကားနိုင္မွာ။ "
" ဒါေပမဲ့ ကိုးလ္ၾကေတာ့ မထင္မရွား ဌာန-၃မွာ လုပ္ကိုင္ေနရတာ။အဲ့ေန႕က ဝင္သာမတိုက္မိခဲ့ရင္ ဒီေန႕အထိ ကြၽန္ေတာ္သူ႕ကို ျမင္ဖူးမွာေတာင္မဟုတ္ဘူး။ ၿပီးေတာ့ဒါက သူ႕တက္လမ္းကို သူကိုယ္တိုင္ ဖ်က္ဆီးျဖစ္ေနတာနဲ႕တူတူဘဲ။ ကိုးလ္လို သိမ္ေမြ႕ၿပီး ျဖဴစင္တဲ့လူက ဒီေလာက္ရႈတ္ေထြးၿပီး ပေဟဠိေတြနဲ႕ ျပည့္ေနလိမ့္မယ္လို႔ ကြၽန္ေတာ္မယုံဘူး။ "

" ဟုတ္တယ္ "

ျဖတ္ေျပာခံလိုက္ရသည့္ သူမစကားအားလ်စ္လ်ဴရႈလ်က္ ျပဒါးရံ၏ စကားကိုေထာက္ခံလိုက္ေလသည္။

" ဒုတိယတစ္ခုက မာယာသစၥာ "

ျပဒါးရံသည္လည္း အနည္းငယ္သံသယဝင္မိသည္ပင္။ ေရွ႕တြင္သူေျပာခဲ့သည့္ companyအတြင္းေျပာဆိုခ်ယ္လွယ္ နိုင္သည္ဆိုသည့္အခ်က္မွာ ကံဆိုးစြာပင္ မာယာသစၥာ ႏွင့္ကိုက္ညီေနခဲ့ေလသည္။ ထို႔ျပင္ မာယာသစၥာႏွင့္သူ၏ ဆက္ဆံေရးကလည္း ျပဒါးတစ္လမ္း သံတစ္လမ္း။ သို႔ေသာ္ ဤသည္မွာ ခန႔္မွန္း႐ုံမွ်သာ ျဖစ္ၿပီး လက္ဆုပ္လက္ကိုင္ျပနိုင္ေသာ သက္ေသမွာ ယြန္းေဟမီထံတြင္ ရွိမေနသလို သူ႕ထံတြင္လည္းရွိမေနခဲ့ပါေခ်။ သဲထဲေရသြန္ေနသည့္အလား .....မည္သည္မွ အရာဝင္လာမည္မဟုတ္။ အားကုန္ျခင္းသာ အဖတ္တင္ေပလိမ့္မည္။

အျမင္အာ႐ုံအား ကစားမိေသာ္ လွပ၍ေျပျပစ္ေသာ ယြန္ေဟမီ၏ မ်က္ႏွာသည္ ပိုလို႔ေတာင္ သုန္မႈန္လာရၿပီး ေျခလွမ္းက်ဲမ်ားျဖင့္အခန္းတြင္းမွ ထြက္ခြာသြားေလသည္။ ျပဒါးရံသည္လည္း ေခါင္းအား ငိုက္စိုက္ၾကလ်က္ သြယ္လ်ႏူးညံ့စြာ ပုံေဖာ္ထားေသာ လက္ေခ်ာင္းမ်ားအား ဦးေခါင္းေပၚတင္လ်က္ ထပ္မံစြာ စဥ္းစားခန္းဖြင့္ေလသည္။

ယြန္းေဟမီသည္ မာယာသစၥာအား သံသယမဝင္ပါရန္ မိမိကိုယ္ကို သတိေပးေရ႐ြတ္ ေနခဲ့ေသာ္လည္း အရာအားလုံးသည္ သူ၏ သေဘာအတိုင္း ျဖစ္တည္ေနခဲ့ပါက စိတ္အလိုမက်မႈဟူသည္ ကေလးသူငယ္မ်ားအား ေျခာက္လွန႔္ေနက် ပုံျပင္တစ္ခုလိုသာ ျဖစ္လာေပလိမ့္မည္။ ယခုတြင္မူ ျမဴမႈန္မွ်ေသးေသာ ေမွ်ာ္လင့္ခ်က္ေလးျဖင့္ မာယာသစၥာအေပၚ စိတ္ကြက္ျခင္းအလ်င္းမရွိဘဲ ေနခ်င္ေသာ္လည္း သံလိုက္အိမ္ေျမႇာင္လို သဲလြန္စမ်ားက ထိုသူ႕ဆီသာ လက္တံလွည့္လို႔ေနသည္။ သူတို႔ႏွစ္ဦးၾကားရွိ ရင္ႏွီးမႈမ်ားက ျပတ္ေတာက္သြားခဲ့သည္မွာ ၾကာျမင့္လွၿပီျဖစ္ၿပီး ႀကိဳးျပတ္သြားေသာ မိုးပ်ံပူေပါင္းႏွယ္ အစြန္းတစ္စအား လိုက္လံဖမ္း၍ ျပန္လိုခ်င္ပါေသာ္လည္း ထိုပူေပါင္းမွာ ေကာင္းကင္ယံထက္ တစ္ဟုန္ထိုးတက္သြားၿပီး လႊင့္ေမ်ာသြားခဲ့ၿပီ ျဖစ္သည္။သို႔ေသာ္ ထိုအခ်ိန္က ျဖစ္ပ်က္ခဲ့သည္မ်ားအား လက္ခံနိုင္ပါရန္ ယြန္းေဟမီက အခ်ိန္အေတာ္ ယူလိုက္ရသည္ပင္။ သည္းမခံနိုင္ေလာက္ေအာင္ ၾကာျမင့္ခဲ့ေသာ္လည္း မာယာသစၥာက ေျပာင္းလဲသြားသည္ကို လက္မခံနိုင္ေသးေပ။

" ဒါက ဒဏ္ရာေသးေသးေလးပါ ။ဒီေလာက္ေလးကို ငိုေနရင္ ငါတို႔ရဲ႕ ေဟမီက ေပ်ာ့ညံ့လြန္းေနတာမ်ားလား။ "

မာယာသစၥာက ေျပာလာခဲ့သည္ပင္။ခလုတ္တိုက္၍ ေခ်ာ္လဲေနေသာ ယြန္းေဟမီအားၾကည့္လ်က္ျဖင့္။ အေသးစိတ္ေဖာ္ျပရလွ်င္ လက္တစ္ဖက္အား ေမးေစ့ကို ပြတ္သပ္လ်က္ စဥ္းစားေနသည့္အသြင္ျဖင့္ ျဖစ္သည္။

" မဟုတ္ပါဘူး.....ဒါေပမဲ့... ဒါက... အရမ္းနာလြန္းတယ္။ "

ယြန္းေဟမီ၏ မ်က္ရည္မ်ားက ပိုလို႔ေတာင္က်ဆင္းလာရၿပီး ရွိုက္သံေလးကပါ ပါဝင္လာသည္။

" ဟုတ္ၿပီ...ဟုတ္ၿပီ ေနာက္ဆို ဒဏ္ရာရမွာလည္းပူစရာမလိုေတာ့ဘူး။ ငါကအနားမွာ အၿမဲကာကြယ္ေပးေနမယ္ ဟုတ္ၿပီလား။ မငိုနဲ႕ေတာ့ေနာ္ ထပ္ငိုေနရင္ ငါတကယ္ပဲ ဘာဆက္လုပ္ေပးရမလဲ မသိေတာ့ဘူး။ "

ထိုစကားမ်ားကို မာယာသစၥာက သူ႕အားေျပာခဲ့ဖူးသည္ပင္။ထိုေန႕ရက္ေတြတုန္းက မိမိတို႔ႏွစ္ဦးမွာ ငယ္႐ြယ္လြန္းသည့္အတြက္ မာယာသစၥာက စိတ္ထဲမွမပါဘဲ လြယ္လြယ္ႏွင့္ေျပာထြက္ခဲ့သည္လားေတာ့ မသိပါ။သို႔ေသာ္လြန္စြာမွ ညင္သာမႈရွိလြန္းသျဖင့္ ထိုအခိုက္အတန႔္တြင္ သူငယ္ခ်င္းေဟာင္းထံမွ အၾကည့္မခြာဘဲ အတိတ္ေန႕ရက္မ်ားအထိ မွတ္မိေနပါရန္ မွတ္တမ္းယူခဲ့ဖူးသည္။ ထို႔ေနာက္ ေဟမီ့မ်က္ရည္မ်ားကို စိတ္ရွည္ရွည္ႏွင့္ သုတ္ေပးေနခဲ့သည္ကိုလည္း နာက်င္စြာ မွတ္မိေနပါေသးသည္။ ဒီလိုလူတစ္ေယာက္က ေျပာင္းလဲသြားတာကို သူက ဘယ္လိုအသိစိတ္ႏွင့္မ်ား လက္ခံေပးနိုင္မည္တဲ့လဲ။ထို႔ျပင္ မာယာသစၥာက ေျပာခဲ့သည့္ အျခားစကားမ်ားကိုလည္း ႐ူးသြပ္စိတ္ပ်က္စရာေကာင္းေအာင္ မွတ္မိေနပါေသးသည္။

" မာယာ "

ညင္သာတိုးဖြစြာျဖင့္ ထိုသူ႕နာမည္ကို ေခၚလိုက္ေလသည္။ သို႔ေသာ္ တိုးလ်အားနည္းလြန္းသျဖင့္ ေလတစ္ခ်က္အေဝွ႕တြင္ လြင့္ပါးတိုက္စားျခင္း ခံလိုက္ရသည္။ ထိုေန႕က ရိုးအလြန္းသည့္ သူ၏တုန႔္ျပန္မႈကို ၾကည့္ၿပီး မာယာသစၥာက ေလွာင္ေျပာင္လာခဲ့သည္ပင္။

"ေဟမီ....နင္ကအရမ္းကို တုံးတာပဲ။ အခုခ်ိန္ထိ နားမလည္နိုင္ေသးဘူးလား။ နင္နားလည္ေအာင္ ေျပာျပရရင္ သူငယ္ခ်င္းဆိုတာ ပီေကလိုပဲ။ လိုအပ္တဲ့အခ်ိန္မွာ အာခံတြင္းထဲငုံထားၿပီး မလိုအပ္ေတာ့ရင္ ေထြးထုတ္ပစ္လိုက္႐ုံပဲ။ ေနာက္ဆုံးေတာ့လည္း အဲ့တာက အမွိုက္တစ္စ ျဖစ္သြားခဲ့တာပဲေလ။ "

ထိုခ်ိန္က မာယာသစၥာ၏ မ်က္ဝန္းတို႔မွာ လြန္စြာမွ ျပတ္သားလြန္းလွၿပီး ႏႈတ္ခမ္းသားတို႔မွာ ထက္လွစြာေသာ ဆူးခြၽန္တို႔လိုပင္။ ယြန္းေဟမီ၏ သူ႕အေပၚထားရွိေသာ ေမွ်ာ္လင့္ခ်က္တို႔ကို အညွာအတာ ကင္းမဲ့စြာ ရိုက္ခ်ိဳးပစ္ခဲ့သည္။သူမက ႐ူးသြပ္စြာရယ္ေမာေနခဲ့ၿပီး ေဟမီက ေအာက္ႏႈတ္ခမ္းကို ကိုက္လ်က္ ထိုေန႕က ဝတ္ခဲ့သည့္ စကပ္အစြန္းအား လက္ႏွစ္ဖက္က တင္းၾကပ္စြာ ဆုပ္ကိုင္ထားရင္း မာယာသစၥာ ေလွာင္ေျပာင္ သမွ်ကို ေခါင္းငုံ႕ၿငိမ္ခံခဲ့ဖူးသည္။ထို႔ေနာက္သူမက ဆက္ေျပာလာခဲ့သည္ပင္။ အသံသည္ကား ေရခဲႏွယ္ ေအးစက္လ်က္ မဟူေခ်ာက္ႏွယ္ ေျခာက္ျခားမႈမ်ား အျပည့္ျဖင့္ျဖစ္သည္။

" ေနာက္တစ္နည္း ေျပာျပရရင္ ' လိုသုံး ' ဆိုတဲ့ စကားနဲ႕လည္း ကိုက္ညီေနေသးတာပဲ။ "

အေတြးတို႔က အတိတ္ဆီပ်ံ့လြင့္ေနခဲ့ၿပီး ေျခလွမ္းတို႔က မာယာသစၥာ႐ုံးခန္း ဆီသို႔ဦးတည္လ်က္ရွိသည္။ျဖစ္နိုင္လွ်င္ ထိုသူႏွင့္ေတြ႕ဆုံရင္းႏွီးခဲ့သမွ်ကို ေမ့ပစ္လိုက္ၿပီး( ၁ )ကျပန္စခ်င္ေသာ္လည္း ကံတရားကမ်က္ႏွာသာမေပးေပ။ ေျခလွမ္းတို႔က ေလးလံလြန္းသျဖင့္ ယြန္းေဟမီက အခ်ိန္အေတာ္ၾကာ ေလွ်ာက္လွမ္းၿပီးကာမွ မာယာသစၥာထံေရာက္ရွိလာရသည္။ တံခါးဝေရွ႕တြင္ ရပ္ေနခဲ့ၿပီး အခန္းတြင္းရွိ မာယာသစၥာ၏ အမိန႔္ေပးသံကို သူၾကားေနရေသာ္လည္း ဘာကိုေျပာေနမွန္းကိုမူ အာ႐ုံစိုက္မရေပ။ မ်က္ႏွာမသာမယာႏွင့္ လူတစ္ေယာက္ထြက္လာၿပီးကာမွ ယြန္းေဟမီ ထိုအခန္းတြင္း ေလးပင္မႈတို႔ကို အေဖာ္ျပဳလ်က္ဝင္လိုက္သည္။

" နင့္လက္ခ်က္လား "

ယြန္းေဟမီက အလြန္စိတ္ဆိုးေနသျဖင့္ ေမးလိုက္ေသာ ေလသံမွာမူ လြန္ႀကိဳးပမာ တင္းမာလ်က္ သတၤုန္းပမာ ျပတ္သားလွေပသည္။

" ဘာသေဘာလဲ "

မာယာသစၥာက မ်က္ဝန္းတို႔အား ေျမာက္ပင့္လ်က္ ျပန္ေမးလာခဲ့သည္။

" ႐ူးခ်င္ေယာင္ေဆာင္မေနနဲ႕......ဒီဇိုင္းပုံၾကမ္းက ဘာကိစၥ...Laraနဲ႕ဆင္ေနရတာလဲ။ "

" အဲ့တာဘာလို႔ငါ့ကိုလာ ေမးေနရတာလဲ။ "

"နင္...."

" ေဟမီ....နင့္အက်င့္က တကယ္ပဲ မေျပာင္းလဲေသးဘူးပဲ။ အရင္အတိုင္း တုံးအေနတုန္းပဲ။ သက္ေသမရွိဘဲ ငါ့ကို လာစြပ္ဆြဲေနတာက ေက်ာက္တုံးကိုၾကက္ဥနဲ႕ ေပါက္ေနသလိုပဲ အရာမဝင္ဘူး။ ၿပီးေတာ့..."

မာယာသစၥာက ထိုင္ခုံေပၚမွထလာခဲ့ၿပီး အံကိုႀကိတ္ကာေျပာလာခဲ့သည္။ သူမ၏အမူအယာ အသြင္အျပင္ အားလုံးက ေဟမီက ဟိုးအရင္ထဲကစ ယခုခ်ိန္ထိ သူ႕ေရွ႕မွာ က်ရႈံးေနခဲ့ၿပီးသား လူတစ္ေယာက္ႏွယ္။ ထိုသူ႕အား ျပန္ေတာ္လွန္လို႔မရေအာင္ထိ အနိုင္ပိုင္းၿပီးသား။ ေနာက္ဆုံးမွာ ေအာင္နိုင္ျခင္းအလံအား သူတစ္ေယာက္သာ လႊင့္ထူနိုင္ခဲ့သည့္ အသြင္ျဖင့္ ေလွာင္ေျပာင္လာခဲ့သည္။

" Companyရဲ႕ ကိုယ္စားလွယ္ကို ေစာ္ကားတာလဲ အတိုင္းအတာ တစ္ခုထိပဲေကာင္းတယ္။ ထပ္ၿပီးလြန္လာရင္ ငါက ၿငိမ္ခံေနမွာမဟုတ္ေတာ့ဘူး။ "

ေဟမီ့အနား ပုခုံးခ်င္းယွဥ္လ်က္ မ်က္ဝန္းေထာင့္မ်ားျဖင့္ ေစြၾကည့္ကာ ေရခဲႏွယ္ေအးစက္သည့္ အသံျဖင့္ေျပာလာခဲ့သည္။ သိပ္မၾကာျမင့္လွေသာ အခ်ိန္တြင္ မာယာသစၥာကပင္ ဦးစြာထြက္ခြာသြားၿပီး ေဟမီကအေတြးမ်ားႏွင့္ က်န္ေနခဲ့သည္။ သူအမ်ားႀကီး ရႈံးေနတာမွန္ပါတယ္။ သူမေရွ႕ေရာက္လွ်င္ ထက္ျမက္လွပါသည္ဆိုေသာ ယြန္းေဟမီမွာ အရႈံးသမား တစ္ေယာက္အျပင္မပိုခဲ့။ သို႔ေသာ္ထို အရႈံးမွာ သူကိုယ္တိုင္ပင္ ညံ့ဖ်င္းေန၍ေလာ တမင္အရႈံးေပးေနမိ၍ေလာ ယြန္းေဟမီကိုယ္တိုင္လည္း ေကာင္းေကာင္းမေျပာနိုင္ေပ။ အခိုင္အမာခ်မွတ္လိုက္ေသာ ဆုံးျဖတ္ခ်က္တြင္မူ သူထိုသို႔ ထပ္မံ ခြင့္ျပဳေတာ့မည္မဟုတ္။ ေနာက္ဘယ္ေသာအခါမွ ထပ္ရႈံးခြင့္ျပဳေတာ့မည္ မဟုတ္ေပ။ အထူးသျဖင့္ မာယာသစၥာထံတြင္ျဖစ္သည္။

ေလးပင္းလွေသာ ေျခလွမ္းတို႔ျဖင့္ ျပဒါးရံဆီသာျပန္လွမ္းလာခဲ့ရသည္။ ထိုျပႆနာအား အေျဖရွာရဦးမည္မဟုတ္ပါလား။

" မမေဟမီ ျပန္လာၿပီလား "

ဖုန္းကိုင္ထားေသာ ျပဒါးရံမွာ ေခါင္းေမာ့လာလ်က္ သူ႕အားေျပာလာခဲ့သည္။ျပဒါးရံ၏ အေမးစကားအား ယြန္းေဟမီကေခါင္းၿငိမ့္ျပလိုက္သည္ကို ျမင္ၿပီးေနာက္ ဖုန္းထဲကလူႏွင့္ ေျပာဆိုေနျခင္းကိုလည္း ျမန္ျမန္အဆုံးသတ္လိုက္ေလသည္။

" ဟုတ္ၿပီ...အဲ့တာဆို ျမန္ျမန္လာခဲ့ေပးပါ။ "

ဖုန္းခ်လိဳက္ၿပီးေသာ္ ယြန္းေဟမီခန႔္မွန္းမိသေလာက္ ျပဒါးရံ၏ မ်က္ႏွာမွာ အနည္းငယ္ ႐ႊင္ျမဴးေနသေယာင္ရွိေလသည္။ ယုံၾကည္ခ်က္မ်ားကတဖန္ ျပည္လည္ေရာက္ရွိလာသည့္အလား ။တက္ႂကြလန္းဆန္းလ်က္ စိတ္အားထက္သန္မႈမ်ားကိုလည္း ေတြ႕ရသည္။ သူမေစာေစာကအေျခအေနႏွင့္ ဆန႔္က်င္ေနသည့္ ျပဒါးရံအား စူးစမ္းလိုက္ၿပီး အေျဖရွာမရသည့္အဆုံးတြင္ အေမးစကားျပဳလိုက္သည္။

" ရံေလး ေပ်ာ္စရာတစ္ခုခုရွိလို႔လား ? "

" ဦးစိုးလြင္ အခုဌာန(၁)မွာရွိလား ? "

ႏွစ္ေယာက္လုံးတစ္ၿပိဳင္နက္ ေမးမိသြားသည္ပင္။

" မရွိဘူး "

" မရွိဘူး "

အေျဖသည္လည္း ထပ္တူက်လ်က္ အခ်ိန္သည္လည္း ထပ္တူက်ေနခဲ့ျပန္သည္။ထို႔ေနာက္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လ်က္ ေအာင့္အီးမထားနိုင္ဘဲ ရယ္လိုက္ၾကေလသည္။ရယ္သံကပ်ံ့ႏွံ႕သြားၿပီး ေခတၱအၾကာတြင္ ယြန္းေဟမီကပင္ စကားဝိုင္းအားဦးေဆာင္ေလသည္။

" ဦးစိုးလြင္က ဂိုေဒါင္မွာ ပစၥည္းေတြသြားစစ္ေဆးတယ္။ ရံေလး ေတြ႕ခ်င္ရင္ မမသြားေခၚေပးမယ္။"

" ရတယ္ သူကိုယ္တိုင္ လာေတြ႕စရာမလိုပါဘူး။ ကြၽန္ေတာ္က သြားေတြ႕လိုက္ရင္ ျဖစ္တာပဲ။ "

" မမေဟမီ တိမ္ယံဆင့္ကို ဖုန္းဆက္ေပးပါ။ အခုခ်က္ခ်င္း companyကိုလာၿပီး ကြၽန္ေတာ္ကိုေတြ႕ဖို႔ပါ ေျပာေပး။ "

" အင္း....ေကာင္းၿပီ ရံေလး။ "

ယြန္းေဟမီက အျပင္ထြက္ၿပီး ဖုန္းေျပာေနခဲ့သည္။ ျပဒါးရံသည္ မိမိအစီအစဥ္ ေအာင္ျမင္နိုင္ေျခမွာ အလြန္နည္းပါးေသာ္လည္း သူကစိန္ေခၚမႈတစ္ခုကို ျပဳလုပ္လိုက္ျခင္းျဖစ္ေၾကာင္း သူကိုယ္တိုင္လည္း နားလည္သည္။ ႐ူးသြပ္ၿပီး တဇြတ္ထိုးဆန္ေသာ္လည္း ဤသည္မွာ သူစဥ္းစားမိသမွ် အဆိုးတကာ့ အဆိုးဆုံးထဲမွ အေကာင္းဆုံးအႀကံျဖစ္သည္။ အေတြးတို႔က ေရေနြးေငြ႕သဖြယ္ ပ်ံ့လြင့္ေနခဲ့ၿပီး လက္ရွိေလာကႏွင့္ အဆက္အသြယ္ရရန္ သိပ္ကိုေဝးကြာလြန္းေနခဲ့သည္။ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္ကပါးလ်လြန္း၍ ေပ်ာက္ကြယ္သြားမွာကို စိုးရိမ္လွေပသည္။အျပင္ဘက္ရွိရာသီဥတုမွာ ေတာက္ပစင္ၾကယ္ေနေသာ္လည္း စိတ္အေျခအေနမွာ ဆိုးဝါးစြာ မုန္တိုင္းထန္လ်က္ရွိသည္။

" အားလုံးအဆင္ေျပတယ္ ရံေလး.....သူခဏေနရင္ ေရာက္လာမွာပါ။ "

အေတြးဂယက္ထဲနစ္ျမဳပ္ေနသျဖင့္ ယြန္းေဟမီက ဘယ္ခ်ိန္ ျပန္ဝင္လာသလဲဆိုသည္ကိုပင္ သတိမထားမိလိုက္ေပ။

" ေကာင္းၿပီ...ဒါဆိုအားလုံးက အစီအစဥ္အတိုင္းပဲ။ တိမ္ယံဆင့္ကိုေစာင့္႐ုံပဲ လိုေတာ့တာေပါ့။ "

မေနွးလြန္းမျမန္လြန္းေသာ အခ်ိန္တြင္ ျပဒါးရံ၏ ႐ုံးခန္းတံခါးသည္ ေသသပ္စြာထုဆစ္ထားေသာ လက္မ်ား၏ တြန္းဖြင့္ျခင္း ခံလိုက္ရသည္။ မိုးျပာေရာင္ အကၤ်ီလက္ရွည္အား တံေထာင္ဆစ္ထိေခါက္တင္ထားၿပီး ဂ်င္းေဘာင္းဘီႏွင့္တြဲဖက္ဝတ္ဆင္ထားေသာ အမ်ိဳးသားတစ္ဦးက စီးနင္းဝင္ေရာက္လာသည္။ ၾကည္လင္ကာေဖာက္ထြင္းျမင္နိုင္ေသာ အသားအေရႏွင့္အတူ အညိုေရာင္ဆံပင္ colourက ဆန္းက်ယ္စြာ တြဲဖက္ညီေနသည္။ ေနကာမ်က္မွန္ အနက္ေရာင္ကမူ ဆြဲေဆာင္မႈရွိလွေသာ ထိုသူ႕၏ မ်က္ဝန္းတစ္စုံကို ဖုံးကြယ္ထားသည္။ မ်က္ဝန္းမ်ားက ဖုံးကြယ္ထားျခင္းခံရေသာ္ျငား မ်က္ႏွာသြင္ျပင္မွာညွို႔ယူနိုင္မူႏွင့္အတူ မာနေထာင္လႊားမႈမ်ားက တြဲဖက္ေနရာယူထားေလသည္။ ပုံမွန္ရိုးရွင္း ထသြားထလာ free styleပင္ျဖစ္ေသာ္လည္း အရပ္ရွည္ကာအခ်ိဳးက်လွသည့္ တိမ္ယံဆင့္၏ ခႏၶာကိုယ္ႏွင့္ ေပါင္းစပ္လိုက္ေသာအခါတြင္မူ လွပကာေက်ာ့ရွင္းလ်က္ရွိသည္။ တကယ့္ကို မင္သက္ဩခ်ေလာက္စရာပင္ျဖစ္သည္။ နာမည္ဂုဏ္သတင္းႏွင့္ ကိုက္ညီလွေပသည္။

တိမ္ယံဆင့္အခန္းအတြင္းသို႔ဝင္လိုက္ၿပီး ေျခလွမ္းအနည္းငယ္ ေလွ်ာက္လိုက္ကာ ေနကာမ်က္မွန္အား ညင္သာစြာခြၽတ္လိုက္ၿပီးေနာက္ ေတာက္ပေသာမ်က္ဝန္းတစ္စုံမွာ ဖြင့္လွစ္ျပသျခင္းခံလိုက္သည္။ စူးရွျပတ္သားေသာအၾကည့္အား ပင့္ေျမွာက္လိုက္ခ်ိန္တြင္ ျပဒါးရံႏွင့္ တိုက္ဆိုင္စြာ အၾကည့္ခ်င္းစုံမိေလသည္။ စိတ္အလိုမက်မႈက ကပ္လ်က္ပါလာသျဖင့္ ခ်က္ျခင္းပင္ မ်က္ႏွာလႊဲလိုက္ကာ ေစာေစာက အျဖစ္အပ်က္အား ဘယ္ေသာအခါမွ မျဖစ္ခဲ့သလိုျပဳမူလိုက္သည္။

" ထင္ထားတာထက္ ပိုျမန္တာပဲ "

တိမ္ယံဆင့္က အခန္းအတြင္း ျပဒါးရံအား ဝိဉာဥ္တစ္ေကာင္ႏွယ္ မျမင္ရသလို ျပုမူေနေသာ္လည္း ျပဒါးရံကေတာ့ ထိုကဲ့သို႔မဟုတ္ေပ။ျပဒါးရံရွိ ၾကည္လင္ၿပီး ဆြဲေဆာင္မႈရွိလွေသာ အသံကပ်ံ့လႊင့္လာကာ စကားဆိုခဲ့ေသာ္ျငား တိမ္ယံဆင့္က ဂ႐ုမစိုက္ေပ။ ထိုစကားမွာသူ႕အား ရည္႐ြယ္၍ ေျပာျခင္းျဖစ္ေသာ္လည္း ျပဒါးရံအားရွိမေနသည့္ အရာဝတၳဳတစ္ခုႏွယ္ ျပဳမူလ်က္ ယြန္းေဟမီထံသာ ေအးေအးလူလူေလွ်ာက္သြားသည္။

" ကြၽန္ေတာ့္ကို ေခၚတဲ့အေရးႀကီး ကိစၥဆိုတာက "

တိမ္ယံဆင့္က ယြန္းေဟမီထံ ႏူးညံ့စြာေမးလာခဲ့သည္။ အမွန္တိုင္းဝန္ခံရလွ်င္ တိမ္ယံဆင့္ကို ဘာေၾကာင့္ေခၚလည္း ယြန္းေဟမီကိုယ္တိုင္လည္းမသိေပ။ ေမာင္ျဖစ္သူက ဖုန္းဆက္ခိုင္း၍သာ ေခၚလိုက္ရျခင္းျဖစ္ၿပီး ယခုလိုအေမးခံလိုက္ရခ်ိန္တြင္ သူမထံျပန္ေျဖစရာအေျဖက ကံဆိုးစြာပင္ရွိမေနခဲ့ပါေခ်။ ထို႔ေၾကာင့္ ေရငုံႏႈတ္ပိတ္၍သာ ေနလိုက္သည္။

သို႔ေသာ္ ျပဒါးရံကမူ ထိုသို႔မေနနိုင္ေပ။ တိမ္ယံဆင့္က သူ႕အေပၚျပဳမူေနသမွ်ကို သူကလည္း လ်စ္လ်ဴရႈ၍ ယြန္းေဟမီကိုေက်ာေပး၍ ထိမ္ယံဆင့္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ရပ္လိုက္သည္။ နဂိုထဲကမူ ယြန္းေဟမီႏွင့္ တိမ္ယံဆင့္တို႔၏ အကြာအေဝးမွာ အရမ္းမနီးကပ္ေသာ္ျငား ေဝးလြန္းေနသည္လည္းမဟုတ္ေပ။ ႏွစ္ေယာက္သားက လက္တစ္ကမ္းအကြာတြင္ ရွိေနခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ ျပဒါးရံက သူတို႔ႏွစ္ဦး၏ ၾကားလာရပ္ခ်ိန္တြင္မူ အကြာအေဝးမွာ သိသိသာသာပင္ က်ဥ္းေျမာင္းသြားေလသည္။ နီးကပ္လြန္းသျဖင့္ ရင္ဘတ္ျခင္းေတာင္ထိလုမတတ္။ အရပ္မ်ားမွာမတိမ္းမယိမ္းျဖစ္ေလေသာေၾကာင့္ တိမ္ယံဆင့္၏ မ်က္ႏွာအစိတ္အပိုင္းမွန္သမွ်အား အေသးစိတ္ျမင္ေတြ႕နိုင္ေလာက္သည္အထိ။မ်က္ခုံး၊ မ်က္လုံး၊ ႏွာေခါင္း၊ ႏႈတ္ခမ္းတို႔မွာ အျပစ္အနာအဆာမရွိ နတ္ဘုရားတစ္ပါး၏ လွပေက်ာ့ရွင္းမႈမ်ိဳးပင္ ။ ေျပာင္ေျမာက္လွသည့္ ပန္းခ်ီကားတစ္ခ်ပ္အလား။

အထူးသျဖင့္ တိမ္ယံဆင့္၏ မ်က္လုံးသည္ အျခားသူမ်ားႏွင့္မတူဘဲ ကြဲျပားျခားနား၏။ မ်က္လုံးအေရာင္မွာ အညိုေရာင္ေဖ်ာ့ေဖ်ာ့သမ္းလ်က္ရွိၿပီး ခက္ထန္မႈတို႔ႏွင့္အေဖာ္ျပဳလ်က္ ထူးျခားစြာပနံသင့္ေနသည္။ ထို႔ထက္ေအာက္သို႔ အၾကည့္ေ႐ြ႕လိုက္လ်င္မူ ဘယ္ဘက္ညွပ္ရိုးအေပၚ၌ ညဉ့္ယံအခါတြင္ ၾကယ္တစ္လုံးအလားေတာက္ပေနေသာ အရာေလးအား ေတြ႕ရေပသည္။ ဆင္တူေသာ္လည္း ကြာျခားေနသည္မွာ ၾကယ္အားေတာက္ပေစရန္ ေနာက္ခံကာလာမွာ ပိတုန္းေရာင္ထက္နက္ေမွာင္ေသာ ေကာင္းကင္သာျဖစ္ၿပီး ေတာင္ပေနေသာအရာမွာ စင္ၾကယ္ေသာ အျဖဴေရာင္ ၾကယ္မ်ားသာျဖစ္သည္။ သို႔ေသာ္ တိမ္ယံဆင့္တြင္မူေနာက္ခံအေရာင္မွာ ႏွင္းကဲ့သို႔ျဖဴစြတ္ေနေသာ အသားအေရပင္ျဖစ္ၿပီး ေတာက္ပေနေသာအရာမွာ မဟူရာထက္နက္ေသာ အနက္ေရာင္ မွည့္ေလးတစ္လုံးသာျဖစ္သည္။
အ႐ြယ္အစားမွာ ႀကီးမားလွသည္ မဟုတ္ေသာ္ျငား အနည္းငယ္ပူအိုက္လွေသာ ရာသီဥတုေၾကာင့္ ေရွ႕ၾကယ္သီးအား တိမ္ယံဆင့္ကျဖဳတ္ထားသည့္အတြက္ ျပဒါးရံက ျမင္ေတြ႕နိုင္ျခင္းျဖစ္သည္။ ယခင္ကမူ သတိမထားမိခဲ့ေသာ္လည္း မိမိတို႔ႏွစ္ဦးမွာ အလြန္အမင္း နီးကပ္ေနလြန္းသျဖင့္ တိမ္ယံဆင့္၏ အစိတ္အပိုင္းတစ္ခုစီအား ျပဒါးရံ ထံဖြင့္လွစ္ျပသထားသလို ျဖစ္ေနေတာ့သည္။

႐ုတ္တစ္ရပ္ နီးကပ္လြန္းသည့္ အေျခအေနတစ္ရပ္ေၾကာင့္ တိမ္ယံဆင့္ခႏၶာကိုယ္မွာ အလိုအေလ်ာက္ ေတာင့္တင္းသြားၿပီး အသက္႐ူဖို႔ရန္ပင္ ေမ့ေလ်ာ့သြားရသည္။ သို႔ေသာ္ ျပဒါးရံရႈထုတ္လိုက္သည့္ ေလေငြ႕ႏြေးႏြေးကမူ သူ၏မ်က္ႏွာထက္သို႔ လာေရာက္ထိခတ္ ကလူေနေလသည္။ အသိစိတ္ျပန္ဝင္လာခ်ိန္တြင္ ေျခလွမ္းတို႔အား အလ်င္လိုစြာ ေနာက္ျပန္လွမ္းလ်က္ အကြာအေဝးအား သတ္မွတ္ရန္ ႀကိဳးပမ္းလိုက္ေသာ္လည္း ျပဒါးရံက လက္ေကာက္ဝတ္အား တင္းက်ပ္စြာ ဆုပ္ကိုင္လာခဲ့သည္။ အားမ်ားသုံးထားသည့္အတြက္ တိမ္ယံဆင့္၏လက္မွာ တစ္ဆက္တည္း နီရဲလာသည္မွာ စကၠဴျဖဴေပၚ မွင္နီတစ္စက္ျပဳတ္က်သြားသည့္အလားပင္။

" ကိုယ္နဲ႕အတူ ေပ်ာ္စရာေကာင္းတာ သြားလုပ္ၾကရေအာင္ "

ျပဒါးရံက စေနာက္ေနဟန္ျဖင့္ ရယ္သံေႏွာ၍ ေျပာလာခဲ့သည္။တိမ္ယံဆင့္ ျငင္းဆန္တုန႔္ျပန္ခ်င္ေသာ္လည္း စကားဆုံးသည္ႏွင့္ ထိုလူက သူ၏လက္ေကာက္ဝတ္အား ၿမဲၿမံစြာက်ိဳးေၾကမတတ္ ဆုပ္ကိုင္ထားၿပီး အခန္းတြင္းမွဆြဲေခၚသြားေလသည္။

ယြန္းေဟမီလည္း ထိုႏွစ္ေယာက္ကို နားမလည္ေတာ့ေပ။ တစ္ေယာက္မွာမူ ေပါက္ကြဲေတာ့မည့္ ဗုံးတစ္လုံးအလား အၾကည့္မ်ားကစူးရွလွ၍ ျပဒါးကိုပင္ ေဖာက္ထြင္းသြားနိုင္ေလာက္ေပသည္။ က်န္တစ္ေယာက္မွာမူ အပန္းေျဖခရီး ထြက္လာဟန္တူသည္ အနည္းငယ္႐ႊင္ျမဴးလ်က္ မ်က္ႏွာမွာ ၿပဳံးရိပ္သမ္းလ်က္ရွိသည္။ ျပဒါးရံသည္ သူကိုင္ေဆာင္ထားသည္မွာ ဗုံးတစ္လုံးမွန္း မသိ၍လား သို႔မဟုတ္ မသိခ်င္ေယာင္ေဆာင္ေနလားေတာ့ ယြန္းေဟမီ လည္းမေျပာနိုင္ေပ။ တိမ္ယံဆင့္၏ ဆန႔္က်င္ေနေသာ အမူအရာ အားလုံးကို မသိေက်းကြၽံျပဳလ်က္ ေခၚေဆာင္သြားေလသည္မွာ စိတ္ဆိုးေနေသာ ရည္းစားအားေခ်ာ့ျမဴရန္ ေခၚေဆာင္သြားသည့္အလား။ မၾကာမီတြင္ ထိုဗုံးကေပါက္ကြဲသြားပါက ျပဒါးရံပင္မကဘဲ နံေဘးရွိအျခားအရာမ်ားအေပၚပါ မီးပြားလာစင္နိုင္ေလသည္။ ထိုအေရးကိုတားဆီးနိုင္ရန္အတြက္ ယြန္းေဟမီလည္း မတတ္သာဘဲ သူတို႔ေနာက္ လိုက္သြားလိုက္ရသည္။

Company ေအာက္ထပ္သို႔ ေရာက္ေသာအခါတြင္ ဆင္တူ uniformႏွင့္ ရဲဝန္ထမ္းငါးေယာက္အားေတြ႕လိုက္ရေပသည္။ ရာဇဝတ္သားဖမ္းရာတြင္ သုံးေသာ ပစၥည္းအစုံအလင္ႏွင့္ ျဖစ္ေသာေၾကာင့္ KKကိုအလည္လာျခင္းေတာ့ မဟုတ္နိုင္ေၾကာင္း ယြန္းေဟမီေကာက္ခ်က္ခ်လိဳက္သည္။ မ်ားမၾကာမီတြင္ ျပဒါးရံကထိုသူမ်ားအား သူႏွင့္တစ္ပါတည္းလိုက္ခဲ့ရန္ ေခၚလိုက္သည္ကိုလည္း ေၾကာင္အစြာျမင္လိုက္ရေလသည္။

" ကြၽန္ေတာ့္ေနာက္ လိုက္ခဲ့ပါ "

ျပဒါးရံတစ္ေယာက္ ဘာေတြလုပ္ေနလဲ ယြန္းေဟမီေကာ တိမ္ယံဆင့္ပါ နားမလည္နိုင္ေတာ့ေပ။ တိမ္ယံဆင့္မွာ ထိုသူ၏အတင္းအၾကပ္ ဆြဲေခၚမႈေၾကာင့္သာ ပါလာရၿပီး ဘယ္ကိုသြားၿပီး ဘာလုပ္မည္ဆိုတာကိုလည္း လုံးဝမသိ။ရဲမ်ားကပါ ပါဝင္လာေသာေၾကာင့္ ဆင့္၏စိတ္မွာပိုလို႔ေတာင္ ရႈတ္ေထြးလာကာ အႏၱာရာယ္အေငြ႕အသက္ကလည္း လာေရာက္ရိုက္ႏွက္ေနသည္။ အမည္မသိျပႆနာထဲ လက္ကကိုင္ၿပီး ဆြဲထည့္ဖို႔ႀကံေနေသာ ျပဒါးရံေၾကာင့္ မ်က္ဝန္းမ်ားတြင္ မီးလွ်ံမ်ားအစပ်ိဳးလာၿပီး ႏႈတ္ခမ္းပါးမွာ ေဒါသေၾကာင့္တုန္ယင္ေနေသာ ခႏၶာကိုယ္အားထိန္းခ်ဳပ္ရန္ တင္းတင္းေစ့ထားျခင္း ခံေနရသည္။ ထိုအမူအရာမ်ားကို ျပဒါးရံကေတာ့ လုံးဝသတိမထားမိေပ။

ပတ္ဝန္းက်င္ေလထုက ခ်က္ခ်င္းမႏွစ္ၿမိဳ႕စရာ ေကာင္းလာၿပီး ရာသီဥတုကပုံမွန္အတိုင္းရွိေနေသာ္လည္း အနည္းငယ္ ဆိုးဝါးသြားသလိုပင္။ယြန္းေဟမီ၏ အသြင္ျပင္သည္လည္း တိမ္ယံဆင့္ႏွင့္ ထူးျခားၿပီးကြဲျပားမေနခဲ့။ ႏွစ္ေယာက္လုံးမွာ အျပင္ဘက္၌ တည္ၿငိမ္ခ်င္ေယာင္ေဆာင္ေနေသာ္လည္း အတြင္းစိတ္တြင္မူ ပေဟဠိေပါင္းမ်ားစြာက ႀကီးစိုးထားေလသည္။ေနာက္ဆုံးတြင္ ယြန္းေဟမီကသည္းခံ မထားနိုင္ေတာ့သည့္အတြက္ တိတ္ဆိတ္ၿပီး ေျခလွမ္းသံမ်ားသာၾကားရေသာ အေျခအေနကို စတင္ၿဖိဳခြဲလိုက္သည္။

" ရံေလး....ရဲေတြကဘာလုပ္ဖို႔လဲ....ခုလည္းဘယ္သြားေနတာလည္း "

" ဂိုေထာင္ကိုသြားမလို႔ေလ ဂိုေထာင္ကိုသြားၿပီး ဦးစိုးလြင္ကိုဖမ္းဖို႔ဆို ရဲေတြကိုလိုတာက သဘာဝပဲမဟုတ္ဘူးလား "

ျပဒါးရံက တက္ႂကြစြာျပန္ေျဖေလေသာ္လည္း ယြန္းေဟမီကမူ မ်က္လုံးအစုံျပဴးသြားေလသည္။ သက္ေသမရွိဘဲ ထိုကဲ့သို႔လုပ္လိုက္ျခင္းက မာယာသစၥာေျပာသလို ေက်ာက္တုံးကို ၾကက္ဥနဲ႕ ေပါက္ေနတာဘဲ မဟုတ္ဘူးလား။ မိမိတို႔က သားေကာင္ဖမ္းဖို႔ ထြက္လာခဲ့ၾကေပမဲ့ ကိုယ္တိုင္ကသားေကာင္ ျပန္ျဖစ္သြားနိုင္သည္ပင္။ ျပဒါးရံက ဒီေလာက္ေတာင္ မေတြးေတာနိုင္ဘဲ ေပါ့ဆေနသည္ကို ေဟမီတအံ့တဩမ်က္လုံးျဖင့္သာ စိုက္ၾကည့္ေနရသည္။

" ရံေလးက ဦးစိုးလြင္ကို သံသယဝင္ေနတာလား ။ဒါေပမဲ့......
တိက်တဲ့သက္ေသမရွိဘူးေလ "

" သက္ေသက အခုရွိလာေတာ့မွာပါ။ မမေဟမီက ဝင္မပါဘဲ ပြဲၾကည့္ပရိတ္သတ္သာလုပ္ေန....က်န္တာသူ႕ဟာနဲ႕သူစီစဥ္သြားလိမ့္မယ္။ "

ဘယ္လိုလုပ္ၿပီးမ်ား ဝင္မပါလို႔ရမလဲ။ဒါက ကေလးကစားစရာ ကိစၥလည္းမဟုတ္ေပ။ ျပႆနာအစမပ်ိဳးေအာင္ ဝင္စြတ္ဖက္႐ုံတင္မကဘဲ တားေတာင္တားဆီးရေပဦးမည္။

" ရံေလး....ဒါေပမဲ့.....ရံ....."

ယြန္းေဟမီစကားဆက္ေျပာရန္ ျပင္လိုက္ေသာ္လည္း အားလုံး၏ေျခလွမ္းတို႔ဟာ ရပ္တန႔္သြားခဲ့တာေၾကာင့္ ျပဒါးရံဘက္လွည့္ေနရာမွ ေရွ႕တည့္တည့္ျပန္လွည့္ခ်ိန္ဝယ္ မ်က္စိေရွ႕တြင္ႀကီးမားေသာ ဂိုေထာင္ႀကီးက ဆီးႀကိဳေနသည္ကို ေတြ႕လိုက္ရေလသည္။ ဂိုေထာင္တံခါးမွာ ဖြင့္ဟျခင္းခံထားရတာေၾကာင့္ ဦးစိုးလြင္မွ စာရင္းစာအုပ္ကိုင္ကာ ပစၥည္းမ်ားလိုက္လံစစ္ေဆးေနပုံကို ရွင္းလင္းစြာျမင္ေနရသည္။ထိုအခ်ိန္မွ ျပဒါးရံကို တားလွ်င္လည္း မျဖစ္နိုင္ေတာ့မွန္းသိေသာေၾကာင့္ ပါးစပ္ပိတ္ၿပီး ေမာင္ျဖစ္သူ၏ေဘးတြင္ ၿငိမ္ၿငိမ္ေနရန္သာ ဆုံးျဖတ္လိုက္ေလသည္။

သူတို႔စဝင္လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ ဦးစိုးလြင္၏ ေဖာ္ေ႐ြပ်ဴငွာလြန္းေသာ အသံကထြက္ေပၚလာခဲ့ေလသည္။ထိုလူသည္ ကိုယ္ကိုကိုယ္ႏွိမ့္ခ်တတ္ၿပီး သူတစ္ပါးအား အလြန္အမင္းခ်ီးက်ဴးေျမႇာက္စားတတ္သည္။ ျပဒါးရံတို႔တစ္သိုက္မွာ သူ႕အတြက္ကံဆိုးျခင္းမ်ား ယူေဆာင္လာသည္ကို အနည္းငယ္မွေတာင္သတိမထားမိေပ။

" ဪ.....ေဟမီနဲ႕ ျပဒါးရံတို႔ပါလား။ ပစၥည္းကိစၥအတြက္ဆိုရင္ေတာ့ တကူးတက အပင္ပန္းခံၿပီး ကိုယ္တိုင္လာစစ္ေဆးစရာ မလိုပါဘူး။ ဒါကဦးစိုးလြင္ရဲ႕တာဝန္ပဲေလ အမွားအယြင္းမရွိေအာင္ ေသခ်ာဂ႐ုစိုက္ထားပါတယ္။ "

သူ၏အသံမွာ ေအးေအးခ်မ္းခ်မ္းျဖင့္သာ ျဖစ္သည္။ယိုယြင္းေနမႈမ်ားလည္းမရွိသလို ပ်က္ဆီးေနမႈမ်ားလည္းမရွိ။မ်က္ႏွာထားမွာလည္း ၿပဳံး႐ႊင္လ်က္ျဖင့္။ အကယ္၍မ်ား ျပဒါးရံကသူ႕အား သူခိုးအျဖစ္စြပ္ဆြဲၿပီး ဖမ္းေခၚသြားလိုက္လွ်င္ေတာင္ ထိုသူမွာေၾကာင္အေနကာ ပတ္ဝန္းက်င္တြင္ ဘာေတြျဖစ္ပ်က္ေနလည္း နားလည္နိုင္ဦးမည္မဟုတ္ေပ။ထိုအခါတြင္ သူ၏အမူအယာမွာ အံ့ဩထိတ္လန႔္လို႔သြားၿပီး ပါးစပ္အေဟာင္းသားျဖင့္ ျဖစ္တည္ေနသမွ်ကို လိုက္လို႔မမွီေအာင္ ရွိေနေပလိမ့္မည္။ မတရားစြပ္ဆြဲခံရလို႔လည္း စိတ္တိုလြန္းသျဖင့္ ေမ့ေတာင္လဲသြားနိုင္သည္ဟု ယြန္းေဟမီကေကာက္ခ်က္ခ်မိသည္။ယြန္းေဟမီလည္း ေရွ႕ဆက္တိုးလို႔မရဘဲ သူဘယ္လိုတားဆီးရမလဲဆိုတဲ့ အခ်က္နဲ႕တင္ အက်ပ္ရိုက္ေနရသည္။ စိတ္ထဲတြင္ ျပဒါးရံက မလုပ္ေလာက္ပါဘူးဟူ၍သာ ကိုယ့္ကိုကိုယ္ႏွစ္သိမ့္ေနၿပီး ခံစားခ်က္ကိုေလ်ာ့ခ်ေနရသည္။

" ကြၽန္ေတာ္တို႔လာတာ ဂိုေထာင္ကပစၥည္းေတြ စစ္ေဆးဖို႔မဟုတ္ဘူး။ဒီဇိုင္းၿပိဳင္ပြဲမွာသုံးမဲ့ဒီဇိုင္းေတြကို ၿပိဳင္ဘက္ျဖစ္တဲ့ Lara companyကို ေရာင္းစားတဲ့အမႈနဲ႕ ခင္ဗ်ားကိုေထာင္ခ်မလို႔ "

ျပဒါးရံကလုပ္လိုက္သည္ပင္။ ယြန္းေဟမီ၏ဆႏၵတို႔ႏွင့္ဆန႔္က်င္၍။ မယုံၾကည္နိုင္ေသာ္လည္း အသံသည္ကား ယုံၾကည္ခ်က္အျပည့္ႏွင့္ မိုးေျမတစ္ခြင္ အပိုင္စီးရထားသည့္အလား။ယြန္းေဟမီမွာမူ သူမ၏ေမွ်ာ္လင့္ခ်က္ သစ္ကိုင္းေလးအား ျပဒါးရံက အညွာအတာကင္းမဲ့စြာ တက္နင္းခ်ိဳးဖဲ့သြားျခင္းအေပၚ တေစၥ၊သရဲမ်ား ေတြ႕လိုက္ရသည့္ မ်က္လုံးအစုံႏွင့္ စိုက္ၾကည့္ေနရသည္။တစ္ခ်ိန္ထဲမွာပင္ ေလႏွင္ရာလြင့္ပါးသြားေသာ သစ္႐ြက္ေျခာက္ႏွင့္ ေရစီးရာေမ်ာပါသြားေသာ ဒိုက္ေမွာ္ေလးသဖြယ္လည္း ခံစားလိုက္ေလသည္။

ဦးစိုးလြင္က အမွန္ပင္မ်က္ျပဴးဆံျပာ ျဖစ္သြားရသည္ပင္။ အမူအယာက တည္ၿငိမ္ေနေသးေသာ္လည္း ျပဒါးရံစကားမ်ားအား နားမလည္ေသးသည့္ႏွယ္။ "ဘာကဒီဇိုင္းလဲ" "ဘာကိုေရာင္းစားတာလဲ" သူတစ္ခုမွနားမလည္ဘူး။ ျပဒါးရံကသူ႕ကို ဘာေတြလာေျပာေနတာလဲ။

" ျပဒါးရံရဲ႕စကားက ဘာကိုေျပာခ်င္တာလဲ "

ဦးစိုးလြင္က တည္ၿငိမ္စြာအေမးစကားျပဳလာသည္။ စြပ္ဆြဲခ်က္က သူႏွင့္မသက္ဆိုင္သည့္အလား။

" ကြၽန္ေတာ္ေျပာတာကို နားမလည္လိုက္ဘူးလား။ ဒါမွမဟုတ္ ထပ္ၾကားခ်င္ေနတာလား။"

" အဲ့တာက ဘယ်လိုအဓိပၸာယ္မရှိတဲ့စကားမလို့ ထပ္နားေထာင္ရမွာလဲ။ KKမွာအလုပ္လုပ္လာတာ ႏွစ္၂၀ နီးပါးရွိၿပီ မေန႕တစ္ေန႕ကမွ ေရာက္လာတဲ့ လူတစ္ေယာက္ဆီက အေစာ္ကားခံဖို႔မဟုတ္ဘူး။ KKရဲ႕ CEOေလာင္းက ေရွ႕ေနာက္မေတြးေတာတတ္ဘဲ ထင္ရာဆိုင္းေနရင္ companyရဲ႕အနာဂတ္က အခက္ေတြ႕လာစရာဘဲ မဟုတ္ဘူးလား။ "

" ဟား...ဟာ...ဟား...ရယ္ရတာပဲ။ သ႐ုပ္ေဆာင္ေကာင္းလြန္းလို႔ ကြၽန္ေတာ္ေတာင္ထပ္ၿပီး အလိမ္ခံရေတာ့မလို႔။ ခင္ဗ်ားက companyအတြက္စဥ္းစားေပးတယ္ေပါ့ေလ။ "

ျပဒါးရံ၏ ခြန္းတုန႔္ျပန္မႈကို ၾကည့္ၿပီး ဦးစိုးလြင္က ေဒါသူပုန္ထလာရေတာ့သည္။ ထိုသူသည္လည္း အေသြးအသားႏွင့္ျပဳလုပ္ထားသည့္ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားသည့္ လူပင္မဟုတ္ပါလား။ ေလွာင္ေျပာင္သမွ်ကို ၿငိမ္ခံၿပီး သည္းခံေနနိုင္လွ်င္ ဒါကလူစကားနားမလည့္သူသာျဖစ္ေပလိမ့္မည္။

" မင္းကဘာကို ရယ္ေနတာလဲ "

ျပဒါးသည္ ယခုအခါတြင္ အရယ္ရပ္တန႔္လိုက္ၿပီး တစ္ဖက္သားပိုမိုစိတ္ဆိုးသြားေစမည့္ စကားကိုဆိုလိုက္သည္။ ဦးစိုးလြင္က သူ႕ကိုဘယ္လိုထင္ေနပါေစ ဂ႐ုမစိုက္။မည္သို႔ေပဆိုေစကာမူ သူရည္႐ြယ္ခ်က္သည္ကား တည္တံ့လွေသာ ေက်ာက္စိုင္ပမာ ယိမ္းယိုင္မည္မဟုတ္ေပ။ သူဆုံးျဖတ္ခ်က္ ခ်ထားၿပီသားပင္။ဒီေန႕မကူးခင္ သူလွ်ိုအား သူရေအာင္ေဖာ္မည္ျဖစ္မည္။

" ကြၽန္ေတာ္တင္မဟုတ္ဘူး ...ျဖတ္သြားတဲ့ေခြးေတာင္ ဒီစကားကိုၾကားရင္ ထရယ္လိမ့္မယ္။ "

" ရံေလး..."

ယြန္းေဟမီက သူ႕နာမည္ကိုေခၚလိုက္ေသာ္လည္း ျပဒါးရံကသူမႀကိဳက္ေသာ မုန႔္တစ္ခုႏွယ္ အေရးပင္မစိုက္ေခ်။

" မင္း.... မိုက္ရိုင္းတဲ့ေကာင္။ မင္းမွာ ဘာသက္ေသရွိလို႔ ငါ့ကိုလာစြပ္ဆြဲေနရတာလဲ။ အဲ့ကိစၥက ငါနဲ႕ဘာမွမဆိုင္ဘူး။ "

" ေအာ္....သက္ေသမရွိတာေသခ်ာလို႔လား "

ျပဒါးရံ၏ မ်က္ႏွာထက္ ေလွာင္ၿပဳံးတစ္ခုက ေနရာယူလ်က္ေျပာလိုက္သည္။ပတ္ဝန္းက်င္မွာ ထူးဆန္းေလာက္ေအာင္တိတ္ဆိတ္ေနၿပီး ျပဒါးရံႏွင့္ဦးစိုးလြင္တို႔၏ စကားသံသာ ေလထုအလယ္ႀကီးစိုးေနသည္။တစ္ေယာက္ႏွင့္တစ္ေယာက္မွာ စစ္သလင္းျပင္ေရာက္ရွိေနသည့္ႏွယ္ အၿပိဳင္အဆိုင္အရည္ကိုခြာလ်က္ ဝါးစားလုမတတ္ စိုက္ၾကည့္ေနၾကေလသည္။ျပဒါးရံကပင္ ဦးစြာအၾကည့္လႊဲလိုက္ၿပီး ဦးစိုးလြင္ထံ တစ္စုံတစ္ရာအား ပစ္ေပးလိုက္ေလသည္။ ထိုအရာမွာ လက္သည္းခြံေလာက္ေသးငယ္လွၿပီး ဘီးတစ္ခုအလားလိမ့္ဆင္းသြားကာ ဦးစိုးလြင္၏ေျခေထာက္ႏွင့္ တိုက္မိၿပီးေနာက္ ၿပိဳလဲအဆုံးသတ္သြားသည္။

ထိုအရာအားျမင္ၿပီးဦးစိုးလြင္မွာ ေၾကာင္အသြားရေပေတာ့သည္။ မ်က္ႏွာမွာၾကည့္ရဆိုးစြာ ပ်က္ယြင္းသြားၿပီးရႈံ႕တြသြားပုံမွာ မသတီစရာအရာတစ္ခုအား ျမင္လိုက္ရသည့္အလား။

" အဲ့တာက ခင္ဗ်ားရဲ႕ၾကယ္သီးမဟုတ္လား.... ကြၽန္ေတာ့္႐ုံးခန္းထဲမွာေတြ႕ခဲ့တာ.... ခင္ဗ်ားအလုပ္လုပ္တာ တအားေပါ့ဆတာပဲ သက္ေသေတာင္က်န္ခဲ့တယ္ဆိုေတာ့ "

" မဟုတ္ဘူး...ဒါငါ့ၾကယ္သီးမဟုတ္ဘူး။ ဒီၾကယ္သီးေလာက္နဲ႕ ငါ့ကိုဖမ္းလို႔ရမယ္လို႔ ထင္ေနတာလား....မင္းတမင္ႀကံစည္ထားတာလည္းျဖစ္နိုင္တာပဲ။ "

" ကြၽန္ေတာ္၃ရက္အတြင္းတင္ခိုင္းထားတဲ့ ဒီဇိုင္းအသစ္ေတြေၾကာင့္ ခင္ဗ်ားတို႔ဌာနတစ္ခုလုံး over timeဆင္းေနၾကတယ္လို႔ၾကားတယ္။ဒါမွမဟုတ္ အခုခင္ဗ်ား႐ုံးခန္းကိုသြားၿပီး အဲ့မေလ်ာ္ဖြတ္ရေသးတဲ့ အကၤ်ီမွာ ၾကယ္သီးအစုံအလင္ရွိမရွိ သြားစစ္ေဆးၾကမလား။ ကြၽန္ေတာ္ကအခ်ိန္ေတြ အရမ္းေပါေနတာမလို႔ အားနာစရာမလိုပါဘူး။ "

" မင္း...မင္း...."

ျပဒါးရံက ဦးစိုးလြင္အား စကားေျပာခြင့္မေပးေပ။ စကားဝိုင္းအား သူကအပိုင္ဆီးထားလ်က္ ဆိုလာျပန္သည္။

" သိပ္မေလာပါနဲ႕ဦး ေနာက္ထပ္ဇာတ္လမ္းတစ္ပုဒ္ရွိေသးတယ္....အရင္တစ္ရက္ေလာက္က ဓာတ္ေလွကားမွာ လူေတြအရမ္းမ်ားေနတာနဲ႕ မြန္းက်ပ္တာကိုကြၽန္ေတာ္က သိပ္မုန္းတာ ....... သြားရမွာလည္း အေရးႀကီးကိစၥျဖစ္ေနတာနဲ႕ ကြၽန္ေတာ္အေရးေပၚေလွကားကို သုံးခဲ့တယ္။ ပုံမွန္ဆိုအဲ့တာက ဘယ္သူမွမရွိတဲ့ ေနရာေလ ဒါေပမဲ့ ခင္ဗ်ားအဲ့မွာ ဖုန္းကိုခိုးေၾကာင္ခိုးဝွက္နဲ႕ ဘာကိစၥေတြမ်ား ေျပာေနလည္းဆိုတာ ကြၽန္ေတာ္အရမ္းသိခ်င္တာပဲ။ ဒါမွမဟုတ္ ခင္ဗ်ားျပန္မွတ္မိလာေအာင္ ကြၽန္ေတာ္ၾကားခဲ့တဲ့ တစ္လုံးတစ္ေလကို ျပန္႐ြတ္ျပရဦးမလား "

" မဟုတ္ဘူး.....အဲ့တာမင္းတစ္ေယာက္ထဲ လွ်ာရိုးမရွိဘဲ ေရွာက္ေျပာေနတဲ့ ကိစၥေလ ဘယ္သူကမ်ား ငါဖုန္းေျပာေနတာကို ျမင္ခဲ့တဲ့လူရွိလို႔လဲ။ ဒါကမင္းရဲ႕ တစ္ဖက္သတ္ လုပ္ႀကံဇာတ္ေတြႀကီးပဲ။ "

ဦးစိုးလြင္၏ မ်က္ႏွာမွာ စိမ္းတစ္လွည့္ ျပာတတစ္ဖန္ျဖင့္ အသည္းအသန္ျငင္းဆန္ေလသည္။ အမွန္တရားသည္ကား ျပဒါးရံလည္းသိေနႏွင့္ၿပီးသား ျဖစ္သလို သူလည္ခန႔္မွန႔္မိၿပီးသားျဖစ္သည္။အမွန္ပင္ သူေျပာေနသည္မ်ားကို ျပဒါးရံက နံစြန္နံဖ်ားၾကားခဲ့ၿပီး ၾကယ္သီး၏ ပိုင္ရွင္အစစ္မွာလည္း သူဆိုေသာ ဦးစိုးလြင္ေပ။ သို႔ေသာ္ ယခုတြင္ေသသပ္စြာ ကိုင္တြယ္နိုင္သည္ဟုထင္ခဲ့ေသာ အမႈမ်ားမွာ ေျခရာလက္ရာမ်ားက်န္ခဲ့ေပသည္။ ထိုေျခရာလက္ရာမ်ားကို ေျပာင္လင္ေအာင္ သုတ္ရွားဖယ္ရွင္းဖို႔အတြက္ ေမ့ေလ်ာ့ေလာက္ေအာင္ ျပဒါးရံေျပာသလို အလြန္ေပါ့ဆခဲ့သည္ပင္။ မဟုတ္လွ်င္အရာအားလုံးမွာ ပုံမွန္အတိုင္းၿပီးဆုံးသြားမည္သာ သိပ္ကိုရိုးရွင္းစြာျဖင့္။ ယခုတြင္မူ ျပဒါးရံ၏ ထပ္မံေရာက္ရွိလာမည့္ သက္ေသေတြအတြက္ တရားခံမွာလက္ဖဝါးျပင္တြင္ ေခြၽးမ်ားေဝ့သီေနၿပီး မ်က္ဝန္းအိမ္မွာေဆာက္တည္ရာမရ စုံခ်က္ေျပာက္ဆုံးေနသည္။ အရာအားလုံးက ပိုဆိုးမလာေစရန္ သူေရွာင္ထြက္နိုင္ေသာ ထြက္ေပါက္အား ေခ်ာင္ပိတ္မိေနေသာ ႂကြက္တစ္ေကာင္ႏွယ္ လိုလိုလားလားရွာေဖြေနမိေတာ့သည္။

" ေနာက္ထပ္ရွိေသးတယ္ ထပ္နားေထာင္ခ်င္ေသးလား "

ျပဒါးရံက ထိုႂကြက္ကိုထြက္သြားခြင့္မေပးခဲ့ပါေခ်။ ထိုအစားသူကေရနစ္သူ ဝါးကူထိုးေသာလုပ္ရပ္ကိုေတာင္ ပန္းမာလာတို႔ရႈံးသြားေစနိုင္ေသာ အၿပဳံးတစ္ပြင့္ျဖင့္ ျပဳလုပ္လိုက္သည္။ လြန္စြာမွ လွပခန႔္ညားေသာ္ျငား ဦးစိုးလြင္အတြက္မူ မိမိအုတ္ဂူအားျမင္လိုက္ရသည့္ႏွယ္ ေျခာက္ျခားသြားေစသည္။ ထိုအသြင္က သူကိုသတ္မည့္ သားသတ္သမားလိုပင္ အညွာအတာမရွိ ခုတ္ထစ္ဆြဲၿဖဲေတာ့မည့္အလား ။ မ်က္ေတာင္တစ္ခတ္အတြင္း အေနအထားက ကေျဗာင္းကျပန္ျဖစ္သြားရကာ အေစာကမူ စကားလုံးမ်ားစြာျဖင့္ ျပန္လည္ေခ်ပခ်င္ေသာ္လည္း ယခုမူလည္ေခ်ာင္းအတြင္း မည္သည့္အရာမွအံက်မလာေတာ့ပါေခ်။ ဆြံ႕အသြားသည့္အလား။

" တကယ္ေတာ့ အရင္ရက္ေတြတုန္းက တိမ္ယံဆင့္ ကြၽန္ေတာ္ဆီ အေၾကာင္းရွိလို႔လာတုန္း ကြၽန္ေတာ့္႐ုံးခန္းထဲမွာ ခင္ဗ်ားခိုးဝင္တာကို ျမင္ခဲ့တယ္ .....ဟုတ္တယ္မလား...ဆင့္ "

ေနာက္ဆုံးစကားကိုမူ တိမ္ယံဆင့္ႏွင့္ မ်က္ဝန္းခ်င္းစုံ၍လိုက္ ေျပာလိုက္ျခင္းျဖစ္သည္။ အသံသည္ကား ပ်ားသကာႏွယ္ခ်ိဳျမသည့္တိုင္ အမူအယာကမူေျမေခြးပမာ စဥ္းလဲလွေပသည္။ထိုစကားအားၾကားၿပီး တိမ္ယံဆင့္၏ မ်က္ဝန္းအိမ္မွာ အနည္းငယ္ျပဴးက်ယ္သြားရေတာ့သည္။ ခ်က္ခ်င္းပင္ မ်က္ႏွာျပင္ထက္ညွင္းသြဲ႕သြဲ႕ တိုက္ခတ္ေနေသာေလထုကပင္ အႏၱာရာယ္အေငြ႕အသက္ မ်ား ေဆာင္က်ဥ္းေပးလာသလိုရွိေလသည္။

တိမ္ယံဆင့္ဆိုသည္မွာ သူ႕အေပၚအထက္စီးက ဆက္ဆံလာလွ်င္ အျခားသူထက္အဆေပါင္းမ်ားစြာ ဆန႔္က်င္အ႐ြဲ႕တိုက္တတ္သူျဖစ္သည္။ ေသေရးရွင္ေရးႏွင့္ ႀကဳံေတြလွ်င္ေတာင္ ေခါင္းငုံ႕ခံမည္မဟုတ္။ ျပဒါးရံဆီက အထင္မွတ္စြာ ၾကားလိုက္ရေသာစကားတြင္မူ သူ၏တုန႔္ျပန္မႈမွာရိုးရွင္းေပသည္။ ျမင္သူတကာ ႐ူးသြားနိုင္ေလာက္ေသာ မ်က္ႏွာထက္တြင္ "သူဘယ္တုန္းက ေတြ႕ခဲ့လို႔လဲ" ဟူေသာစာတန္းအထင္းသားျဖင့္ ျပဒါးရံထံသုန္မႈန္စြာ ျပန္စိုက္ၾကည့္ေနျခင္းျဖစ္သည္။တိမ္ယံဆင့္မွာဦးစိုးလြင္ကို ဒီေန႕မွလြဲ၍ တစ္ခါမွမျမင္ဖူးခဲ့ေပ။ ျပဒါးရံ၏႐ုံးခန္းထဲတြင္ ေတြ႕ခဲ့သည္ဆိုေသာကိစၥက ပိုလို႔ေတာင္မယုံၾကည္နိုင္ေသာ အလိမ္အညာတစ္ခု။ အမွန္တရားအား ျပဒါးရံကသိေနသည့္တိုင္ အမည္မဲ့ေသာ ဇာတ္လမ္းတစ္ခုအား ဆက္လက္သ႐ုပ္ေဆာင္ေနဆဲ။ ပီျပင္လြန္းလွသျဖင့္ အႏုပညာေလာကတြင္ က်င္လည္လာေသာ တိမ္ယံဆင့္ပင္လွ်င္ အညာမိသြားေတာ့မလို႔ပင္။

ဒီလူကတစ္ကယ့္ကို CEO မလုပ္သင့္ဘူး။မဟုတ္လွ်င္ ဇာတ္လမ္းကိုအရွိန္ျမင့္ေစၿပီး သူနဲ႕အထိုက္တန္ဆုံး ဗီလိန္ေနရာကလစ္ဟာ သြားမွာဆိုးသည့္အတြက္ပင္။ မ်က္ႏွာေျပာင္တိုက္တဲ့ေနရာမွာ ၿပိဳင္ဘက္ကင္းပါလားေနာ္။ထိုစကားတို႔အား ျပဒါးရံထံ မ်က္ဝန္းတစ္စုံႏွင့္ ေျပာခဲ့ျခင္းျဖစ္သည္။

တိမ္ယံဆင့္၏ မ်က္ဝန္းတို႔မွာ သက္ဝင္ေတာက္ပလြန္းလွသျဖင့္ သူေတြ႕ဖူးသမွ်ထဲတြင္ အလင္းလက္ဆုံးေသာအရာေလဟု ျပဒါးရံထင္ေၾကးေပးမိသည္။ သို႔ေသာ္ ထိုမ်က္ဝန္းထက္က ယိုဖိတ္က်လာေသာ လွ်ပ္စီးႏွယ္ စကားလုံးတို႔အား နားလည္လိုက္သည့္ခဏတြင္ တစ္ကိုယ္လုံးအား မသိလိုက္ဘာသာျဖင့္ က်ဥ္တတ္သြားေစသည္။ စိုက္ၾကည့္ေနမႈမွာ သူ႕အားအေရႏႊာၿပီး ဓားႏွင့္မႊန္းပစ္ေတာ့မည့္အလား။သို႔ေသာ္ သူကအစထဲကမ်က္ႏွာေျပာင္တိုက္သည့္သူ ျဖစ္ေသာေၾကာင့္ထိုသူ၏ အျပဳအမူတို႔ကို ဥေပကၡာ ျပဳလိုက္လွ်င္လည္း ပိုၿပီးအျမင္မၾကည္ျခင္းခံရတာထက္ ဘာမွထပ္ဆုံးရႈံးသြားစရာက မရွိေပ။

တိမ္ယံဆင့္ႏွင့္အကြာအေဝးကို မႏွစ္ၿမိဳ႕သည့္အတြက္ ျပဒါးရံက နီးသထက္နီးေအာင္ ေလွ်ာက္လွမ္းလာေပသည္။ ထိုလူသားေပၚကေနြးျမေသာ ခံစားခ်က္ကိုရရွိေသာ္ျငား ပိုမိုနီးကပ္လာေသာ အကြာအေဝးတြင္မူ ၎မွာသိသိသာသာပူေလာင္လာလ်က္ရွိေပသည္။ တိမ္ယံဆင့္ကေတာ့ စိတ္တိုလြန္းအားႀကီးလို႔ မီးဟုန္းဟုန္းေတာက္ေနၿပီဟု ျပဒါးရံခန႔္မွန္းေနမိသည္။ မ်က္ႏွာေတာ္မွာ ပ်က္ယြင္းသြားျခင္းမရွိ တည္တံ့အားႀကီးသေယာင္ရွိေသာ္လည္း ထို႔သူ႕ထံမွပ်ံ့လြင့္လာေသာ မေကာင္းသည့္အေငြ႕အသက္ကိုေတာ့ အတိုင္းသားခံစားမိေလသည္။ အမွန္တကယ္ကိုအႏၱာရာယ္မ်ားသည္ပင္။ ျပဒါးရံက ထိုထိပ္တန္းေခ်ာေမာသူအား လက္ေလးတစ္ေခ်ာင္းႏွင့္ ထိလိုက္႐ုံျဖင့္ ထိုသူ႕ထံတြင္ ေတာက္ေလာင္ေနေသာ ေဒါသမီးမ်ားက မိမိအား ျပာခ်ပစ္နိုင္သည္အထိပင္။ သူ၏နီးကပ္လာေအာင္ လုပ္ေဆာင္မႈအေပၚ တိမ္ယံဆင့္က မႏွစ္ၿခိဳက္ေသာ္ျငား ဆန႔္က်င္ျခင္းလည္းမျပဳေပ။ သူ႕အား အားနည္းေရွာင္ဖယ္တတ္သည္ဟု ထင္သြားမည္ဆိုးေသာေၾကာင့္လည္း ျဖစ္နိုင္ေပသည္။ ထို႔ေၾကာင့္ယခုတြင္မူ သူတို႔ႏွစ္ဦးမွာ အလြန္အမင္း နီးကပ္ေနေပသည္။ တစ္ဦးႏွင့္တစ္ဦးမ်က္ေတာင္မ်ားေတာင္ ေရတြက္နိုင္အထိ။ အသံရႈသံမ်ားေတာင္ ၾကားနိုင္သည္အထိ။ တိမ္ယံဆင့္သည္ သုန္မႈန္စြာ ျပန္စိုက္ၾကည့္ေနသည့္တိုင္ ျပဒါးရံသည္ ႐ႊင္ျမဴးစြာျပန္စိုက္ၾကည့္လ်က္။ ထိုအေနအထားႏွင့္ပင္ ျပဒါးရံကသူတို႔ႏွစ္ဦးမွလြဲအျခားသူမၾကားနိုင္ေသာေလသံျဖင့္ ႏူးညံ့ခ်ိဳၿမိန္မႈတို႔ကို ပိုက္ေထြးကာ ႏႈတ္ခမ္းသားက တိမ္ယံဆင့္၏မူပိုင္ နားတစ္ဝိုက္အားကပ္လ်က္ တီးတိုးဆိုလိုက္သည္။ အသံသည္ကား ၿပိဳင္ဘက္ကင္း ခ်ိဳသာသိမ္ေမြ႕ေသာ္ျငား စကားတို႔မွာေလာင္ၿမိဳက္ေနေသာ တိမ္ယံဆင့္ထံ ေရတစ္ပုံးေလာင္းလိုက္သည့္ႏွယ္ ရႈးရႈးရွဲရွဲအသံမ်ား ထြက္လာေစသည္။

" က်န္တာမင္းအပိုင္းျဖစ္သြားၿပီ ဆင့္.....ေကာင္းေကာင္းသ႐ုပ္ေဆာင္နိုင္ဖို႔ ေမွ်ာ္လင့္တယ္ "

တိမ္ယံဆင့္သည္ မ်က္ဝန္းအိမ္ထဲမွ နဂါးတစ္ေကာင္ခုန္ထြက္လာသည့္အလား စူးစူးရဲရဲစိုက္ၾကည့္လ်က္ရွိသည္။ အလိုမက်စြာ ျပဳမူလိုက္ၿပီး ျပဒါးရံထံမ်က္ေစာင္းထိုးလ်က္ ဦးစိုးလြင္ဘက္လွည့္ကာ တည္ၾကည္ေအးခ်မ္းမႈျဖင့္ ေလွ်ာက္သြားလိုက္သည္။ ေနာက္ဆုံးတြင္မူ သူဟာဒီဇာတ္လမ္းရဲ႕ တစ္စိတ္တစ္ေဒသမွာ ပါဝင္ေနေသာေၾကာင့္ ဇာတ္လမ္းစီးဆင္းရာအတိုင္း အလိုက္သင့္ေမ်ာပါသြားရန္သာ ဆုံးျဖတ္လိုက္ေလသည္။ ျပဒါးအား မကူညီခ်င္ပါေသာ္လည္း အလုံးစုံကိုဖ်က္ဆီးပစ္လိုက္ျခင္းက အေျဖတစ္ခုဟုတ္မေနေၾကာင္း နားလည္ေသာေၾကာင့္ပင္။

" ဟုတ္တယ္....ကြၽန္ေတာ္အဲ့ေန႕က ကိုျပဒါးရံကိုလာေတြ႕ရင္း ခင္ဗ်ား႐ုံးခန္းထဲမွာ ပစၥည္းေတြေမႊေနွာက္ရွာေနတာကို ေတြ႕ခဲ့တယ္။ အစကေတာ့ေသြးရိုးသားရိုးပဲ ထင္ခဲ့တာ ဒါေပမဲ့ ဒီေန႕အေၾကာင္းအရာအျပည့္အစုံကို နားေထာင္လိုက္ေတာ့လည္း ခင္ဗ်ားက ေသြးရိုးသားရိုး ဟုတ္မေနဘူးပဲ။ "

" ......... "

တစ္ဖက္လူက ဘာစကားမွျပန္မေခ်ပ နိုင္ေတာ့ေခ်။

တိမ္ယံဆင့္မွာ မယိမ္းယိုင္ေသာေက်ာက္စိုင္ ေက်ာက္သားႏွယ္။ အသြင္အျပင္မွာ လူပုံအလယ္တြင္ တင့္တယ္စြာျဖစ္တည္ေနၿပီး ထိုအရာမွာ သူအမွန္တကယ္ႀကဳံေတြ႕ခဲ့သည့္အလား လူအေပါင္းကိုမ်က္ေတာင္တစ္ခတ္အတြင္း အယုံသြင္းလိုက္နိုင္ေပသည္။သူ၏သ႐ုပ္ေဆာင္မႈမွာ လက္ေတြ႕ဆန္လြန္းေသာေၾကာင့္ ယြန္းေဟမီမွာ အမွန္ႏွင့္အမွားကိုမေဝခြဲနိုင္ေတာ့ေပ။ ႐ုတ္ခ်င္းပင္သူမအေတြးထဲေနရာယူထားမႈမွာ ထိုလွပတင့္တယ္ေသာ ၿပိဳင္ဘက္ကင္း ေယာက္်ားႏွစ္ေယာက္၏ စကားမ်ားမွာအမွန္ျဖစ္ၿပီး ဦးမင္းစိုးလြင္မွာ ဒီဇိုင္းကိုေပါက္ၾကားေစသူ။

တိမ္ယံဆင့္ ပီျပင္စြာသ႐ုပ္ေဆာင္လိုက္ၿပီး ဦးစိုးလြင္ကိုေက်ာေပးလ်က္ ျပဒါးရံထံၾကည့္လိုက္ေလသည္။ ေက်နပ္အားရေနေသာ မိုးေျမကိုေဇာက္ထိုးလွန္ပစ္နိုင္သည့္ အၿပဳံးမ်ိဳးျဖင့္ သူ႕ထံေမွးမွိန္ျခင္းမရွိေတာက္ပစြာ ၿပဳံးျပလို႔ေနသည္။တိမ္ယံဆင့္ဟာ ျမင္လိုက္ရျခင္းမွာပင္ ႏူးညံ့လွေသာ သူ၏အစိတ္အပိုင္းတစ္ခုစီက အျပင္းအထန္နာက်င္သြားသေယာင္ေတာင္ ရွိေလသည္။ ထိုျမင္မေကာင္းေလာက္ေအာင္ ေတာက္ပေနသည့္အၿပဳံးအား အျမင္အာ႐ုံေရွ႕မွေပ်ာက္ကြယ္ သြားပါေစရန္ ခ်က္ခ်င္းပင္ျမဴတို႔ဆိုင္းလ်က္ ဖုံးလႊမ္းသြားေစခ်င္ေသာ္လည္း ကံဆိုးစြာပင္ေနြရာသီ ျဖစ္လိုေနသည္။ ထိုကဲ့သို႔ျဖင့္မ်က္ႏွာအား ျပဒါးရံႏွင့္ ဆန႔္က်င္ရာ လႊဲထားလိုက္မႈေၾကာင့္ အျပစ္အနာအဆာမရွိ ေသြးေၾကာမွ်င္မ်ားထင္းေနပါေသာ လည္တိုင္ကိုသာ ပိုမိုျမင္သာေအာင္ ျပသထားသလိုျဖစ္ေနေတာ့သည္။

ဇာတ္သိမ္းတြင္မူ လူဆိုးအားဖမ္းဆီးရန္ အခ်ိန္က်ေရာက္လာၿပီျဖစ္ၿပီး ရဲမ်ား၏တာဝန္ ျဖစ္လာေလေတာ့သည္။ ျပဒါးရံက ေခါင္းၿငိမ့္အခ်က္ျပလိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ ရဲမ်ားမွာ နားလည္သေဘာေပါက္သြားရကာ ဦးစိုးလြင္ထံ ေလွ်ာက္သြားၿပီး လက္ထိပ္ထုတ္ ဖမ္းရန္ျပင္လိုက္ေလသည္။ ျပဒါးရံက သူအားေခ်ာက္ကမ္းပါးအစြန္းတြင္ ရပ္ေနေအာင္ ဖိအားေပးခဲ့ၿပီး သူခုန္ဆင္းသြားမည္ကို ေစာင့္ေမွ်ာ္ေနခဲ့ျဖစ္သည္။ သို႔ေသာ္ ဦးစိုးလြင္သည္ အရာအားလုံးေပၚသြားသည့္ေနာက္ ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ ႀကံမိႀကံရာႀကံလိုက္ေပသည္။

အနားသို႔ကပ္လာေသာ ရဲတစ္ေယာက္အားတြန္းထုတ္လိုက္ၿပီး ထိုရဲ၏ခါးမွ ေသနတ္ကိုဆြဲယူကာ ေရွ႕မွာေက်ာေပးၿပီးရပ္ေနေသာ တိမ္ယံဆင့္၏ လက္တစ္ဖက္ကိုေနာက္ျပန္လိမ္လိုက္ရင္း နားထင္ကိုေအးစက္ေသာ ေသနတ္ျဖင့္ခ်ိန္လိုက္ေလသည္။ အကုန္လုံးမွာ ထိတ္လန႔္သြားရၿပီး ဆင့္ မသိစိတ္အေလ်ာက္ ႐ုံးကန္မိခ်ိန္တြင္ ဦးစိုးလြင္မွာ လိမ္ထားေသာလက္ကို အားပိုထည့္လိုက္ရင္းျဖင့္ ၿခိမ္းေျခာက္လာေတာ့သည္။

" ႐ုန္းဖို႔မႀကိဳးစားနဲ႕ မင္းအသက္ကငါ့လက္ထဲမွာ "

" တိမ္ယံဆင့္ "

ယြန္းေဟမီကမူ ဦးေနွာက္ထဲ ခံစားခ်က္မ်ိဳးစုံ ကေမႊေႏွာက္ေနေလသည္။ သူမကသိသိသာသာတုန္ယင္လာၿပီး တိမ္ယံဆင့္၏နာမည္ကို ေအာ္ေခၚလိုက္မိသည္။ သူမ၏ရွည္သြယ္ေသာ လက္မွာႏႈတ္ခမ္းထက္၌ တုန္ယင္စြာ ေနရာယူထားလ်က္ အံ့ဩထိတ္လန႔္ေနၿပီး ေသနတ္ျဖင့္ခ်ိန္ခံရသူမွာ တိမ္ယံဆင့္မဟုတ္ဘဲ သူမကိုယ္တိုင္ျဖစ္ေနသည့္အလား။ ျဖစ္ပ်က္သြားသမွ်ဟာ အရမ္းကိုျမန္ဆန္လြန္းတာေၾကာင့္ ျပဒါးရံတို႔အားလုံးမွာ တားဆီးရန္အခ်ိန္မမွီလိုက္ေခ်။ က်န္သည့္ရဲအားလုံးမွာလည္း ရမ္းကားလာေသာဦးစိုးလြင္ေၾကာင့္ ေသနတ္ကိုထုတ္ကာ အျပစ္သားဆီ ခ်ိန္ထားလိုက္ၾကသည္။

" ငါ့ကိုလြယ္လြယ္နဲ႕ ဖမ္းလို႔ရမယ္ထင္ေနလား.....ဟုတ္တယ္ ဒီဇိုင္းစာ႐ြက္ကို Lara companyကို ငါေရာင္းစားလိုက္တာ .....ငါလုပ္ခဲ့သမွ်က ေပါ့ဆခဲ့တယ္ဆိုေပမဲ့....မင္းလိုမေန႕တေန႕ကမွ ေရာက္လာတဲ့ လူတစ္ေယာက္ေၾကာင့္ ပ်က္ဆီးသြားမယ္လို႔မထင္ထားဘူး....တစ္ေယာက္မွေရွ႕တိုးမလာၾကနဲ႕....ေသြးသံတရဲရဲေတြ မျမင္ခ်င္ဘူးဆိုရင္ "

" အား......"

ယြန္းေဟမီမွာ ထိတ္လန႔္လြန္းလို႔ မိမိအသံကိုေတာင္မထိမ္းခ်ဳပ္နိုင္ေတာ့ပါေခ်။ သူမဟာအထစ္ထစ္အေငါ့ေငါ့ျဖင့္ တုန္ယင္ေနပါသည့္တိုင္ ဦးစိုးလြင္ကို ေဖ်ာင္းဖ်ရန္ႀကိဳးစားေနရွာသည္။

" ဦးစိုးလြင္....ရွင္....စိတ္လိုက္မာန္ပါမလုပ္ပါနဲ႕။ ကြၽန္မတို႔အားလုံးအဆင္ေျပေအာင္ ညွိႏွိုင္းလို႔ရမွာပါ။ ေက်းဇူးျပဳၿပီး ဆင့္ကိုလႊတ္ေပးလိုက္ပါ ။စိတ္ေအးေအးထားၿပီး ကြၽန္မေျပာတာကို နားေထာင္ပါေနာ္ "

ထို႔ေနာက္သူမက ျပဒါးရံထံ တိုးညွင္းစြာ အကူအညီလွမ္းေတာင္းလိုက္ေပသည္။

" ရံေလး တစ္ခုခုဝင္ေျပာဦးေလ မဟုတ္ရင္အားလုံးရႈတ္ကုန္လိမ့္မယ္ "

ယြန္းေဟမီ၏စကားေၾကာင့္ ျပဒါးရံမွာ နိုးၾကားလာဟန္တူေလသည္။ သို႔ေသာ္တည္ၾကည္မႈကေရာယွက္ေန၍ အမူအယာကပ်က္ယြင္းသြားျခင္းမရွိေပ။ ပိုၿပီးေတာ့ပင္ ေသြးေအးလာဟန္ေတာင္ ေပါက္ေလသည္။ရက္စက္ျခင္းက သူ႕မူပိုင္အရာျဖစ္တည္ေနသည့္အလား။ အၿပဳံးဟူ၍တစ္စက္ေတာင္မရွိေလဘဲ ႏူးညံ့မႈသည္ကားအစရွာမရေလေအာင္ တမႈတ္ခ်င္းေပ်ာက္ဆုံးသြားေလသည္။ ျပဒါးရံသည္အလ်င္လိုစြာျဖင့္ ကိုယ္ကိုေစခိုင္းလ်က္ ေလွ်ာက္လွမ္းလာကာ ရဲတစ္ေယာက္လက္ထဲမွ ေသနတ္ကိုဆြဲယူလိုက္ရင္း ဦးစိုးလြင္အား စုတ္ၿဖဲခံရမည့္ ပစ္မွတ္အလား ခ်ိန္႐ြယ္ထားလိုက္ေပသည္။ လက္ေမာင္းမွာမူ ေျဖာင့္တမ္းလ်က္ ကြၽမ္းက်င္သည့္လက္ေျဖာင့္သမား အသြင္ျဖင့္ ဦးစိုးလြင္၏ ႏွဖူးျပင္အားတိက်စြာ ပစ္မွတ္ထားေလသည္။

သူသည္ယခုခ်ိန္၌ အေၾကာက္တရားဟူ၍ စိုးစဥ္းမွ်မရွိေတာ့ေပ။သူ၏ အေၾကာက္တရားသည္ တျခားလူလက္ထဲေရာက္ေနသည့္ႏွယ္ ေရွ႕သိုတစ္လွမ္းခ်င္းတိုးလာေလသည္။ ဦးစိုးလြင္သည္ ၎အားျမင္လိုက္ရသည့္အခါ ေလရႈေပါက္ပင္မွားယြင္းလာရၿပီး တစ္ကိုယ္လုံး အႏွိုင္းမဲ့တုန္ရီလာရေတာ့သည္။ ထို႔ေၾကာင့္ ေၾကာက္အားလန႔္အားျဖင့္ ေတာင့္တင္းစြာ မလႈပ္မယွက္ ရပ္ေနမိေလသည္။ မၾကာမီတြင္ သူတို႔သုံးဦးမွာ အလြန္နီးကပ္လာသျဖင့္ ဦးစိုးလြင္မွာ အသိစိတ္ျပန္ဝင္လာရေတာ့သည္။ ေနာက္ဆုံးတြင္မူ ျပဒါးရံေရွ႕သို႔ တစ္လွမ္းတိုးတိုင္း ဦးစိုးလြင္မွာေနာက္သို႔ တစ္လွမ္းဆုတ္သည္အထိ အက်ပ္ရိုက္လာရသည္။

" မင္း....မင္း.... ႐ူးေနၿပီလား.....သူ႕အသက္ကိုမႏွေမ်ာေတာ့ဘူးလား "

' သူ 'ဆိုသည္မွာ ေသခ်ာေပါက္ တိမ္ယံဆင့္ကို ရည္ၫႊန္းမွန္း သိသာလွေပသည္။ သို႔ေသာ္ဦးစိုးလြင္၏ ၿခိမ္ေျခာက္မႈက ေသခ်ာေပါက္ ျပဒါးရံထံတြင္ အရာမဝင္ေပ။ သူက ႏွလုံးသားမရွိေသာ လူတစ္ေယာက္ႏွယ္ ေအးစက္သည့္သဏၭာန္ျဖင့္ ပ်င္းရိစြာအေျဖျပန္ေပးလာခဲ့သည္။

" ေအာ္.....သူလား....သတ္လိုက္ ကိစၥမရွိဘူး "

____________________________

( ကိုယ္ေသေလာက္ေအာင္မုန္းတဲ့လူအေပၚဘာမ်ားေျပာခ်င္လဲ )

ျပဒါးရံ - " ဒီေန႕အပိုင္းမွာ ကြၽန္ေတာ္က အမွားႀကီးတစ္ခုကို က်ဴးလြန္လိုက္မိတယ္။ အဲ့ကိစၥနဲ႕ပက္သက္ၿပီး ေနာက္ပိုင္းမွာ ရန္ညွိုးေတြရွိမလာနိုင္ဘူးမလား။ "

တိမ္ယံဆင့္ - " ငါလူး...ဆုေတာင္းေနလိုက္။ ေနာက္ပိုင္းမွာ မင္းကိုႏွစ္ဆျပန္ခံစားရေအာင္ လက္စားေခ်ျပမယ္။ "

ေလေျပရွင္း - " ငါလြတ္သြားတာ တကယ္တစ္ပိုင္းထဲပါ။ ဘာလို႔အရာအားလုံးက လိုက္မမွီနိုင္ေအာင္ ျဖစ္သြားရတာလဲ။ လည္လည္ဝယ္ဝယ္နဲ႕ ခပ္ေခ်ာေခ်ာေလး တစ္ေယာက္ေလာက္ လာရွင္းျပၾကပါ။ "

ကိုးလ္ - " ဘုရားေဟာစာေတြထဲမွာ ပါတဲ့အတိုင္း ကိုယ္ျပဳသည့္ကံ ပဲ့တင္သံ ကိုယ့္ထံျပန္လာမည္ လို႔ပဲေျပာခ်င္ပါတယ္ဗ်ာ "

မာယာသစၥာ - " ေသလိုက္ "

ယြန္းေဟမီ - " ငါေသေလာက္ေအာင္မုန္းတဲ့လူ မရွိေသးဘူး "

K.O - " ကြၽန္ေတာ္တို႔ေတာ္လွန္ေနၾကတဲ့ နိုင္ငံေတာ္သူပုန္ မင္းေအာင္လွိုင္ပါပဲ။ ေျပာခ်င္တာကေတာ့ မာယာသစၥာအတိုင္းပဲ။ "

Continue Reading

You'll Also Like

242K 27.5K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
136K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
797K 31.8K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....