အစိမ်းရင့်ရောင် စာမျက်နှာ { C...

Bởi Nova_Danica

54.7K 5.3K 1.2K

ဆုံဆည်းခဲ့ကြချိန်ဟာ ဒုက္ခတို့မြစ်ဖျားခံခဲ့ရာ မူလအစဖြစ်ခဲ့လျှင် ခွဲခွာခဲ့ရချိန်သည်ကား ချစ်ခြင်းတရားတို့ ထက်သန်... Xem Thêm

📌
Start with Name 1
Start with Name 2
Start with Name 3
Notification or Song 1
Notification or Song 2
Notification or Song 3
Notification or Song 4
Notification or Song 5
Remember me 1
Remember me 2
Remember me 3
Do I miss something? 1
Do I miss something? 2
Do I miss something? 3
I know them friendly! 1
I know them friendly! 2
I know them friendly! 3
Say you love me 1
Say you love me 2
Say you love me 3
We are still together 1
We are still together 2
We are still together 3
Before he saw 1
Before he saw 2
Before he saw 3
I lost him this way!
Into the Dark 1
Into the Dark 2
Into the Dark 3
Do you wanna save me? 1
Do you wanna save me? 2
Do you wanna save me? 3
Let's leave the dark green page
Love ya boy...
Extra - 1
Extra - 2 (Unicode)
Extra - 2 (Zawgyi)
Happy Thadingyut 1/ Unicode
Happy Thadingyut 1/ Zawgyi
Happy Thadingyut 2/ Unicode
Happy Thadingyut 2/ Zawgyi
Leon has a Question!

Do I miss something? 4

1K 132 26
Bởi Nova_Danica

[Unicode]

ခြေလှမ်းတွေကို လှမ်းရင် ကောင်းမလား၊ မလှမ်းရင် ကောင်းမလား စဉ်းစားရင်းနှင့်ပင် ရာမညဆောင်ရှေ့သို့ တရွေ့ရွေ့ ရောက်လာပြန်သည်။ တရားသူကြီးရှေ့ရောက်နေသော တရားခံတစ်ယောက်လို ပေးရမည်ကို မဝံ့မရဲလည်း ဖြစ်နေမိ၏။ သို့သော် ဒီကိစ္စတွင် အမှားလုပ်မိသူက သူတို့နှစ်ယောက်လုံး မဟုတ်သဖြင့် တော်သေး၏။

ထို့ထက် ပို၍ အခြေအနေ ကောင်းသည်က သောင်ယံ့နား၌ မည်သူမျှ ရှိမနေ။ အပင်ရိပ်အောက်ရှိ ခုံပေါ်၌ တစ်ယောက်တည်း ထိုင်နေ၏။

စိမ်းမြညိုသော ရွက်သစ်တွေ လှိုင်လှိုင်ဝေနေသည့် အပင်အောက်၌ မောရှမ်းမြေ၏ အလှတစ်ပါး ဖြစ်သော ယောကျ်ားပျိုတစ်ဦး ထိုင်နေသည်ကို စာဆိုတို့ ဖွဲ့နွဲ့ခဲ့ဖူးကြသလား လွမ်းလတ်နောင် မသိ။ အားမာန်ပါပါ လှမ်းလာသော သူ့ခြေလှမ်းများ အနည်းငယ် ရပ်တန့်သွားကာ ငေးမောမိသည်ကိုသာ သိသည်။

"သောင်ယံ"

သို့ရာတွင် ခေါ်လိုက်ရုံနှင့် ကျုံ့တက်သွားသော မျက်ခုံးအစုံနှင့် သူစိမ်းဆန်သော အကြည့်တို့ကို မြင်လိုက်ရချိန်တွင်တော့ အနည်းငယ် ခံပြင်းမိသွား၏။

မင်းရဲ့ဒီမျက်နှာက ငါ့တစ်ယောက်တည်း အတွက်လား သောင်ယံ။

"ဘာလာလုပ်ပြန်တာလဲ"

မတ်တပ်ရပ်လျက်မှ လက်ထဲ ပိုက်လာခဲ့သော ယွန်းသေတ္တာငယ်ကို ခုံပေါ်သို့ လွမ်းလတ်နောင် ချလိုက်သည်။

"ငါ မင်းဆီကို ပို့ခဲ့တယ် သောင်ယံ။ တစ်ပတ်ကို တစ်ခါ မင်းကို သတိရတိုင်း ငါ စာတွေ အရှည်ကြီး ရေးခဲ့တယ်။ အကြောင်း... အကြောင်း အမျိုးမျိုးကြောင့်သာ မရောက်ဖြစ်ခဲ့တာ"

"မင်း ဖွင့်ဖတ်ချင်လည်း ရတယ်။ လွှင့်ပစ်ချင်လည်း ရတယ်။ ဒီစာတွေအားလုံးက မင်းအပိုင်။ အဆုံးအထိ မင်းငါ့ကို မခေါ်နိုင် မပြောနိုင်၊ ခွင့်မလွှတ်နိုင်ဘူးဆိုရင် ငါဘယ်တော့မှ ဒီအဆောင်ရှေ့ကို ထပ်ခြေမချတော့ဘူး"

စိတ်ကို အဆုံးစွန်ထိ ချပစ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူကပဲ မှားသည်။ တစ်ချက်လောက်တော့ ဖုန်းဆက်ခဲ့သင့်၏။ တစ်ခါလောက်တော့ ပြန်ခဲ့သင့်၏။ ပထမနှစ်ကတည်းက သောင်ယံ ရန်ကုန်ကိုများ လာမည်လား ရှာဖွေခဲ့သင့်၏။

ဆက်ရပ်နေလျှင် သောင်ယံ ခွင့်မလွှတ်ဘူး ပြောလာမည်ကို ကြောက်သဖြင့် နှုတ်ခမ်းအစုံကို ဖိကိုက်လိုက်မိသည်။ ထို့နောက် ပျောက်ကွယ်ချင်သော စိတ်ဖြင့် မြန်မြန် ပြန်ပြေးမိခဲ့တော့၏။

ပြောချင်ရာ ပြော၍ ပြန်လှည့်ထွက်သွားသူအား သောင်ယံ ငေးမောကြည့်ရင်း ချထားခဲ့သော သေတ္တာငယ်လေးဆီ လက်လှမ်းလိုက်သည်။ အဖုံးလေးကို လှပ်ကြည့်လိုက်လျှင် တော်တော်များများ ရှိလောက်မည်ဖြစ်သော စာအိတ်လေးတချို့ကို တွေ့လိုက်ရ၏။

"သောင်ယံရေ ဒီမှာ စာအုပ်။ ငှားပေးလို့ကျေးဇူးပဲနော်"

ဧပရယ်အောင်က ဆံပင်‌ရှည်တွေကို တစ်ဖက်သို့ သိမ်းရင်း စာအုပ် ကမ်းပေးသည်။ လွယ်အိတ်ထဲသို့ ထည့်လိုက်ပြီးနောက် အတန်းပြီးသွားပြီ ဖြစ်၍ ထိုင်‌မနေတော့ဘဲ ကျောင်းရှေ့သို့ လျှောက်လာခဲ့လိုက်သည်။

ကံ့ကော်ပွင့်တို့က အပင်ပေါ်တွင် ဝေနေ၏။ စိန်ပန်းနီနီတို့သည်လည်း ထို့အတူ။ တချို့မှာ မြေပေါ် ကျလျက်၊ တချို့ဟာ လေထဲ ပျံဝဲလျက်။ ယွန်းသေတ္တာငယ်ကို အနည်းငယ် ထိကြည့်ပြီး သောင်ယံ ပြုံးလိုက်မိ၏။

သောင်ယံ/

ခရုလေးတွေ လာမပေးနိုင်လို့ မင်း ငါ့ကို စိတ်ဆိုးနေသလား။ ကိုမြတ်တို့နဲ့ ထည့်ပေးလိုက်ချင်ပေမဲ့ အိမ်ပြောင်းဖို့ ပစ္စည်းတွေ သယ်တာနဲ့ အလုပ်ရှုပ်နေတာမို့လို့ မပေးလိုက်ရဘူးကွာ။ ငါဒီမှာ အရမ်းပျင်းနေတယ်။ ဘောလုံးကန်စရာ အဖော်တစ်ယောက် ရှိပေမဲ့ ငါ့အိမ်နဲ့ သူတို့အိမ်နဲ့က သိပ်မခေါ်ကြဘူးကွာ။ မင်းနဲ့ ကျော်ထင်နော်ရထာတို့ရော ကျောင်းကြီးကိုပါ သတိရတယ်။

သောင်ယံ/

မြို့ကျောင်းက လူတွေက မာနတွေဘမိုးပေါ် ထောင်တက်နေတဲ့ အမျိုးပဲကွ။ ငါလိုက်ပေးတဲ့စာကို ရွာမှာလို ရှက်ပြုံးလေးနဲ့ မယူကြတော့ဘူး။ အဲ့ဒီအစား ငါ့ကို ထိပ်ခေါက်မသွားကြတာ ကံကောင်းတယ် မှတ်ရမယ်။ ဒီကသူငယ်ချင်း ကိုဆက်လေ၊ ဆက်သန့်မှူးက ငါမကြိုက်ပါဘူးဆိုတဲ့ နာမည်ကို ခဏခဏခေါ်နေလို့ ငါ အရမ်းဆဲချင်နေပြီ သိလား။

သောင်ယံ/

ဆယ်တန်းက အင်္ဂလိပ်စာတွေက ခက်တယ်နော်။ မင်းလို ငါ့ဘေးနားမှာ ပုံပြင်ပြောရင်း စာသင်ပေးတဲ့သူ ရှိရင် ကောင်းမှာပဲ။ မင်းကို ငါသိပ်မကျေနပ်ဘူးနော် သောင်ယံ။ ငါ့မှာတော့ ရေးလိုက်ရတာ မင်းကဘာလို့ စာပြန်မရေးတာလဲ။ မင်းတို့ရော အဲ့မှာ အဆင်ပြေကြလား။ ငါ့ကိုရော မေ့နေကြပြီလား။

သောင်ယံ/

ဖေဖေက မွေးနေ့လက်ဆောင်တဲ့ ရေဒီယိုတစ်လုံး ၀ယ်ပေးတယ်။ ဟိုနေ့က အဘွားသုပ်ကျွေးတဲ့ လက်သုပ်တွေအစားများပြီး ခု၀မ်းတွေ အရမ်းသွားနေတယ်။ စာရေးရင်းတောင် ဗိုက်က နာချင်လာသလိုလိုပဲ။ ငါတို့ ဘယ်တော့တွေ့ကြမလဲ။ တို့နှစ်ယောက် အရင်ဆုံးတွေ့ရင် ငါကတော့ တမာရိပ်အောက်မှာ ပြောလို့မပြီးသေးတဲ့ ပုံပြင်လေးပဲ နားထောင်ချင်တယ်။

သောင်ယံ/

.....

သောင်ယံ/

.....

သောင်ယံ/

...... အစရှိသဖြင့် ကပေါက်တိ ကပေါက်ချာ ရေးသားထားသော စာများအား ဟိုတစ်ရွက် ဒီတစ်ရွက် ဖွင့်ဖတ်ရင်းမှ အော်ရယ်လိုက်မိသည်။

သူများတွေတော့ ဘယ်လိုရေးကြသည် မသိ။ ကိုလတ် ရေးထားသော စာတွေကတော့ အိမ်ကြောက်သော ကလေးတစ်ယောက်က အဘိုးအဘွားများအား သူ့မကျေနပ်ချက်တွေ ရင်ဖွင့်နေတာနှင့် တူလှသည်။

လေးထောင့်မကျ၊ အဝိုင်းမကျသော ညီညီသေးသေး လက်ရေးလေးတွေကို လက်နှင့် ထိတွေ့ကြည့်လိုက်ရာ နွေးထွေးသော ဓာတ်တစ်ခုက ရင်ထဲသို့စီး၀င်လာ၏။ စာတွေအားလုံးကို တစ်ခုမကျန် ဖတ်လိုက်ပြီးနောက် သေချာပြန်ခေါက်ကာ ခုတင်အောက်ရှိ သေတ္တာထဲသို့ ထည့်ထားလိုက်သည်။

စာရေးစားပွဲရှေ့တွင် အတန်ကြာ ထိုင်နေရင်းမှ သွားတိုက်ဆေး ကုန်နေကြောင်း သတိရသွား၏။ ထို့ကြောင့် အပြင်သွားရန် တံခါးကို ပိတ်လိုက်သည်။

ဘောင်းဘီအိတ်ထဲသို့ လက်နှိုက်ကာလာရင်းမှ မြင်တွေ့နေကျ ဖြစ်သည့် လမ်းဘေးဝဲယာ တစ်လျှောက်ကို လျှောက်ကြည့်မိသည်။ အသီးသည်တွေ နားက ဖြတ်လာတော့ လတ်ဆတ်သော အသီးနံ့ သင်းသင်းလေးကို ရသည်။ စာအုပ်ဆိုင်ရှေ့က ဖြတ်သွားတော့ စာရွက်အသစ်နံ့။ ရုံးဆင်းလာသော သူများထံမှ ချွေးနံ့၊ စီးကရက်နံ့ တို့ကိုပါ ဖြတ်သွားရင်းမှ သတိမထားဘဲ နှာခေါင်းထဲမှာ အလိုလို ရနေသည်။

ထို့နောက်တွင်တော့ ရေခဲမုန့်နံ့များ။ ထိုရေခဲမုန့်အား မြိန်ရေရှက်ရေ စားနေသော တစ်စုံတစ်ယောက်၏‌ ရေချိုးပြီးကာစ ဆပ်ပြာနံ့သင်းသင်း...။

"ကိုလတ်"

ရုတ်တရက် ပါးစပ်ဖျားမှ ထွက်သွားသလို ထင်မှတ်မထားသော အခေါ်ခံရမှုကြောင့် ရှေ့မှ သူကလည်း စားနေရင်းမှ မော့ကြည့်သည်။

"သောင်ယံ ! မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ်"

၀င်းလက်သွားသော မျက်၀န်းအစုံကို မြင်လိုက်မှ မှားခေါ်မိလိုက်မှန်း သောင်ယံ သတိရသွား၏။

"ကိုလတ်၊ ကိုလတ်လို့ ခေါ်တာလေ။ ဘာဖြစ်လဲ။ မကြိုက်ဘူးလား"

တစ်ခွန်းတည်း ပြောလိုက်ပြီးနောက် ပုခုံးကို သက်သက် ၀င်တိုက်ကာ ကျော်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း မအောင်မြင်ပါ၊ သူ့တစ်ကိုယ်လုံးသာ ကျုံ့၀င်သွားအောင် အဖက်ခံလိုက်ရ၏။

"မင်း စိတ်ဆိုးပြေသွားပြီပဲ။ ဘယ်သွားမလို့လဲ။ ငါလည်း လိုက်ခဲ့မယ်လေ"

"လွှတ်စမ်းပါ။ ဒီနားတင် သွားတိုက်ဆေး၀ယ်မလို့"

ရုန်းလိုက်လျှင် လွှတ်ပေးသော်လည်း ကိုလတ် မျက်နှာက ပြုံးစိစိ။

"သွားတိုက်ဆေး၀ယ်ဖို့ ဒီအထိလမ်းလျှောက်လာတယ်လား"

"စိတ်ကူးယဉ်မနေနဲ့။ မင်းအဆောင်ကို ငါမသိဘူး"

"ဟောဗျာ...! ငါဘာပြောရသေးလို့လဲ"

သောင်ယံ့မျက်နှာကို ကြည့်ကာ လွမ်းလတ်နောင်မှာ ရယ်မိရတော့၏။ သူဘာတွေများ ရှက်နေသည်လဲ။

"ဘာဖြစ်ဖြစ် သွား။ ငါ့ကို လာမကိုင်နဲ့။ မင်းလက်က ရေခဲမုန့်တွေ ကိုင်ထားတာ"

ဖျတ်ခနဲ ပွင့်လာသည့် မျက်လုံးအစုံကြောင့် နာရီကို မြှောက်ကြည့်လိုက်တော့ ည ဆယ့်နှစ်နာရီ။ အိပ်မက်မဟုတ်ဟု သူယုံကြည်မိသည့် အိမ်မက်ထဲမှ အမျိုးသားလေးသည် အပြင်မှာတကယ်ပင် ရှိပါ၏လော။ ကျောင်းအုပ်ဆရာကြီး ဦးသာဦးက တကယ်ရှိသည်ဆိုလျှင် သူ့သားသည်လည်း...။

ဆံပင်တွေကို ထိုးဖွရင်း ဆေးလိပ်တစ်လိပ်ကို ယူကာ ဖွာရှိုက်လိုက်သည်။ ခုတင်ပေါ်မှာ ခေါင်းငိုက်စိုက်ချကာ ထိုင်ရင်းမှ ရင်ထဲတွင်တော့ ပိုမိုကာ မတင်မကျ ဖြစ်လာသော ဝေဒနာတစ်ခုအား ခံစားလာရ၏။

TBC...

A/N - ဟာသပြောပြမယ် 🤭 ကိုလတ်စာလိုက်ပေးတဲ့ ကောင်မလေးက ၀တ်လွှာရုံရယ် top အချင်းချင်းတစ်ပတ်လည်ကစ်ကြတာ 😂😂

[Zawgyi]

ေျခလွမ္းေတြကို လွမ္းရင္ ေကာင္းမလား၊ မလွမ္းရင္ ေကာင္းမလား စဥ္းစားရင္းႏွင့္ပင္ ရာမညေဆာင္ေရွ႕သို႔ တေ႐ြ႕ေ႐ြ႕ ေရာက္လာျပန္သည္။ တရားသူႀကီးေရွ႕ေရာက္ေနေသာ တရားခံတစ္ေယာက္လို ေပးရမည္ကို မဝံ့မရဲလည္း ျဖစ္ေနမိ၏။ သို႔ေသာ္ ဒီကိစၥတြင္ အမွားလုပ္မိသူက သူတို႔ႏွစ္ေယာက္လုံး မဟုတ္သျဖင့္ ေတာ္ေသး၏။

ထို႔ထက္ ပို၍ အေျခအေန ေကာင္းသည္က ေသာင္ယံ့နား၌ မည္သူမွ် ရွိမေန။ အပင္ရိပ္ေအာက္ရွိ ခုံေပၚ၌ တစ္ေယာက္တည္း ထိုင္ေန၏။

စိမ္းျမညိုေသာ ႐ြက္သစ္ေတြ လွိုင္လွိုင္ေဝေနသည့္ အပင္ေအာက္၌ ေမာရွမ္းေျမ၏ အလွတစ္ပါး ျဖစ္ေသာ ေယာက်္ားပ်ိဳတစ္ဦး ထိုင္ေနသည္ကို စာဆိုတို႔ ဖြဲ႕ႏြဲ႕ခဲ့ဖူးၾကသလား လြမ္းလတ္ေနာင္ မသိ။ အားမာန္ပါပါ လွမ္းလာေသာ သူ႕ေျခလွမ္းမ်ား အနည္းငယ္ ရပ္တန႔္သြားကာ ေငးေမာမိသည္ကိုသာ သိသည္။

"ေသာင္ယံ"

သို႔ရာတြင္ ေခၚလိုက္႐ုံႏွင့္ က်ဳံ႕တက္သြားေသာ မ်က္ခုံးအစုံႏွင့္ သူစိမ္းဆန္ေသာ အၾကည့္တို႔ကို ျမင္လိုက္ရခ်ိန္တြင္ေတာ့ အနည္းငယ္ ခံျပင္းမိသြား၏။

မင္းရဲ႕ဒီမ်က္ႏွာက ငါ့တစ္ေယာက္တည္း အတြက္လား ေသာင္ယံ။

"ဘာလာလုပ္ျပန္တာလဲ"

မတ္တပ္ရပ္လ်က္မွ လက္ထဲ ပိုက္လာခဲ့ေသာ ယြန္းေသတၱာငယ္ကို ခုံေပၚသို႔ လြမ္းလတ္ေနာင္ ခ်လိဳက္သည္။

"ငါ မင္းဆီကို ပို႔ခဲ့တယ္ ေသာင္ယံ။ တစ္ပတ္ကို တစ္ခါ မင္းကို သတိရတိုင္း ငါ စာေတြ အရွည္ႀကီး ေရးခဲ့တယ္။ အေၾကာင္း... အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္သာ မေရာက္ျဖစ္ခဲ့တာ"

"မင္း ဖြင့္ဖတ္ခ်င္လည္း ရတယ္။ လႊင့္ပစ္ခ်င္လည္း ရတယ္။ ဒီစာေတြအားလုံးက မင္းအပိုင္။ အဆုံးအထိ မင္းငါ့ကို မေခၚနိုင္ မေျပာနိုင္၊ ခြင့္မလႊတ္နိုင္ဘူးဆိုရင္ ငါဘယ္ေတာ့မွ ဒီအေဆာင္ေရွ႕ကို ထပ္ေျခမခ်ေတာ့ဘူး"

စိတ္ကို အဆုံးစြန္ထိ ခ်ပစ္လိုက္သည္။ ဘာပဲျဖစ္ျဖစ္ သူကပဲ မွားသည္။ တစ္ခ်က္ေလာက္ေတာ့ ဖုန္းဆက္ခဲ့သင့္၏။ တစ္ခါေလာက္ေတာ့ ျပန္ခဲ့သင့္၏။ ပထမႏွစ္ကတည္းက ေသာင္ယံ ရန္ကုန္ကိုမ်ား လာမည္လား ရွာေဖြခဲ့သင့္၏။

ဆက္ရပ္ေနလွ်င္ ေသာင္ယံ ခြင့္မလႊတ္ဘူး ေျပာလာမည္ကို ေၾကာက္သျဖင့္ ႏႈတ္ခမ္းအစုံကို ဖိကိုက္လိုက္မိသည္။ ထို႔ေနာက္ ေပ်ာက္ကြယ္ခ်င္ေသာ စိတ္ျဖင့္ ျမန္ျမန္ ျပန္ေျပးမိခဲ့ေတာ့၏။

ေျပာခ်င္ရာ ေျပာ၍ ျပန္လွည့္ထြက္သြားသူအား ေသာင္ယံ ေငးေမာၾကည့္ရင္း ခ်ထားခဲ့ေသာ ေသတၱာငယ္ေလးဆီ လက္လွမ္းလိုက္သည္။ အဖုံးေလးကို လွပ္ၾကည့္လိုက္လွ်င္ ေတာ္ေတာ္မ်ားမ်ား ရွိေလာက္မည္ျဖစ္ေသာ စာအိတ္ေလးတခ်ိဳ႕ကို ေတြ႕လိုက္ရ၏။

"ေသာင္ယံေရ ဒီမွာ စာအုပ္။ ငွားေပးလို႔ေက်းဇူးပဲေနာ္"

ဧပရယ္ေအာင္က ဆံပင္‌ရွည္ေတြကို တစ္ဖက္သို႔ သိမ္းရင္း စာအုပ္ ကမ္းေပးသည္။ လြယ္အိတ္ထဲသို႔ ထည့္လိုက္ၿပီးေနာက္ အတန္းၿပီးသြားၿပီ ျဖစ္၍ ထိုင္‌မေနေတာ့ဘဲ ေက်ာင္းေရွ႕သို႔ ေလွ်ာက္လာခဲ့လိုက္သည္။

ကံ့ေကာ္ပြင့္တို႔က အပင္ေပၚတြင္ ေဝေန၏။ စိန္ပန္းနီနီတို႔သည္လည္း ထို႔အတူ။ တခ်ိဳ႕မွာ ေျမေပၚ က်လ်က္၊ တခ်ိဳ႕ဟာ ေလထဲ ပ်ံဝဲလ်က္။ ယြန္းေသတၱာငယ္ကို အနည္းငယ္ ထိၾကည့္ၿပီး ေသာင္ယံ ၿပဳံးလိုက္မိ၏။

ေသာင္ယံ/

ခ႐ုေလးေတြ လာမေပးနိုင္လို႔ မင္း ငါ့ကို စိတ္ဆိုးေနသလား။ ကိုျမတ္တို႔နဲ႕ ထည့္ေပးလိုက္ခ်င္ေပမဲ့ အိမ္ေျပာင္းဖို႔ ပစၥည္းေတြ သယ္တာနဲ႕ အလုပ္ရႈပ္ေနတာမို႔လို႔ မေပးလိုက္ရဘူးကြာ။ ငါဒီမွာ အရမ္းပ်င္းေနတယ္။ ေဘာလုံးကန္စရာ အေဖာ္တစ္ေယာက္ ရွိေပမဲ့ ငါ့အိမ္နဲ႕ သူတို႔အိမ္နဲ႕က သိပ္မေခၚၾကဘူးကြာ။ မင္းနဲ႕ ေက်ာ္ထင္ေနာ္ရထာတို႔ေရာ ေက်ာင္းႀကီးကိုပါ သတိရတယ္။

ေသာင္ယံ/

ၿမိဳ႕ေက်ာင္းက လူေတြက မာနေတြဘမိုးေပၚ ေထာင္တက္ေနတဲ့ အမ်ိဳးပဲကြ။ ငါလိုက္ေပးတဲ့စာကို ႐ြာမွာလို ရွက္ၿပဳံးေလးနဲ႕ မယူၾကေတာ့ဘူး။ အဲ့ဒီအစား ငါ့ကို ထိပ္ေခါက္မသြားၾကတာ ကံေကာင္းတယ္ မွတ္ရမယ္။ ဒီကသူငယ္ခ်င္း ကိုဆက္ေလ၊ ဆက္သန႔္မႉးက ငါမႀကိဳက္ပါဘူးဆိုတဲ့ နာမည္ကို ခဏခဏေခၚေနလို႔ ငါ အရမ္းဆဲခ်င္ေနၿပီ သိလား။

ေသာင္ယံ/

ဆယ္တန္းက အဂၤလိပ္စာေတြက ခက္တယ္ေနာ္။ မင္းလို ငါ့ေဘးနားမွာ ပုံျပင္ေျပာရင္း စာသင္ေပးတဲ့သူ ရွိရင္ ေကာင္းမွာပဲ။ မင္းကို ငါသိပ္မေက်နပ္ဘူးေနာ္ ေသာင္ယံ။ ငါ့မွာေတာ့ ေရးလိုက္ရတာ မင္းကဘာလို႔ စာျပန္မေရးတာလဲ။ မင္းတို႔ေရာ အဲ့မွာ အဆင္ေျပၾကလား။ ငါ့ကိုေရာ ေမ့ေနၾကၿပီလား။

ေသာင္ယံ/

ေဖေဖက ေမြးေန႕လက္ေဆာင္တဲ့ ေရဒီယိုတစ္လုံး ၀ယ္ေပးတယ္။ ဟိုေန႕က အဘြားသုပ္ေကြၽးတဲ့ လက္သုပ္ေတြအစားမ်ားၿပီး ခု၀မ္းေတြ အရမ္းသြားေနတယ္။ စာေရးရင္းေတာင္ ဗိုက္က နာခ်င္လာသလိုလိုပဲ။ ငါတို႔ ဘယ္ေတာ့ေတြ႕ၾကမလဲ။ တို႔ႏွစ္ေယာက္ အရင္ဆုံးေတြ႕ရင္ ငါကေတာ့ တမာရိပ္ေအာက္မွာ ေျပာလို႔မၿပီးေသးတဲ့ ပုံျပင္ေလးပဲ နားေထာင္ခ်င္တယ္။

ေသာင္ယံ/

.....

ေသာင္ယံ/

.....

ေသာင္ယံ/

...... အစရွိသျဖင့္ ကေပါက္တိ ကေပါက္ခ်ာ ေရးသားထားေသာ စာမ်ားအား ဟိုတစ္႐ြက္ ဒီတစ္႐ြက္ ဖြင့္ဖတ္ရင္းမွ ေအာ္ရယ္လိုက္မိသည္။

သူမ်ားေတြေတာ့ ဘယ္လိုေရးၾကသည္ မသိ။ ကိုလတ္ ေရးထားေသာ စာေတြကေတာ့ အိမ္ေၾကာက္ေသာ ကေလးတစ္ေယာက္က အဘိုးအဘြားမ်ားအား သူ႕မေက်နပ္ခ်က္ေတြ ရင္ဖြင့္ေနတာႏွင့္ တူလွသည္။

ေလးေထာင့္မက်၊ အဝိုင္းမက်ေသာ ညီညီေသးေသး လက္ေရးေလးေတြကို လက္ႏွင့္ ထိေတြ႕ၾကည့္လိုက္ရာ ေႏြးေထြးေသာ ဓာတ္တစ္ခုက ရင္ထဲသို႔စီး၀င္လာ၏။ စာေတြအားလုံးကို တစ္ခုမက်န္ ဖတ္လိုက္ၿပီးေနာက္ ေသခ်ာျပန္ေခါက္ကာ ခုတင္ေအာက္ရွိ ေသတၱာထဲသို႔ ထည့္ထားလိုက္သည္။

စာေရးစားပြဲေရွ႕တြင္ အတန္ၾကာ ထိုင္ေနရင္းမွ သြားတိုက္ေဆး ကုန္ေနေၾကာင္း သတိရသြား၏။ ထို႔ေၾကာင့္ အျပင္သြားရန္ တံခါးကို ပိတ္လိုက္သည္။

ေဘာင္းဘီအိတ္ထဲသို႔ လက္ႏွိုက္ကာလာရင္းမွ ျမင္ေတြ႕ေနက် ျဖစ္သည့္ လမ္းေဘးဝဲယာ တစ္ေလွ်ာက္ကို ေလွ်ာက္ၾကည့္မိသည္။ အသီးသည္ေတြ နားက ျဖတ္လာေတာ့ လတ္ဆတ္ေသာ အသီးနံ႕ သင္းသင္းေလးကို ရသည္။ စာအုပ္ဆိုင္ေရွ႕က ျဖတ္သြားေတာ့ စာ႐ြက္အသစ္နံ႕။ ႐ုံးဆင္းလာေသာ သူမ်ားထံမွ ေခြၽးနံ႕၊ စီးကရက္နံ႕ တို႔ကိုပါ ျဖတ္သြားရင္းမွ သတိမထားဘဲ ႏွာေခါင္းထဲမွာ အလိုလို ရေနသည္။

ထို႔ေနာက္တြင္ေတာ့ ေရခဲမုန႔္နံ႕မ်ား။ ထိုေရခဲမုန႔္အား ၿမိန္ေရရွက္ေရ စားေနေသာ တစ္စုံတစ္ေယာက္၏‌ ေရခ်ိဳးၿပီးကာစ ဆပ္ျပာနံ႕သင္းသင္း...။

"ကိုလတ္"

႐ုတ္တရက္ ပါးစပ္ဖ်ားမွ ထြက္သြားသလို ထင္မွတ္မထားေသာ အေခၚခံရမႈေၾကာင့္ ေရွ႕မွ သူကလည္း စားေနရင္းမွ ေမာ့ၾကည့္သည္။

"ေသာင္ယံ ! မင္း ငါ့ကို ဘယ္လိုေခၚလိုက္တယ္"

၀င္းလက္သြားေသာ မ်က္၀န္းအစုံကို ျမင္လိုက္မွ မွားေခၚမိလိုက္မွန္း ေသာင္ယံ သတိရသြား၏။

"ကိုလတ္၊ ကိုလတ္လို႔ ေခၚတာေလ။ ဘာျဖစ္လဲ။ မႀကိဳက္ဘူးလား"

တစ္ခြန္းတည္း ေျပာလိုက္ၿပီးေနာက္ ပုခုံးကို သက္သက္ ၀င္တိုက္ကာ ေက်ာ္သြားရန္ ျပင္လိုက္သည္။ သို႔ေသာ္လည္း မေအာင္ျမင္ပါ၊ သူ႕တစ္ကိုယ္လုံးသာ က်ဳံ႕၀င္သြားေအာင္ အဖက္ခံလိုက္ရ၏။

"မင္း စိတ္ဆိုးေျပသြားၿပီပဲ။ ဘယ္သြားမလို႔လဲ။ ငါလည္း လိုက္ခဲ့မယ္ေလ"

"လႊတ္စမ္းပါ။ ဒီနားတင္ သြားတိုက္ေဆး၀ယ္မလို႔"

႐ုန္းလိုက္လွ်င္ လႊတ္ေပးေသာ္လည္း ကိုလတ္ မ်က္ႏွာက ၿပဳံးစိစိ။

"သြားတိုက္ေဆး၀ယ္ဖို႔ ဒီအထိလမ္းေလွ်ာက္လာတယ္လား"

"စိတ္ကူးယဥ္မေနနဲ႕။ မင္းအေဆာင္ကို ငါမသိဘူး"

"ေဟာဗ်ာ...! ငါဘာေျပာရေသးလို႔လဲ"

ေသာင္ယံ့မ်က္ႏွာကို ၾကည့္ကာ လြမ္းလတ္ေနာင္မွာ ရယ္မိရေတာ့၏။ သူဘာေတြမ်ား ရွက္ေနသည္လဲ။

"ဘာျဖစ္ျဖစ္ သြား။ ငါ့ကို လာမကိုင္နဲ႕။ မင္းလက္က ေရခဲမုန႔္ေတြ ကိုင္ထားတာ"

ဖ်တ္ခနဲ ပြင့္လာသည့္ မ်က္လုံးအစုံေၾကာင့္ နာရီကို ျမႇောက္ၾကည့္လိုက္ေတာ့ ည ဆယ့္ႏွစ္နာရီ။ အိပ္မက္မဟုတ္ဟု သူယုံၾကည္မိသည့္ အိမ္မက္ထဲမွ အမ်ိဳးသားေလးသည္ အျပင္မွာတကယ္ပင္ ရွိပါ၏ေလာ။ ေက်ာင္းအုပ္ဆရာႀကီး ဦးသာဦးက တကယ္ရွိသည္ဆိုလွ်င္ သူ႕သားသည္လည္း...။

ဆံပင္ေတြကို ထိုးဖြရင္း ေဆးလိပ္တစ္လိပ္ကို ယူကာ ဖြာရွိုက္လိုက္သည္။ ခုတင္ေပၚမွာ ေခါင္းငိုက္စိုက္ခ်ကာ ထိုင္ရင္းမွ ရင္ထဲတြင္ေတာ့ ပိုမိုကာ မတင္မက် ျဖစ္လာေသာ ေဝဒနာတစ္ခုအား ခံစားလာရ၏။

TBC...

A/N - ဟာသေျပာျပမယ္ 🤭 ကိုလတ္စာလိုက္ေပးတဲ့ ေကာင္မေလးက ၀တ္လႊာ႐ုံရယ္ top အခ်င္းခ်င္းတစ္ပတ္လည္ကစ္ၾကတာ 😂😂

Đọc tiếp

Bạn Cũng Sẽ Thích

5.5K 560 14
ကျွန်တော်တို့တွေက ချစ်ခြင်းမေတ္တာကို ပုံစံမျိုးစုံနဲ့ ပုံဖော်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပုံပြင်တွေနဲ့ပေါ့။ ကျွန်တော့်မှာလည်း ကိုယ်ပိုင်နာမည်...
169K 5.6K 105
នាងធ្វើគ្រប់យ៉ាងព្រោះដើម្បីរក្សាជីវិតលោកប៉ានាង , នាងគ្មានជម្រើសទេ! - ជុងហ្គុក សាន់ត្រូហ្វាន x ហ្វីលីណា ហ្វាល់លីដា
79.7K 6.7K 35
မင်းကို​ပြောပြချင်တဲ့အ​ကြောင်းအရာ​တွေအတွက်အခွင့်ရှိနိုင်ပါ့မလား....
20.7K 1.7K 18
"အချစ်ကပန်းတစ်ပွင့်ဆိုရင်နှစ်တွေဘယ်လောက်ကြာကြာကိုယ်ရအောင်ပျိုးပါ့မယ်" Mini-story This story is a work of fiction. All the characters, name of charact...