Buzzz....buzzz(Vibrate)

"ငါစကားပြောလို့မပြီးသေးဘူး!!"

အိတ်ကပ်ထဲကတုန်ခါလာတဲ့ဖုန်းကိုကိုင်ဖို့လုပ်ခါနီးမှာပြော
လိုက်တဲ့စကားပေမဲ့ လျစ်လျူရှုရင်းဖုန်းကိုင်ဖို့သာအာရုံထား
လိုက်သည်။

"ပါ့ခ်ဂျီမင်ရှီ~ကျမဆီလာပြီးခဏလောက်ဖက်ထားပေးလို့ရမလား ကျမအခုရှင့်ကိုလိုအပ်တယ်"

ကိုယ်စကားမစရသေးခင်မှာပဲငိုရှိုက်သံတွေရောထွေးလို့နေ
တဲ့နာရယ့်အသံကိုကြားလိုက်ရတာကြောင့် ချက်ချင်းထွက်
သွားဖို့လုပ်လိုက်ပေမဲ့ တားဆီးလာသည်က..

"မင်းကိုင်တွယ်နေတဲ့ကုမ္ပဏီကိစ္စတွေကတအားကိုအဆင်
ချောနေပြီလို့ထင်နေတာလား!!ငါ့အသိရှယ်ယာရှင်တွေကြောင့်အများကြီးတောင့်ခံနိုင်တာကိုမမေ့နဲ့နော် တစ်ချက်လွဲတာ
နဲ့အကုန်ရေစုန်မြောကုန်မှာ နားလည်ထား!!!"

ရုတ်တရက် မလိုအပ်အသံတွေကြားမှာဆိုးလို့ဖုန်းကိုပြန်
ကြည့်လိုက်တော့ ချထားသွားပြီဖြစ်တာကြောင့်အနည်းငယ်
စိတ်အေးသွားရပေမယ့် ခုနကကြားလိုက်ရတဲ့အသံတွေအတွက်ဘယ်လိုဖြေရှင်းရမည်ကို အသည်းအသန်းစဉ်းစားနေမိသည်။

"ငါပြောနေတာကိုရောနားထောင်နေရဲ့လား!!!"

"ခဏလောက်...ကျနော်ထယ်ယောင်းကိုပြောစရာရှိလို့"

အနောက်ကနေအသံကျယ်ကျယ်နဲ့ပြန်ခေါ်နေပေမဲ့ဂရုစိုက်မ
အားတော့ပဲ ထယ်ယောင်းရုံးခန်းထဲကိုပဲအမြန်သွားလိုက်
တော့သည်။

"ထယ်ယောင်း!! နာရယ့်အဖေတက်နေတဲ့ဆေးရုံကိုသိတယ်
မလား တစ်ချက်လောက်သူ့ကိုသွားကြည့်ပေးပါ ငါအခုသွား
လိုက်ရင် အဖေနဲ့စကားထပ်များလိမ့်မယ် ချက်ချင်းလိုက်လာ
မှာမို့ ကူညီပေးနော် ဟေ့ကောင် မင်းကိုယုံလိုက်ပြီနော်!!!"

အခန်းတံခါးဝမှာခေါင်းပြူရင်းလာအော်သွားပြီးတဲ့နောက် သူ
တောင်ဘာမှပြန်မပြောရသေးခင်မှာတံခါးကိုဝုန်းခနဲပိတ်ပြီး
ပြန်ထွက်သွားတာကြောင့် ငြင်းဖို့နေနေသာသာ အကျိုး
အကြောင်းမေးချိန်တောင်မရလိုက်တာမို့ လုပ်လက်စတွေကို
ချရင်း အမှာတော်ပါးတဲ့အတိုင်းသာလုပ်ဆောင်ဖို့ထွက်လာခဲ့
ရတော့သည်။

RIVALS [Completed]Waar verhalen tot leven komen. Ontdek het nu