ဟေမန္တအလွန်

Par SuWei_Akii

210K 19.3K 546

စာရေးသူ - ဆုဝေ့ Editor - @Alex_Gryffindor Plus

စာရေးသူ၏ အမှာစာ
အခန်း ၁ ( Z + U )
အခန်း ၂ (Z + U)
အခန်း ၃ (Z + U)
အခန်း ၄ (Z + U)
အခန်း ၅ (Z + U)
✨ Announcement ✨
အခန်း ၆ (Z + U)
🎄Christmas Special Gift🎄
အခန်း ၇ (Z + U)
အခန်း ၈ (Z + U)
အခန်း ၉ (Z+U)
အခန်း ၁၀ (Z + U)
အခန်း ၁၁ (Z+U)
အခန်း ၁၂ (Z + U)
အခန်း ၁၃ (Z + U)
အခန်း ၁၄ (Z + U)
အခန်း ၁၅ (Z + U)
အခန်း ၁၆ (Z + U)
အပိုင်း ၁၇ (Z + U)
အခန်း ၁၈ (Z + U)
အခန်း ၁၉ (Z + U)
အခန်း ၂၀ (Z + U)
အခန်း ၂၁ (Z + U)
အခန်း ၂၂ (Z + U)
အခန်း ၂၃ (Z + U)
အခန်း ၂၄ (Z + U)
အခန်း ၂၆ (Z + U)
အခန်း ၂၇ (Z + U)
အခန်း ၂၈ (Z + U)
အခန်း ၂၉ (Z + U)
အခန်း ၃၀ (ဇာတ်သိမ်းပိုင်း) (Z + U)
✨ စာရေးသူ၏ ကျေးဇူးတင်လွှာ ✨
မေးချင်တာလေး ရှိလို့ပါ
21ရာစုက စော‌ယွန်းလေးက ဘာဆက်ဖြစ်သွားလဲ?
ကလေးလေးတို့ ဒါလေး ဖတ်ပေးကြပါဦး
ဟိတ် ကလေးလေးတို့ !
🚨 Book Book 🚨
About Extra
Book Update
Book Order Detail
✨ Extra ✨

အခန်း ၂၅ (Z + U)

3.7K 391 6
Par SuWei_Akii

[UNICODE]

ကြွေခွက်တစ်ခွက်က ကျယ်လောင်စွာ ကျကွဲသွားပြီး ထိုအသံက နန်းဆောင်အတွင်း လွှမ်းမိုးထားသည့် တိတ်ဆိတ်မှုကို လွှမ်းခြုံသွားသည်။ အစေခံများက ပြာပြာသလဲ ဝင်လာကြကာ ကြမ်းပြင်ပေါ်တွင် တစစီကွဲကြေနေသည့်
ကြွေခွက်အစများကို လှည်းကျင်းသိမ်းဆည်းကြသည်။

နန္ဒကား အစေခံများ၏လှုပ်ရှားမှု အစအဆုံးကို ကြည့်နေပြီးနောက် အခန်းထဲမှ ထွက်သွားကြရန် လက်ဖြင့် ဝှေ့ယမ်းပြလိုက်သည်။ နန္ဒ၏ မျက်နှာတွင် စိတ်အလိုမကျမှုက အထင်းသား ပေါ်လွင်နေပြီး ထိုင်ခုံပေါ်သို့ ပစ်လှဲကာ ထိုင်လိုက်သည်။ ပြတင်းမှတစ်ဆင့် အပြင်သို့ကြည့်ကာ မိမိဘဝကို စိတ်ပျက်နေမိသည်။ အကြောင်းမှာ သူ၏ လက်ရှိဘဝက လှောင်အိမ်ထဲမှ ငှက်တစ်ကောင်
နှင့် ထူးမခြားနားပေ။ 

အဆောင်တော်အနီးမှ အမျိုးအမည်မသိသော အပင်က ရော်ရွက်ဝါများကို ခြွေချနေပြီး
လေအဝှေ့တွင် လက်တစ်ဆစ်သာသာသေးငယ်သည့် ရွက်ဝါများက နေရာအနှံ့သို့ ပြေးလွှားနေကြသည်။ နန္ဒက ထိုရော်ရွက်ဝါများကိုပင် မနာလိုမိသည်။ တစ်ချိန်တည်းမှာပင် သန္နီမြို့တွင် စာသင်စဉ်က အချိန်ကို သတိရမိသည်။ လွတ်လပ်ပေါ့ပါးစွာ သွားလာလှုပ်ရှားနိုင်သည်ကို သဘောကျနှစ်ခြိုက်မိပြီး သူ့စိတ်တိုင်းကျ ဆုံးဖြတ်ခွင့်လည်းရခဲ့သည်။ 

နန္ဒက တဆစ်ဆစ်ကိုက်နေဆဲဖြစ်သည့် လက်ပေါ်မှ သေးငယ်သော ဒဏ်ရာကို လက်ဖြင့် အုပ်ကိုင်လိုက်သည်။ သူသည်ပင် ဤမျှ နာကျင်ရလျှင်
သုန္ဓနှင့် စောယွန်းတို့ မည်မျှနာကျင်လိမ့်မည်နည်း။ ယနေ့အထိ သုန္ဓကိုသာမက စောယွန်းကိုပါ သူရင်မဆိုင်ရဲသဖြင့် နန်းဆောင်အပြင်ဖက်ကို ခြေတစ်လှမ်းပင်မလှမ်းခဲ့ပေ။

"မင်းသား သီဟ ကြွချီလာကြောင်းပါ ။"

နန်းဆောင်အပြင်မှ သတင်းပို့သံအပြီး သီဟက အခန်းအတွင်း ဝင်လာသည်။ 

သီဟက သူ့အား စိတ်ပူပန်သော မျက်လုံးများနှင့် ကြည့်သည်။ ထိုကလေးထံတွင် အရွယ်နှင့်မမျှသည့် စူးရှသည့်မျက်လုံးများရှိသော်ငြား ယနေ့တွင်မူ သာမန် ညီတစ်ယောက်က အကိုအား ကြည့်သည့် နူးညံ့သော မျက်လုံးများသာဖြစ်သည်။

သီဟ၏ နောက်တွင် စားဖိုဆောင်မှ အစေခံတချို့ ပါလာပြီး အစားအသောက် တချို့ကိုပါ ယူဆောင်လာသည်။ 

သီဟက ခုံတွင်ထိုင်လိုက်ပြီး အစေခံများက စားပွဲပေါ်တွင် အစားအသောက်များကို ချပေးပြီး ပြန်ထွက်သွားသည်။ 

"အကိုတော် ဒဏ်ရာက ဘယ်လိုနေသေးလဲ ?"

"သက်သာပါတယ်။"

နှုတ်က သက်သာသည်ဟုဆိုသော်ငြား မျက်နှာက မကောင်းလှ။ သွက်လက်ပေါ့ပါးစွာ ပြုံးရယ်နေလေ့ရှိသူဖြစ်သောကြောင့် မျက်နှာအမူအရာပျက်ယွင်းသည်နှင့် သိသာလှသဖြင့် သီဟက အနည်းငယ် သက်ပြင်းချသည်။ 

ထို့နောက် နန္ဒ အနားသို့ ခုံကို ရွှေ့ကာ ထိုင်လိုက်ရင်း လက်ကို ကိုင်လိုက်သည်။

"အကိုတော့်ကိုလည်း ထပ်တူ စိတ်ပူပါတယ်။ အကိုတော် သုန္ဓက ဒဏ်ရာပြင်းထန်တာကြောင့်သာ ကျွန်ုပ်တို့က အာရုံပိုစိုက်မိတာပါ။"

သီဟက နန္ဒ၏ လက်မှ ပတ်တီးကို ဖြည်ရင်းပြောသည်။ 

"သည်အကိုက အဲဒီလောက် ကလေးဆန်တဲ့ပုံပေါက်နေသလား? "

နန္ဒ၏ အသံက ထူးဆန်းစွာ ဒေါသသံစွက်နေသဖြင့် သီဟ၏ လက်က အလိုအလျောက်တွန့်သွားသည်။ နန္ဒက ရုန်းထွက်သဖြင့် သီဟက သူ၏ လက်ကို အသာအယာ ပြန်ဆွဲသည်။

" ကျွန်ုပ်တို့က ငယ်ရွယ်ပါသေးတယ် ။ ကလေးဆန်တယ်ဆိုတာ ရှက်စရာမှ မဟုတ်ပဲ အကိုတော်။ ကလေးငယ်တွေက ဖြူစင်တယ်မဟုတ်လား? လူကြီးတွေလို ဟန်ဆောင်မှုကင်းမဲ့ပြီး ကိုယ်လိုချင်တဲ့အရာကို ဖော်ပြရဲတာက ကလေးဆန်တာဆိုရင် ကျွန်ုပ်ကတော့ ကလေးဆန်တာကို သဘောကျပါတယ်။ "

နန္ဒက သီဟကိုသာ ကြည့်နေမိသည်။ သီဟက
သူနှင့် မတိမ်းမယိမ်း လပိုင်းမျှသာ ကွာသည်။ သီဟ၏ မယ်တော် အနောက်နန်းမတော်မိဖုရားကြီးက သီဟ ငယ်စဉ်ကတည်းက ကံတော်ကုန်ခဲ့သဖြင့် သီဟကား အကြီးဆုံးသားတော်ဖြစ်သည့် သုန္ဓ၏ အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းလာခဲ့သည်။ သူတို့နှစ်ဦးကား ပုံမှန်အတိုင်းစီးဆင်းနေသော ချောင်းငယ်နှင့် ထိုချောင်း၏ နံဘေးတွင် တင့်တယ်စွာ ကြီးထွားနေသည့်  အပင်နှင့်တူသည်။ နှစ်ဦးစလုံးက တည်ငြိမ်အေးချမ်းပြီး ဝါသနာခြင်းကလည်း ဆင်သည်။ 

သီဟ၏ ရင့်ကျက်ပုံက သုန္ဓနှင့် အလားတူပြီး
နန္ဒကမူ သိုးဖြူများအကြားမှသိုးမည်းတစ်ကောင်သာဖြစ်သည်။ ခြံအတွင်းတွင် အတူတကွနေထိုင်ကြရပြီး တူညီသော အစားအစာကို အတူတကွ စားသောက်နေပါရက် မိမိက အခြားလူများနှင့် ကွဲပြားနေသည့်ခံစားချက်ကို ရင်ဝယ်ပိုက်ထားရသည်မှာ ခံရခက်လှသည်။

သီဟက ဒဏ်ရာကို ဆေးထည့်ကာ ပတ်တီးအသစ်လဲပေးသည်။ ထို့နောက် စားပွဲပေါ်မှ ဆန်ပြုတ်ပန်းကန်ကို ယူကာ နန္ဒထံပေးသည်။ 

"မြန်မြန်သက်သာပြီး အားရှိလာအောင် ညီတော်က ပြင်လာပေးတာပ။ "

"ကောင်းပါပြီ ။"

နန္ဒက ပြုံးမိသည်။ သည်ကလေးက သူ့အတွေးများကို သိလိမ့်မည်မဟုတ်ပေ။ သူ၏ မိမိကိုယ်ကို နိမ့်ကျသိမ်ဖျင်းသည်ဟူသော အတွေးကို သူကိုယ်တိုင်မှ တပါး မည်သူက သိလိမ့်မည်နည်း?

"ဘယ်လိုလဲ ခံတွင်းတွေ့ရဲ့လား?"

"ကောင်းပါတယ်။"

နန္ဒပြောတော့ သီဟက မျက်လုံးများမှေးသည်အထိ ပြုံးသည်။

"ဒီရက်ပိုင်း အကိုတော် ပျင်းနေမှာပဲ ကျွန်ုပ်
အားတဲ့အခါ လာအဖော်ပြုပေးပါ့မယ်။ "

"ကျွန်ုပ်ကြောင့် သက်သက်အလုပ်ရှုပ်မခံပါနဲ့။ "

"မဟုတ်တာ အကိုတော်ကလည်း-- ကျွန်ုပ်မှာ
ဘာအလုပ်မှမရှိပဲ။ "

သီဟက လက်ကာပြရင်းပြောသည်။ သူက နန္ဒ၏ သစ်သားစားပွဲပေါ်မှ တိုးနယားအရုပ်ကို ယူ၍ ကြည့်သည်။ ထို့နောက် ရုတ်တရက် ဆိုသည်။

"ကျွန်ုပ်တော့ အခုရက်ပိုင်း ကျောင်းတော်ကို လွမ်းမိတယ်။ အရင်က အကိုတော်သုန္ဓနဲ့သာ အနီးကပ်နေခွင့်ရပေမယ့် အကိုတော်နဲ့ကျတော့ အလှမ်းဝေးနေခဲ့တာမဟုတ်လား၊ အခုတော့ ပညာတော်သင် အတူသွားခဲ့ရလို့ အကိုတော်နဲ့လည်း ပိုပြီး ရင်းနှီးခဲ့ရတယ်။  "

နန္ဒက ဆန်ပြုတ်ကိုသာ ဇွန်းနှင့် မွှေနေပြီး ခေါင်းညိတ်သည်။

"နောင်ကြီးစောယွန်းကလည်း ကျွန်ုပ်တို့ အချင်းချင်း ပိုပြီးရင်းနှီးစေတဲ့ ကျေးဇူးရှင်တစ်ယောက်ပဲ။"

"အဟွတ် အဟွတ်-- "

ရုတ်တရက် နန္ဒက ဆန်ပြုတ်တစ်ဇွန်းကို သောက်နေစဉ်  သီးသွားသဖြင့်  သီဟက အလျှင်အမြန် ရေတစ်ခွက်ယူကာ ပေးသည်။ 

"အကိုတော် အဆင်ပြေရဲ့လား? "

"ပြေပါတယ် ဘာမှမဖြစ်ပါဘူး "

"လက်က နာနေသေးလို့လား ကျွန်ုပ်ခွံ့ပေးရမလား?"

"တော် --- တော် ---"

နန္ဒက ပုခုံးများတွန့်သွားကာ လက်ကာပြရင်းပြောသည်။ သီဟက သဘောကျကာ အသံထွက်အောင်ရယ်မိသည်။ 

သို့သော် နန်းဆောင် အခန်းရှေ့တွင် တစ်စုံတစ်ဦးက ရောက်ရှိနေပြီး ထိုသူ၏ အမိန့်ကြောင့် မည်သူကမျှ အသံမထွက်ရက်ပဲ နှုတ်ဆိတ်နေကြရသည်။ ထိုသူက အတန်ကြာမျှ နားထောင်နေပြီး မျက်နှာထားက တင်းမာနေကာ ထိုနေရာမှ လှည့်ပြန်သွားသည်။ အထဲမှ နှစ်ဦးက အပြင်ကို သတိမထားမိကြချေ။

"ညီတော် ။"

"မှန်လှပါ။"

"ရှေ့လျှောက် ဘာလုပ်ဖို့တွေးထားသလဲ?"

နန္ဒက သီဟ၏ အတွေးကို သိချင်၍ မေးခြင်းဖြစ်သည်။ မိမိမှာ ထိုသို့ ရွေးချယ်ခွင့်မရှိသော်လည်း သီဟသာဆိုလျှင် ဘယ်လို ရည်ရွယ်ချက်ရှိမည်ကို သိချင်သည်။ 

"ကျွန်ုပ်က နန်းတွင်းစစ်တပ်ထဲ ဝင်မလို့ အကိုတော်။ "

"စစ်တပ်!"

သီဟက ခေါင်းညိတ်ကာ ပြန်ဖြေသည်။ 

"မှန်လှပါ ၊ ကျွန်ုပ်က စစ်သူကြီး ဟန်စစ်မင်းကို အားကျတာမို့ နောင်တစ်ချိန်မှာ ကျွန်ုပ်လည်း စစ်သူကြီးလို ထက်မြတ်တဲ့ စစ်သူကြီးတစ်ယောက်ဖြစ်ချင်တယ်။ "

သီဟက နူးညံ့သော စာပေသမားအသွင်ရှိသော်ငြား ကိုယ်ခံပညာရပ်တွင် ပါရမီပါသူဖြစ်သည်။ သူသာ စစ်သူကြီးဖြစ်လျှင် မိမိအတွက် အားကိုးထိုက်လိမ့်မည် ဟု နန္ဒက တွေးမိသည်။

သို့သော် ထိုအတွေးဝင်လျှင်ဝင်ချင်း နန္ဒ၏ လက်ထဲမှ ဇွန်းက ပန်းကန်တွင်းသို့ ကျသွားသည်။ သုန္ဓမရှိလျှင် သူက ကြိမ်းသေပေါက် အိမ်ရှေ့စံဖြစ်လာလိမ့်မည်။ ထို့နောက် ခမည်းတော် မရှိသည့်အခါ သူက ရှင်ဘုရင် ဖြစ်လာလိမ့်မည်။ ထိုအခါတွင် --- သီဟက သူ၏ စစ်သူကြီးဖြစ်လာလိမ့်မည်။ သို့သော် ယနေ့ ဤအချိန်တွင် သုန္ဓက သေကံမရောက်သေး၍သာ သီဟနှင့် စကားပြောဆိုရန် သတ္တိရှိနေခြင်းဖြစ်သည်။ အကယ်၍  သုန္ဓသာ သေဆုံးသွားခဲ့ပါလျှင် ထိုအဖြစ်အပျက်တွင် သူလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေသည် ဟူသည့် အဖြစ်မှန်က သူ၏ တစ်ဘဝလုံးကို ခြောက်လှန့်နေတော့မည်ဖြစ်သည်။

"ညီတော်ရဲ့ စိတ်ကူးက ကောင်းပါတယ်။ "

"အကိုတော်ကရော။ "

သီဟ၏ မေးခွန်းကြောင့် နန္ဒက အကြည့်လွှဲသည်။

"အကိုတော် သုန္ဓကိုသာ အထောက်အပံ့ပေးချင်တယ်။ "

ဤကား သူ၏ မယ်တော်က သုန္ဓကို ဖယ်ရှားရန် မပြောမီက သူနှင့်အတူ အမြဲ ရှိနေသော အတွေးဖြစ်သည်။ 

"ဒီလိုပဲ ဖြေမှာ သိနေပါတယ်။ အကိုတော်က အကိုတော်သုန္ဓ ကို အတော် သံယောဇဥ် ရှိတာ ကျွန်ုပ်တောင် မနာလို ဖြစ်မိတယ်။"

သီဟ၏ မျက်နှာကို နန္ဒက ကြည့်ကာ ပြုံးမိသည်။ သံယောဇဉ်မရှိသည်မဟုတ် ရှိသည်။ သို့သော် ထိုသံယောဇဉ်ကား လွန်ခဲ့သော ရက်ပိုင်းက အရောင် စွန်းထင်းခဲ့ချေပြီ။

ဟန်စစ်မင်းက လက်ထဲတွင် စာတစ်စောင်ကို ကိုင်ထားပြီး နန်းဆောင်ဆီသို့ ဦးတည်၍ လျှောက်လာသည်။ ထို့နောက် နန်းဆောင်အရှေ့တွင် ခဏမျှ ရပ်နေလျက် သူရောက်ရှိကြောင်း လျှောက်တင်စေသည်။ 

"စစ်သူကြီးဟန်စစ်မင်း အခစားဝင်ရောက်ကြောင်းပါ ဘုရား။"

စောယွန်းက အံ့အားသင့်စွာဖြင့် တံခါးဝဆီသို့ လျင်မြန်စွာ ကြည့်လိုက်သည်။ သည်ရက်ပိုင်း ရာသီဥတုအေးလာသဖြင့် သုန္ဓ၏ ဒဏ်ရာက ပိုမို ကိုက်ခဲနေရကား သုန္ဓက ဆေးသောက်ပြီး အိပ်စက်အနားယူနေလေ့ရှိသည်။ သို့သော် အဆောင်အပြင်မှ အသံကြောင့် သုန္ဓက ကုတင်ပေါ်တွင် လူးလှိမ့်လိုက်သည်။ 

စောယွန်းက ထိုင်နေရာမှ သုန္ဓ၏ ကုတင်ဆီသို့ သွားကာ သုန္ဓအနီး တီးတိုးပြောသည်။

"နောင့်စိုင်း၊ သက်သာရဲ့လား ? စစ်သူကြီးကို ပြန်လွှတ်လိုက်ရမလား ?"

သုန္ဓက စောယွန်း၏ လက်ကို အသာအယာ ပုတ်၍ ထူပေးရန် တိတ်တဆိတ် ပြောသည်။ ထို့နောက် ခြောက်ကပ်နေသည့် အသံဖြင့် ဝင်ခွင့်ပေးလိုက်သည်။

ဟန်စစ်မင်းကား အိမ်ရှေ့စံအဆောင်တွင်းမှ
ဧည့်တွေ့ခန်းအတွင်းတွင် ထိုင်နေသည်။ သုန္ဓ၏ ဧည့်တွေ့ခန်းက ကြီးမားသော အခန်းကျယ်တစ်ခုဖြစ်ပြီး ဆင်ဝင်တစ်ခုရှိသည်။ ဆင်ဝင်မှတဆင့် အဆောင်အပြင်ဘက်ကို မြင်နေရသည်။ အဆောင်အတွင်းအပြင်နှစ်ခုလုံးက စိမ်းစိုသော အပင်များနှင့် ပြည့်နေကာ လေကောင်းလေသန့်ရသည်။ ထို့နောက်--- ပန်းချီကား အချို့က အပင်များနှင့်အတူ အခန်းကို အလှဆင်ထားသည်။ ပန်းချီ လက်ရာကား သာမန်မဟုတ်ပဲ အထဲမှ သစ်ပင်ပန်းမန်များက အသက်ဝင်လှုပ်ရှားနေသယောင်ပင်။ ဟန်စစ်မင်းက ပန်းချီကားတစ်ချပ်ကို လက်ဖြင့် ထိကိုင်လိုက်ပြီး အလိုအလျောက် ပြုံးမိသည်။ 

သို့သော် အခန်းအတွင်းသို့ ဝင်လာသည့် ခြေသံများကြောင့် တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။

"စစ်သူကြီးက ပန်းချီကားတွေကို သဘောကျတယ်နဲ့တူတယ်။"

သုန္ဓ၏ အသံက အနည်းငယ် တိုးလျပြီး နံဘေးမှ စောယွန်းက လက်တစ်ဖက်ဖြင့် သုန္ဓ၏ ခါးကို ကိုင်လျက် ကျန်လက်တစ်ဖက်ဖြင့် သုန္ဓ၏ လက်မောင်းကို ကိုင်ကာ တွဲထားသည်။
ဟန်စစ်မင်း၏ မျက်လုံးတစ်ဖက်က အလိုအလျောက် တွန့်သွားပြီး သူက သုန္ဓကို အရိုအသေပေးလိုက်သည်။

"အိမ်ရှေ့စံထံ ကျွန်တော်မျိုး အခစားဝင်ရောက်ကြောင်းပါ ဘုရား။"

"ထိုင်ပါ စစ်သူကြီးမင်း။"

"မှန်လှပါ ဘုရား။"

ဟန်စစ်မင်းက ကြမ်းပေါ်မှ ဖုံပေါ်တွင် ထိုင်လိုက်ပြီး စောယွန်းကို ကြည့်မိသည်။ စောယွန်းက သုန္ဓကို တွဲ၍ နေရာတွင် ထိုင်စေပြီး ထသွားမည်အပြုတွင် သုန္ဓက စောယွန်း၏ လက်ကို အသာဆွဲ၍ အနားတွင်သာ ထိုင်စေသည်။ စောယွန်းက သူ့ကို အလျင်အမြန်ကြည့်သဖြင့် ဟန်စစ်မင်းက မျက်လွှာချလိုက်သည်။ သူ၏ မနှစ်မြို့မှုအား စောယွန်း ရိပ်မိသွားမည်ကို စိုးရိမ်မိသည်။

"စစ်သူကြီး ဒီအထိရောက်လာခဲ့တာ
ဘာအကြောင်း ကိစ္စများလဲ? "

"မှန်လှပါ ဘုရား။  ဒဏ်ရာအတွက် လာရောက်သတင်းမေးခြင်း ဖြစ်ကြောင်းပါ။ တစ်ပါတည်းမှာပဲ အတိုင်ပင်ခံ စောယွန်းရဲ့ မိဘများက အမှာစာ ပါးလိုက်သည်ကိုလည်း ပို့ဆောင်ပေးကြောင်းပါ။ "

"အဖေနဲ့အမေက စာရေးလိုက်တယ်လား-- စစ်သူကြီးမင်း။ "

စောယွန်းက တတ်နိုင်သမျှ တရင်းတနှီး မပြောမိစေရန် ထိန်းနေမှန်းသိသာသည်။ ထို့ကြောင့်
ဟန်စစ်မင်းက ရေလိုက်ငါးလိုက် အနေဖြင့် မျက်လွှာချလျက် ခေါင်းသာ ညိတ်ပြသည်။

"ဒဏ်ရာက အမြန်ဆုံး သက်သာချင်မိပါတယ်။  အတိုင်ပင်ခံစောယွန်းလည်း နေ့စဉ်ညစဉ်တိုင်း ကျွန်ုပ်ကို ကူညီပေးနေရတာနဲ့ ပင်ပန်းလှပါပြီ။ "

စောယွန်းက ဟန်စစ်မင်း၏ နားထင်မှ အကြောများထောင်နေသည်ကို သတိထားမိသောကြောင့် တင်းမာလာတော့မည့် စကားဝိုင်းအား ဖျက်ရန်ပြင်သည်။ 

"စစ်သူကြီးမင်း၊ အဖေ အမေတို့ ပါးလိုက်တဲ့စာကို ကျွန်တော့်ကို ပေးပါဦး။ တခြား ဘာများ မှာလိုက်ပါသေးလဲ? "

ဟန်စစ်မင်းက မျက်နှာထားကို အတတ်နိုင်ဆုံးထိန်းကာ ပြန်ဖြေသည်။ 

"အထွေအထူးတော့မမှာလိုက်ပါဘူး။ ဒါပေမယ့် စောယွန်းဒဏ်ရာ ရတဲ့ ကိစ္စကြောင့် အဒေါ်က စိတ်ပူနေတယ်။ "

"ကျွန်တော် အဆင်ပြေပါတယ်လို့ ပြန်ပြောပေးပါ ။ နောက်ပြီး အားလပ်ရက် ရတာနဲ့ ကျွန်တော် အိမ်ပြန်လာခဲ့ပါဦးမယ်လို့ ပြောပေးပါ။ အခုလို စကားတဆင့်ပါးပေးရတဲ့အတွက်လည်း စစ်သူကြီးကို တောင်းပန်ပါတယ်။"

"ရပါတယ်။ ကျွန်ုပ် အဲဒီအတိုင်း ပြန်ပြောပေးပါ့မယ်။ "

ဟန်စစ်မင်းက စာတစ်စောင်နှင့် ပိုးပဝါနှင့်ထုပ်ထားသည့် ဘူးငယ်တစ်ခုကို ထုတ်ကာ လက်နှစ်ဖက်ဖြင့် အရှေ့တွင်ရှိသော ကျွန်းစားပွဲငယ်ပေါ်တင်လိုက်သည်။

"ဒဏ်ရာကျက်မြန်တဲ့ နနွင်းဆေးပါ။ ကျွန်တော်မျိုးက ဆေးဝါးမှလွဲ အခြား မည်သည့်လက်ဆောင်ကို ယူလာရမည်မှန်း မသိကြောင်းပါ။"

သုန္ဓက ဖျော့တော့စွာ ပြုံးလိုက်ပြီး ကျေးဇူးတင်စကားဆိုသည်။ စောယွန်းကမူ စာကိုယူလိုက်ပြီး အနေရခက်စွာ ဒူးထောက်ထိုင်နေသည်။

"အိမ်ရှေ့စံ အနားယူတော်မူပါ။ ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ "

သုန္ဓက ခေါင်းသာ ညိတ်ပြပြီး ဟန်စစ်မင်းက အရိုအသေပေးကာ ထွက်သွားသည်။ 

စောယွန်းက ဟန်စစ်မင်း ထွက်သွားသည်နှင့်
သုန္ဓဘက်ကို လှည့်ကြည့်သည်။ သုန္ဓကား တစ်ဖက်သို့ မျက်နှာမူထားကာ မတ်တပ်ရပ်ရန်ပြင်သည်။ စောယွန်းက တွဲပေးရန် ဟန်ပြင်သော်ငြား သုန္ဓက ငြင်းဆန်ကာ ဒယီဒယိုင်နှင့် မတ်တပ်ထသည်။

စောယွန်းက မျက်နှာရိပ်မျက်နှာကဲ အဖတ်မြန်လှသည်။ ထို့နောက် ကြိုတင်သတိမပေးပဲ သုန္ဓကို ကောက်ပွေ့လိုက်ရာ သုန္ဓက စောယွန်း၏ လက်များအတွင်း ဆွေ့ခနဲပါသွားသည်။

"ပီအိုက် ဘာလုပ်တာလဲ?"

"ချီထားတာလေ။"

"အဲဒါတော့ ပီအိုက်ပြောမှာလား..။"

"ဒီမယ် အရှင့်သား -- အရှင့်သားမျက်နှာကို
ကြည့်ရုံနဲ့ အရှင့်သား ဘာဖြစ်နေသလဲဆိုတာ ကျွန်တော်မျိုးက အကုန်သိပါတယ်ဗျား ။"

စောယွန်းက သုန္ဓ၏  အခန်းထဲ ဝင်သွားရင်းပြောသည်။ 

သုန္ဓကမူ ဘာမှမပြောပဲ ငြိမ်နေသည်။ ဆေးအရှိန်ကရှိဆဲဖြစ်သောကြောင့် အိပ်ချင်နေသေးသည်ဟု စောယွန်းက တွေးလိုက်ပြီး ကုတင်ပေါ်သို့ အသာအယာချပေးသည်။ သို့သော် သုန္ဓက
စောယွန်းကို တင်းကြပ်စွာပွေ့ဖက်လိုက်သဖြင့် ထရန်ဟန်ပြင်နေသည့် စောယွန်းက ကုတင်ပေါ် ထိုင်လျက်သား ကျသွားသည်။

"ကျွန်တော့်ကို ထားမသွားပါနဲ့။ "

စောယွန်းက သုန္ဓကို ကိုယ်ချင်းခွာရန် ကြိုးစားလိုက်သော်ငြား သုန္ဓက ပိုမိုတင်းကြပ်စွာ ဖက်လိုက်သည်။ စောယွန်း၏ လက်များက သုန္ဓကို ပြန်လည်ပွေ့ဖက်ရင်း အသုံးအနှုန်းကြောင့် တအံ့တသြဖြစ်နေမိသည်။ 

"မဟုတ်တာ--။"

"ပီအိုက် မနေ့က ပြောခဲ့တဲ့စကားကို ပြန်တွေးမိတိုင်း ကျွန်တော်ကြောက်တယ်။"

စောယွန်း၏ နှလုံးသားထဲတွင် ထိတ်လန့်မှု တစ်ခုက အမြဲရှိနေခဲ့ပြီး သူ၏ တစ်ဘဝလုံးတွင် တစ်စုံတစ်ယောက်ကို ဤမျှ မချစ်မြတ်နိုးဖူး၍ ဖြစ်ကောင်းဖြစ်လိမ့်မည်။ ရုတ်တရက် မနက်ခင်းအိပ်ရာမှနိုးလာချိန်တွင် ၂၁ ရာစုသို့ ပြန်ရောက်သွားမည်ကို သူ စိုးထိတ်မိသည်။ နှုတ်ဆက်ခြင်းအမျိုးမျိုးထဲတွင် အသိမပေး အကြောင်းမကြားပဲ ခွဲခွာရခြင်းမျိုးကို စောယွန်း လုံး၀ သဘောမကျပေ။

ယခင်က ဤလောကတွင် ဘယ်အချိန်အထိ ရှင်သန်နေထိုင်ရမည်ကို သူမသိ။ မည်သည့်ရည်ရွယ်ချက်နှင့် ဤနေရာသို့ ရောက်လာသည်ကို သူမသိ။ အဘယ်ကြောင့် သည်လူသားကို ချစ်မြတ်နိုးမိမှန်း သူမသိ။ သို့လော သို့လောနှင့် နေ့စဉ်အတွေးများနေမိသော်ငြား သူ၏ ရည်ရွယ်ချက်ကား သုန္ဓကို ကာကွယ်ပေးရန်မှလွဲ၍ ဘာမှမရှိတော့ပေ။ လူတစ်ယောက်ကြောင့် အသက်ရှင်ရန် ရည်ရွယ်ချက်ရှိသည်ဟူသော စကားက အချစ်နွံထဲတွင် နစ်နေသော သူရူးတစ်ယောက်၏ စကားဟု သူယူဆခဲ့သည်။ 

သို့သော် ဤလောကသို့ ရောက်လာရသည့် အကြောင်းအရင်းက ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိရန်နှင့် ထိုချစ်ခြင်းမေတ္တာကို ပေးစွမ်းသည့်လူအား စောင့်ရှောက်ရန်ဖြစ်လာခဲ့သည်။

စောယွန်းက သုန္ဓ၏ ကျောပြင်ကို သပ်ပေးပြီး နားနားကပ်၍ ပြောလိုက်သည်။

"ကိုကို့ကလေးလေးက ကိုကို့စကားတိုင်းကို အတည်ယူတာပဲလား?"

သုန္ဓ၏ မျက်နှာက ချက်ချင်း နီမြန်းသွားသည်။

"ဘယ်---ဘယ်သူက ကလေးလေးလဲ? "

စောယွန်းက ပြုံးလိုက်ပြီး သုန္ဓ၏ ပါးတစ်ဖက်ကို ညှစ်လိုက်သည်။ 

"ပီအိုက် မနေ့က နောင့်စိုင်းကို တမင်စလိုက်တာပါ။ အဲဒါကြောင့် အဲဒီစကားကို အတည်မယူပါနဲ့ ။ ဒီအထိတောင် ချစ်လို့ပဲ လိုက်လာခဲ့တာမဟုတ်လား? ဘာကိစ္စထားသွားရမှာလဲ ။ နောက်နောင်ဆို ပီအိုက်ကြောင့် နောင့်စိုင်း စိတ်ပင်ပန်းရတဲ့ စကားမပြောတော့ဘူးနော်။ "

သုန္ဓက မျက်လုံးများကို မှေး၍ မယုံသင်္ကာဖြစ်ဟန်နှင့် ကြည့်သည်။ 

စောယွန်းက သက်ပြင်းချကာ လက်သီးဆုပ်လျက် လက်မနှင့် လက်သန်းကိုသာ ဆန့်ထုတ်လိုက်သည်။

"ကတိ။"

သုန္ဓက မျက်မှောင်ကြုတ်လျက် ကြည့်သည်။

"ဒါက --ဘာလဲ ?"

စောယွန်းက သုန္ဓ၏ လက်ကို သူ့အတိုင်း လုပ်စေပြီး လက်သန်းချင်း ချိတ်ကာ လက်မချင်း ပူးကပ်လိုက်သည်။

"၂၁ ရာစုက ကတိပေးနည်း ?"

သုန္ဓက ခေါင်းညိတ်လိုက်ပြီး ဆိုသည်။

"ကျွန်ုပ်တို့ဆီမှာတော့ ကတိမတည်ရင် ကျိန်စာဆိုလေ့ရှိတယ်။"

စောယွန်းက ကြက်သီးများထသွားပြီး သူ၏ လက်မောင်းနှစ်ဖက်ကို ပွတ်သပ်လိုက်သည်။
သုန္ဓကမူ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"အခုမှပဲ ရယ်တော့တယ် အူတိုလေး။ "

"ချစ်တာကိုး။"

"ပီအိုက်က နောင့်စိုင်းကို တွေ့ရဖို့ ဒီအထိ ရောက်လာရတာနဲ့တူတယ် ။ ကံတရားက ဆန်းကြယ်သား ။"

"ဒါပေါ့ ဟိုမှာလည်း ကျွန်ုပ်စိတ်မချပါဘူး။  စစ်သူကြီးက ရှိနေတာပ "

စောယွန်းက ရယ်ရင်ပြောသည်။ 

"စစ်သူကြီး မဟုတ်ပါဘူးဆိုနေ ။"

"ဘာပဲဖြစ်ဖြစ် ။"

"ကဲ အရှင့်သား တော်ရုံဆိုရင် ကောင်းမယ်။ ဒီက ပီအိုက် စိတ်ကို မသိတာလည်းမဟုတ် ။"

စောယွန်းက သုန္ဓ၏ ပါးကို လှစ်ခနဲ နမ်းလိုက်ရင်း ပြောတော့ သုန္ဓက ပြုံးလိုက်သည်။ 


"အရှင့်သား မြောက်နန်းဆောင်မိဖုရားကြီးက အခေါ်လွှတ်လိုက်ကြောင်းပါ။ "

နန်းဆောင်ပြင်ပမှ အထိန်းတော်ကြီး၏ သတင်းပို့သံကြောင့် နန္ဒက မျက်မှောင်ကြုံ့လိုက်သည်။ 

"ကောင်းပြီ ။"

ထို့နောက် အထိန်းတော်ကြီးနှင့်အတူ နန္ဒက မြောက်နန်းဆောင်သို့ သွားသည်။ နန်းဆောင်အတွင်း ဝင်လိုက်သည်နှင့် နန္ဒအတွက် ဖိအားများစွာ ပိနေသလို ခံစားရကာ ရှုရှိုက်ရသည့်
လေပင် မတူတော့သလို ခံစားရသည်။ 

"သားတော် ရောက်ရှိ​ကြောင်းပါ မယ်တော်
ဖုရား။"

"ထိုင်။"

မယ်တော်ဖုရား၏ လေသံမှာ ခက်ထန်ကာ ပြတ်သားလှသည်။ နန္ဒက ထိုလေသံကိုကြားသည်နှင့် အခြေအနေကို ရိပ်စားမိသည်။

"မှန်လှပါ---"

"နန္ဒ! မင်း ဘယ်အချိန်ထိ သည်လို ပျော့ညံ့နေဦးမှာလဲ ၊ ကျွန်ုပ်သာ မရှိရင်း မင်း နန်းတော်မှာ တံမြက်လှည်း အိုးခွက်တိုက်သည့်အလုပ်ပင်
ရမည်မထင်ဘူး။"

မယ်တော်ဖုရား၏ လေသံမှာ အမျက်ထွက်နေပြီး နန္ဒက လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ 

"သားတော် ဆင်ခြင်ပါ့မယ် ၊ နောက်နောင် မယ်တော်ဖုရား စိတ်မပျက်စေရပါဘူး ။"

"သည်အကြိမ် နောက်ဆုံးဖြစ်ပါစေ ၊ ညနေကျရင် အဆင်သင့်ပြင်ထားချေ ကိစ္စတွေက မြန်မြန်စီစဥ်မှ ရမယ်။ "

"အမိန့်တော်အတိုင်းပါ ။"

နန္ဒကား မယ်တော်ဖုရားအား အရိုအသေပေးကာ ထွက်လာခဲ့သည်။ နန်းဆောင်အပြင်ဘက်ရောက်သော် ခဏရပ်ကာ ကောင်းကင်သို့ မော့ကြည့်မိသည်။ ကောင်းကင်မှာ ပြာလဲ့နေပြီး တိမ်များ ကင်းစင်နေသည်။ လေပြေတစ်ချက်က နန္ဒ၏ မျက်နှာအား တိုးဝှေ့သွားပြီး ငှက်ကလေးများကလည်း အနားမှ အသံပေးကာ ပျံသန်းသွားသည်မှာ လှောင်ရယ်သွားသလိုပင်။ နန္ဒက
လေကို အဝရှုသွင်းလိုက်ပြီး အသက်မပါသည့်အပြုံးတစ်ခုကို ဖန်တီးကာ မိမိနန်းဆောင်ဘက်သို့ ဦးတည်လိုက်သည်။

ဟန်စစ်မင်း၏ အိမ်တွင်ဖြစ်သည်။ ဗညားက
ရေဖြည့်နေပြီး ဟန်စစ်မင်းက အိမ်ထဲမှ ထွက်လာသည်။ ဗညားကား အပေါ်ပိုင်း အဝတ်ဗလာဖြင့် ရေစည်နှစ်ပုံးကို ထမ်းပိုးဖြင့် အသာအယာပင် ထမ်းသွားသည်။ ရေစက်အချို့နှင့်အတူ ချွေးစို့စို့တို့က ကြွက်သားအဖုအထစ်တို့ပေါ်တွင် တွဲလဲခိုနေသည်။ 

ဟန်စစ်မင်းက ဗညားဆီကို လျှောက်သွားသည်။ 

"နားနားနေနေလည်း လုပ်ပါ။ သည်အိမ်မှာ အစေခံတွေက ဘာလုပ်ဖို့ထားထားတာလဲ? သူတို့ရဲ့ ရှိစိမဲ့စု အလုပ်လေး ပြုတ်သွားမှဖြင့်။"

ဗညားက သွားအချောင်းစေ့ပေါ်အောင် ရယ်ပြကာ ​ဖြေသည်။ 

"အလုပ်မရှိပဲ ထိုင်မနေချင်လို့ပါ ။"

"ညနေကျရင် ကျွန်ုပ်နဲ့ တစ်နေရာကို သွားစရာရှိတယ်။ "

ဗညားက အနည်းငယ် သက်ပြင်းချလိုက်သည်။ တစ်ဖက်က အလျင်လိုနေပြီဖြစ်ကြောင်းလည်း ရိပ်စားမိသည်။

"ကောင်းပါပြီ ကျုပ်အဆင်သင့်ပြင်ထားပါ့မယ်။"

ဟန်စစ်မင်းက ခေါင်းညိတ်ပြကာ ထွက်သွားပြီး ဗညားက ရေချိုးရန်ပြင်လိုက်သည်။

သို့နှင့် ညနေရောက်သော် ဗညားက ခြံရှေ့တွင် မြင်းနှစ်ကောင်အား အဆင်သင့်ပြင်ကာ စောင့်နေသည်။ ဟန်စစ်မင်းလည်း ထွက်လာကာ နှစ်ဦးသား နေရာဟောင်းတစ်ခုဆီသို့ ဦးတည်လိုက်သည်။ မြို့ပြင်ရောက်သည်နှင့် ဟန်စစ်မင်းက စကားစသည်။ 

"မြို့ထဲလည်း ထွက်ပါဦးလား ။"

ဗညားက ဟန်စစ်မင်းကို လှမ်းကြည့်သည်။
ဟန်စစ်မင်းကား ရှေ့ကိုသာကြည့်နေပြီး စကားဆက်သည်။ 

"အိမ်အလုပ်တွေအတွက်က အစေခံတွေရှိတာမို့ အသေးအမွှားကအစ ဗညားလုပ်စရာမလိုပါဘူး။ အင်းဝကို ရောက်တာကြာနေပြီမဟုတ်လား။
မြို့ထဲကိုလည်း လည်ပတ်ကြည့်ပါဦး။ "

"ကောင်းပါပြီ။ ဟန်စစ် ဆိုလိုချင်တာကို သဘောပေါက်ပါတယ်။ အလုပ်လည်း လျှော့လုပ်ပြီး တခါတလေလည်း အပြင်ထွက်လည်ပါ့မယ်"

"ကျွန်ုပ် ဗညား အခန်းထဲမှာ ငွေစအနည်းငယ် ထားပေးထားတယ်။ အသုံးလိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ ယူထားပါ။ အပြင်ထွက်ဖြစ်တဲ့အခါ သုံးပါလေ။"

"ကျေးဇူးပါ ဟန်စစ် ။ ကျုပ်လက်ခံပါ့မယ် ။"

စကားပြောကာ လာကြရင်း နှစ်ဦးသား ဒုတိယအကြိမ် ထိုအိမ်ကလေးသို့ ရောက်ရှိလာပြန်သည်။ ဗညားကား ဟန်စစ်မင်းနောက်တွင်သာ တိတ်တဆိတ်နေသည်။ 

သည်နေ့တော့ မမြင်ဖူးသည့် လူတစ်ယောက် ထပ်တိုးလာသည်ကို ဗညားက သတိထားမိသည်။ တစ်ချိန်ထဲမှာပင် ဟန်စစ်မင်း၏ မျက်နှာတည်သွားသည်ကိုလည်း သိလိုက်သည်။ 

"ကျွန်တော်မျိုး ရောက်ရှိကြောင်းပါ ။"

သူမက ဟန်စစ်မင်းအား ခေါင်းညိတ်ပြသော်လည်း နောက်မှ ဗညားကို လှမ်းကြည့်သည်။ 

"စိတ်မပူပါနဲ့ ဘုရား။ ကျွန်တော်မျိုး ယုံကြည့်ရတဲ့သူပါ ။"

ဟန်စစ်မင်းက အရိပ်အကဲ သိသူမို့ ဦးအောင် လျှောက်တင်သည်။ မိဖုရားကား အကြည့်လွှဲသွားပြီး စကားစသည်။ 

"ကျွန်ုပ်တို့ အစီအစဥ်က ပျက်စီးသွားခဲ့ရတာမို့ နောက်ထပ် အစီအစဥ်ကိုတော့ အသေအချာ စီမံထားဖို့လိုပေတယ် ၊ အဲဒီအတွက် ကူညီပေးမယ့် သူတစ်ယောက်ပါ အခုသည်နေရာကို ရောက်နေခဲ့ပြီ ၊ သည်တစ်ခါတော့ သိုသိုသိပ်သိပ်နဲ့ ပြီးချင်တယ် "

ဗညားက ထိုအမျိုးသမီးငယ်ကို ကြည့်မိသည်။ ဟန်စစ်မင်းနှင့် စကားအသွားအလာကို နားထောင်ရသည်မှာ သူသည်လည်း တော်ဝင်နန်းသွေးပါသူတစ်ဦးဖြစ်သည်။ နတ်ဘုံခန်းဝါမှ ဆင်းသက်လာသော ကျော့ရှင်းလှပသည့် အမျိုးသမီးငယ်၏ နီမြန်းသော နှုတ်ခမ်းမှ မြွေဆိပ်ကဲ့သို့သော စကားများက အဆက်မပြတ်ထွက်လာသဖြင့် ဗညားက သက်ပြင်းချမိသည်။ သို့သော် သူမထက် အဆပေါင်းများစွာ အဆိပ်ပြင်းဟန်ရှိသည့် မိဖုရားဆိုသူကိုသာ  ပိုမိုသတိထားရန် တွက်ဆမိပြီး သည်တစ်ကြိမ်တွင်တော့ ပိုမိုရက်စက်တော့မည်ကို ကြိုတင်ခံစားနေမိသလိုပင် ဖြစ်နေသည်။  

အချိန်အတော်ကြာ ဆွေးနွေးကြပြီးနောက် အားလုံးက လာရာလမ်းသို့ ပြန်ခဲ့ကြသည်။ သေချာသည်ကတော့ ဟန်စစ်မင်း၏ မျက်နှာက ပထမအကြိမ်ကထက် ဆိုးရွားနေပြီး
လမ်းတစ်လျှောက်လုံး တွေဝေငေးမောနေသည်။ လမိုက်ညဖြစ်သည့်အလျောက် ကြယ်ပေါင်းများစွာက သူတို့ကို ငုံ့ကြည့်နေကြသည့်ကြားမှ မြို့တော်ဆီသို့ ပြန်လာခဲ့ကြသည်။ ဗညားက
ဟန်စစ်မင်း၏ နှလုံးသားက ပိုမို ရှုပ်ထွေးနေလိမ့်မည်ဟုသာ တွေးနေမိတော့သည်။

 

[ZAWGYI]

ေႂကြခြက္တစ္ခြက္က က်ယ္ေလာင္စြာ က်ကြဲသြားၿပီး ထိုအသံက နန္းေဆာင္အတြင္း လႊမ္းမိုးထားသည့္ တိတ္ဆိတ္မႈကို လႊမ္းၿခဳံသြားသည္။ အေစခံမ်ားက ျပာျပာသလဲ ဝင္လာၾကကာ ၾကမ္းျပင္ေပၚတြင္ တစစီကြဲေၾကေနသည့္
ေႂကြခြက္အစမ်ားကို လွည္းက်င္းသိမ္းဆည္းၾကသည္။

နႏၵကား အေစခံမ်ား၏လႈပ္ရွားမႈ အစအဆုံးကို ၾကည့္ေနၿပီးေနာက္ အခန္းထဲမွ ထြက္သြားၾကရန္ လက္ျဖင့္ ေဝွ႕ယမ္းျပလိုက္သည္။ နႏၵ၏ မ်က္ႏွာတြင္ စိတ္အလိုမက်မႈက အထင္းသား ေပၚလြင္ေနၿပီး ထိုင္ခုံေပၚသို႔ ပစ္လွဲကာ ထိုင္လိုက္သည္။ ျပတင္းမွတစ္ဆင့္ အျပင္သို႔ၾကည့္ကာ မိမိဘဝကို စိတ္ပ်က္ေနမိသည္။ အေၾကာင္းမွာ သူ၏ လက္ရွိဘဝက ေလွာင္အိမ္ထဲမွ ငွက္တစ္ေကာင္
ႏွင့္ ထူးမျခားနားေပ။

အေဆာင္ေတာ္အနီးမွ အမ်ိဳးအမည္မသိေသာ အပင္က ေရာ္႐ြက္ဝါမ်ားကို ေႁခြခ်ေနၿပီး
ေလအေဝွ႕တြင္ လက္တစ္ဆစ္သာသာေသးငယ္သည့္ ႐ြက္ဝါမ်ားက ေနရာအႏွံ႕သို႔ ေျပးလႊားေနၾကသည္။ နႏၵက ထိုေရာ္႐ြက္ဝါမ်ားကိုပင္ မနာလိုမိသည္။ တစ္ခ်ိန္တည္းမွာပင္ သႏၷီၿမိဳ႕တြင္ စာသင္စဥ္က အခ်ိန္ကို သတိရမိသည္။ လြတ္လပ္ေပါ့ပါးစြာ သြားလာလႈပ္ရွားနိုင္သည္ကို သေဘာက်ႏွစ္ၿခိဳက္မိၿပီး သူ႕စိတ္တိုင္းက် ဆုံးျဖတ္ခြင့္လည္းရခဲ့သည္။

နႏၵက တဆစ္ဆစ္ကိုက္ေနဆဲျဖစ္သည့္ လက္ေပၚမွ ေသးငယ္ေသာ ဒဏ္ရာကို လက္ျဖင့္ အုပ္ကိုင္လိုက္သည္။ သူသည္ပင္ ဤမွ် နာက်င္ရလွ်င္
သုႏၶႏွင့္ ေစာယြန္းတို႔ မည္မွ်နာက်င္လိမ့္မည္နည္း။ ယေန႕အထိ သုႏၶကိုသာမက ေစာယြန္းကိုပါ သူရင္မဆိုင္ရဲသျဖင့္ နန္းေဆာင္အျပင္ဖက္ကို ေျခတစ္လွမ္းပင္မလွမ္းခဲ့ေပ။

"မင္းသား သီဟ ႂကြခ်ီလာေၾကာင္းပါ ။"

နန္းေဆာင္အျပင္မွ သတင္းပို႔သံအၿပီး သီဟက အခန္းအတြင္း ဝင္လာသည္။

သီဟက သူ႕အား စိတ္ပူပန္ေသာ မ်က္လုံးမ်ားႏွင့္ ၾကည့္သည္။ ထိုကေလးထံတြင္ အ႐ြယ္ႏွင့္မမွ်သည့္ စူးရွသည့္မ်က္လုံးမ်ားရွိေသာ္ျငား ယေန႕တြင္မူ သာမန္ ညီတစ္ေယာက္က အကိုအား ၾကည့္သည့္ ႏူးညံ့ေသာ မ်က္လုံးမ်ားသာျဖစ္သည္။

သီဟ၏ ေနာက္တြင္ စားဖိုေဆာင္မွ အေစခံတခ်ိဳ႕ ပါလာၿပီး အစားအေသာက္ တခ်ိဳ႕ကိုပါ ယူေဆာင္လာသည္။

သီဟက ခုံတြင္ထိုင္လိုက္ၿပီး အေစခံမ်ားက စားပြဲေပၚတြင္ အစားအေသာက္မ်ားကို ခ်ေပးၿပီး ျပန္ထြက္သြားသည္။

"အကိုေတာ္ ဒဏ္ရာက ဘယ္လိုေနေသးလဲ ?"

"သက္သာပါတယ္။"

ႏႈတ္က သက္သာသည္ဟုဆိုေသာ္ျငား မ်က္ႏွာက မေကာင္းလွ။ သြက္လက္ေပါ့ပါးစြာ ၿပဳံးရယ္ေနေလ့ရွိသူျဖစ္ေသာေၾကာင့္ မ်က္ႏွာအမူအရာပ်က္ယြင္းသည္ႏွင့္ သိသာလွသျဖင့္ သီဟက အနည္းငယ္ သက္ျပင္းခ်သည္။

ထို႔ေနာက္ နႏၵ အနားသို႔ ခုံကို ေ႐ႊ႕ကာ ထိုင္လိုက္ရင္း လက္ကို ကိုင္လိုက္သည္။

"အကိုေတာ့္ကိုလည္း ထပ္တူ စိတ္ပူပါတယ္။ အကိုေတာ္ သုႏၶက ဒဏ္ရာျပင္းထန္တာေၾကာင့္သာ ကျွန်ုပ်တို့က အာ႐ုံပိုစိုက္မိတာပါ။"

သီဟက နႏၵ၏ လက္မွ ပတ္တီးကို ျဖည္ရင္းေျပာသည္။

"သည္အကိုက အဲဒီေလာက္ ကေလးဆန္တဲ့ပုံေပါက္ေနသလား? "

နႏၵ၏ အသံက ထူးဆန္းစြာ ေဒါသသံစြက္ေနသျဖင့္ သီဟ၏ လက္က အလိုအေလ်ာက္တြန႔္သြားသည္။ နႏၵက ႐ုန္းထြက္သျဖင့္ သီဟက သူ၏ လက္ကို အသာအယာ ျပန္ဆြဲသည္။

" ကျွန်ုပ်တို့က ငယ္႐ြယ္ပါေသးတယ္ ။ ကေလးဆန္တယ္ဆိုတာ ရွက္စရာမွ မဟုတ္ပဲ အကိုေတာ္။ ကေလးငယ္ေတြက ျဖဴစင္တယ္မဟုတ္လား? လူႀကီးေတြလို ဟန္ေဆာင္မႈကင္းမဲ့ၿပီး ကိုယ္လိုခ်င္တဲ့အရာကို ေဖာ္ျပရဲတာက ကေလးဆန္တာဆိုရင္ ကျွန်ုပ်ကတော့ ကေလးဆန္တာကို သေဘာက်ပါတယ္။ "

နႏၵက သီဟကိုသာ ၾကည့္ေနမိသည္။ သီဟက
သူႏွင့္ မတိမ္းမယိမ္း လပိုင္းမွ်သာ ကြာသည္။ သီဟ၏ မယ္ေတာ္ အေနာက္နန္းမေတာ္မိဖုရားႀကီးက သီဟ ငယ္စဥ္ကတည္းက ကံေတာ္ကုန္ခဲ့သျဖင့္ သီဟကား အႀကီးဆုံးသားေတာ္ျဖစ္သည့္ သုႏၶ၏ အုပ္ထိန္းမႈေအာက္တြင္ ႀကီးျပင္းလာခဲ့သည္။ သူတို႔ႏွစ္ဦးကား ပုံမွန္အတိုင္းစီးဆင္းေနေသာ ေခ်ာင္းငယ္ႏွင့္ ထိုေခ်ာင္း၏ နံေဘးတြင္ တင့္တယ္စြာ ႀကီးထြားေနသည့္ အပင္ႏွင့္တူသည္။ ႏွစ္ဦးစလုံးက တည္ၿငိမ္ေအးခ်မ္းၿပီး ဝါသနာျခင္းကလည္း ဆင္သည္။

သီဟ၏ ရင့္က်က္ပုံက သုႏၶႏွင့္ အလားတူၿပီး
နႏၵကမူ သိုးျဖဴမ်ားအၾကားမွသိုးမည္းတစ္ေကာင္သာျဖစ္သည္။ ၿခံအတြင္းတြင္ အတူတကြေနထိုင္ၾကရၿပီး တူညီေသာ အစားအစာကို အတူတကြ စားေသာက္ေနပါရက္ မိမိက အျခားလူမ်ားႏွင့္ ကြဲျပားေနသည့္ခံစားခ်က္ကို ရင္ဝယ္ပိုက္ထားရသည္မွာ ခံရခက္လွသည္။

သီဟက ဒဏ္ရာကို ေဆးထည့္ကာ ပတ္တီးအသစ္လဲေပးသည္။ ထို႔ေနာက္ စားပြဲေပၚမွ ဆန္ျပဳတ္ပန္းကန္ကို ယူကာ နႏၵထံေပးသည္။

"ျမန္ျမန္သက္သာၿပီး အားရွိလာေအာင္ ညီေတာ္က ျပင္လာေပးတာပ။ "

"ေကာင္းပါၿပီ ။"

နႏၵက ၿပဳံးမိသည္။ သည္ကေလးက သူ႕အေတြးမ်ားကို သိလိမ့္မည္မဟုတ္ေပ။ သူ၏ မိမိကိုယ္ကို နိမ့္က်သိမ္ဖ်င္းသည္ဟူေသာ အေတြးကို သူကိုယ္တိုင္မွ တပါး မည္သူက သိလိမ့္မည္နည္း?

"ဘယ္လိုလဲ ခံတြင္းေတြ႕ရဲ႕လား?"

"ေကာင္းပါတယ္။"

နႏၵေျပာေတာ့ သီဟက မ်က္လုံးမ်ားေမွးသည္အထိ ၿပဳံးသည္။

"ဒီရက္ပိုင္း အကိုေတာ္ ပ်င္းေနမွာပဲ ကျွန်ုပ်
အားတဲ့အခါ လာအေဖာ္ျပဳေပးပါ့မယ္။ "

"ကျွန်ုပ်ကြောင့် သက္သက္အလုပ္ရႈပ္မခံပါနဲ႕။ "

"မဟုတ္တာ အကိုေတာ္ကလည္း-- ကျွန်ုပ်မှာ
ဘာအလုပ္မွမရွိပဲ။ "

သီဟက လက္ကာျပရင္းေျပာသည္။ သူက နႏၵ၏ သစ္သားစားပြဲေပၚမွ တိုးနယားအ႐ုပ္ကို ယူ၍ ၾကည့္သည္။ ထို႔ေနာက္ ႐ုတ္တရက္ ဆိုသည္။

"ကျွန်ုပ်တော့ အခုရက္ပိုင္း ေက်ာင္းေတာ္ကို လြမ္းမိတယ္။ အရင္က အကိုေတာ္သုႏၶနဲ႕သာ အနီးကပ္ေနခြင့္ရေပမယ့္ အကိုေတာ္နဲ႕က်ေတာ့ အလွမ္းေဝးေနခဲ့တာမဟုတ္လား၊ အခုေတာ့ ပညာေတာ္သင္ အတူသြားခဲ့ရလို႔ အကိုေတာ္နဲ႕လည္း ပိုၿပီး ရင္းႏွီးခဲ့ရတယ္။ "

နႏၵက ဆန္ျပဳတ္ကိုသာ ဇြန္းႏွင့္ ေမႊေနၿပီး ေခါင္းညိတ္သည္။

"ေနာင္ႀကီးေစာယြန္းကလည္း ကျွန်ုပ်တို့ အခ်င္းခ်င္း ပိုၿပီးရင္းႏွီးေစတဲ့ ေက်းဇူးရွင္တစ္ေယာက္ပဲ။"

"အဟြတ္ အဟြတ္-- "

႐ုတ္တရက္ နႏၵက ဆန္ျပဳတ္တစ္ဇြန္းကို ေသာက္ေနစဥ္ သီးသြားသျဖင့္ သီဟက အလွ်င္အျမန္ ေရတစ္ခြက္ယူကာ ေပးသည္။

"အကိုေတာ္ အဆင္ေျပရဲ႕လား? "

"ေျပပါတယ္ ဘာမွမျဖစ္ပါဘူး "

"လက္က နာေနေသးလို႔လား ကျွန်ုပ်ခွံ့ပေးရမလား?"

"ေတာ္ --- ေတာ္ ---"

နႏၵက ပုခုံးမ်ားတြန့္သြားကာ လက္ကာျပရင္းေျပာသည္။ သီဟက သေဘာက်ကာ အသံထြက္ေအာင္ရယ္မိသည္။

သို႔ေသာ္ နန္းေဆာင္ အခန္းေရွ႕တြင္ တစ္စုံတစ္ဦးက ေရာက္ရွိေနၿပီး ထိုသူ၏ အမိန့္ေၾကာင့္ မည္သူကမွ် အသံမထြက္ရက္ပဲ ႏႈတ္ဆိတ္ေနၾကရသည္။ ထိုသူက အတန္ၾကာမွ် နားေထာင္ေနၿပီး မ်က္ႏွာထားက တင္းမာေနကာ ထိုေနရာမွ လွည့္ျပန္သြားသည္။ အထဲမွ ႏွစ္ဦးက အျပင္ကို သတိမထားမိၾကေခ်။

"ညီေတာ္ ။"

"မွန္လွပါ။"

"ေရွ႕ေလွ်ာက္ ဘာလုပ္ဖို႔ေတြးထားသလဲ?"

နႏၵက သီဟ၏ အေတြးကို သိခ်င္၍ ေမးျခင္းျဖစ္သည္။ မိမိမွာ ထိုသို႔ ေ႐ြးခ်ယ္ခြင့္မရွိေသာ္လည္း သီဟသာဆိုလွ်င္ ဘယ္လို ရည္႐ြယ္ခ်က္ရွိမည္ကို သိခ်င္သည္။

"ကျွန်ုပ်က နန္းတြင္းစစ္တပ္ထဲ ဝင္မလို႔ အကိုေတာ္။ "

"စစ္တပ္!"

သီဟက ေခါင္းညိတ္ကာ ျပန္ေျဖသည္။

"မွန္လွပါ ၊ ကျွန်ုပ်က စစ္သူႀကီး ဟန္စစ္မင္းကို အားက်တာမို႔ ေနာင္တစ္ခ်ိန္မွာ ကျွန်ုပ်လည်း စစ္သူႀကီးလို ထက္ျမတ္တဲ့ စစ္သူႀကီးတစ္ေယာက္ျဖစ္ခ်င္တယ္။ "

သီဟက ႏူးညံ့ေသာ စာေပသမားအသြင္ရွိေသာ္ျငား ကိုယ္ခံပညာရပ္တြင္ ပါရမီပါသူျဖစ္သည္။ သူသာ စစ္သူႀကီးျဖစ္လွ်င္ မိမိအတြက္ အားကိုးထိုက္လိမ့္မည္ ဟု နႏၵက ေတြးမိသည္။

သို႔ေသာ္ ထိုအေတြးဝင္လွ်င္ဝင္ခ်င္း နႏၵ၏ လက္ထဲမွ ဇြန္းက ပန္းကန္တြင္းသို႔ က်သြားသည္။ သုႏၶမရွိလွ်င္ သူက ႀကိမ္းေသေပါက္ အိမ္ေရွ႕စံျဖစ္လာလိမ့္မည္။ ထို႔ေနာက္ ခမည္းေတာ္ မရွိသည့္အခါ သူက ရွင္ဘုရင္ ျဖစ္လာလိမ့္မည္။ ထိုအခါတြင္ --- သီဟက သူ၏ စစ္သူႀကီးျဖစ္လာလိမ့္မည္။ သို႔ေသာ္ ယေန႕ ဤအခ်ိန္တြင္ သုႏၶက ေသကံမေရာက္ေသး၍သာ သီဟႏွင့္ စကားေျပာဆိုရန္ သတၱိရွိေနျခင္းျဖစ္သည္။ အကယ္၍ သုႏၶသာ ေသဆုံးသြားခဲ့ပါလွ်င္ ထိုအျဖစ္အပ်က္တြင္ သူလည္း တစ္စိတ္တစ္ပိုင္းပါဝင္ေနသည္ ဟူသည့္ အျဖစ္မွန္က သူ၏ တစ္ဘဝလုံးကို ေျခာက္လွန႔္ေနေတာ့မည္ျဖစ္သည္။

"ညီေတာ္ရဲ႕ စိတ္ကူးက ေကာင္းပါတယ္။ "

"အကိုေတာ္ကေရာ။ "

သီဟ၏ ေမးခြန္းေၾကာင့္ နႏၵက အၾကည့္လႊဲသည္။

"အကိုေတာ္ သုႏၶကိုသာ အေထာက္အပံ့ေပးခ်င္တယ္။ "

ဤကား သူ၏ မယ္ေတာ္က သုႏၶကို ဖယ္ရွားရန္ မေျပာမီက သူႏွင့္အတူ အၿမဲ ရွိေနေသာ အေတြးျဖစ္သည္။

"ဒီလိုပဲ ေျဖမွာ သိေနပါတယ္။ အကိုေတာ္က အကိုေတာ္သုႏၶ ကို အေတာ္ သံေယာဇဥ္ ရွိတာ ကျွန်ုပ်တောင် မနာလို ျဖစ္မိတယ္။"

သီဟ၏ မ်က္ႏွာကို နႏၵက ၾကည့္ကာ ၿပဳံးမိသည္။ သံေယာဇဥ္မရွိသည္မဟုတ္ ရွိသည္။ သို႔ေသာ္ ထိုသံေယာဇဥ္ကား လြန္ခဲ့ေသာ ရက္ပိုင္းက အေရာင္ စြန္းထင္းခဲ့ေခ်ၿပီ။

ဟန္စစ္မင္းက လက္ထဲတြင္ စာတစ္ေစာင္ကို ကိုင္ထားၿပီး နန္းေဆာင္ဆီသို႔ ဦးတည္၍ ေလွ်ာက္လာသည္။ ထို႔ေနာက္ နန္းေဆာင္အေရွ႕တြင္ ခဏမွ် ရပ္ေနလ်က္ သူေရာက္ရွိေၾကာင္း ေလွ်ာက္တင္ေစသည္။

"စစ္သူႀကီးဟန္စစ္မင္း အခစားဝင္ေရာက္ေၾကာင္းပါ ဘုရား။"

ေစာယြန္းက အံ့အားသင့္စြာျဖင့္ တံခါးဝဆီသို႔ လ်င္ျမန္စြာ ၾကည့္လိုက္သည္။ သည္ရက္ပိုင္း ရာသီဥတုေအးလာသျဖင့္ သုႏၶ၏ ဒဏ္ရာက ပိုမို ကိုက္ခဲေနရကား သုႏၶက ေဆးေသာက္ၿပီး အိပ္စက္အနားယူေနေလ့ရွိသည္။ သို႔ေသာ္ အေဆာင္အျပင္မွ အသံေၾကာင့္ သုႏၶက ကုတင္ေပၚတြင္ လူးလွိမ့္လိုက္သည္။

ေစာယြန္းက ထိုင္ေနရာမွ သုႏၶ၏ ကုတင္ဆီသို႔ သြားကာ သုႏၶအနီး တီးတိုးေျပာသည္။

"ေနာင့္စိုင္း၊ သက္သာရဲ႕လား ? စစ္သူႀကီးကို ျပန္လႊတ္လိုက္ရမလား ?"

သုႏၶက ေစာယြန္း၏ လက္ကို အသာအယာ ပုတ္၍ ထူေပးရန္ တိတ္တဆိတ္ ေျပာသည္။ ထို႔ေနာက္ ေျခာက္ကပ္ေနသည့္ အသံျဖင့္ ဝင္ခြင့္ေပးလိုက္သည္။

ဟန္စစ္မင္းကား အိမ္ေရွ႕စံအေဆာင္တြင္းမွ
ဧည့္ေတြ႕ခန္းအတြင္းတြင္ ထိုင္ေနသည္။ သုႏၶ၏ ဧည့္ေတြ႕ခန္းက ႀကီးမားေသာ အခန္းက်ယ္တစ္ခုျဖစ္ၿပီး ဆင္ဝင္တစ္ခုရွိသည္။ ဆင္ဝင္မွတဆင့္ အေဆာင္အျပင္ဘက္ကို ျမင္ေနရသည္။ အေဆာင္အတြင္းအျပင္ႏွစ္ခုလုံးက စိမ္းစိုေသာ အပင္မ်ားႏွင့္ ျပည့္ေနကာ ေလေကာင္းေလသန႔္ရသည္။ ထို႔ေနာက္--- ပန္းခ်ီကား အခ်ိဳ႕က အပင္မ်ားႏွင့္အတူ အခန္းကို အလွဆင္ထားသည္။ ပန္းခ်ီ လက္ရာကား သာမန္မဟုတ္ပဲ အထဲမွ သစ္ပင္ပန္းမန္မ်ားက အသက္ဝင္လႈပ္ရွားေနသေယာင္ပင္။ ဟန္စစ္မင္းက ပန္းခ်ီကားတစ္ခ်ပ္ကို လက္ျဖင့္ ထိကိုင္လိုက္ၿပီး အလိုအေလ်ာက္ ၿပဳံးမိသည္။

သို႔ေသာ္ အခန္းအတြင္းသို႔ ဝင္လာသည့္ ေျခသံမ်ားေၾကာင့္ တစ္ဖက္သို႔ လွည့္ၾကည့္လိုက္သည္။

"စစ္သူႀကီးက ပန္းခ်ီကားေတြကို သေဘာက်တယ္နဲ႕တူတယ္။"

သုႏၶ၏ အသံက အနည္းငယ္ တိုးလ်ၿပီး နံေဘးမွ ေစာယြန္းက လက္တစ္ဖက္ျဖင့္ သုႏၶ၏ ခါးကို ကိုင္လ်က္ က်န္လက္တစ္ဖက္ျဖင့္ သုႏၶ၏ လက္ေမာင္းကို ကိုင္ကာ တြဲထားသည္။
ဟန္စစ္မင္း၏ မ်က္လုံးတစ္ဖက္က အလိုအေလ်ာက္ တြန႔္သြားၿပီး သူက သုႏၶကို အရိုအေသေပးလိုက္သည္။

"အိမ္ေရွ႕စံထံ ကြၽန္ေတာ္မ်ိဳး အခစားဝင္ေရာက္ေၾကာင္းပါ ဘုရား။"

"ထိုင္ပါ စစ္သူႀကီးမင္း။"

"မွန္လွပါ ဘုရား။"

ဟန္စစ္မင္းက ၾကမ္းေပၚမွ ဖုံေပၚတြင္ ထိုင္လိုက္ၿပီး ေစာယြန္းကို ၾကည့္မိသည္။ ေစာယြန္းက သုႏၶကို တြဲ၍ ေနရာတြင္ ထိုင္ေစၿပီး ထသြားမည္အျပဳတြင္ သုႏၶက ေစာယြန္း၏ လက္ကို အသာဆြဲ၍ အနားတြင္သာ ထိုင္ေစသည္။ ေစာယြန္းက သူ႕ကို အလ်င္အျမန္ၾကည့္သျဖင့္ ဟန္စစ္မင္းက မ်က္လႊာခ်လိဳက္သည္။ သူ၏ မႏွစ္ၿမိဳ႕မႈအား ေစာယြန္း ရိပ္မိသြားမည္ကို စိုးရိမ္မိသည္။

"စစ္သူႀကီး ဒီအထိေရာက္လာခဲ့တာ
ဘာအေၾကာင္း ကိစၥမ်ားလဲ? "

"မွန္လွပါ ဘုရား။ ဒဏ္ရာအတြက္ လာေရာက္သတင္းေမးျခင္း ျဖစ္ေၾကာင္းပါ။ တစ္ပါတည္းမွာပဲ အတိုင္ပင္ခံ ေစာယြန္းရဲ႕ မိဘမ်ားက အမွာစာ ပါးလိုက္သည္ကိုလည္း ပို႔ေဆာင္ေပးေၾကာင္းပါ။ "

"အေဖနဲ႕အေမက စာေရးလိုက္တယ္လား-- စစ္သူႀကီးမင္း။ "

ေစာယြန္းက တတ္နိုင္သမွ် တရင္းတႏွီး မေျပာမိေစရန္ ထိန္းေနမွန္းသိသာသည္။ ထို႔ေၾကာင့္
ဟန္စစ္မင္းက ေရလိုက္ငါးလိုက္ အေနျဖင့္ မ်က္လႊာခ်လ်က္ ေခါင္းသာ ညိတ္ျပသည္။

"ဒဏ္ရာက အျမန္ဆုံး သက္သာခ်င္မိပါတယ္။ အတိုင္ပင္ခံေစာယြန္းလည္း ေန႕စဥ္ညစဥ္တိုင္း ကျွန်ုပ်ကို ကူညီေပးေနရတာနဲ႕ ပင္ပန္းလွပါၿပီ။ "

ေစာယြန္းက ဟန္စစ္မင္း၏ နားထင္မွ အေၾကာမ်ားေထာင္ေနသည္ကို သတိထားမိေသာေၾကာင့္ တင္းမာလာေတာ့မည့္ စကားဝိုင္းအား ဖ်က္ရန္ျပင္သည္။

"စစ္သူႀကီးမင္း၊ အေဖ အေမတို႔ ပါးလိုက္တဲ့စာကို ကြၽန္ေတာ့္ကို ေပးပါဦး။ တျခား ဘာမ်ား မွာလိုက္ပါေသးလဲ? "

ဟန္စစ္မင္းက မ်က္ႏွာထားကို အတတ္နိုင္ဆုံးထိန္းကာ ျပန္ေျဖသည္။

"အေထြအထူးေတာ့မမွာလိုက္ပါဘူး။ ဒါေပမယ့္ ေစာယြန္းဒဏ္ရာ ရတဲ့ ကိစၥေၾကာင့္ အေဒၚက စိတ္ပူေနတယ္။ "

"ကြၽန္ေတာ္ အဆင္ေျပပါတယ္လို႔ ျပန္ေျပာေပးပါ ။ ေနာက္ၿပီး အားလပ္ရက္ ရတာနဲ႕ ကြၽန္ေတာ္ အိမ္ျပန္လာခဲ့ပါဦးမယ္လို႔ ေျပာေပးပါ။ အခုလို စကားတဆင့္ပါးေပးရတဲ့အတြက္လည္း စစ္သူႀကီးကို ေတာင္းပန္ပါတယ္။"

"ရပါတယ္။ ကျွန်ုပ် အဲဒီအတိုင္း ျပန္ေျပာေပးပါ့မယ္။ "

ဟန္စစ္မင္းက စာတစ္ေစာင္ႏွင့္ ပိုးပဝါႏွင့္ထုပ္ထားသည့္ ဘူးငယ္တစ္ခုကို ထုတ္ကာ လက္ႏွစ္ဖက္ျဖင့္ အေရွ႕တြင္ရွိေသာ ကြၽန္းစားပြဲငယ္ေပၚတင္လိုက္သည္။

"ဒဏ္ရာက်က္ျမန္တဲ့ နႏြင္းေဆးပါ။ ကြၽန္ေတာ္မ်ိဳးက ေဆးဝါးမွလြဲ အျခား မည္သည့္လက္ေဆာင္ကို ယူလာရမည္မွန္း မသိေၾကာင္းပါ။"

သုႏၶက ေဖ်ာ့ေတာ့စြာ ၿပဳံးလိုက္ၿပီး ေက်းဇူးတင္စကားဆိုသည္။ ေစာယြန္းကမူ စာကိုယူလိုက္ၿပီး အေနရခက္စြာ ဒူးေထာက္ထိုင္ေနသည္။

"အိမ္ေရွ႕စံ အနားယူေတာ္မူပါ။ ကြၽန္ေတာ္မ်ိဳးကို ခြင့္ျပဳပါဦး။ "

သုႏၶက ေခါင္းသာ ညိတ္ျပၿပီး ဟန္စစ္မင္းက အရိုအေသေပးကာ ထြက္သြားသည္။

ေစာယြန္းက ဟန္စစ္မင္း ထြက္သြားသည္ႏွင့္
သုႏၶဘက္ကို လွည့္ၾကည့္သည္။ သုႏၶကား တစ္ဖက္သို႔ မ်က္ႏွာမူထားကာ မတ္တပ္ရပ္ရန္ျပင္သည္။ ေစာယြန္းက တြဲေပးရန္ ဟန္ျပင္ေသာ္ျငား သုႏၶက ျငင္းဆန္ကာ ဒယီဒယိုင္ႏွင့္ မတ္တပ္ထသည္။

ေစာယြန္းက မ်က္ႏွာရိပ္မ်က္ႏွာကဲ အဖတ္ျမန္လွသည္။ ထို႔ေနာက္ ႀကိဳတင္သတိမေပးပဲ သုႏၶကို ေကာက္ေပြ႕လိုက္ရာ သုႏၶက ေစာယြန္း၏ လက္မ်ားအတြင္း ေဆြ႕ခနဲပါသြားသည္။

"ပီအိုက္ ဘာလုပ္တာလဲ?"

"ခ်ီထားတာေလ။"

"အဲဒါေတာ့ ပီအိုက္ေျပာမွာလား..။"

"ဒီမယ္ အရွင့္သား -- အရွင့္သားမ်က္ႏွာကို
ၾကည့္႐ုံနဲ႕ အရွင့္သား ဘာျဖစ္ေနသလဲဆိုတာ ကြၽန္ေတာ္မ်ိဳးက အကုန္သိပါတယ္ဗ်ား ။"

ေစာယြန္းက သုႏၶ၏ အခန္းထဲ ဝင္သြားရင္းေျပာသည္။

သုႏၶကမူ ဘာမွမေျပာပဲ ၿငိမ္ေနသည္။ ေဆးအရွိန္ကရွိဆဲျဖစ္ေသာေၾကာင့္ အိပ္ခ်င္ေနေသးသည္ဟု ေစာယြန္းက ေတြးလိုက္ၿပီး ကုတင္ေပၚသို႔ အသာအယာခ်ေပးသည္။ သို႔ေသာ္ သုႏၶက
ေစာယြန္းကို တင္းၾကပ္စြာေပြ႕ဖက္လိုက္သျဖင့္ ထရန္ဟန္ျပင္ေနသည့္ ေစာယြန္းက ကုတင္ေပၚ ထိုင္လ်က္သား က်သြားသည္။

"ကြၽန္ေတာ့္ကို ထားမသြားပါနဲ႕။ "

ေစာယြန္းက သုႏၶကို ကိုယ္ခ်င္းခြာရန္ ႀကိဳးစားလိုက္ေသာ္ျငား သုႏၶက ပိုမိုတင္းၾကပ္စြာ ဖက္လိုက္သည္။ ေစာယြန္း၏ လက္မ်ားက သုႏၶကို ျပန္လည္ေပြ႕ဖက္ရင္း အသုံးအႏႈန္းေၾကာင့္ တအံ့တၾသျဖစ္ေနမိသည္။

"မဟုတ္တာ--။"

"ပီအိုက္ မေန႕က ေျပာခဲ့တဲ့စကားကို ျပန္ေတြးမိတိုင္း ကြၽန္ေတာ္ေၾကာက္တယ္။"

ေစာယြန္း၏ ႏွလုံးသားထဲတြင္ ထိတ္လန႔္မႈ တစ္ခုက အၿမဲရွိေနခဲ့ၿပီး သူ၏ တစ္ဘဝလုံးတြင္ တစ္စုံတစ္ေယာက္ကို ဤမွ် မခ်စ္ျမတ္နိုးဖူး၍ ျဖစ္ေကာင္းျဖစ္လိမ့္မည္။ ႐ုတ္တရက္ မနက္ခင္းအိပ္ရာမွနိုးလာခ်ိန္တြင္ ၂၁ ရာစုသို႔ ျပန္ေရာက္သြားမည္ကို သူ စိုးထိတ္မိသည္။ ႏႈတ္ဆက္ျခင္းအမ်ိဳးမ်ိဳးထဲတြင္ အသိမေပး အေၾကာင္းမၾကားပဲ ခြဲခြာရျခင္းမ်ိဳးကို ေစာယြန္း လုံး၀ သေဘာမက်ေပ။

ယခင္က ဤေလာကတြင္ ဘယ္အခ်ိန္အထိ ရွင္သန္ေနထိုင္ရမည္ကို သူမသိ။ မည္သည့္ရည္႐ြယ္ခ်က္ႏွင့္ ဤေနရာသို႔ ေရာက္လာသည္ကို သူမသိ။ အဘယ္ေၾကာင့္ သည္လူသားကို ခ်စ္ျမတ္နိုးမိမွန္း သူမသိ။ သို႔ေလာ သို႔ေလာႏွင့္ ေန႕စဥ္အေတြးမ်ားေနမိေသာ္ျငား သူ၏ ရည္႐ြယ္ခ်က္ကား သုႏၶကို ကာကြယ္ေပးရန္မွလြဲ၍ ဘာမွမရွိေတာ့ေပ။ လူတစ္ေယာက္ေၾကာင့္ အသက္ရွင္ရန္ ရည္႐ြယ္ခ်က္ရွိသည္ဟူေသာ စကားက အခ်စ္ႏြံထဲတြင္ နစ္ေနေသာ သူ႐ူးတစ္ေယာက္၏ စကားဟု သူယူဆခဲ့သည္။

သို႔ေသာ္ ဤေလာကသို႔ ေရာက္လာရသည့္ အေၾကာင္းအရင္းက ခ်စ္ျခင္းေမတၱာကို ရွာေဖြေတြ႕ရွိရန္ႏွင့္ ထိုခ်စ္ျခင္းေမတၱာကို ေပးစြမ္းသည့္လူအား ေစာင့္ေရွာက္ရန္ျဖစ္လာခဲ့သည္။

ေစာယြန္းက သုႏၶ၏ ေက်ာျပင္ကို သပ္ေပးၿပီး နားနားကပ္၍ ေျပာလိုက္သည္။

"ကိုကို႔ကေလးေလးက ကိုကို႔စကားတိုင္းကို အတည္ယူတာပဲလား?"

သုႏၶ၏ မ်က္ႏွာက ခ်က္ခ်င္း နီျမန္းသြားသည္။

"ဘယ္---ဘယ္သူက ကေလးေလးလဲ? "

ေစာယြန္းက ၿပဳံးလိုက္ၿပီး သုႏၶ၏ ပါးတစ္ဖက္ကို ညွစ္လိုက္သည္။

"ပီအိုက္ မေန႕က ေနာင့္စိုင္းကို တမင္စလိုက္တာပါ။ အဲဒါေၾကာင့္ အဲဒီစကားကို အတည္မယူပါနဲ႕ ။ ဒီအထိေတာင္ ခ်စ္လို႔ပဲ လိုက္လာခဲ့တာမဟုတ္လား? ဘာကိစၥထားသြားရမွာလဲ ။ ေနာက္ေနာင္ဆို ပီအိုက္ေၾကာင့္ ေနာင့္စိုင္း စိတ္ပင္ပန္းရတဲ့ စကားမေျပာေတာ့ဘူးေနာ္။ "

သုႏၶက မ်က္လုံးမ်ားကို ေမွး၍ မယုံသကၤာျဖစ္ဟန္ႏွင့္ ၾကည့္သည္။

ေစာယြန္းက သက္ျပင္းခ်ကာ လက္သီးဆုပ္လ်က္ လက္မႏွင့္ လက္သန္းကိုသာ ဆန႔္ထုတ္လိုက္သည္။

"ကတိ။"

သုႏၶက မ်က္ေမွာင္ၾကဳတ္လ်က္ ၾကည့္သည္။

"ဒါက --ဘာလဲ ?"

ေစာယြန္းက သုႏၶ၏ လက္ကို သူ႕အတိုင္း လုပ္ေစၿပီး လက္သန္းခ်င္း ခ်ိတ္ကာ လက္မခ်င္း ပူးကပ္လိုက္သည္။

"၂၁ ရာစုက ကတိေပးနည္း ?"

သုႏၶက ေခါင္းညိတ္လိုက္ၿပီး ဆိုသည္။

"ကျွန်ုပ်တို့ဆီမှာတော့ ကတိမတည္ရင္ က်ိန္စာဆိုေလ့ရွိတယ္။"

ေစာယြန္းက ၾကက္သီးမ်ားထသြားၿပီး သူ၏ လက္ေမာင္းႏွစ္ဖက္ကို ပြတ္သပ္လိုက္သည္။
သုႏၶကမူ က်ယ္ေလာင္စြာ ရယ္ေမာလိုက္သည္။

"အခုမွပဲ ရယ္ေတာ့တယ္ အူတိုေလး။ "

"ခ်စ္တာကိုး။"

"ပီအိုက္က ေနာင့္စိုင္းကို ေတြ႕ရဖို႔ ဒီအထိ ေရာက္လာရတာနဲ႕တူတယ္ ။ ကံတရားက ဆန္းၾကယ္သား ။"

"ဒါေပါ့ ဟိုမွာလည္း ကျွန်ုပ်စိတ်မချပါဘူး။  စစ္သူႀကီးက ရွိေနတာပ "

ေစာယြန္းက ရယ္ရင္ေျပာသည္။

"စစ္သူႀကီး မဟုတ္ပါဘူးဆိုေန ။"

"ဘာပဲျဖစ္ျဖစ္ ။"

"ကဲ အရွင့္သား ေတာ္႐ုံဆိုရင္ ေကာင္းမယ္။ ဒီက ပီအိုက္ စိတ္ကို မသိတာလည္းမဟုတ္ ။"

ေစာယြန္းက သုႏၶ၏ ပါးကို လွစ္ခနဲ နမ္းလိုက္ရင္း ေျပာေတာ့ သုႏၶက ၿပဳံးလိုက္သည္။


"အရွင့္သား ေျမာက္နန္းေဆာင္မိဖုရားႀကီးက အေခၚလႊတ္လိုက္ေၾကာင္းပါ။ "

နန္းေဆာင္ျပင္ပမွ အထိန္းေတာ္ႀကီး၏ သတင္းပို႔သံေၾကာင့္ နႏၵက မ်က္ေမွာင္ႀကဳံ႕လိုက္သည္။

"ေကာင္းၿပီ ။"

ထို႔ေနာက္ အထိန္းေတာ္ႀကီးႏွင့္အတူ နႏၵက ေျမာက္နန္းေဆာင္သို႔ သြားသည္။ နန္းေဆာင္အတြင္း ဝင္လိုက္သည္ႏွင့္ နႏၵအတြက္ ဖိအားမ်ားစြာ ပိေနသလို ခံစားရကာ ရႈရွိုက္ရသည့္
ေလပင္ မတူေတာ့သလို ခံစားရသည္။

"သားေတာ္ ေရာက္ရွိေၾကာင္းပါ မယ္ေတာ္
ဖုရား။"

"ထိုင္။"

မယ္ေတာ္ဖုရား၏ ေလသံမွာ ခက္ထန္ကာ ျပတ္သားလွသည္။ နႏၵက ထိုေလသံကိုၾကားသည္ႏွင့္ အေျခအေနကို ရိပ္စားမိသည္။

"မွန္လွပါ---"

"နႏၵ! မင္း ဘယ္အခ်ိန္ထိ သည္လို ေပ်ာ့ညံ့ေနဦးမွာလဲ ၊ ကျွန်ုပ်သာ မရွိရင္း မင္း နန္းေတာ္မွာ တံျမက္လွည္း အိုးခြက္တိုက္သည့္အလုပ္ပင္
ရမည္မထင္ဘူး။"

မယ္ေတာ္ဖုရား၏ ေလသံမွာ အမ်က္ထြက္ေနၿပီး နႏၵက လက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ထားသည္။

"သားေတာ္ ဆင္ျခင္ပါ့မယ္ ၊ ေနာက္ေနာင္ မယ္ေတာ္ဖုရား စိတ္မပ်က္ေစရပါဘူး ။"

"သည္အႀကိမ္ ေနာက္ဆုံးျဖစ္ပါေစ ၊ ညေနက်ရင္ အဆင္သင့္ျပင္ထားေခ် ကိစၥေတြက ျမန္ျမန္စီစဥ္မွ ရမယ္။ "

"အမိန့္ေတာ္အတိုင္းပါ ။"

နႏၵကား မယ္ေတာ္ဖုရားအား အရိုအေသေပးကာ ထြက္လာခဲ့သည္။ နန္းေဆာင္အျပင္ဘက္ေရာက္ေသာ္ ခဏရပ္ကာ ေကာင္းကင္သို႔ ေမာ့ၾကည့္မိသည္။ ေကာင္းကင္မွာ ျပာလဲ့ေနၿပီး တိမ္မ်ား ကင္းစင္ေနသည္။ ေလေျပတစ္ခ်က္က နႏၵ၏ မ်က္ႏွာအား တိုးေဝွ႕သြားၿပီး ငွက္ကေလးမ်ားကလည္း အနားမွ အသံေပးကာ ပ်ံသန္းသြားသည္မွာ ေလွာင္ရယ္သြားသလိုပင္။ နႏၵက
ေလကို အဝရႈသြင္းလိုက္ၿပီး အသက္မပါသည့္အၿပဳံးတစ္ခုကို ဖန္တီးကာ မိမိနန္းေဆာင္ဘက္သို႔ ဦးတည္လိုက္သည္။

ဟန္စစ္မင္း၏ အိမ္တြင္ျဖစ္သည္။ ဗညားက
ေရျဖည့္ေနၿပီး ဟန္စစ္မင္းက အိမ္ထဲမွ ထြက္လာသည္။ ဗညားကား အေပၚပိုင္း အဝတ္ဗလာျဖင့္ ေရစည္ႏွစ္ပုံးကို ထမ္းပိုးျဖင့္ အသာအယာပင္ ထမ္းသြားသည္။ ေရစက္အခ်ိဳ႕ႏွင့္အတူ ေခြၽးစို႔စို႔တို႔က ႂကြက္သားအဖုအထစ္တို႔ေပၚတြင္ တြဲလဲခိုေနသည္။

ဟန္စစ္မင္းက ဗညားဆီကို ေလွ်ာက္သြားသည္။

"နားနားေနေနလည္း လုပ္ပါ။ သည္အိမ္မွာ အေစခံေတြက ဘာလုပ္ဖို႔ထားထားတာလဲ? သူတို႔ရဲ႕ ရွိစိမဲ့စု အလုပ္ေလး ျပဳတ္သြားမွျဖင့္။"

ဗညားက သြားအေခ်ာင္းေစ့ေပၚေအာင္ ရယ္ျပကာ ေျဖသည္။

"အလုပ္မရွိပဲ ထိုင္မေနခ်င္လို႔ပါ ။"

"ညေနက်ရင္ ကျွန်ုပ်နဲ့ တစ္ေနရာကို သြားစရာရွိတယ္။ "

ဗညားက အနည္းငယ္ သက္ျပင္းခ်လိဳက္သည္။ တစ္ဖက္က အလ်င္လိုေနၿပီျဖစ္ေၾကာင္းလည္း ရိပ္စားမိသည္။

"ေကာင္းပါၿပီ က်ဳပ္အဆင္သင့္ျပင္ထားပါ့မယ္။"

ဟန္စစ္မင္းက ေခါင္းညိတ္ျပကာ ထြက္သြားၿပီး ဗညားက ေရခ်ိဳးရန္ျပင္လိုက္သည္။

သို႔ႏွင့္ ညေနေရာက္ေသာ္ ဗညားက ၿခံေရွ႕တြင္ ျမင္းႏွစ္ေကာင္အား အဆင္သင့္ျပင္ကာ ေစာင့္ေနသည္။ ဟန္စစ္မင္းလည္း ထြက္လာကာ ႏွစ္ဦးသား ေနရာေဟာင္းတစ္ခုဆီသို႔ ဦးတည္လိုက္သည္။ ၿမိဳ႕ျပင္ေရာက္သည္ႏွင့္ ဟန္စစ္မင္းက စကားစသည္။

"ၿမိဳ႕ထဲလည္း ထြက္ပါဦးလား ။"

ဗညားက ဟန္စစ္မင္းကို လွမ္းၾကည့္သည္။
ဟန္စစ္မင္းကား ေရွ႕ကိုသာၾကည့္ေနၿပီး စကားဆက္သည္။

"အိမ္အလုပ္ေတြအတြက္က အေစခံေတြရွိတာမို႔ အေသးအမႊားကအစ ဗညားလုပ္စရာမလိုပါဘူး။ အင္းဝကို ေရာက္တာၾကာေနၿပီမဟုတ္လား။
ၿမိဳ႕ထဲကိုလည္း လည္ပတ္ၾကည့္ပါဦး။ "

"ေကာင္းပါၿပီ။ ဟန္စစ္ ဆိုလိုခ်င္တာကို သေဘာေပါက္ပါတယ္။ အလုပ္လည္း ေလွ်ာ့လုပ္ၿပီး တခါတေလလည္း အျပင္ထြက္လည္ပါ့မယ္"

"ကျွန်ုပ် ဗညား အခန္းထဲမွာ ေငြစအနည္းငယ္ ထားေပးထားတယ္။ အသုံးလိုသည္ျဖစ္ေစ မလိုသည္ျဖစ္ေစ ယူထားပါ။ အျပင္ထြက္ျဖစ္တဲ့အခါ သုံးပါေလ။"

"ေက်းဇူးပါ ဟန္စစ္ ။ က်ဳပ္လက္ခံပါ့မယ္ ။"

စကားေျပာကာ လာၾကရင္း ႏွစ္ဦးသား ဒုတိယအႀကိမ္ ထိုအိမ္ကေလးသို႔ ေရာက္ရွိလာျပန္သည္။ ဗညားကား ဟန္စစ္မင္းေနာက္တြင္သာ တိတ္တဆိတ္ေနသည္။

သည္ေန႕ေတာ့ မျမင္ဖူးသည့္ လူတစ္ေယာက္ ထပ္တိုးလာသည္ကို ဗညားက သတိထားမိသည္။ တစ္ခ်ိန္ထဲမွာပင္ ဟန္စစ္မင္း၏ မ်က္ႏွာတည္သြားသည္ကိုလည္း သိလိုက္သည္။

"ကြၽန္ေတာ္မ်ိဳး ေရာက္ရွိေၾကာင္းပါ ။"

သူမက ဟန္စစ္မင္းအား ေခါင္းညိတ္ျပေသာ္လည္း ေနာက္မွ ဗညားကို လွမ္းၾကည့္သည္။

"စိတ္မပူပါနဲ႕ ဘုရား။ ကြၽန္ေတာ္မ်ိဳး ယုံၾကည့္ရတဲ့သူပါ ။"

ဟန္စစ္မင္းက အရိပ္အကဲ သိသူမို႔ ဦးေအာင္ ေလွ်ာက္တင္သည္။ မိဖုရားကား အၾကည့္လႊဲသြားၿပီး စကားစသည္။

"ကျွန်ုပ်တို့ အစီအစဥ္က ပ်က္စီးသြားခဲ့ရတာမို႔ ေနာက္ထပ္ အစီအစဥ္ကိုေတာ့ အေသအခ်ာ စီမံထားဖို႔လိုေပတယ္ ၊ အဲဒီအတြက္ ကူညီေပးမယ့္ သူတစ္ေယာက္ပါ အခုသည္ေနရာကို ေရာက္ေနခဲ့ၿပီ ၊ သည္တစ္ခါေတာ့ သိုသိုသိပ္သိပ္နဲ႕ ၿပီးခ်င္တယ္ "

ဗညားက ထိုအမ်ိဳးသမီးငယ္ကို ၾကည့္မိသည္။ ဟန္စစ္မင္းႏွင့္ စကားအသြားအလာကို နားေထာင္ရသည္မွာ သူသည္လည္း ေတာ္ဝင္နန္းေသြးပါသူတစ္ဦးျဖစ္သည္။ နတ္ဘုံခန္းဝါမွ ဆင္းသက္လာေသာ ေက်ာ့ရွင္းလွပသည့္ အမ်ိဳးသမီးငယ္၏ နီျမန္းေသာ ႏႈတ္ခမ္းမွ ေႁမြဆိပ္ကဲ့သို႔ေသာ စကားမ်ားက အဆက္မျပတ္ထြက္လာသျဖင့္ ဗညားက သက္ျပင္းခ်မိသည္။ သို႔ေသာ္ သူမထက္ အဆေပါင္းမ်ားစြာ အဆိပ္ျပင္းဟန္ရွိသည့္ မိဖုရားဆိုသူကိုသာ ပိုမိုသတိထားရန္ တြက္ဆမိၿပီး သည္တစ္ႀကိမ္တြင္ေတာ့ ပိုမိုရက္စက္ေတာ့မည္ကို ႀကိဳတင္ခံစားေနမိသလိုပင္ ျဖစ္ေနသည္။

အခ်ိန္အေတာ္ၾကာ ေဆြးႏြေးၾကၿပီးေနာက္ အားလုံးက လာရာလမ္းသို႔ ျပန္ခဲ့ၾကသည္။ ေသခ်ာသည္ကေတာ့ ဟန္စစ္မင္း၏ မ်က္ႏွာက ပထမအႀကိမ္ကထက္ ဆိုး႐ြားေနၿပီး
လမ္းတစ္ေလွ်ာက္လုံး ေတြေဝေငးေမာေနသည္။ လမိုက္ညျဖစ္သည့္အေလ်ာက္ ၾကယ္ေပါင္းမ်ားစြာက သူတို႔ကို ငုံ႕ၾကည့္ေနၾကသည့္ၾကားမွ ၿမိဳ႕ေတာ္ဆီသို႔ ျပန္လာခဲ့ၾကသည္။ ဗညားက
ဟန္စစ္မင္း၏ ႏွလုံးသားက ပိုမို ရႈပ္ေထြးေနလိမ့္မည္ဟုသာ ေတြးေနမိေတာ့သည္။


Continuer la Lecture

Vous Aimerez Aussi

89.8K 6K 46
အလှစစ်ကိုနှလုံးသားဖြင့်ကြည့်ပါ...... See true beauty with your heart 💕 အလွစစ္ကိုႏွလုံးသားျဖင့္ၾကည့္ပါ...... Cover crd from pinterest 🎭 Complete (U...
6.8K 556 13
စာေရးဝါသနာပါတဲ့သူေတြ အေတြ႕အၾကံဳရၿပီး ေပ်ာ္ဖို႔ေကာင္းတဲ့ eventေလးေတြစုထားတာပါ။ Unicode** စာရေးဝါသနာပါတဲ့သူတွေ အတွေ့အကြုံရပြီး ပျော်ဖို့ကောင်းတဲ့ event...
113K 14.6K 20
ေက်ာင္းရဲ႕ဗ႐ုတ္ Park Chanyeol ဟာ အတန္းရဲ႕ စာအေတာ္ဆံုး စည္းကမ္းအ႐ွိဆံုး ေက်ာင္းသား Byun Baekhyun ကို ခ်စ္မိသြားေသာအခါ......
499K 50.5K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...