"မြူးကြွတဲ့ တေးသံပျံ့လွင်လို့နေ ကူးပြောင်းစ တန်ခူးလေမှာ တစ်ယောက်တစ်လှည့်မို့ လှမ်းကာ ဖျန်းပက်ကြစဉ်...ပိတောက်ဖူးလေးတွေပန်ဆင်ထားသူရေ....."
သင်္ကြန်မင်းသားကြီးဟု တင်စားခေါ်ဝေါ်ခံရလောက်အောင်ပင် သင်္ကြန်သီချင်းများသီဆိုခဲ့သူ အဆိုတော်ကြီး ဇော်ဝမ်း၏ သင်္ကြန်မိုးသီချင်းသံကို အိမ်ရှေ့ကွပ်ပျစ်ပေါ်မှ ရေဒီယိုလေးမှ တစ်ဆင့်အတိုင်းသား ကြားနေရလေသည်။
ဘာလိုလိုနှင့် သင်္ကြန်အကြိုနေ့တောင် ရောက်ပါပကောလား။ သင်္ကြန်ဆိုသည်မှာ မြန်မာတို့၏ နှစ်သစ်ကူးပွဲတော်လည်းဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုအရ နှစ်ဟောင်းမှအညစ်အကြေးများကို နှစ်သစ်ကူးပြောင်းသော အတာသင်္ကြန်တွင် ရေပက်ဖျန်းကာ အညစ်အကြေးများ ဆေးကြောကြသည်ဟု အမေပြောပြဖူးလေသည်။
ဒီနှစ် သင်္ကြန်ကျတာ မြန်ဆန်လွန်းသည်ဟု နောင်ရိုး ထင်မိသည်။ အင်းလေ အရင်နှစ်တွေကဆို နွေကျောင်းပိတ်ရက်ဆို အကြာကြီးနေရသေးတယ်။ခုက ဆယ်တန်းစာမေးပွဲဖြေပြီးတာနှင့် ဘယ်လောက်မှ မကြာလိုက် သင်္ကြန်ရောက်သွားရော။
"သားရေ မပြီးသေးဘူးလား.."
အိမ်ရှေ့မှ အမေ၏ အော်ပြောသံကြောင့် နောင်ရိုးသစ်အတွေးလေးတစ်ချို့သည် ချက်ချင်းပင် ရေငွေ့လို ပျောက်ပြယ်သွားလေသည်။ သင်္ကြန်အကြိုနေ့မှာ ရေမကစားတော့ပဲ အမေတို့ ဦးလေးတို့နှင့်အတူ ဥပုသ်စောင့်လိုက်မည်ဟု ပြောထားသောကြောင့် အတော်ကြာနေသော နောင်ရိုး သတိပေးခံလိုက်ရခြင်းဖြစ်သည်။
"လာပြီ အမေ.."
နောင်ရိုးသစ် ပါးစပ်ကသာ လာပြီဟု အလွယ်ပြောလိုက်ရပေမယ့် ခုထိ အင်္ကျီမလဲရသေး။ ထို့ကြောင့် မနေ့ကတည်းက ကော့ပြန်နေအောင် မီးပူတိုက်ထားသည့် စတစ်အင်္ကျီလက်ရှည်အဖြူလေးအား ရွေးဝတ်လိုက်သည်။ ထို့နောက် ပုဆိုးအကွက်နုတ်လေးအား သပ်ရပ်စွာ ဝတ်ရင်း
အိမ်ရှေ့သို့ ထွက်လာခဲ့လိုက်သည်။
"ပြီးပြီ အမေ သွားရအောင်"
"အမလေးတော် ထွက်လာတော့လည်း ဒီပုံပါပဲ"
"မေမေကလည်း ကိုကိုက ဒီလောက်ချေနေတာကိုး"
ဖြူနှင်းဖွေး အပြောကို နောင်ရိုးသစ် သဘောကျစွာ ပြုံးမိပါသည်။
"ညည်းအစ်ကို ပြင်နေလိုက်တာက အကြာကြီး။ ကောင်လေးနော် လူပျိုလုပ်ချင်နေပြီလား.."
"ဟာ မဟုတ်ပါဘူး အမေရာ"
အမေ၏ စစနောက်နောက်ဖြင့် ပြောလိုက်သည့် စကားကြောင့် နောင်ရိုးသစ် စိတ်တွင်ရှိန်းတိန်းတိန်းဖြစ်ကာ နားရွက်ကလေးများ ပူလာသယောင်ထင်ရသည်။
"ခင်ကလည်းကွာ သားကို မစ ပါနဲ့ ဟိုမှာသားကိုကြည့်ဦး မျက်နှာကြီးနီရဲနေပြီ..."
ဦးလေး ပြောစကားကြောင့် ယောင်ယမ်းကာပင် မျက်နှာကလေးအားစမ်းလိုက်မိလေသည်။
ခက်ပါရောဗျာ။
အချိန်လေးကြာမိတာနဲ့ အမေနဲ့ဦးလေးမျက်လုံးထဲ ကိုယ်ကလူပျိုဖြန်းဖြစ်ရပြီ။
"ကဲ သွားကြရအောင်ဟေ့"
နောင်ရိုးသစ် အိမ်တံခါးများအား သော့ခတ်ကာ အနောက်မှလိုက်လာခဲ့ေလသည်။အမေ၊ဦးလေးနှင့် ညီမလေးကတော့ အရှေ့မှ သွားနှင့်လေပြီ။ အိမ်တံခါးလေးအား သော့ခတ်ပြီးသည်နှင့် နောင်ရိုးသစ် အိမ်ခြံဝန်းထဲမှ ထွက်လာခဲ့သည်။
"ကိုကြီးနောင်ရိုးကို ရေပက်မယ် ကိုကြီးနောင်ရိုးကို ရေပက်ကြမယ်ဟေ့"
ရွာအလယ်လမ်းမ ပေါ်မှ ကလေးတစ်သိုက်သည် နောင်ရိုးသစ်ကို မြင်သည်နှင့် ရေပက်ဖို့ တာဆော်နေကြသည်။
ရေပက်ရန် ပြေးလာကြသော ကလေးတစ်သိုက်အား တားရန်ပြင်ရလေသည်။
"ဟေ့ ဟေ့ မပက်ရဘူးလေကွာ ငါက ဥပုသ်စောင့်သွားမှာ မင်းတို့ရေပက်လိုက်လို့ ရေတွေစိုသွားရင် ဘုန်းကြီးကျောင်းသွားရမှာ မဟုတ်ဘူး ဒါဆို မင်းတို့ကောင်တွေ ငရဲကြီးမှာပေါ့ကွ"
ရေပက်ရန်ကိုပင် အားစိုက်နေကြသော ကလေးတစ်သိုက်အား နောင်ရိုးသစ် နားဝင်အောင်ဖျောင်းဖျရလေသည်။
နောင်ရိုးစကားကြောင့် အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူသည့် ဂျစ်တူးတစ်ယောက် စဉ်းစားဟန်ပြုပြီးမှ
"ကိုကြီးနောင်ရိုးကလည်းဗျာ သင်္ကြန်ပါဆို ရေပက်တဲ့သူက ငရဲကြီးသေးလားဗျ အတာသင်္ကြန်ဆိုတာ ရေပက်ဖျန်းတဲ့လပဲတဲ့ ဗိုက်ကြီးမကလွဲပြီး ဘယ်သူ့ကို ပက်ပက် ငရဲမကြီးဘူးတဲ့.."
ဪ ကိုတတ်ပါ့ရယ်။
ဘယ်လိုပြောပြော မရပါလား။ နောင်ရိုးသစ် စိတ်အိုက်လာကာ နားထင်လေးအား လက်ညိုးဖြင့် ခပ်ဖြည်းဖြည်းကုတ်ကာ စဉ်းစားခန်းထုတ်ရတော့သည်။ ဒီနေ့ ဒီကောင်တွေလက်ထဲက လွတ်ပါ့မလား မသိ။
အမေနှင့်ဦးလေးကလည်း အရှေ့ကိ အတော်ရောက်နေလေပြီ။
ဖြူနှင်းဖွေးသည်လည်း အနောက်သို့ပင် လှည့်မကြည့်။မေမေလက်အား ဟန်ပါပါချိတ်ရင်း ဘုန်းကြီးကျောင်းရှိရာဆီသို့ သွားနေလေသည်။
ဂျစ်တူးတို့အဖွဲ့အား မည်သို့ ပြောရမည်ကို နောင်ရိုးသစ်စဉ်းစားရလေသည်။
"ဂျစ်တူး မင်းကလိမ္မာပါတယ်ကွာ မင်းကောင်တွေကိုလည်း မင်းတားလို့ရပါတယ်။ ဒီလိုလုပ်ကွာ ခု မပက်နဲ့ဦး ဥပုသ်စောင့်ကပြန်လာရင် ငါ့ကို မင်းတို့ကြိုက်သလိုပက်ကွာ ခုမပက်နဲ့ဦး"
ရေပက်သည့် ကလေးအဖွဲ့ခေါင်းဆောင် ဂျစ်တူးသည် အတန်ငယ်ကြာအောင် စဉ်းစားပြုပြန်သည်။
ပြီးမှ
"မရဘူးဗျာ ပက်ရမှာပဲ ကျွန်တော်တို့အဖွဲ့ ဒီနေ့တစ်ယောက်မှကိုး ရေမပက်ရသေးဘူး"
ဟိုက် သေပါရောကွာ။
"ဒါဆို ဒီလိုလုပ်ကွာ ခု ငါက ဥပုသ်စောင့်သွားမယ် မင်းတို့တွေ ငါ့ကို ရေမပက်ကြနဲ့ဦး။ ငါက ညနေကြရင် မင်းတို့ကို ချိုချဉ်ဝယ်ကျွေးမယ်ကွာ ဘယ်လိုလဲ"
"ချိုချဉ်မကြိုက်ပါဘူး ကျွန်တော်တို့အဖွဲ့ကတော့ ကိုကြီးနောင်ရိုးကို ရေပက်ရမှာ ပက်ကိုပက်ရမှာ"
"ဟေ...မင်းတို့တွေက ငါ့ကိုပဲ ဘာလို့ ဒီလောက်ပက်ချင်နေကြတာတုန်း"
"ကိုကြီး ထိန်လင်းက ပက်ခိုင်းတာဗျ ကိုကြီးနောင်ရိုးကို ရေစိုအောင် ပက်နိုင်ရင် ကျွန်တော်တို့အဖွဲ့ကို ချိုချဉ်လည်းဝယ်ကျွေးမယ် အုန်းကပ်စေးလည်း ဝယ်ကျွေးမယ်တဲ့ ပြီးတော့ မျှော့ကွင်း(သားရေကွင်း)လည်း ဝယ်ပေးမယ်တဲ့"
"ဟာ.."
"ဟေ့ကောင်တွေ ရေပက်ကြမယ်ဟေ့.."ဟုညာသံပေးကာ ရေဝိုင်းပက်မှုကြောင့် နောင်ရိုးသစ် ရှောင်တိမ်းရန် စဉ်းစားနေသည့်အခိုက်မှာပင် တစ်ကိုယ်လုံး ရေတွေရွဲရွဲစိုသွားသည်။
နောက်ဆုံးတော့ ဂျစ်တူးတို့အဖွဲ့၏ လက်ထဲမှ နောင်ရိုးသစ် မလွတ်မြောက်နိုင်တော့ပေ။
အင်း....အုန်းကပ်စေး တန်ခိုးတော်တော်
ကြီးတာပဲ။
ဒီငနာ ထိန်လင်း။
တွေ့ကြဦးမယ်ပေါ့ကွာ။
"အဲ့ကောင်ထိန်လင်း ဘယ်မှာလဲ ဂျစ်တူး"
"ဟိုနားမှာ ပုန်းနေတယ်"
ကလေးတွေဆိုတော့လည်း ရိုက်စစ်စရာမလို ညာမဖြေတတ်ကြေပ။အမှန်တိုင်းပြောကြသည်။
ဂျစ်တူး လက်ညိုးထိုးပြသော နေရာလေးဆီသို့ နောင်ရိုးသစ် ခြေလှမ်းများသည် အလိုလိုရောက်သွားသည်။
"ဟေ့ကောင်"
"ဟာ ဟေ့ကောင် နောင်ရိုး မင်းက အဝတ်အစားအသစ်တွေဝတ်ပြီး ရေပက်ခံထွက်နေတာလား ခုရော ဘယ်သွားမလို့လဲ..."
ကြည့်။
သူ့အနားသို့ အမှတ်မထင်ရောက်လာသည့် နောင်ရိုးကြောင့် ထိန်လင်း လန့်သွားကာ ဘာမှမသိဟန်မေးလေသည်။မေးပုံကိုးက ရိုက်ပစ်ချင်စရာ။ ဒီကောင်ထိန်လင်းကို ဖြစ်နိုင်ရင် အမှုန့်ကြိတ်ပစ်ချင်တော့သည်။
"ဟေ့ကောင် ခုမှ မသိချင်ေယာင် ဆောင်မနေနဲ့ "
"ဘာကိုလဲ"
"ထိန်လင်း မင်းနော် ဥပုသ်စောင့်သွားမယ့်လူကို ရေပက်ခိုင်းတာ မင်းငရဲကြီးမှာ မကြောက်ဘူးလား"
"ငရဲကြီးတော့ ငရဲလေးနိုင်တာပေါ့ကွာ"
"မင်း ပေါက်ကရမပြောနဲ့နော် ဟေ့ကောင်
ပြော မင်းဘာလို့ ရေအတင်းပက်ခိုင်းရတာလဲ"
စိတ်ဆိုးနေဟန်တူသည့်နောင်ရိုးသစ်မျက်နှာလေးသည် နီစွေးနေသည်။ ဒီကောင် နောင်ရိုး အတော်စိတ်ဆိုးနေတာနေမှာ။
ဥပုသ်သီလဆောက်တည်ဖို့ သွားမယ့်လူကို
ဘယ်သူက ဖျက်ချင်မှာလဲ နောင်ရိုးရာ။
ဒါပေမယ့် ဒီနှစ်သင်္ကြန်တော့ ငါမင်းနဲ့အတူ ရေကစားချင်လို့ လုပ်ခိုင်းလိုက်တာပါလို့ပြောရင် "ခွေးကောင်"လို့ အော်ဆဲဦးမလား....။
"ပြောလေ ဟေ့ကောင်"
"ဘာမှမဖြစ်ပါဘူး ဥပုသ်သီလဆောက်တည်တယ်ဆိုတာ ဘယ်အချိန်စောင့်စောင့် စောင့်လို့ရပါတယ်ကွာ သင်္ကြန်ဆိုတာမျိုးက တစ်နှစ်မှ တစ်ခါသာ ကြုံရတာလေကွာ ပြီးတော့ သင်္ကြန်ဆိုတာ ရေပက်မှ သင်္ကြန်ဆိုတဲ့ အရသာပေါ်မှာပေါ့ကွ မဟုတ်ဘူးလား"
"မဟုတ်ပါဘူး."
"ဟောဗျာ..ဘာလဲ မင်းက ငါ့ကို စိတ်ဆိုးနေဝာလား"
"မဆိုးဘူး.."
"ဘာလဲ စိတ်မဆိုးဘူး ကျွဲမြီးတိုတယ်လား ဟား ..ဟား..."
"ဟေ့ကောင် မင်းနော်.."
"မင်းနဲ့အတူ ရေကစားချင်လို့ပါကွာ မင်းက ဥပုသ်စောင့်သွားတော့ ငါတစ်ယောက်တည်းကျန်ခဲ့မှာလေကွာ..ပြီးတော့.."
"ပြီးတော့ ဘာဖြစ်လဲ "
"ဟိုကောင်သီဟလည်း ဘုန်းကြီးကျောင်းသွားတယ်လေ မင်းကို သီဟနဲ့ ခေါ်တာပြောတာ နှုတ်ဆက်တာ ငါမမြင်ချင်ဘူး.. "
အဓိကအချက်အချာကျသည့် အဖြေသည် ယခုမှပင် အန်ထွက်လာလေတော့သည်။
ဒါ သဝန်တိုခြင်းတစ်မျိုးလား ထိန်လင်း..။
သူငယ်ချင်းဆိုတဲ့ အဖြူရောင်စည်းဘောင်ထဲကနေ သဝန်တိုခွင့်ဆိုတာမျိုးရော ရှိလား...
ငါသိချင်တယ် ထိန်လင်း။
"နောင်ရိုး.."
"ဘာလဲ "
"မျက်နှာကြီး စူပုပ်မနေပါနဲ့ကွာ လှလည်းလှပဲနဲ့.."
"ခွေးကောင်"
ခပ်တိုးတိုးဆဲမိသည်။ စောစောက စိတ်အဆိုးကြီးဆိုးနေခဲ့မိသော နီစွေးေစွးမျက်နှာသည်လည်း ယခုဝယ် မျက်နှာပေါ်တွင် အပြုံးပန်းတစ်ပွင့် ချက်ချင်းပင် ပွင့်ဖူးလာသည်။
သကောင့်သား ထိန်လင်းအောင်ကြောင့်ပင်သင်္ကြန်အကြိုနေ့ ဥပုသ်မစောင့်ဖြစ်တော့ပေ။ထိန်လင်းအောင်ကြောင့်ပင် နောင်ရိုးသစ်တစ်ယောက် ရွာလယ်လမ်းမရှိ ရေကစားမဏ္ဍပ်တွင် နှစ်သစ်ကူးအတာရေသဘင်ပွဲတော်ကို အနှီကောင်လေးနှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းရလေတော့သည်။
*************
-သင်္ကြန်အကျနေ့
"တောင့်ထားဟေ့ တောင့်ထားဟ..."
လက်ခုပ်ဩဘာသံများက သောသောညံနေသည်။ အားပေးသံများကလည်း ဟိန်းထွက်နေသည်။
ရွာအလယ်တွင်ရှိနေကြသော လူပရိတ်သတ်တို့၏ မျက်လုံးများသည် ချွေးသံရွဲရွဲနှင့် ကြိုးစားကာ ဝါးလုံးအရှည်ကြီး၏ အထက်ဖျားဆီသို့ တက်လှမ်းနေသော ကောင်ငယ်လေးဆီသို့ စုပြုံရောက်နေကြသည်။
"ဟာကွာ"
ထင်ထားသည့်အတိုင်းဖြစ်မလာဘဲ
တိုင်အထက်သို့ရောက်လုခါနီးမှ ပြန်လျှောကြသွားသော ထိုလူငယ်လေးနှင့် ထိုလူငယ်လေးအား အဆင့်ဆင့် ပခုံးပေါ်တင်ကာ အချိန်အတော်ကြာအောင် တောင့်ခံထားခဲ့ကြသည့် လူငယ်လေးများအတွက် ကြိတ်မနိုင်ခဲမရဖြစ်နေကြသည်။
"နောက်ထပ် တက်မယ့်အဖွဲ့ရှိသေးလား.."
ကာလသားခေါင်းမှ ခပ်ကျယ်ကျယ်ဖြင့် အော်လိုက်၍ နောက်ထပ်လျှောတိုင်တက်ကြမည့် လူငယ်လေးများ လူအုပ်ထဲမှ ထွက်လာသည်။
ငချစ်၊ ဖိုးတုတ်၊ ကိုဖိုးထောင်တို့သုံးယောက် ဦးစွာထွက်လာကြလေသည်။ ငချစ်နှင့်ဖိုးတုတ်သည်နောင်ရိုးသစ်နှင့် အတန်းတူ သူငယ်ချင်းများဖြစ်ကြသည်။ကျောင်းဆက်မတက်ကြပဲ တောအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကြရသူတွေမို့ ခန္ဓာကိုယ်များမှာ ကျစ်လျစ်ကာ ထွားကျိုင်းသန်မာလှသည်။
"တစ်ယောက်လိုသေးတယ်ကွ..."
ကာလသားခေါင်းမှ လူတစ်ယောက်လိုသေးသည်ဖြစ်ကြောင်း အော်ပြောလေသည်။
"ကျွန်တော် ပါမယ်"
အသံလာရာဆီသို့ ငဲ့စောင်းကာကြည့်မိတော့ ဟိုလောရှည်ကောင် ထိန်လင်းဖြစ်နေသည်။
ဒီကောင်ဟာလေ ပါလေရာ ပဲခူးဆား။
သူ မပါသည့်နေရာမရှိသလောက်ပဲ။ယခုလည်း လျှောတိုင်တက်ဦးမတဲ့။
ခါးတောင်းကိုမြောင်အောင်ကျိုက်ထားပြီး အပေါ်ပိုင်းအင်္ကျီမပါ အဝတ်ဗလာနှင့်ဖြစ်သည်။ စေ့စေ့စပ်စပ်ကြည့်မိမှ ထိန်လင်းခန္ဓာကိုယ်သည် မိမိနှင့် လားလားမျှ မတူပေ။ကြွက်သားအနည်းငယ်ဖြင့် ထွားကျိုင်းလှသည့်ဟန်ရှိသည်။
"မင်းတို့လေးယောက်နော်"
"ဟုတ်တယ်"
ဒီတစ်ခါ လျှောတိုင်တက်ကြမည့် လူငယ်များမှာ ထိန်လင်း၊ ဖိုးထောင် ၊ ဖိုးတုတ်နှင့် ငချစ်တို့
လေးယောက်ဖြစ်သည်။
သင်္ကြန်ရောက်သည့်အခါ ပျော်ပွဲရွှင်ပွဲ အနေဖြင့် လျှောတိုင်တက်ပွဲကျင်းပသည်မှာ အစဉ်အလာဖြစ်သည်။လျှောတိုင်တက်ရသည့် အလုပ်သည် ထင်သလောက်မလွယ်ကူလှပေ။ရွာမှာ တန်ခူးလရောက်၍ လျှောတိုင်တက်ပွဲပြုလုပ်သည့်အခါတိုင်း ပန်းဝင်ကာ ဆုတော်ငွေရရှိတဲ့သူက ရှားပါးသည်။
"အလွယ်တကူ မရနိုင်အောင်လည်း တမင်တကာလုပ်ထားကြတာကိုးကွ"ဟု၍ အစချီကာ
လျှောတိုင်တက်ပွဲ အကြောင်းအား
ဦးလေးဦးလှေမာင်သည် စေ့စေ့စပ်စပ်
ပြောပြဖူးသည်။
လျှောတိုင်တက်ပွဲမကျင်းပမီ သုံးလေးရက်ခန့်အလိုကပင် တောတက် ဝါးခုတ်ကြသည်။ အရှည်ဆုံးဟုဆိုရလောက် ရှည်လျားသည့် စိမ်းစိုစိုဝါးလုံးတစ်လုံးအား ရွေးချယ်ခုတ်ယူကြသည်။
ပြီးနောက် ဝါး၏ ဘေးပတ်ပတ်လည်တွင် မသိသာလှသော အပေါက်ငယ်လေးများဖောက်ထားကြသည်။
လျှောတိုင်တက်ပွဲကျင်းပသည့်နေ့တွင် ထိုဝါးလုံးအား မတ်မတ်စိုက်ထူကာ ဝါးလုံး၏အောက်ခြေနားတွင် စပါးခွံများအား ဖြန့်ကျဲထားသည်။ ဝါးလုံးထိပ်တွင် ဆုတော်ငွေအား အလံသဖွယ်စိုက်ထားသည်။ ပြီးမှ ဝါးလုံးထိပ်မှစ၍ ကြိုတင်ကာဖောက်ထားသည့် အပေါက်ငယ်များအကြားထဲသို့ ဝက်ဆီများ လောင်းထည့်ကြသည်။ လျှောတိုင်တက်သည့်လူငယ်များ အားကြိုးမာန်တက် ကြိုးစားကြသည့်အခါတိုင်း ဆီချော်၍ ပြုတ်ကျစေရန်ဖြစ်သည်။
"ကဲ ဒါဆိုစမယ်ဟေ့...ရယ်ဒီ ဝမ်း တူး သရီး"
ကာလသားခေါင်း၏ တိုင်ပင်အော်သံဆုံးသည်နှင့် ကိုဖိုးေထာင်သည် အောက်ခြေတွင် ဆောင့်ကြောင့်ထိုင်ချကာ သူ့ပခုံးပေါ်သို့ ဖိုးတုတ်အားတက်စေသည်။ ဖိုးတုတ် ပခုံးပေါ်ရောက်သည်နှင့် ကိုကြီးဖိုးထောင်သည် ဝါးလုံးကို အားပြုကိုင်းရင်း မတ်တပ်ရပ်လေသည်။ ထို့နောက် ငချစ်ကို တက်ေစသည်။
ငချစ်တစ်ယောက် ဖိုးတုတ်ပခုံးပေါ်သို့ ရောက်သည်နှင့် တစ်ကောင့်သား ထိန်လင်းတက်ရန်ပြင်တော့သည်။
"လုပ်ထားကွ လုပ်ထား"
ဩဘာသံများက ညံနေတော့သည်။
ထိန်လင်းတစ်ယောက် ကိုဖိုးထောင်ပခုံးပေါ်မှစ၍ ငချစ်ပခုံးပေါ်အထိ အဆင့်ဆင့်တက်သွားလေသည်။ လူလေးဆင့်ဖြစ်သွားသည်။
အပေါ်မှလူသုံးယောက်အား ထမ်းကာ
တောင့်ခံထားရသော ကိုဖိုးေထာင်သည်
လူသုံးယောက်အား ထမ်းထားရသည်ဖြစ်၍
ချွေးများပင် ပြိုက်ပြိုက်ကျနေလေပြီ။
အပေါ်ဆုံးနေရာတွင် နေရာယူထားသော ထိန်လင်းသည် ခြေဖျားအနည်းငယ်ထောက်ကာ ဝါးလုံး၏ထိပ်တွင် လေပြေအေးတိုက်သည့်အခါတိုင်း တဖျတ်ဖျတ် လွှင့်နေသော ဆုတော်ငွေအလံလေးအား ကြိုးစားယူသော်လည်း မရချေ။လှမ်းမမှီနိုင်ဖြစ်နေသည်။
တစ်ခါတခါ ပြုတ်ကျမယောင်ဖြစ်သွားသောကြောင့် ဝါးလုံးရှည်အား အားပြုကာ ကိုင်ထားရလေသည်။ထိုသို့ ဝါးလုံးရှည်အား ကိုင်တွယ်ဖက်ကာ လှုတ်ခတ်မိလေ အထဲတွင် ရှိနေသော ဝက်ဆီများက စိမ့်ထွက်လာလေဖြစ်သောကြောင့် အတော်နှင့်တက်မရနိုင်ဖြစ်ကာ
ပြန်လျှောကျေလသည်။
ဟူး။
စိတ်ဝင်တစားကြည့်နေမိသော နောင်ရိုးပင်လျှင် အတော် ရင်မောလာပြီဖြစ်သည်။
ဆုတော်ငွေထက် အထက်ဆုံးနေရာတွင် ရှိနေသော သကောင့်သားထိန်လင်းအား အောက်သို့ ပြုတ်ကျမည်လည်း စိုးရပြန်သည်။
"ဟေ့ကောင် မရသေးဘူးလားကွာ"
အောက်မှ ထမ်းပိုးထားရသည့် ကိုဖိုးေထာင်၏ စိတ်မရှည်သည့်အသံက ဟိန်းထွက်လာသည်။
"မရသေးဘူး နည်းနည်းလိုနေသေးတယ်.."
"ဟေ့ကောင် ငချစ် မင်းလက်မြှောက်ကွာ.."
ငချစ်သည် ထိန်လင်းအား ပခုံးပေါ်ထမ်းတင်ထားရာမှ ချက်ချင်းပင် ပုံစံပြောင်းလိုက်သည်။
လက်နှစ်ဖက်အားဖြန့်ကာ မြှောက်လျက်အနေထားဖြင့် အပေါ်သို့မြှောက်ကာ ထိုလက်နှစ်ဖက်ပေါ်သို့ ထိန်လင်းကို တက်စေပြန်သည်။
ရွာထဲမှ လူပရိတ်သတ်၏ အာရုံသည် ငချစ်နှင့် ထိန်လင်းဆီမှာသာ ရှိနေကြသည်။ ပြုတ်၍
ကျမှာ စိုးရိမ်နေကြသည်။
ထိန်လင်းတစ်ယောက် ငချစ် လက်ဖဝါးများပေါ်သို့ ဖြည်းဖြည်းချင်းတက်သွားပြီး အလံအား ယူရန် ကြိုးစားအားထုတ်နေလေသည်။
"ဟေး ရပြီကွ"
အော်သံနှင့်အတူ လက်ထဲမှ ဆုတော်ငွေအလံလေးအား ဝေ့ကာယမ်းကာဖြင့်
အောင်နိုင်သူကြီးပမာ အောင်ပွဲခံနေသည့် ထိန်လင်းကို ကြည့်ကာ မျက်ဝန်းအိမ်မှ မျက်ရည်စလေးများသည် ပါးပြင်ပေါ်သို့ ရီးလေးခိုကာ စီးကျလာေလသည်။
ပျော်လွန်း၍ကျမိသည့် မျက်ရည်ပါ။
တစ်ချိန်လုံး ပြုတ်ကြမှာ စိုးရိမ်နေခဲ့ရသည့်
စိတ်အတွေးတို့သည် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရတော့သည်။
မင်းပျော်တာမြင်တော့ ငါလည်း ပျော်ရတာပေါ့ သူငယ်ချင်းရာ....။
မင်း အောင်မြင်တဲ့အချိန်တိုင်း ငါက လက်ခုပ်တီးပြီး အားပေးနေမယ့်သူမျိုး။
(၂၀၊၈၊၂၀၂၁)
Zawgyi Version
"ျမဴးႂကြတဲ့ ေတးသံပ်ံ့လြင္လို႔ေန ကူးေျပာင္းစ တန္ခူးေလမွာ တစ္ေယာက္တစ္လွည့္မို႔ လွမ္းကာ ဖ်န္းပက္ၾကစဥ္...ပိေတာက္ဖူးေလးေတြပန္ဆင္ထားသူေရ....."
သၾကၤန္မင္းသားႀကီးဟု တင္စားေခၚေဝၚခံရေလာက္ေအာင္ပင္ သၾကၤန္သီခ်င္းမ်ားသီဆိုခဲ့သူ အဆိုေတာ္ႀကီး ေဇာ္ဝမ္း၏ သၾကၤန္မိုးသီခ်င္းသံကို အိမ္ေရွ႕ကြပ္ပ်စ္ေပၚမွ ေရဒီယိုေလးမွ တစ္ဆင့္အတိုင္းသား ၾကားေနရေလသည္။
ဘာလိုလိုႏွင့္ သၾကၤန္အႀကိဳေန႕ေတာင္ ေရာက္ပါပေကာလား။ သၾကၤန္ဆိုသည္မွာ ျမန္မာတို႔၏ ႏွစ္သစ္ကူးပြဲေတာ္လည္းျဖစ္သည္။ ျမန္မာ့ယဥ္ေက်းမႈအရ ႏွစ္ေဟာင္းမွအညစ္အေၾကးမ်ားကို ႏွစ္သစ္ကူးေျပာင္းေသာ အတာသၾကၤန္တြင္ ေရပက္ဖ်န္းကာ အညစ္အေၾကးမ်ား ေဆးေၾကာၾကသည္ဟု အေမေျပာျပဖူးေလသည္။
ဒီႏွစ္ သၾကၤန္က်တာ ျမန္ဆန္လြန္းသည္ဟု ေနာင္ရိုး ထင္မိသည္။ အင္းေလ အရင္ႏွစ္ေတြကဆို ႏြေေက်ာင္းပိတ္ရက္ဆို အၾကာႀကီးေနရေသးတယ္။ခုက ဆယ္တန္းစာေမးပြဲေျဖၿပီးတာႏွင့္ ဘယ္ေလာက္မွ မၾကာလိုက္ သၾကၤန္ေရာက္သြားေရာ။
"သားေရ မၿပီးေသးဘူးလား.."
အိမ္ေရွ႕မွ အေမ၏ ေအာ္ေျပာသံေၾကာင့္ ေနာင္ရိုးသစ္အေတြးေလးတစ္ခ်ိဳ႕သည္ ခ်က္ခ်င္းပင္ ေရေငြ႕လို ေပ်ာက္ျပယ္သြားေလသည္။ သၾကၤန္အႀကိဳေန႕မွာ ေရမကစားေတာ့ပဲ အေမတို႔ ဦးေလးတို႔ႏွင့္အတူ ဥပုသ္ေစာင့္လိုက္မည္ဟု ေျပာထားေသာေၾကာင့္ အေတာ္ၾကာေနေသာ ေနာင္ရိုး သတိေပးခံလိုက္ရျခင္းျဖစ္သည္။
"လာၿပီ အေမ.."
ေနာင္ရိုးသစ္ ပါးစပ္ကသာ လာၿပီဟု အလြယ္ေျပာလိုက္ရေပမယ့္ ခုထိ အကၤ်ီမလဲရေသး။ ထို႔ေၾကာင့္ မေန႕ကတည္းက ေကာ့ျပန္ေနေအာင္ မီးပူတိုက္ထားသည့္ စတစ္အကၤ်ီလက္ရွည္အျဖဴေလးအား ေ႐ြးဝတ္လိုက္သည္။ ထို႔ေနာက္ ပုဆိုးအကြက္ႏုတ္ေလးအား သပ္ရပ္စြာ ဝတ္ရင္း
အိမ္ေရွ႕သို႔ ထြက္လာခဲ့လိုက္သည္။
"ၿပီးၿပီ အေမ သြားရေအာင္"
"အမေလးေတာ္ ထြက္လာေတာ့လည္း ဒီပုံပါပဲ"
"ေမေမကလည္း ကိုကိုက ဒီေလာက္ေခ်ေနတာကိုး"
ျဖဴႏွင္းေဖြး အေျပာကို ေနာင္ရိုးသစ္ သေဘာက်စြာ ၿပဳံးမိပါသည္။
"ညည္းအစ္ကို ျပင္ေနလိုက္တာက အၾကာႀကီး။ ေကာင္ေလးေနာ္ လူပ်ိဳလုပ္ခ်င္ေနၿပီလား.."
"ဟာ မဟုတ္ပါဘူး အေမရာ"
အေမ၏ စစေနာက္ေနာက္ျဖင့္ ေျပာလိုက္သည့္ စကားေၾကာင့္ ေနာင္ရိုးသစ္ စိတ္တြင္ရွိန္းတိန္းတိန္းျဖစ္ကာ နား႐ြက္ကေလးမ်ား ပူလာသေယာင္ထင္ရသည္။
"ခင္ကလည္းကြာ သားကို မစ ပါနဲ႕ ဟိုမွာသားကိုၾကည့္ဦး မ်က္ႏွာႀကီးနီရဲေနၿပီ..."
ဦးေလး ေျပာစကားေၾကာင့္ ေယာင္ယမ္းကာပင္ မ်က္ႏွာကေလးအားစမ္းလိုက္မိေလသည္။
ခက္ပါေရာဗ်ာ။
အခ်ိန္ေလးၾကာမိတာနဲ႕ အေမနဲ႕ဦးေလးမ်က္လုံးထဲ ကိုယ္ကလူပ်ိဳျဖန္းျဖစ္ရၿပီ။
"ကဲ သြားၾကရေအာင္ေဟ့"
ေနာင္ရိုးသစ္ အိမ္တံခါးမ်ားအား ေသာ့ခတ္ကာ အေနာက္မွလိုက္လာခဲ့ေလသည်။အမေ၊ဦးလေးနှင့် ညီမေလးကေတာ့ အေရွ႕မွ သြားႏွင့္ေလၿပီ။ အိမ္တံခါးေလးအား ေသာ့ခတ္ၿပီးသည္ႏွင့္ ေနာင္ရိုးသစ္ အိမ္ၿခံဝန္းထဲမွ ထြက္လာခဲ့သည္။
"ကိုႀကီးေနာင္ရိုးကို ေရပက္မယ္ ကိုႀကီးေနာင္ရိုးကို ေရပက္ၾကမယ္ေဟ့"
႐ြာအလယ္လမ္းမ ေပၚမွ ကေလးတစ္သိုက္သည္ ေနာင္ရိုးသစ္ကို ျမင္သည္ႏွင့္ ေရပက္ဖို႔ တာေဆာ္ေနၾကသည္။
ေရပက္ရန္ ေျပးလာၾကေသာ ကေလးတစ္သိုက္အား တားရန္ျပင္ရေလသည္။
"ေဟ့ ေဟ့ မပက္ရဘူးေလကြာ ငါက ဥပုသ္ေစာင့္သြားမွာ မင္းတို႔ေရပက္လိုက္လို႔ ေရေတြစိုသြားရင္ ဘုန္းႀကီးေက်ာင္းသြားရမွာ မဟုတ္ဘူး ဒါဆို မင္းတို႔ေကာင္ေတြ ငရဲႀကီးမွာေပါ့ကြ"
ေရပက္ရန္ကိုပင္ အားစိုက္ေနၾကေသာ ကေလးတစ္သိုက္အား ေနာင္ရိုးသစ္ နားဝင္ေအာင္ေဖ်ာင္းဖ်ရေလသည္။
ေနာင္ရိုးစကားေၾကာင့္ အဖြဲ႕ေခါင္းေဆာင္ျဖစ္ဟန္တူသည့္ ဂ်စ္တူးတစ္ေယာက္ စဥ္းစားဟန္ျပဳၿပီးမွ
"ကိုႀကီးေနာင္ရိုးကလည္းဗ်ာ သၾကၤန္ပါဆို ေရပက္တဲ့သူက ငရဲႀကီးေသးလားဗ် အတာသၾကၤန္ဆိုတာ ေရပက္ဖ်န္းတဲ့လပဲတဲ့ ဗိုက္ႀကီးမကလြဲၿပီး ဘယ္သူ႕ကို ပက္ပက္ ငရဲမႀကီးဘူးတဲ့.."
ဪ ကိုတတ္ပါ့ရယ္။
ဘယ္လိုေျပာေျပာ မရပါလား။ ေနာင္ရိုးသစ္ စိတ္အိုက္လာကာ နားထင္ေလးအား လက္ညိုးျဖင့္ ခပ္ျဖည္းျဖည္းကုတ္ကာ စဥ္းစားခန္းထုတ္ရေတာ့သည္။ ဒီေန႕ ဒီေကာင္ေတြလက္ထဲက လြတ္ပါ့မလား မသိ။
အေမႏွင့္ဦးေလးကလည္း အေရွ႕ကိ အေတာ္ေရာက္ေနေလၿပီ။
ျဖဴႏွင္းေဖြးသည္လည္း အေနာက္သို႔ပင္ လွည့္မၾကည့္။ေမေမလက္အား ဟန္ပါပါခ်ိတ္ရင္း ဘုန္းႀကီးေက်ာင္းရွိရာဆီသို႔ သြားေနေလသည္။
ဂ်စ္တူးတို႔အဖြဲ႕အား မည္သို႔ ေျပာရမည္ကို ေနာင္ရိုးသစ္စဥ္းစားရေလသည္။
"ဂ်စ္တူး မင္းကလိမၼာပါတယ္ကြာ မင္းေကာင္ေတြကိုလည္း မင္းတားလို႔ရပါတယ္။ ဒီလိုလုပ္ကြာ ခု မပက္နဲ႕ဦး ဥပုသ္ေစာင့္ကျပန္လာရင္ ငါ့ကို မင္းတို႔ႀကိဳက္သလိုပက္ကြာ ခုမပက္နဲ႕ဦး"
ေရပက္သည့္ ကေလးအဖြဲ႕ေခါင္းေဆာင္ ဂ်စ္တူးသည္ အတန္ငယ္ၾကာေအာင္ စဥ္းစားျပဳျပန္သည္။
ၿပီးမွ
"မရဘူးဗ်ာ ပက္ရမွာပဲ ကြၽန္ေတာ္တို႔အဖြဲ႕ ဒီေန႕တစ္ေယာက္မွကိုး ေရမပက္ရေသးဘူး"
ဟိုက္ ေသပါေရာကြာ။
"ဒါဆို ဒီလိုလုပ္ကြာ ခု ငါက ဥပုသ္ေစာင့္သြားမယ္ မင္းတို႔ေတြ ငါ့ကို ေရမပက္ၾကနဲ႕ဦး။ ငါက ညေနၾကရင္ မင္းတို႔ကို ခ်ိဳခ်ဥ္ဝယ္ေကြၽးမယ္ကြာ ဘယ္လိုလဲ"
"ခ်ိဳခ်ဥ္မႀကိဳက္ပါဘူး ကြၽန္ေတာ္တို႔အဖြဲ႕ကေတာ့ ကိုႀကီးေနာင္ရိုးကို ေရပက္ရမွာ ပက္ကိုပက္ရမွာ"
"ေဟ...မင္းတို႔ေတြက ငါ့ကိုပဲ ဘာလို႔ ဒီေလာက္ပက္ခ်င္ေနၾကတာတုန္း"
"ကိုႀကီး ထိန္လင္းက ပက္ခိုင္းတာဗ် ကိုႀကီးေနာင္ရိုးကို ေရစိုေအာင္ ပက္နိုင္ရင္ ကြၽန္ေတာ္တို႔အဖြဲ႕ကို ခ်ိဳခ်ဥ္လည္းဝယ္ေကြၽးမယ္ အုန္းကပ္ေစးလည္း ဝယ္ေကြၽးမယ္တဲ့ ၿပီးေတာ့ ေမွ်ာ့ကြင္း(သားေရကြင္း)လည္း ဝယ္ေပးမယ္တဲ့"
"ဟာ.."
"ေဟ့ေကာင္ေတြ ေရပက္ၾကမယ္ေဟ့.."ဟုညာသံေပးကာ ေရဝိုင္းပက္မႈေၾကာင့္ ေနာင္ရိုးသစ္ ေရွာင္တိမ္းရန္ စဥ္းစားေနသည့္အခိုက္မွာပင္ တစ္ကိုယ္လုံး ေရေတြ႐ြဲ႐ြဲစိုသြားသည္။
ေနာက္ဆုံးေတာ့ ဂ်စ္တူးတို႔အဖြဲ႕၏ လက္ထဲမွ ေနာင္ရိုးသစ္ မလြတ္ေျမာက္နိုင္ေတာ့ေပ။
အင္း....အုန္းကပ္ေစး တန္ခိုးေတာ္ေတာ္
ႀကီးတာပဲ။
ဒီငနာ ထိန္လင္း။
ေတြ႕ၾကဦးမယ္ေပါ့ကြာ။
"အဲ့ေကာင္ထိန္လင္း ဘယ္မွာလဲ ဂ်စ္တူး"
"ဟိုနားမွာ ပုန္းေနတယ္"
ကေလးေတြဆိုေတာ့လည္း ရိုက္စစ္စရာမလို ညာမေျဖတတ္ၾကေပ။အမှန်တိုင်းပြောကြသည်။
ဂ်စ္တူး လက္ညိုးထိုးျပေသာ ေနရာေလးဆီသို႔ ေနာင္ရိုးသစ္ ေျခလွမ္းမ်ားသည္ အလိုလိုေရာက္သြားသည္။
"ေဟ့ေကာင္"
"ဟာ ေဟ့ေကာင္ ေနာင္ရိုး မင္းက အဝတ္အစားအသစ္ေတြဝတ္ၿပီး ေရပက္ခံထြက္ေနတာလား ခုေရာ ဘယ္သြားမလို႔လဲ..."
ၾကည့္။
သူ႕အနားသို႔ အမွတ္မထင္ေရာက္လာသည့္ ေနာင္ရိုးေၾကာင့္ ထိန္လင္း လန႔္သြားကာ ဘာမွမသိဟန္ေမးေလသည္။ေမးပုံကိုးက ရိုက္ပစ္ခ်င္စရာ။ ဒီေကာင္ထိန္လင္းကို ျဖစ္နိုင္ရင္ အမႈန႔္ႀကိတ္ပစ္ခ်င္ေတာ့သည္။
"ေဟ့ေကာင္ ခုမွ မသိခ်င္ေယာင် ေဆာင္မေနနဲ႕ "
"ဘာကိုလဲ"
"ထိန္လင္း မင္းေနာ္ ဥပုသ္ေစာင့္သြားမယ့္လူကို ေရပက္ခိုင္းတာ မင္းငရဲႀကီးမွာ မေၾကာက္ဘူးလား"
"ငရဲႀကီးေတာ့ ငရဲေလးနိုင္တာေပါ့ကြာ"
"မင္း ေပါက္ကရမေျပာနဲ႕ေနာ္ ေဟ့ေကာင္
ေျပာ မင္းဘာလို႔ ေရအတင္းပက္ခိုင္းရတာလဲ"
စိတ္ဆိုးေနဟန္တူသည့္ေနာင္ရိုးသစ္မ်က္ႏွာေလးသည္ နီေစြးေနသည္။ ဒီေကာင္ ေနာင္ရိုး အေတာ္စိတ္ဆိုးေနတာေနမွာ။
ဥပုသ္သီလေဆာက္တည္ဖို႔ သြားမယ့္လူကို
ဘယ္သူက ဖ်က္ခ်င္မွာလဲ ေနာင္ရိုးရာ။
ဒါေပမယ့္ ဒီႏွစ္သၾကၤန္ေတာ့ ငါမင္းနဲ႕အတူ ေရကစားခ်င္လို႔ လုပ္ခိုင္းလိုက္တာပါလို႔ေျပာရင္ "ေခြးေကာင္"လို႔ ေအာ္ဆဲဦးမလား....။
"ေျပာေလ ေဟ့ေကာင္"
"ဘာမွမျဖစ္ပါဘူး ဥပုသ္သီလေဆာက္တည္တယ္ဆိုတာ ဘယ္အခ်ိန္ေစာင့္ေစာင့္ ေစာင့္လို႔ရပါတယ္ကြာ သၾကၤန္ဆိုတာမ်ိဳးက တစ္ႏွစ္မွ တစ္ခါသာ ႀကဳံရတာေလကြာ ၿပီးေတာ့ သၾကၤန္ဆိုတာ ေရပက္မွ သၾကၤန္ဆိုတဲ့ အရသာေပၚမွာေပါ့ကြ မဟုတ္ဘူးလား"
"မဟုတ္ပါဘူး."
"ေဟာဗ်ာ..ဘာလဲ မင္းက ငါ့ကို စိတ္ဆိုးေနဝာလား"
"မဆိုးဘူး.."
"ဘာလဲ စိတ္မဆိုးဘူး ကြၽဲၿမီးတိုတယ္လား ဟား ..ဟား..."
"ေဟ့ေကာင္ မင္းေနာ္.."
"မင္းနဲ႕အတူ ေရကစားခ်င္လို႔ပါကြာ မင္းက ဥပုသ္ေစာင့္သြားေတာ့ ငါတစ္ေယာက္တည္းက်န္ခဲ့မွာေလကြာ..ၿပီးေတာ့.."
"ၿပီးေတာ့ ဘာျဖစ္လဲ "
"ဟိုေကာင္သီဟလည္း ဘုန္းႀကီးေက်ာင္းသြားတယ္ေလ မင္းကို သီဟနဲ႕ ေခၚတာေျပာတာ ႏႈတ္ဆက္တာ ငါမျမင္ခ်င္ဘူး.. "
အဓိကအခ်က္အခ်ာက်သည့္ အေျဖသည္ ယခုမွပင္ အန္ထြက္လာေလေတာ့သည္။
ဒါ သဝန္တိုျခင္းတစ္မ်ိဳးလား ထိန္လင္း..။
သူငယ္ခ်င္းဆိုတဲ့ အျဖဴေရာင္စည္းေဘာင္ထဲကေန သဝန္တိုခြင့္ဆိုတာမ်ိဳးေရာ ရွိလား...
ငါသိခ်င္တယ္ ထိန္လင္း။
"ေနာင္ရိုး.."
"ဘာလဲ "
"မ်က္ႏွာႀကီး စူပုပ္မေနပါနဲ႕ကြာ လွလည္းလွပဲနဲ႕.."
"ေခြးေကာင္"
ခပ္တိုးတိုးဆဲမိသည္။ ေစာေစာက စိတ္အဆိုးႀကီးဆိုးေနခဲ့မိေသာ နီေစြးေစွးမျက်နှာသည်လည်း ယခုဝယ္ မ်က္ႏွာေပၚတြင္ အၿပဳံးပန္းတစ္ပြင့္ ခ်က္ခ်င္းပင္ ပြင့္ဖူးလာသည္။
သေကာင့္သား ထိန္လင္းေအာင္ေၾကာင့္ပင္သၾကၤန္အႀကိဳေန႕ ဥပုသ္မေစာင့္ျဖစ္ေတာ့ေပ။ထိန္လင္းေအာင္ေၾကာင့္ပင္ ေနာင္ရိုးသစ္တစ္ေယာက္ ႐ြာလယ္လမ္းမရွိ ေရကစားမ႑ပ္တြင္ ႏွစ္သစ္ကူးအတာေရသဘင္ပြဲေတာ္ကို အႏွီေကာင္ေလးႏွင့္အတူ ေပ်ာ္႐ႊင္စြာ ျဖတ္သန္းရေလေတာ့သည္။
*************
-သၾကၤန္အက်ေန႕
"ေတာင့္ထားေဟ့ ေတာင့္ထားဟ..."
လက္ခုပ္ဩဘာသံမ်ားက ေသာေသာညံေနသည္။ အားေပးသံမ်ားကလည္း ဟိန္းထြက္ေနသည္။
႐ြာအလယ္တြင္ရွိေနၾကေသာ လူပရိတ္သတ္တို႔၏ မ်က္လုံးမ်ားသည္ ေခြၽးသံ႐ြဲ႐ြဲႏွင့္ ႀကိဳးစားကာ ဝါးလုံးအရွည္ႀကီး၏ အထက္ဖ်ားဆီသို႔ တက္လွမ္းေနေသာ ေကာင္ငယ္ေလးဆီသို႔ စုၿပဳံေရာက္ေနၾကသည္။
"ဟာကြာ"
ထင္ထားသည့္အတိုင္းျဖစ္မလာဘဲ
တိုင္အထက္သို႔ေရာက္လုခါနီးမွ ျပန္ေလွ်ာၾကသြားေသာ ထိုလူငယ္ေလးႏွင့္ ထိုလူငယ္ေလးအား အဆင့္ဆင့္ ပခုံးေပၚတင္ကာ အခ်ိန္အေတာ္ၾကာေအာင္ ေတာင့္ခံထားခဲ့ၾကသည့္ လူငယ္ေလးမ်ားအတြက္ ႀကိတ္မနိုင္ခဲမရျဖစ္ေနၾကသည္။
"ေနာက္ထပ္ တက္မယ့္အဖြဲ႕ရွိေသးလား.."
ကာလသားေခါင္းမွ ခပ္က်ယ္က်ယ္ျဖင့္ ေအာ္လိုက္၍ ေနာက္ထပ္ေလွ်ာတိုင္တက္ၾကမည့္ လူငယ္ေလးမ်ား လူအုပ္ထဲမွ ထြက္လာသည္။
ငခ်စ္၊ ဖိုးတုတ္၊ ကိုဖိုးေထာင္တို႔သုံးေယာက္ ဦးစြာထြက္လာၾကေလသည္။ ငခ်စ္ႏွင့္ဖိုးတုတ္သည္ေနာင္ရိုးသစ္ႏွင့္ အတန္းတူ သူငယ္ခ်င္းမ်ားျဖစ္ၾကသည္။ေက်ာင္းဆက္မတက္ၾကပဲ ေတာအလုပ္ေတြကို တစိုက္မတ္မတ္လုပ္ၾကရသူေတြမို႔ ခႏၶာကိုယ္မ်ားမွာ က်စ္လ်စ္ကာ ထြားက်ိဳင္းသန္မာလွသည္။
"တစ္ေယာက္လိုေသးတယ္ကြ..."
ကာလသားေခါင္းမွ လူတစ္ေယာက္လိုေသးသည္ျဖစ္ေၾကာင္း ေအာ္ေျပာေလသည္။
"ကြၽန္ေတာ္ ပါမယ္"
အသံလာရာဆီသို႔ ငဲ့ေစာင္းကာၾကည့္မိေတာ့ ဟိုေလာရွည္ေကာင္ ထိန္လင္းျဖစ္ေနသည္။
ဒီေကာင္ဟာေလ ပါေလရာ ပဲခူးဆား။
သူ မပါသည့္ေနရာမရွိသေလာက္ပဲ။ယခုလည္း ေလွ်ာတိုင္တက္ဦးမတဲ့။
ခါးေတာင္းကိုေျမာင္ေအာင္က်ိဳက္ထားၿပီး အေပၚပိုင္းအကၤ်ီမပါ အဝတ္ဗလာႏွင့္ျဖစ္သည္။ ေစ့ေစ့စပ္စပ္ၾကည့္မိမွ ထိန္လင္းခႏၶာကိုယ္သည္ မိမိႏွင့္ လားလားမွ် မတူေပ။ႂကြက္သားအနည္းငယ္ျဖင့္ ထြားက်ိဳင္းလွသည့္ဟန္ရွိသည္။
"မင္းတို႔ေလးေယာက္ေနာ္"
"ဟုတ္တယ္"
ဒီတစ္ခါ ေလွ်ာတိုင္တက္ၾကမည့္ လူငယ္မ်ားမွာ ထိန္လင္း၊ ဖိုးေထာင္ ၊ ဖိုးတုတ္ႏွင့္ ငခ်စ္တို႔
ေလးေယာက္ျဖစ္သည္။
သၾကၤန္ေရာက္သည့္အခါ ေပ်ာ္ပြဲ႐ႊင္ပြဲ အေနျဖင့္ ေလွ်ာတိုင္တက္ပြဲက်င္းပသည္မွာ အစဥ္အလာျဖစ္သည္။ေလွ်ာတိုင္တက္ရသည့္ အလုပ္သည္ ထင္သေလာက္မလြယ္ကူလွေပ။႐ြာမွာ တန္ခူးလေရာက္၍ ေလွ်ာတိုင္တက္ပြဲျပဳလုပ္သည့္အခါတိုင္း ပန္းဝင္ကာ ဆုေတာ္ေငြရရွိတဲ့သူက ရွားပါးသည္။
"အလြယ္တကူ မရနိုင္ေအာင္လည္း တမင္တကာလုပ္ထားၾကတာကိုးကြ"ဟု၍ အစခ်ီကာ
ေလွ်ာတိုင္တက္ပြဲ အေၾကာင္းအား
ဦးေလးဦးလွေမာင်သည် ေစ့ေစ့စပ္စပ္
ေျပာျပဖူးသည္။
ေလွ်ာတိုင္တက္ပြဲမက်င္းပမီ သုံးေလးရက္ခန႔္အလိုကပင္ ေတာတက္ ဝါးခုတ္ၾကသည္။ အရွည္ဆုံးဟုဆိုရေလာက္ ရွည္လ်ားသည့္ စိမ္းစိုစိုဝါးလုံးတစ္လုံးအား ေ႐ြးခ်ယ္ခုတ္ယူၾကသည္။
ၿပီးေနာက္ ဝါး၏ ေဘးပတ္ပတ္လည္တြင္ မသိသာလွေသာ အေပါက္ငယ္ေလးမ်ားေဖာက္ထားၾကသည္။
ေလွ်ာတိုင္တက္ပြဲက်င္းပသည့္ေန႕တြင္ ထိုဝါးလုံးအား မတ္မတ္စိုက္ထူကာ ဝါးလုံး၏ေအာက္ေျခနားတြင္ စပါးခြံမ်ားအား ျဖန႔္က်ဲထားသည္။ ဝါးလုံးထိပ္တြင္ ဆုေတာ္ေငြအား အလံသဖြယ္စိုက္ထားသည္။ ၿပီးမွ ဝါးလုံးထိပ္မွစ၍ ႀကိဳတင္ကာေဖာက္ထားသည့္ အေပါက္ငယ္မ်ားအၾကားထဲသို႔ ဝက္ဆီမ်ား ေလာင္းထည့္ၾကသည္။ ေလွ်ာတိုင္တက္သည့္လူငယ္မ်ား အားႀကိဳးမာန္တက္ ႀကိဳးစားၾကသည့္အခါတိုင္း ဆီေခ်ာ္၍ ျပဳတ္က်ေစရန္ျဖစ္သည္။
"ကဲ ဒါဆိုစမယ္ေဟ့...ရယ္ဒီ ဝမ္း တူး သရီး"
ကာလသားေခါင္း၏ တိုင္ပင္ေအာ္သံဆုံးသည္ႏွင့္ ကိုဖိုးေထာင်သည် ေအာက္ေျခတြင္ ေဆာင့္ေၾကာင့္ထိုင္ခ်ကာ သူ႕ပခုံးေပၚသို႔ ဖိုးတုတ္အားတက္ေစသည္။ ဖိုးတုတ္ ပခုံးေပၚေရာက္သည္ႏွင့္ ကိုႀကီးဖိုးေထာင္သည္ ဝါးလုံးကို အားျပဳကိုင္းရင္း မတ္တပ္ရပ္ေလသည္။ ထို႔ေနာက္ ငခ်စ္ကို တက္ေစသည်။
ငခ်စ္တစ္ေယာက္ ဖိုးတုတ္ပခုံးေပၚသို႔ ေရာက္သည္ႏွင့္ တစ္ေကာင့္သား ထိန္လင္းတက္ရန္ျပင္ေတာ့သည္။
"လုပ္ထားကြ လုပ္ထား"
ဩဘာသံမ်ားက ညံေနေတာ့သည္။
ထိန္လင္းတစ္ေယာက္ ကိုဖိုးေထာင္ပခုံးေပၚမွစ၍ ငခ်စ္ပခုံးေပၚအထိ အဆင့္ဆင့္တက္သြားေလသည္။ လူေလးဆင့္ျဖစ္သြားသည္။
အေပၚမွလူသုံးေယာက္အား ထမ္းကာ
ေတာင့္ခံထားရေသာ ကိုဖိုးေထာင်သည်
လူသုံးေယာက္အား ထမ္းထားရသည္ျဖစ္၍
ေခြၽးမ်ားပင္ ၿပိဳက္ၿပိဳက္က်ေနေလၿပီ။
အေပၚဆုံးေနရာတြင္ ေနရာယူထားေသာ ထိန္လင္းသည္ ေျခဖ်ားအနည္းငယ္ေထာက္ကာ ဝါးလုံး၏ထိပ္တြင္ ေလေျပေအးတိုက္သည့္အခါတိုင္း တဖ်တ္ဖ်တ္ လႊင့္ေနေသာ ဆုေတာ္ေငြအလံေလးအား ႀကိဳးစားယူေသာ္လည္း မရေခ်။လွမ္းမမွီနိုင္ျဖစ္ေနသည္။
တစ္ခါတခါ ျပဳတ္က်မေယာင္ျဖစ္သြားေသာေၾကာင့္ ဝါးလုံးရွည္အား အားျပဳကာ ကိုင္ထားရေလသည္။ထိုသို႔ ဝါးလုံးရွည္အား ကိုင္တြယ္ဖက္ကာ လႈတ္ခတ္မိေလ အထဲတြင္ ရွိေနေသာ ဝက္ဆီမ်ားက စိမ့္ထြက္လာေလျဖစ္ေသာေၾကာင့္ အေတာ္ႏွင့္တက္မရနိုင္ျဖစ္ကာ
ျပန္ေလွ်ာက်ေလသည်။
ဟူး။
စိတ္ဝင္တစားၾကည့္ေနမိေသာ ေနာင္ရိုးပင္လွ်င္ အေတာ္ ရင္ေမာလာၿပီျဖစ္သည္။
ဆုေတာ္ေငြထက္ အထက္ဆုံးေနရာတြင္ ရွိေနေသာ သေကာင့္သားထိန္လင္းအား ေအာက္သို႔ ျပဳတ္က်မည္လည္း စိုးရျပန္သည္။
"ေဟ့ေကာင္ မရေသးဘူးလားကြာ"
ေအာက္မွ ထမ္းပိုးထားရသည့္ ကိုဖိုးေထာင်၏ စိတ္မရွည္သည့္အသံက ဟိန္းထြက္လာသည္။
"မရေသးဘူး နည္းနည္းလိုေနေသးတယ္.."
"ေဟ့ေကာင္ ငခ်စ္ မင္းလက္ျမႇောက္ကြာ.."
ငခ်စ္သည္ ထိန္လင္းအား ပခုံးေပၚထမ္းတင္ထားရာမွ ခ်က္ခ်င္းပင္ ပုံစံေျပာင္းလိုက္သည္။
လက္ႏွစ္ဖက္အားျဖန့္ကာ ျမႇောက္လ်က္အေနထားျဖင့္ အေပၚသို႔ျမႇောက္ကာ ထိုလက္ႏွစ္ဖက္ေပၚသို႔ ထိန္လင္းကို တက္ေစျပန္သည္။
႐ြာထဲမွ လူပရိတ္သတ္၏ အာ႐ုံသည္ ငခ်စ္ႏွင့္ ထိန္လင္းဆီမွာသာ ရွိေနၾကသည္။ ျပဳတ္၍
က်မွာ စိုးရိမ္ေနၾကသည္။
ထိန္လင္းတစ္ေယာက္ ငခ်စ္ လက္ဖဝါးမ်ားေပၚသို႔ ျဖည္းျဖည္းခ်င္းတက္သြားၿပီး အလံအား ယူရန္ ႀကိဳးစားအားထုတ္ေနေလသည္။
"ေဟး ရၿပီကြ"
ေအာ္သံႏွင့္အတူ လက္ထဲမွ ဆုေတာ္ေငြအလံေလးအား ေဝ့ကာယမ္းကာျဖင့္
ေအာင္နိုင္သူႀကီးပမာ ေအာင္ပြဲခံေနသည့္ ထိန္လင္းကို ၾကည့္ကာ မ်က္ဝန္းအိမ္မွ မ်က္ရည္စေလးမ်ားသည္ ပါးျပင္ေပၚသို႔ ရီးေလးခိုကာ စီးက်လာေလသည်။
ေပ်ာ္လြန္း၍က်မိသည့္ မ်က္ရည္ပါ။
တစ္ခ်ိန္လုံး ျပဳတ္ၾကမွာ စိုးရိမ္ေနခဲ့ရသည့္
စိတ္အေတြးတို႔သည္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားရေတာ့သည္။
မင္းေပ်ာ္တာျမင္ေတာ့ ငါလည္း ေပ်ာ္ရတာေပါ့ သူငယ္ခ်င္းရာ....။
မင္း ေအာင္ျမင္တဲ့အခ်ိန္တိုင္း ငါက လက္ခုပ္တီးၿပီး အားေပးေနမယ့္သူမ်ိဳး။
(၂၀၊၈၊၂၀၂၁)